【 ပညာရှင်များ၏အမြင် 】 “အဆိုးဆုံးက ဆင်းရဲတဲ့သူ သွားထိတာ”

【 ပညာရှင်များ၏အမြင် 】 “အဆိုးဆုံးက ဆင်းရဲတဲ့သူ သွားထိတာ”

အရပ်သားအစိုးရလက်ထက် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို ထိန်းချုပ်ခဲ့သလို သမ္မတကိုယ်တိုင် အာရုံစိုက်လာခဲ့တာကို တွေ့ရပါတယ်။မေ ၂၇ ရက်က ပြုလုပ်သည့် ဝန်ကြီးဌာနမှား၏ တတိယတစ်နှစ်တာကာလ သတင်းစာရှင်းလင်းပွဲတွင် တာဝန်ရှိသူတစ်ဦးက ငွေဖြူခဝါချမှုတွင် မူးယစ်ဆေးဝါးမှ ငွေကြေးခဝါချမှုက အများဆုံးဟု ပြောခဲ့သဖြင့် ယခင်မြန်မာစီးပွားရေးထဲ ထဲထဲဝင်ဝင် စီးဝင်နေသည့် မူးယစ်ဆေးဝါး ဝင်ငွေများမှာ အရပ်သားအစိုးရလက်ထက်တွင် အခွန်စနစ်၊ ရရှိသည့်ငွေ၏ နောက်ခံကို ဖော်ထုတ်ခိုင်းသည့် လုပ်ဆောင်ချက်များကြောင့် ယခင်လို လွတ်လွတ်လပ်လပ် မဝင်ရောက်နိုင်တော့သဖြင့်  ပြည်တွင်းစီးပွားရေး တုန့်ဆိုင်းနေရသလားဆိုသည့် ယူဆချက်များ ယခင်ကတည်းက ပေါ်ထွက်လာခဲ့ပါတယ်။ထိုအချက်က လက်ရှိ မြန်မာ့စီးပွားရေးအပေါ် ဘယ်လောက်ထိ အကျိုးသက်ရောက်ခဲ့သလဲနှင့် လတ်တလောဖြစ်ရပ်များက မြန်မာ့စီးပွားရေး အလားအလာအပေါ် မည်မျှအကျိုးသက်ရောက်မှုရှိမည်လဲ ဆိုသည့်အပေါ် ဝါရင့်စီးပွားရေးပညာရှင်နှင့် နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ် ဆရာ ဒေါက်တာအောင်ထွန်းသက်အား မေးမြန်းခဲ့ပါတယ်။ဆရာ ဒေါက်တာအောင်ထွန်းသက်၏ ရှုမြင်သုံးသပ်ချက် အပြည့်အစုံကို ယခုတစ်ပတ် အထူးအစီအစဉ်အဖြစ် မေးမြန်းဖော်ပြလိုက်ပါတယ်။

(Opinion Leaders Media အယ်ဒီတာအဖွဲ့)

Opinion Leaders ။     ။  မနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောတာရှိတယ်ဆရာ၊ ငွေကြေးခဝါချမှုမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ရတဲ့ငွေတွေကို ခဝါချမှုအများဆုံးလို့ စသုံးလုံး ညွှန်ချုပ်က ပြောခဲ့တာရှိတယ် ဆရာ၊ အများစုယူဆထားတာ ယခင်က မြန်မာနိုင်ငံရဲ့ စီးပွားရေးကို မောင်းနှင်နေတာ ရှမ်းတို့၊ ကချင်တို့ဘက်ကနေ ဆင်းလာတဲ့ မူးယစ်ဆေးဝါးငွေတွေနဲ့ အဓိကမောင်းနှင်နေတာလို့ ဒါကို နိုင်ငံတကာမှာလည်း ယခင်ဖော်ပြခဲ့တာလည်းရှိတယ်။ အဲ့ဒီတော့ လက်ရှိ စီးပွားရေးကျဆင်းနေတာ သိပ်ပြီးလည်ပတ်မှုမရှိဘူး ဆိုတာတွေက  အရပ်သားအစိုးရလက်ထက်မှာ ဒီလိုမူးယစ်ဆေးဝါးနဲ့ ပတ်သက်တာတွေကို ထိန်းချုပ်လိုက်တာကြောင့်လည်း ဖြစ်နိုင်လား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အခု ဒီမူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ နိုင်ငံတကာနဲ့ ကြည့်လိုက်ပြန်ရင်လည်း သူတို့ခေါ်တဲ့ Macroeconomic ပေါ့၊ မူးယစ်ဆေးဝါးကို အခြေခံတဲ့ စီးပွားရေးစနစ်ပေါ့။ဥပမာ - ကိုလံဘီယာပေါ့၊ ကိုလံဘီယာမှာ ဘိန်းတို့ ဘာတို့ အခုလောလောဆယ်ပေါ့။
အဲ့ဒီလိုဖြစ်တဲ့အခါကျတော့ ဒီမူးယစ်ဆေးဝါးနဲ့ မောင်းနှင်တဲ့ စီးပွားရေးပုံစံက ရှိခဲ့တာကိုး။

အဲ့ဒီတော့ အခု ဆရာတို့ဆီမှာလည်း အစိုးရသစ် တက်ပြီးတဲ့အခါမှာ မူးယစ်ဆေးဝါး နှိမ်နင်းမှု လုပ်ငန်းတွေကို ထဲထဲဝင်ဝင်လုပ်နေတယ်။တစ်ဖက်ကလုပ်နေတယ်။မြန်မာပြည်မှာလည်း သိတဲ့အတိုင်းပဲ ODC ဆိုတဲ့ UN အဖွဲ့အစည်းကြီးကလည်း ဒီမူးယစ်ဆေးဝါး တိုက်ဖျက်မှုကို ဆောင်ရွက်နေတာပေါ့။အဲ့ဒီတော့ တစ်ဖက်က ဖြစ်နေတာက မူးယစ်ဆေးဝါးရဲ့ Nature က ပြောင်းသွားပြီထင်တယ်။

အရင်တုန်းကလို ဘိန်း၊ ကိုကင်း တို့ကို အခြေခံတာမဟုတ်တော့ဘူး၊ အခုကြည့်ရတာက အဖက်တီပိတ်တို့ ဘာတို့။တော်ရုံတန်ရုံ အခုက ဓာတုဗေဒနဲ့ ဘွဲ့ရတဲ့ကလေး လုပ်လို့ရတဲ့ ချက်လို့ရတဲ့ ပုံစံတွေဖြစ်လာပြီ။အဲ့ဒီတော့ ပုံစံတွေက ဆရာတို့ပြောင်းသွားပြီ။ပြောင်းသွားတော့ အခုဒါကို ရခိုင်နဲ့လည်း ဆက်နွယ်နေတော့ အဲ့ဒီတော့ ရခိုင်ရဲ့ အနေအထားသည် လူမှုရေးစီပွားရေးကို အခြေခံတယ်ဆိုတာ ပြောလာကြတယ်လေ။ဒီကနေတစ်ဆင့် ဟိုဘက်ကိုရောက်သွားတယ်။တစ်ဖက်နိုင်ငံကို ရောက်သွားပြီး ဟိုဘက်ကို တက်သွားတယ်ဆိုတဲ့ အနေအထားရှိတော့ မူးယစ်ဆေးဝါး မောင်းနှင်ထားတဲ့ စီးပွားရေးရှိနေတာကြီးကတော့ ဒါကြီးက ဝမ်းနည်းစရာပဲ။

အဲ့ဒီတော့ ခုနလို အရင်တုန်းကလို ဘိန်းစိုက်ခင်းတွေ မရှိတော့တာ မှန်ကောင်းမှန်မယ်၊ သူတို့ကြည့်တဲ့အခါမှာ ဆရာသိသလောက်ကတော့ ODC က ပြောတဲ့အခါမှာ အရင်တုန်းကတော့ နံပါတ် ၂ ဘာညာ ပြောနေတယ်။အာဖဂန်နစ္စတန် အပြီးမှာ ဘိန်းစိုက်ပျိုးမှုနဲ့ ပတ်သက်လို့၊ အခုက ဒီဘိန်းစိုက်တဲ့ကိစ္စတင် မဟုတ်တော့ဘူး၊ ဒီမူးယစ်ဆေးဝါးလို့ ပြောတဲ့အခါမှာ ပုံစံအမျိုးမျိုးနဲ့ Chemical တွေနဲ့ ဓာတုဗေဒအမျိုးမျိုးနဲ့ လုပ်လို့ရတဲ့ အခြေအနေတွေရှိနေတာ။အဲ့ဒီတော့ ဆရာထင်တယ်၊ အဲ့ဒီအတိုင်းအတာ ဘယ်လောက်လောက်အထိရှိမယ် တိုင်းပြည်ဘာညာဆိုတာက စိတ်ဝင်စားဖို့ အာရုံစိုက်ဖို့ ကောင်းတဲ့ကိစ္စ။ဒါကတော့ ပေါ့ပေါ့တန်တန် စဉ်းစားစရာ ဘာမှအကြောင်းမရှိဘူးလို့ ဆရာအောက်မေ့တာပဲ၊ ဟုတ်တယ်နော်။အဲ့ဒီတော့ ဒီဟာနဲ့ပတ်သက်လို့ ဆရာတို့မှာ သွားပြီးဖြစ်တာက တိုင်းပြည်ငြိမ်သက်ရင် တစ်မျိုးလေ၊ ပဋိပက္ခတွေ ရှိနေတဲ့အခါကျတော့ ဆရာတို့ ဒီပဋိပက္ခတွေနဲ့ မူးယစ်ဆေးဝါးနဲ့ သွားတွဲပြန်ရော၊ ချိတ်ဆက်နေတဲ့ဟာ ရှိပြန်ရော။

ဒါပေမဲ့ သေချာတာကတော့ မူးယစ်ဆေးဝါးနဲ့ ပဋိပက္ခနဲ့က လက်တွဲဖော်ဖြစ်နေတာ၊ ဟုတ်တယ် မဟုတ်လား။ အာဖဂန်နစ္စတန်မှာလည်း ဒီလိုပဲ၊ ဆရာတို့ တစ်ချိန်တုန်းက ကိုယ့်အိမ်နီးနားချင်း နိုင်ငံတွေမှာလည်း ဒီလိုမူးယစ်ဆေးဝါးနဲ့ ပဋိပက္ခတွဲခဲ့တော့ ကိုယ့်မှာလည်း ဒီအတွေ့အကြုံကတော့ တော်တော်လေး သက်တမ်းကြာနေပြီလေ။အဲ့ဒါကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ဝိုင်းစဉ်းစားရမှာ။

Opinion Leaders ။     ။ အခုအဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီးတော့လည်း ကော်မရှင်က တော်တော်များများကို လုပ်နေတယ်။သတင်းစာရှင်းလင်းပွဲမှာ တပ်ဘက်ကလည်း ပြောတာရှိတယ်။သူတို့ဘက်က အရေးယူတာ ပိုပြီးပြင်းထန်တယ်ပေါ့နော်၊ ဒီလိုမျိုး အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီးတော့ ဒီအစိုးရလက်ထက်မှာ နောက်ပိုင်းလက်ထက်မှာ သေချာလည်းလုပ်လာတယ်၊ ဒါနဲ့ပတ်သက်လို့ရှိရင် လူတွေရဲ့စိတ်ထဲမှာ နည်းနည်းတော့ အပြုသဘောဆောင်လာတာတွေ ဖြစ်လာတဲ့အခါမှာ ရင်းနှီးမြှုပ်နှံမယ့်သူတွေဘက်က ဒီရက်ပိုင်းမှာဆိုလို့ရှိရင် တိုယိုတာကားကုမ္ပဏီက ဒီမှာလာစက်ရုံဆောက်မယ် ဆိုတဲ့ဟာတွေ ဖြစ်လာတယ်၊ နောက်တစ်ချက်က ဧပြီလရဲ့ ရင်းနှီးမြှုပ်နှံမှုစာရင်းတွေ ကြည့်လိုက်တဲ့အခါကျတော့ တော်တော်လေးတက်လာတာတွေ့တယ် ဆရာ၊ အဲ့ဒီအနေအထားတွေက ရင်းနှီးမြှုပ်နှံမှုမှာ အဂတိလိုက်စားမှု လျော့ကျလာလို့ တက်လာတဲ့သဘောလား ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ ဆရာတို့ ဟိုဟာလေ အစကတည်းက ကိုယ်ကိုယ်တိုင်လည်းပဲပေါ့၊ အဂတိလိုက်စားမှု ဒီကော်မရှင်တွေဘာတွေ မလုပ်ခင်ကတည်းကပေါ့နော်။လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက TI ဆိုတဲ့ transparency International ပေါ့။အဲ့ဒီအဖွဲ့အစည်းက NGO အဖွဲ့အစည်းကြီး ဂျာမနီအခြေစိုက်တဲ့ အဖွဲ့အစည်းကြီး၊ သူကဘာလုပ်လဲဆိုရင်ဆိုတဲ့ CPI ထုတ်တယ်။ထုတ်တော့ နိုင်ငံတွေအားလုံးကို တန်းစီလိုက်တယ်။အဲ့ဒီတုန်းက လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းက ဆရာတို့က ကိုယ်ကိုယ်တိုင် တစ်ယောက်ချင်းပြောတာက CPI ဂဏန်းကို နိုင်ငံတော်သိအောင်လုပ်ပါ။နိုင်ငံတော်မှာ တာဝန်ရှိတဲ့သူတွေရော ပြည်သူတွေရော သိအောင်လုပ်ပါလို့ ပြောပေမယ့်၊ ဟိုတုန်းက မရဘူး။မရပေမယ့် ၂၀၁၄ လောက်မှာ သမ္မတကြီး ဦးသိန်းစိန် လက်ထက်မှာ ဒီ TI ကို လက်ခံလိုက်တယ်။

TI ဆိုတာက နှစ်စဉ် အစီရင်ခံစာထုတ်တယ်၊ အဲ့ဒီအစီရင်ခံစာက တန်းစီဇယားပေါ့၊ တန်းစီဇယားမှာ ကိုယ့်နိုင်ငံရဲ့ corruption ဘယ်လောက်ရှိသလဲဆိုတာ အငြင်းပွားစရာ မရှိတော့ဘူး။ တစ်ကမ္ဘာလုံးစံနဲ့ ချိန်ထားတာကိုး၊ အဲ့ဒါကိုကြည့်လိုက်တာနဲ့ ကိုယ့်နိုင်ငံအနေအထား ဘယ်လောက်ရှိသလဲဆိုတာ။အဲ့ဒီတော့ ဦးသိန်းစိန် လက်ထက်မှာ ဆရာတို့ ဒါကိုစပြီးတော့ လှုပ်ရှားခဲ့တယ်၊ ဒီဘက်အစိုးရလက်ထက်မှာတော့ ဦးအောင်ကြည်ကိုယ်တိုင် Anti-Corruption Commission ထောင်လိုက်တော့ ဆရာအနေနဲ့ အဲ့ဒီဟာ ဘာကြောင့်အရေးကြီးသလဲဆိုရင် ဒီ Corruption ရဲ့ cost ပေါ့၊ လူတွေမြင်တာက လာဘ်ထိုးတာဟာ ဘယ်သူမှမနစ်နာဘူး၊ ပေးတဲ့သူနဲ့ ယူတဲ့သူ ကျေနပ်ရင်ပြီးတာပဲ၊ ဘေးကလူက ဘာကြောင့်လာပြီး ဝင်ပြီးမနာလိုဖြစ်တာလဲဆိုတဲ့ အငြင်းပွားမှုက ရှိခဲ့တယ်။

တကယ်တမ်းတော့ ပေးတဲ့သူ ယူတဲ့သူ နှစ်ခုတည်းမဟုတ်ဘဲနဲ့ အဲ့ဒီ ၏ဆိုပါတော့ လာဘ်ပေးတဲ့သူကလည်း ပေးလိုက်ရတာနဲ့ တန်အောင်လို့ တခြားတစ်နည်းနဲ့ သူဖြေရှင်းတော့တာပဲ။သူ့အတွက် ဈေးနှုန်းတင်တာတို့ ဘာတို့ ရှိလာတယ်။အဲ့ဒီတော့ ဆရာတို့အနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုနေတဲ့ကာလမှာ မြန်မာပြည်မှာ စီးပွားရေးလုပ်ရတာဟာ လွယ်လွယ်ကူကူလုပ်နိုင်အောင် သွက်သွက်လက်လက်နဲ့ လုပ်နိုင်အောင် စရိတ်သက်သက်သာသာနဲ့ လုပ်နိုင်အောင် တွန်းခဲ့အခါမှာ cost of Corruption ပေါ့၊ ပေးရခြင်းနဲ့ လာဘ်ပေးလာဘ်ယူ လုပ်နေတာနဲ့ စရိတ်တွေက ကြီးလာတယ်၊ ကြီးလာတဲ့ စရိတ်ကိုလည်း လုပ်ငန်းရှင်လုပ်သူက ခံမှာမဟုတ်ဘူး၊ ပခုံးပြောင်းမှာ၊ ပခုံးပြောင်းတော့ ဘယ်သူ့ဆီပြောင်းလဲ စားသုံးသူဆီပြောင်းမှာ၊ အဲ့ဒီတော့ Corruption ရဲ့ ထိခိုက်မှုက ဘယ်သူ့လာထိသလဲဆိုရင် နောက်ဆုံး ဟိုမှာသွားထိတာ စားသုံးသူ။

ဆရာတို့ရဲ့ တွက်ချက်မှုအရဆိုရင် အဲ့ဒီစားသုံးသူ ထိတဲ့အထဲမှာ အဆိုးဆုံးက ဆင်းရဲတဲ့သူ သွားထိတာ၊ အဲ့ဒီတော့ ဆရာတို့အနေနဲ့ Corruption free environment ပေါ့၊ Corruption မရှိတဲ့ ပတ်ဝန်းကျင်တစ်ခု ထူထောင်နိုင်ရင် လာဘ်ပေးလာဘ်ယူမရှိရင် ဆရာတို့ ဒီနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ပိုပြီးမက်လုံးပေးနိုင်တယ်ဆိုတာ လက်ခံတယ်လေ။လက်ခံတော့ ကိုယ့်အနေနဲ့ကလည်း ဒီတန်းစီဇယားပေါ့နော်၊ တန်းစီဇယားက ဟိုအရင်အခြေအနေလို မဟုတ်တော့ဘူး။တိုးတက်လာတဲ့ အခြေအနေရှိအောင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမယ့်သူကို ပြောနိုင်ရင် ကိုယ့််အတွက် တအားကောင်းတော့ ပေးရကမ်းရတာမရှိဘူး။
သွက်သွက်လက်လက် ရှိလာတယ်။

အဲ့ဒီတော့ ဆရာတို့အနေနဲ့ နိုင်ငံတကာအတွေ့အကြုံနဲ့ ကြည့်လိုက်ရင် Corruption နည်းတဲ့ နိုင်ငံတွေက FDI နဲ့ ယှဉ်လိုက်ရင် FDI များလာတာ သေချာတယ်။ ဘာကြောင့်လဲဆိုတော့ သူက သူ့အတွက်က ပေးစရာမလိုဘဲနဲ့ လွယ်လွယ်ကူကူ သွက်သွက်လက်လက် လုပ်နိုင်တယ်။အဲ့ဒီတော့ မဟုတ်ဘဲနဲ့ ဆရာတို့ခေါ်တဲ့ transaction cost ပေါ့လေ၊ အပေးအယူလုပ်ရတဲ့ စရိတ်က သိပ်ကြီးတာ၊ တစ်ချိန်တုန်းက ပေးတာယူတာနဲ့ အဲ့ဒီစရိတ်တွေရှိတော့ သူ့အနေနဲ့က လန်လန်ပြီး ထွက်သွားတယ်လေ။နိုင်ငံတကာကတော့၊ အဲ့ဒီတော့ အဲ့ဒါကြောင့် ဒီရင်းနှီးမြှုပ်နှံမှုကော်မရှင်ကလည်း anti-Corruption ကို ထဲထဲဝင်ဝင်လုပ်နေတယ်၊ ဘာကြောင့်လဲဆိုရင် ဒါကအရေးကြီးတာပဲ၊ ဆရာတို့ စွဲဆောင်တဲ့နေရာမှာ ဒီပါမစ်လျှောက်တာနဲ့ ပတ်သက်လို့ အစိုးရလုပ်ငန်းတွေ သွက်သွက်လက်လက်နဲ့ မြန်မြန်ဆန်ဆန် လုပ်နိုင်တဲ့အပြင်ကို အရေးအကြီးဆုံးက ဒီ Corruption ကိစ္စပဲ၊ ပတ်ဝန်းကျင်ကြီးက ပေးရယူရတဲ့ Corruption ပေးမှရမှ ပေးမှရတယ်။ယူမှရတယ်ဆိုတဲ့ အဲ့ဒီပတ်ဝန်းကျင်ရှိနေသရွေ့ အဲ့ဒီနိုင်ငံကို ရင်းနှီးမြှုပ်နှံမယ့်သူက စဉ်းစားမယ်ဆိုရင် တွန့်သွားမှာပေါ့၊ အဲ့ဒါကို စိတ်ပူလို့ပါ၊ ဆရာတို့အနေနဲ့ အများကြီးကြိုးစားနေတာပေါ့နော်။

Opinion Leaders ။     ။ လက်ရှိမှာ ဆန်စပါးနဲ့ပတ်သက်ပြီး မနေ့ညနေကဆိုရင် ဆန်စပါးအသင်းက ဆွေးနွေးပွဲ သတင်းစာရှင်းလင်းပွဲလုပ်တယ်။သူတို့ အဓိကဆိုလိုတာက ပြီးခဲ့တဲ့နှစ်က စပါးဈေး တင်း ၁၀၀ ကို အခြေခံဈေး အစိုးရဘက်က သတ်မှတ်လိုက်တာရှိတယ်၊ အဲ့ဒီတော့ ငါးသိန်းကို သူတို့က အစိုဓာတ်ပါတဲ့အတွက် လမ်းအရောက် လေးသိန်းလေးသောင်းနဲ့ ပေးမယ်ပေါ့နော်၊ နောက်တစ်ချက်က မကြာခင်က နိုင်ငံခြားကို စပါးကို ဒီအတိုင်းတင်ပို့ခွင့်ပေးလိုက်တယ်လို့ ပြောတယ်။လက်ရှိမှာလည်း တရုတ်နယ်စပ်မှာလည်း ဆန်အိတ် ၁၂ သိန်းလောက် သွားပြီးတော့ ပိတ်မိနေတယ်လို့ ဆိုတယ်။လက်ရှိ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အဓိကဝင်ငွေက လယ်ယာစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီးရှိတော့ ဒီအကြောင်းအချက်တွေက စပါးဈေးကျနေတယ်၊ ပြည်ပကလည်း အဝယ်မဆွဲဘူး၊ ပြည်တွင်းမှာလည်း ငွေစိုက်ထုတ်ပြီး မရင်းထားနိုင်ဘူးဆိုတဲ့ အနေအထားက နောင်နှစ်မှာလည်း ဘာသွားဖြစ်နိုင်လဲ၊ ဥပမာ မြန်မာနိုင်ငံရဲ့ အဓိကစီးပွားရေးက မောင်းနှင်အားဖြစ်တဲ့ တောင်သူလယ်သမားတွေနဲ့ ပတ်သက်ပြီးတော့။
အစိုးရဘက်က ဒီအချိန်မှာ ဘာဝင်လုပ်သင့်သလဲ ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ အခုတောင် ဆရာတို့ ဒီကုန်သည်ကြီးများအသင်းမှာ ဒီကိစ္စဆွေးနွေးပြီး လာခဲ့တာပေါ့၊ ဆရာတို့အနေနဲ့ ဒီဆန်စပါးအသင်းပေါ့နော်၊ သူတို့အနေနဲ့ကတော့ လယ်သမားတွေကို အကျိုးမထိခိုက်အောင် ဆရာတို့ ဒီကြမ်းခင်းဈေးပေါ့နော်။နိုင်ငံတော်က ဝယ်ယူထားတဲ့ဟာမျိုး။နိုင်ငံတော်က လုပ်ခဲ့တာပါပဲ၊ လုပ်ခဲ့တဲ့ အခြေအနေတွေရှိတယ်၊ လုပ်ခဲ့တဲ့ အချိန်တွေရှိတယ်။ အဲ့ဒီတော့ ဒီမှာဝင်ပြီး Price ကို အာမခံတာပေါ့နော်၊ အာမခံတဲ့ အလုပ်ကို လုပ်ရမယ်၊ ဒါကတော့ အခိုက်အတန့်ပေါ့လေ၊ ဈေးကွက်ကို မမြင်တဲ့အချိန်မှာ။တရုတ်ကလည်း သူကလည်း သူ့နည်းသူ့ဟန်နဲ့ ကိုယ့်ကိုဖိအားပေးတာပဲလေ၊ သူ့အနေနဲ့ကလည်း ဖိအားပေးနိုင်တဲ့ အနေအထားရှိရင် ဈေးကိုပိတ်လိုက်တဲ့အခါကျရင် ကိုယ့်ဘက်မှာ ထွက်ပေါက်က မရှိဘူးဖြစ်တယ်။

အဲ့ဒီအခါကျတော့ ဆရာတို့မှာ နိုင်ငံတော်အစိုးရရဲ့ မူဝါဒအနေနဲ့က ပိုပြီး ဒါကို ဈေးကိုဝင်ထိန်းပေးမလား၊ ဆိုတဲ့မေးခွန်းရယ်။ထိန်းပေးရင် ဘယ်လောက်ကာလကြာကြာ ထိန်းပေးနိုင်မလဲ။ဝယ်နိုင်သေးတဲ့ ကြမ်းခင်းဈေး ဝယ်ပေးနိုင်တဲ့ဟာမျိုးကို ဆရာတို့ရှိမှ လယ်သမားတွေ အသက်ရှူချောင်မှာပေါ့၊ အခုဖြစ်နေတာက ကိုယ့်ဆီမှာလည်း သိတဲ့အတိုင်းပဲ၊ တောင်သူလယ်သမား အများစုက စပါးပဲစိုက်တာ၊ အဲ့ဒီတော့ ဒီစပါးရဲ့ ရိုက်ခတ်မှုဟာ တိုင်းပြည်အတွက် တော်တော်လေးကို အရေးကြီးတယ်၊ အဲ့ဒီတော့ သူတို့လည်း စဉ်းစားနေတယ်၊ ကုန်သွယ်ရေးတို့၊ ဆရာနားလည်သလောက် စီးပွား/ကူးသန်းတို့ ဒီဟာတွေက နယ်စပ်ကုန်သွယ်ရေးနဲ့ ပတ်သက်လို့ စဉ်းစားနေတယ်၊ အဖြေကတော့ တစ်ချို့က သိသလိုဆိုပေမယ့် တကယ်တမ်းကျတော့ ဘက်စုံထောင့်စုံက စဉ်းစားရမှာလေ။

နိုင်ငံတော်အစိုးရက ဝင်ဝယ်ပေးနိုင်တယ်ဆိုရင်တောင် ဘယ်လောက်အထိ ဝယ်ပေးနိုင်မလဲ၊ ဟုတ်တယ်မဟုတ်လား၊ ဒီဟာလည်း ချိန်ရသေးတာကိုး၊ တကယ်တမ်းတော့ အဓိက ကတော့ ဈေးကွက်ကို မထိန်းနိုင်တဲ့ကိစ္စတွေ၊ ဟုတ်တယ်မဟုတ်လား၊ ဈေးကွက်ကိုမထိန်းနိုင်ဘူး၊ ဥပမာ - ဒီကိစ္စမျိုးဆိုပါစို့။ ဗီယက်နမ်လို နိုင်ငံမျိုးမထိဘူးလေ။ဟုတ်တယ်မဟုတ်လား။ဗီယက်နမ် စပါးထုတ်တာတွေက သွက်သွက်လက်လက်နဲ့ ဆရာတို့ထက် ပမာဏတွေကလည်း များတယ်လေ။

အရင်တုန်းကဆိုရင် ဆရာတို့နဲ့ ဗီယက်နမ်နဲ့ စိုက်ဧကက အတူတူပဲ၊ အထွက်နှုန်းကတော့ ခုနစ်ဆလောက်ကွာတယ်၊ မနှစ်ကကျတော့ ဆရာတို့မှာ ပြဿနာရှိတာက ဈေးကွက်ကလည်း သူကမဝယ်ဘူးဆိုရင် ဆရာတို့မှာ တခြားဈေးကွက်အသစ်ရှာဖို့က တော်တော်ခက်တယ်။အဲ့ဒီတော့ ဆရာတို့မှာ ပိတ်မိတာ အဲ့ဒီလို ဖြစ်နေတာ။ဒီဟာတွေအားလုံးက ဆရာထင်တယ်၊ လုပ်ငန်းရှင်တွေက ပြောနေကြပြီ၊ သူတို့ဖြစ်သင့်တဲ့ဟာကိုပေါ့၊ အဲ့ဒီလို သူတို့ ဖြစ်သင့်တဲ့ဟာကို နိုင်ငံတော်အစိုးရအနေနဲ့ သူလုပ်သင့်လုပ်ထိုက်တဲ့ဟာကိုတော့ လုပ်ပေးမှရမယ်ထင်တယ်။မဟုတ်ရင်တော့ ဒီအတိုင်းကြီး တောင်သူလယ်သမားတွေအနေနဲ့ စပါး၊ သူက ဆန်ကွဲတောင် ပါသေးတယ်။သူတို့အတွက်က ထိခိုက်တာက စပါးတင်မကဘူး၊ ဆန်ကွဲလည်း ပါတဲ့အခါကျတော့ ဒါကြီးက ဆရာတို့ စီးပွားရေးတင်မကဘူး နိုင်ငံရေးဘက်ကိုလည်း စိတ်ပူစရာလေ၊ ဟုတ်တယ်မဟုတ်လား။

နိုင်ငံရေးကိစ္စလည်း ဒါတောင်သူလယ်သမား အရေးကြီးလာတဲ့ အနေအထားရှိတော့ ဆရာထင်တယ် အခုတော့ စပြီးပြောနေကြပြီပေါ့နော်၊ လူကြီးတွေကလည်း သိတယ်၊ ဒါကိုဘယ်လိုကိုင်တွယ်မလဲ ဘယ်လိုအဖြေရှာမလဲ။အစိုးရအဖြေရှာဖို့လိုသလို ပုဂ္ဂလိကအဖြေရှာရမယ်၊ ပြီးတော့မှ နောက်တစ်ခါ တောင်သူတွေ ကိစ္စကိုလည်း ဘယ်လိုဖြေရှင်းမလဲ ကာလတို၊ ခက်တာက ပြဿနာကဘာလဲဆိုတော့ ကာလတိုနဲ့ ကာလရှည်ကို ပြဿနာကိုး။ဟုတ်တယ်မဟုတ်လား။

အဲ့ဒီတော့ တောက်လျှောက်က ကာလတိုပြဿနာကိုပဲ ဖြေရှင်းခဲ့တော့ ကာလရှည်ပြဿနာကို မဖြေရှင်းနိုင်ဘူး၊ ဒီပြဿနာအားလုံးက Special ပေါ့၊ အခြေခံတွေ မခိုင်တဲ့အတွက် မကြာခဏပေါ်လာတဲ့ကိစ္စ၊ အခုမှပေါ်တာမဟုတ်ဘူးလေ၊ ဒီလိုပဲပေါ်နေတာပဲ၊ အချိန်ကာလတစ်ခုမှာ ပေါ်လာပြန်ရော၊ နောက်တစ်ခါမြုပ်သွားပြန်ရော။ဒါကြောင့် မြုပ်သွားပြန်တော့လည်း ကာလတို ချက်ချင်းလက်ငင်း သွားဖြေရှင်းလိုက်တာ၊ အဲ့ဒီတော့ လက်ပူတိုက်တဲ့ အဖြေတွေသွားရှာလို့ စီးပွားရေးက မရဘူးလေ၊ ဆရာထင်တယ်၊ ဆရာတို့နိုင်ငံရဲ့ စီးပွားရေးကို ပြန်ပြီးသုံးသပ်ရင်တော့ လက်ပူတိုက်တဲ့ကိစ္စက တော်တော်ဟိုဟာဖြစ်တယ်၊ Special ပေါ့ ရေရှည်ကို ကာလကို နှစ် ၂၀၊ ၂၅၊ ၃၀ လောက် စဉ်းစားရမယ့်ဟာကို ချက်ချင်းလက်ငင်း အဖြေရအောင် သွားလုပ်လိုက်တဲ့အခါကျတော့ ရတဲ့အဖြေက ချက်ချင်းတော့ ပြေလည်သွားပေမယ့် နောက်တစ်ခါ တစ်ပတ်ပြန်လည်လာပြန်ရော။

အခုဟာက တစ်ပတ်လည်နေတာနော်၊ အခုက စပါးလည်တယ်၊ ပဲကလည်း ပြောနေပြန်ပြီ၊ ဟုတ်တယ်မဟုတ်လား၊ ဆရာအစည်းအဝေးက ထွက်လာတဲ့အချိန်မှာ ပဲကိစ္စပြောနေပြန်ပြီ၊ စပါးတောင် မပြီးသေးဘူး၊ ပဲကလာပြီ။အဲ့ဒီကနေ နောက်တစ်ဆင့် ဒေါ်လာဈေး ငြိမ်သွားတယ်လို့ အေးတယ်လို့ ထင်နေပေမယ့် ဒါလည်းပဲ မပြောနိုင်ဘူးနော်၊ Export နဲ့ ပတ်သက်လာတာ ဖြစ်တဲ့အခါကျတော့ ဒေါ်လာဈေး အတက်အကျကလည်း ဆရာတို့ အမြဲတမ်းသတိထားရမယ်၊ အဓိက ကတော့ ကာလတိုနဲ့ ကာလရှည်ကို စပြီးဖြေရှင်းနိုင်တဲ့ အနေအထား လိုတယ်လို့ပဲ အဲ့ဒီလိုပဲ ဆရာတို့ သုံးသပ်နိုင်တာပေါ့။

Opinion Leaders ။     ။ ဆရာ အဲ့ဒါဆိုရင် စီးပွားရေးဆိုင်ရာ ပြဿနာတွေရှိပေမယ့် အကုန်လုံးခြုံလိုက်လို့ရှိရင် တိုးတက်မှုကိုပြနေတဲ့ အနေအထားတော့ ရှိတာပေါ့နော် ဆရာ။

ဒေါက်တာအောင်ထွန်းသက် ။     ။ သူတို့အဲ့ဒါပေါ့။ဟိုတစ်လောကတင် ဆရာတို့ IMF ပေါ့၊ နိုင်ငံတကာ အပြည်ပြည်ဆိုင်ရာ ငွေကြေးက ကြည့်လိုက်တော့ သူပြောတာကို သေချာဖတ်လိုက်ရင် တော်တော်ရှင်းတယ်၊ ကာလရှည်မှာတော့ အခြေအနေကောင်းတယ်၊ ဘာကြောင့်လဲဆိုတော့ ကိုယ့်နိုင်ငံရဲ့ တည်နေရာရယ်၊ ကိုယ့်နိုင်ငံရဲ့ လူဦးရေရယ်၊ ကိုယ့်နိုင်ငံရဲ့ ထွက်ကုန်တွေ ဘာညာကာလရှည်မှာ။အဲ့ဒီတော့ ကာလရှည်မှာ အခြေအနေကောင်းတာကို ပြောတာကို ဝမ်းသာစရာဖြစ်ပေမယ့် ကာလတိုမှာ ဒုက္ခရောက်နေတာ၊ ဟုတ်တယ်မဟုတ်လား၊ အဲ့ဒီတော့ လူတွေက ကာလရှည်မှာ ကောင်းနေတယ် ကောင်းနေတယ်ဟာ အလားအလာကောင်းတယ်၊ တည်နေရာကလည်း သိပ်ကောင်းတယ်၊ မဟာဗျူဟာကျတဲ့တည်နေရာ ဘာညာပြောနေတော့ ဒါပေမဲ့ ထမင်းစားမယ့် ထမင်းစားစရာ မရှိတဲ့သူကတော့ ငါ့လာပြီး ကာလရှည်လာမပြောနဲ့ ငါဒီမှာ ထမင်းစားစရာမရှိဘူးဆိုတာ ဖြစ်လာရော။ဆရာတို့ ပြဿနာက အဲ့ဒီပြဿနာဖြစ်နေတာ၊ သူတို့အခုဒီ ကမ္ဘာ့ဘဏ် အဲ့ဒီ IMF ပြောတဲ့ဟာကို သူကမီးမောင်းထိုးတာက ကာလရှည်ကောင်းတယ်လို့ပြောတာ၊ လူဦးရေကလည်း လူငယ်တွေများတယ်၊ အဲ့ဒီအတွက်ကြောင့် အလုပ်အကိုင် အခွင့်အရေးတွေရှိတယ်၊ လုပ်နိုင်ကိုင်နိုင်တဲ့သူတွေလို့ ဒါပြောတော့ ဝမ်းသာစရာကြီးပေါ့၊ ဒါလည်းမှန်တယ် ဒါက ကာလရှည်။

ဒါပေမဲ့ကာလတိုမှာတော့ ဆရာတို့ အခက်အခဲတွေ အများကြီးလေ၊ ဟုတ်တယ်မဟုတ်လား၊ အခုဒီ စပါးဈေးနဲ့ ပတ်သက်လို့ အခက်အခဲရှိတယ်၊ ပဲဈေးနဲ့ ပတ်သက်လို့ အခက်အခဲရှိတယ်၊ ကာလတိုမှာ ရခိုင်ကိစ္စ အခက်အခဲရှိတယ်၊ ကာလတိုမှာ ဆရာတို့ နိုင်ငံခြားပေါ့နော်။ကမ္ဘာလှည့် ခရီးသည်တွေ မဝင်တာက အခက်အခဲရှိတယ်၊ ဟုတ်တယ်မဟုတ်လား။ကာလရှည်မှာတော့ ကိုယ့်နိုင်ငံထက် ကောင်းတဲ့နေရာမရှိဘူး၊ ဆရာတို့ပြောတာပဲ ဟုတ်တယ်မဟုတ်လား။ပင်လယ်ကမ်းခြေလည်းရှိတယ် ဘာညာပြောပေမယ့် ဒါကာလရှည်လေ။ကာလတိုမှာတော့ ဆရာတို့ တကယ့်ကိုအခြေအနေတွေ နေထိုင်မှုတွေ စိန်ခေါ်မှုတွေရှိတာကိုး အဲ့ဒီလိုစဉ်းစားရမှာပဲလေ။

Opinion Leaders ။     ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးပါ ဆရာ။

ဒေါက်တာအောင်ထွန်းသက်
မေ၊ ၂၉

( Zawgyi )

အရပ္သားအစိုးရလက္ထက္ မူးယစ္ေဆးဝါး ေရာင္းဝယ္ေဖာက္ကားမႈကို ထိန္းခ်ဳပ္ခဲ့သလို သမၼတကိုယ္တိုင္ အာ႐ုံစိုက္လာခဲ့တာကို ေတြ႕ရပါတယ္။ေမ ၂၇ ရက္က ျပဳလုပ္သည့္ ဝန္ႀကီးဌာနမွား၏ တတိယတစ္ႏွစ္တာကာလ သတင္းစာရွင္းလင္းပြဲတြင္ တာဝန္ရွိသူတစ္ဦးက ေငြျဖဴခဝါခ်မႈတြင္ မူးယစ္ေဆးဝါးမွ ေငြေၾကးခဝါခ်မႈက အမ်ားဆုံးဟု ေျပာခဲ့သျဖင့္ ယခင္ျမန္မာစီးပြားေရးထဲ ထဲထဲဝင္ဝင္ စီးဝင္ေနသည့္ မူးယစ္ေဆးဝါး ဝင္ေငြမ်ားမွာ အရပ္သားအစိုးရလက္ထက္တြင္ အခြန္စနစ္၊ ရရွိသည့္ေငြ၏ ေနာက္ခံကို ေဖာ္ထုတ္ခိုင္းသည့္ လုပ္ေဆာင္ခ်က္မ်ားေၾကာင့္ ယခင္လို လြတ္လြတ္လပ္လပ္ မဝင္ေရာက္ႏိုင္ေတာ့သျဖင့္  ျပည္တြင္းစီးပြားေရး တုန႔္ဆိုင္းေနရသလားဆိုသည့္ ယူဆခ်က္မ်ား ယခင္ကတည္းက ေပၚထြက္လာခဲ့ပါတယ္။ထိုအခ်က္က လက္ရွိ ျမန္မာ့စီးပြားေရးအေပၚ ဘယ္ေလာက္ထိ အက်ိဳးသက္ေရာက္ခဲ့သလဲႏွင့္ လတ္တေလာျဖစ္ရပ္မ်ားက ျမန္မာ့စီးပြားေရး အလားအလာအေပၚ မည္မွ်အက်ိဳးသက္ေရာက္မႈရွိမည္လဲ ဆိုသည့္အေပၚ ဝါရင့္စီးပြားေရးပညာရွင္ႏွင့္ ႏိုင္ငံေတာ္သမၼတ၏ စီးပြားေရးအႀကံေပးပုဂၢိဳလ္ ဆရာ ေဒါက္တာေအာင္ထြန္းသက္အား ေမးျမန္းခဲ့ပါတယ္။ဆရာ ေဒါက္တာေအာင္ထြန္းသက္၏ ရႈျမင္သုံးသပ္ခ်က္ အျပည့္အစုံကို ယခုတစ္ပတ္ အထူးအစီအစဥ္အျဖစ္ ေမးျမန္းေဖာ္ျပလိုက္ပါတယ္။

(Opinion Leaders Media အယ္ဒီတာအဖြဲ႕)

Opinion Leaders ။     ။  မေန႔ကလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာတာရွိတယ္ဆရာ၊ ေငြေၾကးခဝါခ်မႈမွာ မူးယစ္ေဆးဝါးနဲ႔ ပတ္သက္ၿပီး ရတဲ့ေငြေတြကို ခဝါခ်မႈအမ်ားဆုံးလို႔ စသုံးလုံး ၫႊန္ခ်ဳပ္က ေျပာခဲ့တာရွိတယ္ ဆရာ၊ အမ်ားစုယူဆထားတာ ယခင္က ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးကို ေမာင္းႏွင္ေနတာ ရွမ္းတို႔၊ ကခ်င္တို႔ဘက္ကေန ဆင္းလာတဲ့ မူးယစ္ေဆးဝါးေငြေတြနဲ႔ အဓိကေမာင္းႏွင္ေနတာလို႔ ဒါကို ႏိုင္ငံတကာမွာလည္း ယခင္ေဖာ္ျပခဲ့တာလည္းရွိတယ္။ အဲ့ဒီေတာ့ လက္ရွိ စီးပြားေရးက်ဆင္းေနတာ သိပ္ၿပီးလည္ပတ္မႈမရွိဘူး ဆိုတာေတြက  အရပ္သားအစိုးရလက္ထက္မွာ ဒီလိုမူးယစ္ေဆးဝါးနဲ႔ ပတ္သက္တာေတြကို ထိန္းခ်ဳပ္လိုက္တာေၾကာင့္လည္း ျဖစ္ႏိုင္လား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အခု ဒီမူးယစ္ေဆးဝါးနဲ႔ ပတ္သက္လို႔ ႏိုင္ငံတကာနဲ႔ ၾကည့္လိုက္ျပန္ရင္လည္း သူတို႔ေခၚတဲ့ Macroeconomic ေပါ့၊ မူးယစ္ေဆးဝါးကို အေျခခံတဲ့ စီးပြားေရးစနစ္ေပါ့။ဥပမာ - ကိုလံဘီယာေပါ့၊ ကိုလံဘီယာမွာ ဘိန္းတို႔ ဘာတို႔ အခုေလာေလာဆယ္ေပါ့။
အဲ့ဒီလိုျဖစ္တဲ့အခါက်ေတာ့ ဒီမူးယစ္ေဆးဝါးနဲ႔ ေမာင္းႏွင္တဲ့ စီးပြားေရးပုံစံက ရွိခဲ့တာကိုး။

အဲ့ဒီေတာ့ အခု ဆရာတို႔ဆီမွာလည္း အစိုးရသစ္ တက္ၿပီးတဲ့အခါမွာ မူးယစ္ေဆးဝါး ႏွိမ္နင္းမႈ လုပ္ငန္းေတြကို ထဲထဲဝင္ဝင္လုပ္ေနတယ္။တစ္ဖက္ကလုပ္ေနတယ္။ျမန္မာျပည္မွာလည္း သိတဲ့အတိုင္းပဲ ODC ဆိုတဲ့ UN အဖြဲ႕အစည္းႀကီးကလည္း ဒီမူးယစ္ေဆးဝါး တိုက္ဖ်က္မႈကို ေဆာင္႐ြက္ေနတာေပါ့။အဲ့ဒီေတာ့ တစ္ဖက္က ျဖစ္ေနတာက မူးယစ္ေဆးဝါးရဲ႕ Nature က ေျပာင္းသြားၿပီထင္တယ္။

အရင္တုန္းကလို ဘိန္း၊ ကိုကင္း တို႔ကို အေျခခံတာမဟုတ္ေတာ့ဘူး၊ အခုၾကည့္ရတာက အဖက္တီပိတ္တို႔ ဘာတို႔။ေတာ္႐ုံတန္႐ုံ အခုက ဓာတုေဗဒနဲ႔ ဘြဲ႕ရတဲ့ကေလး လုပ္လို႔ရတဲ့ ခ်က္လို႔ရတဲ့ ပုံစံေတြျဖစ္လာၿပီ။အဲ့ဒီေတာ့ ပုံစံေတြက ဆရာတို႔ေျပာင္းသြားၿပီ။ေျပာင္းသြားေတာ့ အခုဒါကို ရခိုင္နဲ႔လည္း ဆက္ႏြယ္ေနေတာ့ အဲ့ဒီေတာ့ ရခိုင္ရဲ႕ အေနအထားသည္ လူမႈေရးစီပြားေရးကို အေျခခံတယ္ဆိုတာ ေျပာလာၾကတယ္ေလ။ဒီကေနတစ္ဆင့္ ဟိုဘက္ကိုေရာက္သြားတယ္။တစ္ဖက္ႏိုင္ငံကို ေရာက္သြားၿပီး ဟိုဘက္ကို တက္သြားတယ္ဆိုတဲ့ အေနအထားရွိေတာ့ မူးယစ္ေဆးဝါး ေမာင္းႏွင္ထားတဲ့ စီးပြားေရးရွိေနတာႀကီးကေတာ့ ဒါႀကီးက ဝမ္းနည္းစရာပဲ။

အဲ့ဒီေတာ့ ခုနလို အရင္တုန္းကလို ဘိန္းစိုက္ခင္းေတြ မရွိေတာ့တာ မွန္ေကာင္းမွန္မယ္၊ သူတို႔ၾကည့္တဲ့အခါမွာ ဆရာသိသေလာက္ကေတာ့ ODC က ေျပာတဲ့အခါမွာ အရင္တုန္းကေတာ့ နံပါတ္ ၂ ဘာညာ ေျပာေနတယ္။အာဖဂန္နစၥတန္ အၿပီးမွာ ဘိန္းစိုက္ပ်ိဳးမႈနဲ႔ ပတ္သက္လို႔၊ အခုက ဒီဘိန္းစိုက္တဲ့ကိစၥတင္ မဟုတ္ေတာ့ဘူး၊ ဒီမူးယစ္ေဆးဝါးလို႔ ေျပာတဲ့အခါမွာ ပုံစံအမ်ိဳးမ်ိဳးနဲ႔ Chemical ေတြနဲ႔ ဓာတုေဗဒအမ်ိဳးမ်ိဳးနဲ႔ လုပ္လို႔ရတဲ့ အေျခအေနေတြရွိေနတာ။အဲ့ဒီေတာ့ ဆရာထင္တယ္၊ အဲ့ဒီအတိုင္းအတာ ဘယ္ေလာက္ေလာက္အထိရွိမယ္ တိုင္းျပည္ဘာညာဆိုတာက စိတ္ဝင္စားဖို႔ အာ႐ုံစိုက္ဖို႔ ေကာင္းတဲ့ကိစၥ။ဒါကေတာ့ ေပါ့ေပါ့တန္တန္ စဥ္းစားစရာ ဘာမွအေၾကာင္းမရွိဘူးလို႔ ဆရာေအာက္ေမ့တာပဲ၊ ဟုတ္တယ္ေနာ္။အဲ့ဒီေတာ့ ဒီဟာနဲ႔ပတ္သက္လို႔ ဆရာတို႔မွာ သြားၿပီးျဖစ္တာက တိုင္းျပည္ၿငိမ္သက္ရင္ တစ္မ်ိဳးေလ၊ ပဋိပကၡေတြ ရွိေနတဲ့အခါက်ေတာ့ ဆရာတို႔ ဒီပဋိပကၡေတြနဲ႔ မူးယစ္ေဆးဝါးနဲ႔ သြားတြဲျပန္ေရာ၊ ခ်ိတ္ဆက္ေနတဲ့ဟာ ရွိျပန္ေရာ။

ဒါေပမဲ့ ေသခ်ာတာကေတာ့ မူးယစ္ေဆးဝါးနဲ႔ ပဋိပကၡနဲ႔က လက္တြဲေဖာ္ျဖစ္ေနတာ၊ ဟုတ္တယ္ မဟုတ္လား။ အာဖဂန္နစၥတန္မွာလည္း ဒီလိုပဲ၊ ဆရာတို႔ တစ္ခ်ိန္တုန္းက ကိုယ့္အိမ္နီးနားခ်င္း ႏိုင္ငံေတြမွာလည္း ဒီလိုမူးယစ္ေဆးဝါးနဲ႔ ပဋိပကၡတြဲခဲ့ေတာ့ ကိုယ့္မွာလည္း ဒီအေတြ႕အႀကဳံကေတာ့ ေတာ္ေတာ္ေလး သက္တမ္းၾကာေနၿပီေလ။အဲ့ဒါကို ဘယ္လိုေျဖရွင္းမလဲဆိုတာ ဝိုင္းစဥ္းစားရမွာ။

Opinion Leaders ။     ။ အခုအဂတိလိုက္စားမႈနဲ႔ ပတ္သက္ၿပီးေတာ့လည္း ေကာ္မရွင္က ေတာ္ေတာ္မ်ားမ်ားကို လုပ္ေနတယ္။သတင္းစာရွင္းလင္းပြဲမွာ တပ္ဘက္ကလည္း ေျပာတာရွိတယ္။သူတို႔ဘက္က အေရးယူတာ ပိုၿပီးျပင္းထန္တယ္ေပါ့ေနာ္၊ ဒီလိုမ်ိဳး အဂတိလိုက္စားမႈနဲ႔ ပတ္သက္ၿပီးေတာ့ ဒီအစိုးရလက္ထက္မွာ ေနာက္ပိုင္းလက္ထက္မွာ ေသခ်ာလည္းလုပ္လာတယ္၊ ဒါနဲ႔ပတ္သက္လို႔ရွိရင္ လူေတြရဲ႕စိတ္ထဲမွာ နည္းနည္းေတာ့ အျပဳသေဘာေဆာင္လာတာေတြ ျဖစ္လာတဲ့အခါမွာ ရင္းႏွီးျမႇဳပ္ႏွံမယ့္သူေတြဘက္က ဒီရက္ပိုင္းမွာဆိုလို႔ရွိရင္ တိုယိုတာကားကုမၸဏီက ဒီမွာလာစက္႐ုံေဆာက္မယ္ ဆိုတဲ့ဟာေတြ ျဖစ္လာတယ္၊ ေနာက္တစ္ခ်က္က ဧၿပီလရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈစာရင္းေတြ ၾကည့္လိုက္တဲ့အခါက်ေတာ့ ေတာ္ေတာ္ေလးတက္လာတာေတြ႕တယ္ ဆရာ၊ အဲ့ဒီအေနအထားေတြက ရင္းႏွီးျမႇဳပ္ႏွံမႈမွာ အဂတိလိုက္စားမႈ ေလ်ာ့က်လာလို႔ တက္လာတဲ့သေဘာလား ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ ဆရာတို႔ ဟိုဟာေလ အစကတည္းက ကိုယ္ကိုယ္တိုင္လည္းပဲေပါ့၊ အဂတိလိုက္စားမႈ ဒီေကာ္မရွင္ေတြဘာေတြ မလုပ္ခင္ကတည္းကေပါ့ေနာ္။လြန္ခဲ့တဲ့ ၁၀ ႏွစ္ေလာက္ကတည္းက TI ဆိုတဲ့ transparency International ေပါ့။အဲ့ဒီအဖြဲ႕အစည္းက NGO အဖြဲ႕အစည္းႀကီး ဂ်ာမနီအေျခစိုက္တဲ့ အဖြဲ႕အစည္းႀကီး၊ သူကဘာလုပ္လဲဆိုရင္ဆိုတဲ့ CPI ထုတ္တယ္။ထုတ္ေတာ့ ႏိုင္ငံေတြအားလုံးကို တန္းစီလိုက္တယ္။အဲ့ဒီတုန္းက လြန္ခဲ့တဲ့ ၁၀ ႏွစ္ေလာက္တုန္းက ဆရာတို႔က ကိုယ္ကိုယ္တိုင္ တစ္ေယာက္ခ်င္းေျပာတာက CPI ဂဏန္းကို ႏိုင္ငံေတာ္သိေအာင္လုပ္ပါ။ႏိုင္ငံေတာ္မွာ တာဝန္ရွိတဲ့သူေတြေရာ ျပည္သူေတြေရာ သိေအာင္လုပ္ပါလို႔ ေျပာေပမယ့္၊ ဟိုတုန္းက မရဘူး။မရေပမယ့္ ၂၀၁၄ ေလာက္မွာ သမၼတႀကီး ဦးသိန္းစိန္ လက္ထက္မွာ ဒီ TI ကို လက္ခံလိုက္တယ္။

TI ဆိုတာက ႏွစ္စဥ္ အစီရင္ခံစာထုတ္တယ္၊ အဲ့ဒီအစီရင္ခံစာက တန္းစီဇယားေပါ့၊ တန္းစီဇယားမွာ ကိုယ့္ႏိုင္ငံရဲ႕ corruption ဘယ္ေလာက္ရွိသလဲဆိုတာ အျငင္းပြားစရာ မရွိေတာ့ဘူး။ တစ္ကမာၻလုံးစံနဲ႔ ခ်ိန္ထားတာကိုး၊ အဲ့ဒါကိုၾကည့္လိုက္တာနဲ႔ ကိုယ့္ႏိုင္ငံအေနအထား ဘယ္ေလာက္ရွိသလဲဆိုတာ။အဲ့ဒီေတာ့ ဦးသိန္းစိန္ လက္ထက္မွာ ဆရာတို႔ ဒါကိုစၿပီးေတာ့ လႈပ္ရွားခဲ့တယ္၊ ဒီဘက္အစိုးရလက္ထက္မွာေတာ့ ဦးေအာင္ၾကည္ကိုယ္တိုင္ Anti-Corruption Commission ေထာင္လိုက္ေတာ့ ဆရာအေနနဲ႔ အဲ့ဒီဟာ ဘာေၾကာင့္အေရးႀကီးသလဲဆိုရင္ ဒီ Corruption ရဲ႕ cost ေပါ့၊ လူေတြျမင္တာက လာဘ္ထိုးတာဟာ ဘယ္သူမွမနစ္နာဘူး၊ ေပးတဲ့သူနဲ႔ ယူတဲ့သူ ေက်နပ္ရင္ၿပီးတာပဲ၊ ေဘးကလူက ဘာေၾကာင့္လာၿပီး ဝင္ၿပီးမနာလိုျဖစ္တာလဲဆိုတဲ့ အျငင္းပြားမႈက ရွိခဲ့တယ္။

တကယ္တမ္းေတာ့ ေပးတဲ့သူ ယူတဲ့သူ ႏွစ္ခုတည္းမဟုတ္ဘဲနဲ႔ အဲ့ဒီ ၏ဆိုပါေတာ့ လာဘ္ေပးတဲ့သူကလည္း ေပးလိုက္ရတာနဲ႔ တန္ေအာင္လို႔ တျခားတစ္နည္းနဲ႔ သူေျဖရွင္းေတာ့တာပဲ။သူ႔အတြက္ ေဈးႏႈန္းတင္တာတို႔ ဘာတို႔ ရွိလာတယ္။အဲ့ဒီေတာ့ ဆရာတို႔အေနနဲ႔ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈကို ႀကိဳဆိုေနတဲ့ကာလမွာ ျမန္မာျပည္မွာ စီးပြားေရးလုပ္ရတာဟာ လြယ္လြယ္ကူကူလုပ္ႏိုင္ေအာင္ သြက္သြက္လက္လက္နဲ႔ လုပ္ႏိုင္ေအာင္ စရိတ္သက္သက္သာသာနဲ႔ လုပ္ႏိုင္ေအာင္ တြန္းခဲ့အခါမွာ cost of Corruption ေပါ့၊ ေပးရျခင္းနဲ႔ လာဘ္ေပးလာဘ္ယူ လုပ္ေနတာနဲ႔ စရိတ္ေတြက ႀကီးလာတယ္၊ ႀကီးလာတဲ့ စရိတ္ကိုလည္း လုပ္ငန္းရွင္လုပ္သူက ခံမွာမဟုတ္ဘူး၊ ပခုံးေျပာင္းမွာ၊ ပခုံးေျပာင္းေတာ့ ဘယ္သူ႔ဆီေျပာင္းလဲ စားသုံးသူဆီေျပာင္းမွာ၊ အဲ့ဒီေတာ့ Corruption ရဲ႕ ထိခိုက္မႈက ဘယ္သူ႔လာထိသလဲဆိုရင္ ေနာက္ဆုံး ဟိုမွာသြားထိတာ စားသုံးသူ။

ဆရာတို႔ရဲ႕ တြက္ခ်က္မႈအရဆိုရင္ အဲ့ဒီစားသုံးသူ ထိတဲ့အထဲမွာ အဆိုးဆုံးက ဆင္းရဲတဲ့သူ သြားထိတာ၊ အဲ့ဒီေတာ့ ဆရာတို႔အေနနဲ႔ Corruption free environment ေပါ့၊ Corruption မရွိတဲ့ ပတ္ဝန္းက်င္တစ္ခု ထူေထာင္ႏိုင္ရင္ လာဘ္ေပးလာဘ္ယူမရွိရင္ ဆရာတို႔ ဒီႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို ပိုၿပီးမက္လုံးေပးႏိုင္တယ္ဆိုတာ လက္ခံတယ္ေလ။လက္ခံေတာ့ ကိုယ့္အေနနဲ႔ကလည္း ဒီတန္းစီဇယားေပါ့ေနာ္၊ တန္းစီဇယားက ဟိုအရင္အေျခအေနလို မဟုတ္ေတာ့ဘူး။တိုးတက္လာတဲ့ အေျခအေနရွိေအာင္ ႏိုင္ငံတကာရင္းႏွီးျမႇဳပ္ႏွံမယ့္သူကို ေျပာႏိုင္ရင္ ကိုယ့္္အတြက္ တအားေကာင္းေတာ့ ေပးရကမ္းရတာမရွိဘူး။
သြက္သြက္လက္လက္ ရွိလာတယ္။

အဲ့ဒီေတာ့ ဆရာတို႔အေနနဲ႔ ႏိုင္ငံတကာအေတြ႕အႀကဳံနဲ႔ ၾကည့္လိုက္ရင္ Corruption နည္းတဲ့ ႏိုင္ငံေတြက FDI နဲ႔ ယွဥ္လိုက္ရင္ FDI မ်ားလာတာ ေသခ်ာတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူက သူ႔အတြက္က ေပးစရာမလိုဘဲနဲ႔ လြယ္လြယ္ကူကူ သြက္သြက္လက္လက္ လုပ္ႏိုင္တယ္။အဲ့ဒီေတာ့ မဟုတ္ဘဲနဲ႔ ဆရာတို႔ေခၚတဲ့ transaction cost ေပါ့ေလ၊ အေပးအယူလုပ္ရတဲ့ စရိတ္က သိပ္ႀကီးတာ၊ တစ္ခ်ိန္တုန္းက ေပးတာယူတာနဲ႔ အဲ့ဒီစရိတ္ေတြရွိေတာ့ သူ႔အေနနဲ႔က လန္လန္ၿပီး ထြက္သြားတယ္ေလ။ႏိုင္ငံတကာကေတာ့၊ အဲ့ဒီေတာ့ အဲ့ဒါေၾကာင့္ ဒီရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ကလည္း anti-Corruption ကို ထဲထဲဝင္ဝင္လုပ္ေနတယ္၊ ဘာေၾကာင့္လဲဆိုရင္ ဒါကအေရးႀကီးတာပဲ၊ ဆရာတို႔ စြဲေဆာင္တဲ့ေနရာမွာ ဒီပါမစ္ေလွ်ာက္တာနဲ႔ ပတ္သက္လို႔ အစိုးရလုပ္ငန္းေတြ သြက္သြက္လက္လက္နဲ႔ ျမန္ျမန္ဆန္ဆန္ လုပ္ႏိုင္တဲ့အျပင္ကို အေရးအႀကီးဆုံးက ဒီ Corruption ကိစၥပဲ၊ ပတ္ဝန္းက်င္ႀကီးက ေပးရယူရတဲ့ Corruption ေပးမွရမွ ေပးမွရတယ္။ယူမွရတယ္ဆိုတဲ့ အဲ့ဒီပတ္ဝန္းက်င္ရွိေနသေ႐ြ႕ အဲ့ဒီႏိုင္ငံကို ရင္းႏွီးျမႇဳပ္ႏွံမယ့္သူက စဥ္းစားမယ္ဆိုရင္ တြန႔္သြားမွာေပါ့၊ အဲ့ဒါကို စိတ္ပူလို႔ပါ၊ ဆရာတို႔အေနနဲ႔ အမ်ားႀကီးႀကိဳးစားေနတာေပါ့ေနာ္။

Opinion Leaders ။     ။ လက္ရွိမွာ ဆန္စပါးနဲ႔ပတ္သက္ၿပီး မေန႔ညေနကဆိုရင္ ဆန္စပါးအသင္းက ေဆြးေႏြးပြဲ သတင္းစာရွင္းလင္းပြဲလုပ္တယ္။သူတို႔ အဓိကဆိုလိုတာက ၿပီးခဲ့တဲ့ႏွစ္က စပါးေဈး တင္း ၁၀၀ ကို အေျခခံေဈး အစိုးရဘက္က သတ္မွတ္လိုက္တာရွိတယ္၊ အဲ့ဒီေတာ့ ငါးသိန္းကို သူတို႔က အစိုဓာတ္ပါတဲ့အတြက္ လမ္းအေရာက္ ေလးသိန္းေလးေသာင္းနဲ႔ ေပးမယ္ေပါ့ေနာ္၊ ေနာက္တစ္ခ်က္က မၾကာခင္က ႏိုင္ငံျခားကို စပါးကို ဒီအတိုင္းတင္ပို႔ခြင့္ေပးလိုက္တယ္လို႔ ေျပာတယ္။လက္ရွိမွာလည္း တ႐ုတ္နယ္စပ္မွာလည္း ဆန္အိတ္ ၁၂ သိန္းေလာက္ သြားၿပီးေတာ့ ပိတ္မိေနတယ္လို႔ ဆိုတယ္။လက္ရွိ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံရဲ႕ အဓိကဝင္ေငြက လယ္ယာစိုက္ပ်ိဳးေရးနဲ႔ ပတ္သက္ၿပီးရွိေတာ့ ဒီအေၾကာင္းအခ်က္ေတြက စပါးေဈးက်ေနတယ္၊ ျပည္ပကလည္း အဝယ္မဆြဲဘူး၊ ျပည္တြင္းမွာလည္း ေငြစိုက္ထုတ္ၿပီး မရင္းထားႏိုင္ဘူးဆိုတဲ့ အေနအထားက ေနာင္ႏွစ္မွာလည္း ဘာသြားျဖစ္ႏိုင္လဲ၊ ဥပမာ ျမန္မာႏိုင္ငံရဲ႕ အဓိကစီးပြားေရးက ေမာင္းႏွင္အားျဖစ္တဲ့ ေတာင္သူလယ္သမားေတြနဲ႔ ပတ္သက္ၿပီးေတာ့။
အစိုးရဘက္က ဒီအခ်ိန္မွာ ဘာဝင္လုပ္သင့္သလဲ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ အခုေတာင္ ဆရာတို႔ ဒီကုန္သည္ႀကီးမ်ားအသင္းမွာ ဒီကိစၥေဆြးေႏြးၿပီး လာခဲ့တာေပါ့၊ ဆရာတို႔အေနနဲ႔ ဒီဆန္စပါးအသင္းေပါ့ေနာ္၊ သူတို႔အေနနဲ႔ကေတာ့ လယ္သမားေတြကို အက်ိဳးမထိခိုက္ေအာင္ ဆရာတို႔ ဒီၾကမ္းခင္းေဈးေပါ့ေနာ္။ႏိုင္ငံေတာ္က ဝယ္ယူထားတဲ့ဟာမ်ိဳး။ႏိုင္ငံေတာ္က လုပ္ခဲ့တာပါပဲ၊ လုပ္ခဲ့တဲ့ အေျခအေနေတြရွိတယ္၊ လုပ္ခဲ့တဲ့ အခ်ိန္ေတြရွိတယ္။ အဲ့ဒီေတာ့ ဒီမွာဝင္ၿပီး Price ကို အာမခံတာေပါ့ေနာ္၊ အာမခံတဲ့ အလုပ္ကို လုပ္ရမယ္၊ ဒါကေတာ့ အခိုက္အတန႔္ေပါ့ေလ၊ ေဈးကြက္ကို မျမင္တဲ့အခ်ိန္မွာ။တ႐ုတ္ကလည္း သူကလည္း သူ႔နည္းသူ႔ဟန္နဲ႔ ကိုယ့္ကိုဖိအားေပးတာပဲေလ၊ သူ႔အေနနဲ႔ကလည္း ဖိအားေပးႏိုင္တဲ့ အေနအထားရွိရင္ ေဈးကိုပိတ္လိုက္တဲ့အခါက်ရင္ ကိုယ့္ဘက္မွာ ထြက္ေပါက္က မရွိဘူးျဖစ္တယ္။

အဲ့ဒီအခါက်ေတာ့ ဆရာတို႔မွာ ႏိုင္ငံေတာ္အစိုးရရဲ႕ မူဝါဒအေနနဲ႔က ပိုၿပီး ဒါကို ေဈးကိုဝင္ထိန္းေပးမလား၊ ဆိုတဲ့ေမးခြန္းရယ္။ထိန္းေပးရင္ ဘယ္ေလာက္ကာလၾကာၾကာ ထိန္းေပးႏိုင္မလဲ။ဝယ္ႏိုင္ေသးတဲ့ ၾကမ္းခင္းေဈး ဝယ္ေပးႏိုင္တဲ့ဟာမ်ိဳးကို ဆရာတို႔ရွိမွ လယ္သမားေတြ အသက္ရွဴေခ်ာင္မွာေပါ့၊ အခုျဖစ္ေနတာက ကိုယ့္ဆီမွာလည္း သိတဲ့အတိုင္းပဲ၊ ေတာင္သူလယ္သမား အမ်ားစုက စပါးပဲစိုက္တာ၊ အဲ့ဒီေတာ့ ဒီစပါးရဲ႕ ႐ိုက္ခတ္မႈဟာ တိုင္းျပည္အတြက္ ေတာ္ေတာ္ေလးကို အေရးႀကီးတယ္၊ အဲ့ဒီေတာ့ သူတို႔လည္း စဥ္းစားေနတယ္၊ ကုန္သြယ္ေရးတို႔၊ ဆရာနားလည္သေလာက္ စီးပြား/ကူးသန္းတို႔ ဒီဟာေတြက နယ္စပ္ကုန္သြယ္ေရးနဲ႔ ပတ္သက္လို႔ စဥ္းစားေနတယ္၊ အေျဖကေတာ့ တစ္ခ်ိဳ႕က သိသလိုဆိုေပမယ့္ တကယ္တမ္းက်ေတာ့ ဘက္စုံေထာင့္စုံက စဥ္းစားရမွာေလ။

ႏိုင္ငံေတာ္အစိုးရက ဝင္ဝယ္ေပးႏိုင္တယ္ဆိုရင္ေတာင္ ဘယ္ေလာက္အထိ ဝယ္ေပးႏိုင္မလဲ၊ ဟုတ္တယ္မဟုတ္လား၊ ဒီဟာလည္း ခ်ိန္ရေသးတာကိုး၊ တကယ္တမ္းေတာ့ အဓိက ကေတာ့ ေဈးကြက္ကို မထိန္းႏိုင္တဲ့ကိစၥေတြ၊ ဟုတ္တယ္မဟုတ္လား၊ ေဈးကြက္ကိုမထိန္းႏိုင္ဘူး၊ ဥပမာ - ဒီကိစၥမ်ိဳးဆိုပါစို႔။ ဗီယက္နမ္လို ႏိုင္ငံမ်ိဳးမထိဘူးေလ။ဟုတ္တယ္မဟုတ္လား။ဗီယက္နမ္ စပါးထုတ္တာေတြက သြက္သြက္လက္လက္နဲ႔ ဆရာတို႔ထက္ ပမာဏေတြကလည္း မ်ားတယ္ေလ။

အရင္တုန္းကဆိုရင္ ဆရာတို႔နဲ႔ ဗီယက္နမ္နဲ႔ စိုက္ဧကက အတူတူပဲ၊ အထြက္ႏႈန္းကေတာ့ ခုနစ္ဆေလာက္ကြာတယ္၊ မႏွစ္ကက်ေတာ့ ဆရာတို႔မွာ ျပႆနာရွိတာက ေဈးကြက္ကလည္း သူကမဝယ္ဘူးဆိုရင္ ဆရာတို႔မွာ တျခားေဈးကြက္အသစ္ရွာဖို႔က ေတာ္ေတာ္ခက္တယ္။အဲ့ဒီေတာ့ ဆရာတို႔မွာ ပိတ္မိတာ အဲ့ဒီလို ျဖစ္ေနတာ။ဒီဟာေတြအားလုံးက ဆရာထင္တယ္၊ လုပ္ငန္းရွင္ေတြက ေျပာေနၾကၿပီ၊ သူတို႔ျဖစ္သင့္တဲ့ဟာကိုေပါ့၊ အဲ့ဒီလို သူတို႔ ျဖစ္သင့္တဲ့ဟာကို ႏိုင္ငံေတာ္အစိုးရအေနနဲ႔ သူလုပ္သင့္လုပ္ထိုက္တဲ့ဟာကိုေတာ့ လုပ္ေပးမွရမယ္ထင္တယ္။မဟုတ္ရင္ေတာ့ ဒီအတိုင္းႀကီး ေတာင္သူလယ္သမားေတြအေနနဲ႔ စပါး၊ သူက ဆန္ကြဲေတာင္ ပါေသးတယ္။သူတို႔အတြက္က ထိခိုက္တာက စပါးတင္မကဘူး၊ ဆန္ကြဲလည္း ပါတဲ့အခါက်ေတာ့ ဒါႀကီးက ဆရာတို႔ စီးပြားေရးတင္မကဘူး ႏိုင္ငံေရးဘက္ကိုလည္း စိတ္ပူစရာေလ၊ ဟုတ္တယ္မဟုတ္လား။

ႏိုင္ငံေရးကိစၥလည္း ဒါေတာင္သူလယ္သမား အေရးႀကီးလာတဲ့ အေနအထားရွိေတာ့ ဆရာထင္တယ္ အခုေတာ့ စၿပီးေျပာေနၾကၿပီေပါ့ေနာ္၊ လူႀကီးေတြကလည္း သိတယ္၊ ဒါကိုဘယ္လိုကိုင္တြယ္မလဲ ဘယ္လိုအေျဖရွာမလဲ။အစိုးရအေျဖရွာဖို႔လိုသလို ပုဂၢလိကအေျဖရွာရမယ္၊ ၿပီးေတာ့မွ ေနာက္တစ္ခါ ေတာင္သူေတြ ကိစၥကိုလည္း ဘယ္လိုေျဖရွင္းမလဲ ကာလတို၊ ခက္တာက ျပႆနာကဘာလဲဆိုေတာ့ ကာလတိုနဲ႔ ကာလရွည္ကို ျပႆနာကိုး။ဟုတ္တယ္မဟုတ္လား။

အဲ့ဒီေတာ့ ေတာက္ေလွ်ာက္က ကာလတိုျပႆနာကိုပဲ ေျဖရွင္းခဲ့ေတာ့ ကာလရွည္ျပႆနာကို မေျဖရွင္းႏိုင္ဘူး၊ ဒီျပႆနာအားလုံးက Special ေပါ့၊ အေျခခံေတြ မခိုင္တဲ့အတြက္ မၾကာခဏေပၚလာတဲ့ကိစၥ၊ အခုမွေပၚတာမဟုတ္ဘူးေလ၊ ဒီလိုပဲေပၚေနတာပဲ၊ အခ်ိန္ကာလတစ္ခုမွာ ေပၚလာျပန္ေရာ၊ ေနာက္တစ္ခါျမဳပ္သြားျပန္ေရာ။ဒါေၾကာင့္ ျမဳပ္သြားျပန္ေတာ့လည္း ကာလတို ခ်က္ခ်င္းလက္ငင္း သြားေျဖရွင္းလိုက္တာ၊ အဲ့ဒီေတာ့ လက္ပူတိုက္တဲ့ အေျဖေတြသြားရွာလို႔ စီးပြားေရးက မရဘူးေလ၊ ဆရာထင္တယ္၊ ဆရာတို႔ႏိုင္ငံရဲ႕ စီးပြားေရးကို ျပန္ၿပီးသုံးသပ္ရင္ေတာ့ လက္ပူတိုက္တဲ့ကိစၥက ေတာ္ေတာ္ဟိုဟာျဖစ္တယ္၊ Special ေပါ့ ေရရွည္ကို ကာလကို ႏွစ္ ၂၀၊ ၂၅၊ ၃၀ ေလာက္ စဥ္းစားရမယ့္ဟာကို ခ်က္ခ်င္းလက္ငင္း အေျဖရေအာင္ သြားလုပ္လိုက္တဲ့အခါက်ေတာ့ ရတဲ့အေျဖက ခ်က္ခ်င္းေတာ့ ေျပလည္သြားေပမယ့္ ေနာက္တစ္ခါ တစ္ပတ္ျပန္လည္လာျပန္ေရာ။

အခုဟာက တစ္ပတ္လည္ေနတာေနာ္၊ အခုက စပါးလည္တယ္၊ ပဲကလည္း ေျပာေနျပန္ၿပီ၊ ဟုတ္တယ္မဟုတ္လား၊ ဆရာအစည္းအေဝးက ထြက္လာတဲ့အခ်ိန္မွာ ပဲကိစၥေျပာေနျပန္ၿပီ၊ စပါးေတာင္ မၿပီးေသးဘူး၊ ပဲကလာၿပီ။အဲ့ဒီကေန ေနာက္တစ္ဆင့္ ေဒၚလာေဈး ၿငိမ္သြားတယ္လို႔ ေအးတယ္လို႔ ထင္ေနေပမယ့္ ဒါလည္းပဲ မေျပာႏိုင္ဘူးေနာ္၊ Export နဲ႔ ပတ္သက္လာတာ ျဖစ္တဲ့အခါက်ေတာ့ ေဒၚလာေဈး အတက္အက်ကလည္း ဆရာတို႔ အၿမဲတမ္းသတိထားရမယ္၊ အဓိက ကေတာ့ ကာလတိုနဲ႔ ကာလရွည္ကို စၿပီးေျဖရွင္းႏိုင္တဲ့ အေနအထား လိုတယ္လို႔ပဲ အဲ့ဒီလိုပဲ ဆရာတို႔ သုံးသပ္ႏိုင္တာေပါ့။

Opinion Leaders ။     ။ ဆရာ အဲ့ဒါဆိုရင္ စီးပြားေရးဆိုင္ရာ ျပႆနာေတြရွိေပမယ့္ အကုန္လုံးၿခဳံလိုက္လို႔ရွိရင္ တိုးတက္မႈကိုျပေနတဲ့ အေနအထားေတာ့ ရွိတာေပါ့ေနာ္ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္ ။     ။ သူတို႔အဲ့ဒါေပါ့။ဟိုတစ္ေလာကတင္ ဆရာတို႔ IMF ေပါ့၊ ႏိုင္ငံတကာ အျပည္ျပည္ဆိုင္ရာ ေငြေၾကးက ၾကည့္လိုက္ေတာ့ သူေျပာတာကို ေသခ်ာဖတ္လိုက္ရင္ ေတာ္ေတာ္ရွင္းတယ္၊ ကာလရွည္မွာေတာ့ အေျခအေနေကာင္းတယ္၊ ဘာေၾကာင့္လဲဆိုေတာ့ ကိုယ့္ႏိုင္ငံရဲ႕ တည္ေနရာရယ္၊ ကိုယ့္ႏိုင္ငံရဲ႕ လူဦးေရရယ္၊ ကိုယ့္ႏိုင္ငံရဲ႕ ထြက္ကုန္ေတြ ဘာညာကာလရွည္မွာ။အဲ့ဒီေတာ့ ကာလရွည္မွာ အေျခအေနေကာင္းတာကို ေျပာတာကို ဝမ္းသာစရာျဖစ္ေပမယ့္ ကာလတိုမွာ ဒုကၡေရာက္ေနတာ၊ ဟုတ္တယ္မဟုတ္လား၊ အဲ့ဒီေတာ့ လူေတြက ကာလရွည္မွာ ေကာင္းေနတယ္ ေကာင္းေနတယ္ဟာ အလားအလာေကာင္းတယ္၊ တည္ေနရာကလည္း သိပ္ေကာင္းတယ္၊ မဟာဗ်ဴဟာက်တဲ့တည္ေနရာ ဘာညာေျပာေနေတာ့ ဒါေပမဲ့ ထမင္းစားမယ့္ ထမင္းစားစရာ မရွိတဲ့သူကေတာ့ ငါ့လာၿပီး ကာလရွည္လာမေျပာနဲ႔ ငါဒီမွာ ထမင္းစားစရာမရွိဘူးဆိုတာ ျဖစ္လာေရာ။ဆရာတို႔ ျပႆနာက အဲ့ဒီျပႆနာျဖစ္ေနတာ၊ သူတို႔အခုဒီ ကမာၻ႔ဘဏ္ အဲ့ဒီ IMF ေျပာတဲ့ဟာကို သူကမီးေမာင္းထိုးတာက ကာလရွည္ေကာင္းတယ္လို႔ေျပာတာ၊ လူဦးေရကလည္း လူငယ္ေတြမ်ားတယ္၊ အဲ့ဒီအတြက္ေၾကာင့္ အလုပ္အကိုင္ အခြင့္အေရးေတြရွိတယ္၊ လုပ္ႏိုင္ကိုင္ႏိုင္တဲ့သူေတြလို႔ ဒါေျပာေတာ့ ဝမ္းသာစရာႀကီးေပါ့၊ ဒါလည္းမွန္တယ္ ဒါက ကာလရွည္။

ဒါေပမဲ့ကာလတိုမွာေတာ့ ဆရာတို႔ အခက္အခဲေတြ အမ်ားႀကီးေလ၊ ဟုတ္တယ္မဟုတ္လား၊ အခုဒီ စပါးေဈးနဲ႔ ပတ္သက္လို႔ အခက္အခဲရွိတယ္၊ ပဲေဈးနဲ႔ ပတ္သက္လို႔ အခက္အခဲရွိတယ္၊ ကာလတိုမွာ ရခိုင္ကိစၥ အခက္အခဲရွိတယ္၊ ကာလတိုမွာ ဆရာတို႔ ႏိုင္ငံျခားေပါ့ေနာ္။ကမာၻလွည့္ ခရီးသည္ေတြ မဝင္တာက အခက္အခဲရွိတယ္၊ ဟုတ္တယ္မဟုတ္လား။ကာလရွည္မွာေတာ့ ကိုယ့္ႏိုင္ငံထက္ ေကာင္းတဲ့ေနရာမရွိဘူး၊ ဆရာတို႔ေျပာတာပဲ ဟုတ္တယ္မဟုတ္လား။ပင္လယ္ကမ္းေျခလည္းရွိတယ္ ဘာညာေျပာေပမယ့္ ဒါကာလရွည္ေလ။ကာလတိုမွာေတာ့ ဆရာတို႔ တကယ့္ကိုအေျခအေနေတြ ေနထိုင္မႈေတြ စိန္ေခၚမႈေတြရွိတာကိုး အဲ့ဒီလိုစဥ္းစားရမွာပဲေလ။

Opinion Leaders ။     ။ အခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးပါ ဆရာ။

ေဒါက္တာေအာင္ထြန္းသက္
ေမ၊ ၂၉