【 ပညာရှင်များ၏အမြင် 】 “အင်အားကြီးတဲ့နိုင်ငံနဲ့ ထိတွေ့ရတဲ့အခါမှာ တစ်ခါတစ်လေကျရင် တရားမမျှတဘူး”

【 ပညာရှင်များ၏အမြင် 】 “အင်အားကြီးတဲ့နိုင်ငံနဲ့ ထိတွေ့ရတဲ့အခါမှာ တစ်ခါတစ်လေကျရင် တရားမမျှတဘူး”

မကြာခင်က EU မှ မြန်မာနိုင်ငံကိုပေးတဲ့ GSP အခွင့်အရေးကို ရုတ်သိမ်းမည့် သတင်းများ ပေါ်ထွက်လာခဲ့ပါတယ်။ယခုရက်သတ္တပတ်အတွင်း ဖုယွင် အလုပ်သမား ပြဿနာနှင့် နယ်စပ်ကုန်သွယ်ရေးတွင် အဓိကဖြစ်သည့် မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းတွင် တစ်ဘက်မှ နယ်စပ်အဖွင့်အပိတ်ပြဿနာ မကြာခဏဖြစ်နေမှုကြောင့် ကုန်သွယ်ရေးကျဆင်းမှုကို တွေ့ကြုံနေရပါတယ်။ထိုသို့ စီးပွားရေးဆိုင်ရာ ပြည်တွင်း ပြည်ပ အခက်အခဲများကြောင့် မြန်မာ့စီးပွားရေး အခက်အခဲ မည်မျှဖြစ်ပေါ်လာနိုင်ဖွယ်ရာရှိမှုနှင့် FDI ဝင်ရောက်မှုကို မည်မျှသက်ရောက်လာနိုင်သည်ကို သမ္မတ၏ စီးပွားရေးအကြံပေးနှင့် စီးပွားရေးပညာရှင်လည်းဖြစ်သူ ဆရာ ဒေါက်တာအောင်ထွန်းသက် ကို Opinion Leaders Media မှ မေးမြန်းခဲ့သည်။ဆရာ ဒေါက်တာအောင်ထွန်းသက် ၏ ရှုမြင်သုံးသပ်သည့် ရှုမြင်ချက်အပြည့်အစုံကို ယခုတစ်ပတ် အထူးအစီအစဉ်အဖြစ် ဖော်ပြလိုက်ပါသည်။

(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion Leaders Media ။     ။ မကြာခင်က ဥရောပသမဂ္ဂကနေ မြန်မာနိုင်ငံကို GSP ပေးထားတဲ့ အနေအထားကနေ ရခိုင်မြောက်ပိုင်း ကိစ္စတွေကြောင့် ပိတ်ဆို့ရုပ်သိမ်းမှုတွေလုပ်ဖို့ ရှိလာတယ်လို့ သတင်းတွေ ထွက်လာတာကို တွေ့ရပါတယ် ဆရာ။
တစ်ကယ်လို့ ပိတ်ဆို့မှုတွေ GSP ရုပ်သိမ်းမှုတွေ ဖြစ်လာရင် မြန်မာ့စီးပွားရေး အခြေအနေက ဘယ်လိုတွေ ဖြစ်လာနိုင်ပါသလဲ ဆရာ။

ဆရာ ဒေါက်တာအောင်ထွန်းသက် ။     ။ အဓိက က သူတို့ပိတ်ဆို့မယ်လို့ စဉ်းစားနေတဲ့ကိစ္စဟာ ဆရာထင်တယ်။ဆရာတို့ အလုပ်အကိုင် အခွင့်အရေးတွေ အများကြီးဖန်တီးပေးတဲ့ ကဏ္ဍတွေဖြစ်တဲ့ ဆရာတို့ အထည်တို့ စက်ရုံတွေ အလုပ်ရုံတွေ ပြီးတော့မှ သူတို့ (GSP) ပေးတဲ့အထဲမှာ သားငါးကဏ္ဍ အစရှိသဖြင့်ပေါ့လေ။အဲ့ဒါတွေရှိတော့ ဆရာ စိတ်ထဲတော့ မလုပ်ပါစေနဲ့လို့ဘဲ ဆုတောင်းရတာပါ။ဒါက မလုပ်သင့်တဲ့ကိစ္စပါ၊ တကယ်တမ်းတော့ သူတို့အပြစ်တင်တယ်၊ အရေးယူတယ်ဆိုတာ ဒီလူတွေမှ မဟုတ်တာ။အဲဒီတော့ သူတို့အနေနဲ့ သူတို့သုံးတဲ့ စကားလုံးကတော့ (Collective punishmen ပေါ့လေ၊ အားလုံးမှာ တာဝန်ရှိတယ်။တာဝန်ရှိတဲ့အတွက် အားလုံးကို ဒဏ်ခတ်မယ်ဆိုတဲ့ အတွေးအခေါ်ကြီးက ဆရာထင်တယ်၊ မရှိသင့်တဲ့ အတွေးအခေါ်ကြီးပါ။တကယ်တမ်းဖြစ်သင့်တာတော့ စက်ရုံ၊ အလုပ်ရုံတွေ ရှိတဲ့အတွက် စားဝတ်နေရေး အဆင်ပြေအောင် ဖန်တီးပေးနိုင်တဲ့ နည်းလမ်းတွေဘက်က အခြေအနေကောင်းတယ်လေ။

အခြေအနေကောင်းတော့ ဆရာထင်တာက စီးပွားရေးကို ခဏထားပြီး လူမှုရေးပြဿနာတွေ တော်တော်ကြီးနိုင်တယ်။အလုပ်လက်မဲ့ ဖြစ်တဲ့အခါမှာ ဒီလူတွေ ဒီကလေးမတွေ အထူးသဖြင့်ပေါ့ ကိုယ့်နိုင်ငံမှာ အလုပ် လုပ်နိုင်တဲ့အတွက် နိုင်ငံခြားကိုသွားပြီး အလုပ်လုပ်စရာ မလိုဘူး။နိုင်ငံခြားသွားလုပ်ရတယ်ဆိုတာ တကယ်တမ်းတော့ လွယ်တာမဟုတ်ဘူးနော်။အခွင့်အရေးတွေ နောက်အန္တရာယ်ကလည်း အများကြီး၊ ဒါတွေအားလုံးကို ဆရာတို့ ခေါင်းထဲမထည့်ဘဲနဲ့ နိုင်ငံရေးဒဏ်ခတ်တဲ့ဟာ တစ်ခုတည်းနဲ့ စဉ်းစားတာကတော့ မဖြစ်သင့်ဘူးလို့ ဆရာတော့ အဲဒီလိုယူဆပါတယ်။

Opinion Leaders Media ။     ။ အခုလတ်တလောမှာ အလုပ်သမားပြဿနာတွေ ဖြစ်လာတာကို တွေ့လာရပါတယ်။ဒီပြဿနာမှာ အစိုးရပိုင်းက ဝင်ရှင်းနေတာကို တွေ့ရသလို အများစုကလည်း အာရုံစိုက်နေကြတာကို တွေ့ရပါတယ်။လက်ရှိမှာ ပြည်တွင်းကို နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေဝင်လာဖို့ လုပ်ဆောင်နေတဲ့ အားစိုက် လုပ် ဆောင်နေတဲ့ အချိန်မှာ ဒီပြဿနာမျိုးမကြာခဏဖြစ်ပေါ်နေတာက FDI   ဝင်လာမှုကို ဘယ်လောက်ထိ ထိ ခိုက်လာနိုင်သလဲ ဆရာ။

ဆရာ ဒေါက်တာအောင်ထွန်းသက် ။     ။ အားလုံးက ဆက်စပ်နေတာပဲကွဲ့။အလုပ်ရှင် အလုပ်သမား ပြဿနာတွေ တဖြေးဖြေးပေါ်လာတယ်။ဒီနေ့ဂျာနယ်ထဲမှာတောင် ဝင်ပြီးဖြေရှင်းနေရတယ် တာဝန်ရှိတဲ့သူတွေက။ပြီးတော့ ဆရာတို့ဆီမှာလည်း အနည်းဆုံး လုပ်ခလစာ ပြဿနာကြီးကလည်း ရှိတယ်။အဲဒီတော့ ဒါတွေအားလုံး တစ်ဖက်ကလည်း အလုပ်သမားပြဿနာတွေရှိလို့ ဒီ (FDI)။

ဆရာတို့မှာ နဂိုကတည်းကမှ (FDI) ရဖို့ကို အမျိုးမျိုးကြိုးစားနေတဲ့ အချိန်မှာ တကယ်တမ်းတော့ (FDI) ဝင်တဲ့အခါမှာ ဝင်၏ မဝင်၏ ဆိုတာ နိုင်ငံရဲ့ စီးပွားရေးအဆောက်အအုံကို ယုံကြည်မှုဘယ်လောက်ရှိလဲဆိုတာကို မူတည်တာကိုး။အခုလို ပြဿနာတွေ၊ ပဋိပက္ခတွေ ခဏခဏဖြစ်နေရင် ယုံကြည်မှုက လျော့တာပေါ့။ယုံကြည်မှုက လျော့လာတယ်ဆိုရင် ဆရာတို့အတွက် အန္တရာယ်ဘဲ။ဒါက အလုပ်သမား၊ အလုပ်ရှင် ပြဿနာကို အလုပ်သမား၊ အလုပ်ရှင် ပြဿနာတစ်ခုတည်းလို့ သပ်သပ်မစဉ်းစားဘဲနဲ့ တကယ့်ကို နိုင်ငံရေးဘောဂဗေဒပုံစံနဲ့ ကြည့်ပြီးတော့ ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ စဉ်းစားဖို့လိုတယ်၊ နောက်ပယောဂတွေကလည်း အများကြီးဘဲ။

နောက်မငြိမ်မသက်ဖြစ်အောင် ဖန်တီးတာတွေ၊ အမြတ်ထုတ်ချင်တဲ့သူတွေက အများကြီးဘဲ။အဲဒီတော့ ဆရာတို့မှာ အဲ့ဒီအလုပ်သမားတွေခမျာ မြေဇာပင်တွေမဖြစ်ဖို့ လိုတယ်။အလုပ်ရှင်ဘက်ကကြည့်ရင် အလုပ်ရှင်ကတစ်မျိုး၊ ပြည်တွင်းအလုပ်ရှင်တွေရှိသလို၊ ပြည်ပအလုပ်ရှင် နိုင်ငံခြားအလုပ်ရှင်တွေရှိတယ်။သူတို့က ကိုယ့်နိုင်ငံကို လာရင်းနှီးမြုပ်နှံတဲ့အခါမှာ သူတို့တမ်းတ မျှော်မှန်းထားတာက ပုံစံတစ်မျိုးလေ။အဲဒီတော့ သူတို့အနေနဲ့ စိတ်မချရလို့ ယူဆရလို့ စိုးရိမ်တဲ့အခြေအနေ သူတို့အနေနဲ့ သီးခြားနေတဲ့ နိုင်ငံကိုသွားမှာဘဲ။ဆရာတို့ ကမ္ဘောဒီးယားမှာ အဲဒီလိုဖြစ်တော့လည်း ပြဿနာတွေရှိခဲ့တယ်။ဗီယက်နမ်မှာလည်း ဒီပုံစံပါဘဲ။အဲဒီအခါမှာ ဆရာတို့အနေနဲ့ တတ်နိုင်သမျှ ထိန်းဖို့လိုပါလိမ့်မယ်၊ အခုနကပြောတဲ့ကိစ္စ တရားဥပဒေစိုးမိုးရေးကလည်း အရေးကြီးတာကိုး။

အခုနကပြောသလို တရားဥပဒေစိုးမိုးရေးက နည်းနည်းအားနည်းတဲ့အခါကျတော့ အလုပ်ရှင်တွေကလည်း ပုံစံတစ်မျိုး၊ အလုပ်သမားတွေကလည်း ပုံစံတစ်မျိုးနဲ့ဆိုတော့ အဲ့ဒီရဲ့ရုပ်ပုံဟာ နိုင်ငံခြားရင်းနှီးမြုပ်နှံတဲ့သူတွေကို တထိတ်တလန့်ဖြစ်စေနိုင်တဲ့ အနေအထားရှိတယ်လေ။အဲဒီတော့ တစ်ဖက်က လာပါလာပါလို့ ခေါ်ပေမယ့် တစ်ဖက်ကလည်း အလုပ်သမားပြဿနာတွေကြောင့် စက်ရုံတွေ၊ အလုပ်ရုံတွေ ပိတ်ရတယ်ဆိုတဲ့ သတင်းတွေကိုလည်း မရောက်စေချင်ဘူးလေ။

တစ်ချို့လုပ်ငန်းတွေကလည်း ဆရာတို့ မြန်မာပြည်မှာ ရင်းနှီးမြှပ်နှံလို့ရှိရင် ငါးနှစ်စာ အခွန်ကင်းလွတ်ခွင့် ရတယ်လေ။အဲဒီလို ကင်းလွတ်ခွင့်ရတဲ့ကာလ ပြီးသွားတဲ့အချိန်မှာ သူတို့က ဒီအလုပ်သမားပြဿနာကို သူတို့က လုပ်ကွက်ဖွဲ့ပြီး လုပ်တာလည်းရှိတယ်။သူတို့အနေနဲ့ ဒီအခွန်ကင်းလွတ်ခွင့် မရတော့ဘူး။မရတဲ့အတူတူ စက်ရုံ အလုပ်ရုံတွေ ပိတ်တာဟာ ရိုးရိုးပိတ်တာမဟုတ်ဘဲ၊ အလုပ်သမားပြဿနာတွေရှိလို့ ပိတ်ရပါတယ်လို့ သူတို့ပြောတာဆိုတာတွေ ရှိပါတယ်။ဆရာတို့က ဘာပဲဖြစ်ဖြစ် ဒါတွေဟာ တော်တော်လေးဆင်ခြင်ရမယ့်ကိစ္စပါ။ကိုယ်ကတော့ စိတ်ပူတာ တစ်ဖက်က ရင်းနှီးမြှပ်နှံမှုမလာတဲ့အထဲမှာ လာနေတဲ့ရှိနေတဲ့ ရင်းနှီးမြှပ်နှံမှုတွေ ထွက်သွားလို့ရှိရင် အန္တရာယ်က အတော်ကြီးတယ်လေ။အဲ့ဒါလေးကိုတော့ ဂရုစိုက်စေချင်တာပါ။

Opinion Leaders Media ။     ။ နယ်စပ်ကုန်သွယ်ရေးက တရုတ်ဘက်က ပိတ်ထားတာတွေရှိတော့ ဒီဘက်မှာ ဒုက္ခရောက်နေတာတွေ ခဏခဏဖြစ်နေတာကို တွေ့ရပါတယ်။ဒီလိုမကြာခဏဖြစ်တဲ့အတွက် မြန်မာကုန်သည်တွေဘက်က ဆုံးရှုံးမှု ရှိနေပါတယ်။ဒီလိုမဖြစ်အောင် ပုံမှန် နယ်စပ်ကုန်သွယ်ရေး ဖြစ်ဖို့အတွက် အစိုးရချင်း ဆွေးနွေးမှုတွေ လုပ်ဖို့နေပြီလား။
ဒါမှမဟုတ် ပုံမှန်ကုန်သွယ်မှုဖြစ်ဖို့ ဘယ်လိုစည်းမျည်းတွေ၊ ကုန်သွယ်ရေး သတ်မျတ်ချက်တွေ လိုအပ်ချက်တွေ ပြင်ဆင်ဖို့ သတ်မှတ်ဖို့ လုပ်သင့်ပြီလား ဆရာ။

ဆရာ ဒေါက်တာအောင်ထွန်းသက် ။     ။ ဆရာတို့နိုင်ငံမှာ အခု (Trade) နဲ့ ပတ်သက်ရင် ကုန်သွယ်မှုနဲ့ ပတ်သက်လာလို့ရှိရင် (cross border) ပေါ့နော်။နယ်စပ်ကုန်သွယ်မှုဟာ အင်မတန်အရေးကြီးတဲ့ကဏ္ဍဖြစ်တယ်။အဲဒီတော့ နယ်စပ်ကုန်သွယ်မှုဟာ အရေးကြီးတယ်ဆိုတာကို ဆရာတို့လက်ခံရင် ကိုယ့်နယ်စပ်ဖြစ်တဲ့ ဒီဘက်ကနေ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ လာအိုပေါ့နော်။အဲ့ဒီဒေသတွေနဲ့ နယ်စပ်ကုန်သွယ်မှု အချောမွေ့ဆုံးဖြစ်အောင် ဆရာတို့က ကြိုးစားရမှာပါဘဲ၊ ကြိုးစားတဲ့အခါကျတော့ အပေးအယူကတော့ ရှိရမှာပါဘဲ၊ ကိုယ်လိုချင်တာချည်းဘဲ ရမယ်ဆိုတဲ့ အနေအထားကတော့ ဘယ်နေရာမှမရှိပါဘူး။

အခုမရပေမယ့် သိတဲ့အတိုင်းပါဘဲ ဒါတောင် နယ်စပ်မဟုတ်တဲ့ တရုတ်နဲ့ အမေရိကန် (Trade War) ဖြစ်တာ ဟုတ်တယ်မလား။တစ်ယောက်နဲ့ တစ်ယောက် သူသာတယ်၊ ကိုယ်နာတယ်ဆိုတဲ့ အနေအထားတစ်ခုနဲ့ တစ်ခုက ပိုပြီးတင်းကြပ်လာတဲ့ အနေအထား ရှိတယ်လေ။အဲဒီတော့ တကယ်တမ်းတော့ ဆရာတို့ လက်ခံထားတာကတော့ (Eassy Trade) ပေါ့လေ၊ လွတ်လပ်တဲ့ (Trade) လွတ်လွတ်လပ်လပ် ကုန်သွယ်မှုရှိရမယ်။ဒါပေမယ့် အခုဒီဘက်ပိုင်းမှာက ပြောလာတဲ့ စကားလုံးကျတော့ (FairTrade) ပေါ့၊ တရားမျှတတဲ့ပုံစံနဲ့ ဖြစ်ရမယ်။အခု သူတို့ အချိန်မရွေး ပိတ်တာတို့ ဖွင့်တာတို့ လုပ်တာဟာ (FairTrade) မဟုတ်ဘူး။ဒီ (Trade )ကုန်သွယ်မှု စီးဆင်းဖို့ ကုန်သွယ်မှုရှင်သန်ဖို့၊ ကုန်သွယ်မှုတိုးတက်ဖို့ဆိုလို့ရှိရင် ဒီတရားဥပဒေစိုးမိုးရေးဆိုတာ ဒါက ပြည်တွင်းတရားဥပဒေစိုးမိုးရေး မဟုတ်တော့ဘူး၊ ဒါက (International) နိုင်ငံတကာ အပြည်ပြည်ဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့ လုပ်ရမယ်။အဲ့ဒီတော့ တစ်ခါတစ်လေ အဲ့ကိစ္စကလည်း ဆရာတို့က အင်အားငယ်တော့ ဆရာတို့မှာ အခက်အခဲတွေရှိပါတယ်။နောက်တစ်ခုက ဆရာတို့မှာ ပြဿနာက (Trade) နဲ့ ပတ်သက်တာက ဥပမာ - ကယားမှာဆိုရင် တကယ်တမ်းတော့ စောနက မဲခေါင်ချောင်းနဲ့ ကပ်ရပ်ပါဘဲ။
BorderTrade လုပ်လို့ရတယ်။

BorderTrade လုပ်လို့ရပေမယ့်လည်း ဆရာတို့မှာက နယ်စပ်တွေက ဆရာနားလည်သလောက်ကတော့ နယ်နမိတ်သတ်မှတ်ချက်က ပြည့်ပြည့်စုံစုံ မပြီးသေးဘူး။မပြီးသေးတဲ့အခါကျတော့ အခုပြောရတာ လွယ်ပေမယ့် ဘယ်ဟာနယ်စပ်လဲ ဘယ်ဟာနယ်စပ်မဟုတ်ဘူးလည်း ဆိုတာက ဂဃနဏမပြောနိုင်သေးဘူးလေ။မပြောနိုင်တဲ့အခါမှာ (Border Trade) ကို Border Post ၊ Trading Post တွေကို ဘယ်နေရာမှာ ထားမယ်၊ မထားဘူး ဆိုတာကလည်း ပြဿနာကလည်း တစ်ခုပေါ့။

ဒါတွေကလည်း ကြိုတင်လုပ်ရမယ့် ကိစ္စတွေ အခု တရုတ်နဲ့သော် လည်းကောင်း၊ အိန္ဒိယနဲ့သော် လည်းကောင်း အခုပြောနေတာတွေ ဒီထက်ပိုပြီး လုပ်ဖို့ကောင်းတယ်။Border Trade ကလည်း အင်မတန်အရေးကြီးတယ် ပိုပြီးသွက်လက်အောင် ဘယ်လိုလုပ်ကြမလဲ။အဲဒီတော့ တစ်ဖက်က ဆရာတို့က ဒီလိုချည်းပြောနေတယ် ဆိုပေမယ့် တစ်ဖက်ကလည်း ဘာဖြစ်နေလဲဆိုတော့ ဒီမှောင်ခိုတွေကဖြစ်နေတာကိုး အခုက informal တွေ ဆိုတာက အများကြီးရှိနေတာ။အခု ဆရာတို့ပြောနေတာက formal ပြောနေတာ။

ဒီစခန်းတွေကနေ တစ်ဆင့်လာရမယ်ဆိုတော့ ဒီစခန်းတွေကနေလာလို့ရှိရင် နိုင်ငံတော်အတွက်လည်း လုံခြုံတယ်။ငွေပမာဏလည်း ကြီးထွားတယ်ဆိုပေမယ့် အခုက အဲ့လိုအနေအထားမရှိဘဲ ဟိုဘက်ကနေလာတာကို ဖြစ်ကတတ်ဆန်း လာတဲ့အခါကျတော့ ဒီမှာအားလုံးက ဒုက္ခရောက်တယ်။အဲ့ဒါက ဆရာတို့ပြဿနာဘဲ အဲဒီတော့ BorderTrade ကို ဘယ်လိုလုပ်ပီပြင်အောင် လုပ်မလဲ။ ရှင်သန်အောင် လုပ်မလဲ။

နောက်တစ်ခါ တရားဥပဒေစိုးမိုးရေး ကိုယ့်အတွက်လည်း ရှိသေးတယ်။သူ့အတွက်လည်း အခြေအနေမဆိုးတဲ့ အနေအထားတစ်ခုကိုတော့ ဖန်တီးမှရမယ်ထင်တယ်။မဟုတ်ဘဲနဲ့ အခုဆိုရင် အချိန်မရွေး သူ ခလုတ်နှိပ်သလို ဆရာတို့မှာ အခက်အခဲရှိတာမျိုး မဖြစ်သင့်ဘူး။ဒီကုန်စည်တွေ ပိတ်လို့ပိတ်တယ်၊ ဆန်တွေပိတ်တယ် ဘာတွေပိတ်တယ် ဘာညာဆိုတာမျိုးက ကြိုတင်ပြီး အကြောင်းကြားဖို့ လိုလိမ့်မယ်။

ဒီဘက်ကလည်း ပြင်ဆင်ရအုံးမှာကိုး။အဲဒီလိုမဟုတ်ဘဲနဲ့ ဆရာတို့ သူကြိုက်တဲ့အချိန်။ဒီမှာလည်း ဒါဘာပါလဲဆိုတော့ နိုင်ငံရေးပါတယ်။အဲဒီတော့ နိုင်ငံရေးအကြောင်းအချက်တွေက အခြေခံတွေရှိတော့ စီးပွားရေး ဒီပိတ်ဆို့မှုတွေအားလုံးသည် စောနက EU နဲ့ ခပ်ဆင်ဆင်ဘဲ။နိုင်ငံရေးအခြေအနေတစ်ခုကို သူတို့က ဖိအားပေးချင်တော့ ပုံစံတစ်မျိုးနဲ့ စီးပွားရေးလက်နက်တွေ သုံးတာပေါ့။ကိုယ့်အနေနဲ့က ခံစစ်ကစားနေရတဲ့ အနေအထား ဖြစ်နေတာကိုး။အဲ့ဒါကို ခံစစ်ကစားနေတဲ့ အခြေအနေကနေ ခံစစ်ချည်းဘဲ တစ်သက်လုံး ကစားနေလို့ရမယ် မထင်ဘူး။ဆရာကတော့ တိုက်စစ်ကစားစေချင်ပါပြီ၊ ကိုယ့်ဘက်ကနေ ကုန်သွယ်မှုလွယ်အောင် ကိုယ်ဘာလုပ်ပေးရမလဲ စဉ်းစား။ဆရာတို့မှာလည်း ခက်တယ်၊ ကိုယ့်ဘက်ကကို အခက်အခဲရှိတာ ဆရာတို့မှာ ကားတွေရောင်းခွင့်မပေးတာတို့ ဟိုဝှာတွေရောင်းလို့မရဘူး၊ ဒီဟာတွေရောင်းလို့မရဘူး၊ အဲ့တော့ တစ်ဖက်ကလည်း လုပ်နေသလို ကိုယ့်ဘက်ကနေ လုပ်နေသလိုရှိတာကိုး။ဒါတွေကို ဆရာတို့က လွယ်လွယ်ကူကူပေါ့လေ တစ်ခုရှိတာက (Trade Policy) ဘယ်လိုရှိလဲ ဘယ်လိုပုံစံ ဖြစ်စေချင်လဲ ဆိုတာကိုလည်း ဆရာထင်တယ် ကျကျနနစဉ်းစားမှရမယ်လို့ ထင်တယ်။ဒီလိုမစဉ်းစားဘဲနဲ့တော့ ဒီအတိုင်းဘဲ ငြိမ်နေလိမ့်မယ်လို့ အောက်မေ့တာပါဘဲ။

Opinion Leaders Media ။     ။ မူဆယ်တို့ နယ်စပ်တွေဘက်က ‘ ၀ ’ တွေ TNLA တပ်တွေ လွှမ်းမိုးမှုတွေ ရှိတဲ့အခါ မကြာခဏဆိုသလို မူဆယ် ကုန်သွယ်ရေးလမ်းကြောင်းက အစိုးရနဲ့ ဒီအဖွဲ့တွေ ဆက်ဆံရေးအပေါ် မူတည်နေတာကို မကြာခဏတွေ့ရပါတယ်။ဒီလို နယ်စပ်ကုန်သွယ်ရေး ကောင်းမွန်ဖို့ဆိုရင် လက်ရှိအစိုးရ လုပ်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးက အရေးပါတဲ့ အနေအထားကို တွေ့ရပါတယ်။လက်ရှိမှာ KNU က ဆွေးနွေးပွဲက ခဏနားတာ၊ ‘ ၀ ’ က ရန်ကုန်ဆွေးနွေးပွဲ မတက်ဖြစ်တာ၊ TNLA နဲ့ ရှမ်းပြည်နယ်ဘက်မှာ တိုက်ပွဲတွေ ကြိုကြားကြိုကြားဖြစ်နေတာ နယ်စပ်ကုန်သွယ်ရေးကို ဘယ်လိုဖြစ်လာနိုင်စေသလဲ။
အာဏာပိုင်တွေအနေနဲ့ ဒီအဖွဲ့တွေနဲ့ ဘယ်လိုအတိုးအလျော့ လုပ်သင့်သလဲ ဆရာ။

ဆရာ ဒေါက်တာအောင်ထွန်းသက် ။     ။ ဒီလိုပေါ့။အမှန်တော့ တကယ်တမ်းတော့ အစိုးရသစ် စတက်ချိန်က စပြီး ဒီငြိမ်းချမ်းရေးကို မရ ရအောင်လုပ်မယ်ဆိုတဲ့ ဦးထိပ်ထားခဲ့ပေါ့နော်။တစ်ချို့ကျတော့လည်း ဒါကိုဝေဖန်တယ်၊ ဒါပေမယ့် တကယ်တမ်းတော့ နိုင်ငံရေးနဲ့ စီးပွားရေးက ချိတ်ဆက်နေတာပါ။အခုဖြစ်တဲ့ပြဿနာရယ် ဆရာတို့ရဲ့ ပြည်တွင်းငြိမ်းချမ်းရေး ပဋိပက္ခြုဖစ်တဲ့ အခြေခံတစ်ခုကတော့လည်း မှန်တာပြောရရင် ဆရာတို့ စီးပွားရေးအခြေခံဘဲ။ဟုတ်တယ်မလား။ဒီစီးပွားရေးနဲ့ ပတ်သက်လို့ ပြေလည်မှုတွေ မရှိတဲ့အတွက် ဆရာတို့ (Resource Sharing) ပေါ့၊ ဟို ပြည်နယ် ပြည်မ နားလည်မှုတွေလွဲတာ တစ်ယောက်နဲ့ တစ်ယောက် ပဋိပက္ခတွေဖြစ်တာလည်း သူတို့ဆီမှာရှိတဲ့ ပစ္စည်းကို ပြည်မက ယူသွားတယ်။သူတို့မှာတော့ ဘာမှအကျိုးမရှိဘူးဆိုတဲ့ ကိစ္စတွေရှိတယ်။ပြီးတော့မှ ဆရာတို့ ပြည်တွင်းငြိမ်းချမ်းရေးရဲ့ အခြေခံတစ်ခုကတော့ တောက်လျှောက်ပေါ့လေ။

ဆရာတို့ ၁၉၄၈ ခုနှစ်တည်းက ဒီကနေ့အထိ အခြေခံတစ်ခုက စီးပွားရေးအခြေခံ ဖြစ်နေတာကိုး။သူတို့ဆီမှာလည်း အခြားနည်းလမ်းမရှိတော့ ဒီပုံစံနဲ့ဘဲ ပဋိပက္ခကို အခြေခံတဲ့ စီးပွားရေးစနစ် တစ်ရပ်ကို တည်ထောင်ခဲ့တာလေ။အဲဒီတော့ ပဋိပက္ခကို တည်ထောင်တဲ့ စီးပွားရေးစနစ်ကို တည်ထောင်နေသရွေ့ကတော့ တိုင်းပြည်ရဲ့ ရေရှည်ဖွံ့ဖြိုးမှုအတွက်က အန္တရာယ်ရှိပါတယ်။အဲဒီတော့ ဆရာတို့အနေနဲ့ ပဋိပက္ခကို အခြေခံတဲ့ စီးပွားရေးစနစ် မဟုတ်ဘဲ တကယ့်ကို အခု ဆရာတို့ပြောနေတဲ့ စဉ်ဆက်မပြတ် စီးပွားရေးပုံစံ ဘာညာဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ စဉ်းစားရမှာပါ။

အခုကတော့ ဆရာတို့ NCA လက်မှတ်ထိုးတဲ့အပေါ်မှာ မူတည်ပြီးနေတာ့ ကဲဘာလုပ်ကြမလဲနော်။ဆရာတို့လည်း ကြိုးစားနေတာပါဘဲ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ သူတို့နဲ့ပေါင်းစပ်ပြီးတော့ သူတို့ရဲ့ စီးပွားရေးအခွင့်အရေးတွေ စီးပွားရေးလုပ်မယ် ဆိုတဲ့ဟာက သူတို့အနေနဲ့ကတော့ သူတို့က စီးပွားရေးကို ဂဃနဏလုပ်တတ်တဲ့ အတွေ့အကြုံလည်းမရှိ။သူတို့ကိုလည်း အပြစ်တင်လို့မဖြစ်ဘူး၊ သူတို့အနေအထားကလည်း ဒီလိုဘဲရှိတာကိုး။အဲ့တော့ ဆရာတို့အနေနဲ့ စီးပွားရေးလုပ်တတ်အောင် အခွင့်အရေးတွေလည်း အရင်တုန်းကလို လိုင်စင်ချပေးတဲ့ပုံစံနဲ့ လုပ်လို့မရပါဘူး။စီးပွားရေးကို ဟုတ်တယ်မလား သူတို့နားလည်တာက ဒါ ဆရာတို့ပြောတဲ့ ကိစ္စကလည်း သူ့မှာလည်းအပြစ်ရှိတာကိုး။အဲဒီတော့ စီးပွားရေးလုပ်တဲ့အခါမှာ လိုင်စင်တွေချတယ်၊ ပါမစ်တွေချတယ်၊ အခွင့်အရေးတွေပေးပြီး စီးပွားရေးလုပ်ခဲ့တဲ့ အနေအထားကနေ စီးပွားရေးကို တကယ့်စီးပွားရေးစစ်စစ် လုပ်နိုင်အောင် ဖန်တီးရမယ်လို့တော့ ဆရာတော့ အဲဒီလိုအောက်မေ့တာပါဘဲ။

လုပ်နိုင်ဖို့ကိုလည်း ဆရာတို့ ကြိုးစားနေပါတယ်၊ ဆရာတို့ တွေ့နေတာပါဘဲ ဒီမြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းတို့ ဘာတို့နဲ့ အဖွဲ့အစည်းတွေနဲ့ လုပ်မှရမယ်ထင်တယ်။သူတို့မှာလည်း ရွေးချယ်စရာမရှိဘူးလေ၊ သူတို့ တစ်သက်လုံး ပဋိပက္ခထဲက ထွက်လာတဲ့သူတွေကို စီးပွားရေးတွေ ဒီကနေ့လုပ်ပါဆိုလို့ မရပါဘူး။သူတို့ အကျင့်ရဖို့လိုတယ်။ကုမ္ပဏီတွေ ထောင်ပေးဖို့လိုတယ်၊ စီးပွားရေးအခွင့်အလမ်းတွေ လုပ်ဖို့လိုတယ်။ဈေးကွက်စီးပွားရေးစနစ်ကို နားလည်ဖို့လိုတယ်၊ မဟုတ်ရင်တော့ သူတို့နားလည်တဲ့ စီးပွားရေးစနစ်ကို ဆရာတို့အနေနဲ့ အဲ့အတိုင်း လိုက်လျောရင်ရော ရေရှည် ဆရာတို့ တိုးတက်မှုဟာ အင်မတန်အားနည်းတယ်လို့ ဆရာကတော့ အဲဒီလိုဘဲယူဆပါတယ်နော်။     

Opinion Leaders Media ။     ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။

ဒေါက်တာအောင်ထွန်းသက်
အောက်တိုဘာ - ၃၁
Photo Credit : YouTube

( Zawgyi )

မၾကာခင္က EU မွ ျမန္မာႏိုင္ငံကိုေပးတဲ့ GSP အခြင့္အေရးကို ႐ုတ္သိမ္းမည့္ သတင္းမ်ား ေပၚထြက္လာခဲ့ပါတယ္။ယခုရက္သတၱပတ္အတြင္း ဖုယြင္ အလုပ္သမား ျပႆနာႏွင့္ နယ္စပ္ကုန္သြယ္ေရးတြင္ အဓိကျဖစ္သည့္ မူဆယ္ နယ္စပ္ကုန္သြယ္ေရးစခန္းတြင္ တစ္ဘက္မွ နယ္စပ္အဖြင့္အပိတ္ျပႆနာ မၾကာခဏျဖစ္ေနမႈေၾကာင့္ ကုန္သြယ္ေရးက်ဆင္းမႈကို ေတြ႕ႀကဳံေနရပါတယ္။ထိုသို႔ စီးပြားေရးဆိုင္ရာ ျပည္တြင္း ျပည္ပ အခက္အခဲမ်ားေၾကာင့္ ျမန္မာ့စီးပြားေရး အခက္အခဲ မည္မွ်ျဖစ္ေပၚလာႏိုင္ဖြယ္ရာရွိမႈႏွင့္ FDI ဝင္ေရာက္မႈကို မည္မွ်သက္ေရာက္လာႏိုင္သည္ကို သမၼတ၏ စီးပြားေရးအႀကံေပးႏွင့္ စီးပြားေရးပညာရွင္လည္းျဖစ္သူ ဆရာ ေဒါက္တာေအာင္ထြန္းသက္ ကို Opinion Leaders Media မွ ေမးျမန္းခဲ့သည္။ဆရာ ေဒါက္တာေအာင္ထြန္းသက္ ၏ ရႈျမင္သုံးသပ္သည့္ ရႈျမင္ခ်က္အျပည့္အစုံကို ယခုတစ္ပတ္ အထူးအစီအစဥ္အျဖစ္ ေဖာ္ျပလိုက္ပါသည္။

(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion Leaders Media ။     ။ မၾကာခင္က ဥေရာပသမဂၢကေန ျမန္မာႏိုင္ငံကို GSP ေပးထားတဲ့ အေနအထားကေန ရခိုင္ေျမာက္ပိုင္း ကိစၥေတြေၾကာင့္ ပိတ္ဆို႔႐ုပ္သိမ္းမႈေတြလုပ္ဖို႔ ရွိလာတယ္လို႔ သတင္းေတြ ထြက္လာတာကို ေတြ႕ရပါတယ္ ဆရာ။
တစ္ကယ္လို႔ ပိတ္ဆို႔မႈေတြ GSP ႐ုပ္သိမ္းမႈေတြ ျဖစ္လာရင္ ျမန္မာ့စီးပြားေရး အေျခအေနက ဘယ္လိုေတြ ျဖစ္လာႏိုင္ပါသလဲ ဆရာ။

ဆရာ ေဒါက္တာေအာင္ထြန္းသက္ ။     ။ အဓိက က သူတို႔ပိတ္ဆို႔မယ္လို႔ စဥ္းစားေနတဲ့ကိစၥဟာ ဆရာထင္တယ္။ဆရာတို႔ အလုပ္အကိုင္ အခြင့္အေရးေတြ အမ်ားႀကီးဖန္တီးေပးတဲ့ က႑ေတြျဖစ္တဲ့ ဆရာတို႔ အထည္တို႔ စက္႐ုံေတြ အလုပ္႐ုံေတြ ၿပီးေတာ့မွ သူတို႔ (GSP) ေပးတဲ့အထဲမွာ သားငါးက႑ အစရွိသျဖင့္ေပါ့ေလ။အဲ့ဒါေတြရွိေတာ့ ဆရာ စိတ္ထဲေတာ့ မလုပ္ပါေစနဲ႔လို႔ဘဲ ဆုေတာင္းရတာပါ။ဒါက မလုပ္သင့္တဲ့ကိစၥပါ၊ တကယ္တမ္းေတာ့ သူတို႔အျပစ္တင္တယ္၊ အေရးယူတယ္ဆိုတာ ဒီလူေတြမွ မဟုတ္တာ။အဲဒီေတာ့ သူတို႔အေနနဲ႔ သူတို႔သုံးတဲ့ စကားလုံးကေတာ့ (Collective punishmen ေပါ့ေလ၊ အားလုံးမွာ တာဝန္ရွိတယ္။တာဝန္ရွိတဲ့အတြက္ အားလုံးကို ဒဏ္ခတ္မယ္ဆိုတဲ့ အေတြးအေခၚႀကီးက ဆရာထင္တယ္၊ မရွိသင့္တဲ့ အေတြးအေခၚႀကီးပါ။တကယ္တမ္းျဖစ္သင့္တာေတာ့ စက္႐ုံ၊ အလုပ္႐ုံေတြ ရွိတဲ့အတြက္ စားဝတ္ေနေရး အဆင္ေျပေအာင္ ဖန္တီးေပးႏိုင္တဲ့ နည္းလမ္းေတြဘက္က အေျခအေနေကာင္းတယ္ေလ။

အေျခအေနေကာင္းေတာ့ ဆရာထင္တာက စီးပြားေရးကို ခဏထားၿပီး လူမႈေရးျပႆနာေတြ ေတာ္ေတာ္ႀကီးႏိုင္တယ္။အလုပ္လက္မဲ့ ျဖစ္တဲ့အခါမွာ ဒီလူေတြ ဒီကေလးမေတြ အထူးသျဖင့္ေပါ့ ကိုယ့္ႏိုင္ငံမွာ အလုပ္ လုပ္ႏိုင္တဲ့အတြက္ ႏိုင္ငံျခားကိုသြားၿပီး အလုပ္လုပ္စရာ မလိုဘူး။ႏိုင္ငံျခားသြားလုပ္ရတယ္ဆိုတာ တကယ္တမ္းေတာ့ လြယ္တာမဟုတ္ဘူးေနာ္။အခြင့္အေရးေတြ ေနာက္အႏၲရာယ္ကလည္း အမ်ားႀကီး၊ ဒါေတြအားလုံးကို ဆရာတို႔ ေခါင္းထဲမထည့္ဘဲနဲ႔ ႏိုင္ငံေရးဒဏ္ခတ္တဲ့ဟာ တစ္ခုတည္းနဲ႔ စဥ္းစားတာကေတာ့ မျဖစ္သင့္ဘူးလို႔ ဆရာေတာ့ အဲဒီလိုယူဆပါတယ္။

Opinion Leaders Media ။     ။ အခုလတ္တေလာမွာ အလုပ္သမားျပႆနာေတြ ျဖစ္လာတာကို ေတြ႕လာရပါတယ္။ဒီျပႆနာမွာ အစိုးရပိုင္းက ဝင္ရွင္းေနတာကို ေတြ႕ရသလို အမ်ားစုကလည္း အာ႐ုံစိုက္ေနၾကတာကို ေတြ႕ရပါတယ္။လက္ရွိမွာ ျပည္တြင္းကို ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံသူေတြဝင္လာဖို႔ လုပ္ေဆာင္ေနတဲ့ အားစိုက္ လုပ္ ေဆာင္ေနတဲ့ အခ်ိန္မွာ ဒီျပႆနာမ်ိဳးမၾကာခဏျဖစ္ေပၚေနတာက FDI   ဝင္လာမႈကို ဘယ္ေလာက္ထိ ထိ ခိုက္လာႏိုင္သလဲ ဆရာ။

ဆရာ ေဒါက္တာေအာင္ထြန္းသက္ ။     ။ အားလုံးက ဆက္စပ္ေနတာပဲကြဲ႕။အလုပ္ရွင္ အလုပ္သမား ျပႆနာေတြ တေျဖးေျဖးေပၚလာတယ္။ဒီေန႔ဂ်ာနယ္ထဲမွာေတာင္ ဝင္ၿပီးေျဖရွင္းေနရတယ္ တာဝန္ရွိတဲ့သူေတြက။ၿပီးေတာ့ ဆရာတို႔ဆီမွာလည္း အနည္းဆုံး လုပ္ခလစာ ျပႆနာႀကီးကလည္း ရွိတယ္။အဲဒီေတာ့ ဒါေတြအားလုံး တစ္ဖက္ကလည္း အလုပ္သမားျပႆနာေတြရွိလို႔ ဒီ (FDI)။

ဆရာတို႔မွာ နဂိုကတည္းကမွ (FDI) ရဖို႔ကို အမ်ိဳးမ်ိဳးႀကိဳးစားေနတဲ့ အခ်ိန္မွာ တကယ္တမ္းေတာ့ (FDI) ဝင္တဲ့အခါမွာ ဝင္၏ မဝင္၏ ဆိုတာ ႏိုင္ငံရဲ႕ စီးပြားေရးအေဆာက္အအုံကို ယုံၾကည္မႈဘယ္ေလာက္ရွိလဲဆိုတာကို မူတည္တာကိုး။အခုလို ျပႆနာေတြ၊ ပဋိပကၡေတြ ခဏခဏျဖစ္ေနရင္ ယုံၾကည္မႈက ေလ်ာ့တာေပါ့။ယုံၾကည္မႈက ေလ်ာ့လာတယ္ဆိုရင္ ဆရာတို႔အတြက္ အႏၲရာယ္ဘဲ။ဒါက အလုပ္သမား၊ အလုပ္ရွင္ ျပႆနာကို အလုပ္သမား၊ အလုပ္ရွင္ ျပႆနာတစ္ခုတည္းလို႔ သပ္သပ္မစဥ္းစားဘဲနဲ႔ တကယ့္ကို ႏိုင္ငံေရးေဘာဂေဗဒပုံစံနဲ႔ ၾကည့္ၿပီးေတာ့ ဒီျပႆနာေတြကို ဘယ္လိုေျဖရွင္းမလဲ စဥ္းစားဖို႔လိုတယ္၊ ေနာက္ပေယာဂေတြကလည္း အမ်ားႀကီးဘဲ။

ေနာက္မၿငိမ္မသက္ျဖစ္ေအာင္ ဖန္တီးတာေတြ၊ အျမတ္ထုတ္ခ်င္တဲ့သူေတြက အမ်ားႀကီးဘဲ။အဲဒီေတာ့ ဆရာတို႔မွာ အဲ့ဒီအလုပ္သမားေတြခမ်ာ ေျမဇာပင္ေတြမျဖစ္ဖို႔ လိုတယ္။အလုပ္ရွင္ဘက္ကၾကည့္ရင္ အလုပ္ရွင္ကတစ္မ်ိဳး၊ ျပည္တြင္းအလုပ္ရွင္ေတြရွိသလို၊ ျပည္ပအလုပ္ရွင္ ႏိုင္ငံျခားအလုပ္ရွင္ေတြရွိတယ္။သူတို႔က ကိုယ့္ႏိုင္ငံကို လာရင္းႏွီးျမဳပ္ႏွံတဲ့အခါမွာ သူတို႔တမ္းတ ေမွ်ာ္မွန္းထားတာက ပုံစံတစ္မ်ိဳးေလ။အဲဒီေတာ့ သူတို႔အေနနဲ႔ စိတ္မခ်ရလို႔ ယူဆရလို႔ စိုးရိမ္တဲ့အေျခအေန သူတို႔အေနနဲ႔ သီးျခားေနတဲ့ ႏိုင္ငံကိုသြားမွာဘဲ။ဆရာတို႔ ကေမာၻဒီးယားမွာ အဲဒီလိုျဖစ္ေတာ့လည္း ျပႆနာေတြရွိခဲ့တယ္။ဗီယက္နမ္မွာလည္း ဒီပုံစံပါဘဲ။အဲဒီအခါမွာ ဆရာတို႔အေနနဲ႔ တတ္ႏိုင္သမွ် ထိန္းဖို႔လိုပါလိမ့္မယ္၊ အခုနကေျပာတဲ့ကိစၥ တရားဥပေဒစိုးမိုးေရးကလည္း အေရးႀကီးတာကိုး။

အခုနကေျပာသလို တရားဥပေဒစိုးမိုးေရးက နည္းနည္းအားနည္းတဲ့အခါက်ေတာ့ အလုပ္ရွင္ေတြကလည္း ပုံစံတစ္မ်ိဳး၊ အလုပ္သမားေတြကလည္း ပုံစံတစ္မ်ိဳးနဲ႔ဆိုေတာ့ အဲ့ဒီရဲ႕႐ုပ္ပုံဟာ ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံတဲ့သူေတြကို တထိတ္တလန႔္ျဖစ္ေစႏိုင္တဲ့ အေနအထားရွိတယ္ေလ။အဲဒီေတာ့ တစ္ဖက္က လာပါလာပါလို႔ ေခၚေပမယ့္ တစ္ဖက္ကလည္း အလုပ္သမားျပႆနာေတြေၾကာင့္ စက္႐ုံေတြ၊ အလုပ္႐ုံေတြ ပိတ္ရတယ္ဆိုတဲ့ သတင္းေတြကိုလည္း မေရာက္ေစခ်င္ဘူးေလ။

တစ္ခ်ိဳ႕လုပ္ငန္းေတြကလည္း ဆရာတို႔ ျမန္မာျပည္မွာ ရင္းႏွီးျမႇပ္ႏွံလို႔ရွိရင္ ငါးႏွစ္စာ အခြန္ကင္းလြတ္ခြင့္ ရတယ္ေလ။အဲဒီလို ကင္းလြတ္ခြင့္ရတဲ့ကာလ ၿပီးသြားတဲ့အခ်ိန္မွာ သူတို႔က ဒီအလုပ္သမားျပႆနာကို သူတို႔က လုပ္ကြက္ဖြဲ႕ၿပီး လုပ္တာလည္းရွိတယ္။သူတို႔အေနနဲ႔ ဒီအခြန္ကင္းလြတ္ခြင့္ မရေတာ့ဘူး။မရတဲ့အတူတူ စက္႐ုံ အလုပ္႐ုံေတြ ပိတ္တာဟာ ႐ိုး႐ိုးပိတ္တာမဟုတ္ဘဲ၊ အလုပ္သမားျပႆနာေတြရွိလို႔ ပိတ္ရပါတယ္လို႔ သူတို႔ေျပာတာဆိုတာေတြ ရွိပါတယ္။ဆရာတို႔က ဘာပဲျဖစ္ျဖစ္ ဒါေတြဟာ ေတာ္ေတာ္ေလးဆင္ျခင္ရမယ့္ကိစၥပါ။ကိုယ္ကေတာ့ စိတ္ပူတာ တစ္ဖက္က ရင္းႏွီးျမႇပ္ႏွံမႈမလာတဲ့အထဲမွာ လာေနတဲ့ရွိေနတဲ့ ရင္းႏွီးျမႇပ္ႏွံမႈေတြ ထြက္သြားလို႔ရွိရင္ အႏၲရာယ္က အေတာ္ႀကီးတယ္ေလ။အဲ့ဒါေလးကိုေတာ့ ဂ႐ုစိုက္ေစခ်င္တာပါ။

Opinion Leaders Media ။     ။ နယ္စပ္ကုန္သြယ္ေရးက တ႐ုတ္ဘက္က ပိတ္ထားတာေတြရွိေတာ့ ဒီဘက္မွာ ဒုကၡေရာက္ေနတာေတြ ခဏခဏျဖစ္ေနတာကို ေတြ႕ရပါတယ္။ဒီလိုမၾကာခဏျဖစ္တဲ့အတြက္ ျမန္မာကုန္သည္ေတြဘက္က ဆုံးရႈံးမႈ ရွိေနပါတယ္။ဒီလိုမျဖစ္ေအာင္ ပုံမွန္ နယ္စပ္ကုန္သြယ္ေရး ျဖစ္ဖို႔အတြက္ အစိုးရခ်င္း ေဆြးေႏြးမႈေတြ လုပ္ဖို႔ေနၿပီလား။
ဒါမွမဟုတ္ ပုံမွန္ကုန္သြယ္မႈျဖစ္ဖို႔ ဘယ္လိုစည္းမ်ည္းေတြ၊ ကုန္သြယ္ေရး သတ္မ်တ္ခ်က္ေတြ လိုအပ္ခ်က္ေတြ ျပင္ဆင္ဖို႔ သတ္မွတ္ဖို႔ လုပ္သင့္ၿပီလား ဆရာ။

ဆရာ ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဆရာတို႔ႏိုင္ငံမွာ အခု (Trade) နဲ႔ ပတ္သက္ရင္ ကုန္သြယ္မႈနဲ႔ ပတ္သက္လာလို႔ရွိရင္ (cross border) ေပါ့ေနာ္။နယ္စပ္ကုန္သြယ္မႈဟာ အင္မတန္အေရးႀကီးတဲ့က႑ျဖစ္တယ္။အဲဒီေတာ့ နယ္စပ္ကုန္သြယ္မႈဟာ အေရးႀကီးတယ္ဆိုတာကို ဆရာတို႔လက္ခံရင္ ကိုယ့္နယ္စပ္ျဖစ္တဲ့ ဒီဘက္ကေန ဘဂၤလားေဒ့ရွ္၊ အိႏၵိယ၊ တ႐ုတ္၊ ထိုင္း၊ လာအိုေပါ့ေနာ္။အဲ့ဒီေဒသေတြနဲ႔ နယ္စပ္ကုန္သြယ္မႈ အေခ်ာေမြ႕ဆုံးျဖစ္ေအာင္ ဆရာတို႔က ႀကိဳးစားရမွာပါဘဲ၊ ႀကိဳးစားတဲ့အခါက်ေတာ့ အေပးအယူကေတာ့ ရွိရမွာပါဘဲ၊ ကိုယ္လိုခ်င္တာခ်ည္းဘဲ ရမယ္ဆိုတဲ့ အေနအထားကေတာ့ ဘယ္ေနရာမွမရွိပါဘူး။

အခုမရေပမယ့္ သိတဲ့အတိုင္းပါဘဲ ဒါေတာင္ နယ္စပ္မဟုတ္တဲ့ တ႐ုတ္နဲ႔ အေမရိကန္ (Trade War) ျဖစ္တာ ဟုတ္တယ္မလား။တစ္ေယာက္နဲ႔ တစ္ေယာက္ သူသာတယ္၊ ကိုယ္နာတယ္ဆိုတဲ့ အေနအထားတစ္ခုနဲ႔ တစ္ခုက ပိုၿပီးတင္းၾကပ္လာတဲ့ အေနအထား ရွိတယ္ေလ။အဲဒီေတာ့ တကယ္တမ္းေတာ့ ဆရာတို႔ လက္ခံထားတာကေတာ့ (Eassy Trade) ေပါ့ေလ၊ လြတ္လပ္တဲ့ (Trade) လြတ္လြတ္လပ္လပ္ ကုန္သြယ္မႈရွိရမယ္။ဒါေပမယ့္ အခုဒီဘက္ပိုင္းမွာက ေျပာလာတဲ့ စကားလုံးက်ေတာ့ (FairTrade) ေပါ့၊ တရားမွ်တတဲ့ပုံစံနဲ႔ ျဖစ္ရမယ္။အခု သူတို႔ အခ်ိန္မေ႐ြး ပိတ္တာတို႔ ဖြင့္တာတို႔ လုပ္တာဟာ (FairTrade) မဟုတ္ဘူး။ဒီ (Trade )ကုန္သြယ္မႈ စီးဆင္းဖို႔ ကုန္သြယ္မႈရွင္သန္ဖို႔၊ ကုန္သြယ္မႈတိုးတက္ဖို႔ဆိုလို႔ရွိရင္ ဒီတရားဥပေဒစိုးမိုးေရးဆိုတာ ဒါက ျပည္တြင္းတရားဥပေဒစိုးမိုးေရး မဟုတ္ေတာ့ဘူး၊ ဒါက (International) ႏိုင္ငံတကာ အျပည္ျပည္ဆိုင္ရာ လုပ္ထုံးလုပ္နည္းနဲ႔ လုပ္ရမယ္။အဲ့ဒီေတာ့ တစ္ခါတစ္ေလ အဲ့ကိစၥကလည္း ဆရာတို႔က အင္အားငယ္ေတာ့ ဆရာတို႔မွာ အခက္အခဲေတြရွိပါတယ္။ေနာက္တစ္ခုက ဆရာတို႔မွာ ျပႆနာက (Trade) နဲ႔ ပတ္သက္တာက ဥပမာ - ကယားမွာဆိုရင္ တကယ္တမ္းေတာ့ ေစာနက မဲေခါင္ေခ်ာင္းနဲ႔ ကပ္ရပ္ပါဘဲ။
BorderTrade လုပ္လို႔ရတယ္။

BorderTrade လုပ္လို႔ရေပမယ့္လည္း ဆရာတို႔မွာက နယ္စပ္ေတြက ဆရာနားလည္သေလာက္ကေတာ့ နယ္နမိတ္သတ္မွတ္ခ်က္က ျပည့္ျပည့္စုံစုံ မၿပီးေသးဘူး။မၿပီးေသးတဲ့အခါက်ေတာ့ အခုေျပာရတာ လြယ္ေပမယ့္ ဘယ္ဟာနယ္စပ္လဲ ဘယ္ဟာနယ္စပ္မဟုတ္ဘူးလည္း ဆိုတာက ဂဃနဏမေျပာႏိုင္ေသးဘူးေလ။မေျပာႏိုင္တဲ့အခါမွာ (Border Trade) ကို Border Post ၊ Trading Post ေတြကို ဘယ္ေနရာမွာ ထားမယ္၊ မထားဘူး ဆိုတာကလည္း ျပႆနာကလည္း တစ္ခုေပါ့။

ဒါေတြကလည္း ႀကိဳတင္လုပ္ရမယ့္ ကိစၥေတြ အခု တ႐ုတ္နဲ႔ေသာ္ လည္းေကာင္း၊ အိႏၵိယနဲ႔ေသာ္ လည္းေကာင္း အခုေျပာေနတာေတြ ဒီထက္ပိုၿပီး လုပ္ဖို႔ေကာင္းတယ္။Border Trade ကလည္း အင္မတန္အေရးႀကီးတယ္ ပိုၿပီးသြက္လက္ေအာင္ ဘယ္လိုလုပ္ၾကမလဲ။အဲဒီေတာ့ တစ္ဖက္က ဆရာတို႔က ဒီလိုခ်ည္းေျပာေနတယ္ ဆိုေပမယ့္ တစ္ဖက္ကလည္း ဘာျဖစ္ေနလဲဆိုေတာ့ ဒီေမွာင္ခိုေတြကျဖစ္ေနတာကိုး အခုက informal ေတြ ဆိုတာက အမ်ားႀကီးရွိေနတာ။အခု ဆရာတို႔ေျပာေနတာက formal ေျပာေနတာ။

ဒီစခန္းေတြကေန တစ္ဆင့္လာရမယ္ဆိုေတာ့ ဒီစခန္းေတြကေနလာလို႔ရွိရင္ ႏိုင္ငံေတာ္အတြက္လည္း လုံၿခဳံတယ္။ေငြပမာဏလည္း ႀကီးထြားတယ္ဆိုေပမယ့္ အခုက အဲ့လိုအေနအထားမရွိဘဲ ဟိုဘက္ကေနလာတာကို ျဖစ္ကတတ္ဆန္း လာတဲ့အခါက်ေတာ့ ဒီမွာအားလုံးက ဒုကၡေရာက္တယ္။အဲ့ဒါက ဆရာတို႔ျပႆနာဘဲ အဲဒီေတာ့ BorderTrade ကို ဘယ္လိုလုပ္ပီျပင္ေအာင္ လုပ္မလဲ။ ရွင္သန္ေအာင္ လုပ္မလဲ။

ေနာက္တစ္ခါ တရားဥပေဒစိုးမိုးေရး ကိုယ့္အတြက္လည္း ရွိေသးတယ္။သူ႔အတြက္လည္း အေျခအေနမဆိုးတဲ့ အေနအထားတစ္ခုကိုေတာ့ ဖန္တီးမွရမယ္ထင္တယ္။မဟုတ္ဘဲနဲ႔ အခုဆိုရင္ အခ်ိန္မေ႐ြး သူ ခလုတ္ႏွိပ္သလို ဆရာတို႔မွာ အခက္အခဲရွိတာမ်ိဳး မျဖစ္သင့္ဘူး။ဒီကုန္စည္ေတြ ပိတ္လို႔ပိတ္တယ္၊ ဆန္ေတြပိတ္တယ္ ဘာေတြပိတ္တယ္ ဘာညာဆိုတာမ်ိဳးက ႀကိဳတင္ၿပီး အေၾကာင္းၾကားဖို႔ လိုလိမ့္မယ္။

ဒီဘက္ကလည္း ျပင္ဆင္ရအုံးမွာကိုး။အဲဒီလိုမဟုတ္ဘဲနဲ႔ ဆရာတို႔ သူႀကိဳက္တဲ့အခ်ိန္။ဒီမွာလည္း ဒါဘာပါလဲဆိုေတာ့ ႏိုင္ငံေရးပါတယ္။အဲဒီေတာ့ ႏိုင္ငံေရးအေၾကာင္းအခ်က္ေတြက အေျခခံေတြရွိေတာ့ စီးပြားေရး ဒီပိတ္ဆို႔မႈေတြအားလုံးသည္ ေစာနက EU နဲ႔ ခပ္ဆင္ဆင္ဘဲ။ႏိုင္ငံေရးအေျခအေနတစ္ခုကို သူတို႔က ဖိအားေပးခ်င္ေတာ့ ပုံစံတစ္မ်ိဳးနဲ႔ စီးပြားေရးလက္နက္ေတြ သုံးတာေပါ့။ကိုယ့္အေနနဲ႔က ခံစစ္ကစားေနရတဲ့ အေနအထား ျဖစ္ေနတာကိုး။အဲ့ဒါကို ခံစစ္ကစားေနတဲ့ အေျခအေနကေန ခံစစ္ခ်ည္းဘဲ တစ္သက္လုံး ကစားေနလို႔ရမယ္ မထင္ဘူး။ဆရာကေတာ့ တိုက္စစ္ကစားေစခ်င္ပါၿပီ၊ ကိုယ့္ဘက္ကေန ကုန္သြယ္မႈလြယ္ေအာင္ ကိုယ္ဘာလုပ္ေပးရမလဲ စဥ္းစား။ဆရာတို႔မွာလည္း ခက္တယ္၊ ကိုယ့္ဘက္ကကို အခက္အခဲရွိတာ ဆရာတို႔မွာ ကားေတြေရာင္းခြင့္မေပးတာတို႔ ဟိုဝွာေတြေရာင္းလို႔မရဘူး၊ ဒီဟာေတြေရာင္းလို႔မရဘူး၊ အဲ့ေတာ့ တစ္ဖက္ကလည္း လုပ္ေနသလို ကိုယ့္ဘက္ကေန လုပ္ေနသလိုရွိတာကိုး။ဒါေတြကို ဆရာတို႔က လြယ္လြယ္ကူကူေပါ့ေလ တစ္ခုရွိတာက (Trade Policy) ဘယ္လိုရွိလဲ ဘယ္လိုပုံစံ ျဖစ္ေစခ်င္လဲ ဆိုတာကိုလည္း ဆရာထင္တယ္ က်က်နနစဥ္းစားမွရမယ္လို႔ ထင္တယ္။ဒီလိုမစဥ္းစားဘဲနဲ႔ေတာ့ ဒီအတိုင္းဘဲ ၿငိမ္ေနလိမ့္မယ္လို႔ ေအာက္ေမ့တာပါဘဲ။

Opinion Leaders Media ။     ။ မူဆယ္တို႔ နယ္စပ္ေတြဘက္က ‘ ၀ ’ ေတြ TNLA တပ္ေတြ လႊမ္းမိုးမႈေတြ ရွိတဲ့အခါ မၾကာခဏဆိုသလို မူဆယ္ ကုန္သြယ္ေရးလမ္းေၾကာင္းက အစိုးရနဲ႔ ဒီအဖြဲ႕ေတြ ဆက္ဆံေရးအေပၚ မူတည္ေနတာကို မၾကာခဏေတြ႕ရပါတယ္။ဒီလို နယ္စပ္ကုန္သြယ္ေရး ေကာင္းမြန္ဖို႔ဆိုရင္ လက္ရွိအစိုးရ လုပ္ေနတဲ့ ျပည္တြင္းၿငိမ္းခ်မ္းေရးက အေရးပါတဲ့ အေနအထားကို ေတြ႕ရပါတယ္။လက္ရွိမွာ KNU က ေဆြးေႏြးပြဲက ခဏနားတာ၊ ‘ ၀ ’ က ရန္ကုန္ေဆြးေႏြးပြဲ မတက္ျဖစ္တာ၊ TNLA နဲ႔ ရွမ္းျပည္နယ္ဘက္မွာ တိုက္ပြဲေတြ ႀကိဳၾကားႀကိဳၾကားျဖစ္ေနတာ နယ္စပ္ကုန္သြယ္ေရးကို ဘယ္လိုျဖစ္လာႏိုင္ေစသလဲ။
အာဏာပိုင္ေတြအေနနဲ႔ ဒီအဖြဲ႕ေတြနဲ႔ ဘယ္လိုအတိုးအေလ်ာ့ လုပ္သင့္သလဲ ဆရာ။

ဆရာ ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဒီလိုေပါ့။အမွန္ေတာ့ တကယ္တမ္းေတာ့ အစိုးရသစ္ စတက္ခ်ိန္က စၿပီး ဒီၿငိမ္းခ်မ္းေရးကို မရ ရေအာင္လုပ္မယ္ဆိုတဲ့ ဦးထိပ္ထားခဲ့ေပါ့ေနာ္။တစ္ခ်ိဳ႕က်ေတာ့လည္း ဒါကိုေဝဖန္တယ္၊ ဒါေပမယ့္ တကယ္တမ္းေတာ့ ႏိုင္ငံေရးနဲ႔ စီးပြားေရးက ခ်ိတ္ဆက္ေနတာပါ။အခုျဖစ္တဲ့ျပႆနာရယ္ ဆရာတို႔ရဲ႕ ျပည္တြင္းၿငိမ္းခ်မ္းေရး ပဋိပၾကၡုဖစ္တဲ့ အေျခခံတစ္ခုကေတာ့လည္း မွန္တာေျပာရရင္ ဆရာတို႔ စီးပြားေရးအေျခခံဘဲ။ဟုတ္တယ္မလား။ဒီစီးပြားေရးနဲ႔ ပတ္သက္လို႔ ေျပလည္မႈေတြ မရွိတဲ့အတြက္ ဆရာတို႔ (Resource Sharing) ေပါ့၊ ဟို ျပည္နယ္ ျပည္မ နားလည္မႈေတြလြဲတာ တစ္ေယာက္နဲ႔ တစ္ေယာက္ ပဋိပကၡေတြျဖစ္တာလည္း သူတို႔ဆီမွာရွိတဲ့ ပစၥည္းကို ျပည္မက ယူသြားတယ္။သူတို႔မွာေတာ့ ဘာမွအက်ိဳးမရွိဘူးဆိုတဲ့ ကိစၥေတြရွိတယ္။ၿပီးေတာ့မွ ဆရာတို႔ ျပည္တြင္းၿငိမ္းခ်မ္းေရးရဲ႕ အေျခခံတစ္ခုကေတာ့ ေတာက္ေလွ်ာက္ေပါ့ေလ။

ဆရာတို႔ ၁၉၄၈ ခုႏွစ္တည္းက ဒီကေန႔အထိ အေျခခံတစ္ခုက စီးပြားေရးအေျခခံ ျဖစ္ေနတာကိုး။သူတို႔ဆီမွာလည္း အျခားနည္းလမ္းမရွိေတာ့ ဒီပုံစံနဲ႔ဘဲ ပဋိပကၡကို အေျခခံတဲ့ စီးပြားေရးစနစ္ တစ္ရပ္ကို တည္ေထာင္ခဲ့တာေလ။အဲဒီေတာ့ ပဋိပကၡကို တည္ေထာင္တဲ့ စီးပြားေရးစနစ္ကို တည္ေထာင္ေနသေ႐ြ႕ကေတာ့ တိုင္းျပည္ရဲ႕ ေရရွည္ဖြံ႕ၿဖိဳးမႈအတြက္က အႏၲရာယ္ရွိပါတယ္။အဲဒီေတာ့ ဆရာတို႔အေနနဲ႔ ပဋိပကၡကို အေျခခံတဲ့ စီးပြားေရးစနစ္ မဟုတ္ဘဲ တကယ့္ကို အခု ဆရာတို႔ေျပာေနတဲ့ စဥ္ဆက္မျပတ္ စီးပြားေရးပုံစံ ဘာညာျဖစ္ေအာင္ ဘယ္လိုလုပ္ၾကမလဲ စဥ္းစားရမွာပါ။

အခုကေတာ့ ဆရာတို႔ NCA လက္မွတ္ထိုးတဲ့အေပၚမွာ မူတည္ၿပီးေနတာ့ ကဲဘာလုပ္ၾကမလဲေနာ္။ဆရာတို႔လည္း ႀကိဳးစားေနတာပါဘဲ၊ စီးပြားေရးလုပ္ငန္းရွင္ေတြနဲ႔ သူတို႔နဲ႔ေပါင္းစပ္ၿပီးေတာ့ သူတို႔ရဲ႕ စီးပြားေရးအခြင့္အေရးေတြ စီးပြားေရးလုပ္မယ္ ဆိုတဲ့ဟာက သူတို႔အေနနဲ႔ကေတာ့ သူတို႔က စီးပြားေရးကို ဂဃနဏလုပ္တတ္တဲ့ အေတြ႕အႀကဳံလည္းမရွိ။သူတို႔ကိုလည္း အျပစ္တင္လို႔မျဖစ္ဘူး၊ သူတို႔အေနအထားကလည္း ဒီလိုဘဲရွိတာကိုး။အဲ့ေတာ့ ဆရာတို႔အေနနဲ႔ စီးပြားေရးလုပ္တတ္ေအာင္ အခြင့္အေရးေတြလည္း အရင္တုန္းကလို လိုင္စင္ခ်ေပးတဲ့ပုံစံနဲ႔ လုပ္လို႔မရပါဘူး။စီးပြားေရးကို ဟုတ္တယ္မလား သူတို႔နားလည္တာက ဒါ ဆရာတို႔ေျပာတဲ့ ကိစၥကလည္း သူ႔မွာလည္းအျပစ္ရွိတာကိုး။အဲဒီေတာ့ စီးပြားေရးလုပ္တဲ့အခါမွာ လိုင္စင္ေတြခ်တယ္၊ ပါမစ္ေတြခ်တယ္၊ အခြင့္အေရးေတြေပးၿပီး စီးပြားေရးလုပ္ခဲ့တဲ့ အေနအထားကေန စီးပြားေရးကို တကယ့္စီးပြားေရးစစ္စစ္ လုပ္ႏိုင္ေအာင္ ဖန္တီးရမယ္လို႔ေတာ့ ဆရာေတာ့ အဲဒီလိုေအာက္ေမ့တာပါဘဲ။

လုပ္ႏိုင္ဖို႔ကိုလည္း ဆရာတို႔ ႀကိဳးစားေနပါတယ္၊ ဆရာတို႔ ေတြ႕ေနတာပါဘဲ ဒီျမန္မာႏိုင္ငံ တိုင္းရင္းသား လုပ္ငန္းရွင္မ်ားအသင္းတို႔ ဘာတို႔နဲ႔ အဖြဲ႕အစည္းေတြနဲ႔ လုပ္မွရမယ္ထင္တယ္။သူတို႔မွာလည္း ေ႐ြးခ်ယ္စရာမရွိဘူးေလ၊ သူတို႔ တစ္သက္လုံး ပဋိပကၡထဲက ထြက္လာတဲ့သူေတြကို စီးပြားေရးေတြ ဒီကေန႔လုပ္ပါဆိုလို႔ မရပါဘူး။သူတို႔ အက်င့္ရဖို႔လိုတယ္။ကုမၸဏီေတြ ေထာင္ေပးဖို႔လိုတယ္၊ စီးပြားေရးအခြင့္အလမ္းေတြ လုပ္ဖို႔လိုတယ္။ေဈးကြက္စီးပြားေရးစနစ္ကို နားလည္ဖို႔လိုတယ္၊ မဟုတ္ရင္ေတာ့ သူတို႔နားလည္တဲ့ စီးပြားေရးစနစ္ကို ဆရာတို႔အေနနဲ႔ အဲ့အတိုင္း လိုက္ေလ်ာရင္ေရာ ေရရွည္ ဆရာတို႔ တိုးတက္မႈဟာ အင္မတန္အားနည္းတယ္လို႔ ဆရာကေတာ့ အဲဒီလိုဘဲယူဆပါတယ္ေနာ္။     

Opinion Leaders Media ။     ။ အခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္
ေအာက္တိုဘာ - ၃၁
Photo Credit : YouTube