【 နိုင်ငံတကာဆောင်းပါး 】 “အမေရိကန်ဗဟိုဘဏ် အသွင်ကူးပြောင်းရေးကို ခြိမ်းခြောက်နေသော အချက်အလက်များ”

【 နိုင်ငံတကာဆောင်းပါး 】 “အမေရိကန်ဗဟိုဘဏ် အသွင်ကူးပြောင်းရေးကို ခြိမ်းခြောက်နေသော အချက်အလက်များ”

ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များကို ကူညီရန် အလုပ်အကိုင်ပြန်လည်ဖော်ဆောင်ရန် ကြိုးစားနေသော ဗဟိုဘဏ်ကို ဆယ်စုနှစ်အတွင်း အမြင့်ဆုံးဖြစ်လာသော ကုန်စျေးနှုန်းတက်မှုနှင့် လုပ်ခတိုးမြင့်မှုတို့က စိန်ခေါ်မှုတွေကို ပေးနေပါတယ်။
 
ရင်းနှီးမြှုပ်နှံသူများကတော့ ပုံမှန်မြင့်တက်လာသော ငွေကြေးဖောင်းပွမှုကြောင့် ဗဟိုဘဏ်အနေနဲ့ အတိုးနှုန်းကို ပေါ်လစီပြုလုပ်သူများ ခန့်မှန်းထားသည်ထက် မြန်မြန်မြှင့်ပေးရန် မျှော်လင့်နေကြပါတယ်။
 
CME Group ၏ အချက်အလက်များအရ ဗဟိုဘဏ်ရှိ ရန်ပုံငွေများဟာ ပြီးခဲ့တဲ့နှစ်တုန်းက ၂ မှတ်နှုန်းရှိရာကနေ လာမယ့်နှစ်တွင် သုံးပုံတစ်ပုံနှုန်းဖြင့် မြင့်တက်နေပါတယ်။
 
ဝယ်ယူရေးကိုစီမံသူများကတော့ ဖိအားများလာတာကိုမြင်ရပြီး၊ ကုန်ထုတ်လုပ်သူများ ကုန်ကျစရိတ်များလာခြင်းကြောင့် ကုန်စည်ပံ့ပိုးရေးစီမံကိန်းအညွှန်းကလည်း အနည်းငယ်မြင့်တက်လာပါတယ်။
 
မြင့်တက်လာတဲ့ နှုန်းထားများကြောင့် ပေါ်လစီပြုလုပ်သူများကတော့ စိတ်ရှည်ရှည်ထားချင်ပေမယ့်လည်း နှုန်းထားများ မြင့်တက်လာမှုကို ထိန်းသိမ်းနိုင်ဖို့ ပိုပြီးခက်ခဲလာဖို့ရှိပါတယ်။ 
 
Goldman Sachs က စီးပွားရေးပညာရှင်များ ကတော့ နှုန်းထားကို ၂၀၂၂ ဇူလိုင်လအထိ မြှင့်တင်ပေးဖို့ နောက်ဆုံးတောင်းဆိုထားသော အဖွဲ့ဖြစ်ကြောင်း ပြောဆိုထားပါတယ်။
 
Goldman Sachs က စီးပွားရေးပညာရှင်များကတော့ ငွေကြေးဖောင်းပွမှုက ပိုမိုမြင့်တက်လာမှာကို ခန့်မှန်းရကြောင်း ရေးသားဖော်ပြထားပြီး၊ ပင်မတစ်ကိုယ်ရည်သုံးစွဲမှု အသုံးစရိတ်စျေးနှုန်း အညွှန်းကိန်းကလည်း ၃ ရာခိုင်နှုန်းကျော်တက်ကာ ထိုပမာဏကတော့ ၁၉၉၀ နောက်ပိုင်း ဖြစ်ပွားမှုမရှိခဲ့သော ငွေကြေးဖောင်းပွမှုပမာဏဖြစ်ကာ ၂ ရာခိုင်နှုန်းကျော်တက်ချိန်က တစ်ခါသာဖြစ်ပွားခဲ့တာပါ။
 
အလုပ်သမားစျေးကွက်နဲ့ပတ်သက်ပြီးလည်း အလုပ်သမားလိုအပ်ချက်က ကိုဗစ်-၁၉ မတိုင်ခင်က အခြေအနေကို ကုစားနိုင်မည်မဟုတ်သေးပဲ၊ အများဆုံး အလုပ်လုပ်ကိုင်နိုင်မှုကို ရရှိနိုင်မည်မဟုတ်သော်လည်း ဗဟိုဘဏ်ကတော့ အတိုးနှုန်းမမြင့်တက်မီ ပုံမှန်ဖြစ်အောင် ဆောင်ရွက်မည်ဟု ကတိပေးထားပါတယ်။ 
 
သို့သော်လည်း Goldman Sachs ၏ ရေးသားချက်တွင် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်ရန်အတွက် နှုန်းထားများကို မြှင့်တင်ကာ အလုပ်သမားလိုအပ်ချက်များတွင် အားနည်းနေသော ဖွဲ့စည်းပုံများကို ပြင်ဆင်သင့်တယ်လို့ ဖော်ပြထားပါတယ်။
 
ပြီးခဲ့တဲ့ စက်တင်ဘာလ ဗဟိုဘဏ် ပွင့်လင်းစျေးကွက်ကော်မတီ နောက်ဆုံးတွေ့ဆုံမှုအပြီး အလုပ်လက်မဲ့ဦးရေက ကျဆင်းခဲ့ပါတယ်၊ နာရီပိုင်းဝင်ငွေနှင့် အလုပ်လုပ်မှုစရိတ် အညွှန်းကိန်းကတော့ မြင့်တက်လာခဲ့ပါတယ်၊ ငွေကြေးဖောင်းပွမှုကလည်း ဆက်လက်မြင့်တက်လာမှုတို့ကြောင့် ဗဟိုဘဏ်ထုတ်ပြန်ထားသော ငွေကြေးဖောင်းပွမှုဟာ နှုန်းထားများကို မြင့်မားမှုမဖြစ်စေပဲ၊ စျေးကွက်နှင့် မိသားစုဝယ်လိုအားများကိုလည်း မကျပ်တည်းစေဘဲ ပြီးဆုံးသွားမယ်ဆိုတဲ့ ထုတ်ပြန်ချက်ကို စိန်ခေါ်နေပါတယ်။
 
ပြိုကျနေသော အချိန်ဇယား
 
ဗဟိုဘဏ်အစည်းအဝေးကတော့ ဒီတစ်ပတ်အတွင်းလုပ်ရန်ရှိပြီး၊ ပေါ်လစီပိုင်းဆိုင်ရာ ထုတ်ပြန်ချက်အသစ်ကိုလည်း ထုတ်ပြန်ဖို့ရှိပါတယ်။လာမယ့်နှစ်လည်ပိုင်းလောက်တွင် အကုန်လုံးရောင်းထွက်ဖို့ရှိနေတဲ့ လစဉ် ငွေတိုက်စာချုပ်ရောင်းချမှု ကန်ဒေါ်လာ ၁၆၀ ဘီလီယံကိုလည်း လျှော့ချဖို့ရှိပါတယ်။ဒါကတော့ ဒီနှစ်အစောပိုင်းက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပျက်စီးနေသော စီးပွားရေးကို ကုစားနိုင်ဖို့ ချမှတ်ထားသော ဆောင်ရွက်ချက် ဖြစ်ပါတယ်။ 
 
ဗဟိုဘဏ်တာဝန်ရှိသူများကတော့ ဘယ်အချိန် အတိုးနှုန်းထားများကို မြှင့်ရမလဲဆိုတဲ့ ဆုံးဖြတ်ချက်ကို အစည်းအဝေးတွင် သီးခြားခွဲထားဖို့ ကြိုးစားကြပါတယ်။ပြီးခဲ့တဲ့နှစ်တွင် ဗဟိုဘဏ်အနေနဲ့ စီးပွားရေးပုံမှန်လည်ပတ်မှု မရှိသေးသ၍ အတိုးနှုန်းကို မြှင့်တင်မှာမဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပြီး၊ ထိုအချိန်က သတ်မှတ်ထားခဲ့ သော နှုန်းထားစံနှုန်းက နောက်ဆုံးသတ်မှတ်ထားခြင်းဖြစ်ပါတယ်။အခုတော့ ငွေကြေးဖောင်းပွမှုက ၂ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး မကြာခင် ၂ ရာခိုင်နှုန်းကျော်တက်ဖို့ရှိပါတယ်။
 
တစ်ချိန်တည်းမှာပဲ ပေါ်လစီပြုလုပ်သူများကတော့ ငွေတိုက်စာချုပ်များကို ငွေကြေးဖောင်းပွမှုအန္တရာယ် မရင်ဆိုင်ရဘဲ ရောင်းထုတ်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။ဒီနှစ်အစောပိုင်းကပဲ စျေးနှုန်းမြင့်တက်လာခဲ့ပေမယ့် ဗဟိုဘဏ်ကတော့ စျေးနှုန်းမြင့်တက်လာမှုဟာ ပြောင်းလဲမှုကိုသာ ဖြစ်ပေါ်စေမှာဖြစ်ပြီး အတိုးနှုန်းမြင့်တက်ပေးဖို့ လုပ်ဆောင်ရန်မလိုကြောင်း ပြောပါတယ်။
 
အချိန်ဇယားကတော့ ဗဟိုဘဏ်အပေါ် ပြိုကျနေပါပြီ။
 
CME Group ၏ ဖော်ပြချက်အရ ဗဟိုဘဏ်၏ အနာဂတ်ရန်ပုံငွေကန်ထရိုက်ကတော့ ၆၅ ရာခိုင်နှုန်းထက် ဖြစ်နိုင်ခြေများနေပြီး၊ ဒါကိုတော့ ဗဟိုဘဏ်အနေနဲ့ လာမယ့် ဇွန်လတွင်သာ နှုန်းထားမြှင့်တင်ပေးဖို့ရှိပါတယ်။ဒုတိယအကြိမ်မြှင့်တင်မှုကိုတော့ စက်တင်ဘာလတွင်လုပ်ဆောင်ရန်ရှိပြီး တတိယအကြိမ်ကိုတော့ ဒီဇင်ဘာလတွင် လုပ်ဆောင်ရန်ရှိပါတယ်။
 
အသက်ကောင်းကောင်းရှည်မှာ မဟုတ်တဲ့ အသွင်ကူးပြောင်းရေးစာတမ်း
 
ငွေကြေးဖောင်းပွမှုနဲ့ပတ်သက်လျှင် အခုတော့  ရှုပ်ထွေးကောင်း ရှုပ်ထွေးနေပါလိမ့်မယ်။အပြစ်တင်ရမှာက ကုန်စည်ပြတ်လပ်မှုနှင့် ရှာတွေ့ရန်ခက်ခဲသွားသော ကုန်ပစ္စည်းများကို ဝယ်ယူကာ စျေးကြီးသုံးနေသော စားသုံးသူများပဲဖြစ်ပါတယ်၊ ဒါကြောင့် ကုန်စျေးနှုန်းမြင့်တက်မှုက မျှော်မှန်းထားတာထက် ပိုပြီးကြာနေတာပါ။
 
ကုန်ပစ္စည်းဆိုင်ရာ ငွေကြေးဖောင်းပွမှုက လာမယ့်နှစ်မှာလည်း ပြီးဆုံးမည်မဟုတ်ပါ၊ တကယ်တော့ စျေးနှုန်းကျဆင်းမှုအနေနဲ့ ပြန်လာတတ်ပါတယ်။သို့သော်လည်း ဝန်ဆောင်မှုလုပ်ငန်းများ၏ ကုန်ကျစရိတ်က တော့ အလုပ်သမားများကို လျော်ကြေးပေးမှု ဆက်လက်ဖြစ်ပေါ်နေပါက ထူးခြားလာဖို့ရှိပါတယ်။
 
လုပ်အားခမြင့်တက်လာမှုနှင့် အကျိုးအမြတ်များကတော့ ဘဏ်များအတွက် စိန်ခေါ်မှုဖြစ်ပေါ်စေမှာဖြစ်ပြီး၊ အလုပ်သမားများဟာ ထုတ်လုပ်နိုင်မှုစွမ်းအားများလို့ လုပ်ခမြင့်တက်တာလား၊ ကိုဗစ်-၁၉ ကြောင့် အလုပ်ထွက်နှုန်းများပြီး အလုပ်စျေးကွက်တွင် အလုပ်သမားများမရှိတော့လို့ လုပ်အားခမြင့်တက်သွားတာလားဆိုတာကိုတော့ ဆုံးဖြတ်ရန် ခက်ခဲစေမှာဖြစ်ပါတယ်။
 
ဒါကို တစ်ချို့ကတော့ အပြုသဘောဆောင်သော တိုးတက်မှုလို့ မြင်နိုင်သော်လည်း တစ်ချို့ကတော့ ငွေကြေးဖောင်းပွမှုကို အန္တရာယ်ဖြစ်စေတယ်လို့ ဆိုပါတယ်။
 
ဒီစိန်ခေါ်မှုများကတော့ ဗဟိုဘဏ်ဥက္ကဌဖြစ်တဲ့ ပါဝဲလ် ကို လာမယ့်အစည်းအဝေးတွင် စိတ်ရှုပ်စေမှာဖြစ်ပါတယ်။သူ့အနေနဲ့ နှုန်းထားကို လာမယ့်နှစ်တွင် တိုးစေချင်သော ကော်မတီဝင်များနှင့် နောက်ထပ်သည်းခံပြီး စောင့်စေချင်သော ကော်မတီဝင်နှစ်ခုကြား ဟန်ချက်ထိန်းနိုင်အောင် ကြိုးစားနေရပါတယ်လို့ Evercore ISI ၏ ဥက္ကဋ္ဌဖြစ်တဲ့ ခရစ်နာဂူဟ က ရေးသားပါတယ်။
 
ဒါတွေအားလုံးက အသွင်ကူးပြောင်းရေးစာတမ်းဟာ မှားယွင်းတယ်ဆိုတာ ပြသနေတာမဟုတ်ပါဘူး။ဒါပေမယ့် မြင့်မားလာတဲ့ ငွေကြေးဖောင်းပွမှုကတော့ အသွင်ကူးပြောင်းရေးစာတမ်းဟာ အသက်ကောင်းကောင်းရှည်မှာ မဟုတ်ဘူးဆိုတာကိုတော့ သက်သေထူမှာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
 
Naing
နိုဝင်ဘာ - ၆