【 သတင်းဆောင်းပါး 】 အမောဖောက်လာတဲ့ ငွေကြေးပြဇာတ်

【 သတင်းဆောင်းပါး 】 အမောဖောက်လာတဲ့ ငွေကြေးပြဇာတ်

ပြည်သူတွေရဲ့ လက်ထဲမှာ လည်ပတ်စီးဆင်း သုံးစွဲနေကြရတဲ့ ပြည်တွင်းငွေကြေးဟာ အခု ၂၀၁၈ ခုနှစ်ထဲ တန်ဖိုးအပြောင်းအလဲတွေ ဖြစ်ခဲ့ပါတယ်။တခြားသော အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ကြည့်ရင် အရင်ကတည်းက ခိုင်မာမှုအားနည်းခဲ့တဲ့ မြန်မာ့ငွေကြေးဟာ ကမ္ဘာ့စီးပွားရေး အကြပ်အတည်းရဲ့ ရိုက်ခတ်မှုဒဏ်ကို တခြားနိုင်ငံတွေက ငွေကြေးတွေထက် ပိုမိုခံခဲ့ရပါတယ်။ပြည်တွင်းသုံးငွေ တန်ဖိုးကျဆင်းကာ နိုင်ငံခြားငွေလဲဈေး မြင့်တက်မှု အခြေအနေက အကျိုးရှိခဲ့သူတွေ အများအပြားရှိခဲ့သလို ဆုံးရှုံးသူ အများအပြားနဲ့ ဇာတ်ရှိန်မြှင့်ပေးလိုက်တဲ့ ဇာတ်ကွက်မျိုး တစ်ခုလိုပါပဲ။

ငွေကြေးလဲနှုန်း တန်ဖိုးအပြောင်းအလဲကြောင့် အကျိုးဖြစ်ထွန်းသွားသူတွေ ရှိပေမယ့် အများစုကတော့ နောက်ဆက်တွဲဖြစ်တဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုရဲ့ဒဏ်ကိုခံစားရပြီး ဆုံးရှုံးမှုတွေနဲ့ ကြုံကြရတာပါပဲ။

ငွေကြေးဇာတ်လမ်း ဖန်တီးလေသလား။

အခုလိုဖြစ်နေတဲ့ ငွေကြေးဇာတ်လမ်းရဲ့ မူလအစဟာ သြဂုတ် ၁၃ ရက်လောက်က ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း ပယ်ဖျက်လိုက်တာရဲ့ နောက်ဆက်တွဲ အခြေတည်တာဖြစ်တယ်လို့ ဆိုကြပါတယ်။ပြည်တွင်းငွေကြေးနဲ့ ပတ်သက်လို့ deregulation လုပ်လိုက်တဲ့ အခြေအနေဟာ မြန်မာနိုင်ငံအဖို့ regulation တောင်မှ မပြည့်စုံသေးဘဲ deregulation သွားကာ Exchange ကို ကိုယ်သတ်မှတ်ချင်သလို သတ်မှတ်ဆိုပြီး လွှတ်ပေးလိုက်တာရဲ့ အခြေအနေတွေကနေ ဈေးကစားချင်တဲ့ စီးပွားရေးသမားတွေရဲ့အကြိုက် အခြေအနေမျိုး ဖြစ်စေခဲ့ပါတယ်။

"တကယ်တော့လည်း ဒါကလည်းဒါပေါ့၊ သို့ပေမဲ့ ဒီတစ်ခုတည်း  ကြောင့်တော့ မဟုတ်ဘူး၊ သူ့မှာ အကြောင်းအရင်းတွေ အများကြီးရှိတယ်၊ ပြောရင် မိုးချုပ်သွားလိမ့်မယ်" လို့လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ (ငြိမ်း) ဦးသန်းလွင် က ပြောပါတယ်။

ဒေါ်လာငွေ လဲလှယ်နှုန်းတွေဟာလည်း သြဂုတ်လ ၁၆ ရက်မှာ စချိန်တင်မြင့်တက်သွားကာ တစ်ဒေါ်လာလျှင် ၁၅၀၀ ကျပ်ရဲ့ အထက်ကို ကျော်လွန်ခဲ့ရာကနေ ဗဟိုဘဏ်က လေလံဈေးကွက်ထဲကို အစပိုင်းမှာ ဒေါ်လာ တစ်သိန်းခွဲစီ၊ အဲ့ဒီကနေ ဒေါ်လာ လေးသန်း၊ နောက်ဆုံး ဒေါ်လာ ၂၅ သန်းအထိ ထည့်ကာ နိုင်ငံခြားငွေတွေကို ထုတ်ရောင်းလိုက်တဲ့အခါမှာ ငွေလဲဈေးကွက်ထဲ အပြောင်းအလဲတွေဖြစ်ခဲ့ပြီး မူလဖြစ်နေတဲ့ တစ်ဒေါ်လာလျှင် ၁၅၀၀ အထက် အခြေအနေကနေ ၁၅၀၀ ကျပ်ရဲ့ အောက်ကို ပြန်လည်ကျဆင်းလာခဲ့ပါတယ်။

ထိုကျဆင်းတာဟာ တစ်ရက်နှစ်ရက်လောက်သာ ဖြစ်ခဲ့ရာကနေ ပြန်လည်လို့ မြင့်တက်လာခဲ့ပြီး စက်တင်ဘာလထဲ အရောက်မှာတော့ စံချိန်သစ်ကို ထပ်မံစံချိန်ချိုးရတဲ့ အခြေအနေမျိုးအထိ ဖြစ်သွားခဲ့ပါတယ်။ထိုစဉ်အချိန် သြဂုတ်လကုန်လောက်မှာ အာရှနိုင်ငံတွေအနေနဲ့ ငွေတန်ဖိုး ၈ ရာခိုင်နှုန်းလောက်သာ ကျဆင်းပေမယ့် မြန်မာ့ငွေကြေးကတော့ ၁၃ ရာခိုင်နှုန်းအထိ တန်ဖိုးကျဆင်းလို့လာနေပါပြီ။

ဒေါ်လာငွေ လက်လွှဲကစားသူတွေအတွက်လည်း ပြင်ပငွေလဲကောင်တာတွေမှာ အပြိုင်အဆိုင် ဈေးပိုပေးတဲ့ အခြေအနေမျိုး ရောက်လာခဲ့ပြီး ငွေလဲဈေးဟာ တစ်စတစ်စဖြင့် ဆွဲတင်နေတဲ့ အခြေအနေမျိုး ဖြစ်သွားခဲ့ပါတယ်။“ငွေတန်ဖိုးကို လွတ်လပ်စွာသတ်မှတ်ပြီး ရောင်းဝယ်ခွင့်လုပ်လိုက်တော့ ကိုယ့်ဈေးကွက်ဝေစုရရေးအတွက် လုပ်ကြကိုင်ကြတာတွေလည်း ရှိတာပေါ့၊ အခြေခံအကြောင်းအရင်းက ဗဟိုဘဏ်က လွှတ်ပေးလိုက်တာကနေ စတင်ခဲ့တာလို့တော့ မြင်တယ်၊ ဒါက ကျွန်တော့်အမြင်ပါ” လို့လည်း ငွေဇင်ယော် ငွေလဲလှယ်ရေးလုပ်ငန်းပိုင်ရှင် ကိုသန့်စင် က ပြောပါတယ်။

စီးပွားရေးလေ့လာသုံးသပ်သူ ဦးသန်းစိုး (ဘောဂဗေဒ) ကလည်း “ဗဟိုဘဏ်အနေနဲ့ ငွေကြေးဆိုင်ရာ ထိန်းကျောင်းတဲ့နေရာမှာ အားနည်းချက်တွေများ ရှိသလားပေါ့။ပြီးတော့ ဗဟိုဘဏ်ရဲ့ ငွေကြေးဆိုင်ရာ ကိန်းဂဏန်းတွေ ပွင့်လင်းမြင်သာမှု မရှိတဲ့အခါကျတော့ တစ်ဖက်ကနေပြီးတော့ ဒေါ်လာကို အင်အားကြီးကြီးနဲ့ ဈေးကစားတဲ့သူတွေက ဈေးကစားဖို့ အခွင့်အလမ်းပေးသလို ဖြစ်နေတာပေါ့။အဲဒီအပေါ်မှာ တက်လိုက် ကျလိုက်၊ ကျလိုက် တက်လိုက် အဲဒီလိုဖြစ်နေတာ” လို့ သုံးသပ်ခဲ့ပါတယ်။

ပွဲလန့်တုန်း ဖျာခင်းတော့ အလဲလဲအကွဲကွဲဖြစ်ရ။

ပြည်တွင်းမှာ နိုင်ငံခြားငွေလဲနှုန်း မြင့်မားမှုရဲ့နောက်မှာ ရွှေဈေးနှုန်းက လိုက်ပါပြောင်းလဲလာခဲ့ပါတယ်။နဂိုကတည်းကမှ ကမ္ဘာ့ရွှေဈေးမြင့်ရင် လိုက်မြင့်တတ်ပြီး ဈေးကျရင် လိုက်မကျတတ်တဲ့ မြန်မာ့ရွှေဈေးဟာ ကမ္ဘာ့ဈေးကျပေမယ့် ပြည်တွင်း နိုင်ငံခြားငွေလဲဈေး မြင့်နေတာကို အကြောင်းပြလို့ စက်တင်ဘာလထဲမှာပဲ ဈေးကစားလိုသူတွေရဲ့အကြိုက် စံချိန်သစ်အလီလီတင်ကာ ကလို့ကောင်းတဲ့ ကကွက်တစ်ခုလို ဖြစ်ခဲ့ရပါတယ်။

သြဂုတ်လ နောက်ဆုံးပတ်အထိ ကမ္ဘာ့ရွှေဈေး ၁၁၉၄ ဒေါ်လာရှိချိန် မီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၉၅၀၀၀၀ ဝန်းကျင်သာ ပတ်ချာလည်နေတဲ့ မြန်မာ့ရွှေဈေးနှုန်းဟာလည်း စက်တင်ဘာလထဲအရောက်မှာ ကျပ် ၁၀ သန်းကို ကျော်လို့ စံချိန်ချိုးပြန်ပါတယ်။ရွှေဈေးကွက်မှာ လေပတ်ကားတွေနဲ့ အရောင်းအဝယ်လုပ်နေကြတဲ့ အခြေအနေတွေကနေ ငွေလဲဈေးကွက်ထဲမှာလည်း လေပတ်ကားတွေအဖြစ်နဲ့ အရောင်းအဝယ်လုပ်ကာ ညနေမှ ငွေရှင်းကြတဲ့ လောင်းကစားပွဲဆန်ဆန် ဈေးကစားမှုပုံစံ အခြေအနေမျိုးကို ဦးတည်လို့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လာကြတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ထိုအခြေအနေတွေအတွက် အစိုးရက ဝင်ထိန်းတဲ့ အခြေအနေမျိုး ဖြစ်လာခဲ့ပါတယ်။ဒေါ်လာပြဇာတ်ရဲ့ ဇာတ်ရှိန်ကောင်းနေချိန်မှာ ပွဲကြည့်သူတွေအဖို့ ဖျော်ဖြေရေးသဖွယ် ကကွက်မျိုး မဟုတ်တော့ဘဲ ကြမ်းတမ်းရမ်းကားတဲ့ ပြကွက်တွေအဖြစ် ရောက်လာပြီး ပွဲဆူလာတာကြောင့် ပွဲရပ်ဖို့ထိန်းရတဲ့ အခြေအနေကို ရောက်လာပါပြီ။လက်ရှိမှာ ဒေါ်လာလေပတ်ကား ဈေးကစားသူတွေကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ခေါ်ယူစစ်ဆေးခဲ့တာ ငါးဦးအထိ ရှိလာပါပြီ။ဆက်လက်စစ်ဆေးမယ့် အစီအစဉ်တွေလည်း ရှိနေတာကြောင့် အရင်လို ရောင်းဝယ်နေတဲ့ ဈေးကွက်ကြီးတစ်ခုအနေနဲ့ လုပ်ဆောင်မှုဟာ ရပ်တန့်နေခဲ့ပြီး ခိုးကြောင်ခိုးဝှက်နဲ့ ရောင်းဝယ်လာတဲ့ အခြေအနေကို မြင်တွေ့လာရပါတယ်။

စီးပွားရေးလုပ်တာဟာ မြတ်ချင်လို့လုပ်တာလို့ ဝိသမဆန်ဆန် ပြောဆိုသူတွေကြောင့် အခုဆိုရင် ရွှေရောင်းဝယ်ရေး ဈေးကွက်နဲ့ ငွေကြေးရောင်းဝယ်ရေး ဈေးကွက်တွေမှာ အရင်ကလို ဈေးခေါ်ကာ လာရောကရောင်းချသူတွေ မရှိတော့သလို အရောင်းအဝယ်လုပ်ရာ နေရာကို ယာယီပိတ်ထားရတဲ့ အခြေအနေမျိုး ဖြစ်လာပါတယ်။

အခြေအနေဘယ်လိုလဲ။

အခုဖြစ်ပေါ်နေတဲ့ ငွေကြေးဈေးကွက် အခြေအနေဟာ တရုတ်နဲ့ အမေရိကန်တို့ရဲ့ ယှဉ်ပြိုင်နေကြတဲ့ စီးပွားရေးမူဝါဒတွေရဲ့ သက်ရောက်မှု ဖြစ်တယ်လို့လည်း ပြည်တွင်း စီးပွားရေးပညာရှင်တွေက ဆိုထားကြပါတယ်။အဲ့ဒီလိုစီးပွားရေးအရ အင်အားကြီးနှစ်နိုင်ငံရဲ့ ထိပ်တိုက်တွေ့ဆုံမှုကနေ အိန္ဒိယ၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေမှာ ၆ ရာခိုင်နှုန်းကနေ ၇ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားနဲ့ လာအိုတို့မှာ ၁ ရာခိုင်နှုန်းလောက်သာ သူတို့ရဲ့ ပြည်တွင်းသုံးငွေကြေး တန်ဖိုးကျဆင်းပေမယ့် မြန်မာနိုင်ငံအဖို့တော့ ငွေတန်ဖိုးဟာ ၂၅ ရာခိုင်နှုန်းလောက်အထိ တန်ဖိုးကျဆင်းသွားခဲ့တယ်လို့ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာစိုးထွန်း က ကုန်သည်/စက်မှု အသင်းချုပ် ဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်။အခုအခြေအနေဟာ အကောင်းဘက်ကို ဦးတည်လာနိုင်ပေမယ့် မှန်ကန်တဲ့ မူဝါဒတစ်ရပ်တော့ လိုအပ်တယ်လို့ စက်တင်ဘာ ၂၉ ရက်က ရန်ကုန်မြို့၊ ကုန်သည်/စက်မှု အသင်းချုပ်မှာ ပြုလုပ်တဲ့ "မြန်မာ့စီးပွားရေး ဘယ်လဲ၊ ဘာလဲ" ဆွေးနွေးပွဲမှာ ဆိုကြပါတယ်။

ပို့ကုန်နဲ့ သွင်းကုန်တွေအပေါ် အခြေခံလေ့ရှိတဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းဟာ စီးပွားရေးမူဝါဒ အားနည်းတဲ့ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေအဖို့ လဲပြိုစေမယ့် အခြေအနေတွေ ပေးလို့နေပါတယ်။ငွေဈေးမြင့်မားမှု လျော့ပါးစေမယ့် အဓိကကျသော နည်းလမ်းတွေထဲက ပို့ကုန်တိုးမြှင့်ဖို့ကိစ္စဟာ မူဝါဒတွေရှိပေမယ့် လက်တွေ့နဲ့တော့ ကွာဟလို့နေပါတယ်။ပြည်တွင်းထွက်ကုန်တွေကို တင်ပို့ရာဈေးကွက်ဟာ များများစားစားမရှိသလို အသင်းအဖွဲ့တွေရဲ့ ချုပ်ကိုင်ခြယ်လှယ်မှုတွေလည်း ရှိနေပါတယ်။“ပို့ကုန်တွေမှာဆိုရင် အသင်းအဖွဲ့တွေကနေတစ်ဆင့် ဈေးကွက်ရှာပြီး တင်ပို့ရတဲ့ အခြေအနေပါ၊ ကိုယ့်ဘာသာကိုယ် ဈေးကွက်ရှာပို့ဖို့က မလွယ်ဘူး” လို့ ပို့ကုန်လုပ်ငန်းရှင် ဦးမြင့်နိုင် က ပြောပါတယ်။

ကုစားဖို့ အချိန်တန်။

ပြည်တွင်းရဲ့ ငွေကြေးစီးဆင်းမှု ဈေးကွက်ထဲ ပြောင်းလဲသွားတဲ့ အခြေအနေကြောင့် သွင်းကုန်အားပြုနေရတဲ့ လုပ်ငန်းတွေအဖို့ များစွာထိခိုက်ခဲ့သလို ပို့ကုန်လုပ်ငန်းတွေအနေနဲ့လည်း ကုန်ကြမ်းစရိတ် မြင့်မားတာကြောင့် မလဲပြိုစေရေးအတွက် ထိန်းကျောင်းရပ်တည်နေရတဲ့ အခြေအနေမျိုး ဖြစ်လို့လာခဲ့ပါတယ်။
ပြည်တွင်း ငွေကြေးဈေးကွက်ထဲ ဝင်ရောက်ဈေးကစားသူ တစ်ချို့ကို အစိုးရက ဝင်ထိန်းသိမ်းစစ်ဆေးနေတာကြောင့် ပြင်ပငွေကြေး ဈေးကွက်ထဲ အရောင်းအဝယ် မရှိသလောက် အခြေအနေတွေ ဖြစ်သွားခဲ့ပေမယ့် ဈေးကစားမယ့်သူ တစ်ချို့တော့ ကျန်လို့နေပါသေးတယ်။"အခုအခြေအနေက အမှားခံလို့မရတဲ့ အခြေအနေမျိုးပါပဲ၊ အစိုးရအပိုင်းက ဒါကို လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့လည်း ဒေါက်တာစိုးထွန်း က ပြောပါတယ်။

“အခုအစိုးရက ကိုင်တွယ်တဲ့နည်းလမ်းဟာ မှန်လား/မမှန်လားလို့ မသုံးသပ်ချင်ဘူး၊ လမ်းမှန်ပေါ်ရောက်အောင် ဆွဲတင်တဲ့ အနေအထားမျိုးလို့တော့ သုံးသပ်လို့ရနိုင်ပါတယ်၊ အစိုးရအနေနဲ့လည်း ပညာရှင်တွေနဲ့ တိုင်ပင်ပြီး လုပ်ဆောင်နေတော့ လောလောဆယ်တော့ အခြေအနေမဆိုးအောင် ထိန်းပြီး လုပ်ရကိုင်ရဖြစ်တဲ့ အခြေအနေလို့ ဆိုနိုင်ပါတယ်” လို့ ဦးသန်းလွင် က ဆိုပါတယ်။

အစိုးရအနေနဲ့ ဒေါ်လာဈေးကျအောင် ဈေးကွက်ထဲ ဈေးကစားနေသူတွေကို ဖမ်းဆီးအရေးယူနေတာဟာ ကောင်းမွန်ပေမယ့် အဲ့ဒီဖြေရှင်းနည်းအပြင် တခြားနည်းလမ်းနဲ့ပါ ဖြေရှင်းသင့်တယ်လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ် အတွင်းရေးမှူး ဦးမျိုးမြင့် က အကြံပြု ပြောကြားပါတယ်။ မြန်မာနိုင်ငံဟာ သွင်းကုန်များပြားတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်နေတာကြောင့် ဒေါ်လာငွေလိုအပ်ချက် ကြီးမားနေတဲ့အပေါ် အခုလိုစစ်ဆေး ဖမ်းဆီးနေတာကြောင့် ပြင်ပဈေးကွက်မှာ ဈေးကွက်ဖွင့်တာမျိုး မရှိတော့တဲ့အခါ မှောင်ခိုဈေးကွက်အနေနဲ့ ကြီးစိုးလာမှာကိုလည်း စိုးရိမ်နေကြပါတယ်။

“ကျွန်တော်တို့ စီးပွားရေးလေ့လာသုံးသပ်သူအနေနဲ့ဆိုရင် စိုးရိမ်တာက ရှေ့ဘာဖြစ်မလဲဆိုတာကို ပြောဖို့အတွက်၊ ကြိုတင်ခန့်မှန်းဖို့အတွက် ပေါ်လစီပိုင်းဆိုင်ရာ မတည်မငြိမ်ဖြစ်ရင် ဘယ်လိုမှ ကြိုတင်ခန့်မှန်းလို့ မရတော့ဘူး၊ ဈေးကစားတဲ့သူတွေနဲ့ တစ်ပွဲထိုး အမြတ်ရှာတဲ့သူတွေ ဈေးကွက်ထဲ ဝင်မလာဖို့ အရေးကြီး ပါတယ်။အဲ့ဒါတွေက စီးပွားရေးအပေါ် သက်ရောက်မှုတွေ ရှိနိုင်တယ်လေ” လို့လည်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးသန်းစိုး (ဘောဂဗေဒ) က ဆိုပါတယ်။

ပို့ကုန်တိုးမြှင့်ဖို့ လုပ်ဆောင်တဲ့အခါ မူဝါဒမှန်ကန်ဖို့ အရေးကြီးနေပြီး အစိုးရကနေ တိုက်ရိုက်ဈေးကွက်ရှာဖွေ လုပ်ကိုင်ပေးတာတွေ၊ အသင်းအဖွဲ့တွေကို ကြားခံမထားဘဲ အစိုးရကိုယ်တိုင် ကြားဝင်ချိတ်ဆက်ပေးတာမျိုးတွေနဲ့ လုပ်ကိုင်ဖို့လည်း လိုအပ်တယ်လို့ ပို့ကုန်လုပ်ငန်းရှင် ဦးမြင့်နိုင် က အကြံပြုပြောကြားပါတယ်။

“ဥပမာတစ်ခုအနေနဲ့ ကျွန်တော်ပြောမယ်ဗျာ၊ အခု စက်သုံးဆီဈေးထိန်းဖို့ အစိုးရက ချပေးတဲ့ဆီတွေ ဘယ်ကနေသွားသလဲ၊ အစိုးရကနေ အသင်းအဖွဲ့ကို ပေးပြီး အသင်းအဖွဲ့ကနေ ကြားကနေဖြန့်တယ်၊ အဲ့ဒါသာ ကြည့်တော့လေ၊ ကျွန်တော်တို့ ပို့ကုန်သမားတွေလည်း ဒီလိုပဲ၊ ဟိုဘက်ဈေးကွက်က မယူဘူးဆိုရင် ဘာမှလုပ်လို့ မရတော့ဘူးလေ၊ ပဲဈေးကွက်ကိုပဲ ဥပမာထားပြီးကြည့်ဦးပေါ့” လို့လည်း သူက ဆက်ပြောပါတယ်။
 

မြန်မာငွေ တန်ဖိုးကျဆင်းမှုဟာ ကုစားဖို့အချိန်တန်ပါပြီ၊ တဖြေးဖြေးနဲ့ ကြာရှည်လာတဲ့အခါ လုံးပါးပါးပြီး ထိခိုက်နစ်နာမှုတွေက များပြားလို့လာခဲ့ပါတယ်။အချိန်တန်မှာ မကုစားနိုင်ရင် ဆေးမမီတဲ့ အခြေအနေမျိုးကို ရောက်ပြီး ပိုလို့နစ်နာနိုင်ချေ များပါလိမ့်မယ်။
ကကွက်ပုံစံ အမျိုးမျိုးနဲ့ ကပြနေတဲ့ ငွေကြေးပြဇာတ်ထဲ အမောဖောက်လို့လာပါပြီ ဆေးမီဖို့သာ အရေးကြီးပါတယ်။ဝိသမဆန်တဲ့ ကခုန်မှုတွေ ရှိလာလိမ့်ဦးမလားဆိုတာတော့ ဆက်လက်စောင့်ကြည့်ရပေဦးတော့မယ်။

ဇွဲမာန်
စက်တင်ဘာ - ၂

( Zawgyi )

ျပည္သူေတြရဲ႕ လက္ထဲမွာ လည္ပတ္စီးဆင္း သုံးစြဲေနၾကရတဲ့ ျပည္တြင္းေငြေၾကးဟာ အခု ၂၀၁၈ ခုႏွစ္ထဲ တန္ဖိုးအေျပာင္းအလဲေတြ ျဖစ္ခဲ့ပါတယ္။တျခားေသာ အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔ ယွဥ္ၾကည့္ရင္ အရင္ကတည္းက ခိုင္မာမႈအားနည္းခဲ့တဲ့ ျမန္မာ့ေငြေၾကးဟာ ကမာၻ႔စီးပြားေရး အၾကပ္အတည္းရဲ႕ ႐ိုက္ခတ္မႈဒဏ္ကို တျခားႏိုင္ငံေတြက ေငြေၾကးေတြထက္ ပိုမိုခံခဲ့ရပါတယ္။ျပည္တြင္းသုံးေငြ တန္ဖိုးက်ဆင္းကာ ႏိုင္ငံျခားေငြလဲေဈး ျမင့္တက္မႈ အေျခအေနက အက်ိဳးရွိခဲ့သူေတြ အမ်ားအျပားရွိခဲ့သလို ဆုံးရႈံးသူ အမ်ားအျပားနဲ႔ ဇာတ္ရွိန္ျမႇင့္ေပးလိုက္တဲ့ ဇာတ္ကြက္မ်ိဳး တစ္ခုလိုပါပဲ။

ေငြေၾကးလဲႏႈန္း တန္ဖိုးအေျပာင္းအလဲေၾကာင့္ အက်ိဳးျဖစ္ထြန္းသြားသူေတြ ရွိေပမယ့္ အမ်ားစုကေတာ့ ေနာက္ဆက္တြဲျဖစ္တဲ့ ကုန္ေဈးႏႈန္းႀကီးျမင့္မႈရဲ႕ဒဏ္ကိုခံစားရၿပီး ဆုံးရႈံးမႈေတြနဲ႔ ႀကဳံၾကရတာပါပဲ။

ေငြေၾကးဇာတ္လမ္း ဖန္တီးေလသလား။

အခုလိုျဖစ္ေနတဲ့ ေငြေၾကးဇာတ္လမ္းရဲ႕ မူလအစဟာ ၾသဂုတ္ ၁၃ ရက္ေလာက္က ဗဟိုဘဏ္ ရည္ၫႊန္းေငြလဲႏႈန္း ပယ္ဖ်က္လိုက္တာရဲ႕ ေနာက္ဆက္တြဲ အေျခတည္တာျဖစ္တယ္လို႔ ဆိုၾကပါတယ္။ျပည္တြင္းေငြေၾကးနဲ႔ ပတ္သက္လို႔ deregulation လုပ္လိုက္တဲ့ အေျခအေနဟာ ျမန္မာႏိုင္ငံအဖို႔ regulation ေတာင္မွ မျပည့္စုံေသးဘဲ deregulation သြားကာ Exchange ကို ကိုယ္သတ္မွတ္ခ်င္သလို သတ္မွတ္ဆိုၿပီး လႊတ္ေပးလိုက္တာရဲ႕ အေျခအေနေတြကေန ေဈးကစားခ်င္တဲ့ စီးပြားေရးသမားေတြရဲ႕အႀကိဳက္ အေျခအေနမ်ိဳး ျဖစ္ေစခဲ့ပါတယ္။

"တကယ္ေတာ့လည္း ဒါကလည္းဒါေပါ့၊ သို႔ေပမဲ့ ဒီတစ္ခုတည္း  ေၾကာင့္ေတာ့ မဟုတ္ဘူး၊ သူ႔မွာ အေၾကာင္းအရင္းေတြ အမ်ားႀကီးရွိတယ္၊ ေျပာရင္ မိုးခ်ဳပ္သြားလိမ့္မယ္" လို႔လည္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ ဒုတိယဥကၠ႒ (ၿငိမ္း) ဦးသန္းလြင္ က ေျပာပါတယ္။

ေဒၚလာေငြ လဲလွယ္ႏႈန္းေတြဟာလည္း ၾသဂုတ္လ ၁၆ ရက္မွာ စခ်ိန္တင္ျမင့္တက္သြားကာ တစ္ေဒၚလာလွ်င္ ၁၅၀၀ က်ပ္ရဲ႕ အထက္ကို ေက်ာ္လြန္ခဲ့ရာကေန ဗဟိုဘဏ္က ေလလံေဈးကြက္ထဲကို အစပိုင္းမွာ ေဒၚလာ တစ္သိန္းခြဲစီ၊ အဲ့ဒီကေန ေဒၚလာ ေလးသန္း၊ ေနာက္ဆုံး ေဒၚလာ ၂၅ သန္းအထိ ထည့္ကာ ႏိုင္ငံျခားေငြေတြကို ထုတ္ေရာင္းလိုက္တဲ့အခါမွာ ေငြလဲေဈးကြက္ထဲ အေျပာင္းအလဲေတြျဖစ္ခဲ့ၿပီး မူလျဖစ္ေနတဲ့ တစ္ေဒၚလာလွ်င္ ၁၅၀၀ အထက္ အေျခအေနကေန ၁၅၀၀ က်ပ္ရဲ႕ ေအာက္ကို ျပန္လည္က်ဆင္းလာခဲ့ပါတယ္။

ထိုက်ဆင္းတာဟာ တစ္ရက္ႏွစ္ရက္ေလာက္သာ ျဖစ္ခဲ့ရာကေန ျပန္လည္လို႔ ျမင့္တက္လာခဲ့ၿပီး စက္တင္ဘာလထဲ အေရာက္မွာေတာ့ စံခ်ိန္သစ္ကို ထပ္မံစံခ်ိန္ခ်ိဳးရတဲ့ အေျခအေနမ်ိဳးအထိ ျဖစ္သြားခဲ့ပါတယ္။ထိုစဥ္အခ်ိန္ ၾသဂုတ္လကုန္ေလာက္မွာ အာရွႏိုင္ငံေတြအေနနဲ႔ ေငြတန္ဖိုး ၈ ရာခိုင္ႏႈန္းေလာက္သာ က်ဆင္းေပမယ့္ ျမန္မာ့ေငြေၾကးကေတာ့ ၁၃ ရာခိုင္ႏႈန္းအထိ တန္ဖိုးက်ဆင္းလို႔လာေနပါၿပီ။

ေဒၚလာေငြ လက္လႊဲကစားသူေတြအတြက္လည္း ျပင္ပေငြလဲေကာင္တာေတြမွာ အၿပိဳင္အဆိုင္ ေဈးပိုေပးတဲ့ အေျခအေနမ်ိဳး ေရာက္လာခဲ့ၿပီး ေငြလဲေဈးဟာ တစ္စတစ္စျဖင့္ ဆြဲတင္ေနတဲ့ အေျခအေနမ်ိဳး ျဖစ္သြားခဲ့ပါတယ္။“ေငြတန္ဖိုးကို လြတ္လပ္စြာသတ္မွတ္ၿပီး ေရာင္းဝယ္ခြင့္လုပ္လိုက္ေတာ့ ကိုယ့္ေဈးကြက္ေဝစုရေရးအတြက္ လုပ္ၾကကိုင္ၾကတာေတြလည္း ရွိတာေပါ့၊ အေျခခံအေၾကာင္းအရင္းက ဗဟိုဘဏ္က လႊတ္ေပးလိုက္တာကေန စတင္ခဲ့တာလို႔ေတာ့ ျမင္တယ္၊ ဒါက ကြၽန္ေတာ့္အျမင္ပါ” လို႔လည္း ေငြဇင္ေယာ္ ေငြလဲလွယ္ေရးလုပ္ငန္းပိုင္ရွင္ ကိုသန႔္စင္ က ေျပာပါတယ္။

စီးပြားေရးေလ့လာသုံးသပ္သူ ဦးသန္းစိုး (ေဘာဂေဗဒ) ကလည္း “ဗဟိုဘဏ္အေနနဲ႔ ေငြေၾကးဆိုင္ရာ ထိန္းေက်ာင္းတဲ့ေနရာမွာ အားနည္းခ်က္ေတြမ်ား ရွိသလားေပါ့။ၿပီးေတာ့ ဗဟိုဘဏ္ရဲ႕ ေငြေၾကးဆိုင္ရာ ကိန္းဂဏန္းေတြ ပြင့္လင္းျမင္သာမႈ မရွိတဲ့အခါက်ေတာ့ တစ္ဖက္ကေနၿပီးေတာ့ ေဒၚလာကို အင္အားႀကီးႀကီးနဲ႔ ေဈးကစားတဲ့သူေတြက ေဈးကစားဖို႔ အခြင့္အလမ္းေပးသလို ျဖစ္ေနတာေပါ့။အဲဒီအေပၚမွာ တက္လိုက္ က်လိုက္၊ က်လိုက္ တက္လိုက္ အဲဒီလိုျဖစ္ေနတာ” လို႔ သုံးသပ္ခဲ့ပါတယ္။

ပြဲလန႔္တုန္း ဖ်ာခင္းေတာ့ အလဲလဲအကြဲကြဲျဖစ္ရ။

ျပည္တြင္းမွာ ႏိုင္ငံျခားေငြလဲႏႈန္း ျမင့္မားမႈရဲ႕ေနာက္မွာ ေ႐ႊေဈးႏႈန္းက လိုက္ပါေျပာင္းလဲလာခဲ့ပါတယ္။နဂိုကတည္းကမွ ကမာၻ႔ေ႐ႊေဈးျမင့္ရင္ လိုက္ျမင့္တတ္ၿပီး ေဈးက်ရင္ လိုက္မက်တတ္တဲ့ ျမန္မာ့ေ႐ႊေဈးဟာ ကမာၻ႔ေဈးက်ေပမယ့္ ျပည္တြင္း ႏိုင္ငံျခားေငြလဲေဈး ျမင့္ေနတာကို အေၾကာင္းျပလို႔ စက္တင္ဘာလထဲမွာပဲ ေဈးကစားလိုသူေတြရဲ႕အႀကိဳက္ စံခ်ိန္သစ္အလီလီတင္ကာ ကလို႔ေကာင္းတဲ့ ကကြက္တစ္ခုလို ျဖစ္ခဲ့ရပါတယ္။

ၾသဂုတ္လ ေနာက္ဆုံးပတ္အထိ ကမာၻ႔ေ႐ႊေဈး ၁၁၉၄ ေဒၚလာရွိခ်ိန္ မီးလင္းအေခါက္ေ႐ႊ တစ္က်ပ္သားကို က်ပ္ ၉၅၀၀၀၀ ဝန္းက်င္သာ ပတ္ခ်ာလည္ေနတဲ့ ျမန္မာ့ေ႐ႊေဈးႏႈန္းဟာလည္း စက္တင္ဘာလထဲအေရာက္မွာ က်ပ္ ၁၀ သန္းကို ေက်ာ္လို႔ စံခ်ိန္ခ်ိဳးျပန္ပါတယ္။ေ႐ႊေဈးကြက္မွာ ေလပတ္ကားေတြနဲ႔ အေရာင္းအဝယ္လုပ္ေနၾကတဲ့ အေျခအေနေတြကေန ေငြလဲေဈးကြက္ထဲမွာလည္း ေလပတ္ကားေတြအျဖစ္နဲ႔ အေရာင္းအဝယ္လုပ္ကာ ညေနမွ ေငြရွင္းၾကတဲ့ ေလာင္းကစားပြဲဆန္ဆန္ ေဈးကစားမႈပုံစံ အေျခအေနမ်ိဳးကို ဦးတည္လို႔ က်ယ္က်ယ္ျပန႔္ျပန႔္ လုပ္ကိုင္လာၾကတဲ့အထိ ျဖစ္ခဲ့ပါတယ္။

ထိုအေျခအေနေတြအတြက္ အစိုးရက ဝင္ထိန္းတဲ့ အေျခအေနမ်ိဳး ျဖစ္လာခဲ့ပါတယ္။ေဒၚလာျပဇာတ္ရဲ႕ ဇာတ္ရွိန္ေကာင္းေနခ်ိန္မွာ ပြဲၾကည့္သူေတြအဖို႔ ေဖ်ာ္ေျဖေရးသဖြယ္ ကကြက္မ်ိဳး မဟုတ္ေတာ့ဘဲ ၾကမ္းတမ္းရမ္းကားတဲ့ ျပကြက္ေတြအျဖစ္ ေရာက္လာၿပီး ပြဲဆူလာတာေၾကာင့္ ပြဲရပ္ဖို႔ထိန္းရတဲ့ အေျခအေနကို ေရာက္လာပါၿပီ။လက္ရွိမွာ ေဒၚလာေလပတ္ကား ေဈးကစားသူေတြကို အထူးစုံစမ္းစစ္ေဆးေရးဦးစီးဌာနက ေခၚယူစစ္ေဆးခဲ့တာ ငါးဦးအထိ ရွိလာပါၿပီ။ဆက္လက္စစ္ေဆးမယ့္ အစီအစဥ္ေတြလည္း ရွိေနတာေၾကာင့္ အရင္လို ေရာင္းဝယ္ေနတဲ့ ေဈးကြက္ႀကီးတစ္ခုအေနနဲ႔ လုပ္ေဆာင္မႈဟာ ရပ္တန႔္ေနခဲ့ၿပီး ခိုးေၾကာင္ခိုးဝွက္နဲ႔ ေရာင္းဝယ္လာတဲ့ အေျခအေနကို ျမင္ေတြ႕လာရပါတယ္။

စီးပြားေရးလုပ္တာဟာ ျမတ္ခ်င္လို႔လုပ္တာလို႔ ဝိသမဆန္ဆန္ ေျပာဆိုသူေတြေၾကာင့္ အခုဆိုရင္ ေ႐ႊေရာင္းဝယ္ေရး ေဈးကြက္နဲ႔ ေငြေၾကးေရာင္းဝယ္ေရး ေဈးကြက္ေတြမွာ အရင္ကလို ေဈးေခၚကာ လာေရာကေရာင္းခ်သူေတြ မရွိေတာ့သလို အေရာင္းအဝယ္လုပ္ရာ ေနရာကို ယာယီပိတ္ထားရတဲ့ အေျခအေနမ်ိဳး ျဖစ္လာပါတယ္။

အေျခအေနဘယ္လိုလဲ။

အခုျဖစ္ေပၚေနတဲ့ ေငြေၾကးေဈးကြက္ အေျခအေနဟာ တ႐ုတ္နဲ႔ အေမရိကန္တို႔ရဲ႕ ယွဥ္ၿပိဳင္ေနၾကတဲ့ စီးပြားေရးမူဝါဒေတြရဲ႕ သက္ေရာက္မႈ ျဖစ္တယ္လို႔လည္း ျပည္တြင္း စီးပြားေရးပညာရွင္ေတြက ဆိုထားၾကပါတယ္။အဲ့ဒီလိုစီးပြားေရးအရ အင္အားႀကီးႏွစ္ႏိုင္ငံရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈကေန အိႏၵိယ၊ အင္ဒိုနီးရွား စတဲ့ႏိုင္ငံေတြမွာ ၆ ရာခိုင္ႏႈန္းကေန ၇ ရာခိုင္ႏႈန္း၊ ကေမာၻဒီးယားနဲ႔ လာအိုတို႔မွာ ၁ ရာခိုင္ႏႈန္းေလာက္သာ သူတို႔ရဲ႕ ျပည္တြင္းသုံးေငြေၾကး တန္ဖိုးက်ဆင္းေပမယ့္ ျမန္မာႏိုင္ငံအဖို႔ေတာ့ ေငြတန္ဖိုးဟာ ၂၅ ရာခိုင္ႏႈန္းေလာက္အထိ တန္ဖိုးက်ဆင္းသြားခဲ့တယ္လို႔ ျပည္တြင္းစီးပြားေရး လုပ္ငန္းရွင္တစ္ဦးျဖစ္တဲ့ ေဒါက္တာစိုးထြန္း က ကုန္သည္/စက္မႈ အသင္းခ်ဳပ္ ေဆြးေႏြးပြဲမွာ ေျပာခဲ့ပါတယ္။အခုအေျခအေနဟာ အေကာင္းဘက္ကို ဦးတည္လာႏိုင္ေပမယ့္ မွန္ကန္တဲ့ မူဝါဒတစ္ရပ္ေတာ့ လိုအပ္တယ္လို႔ စက္တင္ဘာ ၂၉ ရက္က ရန္ကုန္ၿမိဳ႕၊ ကုန္သည္/စက္မႈ အသင္းခ်ဳပ္မွာ ျပဳလုပ္တဲ့ "ျမန္မာ့စီးပြားေရး ဘယ္လဲ၊ ဘာလဲ" ေဆြးေႏြးပြဲမွာ ဆိုၾကပါတယ္။

ပို႔ကုန္နဲ႔ သြင္းကုန္ေတြအေပၚ အေျခခံေလ့ရွိတဲ့ ႏိုင္ငံျခားေငြ လဲလွယ္ႏႈန္းဟာ စီးပြားေရးမူဝါဒ အားနည္းတဲ့ ျမန္မာႏိုင္ငံက စီးပြားေရးလုပ္ငန္းေတြအဖို႔ လဲၿပိဳေစမယ့္ အေျခအေနေတြ ေပးလို႔ေနပါတယ္။ေငြေဈးျမင့္မားမႈ ေလ်ာ့ပါးေစမယ့္ အဓိကက်ေသာ နည္းလမ္းေတြထဲက ပို႔ကုန္တိုးျမႇင့္ဖို႔ကိစၥဟာ မူဝါဒေတြရွိေပမယ့္ လက္ေတြ႕နဲ႔ေတာ့ ကြာဟလို႔ေနပါတယ္။ျပည္တြင္းထြက္ကုန္ေတြကို တင္ပို႔ရာေဈးကြက္ဟာ မ်ားမ်ားစားစားမရွိသလို အသင္းအဖြဲ႕ေတြရဲ႕ ခ်ဳပ္ကိုင္ျခယ္လွယ္မႈေတြလည္း ရွိေနပါတယ္။“ပို႔ကုန္ေတြမွာဆိုရင္ အသင္းအဖြဲ႕ေတြကေနတစ္ဆင့္ ေဈးကြက္ရွာၿပီး တင္ပို႔ရတဲ့ အေျခအေနပါ၊ ကိုယ့္ဘာသာကိုယ္ ေဈးကြက္ရွာပို႔ဖို႔က မလြယ္ဘူး” လို႔ ပို႔ကုန္လုပ္ငန္းရွင္ ဦးျမင့္ႏိုင္ က ေျပာပါတယ္။

ကုစားဖို႔ အခ်ိန္တန္။

ျပည္တြင္းရဲ႕ ေငြေၾကးစီးဆင္းမႈ ေဈးကြက္ထဲ ေျပာင္းလဲသြားတဲ့ အေျခအေနေၾကာင့္ သြင္းကုန္အားျပဳေနရတဲ့ လုပ္ငန္းေတြအဖို႔ မ်ားစြာထိခိုက္ခဲ့သလို ပို႔ကုန္လုပ္ငန္းေတြအေနနဲ႔လည္း ကုန္ၾကမ္းစရိတ္ ျမင့္မားတာေၾကာင့္ မလဲၿပိဳေစေရးအတြက္ ထိန္းေက်ာင္းရပ္တည္ေနရတဲ့ အေျခအေနမ်ိဳး ျဖစ္လို႔လာခဲ့ပါတယ္။
ျပည္တြင္း ေငြေၾကးေဈးကြက္ထဲ ဝင္ေရာက္ေဈးကစားသူ တစ္ခ်ိဳ႕ကို အစိုးရက ဝင္ထိန္းသိမ္းစစ္ေဆးေနတာေၾကာင့္ ျပင္ပေငြေၾကး ေဈးကြက္ထဲ အေရာင္းအဝယ္ မရွိသေလာက္ အေျခအေနေတြ ျဖစ္သြားခဲ့ေပမယ့္ ေဈးကစားမယ့္သူ တစ္ခ်ိဳ႕ေတာ့ က်န္လို႔ေနပါေသးတယ္။"အခုအေျခအေနက အမွားခံလို႔မရတဲ့ အေျခအေနမ်ိဳးပါပဲ၊ အစိုးရအပိုင္းက ဒါကို လုပ္ေဆာင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္" လို႔လည္း ေဒါက္တာစိုးထြန္း က ေျပာပါတယ္။

“အခုအစိုးရက ကိုင္တြယ္တဲ့နည္းလမ္းဟာ မွန္လား/မမွန္လားလို႔ မသုံးသပ္ခ်င္ဘူး၊ လမ္းမွန္ေပၚေရာက္ေအာင္ ဆြဲတင္တဲ့ အေနအထားမ်ိဳးလို႔ေတာ့ သုံးသပ္လို႔ရႏိုင္ပါတယ္၊ အစိုးရအေနနဲ႔လည္း ပညာရွင္ေတြနဲ႔ တိုင္ပင္ၿပီး လုပ္ေဆာင္ေနေတာ့ ေလာေလာဆယ္ေတာ့ အေျခအေနမဆိုးေအာင္ ထိန္းၿပီး လုပ္ရကိုင္ရျဖစ္တဲ့ အေျခအေနလို႔ ဆိုႏိုင္ပါတယ္” လို႔ ဦးသန္းလြင္ က ဆိုပါတယ္။

အစိုးရအေနနဲ႔ ေဒၚလာေဈးက်ေအာင္ ေဈးကြက္ထဲ ေဈးကစားေနသူေတြကို ဖမ္းဆီးအေရးယူေနတာဟာ ေကာင္းမြန္ေပမယ့္ အဲ့ဒီေျဖရွင္းနည္းအျပင္ တျခားနည္းလမ္းနဲ႔ပါ ေျဖရွင္းသင့္တယ္လို႔ ျမန္မာႏိုင္ငံ ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ အတြင္းေရးမႉး ဦးမ်ိဳးျမင့္ က အႀကံျပဳ ေျပာၾကားပါတယ္။ ျမန္မာႏိုင္ငံဟာ သြင္းကုန္မ်ားျပားတဲ့ ႏိုင္ငံတစ္ခုလည္း ျဖစ္ေနတာေၾကာင့္ ေဒၚလာေငြလိုအပ္ခ်က္ ႀကီးမားေနတဲ့အေပၚ အခုလိုစစ္ေဆး ဖမ္းဆီးေနတာေၾကာင့္ ျပင္ပေဈးကြက္မွာ ေဈးကြက္ဖြင့္တာမ်ိဳး မရွိေတာ့တဲ့အခါ ေမွာင္ခိုေဈးကြက္အေနနဲ႔ ႀကီးစိုးလာမွာကိုလည္း စိုးရိမ္ေနၾကပါတယ္။

“ကြၽန္ေတာ္တို႔ စီးပြားေရးေလ့လာသုံးသပ္သူအေနနဲ႔ဆိုရင္ စိုးရိမ္တာက ေရွ႕ဘာျဖစ္မလဲဆိုတာကို ေျပာဖို႔အတြက္၊ ႀကိဳတင္ခန႔္မွန္းဖို႔အတြက္ ေပၚလစီပိုင္းဆိုင္ရာ မတည္မၿငိမ္ျဖစ္ရင္ ဘယ္လိုမွ ႀကိဳတင္ခန႔္မွန္းလို႔ မရေတာ့ဘူး၊ ေဈးကစားတဲ့သူေတြနဲ႔ တစ္ပြဲထိုး အျမတ္ရွာတဲ့သူေတြ ေဈးကြက္ထဲ ဝင္မလာဖို႔ အေရးႀကီး ပါတယ္။အဲ့ဒါေတြက စီးပြားေရးအေပၚ သက္ေရာက္မႈေတြ ရွိႏိုင္တယ္ေလ” လို႔လည္း စီးပြားေရးေလ့လာသုံးသပ္သူ ဦးသန္းစိုး (ေဘာဂေဗဒ) က ဆိုပါတယ္။

ပို႔ကုန္တိုးျမႇင့္ဖို႔ လုပ္ေဆာင္တဲ့အခါ မူဝါဒမွန္ကန္ဖို႔ အေရးႀကီးေနၿပီး အစိုးရကေန တိုက္႐ိုက္ေဈးကြက္ရွာေဖြ လုပ္ကိုင္ေပးတာေတြ၊ အသင္းအဖြဲ႕ေတြကို ၾကားခံမထားဘဲ အစိုးရကိုယ္တိုင္ ၾကားဝင္ခ်ိတ္ဆက္ေပးတာမ်ိဳးေတြနဲ႔ လုပ္ကိုင္ဖို႔လည္း လိုအပ္တယ္လို႔ ပို႔ကုန္လုပ္ငန္းရွင္ ဦးျမင့္ႏိုင္ က အႀကံျပဳေျပာၾကားပါတယ္။

“ဥပမာတစ္ခုအေနနဲ႔ ကြၽန္ေတာ္ေျပာမယ္ဗ်ာ၊ အခု စက္သုံးဆီေဈးထိန္းဖို႔ အစိုးရက ခ်ေပးတဲ့ဆီေတြ ဘယ္ကေနသြားသလဲ၊ အစိုးရကေန အသင္းအဖြဲ႕ကို ေပးၿပီး အသင္းအဖြဲ႕ကေန ၾကားကေနျဖန႔္တယ္၊ အဲ့ဒါသာ ၾကည့္ေတာ့ေလ၊ ကြၽန္ေတာ္တို႔ ပို႔ကုန္သမားေတြလည္း ဒီလိုပဲ၊ ဟိုဘက္ေဈးကြက္က မယူဘူးဆိုရင္ ဘာမွလုပ္လို႔ မရေတာ့ဘူးေလ၊ ပဲေဈးကြက္ကိုပဲ ဥပမာထားၿပီးၾကည့္ဦးေပါ့” လို႔လည္း သူက ဆက္ေျပာပါတယ္။
 

ျမန္မာေငြ တန္ဖိုးက်ဆင္းမႈဟာ ကုစားဖို႔အခ်ိန္တန္ပါၿပီ၊ တေျဖးေျဖးနဲ႔ ၾကာရွည္လာတဲ့အခါ လုံးပါးပါးၿပီး ထိခိုက္နစ္နာမႈေတြက မ်ားျပားလို႔လာခဲ့ပါတယ္။အခ်ိန္တန္မွာ မကုစားႏိုင္ရင္ ေဆးမမီတဲ့ အေျခအေနမ်ိဳးကို ေရာက္ၿပီး ပိုလို႔နစ္နာႏိုင္ေခ် မ်ားပါလိမ့္မယ္။
ကကြက္ပုံစံ အမ်ိဳးမ်ိဳးနဲ႔ ကျပေနတဲ့ ေငြေၾကးျပဇာတ္ထဲ အေမာေဖာက္လို႔လာပါၿပီ ေဆးမီဖို႔သာ အေရးႀကီးပါတယ္။ဝိသမဆန္တဲ့ ကခုန္မႈေတြ ရွိလာလိမ့္ဦးမလားဆိုတာေတာ့ ဆက္လက္ေစာင့္ၾကည့္ရေပဦးေတာ့မယ္။

ဇြဲမာန္
စက္တင္ဘာ - ၂