【 ပညာရှင်များ၏အမြင် 】 “စီးပွားရေး သပ်သပ်ရပ်ရပ်မလုပ်ရင် နိုင်ငံရေးမှာ ရိုက်ခတ်မှုတွေ ရှိနိုင်တယ်”

【 ပညာရှင်များ၏အမြင် 】 “စီးပွားရေး သပ်သပ်ရပ်ရပ်မလုပ်ရင် နိုင်ငံရေးမှာ ရိုက်ခတ်မှုတွေ ရှိနိုင်တယ်”

မကြာမီရက်ပိုင်းက ပြုလုပ်ခဲ့သည့် လွှတ်တော်အစည်းအဝေးတွင် ပြည်တွင်သုံးငွေအဖြစ် ကျပ်ငွေကို အဓိကထားသုံးရန် နိုင်ငံခြားငွေ သုံးစွဲခွင့်မရှိဘဲ သုံးသူများကို အရေးယူရန် စီစဉ်ရန်ရှိသည်ဟု ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌက ပြောကြားခဲ့သလို ရန်ကုန်မြို့ ဖွံ့ဖြိုးရေးအတွက် ပြင်သစ်မှ ချေးငွေယူမည့် အစီအစဉ်ကို ဆိုင်းငံ့ရန် ဆုံးဖြတ်ခဲ့သည်ကို တွေ့ရသည်။လက်ကျန်သက်တမ်း နှစ်နှစ်အတွင်း ကျဆင်းနေသည့် စီးပွားရေးနှင့် အလုပ်လက်မဲ့ ပြဿနာကို ဖြေရှင်းရန် ကြိုးစားနေသည့် အစိုးရအတွက် ချေးငွေရယူရန် အခက်အခဲနှင့် လုပ်ထုံးလုပ်နည်းများဆိုင်ရာ အကြပ်အတည်းများက မည်သို့ထိခိုက်လာနိုင်သည်ကို သမ္မတ၏ စီးပွားရေးအကြံပေးနှင့် စီးပွားရေးပညာရှင်လည်းဖြစ်သူ ဆရာ ဒေါက်တာအောင်ထွန်းသက် ကို Opinion Leaders Media မှ ဆက်သွယ်မေးမြန်းခဲ့သည်။ဆရာ ဒေါက်တာအောင်ထွန်းသက် ၏ ရှုမြင်သုံးသပ်သည့် ရှုမြင်ချက် အပြည့်အစုံကို ယခုတစ်ပတ် အထူးအစီအစဉ်အဖြစ် ဖော်ပြလိုက်ပါသည်။

(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion Leaders Media ။     ။ မကြာမီက လွှတ်တော်မှာ ရန်ကုန် ဖွံ့ဖြိုးရေးအတွက် ပြင်သစ်ကယူမယ့် ချေးငွေ ယူရို သန်း ၇၀ ကို ကန့်ကွက်မှုတွေ ရှိလို့ ဆိုင်းငံ့လိုက်ရတာ တွေ့ရပါတယ် ဆရာ။ဒီလိုမျိုးဆိုင်းငံ့လိုက်တယ် ပြန်စစ်ဆေးမယ် ဆိုတဲ့အတွက် အစိုးရရဲ့ လုပ်ငန်းတွေမှာ ဘာတွေဖြစ်လာနိုင်သလဲ ဆရာ။

ဆရာ ဒေါက်တာအောင်ထွန်းသက် ။     ။ အဓိက ကတော့ကွယ် သူတို့ တစ်ဖက်နဲ့ တစ်ဖက်ပေါ့နော်။အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ ဥပဒေပြုရေးမဏ္ဍိုင် ဒီဘက်က လုပ်ထားတာကို ဒီဘက်က အခုဆိုရင် ဒါကိုကန့်ကွက်တယ် ဆိုတဲ့သဘော ပြန်ပြီးသုံးသပ်မယ် ဘာညာပေါ့။ဆရာထင်တာကတော့ ပိုပြီး နှစ်ဖက်မဏ္ဍိုင်နှစ်ခု ပိုပြီးတည်ဆောက်ဖို့ လိုမယ်လို့ အောက်မေ့တယ်။တစ်ဖက်နဲ့ တစ်ဖက် ပိုပြီးနားလည်မှု တစ်ယောက်နဲ့ တစ်ယောက်က ဆရာထင်ပါတယ် (common interest) ရှိဖို့ လိုမယ်လို့ အောက်မေ့တယ်။အခုတော့ ဖြစ်တာကလည်း နှစ်ဖက်လုံးကလည်း တစ်ပါတီတည်းဘဲလေ။ဟုတ်တယ်မလား။

အတိုက်အခံပါတီဆိုရင်တော့ တစ်မျိုးပေါ့။ဆရာတို့ အခုဖြစ်နေတာက မြန်မာပြည်မှာ တိုင်းဒေသကြီးလွှတ်တော်တွေကို ကြည့်လိုက်လို့ရှိရင် ရခိုင်နဲ့ ရှမ်းမှာတော့ အတိုက်အခံပါတီတွေ လွှမ်းမိုးတာတွေ ရှိတယ်လေ။အဲဒီတော့ အတိုက်အခံပါတီတွေ လွှမ်းမိုးတဲ့အခါမှာ အခက်အခဲရှိတာကို နားလည်ပေမယ့် ကိုယ့်အချင်းအချင်းမှာတော့ ဒီလိုဖြစ်နေတာပေါ့နော်။အဲ့ဒါတော့ ကြိုတင်ပြီး ညှိနှိုင်းဖို့ လိုမလားပေါ့နော်။ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်းရှိဖို့ လိုမလား။

အခုဖြစ်နေတာက ဒါ တစ်ဖက်နဲ့ တစ်ဖက်ကလည်း အခုနက ဆရာတို့ ကိုယ့်နိုင်ငံမှာ ဒုက္ခအများဆုံး စကားလုံးတစ်ခုဖြစ်တဲ့ (check & balance) ပေါ့။အဲဒီတော့ ကိုယ်ကယှဉ်ကြည့်ရမယ်။ကိုယ်က ဒါကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်ရမယ်ဆိုပြီးတော့ တစ်ဖက်ကလည်း အမြဲတမ်း ဒါကိုဘဲ စဉ်းစားနေတယ်။

ဟိုဘက်ကလည်း ကိုယ်လုပ်တဲ့ဟာကို ဒီအဆင်ပြေအောင် မဆောင်ရွက်ပေးဘူး။အခက်အခဲဖြစ်အောင်လုပ်တယ် ဆိုပြီးတော့ အယူအဆရှိတာကိုး။အဲဒီလိုအယူအဆ ရှိနေတာကလည်း ဒါအခုထွက်ကတည်းကဘဲ အခုကြိုကြားကြိုကြား။အခုက တစ်ခါတည်းမဟုတ်ဘူး။ပုံစံအမျိုးမျိုးနဲ့ စီမံချက်တွေနဲ့ ပတ်သက်လို့ ချေးငွေနဲ့ ပတ်သက်လို့ဆိုတော့ အဲဒီလိုဖြစ်တာ။ဆရာထင်တယ်၊ တကယ့်ကိုပေါ့နော်။အဲဒီလိုပြောတဲ့အတွက် ဆရာတို့ ပျမ်းမျှအားလုံး လက်ခံရမယ်လို့တော့ မဟုတ်ဘူး။ပြောသမျှအားလုံးကို ဂနဃဏ ကိန်းဂဏန်းနဲ့ ဆွေးနွေးပြီးဆိုရင်တော့ တစ်မျိုးကောင်းမှာပေါ့နော်။အဲဒီတော့ ဆရာတို့အနေနဲ့က ဒါဒီလိုဖြစ်တာကြီးက အရုပ်လည်းဆိုးတယ်။မဖြစ်လည်း မဖြစ်သင့်ဘူး။ဒါကိုပို ပြီးချောမွေ့အောင် ဘယ်လိုလုပ်ကြမလဲ တိုင်ပင်ကြမှ ရမယ်ထင်တယ်။ဒီအတိုင်းကတော့ သိပ်ကြည့်လို့လည်း မကောင်းဘူး။အဲဒီထဲမှာ မီဒီယာကလည်း ပါနေတာကိုး။

မီဒီယာကလည်း ပါနေတဲ့အခါကျတော့ ရိုးရိုးသားသား ဖြစ်တာကိုတောင် ဟိုတနင့်တပိုးနဲ့ ဖြစ်နိုင်တဲ့ အနေအထားဖြစ်တယ် ဆိုတော့လည်း ခက်ရပြန်ရော။ဆရာတို့အနေနဲ့ တိုက်တွန်းချင်တာကတော့ နားလည်မှုရှိအောင် လုပ်ကြပါ။မဟုတ်ရင် ဒါသိပ်နစ်နာတယ်လေ။ကိုယ်ကတော့ (common interest) ကိုဘဲ ကြည့်စေချင်တာ။ဒီ ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ပြည်သူပြည်သားတွေအတွက် အကောင်းဆုံးလုပ်တာဘဲ။

အဲဒီတော့ အဲဒီလို အခုနကလို ချေးငွေနဲ့ ပတ်သက်လာလို့ရှိရင် မသိလို့ ကန့်ကွက်တာလည်း ဖြစ်နိုင်တယ်။ဟုတ်တယ်နော်။သိရဲ့သားနဲ့ ဒါကိုမူအရ အယူအဆတွေက မတူကြဘူးလေ။အယူအဆ မတူတာကိုလည်း ရှင်သန်လာအောင် ဒါကိုလည်း ဆရာတို့က ကြိုဆိုရမယ်။အယူအဆ မတူတာကို တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုအပြည့်နဲ့ လုပ်ပါလို့ ဆရာတို့က အဲဒီလိုဘဲ တိုက်တွန်းရမှာပါဘဲ။

Opinion Leaders Media ။     ။ နောက်ကျန်တဲ့ လက်ကျန်သက်တမ်းက ၂ နှစ်ဘဲ ရှိတော့တယ် ဆရာ။အခု ရန်ကုန် ဖွံ့ဖြိုးရေးအတွက် ပြင်သစ်က ချေးငွေနဲ့ ယူပြီးလုပ်မယ့်  ရန်ကုန်မြို့ ဖွံ့ဖြိုးရေးလို စီမံကိန်းတွေက မူဝါဒအရ လိုအပ်ချက် ရှိလို့လား၊ စီးပွာရေးအရ လိုအပ်လို့ ဖော်ဆောင်ရတာလား ဆရာ။

ဆရာ ဒေါက်တာအောင်ထွန်းသက် ။     ။ အခု ဆရာတို့လုပ်တဲ့ စီမံချက်တွေအားလုံးက ကာလလတ်၊ ကာလရှည် စီမံချက်တွေ။ကာလတို တစ်နှစ်၊ နှစ်နှစ်အတွင်း နိုင်ငံရေးသက်တမ်းတစ်ခု အတွင်းမှာ ပြီးမယ့်ကိစ္စ မဟုတ်ဘူး။မဟုတ်တဲ့အတွက် ပိုပြီးသတိထားရမှာပေါ့။ဘာကြောင့်လဲဆိုတော့ ကိုယ်လုပ်တိုင်း တကယ့်ကို အကောင်အထည်ဖော်မယ့်ဟာက ဘယ်သူမှမသိဘူး။
မသိတဲ့အခါကျတော့။

ဒါပေမယ့် နောက်တစ်ခုက သတိထားဖို့လိုတာက ဒီလို (contract) တွေ သဘောတူ လက်မှတ်ထိုးတာတွေက နိုင်ငံခြားသားတွေနဲ့ လက်မှတ်ထိုးထားလို့ရှိရင် သူတို့အနေနဲ့ မျှော်လင့်တာက လူဖြစ်ဖြစ်၊ မူဖြစ်ဖြစ် ဘယ်လိုဘဲ ပြောင်းပြောင်းပေါ့။လက်မှတ်ထိုးထားတဲ့အတိုင်း ကတိကဝတ်ပြုရမယ်ဆိုတဲ့ အနေအထားကို မျှော်လင့်တာပေါ့။အဲဒီလိုမဟုတ်ဘဲနဲ့ မဟုတ်ဘူးပြောင်းရင် လက်မခံဘူးဆိုရင်တော့ ဒါလုပ်ရခက်မယ်ထင်တယ်။

အဲဒီတော့ ဆရာတို့အနေနဲ့ကတော့ ဒါလက်မှတ်ထိုးတည်းကပေါေ့လ၊ ဒီလက်မှတ်သည် စီမံချက်ကာလတစ်ခုလုံးနဲ့ ပတ်သက်တယ်။စီမံချက်တွေကလည်း အကြီးကြီးတွေ။ဟုတ်တယ်မလား။အကြီးကြီးတွေဆိုတော့ ဒါကို ခပ်ပေါ့ပေါ့စဉ်းစားလို့ကလည်း မရပြန်ဘူး။ပြီးတော့ နောက်တစ်ခုက အကြွေး။ပြောပြန်ရင်လည်း လုပ်ပြန်ရင်လည်း ဒီအကြွေးယူတဲ့သူက ဆပ်ရမှာ မဟုတ်ဘူး။နောက်လူတွေက ဆပ်ရမှာ။အဲဒီတော့ နောက်လူတွေ ဆပ်နိုင်၏ မဆပ်နိုင်၏ ဆိုတာကို ချင့်ချိန်ရဲ့လား။

နောက်တစ်ခု ဆရာတို့ စီးပွားရေးမှာ တွက်တာတစ်ခုတော့ ရှိတယ်ကွယ့်။သူတို့ ဒီမှာတေ့ာ တွက်မယ်လို့ ထင်တယ်။သူက စီမံချက်နဲ့ ပတ်သက်လို့ တစ်ခုကုန်ကျစရိတ် ဘယ်လောက်ရှိတယ် ဆိုတာကိုဘဲ ပြောတာလေ။တကယ်တမ်း ဆရာတို့ စဉ်းစားသင့်တာတော့ ဒီစီမံချက်လုပ်မယ့် ငွေကို အခြားနေရာမှာသုံးရင် အကျိုးဘယ်လိုရှိမလဲ။(Opportunity cost) ပေါေ့လ။ဆရာတို့ပြောတဲ့ အခွင့်အလမ်းစရိတ်။ဒါလေးလည်း ထည့်တွက်မလား မပြောတတ်ဘူး။ကိုယ့်သဘောကတော့ ထည့်တွက်သင့်တယ်လို့ ထင်တယ်၊ ဥပမာ - လမ်းဖောက်မလား၊ တံတားထိုးမလား။ဟုတ်တယ်နော်။ဥပမာ - စက်ရုံဆောက်မယ့်အစား ကျောင်းဆောက်မလား အစရှိသဖြင့်ပေါ့လေ။

ဆရာတို့မှာက ဘယ်အစိုးရဘဲဖြစ်ဖြစ် ရှိတဲ့ဘဏ္ဍာငွေက အကန့်အသတ်နဲ့ ဖြစ်နေတော့ ကိုယ်လုပ်ချင်တာ အားလုံးကို လုပ်ချင်သလိုလုပ်လို့ မရဘူးဖြစ်နေတယ်လေ။မလုပ်ရတော့ (choice)။ရွေးချယ်မှုလုပ်ရတာပေါ့။အဲဒီတော့ ရွေးတဲ့အခါမှာ အရွေးမှန်ဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့ ကိုယ့်မှာရှိတဲ့ ဘဏ္ဍာငွေက အကန့်အသတ်နဲ့ ဖြစ်တာကိုး။

ဒါကိုချေးလိုက်ရင် နောက်တစ်နေရာ ချေးလို့မရဘူးလေ။ဒီချေးတဲ့ဟာက ဒီစီမံချက်အတွက် ချေးလိုက်တယ်ဆိုရင် နောက်စီမံချက်အတွက်ချေးဖို့ ဆရာတို့ အကန့်အသတ်တွေ ဖြစ်သွားတယ်။ဆရာတို့အနေနဲ့ စဉ်းစားဖို့က အခွင့်အလမ်းစရိတ်ကို တွက်ချက်ဖို့လိုတယ်။မဟုတ်ရင် စီမံချက်ရဲ့ စရိတ်တစ်ခုတည်း ကြည့်နေလို့မရဘူး။ဆရာက အမြဲတမ်းပြောတာကတော့ စီးပွားရေးအရသုံးတဲ့ ပေတံတွေကို နည်းနည်းလေး ပြန်ပြီးသုံးသပ်ကြည့်ဖို့ လိုမယ်လို့ ဆရာတိုက်တွန်းတာပေါ့နော်။

Opinion Leaders Media ။     ။ မကြာခင်က စက်မှုဇုန်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေ သွားရောက်ကြည့်ရှုတာတွေ တွေ့ရပါတယ်။အဲဒီမှာ စက်မှုဇုန်တွေမှာ လမ်းတွေ၊ လျှပ်စစ်ဓာတ်အားတွေက အစ လိုအပ်ချက်တွေ ရှိနေတာကို တွေ့ရတယ်လို့ သိရပါတယ်။လက်ရှိမှာ စီးပွားရေးသမားတွေ လုပ်နိုင်ကိုင်နိုင်ဖို့ အရေးကြီးနေတာက  လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေး စတာတွေ လိုနေတယ် ဆိုပါတယ်။အခု ပြင်သစ်က ချေးမယ့်ငွေက မြို့သာယာလှပဖို့ လုပ်ဆောင်တာတွေမှာ တော်တော်ပါနေတာကို တွေ့ရပါတယ်။ဒီအစား ကျနေတဲ့ မြန်မာ့စီးပွားရေးအတွက် အထောက်အကူဖြစ်အောင် လျှပ်စစ်မီး၊ စက်မှုဇုန်တွေက လမ်းပန်းဆက်သွယ်ရေးတွေမှာ သုံးရင်ရော ဘယ်လိုဖြစ်လာနိုင်ပါသလဲ ဆရာ။

ဆရာ ဒေါက်တာအောင်ထွန်းသက် ။     ။ အဲဒီတော့ ကိုယ်တစ်ဦးချင်း စဉ်းစားတာပေါ့။ဒီဦးစားပေးမှု priority ပေါ့၊ အခု ကိုးရီးယား စီးပွားရေးအတက်မှာ တက်လာတဲ့ သမ္မတကြီးက ပတ်ချူံဝှီး ပေါ့နော်။စစ်အစိုးရ။သူက ဘာကိုဦးစားပေးလဲဆိုရင် လျှပ်စစ်မရမချင်း ဘာမှမလုပ်ဘူးလို့ ပြောတယ်။အဲဒီတော့ တစ်နိုင်ငံလုံးကို လျှပ်စစ်ရအောင် မြို့တိုင်းကို လျှပ်စစ်ရအောင် လုပ်တယ်။အဲဒီတော့ ဆရာတို့မှာလည်း ဦးစားပေး တစ်နှစ်၊ နှစ်နှစ်လောက်ကို ရက်ရက်စက်စက် လုပ်လိုက်ပြီး ကျန်တာ လုံးဝလှည့်မကြည့်ဘူး ဆိုတာမျိုးတော့ လုပ်ရင်များ ကောင်းမလားပေါ့လေ။မဟုတ်ရင် ရွေးချယ်စရာ သိပ်များတော့ ဒီဟာလည်း လုပ်ချင်တယ်၊ ဟိုဟာလည်း လုပ်ချင်တယ်ဆိုရင် လုပ်ရကိုင်ရ ခက်တယ်။ဟုတ်တယ်မလား။

အဲဒီတော့ ချေးတဲ့ ချေးငွေကလည်း အကန့်အသတ်နဲ့ရှိတယ်။နောက်တစ်ခုရှိတာက ချေးငွေနဲ့ ပတ်သက်လာလို့ရှိရင် ကမ္ဘာ့ဘဏ်တို့ (IMF) တို့က ချေးထားတဲ့ပုံစံနဲ့ ဟိုနှစ်နိုင်ငံ ချေးထားတဲ့ပုံစံက မတူပြန်ဘူး။နောက်တစ်ခါ ဆရာတို့ ဈေးကွက်ထဲမှာ ချေးထားတဲ့ပုံစံက မတူပြန်ဘူး။အဲဒီတော့ ချေးတဲ့ပြဿနာ မဟုတ်ဘူး၊ ပြန်ဆပ်တဲ့ပြဿနာ။ဆရာတို့ ပြောလို့ရှိရင် (return of investment )။တစ်ကျပ် ချေးလိုက်လို့ရှိရင် ချေးတဲ့ပမာဏ အသုံးချမှုက နှစ်ကျပ်ရမယ်ဆိုရင် ချေးသင့်တာပေါ့။အဲဒါတွေကိုတော့ ဘယ်လောက်အထိ တွက်ထားလည်း မပြောတတ်ဘူးနော်။တွက်လိမ့်မယ်လို့တော့ ထင်တာပါဘဲ။အဲဒီလိုဘဲ မျှော်လင့်ရတာပေါ့။ဟုတ်တယ်နော်။ အမှန်ကတော့ ကိန်းဂဏန်းဘဲကွယ့်။စာရင်းဇယား တိတိကျကျလုပ်ဖို့ လိုမယ်လို့ အောက်မေ့တာပါဘဲ။    

Opinion Leaders Media ။     ။ တစ်လောက ပြည်ထောင်စုလွှတ်တော်မှာ ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ ပြောသွားတာ ရှိပါတယ်။မြန်မာကျပ်ငွေ ပြည်တွင်းမှာ အဓိကထားသုံးဖို့  နိုင်ငံခြားငွေ သုံးရင်လည်း အရေးယူဖို့ လုပ်နေတယ်ဆိုတာ ပြောသွားတယ်။ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံ၊ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးတဲ့ နိုင်ငံတွေမှာ ဒီလိုကော ဖြစ်ကောဖြစ်သင့်ရဲ့လား ဆရာ။

ဆရာ ဒေါက်တာအောင်ထွန်းသက် ။     ။ အဲဒါပေါ့။ဆရာတို့ တစ်ဖက်ကတော့ ဈေးကွက်စီးပွားရေးစနစ်၊ ဈေးကွက်စီးပွားရေးစနစ်လို့ ပြောပြီးတော့ ဈေးကွက်စီးပွားရေးစနစ်ဆိုတာ အုပ်ချုပ်ရေးယန္တရားကို အတတ်နိုင်ဆုံး လျှော့တာပေါ့။ဟိုဟာနဲ့ ထိန်းတာတို့ အမိန့်နဲ့ လုပ်တာတို့က အနည်းဆုံးဖြစ်ဖို့ လိုတယ်လေ။အဲဒီတော့ တစ်ဖက်က ဈေးကွက်စီးပွားရေးစနစ်လို့ ပြောပေမယ့် တစ်ဖက်က အခုနကလို ကိုယ်လိုချင်တဲ့ အနေအထားမရှိရင် ဝင်ပြီးတော့ အတင်းဝင်လုပ်တာမျိုးဆိုရင် ဒါကြီးက ဈေးကွက်စီးပွားရေးစနစ်ရဲ့ အနှစ်သာရ ပျက်သွားမယ်လေ။အဲဒီတော့ အခုကဖြစ်နေတာက လူတွေ မြန်မာငွေသုံးမိအောင် ဘယ်လိုလုပ်မလဲ ဟုတ်တယ်မလား။အဲဒီတော့ ဒေါ်လာ ဘာကြောင့် သုံးနေရလဲဆိုတာကို စဉ်းစားဖို့ လိုတယ်လေ။

နောက်တစ်ခုက ဒေါ်လာနဲ့ ပတ်သက်လို့ စဉ်းစားဖို့ကောင်းတာကတော့ ဒါဆိုလို့ရှိရင် ထိုင်းငွေရော သုံးလို့မကောင်းဘူးလား။ဟုတ်တယ်နော်။ဆိုပါတော့။ဆရာတို့ ဒီဘက်ခြမ်းမှာရှိတဲ့ တနသာၤရီ၊ မွန်၊ ကရင်၊ ကယား၊ ရှမ်း ပေါေ့လ။အဲအထဲကနေရှိတဲ့ မြို့နယ်တွေမှာ ဒေါ်လာနဲ့မသုံးဘဲနဲ့ ထိုင်းနဲ့သုံးရင် ဘယ်လိုဖြစ်မလဲ။အဲဒီလို တရုတ်နယ်စပ်မှာ ယွမ်ငွေနဲ့သုံးရင် ဘယ်လိုဖြစ်မလဲ။အိန္ဒိယနယ်စပ်မှာ ရူပီးနဲ့သုံးရင် ဘယ်လိုဖြစ်မလဲဆိုတဲ့ အဲဒီလိုဟာမျိုးကိုတော့ စဉ်းစားဖို့တော့ လိုလိမ့်မယ်လို့ အောက်မေ့တယ်။

ဘာလို့လဲဆိုတော့ အခုဖြစ်နေတာက ဒေါ်လာကို သိပ်ပြီးလိုအပ်လို့ အခက်အခဲဖြစ်တယ်လို့ဆိုရင် ဒေါ်လာကို မသုံးမဖြစ်တဲ့သူကို သွားပြောလိုက်တဲ့အခါကျတော့ လုပ်ရကိုင်ရ အတော်ခက်သွားပြီ။ဟုတ်တယ်မလား။အဲဒါကို ဆရာထင်တယ်လေ။ကိုယ့်စိတ်ထဲတော့ အမိန့်အာဏာနဲ့လုပ်တဲ့ ဉာဉ်ကလည်း ရှိနေသေးတာကိုး။ရှိနေသေးတာ အဲဒီဟာက သူတို့စိတ်ထဲမှာ အမိန့်နဲ့လုပ်ရင်ရတယ်။
ကြေညာချက်နဲ့ ပြီးတယ်လို့ ဒါကတော့လွယ်တာကိုး။

ငါထုတ်လိုက်တယ်ဆိုပြီး ကိုယ်ကိုယ့်ကိုယ်ကျေနပ်သွားတာ။တကယ်ထိရောက်သလား၊ မထိရောက်ဘူးလား ဆိုတာကို ဘယ်သူမှ မဆန်းစစ်ဘူး ဖြစ်နေတယ်။တကယ်တမ်းတော့ ဖြစ်သင့်တာကတော့ မြန်မာငွေသုံးချင်အောင် ဘယ်လိုလုပ်မလဲ။ ဟုတ်တယ်နော်။ဒေါ်လာမကိုင်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ မက်လုံးတွေ။

ဆရာတို့ အခု မနေ့တစ်နေ့ကတောင် ပုသိမ်ရောက်တဲ့အခါကျတော့ ကန်သုံးဆင့်၊ အင်မတန်လှပတဲ့ နေရာတွေမှာ အမှိုက်တွေ။တကယ့်ကို ရက်ရက်စက်စက် ဖျက်နေတာ။အမှိုက်တွေ သိမ်းဖို့ကို အာဏာစက်နဲ့ လုပ်မယ့်အစား အခုအမှိုက်တွေကို ကောက်တဲ့သူတွေရှိတယ် မဟုတ်လား။ပုလင်းခွံတွေကောက်တယ်။ ပြီးတော့ ဘီယာခွံတွေ ဘာတွေ ကောက်တယ်။ကောက်တာ ဘာလို့လဲဆိုတော့ ကောက်ပြီးတော့ ပုလင်းသွားချိန်ရင် သူက ပိုက်ဆံရတာကိုး။အဲဒါဆိုရင်လည်း ဆရာတို့ အမှိုက်အစုတ်တွေကို အဲလိုကောက်ပြီးတော့ အလေးချိန်နဲ့ချိန်ပြီးတော့ ဆရာတို့ ဝယ်ပေးရင် မရဘူးလား။အဲ့ဒါဆိုရင် ပုံစံတစ်မျိုးနဲ့ရမလား။

ကိုယ်ကတော့ကွယ် စောနကပြောတဲ့ ဈေးကွက်စီးပွားရေးနဲ့ ဆိုင်တာလား။ဈေးကွက်စီးပွားရေးက လူတိုင်းမှာ ဗဟိုဆန္ဒရှိတယ်ပေါ့။အဲဒီတော့ လူတစ်ယောက် လုပ်ချင်အောင် ဘယ်လိုမက်လုံးပေးမလဲ ဆိုတာကိုဘဲ စဉ်းစားသင့်တယ်။အခုကတော့ လုပ်ချင်အောင် “ဇိကုပ်ပြီး နတ်ပြည်တင်သလို” ပေါ့။မလုပ်ရင် ဒဏ်တပ်မယ်၊ မလုပ်ရင် ရိုက်မယ် ဆိုတဲ့ဟာမျိုး။

လုပ်ချင်အောင် လုပ်ပေးရင် ရိုက်စရာ မလိုဘူးလေ။လူဆိုတာ ဒီကလေးကို ဆုံးမတဲ့နေရာမှာ ပုံစံတစ်မျိုး ရှိတယ်လေ။ကလေးကို ရိုက်ပြီးတော့ဆုံးမတာ တစ်မျိုး။ဆရာတို့က ကိုယ့်ဘက်ပါလာအောင် လုပ်ချင်တဲ့ဟာထက်ကို ကိုယ်ဒါလုပ်ရင် ရရမယ်ဆိုတာမျိုးဖြစ်တော့ ခက်ခဲတာပေါ့လေ။အဲဒါပေါ့။စည်းရုံးမှုကျတာ ကိုယ့်အပေါ် နိုင်ငံရေး အမြတ်လည်း လျော့တယ်။ကိုယ့်ယုံကြည်မှုလည်း ကိုယ့်ကို တကယ့်ကို ယုံယုံကြည်ကြည်နဲ့ အားပေးခဲ့တဲ့သူ ထောက်ခံခဲ့တဲ့သူတွေ စိတ်ဓါတ်ကျတာမျိုးတွေပေါ့။

ဒါကြောင့် ဆရာအမြဲတမ်းပြောတာပေါ့။နိုင်ငံရေးဘောဂဗေဒ။စီးပွားရေးလုပ်တာကို သပ်သပ်ရပ်ရပ် မလုပ်ရင် နိုင်ငံရေးမှာ ဆရာတို့ ရိုက်ခတ်မှုတွေ ရှိနိုင်တယ်။နိုင်ငံရေးကို သပ်သပ်ရပ်ရပ်မလုပ်ရင် စီးပွားရေးမှာ ထိလာမယ်။အဲဒါကတော့ ဆရာတို့က မျက်ဝါးထင်ထင် မြင်နေရတဲ့ ကိစ္စပါဘဲ။  

Opinion Leaders Media ။      ။ ယခုလို အချိန်ယူဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။

ဒေါက်တာအောင်ထွန်းသက်
နိုဝင်ဘာ - ၂၉
( Zawgyi )
မၾကာမီရက္ပိုင္းက ျပဳလုပ္ခဲ့သည့္ လႊတ္ေတာ္အစည္းအေဝးတြင္ ျပည္တြင္သုံးေငြအျဖစ္ က်ပ္ေငြကို အဓိကထားသုံးရန္ ႏိုင္ငံျခားေငြ သုံးစြဲခြင့္မရွိဘဲ သုံးသူမ်ားကို အေရးယူရန္ စီစဥ္ရန္ရွိသည္ဟု ဗဟိုဘဏ္ ဒု-ဥကၠ႒က ေျပာၾကားခဲ့သလို ရန္ကုန္ၿမိဳ႕ ဖြံ႕ၿဖိဳးေရးအတြက္ ျပင္သစ္မွ ေခ်းေငြယူမည့္ အစီအစဥ္ကို ဆိုင္းငံ့ရန္ ဆုံးျဖတ္ခဲ့သည္ကို ေတြ႕ရသည္။လက္က်န္သက္တမ္း ႏွစ္ႏွစ္အတြင္း က်ဆင္းေနသည့္ စီးပြားေရးႏွင့္ အလုပ္လက္မဲ့ ျပႆနာကို ေျဖရွင္းရန္ ႀကိဳးစားေနသည့္ အစိုးရအတြက္ ေခ်းေငြရယူရန္ အခက္အခဲႏွင့္ လုပ္ထုံးလုပ္နည္းမ်ားဆိုင္ရာ အၾကပ္အတည္းမ်ားက မည္သို႔ထိခိုက္လာႏိုင္သည္ကို သမၼတ၏ စီးပြားေရးအႀကံေပးႏွင့္ စီးပြားေရးပညာရွင္လည္းျဖစ္သူ ဆရာ ေဒါက္တာေအာင္ထြန္းသက္ ကို Opinion Leaders Media မွ ဆက္သြယ္ေမးျမန္းခဲ့သည္။ဆရာ ေဒါက္တာေအာင္ထြန္းသက္ ၏ ရႈျမင္သုံးသပ္သည့္ ရႈျမင္ခ်က္ အျပည့္အစုံကို ယခုတစ္ပတ္ အထူးအစီအစဥ္အျဖစ္ ေဖာ္ျပလိုက္ပါသည္။

(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion Leaders Media ။     ။ မၾကာမီက လႊတ္ေတာ္မွာ ရန္ကုန္ ဖြံ႕ၿဖိဳးေရးအတြက္ ျပင္သစ္ကယူမယ့္ ေခ်းေငြ ယူ႐ို သန္း ၇၀ ကို ကန႔္ကြက္မႈေတြ ရွိလို႔ ဆိုင္းငံ့လိုက္ရတာ ေတြ႕ရပါတယ္ ဆရာ။ဒီလိုမ်ိဳးဆိုင္းငံ့လိုက္တယ္ ျပန္စစ္ေဆးမယ္ ဆိုတဲ့အတြက္ အစိုးရရဲ႕ လုပ္ငန္းေတြမွာ ဘာေတြျဖစ္လာႏိုင္သလဲ ဆရာ။

ဆရာ ေဒါက္တာေအာင္ထြန္းသက္ ။     ။ အဓိက ကေတာ့ကြယ္ သူတို႔ တစ္ဖက္နဲ႔ တစ္ဖက္ေပါ့ေနာ္။အုပ္ခ်ဳပ္ေရးမ႑ိဳင္နဲ႔ ဥပေဒျပဳေရးမ႑ိဳင္ ဒီဘက္က လုပ္ထားတာကို ဒီဘက္က အခုဆိုရင္ ဒါကိုကန႔္ကြက္တယ္ ဆိုတဲ့သေဘာ ျပန္ၿပီးသုံးသပ္မယ္ ဘာညာေပါ့။ဆရာထင္တာကေတာ့ ပိုၿပီး ႏွစ္ဖက္မ႑ိဳင္ႏွစ္ခု ပိုၿပီးတည္ေဆာက္ဖို႔ လိုမယ္လို႔ ေအာက္ေမ့တယ္။တစ္ဖက္နဲ႔ တစ္ဖက္ ပိုၿပီးနားလည္မႈ တစ္ေယာက္နဲ႔ တစ္ေယာက္က ဆရာထင္ပါတယ္ (common interest) ရွိဖို႔ လိုမယ္လို႔ ေအာက္ေမ့တယ္။အခုေတာ့ ျဖစ္တာကလည္း ႏွစ္ဖက္လုံးကလည္း တစ္ပါတီတည္းဘဲေလ။ဟုတ္တယ္မလား။

အတိုက္အခံပါတီဆိုရင္ေတာ့ တစ္မ်ိဳးေပါ့။ဆရာတို႔ အခုျဖစ္ေနတာက ျမန္မာျပည္မွာ တိုင္းေဒသႀကီးလႊတ္ေတာ္ေတြကို ၾကည့္လိုက္လို႔ရွိရင္ ရခိုင္နဲ႔ ရွမ္းမွာေတာ့ အတိုက္အခံပါတီေတြ လႊမ္းမိုးတာေတြ ရွိတယ္ေလ။အဲဒီေတာ့ အတိုက္အခံပါတီေတြ လႊမ္းမိုးတဲ့အခါမွာ အခက္အခဲရွိတာကို နားလည္ေပမယ့္ ကိုယ့္အခ်င္းအခ်င္းမွာေတာ့ ဒီလိုျဖစ္ေနတာေပါ့ေနာ္။အဲ့ဒါေတာ့ ႀကိဳတင္ၿပီး ညႇိႏႈိင္းဖို႔ လိုမလားေပါ့ေနာ္။ရင္းရင္းႏွီးႏွီး ပြင့္ပြင့္လင္းလင္းရွိဖို႔ လိုမလား။

အခုျဖစ္ေနတာက ဒါ တစ္ဖက္နဲ႔ တစ္ဖက္ကလည္း အခုနက ဆရာတို႔ ကိုယ့္ႏိုင္ငံမွာ ဒုကၡအမ်ားဆုံး စကားလုံးတစ္ခုျဖစ္တဲ့ (check & balance) ေပါ့။အဲဒီေတာ့ ကိုယ္ကယွဥ္ၾကည့္ရမယ္။ကိုယ္က ဒါကို သပ္သပ္ရပ္ရပ္ျဖစ္ေအာင္ လုပ္ရမယ္ဆိုၿပီးေတာ့ တစ္ဖက္ကလည္း အၿမဲတမ္း ဒါကိုဘဲ စဥ္းစားေနတယ္။

ဟိုဘက္ကလည္း ကိုယ္လုပ္တဲ့ဟာကို ဒီအဆင္ေျပေအာင္ မေဆာင္႐ြက္ေပးဘူး။အခက္အခဲျဖစ္ေအာင္လုပ္တယ္ ဆိုၿပီးေတာ့ အယူအဆရွိတာကိုး။အဲဒီလိုအယူအဆ ရွိေနတာကလည္း ဒါအခုထြက္ကတည္းကဘဲ အခုႀကိဳၾကားႀကိဳၾကား။အခုက တစ္ခါတည္းမဟုတ္ဘူး။ပုံစံအမ်ိဳးမ်ိဳးနဲ႔ စီမံခ်က္ေတြနဲ႔ ပတ္သက္လို႔ ေခ်းေငြနဲ႔ ပတ္သက္လို႔ဆိုေတာ့ အဲဒီလိုျဖစ္တာ။ဆရာထင္တယ္၊ တကယ့္ကိုေပါ့ေနာ္။အဲဒီလိုေျပာတဲ့အတြက္ ဆရာတို႔ ပ်မ္းမွ်အားလုံး လက္ခံရမယ္လို႔ေတာ့ မဟုတ္ဘူး။ေျပာသမွ်အားလုံးကို ဂနဃဏ ကိန္းဂဏန္းနဲ႔ ေဆြးေႏြးၿပီးဆိုရင္ေတာ့ တစ္မ်ိဳးေကာင္းမွာေပါ့ေနာ္။အဲဒီေတာ့ ဆရာတို႔အေနနဲ႔က ဒါဒီလိုျဖစ္တာႀကီးက အ႐ုပ္လည္းဆိုးတယ္။မျဖစ္လည္း မျဖစ္သင့္ဘူး။ဒါကိုပို ၿပီးေခ်ာေမြ႕ေအာင္ ဘယ္လိုလုပ္ၾကမလဲ တိုင္ပင္ၾကမွ ရမယ္ထင္တယ္။ဒီအတိုင္းကေတာ့ သိပ္ၾကည့္လို႔လည္း မေကာင္းဘူး။အဲဒီထဲမွာ မီဒီယာကလည္း ပါေနတာကိုး။

မီဒီယာကလည္း ပါေနတဲ့အခါက်ေတာ့ ႐ိုး႐ိုးသားသား ျဖစ္တာကိုေတာင္ ဟိုတနင့္တပိုးနဲ႔ ျဖစ္ႏိုင္တဲ့ အေနအထားျဖစ္တယ္ ဆိုေတာ့လည္း ခက္ရျပန္ေရာ။ဆရာတို႔အေနနဲ႔ တိုက္တြန္းခ်င္တာကေတာ့ နားလည္မႈရွိေအာင္ လုပ္ၾကပါ။မဟုတ္ရင္ ဒါသိပ္နစ္နာတယ္ေလ။ကိုယ္ကေတာ့ (common interest) ကိုဘဲ ၾကည့္ေစခ်င္တာ။ဒီ ရန္ကုန္တိုင္းေဒသႀကီးမွာရွိတဲ့ ျပည္သူျပည္သားေတြအတြက္ အေကာင္းဆုံးလုပ္တာဘဲ။

အဲဒီေတာ့ အဲဒီလို အခုနကလို ေခ်းေငြနဲ႔ ပတ္သက္လာလို႔ရွိရင္ မသိလို႔ ကန႔္ကြက္တာလည္း ျဖစ္ႏိုင္တယ္။ဟုတ္တယ္ေနာ္။သိရဲ႕သားနဲ႔ ဒါကိုမူအရ အယူအဆေတြက မတူၾကဘူးေလ။အယူအဆ မတူတာကိုလည္း ရွင္သန္လာေအာင္ ဒါကိုလည္း ဆရာတို႔က ႀကိဳဆိုရမယ္။အယူအဆ မတူတာကို တစ္ေယာက္နဲ႔ တစ္ေယာက္ နားလည္မႈအျပည့္နဲ႔ လုပ္ပါလို႔ ဆရာတို႔က အဲဒီလိုဘဲ တိုက္တြန္းရမွာပါဘဲ။

Opinion Leaders Media ။     ။ ေနာက္က်န္တဲ့ လက္က်န္သက္တမ္းက ၂ ႏွစ္ဘဲ ရွိေတာ့တယ္ ဆရာ။အခု ရန္ကုန္ ဖြံ႕ၿဖိဳးေရးအတြက္ ျပင္သစ္က ေခ်းေငြနဲ႔ ယူၿပီးလုပ္မယ့္  ရန္ကုန္ၿမိဳ႕ ဖြံ႕ၿဖိဳးေရးလို စီမံကိန္းေတြက မူဝါဒအရ လိုအပ္ခ်က္ ရွိလို႔လား၊ စီးပြာေရးအရ လိုအပ္လို႔ ေဖာ္ေဆာင္ရတာလား ဆရာ။

ဆရာ ေဒါက္တာေအာင္ထြန္းသက္ ။     ။ အခု ဆရာတို႔လုပ္တဲ့ စီမံခ်က္ေတြအားလုံးက ကာလလတ္၊ ကာလရွည္ စီမံခ်က္ေတြ။ကာလတို တစ္ႏွစ္၊ ႏွစ္ႏွစ္အတြင္း ႏိုင္ငံေရးသက္တမ္းတစ္ခု အတြင္းမွာ ၿပီးမယ့္ကိစၥ မဟုတ္ဘူး။မဟုတ္တဲ့အတြက္ ပိုၿပီးသတိထားရမွာေပါ့။ဘာေၾကာင့္လဲဆိုေတာ့ ကိုယ္လုပ္တိုင္း တကယ့္ကို အေကာင္အထည္ေဖာ္မယ့္ဟာက ဘယ္သူမွမသိဘူး။
မသိတဲ့အခါက်ေတာ့။

ဒါေပမယ့္ ေနာက္တစ္ခုက သတိထားဖို႔လိုတာက ဒီလို (contract) ေတြ သေဘာတူ လက္မွတ္ထိုးတာေတြက ႏိုင္ငံျခားသားေတြနဲ႔ လက္မွတ္ထိုးထားလို႔ရွိရင္ သူတို႔အေနနဲ႔ ေမွ်ာ္လင့္တာက လူျဖစ္ျဖစ္၊ မူျဖစ္ျဖစ္ ဘယ္လိုဘဲ ေျပာင္းေျပာင္းေပါ့။လက္မွတ္ထိုးထားတဲ့အတိုင္း ကတိကဝတ္ျပဳရမယ္ဆိုတဲ့ အေနအထားကို ေမွ်ာ္လင့္တာေပါ့။အဲဒီလိုမဟုတ္ဘဲနဲ႔ မဟုတ္ဘူးေျပာင္းရင္ လက္မခံဘူးဆိုရင္ေတာ့ ဒါလုပ္ရခက္မယ္ထင္တယ္။

အဲဒီေတာ့ ဆရာတို႔အေနနဲ႔ကေတာ့ ဒါလက္မွတ္ထိုးတည္းကေပါေ့လ၊ ဒီလက္မွတ္သည္ စီမံခ်က္ကာလတစ္ခုလုံးနဲ႔ ပတ္သက္တယ္။စီမံခ်က္ေတြကလည္း အႀကီးႀကီးေတြ။ဟုတ္တယ္မလား။အႀကီးႀကီးေတြဆိုေတာ့ ဒါကို ခပ္ေပါ့ေပါ့စဥ္းစားလို႔ကလည္း မရျပန္ဘူး။ၿပီးေတာ့ ေနာက္တစ္ခုက အေႂကြး။ေျပာျပန္ရင္လည္း လုပ္ျပန္ရင္လည္း ဒီအေႂကြးယူတဲ့သူက ဆပ္ရမွာ မဟုတ္ဘူး။ေနာက္လူေတြက ဆပ္ရမွာ။အဲဒီေတာ့ ေနာက္လူေတြ ဆပ္ႏိုင္၏ မဆပ္ႏိုင္၏ ဆိုတာကို ခ်င့္ခ်ိန္ရဲ႕လား။

ေနာက္တစ္ခု ဆရာတို႔ စီးပြားေရးမွာ တြက္တာတစ္ခုေတာ့ ရွိတယ္ကြယ့္။သူတို႔ ဒီမွာေတ့ာ တြက္မယ္လို႔ ထင္တယ္။သူက စီမံခ်က္နဲ႔ ပတ္သက္လို႔ တစ္ခုကုန္က်စရိတ္ ဘယ္ေလာက္ရွိတယ္ ဆိုတာကိုဘဲ ေျပာတာေလ။တကယ္တမ္း ဆရာတို႔ စဥ္းစားသင့္တာေတာ့ ဒီစီမံခ်က္လုပ္မယ့္ ေငြကို အျခားေနရာမွာသုံးရင္ အက်ိဳးဘယ္လိုရွိမလဲ။(Opportunity cost) ေပါေ့လ။ဆရာတို႔ေျပာတဲ့ အခြင့္အလမ္းစရိတ္။ဒါေလးလည္း ထည့္တြက္မလား မေျပာတတ္ဘူး။ကိုယ့္သေဘာကေတာ့ ထည့္တြက္သင့္တယ္လို႔ ထင္တယ္၊ ဥပမာ - လမ္းေဖာက္မလား၊ တံတားထိုးမလား။ဟုတ္တယ္ေနာ္။ဥပမာ - စက္႐ုံေဆာက္မယ့္အစား ေက်ာင္းေဆာက္မလား အစရွိသျဖင့္ေပါ့ေလ။

ဆရာတို႔မွာက ဘယ္အစိုးရဘဲျဖစ္ျဖစ္ ရွိတဲ့ဘ႑ာေငြက အကန႔္အသတ္နဲ႔ ျဖစ္ေနေတာ့ ကိုယ္လုပ္ခ်င္တာ အားလုံးကို လုပ္ခ်င္သလိုလုပ္လို႔ မရဘူးျဖစ္ေနတယ္ေလ။မလုပ္ရေတာ့ (choice)။ေ႐ြးခ်ယ္မႈလုပ္ရတာေပါ့။အဲဒီေတာ့ ေ႐ြးတဲ့အခါမွာ အေ႐ြးမွန္ဖို႔လိုတယ္။ဘာေၾကာင့္လဲဆိုေတာ့ ကိုယ့္မွာရွိတဲ့ ဘ႑ာေငြက အကန႔္အသတ္နဲ႔ ျဖစ္တာကိုး။

ဒါကိုေခ်းလိုက္ရင္ ေနာက္တစ္ေနရာ ေခ်းလို႔မရဘူးေလ။ဒီေခ်းတဲ့ဟာက ဒီစီမံခ်က္အတြက္ ေခ်းလိုက္တယ္ဆိုရင္ ေနာက္စီမံခ်က္အတြက္ေခ်းဖို႔ ဆရာတို႔ အကန႔္အသတ္ေတြ ျဖစ္သြားတယ္။ဆရာတို႔အေနနဲ႔ စဥ္းစားဖို႔က အခြင့္အလမ္းစရိတ္ကို တြက္ခ်က္ဖို႔လိုတယ္။မဟုတ္ရင္ စီမံခ်က္ရဲ႕ စရိတ္တစ္ခုတည္း ၾကည့္ေနလို႔မရဘူး။ဆရာက အၿမဲတမ္းေျပာတာကေတာ့ စီးပြားေရးအရသုံးတဲ့ ေပတံေတြကို နည္းနည္းေလး ျပန္ၿပီးသုံးသပ္ၾကည့္ဖို႔ လိုမယ္လို႔ ဆရာတိုက္တြန္းတာေပါ့ေနာ္။

Opinion Leaders Media ။     ။ မၾကာခင္က စက္မႈဇုန္ေတြကို လႊတ္ေတာ္ကိုယ္စားလွယ္ေတြ သြားေရာက္ၾကည့္ရႈတာေတြ ေတြ႕ရပါတယ္။အဲဒီမွာ စက္မႈဇုန္ေတြမွာ လမ္းေတြ၊ လွ်ပ္စစ္ဓာတ္အားေတြက အစ လိုအပ္ခ်က္ေတြ ရွိေနတာကို ေတြ႕ရတယ္လို႔ သိရပါတယ္။လက္ရွိမွာ စီးပြားေရးသမားေတြ လုပ္ႏိုင္ကိုင္ႏိုင္ဖို႔ အေရးႀကီးေနတာက  လွ်ပ္စစ္မီး၊ လမ္းပန္းဆက္သြယ္ေရး စတာေတြ လိုေနတယ္ ဆိုပါတယ္။အခု ျပင္သစ္က ေခ်းမယ့္ေငြက ၿမိဳ႕သာယာလွပဖို႔ လုပ္ေဆာင္တာေတြမွာ ေတာ္ေတာ္ပါေနတာကို ေတြ႕ရပါတယ္။ဒီအစား က်ေနတဲ့ ျမန္မာ့စီးပြားေရးအတြက္ အေထာက္အကူျဖစ္ေအာင္ လွ်ပ္စစ္မီး၊ စက္မႈဇုန္ေတြက လမ္းပန္းဆက္သြယ္ေရးေတြမွာ သုံးရင္ေရာ ဘယ္လိုျဖစ္လာႏိုင္ပါသလဲ ဆရာ။

ဆရာ ေဒါက္တာေအာင္ထြန္းသက္ ။     ။ အဲဒီေတာ့ ကိုယ္တစ္ဦးခ်င္း စဥ္းစားတာေပါ့။ဒီဦးစားေပးမႈ priority ေပါ့၊ အခု ကိုးရီးယား စီးပြားေရးအတက္မွာ တက္လာတဲ့ သမၼတႀကီးက ပတ္ခ်ဴံဝွီး ေပါ့ေနာ္။စစ္အစိုးရ။သူက ဘာကိုဦးစားေပးလဲဆိုရင္ လွ်ပ္စစ္မရမခ်င္း ဘာမွမလုပ္ဘူးလို႔ ေျပာတယ္။အဲဒီေတာ့ တစ္ႏိုင္ငံလုံးကို လွ်ပ္စစ္ရေအာင္ ၿမိဳ႕တိုင္းကို လွ်ပ္စစ္ရေအာင္ လုပ္တယ္။အဲဒီေတာ့ ဆရာတို႔မွာလည္း ဦးစားေပး တစ္ႏွစ္၊ ႏွစ္ႏွစ္ေလာက္ကို ရက္ရက္စက္စက္ လုပ္လိုက္ၿပီး က်န္တာ လုံးဝလွည့္မၾကည့္ဘူး ဆိုတာမ်ိဳးေတာ့ လုပ္ရင္မ်ား ေကာင္းမလားေပါ့ေလ။မဟုတ္ရင္ ေ႐ြးခ်ယ္စရာ သိပ္မ်ားေတာ့ ဒီဟာလည္း လုပ္ခ်င္တယ္၊ ဟိုဟာလည္း လုပ္ခ်င္တယ္ဆိုရင္ လုပ္ရကိုင္ရ ခက္တယ္။ဟုတ္တယ္မလား။

အဲဒီေတာ့ ေခ်းတဲ့ ေခ်းေငြကလည္း အကန႔္အသတ္နဲ႔ရွိတယ္။ေနာက္တစ္ခုရွိတာက ေခ်းေငြနဲ႔ ပတ္သက္လာလို႔ရွိရင္ ကမာၻ႔ဘဏ္တို႔ (IMF) တို႔က ေခ်းထားတဲ့ပုံစံနဲ႔ ဟိုႏွစ္ႏိုင္ငံ ေခ်းထားတဲ့ပုံစံက မတူျပန္ဘူး။ေနာက္တစ္ခါ ဆရာတို႔ ေဈးကြက္ထဲမွာ ေခ်းထားတဲ့ပုံစံက မတူျပန္ဘူး။အဲဒီေတာ့ ေခ်းတဲ့ျပႆနာ မဟုတ္ဘူး၊ ျပန္ဆပ္တဲ့ျပႆနာ။ဆရာတို႔ ေျပာလို႔ရွိရင္ (return of investment )။တစ္က်ပ္ ေခ်းလိုက္လို႔ရွိရင္ ေခ်းတဲ့ပမာဏ အသုံးခ်မႈက ႏွစ္က်ပ္ရမယ္ဆိုရင္ ေခ်းသင့္တာေပါ့။အဲဒါေတြကိုေတာ့ ဘယ္ေလာက္အထိ တြက္ထားလည္း မေျပာတတ္ဘူးေနာ္။တြက္လိမ့္မယ္လို႔ေတာ့ ထင္တာပါဘဲ။အဲဒီလိုဘဲ ေမွ်ာ္လင့္ရတာေပါ့။ဟုတ္တယ္ေနာ္။ အမွန္ကေတာ့ ကိန္းဂဏန္းဘဲကြယ့္။စာရင္းဇယား တိတိက်က်လုပ္ဖို႔ လိုမယ္လို႔ ေအာက္ေမ့တာပါဘဲ။    

Opinion Leaders Media ။     ။ တစ္ေလာက ျပည္ေထာင္စုလႊတ္ေတာ္မွာ ဗဟိုဘဏ္ ဒု-ဥကၠ႒ ေျပာသြားတာ ရွိပါတယ္။ျမန္မာက်ပ္ေငြ ျပည္တြင္းမွာ အဓိကထားသုံးဖို႔  ႏိုင္ငံျခားေငြ သုံးရင္လည္း အေရးယူဖို႔ လုပ္ေနတယ္ဆိုတာ ေျပာသြားတယ္။ဒီမိုကေရစီက်င့္သုံးတဲ့ ႏိုင္ငံ၊ ေဈးကြက္စီးပြားေရးစနစ္ က်င့္သုံးတဲ့ ႏိုင္ငံေတြမွာ ဒီလိုေကာ ျဖစ္ေကာျဖစ္သင့္ရဲ႕လား ဆရာ။

ဆရာ ေဒါက္တာေအာင္ထြန္းသက္ ။     ။ အဲဒါေပါ့။ဆရာတို႔ တစ္ဖက္ကေတာ့ ေဈးကြက္စီးပြားေရးစနစ္၊ ေဈးကြက္စီးပြားေရးစနစ္လို႔ ေျပာၿပီးေတာ့ ေဈးကြက္စီးပြားေရးစနစ္ဆိုတာ အုပ္ခ်ဳပ္ေရးယႏၲရားကို အတတ္ႏိုင္ဆုံး ေလွ်ာ့တာေပါ့။ဟိုဟာနဲ႔ ထိန္းတာတို႔ အမိန႔္နဲ႔ လုပ္တာတို႔က အနည္းဆုံးျဖစ္ဖို႔ လိုတယ္ေလ။အဲဒီေတာ့ တစ္ဖက္က ေဈးကြက္စီးပြားေရးစနစ္လို႔ ေျပာေပမယ့္ တစ္ဖက္က အခုနကလို ကိုယ္လိုခ်င္တဲ့ အေနအထားမရွိရင္ ဝင္ၿပီးေတာ့ အတင္းဝင္လုပ္တာမ်ိဳးဆိုရင္ ဒါႀကီးက ေဈးကြက္စီးပြားေရးစနစ္ရဲ႕ အႏွစ္သာရ ပ်က္သြားမယ္ေလ။အဲဒီေတာ့ အခုကျဖစ္ေနတာက လူေတြ ျမန္မာေငြသုံးမိေအာင္ ဘယ္လိုလုပ္မလဲ ဟုတ္တယ္မလား။အဲဒီေတာ့ ေဒၚလာ ဘာေၾကာင့္ သုံးေနရလဲဆိုတာကို စဥ္းစားဖို႔ လိုတယ္ေလ။

ေနာက္တစ္ခုက ေဒၚလာနဲ႔ ပတ္သက္လို႔ စဥ္းစားဖို႔ေကာင္းတာကေတာ့ ဒါဆိုလို႔ရွိရင္ ထိုင္းေငြေရာ သုံးလို႔မေကာင္းဘူးလား။ဟုတ္တယ္ေနာ္။ဆိုပါေတာ့။ဆရာတို႔ ဒီဘက္ျခမ္းမွာရွိတဲ့ တနသာရႌ၊ မြန္၊ ကရင္၊ ကယား၊ ရွမ္း ေပါေ့လ။အဲအထဲကေနရွိတဲ့ ၿမိဳ႕နယ္ေတြမွာ ေဒၚလာနဲ႔မသုံးဘဲနဲ႔ ထိုင္းနဲ႔သုံးရင္ ဘယ္လိုျဖစ္မလဲ။အဲဒီလို တ႐ုတ္နယ္စပ္မွာ ယြမ္ေငြနဲ႔သုံးရင္ ဘယ္လိုျဖစ္မလဲ။အိႏၵိယနယ္စပ္မွာ ႐ူပီးနဲ႔သုံးရင္ ဘယ္လိုျဖစ္မလဲဆိုတဲ့ အဲဒီလိုဟာမ်ိဳးကိုေတာ့ စဥ္းစားဖို႔ေတာ့ လိုလိမ့္မယ္လို႔ ေအာက္ေမ့တယ္။

ဘာလို႔လဲဆိုေတာ့ အခုျဖစ္ေနတာက ေဒၚလာကို သိပ္ၿပီးလိုအပ္လို႔ အခက္အခဲျဖစ္တယ္လို႔ဆိုရင္ ေဒၚလာကို မသုံးမျဖစ္တဲ့သူကို သြားေျပာလိုက္တဲ့အခါက်ေတာ့ လုပ္ရကိုင္ရ အေတာ္ခက္သြားၿပီ။ဟုတ္တယ္မလား။အဲဒါကို ဆရာထင္တယ္ေလ။ကိုယ့္စိတ္ထဲေတာ့ အမိန႔္အာဏာနဲ႔လုပ္တဲ့ ဉာဥ္ကလည္း ရွိေနေသးတာကိုး။ရွိေနေသးတာ အဲဒီဟာက သူတို႔စိတ္ထဲမွာ အမိန႔္နဲ႔လုပ္ရင္ရတယ္။
ေၾကညာခ်က္နဲ႔ ၿပီးတယ္လို႔ ဒါကေတာ့လြယ္တာကိုး။

ငါထုတ္လိုက္တယ္ဆိုၿပီး ကိုယ္ကိုယ့္ကိုယ္ေက်နပ္သြားတာ။တကယ္ထိေရာက္သလား၊ မထိေရာက္ဘူးလား ဆိုတာကို ဘယ္သူမွ မဆန္းစစ္ဘူး ျဖစ္ေနတယ္။တကယ္တမ္းေတာ့ ျဖစ္သင့္တာကေတာ့ ျမန္မာေငြသုံးခ်င္ေအာင္ ဘယ္လိုလုပ္မလဲ။ ဟုတ္တယ္ေနာ္။ေဒၚလာမကိုင္ေအာင္ ဘယ္လိုလုပ္မလဲဆိုတဲ့ မက္လုံးေတြ။

ဆရာတို႔ အခု မေန႔တစ္ေန႔ကေတာင္ ပုသိမ္ေရာက္တဲ့အခါက်ေတာ့ ကန္သုံးဆင့္၊ အင္မတန္လွပတဲ့ ေနရာေတြမွာ အမႈိက္ေတြ။တကယ့္ကို ရက္ရက္စက္စက္ ဖ်က္ေနတာ။အမႈိက္ေတြ သိမ္းဖို႔ကို အာဏာစက္နဲ႔ လုပ္မယ့္အစား အခုအမႈိက္ေတြကို ေကာက္တဲ့သူေတြရွိတယ္ မဟုတ္လား။ပုလင္းခြံေတြေကာက္တယ္။ ၿပီးေတာ့ ဘီယာခြံေတြ ဘာေတြ ေကာက္တယ္။ေကာက္တာ ဘာလို႔လဲဆိုေတာ့ ေကာက္ၿပီးေတာ့ ပုလင္းသြားခ်ိန္ရင္ သူက ပိုက္ဆံရတာကိုး။အဲဒါဆိုရင္လည္း ဆရာတို႔ အမႈိက္အစုတ္ေတြကို အဲလိုေကာက္ၿပီးေတာ့ အေလးခ်ိန္နဲ႔ခ်ိန္ၿပီးေတာ့ ဆရာတို႔ ဝယ္ေပးရင္ မရဘူးလား။အဲ့ဒါဆိုရင္ ပုံစံတစ္မ်ိဳးနဲ႔ရမလား။

ကိုယ္ကေတာ့ကြယ္ ေစာနကေျပာတဲ့ ေဈးကြက္စီးပြားေရးနဲ႔ ဆိုင္တာလား။ေဈးကြက္စီးပြားေရးက လူတိုင္းမွာ ဗဟိုဆႏၵရွိတယ္ေပါ့။အဲဒီေတာ့ လူတစ္ေယာက္ လုပ္ခ်င္ေအာင္ ဘယ္လိုမက္လုံးေပးမလဲ ဆိုတာကိုဘဲ စဥ္းစားသင့္တယ္။အခုကေတာ့ လုပ္ခ်င္ေအာင္ “ဇိကုပ္ၿပီး နတ္ျပည္တင္သလို” ေပါ့။မလုပ္ရင္ ဒဏ္တပ္မယ္၊ မလုပ္ရင္ ႐ိုက္မယ္ ဆိုတဲ့ဟာမ်ိဳး။

လုပ္ခ်င္ေအာင္ လုပ္ေပးရင္ ႐ိုက္စရာ မလိုဘူးေလ။လူဆိုတာ ဒီကေလးကို ဆုံးမတဲ့ေနရာမွာ ပုံစံတစ္မ်ိဳး ရွိတယ္ေလ။ကေလးကို ႐ိုက္ၿပီးေတာ့ဆုံးမတာ တစ္မ်ိဳး။ဆရာတို႔က ကိုယ့္ဘက္ပါလာေအာင္ လုပ္ခ်င္တဲ့ဟာထက္ကို ကိုယ္ဒါလုပ္ရင္ ရရမယ္ဆိုတာမ်ိဳးျဖစ္ေတာ့ ခက္ခဲတာေပါ့ေလ။အဲဒါေပါ့။စည္း႐ုံးမႈက်တာ ကိုယ့္အေပၚ ႏိုင္ငံေရး အျမတ္လည္း ေလ်ာ့တယ္။ကိုယ့္ယုံၾကည္မႈလည္း ကိုယ့္ကို တကယ့္ကို ယုံယုံၾကည္ၾကည္နဲ႔ အားေပးခဲ့တဲ့သူ ေထာက္ခံခဲ့တဲ့သူေတြ စိတ္ဓါတ္က်တာမ်ိဳးေတြေပါ့။

ဒါေၾကာင့္ ဆရာအၿမဲတမ္းေျပာတာေပါ့။ႏိုင္ငံေရးေဘာဂေဗဒ။စီးပြားေရးလုပ္တာကို သပ္သပ္ရပ္ရပ္ မလုပ္ရင္ ႏိုင္ငံေရးမွာ ဆရာတို႔ ႐ိုက္ခတ္မႈေတြ ရွိႏိုင္တယ္။ႏိုင္ငံေရးကို သပ္သပ္ရပ္ရပ္မလုပ္ရင္ စီးပြားေရးမွာ ထိလာမယ္။အဲဒါကေတာ့ ဆရာတို႔က မ်က္ဝါးထင္ထင္ ျမင္ေနရတဲ့ ကိစၥပါဘဲ။  

Opinion Leaders Media ။      ။ ယခုလို အခ်ိန္ယူေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္
ႏိုဝင္ဘာ - ၂၉