【 နိုင်ငံတကာဆောင်းပါး 】အမေရိကန် ရဲ့ ကုန်သွယ်ရေးဆိုင်ရာ မူဝါဒအပြောင်းအလဲကို ငြင်းပယ်ဖွယ်ရှိတဲ့ အိန္ဒိယ
  【 နိုင်ငံတကာဆောင်းပါး 】အမေရိကန် ရဲ့ ကုန်သွယ်ရေးဆိုင်ရာ  မူဝါဒအပြောင်းအလဲကို ငြင်းပယ်ဖွယ်ရှိတဲ့ အိန္ဒိယ
အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ အခွန်ကင်းလွတ်ခွင့် ခံစားခွင့်ရထားတဲ့ အိန္ဒိယနိုင်ငံရဲ့ ကုန်သွယ်ရေး အခြေအနေကို အမေရိကန် က စောင့်ကြည့်နေပါတယ်။ အမေရိကန်ဟာ ဖွင့်ဖြိုးဆဲ နိုင်ငံတွေအတွက်ဆိုပြီး ရည်ရွယ်ပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အခွန်ကင်းလွတ်ခွင့်မှာ အိန္ဒိယ နိုင်ငံက ထိုအခွန်ကင်းလွတ်ခွင့်မှာ ကုန်စည်ပေါင်း ၃၅၀၀ ကို အခွန်ကင်းလွတ်ခွင့် ရရှိထားပြီး အကျိူးအမြတ်ခံစားမှူအများဆုံးရရှိတဲ့နိုင်ငံ ဖြစ်ပါတယ်။ ရိုက်တာ ရဲ့ရေးသားချက်အရ အမေရိကန် ဟာ နိုင်ငံပေါင်း ၁၂၉ နိုင်ငံကို ထို အခွန်ကင်းလွတ်ခွင့် ပေါ်လစီကို ခံစားခွင့်ရရှိစေရာ အိန္ဒိယ နိုင်ငံ လည်း ထိုနိုင်ငံများကြားမှတစ်ခု အပါအဝင်ဖြစ်ပြီး ဒေါ်လာ ၅.၆ ဘီလျံ တန်ဖိုးရှိ ကုန်စည်များ အတွက် အခွန်ကင်းလွတ်ခွင့်ရရှိထားပါတယ်။
အကယ်၍ အမေရိကန်ဟာ ထိုအခွင့်အရေးကို ဖြတ်သိမ်းလိုက်မည်ဆိုပါက ထိုအခွင့်အရေးမှ အိန္ဒိယ နိုင်ငံဟာ အနစ်နာဆုံးဖြစ်မှာပါ။နှစ် နိုင်ငံလုံးက ဒီကိစ္စနဲ့ ပတ်သက်ပြီး အကြောင်းပြန် မကြားသေး ပါဘူး၊ ဒါပေမယ့်လည်း သေချာတာကတော့ နှစ်နိုင်ငံကြားမှာ ဆက်ဆံရေးက ကောင်းတယ်ဆိုပေ မယ့်လည်း ကုန်သွယ်ရေးနဲ့ပတ်သက်လာရင် ဖိအားများများနဲ့နိုင်ငံတွေပါ။
ဝါရှင်တန် နဲ့ နယူးဒေလီ ယာ နည်းစနစ်ပိုင်းဆိုင်ရာ နှစ်နိုင်ငံ ပူးပေါင်းရေးတွေဆက်တိုက် အားဖြည့် လုပ်ဆောင်ကြပြီး၊ နိုင်ငံ ရဲ့ လုံခြုံရေး နဲ့ ကာကွယ်ရေးပိုင်းမှာ အဓိကပူးပေါင်းကြတာပါ။ အမေရိကန် ကတော့ အိန္ဒိယနိုင်ငံကနေ ရေတပ်လုံခြုံရေး၊ အာဖဂန်နစ္စတန်တအရေး နှင့် တရုတ်နှင့် ဆက်ဆံရေး ဆိုင်ရာ စသည့်အပိုင်းတွေမှာ ထောက်ခံမှူတွေရရှိဖို့မျှော်လင့်ထားပါတယ်။ အမေရိကန်ဟာ အိန္ဒိယ နဲ့ နှစ်နိုငံကြားဆက်ဆံရေးကောင်းမွန်အောင်အထူးကြိုးစားလုပ်ဆောင်နေပြီး အိန္ဒိယကို လုံခြုံရေး ဆိုင်ရာ ပူပေါင်းလုပ်ဆောင်ခြင်း၊ နူးကလီယား ထောက်ပံ့ပေးရေးအဖွဲ့ နှင့် အီရန်ကိစ္စတွေမှာလည်း ထောက်ပံ့ပေးထားပါတယ်။
အမေရိကန်၊ ဂျပန်၊ အိန္ဒိယ နဲ့ သြစတြေးလျတို့ပါဝင်တဲ့ လေးနိုင်ငံဟာ မဟာမိတ်ဖွဲ့ နိုင်အောင်ကြိုး ပမ်းနေကြပါတယ်။ ဒါပေမယ့်လည်း အမေရိကန် နဲ့ အိန္ဒိယ နိုင်ငံ ရဲ့ ကုန်သွယ်ရေးဟာ နှစ်နိုင်ငံ ကြားမှာ ကုန်သွယ်ရေးဆိုင်ရာ သဘောထားကွဲလွဲမှူတွေရှိစေသလို၊ နိုင်ငံတစ်ကာရဲ့ စနစ်တစ်ကျ ကုန်သွယ်မှုကိုလည်း နစ်နာစေပါတယ်။
နှစ်နိုင်ငံကြားက ဆက်ဆံရေးကောင်းပေမယ့် စီးပွားရေးမှာ တင်းမာမှူတွေရှိနေတာတွေဟာ အကြောင်းအမျိုးမျိုးရှိပါတယ်။ ပထမကတော့ အမေရိကန်နိုင်ငံရဲ့ အမေရိကန်ဦးစားပေး ဆိုတဲ့ မူဝါဒ က သူတို့ရဲ့ ပြည်းတွင်းမက ပြည်ပက လုံခြုံရေး တာဝန်တွေကနေ ရှောင်ရှားစေပေမယ့်လည်း ကုန်သွယ်ရေးမှာတော့ အကျိုးအမြတ် အများဆုံးချင်နေပါတယ်။ ထို့ကြောင့်သာ အမေရိကန်ဟာ အိန္ဒိယနဲ့ လုံးခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှူတွေကို တိုးပြီးလုပ်နေတာပါ။
အကယ်၍ အိန္ဒိယကသာ အမေရိကန်ရဲ့ အရိပ်အောက်ကနေ ထွက်ပြီး လွတ်လတ်စွာ ရပ်တည် ဖို့ကြိုးပမ်းလာပါက နှစ်နိုင်ငံကြား ဆက်ဆံရေးဖိအားများဖို့ရှိပါတယ်။ ထို့ကြောင့် အမေရိကန် နဲ့ အိန္ဒိယနှစ်နိုင်ငံကြားမှာ တော့ စီးပွာရေးပိုင်းမှာ အခြေအနေ အေးဖို့ဆက်ရှိပါတယ်။
(  Zawgyi  )