【 ပညာရှင်များ၏အမြင် 】 “ကိုယ့်အချင်းချင်းဖြစ်နေတဲ့ ပြဿနာက အဲ့ဒါနဲ့ယှဉ်လိုက်ရင် ဘာမှမဟုတ်ဘူး”

【 ပညာရှင်များ၏အမြင် 】 “ကိုယ့်အချင်းချင်းဖြစ်နေတဲ့ ပြဿနာက အဲ့ဒါနဲ့ယှဉ်လိုက်ရင် ဘာမှမဟုတ်ဘူး”

ယခုလာမည့် ဒီဇင်ဘာလထဲတွင် ကုလသမဂ္ဂတရားရုံး ICJ တွင် ဂမ်ဘီယာနိုင်ငံမှ OIC ကိုယ်စား တရားစွဲဆိုသည့ကို မြန်မာဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ကိုယ်စားပြုကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ရင်ဆိုင်ဖြေရှင်းရန် သွားရောက်မှာဖြစ်ပါတယ်။ပြင်ပမှ အုံနှင့်ကျင်းနှင့် ဝင်လာနိုင်သည့်အန္တရာယ် ပေါ်ပေါက်လာနိုင်သည့် အခြေအနေကြောင့် နိုင်ငံ့ထိပ်တန်းခေါင်းဆောင်က သွားရောက်ရှင်းလင်းသည့်အပေါ် ဖြစ်လာနိုင်သည့် ပြည်တွင်း ပြည်ပ အခြေအနေ၊ ကောင်းကျိုးဆိုးကျိုး၊ အဆိုးထဲမှရနိုင်သည့် အခွင့်အရေးနှင့် လတ်တလော ပြည်တွင်းအခြေအနေအပေါ် ဝါရင့်စီးပွားရေးပညာရှင်နှင့် နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ် ဆရာ ဒေါက်တာအောင်ထွန်းသက်အား အထူးအစီအစဉ်တစ်ရပ်အနေဖြင့် မေးမြန်းခဲ့ပါတယ်။လတ်တလော မြန်မာ့စီးပွားရေးဆိုင်ရာ အကြောင်းကိစ္စများအပေါ် ဆရာ ဒေါက်တာအောင်ထွန်းသက်၏ ရှုမြင်သုံးသပ်ချက် အပြည့်အစုံကို ယခုတစ်ပတ် အထူးအစီအစဉ်အဖြစ် ဖော်ပြလိုက်ပါတယ်။

(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion leaders ။     ။ မကြာခင်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ICJ ကိစ္စနဲ့ နယ်သာလန်သွားမယ်ဆိုတော့ လက်ရှိဖြစ်နေတဲ့ အနေအထားအရ အဲ့ဒီလိုသွားပြီး ရှင်းတာနဲ့ မရှင်းတာနဲ့က ဘယ်ဟာကပိုပြီးတော့ ထိရောက်သလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ သူ့ရဲ့အရှိန်ပေါ့။သူ့ရဲ့သြဇာကို ဆရာ ဒီနေရာမှာ အရေးကြီးတာကနော် တိုင်းပြည်အတွက် အရေးကြီးတာက ICJ က ကိုယ့်ကို တရားစွဲဆိုခံရတာပေါ့။အဲ့ဒီတော့ ကိုယ်ကိုယ်တိုင် နိုင်ငံ့ခေါင်းဆောင်အနေနဲ့ သွားတာသင့်တယ်လို့တော့ ဆရာယူဆတယ်။အဲဒီတော့ သူ့အနေနဲ့ ဆရာထင်တယ် သွားတဲ့သူ ဆုံးဖြတ်ဖို့ရာလည်း ပေါ့ပေါ့တန်တန်ဆုံးဖြတ်တာမှ မဟုတ်တာ။ကိုယ့်ထက်ပိုပြီးတော့တောင် အရာရာတွေ ကိုယ်မသိတဲ့ တခြားအချက်အလက်တွေ အများကြီးရှိမယ်လေ၊ အဲ့ဒီတော့ လူတွေကပြောနေကြတယ်၊ မှတ်ချက်ပေးနေတဲ့အခါမှာ ပြောတဲ့မှတ်ချက်ပေးတာ ကာယကံရှင်လောက် အချက်အလက်တွေ သိကြမှာမဟုတ်ဘူးလေ။မဟုတ်ဘူးလား။ဆရာတို့က ဘေးကနေ ဟိုပြောဒီပြော ပြောနေတာတွေပဲရှိတယ်။အဲ့ဒီတော့ strength ပေါ့လေ၊ ဒီလိုအဆုံးအဖြတ်ပေးတဲ့သူသည် အချက်အလက်တွေအားလုံးကို ပြည့်ပြည့်စုံစုံ စဉ်းစားတတ်တဲ့သူ။ဆုံးဖြတ်တတ်တဲ့သူ၊ တွေးခေါ်တတ်တဲ့သူ၊ ချိန်ဆတတ်တဲ့သူလို့ ယူဆရင်တော့ သွားသင့်တဲ့ကိစ္စပဲ၊ ဒါ သူဆုံးဖြတ်ထားတာကိုး၊ မဟုတ်ဘူးလား။အဲ့ဒါကို ဟိုပြောဒီပြော ပြောတာမျိုးကတော့ ရှိကြတာပဲ၊ မဟုတ်ဘူးလား၊ ပြောတဲ့သူတွေကလည်း အချက်အလက်တွေ ပြည့်ပြည့်စုံစုံ သူ့လောက်တော့ သိမှာမဟုတ်ဘူးလေ၊ အဲ့ဒီတော့ ချိန်တဲ့အခါမှာ မှတ်ချက်ပေးတဲ့သူတွေ လွှမ်းခြုံကြည့်နိုင်တဲ့ အင်အားရှိရဲ့လားပေါ့နော်။

အဲ့ဒီတော့ ကိုယ့်ဆန္ဒနဲ့ ပြောကြတာတွေများတာပေါ့၊ အဲ့ဒီတော့ သွားတဲ့အခါမှာ ဆရာထင်ပါတယ်၊ သွား၏ မသွား၏ စဉ်းစားတဲ့အခါမှာ သွားတဲ့အကျိုးနဲ့ သွားတဲ့အပြစ် ချိန်မှာပဲ။ဒီလိုသွားတဲ့အခါမှာ အားလုံးကောင်းတာရှိသလို အန္တရာယ်လည်းရှိနိုင်တယ်လေ။အဲ့ဒီတော့ ဒီအန္တရာယ်တွေရှိနိုင်တယ်၊ ဒီအန္တရာယ်တွေချိန်ပြီးတော့မှ ဆုံးဖြတ်ပေးရမယ်။အဲ့ဒီတော့ ဆရာထင်တာတော့ ဒီကိစ္စသည် အင်မတန်လေးလေးနက်နက် အာရုံထားပြီးမှ ဆုံးဖြတ်ရတဲ့ကိစ္စတစ်ခုဖြစ်တာကိုး၊ သူဆုံးဖြတ်ပေးတယ်ဆိုတာကို ဆရာတို့က ထောက်ခံရမှာပဲ၊ အဲ့ဒီလိုပဲစဉ်းစားပါတယ်။

Opinion leaders ။     ။ ဒီပြဿနာနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာမှာ မြန်မာဘက်က တရားဝင် နိုင်ငံတော်အဆင့်တစ်ယောက်က ဒီလိုမျိုး တိုက်ရိုက်ထွက်ရှင်းတာ ရှိခဲလှတယ်။သိပ်မရှိခဲ့ဖူးဘူး၊ အခုတစ်ခေါက်မှာ ထွက်ရှင်းတဲ့အတွက်ကို မြန်မာနိုင်ငံအတွက် ကောင်းတဲ့အလားအလာ ဘာတွေဖြစ်လာနိုင်မလဲ၊ နောက်တစ်ခုက တာဝန်ရှိတဲ့သူတွေ ကိုယ်တိုင်ကိုက ဒါမျိုး နိုင်ငံတကာမှာ တရားဝင်ရှင်းတဲ့အတွက်၊ ရှင်းခွင့်ရတဲ့အတွက် ဘယ်လိုအခွင့်အလမ်းတွေ ပေါ်ထွက်လာနိုင်မလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ဒီကိစ္စကတော့ ကိုယ့်နိုင်ငံရဲ့ ရပ်တည်ချက်ကို ပြည်သူတွေကို ကိုယ့်ပြည်တွင်းကသူတွေတော့ သိပြီးသား။ဟုတ်တယ်မဟုတ်လား၊ နိုင်ငံတကာ မသိတဲ့ပြဿနာ မဟုတ်ဘူးလား။အခုဖြစ်တာ တရားစွဲတဲ့ကိစ္စကလည်း သူတို့ရဲ့အချက်အလက်တွေ၊ သူတို့ရဲ့အထောက်အထားတွေကို အခြေခံပြီးတော့ တရားစွဲတာကိုး၊ ဟုတ်တယ်မဟုတ်လား၊ တရားစွဲတဲ့အခါကျတော့ ကိုယ့်မှာ ဒီလိုသွားပြီးတော့မှ ဖြေရှင်းခွင့်ရတာဟာ ဆရာတော့ ဒါကောင်းတယ်လို့ယူဆတယ်။ပြောတတ်ဖို့၊ နောက်ပြီးတော့ နားလည်အောင် လိပ်ပတ်လည်အောင် ပြောတတ်တာ သူကတော့ ပြောတတ်မှာပေါ့လေ။သူကိုယ်တိုင် ရှင်းပြတတ်ရင်တော့ ဒါအကောင်းဆုံးပေါ့။
ဒါပေမဲ့ ဥပဒေပိုင်းဆိုင်ရာဖြစ်တဲ့အတွက် သတင်းစာထဲမှာ ကြေညာထားတဲ့အတွက် ဟိုကြေညာထားသလိုပေါ့နော် ဥပဒေကျွမ်းကျင်တဲ့သူတွေလည်း ရှိနေတာပဲလေ၊ အကြံပေးတွေလည်းရှိနေတော့ ဒါတွေအားလုံးဟာ အကျိုးရှိမယ်လို့ အောက်မေ့တာပါပဲ။

Opinion leaders ။     ။ နောက်တစ်ခုက စီးပွားရေးအတွက်ကို အစိုးရက တွန်းအားလည်းလုပ်နေတယ်၊ နိုင်ငံတကာနဲ့ ပြည်တွင်းမှာဆိုရင်လည်း ဒီလိုမျိုးမျှော်လင့်ချက်တွေ ရှိတဲ့အချိန်မှာ ဒီလိုမျိုးထွက်ရှင်းလိုက်တဲ့အတွက်ကို မြန်မာပြည် စီးပွားရေးဈေးကွက်မှာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေက ယုံကြည်မှုတွေ တိုးလာနိုင်သလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အခုလို ရဲရဲဝံ့ဝံ့ တာဝန်သိသိနဲ့ တာဝန်ခံလိုက်တာကတော့ ကောင်းတဲ့အလားအလာပဲ။အဲ့ဒါကို ဆရာတို့အမြဲတမ်းဆွေးနွေးခဲ့ဖူးတယ်၊ နိုင်ငံရေးနဲ့ စီးပွားရေးက ချိတ်နေတာကိုး၊ အဲ့ဒီတော့ နိုင်ငံရေး၊ စီးပွားရေး ချိတ်နေတော့ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်တဲ့ ဖြေရှင်းဖို့အဆင်သင့်ရှိလို့ရှိရင် စီးပွားရေးအတွက်လည်း အလားအလာကောင်းတယ်လေ။လိပ်ခဲတည်းလည်း ဖြေရှင်းခွင့်မရဘဲနဲ့ ဒီအတိုင်းပဲ လုပ်သမျှအားလုံးကို ခေါင်းငြိမ့်ခံနေရရင်တော့ ဆိုးတယ်လေ။အဲ့ဒီတော့ ကိုယ့်ဘက်ကဖြစ်တဲ့ အနေအထားကို တင်ပြနိုင်တဲ့ အခွင့်အရေးက ဆရာထင်တယ် ကိုယ့်ရဲ့အခွင့်အရေးပဲလေ။ဘာလို့လဲဆိုတော့ ဒီလိုရင်ဆိုင်တဲ့အခါမှာ အခွင့်အရေးကတော့ရှိတာပဲ၊။အဲ့ဒါကို ဆရာတို့စဉ်းစားဖို့လိုလိမ့်မယ်လို့ အောက်မေ့တာပဲ။

Opinion leaders ။     ။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာမှာ မြန်မာနဲ့ပတ်သက်တဲ့ ပြဿနာတိုင်းမှာ တရုတ်တို့ ရုရှားတို့က မြန်မာဘက်ကနေ လိုက်ပြီးတော့ ရပ်တည်ပေးတာရှိတယ်။ဒီတစ်ခေါက်မှာကျတော့ အစိုးရအနေနဲ့ ကိုယ်တိုင်ထွက်ပြီး ရှင်းတဲ့အတွက် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်တဲ့အနေအထားမျိုးရှိလား၊ နောက်နောင်မှာ ပြဿနာတွေအများစုကို ဒီလိုမျိုးအရိပ်အောက်ကနေ စပြီးရုန်းထွက်တဲ့ လက္ခဏာတွေရှိလာပြီလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ICJ နဲ့ ခုနလိုပြောတဲ့ အတွင်းရေး၊ ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ မတူဘူး၊ ကုလသမဂ္ဂ အထွေထွေညီလာခံမှာတော့ ဗီတိုအာဏာရှိတဲ့ အမြဲတမ်းငါးနိုင်ငံ အင်္ဂလန်၊ အမေရိကန်၊ ပြင်သစ်၊ တရုတ်နဲ့ ရုရုားပေါ့။သူတို့ရဲ့အားကတော့ အရေးကြီးတယ်ကွဲ့၊ ဒါပေမဲ့ ICJ မှာကျတော့ ပုံစံကတစ်မျိုးလေ၊ ပုံစံတစ်မျိုးဖြစ်နေတဲ့အခါကျတော့ ကိုယ့်ဟာနဲ့ကိုယ် ရပ်တည်တဲ့ပုံစံမျိုးလည်း ဆရာတို့သုံးသပ်လို့ရတာပေါ့၊ ဟိုမှာကျတော့ ICJ မှာကျတော့ တရုတ်တို့၊ ရုရှားတို့ရဲ့ ဗီတိုတွေဘာတွေ မရှိဘူးလေ၊ အဲ့ဒီတော့ ပုံစံကတစ်မျိုးပေါ့၊ ဘာပဲဖြစ်ဖြစ် ဒီ ICJ မှာပါတဲ့ အဖွဲ့ဝင်နိုင်ငံတွေက ဆုံးဖြတ်ရမှာပဲလေ၊ ဟုတ်တယ်မဟုတ်လား၊ အဲ့ဒီအခါကျတော့ ကိုယ့်ဘက်ကနေ ကိုယ့်ရဲ့အထောက်အထားတွေ၊ အချက်အလက်တွေ၊ အတွေ့အကြုံတွေကို တင်ပြနိုင်တယ်၊ ပြည်သူတွေကို နိုင်ငံတကာကိုပေါ့နော်။ပြည့်ပြည့်စုံစုံ စုံစုံလင်လင် တင်ပြနိုင်တဲ့ အခွင့်အရေးက ဒါယူသင့်တဲ့အခွင့်အရေးပဲ..အဲ့လိုပဲစဉ်းစားမိတယ်။

Opinion leaders ။     ။ တပ်မတော်နဲ့ လက်ရှိအစိုးရကြားထဲ မှာ အများပြည်သူမှာ ကွဲပြားနေသလိုမြင်တဲ့ အမြင်ရှိတယ်၊ ဒီပြဿနာကြောင့် တပ်မတော်နဲ့ လက်ရှိအစိုးရကြား တစ်စိတ်တစ်ဝမ်းတည်း စပြီးတော့ ညီညွတ်မှုက စဖြစ်လာနိုင်သလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အဲ့ဒါတော့ ကိုယ့်ရဲ့ တစ်ဦးချင်းမျှော်လင့်ချက်ပေါ့နော်၊ ဒီပြဿနာက တကယ်တမ်းတော့ ဒီနိုင်ငံမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လူတွေပြောနေတဲ့ သုံးသပ်နေတဲ့ တပ်မတော်ကသပ်သပ်၊ အစိုးရကသပ်သပ်လို ဖြစ်နေတဲ့အခါကျတော့ အခုတော့ တပ်မတော်ရယ် အစိုးရရယ် မဟုတ်တော့ဘူး။နိုင်ငံကိုပြောနေတာ ဟုတ်တယ်မဟုတ်လား။အဲ့ဒီအခါကျတော့ ဆရာတို့ ဝိုင်းဝန်းတိုင်ပင်ပြီးတော့ ညှိနှိုင်းပြီးတော့ နားလည်မှုယူပြီးတော့ ဆုံးဖြတ်ရင် ဒါအကောင်းဆုံးအခြေအနေပေါ့။တင်ပြချက်တွေမှာလည်းပဲ တပ်မတော်ဘက်က အထောက်အကူပစ္စည်းတွေ အချက်အလက်တွေ အထောက်အထားတွေနဲ့ အစိုးရဘက်ကရှိတာတွေနဲ့ ပေါင်းစပ်လိုက်ရင်တော့ ဆရာထင်တယ် ပြည့်ပြည့်စုံစုံရလိမ့်မယ်ထင်တယ်။အဲ့ဒီတော့ ဒီလိုရှိသင့်တာပေါ့လေ၊ ဒါကတော့ ဟိုတစ်နေ့က သတင်းစာထဲမှာပါသလို လူကြီးတွေအားလုံး ခေါင်းချင်းဆိုင်ပြီးဆွေးနွေးတဲ့ အနေအထားရှိနေတာတွေ့ရတော့ အဆိုးထဲက အကောင်းကြည့်ရင်တော့ ကောင်းတယ်လို့ မြင်လို့ရတာပေါ့။

Opinion leaders ။     ။ အခု ဒီလက်ရှိဖြစ်နေတဲ့ အခင်းအကျင်းတွေက NCA လက်မှတ်ထိုးဖို့ အဖွဲ့ တွေ ဖိတ်ခေါ်တာတွေရယ်၊ လက်ရှိထိုးပြီးသား အဖွဲ့တွေက နောက်တစ်ဆင့်တက်ဖို့ရယ်၊ နောက်တစ်ချက်က၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံ ရလာဒ်တွေကို အကောင်အထည်ဖော်ဖို့ ဆိုတဲ့ဟာတွေမှာ ပိုပြီးတော့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်လာနိုင်သလား၊ ဒါမှမဟုတ် အခက်အခဲဖြစ်လာနိုင်သလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အဲဒါလည်းပေါ့ အရေးကြီးသွေးနီးတယ် ဆိုတာမျိုးပေါ့။ဆရာတို့ ဒီ NCA ကိုယ့်ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆရာတို့ ဆွေးနွေးနေတယ်၊ ဒါဆွေးနွေးတာက ကိုယ့်အထဲကဖြစ်နေတာ။ဒါက တိုင်းပြည်တစ်ခုလုံးနဲ့ဆိုင်တဲ့ အားလုံးနဲ့ဆိုင်တဲ့ ပြင်ပအန္တရာယ်ပေါ့နော်။ဒီပြင်ပအန္တရာယ်ကို ရင်ဆိုင်တဲ့အခါမှာ နိုင်ငံတော်အစိုးရအနေနဲ့ တာဝန်ယူတယ်၊ တပ်မတော်ကလည်းပါတယ်၊ နောက်တစ်ခါ အခုလိုအငြင်းပွားနေတယ်၊ ပဋိပက္ခဖြစ်နေတဲ့သူတွေပါရင်တော့ အကောင်းဆုံးပေါ့၊ ဒါကြီးကလည်း အခွင့်အရေးတစ်ရပ်လို ကိုယ်ကတော့ အဲ့လိုပဲ အကောင်းအမြဲတမ်းမြင်တဲ့ လူတစ်ယောက်၊ ဒီအခွင့်အရေးကြီးကို ယူကြရအောင် ဟုတ်တယ်မဟုတ်လား။
ဘာပဲဖြစ်ဖြစ် ခုနပြောသလိုနော် အပြင်နဲ့ပတ်သက်လာရင် ကိုယ့်အချင်းချင်း စည်းရုံးဖို့လိုတယ်။နားလည်မှုလိုတယ်၊ အပေးအယူရှိဖို့လိုလာတယ်၊ ကျန်တာတွေ အချက်ကိုအရေးကြီးတယ်။

ဒါက တကယ့်ကိုအရေးကြီးနေတဲ့ အခြေအနေတစ်ခုမှာ ကိုယ့်အချင်းချင်းဖြစ်နေတဲ့ ပြဿနာက အဲ့ဒါနဲ့ယှဉ်လိုက်ရင် ဘာမှမဟုတ်ဘူးလေ၊ ကိုယ့်စိတ်ထဲမှာ အရင်တုန်းက အရေးကြီးတယ်လို့ထင်နေတဲ့ ပြဿနာဟာ တကယ်တမ်း အပြင်နဲ့ရင်ဆိုင်ရတဲ့အခါမှာ အဲ့ဒီတော့ ပြင်ပမှာရှိနေတဲ့ စိန်ခေါ်မှုကို အခုလိုမျိုး ပူးပေါင်းဆောင်ရွက်ပြီး ရင်ဆိုင်နိုင်တဲ့ အခွင့်အရေးတစ်ရပ်လို့ ဆရာတို့မြင်စေချင်တယ်၊ ကိုယ်ကတော့ ဟုတ်တယ်မဟုတ်လား၊ ဒီနေရာမှာလည်း တစ်ချို့တွေ ဂျာနယ်တွေထဲမှာ တွေ့ရတာတော့ NCA ထိုးထားတဲ့သူတွေကလည်း ဒါကို နိုင်ငံတော်ဘက်က ပါမယ်ဘာညာပေါ့၊ အဲ့ဒီလိုကြားရတော့လည်း ဝမ်းသာတယ်ပေါ့။ဒီလိုပဲဖြစ်သင့်တာပေါ့၊ ဒီလိုပဲဖြစ်သင့်တယ်လို့ ဆရာတော့ ယူဆရပါတယ်။

Opinion leaders ။     ။ မကြာခင်က တအာင်းအဖွဲ့ကနေ တရုတ်ကထုတ်တဲ့ လက်နက်တွေမိတယ်ဆိုတာကို တပ်မတော်ဘက်ကနေ ပထမဦးဆုံးအကြိမ် ပွင့်ပွင့်လင်းလင်း စထုတ်ပြန်တယ်။နောက်တစ်ချက်က ရခိုင်မှာ ဆိုလို့ရှိရင် လက်နက်အများစုက တရုတ်ဘက်ကဝင်တဲ့ လက်နက်တွေ ဖြစ်နေတဲ့အခါကျတော့ ဒီလိုမျိုး သတင်းမီဒီယာတွေကိုခေါ်ပြီး ရှင်းချလိုက်တဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပူးပေါင်းနေတာတွေ အရှိန်တန့်သွားနိုင်သလား၊ မြန်မာ့ငြိမ်းချမ်းရေးအတွက်ကို ဘယ်လိုမျိုးထိရောက်လာနိုင်မလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ဆရာတော့ အမြဲတမ်းတော့ အခြေအနေမှန်ကိုပြောတာ အကောင်းဆုံးပဲ၊ ရှိတာကို ရှိတဲ့အတိုင်းပေါ့။ဆရာတို့အားလုံးလည်း သိနေပေမယ့် အကြောင်းကြောင်းကြောင့်ပေါ့လေ၊ ရခိုင်ကိစ္စနဲ့လည်း ဆိုင်နေတာ။အရေးအကြောင်းရယ်ဆိုရင် ကိုယ့်ကိုအားကိုးရမယ့်သူတွေလည်းရှိနေတော့ အဲ့ဒီလိုဟာကိုလည်း ဆရာတို့က သိပ်ပြီးပွင့်ပွင့်လင်းလင်းပြောဖို့ကလည်း အခက်အခဲရှိတယ်လေ။ဒီနေရာမှာ ကိုယ်က လက်ရှိအခြေအနေက ဒါမပြောလို့မရတဲ့ အခြေအနေတစ်ရပ်လို ဖြစ်လာတဲ့အခါကျတော့ အဲ့ဒီလိုပြောလိုက်တဲ့အတွက် အနေအထားသိရဲ့သားနဲ့ လိပ်ခဲတည်းလည်း ဖြစ်မယ့်ကိစ္စကို ပေါ်ပေါ်တင်တင်ဖြစ်အောင် လုပ်လိုက်တာ၊ ဒါကကောင်းတာပဲ၊ ကိုယ့်စိတ်ထဲတော့ ဒါပေါ်ပေါ်လွင်လွင်ရှိတယ်၊ ကောင်းတယ်၊ အဲ့ဒီတော့ အဲ့ဒီအပေါ်မှာ မူတည်ပြီးတော့လည်း အဲ့ဒီလိုတစ်ဖက်ကပြောသလိုပဲ။

တရုတ်ပေမယ့်လည်း တရုတ်ကလည်း ဟိုတလောကတောင် ဆရာတို့ဆီကိုလာပြီး ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အကူအညီပေးတယ် ဘာညာလည်း ရှိခဲ့တာကိုး၊ အဲ့ဒီတော့ ကိုယ့်အနေနဲ့တော့ ဒီတရုတ်နဲ့လည်း အဆင်ပြေအောင်နေရမှာ။ပြီးတော့လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့လည်း အမြန်ဆုံး သူတို့မြောက်ဘက်အဖွဲ့တွေက တရုတ်ကိုမှီခိုနေရတဲ့ အဖွဲ့တွေလေ။ဒီအဖွဲ့ လေးဖွဲ့။အဲ့ဒီတော့ အဲ့ဒီအဖွဲ့လေးဖွဲ့နဲ့ ပတ်သက်လို့ အခုဖိအားပေးတာဆိုတာထက်ကို အမှန်တရားကို ဒီလူတွေ ပိုပြီးနားလည်မှုကို လုပ်တယ်လို့ပဲ ဆရာတို့စဉ်းစားရတာပေါ့လေ။ဖိအားပေးတယ်ဆိုရင်တော့ ပုံစံတစ်မျိုးဖြစ်သွားနိုင်တယ်လေ၊ ဖိအားပေးတယ်ဆိုတော့ ကိုယ့်ဘက်ကလည်းပဲ AA လည်း ဒီအတိုင်းပဲပေါ့၊ AA ရဲ့ လက်နက်တွေ ဘယ်ကရသလဲဆိုတာ လူတိုင်းသိနေတာလေ၊ ဟုတ်တယ်မဟုတ်လား၊ ဒါပေမဲ့ မပြောကြဘူးလေ။

အခုလို ပွင့်ပွင့်လင်းလင်း ထင်ထင်ရှားရှားဖြစ်တော့လည်း ဒါပေမဲ့ တစ်ခုတော့ရှိတယ် ဒီလက်နက်တွေက တရုတ်လက်နက်တွေဖြစ်ပေမယ့် တရုတ်ကပေးတယ်လို့ ယူဆလို့တော့မရဘူးပေါ့လေ၊ ဟုတ်တယ် မဟုတ်လား၊ အခုခေတ်မှာ ကမ္ဘာ့ဈေးကွက်ထဲမှာ လက်နက်ဈေးကွက်ကြီးကတော့ အကြီးအကျယ်ဆုံးပဲလေ မဟုတ်ဘူးလား၊ ဆရာတို့အနေနဲ့ တစ်ဖက်ကစဉ်းစားလို့ရတာက ဒီလိုတရုတ်လက်နက်ဖြစ်တဲ့အတွက် တရုတ်အစိုးရကပေးလို့ ဆိုတာမျိုးလို့ အယူအဆမျိုး တိုက်ရိုက်မရဘူးလေ၊ စဉ်းစားဖို့က တရုတ်နဲ့ကျတော့ဟုတ်တယ်၊ ခုနလို ဈေးကွက်တွေကလည်း ရှိနေတာကိုး၊ ဟုတ်တယ်မဟုတ်လား၊ လက်နက်ဈေးကွက်ကလည်း တစ်ကမ္ဘာလုံးမှာ ကြိုက်တဲ့လက်နက်ကို ကြိုက်တဲ့အချိန်မှာ ဝယ်လို့ရတဲ့အနေအထားရှိတော့ ငွေရှိရင်ရတယ်လေ။

အဲ့လိုဟာမျိုးတွေနဲ့ စဉ်းစားလိုက်ရင်ပေါ့ ဒါနည်းနည်းလေးပေါ့သွားတာပေါ့။မဟုတ်ဘဲနဲ့ ဒါကို ထောက်ပံ့တဲ့လူဆိုပြီးတော့ လက်ညှိုးထိုးတဲ့ ပုံစံတော့ ဟုတ်ဟန်မတူဘူး။ဆရာထင်တယ် အဲ့ဒီလိုဆုံးဖြတ်ပြီး ပြောတယ်လို့ပဲထင်တယ်။ဘာကြောင့်လဲဆိုတော့ လက်နက်ခဲယမ်းမီးကျောက်တွေက တစ်ကမ္ဘာလုံးမှာ ကုလသမဂ္ဂကလည်း ခဏခဏပြောနေတာလေ၊ တရုတ်တို့ ရုရှားတို့၊ ဒါပေမဲ့ အကြီးအကျယ်ပြောနေတာ အမေရိကန်လည်း ရောင်းနေတာပဲလေ မဟုတ်ဘူးလား၊ အဲ့ဒီတော့ တရားဝင်ရောင်းတာရှိတယ်၊ တရားမဝင်တဲ့နည်းနဲ့ ရောင်းနေတာလည်းရှိတော့ ဒါတွေက ဆရာတို့နိုင်ငံရဲ့ ပဋိပက္ခကိုအဓွန့်ရှည်စေတဲ့ ကိစ္စကတော့ လက်နက်ခဲယမ်းမီးကျောက်ကို လွတ်လွတ်လပ်လပ် ရောင်းဝယ်နိုင်တဲ့ ပြဿနာတစ်ခုဖြစ်တာကို ပြောတာပါ၊ ဟုတ်တယ်နော်။

Opinion leaders ။     ။ အကုန်လုံးခြုံငုံသုံးသပ်လိုက်ရင်တော့ လက်ရှိ အခင်းအကျင်းအရ ICJ က မြန်မာကို တရားစွဲတဲ့ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည် သွားရှင်းတာ အကောင်းဘက်ကလည်းများသလို တစ်ခါတလေတော့ ဆင်ခြင်ရမယ့်ကိစ္စတွေလည်း သတိထားရမယ့်ကိစ္စတွေလည်း ရှိတယ်ဆိုတဲ့ အနေအထားပေါ့။

ဒေါက်တာအောင်ထွန်းသက် ။     ။ ဒါပေမဲ့ ဆရာထင်တာကတော့ အစည်းအဝေးရှင်းတယ်။ကိုယ်တွေလည်း တောက်လျှောက် နိုင်ငံတော်အနေနဲ့လည်း ရှင်းနေပေမယ့် ပုံစံအမျိုးမျိုးနဲ့ မသိချင်ယောင်ဆောင်နေတဲ့ အခြေအနေတွေကရှိတာလေ။ဟုတ်တယ်မဟုတ်လား။အဲ့ဒီတော့ အခုလိုမသိချင်ယောင်ဆောင်လို့မရတော့ဘူး။ICJ မှာ တက်ရှင်းတော့ တစ်ကမ္ဘာလုံးက သိတယ်ဆိုတော့ ဒါကြီးကို အဆိုးထဲက အကောင်းလို့ ယူဆပြီးတော့ ဒီအခက်အခဲထဲကနေ ဆရာအမြဲတမ်းမြင်တာကတော့ပေါ့လေ စိန်ခေါ်မှုရှိမှ တိုးတက်မှုရှိမှာလေ။စိန်ခေါ်မှုရင်ဆိုင်နေရတဲ့အပေါ်မှာ မူတည်ပြီးတော့ ကိုယ့်နိုင်ငံရဲ့ အခြေအနေတစ်ခု ပုံရိပ်ကို ပြန်ပြီးဖော်နိုင်အောင် ဆရာထင်တယ် ကြိုးစားမှုကို အားထုတ်ဖို့ အားပေးရမှာပေါ့လေ။

Opinion leaders ။     ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။

ဒေါက်တာအောင်ထွန်းသက်
နို၀င်ဘာ - ၂၈

( Zawgyi )

ယခုလာမည့္ ဒီဇင္ဘာလထဲတြင္ ကုလသမဂၢတရား႐ုံး ICJ တြင္ ဂမ္ဘီယာႏိုင္ငံမွ OIC ကိုယ္စား တရားစြဲဆိုသည့ကို ျမန္မာဘက္မွ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးအျဖစ္ ကိုယ္စားျပဳကာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က ရင္ဆိုင္ေျဖရွင္းရန္ သြားေရာက္မွာျဖစ္ပါတယ္။ျပင္ပမွ အုံႏွင့္က်င္းႏွင့္ ဝင္လာႏိုင္သည့္အႏၲရာယ္ ေပၚေပါက္လာႏိုင္သည့္ အေျခအေနေၾကာင့္ ႏိုင္ငံ့ထိပ္တန္းေခါင္းေဆာင္က သြားေရာက္ရွင္းလင္းသည့္အေပၚ ျဖစ္လာႏိုင္သည့္ ျပည္တြင္း ျပည္ပ အေျခအေန၊ ေကာင္းက်ိဳးဆိုးက်ိဳး၊ အဆိုးထဲမွရႏိုင္သည့္ အခြင့္အေရးႏွင့္ လတ္တေလာ ျပည္တြင္းအေျခအေနအေပၚ ဝါရင့္စီးပြားေရးပညာရွင္ႏွင့္ ႏိုင္ငံေတာ္သမၼတ၏ စီးပြားေရးအႀကံေပးပုဂၢိဳလ္ ဆရာ ေဒါက္တာေအာင္ထြန္းသက္အား အထူးအစီအစဥ္တစ္ရပ္အေနျဖင့္ ေမးျမန္းခဲ့ပါတယ္။လတ္တေလာ ျမန္မာ့စီးပြားေရးဆိုင္ရာ အေၾကာင္းကိစၥမ်ားအေပၚ ဆရာ ေဒါက္တာေအာင္ထြန္းသက္၏ ရႈျမင္သုံးသပ္ခ်က္ အျပည့္အစုံကို ယခုတစ္ပတ္ အထူးအစီအစဥ္အျဖစ္ ေဖာ္ျပလိုက္ပါတယ္။

(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion leaders ။     ။ မၾကာခင္မွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က ICJ ကိစၥနဲ႔ နယ္သာလန္သြားမယ္ဆိုေတာ့ လက္ရွိျဖစ္ေနတဲ့ အေနအထားအရ အဲ့ဒီလိုသြားၿပီး ရွင္းတာနဲ႔ မရွင္းတာနဲ႔က ဘယ္ဟာကပိုၿပီးေတာ့ ထိေရာက္သလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ သူ႔ရဲ႕အရွိန္ေပါ့။သူ႔ရဲ႕ၾသဇာကို ဆရာ ဒီေနရာမွာ အေရးႀကီးတာကေနာ္ တိုင္းျပည္အတြက္ အေရးႀကီးတာက ICJ က ကိုယ့္ကို တရားစြဲဆိုခံရတာေပါ့။အဲ့ဒီေတာ့ ကိုယ္ကိုယ္တိုင္ ႏိုင္ငံ့ေခါင္းေဆာင္အေနနဲ႔ သြားတာသင့္တယ္လို႔ေတာ့ ဆရာယူဆတယ္။အဲဒီေတာ့ သူ႔အေနနဲ႔ ဆရာထင္တယ္ သြားတဲ့သူ ဆုံးျဖတ္ဖို႔ရာလည္း ေပါ့ေပါ့တန္တန္ဆုံးျဖတ္တာမွ မဟုတ္တာ။ကိုယ့္ထက္ပိုၿပီးေတာ့ေတာင္ အရာရာေတြ ကိုယ္မသိတဲ့ တျခားအခ်က္အလက္ေတြ အမ်ားႀကီးရွိမယ္ေလ၊ အဲ့ဒီေတာ့ လူေတြကေျပာေနၾကတယ္၊ မွတ္ခ်က္ေပးေနတဲ့အခါမွာ ေျပာတဲ့မွတ္ခ်က္ေပးတာ ကာယကံရွင္ေလာက္ အခ်က္အလက္ေတြ သိၾကမွာမဟုတ္ဘူးေလ။မဟုတ္ဘူးလား။ဆရာတို႔က ေဘးကေန ဟိုေျပာဒီေျပာ ေျပာေနတာေတြပဲရွိတယ္။အဲ့ဒီေတာ့ strength ေပါ့ေလ၊ ဒီလိုအဆုံးအျဖတ္ေပးတဲ့သူသည္ အခ်က္အလက္ေတြအားလုံးကို ျပည့္ျပည့္စုံစုံ စဥ္းစားတတ္တဲ့သူ။ဆုံးျဖတ္တတ္တဲ့သူ၊ ေတြးေခၚတတ္တဲ့သူ၊ ခ်ိန္ဆတတ္တဲ့သူလို႔ ယူဆရင္ေတာ့ သြားသင့္တဲ့ကိစၥပဲ၊ ဒါ သူဆုံးျဖတ္ထားတာကိုး၊ မဟုတ္ဘူးလား။အဲ့ဒါကို ဟိုေျပာဒီေျပာ ေျပာတာမ်ိဳးကေတာ့ ရွိၾကတာပဲ၊ မဟုတ္ဘူးလား၊ ေျပာတဲ့သူေတြကလည္း အခ်က္အလက္ေတြ ျပည့္ျပည့္စုံစုံ သူ႔ေလာက္ေတာ့ သိမွာမဟုတ္ဘူးေလ၊ အဲ့ဒီေတာ့ ခ်ိန္တဲ့အခါမွာ မွတ္ခ်က္ေပးတဲ့သူေတြ လႊမ္းၿခဳံၾကည့္ႏိုင္တဲ့ အင္အားရွိရဲ႕လားေပါ့ေနာ္။

အဲ့ဒီေတာ့ ကိုယ့္ဆႏၵနဲ႔ ေျပာၾကတာေတြမ်ားတာေပါ့၊ အဲ့ဒီေတာ့ သြားတဲ့အခါမွာ ဆရာထင္ပါတယ္၊ သြား၏ မသြား၏ စဥ္းစားတဲ့အခါမွာ သြားတဲ့အက်ိဳးနဲ႔ သြားတဲ့အျပစ္ ခ်ိန္မွာပဲ။ဒီလိုသြားတဲ့အခါမွာ အားလုံးေကာင္းတာရွိသလို အႏၲရာယ္လည္းရွိႏိုင္တယ္ေလ။အဲ့ဒီေတာ့ ဒီအႏၲရာယ္ေတြရွိႏိုင္တယ္၊ ဒီအႏၲရာယ္ေတြခ်ိန္ၿပီးေတာ့မွ ဆုံးျဖတ္ေပးရမယ္။အဲ့ဒီေတာ့ ဆရာထင္တာေတာ့ ဒီကိစၥသည္ အင္မတန္ေလးေလးနက္နက္ အာ႐ုံထားၿပီးမွ ဆုံးျဖတ္ရတဲ့ကိစၥတစ္ခုျဖစ္တာကိုး၊ သူဆုံးျဖတ္ေပးတယ္ဆိုတာကို ဆရာတို႔က ေထာက္ခံရမွာပဲ၊ အဲ့ဒီလိုပဲစဥ္းစားပါတယ္။

Opinion leaders ။     ။ ဒီျပႆနာနဲ႔ ပတ္သက္ၿပီးေတာ့ ႏိုင္ငံတကာမွာ ျမန္မာဘက္က တရားဝင္ ႏိုင္ငံေတာ္အဆင့္တစ္ေယာက္က ဒီလိုမ်ိဳး တိုက္႐ိုက္ထြက္ရွင္းတာ ရွိခဲလွတယ္။သိပ္မရွိခဲ့ဖူးဘူး၊ အခုတစ္ေခါက္မွာ ထြက္ရွင္းတဲ့အတြက္ကို ျမန္မာႏိုင္ငံအတြက္ ေကာင္းတဲ့အလားအလာ ဘာေတြျဖစ္လာႏိုင္မလဲ၊ ေနာက္တစ္ခုက တာဝန္ရွိတဲ့သူေတြ ကိုယ္တိုင္ကိုက ဒါမ်ိဳး ႏိုင္ငံတကာမွာ တရားဝင္ရွင္းတဲ့အတြက္၊ ရွင္းခြင့္ရတဲ့အတြက္ ဘယ္လိုအခြင့္အလမ္းေတြ ေပၚထြက္လာႏိုင္မလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဒီကိစၥကေတာ့ ကိုယ့္ႏိုင္ငံရဲ႕ ရပ္တည္ခ်က္ကို ျပည္သူေတြကို ကိုယ့္ျပည္တြင္းကသူေတြေတာ့ သိၿပီးသား။ဟုတ္တယ္မဟုတ္လား၊ ႏိုင္ငံတကာ မသိတဲ့ျပႆနာ မဟုတ္ဘူးလား။အခုျဖစ္တာ တရားစြဲတဲ့ကိစၥကလည္း သူတို႔ရဲ႕အခ်က္အလက္ေတြ၊ သူတို႔ရဲ႕အေထာက္အထားေတြကို အေျခခံၿပီးေတာ့ တရားစြဲတာကိုး၊ ဟုတ္တယ္မဟုတ္လား၊ တရားစြဲတဲ့အခါက်ေတာ့ ကိုယ့္မွာ ဒီလိုသြားၿပီးေတာ့မွ ေျဖရွင္းခြင့္ရတာဟာ ဆရာေတာ့ ဒါေကာင္းတယ္လို႔ယူဆတယ္။ေျပာတတ္ဖို႔၊ ေနာက္ၿပီးေတာ့ နားလည္ေအာင္ လိပ္ပတ္လည္ေအာင္ ေျပာတတ္တာ သူကေတာ့ ေျပာတတ္မွာေပါ့ေလ။သူကိုယ္တိုင္ ရွင္းျပတတ္ရင္ေတာ့ ဒါအေကာင္းဆုံးေပါ့။
ဒါေပမဲ့ ဥပေဒပိုင္းဆိုင္ရာျဖစ္တဲ့အတြက္ သတင္းစာထဲမွာ ေၾကညာထားတဲ့အတြက္ ဟိုေၾကညာထားသလိုေပါ့ေနာ္ ဥပေဒကြၽမ္းက်င္တဲ့သူေတြလည္း ရွိေနတာပဲေလ၊ အႀကံေပးေတြလည္းရွိေနေတာ့ ဒါေတြအားလုံးဟာ အက်ိဳးရွိမယ္လို႔ ေအာက္ေမ့တာပါပဲ။

Opinion leaders ။     ။ ေနာက္တစ္ခုက စီးပြားေရးအတြက္ကို အစိုးရက တြန္းအားလည္းလုပ္ေနတယ္၊ ႏိုင္ငံတကာနဲ႔ ျပည္တြင္းမွာဆိုရင္လည္း ဒီလိုမ်ိဳးေမွ်ာ္လင့္ခ်က္ေတြ ရွိတဲ့အခ်ိန္မွာ ဒီလိုမ်ိဳးထြက္ရွင္းလိုက္တဲ့အတြက္ကို ျမန္မာျပည္ စီးပြားေရးေဈးကြက္မွာ ႏိုင္ငံတကာရင္းႏွီးျမႇဳပ္ႏွံမႈေတြက ယုံၾကည္မႈေတြ တိုးလာႏိုင္သလား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အခုလို ရဲရဲဝံ့ဝံ့ တာဝန္သိသိနဲ႔ တာဝန္ခံလိုက္တာကေတာ့ ေကာင္းတဲ့အလားအလာပဲ။အဲ့ဒါကို ဆရာတို႔အၿမဲတမ္းေဆြးေႏြးခဲ့ဖူးတယ္၊ ႏိုင္ငံေရးနဲ႔ စီးပြားေရးက ခ်ိတ္ေနတာကိုး၊ အဲ့ဒီေတာ့ ႏိုင္ငံေရး၊ စီးပြားေရး ခ်ိတ္ေနေတာ့ ႏိုင္ငံေရးျပႆနာကို ေျဖရွင္းႏိုင္တဲ့ ေျဖရွင္းဖို႔အဆင္သင့္ရွိလို႔ရွိရင္ စီးပြားေရးအတြက္လည္း အလားအလာေကာင္းတယ္ေလ။လိပ္ခဲတည္းလည္း ေျဖရွင္းခြင့္မရဘဲနဲ႔ ဒီအတိုင္းပဲ လုပ္သမွ်အားလုံးကို ေခါင္းၿငိမ့္ခံေနရရင္ေတာ့ ဆိုးတယ္ေလ။အဲ့ဒီေတာ့ ကိုယ့္ဘက္ကျဖစ္တဲ့ အေနအထားကို တင္ျပႏိုင္တဲ့ အခြင့္အေရးက ဆရာထင္တယ္ ကိုယ့္ရဲ႕အခြင့္အေရးပဲေလ။ဘာလို႔လဲဆိုေတာ့ ဒီလိုရင္ဆိုင္တဲ့အခါမွာ အခြင့္အေရးကေတာ့ရွိတာပဲ၊။အဲ့ဒါကို ဆရာတို႔စဥ္းစားဖို႔လိုလိမ့္မယ္လို႔ ေအာက္ေမ့တာပဲ။

Opinion leaders ။     ။ ကုလသမဂၢနဲ႔ ႏိုင္ငံတကာမွာ ျမန္မာနဲ႔ပတ္သက္တဲ့ ျပႆနာတိုင္းမွာ တ႐ုတ္တို႔ ႐ုရွားတို႔က ျမန္မာဘက္ကေန လိုက္ၿပီးေတာ့ ရပ္တည္ေပးတာရွိတယ္။ဒီတစ္ေခါက္မွာက်ေတာ့ အစိုးရအေနနဲ႔ ကိုယ္တိုင္ထြက္ၿပီး ရွင္းတဲ့အတြက္ ကိုယ့္ေျခေထာက္ေပၚကိုယ္ ရပ္တည္တဲ့အေနအထားမ်ိဳးရွိလား၊ ေနာက္ေနာင္မွာ ျပႆနာေတြအမ်ားစုကို ဒီလိုမ်ိဳးအရိပ္ေအာက္ကေန စၿပီး႐ုန္းထြက္တဲ့ လကၡဏာေတြရွိလာၿပီလား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ICJ နဲ႔ ခုနလိုေျပာတဲ့ အတြင္းေရး၊ ကုလသမဂၢ အေထြေထြညီလာခံနဲ႔ မတူဘူး၊ ကုလသမဂၢ အေထြေထြညီလာခံမွာေတာ့ ဗီတိုအာဏာရွိတဲ့ အၿမဲတမ္းငါးႏိုင္ငံ အဂၤလန္၊ အေမရိကန္၊ ျပင္သစ္၊ တ႐ုတ္နဲ႔ ႐ု႐ုားေပါ့။သူတို႔ရဲ႕အားကေတာ့ အေရးႀကီးတယ္ကြဲ႕၊ ဒါေပမဲ့ ICJ မွာက်ေတာ့ ပုံစံကတစ္မ်ိဳးေလ၊ ပုံစံတစ္မ်ိဳးျဖစ္ေနတဲ့အခါက်ေတာ့ ကိုယ့္ဟာနဲ႔ကိုယ္ ရပ္တည္တဲ့ပုံစံမ်ိဳးလည္း ဆရာတို႔သုံးသပ္လို႔ရတာေပါ့၊ ဟိုမွာက်ေတာ့ ICJ မွာက်ေတာ့ တ႐ုတ္တို႔၊ ႐ုရွားတို႔ရဲ႕ ဗီတိုေတြဘာေတြ မရွိဘူးေလ၊ အဲ့ဒီေတာ့ ပုံစံကတစ္မ်ိဳးေပါ့၊ ဘာပဲျဖစ္ျဖစ္ ဒီ ICJ မွာပါတဲ့ အဖြဲ႕ဝင္ႏိုင္ငံေတြက ဆုံးျဖတ္ရမွာပဲေလ၊ ဟုတ္တယ္မဟုတ္လား၊ အဲ့ဒီအခါက်ေတာ့ ကိုယ့္ဘက္ကေန ကိုယ့္ရဲ႕အေထာက္အထားေတြ၊ အခ်က္အလက္ေတြ၊ အေတြ႕အႀကဳံေတြကို တင္ျပႏိုင္တယ္၊ ျပည္သူေတြကို ႏိုင္ငံတကာကိုေပါ့ေနာ္။ျပည့္ျပည့္စုံစုံ စုံစုံလင္လင္ တင္ျပႏိုင္တဲ့ အခြင့္အေရးက ဒါယူသင့္တဲ့အခြင့္အေရးပဲ..အဲ့လိုပဲစဥ္းစားမိတယ္။

Opinion leaders ။     ။ တပ္မေတာ္နဲ႔ လက္ရွိအစိုးရၾကားထဲ မွာ အမ်ားျပည္သူမွာ ကြဲျပားေနသလိုျမင္တဲ့ အျမင္ရွိတယ္၊ ဒီျပႆနာေၾကာင့္ တပ္မေတာ္နဲ႔ လက္ရွိအစိုးရၾကား တစ္စိတ္တစ္ဝမ္းတည္း စၿပီးေတာ့ ညီၫြတ္မႈက စျဖစ္လာႏိုင္သလား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အဲ့ဒါေတာ့ ကိုယ့္ရဲ႕ တစ္ဦးခ်င္းေမွ်ာ္လင့္ခ်က္ေပါ့ေနာ္၊ ဒီျပႆနာက တကယ္တမ္းေတာ့ ဒီႏိုင္ငံမွာ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒအရ လူေတြေျပာေနတဲ့ သုံးသပ္ေနတဲ့ တပ္မေတာ္ကသပ္သပ္၊ အစိုးရကသပ္သပ္လို ျဖစ္ေနတဲ့အခါက်ေတာ့ အခုေတာ့ တပ္မေတာ္ရယ္ အစိုးရရယ္ မဟုတ္ေတာ့ဘူး။ႏိုင္ငံကိုေျပာေနတာ ဟုတ္တယ္မဟုတ္လား။အဲ့ဒီအခါက်ေတာ့ ဆရာတို႔ ဝိုင္းဝန္းတိုင္ပင္ၿပီးေတာ့ ညႇိႏႈိင္းၿပီးေတာ့ နားလည္မႈယူၿပီးေတာ့ ဆုံးျဖတ္ရင္ ဒါအေကာင္းဆုံးအေျခအေနေပါ့။တင္ျပခ်က္ေတြမွာလည္းပဲ တပ္မေတာ္ဘက္က အေထာက္အကူပစၥည္းေတြ အခ်က္အလက္ေတြ အေထာက္အထားေတြနဲ႔ အစိုးရဘက္ကရွိတာေတြနဲ႔ ေပါင္းစပ္လိုက္ရင္ေတာ့ ဆရာထင္တယ္ ျပည့္ျပည့္စုံစုံရလိမ့္မယ္ထင္တယ္။အဲ့ဒီေတာ့ ဒီလိုရွိသင့္တာေပါ့ေလ၊ ဒါကေတာ့ ဟိုတစ္ေန႔က သတင္းစာထဲမွာပါသလို လူႀကီးေတြအားလုံး ေခါင္းခ်င္းဆိုင္ၿပီးေဆြးေႏြးတဲ့ အေနအထားရွိေနတာေတြ႕ရေတာ့ အဆိုးထဲက အေကာင္းၾကည့္ရင္ေတာ့ ေကာင္းတယ္လို႔ ျမင္လို႔ရတာေပါ့။

Opinion leaders ။     ။ အခု ဒီလက္ရွိျဖစ္ေနတဲ့ အခင္းအက်င္းေတြက NCA လက္မွတ္ထိုးဖို႔ အဖြဲ႕ ေတြ ဖိတ္ေခၚတာေတြရယ္၊ လက္ရွိထိုးၿပီးသား အဖြဲ႕ေတြက ေနာက္တစ္ဆင့္တက္ဖို႔ရယ္၊ ေနာက္တစ္ခ်က္က၂၁ ရာစု ပင္လုံၿငိမ္းခ်မ္းေရးညီလာခံ ရလာဒ္ေတြကို အေကာင္အထည္ေဖာ္ဖို႔ ဆိုတဲ့ဟာေတြမွာ ပိုၿပီးေတာ့ တစ္စိတ္တစ္ဝမ္းတည္း ျဖစ္လာႏိုင္သလား၊ ဒါမွမဟုတ္ အခက္အခဲျဖစ္လာႏိုင္သလား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အဲဒါလည္းေပါ့ အေရးႀကီးေသြးနီးတယ္ ဆိုတာမ်ိဳးေပါ့။ဆရာတို႔ ဒီ NCA ကိုယ့္ျပည္တြင္းမွာရွိတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြနဲ႔ ဆရာတို႔ ေဆြးေႏြးေနတယ္၊ ဒါေဆြးေႏြးတာက ကိုယ့္အထဲကျဖစ္ေနတာ။ဒါက တိုင္းျပည္တစ္ခုလုံးနဲ႔ဆိုင္တဲ့ အားလုံးနဲ႔ဆိုင္တဲ့ ျပင္ပအႏၲရာယ္ေပါ့ေနာ္။ဒီျပင္ပအႏၲရာယ္ကို ရင္ဆိုင္တဲ့အခါမွာ ႏိုင္ငံေတာ္အစိုးရအေနနဲ႔ တာဝန္ယူတယ္၊ တပ္မေတာ္ကလည္းပါတယ္၊ ေနာက္တစ္ခါ အခုလိုအျငင္းပြားေနတယ္၊ ပဋိပကၡျဖစ္ေနတဲ့သူေတြပါရင္ေတာ့ အေကာင္းဆုံးေပါ့၊ ဒါႀကီးကလည္း အခြင့္အေရးတစ္ရပ္လို ကိုယ္ကေတာ့ အဲ့လိုပဲ အေကာင္းအၿမဲတမ္းျမင္တဲ့ လူတစ္ေယာက္၊ ဒီအခြင့္အေရးႀကီးကို ယူၾကရေအာင္ ဟုတ္တယ္မဟုတ္လား။
ဘာပဲျဖစ္ျဖစ္ ခုနေျပာသလိုေနာ္ အျပင္နဲ႔ပတ္သက္လာရင္ ကိုယ့္အခ်င္းခ်င္း စည္း႐ုံးဖို႔လိုတယ္။နားလည္မႈလိုတယ္၊ အေပးအယူရွိဖို႔လိုလာတယ္၊ က်န္တာေတြ အခ်က္ကိုအေရးႀကီးတယ္။

ဒါက တကယ့္ကိုအေရးႀကီးေနတဲ့ အေျခအေနတစ္ခုမွာ ကိုယ့္အခ်င္းခ်င္းျဖစ္ေနတဲ့ ျပႆနာက အဲ့ဒါနဲ႔ယွဥ္လိုက္ရင္ ဘာမွမဟုတ္ဘူးေလ၊ ကိုယ့္စိတ္ထဲမွာ အရင္တုန္းက အေရးႀကီးတယ္လို႔ထင္ေနတဲ့ ျပႆနာဟာ တကယ္တမ္း အျပင္နဲ႔ရင္ဆိုင္ရတဲ့အခါမွာ အဲ့ဒီေတာ့ ျပင္ပမွာရွိေနတဲ့ စိန္ေခၚမႈကို အခုလိုမ်ိဳး ပူးေပါင္းေဆာင္႐ြက္ၿပီး ရင္ဆိုင္ႏိုင္တဲ့ အခြင့္အေရးတစ္ရပ္လို႔ ဆရာတို႔ျမင္ေစခ်င္တယ္၊ ကိုယ္ကေတာ့ ဟုတ္တယ္မဟုတ္လား၊ ဒီေနရာမွာလည္း တစ္ခ်ိဳ႕ေတြ ဂ်ာနယ္ေတြထဲမွာ ေတြ႕ရတာေတာ့ NCA ထိုးထားတဲ့သူေတြကလည္း ဒါကို ႏိုင္ငံေတာ္ဘက္က ပါမယ္ဘာညာေပါ့၊ အဲ့ဒီလိုၾကားရေတာ့လည္း ဝမ္းသာတယ္ေပါ့။ဒီလိုပဲျဖစ္သင့္တာေပါ့၊ ဒီလိုပဲျဖစ္သင့္တယ္လို႔ ဆရာေတာ့ ယူဆရပါတယ္။

Opinion leaders ။     ။ မၾကာခင္က တအာင္းအဖြဲ႕ကေန တ႐ုတ္ကထုတ္တဲ့ လက္နက္ေတြမိတယ္ဆိုတာကို တပ္မေတာ္ဘက္ကေန ပထမဦးဆုံးအႀကိမ္ ပြင့္ပြင့္လင္းလင္း စထုတ္ျပန္တယ္။ေနာက္တစ္ခ်က္က ရခိုင္မွာ ဆိုလို႔ရွိရင္ လက္နက္အမ်ားစုက တ႐ုတ္ဘက္ကဝင္တဲ့ လက္နက္ေတြ ျဖစ္ေနတဲ့အခါက်ေတာ့ ဒီလိုမ်ိဳး သတင္းမီဒီယာေတြကိုေခၚၿပီး ရွင္းခ်လိုက္တဲ့အတြက္ တိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ ပူးေပါင္းေနတာေတြ အရွိန္တန႔္သြားႏိုင္သလား၊ ျမန္မာ့ၿငိမ္းခ်မ္းေရးအတြက္ကို ဘယ္လိုမ်ိဳးထိေရာက္လာႏိုင္မလား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဆရာေတာ့ အၿမဲတမ္းေတာ့ အေျခအေနမွန္ကိုေျပာတာ အေကာင္းဆုံးပဲ၊ ရွိတာကို ရွိတဲ့အတိုင္းေပါ့။ဆရာတို႔အားလုံးလည္း သိေနေပမယ့္ အေၾကာင္းေၾကာင္းေၾကာင့္ေပါ့ေလ၊ ရခိုင္ကိစၥနဲ႔လည္း ဆိုင္ေနတာ။အေရးအေၾကာင္းရယ္ဆိုရင္ ကိုယ့္ကိုအားကိုးရမယ့္သူေတြလည္းရွိေနေတာ့ အဲ့ဒီလိုဟာကိုလည္း ဆရာတို႔က သိပ္ၿပီးပြင့္ပြင့္လင္းလင္းေျပာဖို႔ကလည္း အခက္အခဲရွိတယ္ေလ။ဒီေနရာမွာ ကိုယ္က လက္ရွိအေျခအေနက ဒါမေျပာလို႔မရတဲ့ အေျခအေနတစ္ရပ္လို ျဖစ္လာတဲ့အခါက်ေတာ့ အဲ့ဒီလိုေျပာလိုက္တဲ့အတြက္ အေနအထားသိရဲ႕သားနဲ႔ လိပ္ခဲတည္းလည္း ျဖစ္မယ့္ကိစၥကို ေပၚေပၚတင္တင္ျဖစ္ေအာင္ လုပ္လိုက္တာ၊ ဒါကေကာင္းတာပဲ၊ ကိုယ့္စိတ္ထဲေတာ့ ဒါေပၚေပၚလြင္လြင္ရွိတယ္၊ ေကာင္းတယ္၊ အဲ့ဒီေတာ့ အဲ့ဒီအေပၚမွာ မူတည္ၿပီးေတာ့လည္း အဲ့ဒီလိုတစ္ဖက္ကေျပာသလိုပဲ။

တ႐ုတ္ေပမယ့္လည္း တ႐ုတ္ကလည္း ဟိုတေလာကေတာင္ ဆရာတို႔ဆီကိုလာၿပီး ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္လို႔ အကူအညီေပးတယ္ ဘာညာလည္း ရွိခဲ့တာကိုး၊ အဲ့ဒီေတာ့ ကိုယ့္အေနနဲ႔ေတာ့ ဒီတ႐ုတ္နဲ႔လည္း အဆင္ေျပေအာင္ေနရမွာ။ၿပီးေတာ့လည္း တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕ေတြနဲ႔လည္း အျမန္ဆုံး သူတို႔ေျမာက္ဘက္အဖြဲ႕ေတြက တ႐ုတ္ကိုမွီခိုေနရတဲ့ အဖြဲ႕ေတြေလ။ဒီအဖြဲ႕ ေလးဖြဲ႕။အဲ့ဒီေတာ့ အဲ့ဒီအဖြဲ႕ေလးဖြဲ႕နဲ႔ ပတ္သက္လို႔ အခုဖိအားေပးတာဆိုတာထက္ကို အမွန္တရားကို ဒီလူေတြ ပိုၿပီးနားလည္မႈကို လုပ္တယ္လို႔ပဲ ဆရာတို႔စဥ္းစားရတာေပါ့ေလ။ဖိအားေပးတယ္ဆိုရင္ေတာ့ ပုံစံတစ္မ်ိဳးျဖစ္သြားႏိုင္တယ္ေလ၊ ဖိအားေပးတယ္ဆိုေတာ့ ကိုယ့္ဘက္ကလည္းပဲ AA လည္း ဒီအတိုင္းပဲေပါ့၊ AA ရဲ႕ လက္နက္ေတြ ဘယ္ကရသလဲဆိုတာ လူတိုင္းသိေနတာေလ၊ ဟုတ္တယ္မဟုတ္လား၊ ဒါေပမဲ့ မေျပာၾကဘူးေလ။

အခုလို ပြင့္ပြင့္လင္းလင္း ထင္ထင္ရွားရွားျဖစ္ေတာ့လည္း ဒါေပမဲ့ တစ္ခုေတာ့ရွိတယ္ ဒီလက္နက္ေတြက တ႐ုတ္လက္နက္ေတြျဖစ္ေပမယ့္ တ႐ုတ္ကေပးတယ္လို႔ ယူဆလို႔ေတာ့မရဘူးေပါ့ေလ၊ ဟုတ္တယ္ မဟုတ္လား၊ အခုေခတ္မွာ ကမာၻ႔ေဈးကြက္ထဲမွာ လက္နက္ေဈးကြက္ႀကီးကေတာ့ အႀကီးအက်ယ္ဆုံးပဲေလ မဟုတ္ဘူးလား၊ ဆရာတို႔အေနနဲ႔ တစ္ဖက္ကစဥ္းစားလို႔ရတာက ဒီလိုတ႐ုတ္လက္နက္ျဖစ္တဲ့အတြက္ တ႐ုတ္အစိုးရကေပးလို႔ ဆိုတာမ်ိဳးလို႔ အယူအဆမ်ိဳး တိုက္႐ိုက္မရဘူးေလ၊ စဥ္းစားဖို႔က တ႐ုတ္နဲ႔က်ေတာ့ဟုတ္တယ္၊ ခုနလို ေဈးကြက္ေတြကလည္း ရွိေနတာကိုး၊ ဟုတ္တယ္မဟုတ္လား၊ လက္နက္ေဈးကြက္ကလည္း တစ္ကမာၻလုံးမွာ ႀကိဳက္တဲ့လက္နက္ကို ႀကိဳက္တဲ့အခ်ိန္မွာ ဝယ္လို႔ရတဲ့အေနအထားရွိေတာ့ ေငြရွိရင္ရတယ္ေလ။

အဲ့လိုဟာမ်ိဳးေတြနဲ႔ စဥ္းစားလိုက္ရင္ေပါ့ ဒါနည္းနည္းေလးေပါ့သြားတာေပါ့။မဟုတ္ဘဲနဲ႔ ဒါကို ေထာက္ပံ့တဲ့လူဆိုၿပီးေတာ့ လက္ညႇိဳးထိုးတဲ့ ပုံစံေတာ့ ဟုတ္ဟန္မတူဘူး။ဆရာထင္တယ္ အဲ့ဒီလိုဆုံးျဖတ္ၿပီး ေျပာတယ္လို႔ပဲထင္တယ္။ဘာေၾကာင့္လဲဆိုေတာ့ လက္နက္ခဲယမ္းမီးေက်ာက္ေတြက တစ္ကမာၻလုံးမွာ ကုလသမဂၢကလည္း ခဏခဏေျပာေနတာေလ၊ တ႐ုတ္တို႔ ႐ုရွားတို႔၊ ဒါေပမဲ့ အႀကီးအက်ယ္ေျပာေနတာ အေမရိကန္လည္း ေရာင္းေနတာပဲေလ မဟုတ္ဘူးလား၊ အဲ့ဒီေတာ့ တရားဝင္ေရာင္းတာရွိတယ္၊ တရားမဝင္တဲ့နည္းနဲ႔ ေရာင္းေနတာလည္းရွိေတာ့ ဒါေတြက ဆရာတို႔ႏိုင္ငံရဲ႕ ပဋိပကၡကိုအဓြန႔္ရွည္ေစတဲ့ ကိစၥကေတာ့ လက္နက္ခဲယမ္းမီးေက်ာက္ကို လြတ္လြတ္လပ္လပ္ ေရာင္းဝယ္ႏိုင္တဲ့ ျပႆနာတစ္ခုျဖစ္တာကို ေျပာတာပါ၊ ဟုတ္တယ္ေနာ္။

Opinion leaders ။     ။ အကုန္လုံးၿခဳံငုံသုံးသပ္လိုက္ရင္ေတာ့ လက္ရွိ အခင္းအက်င္းအရ ICJ က ျမန္မာကို တရားစြဲတဲ့ကိစၥမွာ ေဒၚေအာင္ဆန္းစုၾကည္ သြားရွင္းတာ အေကာင္းဘက္ကလည္းမ်ားသလို တစ္ခါတေလေတာ့ ဆင္ျခင္ရမယ့္ကိစၥေတြလည္း သတိထားရမယ့္ကိစၥေတြလည္း ရွိတယ္ဆိုတဲ့ အေနအထားေပါ့။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဒါေပမဲ့ ဆရာထင္တာကေတာ့ အစည္းအေဝးရွင္းတယ္။ကိုယ္ေတြလည္း ေတာက္ေလွ်ာက္ ႏိုင္ငံေတာ္အေနနဲ႔လည္း ရွင္းေနေပမယ့္ ပုံစံအမ်ိဳးမ်ိဳးနဲ႔ မသိခ်င္ေယာင္ေဆာင္ေနတဲ့ အေျခအေနေတြကရွိတာေလ။ဟုတ္တယ္မဟုတ္လား။အဲ့ဒီေတာ့ အခုလိုမသိခ်င္ေယာင္ေဆာင္လို႔မရေတာ့ဘူး။ICJ မွာ တက္ရွင္းေတာ့ တစ္ကမာၻလုံးက သိတယ္ဆိုေတာ့ ဒါႀကီးကို အဆိုးထဲက အေကာင္းလို႔ ယူဆၿပီးေတာ့ ဒီအခက္အခဲထဲကေန ဆရာအၿမဲတမ္းျမင္တာကေတာ့ေပါ့ေလ စိန္ေခၚမႈရွိမွ တိုးတက္မႈရွိမွာေလ။စိန္ေခၚမႈရင္ဆိုင္ေနရတဲ့အေပၚမွာ မူတည္ၿပီးေတာ့ ကိုယ့္ႏိုင္ငံရဲ႕ အေျခအေနတစ္ခု ပုံရိပ္ကို ျပန္ၿပီးေဖာ္ႏိုင္ေအာင္ ဆရာထင္တယ္ ႀကိဳးစားမႈကို အားထုတ္ဖို႔ အားေပးရမွာေပါ့ေလ။

Opinion leaders ။     ။ အခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္
ႏို၀င္ဘာ - ၂၈