【 သတင်းဆောင်းပါး 】 ဘဏ်ငွေလွှဲစနစ်ကို ကိုင်လှုပ်လာတဲ့ မိုဘိုင်းငွေပေးချေမှုစနစ်

【 သတင်းဆောင်းပါး 】 ဘဏ်ငွေလွှဲစနစ်ကို ကိုင်လှုပ်လာတဲ့ မိုဘိုင်းငွေပေးချေမှုစနစ်

မြန်မာနိုင်ငံက ပြည်သူတွေရဲ့ကြားမှာ လက်ကိုင်ဖုန်းတွေကို တွင်တွင်ကျယ်ကျယ် သုံးစွဲလာနိုင်တာနဲ့အတူ မိုဘိုင်းဝန်ဆောင်မှု စနစ်တွေကလည်း တွင်ကျယ်လာခဲ့ပါတယ်။အဲ့ဒီလိုတွင်ကျယ်လာတဲ့အထဲမှာ မိုဘိုင်းဖုန်းကို ဘဏ်သဖွယ် အသုံးချနိုင်အောင် Application တွေကို အသုံးပြုလုပ်ဆောင်ရတဲ့ မိုဘိုင်းငွေပေးချေမှု စနစ်တွေကလည်း အပြိုင်အဆိုင်နဲ့ ဖြစ်လာခဲ့ပါတယ်။

“ဒါက ခေတ်ကာလအပြောင်းအလဲတစ်ခုရဲ့ ရေစီးကြောင်းမျိုးလို့ ကျွန်တော်ယူဆပါတယ်၊ အဓိက ကတော့ စနစ်တစ်ခုဟာ အသုံးပြုရတာလည်း လွယ်ကူရမယ်၊ လူတိုင်းလည်း လွယ်လွယ်နဲ့ နားလည်လွယ်တာမျိုး ဖြစ်လာရင် အသုံးပြုသူများလာမှာပါပဲ၊ ကျွန်တော်တော့ အဲ့ဒီလိုမြင်တယ်” လို့ ဆော့ဖ်ဝဲလ်များ ရေးဆွဲမှုဖြင့် အသက်မွေးနေတဲ့ ကိုဉာဏ်လင်းမောင် က ပြောပါတယ်။အဲ့ဒီ Mobile Banking ကို အိတ်ကပ်ဘဏ်စနစ် (Pocket Banking) လို့လည်း ခေါ်ဝေါ်ကြပါတယ်။မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်နောက်ပိုင်း Mobile Banking စနစ်တွေကို မိတ်ဆက်ခဲ့ပေမယ့် ၂၀၁၈-၁၉ လောက်မှာ တွင်တွင်ကျယ်ကျယ်နဲ့ အပြိုင်အဆိုင်ဖြစ်လာခဲ့ပြီး ဘဏ်ဝန်ထမ်းတွေတောင်မှ ဘဏ်ကထုတ်ထားတဲ့ Application ကို လိုက်လံဖြန့်ချီကြရတဲ့အထိ ပြိုင်ဆိုင်မှုတွေ အားပြိုင်လာခဲ့ကြပါတယ်။

အီလက်ထရွန်နစ် ဘဏ်စနစ်ဆိုတာ

ဒီကနေ့ ခေတ်ကာလမှာ မြန်မာနိုင်ငံရဲ့ အစိုးရလုပ်ငန်းတွေ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေ လူတစ်ဦးချင်းစီရဲ့ နေ့စဉ်လုပ်ငန်းတွေမှာ Private ဘဏ်တွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍအဖြစ် ရပ်တည်လာခဲ့ပြီး ဘဏ်တွေရဲ့ဝန်ဆောင်မှုဟာ မဖြစ်မနေ အသုံးပြုနေရတဲ့ အရာတစ်ခုအဖြစ် ပါဝင်နေတာ ဖြစ်ပါတယ်။အီလက်ထရွန်နစ် ဘဏ်စနစ်ကို e-Banking လို့ အတိုကောက်ခေါ်ဆိုကြပြီး ဘယ်လို အီလက်ထရွန်နစ် နည်းပညာကိုမဆို အသုံးချကာ ဘဏ်လုပ်ငန်းဆောင်တာတွေဖြစ်တဲ့ ငွေထုတ်တာတွေ၊ ငွေလွှဲတာတွေ၊ လက်ကျန်ငွေ စစ်ဆေးတာတွေ၊ ငွေပေးချေတာတွေ၊ တခြားသော ဘဏ်ဝန်ဆောင်မှု လုပ်ငန်းတွေအတွက် အသုံးချလုပ်ကိုင်တာ ဖြစ်ပါတယ်။

“ဒီ အီလက်ထရွန်နစ် ဘဏ်စနစ်ဟာ ဘဏ်လုပ်ငန်းတွေမှာ အသုံးပြုလာတာ ကြာမြင့်ပါပြီ၊ ဘဏ်တွေအနေနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုတွေကို နည်းလမ်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ ဘဏ်အသုံးပြုသူ (Customer) တွေ အဆင်ပြေချောမွေ့ မြန်ဆန်စေဖို့ ဆောင်ရွက်ပေးတဲ့အခါ လုပ်ဆောင်နေတဲ့ ဝန်ဆောင်မှုတွေထဲ တဖြေးဖြေးနဲ့နောက်ပိုင်း Electronic Banking (အီလက်ထရွန်နစ် ဘဏ်စနစ်) ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချလာကြတာ ဖြစ်ပါတယ်၊ ဒါ့အပြင် ကိုယ်ပွားဘဏ်စနစ် Virtual Banking တွေ၊ အင်တာနက်ဘဏ်စနစ် ဒါမှမဟုတ် အွန်လိုင်းဘဏ်စနစ် i-Banking တွေ၊ မိုဘိုင်းဘဏ်စနစ် Mobile Banking တွေဟာလည်း e-Banking စနစ်တွေပါပဲ၊ အဲဒီဘဏ်စနစ်တွေအလိုက် အခေါ်အဝေါ်တွေ လုပ်ငန်းဆောင်တာတွေနဲ့ အသုံးချမှုတွေဟာ မတူညီကြပါဘူး” လို့လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ဒုတိယဥက္ကဋ္ဌ (ငြိမ်း) ဖြစ်တဲ့ ဦးသန်းလွင် က ရှင်းပြပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၅-၁၆ လောက်ကဆိုရင် Smart ဖုန်းတစ်လုံး ဝယ်တဲ့အခါ Application တွေ ဖြည့်သွင်းပေးရင် ဘဏ် Logo တွေနဲ့ လုပ်ဆောင်ထားတဲ့ Application တွေကိုလည်း အခမဲ့ထည့်သွင်းပေးခဲ့ပြီး အဲ့ဒီအခါက အသုံးပြုသူတွေ အလွန်ပဲနည်းပါးခဲ့တဲ့ ကာလတစ်ခု ဖြစ်ခဲ့ပါတယ်။၂၀၁၇ လောက်မှာတော့ အသုံးပြုသူ အများစုဟာ အဲ့ဒီ Application ကိုအသုံးပြုပြီး ကိုယ့်ဖုန်း အပါအဝင် တခြားဖုန်းတွေအတွက် ဖုန်းဘီလ်ဖြည့်ပေးတာတွေနဲ့ အသုံးပြုလာကြသလို အီလက်ထရွန်နစ် ဘဏ်စနစ်တွေနဲ့ မြည်းစမ်းလာခဲ့ကြပါတယ်။အဲ့ဒီလို အခြေအနေတွေကနေ တဖြေးဖြေး ငွေပေးငွေယူကိစ္စတွေအတွက် မိုဘိုင်းစနစ်တွေကို သုံးလာကြဖို့ ပြည်သူတွေရဲ့ကြားမှာ အခြေအနေတစ်ရပ် ဖန်တီးသလို ဖြစ်လာခဲ့တဲ့အပြင် တစ်ချို့သော ပုဂ္ဂလိကကုမ္ပဏီတွေက ဝန်ထမ်းတွေကို လစာပေးတဲ့အခါ ဘဏ်စနစ်တွေနဲ့ ချိတ်ဆက်ပြီး ATM စက်မှာ ကတ်စနစ်နဲ့ ငွေထုတ်နိုင်အောင် စီစဉ်ပေးမှုကလည်း အီလက်ထရွန်နစ် ဘဏ်စနစ်အပေါ် အသုံးပြုသူ တိုးလာစေသလို ဖြစ်ခဲ့ပါတယ်။ဒါ့အပြင် အခုနောက်ပိုင်းမှာ ပြည်တွင်းအခွန်များဦးစီးဌာနက အခွန်ထမ်းပြည်သူတွေအနေနဲ့ မိုဘိုင်း ငွေပေးချေမှုစနစ်တွေ၊ အီလက်ထရောနစ် ငွေပေးချေမှုစနစ်ကို ဆောင်ရွက်နိုင်ဖို့ ဝန်ဆောင်မှုပေးတဲ့လုပ်ငန်း ၁၈ ခု အထိ သတ်မှတ်ပေးလာခဲ့ပြီး လစဉ်ထမ်းဆောင်နေရတဲ့ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်၊ သုံးလတစ်ကြိမ် ထမ်းဆောင်ရတဲ့ ဝင်ငွေခွန်တွေကို မိုဘိုင်း ငွေပေးချေစနစ်တွေနဲ့ ဝန်ဆောင်မှုပေးတာကို ဘဏ်တွေနဲ့ ပူူးပေါင်းလုပ်ဆောင်လာခဲ့ပါတယ်။အဲ့ဒီလို အီလက်ထရွန်နစ် ဘဏ်စနစ်ကို အစိုးရဌာနအများစုမှာ အစပျိုးကာ လုပ်ကိုင်လာခဲ့တာတွေရှိသလို တစ်ချို့သော အစိုးရဌာနတွေမှာတော့ အခုအချိန်မှာ တွင်တွင်ကျယ်ကျယ် အသုံးပြုတာတွေ ရှိလာပါတယ်။

ငွေလွှဲလုပ်ငန်းက ဘဏ်များအတွက် အားထားစရာ ဝင်ငွေဖြစ်လာ

ဘဏ်တွေမှာ ငွေလွှဲလုပ်ငန်းဟာလည်း အားထားရတဲ့ လုပ်ငန်းတစ်ခုလို ဖြစ်လာခဲ့ပါတယ်။အရင်ကဆိုရင် အပေါင်ခံကာ ငွေထုတ်ချေးတဲ့ ချေးငွေလုပ်ငန်းတွေဟာ တွင်ကျယ်ခဲ့ပေမယ့် ပြည်တွင်းရဲ့ စီးပွားရေးအခြေအနေ ပြောင်းလဲလာမှုတွေနဲ့အတူ ငွေပေးချေမှုလုပ်ငန်းတွေအတွက် ငွေလွှဲဝင်ဆောင်မှုကလည်း အားထားစရာ အခြေအနေမျိုး ဖြစ်လာပါတယ်။

“အခုကာလမှာက သုံးစွဲသူတော်တော်များများဟာ ငွေလွှဲဝန်ဆောင်မှုကို သုံးစွဲလာပါတယ်၊ ဘာပစ္စည်းပဲဝယ်ဝယ် ကိုယ့်ရဲ့ဘဏ်အကောင့်ထဲက ငွေကို အွန်လိုင်းစနစ်နဲ့ လွယ်လွယ်ကူကူ ပေးချေနိုင်တာတွေကြောင့်လည်း တွင်ကျယ်လာတာ ဖြစ်ပါတယ်” လို့ ဘဏ်လုပ်ငန်းပညာရှင် ဦးစံသိန်း က ဆိုပါတယ်။

လစဉ် လကုန်ပိုင်းရက်တွေနဲ့ လဆန်းရက်တွေဆိုရင် ဘဏ်တွေမှာ တိုးမပေါက်အောင် စည်ကားနေတဲ့ အခြေအနေမျိုးကို မြင်ဖူးကြမှာပါ။အဲ့ဒီလို စည်ကားနေတဲ့သူတွေဟာ ဘဏ်စာရင်းထဲ ငွေထည့်ဖို့တွေ၊ ငွေထုတ်ဖို့တွေ၊ ငွေလွှဲဖို့တွေ၊ ချေးငွေအတွက် ငွေသွင်းဖို့ လာရောက်သူတွေ ဖြစ်ကြပါတယ်။

၂၀၁၇ လောက်ကဆိုရင် ငွေလွှဲတာကို ဘဏ်တိုင်းလိုလိုက တပြေးညီနှုန်းထားတစ်ရပ်နဲ့ ဝန်ဆောင်ခဲ့ပေမယ့် ၂၀၁၈ ရဲ့ နှစ်လယ်ပိုင်းကို ရောက်လာတဲ့အခါ ပြောင်းလဲလာခဲ့ကြပါတယ်။အဲ့ဒီလိုပြောင်းလဲခဲ့ကြပေမယ့် ငွေလွှဲဖို့ ကိစ္စတွေအတွက် ဘဏ်ကိုသွားတဲ့အခါ စောင့်ဆိုင်းရတဲ့ အခြေအနေတွေကတော့ သိပ်ပြီးအပြောင်းအလဲ မရှိပါဘူး။

“အရင်ကဆိုရင် ငွေလွှဲရင် ငွေတစ်သိန်းကို ဝန်ဆောင်ခ ၂၀၀ ပေးရတယ်၊ ကိုယ့်ကတ်ထုတ်ပေးတဲ့ ATM စက် မဟုတ်ဘဲ တခြားဘဏ်တွေရဲ့ ATM စက်ကနေ ငွေထုတ်ရင်လည်း ၂၀၀ ဖြတ်ပါတယ်၊ အခုငွေလွှဲက အနည်းဆုံးကောက်တဲ့ဘဏ်က ၅၀၀ ပဲ၊ တစ်ချို့ဆိုရင် ၇၀၀၊ ၁၀၀၀ လောက်အထိ ဝန်ဆောင်ခ ကောက်လာတယ်၊ အဲ့ဒီလိုသာ ဝန်ဆောင်ခတွေပြောင်းတာ ဘဏ်ကိုသွားရင် နဂိုအတိုင်းပဲ စောင့်နေရတာက ကြာမြင့်ပါတယ်” လို့ ချေးငွေအတွက် လစဉ်အရစ်ကျငွေ သွားသွင်းနေသူ ကိုလှမျိုးဝင်း က ပြောပါတယ်။

အသုံးပြုသူတွေရဲ့လိုလားချက် ပြင်ပမှဖြည့်ဆည်းသလို ဈေးကွက်တစ်ရပ်ဖြစ်လာ

ဘဏ်တွေကိုသွားပြီး ငွေလွှဲရတာတွေ၊ ကိုယ့်ဆီကို လွှဲထားတဲ့ငွေကို သွားထုတ်ရတာတွေအတွက် မြန်မြန်ဆန်ဆန်နဲ့ အသုံးပြုလိုကြသူတွေ ရှိလာသလို လစ်ဟာနေတဲ့ အခြေအနေမျိုးလို ပြင်ပငွေလွှဲဝန်ဆောင်မှုတွေက ဈေးကွက်တစ်ရပ်လို နေရာရလာခဲ့ပါတယ်။

ပြည်တွင်းမှာဆိုရင် OK$, M-ပိုက်ဆံ၊ Wave Money, True Money, Ongo အစရှိတဲ့ ငွေလွှဲလုပ်ငန်းတွေ အပါအဝင် လုပ်ငန်းတွေ အများအပြားပေါ်ပေါက်လာပြီး အသုံးပြုသူတွေရဲ့ ယုံကြည်အားထားမှုကို ရရှိလာခဲ့ပါတယ်။အဲ့ဒီလိုပြင်ပက ကိုယ်စားလှယ်ဆိုင်တွေမှာ ငွေလွှဲတဲ့အခါ ချက်ချင်းလုပ်ဆောင်နိုင်တာတွေ၊ ငွေကြေးပမာဏကို ငွေကျပ် ထောင်ဂဏန်းအထိ လုပ်ဆောင်နိုင်တာတွေကြောင့်လည်း အားသာချက်တစ်ရပ် ဖြစ်လို့လာခဲ့ပါတယ်။

“ဘဏ်မှာငွေလွှဲသွင်းရင် အနည်းဆုံးတော့ သောင်းဂဏန်းလောက် လွှဲတာတောင်မှ အချိန်စောင့်ရတာတွေ ကိုယ့်ကိုအထင်သေးတဲ့ မျက်လုံးနဲ့ ကြည့်ခံရတာတွေ ရှိတယ်လေ၊ အပြင်ဆိုင်မှာတော့ စောင့်လည်းမစောင့်ရဘူး၊ ငွေလွှဲရင်လည်းခဏပဲ၊ ဘယ်လောက်လွှဲလွှဲ၊ ငွေ ၅၀၀၀ လောက် သွားလွှဲတာမျိုးကိုတောင် အထင်သေးသလို ကြည့်မခံရဘူး” လို့ ကိုလှမျိုးဝင်း က ရှင်းပြပါတယ်။

ပြင်ပမှာ ငွေလွှဲနဲ့ပတ်သက်ပြီး အသုံးပြုသူများနေတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေထဲက တစ်ခုဖြစ်တဲ့ Wave Money (မြန်မာ) ကုမ္ပဏီကို ဆက်သွယ်မေးမြန်းတဲ့အခါ “မြို့ကြီးအများစုမှာတော့ Wave ကို အသုံးပြုနိုင်ပါပြီ၊ ပြည်တွင်းမှာ ဒေသအများစုကို Wave က လွှမ်းခြုံထားပါတယ်၊ Wave Money အကောင့်မရှိသူ အချင်းချင်းလည်း ငွေလွှဲလို့ရပါတယ်၊ ငွေလွှဲသူက နီးစပ်ရာ Wave Shop ကိုသွားပြီး ငွေလွဲှသူရဲ့ ဖုန်းနံပါတ်၊ မှတ်ပုံတင်နံပါတ်၊ ငွေလက်ခံရဲ့ ဖုန်းနံပါတ်၊ မှတ်ပုံတင်နံပါတ်၊ လွှဲမယ့်ငွေပမာဏ၊ လျှို့ဝှက်နံပါတ်တို့ လိုအပ်ပါတယ်ရှင်၊ လျှို့ဝှက်နံပါတ်ကိုတော့ ကိုယ်တိုင်သာ ရိုက်ထည့်ရမှာ ဖြစ်ပါတယ်၊ ငွေလွှဲတဲ့အခါ အခကြေးငွေကို ပေးဆောင်ရမှာဖြစ်ပြီး ငွေထုတ်တဲ့အခါမှာ ပေးဆောင်စရာ မလိုပါဘူးရှင်” လို့ တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။လက်ရှိမှာ Wave Money က ငွေ ၁၀၀၀၀ ကျပ်အထိကို ၄၀၀ ကျပ်၊ ၅၀၀၀၀ ကျပ်မှ တစ်သိန်းအထိ ငွေ ၁၅၀၀ ကျပ် စသည်ဖြင့် လွှဲတဲ့ငွေပမာဏပေါ် မူတည်ပြီး ဝန်ဆောင်ခကို ကောက်ခံလို့နေပါတယ်။

အခုနောက်ပိုင်း ဘဏ်တွေကလည်း Application တွေသုံးပြီး Mobile Banking စနစ်တွေနဲ့ လုပ်လာတာကြောင့် ပြင်ပငွေလွှဲလုပ်ငန်းတွေနဲ့ အားပြိုင်နေပေမယ့် မိုဘိုင်းငွေပေးချေစနစ်ကို အားကောင်းစေဖို့ ဦးတည်လာစေခဲ့တဲ့ အခြေအနေတစ်ခုပါပဲ။

“ငွေလွှဲလိုက်တဲ့အခါ အကောင့်ထဲက ငွေထုတ်ချင်တဲ့အခါမျိုး၊ တစ်ဖက်လူက ပြန်ထုတ်သွားမှာ စိုးရိမ်နေရပြီး ကိုယ်ကလည်း အဲ့ဒီငွေလွှဲရှိတဲ့ ဆိုင်ကို သွားလို့အဆင်မပြေတဲ့ အချိန်အခါမျိုးမှာ ကျွန်တော့ဆီ ဆက်သွယ်ပြီး ငွေထုတ်နိုင်ပါတယ်ခင်ဗျာ၊ ကျွန်တော်ကတော့ KBZ Mobile Banking သုံးတဲ့အတွက် KBZ တစ်ခုတည်းကနေသာ ပြန်လွှဲပေးပါမယ်၊ ဘဏ်လွှဲခ ၅၀၀ ယူပါတယ်၊ နောက်ပိုင်း ထုတ်တဲ့လူများလာရင်တော့ တခြားဘဏ်တွေနဲ့ပါ ချိတ်ဆက်သွားဖို့ အစီအစဉ်ရှိပါတယ်၊ လောလောဆယ် အသိမိတ်ဆွေတွေ Online Shopping လုပ်နေတဲ့ လူတွေ တစ်ပတ်တစ်ခါရှင်း စနစ်နဲ့ ထုတ်နေပါတယ်” လို့လည်း ငွေလွှဲဝန်ဆောင်မှု လုပ်ကိုင်ပေးနေတဲ့ အော်ပီကျယ် အင်တာနက်ဆိုင်မှ ကိုရဲမင်းအောင် က ပြောပါတယ်။

မကျက်သေးတဲ့ အနာဟောင်းတွေက အမှတ်ရစရာ

အခုဆိုရင် တွင်ကျယ်လာတဲ့ မိုဘိုင်းငွေလွှဲတဲ့ စနစ်တွေရဲ့နောက်မှာ ဘဏ်တွေကနေ ထုတ်ထားတဲ့ မိုဘိုင်း Application တွေနဲ့ ကိုယ်စားလှယ်ဆိုင်တွေအဖြစ် စည်းရုံးလုပ်ဆောင်တောတွေ၊ ပရိုမိုးရှင်းပေးတာတွေကိုလည်း လုပ်ကိုင်လာကြပါတယ်။

ပြည်တွင်းမှာ တွင်တွင်ကျယ်ကျယ်လည်း ဖြစ်နေသလို ရန်ကုန်မြို့ရဲ့ နေရာတိုင်းလိုလိုမှာ မြင်နေရတဲ့ Red Dot နဲ့ ပတ်သက်တဲ့ သတင်းဟာ ပြင်ပငွေလွှဲအသုံးပြုသူတွေရဲ့ကြားမှာ ရိုက်ခတ်သွားခဲ့သလို ဘဏ်စနစ်တွေနဲ့ ပတ်သက်ပြီး တစ်ချိန်ကကြုံခဲ့တဲ့ အဖြစ်အပျက်တွေက ပြည်သူတွေရဲ့ကြားမှာ ပြန်လည်အမှတ်ရစရာ ဖြစ်လာပါတယ်။

ပြည်တွင်းမှာ ခုနစ်နှစ်နီးပါးလောက် လုပ်ကိုင်ခဲ့ရာကနေ စာရင်းဇယားမရှင်းလင်း၊ တာဝန်ယူမှုမရှိဘဲ ပိတ်သိမ်းလိုက်တဲ့ အခြေအနေတစ်ခုက အရင်ကကြုံရဖူးတဲ့ အဖြစ်မျိုးနဲ့ သဏ္ဍန်တူလှပါတယ်။Red Dot ကိစ္စဟာ ကိုယ်စားလှယ်ယူ လုပ်ကိုင်သူတွေအများစုသာ ကြုံရတဲ့အဖြစ်မျိုး ဖြစ်ပေမယ့် ရှေ့ဆက်လုပ်ကိုင်မယ့် စနစ်တွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုတွေက မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ဧရာမြေ၊ လင်းသစ္စာ၊ သဘာဝ အစရှိတဲ့ ဖြစ်ရပ်တွေရဲ့ကြားမှာ ငွေကြေးဆုံးရှုံးခဲ့တဲ့အပြင် မိမိငွေကြေးဆုံးရှုံးမှုအပေါ် မခံရပ်နိုင်တဲ့ စိတ်ထိခိုက်မှုတွေလည်း ခံစားရပြီး သေဆုံးသွားသူတွေလည်း ရှိခဲ့ဖူးပါတယ်။အဲ့ဒီကာလကတည်း တာဝန်ယူ တာဝန်ခံမယ့် ဌာနတွေ၊ အဖွဲ့အစည်းတွေ မရှိခဲ့တဲ့အဖြစ်ကို ဒီကနေ့ အရပ်သားအစိုးရလက်ထက်မှာ မဖြစ်သင့်တော့ပါ။အချိန်လွန်မှ ထိခိုက်မှုကို ကုစားဖို့ထက် မဖြစ်ခင်ကြိုတင်ကာ အချိန်မီလုပ်ဆောင်နိုင်ကာမှ ပြည်သူတွေရဲ့ ဆုံးရှုံးမှုကို ကာကွယ်နိုင်မှာပါပဲ။

ကမ္ဘာတစ်ဝန်းမှာ နည်းပညာတွေ တိုးတက်နေပေမယ့် ပြည်တွင်းမှာတော့ အသုံးပြုနိုင်ဖို့ဟာ လူနေမှု အခြေအနေတွေ၊ ရုန်းကန်ရပ်တည် လည်ပတ်နေကြရတဲ့ လူနေထိုင်မှု အခြေအနေ ကိစ္စရပ်တွေကြောင့် ထင်သလောက် စီးမြောမလာနိုင်ခဲ့ပါဘူး။အသုံးပြုတဲ့ စနစ်တွေကောင်းပေမယ့် ကြုံလာတတ်တဲ့ နည်းပညာ အခက်အခဲကို ဖြေရှင်းနိုင်ဖို့ အားနည်းတာတွေကလည်း ကျရှုံးဖို့ လမ်းကြောင်းကို ဦးတည်စေတတ်တယ်ဆိုတာ သာဓကတွေ ရှိလို့နေပါတယ်။ရန်ကုန်မြို့က မြို့ပတ်ရထားမှာ ရထားလက်မှတ်ကို မိုဘိုင်းစနစ်နဲ့ ပေးချေပြီး လုပ်ဆောင်နိုင်ပေမယ့် လက်မှတ်ဖြတ်ဖို့ error တက်တာတွေ၊ အသုံးပြုသူတွေရဲ့ နည်းပညာအားနည်းချက်ကြောင့် သုံးစွဲဖို့ ဝန်လေးနေတဲ့သူတွေကို စိတ်ဝင်တစားဖြစ်လာအောင် ပညာပေးရင်း စည်းရုံးလုပ်ဆောင်မှု အားနည်းခဲ့တာကြောင့်လည်း ကောင်းမွန်တဲ့ စနစ်တစ်ခု ပျက်သုဉ်းသွားတဲ့တာကို စိတ်မကောင်းစွာ မြင်ရပါတယ်။

မကြာခင် ရန်ကုန်မြို့ရဲ့ ဘတ်စ်ကားတွေမှာ ယာဉ်စီးခကတ်စနစ်အဖြစ် အသုံးပြုတဲ့ကတ်ဟာ ယာဉ်စီးခ တစ်ခုတည်းအတွက်သာ မဟုတ်ဘဲ တခြားသော ဈေးဝယ်ယူတဲ့ နေရာတွေ အပါအဝင် ငွေပေးချေမှု လုပ်ငန်းတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်အောင် လုပ်ဆောင်နေမှုကလည်း မိုဘိုင်းငွေပေးချေမှုစနစ်နဲ့ ဒစ်ဂျစ်တယ် ကတ်စနစ်တွေအပေါ် အများပြည်သူတွေကြားမှာ ရင်းနှီးကျွမ်းဝင်မှုရှိစေမယ်ဆိုတာတော့ အခိုင်အမာပါပဲ။အဲ့ဒီလိုအခြေအနေတွေကြောင့် ဘဏ်ကတ်စနစ်ကပဲ လူတွေရဲ့ကြားမှာ ခေတ်စားလာပြီး အားသာနေမလား၊ မိုဘိုင်းငွေပေးချေစနစ်ကပဲ ထိပ်ကနေ ဦးဆောင်ရပ်တည်နေဦးမလား ဆိုတာတော့ စောင့်ကြည့်ရမှာပါ။သို့ပေမယ့် ကြုံလာနိုင်တဲ့ အခက်အခဲတွေအနေနဲ့ အရင်ကကြုံခဲ့ဖူးတဲ့ ဖြစ်ရပ်တွေကို သင်ခန်းစာယူကာ အကောင်းဆုံးဖြစ်အောင် ဖန်တီးနိုင်ဖို့သာ အရေးကြီးလာပါတယ်။

တိုးတက်လာတဲ့ နည်းပညာတွေရဲ့ကြားက အနာဂတ်စိန်ခေါ်မှု

ဒစ်ဂျစ်တယ်စနစ်တွေနဲ့ ခေတ်စားလာတဲ့ ကာလထဲမှာ မိုဘိုင်းဖုန်းတစ်လုံးရှိနေရင် ဘဏ်တစ်ခုသဖွယ် အသုံးချနိုင်တာက မျက်မှောက်ခေတ်ကာလရဲ့ ကောင်းမွန်တဲ့ အခြေအနေတစ်ခု ဖြစ်လာတာ ငြင်းမရပါဘူး။တိုးတက်လာတဲ့ နည်းပညာတွေနဲ့အပြိုင် နိုင်ငံတကာမှာ ကြုံနေရတဲ့ ဒစ်ဂျစ်တယ်စနစ်တွေကို အသုံးချပြီး ငွေကြေးလိမ်လည်တာမျိုးတွေ မဖြစ်အောင်လည်း စီမံနိုင်ဖို့က အရေးတကြီး လိုအပ်တဲ့ ကိစ္စပါပဲ။နည်းပညာကို နိုင်နင်းအောင် ကိုင်တွယ်နိုင်မှုကလည်း ဖွံ့ဖြိုးနေတဲ့ ကမ္ဘာ့နိုင်ငံကြီးတွေမှာ အသုံးပြုနေတဲ့ နည်းပညာစနစ်တွေနဲ့ ပြည်သူတွေအဖို့ လက်လှမ်းမီစေမယ့် အခြေအနေတစ်ရပ်ပါပဲ။

အဲ့ဒီလို ထိန်းသိမ်းကိုင်တွယ်နိုင်ဖို့က ကိုင်တွယ်မယ့် ဌာနအဖွဲ့အစည်းမှာ အသုံးပြုတဲ့ နည်းပညာအားကောင်းဖို့တွေ၊ အသုံးပြုသူတွေရဲ့ နည်းပညာကျွမ်းကျင်မှုတွေလည်း လိုအပ်ပါတယ်။ အခုကြုံနေရတဲ့ အခြေအနေတစ်ခုက နည်းပညာနဲ့ ပတ်သက်ရင် ကိုင်တွယ်မယ့် ဌာနအဖွဲ့အစည်းတွေမှာ အားနည်းနေတဲ့ အနေအထားမျိုး မြင်ရတယ်လို့ ပညာရှင်တစ်ချို့က ထောက်ပြတာတွေ ရှိပါတယ်။မိုဘိုင်းဖုန်းလေးနဲ့ပဲ လွယ်လွယ်ကူကူ ငွေပေးချေလို့ရတာလေးက အသုံးပြုသူတွေအတွက် အားသာချက်ဖြစ်နေသလို ဈေးဝယ်စင်တာတွေသာမကဘဲ အရပ်ထဲက ဆိုင်တွေမှာလည်း အသုံးပြု ငွေရှင်းနိုင်လောက်တဲ့အထိ ဆက်လက်ထိုးဖောက် လုပ်ကိုင်နိုင်မယ့် အခြေအနေကောင်းတွေလည်း ရှိနေပါသေးတယ်။

ဘဏ်တွေ ကိုယ်တိုင်က Mobile Banking စနစ်ကို အားတက်သရော လုပ်ကိုင်လာတာတွေကြောင့်လည်း မိုဘိုင်းငွေလွှဲစနစ်ရဲ့ အနာဂတ်ဟာ ဘဏ်ငွေလွှဲစနစ်ကို ဘယ်လောက်အထိ အလဲထိုးသွားမလဲဆိုတာတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဇွဲမာန်
ဖေဖော်ဝါရီ - ၁၂

( Zawgyi )

ျမန္မာႏိုင္ငံက ျပည္သူေတြရဲ႕ၾကားမွာ လက္ကိုင္ဖုန္းေတြကို တြင္တြင္က်ယ္က်ယ္ သုံးစြဲလာႏိုင္တာနဲ႔အတူ မိုဘိုင္းဝန္ေဆာင္မႈ စနစ္ေတြကလည္း တြင္က်ယ္လာခဲ့ပါတယ္။အဲ့ဒီလိုတြင္က်ယ္လာတဲ့အထဲမွာ မိုဘိုင္းဖုန္းကို ဘဏ္သဖြယ္ အသုံးခ်ႏိုင္ေအာင္ Application ေတြကို အသုံးျပဳလုပ္ေဆာင္ရတဲ့ မိုဘိုင္းေငြေပးေခ်မႈ စနစ္ေတြကလည္း အၿပိဳင္အဆိုင္နဲ႔ ျဖစ္လာခဲ့ပါတယ္။

“ဒါက ေခတ္ကာလအေျပာင္းအလဲတစ္ခုရဲ႕ ေရစီးေၾကာင္းမ်ိဳးလို႔ ကြၽန္ေတာ္ယူဆပါတယ္၊ အဓိက ကေတာ့ စနစ္တစ္ခုဟာ အသုံးျပဳရတာလည္း လြယ္ကူရမယ္၊ လူတိုင္းလည္း လြယ္လြယ္နဲ႔ နားလည္လြယ္တာမ်ိဳး ျဖစ္လာရင္ အသုံးျပဳသူမ်ားလာမွာပါပဲ၊ ကြၽန္ေတာ္ေတာ့ အဲ့ဒီလိုျမင္တယ္” လို႔ ေဆာ့ဖ္ဝဲလ္မ်ား ေရးဆြဲမႈျဖင့္ အသက္ေမြးေနတဲ့ ကိုဉာဏ္လင္းေမာင္ က ေျပာပါတယ္။အဲ့ဒီ Mobile Banking ကို အိတ္ကပ္ဘဏ္စနစ္ (Pocket Banking) လို႔လည္း ေခၚေဝၚၾကပါတယ္။ျမန္မာႏိုင္ငံမွာ ၂၀၁၅ ခုႏွစ္ေနာက္ပိုင္း Mobile Banking စနစ္ေတြကို မိတ္ဆက္ခဲ့ေပမယ့္ ၂၀၁၈-၁၉ ေလာက္မွာ တြင္တြင္က်ယ္က်ယ္နဲ႔ အၿပိဳင္အဆိုင္ျဖစ္လာခဲ့ၿပီး ဘဏ္ဝန္ထမ္းေတြေတာင္မွ ဘဏ္ကထုတ္ထားတဲ့ Application ကို လိုက္လံျဖန႔္ခ်ီၾကရတဲ့အထိ ၿပိဳင္ဆိုင္မႈေတြ အားၿပိဳင္လာခဲ့ၾကပါတယ္။

အီလက္ထ႐ြန္နစ္ ဘဏ္စနစ္ဆိုတာ

ဒီကေန႔ ေခတ္ကာလမွာ ျမန္မာႏိုင္ငံရဲ႕ အစိုးရလုပ္ငန္းေတြ၊ ပုဂၢလိက စီးပြားေရးလုပ္ငန္းေတြ လူတစ္ဦးခ်င္းစီရဲ႕ ေန႔စဥ္လုပ္ငန္းေတြမွာ Private ဘဏ္ေတြဟာ အေရးႀကီးတဲ့ အခန္းက႑အျဖစ္ ရပ္တည္လာခဲ့ၿပီး ဘဏ္ေတြရဲ႕ဝန္ေဆာင္မႈဟာ မျဖစ္မေန အသုံးျပဳေနရတဲ့ အရာတစ္ခုအျဖစ္ ပါဝင္ေနတာ ျဖစ္ပါတယ္။အီလက္ထ႐ြန္နစ္ ဘဏ္စနစ္ကို e-Banking လို႔ အတိုေကာက္ေခၚဆိုၾကၿပီး ဘယ္လို အီလက္ထ႐ြန္နစ္ နည္းပညာကိုမဆို အသုံးခ်ကာ ဘဏ္လုပ္ငန္းေဆာင္တာေတြျဖစ္တဲ့ ေငြထုတ္တာေတြ၊ ေငြလႊဲတာေတြ၊ လက္က်န္ေငြ စစ္ေဆးတာေတြ၊ ေငြေပးေခ်တာေတြ၊ တျခားေသာ ဘဏ္ဝန္ေဆာင္မႈ လုပ္ငန္းေတြအတြက္ အသုံးခ်လုပ္ကိုင္တာ ျဖစ္ပါတယ္။

“ဒီ အီလက္ထ႐ြန္နစ္ ဘဏ္စနစ္ဟာ ဘဏ္လုပ္ငန္းေတြမွာ အသုံးျပဳလာတာ ၾကာျမင့္ပါၿပီ၊ ဘဏ္ေတြအေနနဲ႔ ဘဏ္လုပ္ငန္းဆိုင္ရာ ဝန္ေဆာင္မႈေတြကို နည္းလမ္းအမ်ိဳးမ်ိဳး၊ ပုံစံအမ်ိဳးမ်ိဳးနဲ႔ ဘဏ္အသုံးျပဳသူ (Customer) ေတြ အဆင္ေျပေခ်ာေမြ႕ ျမန္ဆန္ေစဖို႔ ေဆာင္႐ြက္ေပးတဲ့အခါ လုပ္ေဆာင္ေနတဲ့ ဝန္ေဆာင္မႈေတြထဲ တေျဖးေျဖးနဲ႔ေနာက္ပိုင္း Electronic Banking (အီလက္ထ႐ြန္နစ္ ဘဏ္စနစ္) ကို က်ယ္က်ယ္ျပန႔္ျပန႔္ အသုံးခ်လာၾကတာ ျဖစ္ပါတယ္၊ ဒါ့အျပင္ ကိုယ္ပြားဘဏ္စနစ္ Virtual Banking ေတြ၊ အင္တာနက္ဘဏ္စနစ္ ဒါမွမဟုတ္ အြန္လိုင္းဘဏ္စနစ္ i-Banking ေတြ၊ မိုဘိုင္းဘဏ္စနစ္ Mobile Banking ေတြဟာလည္း e-Banking စနစ္ေတြပါပဲ၊ အဲဒီဘဏ္စနစ္ေတြအလိုက္ အေခၚအေဝၚေတြ လုပ္ငန္းေဆာင္တာေတြနဲ႔ အသုံးခ်မႈေတြဟာ မတူညီၾကပါဘူး” လို႔လည္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ရဲ႕ ဒုတိယဥကၠ႒ (ၿငိမ္း) ျဖစ္တဲ့ ဦးသန္းလြင္ က ရွင္းျပပါတယ္။

လြန္ခဲ့တဲ့ ၂၀၁၅-၁၆ ေလာက္ကဆိုရင္ Smart ဖုန္းတစ္လုံး ဝယ္တဲ့အခါ Application ေတြ ျဖည့္သြင္းေပးရင္ ဘဏ္ Logo ေတြနဲ႔ လုပ္ေဆာင္ထားတဲ့ Application ေတြကိုလည္း အခမဲ့ထည့္သြင္းေပးခဲ့ၿပီး အဲ့ဒီအခါက အသုံးျပဳသူေတြ အလြန္ပဲနည္းပါးခဲ့တဲ့ ကာလတစ္ခု ျဖစ္ခဲ့ပါတယ္။၂၀၁၇ ေလာက္မွာေတာ့ အသုံးျပဳသူ အမ်ားစုဟာ အဲ့ဒီ Application ကိုအသုံးျပဳၿပီး ကိုယ့္ဖုန္း အပါအဝင္ တျခားဖုန္းေတြအတြက္ ဖုန္းဘီလ္ျဖည့္ေပးတာေတြနဲ႔ အသုံးျပဳလာၾကသလို အီလက္ထ႐ြန္နစ္ ဘဏ္စနစ္ေတြနဲ႔ ျမည္းစမ္းလာခဲ့ၾကပါတယ္။အဲ့ဒီလို အေျခအေနေတြကေန တေျဖးေျဖး ေငြေပးေငြယူကိစၥေတြအတြက္ မိုဘိုင္းစနစ္ေတြကို သုံးလာၾကဖို႔ ျပည္သူေတြရဲ႕ၾကားမွာ အေျခအေနတစ္ရပ္ ဖန္တီးသလို ျဖစ္လာခဲ့တဲ့အျပင္ တစ္ခ်ိဳ႕ေသာ ပုဂၢလိကကုမၸဏီေတြက ဝန္ထမ္းေတြကို လစာေပးတဲ့အခါ ဘဏ္စနစ္ေတြနဲ႔ ခ်ိတ္ဆက္ၿပီး ATM စက္မွာ ကတ္စနစ္နဲ႔ ေငြထုတ္ႏိုင္ေအာင္ စီစဥ္ေပးမႈကလည္း အီလက္ထ႐ြန္နစ္ ဘဏ္စနစ္အေပၚ အသုံးျပဳသူ တိုးလာေစသလို ျဖစ္ခဲ့ပါတယ္။ဒါ့အျပင္ အခုေနာက္ပိုင္းမွာ ျပည္တြင္းအခြန္မ်ားဦးစီးဌာနက အခြန္ထမ္းျပည္သူေတြအေနနဲ႔ မိုဘိုင္း ေငြေပးေခ်မႈစနစ္ေတြ၊ အီလက္ထေရာနစ္ ေငြေပးေခ်မႈစနစ္ကို ေဆာင္႐ြက္ႏိုင္ဖို႔ ဝန္ေဆာင္မႈေပးတဲ့လုပ္ငန္း ၁၈ ခု အထိ သတ္မွတ္ေပးလာခဲ့ၿပီး လစဥ္ထမ္းေဆာင္ေနရတဲ့ ကုန္သြယ္လုပ္ငန္းခြန္၊ အထူးကုန္စည္ခြန္၊ သုံးလတစ္ႀကိမ္ ထမ္းေဆာင္ရတဲ့ ဝင္ေငြခြန္ေတြကို မိုဘိုင္း ေငြေပးေခ်စနစ္ေတြနဲ႔ ဝန္ေဆာင္မႈေပးတာကို ဘဏ္ေတြနဲ႔ ပူူးေပါင္းလုပ္ေဆာင္လာခဲ့ပါတယ္။အဲ့ဒီလို အီလက္ထ႐ြန္နစ္ ဘဏ္စနစ္ကို အစိုးရဌာနအမ်ားစုမွာ အစပ်ိဳးကာ လုပ္ကိုင္လာခဲ့တာေတြရွိသလို တစ္ခ်ိဳ႕ေသာ အစိုးရဌာနေတြမွာေတာ့ အခုအခ်ိန္မွာ တြင္တြင္က်ယ္က်ယ္ အသုံးျပဳတာေတြ ရွိလာပါတယ္။

ေငြလႊဲလုပ္ငန္းက ဘဏ္မ်ားအတြက္ အားထားစရာ ဝင္ေငြျဖစ္လာ

ဘဏ္ေတြမွာ ေငြလႊဲလုပ္ငန္းဟာလည္း အားထားရတဲ့ လုပ္ငန္းတစ္ခုလို ျဖစ္လာခဲ့ပါတယ္။အရင္ကဆိုရင္ အေပါင္ခံကာ ေငြထုတ္ေခ်းတဲ့ ေခ်းေငြလုပ္ငန္းေတြဟာ တြင္က်ယ္ခဲ့ေပမယ့္ ျပည္တြင္းရဲ႕ စီးပြားေရးအေျခအေန ေျပာင္းလဲလာမႈေတြနဲ႔အတူ ေငြေပးေခ်မႈလုပ္ငန္းေတြအတြက္ ေငြလႊဲဝင္ေဆာင္မႈကလည္း အားထားစရာ အေျခအေနမ်ိဳး ျဖစ္လာပါတယ္။

“အခုကာလမွာက သုံးစြဲသူေတာ္ေတာ္မ်ားမ်ားဟာ ေငြလႊဲဝန္ေဆာင္မႈကို သုံးစြဲလာပါတယ္၊ ဘာပစၥည္းပဲဝယ္ဝယ္ ကိုယ့္ရဲ႕ဘဏ္အေကာင့္ထဲက ေငြကို အြန္လိုင္းစနစ္နဲ႔ လြယ္လြယ္ကူကူ ေပးေခ်ႏိုင္တာေတြေၾကာင့္လည္း တြင္က်ယ္လာတာ ျဖစ္ပါတယ္” လို႔ ဘဏ္လုပ္ငန္းပညာရွင္ ဦးစံသိန္း က ဆိုပါတယ္။

လစဥ္ လကုန္ပိုင္းရက္ေတြနဲ႔ လဆန္းရက္ေတြဆိုရင္ ဘဏ္ေတြမွာ တိုးမေပါက္ေအာင္ စည္ကားေနတဲ့ အေျခအေနမ်ိဳးကို ျမင္ဖူးၾကမွာပါ။အဲ့ဒီလို စည္ကားေနတဲ့သူေတြဟာ ဘဏ္စာရင္းထဲ ေငြထည့္ဖို႔ေတြ၊ ေငြထုတ္ဖို႔ေတြ၊ ေငြလႊဲဖို႔ေတြ၊ ေခ်းေငြအတြက္ ေငြသြင္းဖို႔ လာေရာက္သူေတြ ျဖစ္ၾကပါတယ္။

၂၀၁၇ ေလာက္ကဆိုရင္ ေငြလႊဲတာကို ဘဏ္တိုင္းလိုလိုက တေျပးညီႏႈန္းထားတစ္ရပ္နဲ႔ ဝန္ေဆာင္ခဲ့ေပမယ့္ ၂၀၁၈ ရဲ႕ ႏွစ္လယ္ပိုင္းကို ေရာက္လာတဲ့အခါ ေျပာင္းလဲလာခဲ့ၾကပါတယ္။အဲ့ဒီလိုေျပာင္းလဲခဲ့ၾကေပမယ့္ ေငြလႊဲဖို႔ ကိစၥေတြအတြက္ ဘဏ္ကိုသြားတဲ့အခါ ေစာင့္ဆိုင္းရတဲ့ အေျခအေနေတြကေတာ့ သိပ္ၿပီးအေျပာင္းအလဲ မရွိပါဘူး။

“အရင္ကဆိုရင္ ေငြလႊဲရင္ ေငြတစ္သိန္းကို ဝန္ေဆာင္ခ ၂၀၀ ေပးရတယ္၊ ကိုယ့္ကတ္ထုတ္ေပးတဲ့ ATM စက္ မဟုတ္ဘဲ တျခားဘဏ္ေတြရဲ႕ ATM စက္ကေန ေငြထုတ္ရင္လည္း ၂၀၀ ျဖတ္ပါတယ္၊ အခုေငြလႊဲက အနည္းဆုံးေကာက္တဲ့ဘဏ္က ၅၀၀ ပဲ၊ တစ္ခ်ိဳ႕ဆိုရင္ ၇၀၀၊ ၁၀၀၀ ေလာက္အထိ ဝန္ေဆာင္ခ ေကာက္လာတယ္၊ အဲ့ဒီလိုသာ ဝန္ေဆာင္ခေတြေျပာင္းတာ ဘဏ္ကိုသြားရင္ နဂိုအတိုင္းပဲ ေစာင့္ေနရတာက ၾကာျမင့္ပါတယ္” လို႔ ေခ်းေငြအတြက္ လစဥ္အရစ္က်ေငြ သြားသြင္းေနသူ ကိုလွမ်ိဳးဝင္း က ေျပာပါတယ္။

အသုံးျပဳသူေတြရဲ႕လိုလားခ်က္ ျပင္ပမွျဖည့္ဆည္းသလို ေဈးကြက္တစ္ရပ္ျဖစ္လာ

ဘဏ္ေတြကိုသြားၿပီး ေငြလႊဲရတာေတြ၊ ကိုယ့္ဆီကို လႊဲထားတဲ့ေငြကို သြားထုတ္ရတာေတြအတြက္ ျမန္ျမန္ဆန္ဆန္နဲ႔ အသုံးျပဳလိုၾကသူေတြ ရွိလာသလို လစ္ဟာေနတဲ့ အေျခအေနမ်ိဳးလို ျပင္ပေငြလႊဲဝန္ေဆာင္မႈေတြက ေဈးကြက္တစ္ရပ္လို ေနရာရလာခဲ့ပါတယ္။

ျပည္တြင္းမွာဆိုရင္ OK$, M-ပိုက္ဆံ၊ Wave Money, True Money, Ongo အစရွိတဲ့ ေငြလႊဲလုပ္ငန္းေတြ အပါအဝင္ လုပ္ငန္းေတြ အမ်ားအျပားေပၚေပါက္လာၿပီး အသုံးျပဳသူေတြရဲ႕ ယုံၾကည္အားထားမႈကို ရရွိလာခဲ့ပါတယ္။အဲ့ဒီလိုျပင္ပက ကိုယ္စားလွယ္ဆိုင္ေတြမွာ ေငြလႊဲတဲ့အခါ ခ်က္ခ်င္းလုပ္ေဆာင္ႏိုင္တာေတြ၊ ေငြေၾကးပမာဏကို ေငြက်ပ္ ေထာင္ဂဏန္းအထိ လုပ္ေဆာင္ႏိုင္တာေတြေၾကာင့္လည္း အားသာခ်က္တစ္ရပ္ ျဖစ္လို႔လာခဲ့ပါတယ္။

“ဘဏ္မွာေငြလႊဲသြင္းရင္ အနည္းဆုံးေတာ့ ေသာင္းဂဏန္းေလာက္ လႊဲတာေတာင္မွ အခ်ိန္ေစာင့္ရတာေတြ ကိုယ့္ကိုအထင္ေသးတဲ့ မ်က္လုံးနဲ႔ ၾကည့္ခံရတာေတြ ရွိတယ္ေလ၊ အျပင္ဆိုင္မွာေတာ့ ေစာင့္လည္းမေစာင့္ရဘူး၊ ေငြလႊဲရင္လည္းခဏပဲ၊ ဘယ္ေလာက္လႊဲလႊဲ၊ ေငြ ၅၀၀၀ ေလာက္ သြားလႊဲတာမ်ိဳးကိုေတာင္ အထင္ေသးသလို ၾကည့္မခံရဘူး” လို႔ ကိုလွမ်ိဳးဝင္း က ရွင္းျပပါတယ္။

ျပင္ပမွာ ေငြလႊဲနဲ႔ပတ္သက္ၿပီး အသုံးျပဳသူမ်ားေနတဲ့ ဝန္ေဆာင္မႈလုပ္ငန္းေတြထဲက တစ္ခုျဖစ္တဲ့ Wave Money (ျမန္မာ) ကုမၸဏီကို ဆက္သြယ္ေမးျမန္းတဲ့အခါ “ၿမိဳ႕ႀကီးအမ်ားစုမွာေတာ့ Wave ကို အသုံးျပဳႏိုင္ပါၿပီ၊ ျပည္တြင္းမွာ ေဒသအမ်ားစုကို Wave က လႊမ္းၿခဳံထားပါတယ္၊ Wave Money အေကာင့္မရွိသူ အခ်င္းခ်င္းလည္း ေငြလႊဲလို႔ရပါတယ္၊ ေငြလႊဲသူက နီးစပ္ရာ Wave Shop ကိုသြားၿပီး ေငြလြဲွသူရဲ႕ ဖုန္းနံပါတ္၊ မွတ္ပုံတင္နံပါတ္၊ ေငြလက္ခံရဲ႕ ဖုန္းနံပါတ္၊ မွတ္ပုံတင္နံပါတ္၊ လႊဲမယ့္ေငြပမာဏ၊ လွ်ိဳ႕ဝွက္နံပါတ္တို႔ လိုအပ္ပါတယ္ရွင္၊ လွ်ိဳ႕ဝွက္နံပါတ္ကိုေတာ့ ကိုယ္တိုင္သာ ႐ိုက္ထည့္ရမွာ ျဖစ္ပါတယ္၊ ေငြလႊဲတဲ့အခါ အခေၾကးေငြကို ေပးေဆာင္ရမွာျဖစ္ၿပီး ေငြထုတ္တဲ့အခါမွာ ေပးေဆာင္စရာ မလိုပါဘူးရွင္” လို႔ တာဝန္ရွိသူတစ္ဦးက ေျပာျပပါတယ္။လက္ရွိမွာ Wave Money က ေငြ ၁၀၀၀၀ က်ပ္အထိကို ၄၀၀ က်ပ္၊ ၅၀၀၀၀ က်ပ္မွ တစ္သိန္းအထိ ေငြ ၁၅၀၀ က်ပ္ စသည္ျဖင့္ လႊဲတဲ့ေငြပမာဏေပၚ မူတည္ၿပီး ဝန္ေဆာင္ခကို ေကာက္ခံလို႔ေနပါတယ္။

အခုေနာက္ပိုင္း ဘဏ္ေတြကလည္း Application ေတြသုံးၿပီး Mobile Banking စနစ္ေတြနဲ႔ လုပ္လာတာေၾကာင့္ ျပင္ပေငြလႊဲလုပ္ငန္းေတြနဲ႔ အားၿပိဳင္ေနေပမယ့္ မိုဘိုင္းေငြေပးေခ်စနစ္ကို အားေကာင္းေစဖို႔ ဦးတည္လာေစခဲ့တဲ့ အေျခအေနတစ္ခုပါပဲ။

“ေငြလႊဲလိုက္တဲ့အခါ အေကာင့္ထဲက ေငြထုတ္ခ်င္တဲ့အခါမ်ိဳး၊ တစ္ဖက္လူက ျပန္ထုတ္သြားမွာ စိုးရိမ္ေနရၿပီး ကိုယ္ကလည္း အဲ့ဒီေငြလႊဲရွိတဲ့ ဆိုင္ကို သြားလို႔အဆင္မေျပတဲ့ အခ်ိန္အခါမ်ိဳးမွာ ကြၽန္ေတာ့ဆီ ဆက္သြယ္ၿပီး ေငြထုတ္ႏိုင္ပါတယ္ခင္ဗ်ာ၊ ကြၽန္ေတာ္ကေတာ့ KBZ Mobile Banking သုံးတဲ့အတြက္ KBZ တစ္ခုတည္းကေနသာ ျပန္လႊဲေပးပါမယ္၊ ဘဏ္လႊဲခ ၅၀၀ ယူပါတယ္၊ ေနာက္ပိုင္း ထုတ္တဲ့လူမ်ားလာရင္ေတာ့ တျခားဘဏ္ေတြနဲ႔ပါ ခ်ိတ္ဆက္သြားဖို႔ အစီအစဥ္ရွိပါတယ္၊ ေလာေလာဆယ္ အသိမိတ္ေဆြေတြ Online Shopping လုပ္ေနတဲ့ လူေတြ တစ္ပတ္တစ္ခါရွင္း စနစ္နဲ႔ ထုတ္ေနပါတယ္” လို႔လည္း ေငြလႊဲဝန္ေဆာင္မႈ လုပ္ကိုင္ေပးေနတဲ့ ေအာ္ပီက်ယ္ အင္တာနက္ဆိုင္မွ ကိုရဲမင္းေအာင္ က ေျပာပါတယ္။

မက်က္ေသးတဲ့ အနာေဟာင္းေတြက အမွတ္ရစရာ

အခုဆိုရင္ တြင္က်ယ္လာတဲ့ မိုဘိုင္းေငြလႊဲတဲ့ စနစ္ေတြရဲ႕ေနာက္မွာ ဘဏ္ေတြကေန ထုတ္ထားတဲ့ မိုဘိုင္း Application ေတြနဲ႔ ကိုယ္စားလွယ္ဆိုင္ေတြအျဖစ္ စည္း႐ုံးလုပ္ေဆာင္ေတာေတြ၊ ပ႐ိုမိုးရွင္းေပးတာေတြကိုလည္း လုပ္ကိုင္လာၾကပါတယ္။

ျပည္တြင္းမွာ တြင္တြင္က်ယ္က်ယ္လည္း ျဖစ္ေနသလို ရန္ကုန္ၿမိဳ႕ရဲ႕ ေနရာတိုင္းလိုလိုမွာ ျမင္ေနရတဲ့ Red Dot နဲ႔ ပတ္သက္တဲ့ သတင္းဟာ ျပင္ပေငြလႊဲအသုံးျပဳသူေတြရဲ႕ၾကားမွာ ႐ိုက္ခတ္သြားခဲ့သလို ဘဏ္စနစ္ေတြနဲ႔ ပတ္သက္ၿပီး တစ္ခ်ိန္ကႀကဳံခဲ့တဲ့ အျဖစ္အပ်က္ေတြက ျပည္သူေတြရဲ႕ၾကားမွာ ျပန္လည္အမွတ္ရစရာ ျဖစ္လာပါတယ္။

ျပည္တြင္းမွာ ခုနစ္ႏွစ္နီးပါးေလာက္ လုပ္ကိုင္ခဲ့ရာကေန စာရင္းဇယားမရွင္းလင္း၊ တာဝန္ယူမႈမရွိဘဲ ပိတ္သိမ္းလိုက္တဲ့ အေျခအေနတစ္ခုက အရင္ကႀကဳံရဖူးတဲ့ အျဖစ္မ်ိဳးနဲ႔ သ႑န္တူလွပါတယ္။Red Dot ကိစၥဟာ ကိုယ္စားလွယ္ယူ လုပ္ကိုင္သူေတြအမ်ားစုသာ ႀကဳံရတဲ့အျဖစ္မ်ိဳး ျဖစ္ေပမယ့္ ေရွ႕ဆက္လုပ္ကိုင္မယ့္ စနစ္ေတြအတြက္ တာဝန္ယူမႈ၊ တာဝန္ခံမႈေတြက ေမးခြန္းထုတ္စရာ ျဖစ္လာပါတယ္။ဧရာေျမ၊ လင္းသစၥာ၊ သဘာဝ အစရွိတဲ့ ျဖစ္ရပ္ေတြရဲ႕ၾကားမွာ ေငြေၾကးဆုံးရႈံးခဲ့တဲ့အျပင္ မိမိေငြေၾကးဆုံးရႈံးမႈအေပၚ မခံရပ္ႏိုင္တဲ့ စိတ္ထိခိုက္မႈေတြလည္း ခံစားရၿပီး ေသဆုံးသြားသူေတြလည္း ရွိခဲ့ဖူးပါတယ္။အဲ့ဒီကာလကတည္း တာဝန္ယူ တာဝန္ခံမယ့္ ဌာနေတြ၊ အဖြဲ႕အစည္းေတြ မရွိခဲ့တဲ့အျဖစ္ကို ဒီကေန႔ အရပ္သားအစိုးရလက္ထက္မွာ မျဖစ္သင့္ေတာ့ပါ။အခ်ိန္လြန္မွ ထိခိုက္မႈကို ကုစားဖို႔ထက္ မျဖစ္ခင္ႀကိဳတင္ကာ အခ်ိန္မီလုပ္ေဆာင္ႏိုင္ကာမွ ျပည္သူေတြရဲ႕ ဆုံးရႈံးမႈကို ကာကြယ္ႏိုင္မွာပါပဲ။

ကမာၻတစ္ဝန္းမွာ နည္းပညာေတြ တိုးတက္ေနေပမယ့္ ျပည္တြင္းမွာေတာ့ အသုံးျပဳႏိုင္ဖို႔ဟာ လူေနမႈ အေျခအေနေတြ၊ ႐ုန္းကန္ရပ္တည္ လည္ပတ္ေနၾကရတဲ့ လူေနထိုင္မႈ အေျခအေန ကိစၥရပ္ေတြေၾကာင့္ ထင္သေလာက္ စီးေျမာမလာႏိုင္ခဲ့ပါဘူး။အသုံးျပဳတဲ့ စနစ္ေတြေကာင္းေပမယ့္ ႀကဳံလာတတ္တဲ့ နည္းပညာ အခက္အခဲကို ေျဖရွင္းႏိုင္ဖို႔ အားနည္းတာေတြကလည္း က်ရႈံးဖို႔ လမ္းေၾကာင္းကို ဦးတည္ေစတတ္တယ္ဆိုတာ သာဓကေတြ ရွိလို႔ေနပါတယ္။ရန္ကုန္ၿမိဳ႕က ၿမိဳ႕ပတ္ရထားမွာ ရထားလက္မွတ္ကို မိုဘိုင္းစနစ္နဲ႔ ေပးေခ်ၿပီး လုပ္ေဆာင္ႏိုင္ေပမယ့္ လက္မွတ္ျဖတ္ဖို႔ error တက္တာေတြ၊ အသုံးျပဳသူေတြရဲ႕ နည္းပညာအားနည္းခ်က္ေၾကာင့္ သုံးစြဲဖို႔ ဝန္ေလးေနတဲ့သူေတြကို စိတ္ဝင္တစားျဖစ္လာေအာင္ ပညာေပးရင္း စည္း႐ုံးလုပ္ေဆာင္မႈ အားနည္းခဲ့တာေၾကာင့္လည္း ေကာင္းမြန္တဲ့ စနစ္တစ္ခု ပ်က္သုဥ္းသြားတဲ့တာကို စိတ္မေကာင္းစြာ ျမင္ရပါတယ္။

မၾကာခင္ ရန္ကုန္ၿမိဳ႕ရဲ႕ ဘတ္စ္ကားေတြမွာ ယာဥ္စီးခကတ္စနစ္အျဖစ္ အသုံးျပဳတဲ့ကတ္ဟာ ယာဥ္စီးခ တစ္ခုတည္းအတြက္သာ မဟုတ္ဘဲ တျခားေသာ ေဈးဝယ္ယူတဲ့ ေနရာေတြ အပါအဝင္ ေငြေပးေခ်မႈ လုပ္ငန္းေတြမွာ တြင္တြင္က်ယ္က်ယ္ အသုံးျပဳႏိုင္ေအာင္ လုပ္ေဆာင္ေနမႈကလည္း မိုဘိုင္းေငြေပးေခ်မႈစနစ္နဲ႔ ဒစ္ဂ်စ္တယ္ ကတ္စနစ္ေတြအေပၚ အမ်ားျပည္သူေတြၾကားမွာ ရင္းႏွီးကြၽမ္းဝင္မႈရွိေစမယ္ဆိုတာေတာ့ အခိုင္အမာပါပဲ။အဲ့ဒီလိုအေျခအေနေတြေၾကာင့္ ဘဏ္ကတ္စနစ္ကပဲ လူေတြရဲ႕ၾကားမွာ ေခတ္စားလာၿပီး အားသာေနမလား၊ မိုဘိုင္းေငြေပးေခ်စနစ္ကပဲ ထိပ္ကေန ဦးေဆာင္ရပ္တည္ေနဦးမလား ဆိုတာေတာ့ ေစာင့္ၾကည့္ရမွာပါ။သို႔ေပမယ့္ ႀကဳံလာႏိုင္တဲ့ အခက္အခဲေတြအေနနဲ႔ အရင္ကႀကဳံခဲ့ဖူးတဲ့ ျဖစ္ရပ္ေတြကို သင္ခန္းစာယူကာ အေကာင္းဆုံးျဖစ္ေအာင္ ဖန္တီးႏိုင္ဖို႔သာ အေရးႀကီးလာပါတယ္။

တိုးတက္လာတဲ့ နည္းပညာေတြရဲ႕ၾကားက အနာဂတ္စိန္ေခၚမႈ

ဒစ္ဂ်စ္တယ္စနစ္ေတြနဲ႔ ေခတ္စားလာတဲ့ ကာလထဲမွာ မိုဘိုင္းဖုန္းတစ္လုံးရွိေနရင္ ဘဏ္တစ္ခုသဖြယ္ အသုံးခ်ႏိုင္တာက မ်က္ေမွာက္ေခတ္ကာလရဲ႕ ေကာင္းမြန္တဲ့ အေျခအေနတစ္ခု ျဖစ္လာတာ ျငင္းမရပါဘူး။တိုးတက္လာတဲ့ နည္းပညာေတြနဲ႔အၿပိဳင္ ႏိုင္ငံတကာမွာ ႀကဳံေနရတဲ့ ဒစ္ဂ်စ္တယ္စနစ္ေတြကို အသုံးခ်ၿပီး ေငြေၾကးလိမ္လည္တာမ်ိဳးေတြ မျဖစ္ေအာင္လည္း စီမံႏိုင္ဖို႔က အေရးတႀကီး လိုအပ္တဲ့ ကိစၥပါပဲ။နည္းပညာကို ႏိုင္နင္းေအာင္ ကိုင္တြယ္ႏိုင္မႈကလည္း ဖြံ႕ၿဖိဳးေနတဲ့ ကမာၻ႔ႏိုင္ငံႀကီးေတြမွာ အသုံးျပဳေနတဲ့ နည္းပညာစနစ္ေတြနဲ႔ ျပည္သူေတြအဖို႔ လက္လွမ္းမီေစမယ့္ အေျခအေနတစ္ရပ္ပါပဲ။

အဲ့ဒီလို ထိန္းသိမ္းကိုင္တြယ္ႏိုင္ဖို႔က ကိုင္တြယ္မယ့္ ဌာနအဖြဲ႕အစည္းမွာ အသုံးျပဳတဲ့ နည္းပညာအားေကာင္းဖို႔ေတြ၊ အသုံးျပဳသူေတြရဲ႕ နည္းပညာကြၽမ္းက်င္မႈေတြလည္း လိုအပ္ပါတယ္။ အခုႀကဳံေနရတဲ့ အေျခအေနတစ္ခုက နည္းပညာနဲ႔ ပတ္သက္ရင္ ကိုင္တြယ္မယ့္ ဌာနအဖြဲ႕အစည္းေတြမွာ အားနည္းေနတဲ့ အေနအထားမ်ိဳး ျမင္ရတယ္လို႔ ပညာရွင္တစ္ခ်ိဳ႕က ေထာက္ျပတာေတြ ရွိပါတယ္။မိုဘိုင္းဖုန္းေလးနဲ႔ပဲ လြယ္လြယ္ကူကူ ေငြေပးေခ်လို႔ရတာေလးက အသုံးျပဳသူေတြအတြက္ အားသာခ်က္ျဖစ္ေနသလို ေဈးဝယ္စင္တာေတြသာမကဘဲ အရပ္ထဲက ဆိုင္ေတြမွာလည္း အသုံးျပဳ ေငြရွင္းႏိုင္ေလာက္တဲ့အထိ ဆက္လက္ထိုးေဖာက္ လုပ္ကိုင္ႏိုင္မယ့္ အေျခအေနေကာင္းေတြလည္း ရွိေနပါေသးတယ္။

ဘဏ္ေတြ ကိုယ္တိုင္က Mobile Banking စနစ္ကို အားတက္သေရာ လုပ္ကိုင္လာတာေတြေၾကာင့္လည္း မိုဘိုင္းေငြလႊဲစနစ္ရဲ႕ အနာဂတ္ဟာ ဘဏ္ေငြလႊဲစနစ္ကို ဘယ္ေလာက္အထိ အလဲထိုးသြားမလဲဆိုတာေတာ့ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဇြဲမာန္
ေဖေဖာ္ဝါရီ - ၁၂