【 ပညာရှင်များ၏အမြင် 】 “ဘဏ်ရဲ့ အခြေခံရပ်တည်ချက်က ယုံကြည်မှုတည်ဆောက်ခြင်းပဲ”

【 ပညာရှင်များ၏အမြင် 】 “ဘဏ်ရဲ့ အခြေခံရပ်တည်ချက်က ယုံကြည်မှုတည်ဆောက်ခြင်းပဲ”

မကြာသေးခင်က ပြည်တွင်းဘဏ်တစ်ခုက ဘဏ်စာရင်းတစ်ခုကို ပိတ်လိုက်သည့်အပေါ် ပြည်တွင်းလုပ်ငန်းရှင် အသိုင်းအဝိုင်းနှင့် ဘဏ်စနစ်ကို အသုံးပြုနေသည့်သူများကြား အတော်လေး ဂယက်ရိုက်မှု ဖြစ်ခဲ့ပါတယ်။နိုင်ငံတစ်နိုင်ငံ၏ ငွေရေးကြေးရေးစနစ်တွင် အဓိကမှာ ဘဏ်စနစ်ဖြစ်ပြီး ဘဏ်စနစ်ကောင်းလျှင် ငွေကြေးလည်ပတ်မှု အားကောင်းကာ ပြည်တွင်းစီးပွားရေးကို ကောင်းမွန်စေသည်မှာ အားလုံးသိထားကြပြီး ဖြစ်ပါတယ်။ဘဏ်စနစ်က တိုင်းပြည်တစ်ခု နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအတွက် အရေးကြီးသည့် အဓိကအစိတ်အပိုင်းဖြစ်နေရာ ဘဏ်ငွေစာရင်းတစ်ခုကို ပိတ်ခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများ၊ မဆီလျော်မှုများ၊ အခြားနယ်ပယ်များကို မည်သို့ ဆိုးကျိုးသက်ရောက်နိုင်သည်ကို   ဝါရင့်စီးပွားရေးပညာရှင်နှင့် နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ် ဆရာ ဒေါက်တာအောင်ထွန်းသက်အား မေးမြန်းခဲ့ပါတယ်။ဆရာ ဒေါက်တာအောင်ထွန်းသက်၏ ရှုမြင်သုံးသပ်ချက် အပြည့်အစုံကို ယခုတစ်ပတ် အထူးအစီအစဉ်အဖြစ် မေးမြန်းဖော်ပြလိုက်ပါတယ်။

(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion leaders ။     ။ မကြာခင်က ပရဟိတနဲ့ဆိုင်တဲ့ ဘဏ်စာရင်းတစ်ခုကို ပိတ်ပစ်လိုက်တယ်၊ တကယ်တော့ ဘဏ်တွေဆိုတာက လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့အပြင် ရာဇဝတ်မှုနဲ့ မဆန့်ကျင်လို့ရှိရင် ဒီလိုမျိုးဟာတွေမှာ ဝင်ပြီးတော့ ဘဏ်ပိတ်ခွင့်တွေ မရှိဘူးဆိုပြီးတော့ အကြမ်းဖျဉ်းအားဖြင့် သိထားပါတယ်၊ အဲ့ဒီလိုမျိုးမှာ နိုင်ငံတကာက စဉ်းစားရင် မြန်မာ့ဘဏ်တွေကို ယုံကြည်မှု ဘယ်လောက်သွားထိခိုက်နိုင်သလဲ၊ ပြည်ပရင်းနှီးမြှုပ်နှံမှု အများစုက ဘဏ်တွေနဲ့ ဆက်သွယ်ပြီး လုပ်တဲ့အခါကျတော့ ဒီအပေါ်မှာရော ဘယ်လောက်အထိ သွားသက်ရောက်နိုင်မလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ဒီကိစ္စနဲ့ ပတ်သက်လို့ပေါ့ ဆရာတို့လည်း ကြားလိုက်တယ်၊ အဲ့ဒီတော့ တကယ်တမ်းတော့ ဘဏ်လို့ပြောတဲ့နေရာမှာ ပုဂ္ဂလိကဘဏ်တွေ နောက် နိုင်ငံတော်ဘဏ်တွေပေါ့၊ ဒါတွေအားလုံးက သူတို့ဒီဘဏ်တွေကို ထိန်းချုပ်ထားတာ အားလုံးဟာ ဗဟိုဘဏ်က ထိန်းချုပ်ထားတာ။
အဲဒီတော့ ဗဟိုဘဏ်ရဲ့ ကြီးကြပ်မှုအောက်မှာရှိတော့ ဒီပုဂ္ဂလိကဘဏ်တွေ လှုပ်ရှားမှုအားလုံးဟာ ဗဟိုဘဏ်ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိနေတယ်။အဲဒီတော့ ပုဂ္ဂလိကဘဏ်တွေအနေနဲ့ တစ်ဦးချင်းတစ်ယောက်ချင်း ကိုယ့်ဆန္ဒ ကိုယ့်သဘောနဲ့ကိုယ် လုပ်လို့မရဘူးလေ။အဲ့ဒီတော့ ဗဟိုဘဏ်ရဲ့ ဒီညွှန်ကြားချက်တွေနဲ့ပဲ၊ ဥပမာအားဖြင့် အတိုးဆိုပါစို့။အတိုး ၈ ရာခိုင်နှုန်းတို့၊ ၁၃ ရာခိုင်နှုန်းတို့ ကိုယ်လုပ်ချင်တာ လုပ်လို့မှမရတာ။

ပထမဆုံး အခြေခံကတော့ ပုဂ္ဂလိကဘဏ်တွေသည် ဒီဗဟိုဘဏ် ခုနမေးတဲ့ကိစ္စက ဒီလက်ရှိဖြစ်တဲ့ ပြဿနာထက် အရေးကြီးတာကနော် ကိုယ့်ဘဏ်စနစ်ကို ယုံကြည်မှုရှိဖို့အတွက်ဆိုရင် ဗဟိုဘဏ်ရဲ့ ကြီးကြပ်မှု ဗဟိုဘဏ်ရဲ့ စီမံခန့်ခွဲမှု အင်မတန်အရေးကြီးတယ်၊ အဲ့ဒီတော့ လုပ်သမျှအားလုံးသည် ဗဟိုဘဏ်ရဲ့ အစီအမံအတိုင်း ဖြစ်ရမယ်။ဟုတ်တယ်နော်၊ အတိုးနှုန်းတွေ သတ်မှတ်တာတို့ နောက်တစ်ခါ ချေးငွေပြန်ဆပ်ဖို့ မဆပ်ဖို့ ကိစ္စတွေ အားလုံးဟာ ဗဟိုဘဏ်ရဲ့ ကြီးကြပ်မှုအောက်မှာရှိတာ၊ အဲ့ဒီတော့ အခုလိုဆောင်ရွက်တဲ့အခါမှာ ဗဟိုဘဏ်ရဲ့ ကြီးကြပ်မှုအောက်က အစဉ်ဆောင်ရွက်တာလား၊ ဟုတ်တယ်နော်၊ ကိုယ့်သဘော ကိုယ့်ဆန္ဒနဲ့ လုပ်တာလားဆိုတဲ့ မေးခွန်းကတော့ မေးစရာရှိတာပေါ့။

အဲ့ဒီတော့ ဗဟိုဘဏ်ရဲ့ ကြီးကြပ်မှုအောက်က လုပ်တယ်ဆိုရင်တော့ ပုံစံတစ်မျိုး၊ သို့တည်းမဟုတ် ကိုယ့်ကိုယ်ပိုင်ဆုံးဖြတ်ချက် ကြီးကြီးနဲ့လုပ်ရင်တော့ ပုံစံတစ်မျိုး၊ အရေးအကြီးဆုံးက ခုနပြောတဲ့ ခင်ဗျားမေးတဲ့ မေးခွန်းမှာ အရေးအကြီးဆုံးက ဘဏ်ရဲ့ အခြေခံရပ်တည်ချက်က ယုံကြည်မှုတည်ဆောက်ခြင်းပဲလေ၊ ဟုတ်တယ်မဟုတ်လား၊ ကိုယ့်ငွေကို သူစိမ်းသက်သက်ကို အပ်ထားတာလေ။ဘဏ်တွေကို ဆရာတို့ အမြဲတမ်းပြောတာက ဘဏ်တွေသည် တကယ့်ကို ထိန်းသိမ်းကာကွယ်ရမယ့်လူတွေ ဖြစ်တယ်။ဟိုအဆောက်အအုံတွေပေါ့။အုပ်ထိန်းသူတွေဖြစ်တယ်။အုပ်ထိန်းသူတွေဖြစ်တော့ သူများငွေကို အုပ်ထိန်းရတဲ့အတွက် ကိုယ့်ငွေထက်တောင်ပိုပြီး ဆရာတို့ အာရုံစိုက်ဖို့ လိုတယ်လေ။ဂရုထားဖို့လိုတယ်။ပြီးတော့မှ ဘာကြောင့်လဲဆိုတော့ ဆရာတို့ ဘဏ်တွေရဲ့ အနေအထားသည် ယုံကြည်မှုတစ်ခုကို တည်ဆောက်ထားတော့ ယုံကြည်မှုပျက်တာနဲ့ ယုံကြည်မှုထိခိုက်တာနဲ့ စနစ်ကြီးတစ်ခုလုံးမှာ ဆိုးကျိုးတွေ ဖြစ်တယ်လေ။

ဒါကြောင့်မို့ အခုဖြစ်သွားတာတွေ ဆရာသုံးသပ်လို့ရှိရင် ယုံကြည်မှု ပျက်ပြားစေတဲ့ပုံစံ၊ အခုပြောနေတာကတော့ ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်နဲ့လုပ်တယ်။ ဟုတ်တယ်နော်၊ ဗဟိုဘဏ်က ညွှန်ကြားချက်နဲ့ လုပ်၏မလုပ်၏ဆိုတာတော့ အရေးကြီးတာပေါ့နော်။ တကယ်တမ်းတော့ ဗဟိုဘဏ်ညွှန်ကြားချက်မပါဘဲနဲ့တော့ ပုဂ္ဂလိကဘဏ်တွေ ဘဏ်တစ်ဦးချင်းက လုပ်ပိုင်ခွင့် မရှိဘူးလေ။ အဲ့ဒီတော့ ဒီဟာကိုတော့ ဆရာထင်တယ်၊ ဒီကိစ္စကို အခုလူတွေစိတ်ဝင်စားတဲ့ ကိစ္စကို ခဏထားပြီးတော့ပေါ့။ ဗဟိုဘဏ်နဲ့ ပုဂ္ဂလိက ဘဏ်တွေရဲ့ ထိတွေ့ဆက်ဆံမှု ဘယ်လို့ရှိတယ်၊ စီမံခန့်ခွဲမှု ဘယ်လိုရှိတယ်၊ တယ်လီဖုန်းနဲ့ပြောရုံနဲ့ လုပ်လို့ရသလား၊ စာထုတ်မှလုပ်လို့ရသလား၊ မပြောတတ်ဘူးနော်။ ဒါတွေအားလုံးဟာ မေးခွန်းတွေရှိတာပေါ့။

ဒီပြဿနာမှာ ဆရာထင်တာက အဖြေရှိတာထက် မေးခွန်းတွေ ပိုများ လာတယ်လေ၊ ဟုတ်တယ်မဟုတ်လား၊ အဲ့ဒီတော့ ဘဏ်ကလုပ်တယ် ဆိုလို့ရှိရင်လည်း ဘယ်သူကလုပ်တာလဲ၊ ဘယ်သူကဆုံးဖြတ်တာလဲ ဆိုတာကလည်း အရေးကြီးလာပြန်ရော၊ မဟုတ်ဘူးလား၊ ဒါတွေအားလုံးက ကွင်းဆက်တွေပေါ့၊ ဒါပေမဲ့ အခြေခံကတော့ ခုနပြောတဲ့မေးခွန်းက အရေးကြီးတယ်၊ ကိုယ့်နိုင်ငံရဲ့ ဘဏ်စနစ်ကို နိုင်ငံတကာက နိုင်ငံတွေက ယုံကြည်မှရမယ်လေ၊ ဆရာတို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ခေါ်တဲ့အခါမှာ ဆရာတို့အနေနဲ့ တတ်နိုင်သမျှ ကိုယ့်ဘဏ်တွေကို မြေတောင်မြှောက်တဲ့အနေနဲ့ မြန်မာပြည်မှာ လာပြီးအလုပ်လုပ်ချင်ရင် တစ်ချို့တွေက ငွေချေးတယ်လေ။ ငွေချေးပြီးလုပ်ကြတယ်ဆိုရင် ဆရာတို့က တိုက်တွန်းတာက ငွေချေးတယ်ဆိုရင် နိုင်ငံခြားဘဏ်တွေမှာ ငွေချေးယုံရင်မကဘဲနဲ့ ပြည်တွင်းဘဏ်တွေ မှာလည်း ငွေချေးပေးပါဆိုပြီး ဆရာတို့က တိုက်တွန်းတယ်လေ။
အဲ့ဒီလိုတိုက်တွန်းလာတဲ့အခါကျတော့ ကိုယ့်ဘဏ်တွေရဲ့ယုံကြည်မှုက ပိုပြီးအရေးကြီးလာပြန်ရော၊

အခုက ဒီအဖြစ်ကို ဆရာထင်တယ်၊ ဒီထက်ပိုပြီး နက်နက်နဲနဲ ဒီအပေါ်ယံပေါ့နော်၊ လူတွေစိတ်ဝင်စားမှုဆိုတာက ခဏပဲ။ဒါပေမဲ့ ဒီရဲ့နောက်ကွယ် ရေရှည်မှာ ပြင်စရာတွေပြင်ရမယ်၊ ပြုပြင်စရာတွေ ပြုပြင်ရမယ် အများကြီးရှိမယ်လို့အောက်မေ့တယ်။ သက်ဆိုင်ရာ ဘဏ်ကလည်း သူ့ရဲ့ internal management ပေါ့နော်၊ အတွင်းစီမံခန့်ခွဲမှု အဆုံးအဖြစ်တွေကို ဘယ်သူကပေးတယ်၊ ဘယ်လိုပေးနိုင်တယ်၊ ဘယ်အချိန်မှာပေးနိုင်တယ်ဆိုတာ စဉ်းစားဖို့လိုသလို ဗဟိုဘဏ် အနေနဲ့ကလည်း ဘယ်လိုလုပ်ကြမယ်၊ နောင် ဒီလိုဖြစ်ရင်။

ဒါဒီလိုဖြစ်လိုက်တာသည် အဆိုးထဲက အကောင်း ကြည့်ရမှာပေ့ါနော်၊ ဗဟိုဘဏ်နဲ့ကိုယ်နဲ့ကြား ဘဏ်နဲ့ ကိုယ့်ရဲ့ဖောက်သည်ကြား ထိတွေ့ဆက်ဆံမှုတွေက အင်မတန်အရေးကြီးတာပေါ့၊ မဟုတ်ရင် ဒါကြီးက ယုံကြည်မှုပျက်သွားလို့ရှိရင် အမှိုက်ကအစ ပြသာဒ် မီးလောင်တာမျိုး မဖြစ်စေချင်ဘူးလေ၊ မဟုတ်ဘူးလား၊ ဒီကိစ္စကဖြစ်သွားပြီ၊ ဒါပေမဲ့ ဒီလိုထပ်မဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ၊ အဲ့ဒီတော့ ဘယ်သူတာဝန်ရှိလဲ၊ ပြီးတော့ အဲ့ဒီလိုဖြစ်လိုက်တဲ့အတွက် ပုဂ္ဂလိက ယုံကြည်မှု အားနည်းသွားရင် အကျိုးဆက်တွေအများကြီးလေ၊ အဲ့ဒါလေးတော့ ဆရာထင်တယ်၊ သုံးသပ်ဖို့ လိုမယ်လို့ အောက်မေ့တယ်။

Opinion leaders ။     ။ နောက်တစ်ခုက သူရဦးအောင်ကို က အရင်တစ်ခါတုန်းက မဘသနဲ့ ပတ်သက်ပြီး ပြောခဲ့တာရှိတယ်၊ မဘသတွေရဲ့ ငွေကြေးနဲ့ပတ်သက်ပြီး ဘဏ်တွေကို စစ်ဆေးခိုင်းတဲ့အခါတော့ တော်တော်လေးကို အချိန်ယူပြီးတော့ လုပ်နေတာကို သူရဦးအောင်ကို က ပွဲတစ်ခုမှာ ပြောခဲ့တယ်၊ ဒီလောက်အချိန်ယူတော့ အရမ်းကြာသွားတော့ ငွေစာရင်းတွေ ရွှေ့လု့ိရသွားတယ်၊ မကြာသေးခင်ကလည်း ပြောခဲ့တယ်၊ ခုနစ်ရက်လောက်အထိ သူ့ဆီကို ဗဟိုဘဏ်ကနေပေါ့နော်၊ စာရင်းတွေမလာသေးဘူးပေ့ါနော်၊ သူတို့တောင်းထားတဲ့ စာရင်းတွေ။ အခုဒီပြဿနာမှာကျတော့ ရက်ပိုင်းအတွင်းကို ၂၄ နာရီအတွင်းကို ငွေစာရင်းပိတ်လို့ရတယ်၊ ညွှန်ကြားနိုင်တယ်၊ ဗဟိုဘဏ်က၊ ဟိုမှကျတော့ တစ်ပတ်ကျော်အထိ တော်တော်ကြာတဲ့အထိ စာရင်းတွေ မပေးနိုင်ဘူးဆိုတော့ ဗဟိုဘဏ်ရဲ့ထိန်းချုပ်မှုက နိုင်ငံတကာအမြင်မှာရော၊ ပြည်သူအမြင်မှာရော အစိုးရအဖွဲ့အောက်မှာလား (ဒါမှမဟုတ်) တခြားအဖွဲ့တစ်ဖွဲ့အောက်မှာ ရှိတယ်လို့ ယူဆနိုင်မလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အဲဒီလိုထက်ကိုပေါ့နော်၊ ဒါကတော့ တစ်ယောက်နဲ့တစ်ယောက် နိုင်ငံရေးရှုထောင့်က ကြည့်ကြည့်ပြီး ပြောလို့ ရတာပေါ့နော်။ဒါပေမဲ့ အခုခေတ်မှာတော့ဗျာ၊ ဘဏ်တွေအားလုံးက Digital Banking ရွှေ့နေတယ်၊ ဟုတ်တယ်မဟုတ်လား၊ အဲ့ဒီတော့ ဒီအလုပ်တစ်ခုလုပ်တာက ၂၄ နာရီကို ခုနစ်ရက် ခလုတ်နှိပ်တာနဲ့ ချက်ချင်း ပြီးနိုင်တဲ့ကိစ္စလေ၊ ဒါကြီးက တကယ့်ကိုအရေးတယူ အရင်လိုမှမဟုတ်တော့တာ၊ ချလံစနစ်လည်း မရှိတော့ဘူး။

အဲ့ဒီတော့ အခုအချိန်မှာ ခေတ်မီနည်းပညာနဲ့ပတ်သက်ပြီး လုပ်ဖို့ လုပ်နိုင်တဲ့အနေအထားရှိနေရင် လုပ်နိုင်တာနဲ့ မလုပ်တာသည် နည်းပညာနဲ့မဆိုင်တော့ဘူး၊ ယုံကြည်မှုနဲ့ တစ်စိုက်မတ်မတ်လုပ်ချင်တဲ့ စိတ်ရှိတယ်၊ စိတ်နဲ့ဆိုင်သွားပြီ။ ဆန္ဒနဲ့ဆိုင်သွားပြီ၊။အဲ့ဒီတော့ ခုနပြောတဲ့ကိစ္စကို တာဝန်ရှိတဲ့သူတွေက မလုပ်ချင် လို့လား၊ လုပ်ချင်လို့လားဆိုတဲ့ မေးခွန်းတွေက ထုတ်လာတာပေါ့။ ဒီလောက်ခက်တာမှမဟုတ်တာ ဟုတ်တယ်မဟုတ်လား၊ ၂၄ နာရီတောင် ကြာစရာအကြောင်းမရှိဘူး။ တစ်မိနစ်အတွင်း ပြီးနိုင်တဲ့ကိစ္စပဲ။

အခု Digital Banking မှာ။ အရင်တုန်းကတော့ ဘဏ်တွေမှာ ကွန်ပျူတာမရှိလို့ အားလုံးလက်နဲ့ ပေသီးနဲ့ လုပ်နေရတဲ့စနစ်မှ မဟုတ် တော့တာ၊ အခုက ဆရာတို့မှာဖြစ်နေတာက တစ်ချို့ကိစ္စတွေမှာ မလုပ်ချင်ရင်တော့ ပေသီး လုပ်တယ်၊ လုပ်ချင်ရင်တော့ တခြားနိုင်ငံထက်တောင် မြန်သေးတယ်၊ အဲ့ဒီတော့ အဲ့ဒါကိုသုံးသပ်လိုက်လို့ရှိရင် ဆရာထင်တယ်၊ အဓိကကတော့ ဆန္ဒပဲ။ စိတ်ပါတဲ့ကိစ္စလုပ်ချင်တယ်ဆိုလို့ရှိရင်တော့ ချက်ချင်းလုပ်တယ်၊ စိတ်မပါဘူး၊ မလုပ်ချင်ဘူးဆိုရင်တော့ အကြောင်းအမျိုးမျိုးပြနေမှာပေါ့၊ ဟုတ်တယ်မဟုတ်လား၊ မလုပ်ချင်တဲ့လူကတော့ဗျာ ဆင်ခြေတော့ပေးနေမှာပဲ။

အဲဒီတော့ ပေးတဲ့ဆင်ခြေသာလိုက်နေရင် ဘာမှပြီးမှာ မဟုတ်တော့ဘူး၊ အရေးကြီးတာက ခုနပြောသလိုနော် ဘယ်လိုဖြစ်နေကြလဲ ဘာကြောင့်မလုပ်ချင်တာလဲ၊ ဘယ်သူတွေနဲ့ပတ်သက်လဲဆိုတဲ့မေးခွန်းတွေက အများကြီးဖြစ်လာရော။အဲ့ဒီတော့ ဒီကိစ္စကနေတစ်ဆင့် ဆရာတို့ အင်မတန်မှ ကြီးကျယ်တဲ့ နိုင်ငံရေးပြဿနာဖြစ်လာတာပေါ့၊ မဟုတ်ဘူးလား၊ စဉ်းစားစရာတွေ အများကြီးဖြစ်တယ်၊ ကောင်းတော့မကောင်းဘူးပေါ့၊ ဟုတ်တယ်မဟုတ်လား။
ဘဏ်တွေရဲ့တာဝန်က သူများငွေကို ကိုယ်က ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရမယ်၊ နောက်တစ်ခါ အခုခေတ်မှာက အရင်လို မဟုတ်တော့ဘူး နည်းပညာတွေသုံးနေတဲ့အချိန်မှာ အခု ဒါတွေကိုပိုပြီးတော့ သတိထားဖို့လိုတယ်။ဒီကိစ္စမှာ ဘဏ်စနစ်ကြီးတစ်ခုလုံးကို မီးမောင်းထိုးတဲ့ပုံစံဖြစ်သွားတာပေါ့။

Opinion leaders ။     ။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ရှိရင် ရခိုင်ပြည်နယ်မှာ စင်ကာပူနဲ့တရုတ်က တစ်ဘီလျံကျော် ရင်းနှီးမြှုပ်နှံဖို့ လာပြီးဆွေးနွေးတာရှိတယ်ဆရာ။ အရင်ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံမှု FDI စာရင်းတွေ ပြန်ကြည့်လိုက်လို့ရှိရင် ဒီဘက်နှစ်ထဲမှာ တော်တော်ကျသွားတယ်ဆရာ၊ ပြီးခဲ့တဲ့လက သန်း ၈၀ ကျော် လောက်ပဲရှိတယ်။ အဲ့ဒီသန်း ၈၀ ကျော် ဆိုတာ တော်တော်လေးကို စံချိန်တင်ပဲ၊ တော်တော် ကျဆင်းမှုပဲ။ အဲ့ဒီ်တော့ ဒီလို ရင်းနှီးမြှုပ်နှံမှုမဝင်တဲ့ကိစ္စတွေထဲမှာ ဒီလိုမျိုးဘဏ်စနစ်ကလည်း သွားပြီးတော့ အခက်အခဲ ဖြစ်စေသလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အဲဒါတော့ နှစ်ပိုင်းပေါ့၊ အမှန်တော့ အခက်အခဲဖြစ်စေသလား ဆိုတာထက်ကို ရင်းနှီးမြှုပ်နှံမှုကို ခဏထားပြီးတော့ ဆရာတို့ အခု နိုင်ငံတော်က အာရုံစိုက်နေတဲ့ doing business ပေါ့၊ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ရင် လွယ်လွယ်ကူကူလုပ်ရမယ်၊ လုပ်နိုင်အောင် ဆိုတဲ့ အချက် ရှစ်ချက်ထဲမှာ ပေါ့နော်။အဓိက တစ်ခုကတော့ ဘဏ်စနစ်ပေါ့။ အဲ့ဒီတော့ ဘဏ်စနစ်ကို သွက်ဖို့လိုတယ် မြန်ဖို့လိုတယ်ဆိုတာ တစ်ဖက်က၊ ဆရာတို့ဒီဘက်က ကိုယ်ကိုယ်တိုင်ရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုနေတဲ့လူတစ်ယောက်အနေနဲ့ မြန်မြန်လာပါများများလာပါလို့ ပြောနေတဲ့အချိန်မှာ မြန်မြန်လာများများလာ ဆိုတဲ့သူတွေ အနေနဲ့ ဒီလိုလာတဲ့အချိန်မှာ လွယ်လွယ်ကူကူလုပ်နိုင်ဖို့က စီးပွားရေးပတ်ဝန်းကျင် ဖန်တီးထားမှ ရမှာပေါ့။

အဲဒီပတ်ဝန်းကျင် မဖန်တီးနိုင်တဲ့ ဒုက္ခက ဆရာတို့မှာ အကြီးအကျယ်ဆုံးပဲ၊ ဆရာတို့အခုပြောတဲ့ One Stop Service လုပ်နေတာပဲ။ ဒါကိုရအောင် ဘယ်လိုလုပ်မလဲ၊ ဘဏ်စနစ်မှာလည်း ဒီအတိုင်းပဲချောမွေ့အောင် ဆရာတို့ဘယ်လိုလုပ်မလဲ ဆရာတို့တစ်လောကပြောခဲ့သလိုပေါ့ နိုင်ငံခြားခရီးသည်တွေကို ဆရာတို့ကြိုဆိုတယ်၊ ရင်းနှီးမြှုပ်နှံမှုခဏထား ဒါလည်းရင်းနှီးမြှုပ်နှံမှုနဲ့ဆိုင်တာပေါ့၊ အဲ့ဒီတော့ ကြိုဆိုတဲ့အခါမှာ သူတို့ကတရုတ်တွေလာတယ်၊ တရုတ်တွေက ငွေမပါဘူး။ သူတို့ကဒေါ်လာမှမရှိတာ၊ တရုတ်နိုင်ငံမှာ ဒေါ်လာကိုင်တဲ့သူ တစ် ယောက်မှမရှိဘူး။ဒါပေမဲ့ သူတို့သုံးတာ Wechat သုံးတယ်၊ အဲ့ဒီတော့ ဆရာတို့က ဘဏ်စနစ်ကပြောပြတာက Wechat သုံးလို့မရဘူး ပြောတယ်။ ဆရာတို့က ဗီဂျာတို့၊ မာစတာတို့သုံးနေတယ် ဆိုတော့ ကိုယ့်စနစ်က ပြင်မှ ရမယ်လေ။အဲလို စဉ်းစားမှရမယ်၊ ရင်းနှီးမြှုပ်နှံချင်တဲ့လူက စေတနာနဲ့လာပြီးတော့ စေတနာထက်ကို သူလည်း စီးပွားရေး အကျိုးရှိအောင် သူလည်းလုပ်ချင်တာပဲလေ၊ သူတို့အနေနဲ့ သူလည်းကောင်းမယ်၊ ကိုယ်လည်း အခြေအနေမဆိုးတာမျိုးကို ဘယ်လိုဖန်တီးမလဲဆိုတာ စဉ်းစားဖို့လိုတယ်၊ ဆရာတို့ကလည်း ကပ်သီးကပ်သတ် သမားတွေ၊ လာနေတဲ့လူတွေကို တို့ပြောတဲ့အတိုင်းလာရင်လာ မလာရင်မလာနဲ့လို့ပြောကြရင် ဘယ်လိုလုပ်ကြမလဲ၊ ဟုတ်တယ်မဟုတ်လား။

အဲဒီတော့ တခြားနိုင်ငံတွေကို သွားကြည့်လိုက်လို့ရှိရင် ရင်းနှီးမြှုပ်နှံမှုကိုကြိုဆို တာက ဘာနဲ့စလဲဆိုရင် မင်းဘာလိုချင်တာလဲနဲ့ စတယ်၊ မင်းဘာလုပ်ပေးရမလဲ ဆိုတာနဲ့စတယ်၊ အခုကတော့ တို့က ဒါပဲပေးနိုင်တယ် မင်းကြိုက်ကြိုက်မကြိုက်ကြိုက်ဆိုတာမျိုး၊ ဆိုပြီးတော့ တင်းခံတာကို ဆရာထင်တယ်၊ မာနတော့ရှိတယ်ထင်ပါရဲ့ ကြည့်ရတာလေ၊ ဟုတ်တယ်မဟုတ်လား နှစ်ကလည်း အကြာကြီးဖြစ်နေတော့ ဒီကောင်တွေမလာလည်းဘာမှမဖြစ်ဘူး၊ မရှိလည်းဖြစ်ခဲ့တာ။ ဟုတ်တယ်မဟုတ်လား၊ အဲ့ဒီတော့ သူတို့မြင်နေတာကလေ ဟိုအရင်တုန်းက မဆလထက်တောင် ဆိုးနေတယ်လို့ထင်တယ်။တို့ဘယ်သူနဲ့မှ မပတ်သက်ဘူး၊ တို့ဒီလိုပဲနေမယ်၊ မင်းတို့လာရင်လည်း မင်းတို့ကိစ္စပဲ မင်းတို့လာချင်လို့လာတာ၊ ဟုတ်တယ် မဟုတ်လား။

တို့က ဒီလောက်ပဲလုပ်ပေးနိုင်မယ်၊ ဒီဘောင်အတွင်းမင်းတို့လုပ်နိုင်ရင် ဆရာတို့ကျတော့ တစ်မျိုး စဉ်းစားတယ်၊ သူတို့ဘာလိုချင်လဲ လိုချင်တာ တို့လုပ်ပေးမယ် ဆိုတာမျိုးပေါ့၊ ဥပမာဆိုပါတော့ သူတို့မှာအခု ရင်းနှီးမြှုပ်နှံမှုမှာ အခုအခက်အခဲဆုံးက မြေကြီးကိစ္စ၊ မြေကြီးပိုင်ဆိုင်မှုကို အကြောင်းကြောင်းကြောင့် စိတ်ပူနေတဲ့အခါကျတော့ ဆရာပြောတယ်၊ မြေကြီးဘာကြောင့် ဒီလောက်စိတ်ပူနေတာလဲ၊ မြေကြီးကို သယ်သွားလို့မှမရတာ၊ ဒါပေမဲ့ အခုထိမြေကြီးကို စိတ်ပူနေတာနော်၊ ဒါကအစွဲတွေရှိတာကိုး၊ ဟုတ်တယ် မဟုတ်လား၊ ဥပမာ ကွန်ဒိုဆိုရင် အောက်ထပ်ကိုမရဘူးလို့ အပေါ်ထပ်ကို ရမယ်ဆိုတာ ကိုယ်လည်းနားမလည်ဘူး၊ ကိုယ့်ရဲ့ဦးနှောက်ကလည်း မမီဘူးထင်တယ်နော်။

သူတို့အတွေးတွေက တော်တော်ကြီးကို စူးရှတယ် လို့ပဲ သိမ်သိမ်မွေ့မွေ့ပြောရင် တော်တော်ကြီး စူးရှတယ်၊ ကိုယ်မမြင်တာကို သူတို့မြင်တတ်တာကိုး၊ တော်လည်း တော်တယ်၊ ဟုတ်တယ် မဟုတ်လား၊ မြေကြီးထိရင် ဘာဖြစ်တယ်ညာဖြစ်တယ်လို့ လျှောက်ပြောနေတော့ သယ်သွားလို့မရတဲ့ကိစ္စမျိုးကို စိတ်ပူနေရင် ဘယ်လိုလုပ်မလဲ၊ ဟုတ်တယ်မဟုတ်လား။အလယ်ထပ်နဲ့ အောက်ထပ်နဲ့ ဘာထူးလဲ။ဟို ရောင်းလိုက်တော့ ဆိုတော့ အဲဒီလိုပြောပြန်တော့လည်း ဟာ တိုင်းပြည်ကို မချစ်ဘူး၊ မျိုးချစ်စိတ်မရှိဘူး၊ ပြောခံရပြန်ရော၊ တစ်နိုင်ငံလုံးမှာ မျိုးချစ်စိတ်တွေက များနေတာပေါ့၊ အမှန်တော့ အားလုံးက ဆရာထင်တယ်နော်၊ ဒီ ခုန ဘဏ်နဲ့လည်းဆိုင်တာလေ ယုံကြည်မှုပျက်သွားရော။ ဟုတ်တယ် မဟုတ်လား။သူများနဲ့ဆက်ဆံတာကို မဆက်ဆံချင်ဘူး၊ ဆက်ဆံရင် ဒီကောင်တွေငါ့ကိုလိမ်မှာပဲလို့ စိုးရိမ်စိတ် တွေက အမြဲတမ်းရှိနေတော့ အဲ့လိုစိတ်ပူနေလို့ကတော့ ဆရာထင်တယ် စိတ်ပူလေလေ ပိုဖြစ်လေလေပဲလေ၊ နည်းနည်းလေးတော့ ကိုယ်ကတော့ ပွင့်ပွင့်လင်းလင်းရှိလာရင်တော့ ဆရာထင်တယ် အဖြေတစ်ခု ရလိမ့်မယ်လို့ အောက်မေ့တာပဲ။

Opinion leaders ။     ။ ဒီလိုအချိန်မျိုးမှာ ကျွန်တော်တို့ ဘဏ်စနစ်မှာရော ဘဏ်မှာရှိတဲ့ အုပ်ချုပ်မှုတွေ မှာရော တော်တော်လေး ပြဿနာရှိတဲ့ အနေအထားလို့ ဆိုလိုနိုင်လား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အခုကတော့လေ ဒါကို ဒီလိုအကြောင်းအရာလေးတစ်ခု အခြေခံပြီးတော့လေ၊ စဉ်းစားစရာတွေ ပြင်စရာတွေ ပေါ်လာတာပေါ့၊ အဲ့ဒီတော့ ဒီလိုလုပ်လို့ရသလား၊ ဒီစာရင်းကို ပိတ်လို့ရလား လွယ်လွယ်ကူကူ၊ ဟုတ်တယ်နော် ။အဲ့ဒါတွေ မေးခွန်းတွေ ထုတ်လာတယ်၊ အဲ့ဒီတော့ ဘဏ်ဥပဒေဘယ်လိုရှိလဲ၊ ဒါတွေ ဒီကနေစပြီး ဆရာထင်တယ် အဖြေထုတ်လို့ရပြီလေ၊ အဲ့ဒီတော့ အဲ့ဒီလိုဖြစ်လို့ရှိရင် ဆရာထင်တယ် ဒါကိုအခွင့်ကောင်း အခွင့်အရေးယူပြီးတော့ ဒါဆို တို့စနစ်ကို ပိုကောင်းအောင် ဘယ်လိုလုပ်မလဲ၊ ဗဟိုဘဏ်နဲ့ ပုဂ္ဂလိက ဆက်ဆံ ရေးမှာ အခုထက်ပိုပြီး ပွင့်လင်းမြင်သာအောင်ဘယ်လိုလုပ်မလဲ၊ အခုအထိ တစ်ဖက်နဲ့တစ်ဖက် ပြောနေတာနော်၊ ဟုတ်တယ်မဟုတ်လား။

ဗဟိုဘဏ်ကလည်း မပြောပါဘူးပြောတယ်၊ ဒီဘက်ကလည်း ပြောပါ ပြောပါဒီလိုပြောတယ်၊ ဟုတ်တယ်မဟုတ်လား၊ ဒါကို သက်သေအထောက်အထား အသေအချာ စိစစ်ပြီးတော့ ဘယ်သူ ဒီအမှန်တရားကိုဖော်ထုတ်မှရမယ်၊ အမှန်တရားဖော်ထုတ်တာကလည်း ဆရာထင်တာက အပြစ်တင် ဝေဖန်တာထက်ကို ဒီထက်ကောင်းအောင် အဖြေတွေဘယ်လိုလုပ်မလဲ စဉ်းစားရအောင်၊ ပြီးတာက ပြီးသွားပြီ ဘာမှလုပ်လို့မရဘူး။အရေးယူလည်း အရေးယူတာပဲရှိမယ်၊ ဘယ်သူ့မှာတာဝန်ရှိလဲ ဆိုတာကို လိုက်စဉ်းစားတာထက် repeat မဖြစ်အောင်ပေါ့ ဒီလိုထပ်မဖြစ်အောင် ဆရာတို့ ဘာလုပ်ဖို့လိုလဲ ဆိုတာကိုတော့ ကိုယ်ကတော့ သုံးသပ်စေချင်တယ်ကွယ်၊ ဟုတ်တယ်မဟုတ်လား၊ ဒါသင်ခန်းစာကြီးတစ်ခုပဲလေ၊ လူတွေ အားလုံးလည်း စိတ်ဝင်စားတဲ့သင်ခန်းစာ၊ ဒါမျိုးမဖြစ်အောင် အဲ့ဒီတော့ အဲ့လိုလုပ်လိုက်လို့ရှိရင် ဘဏ်အပေါ်မှာ ဆရာတို့ ယုံကြည်စိတ်ချမှု တိုးလာတာပေါ့၊ အဲဒီလိုပဲစဉ်းစားစေချင်တာပါ။

Opinion leaders ။     ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးပါ ဆရာ။

ဒေါက်တာအောင်ထွန်းသက်
ဇူလိုင် - ၂၀

( Zawgyi )

မၾကာေသးခင္က ျပည္တြင္းဘဏ္တစ္ခုက ဘဏ္စာရင္းတစ္ခုကို ပိတ္လိုက္သည့္အေပၚ ျပည္တြင္းလုပ္ငန္းရွင္ အသိုင္းအဝိုင္းႏွင့္ ဘဏ္စနစ္ကို အသုံးျပဳေနသည့္သူမ်ားၾကား အေတာ္ေလး ဂယက္႐ိုက္မႈ ျဖစ္ခဲ့ပါတယ္။ႏိုင္ငံတစ္ႏိုင္ငံ၏ ေငြေရးေၾကးေရးစနစ္တြင္ အဓိကမွာ ဘဏ္စနစ္ျဖစ္ၿပီး ဘဏ္စနစ္ေကာင္းလွ်င္ ေငြေၾကးလည္ပတ္မႈ အားေကာင္းကာ ျပည္တြင္းစီးပြားေရးကို ေကာင္းမြန္ေစသည္မွာ အားလုံးသိထားၾကၿပီး ျဖစ္ပါတယ္။ဘဏ္စနစ္က တိုင္းျပည္တစ္ခု ႏိုင္ငံတစ္ႏိုင္ငံ၏ စီးပြားေရးအတြက္ အေရးႀကီးသည့္ အဓိကအစိတ္အပိုင္းျဖစ္ေနရာ ဘဏ္ေငြစာရင္းတစ္ခုကို ပိတ္ျခင္းျဖင့္ ျဖစ္ေပၚလာႏိုင္သည့္ သက္ေရာက္မႈမ်ား၊ မဆီေလ်ာ္မႈမ်ား၊ အျခားနယ္ပယ္မ်ားကို မည္သို႔ ဆိုးက်ိဳးသက္ေရာက္ႏိုင္သည္ကို   ဝါရင့္စီးပြားေရးပညာရွင္ႏွင့္ ႏိုင္ငံေတာ္သမၼတ၏ စီးပြားေရးအႀကံေပးပုဂၢိဳလ္ ဆရာ ေဒါက္တာေအာင္ထြန္းသက္အား ေမးျမန္းခဲ့ပါတယ္။ဆရာ ေဒါက္တာေအာင္ထြန္းသက္၏ ရႈျမင္သုံးသပ္ခ်က္ အျပည့္အစုံကို ယခုတစ္ပတ္ အထူးအစီအစဥ္အျဖစ္ ေမးျမန္းေဖာ္ျပလိုက္ပါတယ္။

(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion leaders ။     ။ မၾကာခင္က ပရဟိတနဲ႔ဆိုင္တဲ့ ဘဏ္စာရင္းတစ္ခုကို ပိတ္ပစ္လိုက္တယ္၊ တကယ္ေတာ့ ဘဏ္ေတြဆိုတာက လြတ္လပ္တဲ့ အဖြဲ႕အစည္းတစ္ခု ျဖစ္တဲ့အျပင္ ရာဇဝတ္မႈနဲ႔ မဆန႔္က်င္လို႔ရွိရင္ ဒီလိုမ်ိဳးဟာေတြမွာ ဝင္ၿပီးေတာ့ ဘဏ္ပိတ္ခြင့္ေတြ မရွိဘူးဆိုၿပီးေတာ့ အၾကမ္းဖ်ဥ္းအားျဖင့္ သိထားပါတယ္၊ အဲ့ဒီလိုမ်ိဳးမွာ ႏိုင္ငံတကာက စဥ္းစားရင္ ျမန္မာ့ဘဏ္ေတြကို ယုံၾကည္မႈ ဘယ္ေလာက္သြားထိခိုက္ႏိုင္သလဲ၊ ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈ အမ်ားစုက ဘဏ္ေတြနဲ႔ ဆက္သြယ္ၿပီး လုပ္တဲ့အခါက်ေတာ့ ဒီအေပၚမွာေရာ ဘယ္ေလာက္အထိ သြားသက္ေရာက္ႏိုင္မလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဒီကိစၥနဲ႔ ပတ္သက္လို႔ေပါ့ ဆရာတို႔လည္း ၾကားလိုက္တယ္၊ အဲ့ဒီေတာ့ တကယ္တမ္းေတာ့ ဘဏ္လို႔ေျပာတဲ့ေနရာမွာ ပုဂၢလိကဘဏ္ေတြ ေနာက္ ႏိုင္ငံေတာ္ဘဏ္ေတြေပါ့၊ ဒါေတြအားလုံးက သူတို႔ဒီဘဏ္ေတြကို ထိန္းခ်ဳပ္ထားတာ အားလုံးဟာ ဗဟိုဘဏ္က ထိန္းခ်ဳပ္ထားတာ။
အဲဒီေတာ့ ဗဟိုဘဏ္ရဲ႕ ႀကီးၾကပ္မႈေအာက္မွာရွိေတာ့ ဒီပုဂၢလိကဘဏ္ေတြ လႈပ္ရွားမႈအားလုံးဟာ ဗဟိုဘဏ္ရဲ႕ စီမံခန႔္ခြဲမႈေအာက္မွာ ရွိေနတယ္။အဲဒီေတာ့ ပုဂၢလိကဘဏ္ေတြအေနနဲ႔ တစ္ဦးခ်င္းတစ္ေယာက္ခ်င္း ကိုယ့္ဆႏၵ ကိုယ့္သေဘာနဲ႔ကိုယ္ လုပ္လို႔မရဘူးေလ။အဲ့ဒီေတာ့ ဗဟိုဘဏ္ရဲ႕ ဒီၫႊန္ၾကားခ်က္ေတြနဲ႔ပဲ၊ ဥပမာအားျဖင့္ အတိုးဆိုပါစို႔။အတိုး ၈ ရာခိုင္ႏႈန္းတို႔၊ ၁၃ ရာခိုင္ႏႈန္းတို႔ ကိုယ္လုပ္ခ်င္တာ လုပ္လို႔မွမရတာ။

ပထမဆုံး အေျခခံကေတာ့ ပုဂၢလိကဘဏ္ေတြသည္ ဒီဗဟိုဘဏ္ ခုနေမးတဲ့ကိစၥက ဒီလက္ရွိျဖစ္တဲ့ ျပႆနာထက္ အေရးႀကီးတာကေနာ္ ကိုယ့္ဘဏ္စနစ္ကို ယုံၾကည္မႈရွိဖို႔အတြက္ဆိုရင္ ဗဟိုဘဏ္ရဲ႕ ႀကီးၾကပ္မႈ ဗဟိုဘဏ္ရဲ႕ စီမံခန႔္ခြဲမႈ အင္မတန္အေရးႀကီးတယ္၊ အဲ့ဒီေတာ့ လုပ္သမွ်အားလုံးသည္ ဗဟိုဘဏ္ရဲ႕ အစီအမံအတိုင္း ျဖစ္ရမယ္။ဟုတ္တယ္ေနာ္၊ အတိုးႏႈန္းေတြ သတ္မွတ္တာတို႔ ေနာက္တစ္ခါ ေခ်းေငြျပန္ဆပ္ဖို႔ မဆပ္ဖို႔ ကိစၥေတြ အားလုံးဟာ ဗဟိုဘဏ္ရဲ႕ ႀကီးၾကပ္မႈေအာက္မွာရွိတာ၊ အဲ့ဒီေတာ့ အခုလိုေဆာင္႐ြက္တဲ့အခါမွာ ဗဟိုဘဏ္ရဲ႕ ႀကီးၾကပ္မႈေအာက္က အစဥ္ေဆာင္႐ြက္တာလား၊ ဟုတ္တယ္ေနာ္၊ ကိုယ့္သေဘာ ကိုယ့္ဆႏၵနဲ႔ လုပ္တာလားဆိုတဲ့ ေမးခြန္းကေတာ့ ေမးစရာရွိတာေပါ့။

အဲ့ဒီေတာ့ ဗဟိုဘဏ္ရဲ႕ ႀကီးၾကပ္မႈေအာက္က လုပ္တယ္ဆိုရင္ေတာ့ ပုံစံတစ္မ်ိဳး၊ သို႔တည္းမဟုတ္ ကိုယ့္ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ ႀကီးႀကီးနဲ႔လုပ္ရင္ေတာ့ ပုံစံတစ္မ်ိဳး၊ အေရးအႀကီးဆုံးက ခုနေျပာတဲ့ ခင္ဗ်ားေမးတဲ့ ေမးခြန္းမွာ အေရးအႀကီးဆုံးက ဘဏ္ရဲ႕ အေျခခံရပ္တည္ခ်က္က ယုံၾကည္မႈတည္ေဆာက္ျခင္းပဲေလ၊ ဟုတ္တယ္မဟုတ္လား၊ ကိုယ့္ေငြကို သူစိမ္းသက္သက္ကို အပ္ထားတာေလ။ဘဏ္ေတြကို ဆရာတို႔ အၿမဲတမ္းေျပာတာက ဘဏ္ေတြသည္ တကယ့္ကို ထိန္းသိမ္းကာကြယ္ရမယ့္လူေတြ ျဖစ္တယ္။ဟိုအေဆာက္အအုံေတြေပါ့။အုပ္ထိန္းသူေတြျဖစ္တယ္။အုပ္ထိန္းသူေတြျဖစ္ေတာ့ သူမ်ားေငြကို အုပ္ထိန္းရတဲ့အတြက္ ကိုယ့္ေငြထက္ေတာင္ပိုၿပီး ဆရာတို႔ အာ႐ုံစိုက္ဖို႔ လိုတယ္ေလ။ဂ႐ုထားဖို႔လိုတယ္။ၿပီးေတာ့မွ ဘာေၾကာင့္လဲဆိုေတာ့ ဆရာတို႔ ဘဏ္ေတြရဲ႕ အေနအထားသည္ ယုံၾကည္မႈတစ္ခုကို တည္ေဆာက္ထားေတာ့ ယုံၾကည္မႈပ်က္တာနဲ႔ ယုံၾကည္မႈထိခိုက္တာနဲ႔ စနစ္ႀကီးတစ္ခုလုံးမွာ ဆိုးက်ိဳးေတြ ျဖစ္တယ္ေလ။

ဒါေၾကာင့္မို႔ အခုျဖစ္သြားတာေတြ ဆရာသုံးသပ္လို႔ရွိရင္ ယုံၾကည္မႈ ပ်က္ျပားေစတဲ့ပုံစံ၊ အခုေျပာေနတာကေတာ့ ဗဟိုဘဏ္ရဲ႕ ၫႊန္ၾကားခ်က္နဲ႔လုပ္တယ္။ ဟုတ္တယ္ေနာ္၊ ဗဟိုဘဏ္က ၫႊန္ၾကားခ်က္နဲ႔ လုပ္၏မလုပ္၏ဆိုတာေတာ့ အေရးႀကီးတာေပါ့ေနာ္။ တကယ္တမ္းေတာ့ ဗဟိုဘဏ္ၫႊန္ၾကားခ်က္မပါဘဲနဲ႔ေတာ့ ပုဂၢလိကဘဏ္ေတြ ဘဏ္တစ္ဦးခ်င္းက လုပ္ပိုင္ခြင့္ မရွိဘူးေလ။ အဲ့ဒီေတာ့ ဒီဟာကိုေတာ့ ဆရာထင္တယ္၊ ဒီကိစၥကို အခုလူေတြစိတ္ဝင္စားတဲ့ ကိစၥကို ခဏထားၿပီးေတာ့ေပါ့။ ဗဟိုဘဏ္နဲ႔ ပုဂၢလိက ဘဏ္ေတြရဲ႕ ထိေတြ႕ဆက္ဆံမႈ ဘယ္လို႔ရွိတယ္၊ စီမံခန႔္ခြဲမႈ ဘယ္လိုရွိတယ္၊ တယ္လီဖုန္းနဲ႔ေျပာ႐ုံနဲ႔ လုပ္လို႔ရသလား၊ စာထုတ္မွလုပ္လို႔ရသလား၊ မေျပာတတ္ဘူးေနာ္။ ဒါေတြအားလုံးဟာ ေမးခြန္းေတြရွိတာေပါ့။

ဒီျပႆနာမွာ ဆရာထင္တာက အေျဖရွိတာထက္ ေမးခြန္းေတြ ပိုမ်ား လာတယ္ေလ၊ ဟုတ္တယ္မဟုတ္လား၊ အဲ့ဒီေတာ့ ဘဏ္ကလုပ္တယ္ ဆိုလို႔ရွိရင္လည္း ဘယ္သူကလုပ္တာလဲ၊ ဘယ္သူကဆုံးျဖတ္တာလဲ ဆိုတာကလည္း အေရးႀကီးလာျပန္ေရာ၊ မဟုတ္ဘူးလား၊ ဒါေတြအားလုံးက ကြင္းဆက္ေတြေပါ့၊ ဒါေပမဲ့ အေျခခံကေတာ့ ခုနေျပာတဲ့ေမးခြန္းက အေရးႀကီးတယ္၊ ကိုယ့္ႏိုင္ငံရဲ႕ ဘဏ္စနစ္ကို ႏိုင္ငံတကာက ႏိုင္ငံေတြက ယုံၾကည္မွရမယ္ေလ၊ ဆရာတို႔ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈေတြ ေခၚတဲ့အခါမွာ ဆရာတို႔အေနနဲ႔ တတ္ႏိုင္သမွ် ကိုယ့္ဘဏ္ေတြကို ေျမေတာင္ေျမႇာက္တဲ့အေနနဲ႔ ျမန္မာျပည္မွာ လာၿပီးအလုပ္လုပ္ခ်င္ရင္ တစ္ခ်ိဳ႕ေတြက ေငြေခ်းတယ္ေလ။ ေငြေခ်းၿပီးလုပ္ၾကတယ္ဆိုရင္ ဆရာတို႔က တိုက္တြန္းတာက ေငြေခ်းတယ္ဆိုရင္ ႏိုင္ငံျခားဘဏ္ေတြမွာ ေငြေခ်းယုံရင္မကဘဲနဲ႔ ျပည္တြင္းဘဏ္ေတြ မွာလည္း ေငြေခ်းေပးပါဆိုၿပီး ဆရာတို႔က တိုက္တြန္းတယ္ေလ။
အဲ့ဒီလိုတိုက္တြန္းလာတဲ့အခါက်ေတာ့ ကိုယ့္ဘဏ္ေတြရဲ႕ယုံၾကည္မႈက ပိုၿပီးအေရးႀကီးလာျပန္ေရာ၊

အခုက ဒီအျဖစ္ကို ဆရာထင္တယ္၊ ဒီထက္ပိုၿပီး နက္နက္နဲနဲ ဒီအေပၚယံေပါ့ေနာ္၊ လူေတြစိတ္ဝင္စားမႈဆိုတာက ခဏပဲ။ဒါေပမဲ့ ဒီရဲ႕ေနာက္ကြယ္ ေရရွည္မွာ ျပင္စရာေတြျပင္ရမယ္၊ ျပဳျပင္စရာေတြ ျပဳျပင္ရမယ္ အမ်ားႀကီးရွိမယ္လို႔ေအာက္ေမ့တယ္။ သက္ဆိုင္ရာ ဘဏ္ကလည္း သူ႔ရဲ႕ internal management ေပါ့ေနာ္၊ အတြင္းစီမံခန႔္ခြဲမႈ အဆုံးအျဖစ္ေတြကို ဘယ္သူကေပးတယ္၊ ဘယ္လိုေပးႏိုင္တယ္၊ ဘယ္အခ်ိန္မွာေပးႏိုင္တယ္ဆိုတာ စဥ္းစားဖို႔လိုသလို ဗဟိုဘဏ္ အေနနဲ႔ကလည္း ဘယ္လိုလုပ္ၾကမယ္၊ ေနာင္ ဒီလိုျဖစ္ရင္။

ဒါဒီလိုျဖစ္လိုက္တာသည္ အဆိုးထဲက အေကာင္း ၾကည့္ရမွာေပ့ါေနာ္၊ ဗဟိုဘဏ္နဲ႔ကိုယ္နဲ႔ၾကား ဘဏ္နဲ႔ ကိုယ့္ရဲ႕ေဖာက္သည္ၾကား ထိေတြ႕ဆက္ဆံမႈေတြက အင္မတန္အေရးႀကီးတာေပါ့၊ မဟုတ္ရင္ ဒါႀကီးက ယုံၾကည္မႈပ်က္သြားလို႔ရွိရင္ အမႈိက္ကအစ ျပသာဒ္ မီးေလာင္တာမ်ိဳး မျဖစ္ေစခ်င္ဘူးေလ၊ မဟုတ္ဘူးလား၊ ဒီကိစၥကျဖစ္သြားၿပီ၊ ဒါေပမဲ့ ဒီလိုထပ္မျဖစ္ေအာင္ ဘယ္လိုလုပ္ၾကမလဲ၊ အဲ့ဒီေတာ့ ဘယ္သူတာဝန္ရွိလဲ၊ ၿပီးေတာ့ အဲ့ဒီလိုျဖစ္လိုက္တဲ့အတြက္ ပုဂၢလိက ယုံၾကည္မႈ အားနည္းသြားရင္ အက်ိဳးဆက္ေတြအမ်ားႀကီးေလ၊ အဲ့ဒါေလးေတာ့ ဆရာထင္တယ္၊ သုံးသပ္ဖို႔ လိုမယ္လို႔ ေအာက္ေမ့တယ္။

Opinion leaders ။     ။ ေနာက္တစ္ခုက သူရဦးေအာင္ကို က အရင္တစ္ခါတုန္းက မဘသနဲ႔ ပတ္သက္ၿပီး ေျပာခဲ့တာရွိတယ္၊ မဘသေတြရဲ႕ ေငြေၾကးနဲ႔ပတ္သက္ၿပီး ဘဏ္ေတြကို စစ္ေဆးခိုင္းတဲ့အခါေတာ့ ေတာ္ေတာ္ေလးကို အခ်ိန္ယူၿပီးေတာ့ လုပ္ေနတာကို သူရဦးေအာင္ကို က ပြဲတစ္ခုမွာ ေျပာခဲ့တယ္၊ ဒီေလာက္အခ်ိန္ယူေတာ့ အရမ္းၾကာသြားေတာ့ ေငြစာရင္းေတြ ေ႐ႊ႕လု႔ိရသြားတယ္၊ မၾကာေသးခင္ကလည္း ေျပာခဲ့တယ္၊ ခုနစ္ရက္ေလာက္အထိ သူ႔ဆီကို ဗဟိုဘဏ္ကေနေပါ့ေနာ္၊ စာရင္းေတြမလာေသးဘူးေပ့ါေနာ္၊ သူတို႔ေတာင္းထားတဲ့ စာရင္းေတြ။ အခုဒီျပႆနာမွာက်ေတာ့ ရက္ပိုင္းအတြင္းကို ၂၄ နာရီအတြင္းကို ေငြစာရင္းပိတ္လို႔ရတယ္၊ ၫႊန္ၾကားႏိုင္တယ္၊ ဗဟိုဘဏ္က၊ ဟိုမွက်ေတာ့ တစ္ပတ္ေက်ာ္အထိ ေတာ္ေတာ္ၾကာတဲ့အထိ စာရင္းေတြ မေပးႏိုင္ဘူးဆိုေတာ့ ဗဟိုဘဏ္ရဲ႕ထိန္းခ်ဳပ္မႈက ႏိုင္ငံတကာအျမင္မွာေရာ၊ ျပည္သူအျမင္မွာေရာ အစိုးရအဖြဲ႕ေအာက္မွာလား (ဒါမွမဟုတ္) တျခားအဖြဲ႕တစ္ဖြဲ႕ေအာက္မွာ ရွိတယ္လို႔ ယူဆႏိုင္မလား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အဲဒီလိုထက္ကိုေပါ့ေနာ္၊ ဒါကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ ႏိုင္ငံေရးရႈေထာင့္က ၾကည့္ၾကည့္ၿပီး ေျပာလို႔ ရတာေပါ့ေနာ္။ဒါေပမဲ့ အခုေခတ္မွာေတာ့ဗ်ာ၊ ဘဏ္ေတြအားလုံးက Digital Banking ေ႐ႊ႕ေနတယ္၊ ဟုတ္တယ္မဟုတ္လား၊ အဲ့ဒီေတာ့ ဒီအလုပ္တစ္ခုလုပ္တာက ၂၄ နာရီကို ခုနစ္ရက္ ခလုတ္ႏွိပ္တာနဲ႔ ခ်က္ခ်င္း ၿပီးႏိုင္တဲ့ကိစၥေလ၊ ဒါႀကီးက တကယ့္ကိုအေရးတယူ အရင္လိုမွမဟုတ္ေတာ့တာ၊ ခ်လံစနစ္လည္း မရွိေတာ့ဘူး။

အဲ့ဒီေတာ့ အခုအခ်ိန္မွာ ေခတ္မီနည္းပညာနဲ႔ပတ္သက္ၿပီး လုပ္ဖို႔ လုပ္ႏိုင္တဲ့အေနအထားရွိေနရင္ လုပ္ႏိုင္တာနဲ႔ မလုပ္တာသည္ နည္းပညာနဲ႔မဆိုင္ေတာ့ဘူး၊ ယုံၾကည္မႈနဲ႔ တစ္စိုက္မတ္မတ္လုပ္ခ်င္တဲ့ စိတ္ရွိတယ္၊ စိတ္နဲ႔ဆိုင္သြားၿပီ။ ဆႏၵနဲ႔ဆိုင္သြားၿပီ၊။အဲ့ဒီေတာ့ ခုနေျပာတဲ့ကိစၥကို တာဝန္ရွိတဲ့သူေတြက မလုပ္ခ်င္ လို႔လား၊ လုပ္ခ်င္လို႔လားဆိုတဲ့ ေမးခြန္းေတြက ထုတ္လာတာေပါ့။ ဒီေလာက္ခက္တာမွမဟုတ္တာ ဟုတ္တယ္မဟုတ္လား၊ ၂၄ နာရီေတာင္ ၾကာစရာအေၾကာင္းမရွိဘူး။ တစ္မိနစ္အတြင္း ၿပီးႏိုင္တဲ့ကိစၥပဲ။

အခု Digital Banking မွာ။ အရင္တုန္းကေတာ့ ဘဏ္ေတြမွာ ကြန္ပ်ဴတာမရွိလို႔ အားလုံးလက္နဲ႔ ေပသီးနဲ႔ လုပ္ေနရတဲ့စနစ္မွ မဟုတ္ ေတာ့တာ၊ အခုက ဆရာတို႔မွာျဖစ္ေနတာက တစ္ခ်ိဳ႕ကိစၥေတြမွာ မလုပ္ခ်င္ရင္ေတာ့ ေပသီး လုပ္တယ္၊ လုပ္ခ်င္ရင္ေတာ့ တျခားႏိုင္ငံထက္ေတာင္ ျမန္ေသးတယ္၊ အဲ့ဒီေတာ့ အဲ့ဒါကိုသုံးသပ္လိုက္လို႔ရွိရင္ ဆရာထင္တယ္၊ အဓိကကေတာ့ ဆႏၵပဲ။ စိတ္ပါတဲ့ကိစၥလုပ္ခ်င္တယ္ဆိုလို႔ရွိရင္ေတာ့ ခ်က္ခ်င္းလုပ္တယ္၊ စိတ္မပါဘူး၊ မလုပ္ခ်င္ဘူးဆိုရင္ေတာ့ အေၾကာင္းအမ်ိဳးမ်ိဳးျပေနမွာေပါ့၊ ဟုတ္တယ္မဟုတ္လား၊ မလုပ္ခ်င္တဲ့လူကေတာ့ဗ်ာ ဆင္ေျခေတာ့ေပးေနမွာပဲ။

အဲဒီေတာ့ ေပးတဲ့ဆင္ေျခသာလိုက္ေနရင္ ဘာမွၿပီးမွာ မဟုတ္ေတာ့ဘူး၊ အေရးႀကီးတာက ခုနေျပာသလိုေနာ္ ဘယ္လိုျဖစ္ေနၾကလဲ ဘာေၾကာင့္မလုပ္ခ်င္တာလဲ၊ ဘယ္သူေတြနဲ႔ပတ္သက္လဲဆိုတဲ့ေမးခြန္းေတြက အမ်ားႀကီးျဖစ္လာေရာ။အဲ့ဒီေတာ့ ဒီကိစၥကေနတစ္ဆင့္ ဆရာတို႔ အင္မတန္မွ ႀကီးက်ယ္တဲ့ ႏိုင္ငံေရးျပႆနာျဖစ္လာတာေပါ့၊ မဟုတ္ဘူးလား၊ စဥ္းစားစရာေတြ အမ်ားႀကီးျဖစ္တယ္၊ ေကာင္းေတာ့မေကာင္းဘူးေပါ့၊ ဟုတ္တယ္မဟုတ္လား။
ဘဏ္ေတြရဲ႕တာဝန္က သူမ်ားေငြကို ကိုယ္က ကာကြယ္ထိန္းသိမ္း ေစာင့္ေရွာက္ရမယ္၊ ေနာက္တစ္ခါ အခုေခတ္မွာက အရင္လို မဟုတ္ေတာ့ဘူး နည္းပညာေတြသုံးေနတဲ့အခ်ိန္မွာ အခု ဒါေတြကိုပိုၿပီးေတာ့ သတိထားဖို႔လိုတယ္။ဒီကိစၥမွာ ဘဏ္စနစ္ႀကီးတစ္ခုလုံးကို မီးေမာင္းထိုးတဲ့ပုံစံျဖစ္သြားတာေပါ့။

Opinion leaders ။     ။ ျမန္မာႏိုင္ငံမွာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြနဲ႔ ပတ္သက္လို႔ရွိရင္ ရခိုင္ျပည္နယ္မွာ စင္ကာပူနဲ႔တ႐ုတ္က တစ္ဘီလ်ံေက်ာ္ ရင္းႏွီးျမႇဳပ္ႏွံဖို႔ လာၿပီးေဆြးေႏြးတာရွိတယ္ဆရာ။ အရင္ကြၽန္ေတာ္တို႔ ရင္းႏွီးျမႇဳပ္ႏွံမႈ FDI စာရင္းေတြ ျပန္ၾကည့္လိုက္လို႔ရွိရင္ ဒီဘက္ႏွစ္ထဲမွာ ေတာ္ေတာ္က်သြားတယ္ဆရာ၊ ၿပီးခဲ့တဲ့လက သန္း ၈၀ ေက်ာ္ ေလာက္ပဲရွိတယ္။ အဲ့ဒီသန္း ၈၀ ေက်ာ္ ဆိုတာ ေတာ္ေတာ္ေလးကို စံခ်ိန္တင္ပဲ၊ ေတာ္ေတာ္ က်ဆင္းမႈပဲ။ အဲ့ဒီ္ေတာ့ ဒီလို ရင္းႏွီးျမႇဳပ္ႏွံမႈမဝင္တဲ့ကိစၥေတြထဲမွာ ဒီလိုမ်ိဳးဘဏ္စနစ္ကလည္း သြားၿပီးေတာ့ အခက္အခဲ ျဖစ္ေစသလား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အဲဒါေတာ့ ႏွစ္ပိုင္းေပါ့၊ အမွန္ေတာ့ အခက္အခဲျဖစ္ေစသလား ဆိုတာထက္ကို ရင္းႏွီးျမႇဳပ္ႏွံမႈကို ခဏထားၿပီးေတာ့ ဆရာတို႔ အခု ႏိုင္ငံေတာ္က အာ႐ုံစိုက္ေနတဲ့ doing business ေပါ့၊ ျမန္မာႏိုင္ငံမွာ စီးပြားေရးလုပ္ရင္ လြယ္လြယ္ကူကူလုပ္ရမယ္၊ လုပ္ႏိုင္ေအာင္ ဆိုတဲ့ အခ်က္ ရွစ္ခ်က္ထဲမွာ ေပါ့ေနာ္။အဓိက တစ္ခုကေတာ့ ဘဏ္စနစ္ေပါ့။ အဲ့ဒီေတာ့ ဘဏ္စနစ္ကို သြက္ဖို႔လိုတယ္ ျမန္ဖို႔လိုတယ္ဆိုတာ တစ္ဖက္က၊ ဆရာတို႔ဒီဘက္က ကိုယ္ကိုယ္တိုင္ရင္းႏွီးျမႇဳပ္ႏွံမႈကို ႀကိဳဆိုေနတဲ့လူတစ္ေယာက္အေနနဲ႔ ျမန္ျမန္လာပါမ်ားမ်ားလာပါလို႔ ေျပာေနတဲ့အခ်ိန္မွာ ျမန္ျမန္လာမ်ားမ်ားလာ ဆိုတဲ့သူေတြ အေနနဲ႔ ဒီလိုလာတဲ့အခ်ိန္မွာ လြယ္လြယ္ကူကူလုပ္ႏိုင္ဖို႔က စီးပြားေရးပတ္ဝန္းက်င္ ဖန္တီးထားမွ ရမွာေပါ့။

အဲဒီပတ္ဝန္းက်င္ မဖန္တီးႏိုင္တဲ့ ဒုကၡက ဆရာတို႔မွာ အႀကီးအက်ယ္ဆုံးပဲ၊ ဆရာတို႔အခုေျပာတဲ့ One Stop Service လုပ္ေနတာပဲ။ ဒါကိုရေအာင္ ဘယ္လိုလုပ္မလဲ၊ ဘဏ္စနစ္မွာလည္း ဒီအတိုင္းပဲေခ်ာေမြ႕ေအာင္ ဆရာတို႔ဘယ္လိုလုပ္မလဲ ဆရာတို႔တစ္ေလာကေျပာခဲ့သလိုေပါ့ ႏိုင္ငံျခားခရီးသည္ေတြကို ဆရာတို႔ႀကိဳဆိုတယ္၊ ရင္းႏွီးျမႇဳပ္ႏွံမႈခဏထား ဒါလည္းရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ဆိုင္တာေပါ့၊ အဲ့ဒီေတာ့ ႀကိဳဆိုတဲ့အခါမွာ သူတို႔ကတ႐ုတ္ေတြလာတယ္၊ တ႐ုတ္ေတြက ေငြမပါဘူး။ သူတို႔ကေဒၚလာမွမရွိတာ၊ တ႐ုတ္ႏိုင္ငံမွာ ေဒၚလာကိုင္တဲ့သူ တစ္ ေယာက္မွမရွိဘူး။ဒါေပမဲ့ သူတို႔သုံးတာ Wechat သုံးတယ္၊ အဲ့ဒီေတာ့ ဆရာတို႔က ဘဏ္စနစ္ကေျပာျပတာက Wechat သုံးလို႔မရဘူး ေျပာတယ္။ ဆရာတို႔က ဗီဂ်ာတို႔၊ မာစတာတို႔သုံးေနတယ္ ဆိုေတာ့ ကိုယ့္စနစ္က ျပင္မွ ရမယ္ေလ။အဲလို စဥ္းစားမွရမယ္၊ ရင္းႏွီးျမႇဳပ္ႏွံခ်င္တဲ့လူက ေစတနာနဲ႔လာၿပီးေတာ့ ေစတနာထက္ကို သူလည္း စီးပြားေရး အက်ိဳးရွိေအာင္ သူလည္းလုပ္ခ်င္တာပဲေလ၊ သူတို႔အေနနဲ႔ သူလည္းေကာင္းမယ္၊ ကိုယ္လည္း အေျခအေနမဆိုးတာမ်ိဳးကို ဘယ္လိုဖန္တီးမလဲဆိုတာ စဥ္းစားဖို႔လိုတယ္၊ ဆရာတို႔ကလည္း ကပ္သီးကပ္သတ္ သမားေတြ၊ လာေနတဲ့လူေတြကို တို႔ေျပာတဲ့အတိုင္းလာရင္လာ မလာရင္မလာနဲ႔လို႔ေျပာၾကရင္ ဘယ္လိုလုပ္ၾကမလဲ၊ ဟုတ္တယ္မဟုတ္လား။

အဲဒီေတာ့ တျခားႏိုင္ငံေတြကို သြားၾကည့္လိုက္လို႔ရွိရင္ ရင္းႏွီးျမႇဳပ္ႏွံမႈကိုႀကိဳဆို တာက ဘာနဲ႔စလဲဆိုရင္ မင္းဘာလိုခ်င္တာလဲနဲ႔ စတယ္၊ မင္းဘာလုပ္ေပးရမလဲ ဆိုတာနဲ႔စတယ္၊ အခုကေတာ့ တို႔က ဒါပဲေပးႏိုင္တယ္ မင္းႀကိဳက္ႀကိဳက္မႀကိဳက္ႀကိဳက္ဆိုတာမ်ိဳး၊ ဆိုၿပီးေတာ့ တင္းခံတာကို ဆရာထင္တယ္၊ မာနေတာ့ရွိတယ္ထင္ပါရဲ႕ ၾကည့္ရတာေလ၊ ဟုတ္တယ္မဟုတ္လား ႏွစ္ကလည္း အၾကာႀကီးျဖစ္ေနေတာ့ ဒီေကာင္ေတြမလာလည္းဘာမွမျဖစ္ဘူး၊ မရွိလည္းျဖစ္ခဲ့တာ။ ဟုတ္တယ္မဟုတ္လား၊ အဲ့ဒီေတာ့ သူတို႔ျမင္ေနတာကေလ ဟိုအရင္တုန္းက မဆလထက္ေတာင္ ဆိုးေနတယ္လို႔ထင္တယ္။တို႔ဘယ္သူနဲ႔မွ မပတ္သက္ဘူး၊ တို႔ဒီလိုပဲေနမယ္၊ မင္းတို႔လာရင္လည္း မင္းတို႔ကိစၥပဲ မင္းတို႔လာခ်င္လို႔လာတာ၊ ဟုတ္တယ္ မဟုတ္လား။

တို႔က ဒီေလာက္ပဲလုပ္ေပးႏိုင္မယ္၊ ဒီေဘာင္အတြင္းမင္းတို႔လုပ္ႏိုင္ရင္ ဆရာတို႔က်ေတာ့ တစ္မ်ိဳး စဥ္းစားတယ္၊ သူတို႔ဘာလိုခ်င္လဲ လိုခ်င္တာ တို႔လုပ္ေပးမယ္ ဆိုတာမ်ိဳးေပါ့၊ ဥပမာဆိုပါေတာ့ သူတို႔မွာအခု ရင္းႏွီးျမႇဳပ္ႏွံမႈမွာ အခုအခက္အခဲဆုံးက ေျမႀကီးကိစၥ၊ ေျမႀကီးပိုင္ဆိုင္မႈကို အေၾကာင္းေၾကာင္းေၾကာင့္ စိတ္ပူေနတဲ့အခါက်ေတာ့ ဆရာေျပာတယ္၊ ေျမႀကီးဘာေၾကာင့္ ဒီေလာက္စိတ္ပူေနတာလဲ၊ ေျမႀကီးကို သယ္သြားလို႔မွမရတာ၊ ဒါေပမဲ့ အခုထိေျမႀကီးကို စိတ္ပူေနတာေနာ္၊ ဒါကအစြဲေတြရွိတာကိုး၊ ဟုတ္တယ္ မဟုတ္လား၊ ဥပမာ ကြန္ဒိုဆိုရင္ ေအာက္ထပ္ကိုမရဘူးလို႔ အေပၚထပ္ကို ရမယ္ဆိုတာ ကိုယ္လည္းနားမလည္ဘူး၊ ကိုယ့္ရဲ႕ဦးေႏွာက္ကလည္း မမီဘူးထင္တယ္ေနာ္။

သူတို႔အေတြးေတြက ေတာ္ေတာ္ႀကီးကို စူးရွတယ္ လို႔ပဲ သိမ္သိမ္ေမြ႕ေမြ႕ေျပာရင္ ေတာ္ေတာ္ႀကီး စူးရွတယ္၊ ကိုယ္မျမင္တာကို သူတို႔ျမင္တတ္တာကိုး၊ ေတာ္လည္း ေတာ္တယ္၊ ဟုတ္တယ္ မဟုတ္လား၊ ေျမႀကီးထိရင္ ဘာျဖစ္တယ္ညာျဖစ္တယ္လို႔ ေလွ်ာက္ေျပာေနေတာ့ သယ္သြားလို႔မရတဲ့ကိစၥမ်ိဳးကို စိတ္ပူေနရင္ ဘယ္လိုလုပ္မလဲ၊ ဟုတ္တယ္မဟုတ္လား။အလယ္ထပ္နဲ႔ ေအာက္ထပ္နဲ႔ ဘာထူးလဲ။ဟို ေရာင္းလိုက္ေတာ့ ဆိုေတာ့ အဲဒီလိုေျပာျပန္ေတာ့လည္း ဟာ တိုင္းျပည္ကို မခ်စ္ဘူး၊ မ်ိဳးခ်စ္စိတ္မရွိဘူး၊ ေျပာခံရျပန္ေရာ၊ တစ္ႏိုင္ငံလုံးမွာ မ်ိဳးခ်စ္စိတ္ေတြက မ်ားေနတာေပါ့၊ အမွန္ေတာ့ အားလုံးက ဆရာထင္တယ္ေနာ္၊ ဒီ ခုန ဘဏ္နဲ႔လည္းဆိုင္တာေလ ယုံၾကည္မႈပ်က္သြားေရာ။ ဟုတ္တယ္ မဟုတ္လား။သူမ်ားနဲ႔ဆက္ဆံတာကို မဆက္ဆံခ်င္ဘူး၊ ဆက္ဆံရင္ ဒီေကာင္ေတြငါ့ကိုလိမ္မွာပဲလို႔ စိုးရိမ္စိတ္ ေတြက အၿမဲတမ္းရွိေနေတာ့ အဲ့လိုစိတ္ပူေနလို႔ကေတာ့ ဆရာထင္တယ္ စိတ္ပူေလေလ ပိုျဖစ္ေလေလပဲေလ၊ နည္းနည္းေလးေတာ့ ကိုယ္ကေတာ့ ပြင့္ပြင့္လင္းလင္းရွိလာရင္ေတာ့ ဆရာထင္တယ္ အေျဖတစ္ခု ရလိမ့္မယ္လို႔ ေအာက္ေမ့တာပဲ။

Opinion leaders ။     ။ ဒီလိုအခ်ိန္မ်ိဳးမွာ ကြၽန္ေတာ္တို႔ ဘဏ္စနစ္မွာေရာ ဘဏ္မွာရွိတဲ့ အုပ္ခ်ဳပ္မႈေတြ မွာေရာ ေတာ္ေတာ္ေလး ျပႆနာရွိတဲ့ အေနအထားလို႔ ဆိုလိုႏိုင္လား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အခုကေတာ့ေလ ဒါကို ဒီလိုအေၾကာင္းအရာေလးတစ္ခု အေျခခံၿပီးေတာ့ေလ၊ စဥ္းစားစရာေတြ ျပင္စရာေတြ ေပၚလာတာေပါ့၊ အဲ့ဒီေတာ့ ဒီလိုလုပ္လို႔ရသလား၊ ဒီစာရင္းကို ပိတ္လို႔ရလား လြယ္လြယ္ကူကူ၊ ဟုတ္တယ္ေနာ္ ။အဲ့ဒါေတြ ေမးခြန္းေတြ ထုတ္လာတယ္၊ အဲ့ဒီေတာ့ ဘဏ္ဥပေဒဘယ္လိုရွိလဲ၊ ဒါေတြ ဒီကေနစၿပီး ဆရာထင္တယ္ အေျဖထုတ္လို႔ရၿပီေလ၊ အဲ့ဒီေတာ့ အဲ့ဒီလိုျဖစ္လို႔ရွိရင္ ဆရာထင္တယ္ ဒါကိုအခြင့္ေကာင္း အခြင့္အေရးယူၿပီးေတာ့ ဒါဆို တို႔စနစ္ကို ပိုေကာင္းေအာင္ ဘယ္လိုလုပ္မလဲ၊ ဗဟိုဘဏ္နဲ႔ ပုဂၢလိက ဆက္ဆံ ေရးမွာ အခုထက္ပိုၿပီး ပြင့္လင္းျမင္သာေအာင္ဘယ္လိုလုပ္မလဲ၊ အခုအထိ တစ္ဖက္နဲ႔တစ္ဖက္ ေျပာေနတာေနာ္၊ ဟုတ္တယ္မဟုတ္လား။

ဗဟိုဘဏ္ကလည္း မေျပာပါဘူးေျပာတယ္၊ ဒီဘက္ကလည္း ေျပာပါ ေျပာပါဒီလိုေျပာတယ္၊ ဟုတ္တယ္မဟုတ္လား၊ ဒါကို သက္ေသအေထာက္အထား အေသအခ်ာ စိစစ္ၿပီးေတာ့ ဘယ္သူ ဒီအမွန္တရားကိုေဖာ္ထုတ္မွရမယ္၊ အမွန္တရားေဖာ္ထုတ္တာကလည္း ဆရာထင္တာက အျပစ္တင္ ေဝဖန္တာထက္ကို ဒီထက္ေကာင္းေအာင္ အေျဖေတြဘယ္လိုလုပ္မလဲ စဥ္းစားရေအာင္၊ ၿပီးတာက ၿပီးသြားၿပီ ဘာမွလုပ္လို႔မရဘူး။အေရးယူလည္း အေရးယူတာပဲရွိမယ္၊ ဘယ္သူ႔မွာတာဝန္ရွိလဲ ဆိုတာကို လိုက္စဥ္းစားတာထက္ repeat မျဖစ္ေအာင္ေပါ့ ဒီလိုထပ္မျဖစ္ေအာင္ ဆရာတို႔ ဘာလုပ္ဖို႔လိုလဲ ဆိုတာကိုေတာ့ ကိုယ္ကေတာ့ သုံးသပ္ေစခ်င္တယ္ကြယ္၊ ဟုတ္တယ္မဟုတ္လား၊ ဒါသင္ခန္းစာႀကီးတစ္ခုပဲေလ၊ လူေတြ အားလုံးလည္း စိတ္ဝင္စားတဲ့သင္ခန္းစာ၊ ဒါမ်ိဳးမျဖစ္ေအာင္ အဲ့ဒီေတာ့ အဲ့လိုလုပ္လိုက္လို႔ရွိရင္ ဘဏ္အေပၚမွာ ဆရာတို႔ ယုံၾကည္စိတ္ခ်မႈ တိုးလာတာေပါ့၊ အဲဒီလိုပဲစဥ္းစားေစခ်င္တာပါ။

Opinion leaders ။     ။ အခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးပါ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္
ဇူလိုင္ - ၂၀