【 ပညာရှင်များ၏အမြင် 】 “တောင်မင်းမြောက်မင်း .. မကယ်နိုင်တဲ့ကိစ္စလေ”

【 ပညာရှင်များ၏အမြင် 】 “တောင်မင်းမြောက်မင်း .. မကယ်နိုင်တဲ့ကိစ္စလေ”

မြန်မာနိုင်ငံအတွင်း ကိုဗက်-၁၉ ခေါ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ စတင်တွေ့ရှိသည့် တစ်လပြည့် မြောက် သည့် အချိန်တွင် မြန်မာနိုင်ငံတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက်မှာ တစ်ရာကျော်လာ ပြီ ဖြစ်သလို သေဆုံးသူအရေအတွက်မှာလည်း ၅ ဦးထိရှိလာချိန်တွင် ကမ္ဘာတစ်ဝန်းကူးစက်သူ နှစ်သန်းကျော်လာ ကာ သေဆုံးသူအရေအတွက်မှာလည်း နှစ်သိန်းနားကပ်လာခဲ့ပါတယ်။ ယခုအချိန်တွင် ကမ္ဘာတစ်ဝန်း အသွား အလာရပ်ဆိုင်းလုနီးပါးဖြစ်ကာ စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းထားရသဖြင့် ထိခိုက်နစ်နာမှုများ မမျှော်မှန်းနိုင် လောက်သည့်အထိ ဖြစ်လာခဲ့သလို ကျန်းမာရေးဆိုင်ရာ ကပ်ဘေးမှာ မည်သည့်အချိန်မှ ပြီးနိုင်မည်ကို မခန့်မှန်းနိုင် သဖြင့် ကမ္ဘာနိုင်ငံများအားလုံး ကူးစက်ရောဂါကို ရင်ဆိုင်ရင်း စီးပွားရေးလုပ်ငန်းများကို ပြန်လည်စတင်နိုင်ရန် လုပ်ဆောင်နေကြသည်ဖြစ်ရာ မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ ကိုဗက်-၁၉ ကာလတွင် ပြန်လည်လုပ်ကိုင်မှုနှင့် ပတ်သက်ပြီး ကျန်းမာရေး၊လူမှုရေးနှင့် စီးပွားရေးရှုထောင့်မှ မည်သို့ ဖြစ်လာနိုင်သည်ကို ဝါရင့်စီးပွားရေးပညာရှင်ဖြစ်သူ နိုင်ငံတော်သမ္မတ၏ ငြိမ်းချမ်း ရေးနှင့်စီးပွားရေးဆိုင်အကြံပေး ပုဂ္ဂိုလ် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်အားOpinion Leaders Mediaမှ အထူးအစီအစဉ် တစ်ရပ် အနေဖြင့်မေးမြန်းခဲ့ပါတယ်။ ပါမောက္ခဒေါက်တာအောင်ထွန်း သက်၏ရှုမြင်သုံးသပ် ချက်အပြည်အစုံကိုယခုတစ်ပတ်အထူးအစီအစဉ် အဖြစ်ဖော်ပြလိုက်ပါတယ်။
(Opinion Leaders Media သတင်းအဖွဲ့)

Opinion  Leader media ။    ။ အခုလက်ရှိမှာ စီးပွားရေးအတွက် ပြင်ဆင်နေကြတာတွေအများကြီးရှိတယ်ဆရာ၊ Lockdown လုပ်တာနဲ့ Semi Lockdown လုပ်တာနဲ့ စက်မှုဇုန်တွေမှာလည်း ဖွင့်ခွင့်မဖွင့်ခွင့်ဆိုတာရှိတယ်၊ အဲ့ဒီ အနေအထားတွေကဆရာ မြန်မာ့စီးပွားရေးမှာဆိုလို့ရှိရင် ယခုလိုအခြေအနေတွေက ဘယ်လောက်အထိ သွားထိ ခိုက်နိုင်လဲဆရာ လျင်လျင်မြန်မြန်မဖွင့်ဘူးဆိုရင်။

ပါမောက္ခဒေါက်တာအောင်ထွန်းသက်။     ။ ဒီလိုလေ အခုကဟို အခုလွန်ဆွဲနေရတာပေါ့၊ အခုဆရာတို့မှာ တကယ့်ကိုနော် အရင်တုန်းက စာအုပ်ထဲမှပဲ တွေ့ဖူးတဲ့ အခြေအနေတစ်ခုကို လက်ရှိအချိန်မှာ ရင်ဆိုင် နေရတာ ပေါ့၊ ရင်ဆိုင်နေရတာ ဘာလဲဆိုရင် ဆရာတို့ပြောတဲ့ ဒီနှစ်ခုပေါ့လေ ရွေးစရာနှစ်ခုက ဒီဟာရွေးလိုက်ရင် ဒီဟာ ပိုကောင်း မယ်ဆိုရင် အခုက နှစ်ခုလုံးက မကောင်းတဲ့ရွေးချယ်မှုဖြစ်နေတယ်၊ တစ်ခုက ကျန်းမာရေး ကိုရှေ့တန်း တင်ပြီးတော့ လူတွေ နေကောင်းအောင် နေခွင့်ပြုတယ်၊ တစ်ယောက်နဲ့တစ်ယောက် ကင်းကင်း ကွာကွာနေဖို့ လိုတယ်။ အိမ်မှာ နေဖို့လိုတယ် ဆိုတဲ့အယူအဆတွေက ရှိတယ်လေ။

အဲ့ဒီတော့ အခုသေချာတာကတော့ ဥရောပ အခြေအနေရော တရုတ်ပြည်အခြေအနေရော ဂျပန်ရော ကိုရီးယားရော အားလုံးအတွေ့အကြုံက Social Distancing ဆိုတာ တော်တော်လေးအောင်မြင်တယ်၊ ထိရောက် တယ်။ ဒီရောဂါ မပွားဖို့ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် နီးနီးကပ်ကပ်ပူးပူးကပ်ကပ်မရှိဖို့လိုတယ်။ တစ် ယောက်နဲ့ တစ်ယောက် ခြောက်ပေကွာဖို့ လိုတယ် ဆိုတာကတော့ ကိန်းဂဏန်းအရရော သုတေသန လုပ်ချက် အားလုံးက သေချာနေတာလေ။ အဲ့ဒီတော့ အဲ့ဒီလို လုပ်တဲ့အခါမှာ ရလဒ်ကဘာလဲဆိုရင် အားလုံးကပိတ်ရ တော့ မယ်၊ စက်ရုံတွေ၊ အလုပ်ရုံတွေ၊ စားသောက်ဆိုင် တွေ ဆရာတို့ ဒီ အားလုံးပေါ့။

ဖြေဖျော်မှုကိစ္စနဲ့ပတ်သက်လို့ ရုပ်ရှင်ရုံတွေပြဇာတ်တွေ အားလုံးပိတ်ရတော့မယ်၊ အဲ့ဒီတော့ အခုဘာ ဖြစ်နေလဲဆိုရင် ဒီမြန်မာပြည် အကြောင်း မဆွေးနွေးခင်နော် အမေရိကန်မှာ ဒီပြဿနာ အကြီးအကျယ်ဖြစ် နေတယ်။အကြီးအကျယ်ဖြစ်နေတာက တစ်ဖက်က ဖွင့်ချင်တဲ့သူတွေရှိတယ်။အခြေအနေတွေကောင်းနေပြီပဲ၊ ဥရောပက ဒီလောက်မဆိုးဘူး၊ ဒါကြောင့်မို့ ဖွင့်လို့ရတယ်။ ဖွင့်လို့ရချိန်မှာ ဖွင့်ရအောင် အရင်ပုံမှန်အတိုင်း လုပ်ရအောင်လို့ ပြောတဲ့သူတွေရှိတယ်။ ဒါပေမဲ့ တစ်ချို့တွေက စိတ်ပူတာက အဲ့လို ဝန်ထမ်းပြန်လုပ်လို့ရှိရင် ရောဂါဖြစ်တဲ့သူတွေနှုန်းတွေတက်လာရင်ဘယ်လိုလုပ်မလဲ။

အဲ့ဒီတော့ အခု အဲ့ဒီ လွန်ဆွဲမှုဟာ ဆရာတို့အခု ကိုယ့်နိုင်ငံမှာလည်း ဒီအတိုင်းဖြစ်နေတာပေါ့၊ အဲ့ဒီတော့ အခု တစ်ချို့တွေကတော့ လုံး၀ Lockdown လုပ်စေချင်တယ်၊ တစ်ချို့တွေကလည်း Semi Lockdown လုပ်စေ ချင်တယ်၊ အခု စက်ရုံအလုပ်ရုံနဲ့ ပတ်သက်လို့လည်း ဒီနေ့မနက် ဆွေးနွေးတဲ့အထဲမှာ ဆရာကြားသလောက် ဒီအထည်ချုပ် တွေက သူတို့အနေနဲ့ မပိတ်ချင်ဘူး၊ မပိတ်ချင်တဲ့အခါကျလို့ရှိရင် ဒါဆိုလို့ရှိရင် ကဲ ဖွင့်ပြီ ။ ဖွင့်ပြီ ဆိုလို့ရှိရင် အလုပ် သမားတွေ စက်ရုံအလုပ်ရုံမှာ အလုပ်လုပ်တဲ့အခါကျလို့ရှိရင် Social Distancing ဆိုတာ လွယ် တာမှ မဟုတ်တာ။တစ်ယောက်နဲ့တစ်ယောက် ခြောက်ပေအကွာအလုပ်လုပ်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူးလေ။ ခြောက်ပေမကွာနိုင်လို့ ဒီအတိုင်းပဲတစ်ယောက်နဲ့တစ်ယောက် အရင်ပုံစံအတိုင်း ပူးပူးကပ်ကပ်နေရင်တော့ ရောဂါ ဖြစ်ရင် အဲ့ဒီရောဂါက တားလို့ရမယ့်အနေအထားမရှိဘူးလေ။

အဲ့ဒီတော့ လုပ်ငန်းရှင်တွေအနေနဲ့ ကတော့လည်း သူတို့က စီးပွားရေးမျက်စိတစ်ခုတည်းနဲ့ကြည့်လို့ ဒါကြီးအားလုံးကို ပုံမှန်အနေအထားဖြစ်အောင် လုပ်ပါလို့ သူတို့က တောင်းဆိုမှာပဲ။ တစ်ဖက်ကလည်း ပြည်သူ့ ကျန်းမာရေးရှုထောင့်က ကြည့်ပြီးတော့ ဒါကတော့ မဖွင့်သင့်သေးဘူး ဒီအတိုင်းပဲထားပါဦး မဖွင့်သင့်ဘူးလို့ ပြော တဲ့သူကလည်းရှိတယ်၊ အဲ့ဒီတော့ အဲ့ဒီနှစ်ခုကြားထဲမှာ ဆရာထင်တာတော့ အဆုံးအဖြတ်က နိုင်ငံရေး အဆုံး အဖြတ်ပေါ့၊ စီးပွားရေးအဆုံးအဖြတ် လည်းမဟုတ်ဘူး၊ ကျန်းမာရေးအဆုံးအဖြတ်လည်းမဟုတ်ဘဲနဲ့ နိုင်ငံရေး တာဝန်ရှိတဲ့သူတွေက ဆုံးဖြတ်ရမှာလေ။

အဲ့လိုစဉ်းစားတဲ့အခါမှာ ကိုယ့်အနေအထားမှာ ရောဂါအနေအထား ဘယ်လိုရှိလဲ ။ပျောက်မှုအနေ အထားဘယ်လိုရှိလဲ ။အခု၁၀၀ ကျော်လာပြီ။အဲ့ဒီတော့ ၁၀၀ ကျော်လာတော့ အခုအထိ ကတော့ ဒါတောင် မနေ့က မသေချာတာက အရင်တုန်းကအထိတော့ အားလုံး important ပေါ့၊ အပြင်နဲ့ပတ်သက်တဲ့ သူတွေနဲ့ ဆက်စပ်နေတယ်ဆိုရင်တော့ နည်းနည်းတော်သေးတာပေါ့။ သို့တည်းမဟုတ် လုံးဝအပြင်နဲ့ ဆက်စပ်မှုမရှိဘဲနဲ့ Local Transmission ဆိုရင်တော့ သိပ်ကို အန္တရာယ်ကြီးတယ်လေ။အဲ့ဒီတော့ အဲ့လို တာဝန်ကြီးတဲ့ ကိစ္စဖြစ် တာကို ဆရာတို့ဘယ်လိုကိုင်တွယ်ကြမလဲ။

အခုက ပြဿနာက ဘာလဲဆိုရင် အခြေခံ လူတန်းစားတွေပေါ့။အများဆုံးဖြစ်နေတော့ သူတို့ကို စက်ရုံအ လုပ်ရုံတွေပိတ်လိုက်ရင် သူတို့ကိုဘယ်လို အစားထိုးမလဲ။ ဒါကလည်း ပြဿနာရှိတယ်၊ ဒါပေမဲ့အခု ဆရာတို့ ပြော ရင်းဆိုရင်းနဲ့ပဲ ကိုယ်နဲ့ပတ်သက်တဲ့ လုပ်ငန်းတွေမှာ တစ်ဝက်တွေလျှော့နေပြီ။အလုပ်သမားတွေ ၅၀ ရာခိုင်နှုန်း လျှော့နေကြပြီ။ အဲ့ဒီတော့ အဲ့လိုအခါကျတော့ ဒါကမလျှော့လို့မရတဲ့ကိစ္စလေ။ ဝင်ငွေလုံးဝမရှိတဲ့အချိန်မှာ ကုန်ကျ စရိတ်တွေ လစာတွေကို အရင်ပုံမှန်အတိုင်းပေးနေဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။မဖြစ်နိုင်တဲ့အခါကျတော့ ဒါ လုပ် ငန်းရှင်တွေအနေနဲ့ ကတော့ သူတို့ရဲ့ဆုံးဖြတ်ချက်ဟာ မှားတယ်မှန်တယ်ဆိုတာထက် သူတို့မှာလည်း attention  ဆိုတာ ရှိသေးတာပေါ့၊ ဒါပေမဲ့ တစ်ဖက်ကလည်း ဝန်ထမ်းတွေဘက်ကလည်း ဒီလုပ်ခလစာကိုပဲ အားကိုးနေရတဲ့ အခါကျတော့ သူတို့မှာလည်း အခက်အခဲရှိတယ်၊ အခုပြဿနာက ဒီပြဿနာကြီးဖြစ်နေတာ၊ အလုပ်ရှင် ကလည်း ဒုက္ခရောက်နေသလို အလုပ်သမားကလည်း အဆင်မပြေဘူးလေ၊ အဲ့ဒီအခါကျတော့ ဥပမာဆိုပါတော့ အလုပ် လက် မဲ့ဖြစ်ရင် တခြားနိုင်ငံတွေမှာဆိုရင် ချမ်းသာတဲ့နိုင်ငံတွေမှာတော့ လူမှုဖူလုံရေးတွေ အလုပ်လက်မဲ့ ဖြစ်တဲ့ အခါမှာ အခကြေးငွေတွေ လုပ်ခလစာတွေ ထုတ်လို့ရတယ်၊ ဆရာတို့မှာ အဲ့လိုအခြေအနေမှ မရှိတာ၊ အဲ့ဒီမှာ ဆရာတို့ အခက်အခဲက အများကြီးကြုံတွေ့ရမယ်လို့ထင်တယ်။

Opinion  Leader media ။    ။ မနေ့ညကဆိုလို့ရှိရင် ဆန်စပါးဝယ်ယူရေး နောက် ဆီနဲ့ပတ်သက်ပြီးတော့ အစိုးရက စိုက်ထုတ်ပြီး ဝယ်မယ်ဆိုတဲ့ဟာရှိတယ်၊ ဒါက COVID 19 နဲ့ပတ်သက်ပြီး စီမံတဲ့အနေအထားပေါ့၊ အဲ့ဒီအနေ အထားက အစိုးရအနေနဲ့ ဘယ်လောက်အထိ တောင့်ခံထားနိုင်မယ့် အနေအထားမျိုးရှိလဲ၊ ဘယ်လိုမျိုး အရင်းအနှီး စနစ်မျိုးနဲ့ ဥပမာ ဂျပန်မှာဆိုလို့ရှိရင်လည်း လူတွေကို ယန်း တစ်သိန်းပေးတာရှိတယ်၊ တူရကီမှာ ဆိုလို့ရှိရင် လစာကို အစိုးရက ၆၀ ရာခိုင်နှုန်းစိုက်ပေးတာရှိတယ်။ အခုလိုမျိုး အစိုးရ အနေနဲ့ ဆန်စပါးဝင် ဝယ်ပေးတယ်၊ နောက်တစ်ခါ ဒီလိုမျိုးစီမံတာတွေရှိတာမျိုးမှာ အစိုးရက ဘယ်လောက်အထိ တောင့်ခံနိုင်မလဲ အခြေအနေမကောင်းတဲ့ မြန်မာပြည်စီးပွားရေးက ဒီလိုစိုက်ထုတ်လုပ်ဆောင်မှုကြောင့် သွားထိခိုက်နိုင်လားဆရာ။

ပါမောက္ခဒေါက်တာအောင်ထွန်းသက်။     ။ အခုကတော့ အဲ့ဒီ စီးပွားရေးကတော့နော် တစ်ကမ္ဘာလုံးမှာ Recession  စီးပွားရေးကပ်ဆိုက်တာက သေချာသွားပြီ။ဟုတ်တယ်နော်၊ ဘာမှကို ဆရာတို့ ဆီဈေးလည်း ထိုးကျ သွားပြီ။ ဆီဈေးတောင် ဘယ်လိုမှ နလန်မထူနိုင်တော့ဘူး၊ အနောက်နိုင်ငံတွေရော အမေရိကန် အနောက်နိုင် ငံတွေ ပေါင်းလိုက်ရင် သူတို့ရဲ့ စီးပွားရေးက ရပ်သွားတယ်၊ ရပ်သွားတဲ့အခါကျတော့ အစိုးရက ဘယ်လောက် အထိ အလုပ်ရှင်တွေရော အလုပ်သမားတွေရော နိုင်ငံတော်အစိုးရက ဘယ်လောက်တောင့်ခံနိုင်မလဲ ဆိုတဲ့ မေးခွန်းက မေးရတော့မယ်လေ။

စင်ကာပူမှာတော့ သူတို့နည်းသူတို့ဟန်နဲ့ အထောက်အပံ့တွေပေးနေတယ်။ကိုယ့်ဆီမှာတော့ ကိုယ့်နည်း ကိုယ်ဟန်နဲ့ သင်္ကြန်ရက်က ရပ်ကွက်တွေမှာ အခြေခံလူတန်းစားတွေကို ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် ပေးတယ်ဆိုတော့ ။ဒါပေမယ့် အဲဒီလိုပေးတာ ဘယ်လောက်ကြာကြာပေးနိုင်မလဲ။ နိုင်ငံတော်အစိုးရက ဘတ်ဂျက် ကလည်းဘယ်လောက်ရှိလဲ။ အဲ့ဒီတော့ တစ်ခုပေါ့နော်။ကမ္ဘာ့ဘဏ်ကလည်း ဘယ်လောက် ကူညီမလဲ၊ IMF က လည်း ဘယ်လောက်ကူညီမလဲ။ အကူအညီတော့ လိုရမှာပေါ့။ ကိုယ့်တစ်နိုင်ငံတည်း ဆရာတို့ လုပ်လို့ရတာ မဟုတ်ဘူး။ အဲ့ဒီတော့ ကူညီဖို့ဆိုပြန်တော့လည်း တခြားနိုင်ငံကလည်း ပြဿနာတွေ အများကြီး သူ့နည်းသူ့ ဟန်နဲ့ ရင်ဆိုင်နေရတာလေ။

ဆရာတို့မှာ အခုဖြစ်တာက ကိုယ့်တစ်နိုင်ငံတည်းဖြစ်တာ မဟုတ်ဘဲ တစ်ကမ္ဘာလုံးဖြစ်တော့ တောင်မင်း မြောက်မင်းမကယ်နိုင်တဲ့ကိစ္စလေ။ အရင်တုန်းကဆိုရင်တော့ သူများဆီက အကူအညီလိုတယ်၊ အထောက်အပံ့ရ တယ်။ အခုက သူတို့မှာလည်း ဒုက္ခရောက်နေတာ။ သူတို့မှာလည်းအခက်အခဲတွေအများကြီးရှိတော့ ကိုယ့်ဟာ ကိုယ် အဖြေရှာဖို့ဆိုတာကလည်း ကိုယ့်ရဲ့အင်အား ကလည်း သိတဲ့အတိုင်း။ အဲ့ဒီတော့ ကိုယ့်ရှိတဲ့အင်အားကို ဒီထက်ပိုပြီးတော့ ခိုင်မာအောင် တောင့်တင်းအောင် ဘယ်လိုလုပ်ကြမလဲ။ ဒါတွေရှိတယ်၊ ဆရာဆိုရင် စိတ်ပူတာ ကတော့ ပညာရေးပေါ့၊ ပညာရေးကျောင်းပိတ်တာ ဘယ်လောက်ကြာကြာပိတ်မလဲ။ အခုတစ်ချို့နိုင်ငံတွေမှာ ကိုယ်ကိုယ်တိုင်လည်း စဉ်းစားပြီးလုပ်နေတာကတော့ အွန်လိုင်းနဲ့ပေါ့၊။သင်တန်းတွေပေးဖို့ ဘယ်လိုလုပ်ကြမလဲ ပညာရေးမှာ ဟုတ်တယ်မဟုတ်လား။ အဲ့ဒီမှာ ဆရာတို့ အထက်တန်းပညာ၊ တက္ကသိုလ်တွေမှာ လုပ်လို့ရတာ တွေရှိသလို ဥပမာ- ကျေးရွာအထိ အင်တာနက်မရှိတဲ့နေရာမှာ ဘယ်လိုလုပ်ကြမလဲ။ ဒါကြီးက တကယ့် ပြဿနာ ကြီးနော်၊ ကျောင်းတစ်နှစ်လောက် ပိတ်ရရင်ဘယ်လိုလုပ်ကြမလဲ။ ဒီပြဿနာရှိတယ်။

နောက်အခု ဒီပြဿနာက ဘာလဲဆိုရင် Working for Home ပေါ့ ၊ ကိုယ်ကိုယ်တိုင်လည်း လုပ်နေတာ ပေါ့။ တစ်ခုတော့ရှိတာက စီးပွားရေးလုပ်တဲ့သူအနေနဲ့ အားပေးရမယ့်အခြေအနေက ဒါကို ဒီထဲကနေ အဆိုးထဲက အကောင်းပေါ့နော်။ ဘယ်လိုအဖြေရှာလို့ရမလဲ၊ အခုသေချာတာ တစ်ခုကတော့ ဆရာတို့ ကိုယ့်နိုင်ငံက သူများ ထက်စာရင် သိပ်မညံ့လှဘူး၊ မညံ့လှတဲ့ကိစ္စတစ်ခု ဒါလေးတော့ ခင်ဗျားတို့မီဒီယာသမားတွေ မီးမောင်းထိုးပေးပါ ဗျာ၊ ဘာလဲဆိုရင် အခက်အခဲတွေအများကြီးကြားထဲကနေ အွန်လိုင်းတွေတက်လာပြီလေ၊ အခု ဆရာတို့ တစ် သက်လုံးပြောနေတာ၊ ဆိုင်ဖွင့်ပြီးဈေးမရောင်းနဲ့ဆိုတာ ဆရာကိုယ်တိုင်အမြဲတမ်းပြောနေတာ၊ အလီဘာဘာတို့ အောင်မြင်နေတာ ပလက်ဖောင်းက ဒီကမ္ဘာကျော်ပလက်ဖောင်းပဲ။

ဒစ်ဂျစ်တယ်နဲ့ တက်တာ။ အခုမှာ အချမ်းသာဆုံးက အလီဘာဘာပဲ၊ သူ့မှာစက်ရုံတစ်ရုံမရှိဘူး၊ ဆိုင်တစ် ဆိုင်မရှိဘူး၊ သူ့မှာ ခြံတစ်ခြံမရှိဘူး၊ သို့သော်လည်း ရှိတဲ့သူတွေအားလုံးစုစည်းပြီးလုပ်တာ၊ ဆရာတို့အနေနဲ့ အဲ့ဒါ လုပ်လို့ရတယ်၊ နောက်တစ်ခုက စဉ်းစားဖို့လိုတာက အခုခင်ဗျားတို့လည်း မီဒီယာသမားတွေဆိုတော့ သိတာပေါ့၊ အရက်ရောင်းတဲ့ ဘီယာရောင်းတဲ့သူ လက်ဆေးတဲ့ဟာ ရောင်းတာလေ။ ဒါတွေက တော်တော်လေး စဉ်းစားဖို့ ကောင်းတယ်။ နောက်တစ်ခုက Tour ပေါ့၊ ကမ္ဘာလှည့်ပြီး ခရီးသွားဖို့ဆိုတာ နောက်တစ်နှစ် လောက်က ဖြစ်နိုင် မှာမဟုတ်ဘူးလေ၊ ဖြစ်နိုင်မှာမဟုတ်တဲ့အတွက် အခုခေါ်တဲ့ AR လို့ခေါ်တဲ့ နည်းပညာပေါ့။

ဥပမာ- ပုဂံကိုကြည့်လို့ရတယ်၊ မှန်ပြောင်းနဲ့ကြည့်လို့ရတဲ့ဟာမျိုး နည်းပညာတွေပေါ့၊ အခုကောင်းလာ တာက အားလုံးနည်းပညာတွေ ဘက်ကို တပ်မက်တဲ့အခြေအနေရှိတယ်၊ အဲ့ဒါတွေကို အခွင့်အရေးယူရမယ်နော်၊ ဒါပေမဲ့ အခုထိဆရာတို့က အခွင့်အရေးက မယူနိုင်သေးဘူး၊ အထူးသဖြင့် အစိုးရရုံးတွေက မယူသေးဘူး၊ Meeting တွေလုပ်နေတုန်း၊ အရင်အတိုင်းပဲ အစည်းအဝေးတွေလုပ်နေတုန်း၊ အခုဆိုရင် သူများနိုင်ငံမှာ အစည်းအဝေးတွေ မရှိတော့ဘူး။ အွန်လိုင်းနဲ့ပဲ လုပ်လို့ရတဲ့အခြေအနေမှာ ဆရာတို့က အခုထိ အွန်လိုင်းပေါ်ကို တက်ဖို့ရတဲ့ အခြေ အနေဟာ အရင်တုန်းကတည်းက ဆရာတို့မှာအခက်အခဲတွေအများကြီးရှိခဲ့တာ၊ ခင်ဗျားနဲ့ မပြောခင်တောင် ကြားလိုက်တာက အစိုးရရုံးတွေက အခုတောင် တက်နေရတုန်းပဲ၊ သုံးရက်တစ်ခါ ဆိုပေမဲ့ အရေအတွက်က ဒီအ တိုင်းပဲလေ။ ဖယ်ရီစီးရင်တစ်ယောက်နဲ့တစ်ယောက် ခြောက်ပေကွာဖို့ ဘယ်လိုလုပ်မလဲ၊ တကယ်ဖြစ်ရင် ဒါတ ကယ့်ကိုအန္တရာယ်ဖြစ်မယ့်ကိစ္စကြီး၊ ဆရာတို့က ဒါကို ပုံမှန်အနေအထားပဲ လုပ်တယ်၊ ပုံမှန်ပဲလုပ်တယ်၊ အရင်အ တိုင်းပဲပေါ့၊ အခုပြောင်းလာတဲ့ New Normal ကို ဘယ်သူမှ မပြောကြဘူး။ အရင်အတိုင်းပဲ။

အခုခင်ဗျားတို့ သတင်းစာတွေမှာ မီဒီယာတွေမှာ ကြည့်လိုက် အလှူအတန်းလုပ်နေတာလည်း အရင်ပုံစံ နဲ့လှူနေတာလေ၊ အသိအမှတ်ပြုတဲ့လက်မှတ်တွေကို ဒီအတိုင်းပေးနေတာလေ၊ ဒီဘက်ကလည်း ဓာတ်ပုံတွေ ရိုက်နေတာ ငွေပေးတာတွေကလည်းအရင်အတိုင်းပဲ၊ Distancing လုပ်ရမယ်ဆိုတာကို သိလို့လားမသိလို့လား မပြောတတ်ဘူးကွဲ့။ ကိုယ်ကတော့ နေရင်းထိုင်ရင်းတော်တော်အသည်းယားတာလေ၊ အဲ့ဒါလေးတွေက ဆင်ခြင် ရမှာလေ။ Mask တပ်တာ မတပ်တာတစ်ပိုင်း၊ လက်ဆေးတာ မဆေးတာက တစ်ပိုင်း၊ ဖြစ်နိုင်တာက နီးနီးကပ် ကပ် မနေဖို့ပဲ။ အကောင်းဆုံးက အိမ်မှာနေဖို့ပဲ၊ အကောင်းဆုံးက Working for Home အခုခေတ်မှာ Technology ရှိတဲ့အခါမှာ ဒါကိုအားကိုးပြီးလုပ်လို့မရဘူးလားပေါ့၊ အဲ့ဒီဟာက ပြဿနာက ဘာလဲဆိုရင် ခင်ဗျားခုန ပထမဆုံး စပြောတဲ့ကိစ္စမှာ အိမ်မှာနေပြီးလုပ်လို့ရဖို့ စက်ရုံအလုပ်ရုံက မဖြစ်နိုင်ဘူးလေ။

အဲ့ဒီတော့ အခုဆရာစဉ်းစားတယ်၊ အထည်ချုပ်တွေဆိုပါတော့ အထည်ချုပ်တွေက အရင်လိုအပ်ထည် တွေကို ချုပ်မယ့်အစား မျက်နှာဖုံး Mask တွေကို ချုပ်လို့မရဘူးလား၊ တစ်ကမ္ဘာလုံးမှာ ဒါတွေလိုနေတဲ့ဟာလေ။ ဆရာတို့ရဲ့ Technology က redo လုပ်မှရမယ်၊ အရင်ပုံစံနဲ့ အရင်ပုံစံတွေ ငါအရင်ပုံစံနဲ့လုပ်မယ်ဆိုတာ မဟုတ် တော့ဘူး၊ ဆိုင်ဖွင့်တယ်ဆိုတာကလည်း ဥပမာအွန်လိုင်းနဲ့ဖွင့်လို့ရတာဖြစ်လာတယ်ဆိုရင် အွန်လိုင်းနဲ့ ဖွင့်တဲ့ အတွေ့အကြုံသင်ခန်းစာယူပြီးတော့ နောက်ပိုင်းဘယ်လိုလုပ်ကြမလဲ၊ စဉ်းစားရမှာပေါ့။အဲ့ဒီလိုလေး စဉ်းစားစေ ချင်တာကွယ်။ မဟုတ်ရင်တော့ အခုက စီးပွားရေးကတော်တော်လေးကိုနော်၊ နဂိုတည်းကမှ ဆရာတို့ အခြေအနေ က မကောင်းတဲ့အထဲမှာ နောက်တစ်ချက်က အခုရင်းနှီးမြှုပ်နှံမှုဆိုလည်းပဲ ဘယ်သူမှလာမှာ မဟုတ်တော့ဘူး လေ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုတာ သူတို့မှာလည်းဘယ်လိုမှ ကပ်ဆိုက်နေတဲ့အချိန်။

အဲ့ဒီတော့ ဘယ်လိုမှ တောင်မင်းမြောက်မင်းမကယ်နိုင်တဲ့ကိစ္စ။ ကိုယ့်ဟာကိုယ်ဖြေရှင်းရမယ့်ကိစ္စပဲ၊ ကိုယ့် ဟာကိုယ်ဖြေရှင်းတဲ့အခါမှာ အခုတော်သေးတာက အဆိုးထဲမှာပေါ့နော်၊ အဓိက ကရန်ကုန်ဖြစ်နေလို့ တော် သေးတယ်၊ ကြို့ကြားကြို့ကြား ချင်းမှာဖြစ်တာတို့ ရှမ်းမှာဖြစ်တာတို့ ဥပမာဆိုပါတော့ တနင်္သာရီတိုင်း မကြား ရဘူး။ ဧရာဝတီတိုင်းမကြားရဘူး၊ နည်းနည်းပါးပါး စစ်ကိုင်းကြားရတယ်၊ မန္တလေးဆိုလည်း ထင်သလောက် အခြေအနေမဆိုးဘူး၊ မကွေးဆိုရင် လုံးဝမကြားရဘူး၊ ဒီထဲမှာ အဆိုးထဲကပေါ့ ရခိုင်မှာ တစ်ခုမှ မတွေ့ရသေးဘူး၊ တိုက်ခိုက်တွေများနေလို့ထင်ပါရဲ့၊ ဒီဘက်ကိုမလှည့်နိုင်ဘူး၊ ဆရာတို့မှာ ကိုယ်က အနေအထားတစ်ခုဖြစ်နေတာ။

နောက်တစ်ခုက ရခိုင်နဲ့ပတ်သက်လို့ ကိုယ်ကလည်း courteous ကစားရမှာပေါ့၊ ပြေးသွားတဲ့အထဲမှာ တစ်ယောက်မှဘာမှမဖြစ်သေးဘူး၊ ဒါကလည်း အဆိုးထဲကအကောင်းကို တွက်ရတာလေ၊ ဒါပေမဲ့ တကယ်တမ်း တော့ အစကပြန်ပြောတဲ့မေးခွန်းကတော့ ဆရာတို့စီးပွားရေးအခြေအနေက သိပ်မကောင်းဘူးပေါ့။ နိုင်ငံတော်က ဘယ်လောက် တောင့်ခံနိုင်မလဲဆိုတာကို ကြည့်ရမှာပဲ၊ ခံနိုင်ရည်ဘယ်လောက်ရှိမလဲ ပုံစံအမျိုးမျိုးနဲ့ ဘယ်လိုလုပ် ကြမလဲ။ အဲ့ဒီတော့ ဆရာထင်တာတော့ နိုင်ငံတော်အပိုင်းကလုပ်သလို စီးပွားရေးလုပ်ငန်းရှင်တွေ ဦးဆောင်ဖို့ လည်း လိုလိမ့်မယ်လို့အောက်မေ့တယ်လေ။ စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ သူတို့က လုပ်တတ်ကိုင်တတ် တယ်။ သူတို့က ဒီ crisisတွေမှာနေ့တိုင်းတွေ့နေရတဲ့သူတွေ၊ သူတို့က crisis မှာ ယဉ်ပါးနေတာ၊ အစိုးရဌာနတွေနဲ့ မတူဘူးလေ၊ ဆရာတို့အနေနဲ့ ကုမ္ပဏီတွေအားလုံးက crisis management ကို ကိုယ်ကိုယ်တိုင်လည်းသင်နေ တာ၊  ကုမ္ပဏီတွေမှာ crisis က အမြဲတမ်းရှိနိုင်တယ် စီးပွားရေးနဲ့ပတ်သက်လို့၊ အခုကတော့ ကျန်းမာရေးနဲ့ပတ် သက်တဲ့ crisis ဖြစ်လာပြီ၊ အဲ့လိုစဉ်းစားရမှာ။

Opinion  Leader media ။    ။ ၁၉၂၀ လောက်မှာ စပိန်တုပ်ကွေးပြီးတော့ နောက်ဆယ်နှစ်အကြာ ၁၉၃၀ မှာ ကမ္ဘာ့စီးပွား ရေးပျက်ကပ်ဖြစ်တယ်။ အဲ့ဒီကာလမှာ မြန်မာ့စီးပွားရေးက လယ်ယာစိုက်ပျိုးရေး က တော်တော်ကြီး ကို ထောင်တက်သွားတာရှိတယ်။ အခုနောက်ပိုင်း ဒါကိုတော်တော်များများက ပြောနေကြတဲ့အခါကျတော့ အခု လက်ရှိမှာ မြန်မာနိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေးက တော်တော်လေးအခြေအနေ ကောင်းလာတဲ့အနေအထား ရှိ တယ်။ ဒီနေ့ပဲ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် ကနေ ထုတ်ပြန်တာရှိတယ်၊ သိပ်မကြာတဲ့ကာလမှာ စားနပ်ရိက္ခာ ထုတ်လုပ်မှုလျော့ကျလို့  နှစ်ဆနီးပါး အငတ်ဘေးကြုံနိုင်တဲ့ အတွက် ပြောထားတဲ့အတွက်ကို ဒါကို အခွင့်အရေး အဖြစ်ယူပြီး စိုက်ပျိုးရေးကို ဇောင်းပေးလုပ်မလား။ လက်ရှိအချိန်မှာ လောင်စာဆီဈေးတွေကလည်း အရမ်းကျနေ တဲ့ အတွက်ကို ဥပမာ-စက်မှုလယ်ယာလိုဟာမျိုးတွေကို တွန်းအားပေးလုပ်လို့ရှိရင် မြန်မာ့စီးပွားရေးအခြေအနေ ပြန်ကောင်းနိုင်မလားဆရာ။

ပါမောက္ခဒေါက်တာအောင်ထွန်းသက်။     ။ ဒီလို ခင်ဗျားခုနသုံးသပ်တဲ့ ၁၉၃၀ ပေါ့။ ၁၉၃၀ မှာ ကိုယ်ကတော့ ပုံစံ တစ်မျိုးနဲ့လေ့လာခဲ့တဲ့သူ။ လေ့လာခဲ့တဲ့သူဆိုတော့ ၁၉၃၀ မတိုင်ခင်အထိမှာ မြန်မာနိုင်ငံရဲ့ ဆန်စပါးကဏ္ဍက တစ်ရှိန်ထိုး တက်ခဲ့တာ၊ ၁၉၁၀ လောက်က စတာ၊ တကယ်တမ်းဆိုရင် ၁၈၉၀ လောက်မှာ သီပေါပြီးသွားတဲ့ အချိန်မှာ ၁၉၀၀ လောက်ကနေ ဆူးအက်တူးမြောင်းကြီးဖွင့်လိုက်တဲ့အချိန်မှာ ဆရာတို့ ဧရာဝတီတိုင်းကြီး က လည်း ပွင့်သွားတော့ ဆန်စပါးတွေတက်လာတယ်။ အဲ့မှာတက်လာတဲ့အချိန်မှာ ဒီအချိန်အထိအားလုံးက အဆင် ပြေ နေတာ၊ အဲ့ဒီထဲမှာတွဲဖက်ပြီးတိုးတက်လာတာက သမဝါယမလုပ်ငန်းတွေ၊ မြန်မာနိုင်ငံမှာ သမဝါယမ လှုပ် ရှားမှုက ၁၉၀၅ ခုနှစ်မှာစတာ။ ဒီဟာက တော်တော်လေးကိုအဆင်ပြေတယ်။

အဲ့ဒီတည်းက အင်္ဂလိပ်မင်းတွေ စိတ်ပူတာက ဒီ အကြွေးတင်တာစိတ်ပူတာ၊ အဲ့ဒီအကြွေးတင်တာ စိတ်ပူ တာက လယ်သမားတွေဟာ လယ်စိုက်တဲ့အခါမှာ အကြွေးတွေယူရတယ် ဆရာတို့ ဟိုဟာပေါ့ အမတော်ကြေး တွေ ယူတယ်၊ တဖြေးဖြေး တဖြေးဖြေး မဆပ်နိုင်တဲ့အခြေအနေတွေရှိလာတယ်၊ အဲ့ဒီအခါကျတော့ သမဝါယမနဲ့ ကိုင်တွယ်မယ်ဆိုပြီး လုပ်တယ်၊ လုပ်ရင်းလုပ်ရင်းနဲ့ နည်းနည်းအောင်မြင်လာတဲ့အချိန်မှာ ဆရာတို့ ဘာနဲ့သွားထိ လဲဆိုရင် ၁၉၃၀ တစ်ကမ္ဘာလုံးစီးပွားရေးကပ်ဆိုက်ချိန်ကြီးနဲ့သွားထိတယ်။ အဲ့ဒီမှာတင်စပြီး Down သွားတာ၊ ပြန် မတက်တော့ဘူး။ ပြန်မတက်တော့ ဆရာတို့ ကိုယ့်နိုင်ငံနဲ့ပတ်သက်လာရင် ဆရာစံ ဒီသူပုန်ထတာလေ၊ အခြေခံ တော့ ၁၉၃၀ ပေါ့၊ ဆရာစံသူပုန်ထတာက ၁၉၃၁ မှာထတာ၊ တကယ်တမ်းတော့ဘယ်ကစသလဲဆိုရင် ၁၉၃၀ ကမ္ဘာ့ စီးပွားရေးကပ်ဆိုက်မှုကြီးကစတယ်၊ အဲ့ဒီကနေပြီးတော့ ၁၉၃၁ ပြီး ၁၉၃၅ အထိ နောက်ပိုင်းကျတော့ ဒုတိယကမ္ဘာစစ်ဖြစ်သွားရော၊ အခု ခင်ဗျားတို့ပြောတဲ့ကိစ္စက ထရန့်ကလည်း ဒီလိုပဲပြောနေတာ၊ အခုစီးပွားရေး ကျနေတယ်၊ ပြန်တက်လာလို့ရှိရင် နဂိုထက်ပိုပြီးတက်လိမ့်မယ်လို့ သူကတော့ သူပြောတာပေါ့၊ အဲ့ဒီတော့ အဲ့ဟာ ဖြစ်အောင် ကိုယ်ကဘယ်လိုလုပ်မလဲ အဲ့ဒီတော့ တစ်ခုပဲ ခင်ဗျားပြောတဲ့ဟာကို စီးပွားရေးတက်တယ် မတက် တယ် ဆိုတာတစ်ခုပဲ ။

ဆရာထင်တာက တစ်ခုဆွေးနွေးချင်တာက Beyond COVID 19 ပေါ့ ။ COVID 19 ပြီးသွားရင် ဘာလုပ် မလဲဆိုတာ အခုကတည်းက စဉ်းစားမှရမယ်။ အဲ့ဒီပြဿနာအရေးကြီးတယ်၊ အဲ့ဒီတော့ ခုနပြောသလို လယ်ယာ စိုက်ပျိုးရေး စက်မှုလယ်ယာလုပ်မလား ကိုယ့်ပုံစံနဲ့ အခုဆိုရင် အရင်လိုအွန်လိုင်းတွေပဲ တက်တော့မလား၊ အခုဆို ရင် ကုမ္ပဏီတွေ ဆရာတို့ခေါ်တဲ့ Supply Change က တော်တော်လေး ယိုင်သွားတာကိုး၊ အရင်တုန်းကဆိုရင် ဆရာတို့ဘာလုပ်ထားလဲဆိုတော့ ကုမ္ပဏီတွေမှာက ကိုယ်လည်း စီးပွားရေးပညာသင်တော့ လိုအပ်မှပဲပစ္စည်းတွေ မှာ သိုလှောင်မှုမလုပ်နဲ့ အရင်တုန်းကတော့ ပုံမှန်အနေအထား မှာပေါ့၊ အခုလိုအချိန်မှာ ကြိုပြီးလှောင်ထားတဲ့ သူက အဆင်ပြေသွားပြီလေ၊ အခုဆရာတို့ စီးပွားရေးပုံစံတွေ ပြန်ပြင်မှ ရမယ်ထင်တယ်၊ စီးပွားရေးပြင်ပြီး ပြန်ပြီး သုံးသပ်မှရမယ် အရင်လိုပုံစံနဲ့ စဉ်းစားလို့မရတော့ဘူး၊ အနေအထားက လုံးဝကိုပြောင်းလဲသွားတဲ့အခြေ အနေရှိ တာကို ဆရာတို့ထုတ်ပြန်ဖို့လိုတယ်၊ ဆရာထင်တယ်နော် ဒီကနေတစ်ဆင့်ပေါ့လေ။

ကိုယ်ကတော့အမြဲတမ်း learning ပေါ့၊ သင်ယူမှုတွေ ဘာတွေရနိုင်မလဲ သင်ခန်းစာတွေဘာတွေရနိုင် မလဲ ကိုယ့်အခက်အခဲတွေ ကုမ္ပဏီတစ်ခုချင်း၊ လုပ်ငန်းတစ်ခုချင်း ခင်ဗျားတို့ကုမ္ပဏီလည်း ဒီအတိုင်းပဲ၊ အခုဆိုရင် Print မီဒီယာ ပျောက်သွားပြီ၊ ပျောက်သွားပြီ မလုပ်တော့ဘူး။ အားလုံးက ဒစ်ဂျစ်တယ်တက်ပြီလေ၊ အဲ့လိုဟာ တွေကျတော့ ဆရာတို့ ပုံနှိပ်တိုက်တွေကလည်း စဉ်းစားရမှာက တစ်ခုစဉ်းစားရတော့မယ် ပုံစံတစ်မျိုးနဲ့ဘယ်လို လှုပ်ရှားမလဲ။ ဆရာ ထင်တာတော့ အားလုံးက အိပ်ရာနိုးတဲ့လူလို Wake up All ပေါ့၊ လှုပ်နှိုးသလိုဖြစ်တယ် ထင်တယ်၊ တစ်ကမ္ဘာလုံးကအိပ်ပျော်နေတာလေ၊ အရင်အတိုင်းပဲဖြစ်လိမ့်မယ် နဂိုအတိုင်းပဲဖြစ်လိမ့်မယ် ဘာမှ မဖြစ်ပါဘူးလို့ ရပါတယ်၊ ရပါတယ်ဆိုတဲ့ဟာက အခုက လုံးဝမရပါတယ်ဆိုတဲ့ပြဿနာကြီးလာတွေ့နေတာ။

လုံးဝလည်း ဘယ်သူကမှလည်း ဟောကိန်းထုတ်ခဲ့တဲ့သူလည်းမရှိဘူး၊ နာမည်ကြီးတဲ့ ဗေဒင်ဆရာတွေ တစ်ယောက်မှ မသိဘူး၊ မဟုတ်ဘူးလား၊ မေးကြည့်ရင်လေ အခုသူတို့ဘယ်လိုဖြေမလဲသိချင်တာ၊ ဟုတ်တယ် မဟုတ်လား၊ သူတို့ဟောဟောနေတာ၊ တစ်ပတ်တစ်ခါဟောနေတာ၊ ဒီအကြောင်းမသိဘူး  မဟုတ်ဘူးလား၊ ဒါကလုံးဝမမျှော်လင့်တဲ့ အခြေအနေတစ်ခုကို မျှော်လင့်ချက်ပုံစံနဲ့ တုန့်ပြန်ရမယ်၊ ဆရာက အဲ့ဒါပဲ ပြောချင်တယ်။ အရင်ပုံစံနဲ့ သမားရိုးကျပုံစံနဲ့ လုံးဝစဉ်းစားလို့မရဘူး၊ တွေးတာခေါ်တာတွေရော အပြု အမူတွေ အနေအထိုင် တွေရော လူနေမှုတွေအားလုံး တစ်ယောက်နဲ့တစ်ယောက် ရင်းရင်းနှီးနှီး အရင်လို ဖက်လို့မရတော့ဘူး၊ တွေ့တိုင်း လက်ဆွဲနှုတ်ဆက်တဲ့အလေ့အကျင့်က ဖျောက်ရတော့မယ်လေ၊ သူ့မှာလည်း ရောဂါရှိမရှိ ကိုယ့်မှာရောဂါရှိမရှိ သူ့မသိကိုယ့်မသိ မသိတဲ့လူနှစ်ယောက်ပေါင်းလိုက်ရင် ဒုက္ခရောက်မှာ၊ အဲ့ဒီ ပြဿနာအကြီးဆုံးပဲ၊ အခု မျက်နှာဖုံး Mask တပ်တယ်မတပ်တယ်ဆိုတဲ့ကိစ္စကလည်း အနောက်နိုင်ငံက မတပ်တော့ ဒုက္ခတွေရောက်ကုန်ရော၊ အရှေ့ တိုင်းမှာ ဟောင်ကောင်တို့ စင်ကာပူတို့မှာ တပ်ထားတော့ နည်းနည်းသက်သာတယ်လို့ပြောတယ်လေ၊ အဲ့ဒီတော့ အခြေအနေတွေ အားလုံးက ကိုယ့်သင်ခန်းစာ တွေပါ၊ အဲ့ဒါရအောင်ယူဖို့ပဲလိုပါတယ်ဗျာ။

အဲ့ဒါဆိုလို့ရှိရင် အကုန်လုံးခြုံလိုက်လို့ရှိရင် စီးပွားရေးပုံစံကတော့ ပြောင်းနေပြီ အများကြီးလည်း ပြင် ဆင်ရမယ် တစ်ချို့အရာတွေက ဘယ်လောက်အထိ တောင့်ခံနိုင်မလဲလို့ ပြင်ဆင်ရမယ့်အနေအထားက အရမ်း အရေးကြီးပြီဆိုတဲ့ အနေအထားပေါ့နော်ဆရာ။အဲ့ဒါပဲ၊ တောင့်ခံဖို့ပဲ ခံနိုင်ရည်ရှိအောင်ဘယ်လိုကြိုးစားမလဲ စဉ်းစားဖို့လိုတယ်၊ အတွေးအခေါ်အယူအဆတွေ အပြုအမူတွေပေါ့နော်။

Opinion  Leader media ။    ။ ကျေးဇူးတင်ပါတယ်ဆရာ။

ဒေါက်တာ‌အောင်ထွန်းသက်
ဧပြီ - ၂၃
( Zawgyi )
ျမန္မာႏိုင္ငံအတြင္း ကိုဗက္-၁၉ ေခၚကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ စတင္ေတြ႕ရွိသည့္ တစ္လျပည့္ ေျမာက္ သည့္ အခ်ိန္တြင္ ျမန္မာႏိုင္ငံတစ္ဝန္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူအေရအတြက္မွာ တစ္ရာေက်ာ္လာ ၿပီ ျဖစ္သလို ေသဆုံးသူအေရအတြက္မွာလည္း ၅ ဦးထိရွိလာခ်ိန္တြင္ ကမာၻတစ္ဝန္းကူးစက္သူ ႏွစ္သန္းေက်ာ္လာ ကာ ေသဆုံးသူအေရအတြက္မွာလည္း ႏွစ္သိန္းနားကပ္လာခဲ့ပါတယ္။ ယခုအခ်ိန္တြင္ ကမာၻတစ္ဝန္း အသြား အလာရပ္ဆိုင္းလုနီးပါးျဖစ္ကာ စီးပြားေရးလုပ္ငန္းမ်ား ရပ္ဆိုင္းထားရသျဖင့္ ထိခိုက္နစ္နာမႈမ်ား မေမွ်ာ္မွန္းႏိုင္ ေလာက္သည့္အထိ ျဖစ္လာခဲ့သလို က်န္းမာေရးဆိုင္ရာ ကပ္ေဘးမွာ မည္သည့္အခ်ိန္မွ ၿပီးႏိုင္မည္ကို မခန႔္မွန္းႏိုင္ သျဖင့္ ကမာၻႏိုင္ငံမ်ားအားလုံး ကူးစက္ေရာဂါကို ရင္ဆိုင္ရင္း စီးပြားေရးလုပ္ငန္းမ်ားကို ျပန္လည္စတင္ႏိုင္ရန္ လုပ္ေဆာင္ေနၾကသည္ျဖစ္ရာ ျမန္မာႏိုင္ငံအတြင္း စီးပြားေရးလုပ္ငန္းမ်ား ကိုဗက္-၁၉ ကာလတြင္ ျပန္လည္လုပ္ကိုင္မႈႏွင့္ ပတ္သက္ၿပီး က်န္းမာေရး၊လူမႈေရးႏွင့္ စီးပြားေရးရႈေထာင့္မွ မည္သို႔ ျဖစ္လာႏိုင္သည္ကို ဝါရင့္စီးပြားေရးပညာရွင္ျဖစ္သူ ႏိုင္ငံေတာ္သမၼတ၏ ၿငိမ္းခ်မ္း ေရးႏွင့္စီးပြားေရးဆိုင္အႀကံေပး ပုဂၢိဳလ္ ပါေမာကၡ ေဒါက္တာေအာင္ထြန္းသက္အားOpinion Leaders Mediaမွ အထူးအစီအစဥ္ တစ္ရပ္ အေနျဖင့္ေမးျမန္းခဲ့ပါတယ္။ ပါေမာကၡေဒါက္တာေအာင္ထြန္း သက္၏ရႈျမင္သုံးသပ္ ခ်က္အျပည္အစုံကိုယခုတစ္ပတ္အထူးအစီအစဥ္ အျဖစ္ေဖာ္ျပလိုက္ပါတယ္။

(Opinion Leaders Media သတင္းအဖြဲ႕)

Opinion  Leader media ။    ။ အခုလက္ရွိမွာ စီးပြားေရးအတြက္ ျပင္ဆင္ေနၾကတာေတြအမ်ားႀကီးရွိတယ္ဆရာ၊ Lockdown လုပ္တာနဲ႔ Semi Lockdown လုပ္တာနဲ႔ စက္မႈဇုန္ေတြမွာလည္း ဖြင့္ခြင့္မဖြင့္ခြင့္ဆိုတာရွိတယ္၊ အဲ့ဒီ အေနအထားေတြကဆရာ ျမန္မာ့စီးပြားေရးမွာဆိုလို႔ရွိရင္ ယခုလိုအေျခအေနေတြက ဘယ္ေလာက္အထိ သြားထိ ခိုက္ႏိုင္လဲဆရာ လ်င္လ်င္ျမန္ျမန္မဖြင့္ဘူးဆိုရင္။

ပါေမာကၡေဒါက္တာေအာင္ထြန္းသက္။     ။ ဒီလိုေလ အခုကဟို အခုလြန္ဆြဲေနရတာေပါ့၊ အခုဆရာတို႔မွာ တကယ့္ကိုေနာ္ အရင္တုန္းက စာအုပ္ထဲမွပဲ ေတြ႕ဖူးတဲ့ အေျခအေနတစ္ခုကို လက္ရွိအခ်ိန္မွာ ရင္ဆိုင္ ေနရတာ ေပါ့၊ ရင္ဆိုင္ေနရတာ ဘာလဲဆိုရင္ ဆရာတို႔ေျပာတဲ့ ဒီႏွစ္ခုေပါ့ေလ ေ႐ြးစရာႏွစ္ခုက ဒီဟာေ႐ြးလိုက္ရင္ ဒီဟာ ပိုေကာင္း မယ္ဆိုရင္ အခုက ႏွစ္ခုလုံးက မေကာင္းတဲ့ေ႐ြးခ်ယ္မႈျဖစ္ေနတယ္၊ တစ္ခုက က်န္းမာေရး ကိုေရွ႕တန္း တင္ၿပီးေတာ့ လူေတြ ေနေကာင္းေအာင္ ေနခြင့္ျပဳတယ္၊ တစ္ေယာက္နဲ႔တစ္ေယာက္ ကင္းကင္း ကြာကြာေနဖို႔ လိုတယ္။ အိမ္မွာ ေနဖို႔လိုတယ္ ဆိုတဲ့အယူအဆေတြက ရွိတယ္ေလ။

အဲ့ဒီေတာ့ အခုေသခ်ာတာကေတာ့ ဥေရာပ အေျခအေနေရာ တ႐ုတ္ျပည္အေျခအေနေရာ ဂ်ပန္ေရာ ကိုရီးယားေရာ အားလုံးအေတြ႕အႀကဳံက Social Distancing ဆိုတာ ေတာ္ေတာ္ေလးေအာင္ျမင္တယ္၊ ထိေရာက္ တယ္။ ဒီေရာဂါ မပြားဖို႔ဆိုရင္ တစ္ေယာက္နဲ႔ တစ္ေယာက္ နီးနီးကပ္ကပ္ပူးပူးကပ္ကပ္မရွိဖို႔လိုတယ္။ တစ္ ေယာက္နဲ႔ တစ္ေယာက္ ေျခာက္ေပကြာဖို႔ လိုတယ္ ဆိုတာကေတာ့ ကိန္းဂဏန္းအရေရာ သုေတသန လုပ္ခ်က္ အားလုံးက ေသခ်ာေနတာေလ။ အဲ့ဒီေတာ့ အဲ့ဒီလို လုပ္တဲ့အခါမွာ ရလဒ္ကဘာလဲဆိုရင္ အားလုံးကပိတ္ရ ေတာ့ မယ္၊ စက္႐ုံေတြ၊ အလုပ္႐ုံေတြ၊ စားေသာက္ဆိုင္ ေတြ ဆရာတို႔ ဒီ အားလုံးေပါ့။

ေျဖေဖ်ာ္မႈကိစၥနဲ႔ပတ္သက္လို႔ ႐ုပ္ရွင္႐ုံေတြျပဇာတ္ေတြ အားလုံးပိတ္ရေတာ့မယ္၊ အဲ့ဒီေတာ့ အခုဘာ ျဖစ္ေနလဲဆိုရင္ ဒီျမန္မာျပည္ အေၾကာင္း မေဆြးေႏြးခင္ေနာ္ အေမရိကန္မွာ ဒီျပႆနာ အႀကီးအက်ယ္ျဖစ္ ေနတယ္။အႀကီးအက်ယ္ျဖစ္ေနတာက တစ္ဖက္က ဖြင့္ခ်င္တဲ့သူေတြရွိတယ္။အေျခအေနေတြေကာင္းေနၿပီပဲ၊ ဥေရာပက ဒီေလာက္မဆိုးဘူး၊ ဒါေၾကာင့္မို႔ ဖြင့္လို႔ရတယ္။ ဖြင့္လို႔ရခ်ိန္မွာ ဖြင့္ရေအာင္ အရင္ပုံမွန္အတိုင္း လုပ္ရေအာင္လို႔ ေျပာတဲ့သူေတြရွိတယ္။ ဒါေပမဲ့ တစ္ခ်ိဳ႕ေတြက စိတ္ပူတာက အဲ့လို ဝန္ထမ္းျပန္လုပ္လို႔ရွိရင္ ေရာဂါျဖစ္တဲ့သူေတြႏႈန္းေတြတက္လာရင္ဘယ္လိုလုပ္မလဲ။

အဲ့ဒီေတာ့ အခု အဲ့ဒီ လြန္ဆြဲမႈဟာ ဆရာတို႔အခု ကိုယ့္ႏိုင္ငံမွာလည္း ဒီအတိုင္းျဖစ္ေနတာေပါ့၊ အဲ့ဒီေတာ့ အခု တစ္ခ်ိဳ႕ေတြကေတာ့ လုံး၀ Lockdown လုပ္ေစခ်င္တယ္၊ တစ္ခ်ိဳ႕ေတြကလည္း Semi Lockdown လုပ္ေစ ခ်င္တယ္၊ အခု စက္႐ုံအလုပ္႐ုံနဲ႔ ပတ္သက္လို႔လည္း ဒီေန႔မနက္ ေဆြးေႏြးတဲ့အထဲမွာ ဆရာၾကားသေလာက္ ဒီအထည္ခ်ဳပ္ ေတြက သူတို႔အေနနဲ႔ မပိတ္ခ်င္ဘူး၊ မပိတ္ခ်င္တဲ့အခါက်လို႔ရွိရင္ ဒါဆိုလို႔ရွိရင္ ကဲ ဖြင့္ၿပီ ။ ဖြင့္ၿပီ ဆိုလို႔ရွိရင္ အလုပ္ သမားေတြ စက္႐ုံအလုပ္႐ုံမွာ အလုပ္လုပ္တဲ့အခါက်လို႔ရွိရင္ Social Distancing ဆိုတာ လြယ္ တာမွ မဟုတ္တာ။တစ္ေယာက္နဲ႔တစ္ေယာက္ ေျခာက္ေပအကြာအလုပ္လုပ္ဖို႔ဆိုတာ လြယ္တာမဟုတ္ဘူးေလ။ ေျခာက္ေပမကြာႏိုင္လို႔ ဒီအတိုင္းပဲတစ္ေယာက္နဲ႔တစ္ေယာက္ အရင္ပုံစံအတိုင္း ပူးပူးကပ္ကပ္ေနရင္ေတာ့ ေရာဂါ ျဖစ္ရင္ အဲ့ဒီေရာဂါက တားလို႔ရမယ့္အေနအထားမရွိဘူးေလ။

အဲ့ဒီေတာ့ လုပ္ငန္းရွင္ေတြအေနနဲ႔ ကေတာ့လည္း သူတို႔က စီးပြားေရးမ်က္စိတစ္ခုတည္းနဲ႔ၾကည့္လို႔ ဒါႀကီးအားလုံးကို ပုံမွန္အေနအထားျဖစ္ေအာင္ လုပ္ပါလို႔ သူတို႔က ေတာင္းဆိုမွာပဲ။ တစ္ဖက္ကလည္း ျပည္သူ႔ က်န္းမာေရးရႈေထာင့္က ၾကည့္ၿပီးေတာ့ ဒါကေတာ့ မဖြင့္သင့္ေသးဘူး ဒီအတိုင္းပဲထားပါဦး မဖြင့္သင့္ဘူးလို႔ ေျပာ တဲ့သူကလည္းရွိတယ္၊ အဲ့ဒီေတာ့ အဲ့ဒီႏွစ္ခုၾကားထဲမွာ ဆရာထင္တာေတာ့ အဆုံးအျဖတ္က ႏိုင္ငံေရး အဆုံး အျဖတ္ေပါ့၊ စီးပြားေရးအဆုံးအျဖတ္ လည္းမဟုတ္ဘူး၊ က်န္းမာေရးအဆုံးအျဖတ္လည္းမဟုတ္ဘဲနဲ႔ ႏိုင္ငံေရး တာဝန္ရွိတဲ့သူေတြက ဆုံးျဖတ္ရမွာေလ။

အဲ့လိုစဥ္းစားတဲ့အခါမွာ ကိုယ့္အေနအထားမွာ ေရာဂါအေနအထား ဘယ္လိုရွိလဲ ။ေပ်ာက္မႈအေန အထားဘယ္လိုရွိလဲ ။အခု၁၀၀ ေက်ာ္လာၿပီ။အဲ့ဒီေတာ့ ၁၀၀ ေက်ာ္လာေတာ့ အခုအထိ ကေတာ့ ဒါေတာင္ မေန႔က မေသခ်ာတာက အရင္တုန္းကအထိေတာ့ အားလုံး important ေပါ့၊ အျပင္နဲ႔ပတ္သက္တဲ့ သူေတြနဲ႔ ဆက္စပ္ေနတယ္ဆိုရင္ေတာ့ နည္းနည္းေတာ္ေသးတာေပါ့။ သို႔တည္းမဟုတ္ လုံးဝအျပင္နဲ႔ ဆက္စပ္မႈမရွိဘဲနဲ႔ Local Transmission ဆိုရင္ေတာ့ သိပ္ကို အႏၲရာယ္ႀကီးတယ္ေလ။အဲ့ဒီေတာ့ အဲ့လို တာဝန္ႀကီးတဲ့ ကိစၥျဖစ္ တာကို ဆရာတို႔ဘယ္လိုကိုင္တြယ္ၾကမလဲ။

အခုက ျပႆနာက ဘာလဲဆိုရင္ အေျခခံ လူတန္းစားေတြေပါ့။အမ်ားဆုံးျဖစ္ေနေတာ့ သူတို႔ကို စက္႐ုံအ လုပ္႐ုံေတြပိတ္လိုက္ရင္ သူတို႔ကိုဘယ္လို အစားထိုးမလဲ။ ဒါကလည္း ျပႆနာရွိတယ္၊ ဒါေပမဲ့အခု ဆရာတို႔ ေျပာ ရင္းဆိုရင္းနဲ႔ပဲ ကိုယ္နဲ႔ပတ္သက္တဲ့ လုပ္ငန္းေတြမွာ တစ္ဝက္ေတြေလွ်ာ့ေနၿပီ။အလုပ္သမားေတြ ၅၀ ရာခိုင္ႏႈန္း ေလွ်ာ့ေနၾကၿပီ။ အဲ့ဒီေတာ့ အဲ့လိုအခါက်ေတာ့ ဒါကမေလွ်ာ့လို႔မရတဲ့ကိစၥေလ။ ဝင္ေငြလုံးဝမရွိတဲ့အခ်ိန္မွာ ကုန္က် စရိတ္ေတြ လစာေတြကို အရင္ပုံမွန္အတိုင္းေပးေနဖို႔ဆိုတာ မျဖစ္ႏိုင္ဘူးေလ။မျဖစ္ႏိုင္တဲ့အခါက်ေတာ့ ဒါ လုပ္ ငန္းရွင္ေတြအေနနဲ႔ ကေတာ့ သူတို႔ရဲ႕ဆုံးျဖတ္ခ်က္ဟာ မွားတယ္မွန္တယ္ဆိုတာထက္ သူတို႔မွာလည္း attention  ဆိုတာ ရွိေသးတာေပါ့၊ ဒါေပမဲ့ တစ္ဖက္ကလည္း ဝန္ထမ္းေတြဘက္ကလည္း ဒီလုပ္ခလစာကိုပဲ အားကိုးေနရတဲ့ အခါက်ေတာ့ သူတို႔မွာလည္း အခက္အခဲရွိတယ္၊ အခုျပႆနာက ဒီျပႆနာႀကီးျဖစ္ေနတာ၊ အလုပ္ရွင္ ကလည္း ဒုကၡေရာက္ေနသလို အလုပ္သမားကလည္း အဆင္မေျပဘူးေလ၊ အဲ့ဒီအခါက်ေတာ့ ဥပမာဆိုပါေတာ့ အလုပ္ လက္ မဲ့ျဖစ္ရင္ တျခားႏိုင္ငံေတြမွာဆိုရင္ ခ်မ္းသာတဲ့ႏိုင္ငံေတြမွာေတာ့ လူမႈဖူလုံေရးေတြ အလုပ္လက္မဲ့ ျဖစ္တဲ့ အခါမွာ အခေၾကးေငြေတြ လုပ္ခလစာေတြ ထုတ္လို႔ရတယ္၊ ဆရာတို႔မွာ အဲ့လိုအေျခအေနမွ မရွိတာ၊ အဲ့ဒီမွာ ဆရာတို႔ အခက္အခဲက အမ်ားႀကီးႀကဳံေတြ႕ရမယ္လို႔ထင္တယ္။

Opinion  Leader media ။    ။ မေန႔ညကဆိုလို႔ရွိရင္ ဆန္စပါးဝယ္ယူေရး ေနာက္ ဆီနဲ႔ပတ္သက္ၿပီးေတာ့ အစိုးရက စိုက္ထုတ္ၿပီး ဝယ္မယ္ဆိုတဲ့ဟာရွိတယ္၊ ဒါက COVID 19 နဲ႔ပတ္သက္ၿပီး စီမံတဲ့အေနအထားေပါ့၊ အဲ့ဒီအေန အထားက အစိုးရအေနနဲ႔ ဘယ္ေလာက္အထိ ေတာင့္ခံထားႏိုင္မယ့္ အေနအထားမ်ိဳးရွိလဲ၊ ဘယ္လိုမ်ိဳး အရင္းအႏွီး စနစ္မ်ိဳးနဲ႔ ဥပမာ ဂ်ပန္မွာဆိုလို႔ရွိရင္လည္း လူေတြကို ယန္း တစ္သိန္းေပးတာရွိတယ္၊ တူရကီမွာ ဆိုလို႔ရွိရင္ လစာကို အစိုးရက ၆၀ ရာခိုင္ႏႈန္းစိုက္ေပးတာရွိတယ္။ အခုလိုမ်ိဳး အစိုးရ အေနနဲ႔ ဆန္စပါးဝင္ ဝယ္ေပးတယ္၊ ေနာက္တစ္ခါ ဒီလိုမ်ိဳးစီမံတာေတြရွိတာမ်ိဳးမွာ အစိုးရက ဘယ္ေလာက္အထိ ေတာင့္ခံႏိုင္မလဲ အေျခအေနမေကာင္းတဲ့ ျမန္မာျပည္စီးပြားေရးက ဒီလိုစိုက္ထုတ္လုပ္ေဆာင္မႈေၾကာင့္ သြားထိခိုက္ႏိုင္လားဆရာ။

ပါေမာကၡေဒါက္တာေအာင္ထြန္းသက္။     ။ အခုကေတာ့ အဲ့ဒီ စီးပြားေရးကေတာ့ေနာ္ တစ္ကမာၻလုံးမွာ Recession  စီးပြားေရးကပ္ဆိုက္တာက ေသခ်ာသြားၿပီ။ဟုတ္တယ္ေနာ္၊ ဘာမွကို ဆရာတို႔ ဆီေဈးလည္း ထိုးက် သြားၿပီ။ ဆီေဈးေတာင္ ဘယ္လိုမွ နလန္မထူႏိုင္ေတာ့ဘူး၊ အေနာက္ႏိုင္ငံေတြေရာ အေမရိကန္ အေနာက္ႏိုင္ ငံေတြ ေပါင္းလိုက္ရင္ သူတို႔ရဲ႕ စီးပြားေရးက ရပ္သြားတယ္၊ ရပ္သြားတဲ့အခါက်ေတာ့ အစိုးရက ဘယ္ေလာက္ အထိ အလုပ္ရွင္ေတြေရာ အလုပ္သမားေတြေရာ ႏိုင္ငံေတာ္အစိုးရက ဘယ္ေလာက္ေတာင့္ခံႏိုင္မလဲ ဆိုတဲ့ ေမးခြန္းက ေမးရေတာ့မယ္ေလ။

စင္ကာပူမွာေတာ့ သူတို႔နည္းသူတို႔ဟန္နဲ႔ အေထာက္အပံ့ေတြေပးေနတယ္။ကိုယ့္ဆီမွာေတာ့ ကိုယ့္နည္း ကိုယ္ဟန္နဲ႔ သၾကၤန္ရက္က ရပ္ကြက္ေတြမွာ အေျခခံလူတန္းစားေတြကို ဆန္၊ ဆီ၊ ဆား၊ င႐ုတ္၊ ၾကက္သြန္ ေပးတယ္ဆိုေတာ့ ။ဒါေပမယ့္ အဲဒီလိုေပးတာ ဘယ္ေလာက္ၾကာၾကာေပးႏိုင္မလဲ။ ႏိုင္ငံေတာ္အစိုးရက ဘတ္ဂ်က္ ကလည္းဘယ္ေလာက္ရွိလဲ။ အဲ့ဒီေတာ့ တစ္ခုေပါ့ေနာ္။ကမာၻ႔ဘဏ္ကလည္း ဘယ္ေလာက္ ကူညီမလဲ၊ IMF က လည္း ဘယ္ေလာက္ကူညီမလဲ။ အကူအညီေတာ့ လိုရမွာေပါ့။ ကိုယ့္တစ္ႏိုင္ငံတည္း ဆရာတို႔ လုပ္လို႔ရတာ မဟုတ္ဘူး။ အဲ့ဒီေတာ့ ကူညီဖို႔ဆိုျပန္ေတာ့လည္း တျခားႏိုင္ငံကလည္း ျပႆနာေတြ အမ်ားႀကီး သူ႔နည္းသူ႔ ဟန္နဲ႔ ရင္ဆိုင္ေနရတာေလ။

ဆရာတို႔မွာ အခုျဖစ္တာက ကိုယ့္တစ္ႏိုင္ငံတည္းျဖစ္တာ မဟုတ္ဘဲ တစ္ကမာၻလုံးျဖစ္ေတာ့ ေတာင္မင္း ေျမာက္မင္းမကယ္ႏိုင္တဲ့ကိစၥေလ။ အရင္တုန္းကဆိုရင္ေတာ့ သူမ်ားဆီက အကူအညီလိုတယ္၊ အေထာက္အပံ့ရ တယ္။ အခုက သူတို႔မွာလည္း ဒုကၡေရာက္ေနတာ။ သူတို႔မွာလည္းအခက္အခဲေတြအမ်ားႀကီးရွိေတာ့ ကိုယ့္ဟာ ကိုယ္ အေျဖရွာဖို႔ဆိုတာကလည္း ကိုယ့္ရဲ႕အင္အား ကလည္း သိတဲ့အတိုင္း။ အဲ့ဒီေတာ့ ကိုယ့္ရွိတဲ့အင္အားကို ဒီထက္ပိုၿပီးေတာ့ ခိုင္မာေအာင္ ေတာင့္တင္းေအာင္ ဘယ္လိုလုပ္ၾကမလဲ။ ဒါေတြရွိတယ္၊ ဆရာဆိုရင္ စိတ္ပူတာ ကေတာ့ ပညာေရးေပါ့၊ ပညာေရးေက်ာင္းပိတ္တာ ဘယ္ေလာက္ၾကာၾကာပိတ္မလဲ။ အခုတစ္ခ်ိဳ႕ႏိုင္ငံေတြမွာ ကိုယ္ကိုယ္တိုင္လည္း စဥ္းစားၿပီးလုပ္ေနတာကေတာ့ အြန္လိုင္းနဲ႔ေပါ့၊။သင္တန္းေတြေပးဖို႔ ဘယ္လိုလုပ္ၾကမလဲ ပညာေရးမွာ ဟုတ္တယ္မဟုတ္လား။ အဲ့ဒီမွာ ဆရာတို႔ အထက္တန္းပညာ၊ တကၠသိုလ္ေတြမွာ လုပ္လို႔ရတာ ေတြရွိသလို ဥပမာ- ေက်း႐ြာအထိ အင္တာနက္မရွိတဲ့ေနရာမွာ ဘယ္လိုလုပ္ၾကမလဲ။ ဒါႀကီးက တကယ့္ ျပႆနာ ႀကီးေနာ္၊ ေက်ာင္းတစ္ႏွစ္ေလာက္ ပိတ္ရရင္ဘယ္လိုလုပ္ၾကမလဲ။ ဒီျပႆနာရွိတယ္။

ေနာက္အခု ဒီျပႆနာက ဘာလဲဆိုရင္ Working for Home ေပါ့ ၊ ကိုယ္ကိုယ္တိုင္လည္း လုပ္ေနတာ ေပါ့။ တစ္ခုေတာ့ရွိတာက စီးပြားေရးလုပ္တဲ့သူအေနနဲ႔ အားေပးရမယ့္အေျခအေနက ဒါကို ဒီထဲကေန အဆိုးထဲက အေကာင္းေပါ့ေနာ္။ ဘယ္လိုအေျဖရွာလို႔ရမလဲ၊ အခုေသခ်ာတာ တစ္ခုကေတာ့ ဆရာတို႔ ကိုယ့္ႏိုင္ငံက သူမ်ား ထက္စာရင္ သိပ္မညံ့လွဘူး၊ မညံ့လွတဲ့ကိစၥတစ္ခု ဒါေလးေတာ့ ခင္ဗ်ားတို႔မီဒီယာသမားေတြ မီးေမာင္းထိုးေပးပါ ဗ်ာ၊ ဘာလဲဆိုရင္ အခက္အခဲေတြအမ်ားႀကီးၾကားထဲကေန အြန္လိုင္းေတြတက္လာၿပီေလ၊ အခု ဆရာတို႔ တစ္ သက္လုံးေျပာေနတာ၊ ဆိုင္ဖြင့္ၿပီးေဈးမေရာင္းနဲ႔ဆိုတာ ဆရာကိုယ္တိုင္အၿမဲတမ္းေျပာေနတာ၊ အလီဘာဘာတို႔ ေအာင္ျမင္ေနတာ ပလက္ေဖာင္းက ဒီကမာၻေက်ာ္ပလက္ေဖာင္းပဲ။

ဒစ္ဂ်စ္တယ္နဲ႔ တက္တာ။ အခုမွာ အခ်မ္းသာဆုံးက အလီဘာဘာပဲ၊ သူ႔မွာစက္႐ုံတစ္႐ုံမရွိဘူး၊ ဆိုင္တစ္ ဆိုင္မရွိဘူး၊ သူ႔မွာ ၿခံတစ္ၿခံမရွိဘူး၊ သို႔ေသာ္လည္း ရွိတဲ့သူေတြအားလုံးစုစည္းၿပီးလုပ္တာ၊ ဆရာတို႔အေနနဲ႔ အဲ့ဒါ လုပ္လို႔ရတယ္၊ ေနာက္တစ္ခုက စဥ္းစားဖို႔လိုတာက အခုခင္ဗ်ားတို႔လည္း မီဒီယာသမားေတြဆိုေတာ့ သိတာေပါ့၊ အရက္ေရာင္းတဲ့ ဘီယာေရာင္းတဲ့သူ လက္ေဆးတဲ့ဟာ ေရာင္းတာေလ။ ဒါေတြက ေတာ္ေတာ္ေလး စဥ္းစားဖို႔ ေကာင္းတယ္။ ေနာက္တစ္ခုက Tour ေပါ့၊ ကမာၻလွည့္ၿပီး ခရီးသြားဖို႔ဆိုတာ ေနာက္တစ္ႏွစ္ ေလာက္က ျဖစ္ႏိုင္ မွာမဟုတ္ဘူးေလ၊ ျဖစ္ႏိုင္မွာမဟုတ္တဲ့အတြက္ အခုေခၚတဲ့ AR လို႔ေခၚတဲ့ နည္းပညာေပါ့။

ဥပမာ- ပုဂံကိုၾကည့္လို႔ရတယ္၊ မွန္ေျပာင္းနဲ႔ၾကည့္လို႔ရတဲ့ဟာမ်ိဳး နည္းပညာေတြေပါ့၊ အခုေကာင္းလာ တာက အားလုံးနည္းပညာေတြ ဘက္ကို တပ္မက္တဲ့အေျခအေနရွိတယ္၊ အဲ့ဒါေတြကို အခြင့္အေရးယူရမယ္ေနာ္၊ ဒါေပမဲ့ အခုထိဆရာတို႔က အခြင့္အေရးက မယူႏိုင္ေသးဘူး၊ အထူးသျဖင့္ အစိုးရ႐ုံးေတြက မယူေသးဘူး၊ Meeting ေတြလုပ္ေနတုန္း၊ အရင္အတိုင္းပဲ အစည္းအေဝးေတြလုပ္ေနတုန္း၊ အခုဆိုရင္ သူမ်ားႏိုင္ငံမွာ အစည္းအေဝးေတြ မရွိေတာ့ဘူး။ အြန္လိုင္းနဲ႔ပဲ လုပ္လို႔ရတဲ့အေျခအေနမွာ ဆရာတို႔က အခုထိ အြန္လိုင္းေပၚကို တက္ဖို႔ရတဲ့ အေျခ အေနဟာ အရင္တုန္းကတည္းက ဆရာတို႔မွာအခက္အခဲေတြအမ်ားႀကီးရွိခဲ့တာ၊ ခင္ဗ်ားနဲ႔ မေျပာခင္ေတာင္ ၾကားလိုက္တာက အစိုးရ႐ုံးေတြက အခုေတာင္ တက္ေနရတုန္းပဲ၊ သုံးရက္တစ္ခါ ဆိုေပမဲ့ အေရအတြက္က ဒီအ တိုင္းပဲေလ။ ဖယ္ရီစီးရင္တစ္ေယာက္နဲ႔တစ္ေယာက္ ေျခာက္ေပကြာဖို႔ ဘယ္လိုလုပ္မလဲ၊ တကယ္ျဖစ္ရင္ ဒါတ ကယ့္ကိုအႏၲရာယ္ျဖစ္မယ့္ကိစၥႀကီး၊ ဆရာတို႔က ဒါကို ပုံမွန္အေနအထားပဲ လုပ္တယ္၊ ပုံမွန္ပဲလုပ္တယ္၊ အရင္အ တိုင္းပဲေပါ့၊ အခုေျပာင္းလာတဲ့ New Normal ကို ဘယ္သူမွ မေျပာၾကဘူး။ အရင္အတိုင္းပဲ။

အခုခင္ဗ်ားတို႔ သတင္းစာေတြမွာ မီဒီယာေတြမွာ ၾကည့္လိုက္ အလႉအတန္းလုပ္ေနတာလည္း အရင္ပုံစံ နဲ႔လႉေနတာေလ၊ အသိအမွတ္ျပဳတဲ့လက္မွတ္ေတြကို ဒီအတိုင္းေပးေနတာေလ၊ ဒီဘက္ကလည္း ဓာတ္ပုံေတြ ႐ိုက္ေနတာ ေငြေပးတာေတြကလည္းအရင္အတိုင္းပဲ၊ Distancing လုပ္ရမယ္ဆိုတာကို သိလို႔လားမသိလို႔လား မေျပာတတ္ဘူးကြဲ႕။ ကိုယ္ကေတာ့ ေနရင္းထိုင္ရင္းေတာ္ေတာ္အသည္းယားတာေလ၊ အဲ့ဒါေလးေတြက ဆင္ျခင္ ရမွာေလ။ Mask တပ္တာ မတပ္တာတစ္ပိုင္း၊ လက္ေဆးတာ မေဆးတာက တစ္ပိုင္း၊ ျဖစ္ႏိုင္တာက နီးနီးကပ္ ကပ္ မေနဖို႔ပဲ။ အေကာင္းဆုံးက အိမ္မွာေနဖို႔ပဲ၊ အေကာင္းဆုံးက Working for Home အခုေခတ္မွာ Technology ရွိတဲ့အခါမွာ ဒါကိုအားကိုးၿပီးလုပ္လို႔မရဘူးလားေပါ့၊ အဲ့ဒီဟာက ျပႆနာက ဘာလဲဆိုရင္ ခင္ဗ်ားခုန ပထမဆုံး စေျပာတဲ့ကိစၥမွာ အိမ္မွာေနၿပီးလုပ္လို႔ရဖို႔ စက္႐ုံအလုပ္႐ုံက မျဖစ္ႏိုင္ဘူးေလ။

အဲ့ဒီေတာ့ အခုဆရာစဥ္းစားတယ္၊ အထည္ခ်ဳပ္ေတြဆိုပါေတာ့ အထည္ခ်ဳပ္ေတြက အရင္လိုအပ္ထည္ ေတြကို ခ်ဳပ္မယ့္အစား မ်က္ႏွာဖုံး Mask ေတြကို ခ်ဳပ္လို႔မရဘူးလား၊ တစ္ကမာၻလုံးမွာ ဒါေတြလိုေနတဲ့ဟာေလ။ ဆရာတို႔ရဲ႕ Technology က redo လုပ္မွရမယ္၊ အရင္ပုံစံနဲ႔ အရင္ပုံစံေတြ ငါအရင္ပုံစံနဲ႔လုပ္မယ္ဆိုတာ မဟုတ္ ေတာ့ဘူး၊ ဆိုင္ဖြင့္တယ္ဆိုတာကလည္း ဥပမာအြန္လိုင္းနဲ႔ဖြင့္လို႔ရတာျဖစ္လာတယ္ဆိုရင္ အြန္လိုင္းနဲ႔ ဖြင့္တဲ့ အေတြ႕အႀကဳံသင္ခန္းစာယူၿပီးေတာ့ ေနာက္ပိုင္းဘယ္လိုလုပ္ၾကမလဲ၊ စဥ္းစားရမွာေပါ့။အဲ့ဒီလိုေလး စဥ္းစားေစ ခ်င္တာကြယ္။ မဟုတ္ရင္ေတာ့ အခုက စီးပြားေရးကေတာ္ေတာ္ေလးကိုေနာ္၊ နဂိုတည္းကမွ ဆရာတို႔ အေျခအေန က မေကာင္းတဲ့အထဲမွာ ေနာက္တစ္ခ်က္က အခုရင္းႏွီးျမႇဳပ္ႏွံမႈဆိုလည္းပဲ ဘယ္သူမွလာမွာ မဟုတ္ေတာ့ဘူး ေလ။ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈဆိုတာ သူတို႔မွာလည္းဘယ္လိုမွ ကပ္ဆိုက္ေနတဲ့အခ်ိန္။

အဲ့ဒီေတာ့ ဘယ္လိုမွ ေတာင္မင္းေျမာက္မင္းမကယ္ႏိုင္တဲ့ကိစၥ။ ကိုယ့္ဟာကိုယ္ေျဖရွင္းရမယ့္ကိစၥပဲ၊ ကိုယ့္ ဟာကိုယ္ေျဖရွင္းတဲ့အခါမွာ အခုေတာ္ေသးတာက အဆိုးထဲမွာေပါ့ေနာ္၊ အဓိက ကရန္ကုန္ျဖစ္ေနလို႔ ေတာ္ ေသးတယ္၊ ႀကိဳ႕ၾကားႀကိဳ႕ၾကား ခ်င္းမွာျဖစ္တာတို႔ ရွမ္းမွာျဖစ္တာတို႔ ဥပမာဆိုပါေတာ့ တနသၤာရီတိုင္း မၾကား ရဘူး။ ဧရာဝတီတိုင္းမၾကားရဘူး၊ နည္းနည္းပါးပါး စစ္ကိုင္းၾကားရတယ္၊ မႏၲေလးဆိုလည္း ထင္သေလာက္ အေျခအေနမဆိုးဘူး၊ မေကြးဆိုရင္ လုံးဝမၾကားရဘူး၊ ဒီထဲမွာ အဆိုးထဲကေပါ့ ရခိုင္မွာ တစ္ခုမွ မေတြ႕ရေသးဘူး၊ တိုက္ခိုက္ေတြမ်ားေနလို႔ထင္ပါရဲ႕၊ ဒီဘက္ကိုမလွည့္ႏိုင္ဘူး၊ ဆရာတို႔မွာ ကိုယ္က အေနအထားတစ္ခုျဖစ္ေနတာ။

ေနာက္တစ္ခုက ရခိုင္နဲ႔ပတ္သက္လို႔ ကိုယ္ကလည္း courteous ကစားရမွာေပါ့၊ ေျပးသြားတဲ့အထဲမွာ တစ္ေယာက္မွဘာမွမျဖစ္ေသးဘူး၊ ဒါကလည္း အဆိုးထဲကအေကာင္းကို တြက္ရတာေလ၊ ဒါေပမဲ့ တကယ္တမ္း ေတာ့ အစကျပန္ေျပာတဲ့ေမးခြန္းကေတာ့ ဆရာတို႔စီးပြားေရးအေျခအေနက သိပ္မေကာင္းဘူးေပါ့။ ႏိုင္ငံေတာ္က ဘယ္ေလာက္ ေတာင့္ခံႏိုင္မလဲဆိုတာကို ၾကည့္ရမွာပဲ၊ ခံႏိုင္ရည္ဘယ္ေလာက္ရွိမလဲ ပုံစံအမ်ိဳးမ်ိဳးနဲ႔ ဘယ္လိုလုပ္ ၾကမလဲ။ အဲ့ဒီေတာ့ ဆရာထင္တာေတာ့ ႏိုင္ငံေတာ္အပိုင္းကလုပ္သလို စီးပြားေရးလုပ္ငန္းရွင္ေတြ ဦးေဆာင္ဖို႔ လည္း လိုလိမ့္မယ္လို႔ေအာက္ေမ့တယ္ေလ။ စီးပြားေရးလုပ္ငန္းရွင္ေတြ အေနနဲ႔ သူတို႔က လုပ္တတ္ကိုင္တတ္ တယ္။ သူတို႔က ဒီ crisisေတြမွာေန႔တိုင္းေတြ႕ေနရတဲ့သူေတြ၊ သူတို႔က crisis မွာ ယဥ္ပါးေနတာ၊ အစိုးရဌာနေတြနဲ႔ မတူဘူးေလ၊ ဆရာတို႔အေနနဲ႔ ကုမၸဏီေတြအားလုံးက crisis management ကို ကိုယ္ကိုယ္တိုင္လည္းသင္ေန တာ၊  ကုမၸဏီေတြမွာ crisis က အၿမဲတမ္းရွိႏိုင္တယ္ စီးပြားေရးနဲ႔ပတ္သက္လို႔၊ အခုကေတာ့ က်န္းမာေရးနဲ႔ပတ္ သက္တဲ့ crisis ျဖစ္လာၿပီ၊ အဲ့လိုစဥ္းစားရမွာ။

Opinion  Leader media ။    ။ ၁၉၂၀ ေလာက္မွာ စပိန္တုပ္ေကြးၿပီးေတာ့ ေနာက္ဆယ္ႏွစ္အၾကာ ၁၉၃၀ မွာ ကမာၻ႔စီးပြား ေရးပ်က္ကပ္ျဖစ္တယ္။ အဲ့ဒီကာလမွာ ျမန္မာ့စီးပြားေရးက လယ္ယာစိုက္ပ်ိဳးေရး က ေတာ္ေတာ္ႀကီး ကို ေထာင္တက္သြားတာရွိတယ္။ အခုေနာက္ပိုင္း ဒါကိုေတာ္ေတာ္မ်ားမ်ားက ေျပာေနၾကတဲ့အခါက်ေတာ့ အခု လက္ရွိမွာ ျမန္မာႏိုင္ငံရဲ႕ လယ္ယာစိုက္ပ်ိဳးေရးက ေတာ္ေတာ္ေလးအေျခအေန ေကာင္းလာတဲ့အေနအထား ရွိ တယ္။ ဒီေန႔ပဲ ကမာၻ႔စားနပ္ရိကၡာအစီအစဥ္ ကေန ထုတ္ျပန္တာရွိတယ္၊ သိပ္မၾကာတဲ့ကာလမွာ စားနပ္ရိကၡာ ထုတ္လုပ္မႈေလ်ာ့က်လို႔  ႏွစ္ဆနီးပါး အငတ္ေဘးႀကဳံႏိုင္တဲ့ အတြက္ ေျပာထားတဲ့အတြက္ကို ဒါကို အခြင့္အေရး အျဖစ္ယူၿပီး စိုက္ပ်ိဳးေရးကို ေဇာင္းေပးလုပ္မလား။ လက္ရွိအခ်ိန္မွာ ေလာင္စာဆီေဈးေတြကလည္း အရမ္းက်ေန တဲ့ အတြက္ကို ဥပမာ-စက္မႈလယ္ယာလိုဟာမ်ိဳးေတြကို တြန္းအားေပးလုပ္လို႔ရွိရင္ ျမန္မာ့စီးပြားေရးအေျခအေန ျပန္ေကာင္းႏိုင္မလားဆရာ။

ပါေမာကၡေဒါက္တာေအာင္ထြန္းသက္။     ။ ဒီလို ခင္ဗ်ားခုနသုံးသပ္တဲ့ ၁၉၃၀ ေပါ့။ ၁၉၃၀ မွာ ကိုယ္ကေတာ့ ပုံစံ တစ္မ်ိဳးနဲ႔ေလ့လာခဲ့တဲ့သူ။ ေလ့လာခဲ့တဲ့သူဆိုေတာ့ ၁၉၃၀ မတိုင္ခင္အထိမွာ ျမန္မာႏိုင္ငံရဲ႕ ဆန္စပါးက႑က တစ္ရွိန္ထိုး တက္ခဲ့တာ၊ ၁၉၁၀ ေလာက္က စတာ၊ တကယ္တမ္းဆိုရင္ ၁၈၉၀ ေလာက္မွာ သီေပါၿပီးသြားတဲ့ အခ်ိန္မွာ ၁၉၀၀ ေလာက္ကေန ဆူးအက္တူးေျမာင္းႀကီးဖြင့္လိုက္တဲ့အခ်ိန္မွာ ဆရာတို႔ ဧရာဝတီတိုင္းႀကီး က လည္း ပြင့္သြားေတာ့ ဆန္စပါးေတြတက္လာတယ္။ အဲ့မွာတက္လာတဲ့အခ်ိန္မွာ ဒီအခ်ိန္အထိအားလုံးက အဆင္ ေျပ ေနတာ၊ အဲ့ဒီထဲမွာတြဲဖက္ၿပီးတိုးတက္လာတာက သမဝါယမလုပ္ငန္းေတြ၊ ျမန္မာႏိုင္ငံမွာ သမဝါယမ လႈပ္ ရွားမႈက ၁၉၀၅ ခုႏွစ္မွာစတာ။ ဒီဟာက ေတာ္ေတာ္ေလးကိုအဆင္ေျပတယ္။

အဲ့ဒီတည္းက အဂၤလိပ္မင္းေတြ စိတ္ပူတာက ဒီ အေႂကြးတင္တာစိတ္ပူတာ၊ အဲ့ဒီအေႂကြးတင္တာ စိတ္ပူ တာက လယ္သမားေတြဟာ လယ္စိုက္တဲ့အခါမွာ အေႂကြးေတြယူရတယ္ ဆရာတို႔ ဟိုဟာေပါ့ အမေတာ္ေၾကး ေတြ ယူတယ္၊ တေျဖးေျဖး တေျဖးေျဖး မဆပ္ႏိုင္တဲ့အေျခအေနေတြရွိလာတယ္၊ အဲ့ဒီအခါက်ေတာ့ သမဝါယမနဲ႔ ကိုင္တြယ္မယ္ဆိုၿပီး လုပ္တယ္၊ လုပ္ရင္းလုပ္ရင္းနဲ႔ နည္းနည္းေအာင္ျမင္လာတဲ့အခ်ိန္မွာ ဆရာတို႔ ဘာနဲ႔သြားထိ လဲဆိုရင္ ၁၉၃၀ တစ္ကမာၻလုံးစီးပြားေရးကပ္ဆိုက္ခ်ိန္ႀကီးနဲ႔သြားထိတယ္။ အဲ့ဒီမွာတင္စၿပီး Down သြားတာ၊ ျပန္ မတက္ေတာ့ဘူး။ ျပန္မတက္ေတာ့ ဆရာတို႔ ကိုယ့္ႏိုင္ငံနဲ႔ပတ္သက္လာရင္ ဆရာစံ ဒီသူပုန္ထတာေလ၊ အေျခခံ ေတာ့ ၁၉၃၀ ေပါ့၊ ဆရာစံသူပုန္ထတာက ၁၉၃၁ မွာထတာ၊ တကယ္တမ္းေတာ့ဘယ္ကစသလဲဆိုရင္ ၁၉၃၀ ကမာၻ႔ စီးပြားေရးကပ္ဆိုက္မႈႀကီးကစတယ္၊ အဲ့ဒီကေနၿပီးေတာ့ ၁၉၃၁ ၿပီး ၁၉၃၅ အထိ ေနာက္ပိုင္းက်ေတာ့ ဒုတိယကမာၻစစ္ျဖစ္သြားေရာ၊ အခု ခင္ဗ်ားတို႔ေျပာတဲ့ကိစၥက ထရန႔္ကလည္း ဒီလိုပဲေျပာေနတာ၊ အခုစီးပြားေရး က်ေနတယ္၊ ျပန္တက္လာလို႔ရွိရင္ နဂိုထက္ပိုၿပီးတက္လိမ့္မယ္လို႔ သူကေတာ့ သူေျပာတာေပါ့၊ အဲ့ဒီေတာ့ အဲ့ဟာ ျဖစ္ေအာင္ ကိုယ္ကဘယ္လိုလုပ္မလဲ အဲ့ဒီေတာ့ တစ္ခုပဲ ခင္ဗ်ားေျပာတဲ့ဟာကို စီးပြားေရးတက္တယ္ မတက္ တယ္ ဆိုတာတစ္ခုပဲ ။

ဆရာထင္တာက တစ္ခုေဆြးေႏြးခ်င္တာက Beyond COVID 19 ေပါ့ ။ COVID 19 ၿပီးသြားရင္ ဘာလုပ္ မလဲဆိုတာ အခုကတည္းက စဥ္းစားမွရမယ္။ အဲ့ဒီျပႆနာအေရးႀကီးတယ္၊ အဲ့ဒီေတာ့ ခုနေျပာသလို လယ္ယာ စိုက္ပ်ိဳးေရး စက္မႈလယ္ယာလုပ္မလား ကိုယ့္ပုံစံနဲ႔ အခုဆိုရင္ အရင္လိုအြန္လိုင္းေတြပဲ တက္ေတာ့မလား၊ အခုဆို ရင္ ကုမၸဏီေတြ ဆရာတို႔ေခၚတဲ့ Supply Change က ေတာ္ေတာ္ေလး ယိုင္သြားတာကိုး၊ အရင္တုန္းကဆိုရင္ ဆရာတို႔ဘာလုပ္ထားလဲဆိုေတာ့ ကုမၸဏီေတြမွာက ကိုယ္လည္း စီးပြားေရးပညာသင္ေတာ့ လိုအပ္မွပဲပစၥည္းေတြ မွာ သိုေလွာင္မႈမလုပ္နဲ႔ အရင္တုန္းကေတာ့ ပုံမွန္အေနအထား မွာေပါ့၊ အခုလိုအခ်ိန္မွာ ႀကိဳၿပီးေလွာင္ထားတဲ့ သူက အဆင္ေျပသြားၿပီေလ၊ အခုဆရာတို႔ စီးပြားေရးပုံစံေတြ ျပန္ျပင္မွ ရမယ္ထင္တယ္၊ စီးပြားေရးျပင္ၿပီး ျပန္ၿပီး သုံးသပ္မွရမယ္ အရင္လိုပုံစံနဲ႔ စဥ္းစားလို႔မရေတာ့ဘူး၊ အေနအထားက လုံးဝကိုေျပာင္းလဲသြားတဲ့အေျခ အေနရွိ တာကို ဆရာတို႔ထုတ္ျပန္ဖို႔လိုတယ္၊ ဆရာထင္တယ္ေနာ္ ဒီကေနတစ္ဆင့္ေပါ့ေလ။

ကိုယ္ကေတာ့အၿမဲတမ္း learning ေပါ့၊ သင္ယူမႈေတြ ဘာေတြရႏိုင္မလဲ သင္ခန္းစာေတြဘာေတြရႏိုင္ မလဲ ကိုယ့္အခက္အခဲေတြ ကုမၸဏီတစ္ခုခ်င္း၊ လုပ္ငန္းတစ္ခုခ်င္း ခင္ဗ်ားတို႔ကုမၸဏီလည္း ဒီအတိုင္းပဲ၊ အခုဆိုရင္ Print မီဒီယာ ေပ်ာက္သြားၿပီ၊ ေပ်ာက္သြားၿပီ မလုပ္ေတာ့ဘူး။ အားလုံးက ဒစ္ဂ်စ္တယ္တက္ၿပီေလ၊ အဲ့လိုဟာ ေတြက်ေတာ့ ဆရာတို႔ ပုံႏွိပ္တိုက္ေတြကလည္း စဥ္းစားရမွာက တစ္ခုစဥ္းစားရေတာ့မယ္ ပုံစံတစ္မ်ိဳးနဲ႔ဘယ္လို လႈပ္ရွားမလဲ။ ဆရာ ထင္တာေတာ့ အားလုံးက အိပ္ရာႏိုးတဲ့လူလို Wake up All ေပါ့၊ လႈပ္ႏႈိးသလိုျဖစ္တယ္ ထင္တယ္၊ တစ္ကမာၻလုံးကအိပ္ေပ်ာ္ေနတာေလ၊ အရင္အတိုင္းပဲျဖစ္လိမ့္မယ္ နဂိုအတိုင္းပဲျဖစ္လိမ့္မယ္ ဘာမွ မျဖစ္ပါဘူးလို႔ ရပါတယ္၊ ရပါတယ္ဆိုတဲ့ဟာက အခုက လုံးဝမရပါတယ္ဆိုတဲ့ျပႆနာႀကီးလာေတြ႕ေနတာ။

လုံးဝလည္း ဘယ္သူကမွလည္း ေဟာကိန္းထုတ္ခဲ့တဲ့သူလည္းမရွိဘူး၊ နာမည္ႀကီးတဲ့ ေဗဒင္ဆရာေတြ တစ္ေယာက္မွ မသိဘူး၊ မဟုတ္ဘူးလား၊ ေမးၾကည့္ရင္ေလ အခုသူတို႔ဘယ္လိုေျဖမလဲသိခ်င္တာ၊ ဟုတ္တယ္ မဟုတ္လား၊ သူတို႔ေဟာေဟာေနတာ၊ တစ္ပတ္တစ္ခါေဟာေနတာ၊ ဒီအေၾကာင္းမသိဘူး  မဟုတ္ဘူးလား၊ ဒါကလုံးဝမေမွ်ာ္လင့္တဲ့ အေျခအေနတစ္ခုကို ေမွ်ာ္လင့္ခ်က္ပုံစံနဲ႔ တုန႔္ျပန္ရမယ္၊ ဆရာက အဲ့ဒါပဲ ေျပာခ်င္တယ္။ အရင္ပုံစံနဲ႔ သမား႐ိုးက်ပုံစံနဲ႔ လုံးဝစဥ္းစားလို႔မရဘူး၊ ေတြးတာေခၚတာေတြေရာ အျပဳ အမူေတြ အေနအထိုင္ ေတြေရာ လူေနမႈေတြအားလုံး တစ္ေယာက္နဲ႔တစ္ေယာက္ ရင္းရင္းႏွီးႏွီး အရင္လို ဖက္လို႔မရေတာ့ဘူး၊ ေတြ႕တိုင္း လက္ဆြဲႏႈတ္ဆက္တဲ့အေလ့အက်င့္က ေဖ်ာက္ရေတာ့မယ္ေလ၊ သူ႔မွာလည္း ေရာဂါရွိမရွိ ကိုယ့္မွာေရာဂါရွိမရွိ သူ႔မသိကိုယ့္မသိ မသိတဲ့လူႏွစ္ေယာက္ေပါင္းလိုက္ရင္ ဒုကၡေရာက္မွာ၊ အဲ့ဒီ ျပႆနာအႀကီးဆုံးပဲ၊ အခု မ်က္ႏွာဖုံး Mask တပ္တယ္မတပ္တယ္ဆိုတဲ့ကိစၥကလည္း အေနာက္ႏိုင္ငံက မတပ္ေတာ့ ဒုကၡေတြေရာက္ကုန္ေရာ၊ အေရွ႕ တိုင္းမွာ ေဟာင္ေကာင္တို႔ စင္ကာပူတို႔မွာ တပ္ထားေတာ့ နည္းနည္းသက္သာတယ္လို႔ေျပာတယ္ေလ၊ အဲ့ဒီေတာ့ အေျခအေနေတြ အားလုံးက ကိုယ့္သင္ခန္းစာ ေတြပါ၊ အဲ့ဒါရေအာင္ယူဖို႔ပဲလိုပါတယ္ဗ်ာ။

အဲ့ဒါဆိုလို႔ရွိရင္ အကုန္လုံးၿခဳံလိုက္လို႔ရွိရင္ စီးပြားေရးပုံစံကေတာ့ ေျပာင္းေနၿပီ အမ်ားႀကီးလည္း ျပင္ ဆင္ရမယ္ တစ္ခ်ိဳ႕အရာေတြက ဘယ္ေလာက္အထိ ေတာင့္ခံႏိုင္မလဲလို႔ ျပင္ဆင္ရမယ့္အေနအထားက အရမ္း အေရးႀကီးၿပီဆိုတဲ့ အေနအထားေပါ့ေနာ္ဆရာ။အဲ့ဒါပဲ၊ ေတာင့္ခံဖို႔ပဲ ခံႏိုင္ရည္ရွိေအာင္ဘယ္လိုႀကိဳးစားမလဲ စဥ္းစားဖို႔လိုတယ္၊ အေတြးအေခၚအယူအဆေတြ အျပဳအမူေတြေပါ့ေနာ္။

Opinion  Leader media ။    ။ ေက်းဇူးတင္ပါတယ္ဆရာ။

ေဒါက္တာ‌ေအာင္ထြန္းသက္
ဧၿပီ - ၂၃