【 ပညာရှင်များ၏အမြင် 】 “လူတွေ ယပ်ခတ်လို့ရတယ် စက်ရုံအလုပ်ရုံတွေ လျှပ်စစ်မရရင် ဘယ်လိုလုပ်မလဲ”

【 ပညာရှင်များ၏အမြင် 】 “လူတွေ ယပ်ခတ်လို့ရတယ် စက်ရုံအလုပ်ရုံတွေ လျှပ်စစ်မရရင် ဘယ်လိုလုပ်မလဲ”

မကြာမီက တရုတ်-အမေရိကန်ကုန်သွယ်ရေးစစ်ပွဲ တစ်ကျော့ပြန်ဖြစ်လာတဲ့အတွက် နိုင်ငံတကာမှာ ရိုက်ခတ်မှုများရှိခဲ့ပါတယ်။ တရုတ်နှင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့်အပြင် မြန်မာ့စီးပွားရေးလောကထဲ တရုတ်နိုင်ငံ မှ လာရောက်ရင်းနှီးမြုပ်နှံမှု့က ရာခိုင်နူန်းပြည့်နီးပါး ဖြစ်နေသည့် အတွက်  တကျော့ပြန်ကုန်သွယ်ရေးစစ်ပွဲက မြန်မာ့စီးပွားရေး အပေါ်သက်ရောက်နိုင်ခြေနှင့် ဆိုးရွားစွာ လျှပ်စစ်မီးဖြတ်တောက်မှုက မြန်မာ့စီးပွားရေးအပေါ် သက်ရောက်မှုနှင့် မီတာခတိုးမြှင့်ကောက်ခံရန် စီစဉ်နေခြင်းက လျှပ်စစ်အချိန်ပြည့်ရဖို့အတွက် ဖြေရှင်း သည့် နည်းလမ်းမှန်ဖြစ်မဖြစ်ကို ဝါရင့်စီးပွားရေးပညာရှင်နှင့် နိုင်ငံတော်သမ္မတ၏စီးပွားရေးအကြံပေးပုဂ္ဂိုလ်ဆရာ ဒေါက်တာအောင်ထွန်းသက်အား မေးမြန်းခဲ့ပါတယ်။ ဆရာဒေါက်တာအောင်ထွန်းသက်၏ ရှုမြင်သုံးသပ်ချက် အပြည်အစုံကို ယခုတစ်ပတ် အထူးအစီအစဉ်အဖြစ် မေးမြန်း ဖော်ပြလိုက်ပါတယ်။        
                                                                          
(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion Leaders ။     ။ တရုတ်နဲ့ အမေရိကန် ကုန်သွယ်ရေးစစ်ပွဲဟာ တစ်ကျော့ပြန် ပြန်ဖြစ်လာတဲ့အခါ ပိုပြင်းထန်မယ့်အနေအထား ရှိလာတယ်ဆရာ၊ အဲ့ဒီအနေအထားမှာ မြန်မာနိုင်ငံကလည်း မကြာသေးခင်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာ BRI စီမံချက်နဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံပါဝင်လာဖို့ သဘောတူ ဆောင်ရွက်ချက်တွေကို လက်မှတ်ရေးထိုးခဲ့တာတွေရှိတယ်။ နောက် BRI စီမံချက်မှာ တရုတ်ရဲ့ငွေကြေးတွေနဲ့ အထူးသဖြင့် ရထားလမ်း၊ ကားလမ်း၊ ဆိပ်ကမ်းစီမံကိန်းတွေက မြန်မာနိုင်ငံမှာလုပ်ဆောင်ဖို့ဆိုတာက သဘော တူချက်မှာ ပါတဲ့အခါ ကျတော့ ဒီလိုမျိုး ကုန်သွယ်ရေးစစ်ပွဲအနေအထားက ပိုပြင်းထန်လာနိုင်မယ့်အနေ အထား မှာ ဒီစီမံကိန်းတွေက နှောင့်နှေးသွားမယ့် အနေအထားရှိလားဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။  ဒီလို ဟိုဟာလေ၊ နှစ်ပိုင်းပေါ့နော်၊ တရုတ်အမေရိကန် ကိစ္စကတော့ ဆရာ တို့မြန်မာနိုင်ငံတင်မကဘူး၊ ကမ္ဘာ့စီးပွားရေးတစ်ခုလုံးကို ဆရာတို့ တစ်နည်းတစ်ဖုံရိုက်ခတ်မှာပဲလေ၊ ရိုက်ခတ် မှာဆိုတော့ အခုနောက်ဆုံး သတင်းမှာကြည့်ရတာတော့ ဘာတွေ့ရလဲဆိုရင် အမေရိကန်နိုင်ငံရဲ့ စီးပွားရေး အကြံပေးပေါ့၊ စီးပွားရေး အကြံပေးကိုယ်တိုင်ပြောတာက တစ်နိုင်ငံလုံးထိခိုက်မယ်လို့ပြောတယ်၊ အခုပြော လိုက်တဲ့ အခွန်အခတွေကို တိုးမြှင့်လိုက်တဲ့အတွက် တစ်နိုင်ငံတည်းထိခိုက်မယ်လို့ ပြောထားတယ်၊ အဲ့ဒီလို ပြောထားတော့ အခု ဒီ Trade War ပေါ့ ယေဘူယျအားဖြင့် ကြည့်ရင်တော့ တစ်ကမ္ဘာလုံးရဲ့ စီးပွားရေးကိုပေါ့၊ ကုန်သွယ်မှုကို အဓိက အနှုတ်လက္ခဏာဆောင်တဲ့ ထိရောက်မှုဖြစ်မှာသေချာတယ်၊ ကောင်းစရာအကြောင်း ဘာမှ မှမရှိတာ၊ အဲ့ဒီတော့ ကောင်းစရာအကြောင်းမရှိတဲ့ဟာကိုတော့ ပထမဆုံးလက်ခံရမှာ။

Trade War ဆိုတာကတော့ ဆရာတို့က စီးပွားရေးအနေနဲ့ကြည့်လို့ရှိရင် တစ်ကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံ တွေအားလုံးတွက်လိုက်လို့ရှိရင် Trade ကို အားပေးရမှာလေ၊ ကုန်သွယ်မှုရှိတဲ့အခါမှာ ဆရာတို့အခြေခံ စီးပွား ရေးအရာကို တင်တဲ့အခါမှာ ကုန်သွယ်မှုကို အားပေးတယ်၊ တစ်ယောက်နဲ့တစ်ယောက် ကိုယ်အားသာချက် ရှိတဲ့ပစ္စည်းတွေထုတ်၊ ကိုယ်အားသာချက်နည်းတဲ့ ပစ္စည်းတွေ ဝယ်၊ အဲ့ဒီလိုအခြေအနေရှိတာကို ဆရာတို့ ဒီ Trade နဲ့ ကုန်သွယ်မှုနဲ့ နိုင်ငံတွေတိုးတက်လာတယ်၊ နိုင်ငံတွေ ကြီးပွားလာတယ်ဆိုတာ ဒါသမိုင်း သာဓက တွေအရ အပြည့်ရှိတာပေါ့၊ အဲ့ဒီတော့ အခုလိုဖြစ်တဲ့အခါကျတော့ အခုဖြစ်တဲ့ကိစ္စကလည်း အခုဖြစ်နေတာက နိုင်ငံရေးအခြေအနေအရ နိုင်ငံရေး ဦးဆောင်ဦးရွက်ပြုနေတဲ့ ထရန့်ကိုယ်တိုင်က ဇဝေဇဝါ။

 သူက စီးပွားရေး လုပ်ငန်းရှင် တစ်ယောက် ဖြစ်ပေမယ့် သူ့ရဲ့အမြင်ကတစ်မျိုးလေ၊ အခွန်အခတွေ တိုးမြှင့်လိုက်တာဟာ သူ့ နိုင်ငံပိုပြီး အားသာချက် ရှိပေမယ့် တရုတ်နိုင်ငံ နစ်နာလိမ့်မယ်လို့ ပြောပေမယ့် လူ တိုင်း ကပြောတာတော့ နှစ်နိုင်ငံလုံး ဒုက္ခရောက်မယ်ဆိုတာ ပြောတာကို၊ အထူးသဖြင့် စားသုံးသူ အမေရိကန် နိုင်ငံမှာရှိတဲ့ စားသုံး သူတွေဟာ အရင်တုန်းက တရုတ်နိုင်ငံကနေ ပေါပေါသီသီနဲ့ရတဲ့ပစ္စည်းတွေကို အခွန်အခ တွေတင် လိုက် တဲ့အခါကျတော့ ၇၅ ရာခိုင်နှုန်းဆိုတာက အရင်တုန်းက ၇၅ ကျပ်တန်က ၁၀၀ ဖြစ်သွားရင် အရင်တုန်းက ၇၅ ကျပ်နဲ့ ဝယ်တဲ့သူက ၁၀၀ နဲ့ပေးဝယ်ရရင် သူ့အတွက်က နစ်နာတယ်၊ အဲ့ဒီတော့ သူ့အနေနဲ့ က စီးပွားရေးလက်နက်ကို နိုင်ငံရေး အနေနဲ့ သုံးတာ၊ ဒါကတော့ ဆရာတို့ တရုတ်-အမေရိကန်စီးပွားရေးပေါ့၊ နောက်တစ်ခု သူက ဘာပြောသလဲလို့ စဉ်းစားရင် ဆရာတို့ သတင်းတွေဘာတွေမှာလည်း ပါတာပေါ့၊ သူပြော ထားတဲ့အတိုင်း လက်ခံရင်လက်ခံ လက်မခံလို့ရှိရင် ၂၀၂၀ ကျရင် ပိုပြီးအခြေအနေဆိုးလိမ့်မယ်လို့ ပြောတယ်၊ ဒါက သူ ခြိမ်းခြောက်တဲ့ပုံစံပေါ့။

အဲ့ဒီတော့ ကိုယ့်အနေနဲ့ကတော့ ဒါကို ဆရာတို့ ကိုယ့်နိုင်ငံအနေနဲ့ ကတော့ နိုးနိုးကြားကြားရှိမှရမယ်၊ နိုးနိုးကြားကြားရှိမယ်ဆိုတာက ဘာပဲဖြစ်ဖြစ် ရိုက်ခတ်မှုရှိမှာ၊ ရိုက်ခတ်မှု ရှိမယ့်အထဲမှာ ကိုယ်ကလည်းကိုယ့်ရဲ့ စီးပွားရေးအခြေအနေ၊ နိုင်ငံရေးအခြေအနေကြောင့် တရုတ်ကို အားကိုးရမယ့် အခြေအနေဖြစ်နေတယ်၊ အခြေ အနေအရ ဒီလိုဖြစ်နေတာကို ဖြစ်လာတဲ့ ရခိုင်ကိစ္စကနေ တစ်ဆင့် အနောက်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ အခုဆို ရင် ဆရာတို့ တလောက တစ်နေ့ကသွားခဲ့တဲ့ ရန်ကုန်တိုင်းရဲ့ ရင်းနှီးမြှုပ်နှံမှုပွဲမှာ အနောက်နိုင်ငံ သိပ်မတွေ့ရ ဘူးလေ၊ အဲ့ဒီအခါကျတော့ ဆရာတို့အနေနဲ့ မျှော်ရမှာတော့ အရှေ့လို့ပြောရင် အဓိကအင်အားအများအပြားနဲ့ အကြီးဆုံးနံပါတ် ၂ နေရာရောက်နေတဲ့ ဂျပန်တို့၊ ၃ နေရာရောက်နေတဲ့ တရုတ်တို့ စသည်ဖြင့်ပေါ့လေ၊ အခု ဂျပန်က ၃ လား ၂ လားပြောလို့ မရဘူး၊ အဲ့ဒီတော့ အဲ့ဒီလိုဖြစ်လာတဲ့အခါကျတော့ ဆရာတို့ကဒီ တရုတ်နဲ့ကုန် သွယ်မှုရှိမယ်ဆိုတော့ တစ်ချို့တွေက ပြောတာတော့ ဟာ ဒီလိုသူများ ဒုက္ခရောက်တဲ့အခါမှာ ကိုယ့်အကူအညီ ဘာညာပြောတယ်ဆိုပေမယ့်လည်း လက်တွေ့တော့ သိပ်မကျဘူး။

 အရေးကြီးတာ ဘာလဲဆိုရင် ကိုယ့်နိုင်ငံရဲ့ စီးပွားရေးမယိုင်အောင် ဆရာတို့ ဘာလုပ်ကြမလဲ၊ အခုဖြစ် တာက ခုနဒီမေးခွန်းမေးတာ ကျေးဇူးတင်တာလေ၊ ဆရာတို့အနေနဲ့ ကြိုတင်ပြီး လုပ်တာ သိပ်မရှိဘူးကွဲ့၊ ကိုယ့် နိုင်ငံအနေနဲ့၊ အခု Trade Cost နဲ့ပတ်သက်လို့ Trade War တွေဖြစ်နေတာကို နိုးနိုးကြားကြား ပြောကြဆိုကြ တာလည်း မရှိသေးဘူး၊ ဖြစ်ပြီးမှ နောက်ကျမှ ကြည့်ရှင်းဆိုတာမျိုးနဲ့ စဉ်းစားနေလို့တော့ ဆရာထင်တယ် ကိုယ်နစ်နာမယ်လေ၊ အဲ့ဒီတော့ ကိုယ့်အနေနဲ့ ဒါကိုဘယ်ဝန်ကြီးဌာနကို တာဝန်ယူထားလဲ ပါတီကပဲ ဦးစိုက်ပြီး လေ့လာနေသလား ဆိုတာ ဒါတွေကလိုတယ်လေ၊ ဒီကိစ္စနဲ့ပတ်သက်လို့ ထဲထဲဝင်ဝင်စဉ်းစားတဲ့သူတွေက ကိုယ့်အနေနဲ့ ဘာတွေလုပ်သင့်သလဲ ရွေးချယ်နိုင်တဲ့ ပေါ်လစီတွေပေါ့၊ ဒါတွေကိုစဉ်းစားထားရင်တော့ အခြေ အနေတစ်မျိုးလေ၊ မဟုတ်ဘဲနဲ့ အခုက ဒီအတိုင်း ဖြစ်မှလုပ်မယ်ဆိုတာ ဟာမျိုးကျရင်တော့ သေချာတာက ဘာ လဲဆိုရင် ထိခိုက်မှုမရှိဘူးလားဆိုရင် ရှိမှာ၊ အဲ့ဒီတော့ ထိခိုက်မှုရှိမယ့်ကိစ္စကို ဆရာတို့က ကြိုတင်ပြီးတော့ အနည်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားဖို့ကောင်းတယ်၊ အခုကတည်းက မဟာဗျူဟာ တွေချမှ ရမယ်လေ၊ ဘာကြောင့်လဲဆိုတော့ တကယ်ဖြစ်လာတဲ့အခါကျမှ အခုကတော့ ဆွေးနွေးနေတုန်း၊ သူက တစ်ယောက်နဲ့တစ်ယောက် ခြိမ်းခြောက်နေတုန်း ဖြစ်နေတဲ့အခြေအနေ၊ တကယ်ဖြစ်ပြီဆိုရင် ဘယ်လိုလုပ်ကြ မလဲ၊ ဟုတ်တယ် မဟုတ်လား၊ အဲ့ဒီတော့ တစ်ခုတည်းရှိတာက ဒါကလည်း ဟိုပြောလို့တော့မကောင်းပေမယ့် သူများဒုက္ခရောက် တဲ့အချိန်မှာ ကိုယ့်အတွက်အကျိုးရှိအောင် လုပ်လို့ရသလား ဒီမေးခွန်းက၊ ဟုတ်တယ် မဟုတ်လား၊ အဲ့ဒီတော့ သူတို့ မေးတော့မေးရမှာပဲ၊ ဟုတ်တယ်မဟုတ်လား၊ ကြိုက်၏ မကြိုက်၏ မေးရမှာပဲ၊ ကိုယ့်အတွက် အကျိုးရှိအောင် ကိုယ့်နိုင်ငံအကျိုးရှိအောင် ဒါကိုအခွင့်အရေးယူလို့ရလား၊ ဒီမေးခွန်းက ဆရာ ထင်တယ် နိုင်ငံတိုင်းမှာ အစိုးရတိုင်းက ဆရာတို့ မေးနေကြတဲ့မေးခွန်းပါ၊ ဆရာထင်ပါတယ်၊ ဒီမှာရှိ နေ ကြတဲ့လူတွေ ကလည်း မေးနေလိမ့်မယ်လို့ အောက်မေ့တာပါပဲ၊ စီးပွားရေးကိုတာဝန်ယူတဲ့ အစိုးရဝန်ကြီးဌာန တွေ အားလုံး၊ ကုန်သွယ်စီမံတို့ စီမံစီးပွားတို့ ဆိုင်တဲ့ အသီးသီးဌာနတွေကလည်း ဒါကိုစဉ်းစားနေမှ ရမယ်ထင် တယ်၊ ဆရာထင်တာတော့ ဝန်ကြီးဌာနအဆင့်တင် မကပါဘူး၊ ဒီထက်မြင့်တဲ့ အဆင့်တွေကနေ စဉ်းစားလိမ့် မယ်လို့ နားလည်တာပါ။

Opinion Leaders ။     ။ သြင်္ကန်မှာ လဆန်းလောက် ကတည်းက စပြီးတော့ လျှပ်စစ်မီး ပြဿနာ တက် လာတာ၊ ဒီလျှပ်စစ်မီးပြဿနာက အရင်အစိုးရ လက်ထက်တုန်းကလည်း ထင်ရှားတဲ့ ဆန္ဒပြမှုတွေလည်း ဖြစ်ခဲ့ တယ်၊ ဒီဘက်အစိုးရ ကူးလာတဲ့အခါမှာ ၂၀၁၆ လောက်တုန်းက ပြောခဲ့ တာရှိတယ်၊ ရှေ့နှစ်တွေမှာ ဒီလိုမျိုး ပြဿနာတွေ မဖြစ်တော့ဘူးဆိုတဲ့နောက်မှာ ဆိုလိုတာက ဒီပြဿနာတွေ နှစ်စဉ်နှစ်တိုင်းဖြစ်လာတဲ့ ပြဿနာ ကို ကြိုတင် ဖြေရှင်းလို့ရရဲ့သားနဲ့ ကြိုတင်မတွက်ဆဘဲနဲ့ အခုလက်ရှိလျှပ်စစ်ဓာတ်အားတွေ ပြတ်တောက်မှု တွေ တော်တော်ကြီး ဆိုးဆိုးရွားရွားဖြစ်နေတယ်၊ အဲ့ဒီပြဿနာက ရေရှည်မှာ ရင်းနှီးမြှုပ်နှံမယ့်သူတွေ ဖိတ်ခေါ် တဲ့နေရာမှာလည်း သွားပြီး ခက်ခဲစေမှာ၊ နောက်တစ်ချက်က မကြာခင်က မီတာခတွေ တိုးမယ်လို့ ပြောတယ်၊။ လက်ရှိမှာ မြန်မာနိုင်ငံကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုက အကန့်အသတ်ပဲရှိတယ်၊ ရှိတဲ့အခါကျတော့ ဒီလို မီတာခတွေတိုးလိုက်တာနဲ့ ဒါဟာဖြေရှင်းတဲ့ နည်းစနစ်အမှန်လား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ဒီကိစ္စကတော့ လျှပ်စစ်နဲ့ပတ်သက်လို့ကတော့ ခုနက ဆရာ့ကိုပြောသလို ခေတ်အဆက်ဆက်က ဖြစ်လာတာ၊ ဟုတ်တယ်နော်၊ ခေတ်အဆက်ဆက်က ဖြစ်လာတော့ ဆရာတို့ဒီ လူနေမှု အဆင့်အတန်း တိုးတက်လာတယ်၊ အရင်တုန်းက ပန်ကာသုံးတဲ့သူက အဲယားကွန်းသုံးလာတယ်၊ အရင်က ယပ်ခတ်နေတဲ့သူက ပန်ကာသုံးတယ် ဘာညာဖြစ်လာရော၊ ဖြစ်လာတာကို အဲ့ဒီ Demand ပေါ့၊ အဓိက ကတော့ ဝယ်လိုအား ရောင်းလိုအားရှုထောင့် ကနေကြည့်ရင် ဆရာတို့ Demand က တက်လာတယ်၊ Demand ကတက်လာတာကို Supply က မလိုက်နိုင်ဘူး၊ အခြေခံကတော့ ဆရာတို့ လျှပ်စစ်ဈေးတက်တာက Demand နဲ့ Supply မကိုက်တဲ့ကိစ္စ၊ ဝယ်လိုအားနဲ့ ရောင်းလိုအား လုံးဝကိုမမျှဘူး၊ အဲ့ဒါက ဆရာတို့ တစ်ခုပေါ့၊ ဒါကိုကိုယ့်အနေနဲ့ ပေါ့နော်။

ဟိုတလောက ဆရာ လောပိတရောက်တယ်လေ၊ ကယားပြည်နယ်ရောက်တော့ လွတ်လပ်ရေး ရပြီး တဲ့အချိန်မှာ အရင်တုန်းကရှိတဲ့ အစိုးရအနေနဲ့က လျှပ်စစ်ကိုဦးစားပေးတဲ့ အတွက် ဂျပန်နဲ့လောပိတလျှပ်စစ်ကို အကြီးအကျယ်လုပ်ခဲ့တာ၊ အဲ့ဒီတော့ လုပ်တဲ့အခါကျတော့ ကိုယ့်နိုင်ငံမှာ လျှပ်စစ်အလုံအလောက်ရှိခဲ့တယ်၊ ဆရာတို့ငယ်ငယ်က လျှပ်စစ်ပြတ်တာ ကြားမှမကြားဖူးတာ ဟုတ်တယ်မဟုတ်လား၊ လူဦးရေနည်းတယ်၊ Demand ကလည်း နည်းတာဖြစ်ချင်ဖြစ်မယ်၊ Demand ကိုလိုက်ပြီးတော့ Supply ရှိတယ်၊ အဲ့ဒီလိုလုပ်ရတာ တွေက တဖြေးဖြေးက ဇစ်မြစ်ဆိုတာ လျှပ်စစ်ဆိုတာတွေက ဆရာတို့ခေါ်တဲ့ စီးပွားရေးအမြင်အရ ပြောရင် Public Good လား၊ Private Good လား အများနဲ့ဆိုင်တဲ့ ပစ္စည်းလား၊ ပုဂ္ဂလိကတစ်ဦးချင်းအတွက် အကျိုးရှိတဲ့ ပစ္စည်းလား ဆိုတဲ့မေးခွန်း ဆရာတို့မမေးခဲ့ဘူး။ မေးပြန်ရင်လည်း သူတို့ဘာသွားစဉ်းစားလိုက်မလဲဆိုရင် Public Good ပေါ့။

 နိုင်ငံတော်အစိုးရတွေက ခေတ်အဆက်ဆက်က လျှပ်စစ်ကိုနိုင်ငံတော်အစိုးရက တာဝန်ယူရမယ် ဆို တာ တာဝန်သွားခံတယ်၊ တာဝန်ခံ လိုက်တဲ့အပြင်ကို သူကဘာသွားလုပ်သလဲဆိုရင် လျှပ်စစ်အခတွေပေါ့၊ မီတာခတွေကို ကုန်ကျစရိတ်လျှော့တဲ့ သတ်မှတ်ချက်တွေလုပ်တယ်၊ ဆရာတို့ Subject တွေပေါ့နော်၊ အထောက်အပံ့တွေသွားလုပ်လိုက်တယ်၊ ၁၀၀ တန်တဲ့ဟာကို ၅၀ နဲ့ရောင်းတာမျိုးဖြစ်တယ်၊ အဲ့ဒီတော့ အဲ့ဒါကို ခေတ်အဆက်ဆက်လုပ်လာတော့ နှစ်အကြာကြီး လုပ်လာတဲ့အကျင့်ကိုပါနေတဲ့သူက အခုကျမှ တန်ဖိုး သင့် အတိုင်းပေးရမယ်ဆိုတာ ဘယ်အစိုးရမှ မလုပ်ခဲ့ဘူး၊ လုပ်ရင် ဆရာတို့အခုဆိုပါတော့ တခြားနိုင်ငံတွေ မှာလုပ်ခဲ့ တဲ့ အတွေ့အကြုံတွေ ကြည့်ရင် စက်ရုံအလုပ်ရုံအတွက် မီတာခနဲ့ အိမ်မှာတစ်ပြိုင်နက် အဲယားကွန်းငါးလုံးဖွင့် တာနဲ့မတူအောင် လုပ်တယ်၊ အဓိပ္ပါယ်ကဘာလဲဆိုတော့  လျှပ်စစ်ရဲ့အဓိကပြဿနာက Private မီတာခ။

 မီတာခကိုတော့ ဘယ်သူမှမကိုင်ရဲဘူး၊ ဟိုလိုလို ဒီလိုလို လုပ်ပြီးတော့ ငါတို့ကပြည်သူတွေအတွက် အနစ်နာခံပြီးတော့ လုပ်ပေးတယ် ဘာဘာညာညာနဲ့ အဲ့ဒီလို အဲ့လိုအသံကောင်းဟစ်လာတဲ့ဟာတွေက ဒီဘက် ခေတ်လည်းရောက်ရော ဒုက္ခရောက်ရော။ အဲ့ဒီအခါကျတော့ တကယ်တမ်းမဖြစ်သင့်တာကတော့ စက်မှုဖွံ့ဖြိုး မှုကို အားပေးချင်တယ်ဆိုရင် စက်ရုံအလုပ်ရုံတွေကို ကောက်ခံတဲ့ အခကြေးငွေနဲ့ Prevention ဘာမှ အကျိုး မရှိဘဲနဲ့ ကိုယ်အတွက်အသုံးဝင်တာမျိုးကို သုံးတဲ့ဟာနဲ့ တစ်ချို့နိုင်ငံတွေက Distention ပေါ့၊ မတူညီတဲ့ အခ နှုန်းထားတွေကို သတ်မှတ်ဖို့လိုတယ်၊ အဲ့ဒီတော့ အဲ့ဒါ လုပ်ဖို့ကလည်း ခက်တာက နိုင်ငံရေးသတ္တိရှိမှရမှာ။ အဲ့ဒီ တော့ ကိုယ်ကနိုင်ငံရေးသတ္တိနည်းတော့ ဒီလိုမပြောရဲဘူး၊ မပြောဘဲနဲ့ အနစ်နာခံတယ် ဘာညာဆိုတာနဲ့ လုပ် လာပြန်ရော၊ ဒါကတစ်ခုပေါ့။ နောက်တစ်ခုက ဆရာတို့မှာ ပြဿနာဘာရှိသလဲဆိုရင် အာမခံက ဒီအတိုင်း ရတယ်၊ အဲ့ဒီတော့ ဟို တိုင်းပြည်ရဲ့ လျှပ်စစ်လိုအပ်ချက် ၅၀ ရာခိုင်နှုန်းကို ဘယ်အချိန်မှာ ရအောင် ပေးမယ် ဘာညာပေ့ါ၊ ဖြစ်နိုင် မဖြစ်နိုင်တာတွေ မစဉ်းစားဘဲနဲ့ ကိုယ့်နာမည်ရအောင် ပြောကြတဲ့သူတွေများတယ်။

အဲ့ဒီလိုနာမည်ရအောင် ပြောကြတဲ့သူများတော့ လူကြီးတွေကြိုက်တာကိုး ဟုတ်တယ်မဟုတ်လား၊ လူကြီးတွေကြိုက်တာကို အကြိုက်ပြောတဲ့သူရယ် ကွက်တိဖြစ်နေရော၊ တကယ်တမ်းရသလားဆိုတော့လည်း မရဘူး၊ အဲ့ဒီတော့ တကယ်တမ်းလျှပ်စစ်ပြဿနာကိုကြည့်ရင် ခုနက တိုင်းပြည်မှာပြဿနာ အကြီးအကျယ် ဖြစ် နေတဲ့ မြစ်ဆုံ နဲ့လည်းဆိုင်တယ်၊ ဆရာတို့ဆီမှာလျှပ်စစ်ကိုဘယ်ကရမလဲ ဘယ်လိုယူမလဲဆိုတဲ့ ပြဿနာက ဂဃနဏ ဘာမဟာဗျူဟာမှမရှိဘူး၊ ရေအားကနေဘယ်လောက်ယူမလဲ။နောက်တစ်ခါ ကျောက်မီးသွေးကနေ ဘယ်လောက်ယူမလဲ။နောက်ပုံစံတွေအမျိုးမျိုးရှိလာတော့ ဓာတ်ဆီတွေ လောင်စာဆီတွေနဲ့ လုပ်ယူတဲ့လျှပ်စစ် ဘာညာ။ အခုကတော့ အဲ့ဒီလိုဆရာတို့ ဘယ်ဟာတွေကတော့ ဘယ်လောက်ရမလဲ လေအားကရော ဘယ် လောက်ရမလဲ အစရှိသဖြင့်ပေါ့၊ ပုံစံအမျိုးမျိုးမဟုတ်ဘဲနဲ့ အခုရှိတဲ့ဟာလေးနဲ့ကို ကျေနပ်နေတာ။

ရေကာ တာတွေဆောက်တော့လည်း ပြဿနာတွေဖြစ်တယ်၊ ဟုတ်တယ်မဟုတ်လား၊ လောပိတ ကို ကြည့် လောပိတကလည်း နှစ်တွေတော်တော်ကြာပြီ။လောပိတချည်းပဲ အားကိုးနေလို့မဖြစ်တော့ဘူး၊ အဲ့ဒီ တော့ ဆရာတစ်ခုပဲပေါ့နော်။ အားကျတာပါ၊ ကိုရီးယားနိုင်ငံမတက်ခင်ပေါ့ တောင်ကိုရီးယားနိုင်ငံမတက်ခင် သမ္မတကြီး ပတ်ဂျုံံအိပေါ့၊ အင်မတန်မှ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်ကြီးလို့ဆိုပေမယ့် သူကဘာပြောလဲ ဆိုလို့ရှိရင် ငါရှိတဲ့အချိန်မှာ တစ်ခုပဲလုပ်မယ်၊ အဲ့ဒါကဘာလဲဆိုရင် လျှပ်စစ်ရအောင်လုပ်မယ် ဟုတ်တယ် မဟုတ်လား၊ ကျန်တာငါ့လုံးဝလာမပြောနဲ့၊ မသိချင်ဘူး၊ ငါသိချင်တာက ဘာလဲဆိုရင် ရွာအထိ လျှပ်စစ်ရ အောင် လုပ်မယ်၊ စူးစိုက်မှုအပြည့်နဲ့။

အခုက ဆရာတို့ဆီမှာလည်း Focus ကမရှိတော့ တစ်ယောက်ပြောရင် လျှပ်စစ်လိုလို နောက်တစ် ယောက်ပြောရင် ဘာလိုလိုနဲ့ဆိုတော့လေ ဘာကိုဦးစားပေးပြီးလုပ်နေသလဲဆိုတာကို မသိဘူး။ အဲ့ဒီတော့ ဆရာ့စိတ်ထဲဖြစ်နေတာက ခုန Demand ပဲ စဉ်းစားပြောလို့ လာအိုတို့ိုရင် ဘယ်လောက် အားကျဖို့ကောင်းလဲ၊ သူ့မှာလိုအပ်တဲ့ လျှပ်စစ်ကို ပိုပြီးတော့ထုတ်တယ်၊ ပိုပြီးထုတ်ပြီးသူများရောင်းတယ်၊ အခုခေတ်က လျှပ်စစ်က ရောင်းလို့ရတယ်လေ၊ အဲ့ဒီတော့ ကိုယ့်ထုတ်လုပ်မှုအင်အားသာများရင် ရောင်းလို့ရတယ်၊ အခုက ရောင်းဖို့ နေနေသာသာသူများဆီက ဝယ်သုံးရမယ့်အနေအထားဖြစ်နေတယ်။ အဲ့ဒီတော့ ဆရာထင်တယ် လျှပ်စစ် ကဏ္ဍကြီး တစ်ခုလုံးကို ဆရာတို့ဆိုပါတော့ Energy ရော လျှပ်စစ်ရော တွဲပြီး စဉ်းစားဖို့ လိုလိမ့်မယ်လို့ အောက် မေ့တာပဲ၊ စဉ်းစားတော့ စဉ်းစားနေတာပဲ၊ သူတို့က နောက်တစ်ခုပြောတော့ လိုတာထက်ပိုပြီး အာမခံတာ တွေများတယ်ထင်တယ်၊ အဲ့ဒီတော့ သူတို့ပြောတာတွေ နားထောင်ပြီးရင် တကယ့်ကိုပဲ တစ်ခါတည်းအားလုံးကို ၂၄ နာရီရမလိုလိုပေါ့။

အဓိကကတော့ကွယ် ဒါတွေအားလုံးက ယုံကြည်မှုလျော့စေတဲ့ကိစ္စပေါ့၊ ဆရာအမြဲပြောတယ်၊ လုပ်နိုင် တာထက် လျှော့ပြော ၅၀ ရမယ်လို့ မပြောဘူး၊ ၂၅ ရမယ်လို့ပြောပြီး ၃၀ ရရင် ကိုယ့်အတွက် အောင်မြင်မှုပေါ့၊ အခု ၅၀ ရမယ်ပြောပြီး ၃၀ ပဲရတဲ့အခါကျတော့ ကိုယ်ကနေရင်းထိုင်ရင်းနဲ့ ဒုက္ခရောက်ရော၊ ဒို့လူတွေက လူကြိုက် များတဲ့နောက်ကို လိုက်ချင်တဲ့သူတွေလို့ထင်တယ်၊ လူအများကြိုက်တာကို လိုက်လုပ်ချင်တယ်၊ အဲ့ဒီတော့ ကိုယ်လုပ်တော့ အဲ့ဒါတွေကိုလည်း လူကြီးတွေယုံအောင်ပြောတတ်တယ်၊ ချီးလည်းချီး ကျူးဖို့ ကောင်းတယ်၊ တော်တော်သတ္တိကောင်းတဲ့သူတွေ၊ ဖြစ်နိုင်တာမဖြစ်နိုင်တာမသိဘူး၊ လူကြီး ကြိုက်အောင် လျှောက်ပြောပြီး လုပ်လိုက် ပြီးတော့မှ တကယ်ဖြစ်လာပြန်တော့မရဘူးဆိုတော့လည်း ဘယ်လိုဖြေရှင်းလဲ တော့မသိဘူး၊ ကိုယ်သာသူ့နေရာမှာဆိုရင်တော့ တကယ်ထွက်ပြေးမှာ။ တော်တော်ကြီး ခက်တာကွဲ့၊ အဲ့ဒါ ကိုယ့်အနေအထားက တစ်မျိုးလေ၊ ဒါကြောင့်လည်း ဒါပေမဲ့ပြည်သူတွေတော်တော်ခံရတာလေ ဒီလျှပ်စစ်ကိစ္စ က ဟုတ်တယ်မဟုတ်လား၊ လူအတန်းအစားအားလုံး အလွှာအသီးသီးက ဒုက္ခရောက်ခဲ့တဲ့ကိစ္စ၊ ဒါက တော်တော်လေးကို ဆရာထင်တယ် စိတ်ပူစရာပါနော်၊ အားလုံး ဝိုင်းပြီးတော့ ခုနပြောသလိုပေါ့/ဒါကြီးကလည်း တတ်သိပညာရှင်ကိုမေးကြည့်တော့လည်း Tranmission Loss ပေ့ါ၊ ဒါကြီးက အိုမင်း လာပြီး ရလာတဲ့လျှပ်စစ်ဓာတ်အားက လျော့လာတယ်၊ အဲ့ဒါကိုပြင်ဖို့ဆိုရင် နည်းနည်းနောနော ကုန်တဲ့ငွေမှ မဟုတ်တာ။ ခုနမေးခွန်းက intenstructure တွေရဖို့ ဘယ်သူ့ကိုအားကိုးရမလဲဆိုရင် တရုတ်ကို အားကိုးရမယ်၊ အဲ့ဒီအခါကျတော့ တရုတ်ကိုအားကိုးရပြန်ရော၊ တခြားနိုင်ငံတွေမှာဆိုရင် လျှပ်စစ်ထုတ်တာကို ပိုးလမ်းကိစ္စနဲ့ တွဲ လုပ်တာကိုး၊ ဟုတ်တယ်မဟုတ်လား၊ လမ်းဖောက်တာတို့ ရထားလမ်းဖောက်တာတို့ လျှပ်စစ်ဆိုတာ ပိုး လမ်း နဲ့ ဆိုင်လာရော။ ဆရာတို့မှာက ပိုးလမ်းနဲ့ပတ်သက်လို့ရှိရင် ရဲရဲဝံ့ဝံ့နဲ့ စဉ်းစားနေတဲ့အနေအထားလည်း မဟုတ်ဘူး၊ လုပ်ချင်သလို မလုပ်ချင်သလိုဖြစ်နေတော့ ခက်တာပေါ့၊ ဒါတွေအားလုံးချိတ်နေတာပါပဲ။

Opinion Leaders ။     ။ အခုဆိုရင် တရုတ်နဲ့အမေရိကန်ပြဿနာက ပြန်ပြီးတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအခြေအနေလျော့ကျမယ့် အနေထားရှိတယ်၊ ဒီဟာနဲ့ပတ်သက်ပြီးတော့ တစ်ချို့စီမံကိန်းတွေက တရုတ်အနေနဲ့ ပြန်သုံးသပ်ဖို့ အလားအလာရှိတယ်လို့ ခန့်မှန်းချက်တွေရှိတော့ အခုလက်ရှိ မြန်မာနိုင်ငံမှာ ရခိုင်ပြဿနာနည်းနည်း အေးတော့ ပြည်တွင်းမှာ ဘာသာရေးနဲ့ဆက်နွယ်တဲ့ဟတွေ မကြာသေးခင်က ထောင် ဆူပူမှုမျိုး ဟာမျိုးတွေရှိလာတယ်၊ အခုလက်ရှိ လျှပ်စစ်လိုပြဿနာတွေကရှိတဲ့အခါကျတော့ နောက် ကျန်တဲ့ နှစ်နှစ်သက်တမ်းမှာ သေချာပေါက် တော်တော်လေးခက်ခက်ခဲခဲနဲ့ ရုန်းကန်ရမယ့်အနေအထားမျိုးရှိတယ်၊ မဲရဖို့ကလည်း တော်တော်ကြီးခက်ခဲမယ့် အနေအထားရှိတော့ ဒီဟာတွေကိုကိုင်တွယ်တဲ့နေရာမှာ ဘယ်ဟာကို ဦးစားပေးသင့်သလဲ ပြည်တွင်း တရားဥပဒေစိုးမိုးရေးကို ဦးစားပေရမလား၊ လတ်တလော စီးပွားရေးပြေလည်မှု တွေကို ဦးစားပေးရမလား။

ဒေါက်တာအောင်ထွန်းသက် ။    ။ အခုက ဆရာတို့ ဟိုဟာလေ အခက်အခဲတွေက အထူးသဖြင့် ဆရာတို့မှာ တကယ်တမ်းရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေက လုံခြုံရေး၊ ထုတ်လုပ်မှု၊ လူမှုရေး စိန်ခေါ်မှုတွေပေါ့၊ အဲ့ဒီစိန်ခေါ်မှု တွေ အားလုံးက တခြားနိုင်ငံ တွေမှာဆိုရင် တစ်ပြိုင်နက်တည်းမဖြစ်ဘူး၊ အဓိပ္ပါယ်က လူမျိုးရေးပြဿနာတွေ ပေါ်တဲ့အခါကျတော့ လူမျိုးရေး ပြဿနာတွေကို ဘယ်လိုဖြေရှင်းပြီးမှ အဓိကပြဿနာကို ဖြေရှင်းရာကနေ တခြားပြဿာတွေကို ဖြေရှင်းရတာပေါ့၊ ကိုယ့်မှာဖြစ်နေတာက တစ်ပြိုင်နက်တည်းသုံးခုဖြေရှင်းနေရတယ်၊ အဲ့ဒီတော့ ဖြေရှင်းရတဲ့ အခါကျတော့ ပိုပြီးတေ့စိန်ခေါ်မှု များတယ်၊ များတဲ့အခါကျတော့ ဘယ်ဟာနဲ့စကိုင်မလဲ ကိုယ်ကတော့ စဉ်းစားတာပေါ့လေ။

 နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဒါတွေအားလုံးမရှိတဲ့အထဲက ချက်ချင်းလုပ်နိုင်တာက ဘာလဲဆိုတာ အရင်စဉ်းစားရမယ်။ အဲ့ဒီတော့ စီးပွားရေးကို ဘယ်လိုလုပ်နိုင်မလဲ၊ စီးပွားရေးကိုခပ်သွက်သွက် ဘယ်လိုလုပ်ကြ မလဲ၊ စီးပွားရေးလို့ ပြောတဲ့အခါမှာ စီးပွားရေးနဲ့ စဉ်းစားတဲ့အခါမှာ လူတွေစဉ်းစားထားတာက ယုံကြည်မှုပဲ၊ စီးပွားရေးလုပ်တဲ့သူက ယုံကြည်မှုကို အဓိကစဉ်းစားတယ်၊ ဘဏ်တွေမှာ ငွေအပ်တယ်ဆိုရင်လည်းပဲ ကိုယ့်အပ် ထားတဲ့ငွေ ပြန်ရမယ်ဆိုတဲ့ ယုံကြည်မှုနဲ့လုပ်နေတာ၊ ကိုယ့်မှာ အတိုးရမယ်၊ ဘဏ်ကနေ ငွေချေးတဲ့သူကလည်း ကိုယ်ချေးတဲ့ငွေဟာ တကယ့်ကိုအကျိုးအမြတ်ရှိမယ်လို့ ယုံကြည်မှုပေါ့၊ ယုံကြည်မှုနည်းသွားရင် စီးပွားရေး ကျသွားရော။

အဲ့ဒီတော့ ဆရာတို့တကယ့်အခြေအနေက ဘာလဲဆိုရင် ယုံကြည်မှုတည်ဆောက်ရမယ်၊ ဘယ်စီးပွား ရေး ကို ဦးစားပေးမယ်၊ စီးပွားရေးကိုအောင်မြင်အောင်လုပ်ရမယ် ဆိုတာမျိုး။ ဆရာသဘောကျတာ တခြားနိုင်ငံ မှာ ၁၉၇၄ မှာ ပန်ချောင်ပင်း တရုတ်ပြည်မှာ စီးပွားရေးပျက်တဲ့အချိန်မှာ ငါ့ကိုကြောင်အရောင် လာပြီးမပြောနဲ့၊ အမဲတွေ အဖြူတွေမပြောနဲ့ ကြွက်ခုတ်ဖု့ိပဲလိုတယ် ဆိုတာမျိုး၊ အဲ့ဒီလောက်အထိ ပြတ်ပြတ်သားသား ဆရာ တို့မှာမရှိဘူး၊ အရောင်ကိုသွားကြည့်တဲ့အခါကျတော့ ကြွက်ကခုတ်၏ မခုတ်၏ မသိဘူး၊ ကြောင်အရောင် ရွေး နေတာ အရေးကြီးတာက ခုတ်တတ်ဖို့ပဲလိုတယ်။ အဲ့ဒီတော့ ကိုယ့်နိုင်ငံအခုရတဲ့ ကိုယ့်သက်တမ်းမှာ နှစ်နှစ်အ တွင်းမှာ စီးပွားရေးတက်အောင်ဘာလုပ်မလဲ ကျန်တာတွေ လှည့်မကြည့်နဲ့တော့ မထူးတော့ဘူး။
စီးပွားရေးတက်ရင် လူတွေအားလုံးက စားဝတ်နေရေး ပြေလည်သွားမယ်၊ စားဝတ်နေရေးပြေလည်တဲ့ အစိုးရကိုထောက်ခံမှာပဲ၊ ပျူပျူငှာငှာပဲ လူတိုင်ပြောတာ ဗိုက်ပြဿနာရှိတယ်ပြောတယ်၊ မဆလ ခေတ်က တည်းက ပြောနေတာက အူမတောင့်မှ သီလစောင့်မှာ။ အဲ့ဒီလို အခြေအနေကို လုပ်ယူရင် အချိန်ရှိတယ်၊ လုပ်လို့ရတယ်၊ စီးပွားရေးက ချက်ချင်းဖြစ်ဖို့လွယ်သလို ပြန်ဖော်ဖို့လည်း ခက်တယ်၊ ထရန့်ကိုကြည့် မဟုတ်တာ လုပ်တာက တစ်ပိုင်း၊ နှစ်နှစ်အတွင်း စီးပွားရေး တက်အောင်လုပ်ခဲ့တယ်၊ သူဌေးတွေကို ပိုပြီးချမ်းသာ အောင်လုပ်ခဲ့တယ်၊ အဲ့ဒီလိုမျိုးကို ထူးခြားတဲ့ ရိုးရိုးမစဉ်းစားတဲ့ သမားရိုးကျပုံစံမဟုတ်ဘဲ စီးပွားရေးပေါ်လစီကို စဉ်းစားဖို့လိုလိမ့်၊ သမားရိုးကျလုပ်နေလို့တော့ မရဘူး၊ သမားရိုးကျလုပ်ရင် အဲ့ဒါနဲ့အချိန်ကုန်သွားမယ်၊ အမှားခံရဲတဲ့ပေါ်လစီလိုတယ်၊ အခုက အမှားမခံရဲတော့ ဘာမှမလုပ်ဘူးပြီးသွားပြီ၊ ဘာမှမလုပ်ကတည်းက ဘာအမှားမှ မရှိဘူး၊ အဲ့ဒီလိုဖြစ်နေတာကို ရဲရဲဝံ့ဝံ့လုပ်နိုင်ဖို့ လိုအပ်တာပါပဲ။

Opinion Leaders ။     ။ ကျေးဇူးတင်ပါတယ် ဆရာ။

( Zawgyi )

မၾကာမီက တ႐ုတ္-အေမရိကန္ကုန္သြယ္ေရးစစ္ပြဲ တစ္ေက်ာ့ျပန္ျဖစ္လာတဲ့အတြက္ ႏိုင္ငံတကာမွာ ႐ိုက္ခတ္မႈမ်ားရွိခဲ့ပါတယ္။ တ႐ုတ္ႏွင့္ အိမ္နီးခ်င္းႏိုင္ငံျဖစ္သည့္အျပင္ ျမန္မာ့စီးပြားေရးေလာကထဲ တ႐ုတ္ႏိုင္ငံ မွ လာေရာက္ရင္းႏွီးျမဳပ္ႏွံမႈ႕က ရာခိုင္ႏူန္းျပည့္နီးပါး ျဖစ္ေနသည့္ အတြက္  တေက်ာ့ျပန္ကုန္သြယ္ေရးစစ္ပြဲက ျမန္မာ့စီးပြားေရး အေပၚသက္ေရာက္ႏိုင္ေျခႏွင့္ ဆိုး႐ြားစြာ လွ်ပ္စစ္မီးျဖတ္ေတာက္မႈက ျမန္မာ့စီးပြားေရးအေပၚ သက္ေရာက္မႈႏွင့္ မီတာခတိုးျမႇင့္ေကာက္ခံရန္ စီစဥ္ေနျခင္းက လွ်ပ္စစ္အခ်ိန္ျပည့္ရဖို႔အတြက္ ေျဖရွင္း သည့္ နည္းလမ္းမွန္ျဖစ္မျဖစ္ကို ဝါရင့္စီးပြားေရးပညာရွင္ႏွင့္ ႏိုင္ငံေတာ္သမၼတ၏စီးပြားေရးအႀကံေပးပုဂၢိဳလ္ဆရာ ေဒါက္တာေအာင္ထြန္းသက္အား ေမးျမန္းခဲ့ပါတယ္။ ဆရာေဒါက္တာေအာင္ထြန္းသက္၏ ရႈျမင္သုံးသပ္ခ်က္ အျပည္အစုံကို ယခုတစ္ပတ္ အထူးအစီအစဥ္အျဖစ္ ေမးျမန္း ေဖာ္ျပလိုက္ပါတယ္။        
                                                                          
(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion Leaders ။     ။ တ႐ုတ္နဲ႔ အေမရိကန္ ကုန္သြယ္ေရးစစ္ပြဲဟာ တစ္ေက်ာ့ျပန္ ျပန္ျဖစ္လာတဲ့အခါ ပိုျပင္းထန္မယ့္အေနအထား ရွိလာတယ္ဆရာ၊ အဲ့ဒီအေနအထားမွာ ျမန္မာႏိုင္ငံကလည္း မၾကာေသးခင္မွာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ခရီးစဥ္မွာ BRI စီမံခ်က္နဲ႔ပတ္သက္ၿပီးေတာ့ ျမန္မာႏိုင္ငံပါဝင္လာဖို႔ သေဘာတူ ေဆာင္႐ြက္ခ်က္ေတြကို လက္မွတ္ေရးထိုးခဲ့တာေတြရွိတယ္။ ေနာက္ BRI စီမံခ်က္မွာ တ႐ုတ္ရဲ႕ေငြေၾကးေတြနဲ႔ အထူးသျဖင့္ ရထားလမ္း၊ ကားလမ္း၊ ဆိပ္ကမ္းစီမံကိန္းေတြက ျမန္မာႏိုင္ငံမွာလုပ္ေဆာင္ဖို႔ဆိုတာက သေဘာ တူခ်က္မွာ ပါတဲ့အခါ က်ေတာ့ ဒီလိုမ်ိဳး ကုန္သြယ္ေရးစစ္ပြဲအေနအထားက ပိုျပင္းထန္လာႏိုင္မယ့္အေန အထား မွာ ဒီစီမံကိန္းေတြက ေႏွာင့္ေႏွးသြားမယ့္ အေနအထားရွိလားဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။  ဒီလို ဟိုဟာေလ၊ ႏွစ္ပိုင္းေပါ့ေနာ္၊ တ႐ုတ္အေမရိကန္ ကိစၥကေတာ့ ဆရာ တို႔ျမန္မာႏိုင္ငံတင္မကဘူး၊ ကမာၻ႔စီးပြားေရးတစ္ခုလုံးကို ဆရာတို႔ တစ္နည္းတစ္ဖုံ႐ိုက္ခတ္မွာပဲေလ၊ ႐ိုက္ခတ္ မွာဆိုေတာ့ အခုေနာက္ဆုံး သတင္းမွာၾကည့္ရတာေတာ့ ဘာေတြ႕ရလဲဆိုရင္ အေမရိကန္ႏိုင္ငံရဲ႕ စီးပြားေရး အႀကံေပးေပါ့၊ စီးပြားေရး အႀကံေပးကိုယ္တိုင္ေျပာတာက တစ္ႏိုင္ငံလုံးထိခိုက္မယ္လို႔ေျပာတယ္၊ အခုေျပာ လိုက္တဲ့ အခြန္အခေတြကို တိုးျမႇင့္လိုက္တဲ့အတြက္ တစ္ႏိုင္ငံတည္းထိခိုက္မယ္လို႔ ေျပာထားတယ္၊ အဲ့ဒီလို ေျပာထားေတာ့ အခု ဒီ Trade War ေပါ့ ေယဘူယ်အားျဖင့္ ၾကည့္ရင္ေတာ့ တစ္ကမာၻလုံးရဲ႕ စီးပြားေရးကိုေပါ့၊ ကုန္သြယ္မႈကို အဓိက အႏႈတ္လကၡဏာေဆာင္တဲ့ ထိေရာက္မႈျဖစ္မွာေသခ်ာတယ္၊ ေကာင္းစရာအေၾကာင္း ဘာမွ မွမရွိတာ၊ အဲ့ဒီေတာ့ ေကာင္းစရာအေၾကာင္းမရွိတဲ့ဟာကိုေတာ့ ပထမဆုံးလက္ခံရမွာ။

Trade War ဆိုတာကေတာ့ ဆရာတို႔က စီးပြားေရးအေနနဲ႔ၾကည့္လို႔ရွိရင္ တစ္ကမာၻလုံးမွာရွိတဲ့ ႏိုင္ငံ ေတြအားလုံးတြက္လိုက္လို႔ရွိရင္ Trade ကို အားေပးရမွာေလ၊ ကုန္သြယ္မႈရွိတဲ့အခါမွာ ဆရာတို႔အေျခခံ စီးပြား ေရးအရာကို တင္တဲ့အခါမွာ ကုန္သြယ္မႈကို အားေပးတယ္၊ တစ္ေယာက္နဲ႔တစ္ေယာက္ ကိုယ္အားသာခ်က္ ရွိတဲ့ပစၥည္းေတြထုတ္၊ ကိုယ္အားသာခ်က္နည္းတဲ့ ပစၥည္းေတြ ဝယ္၊ အဲ့ဒီလိုအေျခအေနရွိတာကို ဆရာတို႔ ဒီ Trade နဲ႔ ကုန္သြယ္မႈနဲ႔ ႏိုင္ငံေတြတိုးတက္လာတယ္၊ ႏိုင္ငံေတြ ႀကီးပြားလာတယ္ဆိုတာ ဒါသမိုင္း သာဓက ေတြအရ အျပည့္ရွိတာေပါ့၊ အဲ့ဒီေတာ့ အခုလိုျဖစ္တဲ့အခါက်ေတာ့ အခုျဖစ္တဲ့ကိစၥကလည္း အခုျဖစ္ေနတာက ႏိုင္ငံေရးအေျခအေနအရ ႏိုင္ငံေရး ဦးေဆာင္ဦး႐ြက္ျပဳေနတဲ့ ထရန႔္ကိုယ္တိုင္က ဇေဝဇဝါ။

 သူက စီးပြားေရး လုပ္ငန္းရွင္ တစ္ေယာက္ ျဖစ္ေပမယ့္ သူ႔ရဲ႕အျမင္ကတစ္မ်ိဳးေလ၊ အခြန္အခေတြ တိုးျမႇင့္လိုက္တာဟာ သူ႔ ႏိုင္ငံပိုၿပီး အားသာခ်က္ ရွိေပမယ့္ တ႐ုတ္ႏိုင္ငံ နစ္နာလိမ့္မယ္လို႔ ေျပာေပမယ့္ လူ တိုင္း ကေျပာတာေတာ့ ႏွစ္ႏိုင္ငံလုံး ဒုကၡေရာက္မယ္ဆိုတာ ေျပာတာကို၊ အထူးသျဖင့္ စားသုံးသူ အေမရိကန္ ႏိုင္ငံမွာရွိတဲ့ စားသုံး သူေတြဟာ အရင္တုန္းက တ႐ုတ္ႏိုင္ငံကေန ေပါေပါသီသီနဲ႔ရတဲ့ပစၥည္းေတြကို အခြန္အခ ေတြတင္ လိုက္ တဲ့အခါက်ေတာ့ ၇၅ ရာခိုင္ႏႈန္းဆိုတာက အရင္တုန္းက ၇၅ က်ပ္တန္က ၁၀၀ ျဖစ္သြားရင္ အရင္တုန္းက ၇၅ က်ပ္နဲ႔ ဝယ္တဲ့သူက ၁၀၀ နဲ႔ေပးဝယ္ရရင္ သူ႔အတြက္က နစ္နာတယ္၊ အဲ့ဒီေတာ့ သူ႔အေနနဲ႔ က စီးပြားေရးလက္နက္ကို ႏိုင္ငံေရး အေနနဲ႔ သုံးတာ၊ ဒါကေတာ့ ဆရာတို႔ တ႐ုတ္-အေမရိကန္စီးပြားေရးေပါ့၊ ေနာက္တစ္ခု သူက ဘာေျပာသလဲလို႔ စဥ္းစားရင္ ဆရာတို႔ သတင္းေတြဘာေတြမွာလည္း ပါတာေပါ့၊ သူေျပာ ထားတဲ့အတိုင္း လက္ခံရင္လက္ခံ လက္မခံလို႔ရွိရင္ ၂၀၂၀ က်ရင္ ပိုၿပီးအေျခအေနဆိုးလိမ့္မယ္လို႔ ေျပာတယ္၊ ဒါက သူ ၿခိမ္းေျခာက္တဲ့ပုံစံေပါ့။

အဲ့ဒီေတာ့ ကိုယ့္အေနနဲ႔ကေတာ့ ဒါကို ဆရာတို႔ ကိုယ့္ႏိုင္ငံအေနနဲ႔ ကေတာ့ ႏိုးႏိုးၾကားၾကားရွိမွရမယ္၊ ႏိုးႏိုးၾကားၾကားရွိမယ္ဆိုတာက ဘာပဲျဖစ္ျဖစ္ ႐ိုက္ခတ္မႈရွိမွာ၊ ႐ိုက္ခတ္မႈ ရွိမယ့္အထဲမွာ ကိုယ္ကလည္းကိုယ့္ရဲ႕ စီးပြားေရးအေျခအေန၊ ႏိုင္ငံေရးအေျခအေနေၾကာင့္ တ႐ုတ္ကို အားကိုးရမယ့္ အေျခအေနျဖစ္ေနတယ္၊ အေျခ အေနအရ ဒီလိုျဖစ္ေနတာကို ျဖစ္လာတဲ့ ရခိုင္ကိစၥကေန တစ္ဆင့္ အေနာက္ႏိုင္ငံရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ၊ အခုဆို ရင္ ဆရာတို႔ တေလာက တစ္ေန႔ကသြားခဲ့တဲ့ ရန္ကုန္တိုင္းရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈပြဲမွာ အေနာက္ႏိုင္ငံ သိပ္မေတြ႕ရ ဘူးေလ၊ အဲ့ဒီအခါက်ေတာ့ ဆရာတို႔အေနနဲ႔ ေမွ်ာ္ရမွာေတာ့ အေရွ႕လို႔ေျပာရင္ အဓိကအင္အားအမ်ားအျပားနဲ႔ အႀကီးဆုံးနံပါတ္ ၂ ေနရာေရာက္ေနတဲ့ ဂ်ပန္တို႔၊ ၃ ေနရာေရာက္ေနတဲ့ တ႐ုတ္တို႔ စသည္ျဖင့္ေပါ့ေလ၊ အခု ဂ်ပန္က ၃ လား ၂ လားေျပာလို႔ မရဘူး၊ အဲ့ဒီေတာ့ အဲ့ဒီလိုျဖစ္လာတဲ့အခါက်ေတာ့ ဆရာတို႔ကဒီ တ႐ုတ္နဲ႔ကုန္ သြယ္မႈရွိမယ္ဆိုေတာ့ တစ္ခ်ိဳ႕ေတြက ေျပာတာေတာ့ ဟာ ဒီလိုသူမ်ား ဒုကၡေရာက္တဲ့အခါမွာ ကိုယ့္အကူအညီ ဘာညာေျပာတယ္ဆိုေပမယ့္လည္း လက္ေတြ႕ေတာ့ သိပ္မက်ဘူး။

 အေရးႀကီးတာ ဘာလဲဆိုရင္ ကိုယ့္ႏိုင္ငံရဲ႕ စီးပြားေရးမယိုင္ေအာင္ ဆရာတို႔ ဘာလုပ္ၾကမလဲ၊ အခုျဖစ္ တာက ခုနဒီေမးခြန္းေမးတာ ေက်းဇူးတင္တာေလ၊ ဆရာတို႔အေနနဲ႔ ႀကိဳတင္ၿပီး လုပ္တာ သိပ္မရွိဘူးကြဲ႕၊ ကိုယ့္ ႏိုင္ငံအေနနဲ႔၊ အခု Trade Cost နဲ႔ပတ္သက္လို႔ Trade War ေတြျဖစ္ေနတာကို ႏိုးႏိုးၾကားၾကား ေျပာၾကဆိုၾက တာလည္း မရွိေသးဘူး၊ ျဖစ္ၿပီးမွ ေနာက္က်မွ ၾကည့္ရွင္းဆိုတာမ်ိဳးနဲ႔ စဥ္းစားေနလို႔ေတာ့ ဆရာထင္တယ္ ကိုယ္နစ္နာမယ္ေလ၊ အဲ့ဒီေတာ့ ကိုယ့္အေနနဲ႔ ဒါကိုဘယ္ဝန္ႀကီးဌာနကို တာဝန္ယူထားလဲ ပါတီကပဲ ဦးစိုက္ၿပီး ေလ့လာေနသလား ဆိုတာ ဒါေတြကလိုတယ္ေလ၊ ဒီကိစၥနဲ႔ပတ္သက္လို႔ ထဲထဲဝင္ဝင္စဥ္းစားတဲ့သူေတြက ကိုယ့္အေနနဲ႔ ဘာေတြလုပ္သင့္သလဲ ေ႐ြးခ်ယ္ႏိုင္တဲ့ ေပၚလစီေတြေပါ့၊ ဒါေတြကိုစဥ္းစားထားရင္ေတာ့ အေျခ အေနတစ္မ်ိဳးေလ၊ မဟုတ္ဘဲနဲ႔ အခုက ဒီအတိုင္း ျဖစ္မွလုပ္မယ္ဆိုတာ ဟာမ်ိဳးက်ရင္ေတာ့ ေသခ်ာတာက ဘာ လဲဆိုရင္ ထိခိုက္မႈမရွိဘူးလားဆိုရင္ ရွိမွာ၊ အဲ့ဒီေတာ့ ထိခိုက္မႈရွိမယ့္ကိစၥကို ဆရာတို႔က ႀကိဳတင္ၿပီးေတာ့ အနည္းဆုံးျဖစ္ေအာင္ ဘယ္လိုလုပ္မလဲဆိုတာ စဥ္းစားဖို႔ေကာင္းတယ္၊ အခုကတည္းက မဟာဗ်ဴဟာ ေတြခ်မွ ရမယ္ေလ၊ ဘာေၾကာင့္လဲဆိုေတာ့ တကယ္ျဖစ္လာတဲ့အခါက်မွ အခုကေတာ့ ေဆြးေႏြးေနတုန္း၊ သူက တစ္ေယာက္နဲ႔တစ္ေယာက္ ၿခိမ္းေျခာက္ေနတုန္း ျဖစ္ေနတဲ့အေျခအေန၊ တကယ္ျဖစ္ၿပီဆိုရင္ ဘယ္လိုလုပ္ၾက မလဲ၊ ဟုတ္တယ္ မဟုတ္လား၊ အဲ့ဒီေတာ့ တစ္ခုတည္းရွိတာက ဒါကလည္း ဟိုေျပာလို႔ေတာ့မေကာင္းေပမယ့္ သူမ်ားဒုကၡေရာက္ တဲ့အခ်ိန္မွာ ကိုယ့္အတြက္အက်ိဳးရွိေအာင္ လုပ္လို႔ရသလား ဒီေမးခြန္းက၊ ဟုတ္တယ္ မဟုတ္လား၊ အဲ့ဒီေတာ့ သူတို႔ ေမးေတာ့ေမးရမွာပဲ၊ ဟုတ္တယ္မဟုတ္လား၊ ႀကိဳက္၏ မႀကိဳက္၏ ေမးရမွာပဲ၊ ကိုယ့္အတြက္ အက်ိဳးရွိေအာင္ ကိုယ့္ႏိုင္ငံအက်ိဳးရွိေအာင္ ဒါကိုအခြင့္အေရးယူလို႔ရလား၊ ဒီေမးခြန္းက ဆရာ ထင္တယ္ ႏိုင္ငံတိုင္းမွာ အစိုးရတိုင္းက ဆရာတို႔ ေမးေနၾကတဲ့ေမးခြန္းပါ၊ ဆရာထင္ပါတယ္၊ ဒီမွာရွိ ေန ၾကတဲ့လူေတြ ကလည္း ေမးေနလိမ့္မယ္လို႔ ေအာက္ေမ့တာပါပဲ၊ စီးပြားေရးကိုတာဝန္ယူတဲ့ အစိုးရဝန္ႀကီးဌာန ေတြ အားလုံး၊ ကုန္သြယ္စီမံတို႔ စီမံစီးပြားတို႔ ဆိုင္တဲ့ အသီးသီးဌာနေတြကလည္း ဒါကိုစဥ္းစားေနမွ ရမယ္ထင္ တယ္၊ ဆရာထင္တာေတာ့ ဝန္ႀကီးဌာနအဆင့္တင္ မကပါဘူး၊ ဒီထက္ျမင့္တဲ့ အဆင့္ေတြကေန စဥ္းစားလိမ့္ မယ္လို႔ နားလည္တာပါ။

Opinion Leaders ။     ။ ၾသကၤန္မွာ လဆန္းေလာက္ ကတည္းက စၿပီးေတာ့ လွ်ပ္စစ္မီး ျပႆနာ တက္ လာတာ၊ ဒီလွ်ပ္စစ္မီးျပႆနာက အရင္အစိုးရ လက္ထက္တုန္းကလည္း ထင္ရွားတဲ့ ဆႏၵျပမႈေတြလည္း ျဖစ္ခဲ့ တယ္၊ ဒီဘက္အစိုးရ ကူးလာတဲ့အခါမွာ ၂၀၁၆ ေလာက္တုန္းက ေျပာခဲ့ တာရွိတယ္၊ ေရွ႕ႏွစ္ေတြမွာ ဒီလိုမ်ိဳး ျပႆနာေတြ မျဖစ္ေတာ့ဘူးဆိုတဲ့ေနာက္မွာ ဆိုလိုတာက ဒီျပႆနာေတြ ႏွစ္စဥ္ႏွစ္တိုင္းျဖစ္လာတဲ့ ျပႆနာ ကို ႀကိဳတင္ ေျဖရွင္းလို႔ရရဲ႕သားနဲ႔ ႀကိဳတင္မတြက္ဆဘဲနဲ႔ အခုလက္ရွိလွ်ပ္စစ္ဓာတ္အားေတြ ျပတ္ေတာက္မႈ ေတြ ေတာ္ေတာ္ႀကီး ဆိုးဆိုး႐ြား႐ြားျဖစ္ေနတယ္၊ အဲ့ဒီျပႆနာက ေရရွည္မွာ ရင္းႏွီးျမႇဳပ္ႏွံမယ့္သူေတြ ဖိတ္ေခၚ တဲ့ေနရာမွာလည္း သြားၿပီး ခက္ခဲေစမွာ၊ ေနာက္တစ္ခ်က္က မၾကာခင္က မီတာခေတြ တိုးမယ္လို႔ ေျပာတယ္၊။ လက္ရွိမွာ ျမန္မာႏိုင္ငံကေန လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္မႈက အကန႔္အသတ္ပဲရွိတယ္၊ ရွိတဲ့အခါက်ေတာ့ ဒီလို မီတာခေတြတိုးလိုက္တာနဲ႔ ဒါဟာေျဖရွင္းတဲ့ နည္းစနစ္အမွန္လား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဒီကိစၥကေတာ့ လွ်ပ္စစ္နဲ႔ပတ္သက္လို႔ကေတာ့ ခုနက ဆရာ့ကိုေျပာသလို ေခတ္အဆက္ဆက္က ျဖစ္လာတာ၊ ဟုတ္တယ္ေနာ္၊ ေခတ္အဆက္ဆက္က ျဖစ္လာေတာ့ ဆရာတို႔ဒီ လူေနမႈ အဆင့္အတန္း တိုးတက္လာတယ္၊ အရင္တုန္းက ပန္ကာသုံးတဲ့သူက အဲယားကြန္းသုံးလာတယ္၊ အရင္က ယပ္ခတ္ေနတဲ့သူက ပန္ကာသုံးတယ္ ဘာညာျဖစ္လာေရာ၊ ျဖစ္လာတာကို အဲ့ဒီ Demand ေပါ့၊ အဓိက ကေတာ့ ဝယ္လိုအား ေရာင္းလိုအားရႈေထာင့္ ကေနၾကည့္ရင္ ဆရာတို႔ Demand က တက္လာတယ္၊ Demand ကတက္လာတာကို Supply က မလိုက္ႏိုင္ဘူး၊ အေျခခံကေတာ့ ဆရာတို႔ လွ်ပ္စစ္ေဈးတက္တာက Demand နဲ႔ Supply မကိုက္တဲ့ကိစၥ၊ ဝယ္လိုအားနဲ႔ ေရာင္းလိုအား လုံးဝကိုမမွ်ဘူး၊ အဲ့ဒါက ဆရာတို႔ တစ္ခုေပါ့၊ ဒါကိုကိုယ့္အေနနဲ႔ ေပါ့ေနာ္။

ဟိုတေလာက ဆရာ ေလာပိတေရာက္တယ္ေလ၊ ကယားျပည္နယ္ေရာက္ေတာ့ လြတ္လပ္ေရး ရၿပီး တဲ့အခ်ိန္မွာ အရင္တုန္းကရွိတဲ့ အစိုးရအေနနဲ႔က လွ်ပ္စစ္ကိုဦးစားေပးတဲ့ အတြက္ ဂ်ပန္နဲ႔ေလာပိတလွ်ပ္စစ္ကို အႀကီးအက်ယ္လုပ္ခဲ့တာ၊ အဲ့ဒီေတာ့ လုပ္တဲ့အခါက်ေတာ့ ကိုယ့္ႏိုင္ငံမွာ လွ်ပ္စစ္အလုံအေလာက္ရွိခဲ့တယ္၊ ဆရာတို႔ငယ္ငယ္က လွ်ပ္စစ္ျပတ္တာ ၾကားမွမၾကားဖူးတာ ဟုတ္တယ္မဟုတ္လား၊ လူဦးေရနည္းတယ္၊ Demand ကလည္း နည္းတာျဖစ္ခ်င္ျဖစ္မယ္၊ Demand ကိုလိုက္ၿပီးေတာ့ Supply ရွိတယ္၊ အဲ့ဒီလိုလုပ္ရတာ ေတြက တေျဖးေျဖးက ဇစ္ျမစ္ဆိုတာ လွ်ပ္စစ္ဆိုတာေတြက ဆရာတို႔ေခၚတဲ့ စီးပြားေရးအျမင္အရ ေျပာရင္ Public Good လား၊ Private Good လား အမ်ားနဲ႔ဆိုင္တဲ့ ပစၥည္းလား၊ ပုဂၢလိကတစ္ဦးခ်င္းအတြက္ အက်ိဳးရွိတဲ့ ပစၥည္းလား ဆိုတဲ့ေမးခြန္း ဆရာတို႔မေမးခဲ့ဘူး။ ေမးျပန္ရင္လည္း သူတို႔ဘာသြားစဥ္းစားလိုက္မလဲဆိုရင္ Public Good ေပါ့။

 ႏိုင္ငံေတာ္အစိုးရေတြက ေခတ္အဆက္ဆက္က လွ်ပ္စစ္ကိုႏိုင္ငံေတာ္အစိုးရက တာဝန္ယူရမယ္ ဆို တာ တာဝန္သြားခံတယ္၊ တာဝန္ခံ လိုက္တဲ့အျပင္ကို သူကဘာသြားလုပ္သလဲဆိုရင္ လွ်ပ္စစ္အခေတြေပါ့၊ မီတာခေတြကို ကုန္က်စရိတ္ေလွ်ာ့တဲ့ သတ္မွတ္ခ်က္ေတြလုပ္တယ္၊ ဆရာတို႔ Subject ေတြေပါ့ေနာ္၊ အေထာက္အပံ့ေတြသြားလုပ္လိုက္တယ္၊ ၁၀၀ တန္တဲ့ဟာကို ၅၀ နဲ႔ေရာင္းတာမ်ိဳးျဖစ္တယ္၊ အဲ့ဒီေတာ့ အဲ့ဒါကို ေခတ္အဆက္ဆက္လုပ္လာေတာ့ ႏွစ္အၾကာႀကီး လုပ္လာတဲ့အက်င့္ကိုပါေနတဲ့သူက အခုက်မွ တန္ဖိုး သင့္ အတိုင္းေပးရမယ္ဆိုတာ ဘယ္အစိုးရမွ မလုပ္ခဲ့ဘူး၊ လုပ္ရင္ ဆရာတို႔အခုဆိုပါေတာ့ တျခားႏိုင္ငံေတြ မွာလုပ္ခဲ့ တဲ့ အေတြ႕အႀကဳံေတြ ၾကည့္ရင္ စက္႐ုံအလုပ္႐ုံအတြက္ မီတာခနဲ႔ အိမ္မွာတစ္ၿပိဳင္နက္ အဲယားကြန္းငါးလုံးဖြင့္ တာနဲ႔မတူေအာင္ လုပ္တယ္၊ အဓိပၸါယ္ကဘာလဲဆိုေတာ့  လွ်ပ္စစ္ရဲ႕အဓိကျပႆနာက Private မီတာခ။

 မီတာခကိုေတာ့ ဘယ္သူမွမကိုင္ရဲဘူး၊ ဟိုလိုလို ဒီလိုလို လုပ္ၿပီးေတာ့ ငါတို႔ကျပည္သူေတြအတြက္ အနစ္နာခံၿပီးေတာ့ လုပ္ေပးတယ္ ဘာဘာညာညာနဲ႔ အဲ့ဒီလို အဲ့လိုအသံေကာင္းဟစ္လာတဲ့ဟာေတြက ဒီဘက္ ေခတ္လည္းေရာက္ေရာ ဒုကၡေရာက္ေရာ။ အဲ့ဒီအခါက်ေတာ့ တကယ္တမ္းမျဖစ္သင့္တာကေတာ့ စက္မႈဖြံ႕ၿဖိဳး မႈကို အားေပးခ်င္တယ္ဆိုရင္ စက္႐ုံအလုပ္႐ုံေတြကို ေကာက္ခံတဲ့ အခေၾကးေငြနဲ႔ Prevention ဘာမွ အက်ိဳး မရွိဘဲနဲ႔ ကိုယ္အတြက္အသုံးဝင္တာမ်ိဳးကို သုံးတဲ့ဟာနဲ႔ တစ္ခ်ိဳ႕ႏိုင္ငံေတြက Distention ေပါ့၊ မတူညီတဲ့ အခ ႏႈန္းထားေတြကို သတ္မွတ္ဖို႔လိုတယ္၊ အဲ့ဒီေတာ့ အဲ့ဒါ လုပ္ဖို႔ကလည္း ခက္တာက ႏိုင္ငံေရးသတၱိရွိမွရမွာ။ အဲ့ဒီ ေတာ့ ကိုယ္ကႏိုင္ငံေရးသတၱိနည္းေတာ့ ဒီလိုမေျပာရဲဘူး၊ မေျပာဘဲနဲ႔ အနစ္နာခံတယ္ ဘာညာဆိုတာနဲ႔ လုပ္ လာျပန္ေရာ၊ ဒါကတစ္ခုေပါ့။ ေနာက္တစ္ခုက ဆရာတို႔မွာ ျပႆနာဘာရွိသလဲဆိုရင္ အာမခံက ဒီအတိုင္း ရတယ္၊ အဲ့ဒီေတာ့ ဟို တိုင္းျပည္ရဲ႕ လွ်ပ္စစ္လိုအပ္ခ်က္ ၅၀ ရာခိုင္ႏႈန္းကို ဘယ္အခ်ိန္မွာ ရေအာင္ ေပးမယ္ ဘာညာေပ့ါ၊ ျဖစ္ႏိုင္ မျဖစ္ႏိုင္တာေတြ မစဥ္းစားဘဲနဲ႔ ကိုယ့္နာမည္ရေအာင္ ေျပာၾကတဲ့သူေတြမ်ားတယ္။

အဲ့ဒီလိုနာမည္ရေအာင္ ေျပာၾကတဲ့သူမ်ားေတာ့ လူႀကီးေတြႀကိဳက္တာကိုး ဟုတ္တယ္မဟုတ္လား၊ လူႀကီးေတြႀကိဳက္တာကို အႀကိဳက္ေျပာတဲ့သူရယ္ ကြက္တိျဖစ္ေနေရာ၊ တကယ္တမ္းရသလားဆိုေတာ့လည္း မရဘူး၊ အဲ့ဒီေတာ့ တကယ္တမ္းလွ်ပ္စစ္ျပႆနာကိုၾကည့္ရင္ ခုနက တိုင္းျပည္မွာျပႆနာ အႀကီးအက်ယ္ ျဖစ္ ေနတဲ့ ျမစ္ဆုံ နဲ႔လည္းဆိုင္တယ္၊ ဆရာတို႔ဆီမွာလွ်ပ္စစ္ကိုဘယ္ကရမလဲ ဘယ္လိုယူမလဲဆိုတဲ့ ျပႆနာက ဂဃနဏ ဘာမဟာဗ်ဴဟာမွမရွိဘူး၊ ေရအားကေနဘယ္ေလာက္ယူမလဲ။ေနာက္တစ္ခါ ေက်ာက္မီးေသြးကေန ဘယ္ေလာက္ယူမလဲ။ေနာက္ပုံစံေတြအမ်ိဳးမ်ိဳးရွိလာေတာ့ ဓာတ္ဆီေတြ ေလာင္စာဆီေတြနဲ႔ လုပ္ယူတဲ့လွ်ပ္စစ္ ဘာညာ။ အခုကေတာ့ အဲ့ဒီလိုဆရာတို႔ ဘယ္ဟာေတြကေတာ့ ဘယ္ေလာက္ရမလဲ ေလအားကေရာ ဘယ္ ေလာက္ရမလဲ အစရွိသျဖင့္ေပါ့၊ ပုံစံအမ်ိဳးမ်ိဳးမဟုတ္ဘဲနဲ႔ အခုရွိတဲ့ဟာေလးနဲ႔ကို ေက်နပ္ေနတာ။

ေရကာ တာေတြေဆာက္ေတာ့လည္း ျပႆနာေတြျဖစ္တယ္၊ ဟုတ္တယ္မဟုတ္လား၊ ေလာပိတ ကို ၾကည့္ ေလာပိတကလည္း ႏွစ္ေတြေတာ္ေတာ္ၾကာၿပီ။ေလာပိတခ်ည္းပဲ အားကိုးေနလို႔မျဖစ္ေတာ့ဘူး၊ အဲ့ဒီ ေတာ့ ဆရာတစ္ခုပဲေပါ့ေနာ္။ အားက်တာပါ၊ ကိုရီးယားႏိုင္ငံမတက္ခင္ေပါ့ ေတာင္ကိုရီးယားႏိုင္ငံမတက္ခင္ သမၼတႀကီး ပတ္ဂ်ဳံံအိေပါ့၊ အင္မတန္မွ ရက္စက္ၾကမ္းၾကဳတ္တဲ့ အာဏာရွင္ႀကီးလို႔ဆိုေပမယ့္ သူကဘာေျပာလဲ ဆိုလို႔ရွိရင္ ငါရွိတဲ့အခ်ိန္မွာ တစ္ခုပဲလုပ္မယ္၊ အဲ့ဒါကဘာလဲဆိုရင္ လွ်ပ္စစ္ရေအာင္လုပ္မယ္ ဟုတ္တယ္ မဟုတ္လား၊ က်န္တာငါ့လုံးဝလာမေျပာနဲ႔၊ မသိခ်င္ဘူး၊ ငါသိခ်င္တာက ဘာလဲဆိုရင္ ႐ြာအထိ လွ်ပ္စစ္ရ ေအာင္ လုပ္မယ္၊ စူးစိုက္မႈအျပည့္နဲ႔။

အခုက ဆရာတို႔ဆီမွာလည္း Focus ကမရွိေတာ့ တစ္ေယာက္ေျပာရင္ လွ်ပ္စစ္လိုလို ေနာက္တစ္ ေယာက္ေျပာရင္ ဘာလိုလိုနဲ႔ဆိုေတာ့ေလ ဘာကိုဦးစားေပးၿပီးလုပ္ေနသလဲဆိုတာကို မသိဘူး။ အဲ့ဒီေတာ့ ဆရာ့စိတ္ထဲျဖစ္ေနတာက ခုန Demand ပဲ စဥ္းစားေျပာလို႔ လာအိုတို႔ိုရင္ ဘယ္ေလာက္ အားက်ဖို႔ေကာင္းလဲ၊ သူ႔မွာလိုအပ္တဲ့ လွ်ပ္စစ္ကို ပိုၿပီးေတာ့ထုတ္တယ္၊ ပိုၿပီးထုတ္ၿပီးသူမ်ားေရာင္းတယ္၊ အခုေခတ္က လွ်ပ္စစ္က ေရာင္းလို႔ရတယ္ေလ၊ အဲ့ဒီေတာ့ ကိုယ့္ထုတ္လုပ္မႈအင္အားသာမ်ားရင္ ေရာင္းလို႔ရတယ္၊ အခုက ေရာင္းဖို႔ ေနေနသာသာသူမ်ားဆီက ဝယ္သုံးရမယ့္အေနအထားျဖစ္ေနတယ္။ အဲ့ဒီေတာ့ ဆရာထင္တယ္ လွ်ပ္စစ္ က႑ႀကီး တစ္ခုလုံးကို ဆရာတို႔ဆိုပါေတာ့ Energy ေရာ လွ်ပ္စစ္ေရာ တြဲၿပီး စဥ္းစားဖို႔ လိုလိမ့္မယ္လို႔ ေအာက္ ေမ့တာပဲ၊ စဥ္းစားေတာ့ စဥ္းစားေနတာပဲ၊ သူတို႔က ေနာက္တစ္ခုေျပာေတာ့ လိုတာထက္ပိုၿပီး အာမခံတာ ေတြမ်ားတယ္ထင္တယ္၊ အဲ့ဒီေတာ့ သူတို႔ေျပာတာေတြ နားေထာင္ၿပီးရင္ တကယ့္ကိုပဲ တစ္ခါတည္းအားလုံးကို ၂၄ နာရီရမလိုလိုေပါ့။

အဓိကကေတာ့ကြယ္ ဒါေတြအားလုံးက ယုံၾကည္မႈေလ်ာ့ေစတဲ့ကိစၥေပါ့၊ ဆရာအၿမဲေျပာတယ္၊ လုပ္ႏိုင္ တာထက္ ေလွ်ာ့ေျပာ ၅၀ ရမယ္လို႔ မေျပာဘူး၊ ၂၅ ရမယ္လို႔ေျပာၿပီး ၃၀ ရရင္ ကိုယ့္အတြက္ ေအာင္ျမင္မႈေပါ့၊ အခု ၅၀ ရမယ္ေျပာၿပီး ၃၀ ပဲရတဲ့အခါက်ေတာ့ ကိုယ္ကေနရင္းထိုင္ရင္းနဲ႔ ဒုကၡေရာက္ေရာ၊ ဒို႔လူေတြက လူႀကိဳက္ မ်ားတဲ့ေနာက္ကို လိုက္ခ်င္တဲ့သူေတြလို႔ထင္တယ္၊ လူအမ်ားႀကိဳက္တာကို လိုက္လုပ္ခ်င္တယ္၊ အဲ့ဒီေတာ့ ကိုယ္လုပ္ေတာ့ အဲ့ဒါေတြကိုလည္း လူႀကီးေတြယုံေအာင္ေျပာတတ္တယ္၊ ခ်ီးလည္းခ်ီး က်ဴးဖို႔ ေကာင္းတယ္၊ ေတာ္ေတာ္သတၱိေကာင္းတဲ့သူေတြ၊ ျဖစ္ႏိုင္တာမျဖစ္ႏိုင္တာမသိဘူး၊ လူႀကီး ႀကိဳက္ေအာင္ ေလွ်ာက္ေျပာၿပီး လုပ္လိုက္ ၿပီးေတာ့မွ တကယ္ျဖစ္လာျပန္ေတာ့မရဘူးဆိုေတာ့လည္း ဘယ္လိုေျဖရွင္းလဲ ေတာ့မသိဘူး၊ ကိုယ္သာသူ႔ေနရာမွာဆိုရင္ေတာ့ တကယ္ထြက္ေျပးမွာ။ ေတာ္ေတာ္ႀကီး ခက္တာကြဲ႕၊ အဲ့ဒါ ကိုယ့္အေနအထားက တစ္မ်ိဳးေလ၊ ဒါေၾကာင့္လည္း ဒါေပမဲ့ျပည္သူေတြေတာ္ေတာ္ခံရတာေလ ဒီလွ်ပ္စစ္ကိစၥ က ဟုတ္တယ္မဟုတ္လား၊ လူအတန္းအစားအားလုံး အလႊာအသီးသီးက ဒုကၡေရာက္ခဲ့တဲ့ကိစၥ၊ ဒါက ေတာ္ေတာ္ေလးကို ဆရာထင္တယ္ စိတ္ပူစရာပါေနာ္၊ အားလုံး ဝိုင္းၿပီးေတာ့ ခုနေျပာသလိုေပါ့/ဒါႀကီးကလည္း တတ္သိပညာရွင္ကိုေမးၾကည့္ေတာ့လည္း Tranmission Loss ေပ့ါ၊ ဒါႀကီးက အိုမင္း လာၿပီး ရလာတဲ့လွ်ပ္စစ္ဓာတ္အားက ေလ်ာ့လာတယ္၊ အဲ့ဒါကိုျပင္ဖို႔ဆိုရင္ နည္းနည္းေနာေနာ ကုန္တဲ့ေငြမွ မဟုတ္တာ။ ခုနေမးခြန္းက intenstructure ေတြရဖို႔ ဘယ္သူ႔ကိုအားကိုးရမလဲဆိုရင္ တ႐ုတ္ကို အားကိုးရမယ္၊ အဲ့ဒီအခါက်ေတာ့ တ႐ုတ္ကိုအားကိုးရျပန္ေရာ၊ တျခားႏိုင္ငံေတြမွာဆိုရင္ လွ်ပ္စစ္ထုတ္တာကို ပိုးလမ္းကိစၥနဲ႔ တြဲ လုပ္တာကိုး၊ ဟုတ္တယ္မဟုတ္လား၊ လမ္းေဖာက္တာတို႔ ရထားလမ္းေဖာက္တာတို႔ လွ်ပ္စစ္ဆိုတာ ပိုး လမ္း နဲ႔ ဆိုင္လာေရာ။ ဆရာတို႔မွာက ပိုးလမ္းနဲ႔ပတ္သက္လို႔ရွိရင္ ရဲရဲဝံ့ဝံ့နဲ႔ စဥ္းစားေနတဲ့အေနအထားလည္း မဟုတ္ဘူး၊ လုပ္ခ်င္သလို မလုပ္ခ်င္သလိုျဖစ္ေနေတာ့ ခက္တာေပါ့၊ ဒါေတြအားလုံးခ်ိတ္ေနတာပါပဲ။

Opinion Leaders ။     ။ အခုဆိုရင္ တ႐ုတ္နဲ႔အေမရိကန္ျပႆနာက ျပန္ၿပီးေတာ့ ျမန္မာႏိုင္ငံမွာ ရင္းႏွီးျမႇဳပ္ႏွံမႈအေျခအေနေလ်ာ့က်မယ့္ အေနထားရွိတယ္၊ ဒီဟာနဲ႔ပတ္သက္ၿပီးေတာ့ တစ္ခ်ိဳ႕စီမံကိန္းေတြက တ႐ုတ္အေနနဲ႔ ျပန္သုံးသပ္ဖို႔ အလားအလာရွိတယ္လို႔ ခန႔္မွန္းခ်က္ေတြရွိေတာ့ အခုလက္ရွိ ျမန္မာႏိုင္ငံမွာ ရခိုင္ျပႆနာနည္းနည္း ေအးေတာ့ ျပည္တြင္းမွာ ဘာသာေရးနဲ႔ဆက္ႏြယ္တဲ့ဟေတြ မၾကာေသးခင္က ေထာင္ ဆူပူမႈမ်ိဳး ဟာမ်ိဳးေတြရွိလာတယ္၊ အခုလက္ရွိ လွ်ပ္စစ္လိုျပႆနာေတြကရွိတဲ့အခါက်ေတာ့ ေနာက္ က်န္တဲ့ ႏွစ္ႏွစ္သက္တမ္းမွာ ေသခ်ာေပါက္ ေတာ္ေတာ္ေလးခက္ခက္ခဲခဲနဲ႔ ႐ုန္းကန္ရမယ့္အေနအထားမ်ိဳးရွိတယ္၊ မဲရဖို႔ကလည္း ေတာ္ေတာ္ႀကီးခက္ခဲမယ့္ အေနအထားရွိေတာ့ ဒီဟာေတြကိုကိုင္တြယ္တဲ့ေနရာမွာ ဘယ္ဟာကို ဦးစားေပးသင့္သလဲ ျပည္တြင္း တရားဥပေဒစိုးမိုးေရးကို ဦးစားေပရမလား၊ လတ္တေလာ စီးပြားေရးေျပလည္မႈ ေတြကို ဦးစားေပးရမလား။

ေဒါက္တာေအာင္ထြန္းသက္ ။    ။ အခုက ဆရာတို႔ ဟိုဟာေလ အခက္အခဲေတြက အထူးသျဖင့္ ဆရာတို႔မွာ တကယ္တမ္းရင္ဆိုင္ရတဲ့ စိန္ေခၚမႈေတြက လုံၿခဳံေရး၊ ထုတ္လုပ္မႈ၊ လူမႈေရး စိန္ေခၚမႈေတြေပါ့၊ အဲ့ဒီစိန္ေခၚမႈ ေတြ အားလုံးက တျခားႏိုင္ငံ ေတြမွာဆိုရင္ တစ္ၿပိဳင္နက္တည္းမျဖစ္ဘူး၊ အဓိပၸါယ္က လူမ်ိဳးေရးျပႆနာေတြ ေပၚတဲ့အခါက်ေတာ့ လူမ်ိဳးေရး ျပႆနာေတြကို ဘယ္လိုေျဖရွင္းၿပီးမွ အဓိကျပႆနာကို ေျဖရွင္းရာကေန တျခားျပႆာေတြကို ေျဖရွင္းရတာေပါ့၊ ကိုယ့္မွာျဖစ္ေနတာက တစ္ၿပိဳင္နက္တည္းသုံးခုေျဖရွင္းေနရတယ္၊ အဲ့ဒီေတာ့ ေျဖရွင္းရတဲ့ အခါက်ေတာ့ ပိုၿပီးေတ့စိန္ေခၚမႈ မ်ားတယ္၊ မ်ားတဲ့အခါက်ေတာ့ ဘယ္ဟာနဲ႔စကိုင္မလဲ ကိုယ္ကေတာ့ စဥ္းစားတာေပါ့ေလ။

 ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး ဒါေတြအားလုံးမရွိတဲ့အထဲက ခ်က္ခ်င္းလုပ္ႏိုင္တာက ဘာလဲဆိုတာ အရင္စဥ္းစားရမယ္။ အဲ့ဒီေတာ့ စီးပြားေရးကို ဘယ္လိုလုပ္ႏိုင္မလဲ၊ စီးပြားေရးကိုခပ္သြက္သြက္ ဘယ္လိုလုပ္ၾက မလဲ၊ စီးပြားေရးလို႔ ေျပာတဲ့အခါမွာ စီးပြားေရးနဲ႔ စဥ္းစားတဲ့အခါမွာ လူေတြစဥ္းစားထားတာက ယုံၾကည္မႈပဲ၊ စီးပြားေရးလုပ္တဲ့သူက ယုံၾကည္မႈကို အဓိကစဥ္းစားတယ္၊ ဘဏ္ေတြမွာ ေငြအပ္တယ္ဆိုရင္လည္းပဲ ကိုယ့္အပ္ ထားတဲ့ေငြ ျပန္ရမယ္ဆိုတဲ့ ယုံၾကည္မႈနဲ႔လုပ္ေနတာ၊ ကိုယ့္မွာ အတိုးရမယ္၊ ဘဏ္ကေန ေငြေခ်းတဲ့သူကလည္း ကိုယ္ေခ်းတဲ့ေငြဟာ တကယ့္ကိုအက်ိဳးအျမတ္ရွိမယ္လို႔ ယုံၾကည္မႈေပါ့၊ ယုံၾကည္မႈနည္းသြားရင္ စီးပြားေရး က်သြားေရာ။

အဲ့ဒီေတာ့ ဆရာတို႔တကယ့္အေျခအေနက ဘာလဲဆိုရင္ ယုံၾကည္မႈတည္ေဆာက္ရမယ္၊ ဘယ္စီးပြား ေရး ကို ဦးစားေပးမယ္၊ စီးပြားေရးကိုေအာင္ျမင္ေအာင္လုပ္ရမယ္ ဆိုတာမ်ိဳး။ ဆရာသေဘာက်တာ တျခားႏိုင္ငံ မွာ ၁၉၇၄ မွာ ပန္ေခ်ာင္ပင္း တ႐ုတ္ျပည္မွာ စီးပြားေရးပ်က္တဲ့အခ်ိန္မွာ ငါ့ကိုေၾကာင္အေရာင္ လာၿပီးမေျပာနဲ႔၊ အမဲေတြ အျဖဴေတြမေျပာနဲ႔ ႂကြက္ခုတ္ဖု႔ိပဲလိုတယ္ ဆိုတာမ်ိဳး၊ အဲ့ဒီေလာက္အထိ ျပတ္ျပတ္သားသား ဆရာ တို႔မွာမရွိဘူး၊ အေရာင္ကိုသြားၾကည့္တဲ့အခါက်ေတာ့ ႂကြက္ကခုတ္၏ မခုတ္၏ မသိဘူး၊ ေၾကာင္အေရာင္ ေ႐ြး ေနတာ အေရးႀကီးတာက ခုတ္တတ္ဖို႔ပဲလိုတယ္။ အဲ့ဒီေတာ့ ကိုယ့္ႏိုင္ငံအခုရတဲ့ ကိုယ့္သက္တမ္းမွာ ႏွစ္ႏွစ္အ တြင္းမွာ စီးပြားေရးတက္ေအာင္ဘာလုပ္မလဲ က်န္တာေတြ လွည့္မၾကည့္နဲ႔ေတာ့ မထူးေတာ့ဘူး။
စီးပြားေရးတက္ရင္ လူေတြအားလုံးက စားဝတ္ေနေရး ေျပလည္သြားမယ္၊ စားဝတ္ေနေရးေျပလည္တဲ့ အစိုးရကိုေထာက္ခံမွာပဲ၊ ပ်ဴပ်ဴငွာငွာပဲ လူတိုင္ေျပာတာ ဗိုက္ျပႆနာရွိတယ္ေျပာတယ္၊ မဆလ ေခတ္က တည္းက ေျပာေနတာက အူမေတာင့္မွ သီလေစာင့္မွာ။ အဲ့ဒီလို အေျခအေနကို လုပ္ယူရင္ အခ်ိန္ရွိတယ္၊ လုပ္လို႔ရတယ္၊ စီးပြားေရးက ခ်က္ခ်င္းျဖစ္ဖို႔လြယ္သလို ျပန္ေဖာ္ဖို႔လည္း ခက္တယ္၊ ထရန႔္ကိုၾကည့္ မဟုတ္တာ လုပ္တာက တစ္ပိုင္း၊ ႏွစ္ႏွစ္အတြင္း စီးပြားေရး တက္ေအာင္လုပ္ခဲ့တယ္၊ သူေဌးေတြကို ပိုၿပီးခ်မ္းသာ ေအာင္လုပ္ခဲ့တယ္၊ အဲ့ဒီလိုမ်ိဳးကို ထူးျခားတဲ့ ႐ိုး႐ိုးမစဥ္းစားတဲ့ သမား႐ိုးက်ပုံစံမဟုတ္ဘဲ စီးပြားေရးေပၚလစီကို စဥ္းစားဖို႔လိုလိမ့္၊ သမား႐ိုးက်လုပ္ေနလို႔ေတာ့ မရဘူး၊ သမား႐ိုးက်လုပ္ရင္ အဲ့ဒါနဲ႔အခ်ိန္ကုန္သြားမယ္၊ အမွားခံရဲတဲ့ေပၚလစီလိုတယ္၊ အခုက အမွားမခံရဲေတာ့ ဘာမွမလုပ္ဘူးၿပီးသြားၿပီ၊ ဘာမွမလုပ္ကတည္းက ဘာအမွားမွ မရွိဘူး၊ အဲ့ဒီလိုျဖစ္ေနတာကို ရဲရဲဝံ့ဝံ့လုပ္ႏိုင္ဖို႔ လိုအပ္တာပါပဲ။

Opinion Leaders ။     ။ ေက်းဇူးတင္ပါတယ္ ဆရာ။