【 ပညာရှင်များ၏အမြင် 】 "အလုပ်ကြမ်းနဲ့ မြေကြီးပေါက်တဲ့ အလုပ်တွေကို ကျွန်တော်တို့လက်မခံပါဘူး"

【 ပညာရှင်များ၏အမြင် 】 "အလုပ်ကြမ်းနဲ့ မြေကြီးပေါက်တဲ့ အလုပ်တွေကို ကျွန်တော်တို့လက်မခံပါဘူး"

မကြာခင်က မြန်မာနိုင်ငံသို့ ကမ္ဘာ့နိုင်ငံရေးဩဇာအာဏာ ကြီးမားသည့် တရုတ်နိုင်ငံမှ ခေါင်းဆောင် သမ္မတ ရှီကျင့်ဖိန် လာရောက်ခဲ့ပါတယ်။ထိုသို့မလာရောက်မီ ရက်ပိုင်းတွင် မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှု၊ မြန်မာငြိမ်းချမ်းရေးတွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍများနှင့်ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲများကို မြန်မာ-တရုတ် လူမှုအဖွဲ့အစည်းများက ကျင်းပပြုလုပ်ခဲ့ပါတယ်။

ထိုဆွေးနွေးပွဲများထဲမှာ ရန်ကုန်မြို့ Wyndham Grand ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် တရုတ်-မြန်မာ Belt & Road မီဒီယာစကားဝိုင်းကို တက်ရောက်သတင်းယူခဲ့ပါတယ်။အဆိုပါမီဒီယာစကားဝိုင်းတွင် ဝါရင့်စီးပွားရေးပညာရှင်နှင့် နိုင်ငံတော်သမ္မတ၏ စီးပွားရေးနှင့် ငြိမ်းချမ်းရေး အကြံပေးပုဂ္ဂိုလ် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၏ ပါဝင်ဆွေးနွေးသည့် ဆွေးနွေးချက်များကို မူရင်းမထိခိုက်အောင် တည်းဖြတ်ကာ ဖော်ပြပေးလိုက်ပါတယ်။

Belt & Road အပေါ် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၏ ရှုမြင်သုံးသပ်ချက် အပြည့်အစုံကို ယခုတစ်ပတ် အထူးအစီအစဉ်အဖြစ် ဖော်ပြလိုက်ပါတယ်။

(Opinion Leaders Media အယ်ဒီတာအဖွဲ့)

ပထမအနေနဲ့ စီးပွားရေး။စီးပွားရေးပြောရင် ကျွန်တော်သတိပေးချင်တာကတော့ နိုင်ငံရေးဘောဂဗေဒကို သတိပေးချင်ပါတယ်။နိုင်ငံရေးမပါတဲ့ စီးပွားရေးမရှိပါဘူး။စီးပွားရေးမပါတဲ့ နိုင်ငံရေးမရှိပါဘူး။စီးပွားရေးပြောတဲ့အခါတိုင်းမှာ နိုင်ငံရေးကို၊ နိုင်ငံရေးပြောတဲ့အခါတိုင်းမှာ စီးပွားရေးကို နားလည်အောင်စဉ်းစားဖို့ လိုပါတယ်။

BRI စီးပွားရေးအခွင့်အလမ်းတွေ ကျွန်တော်မြင်တာတော့ အခွင့်အလမ်းဘဲကြည့်လို့မရဘူး စိန်ခေါ်မှုဆိုတာလည်း ရှိတာဘဲ။စိန်ခေါ်မှုရှိသလို အခွင့်အလမ်းလည်း ကျွန်တော်တို့ကြည့်ရမယ်။ဟောဒီအခန်းထဲမှာ စီးပွားရေးပညာ လေ့လာတဲ့သူတွေ အားလုံးသိပါတယ်။အခြေခံနှစ်ခုတည်းပါ ဘာလုပ်လုပ် cost စရိတ်နဲ့ အကျိုးကျေးဇူး ဒီနှစ်ခုကိုချိန်ရမယ်။
အကျိုးကျေးဇူးက စရိတ်ထက်များရင် ဒီအလုပ်ကိုလုပ်မယ်။သို့တည်းမဟုတ် စရိတ်က အကျိုးကျေးဇူးထက်များရင် ဒီအလုပ်ကိုမလုပ်ဘူး။ကိုယ်ဘဲဆုံးဖြတ်ရမှာ အခြေခံက ဒီလောက်ပါဘဲ။အဲ့ဒီအပေါ် မှာမှ စရိတ်ကော အကျိုးကျေးဇူးကော တင်ပြချင်ပါတယ်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုတွေ လက်ခံကြိုဆိုတဲ့အခါမှာ အခြေခံ ၄ ရပ်နဲ့ နံပါတ် ၁ က စီးပွားရေးလုပ်ရင် လူ့အခွင့်အရေးကို မထိပါးရဘူး။လူ့အခွင့်အရေးကို မလေးစားရင် ရင်းနှီးမြုပ်နှံမှုကို လုံးဝလက်မခံပါဘူး။ဒါနိုင်ငံရေးနဲ့မဆိုင်ဘူး လူတိုင်းနဲ့ဆိုင်တယ်။ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာလုပ်တဲ့ ရင်းနှီးမြုပ်နှံမှုက တာဝန်ကျေတဲ့ ရင်းနှီးမြုပ်နှံမှုတွေ ဖြစ်ရမယ်။တာဝန်ကျေတဲ့ စီးပွားရေးလုပ်ငန်းတွေ ဖြစ်ရမယ်။ဒါကြောင့်မို့ နံပါတ် (၁) က လူ့အခွင့်အရေး။

နံပါတ် (၂) ကတော့ ဝန်ထမ်းရေးရာ၊ ဝန်ထမ်းရေးရာနဲ့ ပတ်သက်လို့ ကုမ္ပဏီတွေအားလုံး တရုတ်အပါအဝင် အခြားနိုင်ငံကရှိတဲ့ ရင်းနှီးမြုပ်နှံမယ့်သူတွေအားလုံးသည် လူ့အခွင့်အရေးအပြင်ကို ဝန်ထမ်းရေးရာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း ပေးသင့်ပေးထိုက်တဲ့ လုပ်ခလစာတွေ ပေးဖို့လိုတယ်။

နံပါတ် (၃) ကတော့ ကျွန်တော်တို့နိုင်ငံမှာ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ဖို့လိုတယ်။ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ စီးပွားရေး ကျွန်တော်တို့လုံးဝလက်မခံပါဘူး။ရင်းနှီးမြုပ်နှံမှု လိုချင်တယ်ဆိုပြီး ပတ်ဝန်းကျင်ကိုဖျက်ဆီးတဲ့ ရင်းနှီးမြုပ်နှံမှုကို လက်ခံတဲ့အခြေအနေ ဒီအစိုးရလက်ထက်မှာ မရှိပါဘူး။အရင်တုန်းကတော့မသိဘူး။ဒီဘက်မှာတော့မရှိဘူး။
လက်ကိုမခံဘူး။

နောက်ဆုံး နံပါတ် (၄) ကတော့ အဂတိလိုက်စားမှု လုံးဝလက်မခံပါဘူး။ပေးတာ ယူတာကို ကျွန်တော်တို့ခွင့်မပြုဘူး။

ဒါကြောင့်မို့ ကျွန်တော်တို့ စီးပွားရေးလုပ်တဲ့အခါ နိုင်ငံရေးကို မကြည့်တာ ကြည့်တာ တစ်ပိုင်း၊ ဒီအခြေခံ ၄ ခုတော့ ကြည့်ဖိုလိုတယ်။ BRI အခွင့် အရေးက သူတို့ဆီမှာလုပ်လို့မရတဲ့ စက်ရုံတွေ အလုပ်ရုံတွေကို ကိုယ့်ဆီမှာရွှေ့တာမျိုး ပတ်ဝန်းကျင်ကိုထိခိုက်မယ့် လုပ်ငန်းတွေကို မြန်မာပြည်မှာ ရွှေ့တာမျိုးတို့ Dumping လုပ်တယ်လို့ စီးပွားရေးအနေနဲ့ ခေါ်ပါတယ်။အဲ့ဒါတွေလုံးဝလက်မခံပါဘူး။ကျွန်တော်တို့နိုင်ငံက ရှင်းတယ်။မရှိပေမယ့် မရှိလို့ ညစ်ညမ်းတဲ့ ရင်းနှီးမြုပ်နှံမှု လက်ခံစရာအကြောင်း ကျွန်တော်တို့မှာမရှိပါဘူး။တရုတ်ကုမ္ပဏီတွေနဲ့ တိုင်ပင်ပါတယ်။ဆွေးနွေးပါတယ်။တရုတ်နိုင်ငံမှာ ရင်းနှီးမြုပ်နှံချင်တဲ့ ကုမ္ပဏီတွေအားလုံး ကျွန်တော်တို့ ပန်ကြားပါတယ်။ကျွန်တော်ကတော့ ဒီပေတံ ၄ ခုနဲ့ တိုင်းတယ်။ဒီပေတံ ၄ ခုနဲ့ ညီနိုင်အောင် အဲ့ဒါလည်းလုပ်ပါတယ်။

စီးပွားရေးလုပ်တဲ့အခါမှာ စီးပွားရေးလုပ်တဲ့ တာဝန်တင်မဟုတ်ဘူး လူမှုရေးတာဝန်ရှိပါတယ်။ဒါကြောင့်မို့ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမယ့် နိုင်ငံခြားကုမ္ပဏီတွေအားလုံး ပြည်တွင်းရင်းနှီးမြုပ်နှံမှုကုမ္ပဏီတွေ အားလုံးဟာ အမြတ်ငွေရဲ့ ၁ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိကို CSR ကို လုပ်ရမယ်လို့ ကတိပေးရပါတယ်။ကတိတည် မတည်ကိုလည်း ကျွန်တော်တို့လိုက်ကြည့်နေပါတယ်။မဟုတ်ရင် စီးပွားရေးလုပ်ပြီး အမြတ်ကိုယူရုံသက်သက် လုပ်တာကို ကျွန်တော်တို့ လက်မခံနိုင်ပါဘူး။ BRI စီးပွားရေးလုပ်တဲ့ အခါဒီဟာလေးကို သတိထားပါ။

BRI လို့ ပြောလိုက်တာနဲ့ တရုတ်ရင်းနှီးမှုလို့ ပြောလိုက်တာနဲ့ OBOR လို့ ပြောလိုက်တာနဲ့ အများပြည်သူမြင်တာ တစ်ဝက်မြင်တဲ့သူတွေရှိတယ် တစ်ဝက်ပြည့်တယ်လို့ မြင်တဲ့သူတွေရှိတယ်။တရုတ်နဲ့ ပတ်သက်လာရင် Emotiational သိပ်ဖြစ်တယ်။ခံစားချက်တွေကို ရှေ့တန်းတင်ရင် ဆုံးဖြတ်တဲ့အခါမှာ မှားနိုင်တယ်။ဒါကြောင့်မို့ Emotiation မရှိရဘူးလို့ မပြောဘူး။ဒါပေမယ့် ချိန်ကြပါ။ဒါကြောင့်မို့ ကျွန်တော်သတိပေးချင်တာကတော့ လူတွေကအားလုံးဟာ ရှိတဲ့အတိုင်း မမြင်တက်ပါဘူး။ကိုယ်မြင်ချင်တာကို မြင်တာပါ။ကြည့်တဲ့သူက သူ့ဟာသူဆုံးဖြတ်တာရှိတာတော့ ဒီအတိုင်းဘဲ။

BRI နဲ့ ပတ်သက်လို့။ကျွန်တော်မြင်တာကတော့ တစ်ယောက်ချင်း တစ်ဦးချင်း ဆုံးဖြတ်လို့မရဘူး။ဒါကြောင့် မီဒီယာသမားတွေကို ပန်ကြားချင်တာက အမြင်တူဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ။ BRI အဓိကစိန်ခေါ် မှုက mindset။ကျန်တာလုပ်လို့ရတယ်။လမ်းဖောက်လို့ရတယ်။တံတားထိုးလို့ရတယ်။ဒါပေမယ့် စိတ်ထဲမှာ ဒါကိုလက်မခံရင် လုပ်ရကိုင်ရတာခက်ပါလိမ့်မယ်။

တစ်ခုသတိထားရမှာက သူတို့ရဲ့မဟာဗျူဟာစီမံချက်မှာ မြန်မာသည် သော့ချက်ဖြစ်နေတယ်။မူဆယ်သည် အခြေခံဖြစ်နေတယ်။ကျောက်ဖြူကို မေ့လို့မရဘူး။ဒါကြောင့်မို့ အဲ့ဒီအခွင့်အရေးကို ကျွန်တော်တို့ဘယ်လိုယူမလဲ ကျွန်တော်တို့အမြဲတမ်းပြောတယ် စီးပွားရေးပညာမှာ နိုင်ငံတစ်နိုင်ငံ တိုးတက်တဲ့အခြေခံ ဘာလဲဆိုရင် ၃ ခုရှိတယ်။

နံပါတ် (၁) က တည်နေရာ။ (၂) က တည်နေရာ။ (၃) ကလည်း တည်နေရာ။ကျွန်တော်တို့နိုင်ငံလောက် BRI နဲ့ ပတ်သက်လာရင် တည်နေရာကောင်းတာ ကျွန်တော်တို့နိုင်ငံဘဲရှိတယ်။ကျွန်တော်တို့လောက် အခြေအနေမကောင်းတဲ့ မလေးရှားတို့၊ ထိုင်းတို့ သူတို့လည်း B&R ကို စဉ်းစားနေပါတယ်။အများကြီးဝေးတဲ့ အာဖရိကနိုင်ငံ က သူတို့ခေါင်းဆောင်တွေက BRI အကြောင်း ပြောနေပြီ။ကျွန်တော်တို့က ဒီအခွင့်အရေးကို ယူသင့်တယ်လို့ ကျွန်တော်က တင်ပြချင်ပါတယ်။

တစ်ခုတော့ ကျွန်တော်တို့ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည် သတိပေးတာ စီးပွားရေးအရ အဆင်ပြေရုံတင်မကဘူးတဲ့ စီးပွားရေးအဆင်ပြေပြီး လူမှုရေးတာဝန်လည်းကျေရမယ်။လုပ်တဲ့နေရာတွေအားလုံးမှာ ပတ်ဝန်းကျင်ကိုထိခိုက်မယ့် စက်ရုံအလုပ်ရုံတွေ လုပ်ငန်းတွေကို ကျွန်တော်တို့လက်မခံပါဘူး။လုပ်တဲ့အခါမှာ ဒေသခံတွေကို စည်းရုံးဖို့လိုပါတယ်။ကျွန်တော်တို့နိုင်ငံမှာ top and down လုပ်တာများပါတယ်။အပေါ်ကနေလုပ်တယ် အမိန့်ပေးတယ်။ကြိုက်၏ မကြိုက်၏ မမေးဘူး။တိုင်ပင်တာမရှိဘူး။ဆွေးနွေးတာမရှိဘူး။မင်းတို့အတွက်လုပ်တယ်။မင်းတို့အတွက် ကောင်းတာလုပ်တာဘဲ လက်ခံပါလို့ စဉ်းစားတဲ့ ယဉ်ကျေးမှုကနေ အခုဒီအချိန်မှာတော့ အောက်ခြေကလူတွေ ကျေးလက်ဒေသမှာရှိတဲ့ ကျေးရွာမှာနေထိုင်တဲ့သူတွေရဲ့ သူတို့လက်ခံဖို့လိုတယ်၊ သူတို့လက်ခံနိုင်အောင်ပြောကြပါ။

မဟုတ်ရင် အောက်ကမတက်ရင် အပေါ်ကလုပ်ခဲ့တဲ့ Top and Down နဲ့ ဒုက္ခရောက်တာတွေ ကျွန်တော်တို့နိုင်ငံမှာ အများကြီးရှိခဲ့တာပါ။စိန်ခေါ်မှုတွေကို အခွင့်အရေးဖြစ်အောင် ပြောင်းလို့မရဘူးလား။စိတ်ပူတာက ရေးတဲ့သူတွေ တော်တော်များများက စိန်ခေါ်မှုတွေအကြောင်း တော်တော်ရေးတယ်။အခက်တွေအကြောင်းတွေရေးတယ်။
မရေးပါနဲ့မပြောဘူး။ဒါပေမယ့် အဲ့ဒီအခက်အခဲတွေဟာ လူတစ်ယောက်မှာ စိန်ခေါ်မှုဆိုတာ မရှိပါဘူး အခွင့်အရေးဘဲ။စိန်ခေါ်တာဘဲကြည့်နေလို့ အခက်အခဲတွေဘဲကြည့်နေရင် တိုးတက်မှာမဟုတ်ဘူး။ရှိတဲ့အခက်အခဲတွေ တကယ်ကိုကျော်လွှားနိုင်ရင် ကိုယ့်အတွက်အခွင့်အရေးဖြစ်တယ်။ဒါ ဒီမှာရှိတဲ့ဆရာကြီးတွေက လက်ခံမှာပါ။ BRI ရဲ့အခြေခံသည် ဒါပါ။

ဒါကို ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ။တရုတ်နိုင်ငံရဲ့အနေအထားက ကုန်သွယ်မှုမှာလည်း အများဆုံးဘဲ။ MIC မှာလည်း အများဆုံးဘဲ။အရင်တုန်းကတော့ မှီခိုရတယ်။နောက်တစ်ခါ လွတ်လပ်တယ်။အဲ့ဒီစကားလုံး ၂ လုံး ကျွန်တော်တို့မသုံးတော့ဘူး။အခုသုံးတာက တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်မှီခိုမှ။သူကကြီးလို့ ကိုယ်က အားထည့်စရာလည်းမလိုပါဘူး။ကိုယ်ကငယ်လို့ စိတ်ပူစရာလည်းမဟုတ်ပါဘူး။ကိုယ်မရှိရင် သူမဖြစ်နိုင်ဘူး။သူမရှိရင် ကိုယ်မဖြစ်နိုင်ဘူးဆိုဟာဘဲ လိုပါတယ်။လိုချင်တာက အရင်းအနှီးတွေတင်မက နည်းပညာတွေလိုပါတယ်။

နိုင်ငံတိုးတက်ဖို့ဆိုရင် နည်းပညာ transfer အများကြီးလိုပါတယ်။ဒါကြောင့် MIC မှာ ရင်းနှီးမြုပ်နှံမှု လာလို့ရှိရင် technology ပါလား အမြဲတမ်းမေးပါတယ်။အလုပ်ကြမ်းနဲ့ မြေကြီးပေါက်တဲ့ အလုပ်တွေကို ကျွန် တော်တို့လက်မခံပါဘူး။ပြီးတော့ ပိုပြီးအဓိပ္ပာယ်ရှိတဲ့ ပိုပြီးလေးနက်တဲ့ စီးပွားရေးအခြေအနေရယူဖို့ လိုပါတယ်။မြန်မာရဲ့အခြေအနေလည်း ကြည့်ပါဦး။မဟာဗျူဟာကျတဲ့အခြေအနေ ကျွန်တော်တို့သာမပါရင် သူတို့ အာဆီယံဆင်းလို့မရဘူး။ဒါလက်ရှိအနေအထား။

ပထဝီကိုကြည့်လိုက်ရင် မြန်မာမပါရင် အောက်ဆင်းလို့မရဘူး။ Asia High way နဲ့ မထိတွေ့နိုင်ဘူး။သတိပေးချင်တာက B2B ပေါ့။အခုပြောနေတာက G2G ပေါ့။အစိုးရ အစိုးရချင်းပေါ့။ B2B ကို ပိုပြီးအားပေးပါ။ကုမ္ပဏီအချင်းချင်း။လုပ်ငန်းအချင်းချင်း ပူးပေါင်းဆောင်ရွက်တာ။နောက်တစ်ခုက P2P ။ People To People ။ ပြီးတော့ OBOR Brand ကို လူတွေလက်ခံအောင် လုပ်ဖို့လိုပါလိမ့်မယ်။အခွင့်အရေးတွေ အများကြီးရှိတယ်။ဒါပေမယ့် အခွင့်အရေးရှိတာ ယူမှရတာမှာနော်။ပြောလိုက်တာ အခွင့်ရေးတွေ အခွင့်အရေးတွေပြောတယ် ယူမယ့်သူမရှိရင် အဲ့ဒီအခွင့်အရေးကမရဘူး။အခွင့်အရေးယူရအောင် ပြီးမှ သူ့ပေါ်မှာ အခြေခံပြီး သူ့အားနဲ့ ကြီးတဲ့သူရဲ့အားနဲ့ တုန့်ပြန်လို့ရပါတယ်။အခု သမ္မတကြီး ရှီကျင့်ဖိန် လာတဲ့အခါမှာ CMEC ကိစ္စကို ဆွေးနွေးလိမ့်မယ်လို့ အောက်မေ့ပါတယ်။

BRI ရဲ့ ဘောင်အတွင်းမှာ CMEC စင်္ကြံကြီးကရှိနေတော့ ဒါကိုလည်း စဉ်းစားစေချင်ပါတယ်။ကျွန်တော်တို့မှာ စိန်ခေါ်မှုတွေရှိတယ်။ကိုယ့်နိုင်ငံရဲ့ စိန်ခေါ်မှုနော် တရုတ်နဲ့မဆိုင်ဘူး။မြေပြဿနာအများကြီးဘဲ။ CMEC မှာ အမြဲတမ်းရင်ဆိုင်နေရတာ မြေပြဿနာ။အရင်းအနှီးရှိတယ်။ကျွန်တော်တို့မှာ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်တာရှိတယ်။
တရုတ်သမ္မတကြီး လာတဲ့အခါမှာ စီးပွားရေးတင်မကပါဘူး ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ အကူအညီတွေရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။နိုင်ငံရဲ့အမျိုးသားလုံခြုံရေးကလည်း အရေးကြီးပါတယ်။ပြီးတော့ ကျောက်ဖြူတို့ ကားလမ်းတို့ ကျွန်တော်သတိပေးချင်တာက ဒီမှာရှိတဲ့သူတွေ ကားလမ်းကို ကားလမ်းလို့မမြင်ပါနဲ့။

ကားလမ်းဖြစ်လိုက်တာနဲ့ စားသောက်ဆိုင်တွေပေါ်လာမယ်။ကားလမ်းနံဘေးမှာ ဆိုင်ခန်းတွေရှိလာမယ်။အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်လာမယ်။အဲ့နားမှာရှိတဲ့ ရွာကကလေးတွေ အလုပ်တွေရမယ်ဆိုတာ မျက်စိထဲမြင်နိုင်အောင် ကျွန်တော်တို့ ကြိုးစားပေးရမယ်။မဟုတ်ရင် ကားလမ်းသက်သက်ကြီး၊ ရထားလမ်းသက်သက်ကြီး မြင်ရင်တော့ ကျွန်တော်တို့နိုင်ငံမှာ ၃၀ ရာခိုင်နှုန်းက လူငယ်တွေလို့ပြောတယ်။၃၀ ရာခိုင်နှုန်း အလုပ်ရဖို့က အခွင့်အရေးဖြစ်တယ်။ဒါကြောင့်မို့ ကျွန်တော်တို့စဉ်းစားတဲ့အခါမှာ ကျောက်ဖြူကြီးသက်သက် မဟုတ်ဘဲ အတွင်းထဲမှာရှိတဲ့ မူဆယ်-မန္တလေး၊ မန္တလေး-နေပြည်တော်၊ နေပြည်တော်-ကျောက်ဖြူ အပြင်ကို မကွေးလိုဟာမျိုး၊ ချင်းလိုဟာမျိုးမှာ အခွင့်အရေးတွေရအောင် လုပ်ဖို့လိုပါတယ်။ BRI ကို စဉ်းစားရင် လူသားအရင်းအမြစ်ကို BRI ကနေ အကျိုးရှိအောင် ဘယ်လိုလုပ်မလဲ။အဲလိုလုပ်တဲ့အခါမှာလည်း အားလုံးပါဝင်မှရမယ်။

ကျွန်တော်တို့နိုင်ငံမှာ အားနည်းတာဘာလဲဆိုရင် အားလုံးပါဝင်မှုမရှိဘူး။ကိုယ့်နဲ့ပတ်သက်ရင် အဆင်ပြေတယ်။ကိုယ့်နဲ့မပတ်သက်ရင် အဆင်မပြေဘူးဆိုတဲ့ စီးပွားရေးအဆောက်အအုံကြီးဟာ ရေရှည်မခံနိုင်ပါဘူး။ကျွန်တော် ပန်ကြားချင်တာက အားလုံးပါဝင်ဖို့လိုတယ်။ကျွန်တော်တို့မှာ Emotional သိပ်များတယ်။ပြောလိုက်တာနဲ့ ရင်တွင်းခံစားချက်တွေ ရှေ့တန်းတင်လိုက်တော့ လုပ်ရတဲ့လူကြီးတွေ သိပ်ခက်ပါတယ်။လိုချင်တာက Open mindset ။ mindset တွေ ပွင့်နေမှရမယ်။ဘာမှတောင်မပြောရသေးဘူး ဆုံးဖြတ်ပြီးသား။လက်မခံဘူးဆိုတာ ဆုံးဖြတ်ရင် ဘာမှလုပ်လို့မရဘူး။ဒီမှာရှိတဲ့သူတွေကို ကျွန်တော်ပန်ကြားချင်တာက Open Mildset ဖြစ်အောင် ဆောင်ရွက်ပေးကြပါ။ BRI နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အစိုးရက ၂၀၁၈ ကနေ ၂၀၃၀ အထိ စဉ်ဆက်မပြတ် ရည်မှန်းချက် ၁၇ ခု ရှိပါတယ်။နိုင်ငံတော်အစိုးရကလည်း လက်ခံထားတယ်။အဲ့ဒီမှာ ဘဏ္ဍာရေးရည်မှန်းချက်၊ စီးပွားရေးရည်မှန်းချက်၊ လူမှုရေးရည်မှန်းချက် ၃ ခုရှိတဲ့အတွက် ဒါတွေကအားလုံးက ကျွန်တော်တို့လိုချင်တဲ့ ပြည်သူတွေလိုချင်တဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို ရနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

လာချင်တာလာ ဝင်လာရင်တော်ပြီဆိုတဲ့ အခြေအနေမဟုတ်တော့ဘူး။ကျွန်တော်တို့ရွေးနိုင်တယ်။လက်မခံဘူးဆိုရင် လက်မခံဘူး။လူ့အခွင့်အရေးကို စော်ကားတာမျိုး လုံးဝလက်မခံပါဘူး။သူတို့ဆီကဘဲ ချေးတာမဟုတ်ဘဲနဲ့ တစ်ယောက်တည်းကချေးရင် အန္တရာယ်ရှိပါတယ်။အများဆီကချေးရင် အန္တရာယ်သိပ်မရှိပါဘူး။ဇာစ်မြစ်တွေရှာဖို့လိုပါတယ်။
ခုခေတ်မှာလည်း နိုင်ငံတကာကုမ္ပဏီတွေအားလုံးက MIC က လာတာတစ်မျိုး၊ ကိုယ်ပိုင်ပုံစံက လာတာတွေလည်း အများကြီးရှိတော့ အခွင့်အရေးရယူ။

ဒါကြောင့်မို့လို့ စီးပွားရေးလုပ်ငန်းရှင်တွေအားလုံး မီဒီယာတွေလည်းပါတော့ ဒီဟာတွေအားလုံးကို ကျွန်တော်တို့နိုင်ငံက ဖြစ်မှလုပ်တယ်။မဖြစ်ရင်ဘာမှမလုပ်ဘူး။ကြိုပြီးလုပ်မယ်သဘော လုံးဝကိုမရှိတာ။ဖြစ်မှ ပြဿနာရှင်းတာမျိုးထက်ကို ကြိုလုပ်ရင်မရဘူးလား။အခွင့်အရေးကို ရှာဖို့လိုပါတယ်။ BRI ကို အခု မီဒီယာသမားတွေသာသိတယ်။
လူတိုင်းမသိပါဘူး။လုပ်တဲ့အခါမှာ တရုတ်ကုမ္ပဏီတွေနဲ့ ညှိဖို့လိုတယ်။အဲ့လိုပုံစံမျိုးဖြစ်အောင် လုပ်ဖို့လိုပါတယ်။ BRI ဆိုတာ ဘာလဲဆိုရင် ဆက်နွယ်မှုပါပဲ။ရုပ်ပိုင်းဆိုင်ရာ ဆက်နွယ်မှုရှိမယ်။ Digital ပိုင်းဆိုင်ရာ ဆက်နွယ်မှုရှိမယ်။ဆက်နွယ်မှုတွေ အများကြီးရှိတဲ့ကြားထဲမှာမှ ဆက်နွယ်မှုဟာ တိုးတက်ကြီးပွားမှုနဲ့ ညီမျှတယ်ဆိုတာပါပဲ။

ဆက်နွယ်မှုရှိရင် အောင်မြင်မှုရှိမယ်။ချိတ်ဆက်မှုများရင် စီးပွားရေးအောင်မြင်တာဘဲ။ဘာကြောင့်အောင်မြင်လဲမေးရင် အပေါင်းအသင်းများလို့။လမ်းတွေ တံတားတွေကသက်သက် ကူးလူးဆက်ဆံမှုက အရေးကြီးပါတယ်။အဲ့လိုလုပ်တဲ့အခါမှာ အားလုံးပါဝင်ဖို့လိုပါတယ်။အရင်တုန်းက ကျွန်တော်တို့နိုင်ငံမှာ ပတ်သက်ရာ ပတ်သက်ကြောင်းဘဲ အဆင်ပြေပြီးတော့ မပတ်သက်ရင် ဘာမှအခွင့်အရေးမရတာ မဖြစ်သင့်တော့ဘူး။စဉ်ဆက်မပြတ်ဖြစ်ဖို့ အရေးကြီးပါတယ်။လူငယ်တွေကို ကိုယ်စားပြုပြောရမယ်ဆိုရင်တော့ ကလေးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးဖို့လိုပါတယ်။

နံပါတ် (၄) က မီဒီယာကို အားကိုးတာ။ ပြည်သူတွေရှိတယ်။လုပ်ငန်းရှင်တွေရှိတယ်။ဒါတွေအားလုံးနဲ့ ဆွေးနွေးညှိနှိုင်းမှရတယ်လို့ ကျွန်တော်ပြောပါတယ်။

နောက်ဆုံးမှာချင်တာက ကျွန်တော်တို့အခွင့်အရေးလို့ပြောတယ်။အခွင့်အရေးကမဖြစ်လာဘူး။ကိုယ်ကဖန်တီးရမှာ။အလိုလိုပေါ်တဲ့အခွင့်အရေး လောကမှာမရှိဘူး။ကိုယ်မဖန်တီးရင် ဘာအခွင့်အရေးမှမရဘူး။အဲ့ဒီတော့ BRI နဲ့ ပတ်သက်လို့ အခွင့်အရေးကိုပြောပါလို့ပြောရင် ကျွန်တော်မှာချင်တာကတော့ ကျွန်တော်တို့ဖန်တီးမှရမှာပါ။ကျွန်တော်တို့ ဖန်တီးရင်တော့ သူတို့ရဲ့လိုအပ်ချက်နဲ့ ကျွန်တော်တို့ရဲ့မျှော်လင့်ချက်နဲ့ ပေါင်းစပ်လို့ရမယ်။

ဒေါက်တာအောင်ထွန်းသက်
ဇန်န၀ါရီ - ၂၃

( Zawgyi )

မၾကာခင္က ျမန္မာႏိုင္ငံသို႔ ကမာၻ႔ႏိုင္ငံေရးဩဇာအာဏာ ႀကီးမားသည့္ တ႐ုတ္ႏိုင္ငံမွ ေခါင္းေဆာင္ သမၼတ ရွီက်င့္ဖိန္ လာေရာက္ခဲ့ပါတယ္။ထိုသို႔မလာေရာက္မီ ရက္ပိုင္းတြင္ ျမန္မာႏိုင္ငံအတြင္း တ႐ုတ္ႏိုင္ငံ၏ ရင္းႏွီးျမဳပ္ႏွံမႈ၊ ျမန္မာၿငိမ္းခ်မ္းေရးတြင္ တ႐ုတ္ႏိုင္ငံ၏ အခန္းက႑မ်ားႏွင့္ပတ္သက္ၿပီး အလုပ္႐ုံေဆြးေႏြးပြဲမ်ားကို ျမန္မာ-တ႐ုတ္ လူမႈအဖြဲ႕အစည္းမ်ားက က်င္းပျပဳလုပ္ခဲ့ပါတယ္။

ထိုေဆြးေႏြးပြဲမ်ားထဲမွာ ရန္ကုန္ၿမိဳ႕ Wyndham Grand ဟိုတယ္တြင္ ျပဳလုပ္ခဲ့သည့္ တ႐ုတ္-ျမန္မာ Belt & Road မီဒီယာစကားဝိုင္းကို တက္ေရာက္သတင္းယူခဲ့ပါတယ္။အဆိုပါမီဒီယာစကားဝိုင္းတြင္ ဝါရင့္စီးပြားေရးပညာရွင္ႏွင့္ ႏိုင္ငံေတာ္သမၼတ၏ စီးပြားေရးႏွင့္ ၿငိမ္းခ်မ္းေရး အႀကံေပးပုဂၢိဳလ္ ပါေမာကၡ ေဒါက္တာေအာင္ထြန္းသက္၏ ပါဝင္ေဆြးေႏြးသည့္ ေဆြးေႏြးခ်က္မ်ားကို မူရင္းမထိခိုက္ေအာင္ တည္းျဖတ္ကာ ေဖာ္ျပေပးလိုက္ပါတယ္။

Belt & Road အေပၚ ပါေမာကၡ ေဒါက္တာေအာင္ထြန္းသက္၏ ရႈျမင္သုံးသပ္ခ်က္ အျပည့္အစုံကို ယခုတစ္ပတ္ အထူးအစီအစဥ္အျဖစ္ ေဖာ္ျပလိုက္ပါတယ္။

(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

ပထမအေနနဲ႔ စီးပြားေရး။စီးပြားေရးေျပာရင္ ကြၽန္ေတာ္သတိေပးခ်င္တာကေတာ့ ႏိုင္ငံေရးေဘာဂေဗဒကို သတိေပးခ်င္ပါတယ္။ႏိုင္ငံေရးမပါတဲ့ စီးပြားေရးမရွိပါဘူး။စီးပြားေရးမပါတဲ့ ႏိုင္ငံေရးမရွိပါဘူး။စီးပြားေရးေျပာတဲ့အခါတိုင္းမွာ ႏိုင္ငံေရးကို၊ ႏိုင္ငံေရးေျပာတဲ့အခါတိုင္းမွာ စီးပြားေရးကို နားလည္ေအာင္စဥ္းစားဖို႔ လိုပါတယ္။

BRI စီးပြားေရးအခြင့္အလမ္းေတြ ကြၽန္ေတာ္ျမင္တာေတာ့ အခြင့္အလမ္းဘဲၾကည့္လို႔မရဘူး စိန္ေခၚမႈဆိုတာလည္း ရွိတာဘဲ။စိန္ေခၚမႈရွိသလို အခြင့္အလမ္းလည္း ကြၽန္ေတာ္တို႔ၾကည့္ရမယ္။ေဟာဒီအခန္းထဲမွာ စီးပြားေရးပညာ ေလ့လာတဲ့သူေတြ အားလုံးသိပါတယ္။အေျခခံႏွစ္ခုတည္းပါ ဘာလုပ္လုပ္ cost စရိတ္နဲ႔ အက်ိဳးေက်းဇူး ဒီႏွစ္ခုကိုခ်ိန္ရမယ္။
အက်ိဳးေက်းဇူးက စရိတ္ထက္မ်ားရင္ ဒီအလုပ္ကိုလုပ္မယ္။သို႔တည္းမဟုတ္ စရိတ္က အက်ိဳးေက်းဇူးထက္မ်ားရင္ ဒီအလုပ္ကိုမလုပ္ဘူး။ကိုယ္ဘဲဆုံးျဖတ္ရမွာ အေျခခံက ဒီေလာက္ပါဘဲ။အဲ့ဒီအေပၚ မွာမွ စရိတ္ေကာ အက်ိဳးေက်းဇူးေကာ တင္ျပခ်င္ပါတယ္။

ျမန္မာႏိုင္ငံမွာ ရင္းႏွီးျမဳပ္ႏွံမႈေတြ လက္ခံႀကိဳဆိုတဲ့အခါမွာ အေျခခံ ၄ ရပ္နဲ႔ နံပါတ္ ၁ က စီးပြားေရးလုပ္ရင္ လူ႔အခြင့္အေရးကို မထိပါးရဘူး။လူ႔အခြင့္အေရးကို မေလးစားရင္ ရင္းႏွီးျမဳပ္ႏွံမႈကို လုံးဝလက္မခံပါဘူး။ဒါႏိုင္ငံေရးနဲ႔မဆိုင္ဘူး လူတိုင္းနဲ႔ဆိုင္တယ္။ဒါေၾကာင့္မို႔ ကြၽန္ေတာ္တို႔အေနနဲ႔ ျမန္မာႏိုင္ငံမွာလုပ္တဲ့ ရင္းႏွီးျမဳပ္ႏွံမႈက တာဝန္ေက်တဲ့ ရင္းႏွီးျမဳပ္ႏွံမႈေတြ ျဖစ္ရမယ္။တာဝန္ေက်တဲ့ စီးပြားေရးလုပ္ငန္းေတြ ျဖစ္ရမယ္။ဒါေၾကာင့္မို႔ နံပါတ္ (၁) က လူ႔အခြင့္အေရး။

နံပါတ္ (၂) ကေတာ့ ဝန္ထမ္းေရးရာ၊ ဝန္ထမ္းေရးရာနဲ႔ ပတ္သက္လို႔ ကုမၸဏီေတြအားလုံး တ႐ုတ္အပါအဝင္ အျခားႏိုင္ငံကရွိတဲ့ ရင္းႏွီးျမဳပ္ႏွံမယ့္သူေတြအားလုံးသည္ လူ႔အခြင့္အေရးအျပင္ကို ဝန္ထမ္းေရးရာနဲ႔ ပတ္သက္လို႔ ျမန္မာႏိုင္ငံမွာ သတ္မွတ္ထားတဲ့ စည္းကမ္းအတိုင္း ေပးသင့္ေပးထိုက္တဲ့ လုပ္ခလစာေတြ ေပးဖို႔လိုတယ္။

နံပါတ္ (၃) ကေတာ့ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ပတ္ဝန္းက်င္ ထိန္းသိမ္းကာကြယ္ဖို႔လိုတယ္။ပတ္ဝန္းက်င္ကို ညစ္ညမ္းေစတဲ့ စီးပြားေရး ကြၽန္ေတာ္တို႔လုံးဝလက္မခံပါဘူး။ရင္းႏွီးျမဳပ္ႏွံမႈ လိုခ်င္တယ္ဆိုၿပီး ပတ္ဝန္းက်င္ကိုဖ်က္ဆီးတဲ့ ရင္းႏွီးျမဳပ္ႏွံမႈကို လက္ခံတဲ့အေျခအေန ဒီအစိုးရလက္ထက္မွာ မရွိပါဘူး။အရင္တုန္းကေတာ့မသိဘူး။ဒီဘက္မွာေတာ့မရွိဘူး။
လက္ကိုမခံဘူး။

ေနာက္ဆုံး နံပါတ္ (၄) ကေတာ့ အဂတိလိုက္စားမႈ လုံးဝလက္မခံပါဘူး။ေပးတာ ယူတာကို ကြၽန္ေတာ္တို႔ခြင့္မျပဳဘူး။

ဒါေၾကာင့္မို႔ ကြၽန္ေတာ္တို႔ စီးပြားေရးလုပ္တဲ့အခါ ႏိုင္ငံေရးကို မၾကည့္တာ ၾကည့္တာ တစ္ပိုင္း၊ ဒီအေျခခံ ၄ ခုေတာ့ ၾကည့္ဖိုလိုတယ္။ BRI အခြင့္ အေရးက သူတို႔ဆီမွာလုပ္လို႔မရတဲ့ စက္႐ုံေတြ အလုပ္႐ုံေတြကို ကိုယ့္ဆီမွာေ႐ႊ႕တာမ်ိဳး ပတ္ဝန္းက်င္ကိုထိခိုက္မယ့္ လုပ္ငန္းေတြကို ျမန္မာျပည္မွာ ေ႐ႊ႕တာမ်ိဳးတို႔ Dumping လုပ္တယ္လို႔ စီးပြားေရးအေနနဲ႔ ေခၚပါတယ္။အဲ့ဒါေတြလုံးဝလက္မခံပါဘူး။ကြၽန္ေတာ္တို႔ႏိုင္ငံက ရွင္းတယ္။မရွိေပမယ့္ မရွိလို႔ ညစ္ညမ္းတဲ့ ရင္းႏွီးျမဳပ္ႏွံမႈ လက္ခံစရာအေၾကာင္း ကြၽန္ေတာ္တို႔မွာမရွိပါဘူး။တ႐ုတ္ကုမၸဏီေတြနဲ႔ တိုင္ပင္ပါတယ္။ေဆြးေႏြးပါတယ္။တ႐ုတ္ႏိုင္ငံမွာ ရင္းႏွီးျမဳပ္ႏွံခ်င္တဲ့ ကုမၸဏီေတြအားလုံး ကြၽန္ေတာ္တို႔ ပန္ၾကားပါတယ္။ကြၽန္ေတာ္ကေတာ့ ဒီေပတံ ၄ ခုနဲ႔ တိုင္းတယ္။ဒီေပတံ ၄ ခုနဲ႔ ညီႏိုင္ေအာင္ အဲ့ဒါလည္းလုပ္ပါတယ္။

စီးပြားေရးလုပ္တဲ့အခါမွာ စီးပြားေရးလုပ္တဲ့ တာဝန္တင္မဟုတ္ဘူး လူမႈေရးတာဝန္ရွိပါတယ္။ဒါေၾကာင့္မို႔ ျမန္မာႏိုင္ငံမွာ ရင္းႏွီးျမဳပ္ႏွံမယ့္ ႏိုင္ငံျခားကုမၸဏီေတြအားလုံး ျပည္တြင္းရင္းႏွီးျမဳပ္ႏွံမႈကုမၸဏီေတြ အားလုံးဟာ အျမတ္ေငြရဲ႕ ၁ ရာခိုင္ႏႈန္းကေန ၅ ရာခိုင္ႏႈန္းအထိကို CSR ကို လုပ္ရမယ္လို႔ ကတိေပးရပါတယ္။ကတိတည္ မတည္ကိုလည္း ကြၽန္ေတာ္တို႔လိုက္ၾကည့္ေနပါတယ္။မဟုတ္ရင္ စီးပြားေရးလုပ္ၿပီး အျမတ္ကိုယူ႐ုံသက္သက္ လုပ္တာကို ကြၽန္ေတာ္တို႔ လက္မခံႏိုင္ပါဘူး။ BRI စီးပြားေရးလုပ္တဲ့ အခါဒီဟာေလးကို သတိထားပါ။

BRI လို႔ ေျပာလိုက္တာနဲ႔ တ႐ုတ္ရင္းႏွီးမႈလို႔ ေျပာလိုက္တာနဲ႔ OBOR လို႔ ေျပာလိုက္တာနဲ႔ အမ်ားျပည္သူျမင္တာ တစ္ဝက္ျမင္တဲ့သူေတြရွိတယ္ တစ္ဝက္ျပည့္တယ္လို႔ ျမင္တဲ့သူေတြရွိတယ္။တ႐ုတ္နဲ႔ ပတ္သက္လာရင္ Emotiational သိပ္ျဖစ္တယ္။ခံစားခ်က္ေတြကို ေရွ႕တန္းတင္ရင္ ဆုံးျဖတ္တဲ့အခါမွာ မွားႏိုင္တယ္။ဒါေၾကာင့္မို႔ Emotiation မရွိရဘူးလို႔ မေျပာဘူး။ဒါေပမယ့္ ခ်ိန္ၾကပါ။ဒါေၾကာင့္မို႔ ကြၽန္ေတာ္သတိေပးခ်င္တာကေတာ့ လူေတြကအားလုံးဟာ ရွိတဲ့အတိုင္း မျမင္တက္ပါဘူး။ကိုယ္ျမင္ခ်င္တာကို ျမင္တာပါ။ၾကည့္တဲ့သူက သူ႔ဟာသူဆုံးျဖတ္တာရွိတာေတာ့ ဒီအတိုင္းဘဲ။

BRI နဲ႔ ပတ္သက္လို႔။ကြၽန္ေတာ္ျမင္တာကေတာ့ တစ္ေယာက္ခ်င္း တစ္ဦးခ်င္း ဆုံးျဖတ္လို႔မရဘူး။ဒါေၾကာင့္ မီဒီယာသမားေတြကို ပန္ၾကားခ်င္တာက အျမင္တူျဖစ္ေအာင္ ဘယ္လိုလုပ္ၾကမလဲ။ BRI အဓိကစိန္ေခၚ မႈက mindset။က်န္တာလုပ္လို႔ရတယ္။လမ္းေဖာက္လို႔ရတယ္။တံတားထိုးလို႔ရတယ္။ဒါေပမယ့္ စိတ္ထဲမွာ ဒါကိုလက္မခံရင္ လုပ္ရကိုင္ရတာခက္ပါလိမ့္မယ္။

တစ္ခုသတိထားရမွာက သူတို႔ရဲ႕မဟာဗ်ဴဟာစီမံခ်က္မွာ ျမန္မာသည္ ေသာ့ခ်က္ျဖစ္ေနတယ္။မူဆယ္သည္ အေျခခံျဖစ္ေနတယ္။ေက်ာက္ျဖဴကို ေမ့လို႔မရဘူး။ဒါေၾကာင့္မို႔ အဲ့ဒီအခြင့္အေရးကို ကြၽန္ေတာ္တို႔ဘယ္လိုယူမလဲ ကြၽန္ေတာ္တို႔အၿမဲတမ္းေျပာတယ္ စီးပြားေရးပညာမွာ ႏိုင္ငံတစ္ႏိုင္ငံ တိုးတက္တဲ့အေျခခံ ဘာလဲဆိုရင္ ၃ ခုရွိတယ္။

နံပါတ္ (၁) က တည္ေနရာ။ (၂) က တည္ေနရာ။ (၃) ကလည္း တည္ေနရာ။ကြၽန္ေတာ္တို႔ႏိုင္ငံေလာက္ BRI နဲ႔ ပတ္သက္လာရင္ တည္ေနရာေကာင္းတာ ကြၽန္ေတာ္တို႔ႏိုင္ငံဘဲရွိတယ္။ကြၽန္ေတာ္တို႔ေလာက္ အေျခအေနမေကာင္းတဲ့ မေလးရွားတို႔၊ ထိုင္းတို႔ သူတို႔လည္း B&R ကို စဥ္းစားေနပါတယ္။အမ်ားႀကီးေဝးတဲ့ အာဖရိကႏိုင္ငံ က သူတို႔ေခါင္းေဆာင္ေတြက BRI အေၾကာင္း ေျပာေနၿပီ။ကြၽန္ေတာ္တို႔က ဒီအခြင့္အေရးကို ယူသင့္တယ္လို႔ ကြၽန္ေတာ္က တင္ျပခ်င္ပါတယ္။

တစ္ခုေတာ့ ကြၽန္ေတာ္တို႔ေခါင္းေဆာင္ႀကီး ေဒၚေအာင္ဆန္းစုၾကည္ သတိေပးတာ စီးပြားေရးအရ အဆင္ေျပ႐ုံတင္မကဘူးတဲ့ စီးပြားေရးအဆင္ေျပၿပီး လူမႈေရးတာဝန္လည္းေက်ရမယ္။လုပ္တဲ့ေနရာေတြအားလုံးမွာ ပတ္ဝန္းက်င္ကိုထိခိုက္မယ့္ စက္႐ုံအလုပ္႐ုံေတြ လုပ္ငန္းေတြကို ကြၽန္ေတာ္တို႔လက္မခံပါဘူး။လုပ္တဲ့အခါမွာ ေဒသခံေတြကို စည္း႐ုံးဖို႔လိုပါတယ္။ကြၽန္ေတာ္တို႔ႏိုင္ငံမွာ top and down လုပ္တာမ်ားပါတယ္။အေပၚကေနလုပ္တယ္ အမိန႔္ေပးတယ္။ႀကိဳက္၏ မႀကိဳက္၏ မေမးဘူး။တိုင္ပင္တာမရွိဘူး။ေဆြးေႏြးတာမရွိဘူး။မင္းတို႔အတြက္လုပ္တယ္။မင္းတို႔အတြက္ ေကာင္းတာလုပ္တာဘဲ လက္ခံပါလို႔ စဥ္းစားတဲ့ ယဥ္ေက်းမႈကေန အခုဒီအခ်ိန္မွာေတာ့ ေအာက္ေျခကလူေတြ ေက်းလက္ေဒသမွာရွိတဲ့ ေက်း႐ြာမွာေနထိုင္တဲ့သူေတြရဲ႕ သူတို႔လက္ခံဖို႔လိုတယ္၊ သူတို႔လက္ခံႏိုင္ေအာင္ေျပာၾကပါ။

မဟုတ္ရင္ ေအာက္ကမတက္ရင္ အေပၚကလုပ္ခဲ့တဲ့ Top and Down နဲ႔ ဒုကၡေရာက္တာေတြ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ အမ်ားႀကီးရွိခဲ့တာပါ။စိန္ေခၚမႈေတြကို အခြင့္အေရးျဖစ္ေအာင္ ေျပာင္းလို႔မရဘူးလား။စိတ္ပူတာက ေရးတဲ့သူေတြ ေတာ္ေတာ္မ်ားမ်ားက စိန္ေခၚမႈေတြအေၾကာင္း ေတာ္ေတာ္ေရးတယ္။အခက္ေတြအေၾကာင္းေတြေရးတယ္။
မေရးပါနဲ႔မေျပာဘူး။ဒါေပမယ့္ အဲ့ဒီအခက္အခဲေတြဟာ လူတစ္ေယာက္မွာ စိန္ေခၚမႈဆိုတာ မရွိပါဘူး အခြင့္အေရးဘဲ။စိန္ေခၚတာဘဲၾကည့္ေနလို႔ အခက္အခဲေတြဘဲၾကည့္ေနရင္ တိုးတက္မွာမဟုတ္ဘူး။ရွိတဲ့အခက္အခဲေတြ တကယ္ကိုေက်ာ္လႊားႏိုင္ရင္ ကိုယ့္အတြက္အခြင့္အေရးျဖစ္တယ္။ဒါ ဒီမွာရွိတဲ့ဆရာႀကီးေတြက လက္ခံမွာပါ။ BRI ရဲ႕အေျခခံသည္ ဒါပါ။

ဒါကို ကြၽန္ေတာ္တို႔ဘယ္လိုလုပ္ၾကမလဲ။တ႐ုတ္ႏိုင္ငံရဲ႕အေနအထားက ကုန္သြယ္မႈမွာလည္း အမ်ားဆုံးဘဲ။ MIC မွာလည္း အမ်ားဆုံးဘဲ။အရင္တုန္းကေတာ့ မွီခိုရတယ္။ေနာက္တစ္ခါ လြတ္လပ္တယ္။အဲ့ဒီစကားလုံး ၂ လုံး ကြၽန္ေတာ္တို႔မသုံးေတာ့ဘူး။အခုသုံးတာက တစ္ေယာက္နဲ႔ တစ္ေယာက္ အျပန္အလွန္မွီခိုမွ။သူကႀကီးလို႔ ကိုယ္က အားထည့္စရာလည္းမလိုပါဘူး။ကိုယ္ကငယ္လို႔ စိတ္ပူစရာလည္းမဟုတ္ပါဘူး။ကိုယ္မရွိရင္ သူမျဖစ္ႏိုင္ဘူး။သူမရွိရင္ ကိုယ္မျဖစ္ႏိုင္ဘူးဆိုဟာဘဲ လိုပါတယ္။လိုခ်င္တာက အရင္းအႏွီးေတြတင္မက နည္းပညာေတြလိုပါတယ္။

ႏိုင္ငံတိုးတက္ဖို႔ဆိုရင္ နည္းပညာ transfer အမ်ားႀကီးလိုပါတယ္။ဒါေၾကာင့္ MIC မွာ ရင္းႏွီးျမဳပ္ႏွံမႈ လာလို႔ရွိရင္ technology ပါလား အၿမဲတမ္းေမးပါတယ္။အလုပ္ၾကမ္းနဲ႔ ေျမႀကီးေပါက္တဲ့ အလုပ္ေတြကို ကြၽန္ ေတာ္တို႔လက္မခံပါဘူး။ၿပီးေတာ့ ပိုၿပီးအဓိပၸာယ္ရွိတဲ့ ပိုၿပီးေလးနက္တဲ့ စီးပြားေရးအေျခအေနရယူဖို႔ လိုပါတယ္။ျမန္မာရဲ႕အေျခအေနလည္း ၾကည့္ပါဦး။မဟာဗ်ဴဟာက်တဲ့အေျခအေန ကြၽန္ေတာ္တို႔သာမပါရင္ သူတို႔ အာဆီယံဆင္းလို႔မရဘူး။ဒါလက္ရွိအေနအထား။

ပထဝီကိုၾကည့္လိုက္ရင္ ျမန္မာမပါရင္ ေအာက္ဆင္းလို႔မရဘူး။ Asia High way နဲ႔ မထိေတြ႕ႏိုင္ဘူး။သတိေပးခ်င္တာက B2B ေပါ့။အခုေျပာေနတာက G2G ေပါ့။အစိုးရ အစိုးရခ်င္းေပါ့။ B2B ကို ပိုၿပီးအားေပးပါ။ကုမၸဏီအခ်င္းခ်င္း။လုပ္ငန္းအခ်င္းခ်င္း ပူးေပါင္းေဆာင္႐ြက္တာ။ေနာက္တစ္ခုက P2P ။ People To People ။ ၿပီးေတာ့ OBOR Brand ကို လူေတြလက္ခံေအာင္ လုပ္ဖို႔လိုပါလိမ့္မယ္။အခြင့္အေရးေတြ အမ်ားႀကီးရွိတယ္။ဒါေပမယ့္ အခြင့္အေရးရွိတာ ယူမွရတာမွာေနာ္။ေျပာလိုက္တာ အခြင့္ေရးေတြ အခြင့္အေရးေတြေျပာတယ္ ယူမယ့္သူမရွိရင္ အဲ့ဒီအခြင့္အေရးကမရဘူး။အခြင့္အေရးယူရေအာင္ ၿပီးမွ သူ႔ေပၚမွာ အေျခခံၿပီး သူ႔အားနဲ႔ ႀကီးတဲ့သူရဲ႕အားနဲ႔ တုန႔္ျပန္လို႔ရပါတယ္။အခု သမၼတႀကီး ရွီက်င့္ဖိန္ လာတဲ့အခါမွာ CMEC ကိစၥကို ေဆြးေႏြးလိမ့္မယ္လို႔ ေအာက္ေမ့ပါတယ္။

BRI ရဲ႕ ေဘာင္အတြင္းမွာ CMEC စႀကႍႀကီးကရွိေနေတာ့ ဒါကိုလည္း စဥ္းစားေစခ်င္ပါတယ္။ကြၽန္ေတာ္တို႔မွာ စိန္ေခၚမႈေတြရွိတယ္။ကိုယ့္ႏိုင္ငံရဲ႕ စိန္ေခၚမႈေနာ္ တ႐ုတ္နဲ႔မဆိုင္ဘူး။ေျမျပႆနာအမ်ားႀကီးဘဲ။ CMEC မွာ အၿမဲတမ္းရင္ဆိုင္ေနရတာ ေျမျပႆနာ။အရင္းအႏွီးရွိတယ္။ကြၽန္ေတာ္တို႔မွာ ပတ္ဝန္းက်င္ ထိန္းသိမ္းကာကြယ္တာရွိတယ္။
တ႐ုတ္သမၼတႀကီး လာတဲ့အခါမွာ စီးပြားေရးတင္မကပါဘူး ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္လို႔ အကူအညီေတြရလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ႏိုင္ငံရဲ႕အမ်ိဳးသားလုံၿခဳံေရးကလည္း အေရးႀကီးပါတယ္။ၿပီးေတာ့ ေက်ာက္ျဖဴတို႔ ကားလမ္းတို႔ ကြၽန္ေတာ္သတိေပးခ်င္တာက ဒီမွာရွိတဲ့သူေတြ ကားလမ္းကို ကားလမ္းလို႔မျမင္ပါနဲ႔။

ကားလမ္းျဖစ္လိုက္တာနဲ႔ စားေသာက္ဆိုင္ေတြေပၚလာမယ္။ကားလမ္းနံေဘးမွာ ဆိုင္ခန္းေတြရွိလာမယ္။အလုပ္အကိုင္ အခြင့္အလမ္းေတြ ေပၚလာမယ္။အဲ့နားမွာရွိတဲ့ ႐ြာကကေလးေတြ အလုပ္ေတြရမယ္ဆိုတာ မ်က္စိထဲျမင္ႏိုင္ေအာင္ ကြၽန္ေတာ္တို႔ ႀကိဳးစားေပးရမယ္။မဟုတ္ရင္ ကားလမ္းသက္သက္ႀကီး၊ ရထားလမ္းသက္သက္ႀကီး ျမင္ရင္ေတာ့ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ၃၀ ရာခိုင္ႏႈန္းက လူငယ္ေတြလို႔ေျပာတယ္။၃၀ ရာခိုင္ႏႈန္း အလုပ္ရဖို႔က အခြင့္အေရးျဖစ္တယ္။ဒါေၾကာင့္မို႔ ကြၽန္ေတာ္တို႔စဥ္းစားတဲ့အခါမွာ ေက်ာက္ျဖဴႀကီးသက္သက္ မဟုတ္ဘဲ အတြင္းထဲမွာရွိတဲ့ မူဆယ္-မႏၲေလး၊ မႏၲေလး-ေနျပည္ေတာ္၊ ေနျပည္ေတာ္-ေက်ာက္ျဖဴ အျပင္ကို မေကြးလိုဟာမ်ိဳး၊ ခ်င္းလိုဟာမ်ိဳးမွာ အခြင့္အေရးေတြရေအာင္ လုပ္ဖို႔လိုပါတယ္။ BRI ကို စဥ္းစားရင္ လူသားအရင္းအျမစ္ကို BRI ကေန အက်ိဳးရွိေအာင္ ဘယ္လိုလုပ္မလဲ။အဲလိုလုပ္တဲ့အခါမွာလည္း အားလုံးပါဝင္မွရမယ္။

ကြၽန္ေတာ္တို႔ႏိုင္ငံမွာ အားနည္းတာဘာလဲဆိုရင္ အားလုံးပါဝင္မႈမရွိဘူး။ကိုယ့္နဲ႔ပတ္သက္ရင္ အဆင္ေျပတယ္။ကိုယ့္နဲ႔မပတ္သက္ရင္ အဆင္မေျပဘူးဆိုတဲ့ စီးပြားေရးအေဆာက္အအုံႀကီးဟာ ေရရွည္မခံႏိုင္ပါဘူး။ကြၽန္ေတာ္ ပန္ၾကားခ်င္တာက အားလုံးပါဝင္ဖို႔လိုတယ္။ကြၽန္ေတာ္တို႔မွာ Emotional သိပ္မ်ားတယ္။ေျပာလိုက္တာနဲ႔ ရင္တြင္းခံစားခ်က္ေတြ ေရွ႕တန္းတင္လိုက္ေတာ့ လုပ္ရတဲ့လူႀကီးေတြ သိပ္ခက္ပါတယ္။လိုခ်င္တာက Open mindset ။ mindset ေတြ ပြင့္ေနမွရမယ္။ဘာမွေတာင္မေျပာရေသးဘူး ဆုံးျဖတ္ၿပီးသား။လက္မခံဘူးဆိုတာ ဆုံးျဖတ္ရင္ ဘာမွလုပ္လို႔မရဘူး။ဒီမွာရွိတဲ့သူေတြကို ကြၽန္ေတာ္ပန္ၾကားခ်င္တာက Open Mildset ျဖစ္ေအာင္ ေဆာင္႐ြက္ေပးၾကပါ။ BRI နဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ အစိုးရက ၂၀၁၈ ကေန ၂၀၃၀ အထိ စဥ္ဆက္မျပတ္ ရည္မွန္းခ်က္ ၁၇ ခု ရွိပါတယ္။ႏိုင္ငံေတာ္အစိုးရကလည္း လက္ခံထားတယ္။အဲ့ဒီမွာ ဘ႑ာေရးရည္မွန္းခ်က္၊ စီးပြားေရးရည္မွန္းခ်က္၊ လူမႈေရးရည္မွန္းခ်က္ ၃ ခုရွိတဲ့အတြက္ ဒါေတြကအားလုံးက ကြၽန္ေတာ္တို႔လိုခ်င္တဲ့ ျပည္သူေတြလိုခ်င္တဲ့ စဥ္ဆက္မျပတ္ဖြံ႕ၿဖိဳးမႈကို ရႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

လာခ်င္တာလာ ဝင္လာရင္ေတာ္ၿပီဆိုတဲ့ အေျခအေနမဟုတ္ေတာ့ဘူး။ကြၽန္ေတာ္တို႔ေ႐ြးႏိုင္တယ္။လက္မခံဘူးဆိုရင္ လက္မခံဘူး။လူ႔အခြင့္အေရးကို ေစာ္ကားတာမ်ိဳး လုံးဝလက္မခံပါဘူး။သူတို႔ဆီကဘဲ ေခ်းတာမဟုတ္ဘဲနဲ႔ တစ္ေယာက္တည္းကေခ်းရင္ အႏၲရာယ္ရွိပါတယ္။အမ်ားဆီကေခ်းရင္ အႏၲရာယ္သိပ္မရွိပါဘူး။ဇာစ္ျမစ္ေတြရွာဖို႔လိုပါတယ္။
ခုေခတ္မွာလည္း ႏိုင္ငံတကာကုမၸဏီေတြအားလုံးက MIC က လာတာတစ္မ်ိဳး၊ ကိုယ္ပိုင္ပုံစံက လာတာေတြလည္း အမ်ားႀကီးရွိေတာ့ အခြင့္အေရးရယူ။

ဒါေၾကာင့္မို႔လို႔ စီးပြားေရးလုပ္ငန္းရွင္ေတြအားလုံး မီဒီယာေတြလည္းပါေတာ့ ဒီဟာေတြအားလုံးကို ကြၽန္ေတာ္တို႔ႏိုင္ငံက ျဖစ္မွလုပ္တယ္။မျဖစ္ရင္ဘာမွမလုပ္ဘူး။ႀကိဳၿပီးလုပ္မယ္သေဘာ လုံးဝကိုမရွိတာ။ျဖစ္မွ ျပႆနာရွင္းတာမ်ိဳးထက္ကို ႀကိဳလုပ္ရင္မရဘူးလား။အခြင့္အေရးကို ရွာဖို႔လိုပါတယ္။ BRI ကို အခု မီဒီယာသမားေတြသာသိတယ္။
လူတိုင္းမသိပါဘူး။လုပ္တဲ့အခါမွာ တ႐ုတ္ကုမၸဏီေတြနဲ႔ ညႇိဖို႔လိုတယ္။အဲ့လိုပုံစံမ်ိဳးျဖစ္ေအာင္ လုပ္ဖို႔လိုပါတယ္။ BRI ဆိုတာ ဘာလဲဆိုရင္ ဆက္ႏြယ္မႈပါပဲ။႐ုပ္ပိုင္းဆိုင္ရာ ဆက္ႏြယ္မႈရွိမယ္။ Digital ပိုင္းဆိုင္ရာ ဆက္ႏြယ္မႈရွိမယ္။ဆက္ႏြယ္မႈေတြ အမ်ားႀကီးရွိတဲ့ၾကားထဲမွာမွ ဆက္ႏြယ္မႈဟာ တိုးတက္ႀကီးပြားမႈနဲ႔ ညီမွ်တယ္ဆိုတာပါပဲ။

ဆက္ႏြယ္မႈရွိရင္ ေအာင္ျမင္မႈရွိမယ္။ခ်ိတ္ဆက္မႈမ်ားရင္ စီးပြားေရးေအာင္ျမင္တာဘဲ။ဘာေၾကာင့္ေအာင္ျမင္လဲေမးရင္ အေပါင္းအသင္းမ်ားလို႔။လမ္းေတြ တံတားေတြကသက္သက္ ကူးလူးဆက္ဆံမႈက အေရးႀကီးပါတယ္။အဲ့လိုလုပ္တဲ့အခါမွာ အားလုံးပါဝင္ဖို႔လိုပါတယ္။အရင္တုန္းက ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ပတ္သက္ရာ ပတ္သက္ေၾကာင္းဘဲ အဆင္ေျပၿပီးေတာ့ မပတ္သက္ရင္ ဘာမွအခြင့္အေရးမရတာ မျဖစ္သင့္ေတာ့ဘူး။စဥ္ဆက္မျပတ္ျဖစ္ဖို႔ အေရးႀကီးပါတယ္။လူငယ္ေတြကို ကိုယ္စားျပဳေျပာရမယ္ဆိုရင္ေတာ့ ကေလးေတြအတြက္ အလုပ္အကိုင္အခြင့္အလမ္းေတြ ဖန္တီးဖို႔လိုပါတယ္။

နံပါတ္ (၄) က မီဒီယာကို အားကိုးတာ။ ျပည္သူေတြရွိတယ္။လုပ္ငန္းရွင္ေတြရွိတယ္။ဒါေတြအားလုံးနဲ႔ ေဆြးေႏြးညႇိႏႈိင္းမွရတယ္လို႔ ကြၽန္ေတာ္ေျပာပါတယ္။

ေနာက္ဆုံးမွာခ်င္တာက ကြၽန္ေတာ္တို႔အခြင့္အေရးလို႔ေျပာတယ္။အခြင့္အေရးကမျဖစ္လာဘူး။ကိုယ္ကဖန္တီးရမွာ။အလိုလိုေပၚတဲ့အခြင့္အေရး ေလာကမွာမရွိဘူး။ကိုယ္မဖန္တီးရင္ ဘာအခြင့္အေရးမွမရဘူး။အဲ့ဒီေတာ့ BRI နဲ႔ ပတ္သက္လို႔ အခြင့္အေရးကိုေျပာပါလို႔ေျပာရင္ ကြၽန္ေတာ္မွာခ်င္တာကေတာ့ ကြၽန္ေတာ္တို႔ဖန္တီးမွရမွာပါ။ကြၽန္ေတာ္တို႔ ဖန္တီးရင္ေတာ့ သူတို႔ရဲ႕လိုအပ္ခ်က္နဲ႔ ကြၽန္ေတာ္တို႔ရဲ႕ေမွ်ာ္လင့္ခ်က္နဲ႔ ေပါင္းစပ္လို႔ရမယ္။

ေဒါက္တာေအာင္ထြန္းသက္
ဇန္န၀ါရီ - ၂၃