【 ပညာရှင်များ၏အမြင် 】 “စီးပွားရေးလုပ်ငန်းရှင်တွေက အကျိုးအမြတ်ရှိရင်လုပ်တာပဲ”

【 ပညာရှင်များ၏အမြင် 】 “စီးပွားရေးလုပ်ငန်းရှင်တွေက အကျိုးအမြတ်ရှိရင်လုပ်တာပဲ”

မကြာခင်က တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကာ တိုင်းရင်းသားဒေသများတွင် ရင်းနှီးမြုပ်နှံမှု တိုးတက်ရန်အတွက် လုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။သို့သော် ရခိုင်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုကို ကိုင်တွယ်ဆောင်ရွက်ခဲ့ပုံနှင့် ပတ်သက်ကာ ကုလဆိုင်ရာ တရားရုံးနှင့် အာဂျင်တီးနားရှိ တရားရုံးတစ်ခုတွင် မြန်မာအစိုးရ ထိပ်တန်းခေါင်းဆောင်များကို တရားစွဲဆိုခဲ့မှုများ ယခုရက်ပိုင်းအတွင်း ဖြစ်ခဲ့သဖြင့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြုပ်နှံလိုသည့် နိုင်ငံခြားရင်းနှီးမြုပ်နှံသူများအပေါ်  တွေဝေစိုးရိမ်စေသည့် သက်ရောက်မှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ထိုသက်ရောက်မှုက အနာဂတ် မြန်မာ့စီးပွားရေးနှင့် နိုင်ငံရေးအပေါ် မည်သို့သက်ရောက်မှုရှိနိုင်သည့်ဆိုသည့် အချက်အပေါ်  ဝါရင့်စီးပွားရေးပညာရှင်နှင့် နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ် ဆရာ ဒေါက်တာအောင်ထွန်းသက်အား အထူးအစီအစဉ်တစ်ရပ်အနေဖြင့် မေးမြန်းခဲ့ပါတယ်။လတ်တလော မြန်မာ့စီးပွားရေးဆိုင်ရာ အကြောင်းကိစ္စများအပေါ် ဆရာ ဒေါက်တာအောင်ထွန်းသက်၏ ရှုမြင်သုံးသပ်ချက် အပြည့်အစုံကို ယခုတစ်ပတ် အထူးအစီအစဉ်အဖြစ် ဖော်ပြလိုက်ပါတယ်။

(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion leaders ။     ။ လက်ရှိမှာ တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲတွေ တိုက်ပွဲတွေ ပြန်ပြီးတော့ဖြစ်လာတာ တွေ့ရတယ်၊ ဒါပေမဲ့ ထူးခြားချက်တစ်ခု ကချင်ဘက်ကတော့ အေးနေတယ်။တိုက်ပွဲသံမကြားရသလို ကချင်ဘက်မှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုကလည်း များသလို အခြေချမှုကလည်း များတဲ့အခါကျတော့ လက်ရှိ လာမယ့်ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှု အနေအထားက တိုင်းနဲ့ ပြည်နယ်ကို ဖြန့်ခွဲပြီးလာမယ့် အနေအထားမျိုးရှိလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ဆရာ ဟိုတစ်နေ့ကပဲ မြစ်ကြီးနားက ပြန်လာတာလေ၊ မြစ်ကြီးနားက ပြန်လာတာက Bussiness forum ပေါ့၊ Bussiness forum က ကချင်ပြည်နယ်မှာပေါ့၊ အဲ့ဒီတော့ ကချင်ပြည်နယ်မှာ ဆရာတို့ကြည့်လိုက်လို့ရှိရင် တိုင်းဒေသကြီး ၁၄ ခု ရှိတဲ့အထဲမှာ နေပြည်တော်ပါရင် ၁၅ ခုပေါ့။ခွဲလိုက်ချင်တာက တိုင်းတွေရယ် ပြည်နယ်တွေ ဒေသကြီးတွေရယ် ခွဲလိုက်ရင် ပြည်နယ်တွေအားလုံးမှာ ပဋိပက္ခတွေဖြစ်တယ်၊ ပဋိပက္ခဖြစ်တဲ့အခါကျတော့ ဘာပဲဖြစ်ဖြစ် ပဋိပက္ခရှိတဲ့ ချင်းမှာတောင် အနည်းအကျဉ်းရှိနေတာပဲ။ဟုတ်တယ် မဟုတ်လား။ကယားမှာလည်းရှိတယ် စသဖြင့်။အဲ့ဒီလိုရှိတော့ ပဋိပက္ခဖြစ်တာနဲ့ ဆရာတို့ စိန်ခေါ်မှုတွေကရှိလာတယ်၊ ရှိလာတဲ့အခါမှာ ဒါပေမဲ့ ဟိုအပေါ်ယံကြည့်လိုက်ရင် ပဋိပက္ခဖြစ်တာနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မလာတော့ဘူးလို့ သာမန်အားဖြင့် စဉ်းစားနိုင်တယ်ဆိုပေမယ့်လည်း ဆရာ ဟိုတစ်နေ့က မြစ်ကြီးနားမှာ ပြောသလိုပေါ့။

အဲ့ဒီအချိန်မှာ စွန့်ရဲတဲ့သူ စွန့်စားရဲတဲ့သူက အခွင့်အရေးပဲ။တစ်ခုပဲရှိတာက စွန့်စားတဲ့သူသည် ခုန ဟိုနေ့ကလည်း ပြောတဲ့ကိစ္စ တာဝန်ကျေတဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်ဖို့လိုတယ်။မျက်ဖြူစိုက်လေ ဆရာကြိုက်လေ ဆိုတာမျိုးမဟုတ်ဘဲနဲ့ ဒီကောင်တွေ ဒုက္ခရောက်နေတယ်၊ ဒို့ ကိုယ်လုပ်ချင်တာ လုပ်လို့ရတယ်ဆိုတဲ့ သဘောထားနဲ့ လာပြီးရင်းနှီးလို့တော့မရဘူး။
အဲ့ဒီတော့ သူများမရင်းနှီးတဲ့အချိန်မှာ စီးပွားရေးလုပ်ငန်းရှင်ဆိုတာ ဒါပဲလေ၊ အခွင့်အရေးကို ရှာရတဲ့သူတွေလေ၊ သူများမရှိတဲ့ ရင်းနှီးမြှုပ်နှံမှုလုံးဝမရှိတဲ့အချိန်မှာ ကိုယ်လာရင် ကိုယ်သာတာပဲလေ၊ ဆရာတို့အနေနဲ့ ကြိုဆိုတာ အဲ့ဒီလိုကြိုဆိုတယ်၊ ဒါပေမဲ့ အဲ့လိုကြိုဆိုတဲ့နေရာမှာ တစ်ဖက်ကလည်း ကိုယ်ကတော့ အာမခံချက်တွေ ပေးရမှာပေါ့၊ အခုဖြစ်နေတာက ဆရာတို့ တောက်လျှောက်ပေါ့နော်၊ ၁၉၄၈ ခုနှစ်ကတော့ ထား၊ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ ပဋိပက္ခဖြစ်တဲ့ နေရာတွေအားလုံးဟာ ဒီစီးပွားရေးလုပ်ငန်းတွေဟာ တော်တော်လေး စက်ရုံအလုပ်ရုံတွေ မဟုတ်ပေမယ့် သဘာဝသယံဇာတပစ္စည်းထုတ်လုပ်မှု အခြေခံပြီး လုပ်တဲ့ဟာတွေများလာတယ်။

သစ်တောတွေခုတ်တာတို့ ကျောက်စိမ်းတို့။ဒါတွေဖြစ်လာတော့ ဒါတွေအားလုံးဟာ ဘာကိုဖြစ်သလဲဆိုရင် ပဋိပက္ခကိုအားပေးတဲ့ စီးပွားရေးလုပ်ငန်းတွေဖြစ်လာတာ၊ ဖြစ်ကုန်ရော။အဲ့ဒီတော့ မှောင်ခိုဆိုလည်း မှောင်ခိုပေါ့။အဲ့ဒီတော့ ဆရာတို့အနေနဲ့ ပဋိပက္ခဖြစ်တာကို အခုမှတွေ့ပြီးတော့ အဲ့ဒီပဋိပက္ခဖြစ်တာကို ကျော်လွှားနိုင်မယ့် စီးပွားရေးလုပ်ငန်းတွေ ရှိနိုင်သလား၊ ရင်းနှီးမြှုပ်နှံမှုတွေ ရနိုင်သလားဆိုတာကို စဉ်းစားဖို့တော့လိုတယ်။အဲ့ဒီတော့ ဒီအချိန်မှာတော့ သိတဲ့အတိုင်းပဲ၊ အရဲစွန့်မှာ တရုတ်တွေပဲရှိတယ်လေ၊ ဟုတ်တယ်နော်၊ စင်ကာပူတွေရှိတယ်၊ ကိုရီးယားတွေရှိတယ်၊ ဒါ အရှေ့ကလူတွေပဲရှိတယ်။

အနောက်နိုင်ငံက နဂိုကတည်းကမှနော် ကျန်တဲ့ကိစ္စနဲ့ ပတ်သက်လို့၊ ဥပမာ လူ့အခွင့်အရေးတွေ ဘာတွေနဲ့ပတ်သက်လို့ ပြောနေတဲ့အချိန်မှာ သူတို့လာရင်းနှီးပါ ဆိုတာမျိုးကတော့ နည်းနည်းလေးခက်တယ်ကွဲ့။ဒါတောင် အဲ့ဒီနေ့က မြစ်ကြီးနားမှာ အမေရိကန် စိုက်ပျိုးရေးလုပ်ငန်းရှင်တွေ ရောက်နေတာတွေ့တယ်၊ သူတို့အနေနဲ့ ထောပတ်သီးလိုဟာမျိုးဟာ ကချင်ပြည်နယ်မှာရှိတဲ့ ရေမြေသဘာဝအရ အင်မတန်ထူးခြားတဲ့ အမျိုးအစားကို ထုတ်လုပ်နိုင်တယ် ဘာညာအထိတောင် ပြောလာတယ်။နောက်တစ်ခါ ဆရာတို့ အံ့သြသွားတာက ကချင်ပြည်နယ်မှာ ဆရာတို့ ပျားရည်ထုတ်တာတို့ ဘာတို့၊ အဲ့ဒီတော့ အခွင့်အရေးကတော့ ရှိတယ်ကွဲ့၊ လုပ်နိုင်တာတော့ရှိတယ်၊ အဲ့ဒါကို လုပ်မယ် မလုပ်ဘူး ဆိုတာက ခုနပြောသလို ကိုယ်ကလည်းပဲ လိုလိုချင်ချင်ရှိဖို့လိုတယ်။ရင်းနှီးမြှုပ်နှံမယ့်သူတွေကလည်း ဒါကိုအခွင့်အရေးတစ်ရပ်အနေနဲ့ လာပြီးတော့ ဒီကောင်တွေ ဒုက္ခရောက်နေတဲ့အချိန်မှာ ဒို့ကကြိုက်တာလုပ်မယ် ဆိုတဲ့ပုံစံ မဖြစ်အောင်တော့ ဆရာတို့ ကာကွယ်ရမှာပေါ့၊ အဲဒီလောက်ပါပဲ ထင်တယ်။

Opinion leaders ။     ။ ပြီးခဲ့တဲ့ အောက်တိုဘာလက FDI ဝင်ရောက်မှုက ပြီးခဲ့တဲ့နှစ် ကာလတူထက် အများကြီးတိုးတက်လာတယ်။ဒါပေမယ့် လက်ရှိမှာ ကုလနဲ့ အာဂျင်တီးနား တရားရုံးကနေ အတိုင်ပင်ခံရော၊ ကာချုပ်ရော လက်ရှိနဲ့ ယခင်သမ္မတတွေရော အပါအဝင်ကို တရားစွဲတာတွေ ဘာတွေ ဖြစ်လာတဲ့အခါကျတော့ ပြည်ပက ဝင်ရောက်ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုတွေမှာ ဘယ်လိုတွေဖြစ်ပေါ်လာနိုင်သလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ သဘောပေါက်ဖို့ လိုနေတာပေါ့။နိုင်ငံရေးကိစ္စတွေ ဥပမာ - တရားစွဲတဲ့ကိစ္စ၊ ICJ ။ ICJ လုပ်တဲ့ ကိစ္စတွေအားလုံးက နိုင်ငံရေးဖိအားတွေပေါ့၊ ဒါတစ်ခု အဲ့ဒီလိုနိုင်ငံရေးဖိအား လုပ်တဲ့အချိန်မှာ သူတို့က နိုင်ငံရေးဖိအားတင်မကဘူး၊ စီးပွားရေးဖိအားလည်း သူတို့ကြိုးစားချင်တယ်၊ ကြိုးစားချင်တော့ ဥပမာ - မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမယ့်သူတွေကို သူတို့အနေနဲ့ အရေးယူတာတို့ အပြစ်တင်တာတို့ လုပ်ကောင်းလုပ်မယ်၊ ဟုတ်တယ်နော်။အဲ့ဒါလည်း အန္တရာယ်တော့ရှိတယ်၊ သို့သော်လည်းပဲ ဒါကြောင့်လည်းပြောတာပေါ့၊ အခု တဖြေးတဖြေး ဆရာတို့ Look East ပေါ့နော် ။

အရှေ့ကိုလှည့်တဲ့ မဟာဗျူဟာကို ကျင့်သုံးရင်တော့ ကိုရီးယားတို့အနေနဲ့ကတော့နော် ဥပမာ - ဆိုပါတော့ ဥပမာပေးတာပါနော်။ကိုရီးယား ရင်းနှီးမြှုပ်နှံတဲ့သူဟာ အခုလိုဖြစ်တဲ့ တရားစွဲဆိုမှုနဲ့ ပတ်သက်လို့ သူတို့ခေါင်းထဲ သိပ်ရှိတာမဟုတ်ဘူး။လုပ်ငန်းရှင်တွေက။အဲ့ဒီတော့ တစ်ခုရှိတာက ဒီလုပ်ငန်းရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေက ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်တွေ။အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အမေရိကန်အစိုးရနဲ့ ခွဲဖို့လိုတယ်လေ။ဟုတ်တယ်နော်၊ ဆရာတို့လို အစိုးရက စီးပွားရေးလုပ်ငန်းတွေကို ချုပ်ကိုင်တယ်၊ အုပ်ချုပ်တဲ့အနေ အထားက ရှိတာမှမဟုတ်တာ။သူတို့မှာက စီးပွားရေးလုပ်ငန်းရှင်တွေက အကျိုးအမြတ်ရှိရင်လုပ်တာပဲ။အဲ့ဒီတော့ အဲ့ဒါလည်း ခွဲခြားကြည့်ဖို့တော့ လိုလိမ့်မယ်။

တရုတ်ကလည်း ပိုးလမ်းကိစ္စ မြန်မာပြည်ကို စိတ်ဝင်စားမှုအပြည့်ရှိနေတော့ ဒီအတွက်လည်း ကိုယ့်အတွက်က အားသာချက်တစ်ခုပဲလို့ ဆရာတော့ အောက်မေ့တာပဲ အဲ့ဒီတော့ဟုတ်တယ်၊ ခုနလို နိုင်ငံရေးဖိအားတွေကတော့ လုပ်တာပဲ၊ သူတို့လုပ်တာလည်း အဲ့ဒါဖြစ်အောင် လုပ်တာကိုး ဟုတ်တယ်မဟုတ်လား၊ နိုင်ငံရေးဖိအားတွေကနေတစ်ဆင့် စီးပွားရေးဖိအားဖြစ်အောင် လုပ်တယ်၊ ဆရာတို့က ရတဲ့အချိန်မှာ တွန်းလှန်နိုင်ဖို့က ဥပမာ - အိန္ဒိယ ဆိုပါစို့။အိန္ဒိယ ရင်းနှီးမြှုပ်နှံမှုတွေလည်း ဆရာတို့မေ့လို့မရဘူး၊ သူတို့အတွက်ကလည်း ထွက်ပေါက်က မြန်မာဖြစ်နေတယ်။တရုတ်လည်း ထွက်ပေါက်က မြန်မာဖြစ်နေတယ်ဆိုတော့ ဆရာ့စိတ်ထဲမှာနော် စီးပွားရေးက နံပါတ် ၂ နဲ့ နံပါတ် ၃ နဲ့ နီးစပ်နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်နေတော့ ခေါင်းထဲမှာသိပ်တော့မပူလှဘူး။ဒါပေမဲ့ ဖိအားပေးတာ ကောင်းသလားဆိုတော့ ဘယ်ကောင်းမလဲကွယ်။ဟုတ်တယ် မဟုတ်လား၊ ဖိအားဆိုးကြီးထဲမှာ နေရတာက အင်မတန်မကောင်းတဲ့ လက္ခဏာတွေဖြစ်တာပါ။

Opinion leaders ။     ။ အခုလက်ရှိ ရခိုင်လုံခြုံရေး အခြေအနေက တော်တော်လေး ဆိုးဆိုးဝါးဝါးဖြစ်နေတယ်။လွှတ်တော်ကိုယ်စားလှယ်ကအစ ပြန်ပေးဆွဲတဲ့ပုံစံမျိုး ဖြစ်နေတယ်။ဒီရက်ပိုင်းမှာပဲ တစ်ရက်နှစ်ရက်ပဲ ရှိသေးတယ်။ပလက်ဝကနေ ရွာ ၁၀ ရွာက လုံးလုံးပြောင်းရွှေ့ရတဲ့ အနေအထားဖြစ်တော့ စစ်ရေးခွင်အရ စစ်ဘောင်က ပိုကျယ်လာတဲ့သဘောရှိတယ်။ရင်းနှီးမြှုပ်နှံမှုအတွက် ရေနံနဲ့ သဘာဝဓာတ်ငွေ့လို ဟာမျိုးတွေက ရခိုင်ဘက်မှာပဲ အများစုရှိတဲ့အခါကျတော့ အခုအရပ်သားအစိုးရရဲ့ လက်ကျန် ၂၀၂၀ မှာ မူလခန့်မှန်းထားတဲ့ FDI ဝင်ရောက်မှုနှုန်းက ဖြစ်နိုင်ပါ့မလား။

ဒေါက်တာအောင်ထွန်းသက် ။     ။ အခု ရခိုင်လို့ပြောတဲ့အခါမှာ ARSA ဖြစ်တုန်းကလည်း ရခိုင် ရခိုင်ပြောတော့ သူတို့ထင်တာက ရခိုင်မှာ ၁၇ မြို့နယ် ရှိတယ်ဆိုတာကို နိုင်ငံတကာက မသိဘူး။ ARSA တုန်းက ၁၇ မြို့နယ်မှာ မြို့နယ်သုံးခုပဲ ပတ်သက်တာ။ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်ပဲ ပတ်သက်တာ။ကျန်တဲ့မြို့နယ်တွေက အေးအေးဆေးဆေးပဲ၊ အခု အေအေနဲ့ ပတ်သက်လို့ ဖြစ်လာပြန်ရင်လည်း အခုဖြစ်နေတာ မြေပုံတို့ ပုဏ္ဏားကျွန်းတို့ မြောက်ဦးတို့မှာ ဖြစ်တာလေ။
မဖြစ်ဘူးမဟုတ်ဘူးနော် နောက်ပိုင်းဆိုရင် လုံးဝဘာမှမဖြစ်ဘူး။ဥပမာ - ငပလီတို့ဆိုရင် ဘာမှမဆိုင်ဘူး။

ဟိုအောက်ဘက်က တောင်ကုတ်တို့၊ အမ်းတို့ ဂွတို့ ဆိုရင် သူ့ဟာသူသီးခြားချည်းပဲလေ၊ အဲ့ဒီတော့ ဆရာတို့အနေနဲ့ စဉ်းစားဖို့တွေးဖို့လိုတာက ရခိုင်ပြည်နယ်ကြီးကို ကြည့်တဲ့အခါမှာ လူတွေမြင်တဲ့ အမြင်လို ဘူးသီးတောင်၊ မောင်တော။အခုလည်းပဲ မြောက်ဦးတို့ မြေပုံတို့ အဲ့လိုတွေစဉ်းစားဖို့ မစဉ်းစားသင့်ဘဲနဲ့နော် လုံလုံခြုံခြုံရှိတဲ့နေရာမှာ လုပ်လို့ရတာကို လုပ်ဖို့ပဲ၊ ဆရာတို့ အခုပြောနေတုန်းကတောင်နော် CP ပေါ့၊ ထိုင်းကုမ္ပဏီနဲ့ စစ်တွေမှာ ကြက်ဥဖောက်တဲ့ လုပ်ငန်းလုပ်ဖို့ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်တွေရှိတယ်။ကိုရီးယားလည်း ဝင်ပြီး အထည်ချုပ်တွေ လုပ်ဖို့ရှိတယ်၊ အဲ့ဒီတော့ ရခိုင်ပြည်နယ်မှာ ပဋိပက္ခရှိတာ တစ်ဖက်ကမှန်တယ်၊ သို့သော်လည်းပဲ အေးချမ်းတဲ့ ရခိုင်ပြည်နယ် ဆိုတာလည်း ရှိသေးတာပေါ့။၁၇ မြို့နယ်စလုံး ထိခိုက်နေတဲ့ အခြေအနေမဟုတ်တာတော့ နားလည်ဖို့ လိုတာပေါ့။

Opinion leaders ။     ။ အခုလက်ရှိ နိုဝင်ဘာ ရက်ပိုင်းမှာပဲ ရန်ကုန်တိုင်းမှာ စီးပွားရေးနဲ့ပတ်သက်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုလိုက်တာရှိတယ်၊ လက်ရှိမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေကလည်း ပြန်လည်နိုးထတဲ့ အနေအထားမျိုးဖြစ်နေတယ်၊ ဒါပေမယ့် မကြာခင်က လားရှိုးကို ရှော့တိုက်ဒုံးနဲ့ ပစ်တာတွေရှိခဲ့ပါတယ်။အဲ့ဒီလမ်းကြောင်းက မြန်မာနဲ့ တရုတ် တောက်လျှောက် ကုန်သွယ်မှုလမ်းကြောင်းမှာ အဓိကကျတဲ့နေရာမှာရှိနေတော့ အခုလိုမျိုးဖြစ်လာတဲ့အခါ ကုန်သွယ်ရေးနဲ့ ပတ်သက်လို့ မူလရည်မှန်းချက်အတိုင်း ဖြစ်လာနိုင်ဖို့က နီးစပ်သလား၊ မနီးစပ်သလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ဆရာထင်တာတော့ပေါ့နော် ခုနပြောတဲ့ အားလုံးမှန်တယ်နော်။ဒါပေမဲ့ အဲ့ဒီလိုရည်မှန်းချက်တွေ ရဖို့ဆိုရင် ပုံစံအမျိုးမျိုးနဲ့ စဉ်းစားမှရတော့မယ်၊ ဒီကုန်သွယ်မှုလုပ်ငန်းမှာ ပိုးလမ်းကြီးကို အခု ဒီလိုအခက်အခဲတွေ အများကြီးရှိတဲ့အထဲမှာ ရထားလမ်းဖောက်နိုင်မယ်ဆိုပါတော့။လမ်းမကြီးဖောက်နိုင်မယ်ဆိုရင်တော့ အခြေအနေတစ်ခုရှိလာမယ်။အဲ့ဒီတော့ ဒီနေရာမှာလည်း အားလုံးသိဖို့လိုတာက ရွေးကောက်ပွဲလည်းရှိနေတာကို။အဲ့ဒီတော့ အနာဂတ်မှာရှိတဲ့ ဒီရွေးကောက်ပွဲ အခြေအနေကို ကြည့်ပြီးတော့ ကိုယ့်တိုင်းပြည် တိုးတက်စေချင်တာပဲ။တစ်ယောက်နဲ့ တစ်ယောက် ပဋိပက္ခဖြစ်နေသရွေ့ကတော့ ရင်းနှီးမြှုပ်နှံမယ့်သူက ကြောက်မှာ။ဒါပေမဲ့ အဲ့ဒီအထဲမှာပဲ တရုတ်လို လုပ်ရဲမယ့်လူတွေအတွက် အခွင့်အရေးသာမှာပဲ။အဲ့ဒီလိုအခွင့်အရေးယူချင်တဲ့သူ အားပေးဖို့ပဲလိုတယ်လို့တော့ အောက်မေ့တာပါပဲလေ။

Opinion leaders ။     ။ ဟုတ်ကဲ့ဆရာ အဲ့ဒါဆိုရင် အကုန်လုံးပြန်ခြုံလိုက်လို့ရှိရင် ကိုယ့်ရဲ့ စဉ်းစားချင့်ချိန်နိုင်ပုံနဲ့ နောက်တစ်ခါ အခွင့်အလမ်းတွေအနေနဲ့ ဥပမာတွက်ဆပြီးလို့ရှိရင် ရင်းနှီးမြှုပ်နှံဖို့အတွက် မြန်မာပြည်က အခွင့်အရေးသာတယ်ဆိုတဲ့ အနေအထားပေါ့နော် ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ဟုတ်တယ်၊ သူများမှာမရှိတဲ့ အခွင့်အရေးတွေ ကိုယ့်မှာရှိနေတာပေါ့။ကျန်သေးတယ်။တခြားနိုင်ငံဆိုရင် အားလုံးရင်းနှီးတဲ့ဟာတွေကုန်ပြီ၊ အခွင့်အရေးမရှိဘူး၊ ကိုယ့်မှာကျန်သေးတော့ အဲ့ဒီဟာကို ယူနိုင်အောင် ဆရာတို့ကြိုးစားဖို့ပဲရှိတယ်နော်။

Opinion leaders ။     ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။

‌‌ဒေါက်တာအောင်ထွန်းသက်
နို၀င်ဘာ - ၂၀
( Zawgyi )
မၾကာခင္က တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အခ်ိဳ႕တြင္ ရင္းႏွီးျမဳပ္ႏွံမႈဆိုင္ရာ ေဆြးေႏြးပြဲမ်ား ျပဳလုပ္ခဲ့ကာ တိုင္းရင္းသားေဒသမ်ားတြင္ ရင္းႏွီးျမဳပ္ႏွံမႈ တိုးတက္ရန္အတြက္ လုပ္ေဆာင္ခဲ့တာကို ေတြ႕ရပါတယ္။သို႔ေသာ္ ရခိုင္ေျမာက္ပိုင္းတြင္ ျဖစ္ပြားခဲ့သည့္ အၾကမ္းဖက္မႈကို ကိုင္တြယ္ေဆာင္႐ြက္ခဲ့ပုံႏွင့္ ပတ္သက္ကာ ကုလဆိုင္ရာ တရား႐ုံးႏွင့္ အာဂ်င္တီးနားရွိ တရား႐ုံးတစ္ခုတြင္ ျမန္မာအစိုးရ ထိပ္တန္းေခါင္းေဆာင္မ်ားကို တရားစြဲဆိုခဲ့မႈမ်ား ယခုရက္ပိုင္းအတြင္း ျဖစ္ခဲ့သျဖင့္ ျမန္မာႏိုင္ငံတြင္ လာေရာက္ရင္းႏွီးျမဳပ္ႏွံလိုသည့္ ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံသူမ်ားအေပၚ  ေတြေဝစိုးရိမ္ေစသည့္ သက္ေရာက္မႈမ်ား ျဖစ္ေပၚခဲ့ပါတယ္။ထိုသက္ေရာက္မႈက အနာဂတ္ ျမန္မာ့စီးပြားေရးႏွင့္ ႏိုင္ငံေရးအေပၚ မည္သို႔သက္ေရာက္မႈရွိႏိုင္သည့္ဆိုသည့္ အခ်က္အေပၚ  ဝါရင့္စီးပြားေရးပညာရွင္ႏွင့္ ႏိုင္ငံေတာ္သမၼတ၏ စီးပြားေရးအႀကံေပးပုဂၢိဳလ္ ဆရာ ေဒါက္တာေအာင္ထြန္းသက္အား အထူးအစီအစဥ္တစ္ရပ္အေနျဖင့္ ေမးျမန္းခဲ့ပါတယ္။လတ္တေလာ ျမန္မာ့စီးပြားေရးဆိုင္ရာ အေၾကာင္းကိစၥမ်ားအေပၚ ဆရာ ေဒါက္တာေအာင္ထြန္းသက္၏ ရႈျမင္သုံးသပ္ခ်က္ အျပည့္အစုံကို ယခုတစ္ပတ္ အထူးအစီအစဥ္အျဖစ္ ေဖာ္ျပလိုက္ပါတယ္။

(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion leaders ။     ။ လက္ရွိမွာ တိုင္းရင္းသားေဒသေတြမွာ စစ္ပြဲေတြ တိုက္ပြဲေတြ ျပန္ၿပီးေတာ့ျဖစ္လာတာ ေတြ႕ရတယ္၊ ဒါေပမဲ့ ထူးျခားခ်က္တစ္ခု ကခ်င္ဘက္ကေတာ့ ေအးေနတယ္။တိုက္ပြဲသံမၾကားရသလို ကခ်င္ဘက္မွာ တ႐ုတ္ရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈကလည္း မ်ားသလို အေျခခ်မႈကလည္း မ်ားတဲ့အခါက်ေတာ့ လက္ရွိ လာမယ့္ဘ႑ာႏွစ္မွာ ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးရင္းႏွီးျမႇဳပ္ႏွံမႈ အေနအထားက တိုင္းနဲ႔ ျပည္နယ္ကို ျဖန႔္ခြဲၿပီးလာမယ့္ အေနအထားမ်ိဳးရွိလား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဆရာ ဟိုတစ္ေန႔ကပဲ ျမစ္ႀကီးနားက ျပန္လာတာေလ၊ ျမစ္ႀကီးနားက ျပန္လာတာက Bussiness forum ေပါ့၊ Bussiness forum က ကခ်င္ျပည္နယ္မွာေပါ့၊ အဲ့ဒီေတာ့ ကခ်င္ျပည္နယ္မွာ ဆရာတို႔ၾကည့္လိုက္လို႔ရွိရင္ တိုင္းေဒသႀကီး ၁၄ ခု ရွိတဲ့အထဲမွာ ေနျပည္ေတာ္ပါရင္ ၁၅ ခုေပါ့။ခြဲလိုက္ခ်င္တာက တိုင္းေတြရယ္ ျပည္နယ္ေတြ ေဒသႀကီးေတြရယ္ ခြဲလိုက္ရင္ ျပည္နယ္ေတြအားလုံးမွာ ပဋိပကၡေတြျဖစ္တယ္၊ ပဋိပကၡျဖစ္တဲ့အခါက်ေတာ့ ဘာပဲျဖစ္ျဖစ္ ပဋိပကၡရွိတဲ့ ခ်င္းမွာေတာင္ အနည္းအက်ဥ္းရွိေနတာပဲ။ဟုတ္တယ္ မဟုတ္လား။ကယားမွာလည္းရွိတယ္ စသျဖင့္။အဲ့ဒီလိုရွိေတာ့ ပဋိပကၡျဖစ္တာနဲ႔ ဆရာတို႔ စိန္ေခၚမႈေတြကရွိလာတယ္၊ ရွိလာတဲ့အခါမွာ ဒါေပမဲ့ ဟိုအေပၚယံၾကည့္လိုက္ရင္ ပဋိပကၡျဖစ္တာနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ မလာေတာ့ဘူးလို႔ သာမန္အားျဖင့္ စဥ္းစားႏိုင္တယ္ဆိုေပမယ့္လည္း ဆရာ ဟိုတစ္ေန႔က ျမစ္ႀကီးနားမွာ ေျပာသလိုေပါ့။

အဲ့ဒီအခ်ိန္မွာ စြန႔္ရဲတဲ့သူ စြန႔္စားရဲတဲ့သူက အခြင့္အေရးပဲ။တစ္ခုပဲရွိတာက စြန႔္စားတဲ့သူသည္ ခုန ဟိုေန႔ကလည္း ေျပာတဲ့ကိစၥ တာဝန္ေက်တဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈျဖစ္ဖို႔လိုတယ္။မ်က္ျဖဴစိုက္ေလ ဆရာႀကိဳက္ေလ ဆိုတာမ်ိဳးမဟုတ္ဘဲနဲ႔ ဒီေကာင္ေတြ ဒုကၡေရာက္ေနတယ္၊ ဒို႔ ကိုယ္လုပ္ခ်င္တာ လုပ္လို႔ရတယ္ဆိုတဲ့ သေဘာထားနဲ႔ လာၿပီးရင္းႏွီးလို႔ေတာ့မရဘူး။
အဲ့ဒီေတာ့ သူမ်ားမရင္းႏွီးတဲ့အခ်ိန္မွာ စီးပြားေရးလုပ္ငန္းရွင္ဆိုတာ ဒါပဲေလ၊ အခြင့္အေရးကို ရွာရတဲ့သူေတြေလ၊ သူမ်ားမရွိတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈလုံးဝမရွိတဲ့အခ်ိန္မွာ ကိုယ္လာရင္ ကိုယ္သာတာပဲေလ၊ ဆရာတို႔အေနနဲ႔ ႀကိဳဆိုတာ အဲ့ဒီလိုႀကိဳဆိုတယ္၊ ဒါေပမဲ့ အဲ့လိုႀကိဳဆိုတဲ့ေနရာမွာ တစ္ဖက္ကလည္း ကိုယ္ကေတာ့ အာမခံခ်က္ေတြ ေပးရမွာေပါ့၊ အခုျဖစ္ေနတာက ဆရာတို႔ ေတာက္ေလွ်ာက္ေပါ့ေနာ္၊ ၁၉၄၈ ခုႏွစ္ကေတာ့ ထား၊ ၁၉၈၈ ခုႏွစ္ ေနာက္ပိုင္းမွာ ပဋိပကၡျဖစ္တဲ့ ေနရာေတြအားလုံးဟာ ဒီစီးပြားေရးလုပ္ငန္းေတြဟာ ေတာ္ေတာ္ေလး စက္႐ုံအလုပ္႐ုံေတြ မဟုတ္ေပမယ့္ သဘာဝသယံဇာတပစၥည္းထုတ္လုပ္မႈ အေျခခံၿပီး လုပ္တဲ့ဟာေတြမ်ားလာတယ္။

သစ္ေတာေတြခုတ္တာတို႔ ေက်ာက္စိမ္းတို႔။ဒါေတြျဖစ္လာေတာ့ ဒါေတြအားလုံးဟာ ဘာကိုျဖစ္သလဲဆိုရင္ ပဋိပကၡကိုအားေပးတဲ့ စီးပြားေရးလုပ္ငန္းေတြျဖစ္လာတာ၊ ျဖစ္ကုန္ေရာ။အဲ့ဒီေတာ့ ေမွာင္ခိုဆိုလည္း ေမွာင္ခိုေပါ့။အဲ့ဒီေတာ့ ဆရာတို႔အေနနဲ႔ ပဋိပကၡျဖစ္တာကို အခုမွေတြ႕ၿပီးေတာ့ အဲ့ဒီပဋိပကၡျဖစ္တာကို ေက်ာ္လႊားႏိုင္မယ့္ စီးပြားေရးလုပ္ငန္းေတြ ရွိႏိုင္သလား၊ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ရႏိုင္သလားဆိုတာကို စဥ္းစားဖို႔ေတာ့လိုတယ္။အဲ့ဒီေတာ့ ဒီအခ်ိန္မွာေတာ့ သိတဲ့အတိုင္းပဲ၊ အရဲစြန႔္မွာ တ႐ုတ္ေတြပဲရွိတယ္ေလ၊ ဟုတ္တယ္ေနာ္၊ စင္ကာပူေတြရွိတယ္၊ ကိုရီးယားေတြရွိတယ္၊ ဒါ အေရွ႕ကလူေတြပဲရွိတယ္။

အေနာက္ႏိုင္ငံက နဂိုကတည္းကမွေနာ္ က်န္တဲ့ကိစၥနဲ႔ ပတ္သက္လို႔၊ ဥပမာ လူ႔အခြင့္အေရးေတြ ဘာေတြနဲ႔ပတ္သက္လို႔ ေျပာေနတဲ့အခ်ိန္မွာ သူတို႔လာရင္းႏွီးပါ ဆိုတာမ်ိဳးကေတာ့ နည္းနည္းေလးခက္တယ္ကြဲ႕။ဒါေတာင္ အဲ့ဒီေန႔က ျမစ္ႀကီးနားမွာ အေမရိကန္ စိုက္ပ်ိဳးေရးလုပ္ငန္းရွင္ေတြ ေရာက္ေနတာေတြ႕တယ္၊ သူတို႔အေနနဲ႔ ေထာပတ္သီးလိုဟာမ်ိဳးဟာ ကခ်င္ျပည္နယ္မွာရွိတဲ့ ေရေျမသဘာဝအရ အင္မတန္ထူးျခားတဲ့ အမ်ိဳးအစားကို ထုတ္လုပ္ႏိုင္တယ္ ဘာညာအထိေတာင္ ေျပာလာတယ္။ေနာက္တစ္ခါ ဆရာတို႔ အံ့ၾသသြားတာက ကခ်င္ျပည္နယ္မွာ ဆရာတို႔ ပ်ားရည္ထုတ္တာတို႔ ဘာတို႔၊ အဲ့ဒီေတာ့ အခြင့္အေရးကေတာ့ ရွိတယ္ကြဲ႕၊ လုပ္ႏိုင္တာေတာ့ရွိတယ္၊ အဲ့ဒါကို လုပ္မယ္ မလုပ္ဘူး ဆိုတာက ခုနေျပာသလို ကိုယ္ကလည္းပဲ လိုလိုခ်င္ခ်င္ရွိဖို႔လိုတယ္။ရင္းႏွီးျမႇဳပ္ႏွံမယ့္သူေတြကလည္း ဒါကိုအခြင့္အေရးတစ္ရပ္အေနနဲ႔ လာၿပီးေတာ့ ဒီေကာင္ေတြ ဒုကၡေရာက္ေနတဲ့အခ်ိန္မွာ ဒို႔ကႀကိဳက္တာလုပ္မယ္ ဆိုတဲ့ပုံစံ မျဖစ္ေအာင္ေတာ့ ဆရာတို႔ ကာကြယ္ရမွာေပါ့၊ အဲဒီေလာက္ပါပဲ ထင္တယ္။

Opinion leaders ။     ။ ၿပီးခဲ့တဲ့ ေအာက္တိုဘာလက FDI ဝင္ေရာက္မႈက ၿပီးခဲ့တဲ့ႏွစ္ ကာလတူထက္ အမ်ားႀကီးတိုးတက္လာတယ္။ဒါေပမယ့္ လက္ရွိမွာ ကုလနဲ႔ အာဂ်င္တီးနား တရား႐ုံးကေန အတိုင္ပင္ခံေရာ၊ ကာခ်ဳပ္ေရာ လက္ရွိနဲ႔ ယခင္သမၼတေတြေရာ အပါအဝင္ကို တရားစြဲတာေတြ ဘာေတြ ျဖစ္လာတဲ့အခါက်ေတာ့ ျပည္ပက ဝင္ေရာက္ရင္းႏွီးျမႇဳပ္ႏွံမႈ ဝင္ေရာက္မႈေတြမွာ ဘယ္လိုေတြျဖစ္ေပၚလာႏိုင္သလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ သေဘာေပါက္ဖို႔ လိုေနတာေပါ့။ႏိုင္ငံေရးကိစၥေတြ ဥပမာ - တရားစြဲတဲ့ကိစၥ၊ ICJ ။ ICJ လုပ္တဲ့ ကိစၥေတြအားလုံးက ႏိုင္ငံေရးဖိအားေတြေပါ့၊ ဒါတစ္ခု အဲ့ဒီလိုႏိုင္ငံေရးဖိအား လုပ္တဲ့အခ်ိန္မွာ သူတို႔က ႏိုင္ငံေရးဖိအားတင္မကဘူး၊ စီးပြားေရးဖိအားလည္း သူတို႔ႀကိဳးစားခ်င္တယ္၊ ႀကိဳးစားခ်င္ေတာ့ ဥပမာ - ျမန္မာျပည္မွာ ရင္းႏွီးျမႇဳပ္ႏွံမယ့္သူေတြကို သူတို႔အေနနဲ႔ အေရးယူတာတို႔ အျပစ္တင္တာတို႔ လုပ္ေကာင္းလုပ္မယ္၊ ဟုတ္တယ္ေနာ္။အဲ့ဒါလည္း အႏၲရာယ္ေတာ့ရွိတယ္၊ သို႔ေသာ္လည္းပဲ ဒါေၾကာင့္လည္းေျပာတာေပါ့၊ အခု တေျဖးတေျဖး ဆရာတို႔ Look East ေပါ့ေနာ္ ။

အေရွ႕ကိုလွည့္တဲ့ မဟာဗ်ဴဟာကို က်င့္သုံးရင္ေတာ့ ကိုရီးယားတို႔အေနနဲ႔ကေတာ့ေနာ္ ဥပမာ - ဆိုပါေတာ့ ဥပမာေပးတာပါေနာ္။ကိုရီးယား ရင္းႏွီးျမႇဳပ္ႏွံတဲ့သူဟာ အခုလိုျဖစ္တဲ့ တရားစြဲဆိုမႈနဲ႔ ပတ္သက္လို႔ သူတို႔ေခါင္းထဲ သိပ္ရွိတာမဟုတ္ဘူး။လုပ္ငန္းရွင္ေတြက။အဲ့ဒီေတာ့ တစ္ခုရွိတာက ဒီလုပ္ငန္းရွင္ေတြ၊ စီးပြားေရးလုပ္ငန္းရွင္ေတြက ကိုရီးယား စီးပြားေရးလုပ္ငန္းရွင္ေတြ။အေမရိကန္ စီးပြားေရးလုပ္ငန္းရွင္ေတြနဲ႔ အေမရိကန္အစိုးရနဲ႔ ခြဲဖို႔လိုတယ္ေလ။ဟုတ္တယ္ေနာ္၊ ဆရာတို႔လို အစိုးရက စီးပြားေရးလုပ္ငန္းေတြကို ခ်ဳပ္ကိုင္တယ္၊ အုပ္ခ်ဳပ္တဲ့အေန အထားက ရွိတာမွမဟုတ္တာ။သူတို႔မွာက စီးပြားေရးလုပ္ငန္းရွင္ေတြက အက်ိဳးအျမတ္ရွိရင္လုပ္တာပဲ။အဲ့ဒီေတာ့ အဲ့ဒါလည္း ခြဲျခားၾကည့္ဖို႔ေတာ့ လိုလိမ့္မယ္။

တ႐ုတ္ကလည္း ပိုးလမ္းကိစၥ ျမန္မာျပည္ကို စိတ္ဝင္စားမႈအျပည့္ရွိေနေတာ့ ဒီအတြက္လည္း ကိုယ့္အတြက္က အားသာခ်က္တစ္ခုပဲလို႔ ဆရာေတာ့ ေအာက္ေမ့တာပဲ အဲ့ဒီေတာ့ဟုတ္တယ္၊ ခုနလို ႏိုင္ငံေရးဖိအားေတြကေတာ့ လုပ္တာပဲ၊ သူတို႔လုပ္တာလည္း အဲ့ဒါျဖစ္ေအာင္ လုပ္တာကိုး ဟုတ္တယ္မဟုတ္လား၊ ႏိုင္ငံေရးဖိအားေတြကေနတစ္ဆင့္ စီးပြားေရးဖိအားျဖစ္ေအာင္ လုပ္တယ္၊ ဆရာတို႔က ရတဲ့အခ်ိန္မွာ တြန္းလွန္ႏိုင္ဖို႔က ဥပမာ - အိႏၵိယ ဆိုပါစို႔။အိႏၵိယ ရင္းႏွီးျမႇဳပ္ႏွံမႈေတြလည္း ဆရာတို႔ေမ့လို႔မရဘူး၊ သူတို႔အတြက္ကလည္း ထြက္ေပါက္က ျမန္မာျဖစ္ေနတယ္။တ႐ုတ္လည္း ထြက္ေပါက္က ျမန္မာျဖစ္ေနတယ္ဆိုေတာ့ ဆရာ့စိတ္ထဲမွာေနာ္ စီးပြားေရးက နံပါတ္ ၂ နဲ႔ နံပါတ္ ၃ နဲ႔ နီးစပ္ေနတဲ့ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ေနေတာ့ ေခါင္းထဲမွာသိပ္ေတာ့မပူလွဘူး။ဒါေပမဲ့ ဖိအားေပးတာ ေကာင္းသလားဆိုေတာ့ ဘယ္ေကာင္းမလဲကြယ္။ဟုတ္တယ္ မဟုတ္လား၊ ဖိအားဆိုးႀကီးထဲမွာ ေနရတာက အင္မတန္မေကာင္းတဲ့ လကၡဏာေတြျဖစ္တာပါ။

Opinion leaders ။     ။ အခုလက္ရွိ ရခိုင္လုံၿခဳံေရး အေျခအေနက ေတာ္ေတာ္ေလး ဆိုးဆိုးဝါးဝါးျဖစ္ေနတယ္။လႊတ္ေတာ္ကိုယ္စားလွယ္ကအစ ျပန္ေပးဆြဲတဲ့ပုံစံမ်ိဳး ျဖစ္ေနတယ္။ဒီရက္ပိုင္းမွာပဲ တစ္ရက္ႏွစ္ရက္ပဲ ရွိေသးတယ္။ပလက္ဝကေန ႐ြာ ၁၀ ႐ြာက လုံးလုံးေျပာင္းေ႐ႊ႕ရတဲ့ အေနအထားျဖစ္ေတာ့ စစ္ေရးခြင္အရ စစ္ေဘာင္က ပိုက်ယ္လာတဲ့သေဘာရွိတယ္။ရင္းႏွီးျမႇဳပ္ႏွံမႈအတြက္ ေရနံနဲ႔ သဘာဝဓာတ္ေငြ႕လို ဟာမ်ိဳးေတြက ရခိုင္ဘက္မွာပဲ အမ်ားစုရွိတဲ့အခါက်ေတာ့ အခုအရပ္သားအစိုးရရဲ႕ လက္က်န္ ၂၀၂၀ မွာ မူလခန႔္မွန္းထားတဲ့ FDI ဝင္ေရာက္မႈႏႈန္းက ျဖစ္ႏိုင္ပါ့မလား။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အခု ရခိုင္လို႔ေျပာတဲ့အခါမွာ ARSA ျဖစ္တုန္းကလည္း ရခိုင္ ရခိုင္ေျပာေတာ့ သူတို႔ထင္တာက ရခိုင္မွာ ၁၇ ၿမိဳ႕နယ္ ရွိတယ္ဆိုတာကို ႏိုင္ငံတကာက မသိဘူး။ ARSA တုန္းက ၁၇ ၿမိဳ႕နယ္မွာ ၿမိဳ႕နယ္သုံးခုပဲ ပတ္သက္တာ။ဘူးသီးေတာင္၊ ေမာင္ေတာနဲ႔ ရေသ့ေတာင္ပဲ ပတ္သက္တာ။က်န္တဲ့ၿမိဳ႕နယ္ေတြက ေအးေအးေဆးေဆးပဲ၊ အခု ေအေအနဲ႔ ပတ္သက္လို႔ ျဖစ္လာျပန္ရင္လည္း အခုျဖစ္ေနတာ ေျမပုံတို႔ ပုဏၰားကြၽန္းတို႔ ေျမာက္ဦးတို႔မွာ ျဖစ္တာေလ။
မျဖစ္ဘူးမဟုတ္ဘူးေနာ္ ေနာက္ပိုင္းဆိုရင္ လုံးဝဘာမွမျဖစ္ဘူး။ဥပမာ - ငပလီတို႔ဆိုရင္ ဘာမွမဆိုင္ဘူး။

ဟိုေအာက္ဘက္က ေတာင္ကုတ္တို႔၊ အမ္းတို႔ ဂြတို႔ ဆိုရင္ သူ႔ဟာသူသီးျခားခ်ည္းပဲေလ၊ အဲ့ဒီေတာ့ ဆရာတို႔အေနနဲ႔ စဥ္းစားဖို႔ေတြးဖို႔လိုတာက ရခိုင္ျပည္နယ္ႀကီးကို ၾကည့္တဲ့အခါမွာ လူေတြျမင္တဲ့ အျမင္လို ဘူးသီးေတာင္၊ ေမာင္ေတာ။အခုလည္းပဲ ေျမာက္ဦးတို႔ ေျမပုံတို႔ အဲ့လိုေတြစဥ္းစားဖို႔ မစဥ္းစားသင့္ဘဲနဲ႔ေနာ္ လုံလုံၿခဳံၿခဳံရွိတဲ့ေနရာမွာ လုပ္လို႔ရတာကို လုပ္ဖို႔ပဲ၊ ဆရာတို႔ အခုေျပာေနတုန္းကေတာင္ေနာ္ CP ေပါ့၊ ထိုင္းကုမၸဏီနဲ႔ စစ္ေတြမွာ ၾကက္ဥေဖာက္တဲ့ လုပ္ငန္းလုပ္ဖို႔ ရင္းႏွီးျမႇဳပ္ႏွံမႈ အစီအစဥ္ေတြရွိတယ္။ကိုရီးယားလည္း ဝင္ၿပီး အထည္ခ်ဳပ္ေတြ လုပ္ဖို႔ရွိတယ္၊ အဲ့ဒီေတာ့ ရခိုင္ျပည္နယ္မွာ ပဋိပကၡရွိတာ တစ္ဖက္ကမွန္တယ္၊ သို႔ေသာ္လည္းပဲ ေအးခ်မ္းတဲ့ ရခိုင္ျပည္နယ္ ဆိုတာလည္း ရွိေသးတာေပါ့။၁၇ ၿမိဳ႕နယ္စလုံး ထိခိုက္ေနတဲ့ အေျခအေနမဟုတ္တာေတာ့ နားလည္ဖို႔ လိုတာေပါ့။

Opinion leaders ။     ။ အခုလက္ရွိ ႏိုဝင္ဘာ ရက္ပိုင္းမွာပဲ ရန္ကုန္တိုင္းမွာ စီးပြားေရးနဲ႔ပတ္သက္တဲ့ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ခြင့္ျပဳလိုက္တာရွိတယ္၊ လက္ရွိမွာ ေဆာက္လုပ္ေရးလုပ္ငန္းေတြကလည္း ျပန္လည္ႏိုးထတဲ့ အေနအထားမ်ိဳးျဖစ္ေနတယ္၊ ဒါေပမယ့္ မၾကာခင္က လားရႈိးကို ေရွာ့တိုက္ဒုံးနဲ႔ ပစ္တာေတြရွိခဲ့ပါတယ္။အဲ့ဒီလမ္းေၾကာင္းက ျမန္မာနဲ႔ တ႐ုတ္ ေတာက္ေလွ်ာက္ ကုန္သြယ္မႈလမ္းေၾကာင္းမွာ အဓိကက်တဲ့ေနရာမွာရွိေနေတာ့ အခုလိုမ်ိဳးျဖစ္လာတဲ့အခါ ကုန္သြယ္ေရးနဲ႔ ပတ္သက္လို႔ မူလရည္မွန္းခ်က္အတိုင္း ျဖစ္လာႏိုင္ဖို႔က နီးစပ္သလား၊ မနီးစပ္သလား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဆရာထင္တာေတာ့ေပါ့ေနာ္ ခုနေျပာတဲ့ အားလုံးမွန္တယ္ေနာ္။ဒါေပမဲ့ အဲ့ဒီလိုရည္မွန္းခ်က္ေတြ ရဖို႔ဆိုရင္ ပုံစံအမ်ိဳးမ်ိဳးနဲ႔ စဥ္းစားမွရေတာ့မယ္၊ ဒီကုန္သြယ္မႈလုပ္ငန္းမွာ ပိုးလမ္းႀကီးကို အခု ဒီလိုအခက္အခဲေတြ အမ်ားႀကီးရွိတဲ့အထဲမွာ ရထားလမ္းေဖာက္ႏိုင္မယ္ဆိုပါေတာ့။လမ္းမႀကီးေဖာက္ႏိုင္မယ္ဆိုရင္ေတာ့ အေျခအေနတစ္ခုရွိလာမယ္။အဲ့ဒီေတာ့ ဒီေနရာမွာလည္း အားလုံးသိဖို႔လိုတာက ေ႐ြးေကာက္ပြဲလည္းရွိေနတာကို။အဲ့ဒီေတာ့ အနာဂတ္မွာရွိတဲ့ ဒီေ႐ြးေကာက္ပြဲ အေျခအေနကို ၾကည့္ၿပီးေတာ့ ကိုယ့္တိုင္းျပည္ တိုးတက္ေစခ်င္တာပဲ။တစ္ေယာက္နဲ႔ တစ္ေယာက္ ပဋိပကၡျဖစ္ေနသေ႐ြ႕ကေတာ့ ရင္းႏွီးျမႇဳပ္ႏွံမယ့္သူက ေၾကာက္မွာ။ဒါေပမဲ့ အဲ့ဒီအထဲမွာပဲ တ႐ုတ္လို လုပ္ရဲမယ့္လူေတြအတြက္ အခြင့္အေရးသာမွာပဲ။အဲ့ဒီလိုအခြင့္အေရးယူခ်င္တဲ့သူ အားေပးဖို႔ပဲလိုတယ္လို႔ေတာ့ ေအာက္ေမ့တာပါပဲေလ။

Opinion leaders ။     ။ ဟုတ္ကဲ့ဆရာ အဲ့ဒါဆိုရင္ အကုန္လုံးျပန္ၿခဳံလိုက္လို႔ရွိရင္ ကိုယ့္ရဲ႕ စဥ္းစားခ်င့္ခ်ိန္ႏိုင္ပုံနဲ႔ ေနာက္တစ္ခါ အခြင့္အလမ္းေတြအေနနဲ႔ ဥပမာတြက္ဆၿပီးလို႔ရွိရင္ ရင္းႏွီးျမႇဳပ္ႏွံဖို႔အတြက္ ျမန္မာျပည္က အခြင့္အေရးသာတယ္ဆိုတဲ့ အေနအထားေပါ့ေနာ္ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဟုတ္တယ္၊ သူမ်ားမွာမရွိတဲ့ အခြင့္အေရးေတြ ကိုယ့္မွာရွိေနတာေပါ့။က်န္ေသးတယ္။တျခားႏိုင္ငံဆိုရင္ အားလုံးရင္းႏွီးတဲ့ဟာေတြကုန္ၿပီ၊ အခြင့္အေရးမရွိဘူး၊ ကိုယ့္မွာက်န္ေသးေတာ့ အဲ့ဒီဟာကို ယူႏိုင္ေအာင္ ဆရာတို႔ႀကိဳးစားဖို႔ပဲရွိတယ္ေနာ္။

Opinion leaders ။     ။ အခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ဆရာ။

‌‌ေဒါက္တာေအာင္ထြန္းသက္
ႏို၀င္ဘာ - ၂၀