【 နိုင်ငံတကာဆောင်းပါး 】 CES 2020 တွင်တရုတ်နှင့် ကုန်သွယ်ရေးကို အကောင်းမြင်

 【  နိုင်ငံတကာဆောင်းပါး  】 CES 2020 တွင်တရုတ်နှင့် ကုန်သွယ်ရေးကို အကောင်းမြင်

အင်္ဂါနေ့မှသောကြာနေ့အထိ Las Vegas တွင်ကျင်းပသည့် စားသုံးသူ အီလက်ထရွန်းနစ်ပြပွဲ (CES) 2020 ခင်းကျင်းပြသသူများနှင့်တက်ရောက်သူများသည် တရုတ်နိုင်ငံနှင့်ကုန်သွယ်ရန် လွန်စွာ စိတ်ဝင်စားကြောင်း ပြခဲ့ကြသည်။Las Vegas ကွန်ဗင်းရှင်းစင်တာတွင် ကျင်းပသည့် ထိုပြပွဲတွင် တရုတ်ကုမဏီ ၁၀၀၀ ကျော်ပါဝင်ပြသ သည်ဟု စားသုံးသူ နည်းပညာအသင်းကပြောသည်။ကယ်လီဖိုးနီးယားအခြေစိုက် Ultra EVSE သည် ရိုးရှင်းပြီး ဈေးသင့်သည့် လျှပ်စစ်မော်တော်ယာဉ်
ထောက်ပံ့ရေး ကိရိယာများ ထုတ်လုပ်သောလုပ်ငန်းဖြစ်ပြီး တရုတ်နိုင်ငံ၏ စီလီကွန်တောင်ကြားဟု ကျော်ကြားသည့် တောင်ပိုင်း ကွမ်တုန်ပြည်နယ် ရှန်ကျန်းတွင် ထုတ်ကုန်များထုတ်လုပ်နေသည်မှာ နှစ်အတန်ကြာပြီဖြစ်သည်။

 “ကျနော်တို့ရဲ့လျှပ်စစ်ပစ္စည်းအစိတ်အပိုင်းတွေဟာ မှန်ကန်ပြီး တန်ဖိုးသက်သာရတယ်။ ကျနော်တို့ ရဲ့တရုတ် စီးပွားဖက်တွေဟာ ကျနော်တို့အတွက် အဖိုးမဖြတ်နိုင်လောက်အောင် အဖိုးတန်တန်တယ်” ဟု Ultra EVSE မှ အရောင်းနှင့် ဈေးကွက်ဒါရိုက်တာ မိုက်ကယ် လီး ပြောသည်။အသား ထုတ်ကုန် များ အတွက် အစားထိုး အပင်အခြေပြုထုတ်ကုန်များထုတ်လုပ်သည့်လုပ်ငန်းတခုဖြစ်သော Impossible Foods က တရုတ်နိုင်ငံသည် အရေးပါသောဈေးကွက်ဖြစ်သည်ဟု မြင်ကြောင်း ထုတ်ကုန် နှင့် လုပ်ငန်းလည်ပတ်မှု ဆိုင်ရာ ဒုဥက္ကဌ ရှီတယ်ရှက် ပြောသည်။

ထိုလုပ်ငန်းကို စတန်းဖို့ဒ်မှ ဇီဝဓါတုပါမောက္ခ ပက်ထရစ် ဘရောင်းက အသားနှင့်အရသာတူသော အစားထိုးများ ထုတ်လုပ်ရန် ဆုံးဖြတ်လိုက်သည့် ၂၀၁၁ ခုနှစ်တွင် တည်ထောင်ထားခြင်းဖြစ်သည်။ ထိုလုပ်ငန်း၏ တရုတ်နိုင်ငံနှင့်ပတ်သက်သည့် သေနင်္ဂဗျူဟာကို မေးသောအခါ  Impossible Foods မှ သုတေသန ဒါရိုက်တာ ဆဲလက် ဟော့ဇ် ရှစ်တင်ဂျာက “တိရစ္ဆာန်မွေးတာကို ဖယ်ရှားချင်ရင် ကျနော်တို့ အနေနဲ့ ကမ္ဘာနဲ့ချီပြီးလုပ်ရမယ်။ တရုတ်နိုင်ငံဟာ ဒီရည်မှန်းချက်အောင်မြင်ရေးရဲ့ ရှေ့တန်းနဲ့ အလယ်ဗဟိုမှာရှိနေတယ်” ဟု ပြောသည်။

 “အွန်လိုင်းဈေးဝယ်တာနဲ့ အခြား အီးကောမာ့စ်နည်းပညာတွေရဲ့ သြဇာနဲ့အဆင့်မြင့်မှုက အနောက်တိုင်း ကနေ အရှေ့တိုင်းကို ရွှေ့ပြောင်းလာနေတယ်။ တရုတ်၊ဂျပန်နဲ့ကိုရီးယားတို့က ဒီနယ်ပယ်တွေမှာ ဦးဆောင်နေတယ်” ဟု နယူးယောက်အခြေစိုက် လက်လီအရောင်း သုတေသန လုပ်ငန်းဖြစ်သော Coresight Research မှအထက်တန်းမန်နေဂျာ ဒန်နီရယ် ဝစ်ဘလမ်ပြောသည်။ထို့အပြင် တရုတ်နိုင်ငံ၏ ဥဏ်ရည်တု လုပ်ငန်းသည်လည်း ပြပွဲသို့လာရောက်သူမျာ အာရုံကို ဆွဲဆောင်နေသည်။

 “တရုတ် စားသုံးသူတွေဟာ အွန်လိုင်းဈေးဝယ်တာကို အပြည်အဝ ပြောင်းလဲကျင့်သုံးနိုင်ပြီး တရုတ်နိုင်ငံရဲ့ ဥဏ်ရည်တု နည်းပညာက အနောက်နိုင်ငံတွေမှာတွေ့ရတာထက် အရမ်းကို ရှေ့တန်းရောက်နေတယ်” ဟု ဝစ်ဘလမ်ပြောသည်။“တရုတ်နိုင်ငံဟာ နယ်ပယ် အများအပြား မှာ တီထွင်စမ်းသစ်မှုတွေလုပ်နေတယ်။ သယ်ယူပို့ဆောင်ရေးတီထွင်စမ်းသစ်မှု၊ မောင်းသူမဲ့ယာဉ်နဲ့ လျှပ်စစ်ရွှေ့လျှားသွားလာမှုတီထွင်ဆန်းသစ်ခြင်းပုံစံအားလုံးဟာ အမေရိကန်မှာထက် တရုတ်နိုင်ငံ မှာပိုမိုတိုးတက်နေတယ်” ဟု လန်ဒန်အခြေစိုက် သယ်ယူပို့ဆောင်ရေး အင်ဂျင်နီယာ အတိုင်ပင်ခံ လုပ်ငန်းမှ အကြီးတန်း စီစဉ်သူ မယ်လစ်ဆာ ရူးလ်ပြောသည်။

 “ဥပမာပြောရရင် လျှပ်စစ် ဘတ်စ်ကားနဲ့ Didi လို ကားစုပေါင်းငှားတဲ့ အပလီကေးရှင်းတွေဟာ ကြီးမားကျယ်ပြန့်နေတယ်။ Didi ဟာ စုပေါင်းကားငှားခြင်းနဲ့  အသေးစားရွှေ့လျှားသွားလာ တဲ့ပြဿနာတွေ ကို ကိုင်တွယ်တဲ့နေရာမှာ အစောဆုံးဖြစ်တယ်” ဟု သူပြောသည်။ နိုင်ငံတနိုင်ငံ စီသည် ၎င်းတို့၏ ဈေးကွက်နှင့် ပတ်သက်လျှင် ၎င်းတို့အကြိုက်နှင့် ပြဿနာများရှိကြောင်း၊ တရုတ်နိုင်ငံသည်ချွင်းချက်မဟုတ်ကြောင်း Launch Forth R&D မှ ဒီဇိုင်ဆိုင်ရာ ဒါရိုက်တာ ဒေးဗစ်စကော့နီးလ် ပြောသည်။

 “တရုတ်နိုင်ငံဟာ ယာဉ်စီးရေများပြားမှုပြဿနာကို ဖြေရှင်းဖို့ စိတ်ဝင်စားစရာကောင်းတဲ့ နည်းလမ်းတွေ ကို ရှာဖွေတွေ့ရှိခဲ့တယ်။ သူတို့ဟာ ခရီးသည်တွေအတွက် ပိုမိုကောင်းတဲ့ အတွေ့ အကြုံကို ဖန်တီးပေးနိုင်တဲ့ မောင်းသူမဲ့ကားတွေကိုပိုပြီး စိတ်ဝင်စားကြတယ်။ ပိုကြီးမယ်၊ ပိုပြီး သက်သောင့်သက်သာရှိမယ်၊အန္တရာယ်ကင်းမယ်” ဟု သူပြောသည်။

ယခုကဲ့သို့သော တီထွင်ဆန်းသစ်မှုများကို တွေ့ရသည်မှာ စိတ်လှုပ်ရှားစရာဖြစ်ကြောင်း CES သို့ပထမဆုံးတက်ရောက်သည့် ပင်ဆယ်လ်ဗေးနီးယား ပြည်နယ်ကိုယ်စားလှယ် ရန်း မက်ကင်ဇီပြောသည်။ “ကျနော်တို့က တရုတ်နိုင်ငံနဲ့အနာဂါတ် ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး အရမ်းကို အကောင်းမြင်ကြတယ်” ဟု မက်ကင်ဇီက ရှင်ဝှာသို့ပြောသည်။

Ref: xinhuanet.com

(   Zawgyi   )

 အဂၤါေန႔မွေသာၾကာေန႔အထိ Las Vegas တြင္က်င္းပသည့္ စားသုံးသူ အီလက္ထ႐ြန္းနစ္ျပပြဲ (CES) 2020 ခင္းက်င္းျပသသူမ်ားႏွင့္တက္ေရာက္သူမ်ားသည္ တ႐ုတ္ႏိုင္ငံႏွင့္ကုန္သြယ္ရန္ လြန္စြာ စိတ္ဝင္စားေၾကာင္း ျပခဲ့ၾကသည္။Las Vegas ကြန္ဗင္းရွင္း စင္တာတြင္ က်င္းပသည့္ ထိုျပပြဲတြင္ တ႐ုတ္ကုမဏီ ၁၀၀၀ ေက်ာ္ပါဝင္ျပသ သည္ဟု စားသုံးသူ နည္းပညာအသင္းကေျပာသည္။ကယ္လီဖိုးနီးယားအေျခစိုက္ Ultra EVSE သည္ ႐ိုးရွင္းၿပီး ေဈးသင့္သည့္ လွ်ပ္စစ္ေမာ္ေတာ္ယာဥ္  ေထာက္ပံ့ေရး ကိရိယာ မ်ား ထုတ္လုပ္ေသာလုပ္ငန္းျဖစ္ၿပီး တ႐ုတ္ႏိုင္ငံ၏ စီလီကြန္ေတာင္ၾကားဟု ေက်ာ္ၾကားသည့္ ေတာင္ပိုင္း ကြမ္တုန္ျပည္နယ္ ရွန္က်န္းတြင္ ထုတ္ကုန္မ်ားထုတ္လုပ္ေနသည္မွာ ႏွစ္အတန္ၾကာၿပီျဖစ္သည္။

 “က်ေနာ္တို႔ရဲ႕လွ်ပ္စစ္ပစၥည္းအစိတ္အပိုင္းေတြဟာ မွန္ကန္ၿပီး တန္ဖိုးသက္သာရတယ္။ က်ေနာ္တို႔ ရဲ႕တ႐ုတ္ စီးပြားဖက္ေတြဟာ က်ေနာ္တို႔အတြက္ အဖိုးမျဖတ္ႏိုင္ေလာက္ေအာင္ အဖိုးတန္တန္တယ္” ဟု Ultra EVSE မွ အေရာင္းႏွင့္ ေဈးကြက္ဒါ႐ိုက္တာ မိုက္ကယ္ လီး ေျပာသည္။အသား ထုတ္ကုန္ မ်ား အတြက္ အစားထိုး အပင္အေျချပဳထုတ္ကုန္မ်ားထုတ္လုပ္သည့္လုပ္ငန္းတခုျဖစ္ေသာ Impossible Foods က တ႐ုတ္ႏိုင္ငံသည္ အေရးပါေသာေဈးကြက္ျဖစ္သည္ဟု ျမင္ေၾကာင္း ထုတ္ကုန္ ႏွင့္ လုပ္ငန္းလည္ပတ္မႈ ဆိုင္ရာ ဒုဥကၠဌ ရွီတယ္ရွက္ ေျပာသည္။

ထိုလုပ္ငန္းကို စတန္းဖို႔ဒ္မွ ဇီဝဓါတုပါေမာကၡ ပက္ထရစ္ ဘေရာင္းက အသားႏွင့္အရသာတူေသာ အစားထိုးမ်ား ထုတ္လုပ္ရန္ ဆုံးျဖတ္လိုက္သည့္ ၂၀၁၁ ခုႏွစ္တြင္ တည္ေထာင္ထားျခင္းျဖစ္သည္။ ထိုလုပ္ငန္း၏ တ႐ုတ္ႏိုင္ငံႏွင့္ပတ္သက္သည့္ ေသနဂၤဗ်ဴဟာကို ေမးေသာအခါ  Impossible Foods မွ သုေတသန ဒါ႐ိုက္တာ ဆဲလက္ ေဟာ့ဇ္ ရွစ္တင္ဂ်ာက “တိရစာၦန္ေမြးတာကို ဖယ္ရွားခ်င္ရင္ က်ေနာ္တို႔ အေနနဲ႔ ကမာၻနဲ႔ခ်ီၿပီးလုပ္ရမယ္။ တ႐ုတ္ႏိုင္ငံဟာ ဒီရည္မွန္းခ်က္ေအာင္ျမင္ေရးရဲ႕ ေရွ႕တန္းနဲ႔ အလယ္ဗဟိုမွာရွိေနတယ္” ဟု ေျပာသည္။

 “အြန္လိုင္းေဈးဝယ္တာနဲ႔ အျခား အီးေကာမာ့စ္နည္းပညာေတြရဲ႕ ၾသဇာနဲ႔အဆင့္ျမင့္မႈက အေနာက္တိုင္း ကေန အေရွ႕တိုင္းကို ေ႐ႊ႕ေျပာင္းလာေနတယ္။ တ႐ုတ္၊ဂ်ပန္နဲ႔ကိုရီးယားတို႔က ဒီနယ္ပယ္ေတြမွာ ဦးေဆာင္ေနတယ္” ဟု နယူးေယာက္အေျခစိုက္ လက္လီအေရာင္း သုေတသန လုပ္ငန္းျဖစ္ေသာ Coresight Research မွအထက္တန္းမန္ေနဂ်ာ ဒန္နီရယ္ ဝစ္ဘလမ္ေျပာသည္။ထို႔အျပင္ တ႐ုတ္ႏိုင္ငံ၏ ဥဏ္ရည္တု လုပ္ငန္းသည္လည္း ျပပြဲသို႔လာေရာက္သူမ်ာ အာ႐ုံကို ဆြဲေဆာင္ေနသည္။

 “တ႐ုတ္ စားသုံးသူေတြဟာ အြန္လိုင္းေဈးဝယ္တာကို အျပည္အဝ ေျပာင္းလဲက်င့္သုံးႏိုင္ၿပီး တ႐ုတ္ႏိုင္ငံရဲ႕ ဥဏ္ရည္တု နည္းပညာက အေနာက္ႏိုင္ငံေတြမွာေတြ႕ရတာထက္ အရမ္းကို ေရွ႕တန္းေရာက္ေနတယ္” ဟု ဝစ္ဘလမ္ေျပာသည္။“တ႐ုတ္ႏိုင္ငံဟာ နယ္ပယ္ အမ်ားအျပား မွာ တီထြင္စမ္းသစ္မႈေတြလုပ္ေနတယ္။ သယ္ယူပို႔ေဆာင္ေရးတီထြင္စမ္းသစ္မႈ၊ ေမာင္းသူမဲ့ယာဥ္နဲ႔ လွ်ပ္စစ္ေ႐ႊ႕လွ်ားသြားလာမႈတီထြင္ဆန္းသစ္ျခင္းပုံစံအားလုံးဟာ အေမရိကန္မွာထက္ တ႐ုတ္ႏိုင္ငံ မွာပိုမိုတိုးတက္ေနတယ္” ဟု လန္ဒန္အေျခစိုက္ သယ္ယူပို႔ေဆာင္ေရး အင္ဂ်င္နီယာ အတိုင္ပင္ခံ လုပ္ငန္းမွ အႀကီးတန္း စီစဥ္သူ မယ္လစ္ဆာ ႐ူးလ္ေျပာသည္။

 “ဥပမာေျပာရရင္ လွ်ပ္စစ္ ဘတ္စ္ကားနဲ႔ Didi လို ကားစုေပါင္းငွားတဲ့ အပလီေကးရွင္းေတြဟာ ႀကီးမားက်ယ္ျပန႔္ေနတယ္။ Didi ဟာ စုေပါင္းကားငွားျခင္းနဲ႔  အေသးစားေ႐ႊ႕လွ်ားသြားလာ တဲ့ျပႆနာေတြ ကို ကိုင္တြယ္တဲ့ေနရာမွာ အေစာဆုံးျဖစ္တယ္” ဟု သူေျပာသည္။ ႏိုင္ငံတႏိုင္ငံ စီသည္ ၎တို႔၏ ေဈးကြက္ႏွင့္ ပတ္သက္လွ်င္ ၎တို႔အႀကိဳက္ႏွင့္ ျပႆနာမ်ားရွိေၾကာင္း၊ တ႐ုတ္ႏိုင္ငံသည္ခြၽင္းခ်က္မဟုတ္ေၾကာင္း Launch Forth R&D မွ ဒီဇိုင္ဆိုင္ရာ ဒါ႐ိုက္တာ ေဒးဗစ္စေကာ့နီးလ္ ေျပာသည္။

 “တ႐ုတ္ႏိုင္ငံဟာ ယာဥ္စီးေရမ်ားျပားမႈျပႆနာကို ေျဖရွင္းဖို႔ စိတ္ဝင္စားစရာေကာင္းတဲ့ နည္းလမ္းေတြ ကို ရွာေဖြေတြ႕ရွိခဲ့တယ္။ သူတို႔ဟာ ခရီးသည္ေတြအတြက္ ပိုမိုေကာင္းတဲ့ အေတြ႕ အႀကဳံကို ဖန္တီးေပးႏိုင္တဲ့ ေမာင္းသူမဲ့ကားေတြကိုပိုၿပီး စိတ္ဝင္စားၾကတယ္။ ပိုႀကီးမယ္၊ ပိုၿပီး သက္ေသာင့္သက္သာရွိမယ္၊အႏၲရာယ္ကင္းမယ္” ဟု သူေျပာသည္။

ယခုကဲ့သို႔ေသာ တီထြင္ဆန္းသစ္မႈမ်ားကို ေတြ႕ရသည္မွာ စိတ္လႈပ္ရွားစရာျဖစ္ေၾကာင္း CES သို႔ပထမဆုံးတက္ေရာက္သည့္ ပင္ဆယ္လ္ေဗးနီးယား ျပည္နယ္ကိုယ္စားလွယ္ ရန္း မက္ကင္ဇီေျပာသည္။ “က်ေနာ္တို႔က တ႐ုတ္ႏိုင္ငံနဲ႔အနာဂါတ္ ကုန္သြယ္ေရးနဲ႔ပတ္သက္ၿပီး အရမ္းကို အေကာင္းျမင္ၾကတယ္” ဟု မက္ကင္ဇီက ရွင္ဝွာသို႔ေျပာသည္။

Ref: xinhuanet.com