【 ပညာရှင်များ၏အမြင် 】 “စီးပွားရေးနိုးထဖို့ emergency အခြေအနေဖြစ်နေ”

【 ပညာရှင်များ၏အမြင် 】 “စီးပွားရေးနိုးထဖို့ emergency အခြေအနေဖြစ်နေ”

ကမ္ဘာတစ်ဝန်းကူးစက်ပြန့်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးမှာ ယခုအခါ ကမ္ဘာအချို့ဒေသများတွင် အရှိန်ကောင်းနေဆဲဖြစ်ကာ ကမ္ဘာအချို့ဒေသများတွင်မူ ကူးစက်မှုအရှိန်လျော့ကျကာ စီးပွားရေးလုပ်ငန်းများ ပြန်လည်လည်ပတ်ရန်အတွက် တက်သုတ်ရိုက်လုပ်ဆောင်နေကြတာကို တွေ့ရပါတယ်။ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်ပြီး ပြည်တွင်းလက်နက်ကိုင်ပြဿနာများ၊ အခြေခံဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်ဖြစ်နေသည့် အကျပ်အတည်းများကြောင့် နိုင်ငံရေး၊ စီးပွားရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ဆောင်ရာတွင် ထင်သလောက်ခရီးမပေါက်သည့် လက်ရှိ မြန်မာနိုင်ငံ၏အခြေအနေတွင် ကူးစက်ရောဂါဘေးကို နိုင်ငံတော်အတိုင်ပင်ခံ၏ ဦးဆောင်မှုဖြင့် ပထမလှိုင်းကို ကျော်ဖြတ်နိုင်ခဲ့သော်လည်း စီးပွားရေးအရအရေးကြီးသည့် ပြန်လည်လည်ပတ်ရန်လိုသည့် အခြေအနေတွင် ကပ်ရောဂါဒုတိယလှိုင်း ရိုက်ခတ်နိုင်သည့်ဘေးကြောင့် ချင့်ချိန်နေရသည့်အတွက် လည်ပတ်ရန်နောက်ကျပါက ဖြစ်လာနိုင်သည့် ဆိုးကျိုး၊ ကောင်းကျိုး၊ ဖြစ်လာနိုင်သည့် ဆင့်ကဲသက်ရောက်မှုနှင့် မည်သို့လုပ်ဆောင်သင့်သည် စသည့် ခန့်မှန်းတွက်ချက်မှုများကို လက်ရှိဖြစ်နေသည့် နိုင်ငံရေးအခြေအနေ၊ စီးပွားရေးအခြေအနေများနှင့်ချိန်ထိုးကာ နိုင်ငံတော်သမ္မတ၏ ငြိမ်းချမ်းရေးနှင့် စီးပွားရေးအကြံပေးအဖွဲ့ဝင်ဖြစ်သူ ဝါရင့်စီးပွားရေးပညာရှင် ပါမောက္ခ ဆရာ ဒေါက်တာအောင်ထွန်းသက်အား အထူးအစီအစဉ်တစ်ရပ်အနေဖြင့် မေးမြန်းခဲ့ပါတယ်။ဆရာ ဒေါက်တာအောင်ထွန်းသက်၏ လတ်တလော မြန်မာစီးပွားရေးဆိုင်ရာ အကြောင်းကိစ္စများအပေါ် ရှုမြင်သုံးသပ်ချက်အပြည့်အစုံကို ယခုတစ်ပတ် အထူးအစီအစဉ်အဖြစ် ဖော်ပြလိုက်ပါတယ်။

(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion Leaders ။     ။ မကြာခင်က တပ်ဘက်က တပ်ချုပ်နဲ့ ဒုတပ်ချုပ်ကို ဗြိတိန်က ကန့်သတ်ပိတ်ဆို့တားမြစ်ပြီး စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေလုပ်ကြောင်း ကြေညာခဲ့တယ်။အဲ့ဒီလို ပိတ်ဆို့တားမြစ်တာကို အမေရိကန်က နိုင်ငံခြားရေးဝန်ကြီးက ထောက်ခံကြောင်းပြောခဲ့တယ်။
ဇွန်လအတွင်း ကုလလူ့အခွင့်အရေးကောင်စီမှာ အီးယူကနေ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အဆိုတင်ခဲ့ရာမှာ အဆိုကအတည်ဖြစ်ခဲ့တဲ့အတွက် ဒီလိုပိတ်ဆို့တားမြစ်မှုတွေက မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီဖြစ်ထွန်းမှုမှာ ပြည်တည်ဆောက်ကာစ စီးပွားရေးမှာ ဘယ်လိုတွေသက်ရောက်လာနိုင်ပါသလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ဒီလိုလေ သူတို့အနေနဲ့ပေါ့နော်၊ တပ်မတော်တာဝန်ရှိတဲ့သူတွေကို အရေးယူတယ်၊ ပိတ်ဆို့တယ်ဆိုတာ အခု ဆရာတို့သိသလောက်ပေါ့နော်၊ နဝတ တက်လာတဲ့အချိန်ကစပြီး ဆောင်ရွက်ခဲ့တာ ခေတ်အဆက်ဆက်လုပ်ခဲ့တယ်၊ လုပ်ခဲ့တဲ့အခါမှာ တစ်နည်းအားဖြင့် နိုင်ငံရေးအရ ဖိအားပေးတာပေါ့၊ ဖိအားပေးတဲ့မဟာဗျူဟာကိုပဲ သူတို့ ဆက်ပြီးတော့အသုံးချနေတဲ့ အနေအထားပါပဲ၊ အဲ့ဒီတော့ သူတို့ပြောတာက လူ့အခွင့်အရေးနဲ့ပတ်သက်လို့ နောက်တစ်ခါ ပြည်တွင်းစစ်နဲ့ပတ်သက်လို့ ရခိုင်နဲ့ပတ်သက်လို့ဆိုပြီး ပြောကြတယ်လေ၊ အဲ့ဒီအပေါ်မှာမူတည်ပြီးတော့ ဆရာတို့ပြောနေတာပဲ၊ ဒါပေမဲ့ ခုနလို ဒါကိုပိတ်ဆို့မှုလို့ပြောလို့ရှိရင် ဆရာတို့နှစ်ပိုင်းရှိတာပေါ့၊ တစ်ဦးချင်းတစ်ယောက်ချင်း ပိတ်ဆို့တဲ့အနေအထားကတော့ ဟိုတုန်းကလည်း ဆရာတို့အရင်တုန်းကခေါ်တဲ့ Specially Designated Nationals လို့ခေါ်တဲ့ ဆရာတို့အရင်တုန်းကခေါ်တဲ့ ခရိုနီတွေကို တစ်ဦးချင်းတစ်ယောက်ချင်း အရေးယူထားတာရှိတယ်၊ ပိတ်ဆို့ထားတာရှိတယ်၊ အဲ့ဒီတော့ ကိုယ့်စိတ်ထဲအောက်မေ့တာတော့ ဒါဟာဘယ်လောက်ထိရောက်လဲဆိုတဲ့ Culture ပေါ့၊ ဆရာတို့ခေါ်တဲ့ Symbolic ပေါ့၊ လူတွေထင်သာမြင်သာအောင်လုပ်ပြတာ၊ အဲ့ဒီတော့ ကာယကံရှင်ရော ဘယ်လောက်လောက်အထိ အကျိုးသက်ရောက်သလဲဆိုတာ အခုအထိ ဆရာတို့မရေရာသေးဘူး။

နောက်တစ်ခု ဒီထက်ပိုပြီး ဆရာတို့ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားရင် ဆက်ဒမ်ဟူစိန်တို့ဆိုလည်း ဟိုတုန်းက sanction list ထဲ ပါတာပဲ၊ သူ့အတွက် ဘာမှမထိခိုက်ဘူးလေ၊ sanction list ထဲ ပါရုံပဲရှိတယ်။ဒီဘက်ကလည်း ဘာဖြစ်သွားလဲဆိုတော့ ဒို့ sanction ထည့်လိုက်တယ်ဆိုပြီးတော့ ဒီဘက်က sanction ထည့်တဲ့သူက ကျေနပ်သွားပြီ၊ အထည့်ခံရတဲ့လူကလည်း သူတို့ထည့်လေ ငါကတော့ ပိုနေမြဲကျားနေမြဲဆိုတော့ ဘာမှလည်းမသိကြဘူးပေါ့၊ ဆရာတို့ ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုက ဟိုတုန်းက ဆရာတို့ ကုလသမဂ္ဂမှာလုပ်တုန်းက မှတ်မိတာ ဒီ sanction တွေက တကယ်ထိရောက်ရဲ့လားဆိုတဲ့ မေးခွန်းပေါ့၊ သူတို့ပြောတာတော့ Blank Intstrument ပေါ့၊ ဓားတုံးတုံးတည်းနဲ့ ခုတ်နေတာ၊ သူတို့အနေနဲ့ Target to Sanction လုပ်သင့်တယ် ဘာညာပြောတယ်၊ ဒါပေမဲ့ အခုအထိတော့ ဆရာထင်တယ်၊ ဒီမဟာဗျူဟာပဲသုံးတယ်ပေါ့နော်၊ ဓားတုံးတုံးနဲ့လုပ်နေတော့ တစ်ဖက်ကလည်း လုပ်လိုက်တဲ့သူက ကျေနပ်သွားတယ်၊ ငါတို့ဒီလိုလုပ်လိုက်တာပဲ၊ ဒီ sanction list ထဲ ထည့်လိုက်တာပဲ၊ ဒို့ ဒီအတိုင်းလက်ပိုက်ကြည့်နေတာမဟုတ်ဘူး၊ မဟုတ်တာလုပ်တာကို ပြစ်မှုတွေကျူးလွန်နေတာကို ဒို့အနေနဲ့ အရေးယူသွားတယ်ဆိုပြီးတော့ ပြောလိုက်တော့ ကိုယ့်ကိုယ်ကိုလည်း ကျေနပ်သွားတယ်။

တစ်ခါတရံမှာ ဒီကိစ္စတွေဟာ sanction ကိစ္စတွေဟာ ကိုယ့်ကိုယ်ကိုကျေနပ်တဲ့အတွက် လုပ်ကြတာပဲရှိတာကို၊ ဥပမာ - တရုတ်နဲ့ပတ်သက်လာရင် sanction တွေလုပ်တယ်၊ ကိုယ်နဲ့မတည့်တဲ့သူတွေအားလုံးကို sanction လုပ်တာပဲ၊ အဲ့ဒီတော့ ဒီ sanction လုပ်တဲ့အခါမှာ တစ်နိုင်ငံ တစ်နိုင်ငံ sanction လုပ်တာကတော့ သူ့ရဲ့လုပ်ပိုင်ခွင့်ကို၊ ဘာဖြစ်သွားလဲဆိုတော့ ဆရာတို့ နိုင်ငံတကာအခင်းအကျင်းမှာကျတော့ UN Sanction တောင်မှ လုပ်ချင်တာကိုး၊ အဲ့ဒါကျတော့ ဖိအားတွေပေးတာက အရင်တုန်းက ဆက်ဒမ်ဟူစိန်မှာ UN Sanction ဆိုတာ ဘယ်သူမှကန့်ကွက်တာမရှိဘူး၊ အားလုံးက သူတို့က ကြီးငါးကြီးတင်လို့ရှိရင် ကြီးငါးကြီးမျက်နှာကိုပဲ ကြည့်နေရတဲ့အနေအထားဆိုတော့ ဆရာတို့ sanction တွေက ခုနအနေအထား ထိရောက်၏ မထိရောက်၏ဆိုတဲ့ ပြဿနာပေါ့လေ၊ အဲ့ဒီတော့ အခုအချိန်မှာ ဒီလိုဖြစ်တဲ့ဟာကတော့ ခုနမေးတဲ့မေးခွန်းကတော့ တစ်ဦးချင်းတစ်ယောက်ချင်းတော့ နိုင်ငံခြားမသွားရဘူး၊ နိုင်ငံခြားမှာ သူ့မှာရှိတဲ့ပိုင်ဆိုင်မှုတွေရှိရင် အဲ့ဒါတွေကို တားဆီးထားမယ်၊ သိမ်းဆည်းထားမယ် ဘာညာရှိတော့ ဒီကာယကံရှင်တွေအနေနဲ့လည်း နိုင်ငံခြားသွားစရာအကြောင်းလည်း ရှိမယ်မထင်ဘူး၊ ဟုတ်တယ်မဟုတ်လား။

သူတို့သွားတဲ့နေရာတွေကလည်း sanction နဲ့ပတ်သက်တဲ့ နေရာမဟုတ်တဲ့အတွက် ဘာမှလည်း သူတို့အတွက်လေ ထိထိရောက်ရောက်ရှိမယ်လို့မထင်ဘူး၊ ဒါကတော့လေ၊ သူတို့အနေနဲ့ကတော့ လုပ်ရမှာပဲ၊ အခုက ခက်တာက ဇာတ်ပွဲကြီးလိုပဲပေါ့၊ ဇာတ်တိုက်ထားသလိုပဲဖြစ်နေတာလေ၊ နေရာတိုင်းလိုလိုပဲ သူတို့ကလည်း sanction လုပ်မှပဲ သူ့ရဲ့ နိုင်ငံရေးရပ်တည်ချက်က ခိုင်မြဲတယ်ဆိုတဲ့အနေအထား အဲ့ဒီတော့ ခက်တာက သူတို့အပေါ် sanction တစ်ခါမှမလုပ်ဖူးဘူး၊ အခုလုပ်တဲ့ အနောက်နိုင်ငံ ဥရောပတို့ဘာတို့ အင်္ဂလန်တို့ဘာတို့မှာ sanction လုပ်တဲ့ဟာမရှိဘူး၊ အပြန်အလှန်အနေနဲ့မရှိဘူး၊ သူတို့ကျူးလွန်တာတွေကျတော့ ဆရာတို့ ဘာမှအရေးယူတာမဟုတ်ဘဲနဲ့ သူတို့နဲ့အဆင်ပြေရင်တစ်မျိုး မပြေရင်တစ်မျိုး လုပ်ကြတာရှိတာကိုး၊ အဲ့ဒီတော့ ခုနပြောသလိုပဲ ဆက်ဒမ်ဟူစိန် ကိစ္စပဲပြောရရင် သူတို့ ဆက်ဒမ်ဟူစိန်နဲ့ အီရန်နဲ့ စကားအကြီးအကျယ်ဖြစ်တယ်၊ အဲ့ဒီအကြီးအကျယ်ဖြစ်တဲ့အခါမှာ သူတို့က အီရန်ကိုမကြိုက်တော့ လက်နက်တွေပေးတာ သူတို့ပဲပေးတာ။အီရတ်ကို ဆက်ဒမ်ဟူစိန် ကို လက်နက်တွေပေးတာ သူတို့ပဲပေးတာ၊ ပြီးတော့မှ သူတို့နဲ့အဆင်မပြေဘူး။

အဲ့ဒီတော့ တကယ်တမ်းတော့ ဒါက နိုင်ငံရေးဘောဂဗေဒပဲလေ၊ ကိုယ့်ရဲ့အကျိုးအတွက် ကြည့်ကြတာပဲလေ၊ အများအတွက်ကြည့်တယ်၊ လူ့အခွင့်အရေးအတွက်ကြည့်တယ်ဆိုတာကို သူတို့ကြေညာတဲ့အခါမှာ အဲ့လိုပဲကြေညာမှာပေ့ါ။သို့သော်လည်း နောက်ကွယ်မှာတော့ သူတို့ရဲ့အကျိုးရှိတာကို၊ တရုတ်ဆိုရင် တရုတ်ရဲ့အင်အားကို နည်းနည်းလေး စိုးရိမ်စိတ်ပူလာတဲ့အခါကျတော့ sanction တွေလုပ်တယ်၊ နောက်တစ်ခါ တရုတ်ရဲ့ပစ္စည်းတွေ သူတို့ဆီမှာ ဈေးကွက်ထဲသွင်းခွင့်မပေးဘူး၊ ဘာညာဆိုတာ ဒါတွေအားလုံးကလည်းနော် ဆရာတို့ ပဲပုပ်တွေ သူတို့ဆီကိုသွင်းခွင့်မရဘူး ဘာညာဆိုတာ ဒါကလည်းဖိအားပေးတာပဲ၊ အဲ့ဒီတော့ သူတို့အနေနဲ့ ဆရာထင်တာကတော့ sanction ကို သုံးသပ်လိုက်လို့ရှိရင် နိုင်ငံရေးလက်နက်ပဲ၊ ဒါပေမဲ့ စီးပွားရေးလက်နက်ပဲ၊ ဒါပေမဲ့ နိုင်ငံရေးအကျိုးအတွက် သုံးနေတာဖြစ်တာပါ။

Opinion Leaders ။     ။ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး တရုတ်နဲ့ အမေရိကန် ပြဿနာက ပိုပြီးကြီးထွားလာချိန်မှာ တရုတ်နိုင်ငံထဲက နိုင်ငံခြားစီးပွားရေးလုပ်ငန်းတွေ ပြင်ပကိုထွက်လာတာ တွေ့ရပါတယ်။ဒီလိုထွက်လာတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကို  တရုတ်ပတ်လည်က နိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေက အပြိုင်အဆိုင်လာရောက်ရင်းနှီးမြုပ်နှံဖို့ ခေါ်နေကြတာကို တွေ့ရပါတယ်။အင်ဒိုက မြေအတွက် တခြားနိုင်ငံက တစ်သိန်းဆို သူ့နိုင်ငံက ငါးသောင်းနဲ့ပေးမယ်ဆိုပြီး ဆွယ်တာတွေ့ရပါတယ်။ထိုင်းကလည်း လယ်ယာမြေမှာ လာရောက်ရင်းနှီးမြုပ်နှံဖို့ ခေါ်တာတွေ့ရတယ်။
မြန်မာနိုင်ငံကလည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။အခုချိန်မှာ မြန်မာနိုင်ငံအနေနဲ့ ဘာတွေလုပ်သင့်ပါသလဲ။ဘယ်လိုအားသာချက်တွေသုံးပြီး လုပ်သင့်ပါသလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အဲ့ဒါပေါ့၊ ဆရာတို့မှာ အခက်အခဲရှိတာလေ ခုန ခင်ဗျားပြောတဲ့ကိစ္စပေ့ါ၊ ကိုယ့်နိုင်ငံမှာရှိတဲ့အားသာချက်တွေက အများကြီးပဲ၊ ဒါပေမဲ့ ရှိသလောက်အားသာချက်တွေကို ဆရာတို့က အသုံးမချနိုင်တဲ့ပြဿနာ၊ အဲ့ဒီတော့ အဲ့ဒါကလည်း ဘာလဲဆိုတော့ လုပ်ထုံးလုပ်နည်းတွေကိစ္စ၊ မလိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ လေးတဲ့ကိစ္စပေါ့၊ လေးတယ်နှေးတယ်၊ ဥပမာ - တခြားနိုင်ငံတွေက တရုတ်ရဲ့အခြေအနေနော်၊ တရုတ်က ဒါစီးပွားရေးပြန်ဖွင့်ဖို့ သူတို့ကြိုးစားတဲ့အချိန်မှာ သူတို့အနေနဲ့ သူတို့ manufacture ထုတ်လုပ်မှုကို စဉ်းစားတဲ့နေရာမှာ အိမ်နီးနားချင်းနိုင်ငံက ကိုယ်ဖြစ်နေတာ။အဲ့ဒီမှာ ထိုင်းက ကိုယ့်ထက်သွက်တယ်၊ အဲ့ဒီတော့ သူတို့အနေနဲ့ ဖြစ်လာတဲ့အခြေအနေကို အတင်းအမြန်ဆုံးဖြစ်အောင်လုပ်တယ်၊ ကိုယ်က လုပ်ဖို့က ကိုယ်လိုတာပဲ၊ အဲ့ဒီတော့ ကိုယ့်အနေနဲ့ အရင်တုန်းကလို အခုလည်းကြိုးစားနေတယ်၊ ဒါပေမဲ့ ကြိုးစားနေပေမယ့် ဆရာတို့ရဲ့ လုပ်ငန်းဌာနတွေအနေနဲ့ အကျင့်တွေကပါနေတာကို၊ အကျင့်က လွယ်အောင်လုပ်တဲ့အကျင့်မရှိဘူးလေ၊ နှစ်ပေါင်း ဆရာတို့ လွတ်လပ်ရေးရပြီးကတည်းကဆိုပါတော့  ဒီဘက်အပိုင်း ပိုဆိုးလာတာပေါ့၊ အဲ့ဒီဟာကို မခက်ခက်အောင်လုပ်တဲ့ ဉာဉ်ကြီးရှိနေတဲ့အခါကျတော့ ဘယ်လိုမှကိုလုပ်လို့မရဘူး၊ ဖြေလျှော့ပါ၊ ဖြေလျှော့ပါ ပြောတယ်၊ ဘာမှစဉ်းစားစရာမလိုတော့ဘူးလေ၊ ကိုယ့်ဆီမှာ ကိုယ့်မှာ အလုပ်လက်မဲ့တွေ ဒီလောက်များနေတဲ့အချိန်မှာ အလုပ်ပေးနိုင်တဲ့သူရှိရင်လာဖို့ တကယ့်ကိုဖျာခင်းရမယ့်အခြေအနေလေ၊ ကော်ဇောကြီးခင်းပေးရမယ့် အခြေအနေဖြစ်နေတာကို။

ဒါပေမဲ့ အဲ့ဒီမှာ ဆရာတို့မှာ ခင်ဗျားတို့နဲ့ ခဏခဏပြောခဲ့တဲ့ကိစ္စ ဝန်ကြီးဌာနတစ်ခုနဲ့ တစ်ခု ညှိနှိုင်းမှုမရှိဘူး၊ ဒီဘက်ဌာနကတစ်မျိုးဆိုရင် ဟိုဘက်ဌာနကလည်းတစ်မျိုး၊ ဒီဘက်ကလုပ်လို့ရရင် ဟိုဘက်ကလုပ်လို့မရဘူးလုပ်ပြန်ရော၊ ဖွင့်လိုက်ပိတ်လိုက်ဆိုရင် ဆရာထင်တာကတော့ စိတ်ပူတာကတော့ ဒီဟိုဟာလုပ်တဲ့သူက ကိုယ့်ဆီလာမှာမဟုတ်ဘူး၊ ထွက်ပြေးသွားလိမ့်မယ်၊ ဆရာတို့ဖြစ်ခဲ့တုန်းကပေါ့ ဆမ်ဆောင်းတုန်းကလည်း ဒီအတိုင်းပဲ မှတ်မိလား၊ ကိုယ့်ဆီမလာတော့ဘူး ဗီယက်နမ်သွားတာလေ၊ ရှင်းနေတာပဲ၊ အဲ့ဒီတော့ ဒီလိုပဲပြန်ဖြစ်မှာပဲ၊ ဘာကြောင့်လဲ ကိုယ့်ဆီက အကျင့်ကပါနေပြီကိုး၊ လက်ကယဉ်နေတာ ဒီလိုပဲ၊ ဘာလာလာ ဒီလိုပဲလုပ်မယ်ဆိုတဲ့ အတွေးအခေါ်ပဲရှိတာကို ဆရာတို့မှာ။

Opinion Leaders ။     ။ ယခုရက်ပိုင်း မြန်မာနိုင်ငံစီးပွားရေး ပြန်လည်နိုးထဖို့လုပ်ဆောင်နေတာကို တွေ့ရပါတယ် ဆရာ။အစိုးရပိုင်းကလည်း စီးပွားရေးကဏ္ဍထဲက အချို့စီးပွားရေးလုပ်ငန်းတွေကို ငွေရင်းထည့် ချေးငွေတွေပေးနေသလို မေလ FDI ဝင်ရောက်မှုကလဲ သန်း ၇၀၀ ကျော်ဝင်ရာမှာ လျှပ်စစ်ဘက်မှာ အများစုဝင်တာကို တွေ့ရပါတယ် ဆရာ။တရုတ်ဘက်ကလဲ Belt&Road ကို ပြန်စဖို့လုပ်နေတာကို အတိအလင်းပြောသလို ဒီစီမံချက်မှာ အရေးပါတဲ့ ကွမ်းလုံတံတားဆောက်ဖို့ တရုတ်ပညာရှင်တွေလဲ ဇွန်၂၀ ရက်က မြန်မာနိုင်ငံကို ပထမအသုတ်ရောက်လာတာကို တွေ့ရပါတယ်။ဒီအတွက် မြန်မာစီးပွားရေးက အကောင်းဘက်မှာဖြစ်ထွန်းနိုင်တယ်လို့ ယူဆလို့ရမလား၊ ဒီလိုအခြေအနေကောင်းကို အမိအရဆုပ်ကိုင်ဖို့ အစိုးရကော၊ စီးပွားရေးလုပ်ငန်းရှင်တွေဘက်ကရော ဘာတွေပြင်ဆင်သင်လဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အဲ့ဒါပေါ့ ဒါအခွင့်အရေးပဲ၊ အဲ့ဒါကို ကိုယ့်ကိုအလကားလာကျွေးတာကို ဟိုလှန်ကြည့် ဒီလှန်ကြည့် လှန်ကြည့်နေလို့မရတော့ဘူး၊ အဲ့ဒီပြဿနာပဲမဟုတ်ဘူးလား၊ ဆရာတို့ ဒီ OBOR ကိစ္စက လိပ်ခဲတည်းလည်းဖြစ်တာကြာပြီ၊ သူတို့မှာလည်း ထွက်ပေါက်ကမရှိတော့ ဒါကိုအတင်းလိုက်တော့မယ်၊ လိုက်တဲ့အချိန်မှာ ကိုယ်ကဖွင့်ပေးလိုက်ရုံပဲရှိတယ်၊ ဟုတ်တယ်မဟုတ်လား ဒီလောက်ဆိုအဆင်သင့်ပဲ၊ ကိုယ့်ဆီမှာ ကကျိုးကကြောင်တွေရှိတာကိုး၊ ဟိုပြောဒီပြောနဲ့ ဘာမှလည်းအကျိုးမရှိတဲ့စကားတွေပြောမယ်၊ ပတ်ဝန်းကျင်ထိခိုက်တာတို့ ယဉ်ကျေးမှုပျက်စီးတာတို့ မဟုတ်တာတွေရော ဟုတ်တာတွေရောပါမှာကို၊ အဲ့ဒီတော့ ကိုယ့်ဆီက အပြုသဘောဆောင်တဲ့သူတွေက နည်းနည်းအားနည်းတယ်၊ အားလုံးက အရာရာကို အကောင်းမမြင်တဲ့သူတွေကများနေတာကိုး ဆရာတို့မှာ၊ ဒါလည်းအကျင့်ပါသွားပြီလေ၊ အကျင့်ပါသွားပြီဆိုတော့ ဒီအကျင့်ကိုပဲ အနောက်ကလိုက်ပြီးဖြစ်နေတော့ အရှေ့ကမရောက်နိုင်ဘူး၊ လိုအပ်တာတွေမရောက်နိုင်ဘူး။

ဒါက အခွင့်အရေးကြီးပေါ့ဗျာ၊ တခြားနိုင်ငံမသွားဘဲနဲ့ ကိုယ့်ဆီပဲလာတယ်၊ အဆင်သင့်ပဲဖြစ်နေပြီ၊ ဒါပေမဲ့ သူတို့ဘာလုပ်မလဲ မြစ်ဆုံပြောလိမ့်မယ်၊ ဘာမှမဆိုင်တဲ့ဟာကို ပြန်ဖော်တဲ့အခါကျတော့ မြစ်ဆုံလို့ပြောလိုက်တာနဲ့ အားလုံးကထွက်ပြေးလိမ့်မယ်၊ တရုတ်ကလည်း သူလုပ်ချင်တာနဲ့ မြစ်ဆုံလို့သွားပြီး အဲ့ဒီစကားလုံးသုံးလိုက်တာနဲ့ အားလုံးကရှုပ်ကုန်ပြီလေ၊ အဲ့ဒါကို ဆရာတို့က ဘယ်လိုကိုင်တွယ်မလဲ၊ အခုကခက်တာက အာရုံကလည်း ရွေးကောက်ပွဲအာရုံဖြစ်နေပြီကို၊ အဲ့ဒီအခါမှာ ကျန်တာတွေ ဘာမှရဲရဲတင်းတင်းလုပ်ရဲတဲ့ဟာမရှိတော့ဘူး၊ အားလုံးကလေ မြွေမသေတုတ်မကျိုးဖြစ်အောင် ကြိုးပမ်းနေတဲ့အနေအထားပဲရှိတာကို၊ အဲ့ဒါဝမ်းနည်းဖို့ကောင်းတယ်လေ၊ ဟုတ်တယ်နော်။

Opinion Leaders ။     ။ အဲ့ဒါဆို အကုန်ခြုံလိုက်လို့ရှိရင်တော့ အခုအချိန်မှာတော့ စီးပွားရေးနိုးထဖို့အတွက် ပေါ်လာတဲ့အခွင့်အရေးကို မရရအောင်တော့ယူသင့်တယ်ပေါ့နော် ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ဟုတ်တယ်၊ ယူရမယ်၊ ဒါပဲ ဘာမှမစဉ်းစားနဲ့တော့၊ ကာလရှည်မရှိတော့ဘူး၊ အခု တကယ့်ကိုနော် emergency အရေးပေါ်အခြေအနေဖြစ်နေတဲ့အခါမှာ ကျန်တာတွေမစဉ်းစားနဲ့ ရေရှည်မပြောနဲ့တော့ နောက်မှကြည့်ရှင်းမယ်၊ အဲ့ဒီလိုရဲမှရမယ်လို့ ထင်တယ်နော်။

Opinion Leaders ။     ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။

ဒေါက်တာအောင်ထွန်းသက်
ဇူလိုင် - ၉
( Zawgyi )
ကမာၻတစ္ဝန္းကူးစက္ျပန္႔ပြားေနသည့္ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေဘးမွာ ယခုအခါ ကမာၻအခ်ိဳ႕ေဒသမ်ားတြင္ အရွိန္ေကာင္းေနဆဲျဖစ္ကာ ကမာၻအခ်ိဳ႕ေဒသမ်ားတြင္မူ ကူးစက္မႈအရွိန္ေလ်ာ့က်ကာ စီးပြားေရးလုပ္ငန္းမ်ား ျပန္လည္လည္ပတ္ရန္အတြက္ တက္သုတ္႐ိုက္လုပ္ေဆာင္ေနၾကတာကို ေတြ႕ရပါတယ္။ဖြံ႕ၿဖိဳးဆဲႏိုင္ငံတစ္ခုျဖစ္ၿပီး ျပည္တြင္းလက္နက္ကိုင္ျပႆနာမ်ား၊ အေျခခံဖြဲ႕စည္းပုံအေျခခံဥပေဒေၾကာင့္ျဖစ္ေနသည့္ အက်ပ္အတည္းမ်ားေၾကာင့္ ႏိုင္ငံေရး၊ စီးပြားေရးႏွင့္ တရားဥပေဒစိုးမိုးေရးလုပ္ေဆာင္ရာတြင္ ထင္သေလာက္ခရီးမေပါက္သည့္ လက္ရွိ ျမန္မာႏိုင္ငံ၏အေျခအေနတြင္ ကူးစက္ေရာဂါေဘးကို ႏိုင္ငံေတာ္အတိုင္ပင္ခံ၏ ဦးေဆာင္မႈျဖင့္ ပထမလႈိင္းကို ေက်ာ္ျဖတ္ႏိုင္ခဲ့ေသာ္လည္း စီးပြားေရးအရအေရးႀကီးသည့္ ျပန္လည္လည္ပတ္ရန္လိုသည့္ အေျခအေနတြင္ ကပ္ေရာဂါဒုတိယလႈိင္း ႐ိုက္ခတ္ႏိုင္သည့္ေဘးေၾကာင့္ ခ်င့္ခ်ိန္ေနရသည့္အတြက္ လည္ပတ္ရန္ေနာက္က်ပါက ျဖစ္လာႏိုင္သည့္ ဆိုးက်ိဳး၊ ေကာင္းက်ိဳး၊ ျဖစ္လာႏိုင္သည့္ ဆင့္ကဲသက္ေရာက္မႈႏွင့္ မည္သို႔လုပ္ေဆာင္သင့္သည္ စသည့္ ခန႔္မွန္းတြက္ခ်က္မႈမ်ားကို လက္ရွိျဖစ္ေနသည့္ ႏိုင္ငံေရးအေျခအေန၊ စီးပြားေရးအေျခအေနမ်ားႏွင့္ခ်ိန္ထိုးကာ ႏိုင္ငံေတာ္သမၼတ၏ ၿငိမ္းခ်မ္းေရးႏွင့္ စီးပြားေရးအႀကံေပးအဖြဲ႕ဝင္ျဖစ္သူ ဝါရင့္စီးပြားေရးပညာရွင္ ပါေမာကၡ ဆရာ ေဒါက္တာေအာင္ထြန္းသက္အား အထူးအစီအစဥ္တစ္ရပ္အေနျဖင့္ ေမးျမန္းခဲ့ပါတယ္။ဆရာ ေဒါက္တာေအာင္ထြန္းသက္၏ လတ္တေလာ ျမန္မာစီးပြားေရးဆိုင္ရာ အေၾကာင္းကိစၥမ်ားအေပၚ ရႈျမင္သုံးသပ္ခ်က္အျပည့္အစုံကို ယခုတစ္ပတ္ အထူးအစီအစဥ္အျဖစ္ ေဖာ္ျပလိုက္ပါတယ္။

(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion Leaders ။     ။ မၾကာခင္က တပ္ဘက္က တပ္ခ်ဳပ္နဲ႔ ဒုတပ္ခ်ဳပ္ကို ၿဗိတိန္က ကန႔္သတ္ပိတ္ဆို႔တားျမစ္ၿပီး စီးပြားေရးအရ အေရးယူပိတ္ဆို႔မႈေတြလုပ္ေၾကာင္း ေၾကညာခဲ့တယ္။အဲ့ဒီလို ပိတ္ဆို႔တားျမစ္တာကို အေမရိကန္က ႏိုင္ငံျခားေရးဝန္ႀကီးက ေထာက္ခံေၾကာင္းေျပာခဲ့တယ္။
ဇြန္လအတြင္း ကုလလူ႔အခြင့္အေရးေကာင္စီမွာ အီးယူကေန ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီး အဆိုတင္ခဲ့ရာမွာ အဆိုကအတည္ျဖစ္ခဲ့တဲ့အတြက္ ဒီလိုပိတ္ဆို႔တားျမစ္မႈေတြက ျမန္မာႏိုင္ငံၿငိမ္းခ်မ္းေရးနဲ႔ ဒီမိုကေရစီျဖစ္ထြန္းမႈမွာ ျပည္တည္ေဆာက္ကာစ စီးပြားေရးမွာ ဘယ္လိုေတြသက္ေရာက္လာႏိုင္ပါသလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဒီလိုေလ သူတို႔အေနနဲ႔ေပါ့ေနာ္၊ တပ္မေတာ္တာဝန္ရွိတဲ့သူေတြကို အေရးယူတယ္၊ ပိတ္ဆို႔တယ္ဆိုတာ အခု ဆရာတို႔သိသေလာက္ေပါ့ေနာ္၊ နဝတ တက္လာတဲ့အခ်ိန္ကစၿပီး ေဆာင္႐ြက္ခဲ့တာ ေခတ္အဆက္ဆက္လုပ္ခဲ့တယ္၊ လုပ္ခဲ့တဲ့အခါမွာ တစ္နည္းအားျဖင့္ ႏိုင္ငံေရးအရ ဖိအားေပးတာေပါ့၊ ဖိအားေပးတဲ့မဟာဗ်ဴဟာကိုပဲ သူတို႔ ဆက္ၿပီးေတာ့အသုံးခ်ေနတဲ့ အေနအထားပါပဲ၊ အဲ့ဒီေတာ့ သူတို႔ေျပာတာက လူ႔အခြင့္အေရးနဲ႔ပတ္သက္လို႔ ေနာက္တစ္ခါ ျပည္တြင္းစစ္နဲ႔ပတ္သက္လို႔ ရခိုင္နဲ႔ပတ္သက္လို႔ဆိုၿပီး ေျပာၾကတယ္ေလ၊ အဲ့ဒီအေပၚမွာမူတည္ၿပီးေတာ့ ဆရာတို႔ေျပာေနတာပဲ၊ ဒါေပမဲ့ ခုနလို ဒါကိုပိတ္ဆို႔မႈလို႔ေျပာလို႔ရွိရင္ ဆရာတို႔ႏွစ္ပိုင္းရွိတာေပါ့၊ တစ္ဦးခ်င္းတစ္ေယာက္ခ်င္း ပိတ္ဆို႔တဲ့အေနအထားကေတာ့ ဟိုတုန္းကလည္း ဆရာတို႔အရင္တုန္းကေခၚတဲ့ Specially Designated Nationals လို႔ေခၚတဲ့ ဆရာတို႔အရင္တုန္းကေခၚတဲ့ ခ႐ိုနီေတြကို တစ္ဦးခ်င္းတစ္ေယာက္ခ်င္း အေရးယူထားတာရွိတယ္၊ ပိတ္ဆို႔ထားတာရွိတယ္၊ အဲ့ဒီေတာ့ ကိုယ့္စိတ္ထဲေအာက္ေမ့တာေတာ့ ဒါဟာဘယ္ေလာက္ထိေရာက္လဲဆိုတဲ့ Culture ေပါ့၊ ဆရာတို႔ေခၚတဲ့ Symbolic ေပါ့၊ လူေတြထင္သာျမင္သာေအာင္လုပ္ျပတာ၊ အဲ့ဒီေတာ့ ကာယကံရွင္ေရာ ဘယ္ေလာက္ေလာက္အထိ အက်ိဳးသက္ေရာက္သလဲဆိုတာ အခုအထိ ဆရာတို႔မေရရာေသးဘူး။

ေနာက္တစ္ခု ဒီထက္ပိုၿပီး ဆရာတို႔က်ယ္က်ယ္ျပန႔္ျပန႔္စဥ္းစားရင္ ဆက္ဒမ္ဟူစိန္တို႔ဆိုလည္း ဟိုတုန္းက sanction list ထဲ ပါတာပဲ၊ သူ႔အတြက္ ဘာမွမထိခိုက္ဘူးေလ၊ sanction list ထဲ ပါ႐ုံပဲရွိတယ္။ဒီဘက္ကလည္း ဘာျဖစ္သြားလဲဆိုေတာ့ ဒို႔ sanction ထည့္လိုက္တယ္ဆိုၿပီးေတာ့ ဒီဘက္က sanction ထည့္တဲ့သူက ေက်နပ္သြားၿပီ၊ အထည့္ခံရတဲ့လူကလည္း သူတို႔ထည့္ေလ ငါကေတာ့ ပိုေနၿမဲက်ားေနၿမဲဆိုေတာ့ ဘာမွလည္းမသိၾကဘူးေပါ့၊ ဆရာတို႔ ကုလသမဂၢအဖြဲ႕အစည္းတစ္ခုက ဟိုတုန္းက ဆရာတို႔ ကုလသမဂၢမွာလုပ္တုန္းက မွတ္မိတာ ဒီ sanction ေတြက တကယ္ထိေရာက္ရဲ႕လားဆိုတဲ့ ေမးခြန္းေပါ့၊ သူတို႔ေျပာတာေတာ့ Blank Intstrument ေပါ့၊ ဓားတုံးတုံးတည္းနဲ႔ ခုတ္ေနတာ၊ သူတို႔အေနနဲ႔ Target to Sanction လုပ္သင့္တယ္ ဘာညာေျပာတယ္၊ ဒါေပမဲ့ အခုအထိေတာ့ ဆရာထင္တယ္၊ ဒီမဟာဗ်ဴဟာပဲသုံးတယ္ေပါ့ေနာ္၊ ဓားတုံးတုံးနဲ႔လုပ္ေနေတာ့ တစ္ဖက္ကလည္း လုပ္လိုက္တဲ့သူက ေက်နပ္သြားတယ္၊ ငါတို႔ဒီလိုလုပ္လိုက္တာပဲ၊ ဒီ sanction list ထဲ ထည့္လိုက္တာပဲ၊ ဒို႔ ဒီအတိုင္းလက္ပိုက္ၾကည့္ေနတာမဟုတ္ဘူး၊ မဟုတ္တာလုပ္တာကို ျပစ္မႈေတြက်ဴးလြန္ေနတာကို ဒို႔အေနနဲ႔ အေရးယူသြားတယ္ဆိုၿပီးေတာ့ ေျပာလိုက္ေတာ့ ကိုယ့္ကိုယ္ကိုလည္း ေက်နပ္သြားတယ္။

တစ္ခါတရံမွာ ဒီကိစၥေတြဟာ sanction ကိစၥေတြဟာ ကိုယ့္ကိုယ္ကိုေက်နပ္တဲ့အတြက္ လုပ္ၾကတာပဲရွိတာကို၊ ဥပမာ - တ႐ုတ္နဲ႔ပတ္သက္လာရင္ sanction ေတြလုပ္တယ္၊ ကိုယ္နဲ႔မတည့္တဲ့သူေတြအားလုံးကို sanction လုပ္တာပဲ၊ အဲ့ဒီေတာ့ ဒီ sanction လုပ္တဲ့အခါမွာ တစ္ႏိုင္ငံ တစ္ႏိုင္ငံ sanction လုပ္တာကေတာ့ သူ႔ရဲ႕လုပ္ပိုင္ခြင့္ကို၊ ဘာျဖစ္သြားလဲဆိုေတာ့ ဆရာတို႔ ႏိုင္ငံတကာအခင္းအက်င္းမွာက်ေတာ့ UN Sanction ေတာင္မွ လုပ္ခ်င္တာကိုး၊ အဲ့ဒါက်ေတာ့ ဖိအားေတြေပးတာက အရင္တုန္းက ဆက္ဒမ္ဟူစိန္မွာ UN Sanction ဆိုတာ ဘယ္သူမွကန႔္ကြက္တာမရွိဘူး၊ အားလုံးက သူတို႔က ႀကီးငါးႀကီးတင္လို႔ရွိရင္ ႀကီးငါးႀကီးမ်က္ႏွာကိုပဲ ၾကည့္ေနရတဲ့အေနအထားဆိုေတာ့ ဆရာတို႔ sanction ေတြက ခုနအေနအထား ထိေရာက္၏ မထိေရာက္၏ဆိုတဲ့ ျပႆနာေပါ့ေလ၊ အဲ့ဒီေတာ့ အခုအခ်ိန္မွာ ဒီလိုျဖစ္တဲ့ဟာကေတာ့ ခုနေမးတဲ့ေမးခြန္းကေတာ့ တစ္ဦးခ်င္းတစ္ေယာက္ခ်င္းေတာ့ ႏိုင္ငံျခားမသြားရဘူး၊ ႏိုင္ငံျခားမွာ သူ႔မွာရွိတဲ့ပိုင္ဆိုင္မႈေတြရွိရင္ အဲ့ဒါေတြကို တားဆီးထားမယ္၊ သိမ္းဆည္းထားမယ္ ဘာညာရွိေတာ့ ဒီကာယကံရွင္ေတြအေနနဲ႔လည္း ႏိုင္ငံျခားသြားစရာအေၾကာင္းလည္း ရွိမယ္မထင္ဘူး၊ ဟုတ္တယ္မဟုတ္လား။

သူတို႔သြားတဲ့ေနရာေတြကလည္း sanction နဲ႔ပတ္သက္တဲ့ ေနရာမဟုတ္တဲ့အတြက္ ဘာမွလည္း သူတို႔အတြက္ေလ ထိထိေရာက္ေရာက္ရွိမယ္လို႔မထင္ဘူး၊ ဒါကေတာ့ေလ၊ သူတို႔အေနနဲ႔ကေတာ့ လုပ္ရမွာပဲ၊ အခုက ခက္တာက ဇာတ္ပြဲႀကီးလိုပဲေပါ့၊ ဇာတ္တိုက္ထားသလိုပဲျဖစ္ေနတာေလ၊ ေနရာတိုင္းလိုလိုပဲ သူတို႔ကလည္း sanction လုပ္မွပဲ သူ႔ရဲ႕ ႏိုင္ငံေရးရပ္တည္ခ်က္က ခိုင္ၿမဲတယ္ဆိုတဲ့အေနအထား အဲ့ဒီေတာ့ ခက္တာက သူတို႔အေပၚ sanction တစ္ခါမွမလုပ္ဖူးဘူး၊ အခုလုပ္တဲ့ အေနာက္ႏိုင္ငံ ဥေရာပတို႔ဘာတို႔ အဂၤလန္တို႔ဘာတို႔မွာ sanction လုပ္တဲ့ဟာမရွိဘူး၊ အျပန္အလွန္အေနနဲ႔မရွိဘူး၊ သူတို႔က်ဴးလြန္တာေတြက်ေတာ့ ဆရာတို႔ ဘာမွအေရးယူတာမဟုတ္ဘဲနဲ႔ သူတို႔နဲ႔အဆင္ေျပရင္တစ္မ်ိဳး မေျပရင္တစ္မ်ိဳး လုပ္ၾကတာရွိတာကိုး၊ အဲ့ဒီေတာ့ ခုနေျပာသလိုပဲ ဆက္ဒမ္ဟူစိန္ ကိစၥပဲေျပာရရင္ သူတို႔ ဆက္ဒမ္ဟူစိန္နဲ႔ အီရန္နဲ႔ စကားအႀကီးအက်ယ္ျဖစ္တယ္၊ အဲ့ဒီအႀကီးအက်ယ္ျဖစ္တဲ့အခါမွာ သူတို႔က အီရန္ကိုမႀကိဳက္ေတာ့ လက္နက္ေတြေပးတာ သူတို႔ပဲေပးတာ။အီရတ္ကို ဆက္ဒမ္ဟူစိန္ ကို လက္နက္ေတြေပးတာ သူတို႔ပဲေပးတာ၊ ၿပီးေတာ့မွ သူတို႔နဲ႔အဆင္မေျပဘူး။

အဲ့ဒီေတာ့ တကယ္တမ္းေတာ့ ဒါက ႏိုင္ငံေရးေဘာဂေဗဒပဲေလ၊ ကိုယ့္ရဲ႕အက်ိဳးအတြက္ ၾကည့္ၾကတာပဲေလ၊ အမ်ားအတြက္ၾကည့္တယ္၊ လူ႔အခြင့္အေရးအတြက္ၾကည့္တယ္ဆိုတာကို သူတို႔ေၾကညာတဲ့အခါမွာ အဲ့လိုပဲေၾကညာမွာေပ့ါ။သို႔ေသာ္လည္း ေနာက္ကြယ္မွာေတာ့ သူတို႔ရဲ႕အက်ိဳးရွိတာကို၊ တ႐ုတ္ဆိုရင္ တ႐ုတ္ရဲ႕အင္အားကို နည္းနည္းေလး စိုးရိမ္စိတ္ပူလာတဲ့အခါက်ေတာ့ sanction ေတြလုပ္တယ္၊ ေနာက္တစ္ခါ တ႐ုတ္ရဲ႕ပစၥည္းေတြ သူတို႔ဆီမွာ ေဈးကြက္ထဲသြင္းခြင့္မေပးဘူး၊ ဘာညာဆိုတာ ဒါေတြအားလုံးကလည္းေနာ္ ဆရာတို႔ ပဲပုပ္ေတြ သူတို႔ဆီကိုသြင္းခြင့္မရဘူး ဘာညာဆိုတာ ဒါကလည္းဖိအားေပးတာပဲ၊ အဲ့ဒီေတာ့ သူတို႔အေနနဲ႔ ဆရာထင္တာကေတာ့ sanction ကို သုံးသပ္လိုက္လို႔ရွိရင္ ႏိုင္ငံေရးလက္နက္ပဲ၊ ဒါေပမဲ့ စီးပြားေရးလက္နက္ပဲ၊ ဒါေပမဲ့ ႏိုင္ငံေရးအက်ိဳးအတြက္ သုံးေနတာျဖစ္တာပါ။

Opinion Leaders ။     ။ ကိုဗစ္-၁၉ နဲ႔ပတ္သက္ၿပီး တ႐ုတ္နဲ႔ အေမရိကန္ ျပႆနာက ပိုၿပီးႀကီးထြားလာခ်ိန္မွာ တ႐ုတ္ႏိုင္ငံထဲက ႏိုင္ငံျခားစီးပြားေရးလုပ္ငန္းေတြ ျပင္ပကိုထြက္လာတာ ေတြ႕ရပါတယ္။ဒီလိုထြက္လာတဲ့ ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈေတြကို  တ႐ုတ္ပတ္လည္က ႏိုင္ငံေတြ၊ အာဆီယံႏိုင္ငံေတြက အၿပိဳင္အဆိုင္လာေရာက္ရင္းႏွီးျမဳပ္ႏွံဖို႔ ေခၚေနၾကတာကို ေတြ႕ရပါတယ္။အင္ဒိုက ေျမအတြက္ တျခားႏိုင္ငံက တစ္သိန္းဆို သူ႔ႏိုင္ငံက ငါးေသာင္းနဲ႔ေပးမယ္ဆိုၿပီး ဆြယ္တာေတြ႕ရပါတယ္။ထိုင္းကလည္း လယ္ယာေျမမွာ လာေရာက္ရင္းႏွီးျမဳပ္ႏွံဖို႔ ေခၚတာေတြ႕ရတယ္။
ျမန္မာႏိုင္ငံကလည္း ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။အခုခ်ိန္မွာ ျမန္မာႏိုင္ငံအေနနဲ႔ ဘာေတြလုပ္သင့္ပါသလဲ။ဘယ္လိုအားသာခ်က္ေတြသုံးၿပီး လုပ္သင့္ပါသလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အဲ့ဒါေပါ့၊ ဆရာတို႔မွာ အခက္အခဲရွိတာေလ ခုန ခင္ဗ်ားေျပာတဲ့ကိစၥေပ့ါ၊ ကိုယ့္ႏိုင္ငံမွာရွိတဲ့အားသာခ်က္ေတြက အမ်ားႀကီးပဲ၊ ဒါေပမဲ့ ရွိသေလာက္အားသာခ်က္ေတြကို ဆရာတို႔က အသုံးမခ်ႏိုင္တဲ့ျပႆနာ၊ အဲ့ဒီေတာ့ အဲ့ဒါကလည္း ဘာလဲဆိုေတာ့ လုပ္ထုံးလုပ္နည္းေတြကိစၥ၊ မလိုအပ္တဲ့ စည္းမ်ဥ္းစည္းကမ္းေတြ ေလးတဲ့ကိစၥေပါ့၊ ေလးတယ္ေႏွးတယ္၊ ဥပမာ - တျခားႏိုင္ငံေတြက တ႐ုတ္ရဲ႕အေျခအေနေနာ္၊ တ႐ုတ္က ဒါစီးပြားေရးျပန္ဖြင့္ဖို႔ သူတို႔ႀကိဳးစားတဲ့အခ်ိန္မွာ သူတို႔အေနနဲ႔ သူတို႔ manufacture ထုတ္လုပ္မႈကို စဥ္းစားတဲ့ေနရာမွာ အိမ္နီးနားခ်င္းႏိုင္ငံက ကိုယ္ျဖစ္ေနတာ။အဲ့ဒီမွာ ထိုင္းက ကိုယ့္ထက္သြက္တယ္၊ အဲ့ဒီေတာ့ သူတို႔အေနနဲ႔ ျဖစ္လာတဲ့အေျခအေနကို အတင္းအျမန္ဆုံးျဖစ္ေအာင္လုပ္တယ္၊ ကိုယ္က လုပ္ဖို႔က ကိုယ္လိုတာပဲ၊ အဲ့ဒီေတာ့ ကိုယ့္အေနနဲ႔ အရင္တုန္းကလို အခုလည္းႀကိဳးစားေနတယ္၊ ဒါေပမဲ့ ႀကိဳးစားေနေပမယ့္ ဆရာတို႔ရဲ႕ လုပ္ငန္းဌာနေတြအေနနဲ႔ အက်င့္ေတြကပါေနတာကို၊ အက်င့္က လြယ္ေအာင္လုပ္တဲ့အက်င့္မရွိဘူးေလ၊ ႏွစ္ေပါင္း ဆရာတို႔ လြတ္လပ္ေရးရၿပီးကတည္းကဆိုပါေတာ့  ဒီဘက္အပိုင္း ပိုဆိုးလာတာေပါ့၊ အဲ့ဒီဟာကို မခက္ခက္ေအာင္လုပ္တဲ့ ဉာဥ္ႀကီးရွိေနတဲ့အခါက်ေတာ့ ဘယ္လိုမွကိုလုပ္လို႔မရဘူး၊ ေျဖေလွ်ာ့ပါ၊ ေျဖေလွ်ာ့ပါ ေျပာတယ္၊ ဘာမွစဥ္းစားစရာမလိုေတာ့ဘူးေလ၊ ကိုယ့္ဆီမွာ ကိုယ့္မွာ အလုပ္လက္မဲ့ေတြ ဒီေလာက္မ်ားေနတဲ့အခ်ိန္မွာ အလုပ္ေပးႏိုင္တဲ့သူရွိရင္လာဖို႔ တကယ့္ကိုဖ်ာခင္းရမယ့္အေျခအေနေလ၊ ေကာ္ေဇာႀကီးခင္းေပးရမယ့္ အေျခအေနျဖစ္ေနတာကို။

ဒါေပမဲ့ အဲ့ဒီမွာ ဆရာတို႔မွာ ခင္ဗ်ားတို႔နဲ႔ ခဏခဏေျပာခဲ့တဲ့ကိစၥ ဝန္ႀကီးဌာနတစ္ခုနဲ႔ တစ္ခု ညႇိႏႈိင္းမႈမရွိဘူး၊ ဒီဘက္ဌာနကတစ္မ်ိဳးဆိုရင္ ဟိုဘက္ဌာနကလည္းတစ္မ်ိဳး၊ ဒီဘက္ကလုပ္လို႔ရရင္ ဟိုဘက္ကလုပ္လို႔မရဘူးလုပ္ျပန္ေရာ၊ ဖြင့္လိုက္ပိတ္လိုက္ဆိုရင္ ဆရာထင္တာကေတာ့ စိတ္ပူတာကေတာ့ ဒီဟိုဟာလုပ္တဲ့သူက ကိုယ့္ဆီလာမွာမဟုတ္ဘူး၊ ထြက္ေျပးသြားလိမ့္မယ္၊ ဆရာတို႔ျဖစ္ခဲ့တုန္းကေပါ့ ဆမ္ေဆာင္းတုန္းကလည္း ဒီအတိုင္းပဲ မွတ္မိလား၊ ကိုယ့္ဆီမလာေတာ့ဘူး ဗီယက္နမ္သြားတာေလ၊ ရွင္းေနတာပဲ၊ အဲ့ဒီေတာ့ ဒီလိုပဲျပန္ျဖစ္မွာပဲ၊ ဘာေၾကာင့္လဲ ကိုယ့္ဆီက အက်င့္ကပါေနၿပီကိုး၊ လက္ကယဥ္ေနတာ ဒီလိုပဲ၊ ဘာလာလာ ဒီလိုပဲလုပ္မယ္ဆိုတဲ့ အေတြးအေခၚပဲရွိတာကို ဆရာတို႔မွာ။

Opinion Leaders ။     ။ ယခုရက္ပိုင္း ျမန္မာႏိုင္ငံစီးပြားေရး ျပန္လည္ႏိုးထဖို႔လုပ္ေဆာင္ေနတာကို ေတြ႕ရပါတယ္ ဆရာ။အစိုးရပိုင္းကလည္း စီးပြားေရးက႑ထဲက အခ်ိဳ႕စီးပြားေရးလုပ္ငန္းေတြကို ေငြရင္းထည့္ ေခ်းေငြေတြေပးေနသလို ေမလ FDI ဝင္ေရာက္မႈကလဲ သန္း ၇၀၀ ေက်ာ္ဝင္ရာမွာ လွ်ပ္စစ္ဘက္မွာ အမ်ားစုဝင္တာကို ေတြ႕ရပါတယ္ ဆရာ။တ႐ုတ္ဘက္ကလဲ Belt&Road ကို ျပန္စဖို႔လုပ္ေနတာကို အတိအလင္းေျပာသလို ဒီစီမံခ်က္မွာ အေရးပါတဲ့ ကြမ္းလုံတံတားေဆာက္ဖို႔ တ႐ုတ္ပညာရွင္ေတြလဲ ဇြန္၂၀ ရက္က ျမန္မာႏိုင္ငံကို ပထမအသုတ္ေရာက္လာတာကို ေတြ႕ရပါတယ္။ဒီအတြက္ ျမန္မာစီးပြားေရးက အေကာင္းဘက္မွာျဖစ္ထြန္းႏိုင္တယ္လို႔ ယူဆလို႔ရမလား၊ ဒီလိုအေျခအေနေကာင္းကို အမိအရဆုပ္ကိုင္ဖို႔ အစိုးရေကာ၊ စီးပြားေရးလုပ္ငန္းရွင္ေတြဘက္ကေရာ ဘာေတြျပင္ဆင္သင္လဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အဲ့ဒါေပါ့ ဒါအခြင့္အေရးပဲ၊ အဲ့ဒါကို ကိုယ့္ကိုအလကားလာေကြၽးတာကို ဟိုလွန္ၾကည့္ ဒီလွန္ၾကည့္ လွန္ၾကည့္ေနလို႔မရေတာ့ဘူး၊ အဲ့ဒီျပႆနာပဲမဟုတ္ဘူးလား၊ ဆရာတို႔ ဒီ OBOR ကိစၥက လိပ္ခဲတည္းလည္းျဖစ္တာၾကာၿပီ၊ သူတို႔မွာလည္း ထြက္ေပါက္ကမရွိေတာ့ ဒါကိုအတင္းလိုက္ေတာ့မယ္၊ လိုက္တဲ့အခ်ိန္မွာ ကိုယ္ကဖြင့္ေပးလိုက္႐ုံပဲရွိတယ္၊ ဟုတ္တယ္မဟုတ္လား ဒီေလာက္ဆိုအဆင္သင့္ပဲ၊ ကိုယ့္ဆီမွာ ကက်ိဳးကေၾကာင္ေတြရွိတာကိုး၊ ဟိုေျပာဒီေျပာနဲ႔ ဘာမွလည္းအက်ိဳးမရွိတဲ့စကားေတြေျပာမယ္၊ ပတ္ဝန္းက်င္ထိခိုက္တာတို႔ ယဥ္ေက်းမႈပ်က္စီးတာတို႔ မဟုတ္တာေတြေရာ ဟုတ္တာေတြေရာပါမွာကို၊ အဲ့ဒီေတာ့ ကိုယ့္ဆီက အျပဳသေဘာေဆာင္တဲ့သူေတြက နည္းနည္းအားနည္းတယ္၊ အားလုံးက အရာရာကို အေကာင္းမျမင္တဲ့သူေတြကမ်ားေနတာကိုး ဆရာတို႔မွာ၊ ဒါလည္းအက်င့္ပါသြားၿပီေလ၊ အက်င့္ပါသြားၿပီဆိုေတာ့ ဒီအက်င့္ကိုပဲ အေနာက္ကလိုက္ၿပီးျဖစ္ေနေတာ့ အေရွ႕ကမေရာက္ႏိုင္ဘူး၊ လိုအပ္တာေတြမေရာက္ႏိုင္ဘူး။

ဒါက အခြင့္အေရးႀကီးေပါ့ဗ်ာ၊ တျခားႏိုင္ငံမသြားဘဲနဲ႔ ကိုယ့္ဆီပဲလာတယ္၊ အဆင္သင့္ပဲျဖစ္ေနၿပီ၊ ဒါေပမဲ့ သူတို႔ဘာလုပ္မလဲ ျမစ္ဆုံေျပာလိမ့္မယ္၊ ဘာမွမဆိုင္တဲ့ဟာကို ျပန္ေဖာ္တဲ့အခါက်ေတာ့ ျမစ္ဆုံလို႔ေျပာလိုက္တာနဲ႔ အားလုံးကထြက္ေျပးလိမ့္မယ္၊ တ႐ုတ္ကလည္း သူလုပ္ခ်င္တာနဲ႔ ျမစ္ဆုံလို႔သြားၿပီး အဲ့ဒီစကားလုံးသုံးလိုက္တာနဲ႔ အားလုံးကရႈပ္ကုန္ၿပီေလ၊ အဲ့ဒါကို ဆရာတို႔က ဘယ္လိုကိုင္တြယ္မလဲ၊ အခုကခက္တာက အာ႐ုံကလည္း ေ႐ြးေကာက္ပြဲအာ႐ုံျဖစ္ေနၿပီကို၊ အဲ့ဒီအခါမွာ က်န္တာေတြ ဘာမွရဲရဲတင္းတင္းလုပ္ရဲတဲ့ဟာမရွိေတာ့ဘူး၊ အားလုံးကေလ ေႁမြမေသတုတ္မက်ိဳးျဖစ္ေအာင္ ႀကိဳးပမ္းေနတဲ့အေနအထားပဲရွိတာကို၊ အဲ့ဒါဝမ္းနည္းဖို႔ေကာင္းတယ္ေလ၊ ဟုတ္တယ္ေနာ္။

Opinion Leaders ။     ။ အဲ့ဒါဆို အကုန္ၿခဳံလိုက္လို႔ရွိရင္ေတာ့ အခုအခ်ိန္မွာေတာ့ စီးပြားေရးႏိုးထဖို႔အတြက္ ေပၚလာတဲ့အခြင့္အေရးကို မရရေအာင္ေတာ့ယူသင့္တယ္ေပါ့ေနာ္ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဟုတ္တယ္၊ ယူရမယ္၊ ဒါပဲ ဘာမွမစဥ္းစားနဲ႔ေတာ့၊ ကာလရွည္မရွိေတာ့ဘူး၊ အခု တကယ့္ကိုေနာ္ emergency အေရးေပၚအေျခအေနျဖစ္ေနတဲ့အခါမွာ က်န္တာေတြမစဥ္းစားနဲ႔ ေရရွည္မေျပာနဲ႔ေတာ့ ေနာက္မွၾကည့္ရွင္းမယ္၊ အဲ့ဒီလိုရဲမွရမယ္လို႔ ထင္တယ္ေနာ္။

Opinion Leaders ။     ။ အခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္
ဇူလိုင္ - ၉