【 သတင်းဆောင်းပါး 】 ရုန်းကန်ရဦးမယ့် COVID အလွန် စီးပွားရေး

【 သတင်းဆောင်းပါး 】 ရုန်းကန်ရဦးမယ့် COVID အလွန် စီးပွားရေး

နဂိုကတည်းက ယိုင်နဲ့နဲ့ဖြစ်နေတဲ့ မြန်မာ့စီးပွားရေးအခြေအနေဟာ ၂၀၂၀ ထဲမှာ ပိုမိုးဆိုးရွားတဲ့အခြေအနေမျိုး ကြုံလာခဲ့ပါတယ်။အစိုးရသစ်တက်ခါစမှာ အနောက်နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဝင်လာနိုင်မယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် အခြေအနေတွေအရ လက်တွေ့မှာ ထင်သလောက်မဖြစ်လာခဲ့တာကြောင့်လည်း Look East မူဝါဒကိုကျင့်သုံးပြီး ရင်းနှီးမြှုပ်နှံမှုတွေဖိတ်ခေါ်ကာ ကြိုးပမ်းရုန်းကန်နေရတဲ့ကာလလည်း ဖြစ်ခဲ့ပါတယ်။

သို့ပေမယ့် ပြည်တွင်းမှာကြုံနေရတဲ့ နိုင်ငံရေးအခြေအနေတွေ၊ တိုင်းရင်းသားဒေသတွေမှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ၊ စက်မက်ရေးရာအခြေအနေတွေက ရင်းနှီးမြှုပ်နှံလုပ်ကိုင်သူတွေကို လွယ်လွယ်နဲ့ စိတ်ချလက်ချမလာရဲအောင် အခြေအနေမျိုးဖြစ်စေခဲ့တယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ထားကြပါတယ်။

COVID ကြောင့် ကမောက်ကမဖြစ်လာခဲ့တဲ့ အခြေအနေ

တစ်ကမ္ဘာလုံးကိုတုန်လှုပ်အောင် ခြိမ်းခြောက်လှုပ်ကိုင်ခဲ့တဲ့ COVID 19 ရောဂါဟာ ကမ္ဘာ့နိုင်ငံတွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းမှာဖြစ်ပွားခဲ့ပြီး ထိုကာလက မြန်မာနိုင်ငံအဖို့ စိတ်အေးရတဲ့ကာလလိုဖြစ်နေပေမယ့် ဒေါ်လာငွေလဲလှယ်နှုန်း ကမောက်ကမဖြစ်သွားတာတွေ၊ စက်သုံးဆီဈေးနှုန်းတွေ အဆမတန်ကျဆင်းလာတာတွေ ရွှေဈေးနှုန်းတွေကမောက်ကမဖြစ်တာတွေနဲ့ ရင်ဆိုင်လာရပါတယ်။

“ရွှေဈေးကွက်ကို ပြန်ကြည့်ရင် COVID ကာလမှာ တော်တော်လေးကို အပြောင်းအလဲဖြစ်ခဲ့ပါတယ်၊ မတ်လ ၁၀ ရက်လောက်က တစ်အောင်စကို ၁၆၆၄ ဒေါ်လာ ပေါက်ဈေးဖြစ်နေတဲ့ ကမ္ဘာ့ရွှေဈေးဟာ မတ်လအလယ်မှာ ၁၅၀၂  ဒေါ်လာနှုန်းဖြစ်ခဲ့ပြီး ရောဂါကူးစက်မှုတွေကြောင့် ဈေးကွက်အရောင်းအဝယ်တွေလည်း ရပ်တန့်ခဲ့ရပါတယ်။အဲ့ဒီမတ်လအလယ်မှာ တစ်ကျပ်သားကို ၁,၁၇၆,၅၀၀ ကျပ်လောက်အထိ ပြန်လည်ကျဆင်းလာတဲ့ မြန်မာ့ရွှေဈေးဟာ အခုမေလကုန်ပိုင်းလောက်ကနေစလို့ ကမ္ဘာ့ဈေးလည်း နည်းနည်းပြန်တက်လာသလို မြန်မာ့ဈေးအခြေအနေကလည်း အနည်းငယ်ပြန်တက်လာခဲ့ပါတယ်။ဇွန်လ ၁ ရက်မှာဆိုရင် ရန်ကုန်မြို့ထဲမှာ ရောင်းသူဝယ်သူတွေနဲ့ ပြန်လည်စည်ကားလာတဲ့ အခြေအနေကနေ ၁၇၄၀ ဒေါ်လာအထိ ပြန်တက်လာခဲ့သလို မြန်မာ့ဈေးဟာလည်း ၁,၂၁၉,၅၀၀ ကျပ် ဖြစ်ခဲ့ပါတယ်၊ အခုဈေးကွက်အခြေအနေကလည်း မမှန်းဆနိုင်ဘူး၊ ရှုံးတဲ့သူတွေလည်း တော်တော်လေးရှုံးခဲ့ကြတယ်၊ အမြတ်ရလိုက်သူကတော့ရှားတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးဝင်းမြင့် က ရှင်းပြပါတယ်။

ယခုဖြစ်နေတဲ့ ဈေးကွက်အခြေအနေဟာ ကျွမ်းကျင်တဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတွေတောင် တွက်ချက်ထားတဲ့ပုံစံအတိုင်း မဖြစ်လာဘဲ ခန့်မှန်းနိုင်မှုအားနည်းလာတဲ့ အခြေအနေတွေလည်း ကြုံလာရပါတယ်။မတ်လ ၂၃ ကစလို့ COVID-19 လူနာတွေ့တဲ့အကြောင်း ကြေညာလိုက်ပြီးတဲ့နောက် ရန်ကုန်မြို့နေပြည်သူအချို့ဟာ ၂၄ နာရီဖွင့်တဲ့ ဈေးဆိုင်ကြီးတွေမှာ စုပြုံတိုးဝှေ့ဝယ်ခြမ်းတာတွေဖြစ်လာခဲ့ပြီး အခြေခံစားသောက်ကုန်ကလွဲလို့ ကျန်တခြားသော လူသုံးကုန်ပစ္စည်းအများစုဟာ အရောင်းအဝယ်မရှိသလောက်အခြေအနေမျိုး ဖြစ်သွားခဲ့ပါတယ်။အခြေခံစားသောက်ကုန်တွေရဲ့ ဝယ်လိုအားဟာ ပုံမှန်ဝယ်ယူစားသုံးမှုအနေအထားရဲ့ သုံးဆကျော်လောက် မြင့်တက်သွားသလို ဝယ်ယူနိုင်တဲ့အနေအထားအမျိုးအစား၊ ပမာဏကန့်သတ်တာတွေ လုပ်ရတဲ့အထိ ဈေးဝယ်စင်တာအချို့နဲ့ ညလုံးပေါက်ဖွင့်တဲ့ အရောင်းဆိုင်ကြီးတွေမှာ ကြုံခဲ့ရပါတယ်။ရောဂါကာကွယ်နိုင်ဖို့ လူစုလူဝေးသွားလာမှုလျှော့ချစေနိုင်မယ့် အမိန့်ထုတ်ပြန်ချက်တွေ၊ အစိုးရဝန်ထမ်းတစ်ဝက်ကို နေအိမ်မှာသာနေကြဖို့ထုတ်ပြန်တာတွေ၊ လူစုလူဝေးဖြစ်စေမယ့်ပွဲလမ်းသဘင်တွေကို ပိတ်ပင်ခဲ့တာတွေအပါအဝင် နိုင်ငံတကာလေကြောင်းလိုင်းတွေကိုလည်း မတ်လ ၃၀ ရက်ကနေ ယခုအထိ (Relief Flights နဲ့ Cargo Flights) က လွဲလို့ Commercial Passenger Flights တွေကို ဇွန်လ ၁၅ ရက်အထိ ရက်တိုးမြှင့်ပိတ်ထားခဲ့ပါတယ်။

ကုန်သွယ်မှုဆိုင်းငံ့သလို ဆိုသော်လည်း

ကုန်သွယ်မှုအခြေအနေတွေဟာလည်း ဆိုင်းငံ့သလောက်ဖြစ်ခဲ့ပေမယ့် အဲ့ဒီလို Home Stay သတ်မှတ်တဲ့ကာလထဲ ဆိုက်ကပ်လာတဲ့ ပင်လယ်ကူးသင်္ဘောတစ်ချို့လည်းရှိခဲ့တာကြောင့် ဧပြီပိတ်ရက်တွေအပြီးကာလကနေ မေလကုန်လောက်အထိ ဆိပ်ကမ်းမှာရောက်နေတဲ့ ကုန်သေတ္တာပုံးတွေကို သက်ဆိုင်ရာစက်ရုံတွေဆီ ပို့ဆောင်ရင်းနဲ့ လည်ပတ်နေကြတယ်လို့ မြန်မာနိုင်ငံ ကုန်သေတ္တာတင်မော်တော်ယာဉ်အသင်း တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

“အခုကတော့ ပိတ်ရက်ရှည်တွေမှာရောက်နေတဲ့ ကွန်တိန်နာတွေရှိနေတော့ သွားနေရတယ်၊ ဒါလေးကုန်သွားရင်တော့ အလုပ်ကပါးသွားမယ်လို့ထင်တယ်၊ ခါတိုင်းနှစ်တွေမှာ ဒီအချိန်ကနယ်အဝေးတွေပို့ရပေမယ့် အခုကမြို့တွင်းလောက်ပဲများတာပေါ့၊ ဒီဟာလေးကုန်သွားရင်တော့ အလုပ်တွေက တော်တော်လေးနည်းသွားမယ်လို့ မှန်းထားတာပေါ့၊ လောလောဆယ်တော့ COVID-19 ကို ဂရုစိုက်ရင်း စားဝတ်နေရေးဖြေရှင်းနေရတယ်၊ ယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေအတွက် ကျန်းမာရေးဝန်ကြီးဌာန သတ်မှတ်ထားတဲ့အတိုင်း Mask တပ်ရမယ်၊ လက်ဆေးရမယ်၊ ကိုယ်အပူချိန်တိုင်းတယ်၊ ဆိပ်ကမ်းတွေထဲ ကားထားတဲ့ဝင်းတွေမှာလည်း ဝင်လာရင်စစ်ဆေးပြီး သတ်မှတ်ချက်နဲ့ညီမှ ဝင်ခွင့်ပေးပါတယ်၊ ဒီလိုမျိုးတွေနဲ့ သွားနေရတာပေါ့” လို့ မြန်မာနိုင်ငံ ကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း ဥက္ကဋ္ဌ ဦးအောင်မိုး က ရှင်းပြပါတယ်။

ယခုလို COVID ကာလမှာ စက်သုံးဆီ ဈေးနှုန်းတွေကျဆင်းမှုမျိုးကြုံရပေမယ့် ကုန်မရလို့မထွက်ကြတဲ့အခြေအနေတွေ၊ ကုန်စည်ပို့ဆောင်ရာမှာလည်း အသွားတစ်ကြောင်းသာ ကုန်ရပြီး အပြန်ကုန်မရတဲ့အတွက် အပြန်ခရီးအတွက်ပါ ကုန်ကျစရိတ်တွေကို သတ်မှတ်ခဲ့တာတွေကြောင့်လည်း ကုန်တန်ဆာခတွေက ကျဆင်းတာမျိုးမရှိသလို စက်သုံးဆီဈေးကျဆင်းမှုက အောက်ခြေပြည်သူတွေအဖို့ ထိရောက်တဲ့အကျိုးရလာဒ်မျိုး မရှိခဲ့ပါဘူး။

“ဒီလိုဆီဈေးကျလို့ဆိုပြီး ထိရောက်တဲ့အသုံးချမှုမျိုး မလုပ်နိုင်ခဲ့ဘူး၊ ဒါအသေအချာပဲလေ၊ လှောင်ထားမယ်ဆိုရင်တောင် ဘယ်လောက်လှောင်ထားနိုင်မှာလဲ၊ ရာသီဥတုကလည်း အင်မတန်ပူတာလေ၊ ဒုက္ခတွေဖြစ်ကုန်မှာပေါ့ဗျာ၊ လယ်ယာလုပ်ငန်းတွေမှာလည်း ထိထိရောက်ရောက် အသုံးမချနိုင်ခဲ့ဘူး၊ ဥပမာပြောရရင် လယ်ယာလုပ်ငန်းတွေမှာဗျာ စက်တွေနဲ့ပဲသုံးမယ်ထားဦး၊ စက်ကိုကိုင်တွယ်မောင်းနှင်မယ့် လုပ်သားကရှာမရဖြစ်နေပြန်ရော အဲ့ဒီလိုပေါ့၊ တက္ကစီတွေဆိုလည်း ဒီလိုပဲ၊ ဆီဈေးသက်သာတော့ တစ်နေကုန်ပတ်နေ ခရီးသည်ကမရဘူး၊ ကံကောင်းလို့ ရလာတဲ့ခရီးသည်ကျတော့လည်း နဂိုဈေးအတိုင်းပဲ ယူမှဖြစ်မှာဆိုတဲ့ အခြေအနေကဖြစ်ကုန်ရော၊ ကျွန်တော်မြင်သလောက်တော့ COVID ကြောင့် ဆိုးကျိုးတွေရှိသလို အခုလို ရလာဒ်မျိုးတွေကိုလည်း အမိအရ ရယူခံစားနိုင်ဖို့ အခြေအနေမျိုးမဖြစ်ခဲ့ဘူး” လို့ စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးမြင့်ဦး က ရှင်းပြပါတယ်။

COVID ကပေးတဲ့ အလုပ်လက်မဲ့ဘဝ

အခုလို COVID ကြောင့် ဖြစ်ပေါ်တွေ့ကြုံခဲ့ရတဲ့ စီးပွားရေးအခက်အခဲတွေကြောင့် လုပ်ငန်းရှင်အများစုဟာ အလုပ်သမားအင်အားလျှော့ချတာတွေ အပါအဝင် အသုံးစရိတ်လျော့ပါးဖို့ လုပ်ဆောင်ရာကနေ အလုပ်လက်မဲ့အခြေအနေတွေဟာ များစွာကြုံလာခဲ့ရပြီး လုပ်သားတွေကြားမှာ စိန်ခေါ်မှုတစ်ရပ်လို ဖြစ်လာခဲ့ ပါတယ်။

လက်ရှိမှာ ဝယ်အားကျဆင်းနေတဲ့ အထည်ချုပ်လုပ်ငန်းတွေ၊ ခရီးသွားလုပ်ငန်းနဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေပိုင်ဆိုင်တဲ့ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေအတွက် နိုင်ငံတော်ရဲ့အရေးပေါ်ရန်ပုံငွေကနေ ဦးစားပေးထုတ်ယူအသုံးပြုသွားဖို့ စီစဉ်တာတွေလည်းရှိပါတယ်။
အထည်ချုပ်ကဏ္ဍဟာ ၂၀၁၈ ခုနှစ်မှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄ ဒသမ၆ ဘီလျံစာ ပြည်ပကိုတင်ပို့ခဲ့ပြီး အဓိကကျတဲ့ကဏ္ဍအဖြစ် ရပ်တည်နေတယ်လို့ ကုန်သည်/စက်မှု အသင်းချုပ်က ထုတ်ပြန်ထားတဲ့ စစ်တမ်းတွေမှာဖော်ပြထားတာရှိသလို တစ်နိုင်ငံလုံးအနေနဲ့ အထည်ချုပ်စက်ရုံပေါင်း ၆၀၀ ကျော်မှာ လုပ်သားပေါင်း ၄၅၀၀၀၀ ကျော်နဲ့ လည်ပတ်နေပါတယ်။

ပြည်တွင်းလူထု ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ ဒေသန္တရစံနှုန်းတွေအရ လိုအပ်နေတဲ့အပြင် နေ့စဉ်ဝင်ငွေပေါ်ကို မှီခိုနေရတဲ့ ကာယလုပ်သားအမြောက်အများရှိနေတာကြောင့် စိုးရိမ်စရာအခြေအနေတွေက တိုးလာခဲ့တာ ဖြစ်ပါတယ်။ဒါ့အပြင် အစိုးရအနေနဲ့ ထောက်ပံ့ရေးအစီအစဉ်တွေအရ စီပွားရေးနဲ့ လူမှုဆိုင်ရာ အကျိုးဆက်တွေအပေါ် ထိခိုက်မှုလျှော့ချနိုင်စေဖို့ရည်ရွယ်ပြီး ချေးငွေတွေထုတ်ပေးတာတွေ၊ အခွန်ပေးရမယ့်သတ်မှတ်ရက် ရွှေ့ဆိုင်းပေးတာတွေနဲ့ တရားဝင်ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေအတွက် အခွန်လျှော့ပေးတာတွေ၊ အခွန်ကင်းလွတ်ပေးတာတွေအတွက် ကျပ် ၁၀၀ ဘီလျံ သုံးစွဲမယ်လို့ ကြေညာထားတာတွေလည်းရှိပါတယ်။အဲ့ဒီ ကျပ် ၁၀၀ ဘီလျံ သုံးစွဲမယ့်အစီအစဉ်မှာ တစ်ဝက်ဖြစ်တဲ့ ကျပ် ၅၀ ဘီလျံကို နိုင်ငံတော်ရဲ့အရေးပေါ်ရန်ပုံငွေကနေ ထုတ်ယူသုံးစွဲမှာဖြစ်ပြီး ကျန် ၅၀ ဘီလျံကို လူမှုဖူလုံရေးရန်ပုံငွေကနေ သုံးစွဲမှာလို့ အစိုးရထုတ်ပြန်ချက်တွေမှာ ဖော်ပြထားတာဖြစ်ပါတယ်။

ဒါ့အပြင် အခြေခံလုပ်သားအများအပြားနဲ့ လည်ပတ်နေကြသော မြန်မာ့အထည်ချုပ်ကဏ္ဍရဲ့ ၈၀ ရာခိုင်နှုန်းဟာ တရုတ်ကရင်းနှီးမြှုပ်နှံတာဖြစ်လို့ COVID-19 ကြောင့် နစ်နာဆုံးရှုံးတာတွေ ကြုံတွေ့နေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) က ဆိုထားပါတယ်။မတ်လလယ်လောက်မှာ စက်ရုံပေါင်း၂၀ ကျော် ပိတ်သိမ်းခဲ့ပြီး ကုန်ကြမ်းတွေမလုံလောက်လို့ အလုပ်ချိန်တွေလျှော့ချရတဲ့အတွက် စက်ရုံလုပ်သားပေါင်း ၁၀၀၀၀ ကျော် နစ်နာမှာတွေကြုံတွေ့နေရသလို အဲ့ဒီအခြေအနေတွေကို စက်ရုံကတာဝန်ရှိသူတွေနဲ့ တရုတ်အစိုးရတို့ ပူးပေါင်းမှုနဲ့ အထည်ချုပ်စက်ရုံလုပ်ငန်းတွေကနေ ကုန်ကြမ်း ၁၅ တန်ခန့်ကို မတ်လလယ်က လေယာဉ်နဲ့တင်သွင်းပေးကာ ဖြေရှင်းလုပ်ဆောင်တာတွေရှိခဲ့ပေမယ့် အလုပ်မှရပ်နားခံရသူတွေ၊ အလုပ်ချိန်လျှော့ချမှုတွေ၊ လုပ်သားလျှော့ချတာတွေ၊ Overtime မရှိတော့တဲ့အတွက် အရင်လိုငွေကြေးမရတော့တဲ့ ဖြစ်ရပ်တွေက အလုပ်သမားတွေကြားမှာ ဒီကနေ့အထိကြုံတွေ့နေပြီး ညှိနှိုင်းဖြေရှင်းတာတွေကို လုပ်ဆောင်နေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အခုအချိန်အထိ ဖြေရှင်းလို့မပြီးနိုင်သေးတဲ့ အခြေအနေတွေထဲမှာ အလုပ်လက်မဲ့ပြဿနာတွေကလည်း ဆိုးရွားတဲ့အခြေအနေမျိုးအဖြစ် စိန်ခေါ်နေလျက်ရှိပါတယ်။ဒါ့အပြင် ခရီးသွားလုပ်ငန်းကဏ္ဍမှာလည်း ၂၀၁၈ ခုနှစ်က အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုးရဲ့ ၂ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့တယ်လို့ အစိုးရထုတ်ပြန်ချက်တွေမှာ ဖော်ပြခဲ့ပေမဲ့ လေကြောင်းပြေးဆွဲတာကို လက်ရှိကာလအထိ ရပ်တန့်လိုက်တာတွေကြောင့် ခရီးသွားလုပ်ငန်းမှာလည်း ထိခိုက်မှာတွေရှိလာကြောင်း၊ ခရီးသွားလုပ်ငန်းနဲ့ဆက်စပ်ကာ ဟိုတယ်လုပ်ငန်းတွေ၊ ဧည့်လမ်းညွှန်တွေ၊ ပို့ဆောင်ရေး ဆိုင်ရာဝန်ဆောင်မှုတွေ၊ လက်ဆောင်ပစ္စည်း ရောင်းချသူတွေအပါအဝင် ဆက်စပ်နေတဲ့ ကွင်းဆက်တစ်လျှောက်လုံးမှာ လုပ်ငန်းတွေရပ်တန့်သလိုဖြစ်ခဲ့ကာ အခက်အခဲတွေကို ရင်ဆိုင်နေကြရတဲ့ကာလလည်း ဖြစ်နေပါတယ်။

“ခရီးသွားလုပ်ငန်းကတော့ ပြန်လည်ထူမတ်နိုင်ဖို့ဆိုရင် တော်တော်လေးကို အားယူရဦးမယ်ထင်တယ်၊ လေကြောင်းလိုင်းတွေပြန်ဖွင့်ရင်တောင် ဧည့်သည်က အရင်လိုလာချင်မှလာမှာလေ” လို့လည်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌဖြစ်တဲ့ ဦးနောင်းနောင်းဟန် က ဆိုပါတယ်။

Professional လုပ်ငန်းအဖြစ် ရပ်တည်နေတဲ့ ဧည့်လမ်းညွှန်တွေအဖို့ အဆိုးရွားဆုံးကာလတစ်ခုကို ရောက်နေတယ်လို့ ဧည့်လမ်းညွှန်တွေက ဆိုထားကြပါတယ်။အဲ့ဒီလိုဆိုးရွားတဲ့ကာလတစ်ခုထဲမှာ ရောက်နေပေမယ့် အကူအညီအထောက်အပံ့တွေမရဘဲ လျစ်လျူရှုခံရသလို အခြေအနေမျိုးတွေ ကြုံနေကြပါတယ်။

“၂၀၁၉ ကတည်းက ဧည့်သည်က ထင်သလောက် သိပ်ပြီးမလာဘူး၊ အလုပ်ကယိုင်နဲ့နဲ့ဖြစ်တဲ့အခြေအနေကနေ အခုလိုအခြေအနေက ဘာလုပ်လို့ လုပ်ကိုင်စားရမှန်းမသိပါဘူး” လို့ ဧည့်လမ်းညွှန်အလုပ်ဖြင့် အသက်မွေးနေတဲ့ ကိုစိုးရီ က ရှင်းပြပါတယ်။

စီးပွားရေးသမားများ၊ ငွေရှင်ကြေးရှင်တွေဟာလည်း အခုလို COVID ရိုက်ခတ်မှုကြောင့် ထိခိုက်နစ်နာမှုတွေကြုံနေရပေမယ့် တစ်နေ့တာဝင်ငွေရမှ တစ်နေ့တာရဲ့ဝမ်းရေးကို ဖြေရှင်းကြရတဲ့ အခြေခံလူတန်းစားတွေရဲ့ဘ၀တွေဟာ အင်မတန်မှဆိုးရွားတဲ့ အခြေအနေတစ်ခုဖြစ်ခဲ့ပါတယ်။ COVID ကာလမှာ အခြေခံလူတန်းစားတွေအတွက် ဆန်၊ ဆီ၊ ကြက်သွန်တွေ အပါအဝင် စားသောက်ကုန်တွေကို အစိုးရက အခမဲ့ဖြန့်ဝေတာတွေရှိပေမယ့် အဆင့်ဆင့်ဖြန့်ဝေတဲ့အခါမှာ တကယ်လိုအပ်သူတွေရဲ့ လက်ဝယ်ထဲကို အပြည့်အ၀မရောက်တဲ့ဖြစ်ရပ်တွေ၊ မူဝါဒတစ်ခုထုတ်ပြန်သော်လည်း အောက်ခြေမှာ ချက်ချင်းအကောင်အထည်မဖော်နိုင်တာတွေလည်း ကြုံခဲ့ပြီး ဝမ်းရေးအတွက် ကိုယ့်ဟာကိုယ်ဖြေရှင်းရုန်းကန်ရမယ့် အခြေအနေတွေ ပြန်ဖြစ်လာခဲ့ပါတယ်။

“ဆန်တွေ၊ ဆီတွေ၊ ကြက်သွန်တွေ ထောက်ပံ့တာရတယ်၊ တစ်ချို့လည်း မရတာတွေရှိပေမယ့် အစ်ကိုတို့က ကံကောင်းလို့ရခဲ့တယ်၊ ဒီကြားထဲ အလှူရှင်တစ်ဦးကလည်း ဆန်လှူသေးတယ်၊ ဒါပေမဲ့ အဲ့ဒီဟာတွေက ဘယ်နှစ်ရက်စားရမလဲ၊ အလွန်ဆုံးတစ်ပတ်လောက်မှာကုန်ပြီလေ၊ ဒါကြောင့်လည်း လမ်းပေါ်ထွက်ပြီးတော့ အလုပ်ကတော့ လုပ်ရမှာပဲလေ၊ လမ်းပေါ်ထွက်ပြီးလုပ်ပေမယ့်လည်း ထွက်တာပဲရှိတယ် အရင်လိုအခြေအနေမျိုးတော့ မဖြစ်တော့ဘူးလေ၊ ငုတ်တုတ်မေ့နေသလိုဖြစ်နေတာ” လို့ အနှေးယာဉ်လုပ်သားအဖြစ် အသက်မွေးနေတဲ့ ကိုညီနိုင် က ပြောပါတယ်။

သူ့လိုအနှေးယာဉ်လုပ်သားတွေ အပါအဝင် တစ်နေ့တာရဲ့လုပ်အားနဲ့ တစ်နေ့တာဝမ်းရေးကို ဖြေရှင်းနေရတဲ့ ဘ၀များစွာဟာ ရောဂါအန္တရာယ်ကို မကြောက်နိုင်တော့ဘဲ လမ်းပေါ်ထွက်လို့ မိသားစုဝမ်းရေးအတွက် ဖြေရှင်းကြရပါတယ်။

“ဆိုက်ကားနင်းတာ တစ်နေကုန်မှ ခရီးသည်နှစ်ယောက်၊ သုံးယောက်ထက်မပိုဘူး၊ အိမ်ယာတွေဆောက်လုပ်တဲ့ဆိုက်မှာ သွားလုပ်ဖို့ဆိုပြန်တော့လည်း ဆောက်လုပ်ရေးအများစုက နားထားကြတယ်၊ အဲ့ဒီတော့ဘာလုပ်စားရမှန်းမသိဘူး၊ အခြေအနေက တော်တော့်ကိုဆိုးဆိုးကြုံရပါတယ်” လို့ သူက ဆက်ပြောပြပါတယ်။

ပြန်လည်အသက်ဝင်နိုးထလာတဲ့ မြို့ရွှေရန်ကုန်

သင်္ကြန်ပိတ်ရက်တွေမှာ လမ်းပေါ်လူသူမရှိဘဲ အိပ်မောကျသလိုဖြစ်နေတဲ့ ရန်ကုန်မြို့ဟာ အခုလိုဇွန်လထဲမှာ နဂိုကလို သွားလာလုပ်ကိုင်သူတွေနဲ့ စည်ကားလာပြီး ယာဉ်ကြောပိတ်ဆို့တာတွေအပါအဝင် ရုပ်၀တ္ထုပိုင်းဆိုင်ရာအရ အခြေအနေဟာ နဂိုအတိုင်းပြန်ဖြစ်လာခဲ့တယ်လို့ ထင်စရာရှိပေမယ့် တကယ်တမ်းမှာ အလုပ်မဖြစ်ဘဲ စားဝတ်နေရေးကို အခက်အခဲကြားမှ ဖြေရှင်းနေရတာတွေရှိပါတယ်။

ပိုးတွေ့အတည်ပြုလူနာ အခြေအနေဟာလည်း လျော့ပါးစရှိလာခဲ့ပြီး နဂိုကတည်းက အရဲစွန့်ရင်း အပြင်ပြန်ထွက်လို့ ဝမ်းရေးဖြေရှင်းသူတွေအဖို့ စိုးရိမ်မှုကင်းစေတဲ့အခြေအနေမျိုး ဖြစ်စေခဲ့ပါတယ်။ဒါ့အပြင် အစိုးရကလည်း COVID ကြောင့် ကန့်သတ်ထားတဲ့ဟာတွေကို ဖြေလျှော့မှုတွေ စတင်လုပ်ဆောင်လာတာတွေကြောင့်လည်း အိပ်မောကျနေတဲ့ ရန်ကုန်မြို့ကြီးဟာ ပြန်လည်အသက်ဝင်နိုးထလာခဲ့ကာ အရင်လိုရှုပ်ယှက်ခတ်အောင် သွားလာလုပ်ကိုင်နေကြတဲ့မြင်ကွင်းကို တွေ့လာရမှာဖြစ်ပါတယ်။ဒီလိုအခြေအနေတွေက ရောဂါပိုးကူးစက်မှုအတွက် အန္တရာယ်များတဲ့အခြေအနေတွေဖြစ်တယ်လို့ ဆေးပညာရှင်တွေက သုံးသပ်ထားပေမယ့် ဝမ်းရေးအတွက်ယှဉ်ရင် အဓိကမကျတော့တဲ့အဖြစ်လို ကြုံလာခဲ့ပါတယ်။

“အခုလို ပိုးတွေ့လူနာအခြေအနေတွေ လျော့ပါးလာတဲ့အပေါ် မပေါ့ဆသင့်ပါဘူး၊ ဝမ်းရေးအတွက် လမ်းပေါ်မှာဖြေရှင်းလုပ်ကိုင်နေတာကို နားလည်လို့ရပေမယ့် ကျန်းမာရေးသတ်မှတ်ချက်တွေကိုတော့ လိုက်နာဖို့လိုပါမယ်၊ ဒီလိုမှမဟုတ်ဘဲ အခြေအနေတစ်စုံတစ်ခုကြုံလာခဲ့ရင် အကျိုးဆက်အနေနဲ့ ရလာဒ်ကကောင်းနိုင်မှာမဟုတ်ဘူး၊ ဒါကြောင့်လည်း အားလုံးက လိုက်နာလုပ်ကိုင်ရင်းနေပေမယ့် မိမိကိုယ်ကို မကူးစက်ခံရအောင်ပြင်ဆင်ကာ လုပ်ကိုင်သင့်ပါတယ်” လို့ ပန်းဘဲတန်းမဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး က ရှင်းပြပါတယ်။

အခုဆိုရင် ရန်ကုန်ဟာ ရှုပ်ယှက်ခတ်အောင် ပြန်စည်ကားလာသလို ဘတ်စ်ကားလိုင်းတွေအနေနဲ့လည်း အရင်လိုနီးပါး ၇၀ ရာခိုင်နှုန်းလောက်အထိ ပြန်လည်ပြေးဆွဲနေပေမယ့် ခရီးသည်တွေရဲ့ စီးနင်းအသုံးပြုမှုဟာ အရင်နဲ့ယှဉ်ရင် ၂၀ ရာခိုင်နှုန်းလောက်သာရှိတာကြောင့် ယာဉ်လိုင်းကုမ္ပဏီတွေဘက်က ဆုံးရှုံးမှုတွေရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးလှအောင် က ဆိုထားပါတယ်။ယခုလိုအသက်ဝင်နိုးထကာ စည်ကားလာတဲ့အခြေအနေဟာ အပေါ်ယံရုပ်ပုံကားချပ်တစ်ခုကဲ့သို့ အခြေအနေလိုဖြစ်ပြီး အခက်အခဲကြပ်တည်းမှုတွေက ပိုမိုတိုးပွားနေတဲ့ကာလလည်း ဖြစ်ခဲ့ပါတယ်။

“ဆိုင်တွေပြန်ဖွင့်လို့ရပြီဆိုလို့ အဆင်ပြေနေပြီလို့တော့မထင်နဲ့ ငါ့ညီရေ၊ အခုလိုဖွင့်ခွင့်ရဖို့ ပြင်ရဆင်ရတဲ့ ကုန်ကျစရိတ်တွေရှိတယ်၊ နောက်တစ်ခုက ရောင်းအားက အရင်လိုမျိုးမရှိဘူး၊ လာတဲ့သူနည်းတော့ မရောင်းရဘူးပေါ့နော်” လို့ လက်ဖက်ရည်နဲ့ စားဖွယ်စုံဆိုင်ဖွင့်ထားတဲ့ ကိုလှဝင်း က ပြောပါတယ်။

အစိုးရက ဖြေလျှော့မှုတွေပေးကာ social distancing စနစ်တွေနဲ့အညီ စားသောက်ဆိုင်တွေကို ပြန်ဖွင့်ခွင့်ပေးပေမယ့် ဆိုင်ကိုအတူတူလာရာကနေ ဆိုင်ရောက်မှ ခွဲထိုင်စားသောက်ပြီး အတူတူပြန်ကြတဲ့အခြေအနေက သဘာ၀မကျတဲ့အပြင် တကယ်တမ်းရောဂါကူးမယ်ဆိုပါကလည်း ကူးနိုင်တဲ့အခြေအနေမျိုးရှိကြောင်း၊ လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ ဝိုင်းဖွဲ့ထိုင်တတ်တဲ့ လူနေမှုစရိုက်တွေကြောင့်လည်း ယင်း social distancing သတ်မှတ်ချက်တွေဟာ ရေရှည်မှာအောင်မြင်နိုင်မလားဆိုတာ စောင့်ကြည့်ရမယ့်အခြေအနေတစ်ခုဖြစ်ပါတယ်။

တောက်ပတဲ့ အလားအလာကောင်း အနာဂတ်မှာမြင်ရတော့မလား

ယခုလို COVID ကာလမှာ ပြည်ပနိုင်ငံအသီးသီးမှာ သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေ ပြန်လည်လာရောက်တဲ့အခြေအနေဟာ အင်မတန်မှများပြားခဲ့ပါတယ်။အကြောင်းအမျိုးမျိုးနဲ့ ပြည်ပရောက်ပြီး ပြန်လာတဲ့ အဲ့ဒီအလုပ်သမားတွေနဲ့ သူတို့နဲ့သက်ဆိုင်ရာ ကျွမ်းကျင်မှုကဏ္ဍနယ်ပယ်မှာ အလုပ်အကိုင်တွေဖန်တီးနိုင်ပါက တိုင်းပြည်အတွက် အကျိုးရလာဒ်ကောင်းတွေ ခံစားလာနိုင်မယ်လို့ ပညာရှင်တွေက သုံးသပ်ထားကြပေမယ့် လက်တွေ့မှာတော့ မလွယ်ကူလှပါဘူး။မူဝါဒတစ်ခုချမှတ်လိုက်ရင် အောက်ခြေကို မြန်မြန်ဆန်ဆန်မရောက်တာတွေက ထင်သလောက်ခရီးမရောက်တဲ့ အခြေအနေတွေကြောင့် အစိုးရဌာနတွင်းမှာ ပြုပြင်ပြောင်းလဲတာတွေလည်းလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက အကြံပြုထားကြပါတယ်။

“အခု ပြည်ပက ပြန်လာတဲ့အထဲမှာ ဆောက်လုပ်ရေးလုပ်သားတွေလည်းပါတယ်၊ သူတို့ကို လုပ်ငန်းခွင်တွေမှာ ပြန်ပြီးနေရာချရင် ကျွန်တော်တို့က ဟိုကလစာအတိုင်း မပေးနိုင်တော့ သူတို့လုပ်မလား၊ နောက်တစ်ခုက ဆောက်လုပ်ခွင့် အပါအဝင် အစိုးရဌာနတွေနဲ့ ဆက်နွယ်လုပ်ကိုင်ရတဲ့ မူဝါဒတစ်ခုတင်ရင် ဖိုင်ရွှေ့တာက စားပွဲတစ်လုံးကနေ တစ်လုံးကြားရွှေ့ဖို့ ကြန့်ကြာတာတွေက အခုထိရှိနေသေးတယ်၊ အွန်လိုင်းစနစ်နဲ့လုပ်နေပြီလို့ ကြေညာတာတွေရှိပေမယ့် တကယ့်တကယ်တမ်း ပီပီပြင်ပြင်မလုပ်နိုင်သေးဘူး၊ ပြောရရင်ဗျာ ဖားတစ်ပိုင်းငါးတစ်ပိုင်းလို ဖြစ်နေတာ” လို့ ဆောက်လုပ်ရေး ကန်ထရိုက်တာတစ်ဦးက သုံးသပ်ထားပါတယ်။

COVID ကြောင့် ထိခိုက်ခဲ့တဲ့ကဏ္ဍတွေအတွက် ပြန်လည်နိုးထလာအောင် နိုင်ငံတိုင်းက အစိုးရတွေဟာ မူ၀ဒါအသီးသီးနဲ့ လုပ်ကိုင်နေကြပြီး ဥပမာအားဖြင့် ဂျပန်ဆိုရင် GDP ထဲ ၂၀ ရာခိုင်နှုန်း၊ အမေရိကန်ဆိုရင် ၃ ထရီလီယံ အစရှိသဖြင့် မိမိတို့မှာရှိတဲ့ သယံဇာတတွေ၊ ရှိသမျှအရင်းအနှီးတွေကို ထုတ်သုံးတဲ့ပုံစံနဲ့ ကြိုးပမ်းတာတွေရှိသလို မြန်မာနိုင်ငံအနေနဲ့ အခွန်လျှော့ပေးတာတွေ၊ အခွန်ကင်းလွတ်ပေးတာတွေအတွက် ကျပ် ၁၀၀ ဘီလျံသုံးစွဲဖို့ ကြေညာထားပေမယ့် လုပ်ငန်းတွေကို မြန်မြန်ဆန်ဆန်နဲ့ အကျိုးရှိရှိဆောင်ရွက်သွားနိုင်ဖို့ဟာ အရေးကြီးတဲ့ စိန်ခေါ်မှုတစ်ခုလို ရှိနေပါတယ်။လတ်တလောကာလမှာဆိုရင် ပြည်တွင်းရေးအခြေအနေတွေ၊ နိုင်ငံရေးထိုးနှက်မှုတွေ၊ တစ်ဘက်နဲ့တစ်ဘက် ပြစ်တင်ဝေဖန်ပုတ်ခတ်မှုတွေနဲ့ အချိန်ကုန်ဆုံးတာမျိုး မဖြစ်စေချင်ပါ။ပြည်သူတွေရဲ့ စီးပွားရေးထောင်မတ်လာနိုင်ဖို့ လုပ်ဆောင်နိုင်မယ့် မူဝါဒများစွာလည်းလိုအပ်ပြီး မူဝါဒတစ်ခုကိုချမှတ်လိုက်တဲ့အခါ အကျိုးရှိတဲ့မူဝါဒမျိုးလည်းလိုအပ်သလို အဖိတ်အစင်နည်းပါးကာ မြန်မြန်ဆန်ဆန်နဲ့ စွမ်းဆောင်နိုင်တော့မလားဆိုတာကတော့ ရီပို့ကတ်တစ်ခုအနေနဲ့ ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ဇွဲမာန်
ဇွန် - ၂

( Zawgyi )

နဂိုကတည္းက ယိုင္နဲ႔နဲ႔ျဖစ္ေနတဲ့ ျမန္မာ့စီးပြားေရးအေျခအေနဟာ ၂၀၂၀ ထဲမွာ ပိုမိုးဆိုး႐ြားတဲ့အေျခအေနမ်ိဳး ႀကဳံလာခဲ့ပါတယ္။အစိုးရသစ္တက္ခါစမွာ အေနာက္ႏိုင္ငံေတြရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈေတြဝင္လာႏိုင္မယ္လို႔ ေမွ်ာ္လင့္ခဲ့ၾကေပမယ့္ အေျခအေနေတြအရ လက္ေတြ႕မွာ ထင္သေလာက္မျဖစ္လာခဲ့တာေၾကာင့္လည္း Look East မူဝါဒကိုက်င့္သုံးၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈေတြဖိတ္ေခၚကာ ႀကိဳးပမ္း႐ုန္းကန္ေနရတဲ့ကာလလည္း ျဖစ္ခဲ့ပါတယ္။

သို႔ေပမယ့္ ျပည္တြင္းမွာႀကဳံေနရတဲ့ ႏိုင္ငံေရးအေျခအေနေတြ၊ တိုင္းရင္းသားေဒသေတြမွာျဖစ္ေပၚေနတဲ့ ပဋိပကၡေတြ၊ စက္မက္ေရးရာအေျခအေနေတြက ရင္းႏွီးျမႇဳပ္ႏွံလုပ္ကိုင္သူေတြကို လြယ္လြယ္နဲ႔ စိတ္ခ်လက္ခ်မလာရဲေအာင္ အေျခအေနမ်ိဳးျဖစ္ေစခဲ့တယ္လို႔ စီးပြားေရးပညာရွင္ေတြက သုံးသပ္ထားၾကပါတယ္။

COVID ေၾကာင့္ ကေမာက္ကမျဖစ္လာခဲ့တဲ့ အေျခအေန

တစ္ကမာၻလုံးကိုတုန္လႈပ္ေအာင္ ၿခိမ္းေျခာက္လႈပ္ကိုင္ခဲ့တဲ့ COVID 19 ေရာဂါဟာ ကမာၻ႔ႏိုင္ငံေတြမွာ ၂၀၁၉ ႏွစ္ကုန္ပိုင္းမွာျဖစ္ပြားခဲ့ၿပီး ထိုကာလက ျမန္မာႏိုင္ငံအဖို႔ စိတ္ေအးရတဲ့ကာလလိုျဖစ္ေနေပမယ့္ ေဒၚလာေငြလဲလွယ္ႏႈန္း ကေမာက္ကမျဖစ္သြားတာေတြ၊ စက္သုံးဆီေဈးႏႈန္းေတြ အဆမတန္က်ဆင္းလာတာေတြ ေ႐ႊေဈးႏႈန္းေတြကေမာက္ကမျဖစ္တာေတြနဲ႔ ရင္ဆိုင္လာရပါတယ္။

“ေ႐ႊေဈးကြက္ကို ျပန္ၾကည့္ရင္ COVID ကာလမွာ ေတာ္ေတာ္ေလးကို အေျပာင္းအလဲျဖစ္ခဲ့ပါတယ္၊ မတ္လ ၁၀ ရက္ေလာက္က တစ္ေအာင္စကို ၁၆၆၄ ေဒၚလာ ေပါက္ေဈးျဖစ္ေနတဲ့ ကမာၻ႔ေ႐ႊေဈးဟာ မတ္လအလယ္မွာ ၁၅၀၂  ေဒၚလာႏႈန္းျဖစ္ခဲ့ၿပီး ေရာဂါကူးစက္မႈေတြေၾကာင့္ ေဈးကြက္အေရာင္းအဝယ္ေတြလည္း ရပ္တန႔္ခဲ့ရပါတယ္။အဲ့ဒီမတ္လအလယ္မွာ တစ္က်ပ္သားကို ၁,၁၇၆,၅၀၀ က်ပ္ေလာက္အထိ ျပန္လည္က်ဆင္းလာတဲ့ ျမန္မာ့ေ႐ႊေဈးဟာ အခုေမလကုန္ပိုင္းေလာက္ကေနစလို႔ ကမာၻ႔ေဈးလည္း နည္းနည္းျပန္တက္လာသလို ျမန္မာ့ေဈးအေျခအေနကလည္း အနည္းငယ္ျပန္တက္လာခဲ့ပါတယ္။ဇြန္လ ၁ ရက္မွာဆိုရင္ ရန္ကုန္ၿမိဳ႕ထဲမွာ ေရာင္းသူဝယ္သူေတြနဲ႔ ျပန္လည္စည္ကားလာတဲ့ အေျခအေနကေန ၁၇၄၀ ေဒၚလာအထိ ျပန္တက္လာခဲ့သလို ျမန္မာ့ေဈးဟာလည္း ၁,၂၁၉,၅၀၀ က်ပ္ ျဖစ္ခဲ့ပါတယ္၊ အခုေဈးကြက္အေျခအေနကလည္း မမွန္းဆႏိုင္ဘူး၊ ရႈံးတဲ့သူေတြလည္း ေတာ္ေတာ္ေလးရႈံးခဲ့ၾကတယ္၊ အျမတ္ရလိုက္သူကေတာ့ရွားတယ္” လို႔ ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္းရွင္မ်ားအသင္းမွ အတြင္းေရးမႉး ဦးဝင္းျမင့္ က ရွင္းျပပါတယ္။

ယခုျဖစ္ေနတဲ့ ေဈးကြက္အေျခအေနဟာ ကြၽမ္းက်င္တဲ့စီးပြားေရးလုပ္ငန္းရွင္ႀကီးေတြေတာင္ တြက္ခ်က္ထားတဲ့ပုံစံအတိုင္း မျဖစ္လာဘဲ ခန႔္မွန္းႏိုင္မႈအားနည္းလာတဲ့ အေျခအေနေတြလည္း ႀကဳံလာရပါတယ္။မတ္လ ၂၃ ကစလို႔ COVID-19 လူနာေတြ႕တဲ့အေၾကာင္း ေၾကညာလိုက္ၿပီးတဲ့ေနာက္ ရန္ကုန္ၿမိဳ႕ေနျပည္သူအခ်ိဳ႕ဟာ ၂၄ နာရီဖြင့္တဲ့ ေဈးဆိုင္ႀကီးေတြမွာ စုၿပဳံတိုးေဝွ႔ဝယ္ျခမ္းတာေတြျဖစ္လာခဲ့ၿပီး အေျခခံစားေသာက္ကုန္ကလြဲလို႔ က်န္တျခားေသာ လူသုံးကုန္ပစၥည္းအမ်ားစုဟာ အေရာင္းအဝယ္မရွိသေလာက္အေျခအေနမ်ိဳး ျဖစ္သြားခဲ့ပါတယ္။အေျခခံစားေသာက္ကုန္ေတြရဲ႕ ဝယ္လိုအားဟာ ပုံမွန္ဝယ္ယူစားသုံးမႈအေနအထားရဲ႕ သုံးဆေက်ာ္ေလာက္ ျမင့္တက္သြားသလို ဝယ္ယူႏိုင္တဲ့အေနအထားအမ်ိဳးအစား၊ ပမာဏကန႔္သတ္တာေတြ လုပ္ရတဲ့အထိ ေဈးဝယ္စင္တာအခ်ိဳ႕နဲ႔ ညလုံးေပါက္ဖြင့္တဲ့ အေရာင္းဆိုင္ႀကီးေတြမွာ ႀကဳံခဲ့ရပါတယ္။ေရာဂါကာကြယ္ႏိုင္ဖို႔ လူစုလူေဝးသြားလာမႈေလွ်ာ့ခ်ေစႏိုင္မယ့္ အမိန႔္ထုတ္ျပန္ခ်က္ေတြ၊ အစိုးရဝန္ထမ္းတစ္ဝက္ကို ေနအိမ္မွာသာေနၾကဖို႔ထုတ္ျပန္တာေတြ၊ လူစုလူေဝးျဖစ္ေစမယ့္ပြဲလမ္းသဘင္ေတြကို ပိတ္ပင္ခဲ့တာေတြအပါအဝင္ ႏိုင္ငံတကာေလေၾကာင္းလိုင္းေတြကိုလည္း မတ္လ ၃၀ ရက္ကေန ယခုအထိ (Relief Flights နဲ႔ Cargo Flights) က လြဲလို႔ Commercial Passenger Flights ေတြကို ဇြန္လ ၁၅ ရက္အထိ ရက္တိုးျမႇင့္ပိတ္ထားခဲ့ပါတယ္။

ကုန္သြယ္မႈဆိုင္းငံ့သလို ဆိုေသာ္လည္း

ကုန္သြယ္မႈအေျခအေနေတြဟာလည္း ဆိုင္းငံ့သေလာက္ျဖစ္ခဲ့ေပမယ့္ အဲ့ဒီလို Home Stay သတ္မွတ္တဲ့ကာလထဲ ဆိုက္ကပ္လာတဲ့ ပင္လယ္ကူးသေဘၤာတစ္ခ်ိဳ႕လည္းရွိခဲ့တာေၾကာင့္ ဧၿပီပိတ္ရက္ေတြအၿပီးကာလကေန ေမလကုန္ေလာက္အထိ ဆိပ္ကမ္းမွာေရာက္ေနတဲ့ ကုန္ေသတၱာပုံးေတြကို သက္ဆိုင္ရာစက္႐ုံေတြဆီ ပို႔ေဆာင္ရင္းနဲ႔ လည္ပတ္ေနၾကတယ္လို႔ ျမန္မာႏိုင္ငံ ကုန္ေသတၱာတင္ေမာ္ေတာ္ယာဥ္အသင္း တာဝန္ရွိသူေတြက ေျပာဆိုပါတယ္။

“အခုကေတာ့ ပိတ္ရက္ရွည္ေတြမွာေရာက္ေနတဲ့ ကြန္တိန္နာေတြရွိေနေတာ့ သြားေနရတယ္၊ ဒါေလးကုန္သြားရင္ေတာ့ အလုပ္ကပါးသြားမယ္လို႔ထင္တယ္၊ ခါတိုင္းႏွစ္ေတြမွာ ဒီအခ်ိန္ကနယ္အေဝးေတြပို႔ရေပမယ့္ အခုကၿမိဳ႕တြင္းေလာက္ပဲမ်ားတာေပါ့၊ ဒီဟာေလးကုန္သြားရင္ေတာ့ အလုပ္ေတြက ေတာ္ေတာ္ေလးနည္းသြားမယ္လို႔ မွန္းထားတာေပါ့၊ ေလာေလာဆယ္ေတာ့ COVID-19 ကို ဂ႐ုစိုက္ရင္း စားဝတ္ေနေရးေျဖရွင္းေနရတယ္၊ ယာဥ္ေမာင္းေတြ၊ ယာဥ္ေနာက္လိုက္ေတြအတြက္ က်န္းမာေရးဝန္ႀကီးဌာန သတ္မွတ္ထားတဲ့အတိုင္း Mask တပ္ရမယ္၊ လက္ေဆးရမယ္၊ ကိုယ္အပူခ်ိန္တိုင္းတယ္၊ ဆိပ္ကမ္းေတြထဲ ကားထားတဲ့ဝင္းေတြမွာလည္း ဝင္လာရင္စစ္ေဆးၿပီး သတ္မွတ္ခ်က္နဲ႔ညီမွ ဝင္ခြင့္ေပးပါတယ္၊ ဒီလိုမ်ိဳးေတြနဲ႔ သြားေနရတာေပါ့” လို႔ ျမန္မာႏိုင္ငံ ကုန္ေသတၱာတင္ေမာ္ေတာ္ယာဥ္မ်ားအသင္း ဥကၠ႒ ဦးေအာင္မိုး က ရွင္းျပပါတယ္။

ယခုလို COVID ကာလမွာ စက္သုံးဆီ ေဈးႏႈန္းေတြက်ဆင္းမႈမ်ိဳးႀကဳံရေပမယ့္ ကုန္မရလို႔မထြက္ၾကတဲ့အေျခအေနေတြ၊ ကုန္စည္ပို႔ေဆာင္ရာမွာလည္း အသြားတစ္ေၾကာင္းသာ ကုန္ရၿပီး အျပန္ကုန္မရတဲ့အတြက္ အျပန္ခရီးအတြက္ပါ ကုန္က်စရိတ္ေတြကို သတ္မွတ္ခဲ့တာေတြေၾကာင့္လည္း ကုန္တန္ဆာခေတြက က်ဆင္းတာမ်ိဳးမရွိသလို စက္သုံးဆီေဈးက်ဆင္းမႈက ေအာက္ေျချပည္သူေတြအဖို႔ ထိေရာက္တဲ့အက်ိဳးရလာဒ္မ်ိဳး မရွိခဲ့ပါဘူး။

“ဒီလိုဆီေဈးက်လို႔ဆိုၿပီး ထိေရာက္တဲ့အသုံးခ်မႈမ်ိဳး မလုပ္ႏိုင္ခဲ့ဘူး၊ ဒါအေသအခ်ာပဲေလ၊ ေလွာင္ထားမယ္ဆိုရင္ေတာင္ ဘယ္ေလာက္ေလွာင္ထားႏိုင္မွာလဲ၊ ရာသီဥတုကလည္း အင္မတန္ပူတာေလ၊ ဒုကၡေတြျဖစ္ကုန္မွာေပါ့ဗ်ာ၊ လယ္ယာလုပ္ငန္းေတြမွာလည္း ထိထိေရာက္ေရာက္ အသုံးမခ်ႏိုင္ခဲ့ဘူး၊ ဥပမာေျပာရရင္ လယ္ယာလုပ္ငန္းေတြမွာဗ်ာ စက္ေတြနဲ႔ပဲသုံးမယ္ထားဦး၊ စက္ကိုကိုင္တြယ္ေမာင္းႏွင္မယ့္ လုပ္သားကရွာမရျဖစ္ေနျပန္ေရာ အဲ့ဒီလိုေပါ့၊ တကၠစီေတြဆိုလည္း ဒီလိုပဲ၊ ဆီေဈးသက္သာေတာ့ တစ္ေနကုန္ပတ္ေန ခရီးသည္ကမရဘူး၊ ကံေကာင္းလို႔ ရလာတဲ့ခရီးသည္က်ေတာ့လည္း နဂိုေဈးအတိုင္းပဲ ယူမွျဖစ္မွာဆိုတဲ့ အေျခအေနကျဖစ္ကုန္ေရာ၊ ကြၽန္ေတာ္ျမင္သေလာက္ေတာ့ COVID ေၾကာင့္ ဆိုးက်ိဳးေတြရွိသလို အခုလို ရလာဒ္မ်ိဳးေတြကိုလည္း အမိအရ ရယူခံစားႏိုင္ဖို႔ အေျခအေနမ်ိဳးမျဖစ္ခဲ့ဘူး” လို႔ စက္သုံးဆီလုပ္ငန္းရွင္တစ္ဦးျဖစ္တဲ့ ဦးျမင့္ဦး က ရွင္းျပပါတယ္။

COVID ကေပးတဲ့ အလုပ္လက္မဲ့ဘဝ

အခုလို COVID ေၾကာင့္ ျဖစ္ေပၚေတြ႕ႀကဳံခဲ့ရတဲ့ စီးပြားေရးအခက္အခဲေတြေၾကာင့္ လုပ္ငန္းရွင္အမ်ားစုဟာ အလုပ္သမားအင္အားေလွ်ာ့ခ်တာေတြ အပါအဝင္ အသုံးစရိတ္ေလ်ာ့ပါးဖို႔ လုပ္ေဆာင္ရာကေန အလုပ္လက္မဲ့အေျခအေနေတြဟာ မ်ားစြာႀကဳံလာခဲ့ရၿပီး လုပ္သားေတြၾကားမွာ စိန္ေခၚမႈတစ္ရပ္လို ျဖစ္လာခဲ့ ပါတယ္။

လက္ရွိမွာ ဝယ္အားက်ဆင္းေနတဲ့ အထည္ခ်ဳပ္လုပ္ငန္းေတြ၊ ခရီးသြားလုပ္ငန္းနဲ႔ ျပည္တြင္းလုပ္ငန္းရွင္ေတြပိုင္ဆိုင္တဲ့ အေသးစား အလတ္စား စီးပြားေရးလုပ္ငန္းေတြအတြက္ ႏိုင္ငံေတာ္ရဲ႕အေရးေပၚရန္ပုံေငြကေန ဦးစားေပးထုတ္ယူအသုံးျပဳသြားဖို႔ စီစဥ္တာေတြလည္းရွိပါတယ္။
အထည္ခ်ဳပ္က႑ဟာ ၂၀၁၈ ခုႏွစ္မွာ စုစုေပါင္း အေမရိကန္ေဒၚလာ ၄ ဒသမ၆ ဘီလ်ံစာ ျပည္ပကိုတင္ပို႔ခဲ့ၿပီး အဓိကက်တဲ့က႑အျဖစ္ ရပ္တည္ေနတယ္လို႔ ကုန္သည္/စက္မႈ အသင္းခ်ဳပ္က ထုတ္ျပန္ထားတဲ့ စစ္တမ္းေတြမွာေဖာ္ျပထားတာရွိသလို တစ္ႏိုင္ငံလုံးအေနနဲ႔ အထည္ခ်ဳပ္စက္႐ုံေပါင္း ၆၀၀ ေက်ာ္မွာ လုပ္သားေပါင္း ၄၅၀၀၀၀ ေက်ာ္နဲ႔ လည္ပတ္ေနပါတယ္။

ျပည္တြင္းလူထု က်န္းမာေရးေစာင့္ေရွာက္မႈစနစ္မွာ ေဒသႏၲရစံႏႈန္းေတြအရ လိုအပ္ေနတဲ့အျပင္ ေန႔စဥ္ဝင္ေငြေပၚကို မွီခိုေနရတဲ့ ကာယလုပ္သားအေျမာက္အမ်ားရွိေနတာေၾကာင့္ စိုးရိမ္စရာအေျခအေနေတြက တိုးလာခဲ့တာ ျဖစ္ပါတယ္။ဒါ့အျပင္ အစိုးရအေနနဲ႔ ေထာက္ပံ့ေရးအစီအစဥ္ေတြအရ စီပြားေရးနဲ႔ လူမႈဆိုင္ရာ အက်ိဳးဆက္ေတြအေပၚ ထိခိုက္မႈေလွ်ာ့ခ်ႏိုင္ေစဖို႔ရည္႐ြယ္ၿပီး ေခ်းေငြေတြထုတ္ေပးတာေတြ၊ အခြန္ေပးရမယ့္သတ္မွတ္ရက္ ေ႐ႊ႕ဆိုင္းေပးတာေတြနဲ႔ တရားဝင္ျပည္တြင္းစီးပြားေရးလုပ္ငန္းေတြအတြက္ အခြန္ေလွ်ာ့ေပးတာေတြ၊ အခြန္ကင္းလြတ္ေပးတာေတြအတြက္ က်ပ္ ၁၀၀ ဘီလ်ံ သုံးစြဲမယ္လို႔ ေၾကညာထားတာေတြလည္းရွိပါတယ္။အဲ့ဒီ က်ပ္ ၁၀၀ ဘီလ်ံ သုံးစြဲမယ့္အစီအစဥ္မွာ တစ္ဝက္ျဖစ္တဲ့ က်ပ္ ၅၀ ဘီလ်ံကို ႏိုင္ငံေတာ္ရဲ႕အေရးေပၚရန္ပုံေငြကေန ထုတ္ယူသုံးစြဲမွာျဖစ္ၿပီး က်န္ ၅၀ ဘီလ်ံကို လူမႈဖူလုံေရးရန္ပုံေငြကေန သုံးစြဲမွာလို႔ အစိုးရထုတ္ျပန္ခ်က္ေတြမွာ ေဖာ္ျပထားတာျဖစ္ပါတယ္။

ဒါ့အျပင္ အေျခခံလုပ္သားအမ်ားအျပားနဲ႔ လည္ပတ္ေနၾကေသာ ျမန္မာ့အထည္ခ်ဳပ္က႑ရဲ႕ ၈၀ ရာခိုင္ႏႈန္းဟာ တ႐ုတ္ကရင္းႏွီးျမႇဳပ္ႏွံတာျဖစ္လို႔ COVID-19 ေၾကာင့္ နစ္နာဆုံးရႈံးတာေတြ ႀကဳံေတြ႕ေနရတယ္လို႔ ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ (CTUM) က ဆိုထားပါတယ္။မတ္လလယ္ေလာက္မွာ စက္႐ုံေပါင္း၂၀ ေက်ာ္ ပိတ္သိမ္းခဲ့ၿပီး ကုန္ၾကမ္းေတြမလုံေလာက္လို႔ အလုပ္ခ်ိန္ေတြေလွ်ာ့ခ်ရတဲ့အတြက္ စက္႐ုံလုပ္သားေပါင္း ၁၀၀၀၀ ေက်ာ္ နစ္နာမွာေတြႀကဳံေတြ႕ေနရသလို အဲ့ဒီအေျခအေနေတြကို စက္႐ုံကတာဝန္ရွိသူေတြနဲ႔ တ႐ုတ္အစိုးရတို႔ ပူးေပါင္းမႈနဲ႔ အထည္ခ်ဳပ္စက္႐ုံလုပ္ငန္းေတြကေန ကုန္ၾကမ္း ၁၅ တန္ခန႔္ကို မတ္လလယ္က ေလယာဥ္နဲ႔တင္သြင္းေပးကာ ေျဖရွင္းလုပ္ေဆာင္တာေတြရွိခဲ့ေပမယ့္ အလုပ္မွရပ္နားခံရသူေတြ၊ အလုပ္ခ်ိန္ေလွ်ာ့ခ်မႈေတြ၊ လုပ္သားေလွ်ာ့ခ်တာေတြ၊ Overtime မရွိေတာ့တဲ့အတြက္ အရင္လိုေငြေၾကးမရေတာ့တဲ့ ျဖစ္ရပ္ေတြက အလုပ္သမားေတြၾကားမွာ ဒီကေန႔အထိႀကဳံေတြ႕ေနၿပီး ညႇိႏႈိင္းေျဖရွင္းတာေတြကို လုပ္ေဆာင္ေနရတယ္လို႔ ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ (CTUM) ရဲ႕ တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

အခုအခ်ိန္အထိ ေျဖရွင္းလို႔မၿပီးႏိုင္ေသးတဲ့ အေျခအေနေတြထဲမွာ အလုပ္လက္မဲ့ျပႆနာေတြကလည္း ဆိုး႐ြားတဲ့အေျခအေနမ်ိဳးအျဖစ္ စိန္ေခၚေနလ်က္ရွိပါတယ္။ဒါ့အျပင္ ခရီးသြားလုပ္ငန္းက႑မွာလည္း ၂၀၁၈ ခုႏွစ္က အသားတင္ကုန္ထုတ္လုပ္မႈတန္ဖိုးရဲ႕ ၂ ဒသမ ၈ ရာခိုင္ႏႈန္းရွိခဲ့တယ္လို႔ အစိုးရထုတ္ျပန္ခ်က္ေတြမွာ ေဖာ္ျပခဲ့ေပမဲ့ ေလေၾကာင္းေျပးဆြဲတာကို လက္ရွိကာလအထိ ရပ္တန႔္လိုက္တာေတြေၾကာင့္ ခရီးသြားလုပ္ငန္းမွာလည္း ထိခိုက္မွာေတြရွိလာေၾကာင္း၊ ခရီးသြားလုပ္ငန္းနဲ႔ဆက္စပ္ကာ ဟိုတယ္လုပ္ငန္းေတြ၊ ဧည့္လမ္းၫႊန္ေတြ၊ ပို႔ေဆာင္ေရး ဆိုင္ရာဝန္ေဆာင္မႈေတြ၊ လက္ေဆာင္ပစၥည္း ေရာင္းခ်သူေတြအပါအဝင္ ဆက္စပ္ေနတဲ့ ကြင္းဆက္တစ္ေလွ်ာက္လုံးမွာ လုပ္ငန္းေတြရပ္တန႔္သလိုျဖစ္ခဲ့ကာ အခက္အခဲေတြကို ရင္ဆိုင္ေနၾကရတဲ့ကာလလည္း ျဖစ္ေနပါတယ္။

“ခရီးသြားလုပ္ငန္းကေတာ့ ျပန္လည္ထူမတ္ႏိုင္ဖို႔ဆိုရင္ ေတာ္ေတာ္ေလးကို အားယူရဦးမယ္ထင္တယ္၊ ေလေၾကာင္းလိုင္းေတြျပန္ဖြင့္ရင္ေတာင္ ဧည့္သည္က အရင္လိုလာခ်င္မွလာမွာေလ” လို႔လည္း ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္းရွင္မ်ားအသင္းမွ ဥကၠ႒ျဖစ္တဲ့ ဦးေနာင္းေနာင္းဟန္ က ဆိုပါတယ္။

Professional လုပ္ငန္းအျဖစ္ ရပ္တည္ေနတဲ့ ဧည့္လမ္းၫႊန္ေတြအဖို႔ အဆိုး႐ြားဆုံးကာလတစ္ခုကို ေရာက္ေနတယ္လို႔ ဧည့္လမ္းၫႊန္ေတြက ဆိုထားၾကပါတယ္။အဲ့ဒီလိုဆိုး႐ြားတဲ့ကာလတစ္ခုထဲမွာ ေရာက္ေနေပမယ့္ အကူအညီအေထာက္အပံ့ေတြမရဘဲ လ်စ္လ်ဴရႈခံရသလို အေျခအေနမ်ိဳးေတြ ႀကဳံေနၾကပါတယ္။

“၂၀၁၉ ကတည္းက ဧည့္သည္က ထင္သေလာက္ သိပ္ၿပီးမလာဘူး၊ အလုပ္ကယိုင္နဲ႔နဲ႔ျဖစ္တဲ့အေျခအေနကေန အခုလိုအေျခအေနက ဘာလုပ္လို႔ လုပ္ကိုင္စားရမွန္းမသိပါဘူး” လို႔ ဧည့္လမ္းၫႊန္အလုပ္ျဖင့္ အသက္ေမြးေနတဲ့ ကိုစိုးရီ က ရွင္းျပပါတယ္။

စီးပြားေရးသမားမ်ား၊ ေငြရွင္ေၾကးရွင္ေတြဟာလည္း အခုလို COVID ႐ိုက္ခတ္မႈေၾကာင့္ ထိခိုက္နစ္နာမႈေတြႀကဳံေနရေပမယ့္ တစ္ေန႔တာဝင္ေငြရမွ တစ္ေန႔တာရဲ႕ဝမ္းေရးကို ေျဖရွင္းၾကရတဲ့ အေျခခံလူတန္းစားေတြရဲ႕ဘ၀ေတြဟာ အင္မတန္မွဆိုး႐ြားတဲ့ အေျခအေနတစ္ခုျဖစ္ခဲ့ပါတယ္။ COVID ကာလမွာ အေျခခံလူတန္းစားေတြအတြက္ ဆန္၊ ဆီ၊ ၾကက္သြန္ေတြ အပါအဝင္ စားေသာက္ကုန္ေတြကို အစိုးရက အခမဲ့ျဖန႔္ေဝတာေတြရွိေပမယ့္ အဆင့္ဆင့္ျဖန႔္ေဝတဲ့အခါမွာ တကယ္လိုအပ္သူေတြရဲ႕ လက္ဝယ္ထဲကို အျပည့္အ၀မေရာက္တဲ့ျဖစ္ရပ္ေတြ၊ မူဝါဒတစ္ခုထုတ္ျပန္ေသာ္လည္း ေအာက္ေျခမွာ ခ်က္ခ်င္းအေကာင္အထည္မေဖာ္ႏိုင္တာေတြလည္း ႀကဳံခဲ့ၿပီး ဝမ္းေရးအတြက္ ကိုယ့္ဟာကိုယ္ေျဖရွင္း႐ုန္းကန္ရမယ့္ အေျခအေနေတြ ျပန္ျဖစ္လာခဲ့ပါတယ္။

“ဆန္ေတြ၊ ဆီေတြ၊ ၾကက္သြန္ေတြ ေထာက္ပံ့တာရတယ္၊ တစ္ခ်ိဳ႕လည္း မရတာေတြရွိေပမယ့္ အစ္ကိုတို႔က ကံေကာင္းလို႔ရခဲ့တယ္၊ ဒီၾကားထဲ အလႉရွင္တစ္ဦးကလည္း ဆန္လႉေသးတယ္၊ ဒါေပမဲ့ အဲ့ဒီဟာေတြက ဘယ္ႏွစ္ရက္စားရမလဲ၊ အလြန္ဆုံးတစ္ပတ္ေလာက္မွာကုန္ၿပီေလ၊ ဒါေၾကာင့္လည္း လမ္းေပၚထြက္ၿပီးေတာ့ အလုပ္ကေတာ့ လုပ္ရမွာပဲေလ၊ လမ္းေပၚထြက္ၿပီးလုပ္ေပမယ့္လည္း ထြက္တာပဲရွိတယ္ အရင္လိုအေျခအေနမ်ိဳးေတာ့ မျဖစ္ေတာ့ဘူးေလ၊ ငုတ္တုတ္ေမ့ေနသလိုျဖစ္ေနတာ” လို႔ အေႏွးယာဥ္လုပ္သားအျဖစ္ အသက္ေမြးေနတဲ့ ကိုညီႏိုင္ က ေျပာပါတယ္။

သူ႔လိုအေႏွးယာဥ္လုပ္သားေတြ အပါအဝင္ တစ္ေန႔တာရဲ႕လုပ္အားနဲ႔ တစ္ေန႔တာဝမ္းေရးကို ေျဖရွင္းေနရတဲ့ ဘ၀မ်ားစြာဟာ ေရာဂါအႏၲရာယ္ကို မေၾကာက္ႏိုင္ေတာ့ဘဲ လမ္းေပၚထြက္လို႔ မိသားစုဝမ္းေရးအတြက္ ေျဖရွင္းၾကရပါတယ္။

“ဆိုက္ကားနင္းတာ တစ္ေနကုန္မွ ခရီးသည္ႏွစ္ေယာက္၊ သုံးေယာက္ထက္မပိုဘူး၊ အိမ္ယာေတြေဆာက္လုပ္တဲ့ဆိုက္မွာ သြားလုပ္ဖို႔ဆိုျပန္ေတာ့လည္း ေဆာက္လုပ္ေရးအမ်ားစုက နားထားၾကတယ္၊ အဲ့ဒီေတာ့ဘာလုပ္စားရမွန္းမသိဘူး၊ အေျခအေနက ေတာ္ေတာ့္ကိုဆိုးဆိုးႀကဳံရပါတယ္” လို႔ သူက ဆက္ေျပာျပပါတယ္။

ျပန္လည္အသက္ဝင္ႏိုးထလာတဲ့ ၿမိဳ႕ေ႐ႊရန္ကုန္

သၾကၤန္ပိတ္ရက္ေတြမွာ လမ္းေပၚလူသူမရွိဘဲ အိပ္ေမာက်သလိုျဖစ္ေနတဲ့ ရန္ကုန္ၿမိဳ႕ဟာ အခုလိုဇြန္လထဲမွာ နဂိုကလို သြားလာလုပ္ကိုင္သူေတြနဲ႔ စည္ကားလာၿပီး ယာဥ္ေၾကာပိတ္ဆို႔တာေတြအပါအဝင္ ႐ုပ္၀တၳဳပိုင္းဆိုင္ရာအရ အေျခအေနဟာ နဂိုအတိုင္းျပန္ျဖစ္လာခဲ့တယ္လို႔ ထင္စရာရွိေပမယ့္ တကယ္တမ္းမွာ အလုပ္မျဖစ္ဘဲ စားဝတ္ေနေရးကို အခက္အခဲၾကားမွ ေျဖရွင္းေနရတာေတြရွိပါတယ္။

ပိုးေတြ႕အတည္ျပဳလူနာ အေျခအေနဟာလည္း ေလ်ာ့ပါးစရွိလာခဲ့ၿပီး နဂိုကတည္းက အရဲစြန႔္ရင္း အျပင္ျပန္ထြက္လို႔ ဝမ္းေရးေျဖရွင္းသူေတြအဖို႔ စိုးရိမ္မႈကင္းေစတဲ့အေျခအေနမ်ိဳး ျဖစ္ေစခဲ့ပါတယ္။ဒါ့အျပင္ အစိုးရကလည္း COVID ေၾကာင့္ ကန႔္သတ္ထားတဲ့ဟာေတြကို ေျဖေလွ်ာ့မႈေတြ စတင္လုပ္ေဆာင္လာတာေတြေၾကာင့္လည္း အိပ္ေမာက်ေနတဲ့ ရန္ကုန္ၿမိဳ႕ႀကီးဟာ ျပန္လည္အသက္ဝင္ႏိုးထလာခဲ့ကာ အရင္လိုရႈပ္ယွက္ခတ္ေအာင္ သြားလာလုပ္ကိုင္ေနၾကတဲ့ျမင္ကြင္းကို ေတြ႕လာရမွာျဖစ္ပါတယ္။ဒီလိုအေျခအေနေတြက ေရာဂါပိုးကူးစက္မႈအတြက္ အႏၲရာယ္မ်ားတဲ့အေျခအေနေတြျဖစ္တယ္လို႔ ေဆးပညာရွင္ေတြက သုံးသပ္ထားေပမယ့္ ဝမ္းေရးအတြက္ယွဥ္ရင္ အဓိကမက်ေတာ့တဲ့အျဖစ္လို ႀကဳံလာခဲ့ပါတယ္။

“အခုလို ပိုးေတြ႕လူနာအေျခအေနေတြ ေလ်ာ့ပါးလာတဲ့အေပၚ မေပါ့ဆသင့္ပါဘူး၊ ဝမ္းေရးအတြက္ လမ္းေပၚမွာေျဖရွင္းလုပ္ကိုင္ေနတာကို နားလည္လို႔ရေပမယ့္ က်န္းမာေရးသတ္မွတ္ခ်က္ေတြကိုေတာ့ လိုက္နာဖို႔လိုပါမယ္၊ ဒီလိုမွမဟုတ္ဘဲ အေျခအေနတစ္စုံတစ္ခုႀကဳံလာခဲ့ရင္ အက်ိဳးဆက္အေနနဲ႔ ရလာဒ္ကေကာင္းႏိုင္မွာမဟုတ္ဘူး၊ ဒါေၾကာင့္လည္း အားလုံးက လိုက္နာလုပ္ကိုင္ရင္းေနေပမယ့္ မိမိကိုယ္ကို မကူးစက္ခံရေအာင္ျပင္ဆင္ကာ လုပ္ကိုင္သင့္ပါတယ္” လို႔ ပန္းဘဲတန္းမဲဆႏၵနယ္မွ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန္းႏိုင္ဦး က ရွင္းျပပါတယ္။

အခုဆိုရင္ ရန္ကုန္ဟာ ရႈပ္ယွက္ခတ္ေအာင္ ျပန္စည္ကားလာသလို ဘတ္စ္ကားလိုင္းေတြအေနနဲ႔လည္း အရင္လိုနီးပါး ၇၀ ရာခိုင္ႏႈန္းေလာက္အထိ ျပန္လည္ေျပးဆြဲေနေပမယ့္ ခရီးသည္ေတြရဲ႕ စီးနင္းအသုံးျပဳမႈဟာ အရင္နဲ႔ယွဥ္ရင္ ၂၀ ရာခိုင္ႏႈန္းေလာက္သာရွိတာေၾကာင့္ ယာဥ္လိုင္းကုမၸဏီေတြဘက္က ဆုံးရႈံးမႈေတြရွိေနတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕ (YRTA) ရဲ႕ တြဲဖက္အတြင္းေရးမႉး ဦးလွေအာင္ က ဆိုထားပါတယ္။ယခုလိုအသက္ဝင္ႏိုးထကာ စည္ကားလာတဲ့အေျခအေနဟာ အေပၚယံ႐ုပ္ပုံကားခ်ပ္တစ္ခုကဲ့သို႔ အေျခအေနလိုျဖစ္ၿပီး အခက္အခဲၾကပ္တည္းမႈေတြက ပိုမိုတိုးပြားေနတဲ့ကာလလည္း ျဖစ္ခဲ့ပါတယ္။

“ဆိုင္ေတြျပန္ဖြင့္လို႔ရၿပီဆိုလို႔ အဆင္ေျပေနၿပီလို႔ေတာ့မထင္နဲ႔ ငါ့ညီေရ၊ အခုလိုဖြင့္ခြင့္ရဖို႔ ျပင္ရဆင္ရတဲ့ ကုန္က်စရိတ္ေတြရွိတယ္၊ ေနာက္တစ္ခုက ေရာင္းအားက အရင္လိုမ်ိဳးမရွိဘူး၊ လာတဲ့သူနည္းေတာ့ မေရာင္းရဘူးေပါ့ေနာ္” လို႔ လက္ဖက္ရည္နဲ႔ စားဖြယ္စုံဆိုင္ဖြင့္ထားတဲ့ ကိုလွဝင္း က ေျပာပါတယ္။

အစိုးရက ေျဖေလွ်ာ့မႈေတြေပးကာ social distancing စနစ္ေတြနဲ႔အညီ စားေသာက္ဆိုင္ေတြကို ျပန္ဖြင့္ခြင့္ေပးေပမယ့္ ဆိုင္ကိုအတူတူလာရာကေန ဆိုင္ေရာက္မွ ခြဲထိုင္စားေသာက္ၿပီး အတူတူျပန္ၾကတဲ့အေျခအေနက သဘာ၀မက်တဲ့အျပင္ တကယ္တမ္းေရာဂါကူးမယ္ဆိုပါကလည္း ကူးႏိုင္တဲ့အေျခအေနမ်ိဳးရွိေၾကာင္း၊ လက္ဖက္ရည္ဆိုင္ေတြ၊ စားေသာက္ဆိုင္ေတြမွာ ဝိုင္းဖြဲ႕ထိုင္တတ္တဲ့ လူေနမႈစ႐ိုက္ေတြေၾကာင့္လည္း ယင္း social distancing သတ္မွတ္ခ်က္ေတြဟာ ေရရွည္မွာေအာင္ျမင္ႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမယ့္အေျခအေနတစ္ခုျဖစ္ပါတယ္။

ေတာက္ပတဲ့ အလားအလာေကာင္း အနာဂတ္မွာျမင္ရေတာ့မလား

ယခုလို COVID ကာလမွာ ျပည္ပႏိုင္ငံအသီးသီးမွာ သြားေရာက္လုပ္ကိုင္ေနတဲ့ ျမန္မာအလုပ္သမားေတြ ျပန္လည္လာေရာက္တဲ့အေျခအေနဟာ အင္မတန္မွမ်ားျပားခဲ့ပါတယ္။အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ျပည္ပေရာက္ၿပီး ျပန္လာတဲ့ အဲ့ဒီအလုပ္သမားေတြနဲ႔ သူတို႔နဲ႔သက္ဆိုင္ရာ ကြၽမ္းက်င္မႈက႑နယ္ပယ္မွာ အလုပ္အကိုင္ေတြဖန္တီးႏိုင္ပါက တိုင္းျပည္အတြက္ အက်ိဳးရလာဒ္ေကာင္းေတြ ခံစားလာႏိုင္မယ္လို႔ ပညာရွင္ေတြက သုံးသပ္ထားၾကေပမယ့္ လက္ေတြ႕မွာေတာ့ မလြယ္ကူလွပါဘူး။မူဝါဒတစ္ခုခ်မွတ္လိုက္ရင္ ေအာက္ေျခကို ျမန္ျမန္ဆန္ဆန္မေရာက္တာေတြက ထင္သေလာက္ခရီးမေရာက္တဲ့ အေျခအေနေတြေၾကာင့္ အစိုးရဌာနတြင္းမွာ ျပဳျပင္ေျပာင္းလဲတာေတြလည္းလုပ္ေဆာင္ဖို႔ လိုအပ္တယ္လို႔ စီးပြားေရးလုပ္ငန္းရွင္ေတြက အႀကံျပဳထားၾကပါတယ္။

“အခု ျပည္ပက ျပန္လာတဲ့အထဲမွာ ေဆာက္လုပ္ေရးလုပ္သားေတြလည္းပါတယ္၊ သူတို႔ကို လုပ္ငန္းခြင္ေတြမွာ ျပန္ၿပီးေနရာခ်ရင္ ကြၽန္ေတာ္တို႔က ဟိုကလစာအတိုင္း မေပးႏိုင္ေတာ့ သူတို႔လုပ္မလား၊ ေနာက္တစ္ခုက ေဆာက္လုပ္ခြင့္ အပါအဝင္ အစိုးရဌာနေတြနဲ႔ ဆက္ႏြယ္လုပ္ကိုင္ရတဲ့ မူဝါဒတစ္ခုတင္ရင္ ဖိုင္ေ႐ႊ႕တာက စားပြဲတစ္လုံးကေန တစ္လုံးၾကားေ႐ႊ႕ဖို႔ ၾကန႔္ၾကာတာေတြက အခုထိရွိေနေသးတယ္၊ အြန္လိုင္းစနစ္နဲ႔လုပ္ေနၿပီလို႔ ေၾကညာတာေတြရွိေပမယ့္ တကယ့္တကယ္တမ္း ပီပီျပင္ျပင္မလုပ္ႏိုင္ေသးဘူး၊ ေျပာရရင္ဗ်ာ ဖားတစ္ပိုင္းငါးတစ္ပိုင္းလို ျဖစ္ေနတာ” လို႔ ေဆာက္လုပ္ေရး ကန္ထ႐ိုက္တာတစ္ဦးက သုံးသပ္ထားပါတယ္။

COVID ေၾကာင့္ ထိခိုက္ခဲ့တဲ့က႑ေတြအတြက္ ျပန္လည္ႏိုးထလာေအာင္ ႏိုင္ငံတိုင္းက အစိုးရေတြဟာ မူ၀ဒါအသီးသီးနဲ႔ လုပ္ကိုင္ေနၾကၿပီး ဥပမာအားျဖင့္ ဂ်ပန္ဆိုရင္ GDP ထဲ ၂၀ ရာခိုင္ႏႈန္း၊ အေမရိကန္ဆိုရင္ ၃ ထရီလီယံ အစရွိသျဖင့္ မိမိတို႔မွာရွိတဲ့ သယံဇာတေတြ၊ ရွိသမွ်အရင္းအႏွီးေတြကို ထုတ္သုံးတဲ့ပုံစံနဲ႔ ႀကိဳးပမ္းတာေတြရွိသလို ျမန္မာႏိုင္ငံအေနနဲ႔ အခြန္ေလွ်ာ့ေပးတာေတြ၊ အခြန္ကင္းလြတ္ေပးတာေတြအတြက္ က်ပ္ ၁၀၀ ဘီလ်ံသုံးစြဲဖို႔ ေၾကညာထားေပမယ့္ လုပ္ငန္းေတြကို ျမန္ျမန္ဆန္ဆန္နဲ႔ အက်ိဳးရွိရွိေဆာင္႐ြက္သြားႏိုင္ဖို႔ဟာ အေရးႀကီးတဲ့ စိန္ေခၚမႈတစ္ခုလို ရွိေနပါတယ္။လတ္တေလာကာလမွာဆိုရင္ ျပည္တြင္းေရးအေျခအေနေတြ၊ ႏိုင္ငံေရးထိုးႏွက္မႈေတြ၊ တစ္ဘက္နဲ႔တစ္ဘက္ ျပစ္တင္ေဝဖန္ပုတ္ခတ္မႈေတြနဲ႔ အခ်ိန္ကုန္ဆုံးတာမ်ိဳး မျဖစ္ေစခ်င္ပါ။ျပည္သူေတြရဲ႕ စီးပြားေရးေထာင္မတ္လာႏိုင္ဖို႔ လုပ္ေဆာင္ႏိုင္မယ့္ မူဝါဒမ်ားစြာလည္းလိုအပ္ၿပီး မူဝါဒတစ္ခုကိုခ်မွတ္လိုက္တဲ့အခါ အက်ိဳးရွိတဲ့မူဝါဒမ်ိဳးလည္းလိုအပ္သလို အဖိတ္အစင္နည္းပါးကာ ျမန္ျမန္ဆန္ဆန္နဲ႔ စြမ္းေဆာင္ႏိုင္ေတာ့မလားဆိုတာကေတာ့ ရီပို႔ကတ္တစ္ခုအေနနဲ႔ ဆက္လက္ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

ဇြဲမာန္
ဇြန္ - ၂