【 ပညာရှင်များ၏အမြင် 】 “ဖိအားပေးတာတွေများလာရင် ဗီတိုအာဏာလိုမယ်”

【 ပညာရှင်များ၏အမြင် 】 “ဖိအားပေးတာတွေများလာရင် ဗီတိုအာဏာလိုမယ်”

မကြာသေးမီက တရုတ်ဘက်သို့ အဓိကကုန်သွယ်သည့် ပြည်ထောင်စုလမ်းမတစ်လျှောက် တရုတ်နယ်စပ် အခြေစိုက် မဟာမိတ်သုံးဖွဲ့ကို TNLA က ဦးဆောင်ကာ တိုက်ခိုက်ဖျက်ဆီးမှုတွေ လုပ်ခဲ့ပါတယ်။ပြင်ဦးလွင် အပါအဝင် နောင်ချို၊ ကွတ်ခိုင်နှင့် ရှမ်းမြောက်ဒေသမှာ အဆိုပါတိုက်ခိုက်မှုကြောင့် ယခုထိ လမ်းပန်းဆက်သွယ်ရေး ထိခိုက်ခဲ့သလို ဒေသတွင်း တည်ငြိမ်ရေးကိုပါ ထိခိုက်ခဲ့ပါတယ်။အဆိုပါအခြေအနေကြောင့် ဖြစ်လာနိုင်သည့် တရုတ်နှင့် ဆက်ဆံရေးအပြောင်းအလဲ၊ ကျဆင်းသွားသည့် ကုန်သွယ်မှုကြောင့် ပြင်ဆင်ထားသင့်သည့် အခြေအနေ၊ စသည့်အကြောင်းအရာများအပေါ် ဝါရင့်စီးပွားရေးပညာရှင်နှင့် နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ် ဆရာ ဒေါက်တာအောင်ထွန်းသက်အား အထူးအစီအစဉ်တစ်ရပ်အနေဖြင့် မေးမြန်းခဲ့ပါတယ်။ဆရာ ဒေါက်တာအောင်ထွန်းသက်၏ ရှုမြင်သုံးသပ်ချက် အပြည့်အစုံကို ယခုတစ်ပတ် အထူးအစီအစဉ်အဖြစ် ဖော်ပြလိုက်ပါတယ်။

(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion leaders ။     ။ မကြာခင်က ဒေါ်အောင်ဆန်းစုကြည် က အမေရိကန်နဲ့ ဂျပန်တို့ကို ရင်းနှီးမြှုပ်နှံမှု စပြီးတော့ ဖိတ်ခေါ်လိုက်တယ်၊ လတ်တလောမှာလည်း ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်တဲ့ တရုတ်နဲ့ကပ်တဲ့ မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းတစ်လျှောက်မှာ တိုက်ပွဲတွေဖြစ်တယ်။တစ်ဘက်နိုင်ငံရောက် ဘင်္ဂါလီတွေ  မှန်းထားတဲ့ရက်မှာ ပြန်ဝင်လာမှုက မရှိသေးဘူး။ဒီလိုအခြေအနေမှာ  ရင်းနှီးမြှုပ်နံှမှု ဖိတ်ခေါ်တာတွေက ဘယ်လောက်အထိ ထိရောက်နိုင်မလဲ၊ ခရီးရောက်နိုင်မလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အဲ့ဒီပွဲတုန်းကလေ ကိုယ်လည်းတက်တာပေါ့၊ အဲ့ဒီတော့ ဆရာတို့ ဟို ဂျပန်နဲ့ အမေရိကန်ပေါ့၊ ကမကထလုပ်တာတော့ ဂျပန်-အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များအသင်းပေါ့၊ အမေရိကန်အစိုးရရယ်၊ ဂျပန်အစိုးရရယ် ပေါင်းပြီးလုပ်တာ၊ လုပ်တော့ ခုနပြောတဲ့ ထိရောက်တယ်၊ မထိရောက်ဘူးဆိုတာထက်ကို အဓိကဦးတည်ရာပေါ့နော်၊ ကိုယ့်ဆီမှာ ရင်းနှီးမြုပ်နှံနိုင်တဲ့ အခွင့်အလမ်းတွေရှိတယ်၊ နောက် ဆရာတို့ အမြဲတမ်းပြောနေတဲ့ မြန်မာပြည်မှာ ဈေးကွက်က အာဆီယံ၊ နောက်တစ်ခါ အိန္ဒိယ၊ တရုတ် ဒါနဲ့ပတ်သက်နေတဲ့ နိုင်ငံတွေဖြစ်တဲ့အတွက် အလားအလာကောင်းတယ်၊ အဲ့ဒီတော့ တတ်နိုင်သမျှပေါ့လေ သူတို့ အနည်းငယ်ကြိုးစားပြီး ကြိုဆိုတယ်ဆိုတာကိုတော့ အပြည့်အ၀ လူကြီးတစ်ယောက်အနေနဲ့ တင်ပြသွားတာပေါ့။

အဲ့ဒီတင်ပြချက်ကို ဒီမှာရှိတဲ့ လုပ်ငန်းရှင်တွေ နောက်တစ်ခါ သံအမတ်ကြီးတွေကလည်း အထူးသဖြင့် ဂျပန်သံအမတ်ကြီးနဲ့ အမေရိကန်သံအမတ်ကြီး အဲ့ဒီတော့ ဆရာတို့ တစ်ဖက်က ကြိုဆိုတာရှိနေသလို တစ်ဖက်ကလည်း စိန်ခေါ်မှုတွေရှိတာကို ဖော်ထုတ်ကြတယ်လေ၊ အဲ့ဒီတော့ စိန်ခေါ်မှုရှိတဲ့အထဲမှာ အဓိက စိန်ခေါ်မှု ဂျပန်သံအမတ်ကြီးပြောတဲ့ ဆရာတို့ အခြေခံအဆောက်အအုံတွေပေါ့။အထူးသဖြင့် မီးကိစ္စ၊ သူကိုယ်ပဲ သွားကြည့်တယ်၊ အဲ့ဒါမတိုင်ခင် သီလဝါ သွားတာလေ၊ သီလဝါလို နေရာမျိုးမှာ အောင်မြင်တယ်၊ အောင်မြင်တယ်ဆိုတာ အခြေခံအဆောက်အအုံတွေက အပြည့်အစုံရတာလေ၊ အဲ့ဒီတော့ အပြည့်အစုံရတဲ့အတွက်ကို မီးရေ နောက်အားလုံးပေါ့နော်၊ လုပ်ရကိုင်ရတာ အဆင်ပြေတယ်။

အဲ့ဒီအပြင်ကို ဂျပန်သံအမတ်ကြီး တင်ပြသွားတာကတော့ ဒီလိုအခက်အခဲ စိန်ခေါ်မှုမှာ အခြေခံအဆောက်အအုံတွေအပြင် ဆုံးဖြတ်ပေးသူနဲ့ ပတ်သက်လို့ ပြောသွားတာ။အဲ့ဒီကိစ္စကတော့ တော်တော်အရေးကြီးတယ်။ဆုံးဖြတ်ပေးသူကိုပြောတာ။တကယ်တမ်းကျတော့ အစိုးရယန္တရားကိုပြောတာ၊ အဆုံးအဖြတ်တွေချဖို့က နှေးတယ်။အဲ့ဒီတော့ နှေးတဲ့အခါကျတော့ လုပ်ငန်းရှင်တွေအနေနဲ့ ရင်းနှီးမြုပ်နှံချင်စိတ်ရှိပေမယ့် ရင်းနှီးမြုပ်နှံတဲ့အခါမှာ လုပ်ရမယ့် processes တွေပေါ့၊ စာရင်းဇယားတွေက များတယ်လေ၊ လိုတာထက်များတော့ လုပ်ချင်တဲ့လူက မလုပ်ပေးနိုင်ဘူးဆိုတာကို သူတို့အနေနဲ့တင်ပြတာ၊ အစိုးရအနေနဲ့ကတော့ ဒါကို ထဲထဲဝင်ဝင် ဆရာထင်တယ် ဟို သဘောပေါက်ဖို့တော့ လိုလိမ့်မယ်။

အဲ့ဒီတော့ အခြေခံအဆောက်အအုံတွေနဲ့ ပတ်သက်ပြီး လုပ်နိုင်တာက အခုလတ်တလော ကြိုးစားပြီး လျှပ်စစ်နဲ့ပတ်သက်လို့ တင်ဒါတွေခေါ်ပြီ။ဟုတ်တယ်မဟုတ်လား၊ တင်ဒါတွေ ခေါ်တဲ့အခါကျတော့ အဲ့ဒီတင်ဒါတွေကိစ္စ ဆရာတို့ ချောချောမွေ့မွေ့ဖြစ်သွားရင်တော့ ကောင်းတယ်။လူတိုင်းလည်း သိနေတာချည်းကိုး။လျှပ်စစ်ကိစ္စတွေက လျှပ်စစ်တင်မကပါဘူး၊ ဆရာတို့ အခြေခံအဆောက်အအုံတွေမှာ မြေကြီးပြဿနာက တော်တော်ကြီးတယ်၊ အဲ့ဒီတော့ မြေကြီးပြဿနာကိုလည်း သူတို့ဖြေရှင်းနိုင်အောင်လုပ်ဖို့ လိုတယ်။

အဲ့ဒီမှာအရေးကြီးဆုံးက ကိုယ့်အချင်းချင်းပေါ့နော်၊ တစ်ယောက်နဲ့ တစ်ယောက် ညှိနှိုင်းဆောင်ရွက်နိုင်ဖို့ အင်အားနည်းတယ်။အဲ့ဒီတော့ ဝန်ကြီးဌာနတွေရှိပေမယ့် လှုပ်ရှားမှုအပိုင်းက နှေးတယ်ဘာညာနဲ့ ဒါလည်း စဉ်းစားရမယ့် အချက်အလက်တွေပဲ။နောက်တစ်ခုက ခုနပြောတဲ့ ဆရာတို့မှာ အစိုးရအနေနဲ့ အခက်အခဲရှိနေတာ နိုင်ငံရေးမတည်ငြိမ်တဲ့ကိစ္စပေါ့။
ပြင်ဦးလွင်မှာဖြစ်သွားတဲ့ ကိစ္စလိုဟာမျိုးက ဘယ်လိုမှ အလားအလာကောင်းနိုင်တဲ့ အနေအထားမျိုးမရှိဘူး။ရခိုင်ကလည်း အခုပြန်လာမယ် ပြန်မလာဘူးဆိုတဲ့ ကိစ္စကလည်း လိပ်ခဲတည်းလည်း ဖြစ်နေတယ်ဆိုတော့ တကယ်တမ်း စီးပွားရေးအာရုံစိုက်နေပေမယ့် စီးပွားရေးနဲ့နွှယ်တဲ့ နိုင်ငံရေးကိစ္စကလည်း အရေးပါတာကို မီးမောင်းထိုးနေတာပါပဲ။

Opinion leaders ။     ။ ဆရာ အခု ဆရာ့စကားထဲမှာလည်း ပါတဲ့ဟာ ရှမ်းမြောက်ကိစ္စပေါ့ ဆရာ၊ ရှမ်းမြောက်ကိစ္စ အဖြေက မြန်မာနိုင်ငံနဲ့ တရုတ်က အဓိကကုန်သွယ်ဖက်ဖြစ်နေတာ မြန်မာဘက်ကပေါ့၊ အခုလိုဖြစ်တဲ့အတွက်ကို ကုန်သွယ်ရေးမှာ ဘယ်လောက်အထိ သွားထိခိုက်နိုင်သလဲ၊ နောင်ရော အဲ့လိုဖြစ်ဖို့ရှိနိုင်လား။

ဒေါက်တာအောင်ထွန်းသက် ။     ။ ဆရာတို့ ဖြစ်၏၊ မဖြစ်၏ ဆိုတာထက် မီဒီယာပို့စ်တွေ များလာတယ်၊ အင်္ဂလိပ်လို unsettle ပေါ့နော်။စီးပွားရေးလုပ်တဲ့သူက ရေရာမှုကိုပဲ အခြေခံတာက သူ့ရဲ့ဝိသေသ ရှိတာကိုး။ရေရာတဲ့နေရာမှာ ရင်းနှီးမြုပ်နှံချင်တယ်။အဲ့ဒီတော့ မရေရာတာဆိုရင် မရေရာတာနဲ့ တွဲပြီးပါလာတာက စဉ်းစားမှုပေါ့၊ အဲ့ဒီတော့ စီးပွားရေးလုပ်တဲ့သူမှာ သူတို့စိတ်အပူဆုံးက Risk ပေါ့။ဆရာတို့ကလည်း အမြဲတမ်း သူတို့ကိုအားပေးတာက Risk များများယူရင် The Work Return ပေ့ါလေ၊ ပြန်ရချက်တွေ များပါလိမ့်မယ်လို့။ကိုယ်ကတော့ အဲ့ဒီလိုပြောပေမယ့် Risk ယူဖို့ သူကအရင်ယူရမှာလေ ပြန်ရတဲ့ဟာက နောက်မှလာမှာ။

Risk ကို ယူရဲဖို့ သူဘယ်လောက်လောက်စိတ်ချလဲ ဘယ်လောက်လောက်ယုံကြည်လဲ ဆိုတဲ့ကိစ္စက အခြေခံကတော့ ယုံကြည်မှုတည်ဆောက်ရမှာပဲ။Trust Building လုပ်ဖို့လိုမယ်၊ အဲ့ဒီတော့ ဒီမှာဖြစ်သွားတဲ့ဟာက အကျိုးအကြောင်း အကြောင်းဇာစ်မြစ်တွေက အခြားတွေရှိမှာပဲ၊ ဘာပဲဖြစ်ဖြစ် အကျိုးဆက်ကတော့ ကောင်းတဲ့အနေအထားတော့ မရှိဘူး၊ အထူးသဖြင့် ဆရာတို့မှာ အားကိုးနေရတာက တရုတ်နဲ့ ကုန်သွယ်ရေးက အဓိကဖြစ်နေတာ၊ အဲ့ဒီတော့ တရုတ်ကုန်သွယ်ရေး အဓိကဖြစ်နေတဲ့အခါမှာ တရုတ်ကုန်သွယ်ရေးနဲ့ ပတ်သက်လို့ အနှောင့်အယှက်ဖြစ်မယ့် ကိစ္စတွေအားလုံး ကိုယ့်ရဲ့ စီးပွားရေးကို ထိခိုက်နိုင်တဲ့ အနေအထားရှိတာပါပဲ။

Opinion leaders ။     ။ ကုန်သွယ်ရေး ဒုဝန်ကြီးက ပြောတာရှိတယ်၊ တရုတ်ကနေ ဒီလက်နက်ကိုင်တွေကို ထိန်းချုပ်နိုင်မယ်ဆိုလို့ရှိရင် ဒီပြဿနာ ပိုပြီးတော့အဆင်ပြေနိုင်မယ်ပေါ့နော်၊ ယခုဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ထင်မြင်ယူဆချက်တွေလည်း ရှိနေတယ်။ဘယ်သူက ဘာကြောင့် ဒီလိုလုပ်သလဲဆိုတဲ့ အချက်တွေ။အဲ့ဒီတော့ ဒါတွေကြောင့်  တရုတ်-မြန်မာ နိုင်ငံရေးက ဆက်ဆံရေးက ရှေ့လျှောက် ဘာတွေဖြစ်လာနိုင်မလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ဒါကို လွတ်လပ်ရေးမရခင်အချိန်က စတာပဲ၊ ဒါတွေအားလုံးက နယ်စပ်မှာ ကိုယ့်နဲ့အနီးဆုံး အိမ်နီးနားချင်းနိုင်ငံက အင်အားကြီးမားတဲ့ နိုင်ငံနှစ်ခုရှိလို့ အကျိုးတွေ အခွင့်အရေးတွေ ရှိတယ်ဆိုတာ တစ်ဖက်က အဲ့ဒီလိုအင်အားကြီးတဲ့ နိုင်ငံတွေကြောင့်လည်းပဲ အန္တရာယ်တွေရှိတယ်။အင်အားမကြီးတဲ့ နိုင်ငံကတော့ ပြဿနာမရှိဘူး။အင်အားကြီးတဲ့ နိုင်ငံရှိနေတော့ အခုဘာနဲ့သွားတူသလဲဆိုရင် မက္ကဆီကိုနဲ့ ကနေဒါလိုပေါ့။မက္ကဆီကိုနဲ့ ကနေဒါတို့ရဲ့ အိမ်နီးနားချင်းက အမေရိကန်ဖြစ်နေတာကိုး၊ အမေရိကန်ဖြစ်နေတဲ့အခါကျတော့ သူတို့အနေနဲ့ အမေရိကန်ရဲ့ နိုင်ငံရေး၊ စီးပွားရေး အခြေအနေကို အမြဲတမ်း သူကချိန်နေရတယ်။ဆရာတို့မှာလည်း ဒီအခြေအနေရှိတာကိုး။

တရုတ်ကိုတော့ ဆရာထင်တယ် မျက်ကွယ်ပြုလို့မရဘူး။တရုတ်နဲ့ ပတ်သက်လာပြန်ရင် ကိုယ့်နိုင်ငံမှာ ရှိတဲ့သူတွေအနေနဲ့က သိပ်အစာမကြေတာတွေများတယ်။အဲ့ဒီတော့ တောက်လျှောက်၊ ဒါလည်းပဲ နိုင်ငံရေးသမိုင်းနဲ့ ပြန်ကြည့်ရင် ၈၈ နောက်ပိုင်း နဝတ၊ နအဖ လက်ထက်မှာ မဟာမိတ်ဖွဲ့ထားတာက တရုတ်နဲ့ဖွဲ့ထားတာ၊ တရုတ်နဲ့ ဖွဲ့ထားတဲ့အခါကျတော့ တရုတ်ရဲ့ အရင်းအနှီး တရုတ်ရဲ့ အားကိုးမှု ဘာကြောင့်လဲဆိုတော့ အနောက်နိုင်ငံက ပိတ်ဆို့မှုတွေလုပ်လာတာ၊ အဲ့ဒီတော့ အနောက်နိုင်ငံရဲ့ ပိတ်ဆို့မှုတွေ လုပ်ထားတော့ အနောက်နိုင်ငံရဲ့ ပိတ်ဆို့မှုကို တွန်းလှန်တဲ့နည်းက နည်းတစ်နည်းပဲ ရှိတယ်၊ အဲဒီတစ်နည်းက ဘာလဲဆိုရင် ဆရာတို့ ခုနလို တရုတ်နဲ့ပေါင်းတာပေါ့၊ စင်ကာပူနဲ့ပေါင်းတယ်။

ကိုယ်နဲ့ နိုင်ငံရေး သိပ်ပြီးအာရုံမရှိတဲ့ နိုင်ငံတွေနဲ့ပေါင်းတယ်၊ အဲဒီကနေ ဒီဘက် ဒီမိုကရေစီနိုင်ငံ ဖြစ်လာတဲ့အခါမှာ အံ့သြစရာက ပြန်ပြီး အနောက်နိုင်ငံနဲ့ ပြဿနာဖြစ်တဲ့အခါကျတော့ တရုတ်ကို ပြန်ပေါင်းရတဲ့ အခြေအနေရှိတာပေါ့၊ အဲ့ဒီတော့ တရုတ်နဲ့ပဲ အဆင်ပြေအောင် ခုနပြောသလိုပေါ့နော် သူကလည်း တစ်ဖက်က စီးပွားရေးတင်မကဘူး နိုင်ငံရေးပါ ပတ်သက်နေတာပေါ့၊ ဟုတ်တယ် မဟုတ်လား၊ ဆရာတို့ အခု ဒီမှာဖြစ်တဲ့ ရှမ်းမြောက်မှာဖြစ်တဲ့ ဒီအဖွဲ့အစည်းတွေနဲ့ သူနဲ့က လက်ပွန်းတနှီးရှိတဲ့ အနေအထားတွေရှိနေတော့ ဒါတွေအားလုံးဟာ ဆရာတို့အတွက် စီးပွားရေးတင်မကဘူး နိုင်ငံရေးရှုထောင့်က ကြည့်ရင်လည်း ဒါတွေအားလုံးဟာ သိမ်သိမ်မွေ့မွေ့ လိမ်လိမ်မာမာ ထိတွေ့မှရမယ်လို့ အောက်မေ့တာပါပဲ။

Opinion leaders ။     ။ နောက်တစ်ခုက ဆရာ။အခု တရုတ်နဲ့ မြန်မာတို့က BRI နဲ့ ပတ်သက်ပြီး ဆောက်လုပ်မယ့်ဟာတွေလည်း ရှိတယ်၊ နောက်တစ်ခုက ကူမင်းကနေ လားရှိုး၊ မန္တလေးအထိ ဖောက်လုပ်မယ့် ရထားလမ်းလည်းရှိတယ်၊ စီးပွားရေးလည်း ရှိတဲ့အခါကျတော့ အခုလက်ရှိ ဒီလိုဖြစ်တဲ့ပြဿနာက ဒီလိုမျိုးပူးပေါင်းလုပ်ဆောင်မယ့် အခြေအနေတွေမှာ ကောင်းလာနိုင်မလား။

ဒေါက်တာအောင်ထွန်းသက် ။     ။ အဲ့ဒါပေါ့ ဆရာတို့ ပိုးလမ်းကြီးကိစ္စလေ၊ ပိုးလမ်းကိစ္စ သူတို့ကလည်း အာရုံစိုက်တယ်၊ အာရုံစိုက်တာက ကိုယ့်ရဲ့ ဒီထွက်ပေါက် တရုတ်ရဲ့ အာဆီယံကို ထွက်တဲ့ထွက်ပေါက်က အောက်ကိုဆင်းလာရင် စင်ကာပူတို့ မလေးရှားတို့အထိက မြန်မာနိုင်ငံက ဖြတ်ရမယ်ဆိုတော့ သူတို့ကလည်း ဒါကို အားသွန်ခွန်စိုက် လုပ်နေကြတယ်။
လုပ်နေတဲ့အခါကျတော့ ရထားလမ်းဖောက်မှာတို့ လမ်းဖောက်မှာတို့ ဒါတွေအားလုံးက အစီအစဉ်တွေရှိနေတယ်။ရှိတဲ့အစီအစဉ်ကို ဆရာတို့က ကြိုဆိုရမယ့် အခြေအနေမှာ အခုလိုဖြစ်လာတော့ တော်တော်ကြီးကို ဆရာတို့ စိတ်မကောင်းစရာပဲ။စီးပွားရေးထိခိုက်မှုတွေဟာ တကယ့်ကို မြင်မြင်သာသာဖြစ်တယ်၊ ခပ်ပေါ့ပေါ့မဟုတ်တော့ဘူး တကယ့်ကို ထူးထူးခြားခြားဖြစ်တဲ့ အနေအထားရှိတယ်။

Opinion leaders ။     ။ နောက်ဆုံးတစ်ခုကတော့ ဆရာ အခုလက်ရှိ ဖြစ်နေတဲ့ဟာတွေလည်းရှိတယ်၊ နောက်တစ်ချက်က အနောက်ဘက်ပြဿနာလည်းရှိတယ်။အဲ့ဒီလိုဖြစ်လာတဲ့အတွက်ကို ရှေ့လျှောက် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး၊ စီးပွားရေး အခြားသော အရေးကိစ္စတွေမှာ ဘယ်လိုထိန်းသင့်လဲ နောက်တစ်ခုက ဘယ်လိုမျိုးပြင်ဆင်ထားသင့်လဲ၊ မြန်မာဘက်က၊ အဲ့ဒီလိုအခက်အခဲတွေ ကျော်ဖို့အတွက်။

ဒေါက်တာအောင်ထွန်းသက် ။     ။ တစ်ခုရှိတာလေ၊ တရုတ်နဲ့ ပတ်သက်လာရင်လည်း ဒါနဲ့ဆက်စပ်တဲ့ဟာက ရှိတာက ဘင်္ဂလားဒေ့ရှ်ကိစ္စပေါ့၊ ဟုတ်တယ်နော်။အဲ့ဒီတော့ ကိုယ့်နိုင်ငံကို နိုင်ငံတကာဖိအားပေးနေတာ အခုဆိုရင် စက်တင်ဘာဆိုရင် သိပ်မကြာတော့ဘူး၊ ကုလသမဂ္ဂ အထွေထွေညီလာခံတွေ ဘာတွေဖြစ်လာရင် ဖိအားပေးတာတွေ များတဲ့အခါကျတော့ ဗီတိုအာဏာကို ဆရာတို့လိုမယ်လေ၊ လိုတဲ့အခါမှာ ဗီတိုအာဏာပေးနိုင်တာက တရုတ်ပဲ ရှိတာလေ။

အဲ့ဒီအခါကျတော့ ဒါကိုလည်း တစ်ဖက်ကကြည့်ရမယ်၊ တစ်ဖက်ကကြည့်တာ အဲ့ဒီလိုကြည့်တဲ့အတွက် အားလုံးကို မျက်စိမှိတ်ပြီး လက်ခံဖို့ဆိုတာကလည်း မဖြစ်သေးပြန်ဘူး။အဲ့ဒီအခါကျတော့ ပါးပါးနပ်နပ်နဲ့တော့ ဆရာတို့လှုပ်ရှားရမှာပဲ။အခုက တရုတ်နဲ့ ပတ်သက်လာရင် ဥပမာ - ကျောက်ဖြူ ဆိုပါတော့၊ ကျောက်ဖြူနဲ့ ပတ်သက်လာရင် အခု ဒီကျောက်ဖြူစီမံချက်က လျှော့လိုက်တယ်။သို့သော်လည်း ရွှေကနေတစ်ဆင့် ဓာတ်ငွေ့တွေ ရေနံတွေကတော့ လျောလျောရှုရှုသွားနေပြီလေ။အဲ့ဒီအပေါ်မှာ အခြေခံပြီးတော့ ဒီထက်ပိုပြီးတော့ ကိုယ့်နိုင်ငံအတွက် စီးပွားရေးအကျိုးရှိအောင် ဘယ်လိုလုပ်ကြမလဲဆိုတာကို ဝိုင်းပြီးတော့စဉ်းစားဖို့ လိုလိမ့်မယ်လို့ အောက်မေ့တာပဲ။ဘာကြောင့်လဲဆိုတော့ ခုနကလို မြောက်ဘက်ကရှိနေသလို အနောက်ဘက်ကလည်း ကိုယ့်အတွက် ပြဿနာတစ်ခု၊ ဟုတ်တယ်မဟုတ်လား၊ ဘင်္ဂလားဒေ့ရှ် ကိစ္စကလည်း ဆရာတို့ ပြီးသွားတဲ့ကိစ္စမှ မဟုတ်သေးတာ၊ အဲ့ဒီတော့ အဲ့ဒီဟာကိုလည်း ဆရာတို့ ဘယ်လိုလုပ်မလဲ ဆိုတာကိုလည်း ဆရာတို့ စဉ်းစားရမယ့်ကိစ္စပါ။

Opinion leaders ။     ။ ဆရာ အဲ့ဒါဆိုလို့ရှိရင် အကုန်လုံးကိုခြုံလိုက်လို့ရှိရင် ကျွန်တော်တို့ အခုဖြစ်နေတဲ့ ပြဿနာတွေအကုန်လုံးက နိုင်ငံတကာကို အမြင်ကျယ်ကျယ် ကြည့်ပြီးတော့ သုံးသပ်ပြီး ချဉ်းကပ်သင့်တဲ့ သဘောလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အမှန်တော့ အားလုံးကလေ geopolitic ဘဲ။ပထဝီကိုအခြေခံတဲ့ နိုင်ငံရေး၊ နောက်တစ်ခါ geo economic ။ပထဝီကိုအခြေခံတဲ့ စီးပွားရေး နောက် အိမ်နီးနားချင်း။နောက်တစ်ခါ ပြည်တွင်း ပြည်ပ အခုဆိုရင် တရုတ်နဲ့ ပတ်သက်လာရင် တစ်ချိန်လုံး ဦးနေဝင်း လက်ထက်မှာ ဗကပကိစ္စကြောင့် တရုတ်နဲ့ အမြဲတမ်းလွန်ဆွဲခဲ့တယ်လေ။
တရုတ်ကလည်း သူ့အနေနဲ့ သူတို့ရဲ့ ခံယူချက်လည်းတစ်မျိုး။ G to G ပေါ့၊ အစိုးရနဲ့ အစိုးရ ဆက်ဆံမှုမှာတော့ သူတို့က တကယ့်ကို အိမ်နီးနားချင်းပီသအောင် လုပ်တယ်ဆိုတာကို သူတို့ကိုင်စွဲထားပေမယ့် P to P ဆိုတာ ပါတီ to ပါတီပေါ့၊ အဲ့ဒီလို ကွန်မြူနစ်ပါတီ အချင်းချင်းကတော့ နိုင်ငံရေးအရ ဆက်သွယ်မှုရှိတယ်ဆိုတော့ သူတို့ရဲ့ မဟာဗျူဟာက အဲ့ဒီလိုလုပ်ခဲ့တာ။

အဲ့ဒီတော့ ဆရာတို့ အစိုးရအချင်းချင်း အဆင်ပြေအောင်နေတယ်။တစ်ဖက်က နိုင်ငံရေးအရ သူတို့အနေနဲ့ လွှမ်းမိုးနိုင်တာတွေ အားလုံးကို သူတို့က အခွင့်အရေးယူမှာ။အဲ့ဒီတော့ ဆရာတို့ အခု ဒီလက်နက်ကိုင်အဖွဲ့တွေနဲ့ ကချင်တို့၊ ရှမ်းတို့ သူတို့နဲ့ အချိတ်အဆက်ရှိနေတယ်။အချိတ်အဆက်ရှိတဲ့အခါကျတော့ ခုနလို ဆရာတို့ ငယ်ငယ်တုန်းက ဗကပနဲ့ဖြစ်တဲ့ ပြဿနာလိုပေါ့၊ သူတို့ပြောတာတော့ ပါတီအချင်းချင်း နိုင်ငံရေးအရ ထိတွေ့ဆက်ဆံမှုရှိနေတာ ဒါတို့မှာအပြစ်မရှိဘူးလို့ ပြောကြတာကိုး၊ အခု ဒါပေမဲ့ နိုင်ငံအဆင့်မှာတော့ နှစ်နိုင်ငံ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ရင်းနှီးတဲ့ဟာကိုတော့ ဒီလိုပဲ ထိန်းသိမ်းကာကွယ်ထားမယ်လို့ အဲ့လိုခံယူတာကိုး။အဲ့ဒီတော့ ခုနပြောသလိုပဲ ကိုယ်က သိမ်မွေ့ပြီးတော့ ယဉ်ပါးဖို့ပဲလိုတာပေါ့၊ သူတို့ထက် အကွက်မြင်ဖို့လိုတယ်၊ လုပ်လည်းလုပ်နေတယ် ထင်ပါတယ်။

အစိုးရအနေနဲ့ ဒါကို နောက်တစ်ခါ ခုနလို အရှေ့မြောက်မှာ အာရုံစိုက်နေသလို အနောက်ဘက်ကလည်း အာရုံရှိဖို့လိုတာပဲ၊ ဒီထဲမှာလည်း AA ကလည်း ပါလာတယ်၊ အဲ့ဒီတော့ ရှုပ်လာတာပေါ့၊ ပိုပြီးရှုပ်ထွေးလာတယ်၊ ပြီးတော့မှ အခုဖြစ်တာက ၂၀၁၉ က သိပ်မကျန်တော့ဘူးလေ၊ ၂၀၂၀ ဘက် ရောက်လာရင် ဟိုဘက်ကလည်း နိုင်ငံရေးက ရွေးကောက်ပွဲက ဆရာတို့ကပ်လာပြီ ကပ်လာတဲ့အခါကျတော့ အာရုံတွေက တစ်မျိုးဖြစ်လာမယ်လေ၊ အဲ့ဒီတော့ အဲ့ဒါကို သူတို့အနေနဲ့ ဆရာထင်တယ် လိမ်လိမ်မာမာလုပ်ကြရမှာလေ။

Opinion leaders ။     ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။

ဒေါက်တာအောင်ထွန်းသက်
သြဂုတ် - ၂၈

( Zawgyi )

မၾကာေသးမီက တ႐ုတ္ဘက္သို႔ အဓိကကုန္သြယ္သည့္ ျပည္ေထာင္စုလမ္းမတစ္ေလွ်ာက္ တ႐ုတ္နယ္စပ္ အေျခစိုက္ မဟာမိတ္သုံးဖြဲ႕ကို TNLA က ဦးေဆာင္ကာ တိုက္ခိုက္ဖ်က္ဆီးမႈေတြ လုပ္ခဲ့ပါတယ္။ျပင္ဦးလြင္ အပါအဝင္ ေနာင္ခ်ိဳ၊ ကြတ္ခိုင္ႏွင့္ ရွမ္းေျမာက္ေဒသမွာ အဆိုပါတိုက္ခိုက္မႈေၾကာင့္ ယခုထိ လမ္းပန္းဆက္သြယ္ေရး ထိခိုက္ခဲ့သလို ေဒသတြင္း တည္ၿငိမ္ေရးကိုပါ ထိခိုက္ခဲ့ပါတယ္။အဆိုပါအေျခအေနေၾကာင့္ ျဖစ္လာႏိုင္သည့္ တ႐ုတ္ႏွင့္ ဆက္ဆံေရးအေျပာင္းအလဲ၊ က်ဆင္းသြားသည့္ ကုန္သြယ္မႈေၾကာင့္ ျပင္ဆင္ထားသင့္သည့္ အေျခအေန၊ စသည့္အေၾကာင္းအရာမ်ားအေပၚ ဝါရင့္စီးပြားေရးပညာရွင္ႏွင့္ ႏိုင္ငံေတာ္သမၼတ၏ စီးပြားေရးအႀကံေပးပုဂၢိဳလ္ ဆရာ ေဒါက္တာေအာင္ထြန္းသက္အား အထူးအစီအစဥ္တစ္ရပ္အေနျဖင့္ ေမးျမန္းခဲ့ပါတယ္။ဆရာ ေဒါက္တာေအာင္ထြန္းသက္၏ ရႈျမင္သုံးသပ္ခ်က္ အျပည့္အစုံကို ယခုတစ္ပတ္ အထူးအစီအစဥ္အျဖစ္ ေဖာ္ျပလိုက္ပါတယ္။

(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion leaders ။     ။ မၾကာခင္က ေဒၚေအာင္ဆန္းစုၾကည္ က အေမရိကန္နဲ႔ ဂ်ပန္တို႔ကို ရင္းႏွီးျမႇဳပ္ႏွံမႈ စၿပီးေတာ့ ဖိတ္ေခၚလိုက္တယ္၊ လတ္တေလာမွာလည္း ရင္းႏွီးျမႇဳပ္ႏွံမႈ အမ်ားဆုံးျဖစ္တဲ့ တ႐ုတ္နဲ႔ကပ္တဲ့ ျမန္မာ-တ႐ုတ္ ကုန္သြယ္ေရးလမ္းတစ္ေလွ်ာက္မွာ တိုက္ပြဲေတြျဖစ္တယ္။တစ္ဘက္ႏိုင္ငံေရာက္ ဘဂၤါလီေတြ  မွန္းထားတဲ့ရက္မွာ ျပန္ဝင္လာမႈက မရွိေသးဘူး။ဒီလိုအေျခအေနမွာ  ရင္းႏွီးျမႇဳပ္နံွမႈ ဖိတ္ေခၚတာေတြက ဘယ္ေလာက္အထိ ထိေရာက္ႏိုင္မလဲ၊ ခရီးေရာက္ႏိုင္မလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အဲ့ဒီပြဲတုန္းကေလ ကိုယ္လည္းတက္တာေပါ့၊ အဲ့ဒီေတာ့ ဆရာတို႔ ဟို ဂ်ပန္နဲ႔ အေမရိကန္ေပါ့၊ ကမကထလုပ္တာေတာ့ ဂ်ပန္-အေမရိကန္ စီးပြားေရးလုပ္ငန္းရွင္မ်ားအသင္းေပါ့၊ အေမရိကန္အစိုးရရယ္၊ ဂ်ပန္အစိုးရရယ္ ေပါင္းၿပီးလုပ္တာ၊ လုပ္ေတာ့ ခုနေျပာတဲ့ ထိေရာက္တယ္၊ မထိေရာက္ဘူးဆိုတာထက္ကို အဓိကဦးတည္ရာေပါ့ေနာ္၊ ကိုယ့္ဆီမွာ ရင္းႏွီးျမဳပ္ႏွံႏိုင္တဲ့ အခြင့္အလမ္းေတြရွိတယ္၊ ေနာက္ ဆရာတို႔ အၿမဲတမ္းေျပာေနတဲ့ ျမန္မာျပည္မွာ ေဈးကြက္က အာဆီယံ၊ ေနာက္တစ္ခါ အိႏၵိယ၊ တ႐ုတ္ ဒါနဲ႔ပတ္သက္ေနတဲ့ ႏိုင္ငံေတြျဖစ္တဲ့အတြက္ အလားအလာေကာင္းတယ္၊ အဲ့ဒီေတာ့ တတ္ႏိုင္သမွ်ေပါ့ေလ သူတို႔ အနည္းငယ္ႀကိဳးစားၿပီး ႀကိဳဆိုတယ္ဆိုတာကိုေတာ့ အျပည့္အ၀ လူႀကီးတစ္ေယာက္အေနနဲ႔ တင္ျပသြားတာေပါ့။

အဲ့ဒီတင္ျပခ်က္ကို ဒီမွာရွိတဲ့ လုပ္ငန္းရွင္ေတြ ေနာက္တစ္ခါ သံအမတ္ႀကီးေတြကလည္း အထူးသျဖင့္ ဂ်ပန္သံအမတ္ႀကီးနဲ႔ အေမရိကန္သံအမတ္ႀကီး အဲ့ဒီေတာ့ ဆရာတို႔ တစ္ဖက္က ႀကိဳဆိုတာရွိေနသလို တစ္ဖက္ကလည္း စိန္ေခၚမႈေတြရွိတာကို ေဖာ္ထုတ္ၾကတယ္ေလ၊ အဲ့ဒီေတာ့ စိန္ေခၚမႈရွိတဲ့အထဲမွာ အဓိက စိန္ေခၚမႈ ဂ်ပန္သံအမတ္ႀကီးေျပာတဲ့ ဆရာတို႔ အေျခခံအေဆာက္အအုံေတြေပါ့။အထူးသျဖင့္ မီးကိစၥ၊ သူကိုယ္ပဲ သြားၾကည့္တယ္၊ အဲ့ဒါမတိုင္ခင္ သီလဝါ သြားတာေလ၊ သီလဝါလို ေနရာမ်ိဳးမွာ ေအာင္ျမင္တယ္၊ ေအာင္ျမင္တယ္ဆိုတာ အေျခခံအေဆာက္အအုံေတြက အျပည့္အစုံရတာေလ၊ အဲ့ဒီေတာ့ အျပည့္အစုံရတဲ့အတြက္ကို မီးေရ ေနာက္အားလုံးေပါ့ေနာ္၊ လုပ္ရကိုင္ရတာ အဆင္ေျပတယ္။

အဲ့ဒီအျပင္ကို ဂ်ပန္သံအမတ္ႀကီး တင္ျပသြားတာကေတာ့ ဒီလိုအခက္အခဲ စိန္ေခၚမႈမွာ အေျခခံအေဆာက္အအုံေတြအျပင္ ဆုံးျဖတ္ေပးသူနဲ႔ ပတ္သက္လို႔ ေျပာသြားတာ။အဲ့ဒီကိစၥကေတာ့ ေတာ္ေတာ္အေရးႀကီးတယ္။ဆုံးျဖတ္ေပးသူကိုေျပာတာ။တကယ္တမ္းက်ေတာ့ အစိုးရယႏၲရားကိုေျပာတာ၊ အဆုံးအျဖတ္ေတြခ်ဖို႔က ေႏွးတယ္။အဲ့ဒီေတာ့ ေႏွးတဲ့အခါက်ေတာ့ လုပ္ငန္းရွင္ေတြအေနနဲ႔ ရင္းႏွီးျမဳပ္ႏွံခ်င္စိတ္ရွိေပမယ့္ ရင္းႏွီးျမဳပ္ႏွံတဲ့အခါမွာ လုပ္ရမယ့္ processes ေတြေပါ့၊ စာရင္းဇယားေတြက မ်ားတယ္ေလ၊ လိုတာထက္မ်ားေတာ့ လုပ္ခ်င္တဲ့လူက မလုပ္ေပးႏိုင္ဘူးဆိုတာကို သူတို႔အေနနဲ႔တင္ျပတာ၊ အစိုးရအေနနဲ႔ကေတာ့ ဒါကို ထဲထဲဝင္ဝင္ ဆရာထင္တယ္ ဟို သေဘာေပါက္ဖို႔ေတာ့ လိုလိမ့္မယ္။

အဲ့ဒီေတာ့ အေျခခံအေဆာက္အအုံေတြနဲ႔ ပတ္သက္ၿပီး လုပ္ႏိုင္တာက အခုလတ္တေလာ ႀကိဳးစားၿပီး လွ်ပ္စစ္နဲ႔ပတ္သက္လို႔ တင္ဒါေတြေခၚၿပီ။ဟုတ္တယ္မဟုတ္လား၊ တင္ဒါေတြ ေခၚတဲ့အခါက်ေတာ့ အဲ့ဒီတင္ဒါေတြကိစၥ ဆရာတို႔ ေခ်ာေခ်ာေမြ႕ေမြ႕ျဖစ္သြားရင္ေတာ့ ေကာင္းတယ္။လူတိုင္းလည္း သိေနတာခ်ည္းကိုး။လွ်ပ္စစ္ကိစၥေတြက လွ်ပ္စစ္တင္မကပါဘူး၊ ဆရာတို႔ အေျခခံအေဆာက္အအုံေတြမွာ ေျမႀကီးျပႆနာက ေတာ္ေတာ္ႀကီးတယ္၊ အဲ့ဒီေတာ့ ေျမႀကီးျပႆနာကိုလည္း သူတို႔ေျဖရွင္းႏိုင္ေအာင္လုပ္ဖို႔ လိုတယ္။

အဲ့ဒီမွာအေရးႀကီးဆုံးက ကိုယ့္အခ်င္းခ်င္းေပါ့ေနာ္၊ တစ္ေယာက္နဲ႔ တစ္ေယာက္ ညႇိႏႈိင္းေဆာင္႐ြက္ႏိုင္ဖို႔ အင္အားနည္းတယ္။အဲ့ဒီေတာ့ ဝန္ႀကီးဌာနေတြရွိေပမယ့္ လႈပ္ရွားမႈအပိုင္းက ေႏွးတယ္ဘာညာနဲ႔ ဒါလည္း စဥ္းစားရမယ့္ အခ်က္အလက္ေတြပဲ။ေနာက္တစ္ခုက ခုနေျပာတဲ့ ဆရာတို႔မွာ အစိုးရအေနနဲ႔ အခက္အခဲရွိေနတာ ႏိုင္ငံေရးမတည္ၿငိမ္တဲ့ကိစၥေပါ့။
ျပင္ဦးလြင္မွာျဖစ္သြားတဲ့ ကိစၥလိုဟာမ်ိဳးက ဘယ္လိုမွ အလားအလာေကာင္းႏိုင္တဲ့ အေနအထားမ်ိဳးမရွိဘူး။ရခိုင္ကလည္း အခုျပန္လာမယ္ ျပန္မလာဘူးဆိုတဲ့ ကိစၥကလည္း လိပ္ခဲတည္းလည္း ျဖစ္ေနတယ္ဆိုေတာ့ တကယ္တမ္း စီးပြားေရးအာ႐ုံစိုက္ေနေပမယ့္ စီးပြားေရးနဲ႔ႏႊယ္တဲ့ ႏိုင္ငံေရးကိစၥကလည္း အေရးပါတာကို မီးေမာင္းထိုးေနတာပါပဲ။

Opinion leaders ။     ။ ဆရာ အခု ဆရာ့စကားထဲမွာလည္း ပါတဲ့ဟာ ရွမ္းေျမာက္ကိစၥေပါ့ ဆရာ၊ ရွမ္းေျမာက္ကိစၥ အေျဖက ျမန္မာႏိုင္ငံနဲ႔ တ႐ုတ္က အဓိကကုန္သြယ္ဖက္ျဖစ္ေနတာ ျမန္မာဘက္ကေပါ့၊ အခုလိုျဖစ္တဲ့အတြက္ကို ကုန္သြယ္ေရးမွာ ဘယ္ေလာက္အထိ သြားထိခိုက္ႏိုင္သလဲ၊ ေနာင္ေရာ အဲ့လိုျဖစ္ဖို႔ရွိႏိုင္လား။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဆရာတို႔ ျဖစ္၏၊ မျဖစ္၏ ဆိုတာထက္ မီဒီယာပို႔စ္ေတြ မ်ားလာတယ္၊ အဂၤလိပ္လို unsettle ေပါ့ေနာ္။စီးပြားေရးလုပ္တဲ့သူက ေရရာမႈကိုပဲ အေျခခံတာက သူ႔ရဲ႕ဝိေသသ ရွိတာကိုး။ေရရာတဲ့ေနရာမွာ ရင္းႏွီးျမဳပ္ႏွံခ်င္တယ္။အဲ့ဒီေတာ့ မေရရာတာဆိုရင္ မေရရာတာနဲ႔ တြဲၿပီးပါလာတာက စဥ္းစားမႈေပါ့၊ အဲ့ဒီေတာ့ စီးပြားေရးလုပ္တဲ့သူမွာ သူတို႔စိတ္အပူဆုံးက Risk ေပါ့။ဆရာတို႔ကလည္း အၿမဲတမ္း သူတို႔ကိုအားေပးတာက Risk မ်ားမ်ားယူရင္ The Work Return ေပ့ါေလ၊ ျပန္ရခ်က္ေတြ မ်ားပါလိမ့္မယ္လို႔။ကိုယ္ကေတာ့ အဲ့ဒီလိုေျပာေပမယ့္ Risk ယူဖို႔ သူကအရင္ယူရမွာေလ ျပန္ရတဲ့ဟာက ေနာက္မွလာမွာ။

Risk ကို ယူရဲဖို႔ သူဘယ္ေလာက္ေလာက္စိတ္ခ်လဲ ဘယ္ေလာက္ေလာက္ယုံၾကည္လဲ ဆိုတဲ့ကိစၥက အေျခခံကေတာ့ ယုံၾကည္မႈတည္ေဆာက္ရမွာပဲ။Trust Building လုပ္ဖို႔လိုမယ္၊ အဲ့ဒီေတာ့ ဒီမွာျဖစ္သြားတဲ့ဟာက အက်ိဳးအေၾကာင္း အေၾကာင္းဇာစ္ျမစ္ေတြက အျခားေတြရွိမွာပဲ၊ ဘာပဲျဖစ္ျဖစ္ အက်ိဳးဆက္ကေတာ့ ေကာင္းတဲ့အေနအထားေတာ့ မရွိဘူး၊ အထူးသျဖင့္ ဆရာတို႔မွာ အားကိုးေနရတာက တ႐ုတ္နဲ႔ ကုန္သြယ္ေရးက အဓိကျဖစ္ေနတာ၊ အဲ့ဒီေတာ့ တ႐ုတ္ကုန္သြယ္ေရး အဓိကျဖစ္ေနတဲ့အခါမွာ တ႐ုတ္ကုန္သြယ္ေရးနဲ႔ ပတ္သက္လို႔ အေႏွာင့္အယွက္ျဖစ္မယ့္ ကိစၥေတြအားလုံး ကိုယ့္ရဲ႕ စီးပြားေရးကို ထိခိုက္ႏိုင္တဲ့ အေနအထားရွိတာပါပဲ။

Opinion leaders ။     ။ ကုန္သြယ္ေရး ဒုဝန္ႀကီးက ေျပာတာရွိတယ္၊ တ႐ုတ္ကေန ဒီလက္နက္ကိုင္ေတြကို ထိန္းခ်ဳပ္ႏိုင္မယ္ဆိုလို႔ရွိရင္ ဒီျပႆနာ ပိုၿပီးေတာ့အဆင္ေျပႏိုင္မယ္ေပါ့ေနာ္၊ ယခုျဖစ္ေနတဲ့ တိုက္ပြဲေတြနဲ႔ ပတ္သက္ၿပီး ထင္ျမင္ယူဆခ်က္ေတြလည္း ရွိေနတယ္။ဘယ္သူက ဘာေၾကာင့္ ဒီလိုလုပ္သလဲဆိုတဲ့ အခ်က္ေတြ။အဲ့ဒီေတာ့ ဒါေတြေၾကာင့္  တ႐ုတ္-ျမန္မာ ႏိုင္ငံေရးက ဆက္ဆံေရးက ေရွ႕ေလွ်ာက္ ဘာေတြျဖစ္လာႏိုင္မလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဒါကို လြတ္လပ္ေရးမရခင္အခ်ိန္က စတာပဲ၊ ဒါေတြအားလုံးက နယ္စပ္မွာ ကိုယ့္နဲ႔အနီးဆုံး အိမ္နီးနားခ်င္းႏိုင္ငံက အင္အားႀကီးမားတဲ့ ႏိုင္ငံႏွစ္ခုရွိလို႔ အက်ိဳးေတြ အခြင့္အေရးေတြ ရွိတယ္ဆိုတာ တစ္ဖက္က အဲ့ဒီလိုအင္အားႀကီးတဲ့ ႏိုင္ငံေတြေၾကာင့္လည္းပဲ အႏၲရာယ္ေတြရွိတယ္။အင္အားမႀကီးတဲ့ ႏိုင္ငံကေတာ့ ျပႆနာမရွိဘူး။အင္အားႀကီးတဲ့ ႏိုင္ငံရွိေနေတာ့ အခုဘာနဲ႔သြားတူသလဲဆိုရင္ မကၠဆီကိုနဲ႔ ကေနဒါလိုေပါ့။မကၠဆီကိုနဲ႔ ကေနဒါတို႔ရဲ႕ အိမ္နီးနားခ်င္းက အေမရိကန္ျဖစ္ေနတာကိုး၊ အေမရိကန္ျဖစ္ေနတဲ့အခါက်ေတာ့ သူတို႔အေနနဲ႔ အေမရိကန္ရဲ႕ ႏိုင္ငံေရး၊ စီးပြားေရး အေျခအေနကို အၿမဲတမ္း သူကခ်ိန္ေနရတယ္။ဆရာတို႔မွာလည္း ဒီအေျခအေနရွိတာကိုး။

တ႐ုတ္ကိုေတာ့ ဆရာထင္တယ္ မ်က္ကြယ္ျပဳလို႔မရဘူး။တ႐ုတ္နဲ႔ ပတ္သက္လာျပန္ရင္ ကိုယ့္ႏိုင္ငံမွာ ရွိတဲ့သူေတြအေနနဲ႔က သိပ္အစာမေၾကတာေတြမ်ားတယ္။အဲ့ဒီေတာ့ ေတာက္ေလွ်ာက္၊ ဒါလည္းပဲ ႏိုင္ငံေရးသမိုင္းနဲ႔ ျပန္ၾကည့္ရင္ ၈၈ ေနာက္ပိုင္း နဝတ၊ နအဖ လက္ထက္မွာ မဟာမိတ္ဖြဲ႕ထားတာက တ႐ုတ္နဲ႔ဖြဲ႕ထားတာ၊ တ႐ုတ္နဲ႔ ဖြဲ႕ထားတဲ့အခါက်ေတာ့ တ႐ုတ္ရဲ႕ အရင္းအႏွီး တ႐ုတ္ရဲ႕ အားကိုးမႈ ဘာေၾကာင့္လဲဆိုေတာ့ အေနာက္ႏိုင္ငံက ပိတ္ဆို႔မႈေတြလုပ္လာတာ၊ အဲ့ဒီေတာ့ အေနာက္ႏိုင္ငံရဲ႕ ပိတ္ဆို႔မႈေတြ လုပ္ထားေတာ့ အေနာက္ႏိုင္ငံရဲ႕ ပိတ္ဆို႔မႈကို တြန္းလွန္တဲ့နည္းက နည္းတစ္နည္းပဲ ရွိတယ္၊ အဲဒီတစ္နည္းက ဘာလဲဆိုရင္ ဆရာတို႔ ခုနလို တ႐ုတ္နဲ႔ေပါင္းတာေပါ့၊ စင္ကာပူနဲ႔ေပါင္းတယ္။

ကိုယ္နဲ႔ ႏိုင္ငံေရး သိပ္ၿပီးအာ႐ုံမရွိတဲ့ ႏိုင္ငံေတြနဲ႔ေပါင္းတယ္၊ အဲဒီကေန ဒီဘက္ ဒီမိုကေရစီႏိုင္ငံ ျဖစ္လာတဲ့အခါမွာ အံ့ၾသစရာက ျပန္ၿပီး အေနာက္ႏိုင္ငံနဲ႔ ျပႆနာျဖစ္တဲ့အခါက်ေတာ့ တ႐ုတ္ကို ျပန္ေပါင္းရတဲ့ အေျခအေနရွိတာေပါ့၊ အဲ့ဒီေတာ့ တ႐ုတ္နဲ႔ပဲ အဆင္ေျပေအာင္ ခုနေျပာသလိုေပါ့ေနာ္ သူကလည္း တစ္ဖက္က စီးပြားေရးတင္မကဘူး ႏိုင္ငံေရးပါ ပတ္သက္ေနတာေပါ့၊ ဟုတ္တယ္ မဟုတ္လား၊ ဆရာတို႔ အခု ဒီမွာျဖစ္တဲ့ ရွမ္းေျမာက္မွာျဖစ္တဲ့ ဒီအဖြဲ႕အစည္းေတြနဲ႔ သူနဲ႔က လက္ပြန္းတႏွီးရွိတဲ့ အေနအထားေတြရွိေနေတာ့ ဒါေတြအားလုံးဟာ ဆရာတို႔အတြက္ စီးပြားေရးတင္မကဘူး ႏိုင္ငံေရးရႈေထာင့္က ၾကည့္ရင္လည္း ဒါေတြအားလုံးဟာ သိမ္သိမ္ေမြ႕ေမြ႕ လိမ္လိမ္မာမာ ထိေတြ႕မွရမယ္လို႔ ေအာက္ေမ့တာပါပဲ။

Opinion leaders ။     ။ ေနာက္တစ္ခုက ဆရာ။အခု တ႐ုတ္နဲ႔ ျမန္မာတို႔က BRI နဲ႔ ပတ္သက္ၿပီး ေဆာက္လုပ္မယ့္ဟာေတြလည္း ရွိတယ္၊ ေနာက္တစ္ခုက ကူမင္းကေန လားရႈိး၊ မႏၲေလးအထိ ေဖာက္လုပ္မယ့္ ရထားလမ္းလည္းရွိတယ္၊ စီးပြားေရးလည္း ရွိတဲ့အခါက်ေတာ့ အခုလက္ရွိ ဒီလိုျဖစ္တဲ့ျပႆနာက ဒီလိုမ်ိဳးပူးေပါင္းလုပ္ေဆာင္မယ့္ အေျခအေနေတြမွာ ေကာင္းလာႏိုင္မလား။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အဲ့ဒါေပါ့ ဆရာတို႔ ပိုးလမ္းႀကီးကိစၥေလ၊ ပိုးလမ္းကိစၥ သူတို႔ကလည္း အာ႐ုံစိုက္တယ္၊ အာ႐ုံစိုက္တာက ကိုယ့္ရဲ႕ ဒီထြက္ေပါက္ တ႐ုတ္ရဲ႕ အာဆီယံကို ထြက္တဲ့ထြက္ေပါက္က ေအာက္ကိုဆင္းလာရင္ စင္ကာပူတို႔ မေလးရွားတို႔အထိက ျမန္မာႏိုင္ငံက ျဖတ္ရမယ္ဆိုေတာ့ သူတို႔ကလည္း ဒါကို အားသြန္ခြန္စိုက္ လုပ္ေနၾကတယ္။
လုပ္ေနတဲ့အခါက်ေတာ့ ရထားလမ္းေဖာက္မွာတို႔ လမ္းေဖာက္မွာတို႔ ဒါေတြအားလုံးက အစီအစဥ္ေတြရွိေနတယ္။ရွိတဲ့အစီအစဥ္ကို ဆရာတို႔က ႀကိဳဆိုရမယ့္ အေျခအေနမွာ အခုလိုျဖစ္လာေတာ့ ေတာ္ေတာ္ႀကီးကို ဆရာတို႔ စိတ္မေကာင္းစရာပဲ။စီးပြားေရးထိခိုက္မႈေတြဟာ တကယ့္ကို ျမင္ျမင္သာသာျဖစ္တယ္၊ ခပ္ေပါ့ေပါ့မဟုတ္ေတာ့ဘူး တကယ့္ကို ထူးထူးျခားျခားျဖစ္တဲ့ အေနအထားရွိတယ္။

Opinion leaders ။     ။ ေနာက္ဆုံးတစ္ခုကေတာ့ ဆရာ အခုလက္ရွိ ျဖစ္ေနတဲ့ဟာေတြလည္းရွိတယ္၊ ေနာက္တစ္ခ်က္က အေနာက္ဘက္ျပႆနာလည္းရွိတယ္။အဲ့ဒီလိုျဖစ္လာတဲ့အတြက္ကို ေရွ႕ေလွ်ာက္ တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံဆက္ဆံေရး၊ စီးပြားေရး အျခားေသာ အေရးကိစၥေတြမွာ ဘယ္လိုထိန္းသင့္လဲ ေနာက္တစ္ခုက ဘယ္လိုမ်ိဳးျပင္ဆင္ထားသင့္လဲ၊ ျမန္မာဘက္က၊ အဲ့ဒီလိုအခက္အခဲေတြ ေက်ာ္ဖို႔အတြက္။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ တစ္ခုရွိတာေလ၊ တ႐ုတ္နဲ႔ ပတ္သက္လာရင္လည္း ဒါနဲ႔ဆက္စပ္တဲ့ဟာက ရွိတာက ဘဂၤလားေဒ့ရွ္ကိစၥေပါ့၊ ဟုတ္တယ္ေနာ္။အဲ့ဒီေတာ့ ကိုယ့္ႏိုင္ငံကို ႏိုင္ငံတကာဖိအားေပးေနတာ အခုဆိုရင္ စက္တင္ဘာဆိုရင္ သိပ္မၾကာေတာ့ဘူး၊ ကုလသမဂၢ အေထြေထြညီလာခံေတြ ဘာေတြျဖစ္လာရင္ ဖိအားေပးတာေတြ မ်ားတဲ့အခါက်ေတာ့ ဗီတိုအာဏာကို ဆရာတို႔လိုမယ္ေလ၊ လိုတဲ့အခါမွာ ဗီတိုအာဏာေပးႏိုင္တာက တ႐ုတ္ပဲ ရွိတာေလ။

အဲ့ဒီအခါက်ေတာ့ ဒါကိုလည္း တစ္ဖက္ကၾကည့္ရမယ္၊ တစ္ဖက္ကၾကည့္တာ အဲ့ဒီလိုၾကည့္တဲ့အတြက္ အားလုံးကို မ်က္စိမွိတ္ၿပီး လက္ခံဖို႔ဆိုတာကလည္း မျဖစ္ေသးျပန္ဘူး။အဲ့ဒီအခါက်ေတာ့ ပါးပါးနပ္နပ္နဲ႔ေတာ့ ဆရာတို႔လႈပ္ရွားရမွာပဲ။အခုက တ႐ုတ္နဲ႔ ပတ္သက္လာရင္ ဥပမာ - ေက်ာက္ျဖဴ ဆိုပါေတာ့၊ ေက်ာက္ျဖဴနဲ႔ ပတ္သက္လာရင္ အခု ဒီေက်ာက္ျဖဴစီမံခ်က္က ေလွ်ာ့လိုက္တယ္။သို႔ေသာ္လည္း ေ႐ႊကေနတစ္ဆင့္ ဓာတ္ေငြ႕ေတြ ေရနံေတြကေတာ့ ေလ်ာေလ်ာရႈရႈသြားေနၿပီေလ။အဲ့ဒီအေပၚမွာ အေျခခံၿပီးေတာ့ ဒီထက္ပိုၿပီးေတာ့ ကိုယ့္ႏိုင္ငံအတြက္ စီးပြားေရးအက်ိဳးရွိေအာင္ ဘယ္လိုလုပ္ၾကမလဲဆိုတာကို ဝိုင္းၿပီးေတာ့စဥ္းစားဖို႔ လိုလိမ့္မယ္လို႔ ေအာက္ေမ့တာပဲ။ဘာေၾကာင့္လဲဆိုေတာ့ ခုနကလို ေျမာက္ဘက္ကရွိေနသလို အေနာက္ဘက္ကလည္း ကိုယ့္အတြက္ ျပႆနာတစ္ခု၊ ဟုတ္တယ္မဟုတ္လား၊ ဘဂၤလားေဒ့ရွ္ ကိစၥကလည္း ဆရာတို႔ ၿပီးသြားတဲ့ကိစၥမွ မဟုတ္ေသးတာ၊ အဲ့ဒီေတာ့ အဲ့ဒီဟာကိုလည္း ဆရာတို႔ ဘယ္လိုလုပ္မလဲ ဆိုတာကိုလည္း ဆရာတို႔ စဥ္းစားရမယ့္ကိစၥပါ။

Opinion leaders ။     ။ ဆရာ အဲ့ဒါဆိုလို႔ရွိရင္ အကုန္လုံးကိုၿခဳံလိုက္လို႔ရွိရင္ ကြၽန္ေတာ္တို႔ အခုျဖစ္ေနတဲ့ ျပႆနာေတြအကုန္လုံးက ႏိုင္ငံတကာကို အျမင္က်ယ္က်ယ္ ၾကည့္ၿပီးေတာ့ သုံးသပ္ၿပီး ခ်ဥ္းကပ္သင့္တဲ့ သေဘာလား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အမွန္ေတာ့ အားလုံးကေလ geopolitic ဘဲ။ပထဝီကိုအေျခခံတဲ့ ႏိုင္ငံေရး၊ ေနာက္တစ္ခါ geo economic ။ပထဝီကိုအေျခခံတဲ့ စီးပြားေရး ေနာက္ အိမ္နီးနားခ်င္း။ေနာက္တစ္ခါ ျပည္တြင္း ျပည္ပ အခုဆိုရင္ တ႐ုတ္နဲ႔ ပတ္သက္လာရင္ တစ္ခ်ိန္လုံး ဦးေနဝင္း လက္ထက္မွာ ဗကပကိစၥေၾကာင့္ တ႐ုတ္နဲ႔ အၿမဲတမ္းလြန္ဆြဲခဲ့တယ္ေလ။
တ႐ုတ္ကလည္း သူ႔အေနနဲ႔ သူတို႔ရဲ႕ ခံယူခ်က္လည္းတစ္မ်ိဳး။ G to G ေပါ့၊ အစိုးရနဲ႔ အစိုးရ ဆက္ဆံမႈမွာေတာ့ သူတို႔က တကယ့္ကို အိမ္နီးနားခ်င္းပီသေအာင္ လုပ္တယ္ဆိုတာကို သူတို႔ကိုင္စြဲထားေပမယ့္ P to P ဆိုတာ ပါတီ to ပါတီေပါ့၊ အဲ့ဒီလို ကြန္ျမဴနစ္ပါတီ အခ်င္းခ်င္းကေတာ့ ႏိုင္ငံေရးအရ ဆက္သြယ္မႈရွိတယ္ဆိုေတာ့ သူတို႔ရဲ႕ မဟာဗ်ဴဟာက အဲ့ဒီလိုလုပ္ခဲ့တာ။

အဲ့ဒီေတာ့ ဆရာတို႔ အစိုးရအခ်င္းခ်င္း အဆင္ေျပေအာင္ေနတယ္။တစ္ဖက္က ႏိုင္ငံေရးအရ သူတို႔အေနနဲ႔ လႊမ္းမိုးႏိုင္တာေတြ အားလုံးကို သူတို႔က အခြင့္အေရးယူမွာ။အဲ့ဒီေတာ့ ဆရာတို႔ အခု ဒီလက္နက္ကိုင္အဖြဲ႕ေတြနဲ႔ ကခ်င္တို႔၊ ရွမ္းတို႔ သူတို႔နဲ႔ အခ်ိတ္အဆက္ရွိေနတယ္။အခ်ိတ္အဆက္ရွိတဲ့အခါက်ေတာ့ ခုနလို ဆရာတို႔ ငယ္ငယ္တုန္းက ဗကပနဲ႔ျဖစ္တဲ့ ျပႆနာလိုေပါ့၊ သူတို႔ေျပာတာေတာ့ ပါတီအခ်င္းခ်င္း ႏိုင္ငံေရးအရ ထိေတြ႕ဆက္ဆံမႈရွိေနတာ ဒါတို႔မွာအျပစ္မရွိဘူးလို႔ ေျပာၾကတာကိုး၊ အခု ဒါေပမဲ့ ႏိုင္ငံအဆင့္မွာေတာ့ ႏွစ္ႏိုင္ငံ တစ္ႏိုင္ငံနဲ႔ တစ္ႏိုင္ငံ ရင္းႏွီးတဲ့ဟာကိုေတာ့ ဒီလိုပဲ ထိန္းသိမ္းကာကြယ္ထားမယ္လို႔ အဲ့လိုခံယူတာကိုး။အဲ့ဒီေတာ့ ခုနေျပာသလိုပဲ ကိုယ္က သိမ္ေမြ႕ၿပီးေတာ့ ယဥ္ပါးဖို႔ပဲလိုတာေပါ့၊ သူတို႔ထက္ အကြက္ျမင္ဖို႔လိုတယ္၊ လုပ္လည္းလုပ္ေနတယ္ ထင္ပါတယ္။

အစိုးရအေနနဲ႔ ဒါကို ေနာက္တစ္ခါ ခုနလို အေရွ႕ေျမာက္မွာ အာ႐ုံစိုက္ေနသလို အေနာက္ဘက္ကလည္း အာ႐ုံရွိဖို႔လိုတာပဲ၊ ဒီထဲမွာလည္း AA ကလည္း ပါလာတယ္၊ အဲ့ဒီေတာ့ ရႈပ္လာတာေပါ့၊ ပိုၿပီးရႈပ္ေထြးလာတယ္၊ ၿပီးေတာ့မွ အခုျဖစ္တာက ၂၀၁၉ က သိပ္မက်န္ေတာ့ဘူးေလ၊ ၂၀၂၀ ဘက္ ေရာက္လာရင္ ဟိုဘက္ကလည္း ႏိုင္ငံေရးက ေ႐ြးေကာက္ပြဲက ဆရာတို႔ကပ္လာၿပီ ကပ္လာတဲ့အခါက်ေတာ့ အာ႐ုံေတြက တစ္မ်ိဳးျဖစ္လာမယ္ေလ၊ အဲ့ဒီေတာ့ အဲ့ဒါကို သူတို႔အေနနဲ႔ ဆရာထင္တယ္ လိမ္လိမ္မာမာလုပ္ၾကရမွာေလ။

Opinion leaders ။     ။ အခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္
ၾသဂုတ္ - ၂၈