【 နိုင်ငံတကာ ဆောင်းပါး 】“ အာဖရိက ငွေရင်းဈေးကွက် လှုပ်ရှားမှု ဆက်လက်အားနည်းနေနိုင်”

【  နိုင်ငံတကာ ဆောင်းပါး  】“ အာဖရိက ငွေရင်းဈေးကွက် လှုပ်ရှားမှု ဆက်လက်အားနည်းနေနိုင်”

ပိုမိုများပြားလာသော ဒေသတွင်းနှင့် ကမ္ဘာ့မရေရာမှုများနှင့် အားနည်းသော အခြေခံများကြောင့် ၂၀၂၀ တွင် အာဖရိက ငွေရင်း ဈေးကွက်၏ အားနည်းသော လှုပ်ရှားမှု ဆက်လက်ဖြစ်ပေနေမည်ဟု မျှော်လင့်ရကြောင်း ဈေးကွက်လေ့လာသူများ၏ အဆိုအရ သိရသည်။

ကမ္ဘာ့စာရင်းစစ်နှင့် အတိုင်ပင်ခံလုပ်ငန်း PwC ကကြာသပတေးနေ့တွင် ထုတ်ပြန်သော အစီရင်ခံစာအရ အာဖရိက ရှယ်ယာ ငွေရင်း လုပ်ငန်းလှုပ်ရှားမှုသည် ၂၀၁၉ ခုနှစ်တွင် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက တန်ဖိုးနှင့်ပမာဏအရ ၄၄ ရာခိုင်နှုန်းနှင့် ၂၉ ရာခိုင်နှုန်း ကျဆင်း သည်။ ၂၀၁၉ ခုနှစ်တွင် ဆယ်စုနှစ်တခုအတွင်း အကျိုးအမြတ်အနည်းဆုံးလည်းဖြစ်သည်။

စတော့ရှယ်ရာဈေးကွက်နှေးကွေးသွားခြင်းမှာ အဓိကအားဖြင့် ကမ္ဘာ့စတော့ရှယ်ယာငွေရင်းဈေးကွက် နှေးကွေးခြင်းနှင့်ဒေသတွင် နိုင်ငံရေး အန္တရာယ်ကြီးထွားလာခြင်းနှင့် စီးပွားရေး တုံ့ဆိုင်းမှုကြောင့်ဖြစ်သည်ဟု ထိုအစီရင်ခံစာက ဆိုသည်။

“မရေရာမှု အခြေအနေ ပုံမှန်အခြေအနေသစ်ဖြစ်နေပုံရပြီး မတည်ငြိမ်မှုအတိုင်းအတာတခုနှင့် သတိထားစရာများသည် အာဖရိက ငွေရင်းဈေးကွက် လှုပ်ရှားမှုများကို ၂၀၂၀ တွင် ဆက်လက်သက်ရောက်နေမည်ဟု မိမိတို့မျှော်လင့်ရသည်” ဟု PwC ငွေရင်းဈေးကွက် ခေါင်းဆောင်  အင်ဒရူး ဒယ် ဘော့စီယိုပြောသည်။

အာဖရိက ငွေရင်းဈေးကွက်တွင် လှုပ်ရှားမှုနည်းနေသော်လည်း ရင်းနှီးမြှုပ်နှံသူများသည် ဒေသတွင်း စတော့ရှယ်ယာဈေးကွက်ကို ပိုမိုနှစ်သက်လာကြသည်။ ထိုသို့ဖြစ်ခြင်းမှာ အာဖရိက ၁၅ နိုင်ငံတွင် စာရင်းသွင်းထားသော ကုမ္ပဏီအလတ်နှင့်ကုမ္ပဏီကြီးများ၏ အခြေအနေကို ဖေါ်ပြသော အညွှန်းကိန်းဖြစ်သည့် MSCI Emerging Frontier Markets African Index သည် ၂၀၁၈ ခုနှစ်တွင် ၂၃.၃ ရာခိုင်နှုန်းကျဆင်းနေရာမှ ၂၀၁၉ ခုနှစ်တွင် ၁၁.၄ ရာခိုင်နှုန်းတက်လာသောကြောင့်ဖြစ်သည်။

စတော့ရှယ်ယာကျဆင်း

ကမ္ဘာတဝှမ်း COVID 19 အလျှင်အမြန်ပျံ့နှံ့ပြီး ကမ္ဘာစီးပွားရေး စိုးရိမ်ပူပန်မှုများကြောင့် ကမ္ဘာတဝှမ်းမှ စီးပွားရေးအညွှန်းကိန်းများ လွန်ခဲ့သောအပါတ်အတွင်း အကြီးအကျယ်ကျဆင်းသည်။ ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက် ပတ်ဝန်းကျင်၏ တစိတ်တပိုင်းအဖြစ် အာဖရိက စတော့ရှယ်ယာဈေးကွက် သည်လည်းထိခိုက်ရသည်။ ဂျိုဟန်နက်စဘတ် စတော့အိတ်ချိန်း (JSE) သည် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့က နှစ်လအတွင်း အနိမ့်ဆုံးသို့ကျဆင်းပြီး အမြတ်ရနိုင်ခြေရှိသော ထိပ်တန်းအညွှန်းကိန်း ၄၀ သည် ၄.၅ ရာခိုင်နှုန်းအားနည်းပြီး ပိုမိုအားနည်းသည့် ၄၉၂၆၇ မှတ်သို့ ကျဆင်းသွားသည်။
 
ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့တွင် ထိပ်တန်းရှယ်ယာ ၂၀ ၏ အခြေအနေကိုပြသသော အညွှန်းကိန်းဖြစ်သည့်  နိုင်ရိုဘီ စီကျူရတီ အိတ်ချိန်း (NSE) ရှယ်ယာ ၂၀ အညွုန်းကိန်းသည် ၂၃၃၇ မှတ်သို့ကျဆင်းသွားပြီး ၁၆ နှစ်တွင်း အနိမ့်ဆုံးသို့ရောက်သွားသည်။ ထိုသို့ဖြစ်ရခြင်းမှာ ပြည်ပရင်းနှီးမြှုပ်နှံသူများက အမြတ်များကို ထုတ်ယူသွားသောကြောင့်ဖြစ်ကြောင်း သုတေသီများပြောသည်။

NSE တွင် ပြည်ပ ရင်းနှီးမြှုပ်နှံသူများသည် ရှယ်ယာလွှဲပြောင်းမှု၏ကြီးမားသော အချိုးအစားကို ပြုလုပ်နေပြီး ၎င်းတို့သည် ၎င်းတို့၏ တည်ငြိမ်ရေးအတွက် ငွေရင်းကြီးမားသော ရှယ်ယာများကို ပိုမိုနှစ်သက်ကြသည်။ ရှင်ဝှာသတင်းဌာနက ရရှိသော NSE အချက်အလက် များအရ ထိုစတော့အိတ်ချိန်းတွင် နိုင်ငံခြားသားများပါဝင်မှုသည် ပျှမ်းမျှအားဖြင့် ၆၅ ရာခိုင်နှုန်းရှိသည်။
 
လှုပ်ရှားမှုနည်းသောကြောင့် ငွေရင်းဈေးကွက် ရင်းနှီးမြှုပ်နှံသူများသည် အာဖရိက စတော့အိတ်ချိန်းများမှ ရှောင်ရှားနေကြောင်း နိုင်ရိုဘီရှိ စိန့်ပေါလ် တက္ကသိုလ်မှ စီးပွားရေပညာ ကထိက အက်ဒဝပ် ကူစီဝါ ပြောသည်။ “နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက ပိုမိုလုံခြုံတဲ့ ပိုင်ဆိုင်မှုလုပ်ဖို့နဲ့ တခြားနေရာတွေမှာ အခွင့်အလမ်းရှာဖို့ ပြည်တွင်းစာရင်းသွင်းထားတဲ့ လုပ်ငန်းတွေက သူတို့ရှယ်ယာတွေကို ရောင်းချလိုက်တယ်” ဟု ကူစီဝါပြောသည်။

ကိုရိုနာဗိုင်းရပ်ကြောင့် ကမ္ဘာ့ စတော့ရှယ်ယာဈေးကွက်တွင် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ထက်သန်မှု ကို အကြီးအကျယ် ထိခိုက်စေသော် လည်း ထိုဖြစ်ရပ်သည ကင်ညာစတော့အိတ်ချိန်းသို့ ထိခိုက်မှု အနည်းငယ်သာရှိကြောင်း သူပြောသည်။

ကိုရိုနာဗိုင်းရပ်ကြောင့် စတော့အိတ်ချိန်းသို့တိုက်ရိုက်ထိခိုက်မှုမရှိကြောင်း NSE အမှုဆောင်အရာရှိချုပ် ဂျက်ဖရီ အိုဒန်နိုပြောသည်။ ယခုဖြစ်ပေါ်နေသော ရောင်းဝယ်မှု ပုံစံသည် ပုံမှန် ဈေးကွက် စက်ဝိုင်းနှင့် ရင်းနှီးမြှုပ်နှံသူများ အမြတ်ရလိုသောကြောင့် ထွန်းသစ်စနှင့် ဈေးကွက်သစ်များအကြား ပိုင်ဆိုင်မှုအပြောင်းအလဲသာဖြစ်ကြောင်း သူပြောသည်။

“ဈေးကွက်က အချိန်ကျရင် သူ့ဘာသာပြန်မှန်သွားလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်တယ်” ဟု အိုဒန်နိုပြောပြီး တိုးတက်လာသော မိုက်ခရို နှင် မက်ခရို စီးပွားရေး အခြေအနေများတိုးတက်လာသောကြောင့် စတော့ရှယ်ယာဈေးများတက်မည်ဖြစ်သောကြောင့် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်မှုပေးနေကြောင်းလည်း သူပြောသည်။

စီးပွားတိုးတက်မှုအလားအလာ

ဘဏ္ဍာရေးစနစ်များသည် ကမ္ဘာ့ဘဏ္ဍာအကျပ်အတည်း မတိုင်မီကထက် ပိုမိုခံနိုင်ရည် ရှိလာကြောင်း ကျွမ်းကျင်သူများပြောသည်။ ယခုအချိန်တွင် အကြီးမားဆုံး စိန်ခေါ်မှုသည် မရေရာမှုကိုကိုင်တွယ်ခြင်းသာ ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ မန်နေဂျင်းဒါရိုက်တာ ခရစ်စတယ်လီနာ ဂျော်ဂျီဗာ ပြောသည်။

COVID19 ဗိုင်းရပ်စ် ပျံ့နှံ့မှုသည် ၂၀၂၀ ခုနှစ် ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို ယခင်နှစ်ကအောက်သို့ ဆွဲချသွားမည်ဖြစ်ကြောင်း ယခုအပတ်အစောပိုင်းက နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ သတိပေးသည်။ သို့သော်ကျဆင်းမည့် အတိုင်းအတာကို ရှင်းရှင်းလင်းလင်း မသိသေးကြောင်း သူပြောသည်။တရုတ်သည် အာဖရိက ၏ အကြီးမားဆုံးကုန်သွယ်ဖက်ဖြစ်သောကြောင့် အာဖရိက၏ လက်ရှိ စီးပွားရေးအခြေအနေသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ကိုရိုနာဗိုင်းရပ်ကူးစက်မှုသည် ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်ခြင်းနှင့် ထုတ်ကုန်တန်ဖိုး ငွေကြေးဖေါင်းပွမှုအပါအဝင် စီးပွားရေးအပေါ် ရိုက်ခတ်မှုများရှိလာသည်။

“လွန်ခဲ့တဲ့လအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် တရုတ်နိုင်ငံမှ သွင်းကုန်လျှော့နည်းပြီး လုပ်ငန်းတွေ ကုန်ကြမ်းပြတ်တောက်မှု ရင်ဆိုင်နေရတယ်။ ဒါကြောင့် ထုတ်ကုန်တန်ဖိုးတွေဈေးတက်ပြီး တခြားကကုန်ကြမ်းတင်သွင်းရတာကလည်း တရုတ်ကတင်သွင်း တာ လောက်ဈေးမပေါဘူး” ဟု Stanbic Bank မှ အရှေ့အာဖရိက စီးပွားရေးပညာရှင် ဂျီဘရန် ကျူရက်ရှီပြောသည်။

ကင်ညာနိုင်ငံ၏ ပုဂ္ဂလိက စီးပွားရေးအခြေအနေကို ပြသသော Stanbic Bank Kenya Purchasing Managers' Index (PMI) အညွုန်းကိန်းမှာ ဇန်နဝါရီလက ၄၉.၇ ရှိရာမှ ဖေဖေါ်ဝါရီလတွင် ၄၉ အထိ ကျဆင်းသွားပြီး ဒုတိယအကြိမ်စီးပွားရေးလုပ်ဆောင်မှု ကျုံ့သွားပြီး နှစ်နှစ်တာ အမှာစာသစ်ကျဆင်းမှုကို ပြသနေသည်။

ကမ္ဘာ့ဘဏ်၏ ဇန်နဝါရီလ ကမ္ဘာ့စီးပွားရေး အလားအလာ အစီရင်ခံစာအရ ကြီးမားသော စီးပွားရေးများတွင် ရင်းနှီးမြှုပ်နှံသူများ ယုံကြည်မှု တိုးတက်လာပြီး စက်မှုထုတ်ကုန်တင်ပို့သူများအကြား စက်ဝိုင်းသဏ္ဍန်နာလန်ထမှု ခိုင်မာလာသောကြောင့် အာဖရိက ဆာဟာရ ဒေသခွဲ စီးပွားရေးတိုးတက်မှုသည် ၂၀၂၀ တွင် ၂.၉ ရာခိုင်နှုန်းတိုးတက်လာမည်ဟု မျှော်လင့်ရသည်။ ဒေသတွင်း စီးပွား တိုးတက်မှုသည် ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်များတွင် ၃.၂ ရာခိုင်နှုန်းအထိ အရှိန်ရလာနိုင်သည်။

တောင်အာဖရိက စီးပွားရေးသည် ၂၀၂၀ တွင် ဝ.၉ ရာခိုင်နှုန်းတိုးတက်ပြီး ငွေကြေးဖေါင်းပွမှု ၄.၅ ရာခိုင်နှုန်းရှိမည်ဖြစ်ကြောင်း တောင်အာဖရိက ဘာဏ္ဍာရေး ဝန်ကြီး တီတို ဘိုဝန်နီက ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က ရုပ်သံမှလွှင့်သည် ဘတ်ဂျတ် မိန့်ခွန်းတွင် ပြောသည်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲဝင် သုံပုံတစ်ပုံကို တိုက်ရိုက်ထိခိုက်စေသော COVID 19 သည် ဒေသတွင်း ပြဿနာ မဖြစ်သော်လည်း တကမ္ဘာလုံးက တုံ့ပြန်ရမည့် ကမ္ဘာပြဿနာဖြစ်နေသေးကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏ အဆိုအရ သိရသည်။ တိုးတက်ပြီး ဈေးကွက်များသည် ၂၀၂၀ တွင် စီးပွားဆုတ်ယုတ်မှုရင်ဆိုင်ရမည်ဟု မျှော်လင့်ရပြီး အမေရိကန်စတော့ရှယ်ယာဈေးကွက်သည် တနှစ်အတွင့် ၁၀ ရာခိုင်နှုန်းကျဆင်းမည်ဖြစ်ကြောင်း ဂျိုဟန်နက်စ်ဘတ် ဈေးကွက် သုတေသီ ဆိုင်မွန် ဘရောင်းပြောသည်။

(  Zawgyi  )

 ပိုမိုမ်ားျပားလာေသာ ေဒသတြင္းႏွင့္ ကမာၻ႔မေရရာမႈမ်ားႏွင့္ အားနည္းေသာ အေျခခံမ်ားေၾကာင့္ ၂၀၂၀ တြင္ အာဖရိက ေငြရင္း ေဈးကြက္၏ အားနည္းေသာ လႈပ္ရွားမႈ ဆက္လက္ျဖစ္ေပေနမည္ဟု ေမွ်ာ္လင့္ရေၾကာင္း ေဈးကြက္ေလ့လာသူမ်ား၏ အဆိုအရ သိရသည္။

ကမာၻ႔စာရင္းစစ္ႏွင့္ အတိုင္ပင္ခံလုပ္ငန္း PwC ကၾကာသပေတးေန႔တြင္ ထုတ္ျပန္ေသာ အစီရင္ခံစာအရ အာဖရိက ရွယ္ယာ ေငြရင္း လုပ္ငန္းလႈပ္ရွားမႈသည္ ၂၀၁၉ ခုႏွစ္တြင္ ယခင္ႏွစ္ႏွင့္ ႏႈိင္းယွဥ္ပါက တန္ဖိုးႏွင့္ပမာဏအရ ၄၄ ရာခိုင္ႏႈန္းႏွင့္ ၂၉ ရာခိုင္ႏႈန္း က်ဆင္း သည္။ ၂၀၁၉ ခုႏွစ္တြင္ ဆယ္စုႏွစ္တခုအတြင္း အက်ိဳးအျမတ္အနည္းဆုံးလည္းျဖစ္သည္။

စေတာ့ရွယ္ရာေဈးကြက္ေႏွးေကြးသြားျခင္းမွာ အဓိကအားျဖင့္ ကမာၻ႔စေတာ့ရွယ္ယာေငြရင္းေဈးကြက္ ေႏွးေကြးျခင္းႏွင့္ေဒသတြင္ ႏိုင္ငံေရး အႏၲရာယ္ႀကီးထြားလာျခင္းႏွင့္ စီးပြားေရး တုံ႔ဆိုင္းမႈေၾကာင့္ျဖစ္သည္ဟု ထိုအစီရင္ခံစာက ဆိုသည္။

“မေရရာမႈ အေျခအေန ပုံမွန္အေျခအေနသစ္ျဖစ္ေနပုံရၿပီး မတည္ၿငိမ္မႈအတိုင္းအတာတခုႏွင့္ သတိထားစရာမ်ားသည္ အာဖရိက ေငြရင္းေဈးကြက္ လႈပ္ရွားမႈမ်ားကို ၂၀၂၀ တြင္ ဆက္လက္သက္ေရာက္ေနမည္ဟု မိမိတို႔ေမွ်ာ္လင့္ရသည္” ဟု PwC ေငြရင္းေဈးကြက္ ေခါင္းေဆာင္  အင္ဒ႐ူး ဒယ္ ေဘာ့စီယိုေျပာသည္။

အာဖရိက ေငြရင္းေဈးကြက္တြင္ လႈပ္ရွားမႈနည္းေနေသာ္လည္း ရင္းႏွီးျမႇဳပ္ႏွံသူမ်ားသည္ ေဒသတြင္း စေတာ့ရွယ္ယာေဈးကြက္ကို ပိုမိုႏွစ္သက္လာၾကသည္။ ထိုသို႔ျဖစ္ျခင္းမွာ အာဖရိက ၁၅ ႏိုင္ငံတြင္ စာရင္းသြင္းထားေသာ ကုမၸဏီအလတ္ႏွင့္ကုမၸဏီႀကီးမ်ား၏ အေျခအေနကို ေဖၚျပေသာ အၫႊန္းကိန္းျဖစ္သည့္ MSCI Emerging Frontier Markets African Index သည္ ၂၀၁၈ ခုႏွစ္တြင္ ၂၃.၃ ရာခိုင္ႏႈန္းက်ဆင္းေနရာမွ ၂၀၁၉ ခုႏွစ္တြင္ ၁၁.၄ ရာခိုင္ႏႈန္းတက္လာေသာေၾကာင့္ျဖစ္သည္။

စေတာ့ရွယ္ယာက်ဆင္း

ကမာၻတဝွမ္း COVID 19 အလွ်င္အျမန္ပ်ံ႕ႏွံ႔ၿပီး ကမာၻစီးပြားေရး စိုးရိမ္ပူပန္မႈမ်ားေၾကာင့္ ကမာၻတဝွမ္းမွ စီးပြားေရးအၫႊန္းကိန္းမ်ား လြန္ခဲ့ေသာအပါတ္အတြင္း အႀကီးအက်ယ္က်ဆင္းသည္။ ကမာၻ႔ဘ႑ာေရးေဈးကြက္ ပတ္ဝန္းက်င္၏ တစိတ္တပိုင္းအျဖစ္ အာဖရိက စေတာ့ရွယ္ယာေဈးကြက္ သည္လည္းထိခိုက္ရသည္။ ဂ်ိဳဟန္နက္စဘတ္ စေတာ့အိတ္ခ်ိန္း (JSE) သည္ ေဖေဖၚဝါရီလ ၂၄ ရက္ေန႔က ႏွစ္လအတြင္း အနိမ့္ဆုံးသို႔က်ဆင္းၿပီး အျမတ္ရႏိုင္ေျခရွိေသာ ထိပ္တန္းအၫႊန္းကိန္း ၄၀ သည္ ၄.၅ ရာခိုင္ႏႈန္းအားနည္းၿပီး ပိုမိုအားနည္းသည့္ ၄၉၂၆၇ မွတ္သို႔ က်ဆင္းသြားသည္။
 
ေဖေဖၚဝါရီလ ၂၈ ရက္ေန႔တြင္ ထိပ္တန္းရွယ္ယာ ၂၀ ၏ အေျခအေနကိုျပသေသာ အၫႊန္းကိန္းျဖစ္သည့္  ႏိုင္႐ိုဘီ စီက်ဴရတီ အိတ္ခ်ိန္း (NSE) ရွယ္ယာ ၂၀ အၫြဳန္းကိန္းသည္ ၂၃၃၇ မွတ္သို႔က်ဆင္းသြားၿပီး ၁၆ ႏွစ္တြင္း အနိမ့္ဆုံးသို႔ေရာက္သြားသည္။ ထိုသို႔ျဖစ္ရျခင္းမွာ ျပည္ပရင္းႏွီးျမႇဳပ္ႏွံသူမ်ားက အျမတ္မ်ားကို ထုတ္ယူသြားေသာေၾကာင့္ျဖစ္ေၾကာင္း သုေတသီမ်ားေျပာသည္။

NSE တြင္ ျပည္ပ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားသည္ ရွယ္ယာလႊဲေျပာင္းမႈ၏ႀကီးမားေသာ အခ်ိဳးအစားကို ျပဳလုပ္ေနၿပီး ၎တို႔သည္ ၎တို႔၏ တည္ၿငိမ္ေရးအတြက္ ေငြရင္းႀကီးမားေသာ ရွယ္ယာမ်ားကို ပိုမိုႏွစ္သက္ၾကသည္။ ရွင္ဝွာသတင္းဌာနက ရရွိေသာ NSE အခ်က္အလက္ မ်ားအရ ထိုစေတာ့အိတ္ခ်ိန္းတြင္ ႏိုင္ငံျခားသားမ်ားပါဝင္မႈသည္ ပွ်မ္းမွ်အားျဖင့္ ၆၅ ရာခိုင္ႏႈန္းရွိသည္။
 
လႈပ္ရွားမႈနည္းေသာေၾကာင့္ ေငြရင္းေဈးကြက္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားသည္ အာဖရိက စေတာ့အိတ္ခ်ိန္းမ်ားမွ ေရွာင္ရွားေနေၾကာင္း ႏိုင္႐ိုဘီရွိ စိန႔္ေပါလ္ တကၠသိုလ္မွ စီးပြားေရပညာ ကထိက အက္ဒဝပ္ ကူစီဝါ ေျပာသည္။ “ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံသူေတြက ပိုမိုလုံၿခဳံတဲ့ ပိုင္ဆိုင္မႈလုပ္ဖို႔နဲ႔ တျခားေနရာေတြမွာ အခြင့္အလမ္းရွာဖို႔ ျပည္တြင္းစာရင္းသြင္းထားတဲ့ လုပ္ငန္းေတြက သူတို႔ရွယ္ယာေတြကို ေရာင္းခ်လိုက္တယ္” ဟု ကူစီဝါေျပာသည္။

ကို႐ိုနာဗိုင္းရပ္ေၾကာင့္ ကမာၻ႔ စေတာ့ရွယ္ယာေဈးကြက္တြင္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ား၏ စိတ္ထက္သန္မႈ ကို အႀကီးအက်ယ္ ထိခိုက္ေစေသာ္ လည္း ထိုျဖစ္ရပ္သည ကင္ညာစေတာ့အိတ္ခ်ိန္းသို႔ ထိခိုက္မႈ အနည္းငယ္သာရွိေၾကာင္း သူေျပာသည္။

ကို႐ိုနာဗိုင္းရပ္ေၾကာင့္ စေတာ့အိတ္ခ်ိန္းသို႔တိုက္႐ိုက္ထိခိုက္မႈမရွိေၾကာင္း NSE အမႈေဆာင္အရာရွိခ်ဳပ္ ဂ်က္ဖရီ အိုဒန္ႏိုေျပာသည္။ ယခုျဖစ္ေပၚေနေသာ ေရာင္းဝယ္မႈ ပုံစံသည္ ပုံမွန္ ေဈးကြက္ စက္ဝိုင္းႏွင့္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ား အျမတ္ရလိုေသာေၾကာင့္ ထြန္းသစ္စႏွင့္ ေဈးကြက္သစ္မ်ားအၾကား ပိုင္ဆိုင္မႈအေျပာင္းအလဲသာျဖစ္ေၾကာင္း သူေျပာသည္။

“ေဈးကြက္က အခ်ိန္က်ရင္ သူ႔ဘာသာျပန္မွန္သြားလိမ့္မယ္လို႔ က်ေနာ္တို႔ ယုံၾကည္တယ္” ဟု အိုဒန္ႏိုေျပာၿပီး တိုးတက္လာေသာ မိုက္ခ႐ို ႏွင္ မက္ခ႐ို စီးပြားေရး အေျခအေနမ်ားတိုးတက္လာေသာေၾကာင့္ စေတာ့ရွယ္ယာေဈးမ်ားတက္မည္ျဖစ္ေသာေၾကာင့္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားကို ဆြဲေဆာင္မႈေပးေနေၾကာင္းလည္း သူေျပာသည္။

စီးပြားတိုးတက္မႈအလားအလာ

ဘ႑ာေရးစနစ္မ်ားသည္ ကမာၻ႔ဘ႑ာအက်ပ္အတည္း မတိုင္မီကထက္ ပိုမိုခံႏိုင္ရည္ ရွိလာေၾကာင္း ကြၽမ္းက်င္သူမ်ားေျပာသည္။ ယခုအခ်ိန္တြင္ အႀကီးမားဆုံး စိန္ေခၚမႈသည္ မေရရာမႈကိုကိုင္တြယ္ျခင္းသာ ျဖစ္ေၾကာင္း ဗုဒၶဟူးေန႔က က်င္းပသည့္ သတင္းစာ ရွင္းလင္းပြဲတြင္ ႏိုင္ငံတကာ ေငြေၾကးရန္ပုံေငြအဖြဲ႕ မန္ေနဂ်င္းဒါ႐ိုက္တာ ခရစ္စတယ္လီနာ ေဂ်ာ္ဂ်ီဗာ ေျပာသည္။

COVID19 ဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔မႈသည္ ၂၀၂၀ ခုႏွစ္ ကမာၻ႔စီးပြားေရးတိုးတက္မႈကို ယခင္ႏွစ္ကေအာက္သို႔ ဆြဲခ်သြားမည္ျဖစ္ေၾကာင္း ယခုအပတ္အေစာပိုင္းက ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕ သတိေပးသည္။ သို႔ေသာ္က်ဆင္းမည့္ အတိုင္းအတာကို ရွင္းရွင္းလင္းလင္း မသိေသးေၾကာင္း သူေျပာသည္။တ႐ုတ္သည္ အာဖရိက ၏ အႀကီးမားဆုံးကုန္သြယ္ဖက္ျဖစ္ေသာေၾကာင့္ အာဖရိက၏ လက္ရွိ စီးပြားေရးအေျခအေနသည္ စိန္ေခၚမႈမ်ားႏွင့္ ရင္ဆိုင္ေနရသည္။ ကို႐ိုနာဗိုင္းရပ္ကူးစက္မႈသည္ ကုန္ၾကမ္းေဈးႏႈန္းမ်ား ျမင့္တက္ျခင္းႏွင့္ ထုတ္ကုန္တန္ဖိုး ေငြေၾကးေဖါင္းပြမႈအပါအဝင္ စီးပြားေရးအေပၚ ႐ိုက္ခတ္မႈမ်ားရွိလာသည္။

“လြန္ခဲ့တဲ့လအတြင္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေၾကာင့္ တ႐ုတ္ႏိုင္ငံမွ သြင္းကုန္ေလွ်ာ့နည္းၿပီး လုပ္ငန္းေတြ ကုန္ၾကမ္းျပတ္ေတာက္မႈ ရင္ဆိုင္ေနရတယ္။ ဒါေၾကာင့္ ထုတ္ကုန္တန္ဖိုးေတြေဈးတက္ၿပီး တျခားကကုန္ၾကမ္းတင္သြင္းရတာကလည္း တ႐ုတ္ကတင္သြင္း တာ ေလာက္ေဈးမေပါဘူး” ဟု Stanbic Bank မွ အေရွ႕အာဖရိက စီးပြားေရးပညာရွင္ ဂ်ီဘရန္ က်ဴရက္ရွီေျပာသည္။

ကင္ညာႏိုင္ငံ၏ ပုဂၢလိက စီးပြားေရးအေျခအေနကို ျပသေသာ Stanbic Bank Kenya Purchasing Managers' Index (PMI) အၫြဳန္းကိန္းမွာ ဇန္နဝါရီလက ၄၉.၇ ရွိရာမွ ေဖေဖၚဝါရီလတြင္ ၄၉ အထိ က်ဆင္းသြားၿပီး ဒုတိယအႀကိမ္စီးပြားေရးလုပ္ေဆာင္မႈ က်ဳံ႕သြားၿပီး ႏွစ္ႏွစ္တာ အမွာစာသစ္က်ဆင္းမႈကို ျပသေနသည္။

ကမာၻ႔ဘဏ္၏ ဇန္နဝါရီလ ကမာၻ႔စီးပြားေရး အလားအလာ အစီရင္ခံစာအရ ႀကီးမားေသာ စီးပြားေရးမ်ားတြင္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ား ယုံၾကည္မႈ တိုးတက္လာၿပီး စက္မႈထုတ္ကုန္တင္ပို႔သူမ်ားအၾကား စက္ဝိုင္းသ႑န္နာလန္ထမႈ ခိုင္မာလာေသာေၾကာင့္ အာဖရိက ဆာဟာရ ေဒသခြဲ စီးပြားေရးတိုးတက္မႈသည္ ၂၀၂၀ တြင္ ၂.၉ ရာခိုင္ႏႈန္းတိုးတက္လာမည္ဟု ေမွ်ာ္လင့္ရသည္။ ေဒသတြင္း စီးပြား တိုးတက္မႈသည္ ၂၀၂၁ ႏွင့္ ၂၀၂၂ ခုႏွစ္မ်ားတြင္ ၃.၂ ရာခိုင္ႏႈန္းအထိ အရွိန္ရလာႏိုင္သည္။

ေတာင္အာဖရိက စီးပြားေရးသည္ ၂၀၂၀ တြင္ ဝ.၉ ရာခိုင္ႏႈန္းတိုးတက္ၿပီး ေငြေၾကးေဖါင္းပြမႈ ၄.၅ ရာခိုင္ႏႈန္းရွိမည္ျဖစ္ေၾကာင္း ေတာင္အာဖရိက ဘာ႑ာေရး ဝန္ႀကီး တီတို ဘိုဝန္နီက ေဖေဖၚဝါရီလ ၂၆ ရက္ေန႔က ႐ုပ္သံမွလႊင့္သည္ ဘတ္ဂ်တ္ မိန႔္ခြန္းတြင္ ေျပာသည္။

ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲဝင္ သုံပုံတစ္ပုံကို တိုက္႐ိုက္ထိခိုက္ေစေသာ COVID 19 သည္ ေဒသတြင္း ျပႆနာ မျဖစ္ေသာ္လည္း တကမာၻလုံးက တုံ႔ျပန္ရမည့္ ကမာၻျပႆနာျဖစ္ေနေသးေၾကာင္း ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕၏ အဆိုအရ သိရသည္။ တိုးတက္ၿပီး ေဈးကြက္မ်ားသည္ ၂၀၂၀ တြင္ စီးပြားဆုတ္ယုတ္မႈရင္ဆိုင္ရမည္ဟု ေမွ်ာ္လင့္ရၿပီး အေမရိကန္စေတာ့ရွယ္ယာေဈးကြက္သည္ တႏွစ္အတြင့္ ၁၀ ရာခိုင္ႏႈန္းက်ဆင္းမည္ျဖစ္ေၾကာင္း ဂ်ိဳဟန္နက္စ္ဘတ္ ေဈးကြက္ သုေတသီ ဆိုင္မြန္ ဘေရာင္းေျပာသည္။