【 သတင်းဆောင်းပါး 】 “ကိုရိုနာဗိုင်းရပ်စ် ဂယက်နှင့် မြန်မာ့စီးပွားရေး အလားအလာ”

【 သတင်းဆောင်းပါး 】 “ကိုရိုနာဗိုင်းရပ်စ် ဂယက်နှင့် မြန်မာ့စီးပွားရေး အလားအလာ”

တရုတ်နိုင်ငံထဲမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း စတင်ဖြစ်ပွားခဲ့တဲ့ အဆုတ်ရောင်ရောဂါ အသစ်တစ်မျိုးကြောင့် ကမ္ဘာတစ်ဝန်းစိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

အဲ့ဒီရောဂါဟာ အခြားနိုင်ငံတွေကိုပါ ကူးစက်ပျံနှံ့ခဲ့တဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပါတယ်။

ရောဂါစတင်ဖြစ်ပွားပြီးတဲ့နောက် ထိန်းချုပ်ဆေးဝါးတွေကို အလျှင်အမြန်ရှာဖွေနိုင်မယ်လို့ အများကမျှော်လင့်ထားကြပေမယ့် လက်ရှိအချိန်အထိ ရောဂါထိန်းချုပ်ဆေးဝါးများ ရှာဖွေနိုင်ခြင်းမရှိဘဲ ရောဂါကြောင့် သေဆုံးသူဦးရေ နေ့စဉ်တိုးတက် များပြားလာခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ လေ့လာတွေ့ရှိချက်အရ ဗိုင်းရပ်စ်ပိုးဟာ တိရိစ္ဆာန်မှစတင်ကူးစက်တာ ဖြစ်နိုင်တယ်လို့ သတ်မှတ်ခဲ့ပါတယ်။စတင်ဖြစ်ပွားသူအများစုဟာ ဝူဟန်မြို့ ပင်လယ်စာရောင်းချတဲ့စျေးကနေ ဆက်စပ်ခဲ့သူတွေဖြစ်တဲ့အတွက် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးသစ်ကို ဝူဟန်ဗိုင်းရပ်စ်လို့ လူအများကြား ခေါ်တွင်လာခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ (Covid-19) ကိုဗစ်-၁၉ လို့ အမည်သတ်မှတ်ခဲ့ပါတယ်။

ဒီဗိုင်းရပ်စ် စတင်ကူးစက်ခံရသူတွေဟာ ဝူဟန်မြို့က ဟွားနန် ပင်လယ်စာရောင်းဝယ်ရေးဈေးကြီးနဲ့ တနည်းနည်းဆက်စပ်ခဲ့သူတွေ ဖြစ်နေတဲ့အတွက် အချို့တွေကလည်း ပင်လယ်စာမှ ကူးစက်တယ်လို့ ထင်မြင်ယူဆနေပြီး အချို့တွေကလည်း လင်းနို့မှ စတင်တယ်လို့ အမျိုးမျိုးပြောဆိုမှုတွေ ဖြစ်ပေါ်နေပါတယ်။

အဓိကကုန်သွယ်ဖက်နိုင်ငံ

တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံဟာ ပထဝီအနေအထားအရ မိုင်ပေါင်း ၁၃၄၈ မိုင်အထိ နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့အတွက် နှစ်ပေါင်းများစွာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေမှာ ကူးလူးဆက်ဆံခဲ့ကြပါတယ်။လက်ရှိအချိန်မှာလည်း တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အဓိကကုန်သွယ်ဖက်နိုင်ငံအဖြစ် ရပ်တည်လျှက်ရှိပါတယ်။

လက်ရှိအချိန်မှာ တရုတ်ပြည်မှာရှိတဲ့ အဓိကလမ်းမကြီးအချို့ကို ပိတ်ဆို့ထားတဲ့အတွက် တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ နယ်စပ်ကုန်သွယ်မှုလုပ်ငန်းတွေများစွာ လျော့နည်းကျဆင်းလျှက်ရှိပြီး နယ်စပ်ကုန်သွယ်မှု ရပ်ဆိုင်းလုနီးပါးဖြစ်နေတယ်လို့ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သည်အသင်း တွဲဘက်အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးဝင်းအောင်ခန့် က ဆိုပါတယ်။

“တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအခြေအနေက လောလောဆယ်မှာ အရမ်းနည်းနေတယ်။နှစ်သစ်ကူးမတိုင်ခင်က ရက်တွေထက်စာရင် အများကြီးကျသွားတယ်။လက်ရှိအခြေအနေအထိတော့ ဒီဘက်ကပစ္စည်းတွေလည်း ဟိုဘက်ကိုကောင်းကောင်းပို့လို့မရသေးဘူး။တရုတ်ဘက်ကဝင်တဲ့ ကုန်တွေကလည်း ဒီဘက်ကို ပန်းသီးတို့ လိမ္မော်သီးတို့လောက်ဘဲရှိတယ်။ကျန်တဲ့ပစ္စည်းတွေက အနည်းအကျဉ်းလောက်ဘဲရှိတယ်။ကုန်သွယ်ရေးကတော့ တအားကိုနည်းနေတာပေါ့” လို့ ပြောပြခဲ့ပါတယ်။

ဒါ့အပြင် ကုန်သွယ်မှုလမ်းကြောင်း အားနည်းနေတဲ့အတွက် ပြည်တွင်းမှာရှိတဲ့ ကုန်ပစ္စည်းများ စျေးနှုန်းမြင့်တက်လာနိုင်ပြီး ပြည်တွင်းထွက် ကုန်ပစ္စည်းတွေလည်း စျေးနှုန်းကျဆင်းလာနိုင်တယ်လို့ ၎င်းက ဆက်လက်ပြောဆိုပါတယ်။

“တရုတ်နိုင်ငံဘက်က ပစ္စည်းတွေဝင်လို့မရတော့ စျေးနှုန်းတွေတက်လာနိုင်တယ်။ပစ္စည်းပြတ်သွားတာတို့ နည်းသွားတာတို့ဆိုရင် စျေးနှုန်းတွေတက်လာတာတွေ ဖြစ်သွားနိုင်တယ်။နှစ်သစ်ကူးပြီး ပြန်ဖွင့်တဲ့ရက်ဆိုရင် ဖရဲတို့ သခွားတို့က ပုံမှန်အတိုင်းပြန်သွားတာပေါ့။အခုတော့ မသွားနိုင်ဘူး။တရုတ်ကိုတင်ပို့မယ့် ဖရဲ၊ သခွားမွှေးတွေလည်း အများကြီးရှိတယ်။အခုအခြေအနေအရ ပို့လို့လည်းမရဘူး။လာလို့လည်းမရဘူး။လာရင်လည်း ဒီမှာစျေးမရဘူး ရှုံးမှာ။ဒီရောဂါရဲ့ဂယက်က မရပ်မချင်း ထိခိုက်နစ်နာမှုတွေကရှိနေမယ်။ရက်နည်းနည်းပိုကြာသွားလေ ထိခိုက်နစ်နာမှုပိုများလေဘဲ ဖြစ်မှာပါ” လို့ ဦးဝင်းအောင်ခန့် က လက်ရှိကြုံနေရတဲ့ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုအခြေအနေကို ပြောပြခဲ့ပါတယ်။

ပြည်တွင်းစျေးကွက် ရှာဖွေမှု

မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဖရဲ၊ သခွားမွှေး စိုက်ပျိုးသူတွေအနေနဲ့ တရုတ်ပြည်သို့ အဓိကတင်ပို့ရောင်းချနေကြပြီး လက်ရှိအချိန်မှာ တင်ပို့နိုင်ခြင်းမရှိတဲ့အတွက် ပြည်တွင်းစျေးကွက် ရှာဖွေမှုအနေနဲ့ ယခုဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ စတင်ပြီး လာမယ့် မတ်လ ၂ ရက်နေ့အထိ ရန်ကုန်မြို့ မြေပဒေသာကျွန်းမှာ ဖရဲ၊ သခွားမွှေး ပွဲတော် ကျင်းပပြုလုပ်ကြမှာ ဖြစ်ပါတယ်။

ဖရဲ၊ သခွားမွှေးအပြင် တရုတ်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် (Covid-19) ရောဂါဟာ ပင်လယ်စာရောင်းချတဲ့စျေးမှ စတင်ဖြစ်ပွားတဲ့အတွက် တရုတ်နိုင်ငံအတွင်း ပင်လယ်စာ စားသုံးမှုများ လျော့နည်းကျဆင်းသွားတယ်လို့လည်း မြန်မာနိုင်ငံ ရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးထွန်းအေး က ဆိုပါတယ်။

“ဝူဟန်ကိစ္စက အခုချိန်ထိ ဘယ်ကစလဲဆိုတာ ဘယ်သူမှမသိဘူး။တရုတ်ပြည်မှာကိုက Sea Food ကလို့ သူတို့စိတ်ထဲမှာ ထင်နေကြတယ်။ဒါ ကျွန်တော့ဆီက ကုန်ဝယ်တဲ့သူကပြောတာ။သူလည်းမစားဘူးတဲ့။ခုဟာက လင်းနို့ကဖြစ်မှန်းမသိ ရေသတ္တဝါကဖြစ်မှန်းမသိ။ Sea Food စျေးထဲက အခြားတောရိုင်းတိရိစ္ဆာန်ကဖြစ်တာ အဲ့ဒါ Sea food နဲ့ ဆိုင်တယ်ဆိုပြီး သံသယရှိနေကြတယ်” လို့ ၎င်းက လက်ရှိဖြစ်ပေါ်နေတဲ့ စျေးကွက်အနေအထားကို ပြောပြခဲ့ပါတယ်။

တရုတ်နိုင်ငံဘက်သို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့နိုင်မှုနည်းပါးနေပေမယ့် ပြည်တွင်းမှာတော့ စျေးနှုန်းကျဆင်းခြင်းမရှိတာဟာ ကုန်အဝင်နည်းပါးပြီး ဥရောပ၊ အမေရိကန်၊ ဂျပန် စျေးကွက်များသို့  တင်ပို့ရောင်းချနေရခြင်းကြောင့် ကုန်အဝင်များတဲ့ကာလတွေမှာသာ တရုတ်စျေးကွက်မရရှိပါက ရေထွက်ကုန်ပစ္စည်းများ ပိုလျှံလာမှာဖြစ်ပြီး စျေးနှုန်းများကျဆင်းသွားမှာ ဖြစ်တယ်လို့လည်း  ဦးထွန်းအေး က ဆက်လက်ပြောပြခဲ့ပါတယ်။

“ကုန်သွယ်မှု ၅၀ ရာခိုင်နှုန်းလောက်က တရုတ်ကို မှီခိုနေတာ။စာရင်း ပေါ်တာကော မပေါ်တာကော ပေါင်းလိုက်ရင် ၅၀ ရာခိုင်နှုန်း အထက်မှာရှိတယ်။တရုတ်စျေးကွက် တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။မြန်မာနိုင်ငံမှာ ဒီရောဂါမဖြစ်သေးဘူး။ဖြစ်ခဲ့ရင် ကျွန်တော်တို့ကော ဘယ်လိုထိန်းမလဲ။တရုတ်စျေးကွက်က ကြာသွားရင် ဘယ်စျေးကွက်ကိုပို့မလဲ။ဇွန်၊ ဇူလိုင်၊ ဩဂုတ်လတွေသာဖြစ်ရင် အဲ့ကုန်တွေစျေးက ဒိုင်းကနဲဆင်းသွားမယ်။ပင်လယ်ငါးဆိုရင် ၇၀-၈၀ ရာခိုင်နှုန်းလောက် တရုတ်ပြည်သွားနေတာပေါ့၊ ပင်လယ်ငါးက အခု Off ရာသီပေါ့၊ ငါးဖမ်းသိပ်မဖြစ်သေးတဲ့ ရာသီမှာဖြစ်နေတာ သိပ်ကံကောင်းတာ၊ မိုးတွင်းလိုမျိုး ဇွန်၊ ဇူလိုင်၊ ဩဂုတ်လို ကုန်အရမ်းတက်တဲ့အချိန်မှာများ ဒီလိုမျိုး Export ပို့ဖို့ ခက်တဲ့အချိန်နဲ့တိုးရင် အဲ့ဒီလိုဟာကို ကြိုပြီးစဉ်းစားဖို့လိုပါတယ်” လို့ ဦးထွန်းအေး က ၎င်းရဲ့အမြင်ကို သုံးသပ်ပြောကြားခဲ့ပါသေးတယ်။

ရေထွက်ကုန်တင်ပို့မှု အနည်းငယ်သာရှိ

ရေထွက်ကုန်ပစ္စည်းတွေကို ဖေဖော်ဝါရီလမှ စတင်ကာ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်း တရုတ်နိုင်ငံဘက်သို့ တင်ပို့ခြင်းမရှိတော့ဘဲ မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်ပို့မှုအနည်းငယ်သာ ရှိတော့တယ်လို့လည်း ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင် က ပြောပါတယ်။

“ဖေဖော်ဝါရီလ မှာစပြီး ချင်းရွှေဟော် လုံးဝမသွားတော့ဘူး။မူဆယ်ဘဲ အခြေအနေကြည့်ပြီးတော့ သွားနေတယ်” လို့ ၎င်းက ဆိုပါတယ်။

ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် မြန်မာကနေ တရုတ်နိုင်ငံသို့ တင်ပို့နေသည့် ဆန်၊ ဆန်ကွဲ၊ ပဲ၊ ပြောင်း၊ ရော်ဘာ အစရှိတဲ့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းတင်ပို့မှုများ ကျဆင်းသွားတဲ့အတွက် ပို့ဆောင်ရေးလုပ်ငန်းတွေလည်း ထိခိုက်နစ်နာမှုများစွာ ဖြစ်ပေါ်လျှက်ရှိပြီး တရုတ်နိုင်ငံမှာ အလုပ်သွားရောက်လုပ်ကိုင်သူများအနေနဲ့လည်း မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာတဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးမှုများလည်း ဖြစ်ပေါ်ခဲ့ရပါတယ်။

ထို့အတူ တရုတ်ခရီးသွားများ လာရောက်ခြင်းမရှိတော့တဲ့အတွက် နိုင်ငံခြားခရီးသွားလုပ်ငန်းကို မှီခိုအားထားနေတဲ့ လုပ်ငန်းများလည်း ဝင်ငွေကျဆင်းလာခဲ့ပြီဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ အထင်ကရဒေသများဖြစ်တဲ့ ပုဂံ၊ မန္တလေး၊ အင်းလေး၊ တောင်ကြီး အစရှိတဲ့ နေရာဒေသများအပြင် မြို့ကြီးတွေမှာလည်း ခရီးသွားဧည့်သည်လာရောက်မှု နည်းပါးနေတဲ့အတွက် ရောင်းဝယ်ဖောက်ကားမှုများ လျော့နည်းကျဆင်းလျှက် ရှိနေတာပါ။

ပြည်ပခရီးသွား ဝင်ရောက်မှုအခြေအနေ

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းမောင်စိုး က တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြေးဆွဲနေသော လေယာဉ်လိုင်း ၁၃ လိုင်းရှိပြီး နေစဉ် ၁၀ ကြိမ် ဆင်းသက်လျှက်ရှိကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားပြီးနောက်ပိုင်း လေယာဉ်ပြေးဆွဲမှုအချို့ကို ပိတ်သိမ်းလိုက်ပြီး ဆိုက်ရောက်ဗီဇာဖြင့် လာရောက်လည်ပတ်မှုများကိုလည်း ရပ်ဆိုင်းလိုက်တဲ့အတွက် မြန်မာနိုင်ငံသို့ တရုတ်ခရီးသွား ဝင်ရောက်မှုများ လျော့နည်းကျဆင်းလာခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့ ဗိုလ်ချုပ်စျေးရှိ ဒဂုံ (သမ) အရောင်းဆိုင် တာဝန်ခံ ဒေါ်သန်းသန်းနွဲ့ က လက်ရှိအချိန်မှာ ဝယ်ယူသူများ လာရောက်မှုနည်းပါးတဲ့အတွက် အရောင်းအဝယ်အေးစက်လျှက်ရှိတယ်လို့ ၎င်းက ပြောပါတယ်။

“ရောဂါမဖြစ်ခင်တုန်းက လာကြတယ်။ရောဂါတွေဖြစ်ကြတော့ လူတွေမလာကြတော့ဘူး။အရောင်းအဝယ်က ၃ ပုံ ၂ ပုံလောက် ကျသွားတယ်။အရင်ကဆိုရင် တရုတ်ခရီးသွားတွေကော နိုင်ငံခြားသားတွေကော တသုတ်ပြီးတသုတ် လာကြတယ်။အခုတော့ အလာနည်းသွားပြီ။ပြည်တွင်းထဲက လာတဲ့သူတွေတော့ရှိတယ်။
ပြည်ပကတော့ အရမ်းနည်းသွားပြီ” လို့ ဒေါ်သန်းသန်းနွဲ့ က ပြောပြခဲ့ပါတယ်။

အလားတူ မန္တလေးမှာရှိတဲ့ ကျောက်စျေးကွက်မှာလည်း တရုတ်နိုင်ငံသားတွေ လာရောက်ခြင်းမရှိတော့တဲ့အတွက် အရောင်းအဝယ် ၇၅ ရာခိုင်နှုန်းကျော် ကျဆင်းလျှက်ရှိနေပါတယ်။နေပြည်တော်မှာ နှစ်စဉ် အောက်တိုဘာလနဲ့ မတ်လတို့မှာ ကျင်းပပြုလုပ်မယ်လို့ ရည်မှန်းထားတဲ့ ကျောက်မျက်ရတနာပြပွဲကို တရုတ်ဝယ်လက်တွေ လာရောက်နိုင်ခြင်းမရှိတဲ့အတွက် မတ်လ ၁၆ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်မယ့် ပွဲတော်ကျင်းပမှုကို ရက်ရွှေ့ဆိုင်းခဲ့ရပါတယ်။

စောင့်ကြည့်ရမည့် အနေအထား

တရုတ်နိုင်ငံဘက်မှ ကုန်ကြမ်းပစ္စည်းများ ဝင်ရောက်လာခြင်းမရှိတော့တဲ့အတွက် မြန်မာနိုင်ငံမှာရှိတဲ့ အထည်ချုပ်စက်ရုံတွေမှာ ပစ္စည်းပြတ်လပ်မှုများ ကြုံတွေ့လာတော့မှာဖြစ်တယ်လို့ အထည်ချုပ်လုပ်ငန်းရှင်တွေက ဆိုကြပါတယ်။အထည်ချုပ်လုပ်ငန်းများနည်းတူ တရုတ်နိုင်ငံဘက်မှ ကုန်ကြမ်းပစ္စည်းများအသုံးပြုတဲ့ စက်ရုံအလုပ်ရုံတွေအနေနဲ့လည်း ပစ္စည်းပြတ်လပ်မှုအတွက် စိုးရိမ်နေရပြီး လုပ်ငန်းလည်ပတ်ဖို့အတွက် အခက်အခဲများဖြစ်ပေါ်လာသလို အလုပ်သမားများတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း စိုးရိမ်စရာအခြေအနေကို ရောက်ရှိလာနိုင်ပါတယ်။

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနေအိမ်မှာ ကိုရိုနာဗိုင်းရပ်စ် နောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ သံရုံးယာယီတာဝန်ခံ Ms. Li Xiaoyan က ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါဖြစ်ပွားတဲ့ လူနာများအား ကုသရန် Chinese Academy of Engineering မှ သုတေသီ၊ နိုင်ငံတော်ကျန်းမာရေးကော်မရှင် အဆင့်မြင့်ပညာရှင်အဖွဲ့ဝင် Ms. Li Lanjuan က ဗိုင်းရပ်စ်၏ မျိုးစိတ် (Strain) ကို အောင်မြင်စွာမွေးထုတ်နိုင်ခဲ့ပြီး ကာကွယ်ဆေးအတွက် မျိုးစိတ်ရရှိလာခဲ့ကြောင်း၊ ကာကွယ်ဆေးမျိုးစိတ် (Vaccine strain) ကို မွေးထုတ်နိုင်မည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးမျိုးစိတ်ကတစ်ဆင့် ကာကွယ်ဆေးကို ပြင်ဆင်ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း၊ ကာကွယ်ဆေး ပြင်ဆင်ထုတ်လုပ်ရာတွင် ကာကွယ်ဆေးမျိုးစိတ်ကိုရရှိရန် အချိန်တစ်လခွဲလိုအပ်ပြီး အတည်ပြုရန် အချိန်တစ်လခွဲ ထပ်မံလိုအပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီလိုထုတ်ပြန်မှုအရ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကိုရရှိဖို့ အနည်းဆုံး အချိန် ၃ လခန့် ကြာမြင့်နိုင်မှာဖြစ်တဲ့အတွက် အဲ့ဒီအတောအတွင်း မြန်မာနိုင်ငံရဲ့ ပို့ကုန်သွင်းကုန် လုပ်ငန်းတွေ၊ ခရီးသွားလုပ်ငန်းတွေ ဘယ်လိုရှေ့ဆက်သွား မလဲဆိုတာ ရင်ထိတ်စရာဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံအစိုးရအနေနဲ့လည်း အဲ့ဒီအကြပ်အတည်းကိုဖြေရှင်းဖို့ ကြိုးစားလုပ်ဆောင်နေပေမယ့် ဘယ်လောက်အထိ စွမ်းဆောင်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။နယ်ပယ်စုံ စီးပွားရေးလုပ်ငန်းတွေရဲ့ လက်ရှိအခြေအနေအရ  မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ကာကွယ်ထိန်းချုပ်ဆေး မရမချင်း ပိုမိုဆိုးဝါးလာမှာဖြစ်ပြီး ပြည်သူတွေရဲ့ စားဝတ်နေရေးကို များစွာအကျိုးသက်ရောက်စေတော့မှာဖြစ်ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ဖေဖော်ဝါရီ - ၁၈

( Zawgyi )

တ႐ုတ္ႏိုင္ငံထဲမွာ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလအတြင္း စတင္ျဖစ္ပြားခဲ့တဲ့ အဆုတ္ေရာင္ေရာဂါ အသစ္တစ္မ်ိဳးေၾကာင့္ ကမာၻတစ္ဝန္းစိုးရိမ္မႈေတြ ျမင့္တက္လာခဲ့ပါတယ္။

အဲ့ဒီေရာဂါဟာ အျခားႏိုင္ငံေတြကိုပါ ကူးစက္ပ်ံႏွံ႔ခဲ့တဲ့အတြက္ ကမာၻ႔က်န္းမာေရးအဖြဲ႕ က ဇန္နဝါရီလ ၃၀ ရက္ေန႔မွာ ကမာၻလုံးဆိုင္ရာ အေရးေပၚအေျခအေနအျဖစ္ ေၾကညာခဲ့ပါတယ္။

ေရာဂါစတင္ျဖစ္ပြားၿပီးတဲ့ေနာက္ ထိန္းခ်ဳပ္ေဆးဝါးေတြကို အလွ်င္အျမန္ရွာေဖြႏိုင္မယ္လို႔ အမ်ားကေမွ်ာ္လင့္ထားၾကေပမယ့္ လက္ရွိအခ်ိန္အထိ ေရာဂါထိန္းခ်ဳပ္ေဆးဝါးမ်ား ရွာေဖြႏိုင္ျခင္းမရွိဘဲ ေရာဂါေၾကာင့္ ေသဆုံးသူဦးေရ ေန႔စဥ္တိုးတက္ မ်ားျပားလာခဲ့ပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႕ရဲ႕ ေလ့လာေတြ႕ရွိခ်က္အရ ဗိုင္းရပ္စ္ပိုးဟာ တိရိစာၦန္မွစတင္ကူးစက္တာ ျဖစ္ႏိုင္တယ္လို႔ သတ္မွတ္ခဲ့ပါတယ္။စတင္ျဖစ္ပြားသူအမ်ားစုဟာ ဝူဟန္ၿမိဳ႕ ပင္လယ္စာေရာင္းခ်တဲ့ေစ်းကေန ဆက္စပ္ခဲ့သူေတြျဖစ္တဲ့အတြက္ ႏိုဗယ္ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါပိုးသစ္ကို ဝူဟန္ဗိုင္းရပ္စ္လို႔ လူအမ်ားၾကား ေခၚတြင္လာခဲ့ၿပီး ကမာၻ႔က်န္းမာေရးအဖြဲ႕ကေတာ့ ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔မွာ (Covid-19) ကိုဗစ္-၁၉ လို႔ အမည္သတ္မွတ္ခဲ့ပါတယ္။

ဒီဗိုင္းရပ္စ္ စတင္ကူးစက္ခံရသူေတြဟာ ဝူဟန္ၿမိဳ႕က ဟြားနန္ ပင္လယ္စာေရာင္းဝယ္ေရးေဈးႀကီးနဲ႔ တနည္းနည္းဆက္စပ္ခဲ့သူေတြ ျဖစ္ေနတဲ့အတြက္ အခ်ိဳ႕ေတြကလည္း ပင္လယ္စာမွ ကူးစက္တယ္လို႔ ထင္ျမင္ယူဆေနၿပီး အခ်ိဳ႕ေတြကလည္း လင္းႏို႔မွ စတင္တယ္လို႔ အမ်ိဳးမ်ိဳးေျပာဆိုမႈေတြ ျဖစ္ေပၚေနပါတယ္။

အဓိကကုန္သြယ္ဖက္ႏိုင္ငံ

တ႐ုတ္ႏိုင္ငံနဲ႔ ျမန္မာႏိုင္ငံဟာ ပထဝီအေနအထားအရ မိုင္ေပါင္း ၁၃၄၈ မိုင္အထိ နယ္နိမိတ္ခ်င္း ထိစပ္လ်က္ရွိၿပီး အိမ္နီးခ်င္းႏိုင္ငံမ်ားျဖစ္တဲ့အတြက္ ႏွစ္ေပါင္းမ်ားစြာ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရးေတြမွာ ကူးလူးဆက္ဆံခဲ့ၾကပါတယ္။လက္ရွိအခ်ိန္မွာလည္း တ႐ုတ္ႏိုင္ငံဟာ ျမန္မာႏိုင္ငံရဲ႕ အဓိကကုန္သြယ္ဖက္ႏိုင္ငံအျဖစ္ ရပ္တည္လွ်က္ရွိပါတယ္။

လက္ရွိအခ်ိန္မွာ တ႐ုတ္ျပည္မွာရွိတဲ့ အဓိကလမ္းမႀကီးအခ်ိဳ႕ကို ပိတ္ဆို႔ထားတဲ့အတြက္ တ႐ုတ္ႏိုင္ငံနဲ႔ ျမန္မာႏိုင္ငံ နယ္စပ္ကုန္သြယ္မႈလုပ္ငန္းေတြမ်ားစြာ ေလ်ာ့နည္းက်ဆင္းလွ်က္ရွိၿပီး နယ္စပ္ကုန္သြယ္မႈ ရပ္ဆိုင္းလုနီးပါးျဖစ္ေနတယ္လို႔ မူဆယ္-နမ့္ခမ္း နယ္စပ္ကုန္သည္အသင္း တြဲဘက္အေထြေထြအတြင္းေရးမႉးျဖစ္သူ ဦးဝင္းေအာင္ခန႔္ က ဆိုပါတယ္။

“တ႐ုတ္-ျမန္မာ နယ္စပ္ကုန္သြယ္ေရးအေျခအေနက ေလာေလာဆယ္မွာ အရမ္းနည္းေနတယ္။ႏွစ္သစ္ကူးမတိုင္ခင္က ရက္ေတြထက္စာရင္ အမ်ားႀကီးက်သြားတယ္။လက္ရွိအေျခအေနအထိေတာ့ ဒီဘက္ကပစၥည္းေတြလည္း ဟိုဘက္ကိုေကာင္းေကာင္းပို႔လို႔မရေသးဘူး။တ႐ုတ္ဘက္ကဝင္တဲ့ ကုန္ေတြကလည္း ဒီဘက္ကို ပန္းသီးတို႔ လိေမၼာ္သီးတို႔ေလာက္ဘဲရွိတယ္။က်န္တဲ့ပစၥည္းေတြက အနည္းအက်ဥ္းေလာက္ဘဲရွိတယ္။ကုန္သြယ္ေရးကေတာ့ တအားကိုနည္းေနတာေပါ့” လို႔ ေျပာျပခဲ့ပါတယ္။

ဒါ့အျပင္ ကုန္သြယ္မႈလမ္းေၾကာင္း အားနည္းေနတဲ့အတြက္ ျပည္တြင္းမွာရွိတဲ့ ကုန္ပစၥည္းမ်ား ေစ်းႏႈန္းျမင့္တက္လာႏိုင္ၿပီး ျပည္တြင္းထြက္ ကုန္ပစၥည္းေတြလည္း ေစ်းႏႈန္းက်ဆင္းလာႏိုင္တယ္လို႔ ၎က ဆက္လက္ေျပာဆိုပါတယ္။

“တ႐ုတ္ႏိုင္ငံဘက္က ပစၥည္းေတြဝင္လို႔မရေတာ့ ေစ်းႏႈန္းေတြတက္လာႏိုင္တယ္။ပစၥည္းျပတ္သြားတာတို႔ နည္းသြားတာတို႔ဆိုရင္ ေစ်းႏႈန္းေတြတက္လာတာေတြ ျဖစ္သြားႏိုင္တယ္။ႏွစ္သစ္ကူးၿပီး ျပန္ဖြင့္တဲ့ရက္ဆိုရင္ ဖရဲတို႔ သခြားတို႔က ပုံမွန္အတိုင္းျပန္သြားတာေပါ့။အခုေတာ့ မသြားႏိုင္ဘူး။တ႐ုတ္ကိုတင္ပို႔မယ့္ ဖရဲ၊ သခြားေမႊးေတြလည္း အမ်ားႀကီးရွိတယ္။အခုအေျခအေနအရ ပို႔လို႔လည္းမရဘူး။လာလို႔လည္းမရဘူး။လာရင္လည္း ဒီမွာေစ်းမရဘူး ရႈံးမွာ။ဒီေရာဂါရဲ႕ဂယက္က မရပ္မခ်င္း ထိခိုက္နစ္နာမႈေတြကရွိေနမယ္။ရက္နည္းနည္းပိုၾကာသြားေလ ထိခိုက္နစ္နာမႈပိုမ်ားေလဘဲ ျဖစ္မွာပါ” လို႔ ဦးဝင္းေအာင္ခန႔္ က လက္ရွိႀကဳံေနရတဲ့ တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံ နယ္စပ္ကုန္သြယ္မႈအေျခအေနကို ေျပာျပခဲ့ပါတယ္။

ျပည္တြင္းေစ်းကြက္ ရွာေဖြမႈ

ျမန္မာႏိုင္ငံအတြင္းမွာရွိတဲ့ ဖရဲ၊ သခြားေမႊး စိုက္ပ်ိဳးသူေတြအေနနဲ႔ တ႐ုတ္ျပည္သို႔ အဓိကတင္ပို႔ေရာင္းခ်ေနၾကၿပီး လက္ရွိအခ်ိန္မွာ တင္ပို႔ႏိုင္ျခင္းမရွိတဲ့အတြက္ ျပည္တြင္းေစ်းကြက္ ရွာေဖြမႈအေနနဲ႔ ယခုေဖေဖာ္ဝါရီလ ၂၇ ရက္ေန႔မွ စတင္ၿပီး လာမယ့္ မတ္လ ၂ ရက္ေန႔အထိ ရန္ကုန္ၿမိဳ႕ ေျမပေဒသာကြၽန္းမွာ ဖရဲ၊ သခြားေမႊး ပြဲေတာ္ က်င္းပျပဳလုပ္ၾကမွာ ျဖစ္ပါတယ္။

ဖရဲ၊ သခြားေမႊးအျပင္ တ႐ုတ္ႏိုင္ငံအတြင္း ကို႐ိုနာဗိုင္းရပ္စ္ (Covid-19) ေရာဂါဟာ ပင္လယ္စာေရာင္းခ်တဲ့ေစ်းမွ စတင္ျဖစ္ပြားတဲ့အတြက္ တ႐ုတ္ႏိုင္ငံအတြင္း ပင္လယ္စာ စားသုံးမႈမ်ား ေလ်ာ့နည္းက်ဆင္းသြားတယ္လို႔လည္း ျမန္မာႏိုင္ငံ ေရထြက္ပစၥည္းထုတ္လုပ္သူမ်ားႏွင့္ ပို႔ကုန္လုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးထြန္းေအး က ဆိုပါတယ္။

“ဝူဟန္ကိစၥက အခုခ်ိန္ထိ ဘယ္ကစလဲဆိုတာ ဘယ္သူမွမသိဘူး။တ႐ုတ္ျပည္မွာကိုက Sea Food ကလို႔ သူတို႔စိတ္ထဲမွာ ထင္ေနၾကတယ္။ဒါ ကြၽန္ေတာ့ဆီက ကုန္ဝယ္တဲ့သူကေျပာတာ။သူလည္းမစားဘူးတဲ့။ခုဟာက လင္းႏို႔ကျဖစ္မွန္းမသိ ေရသတၱဝါကျဖစ္မွန္းမသိ။ Sea Food ေစ်းထဲက အျခားေတာ႐ိုင္းတိရိစာၦန္ကျဖစ္တာ အဲ့ဒါ Sea food နဲ႔ ဆိုင္တယ္ဆိုၿပီး သံသယရွိေနၾကတယ္” လို႔ ၎က လက္ရွိျဖစ္ေပၚေနတဲ့ ေစ်းကြက္အေနအထားကို ေျပာျပခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံဘက္သို႔ ေရထြက္ကုန္ပစၥည္းမ်ား တင္ပို႔ႏိုင္မႈနည္းပါးေနေပမယ့္ ျပည္တြင္းမွာေတာ့ ေစ်းႏႈန္းက်ဆင္းျခင္းမရွိတာဟာ ကုန္အဝင္နည္းပါးၿပီး ဥေရာပ၊ အေမရိကန္၊ ဂ်ပန္ ေစ်းကြက္မ်ားသို႔  တင္ပို႔ေရာင္းခ်ေနရျခင္းေၾကာင့္ ကုန္အဝင္မ်ားတဲ့ကာလေတြမွာသာ တ႐ုတ္ေစ်းကြက္မရရွိပါက ေရထြက္ကုန္ပစၥည္းမ်ား ပိုလွ်ံလာမွာျဖစ္ၿပီး ေစ်းႏႈန္းမ်ားက်ဆင္းသြားမွာ ျဖစ္တယ္လို႔လည္း  ဦးထြန္းေအး က ဆက္လက္ေျပာျပခဲ့ပါတယ္။

“ကုန္သြယ္မႈ ၅၀ ရာခိုင္ႏႈန္းေလာက္က တ႐ုတ္ကို မွီခိုေနတာ။စာရင္း ေပၚတာေကာ မေပၚတာေကာ ေပါင္းလိုက္ရင္ ၅၀ ရာခိုင္ႏႈန္း အထက္မွာရွိတယ္။တ႐ုတ္ေစ်းကြက္ တစ္ခုခုျဖစ္သြားရင္ ဘယ္လိုလုပ္မလဲ။ျမန္မာႏိုင္ငံမွာ ဒီေရာဂါမျဖစ္ေသးဘူး။ျဖစ္ခဲ့ရင္ ကြၽန္ေတာ္တို႔ေကာ ဘယ္လိုထိန္းမလဲ။တ႐ုတ္ေစ်းကြက္က ၾကာသြားရင္ ဘယ္ေစ်းကြက္ကိုပို႔မလဲ။ဇြန္၊ ဇူလိုင္၊ ဩဂုတ္လေတြသာျဖစ္ရင္ အဲ့ကုန္ေတြေစ်းက ဒိုင္းကနဲဆင္းသြားမယ္။ပင္လယ္ငါးဆိုရင္ ၇၀-၈၀ ရာခိုင္ႏႈန္းေလာက္ တ႐ုတ္ျပည္သြားေနတာေပါ့၊ ပင္လယ္ငါးက အခု Off ရာသီေပါ့၊ ငါးဖမ္းသိပ္မျဖစ္ေသးတဲ့ ရာသီမွာျဖစ္ေနတာ သိပ္ကံေကာင္းတာ၊ မိုးတြင္းလိုမ်ိဳး ဇြန္၊ ဇူလိုင္၊ ဩဂုတ္လို ကုန္အရမ္းတက္တဲ့အခ်ိန္မွာမ်ား ဒီလိုမ်ိဳး Export ပို႔ဖို႔ ခက္တဲ့အခ်ိန္နဲ႔တိုးရင္ အဲ့ဒီလိုဟာကို ႀကိဳၿပီးစဥ္းစားဖို႔လိုပါတယ္” လို႔ ဦးထြန္းေအး က ၎ရဲ႕အျမင္ကို သုံးသပ္ေျပာၾကားခဲ့ပါေသးတယ္။

ေရထြက္ကုန္တင္ပို႔မႈ အနည္းငယ္သာရွိ

ေရထြက္ကုန္ပစၥည္းေတြကို ေဖေဖာ္ဝါရီလမွ စတင္ကာ ခ်င္းေ႐ႊေဟာ္ နယ္စပ္ကုန္သြယ္ေရးစခန္း တ႐ုတ္ႏိုင္ငံဘက္သို႔ တင္ပို႔ျခင္းမရွိေတာ့ဘဲ မူဆယ္ နယ္စပ္ကုန္သြယ္ေရးစခန္းမွ တင္ပို႔မႈအနည္းငယ္သာ ရွိေတာ့တယ္လို႔လည္း ငါးလုပ္ငန္းဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉး ဦးသက္ႏိုင္ က ေျပာပါတယ္။

“ေဖေဖာ္ဝါရီလ မွာစၿပီး ခ်င္းေ႐ႊေဟာ္ လုံးဝမသြားေတာ့ဘူး။မူဆယ္ဘဲ အေျခအေနၾကည့္ၿပီးေတာ့ သြားေနတယ္” လို႔ ၎က ဆိုပါတယ္။

ဒါ့အျပင္ ကို႐ိုနာဗိုင္းရပ္စ္ ဂယက္ေၾကာင့္ ျမန္မာကေန တ႐ုတ္ႏိုင္ငံသို႔ တင္ပို႔ေနသည့္ ဆန္၊ ဆန္ကြဲ၊ ပဲ၊ ေျပာင္း၊ ေရာ္ဘာ အစရွိတဲ့ လယ္ယာထြက္ကုန္ပစၥည္းမ်ား၊ ေရထြက္ပစၥည္းတင္ပို႔မႈမ်ား က်ဆင္းသြားတဲ့အတြက္ ပို႔ေဆာင္ေရးလုပ္ငန္းေတြလည္း ထိခိုက္နစ္နာမႈမ်ားစြာ ျဖစ္ေပၚလွ်က္ရွိၿပီး တ႐ုတ္ႏိုင္ငံမွာ အလုပ္သြားေရာက္လုပ္ကိုင္သူမ်ားအေနနဲ႔လည္း ျမန္မာႏိုင္ငံသို႔ ျပန္လည္ဝင္ေရာက္လာတဲ့အတြက္ အလုပ္အကိုင္အခြင့္အလမ္း ဆုံးရႈံးမႈမ်ားလည္း ျဖစ္ေပၚခဲ့ရပါတယ္။

ထို႔အတူ တ႐ုတ္ခရီးသြားမ်ား လာေရာက္ျခင္းမရွိေတာ့တဲ့အတြက္ ႏိုင္ငံျခားခရီးသြားလုပ္ငန္းကို မွီခိုအားထားေနတဲ့ လုပ္ငန္းမ်ားလည္း ဝင္ေငြက်ဆင္းလာခဲ့ၿပီျဖစ္ပါတယ္။ျမန္မာႏိုင္ငံရဲ႕ အထင္ကရေဒသမ်ားျဖစ္တဲ့ ပုဂံ၊ မႏၲေလး၊ အင္းေလး၊ ေတာင္ႀကီး အစရွိတဲ့ ေနရာေဒသမ်ားအျပင္ ၿမိဳ႕ႀကီးေတြမွာလည္း ခရီးသြားဧည့္သည္လာေရာက္မႈ နည္းပါးေနတဲ့အတြက္ ေရာင္းဝယ္ေဖာက္ကားမႈမ်ား ေလ်ာ့နည္းက်ဆင္းလွ်က္ ရွိေနတာပါ။

ျပည္ပခရီးသြား ဝင္ေရာက္မႈအေျခအေန

ဟိုတယ္ႏွင့္ ခရီးသြားလာေရး ဝန္ႀကီးဌာန လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးမင္းေမာင္စိုး က တ႐ုတ္ႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ ေျပးဆြဲေနေသာ ေလယာဥ္လိုင္း ၁၃ လိုင္းရွိၿပီး ေနစဥ္ ၁၀ ႀကိမ္ ဆင္းသက္လွ်က္ရွိေၾကာင္း၊ ကို႐ိုနာဗိုင္းရပ္စ္ ျဖစ္ပြားၿပီးေနာက္ပိုင္း ေလယာဥ္ေျပးဆြဲမႈအခ်ိဳ႕ကို ပိတ္သိမ္းလိုက္ၿပီး ဆိုက္ေရာက္ဗီဇာျဖင့္ လာေရာက္လည္ပတ္မႈမ်ားကိုလည္း ရပ္ဆိုင္းလိုက္တဲ့အတြက္ ျမန္မာႏိုင္ငံသို႔ တ႐ုတ္ခရီးသြား ဝင္ေရာက္မႈမ်ား ေလ်ာ့နည္းက်ဆင္းလာခဲ့တယ္လို႔ ဆိုပါတယ္။

ရန္ကုန္ၿမိဳ႕ ဗိုလ္ခ်ဳပ္ေစ်းရွိ ဒဂုံ (သမ) အေရာင္းဆိုင္ တာဝန္ခံ ေဒၚသန္းသန္းႏြဲ႕ က လက္ရွိအခ်ိန္မွာ ဝယ္ယူသူမ်ား လာေရာက္မႈနည္းပါးတဲ့အတြက္ အေရာင္းအဝယ္ေအးစက္လွ်က္ရွိတယ္လို႔ ၎က ေျပာပါတယ္။

“ေရာဂါမျဖစ္ခင္တုန္းက လာၾကတယ္။ေရာဂါေတြျဖစ္ၾကေတာ့ လူေတြမလာၾကေတာ့ဘူး။အေရာင္းအဝယ္က ၃ ပုံ ၂ ပုံေလာက္ က်သြားတယ္။အရင္ကဆိုရင္ တ႐ုတ္ခရီးသြားေတြေကာ ႏိုင္ငံျခားသားေတြေကာ တသုတ္ၿပီးတသုတ္ လာၾကတယ္။အခုေတာ့ အလာနည္းသြားၿပီ။ျပည္တြင္းထဲက လာတဲ့သူေတြေတာ့ရွိတယ္။
ျပည္ပကေတာ့ အရမ္းနည္းသြားၿပီ” လို႔ ေဒၚသန္းသန္းႏြဲ႕ က ေျပာျပခဲ့ပါတယ္။

အလားတူ မႏၲေလးမွာရွိတဲ့ ေက်ာက္ေစ်းကြက္မွာလည္း တ႐ုတ္ႏိုင္ငံသားေတြ လာေရာက္ျခင္းမရွိေတာ့တဲ့အတြက္ အေရာင္းအဝယ္ ၇၅ ရာခိုင္ႏႈန္းေက်ာ္ က်ဆင္းလွ်က္ရွိေနပါတယ္။ေနျပည္ေတာ္မွာ ႏွစ္စဥ္ ေအာက္တိုဘာလနဲ႔ မတ္လတို႔မွာ က်င္းပျပဳလုပ္မယ္လို႔ ရည္မွန္းထားတဲ့ ေက်ာက္မ်က္ရတနာျပပြဲကို တ႐ုတ္ဝယ္လက္ေတြ လာေရာက္ႏိုင္ျခင္းမရွိတဲ့အတြက္ မတ္လ ၁၆ ရက္ေန႔မွ ၂၅ ရက္ေန႔အထိ က်င္းပျပဳလုပ္မယ့္ ပြဲေတာ္က်င္းပမႈကို ရက္ေ႐ႊ႕ဆိုင္းခဲ့ရပါတယ္။

ေစာင့္ၾကည့္ရမည့္ အေနအထား

တ႐ုတ္ႏိုင္ငံဘက္မွ ကုန္ၾကမ္းပစၥည္းမ်ား ဝင္ေရာက္လာျခင္းမရွိေတာ့တဲ့အတြက္ ျမန္မာႏိုင္ငံမွာရွိတဲ့ အထည္ခ်ဳပ္စက္႐ုံေတြမွာ ပစၥည္းျပတ္လပ္မႈမ်ား ႀကဳံေတြ႕လာေတာ့မွာျဖစ္တယ္လို႔ အထည္ခ်ဳပ္လုပ္ငန္းရွင္ေတြက ဆိုၾကပါတယ္။အထည္ခ်ဳပ္လုပ္ငန္းမ်ားနည္းတူ တ႐ုတ္ႏိုင္ငံဘက္မွ ကုန္ၾကမ္းပစၥည္းမ်ားအသုံးျပဳတဲ့ စက္႐ုံအလုပ္႐ုံေတြအေနနဲ႔လည္း ပစၥည္းျပတ္လပ္မႈအတြက္ စိုးရိမ္ေနရၿပီး လုပ္ငန္းလည္ပတ္ဖို႔အတြက္ အခက္အခဲမ်ားျဖစ္ေပၚလာသလို အလုပ္သမားမ်ားေတြရဲ႕ အလုပ္အကိုင္ အခြင့္အလမ္းေတြလည္း စိုးရိမ္စရာအေျခအေနကို ေရာက္ရွိလာႏိုင္ပါတယ္။

၂၀၂၀ ခုႏွစ္ ေဖေဖာ္ဝါရီလ ၄ ရက္ေန႔က ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ သံအမတ္ႀကီးေနအိမ္မွာ ကို႐ိုနာဗိုင္းရပ္စ္ ေနာက္ဆုံးအေျခအေနနဲ႔ပတ္သက္ၿပီး သတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ့ရာ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ သံ႐ုံးမွ သံ႐ုံးယာယီတာဝန္ခံ Ms. Li Xiaoyan က ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေရာဂါျဖစ္ပြားတဲ့ လူနာမ်ားအား ကုသရန္ Chinese Academy of Engineering မွ သုေတသီ၊ ႏိုင္ငံေတာ္က်န္းမာေရးေကာ္မရွင္ အဆင့္ျမင့္ပညာရွင္အဖြဲ႕ဝင္ Ms. Li Lanjuan က ဗိုင္းရပ္စ္၏ မ်ိဳးစိတ္ (Strain) ကို ေအာင္ျမင္စြာေမြးထုတ္ႏိုင္ခဲ့ၿပီး ကာကြယ္ေဆးအတြက္ မ်ိဳးစိတ္ရရွိလာခဲ့ေၾကာင္း၊ ကာကြယ္ေဆးမ်ိဳးစိတ္ (Vaccine strain) ကို ေမြးထုတ္ႏိုင္မည္ျဖစ္ေၾကာင္း၊ ကာကြယ္ေဆးမ်ိဳးစိတ္ကတစ္ဆင့္ ကာကြယ္ေဆးကို ျပင္ဆင္ထုတ္လုပ္ႏိုင္မည္ ျဖစ္ေၾကာင္း၊ ကာကြယ္ေဆး ျပင္ဆင္ထုတ္လုပ္ရာတြင္ ကာကြယ္ေဆးမ်ိဳးစိတ္ကိုရရွိရန္ အခ်ိန္တစ္လခြဲလိုအပ္ၿပီး အတည္ျပဳရန္ အခ်ိန္တစ္လခြဲ ထပ္မံလိုအပ္မွာျဖစ္တယ္လို႔ ဆိုပါတယ္။

အဲ့ဒီလိုထုတ္ျပန္မႈအရ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးကိုရရွိဖို႔ အနည္းဆုံး အခ်ိန္ ၃ လခန႔္ ၾကာျမင့္ႏိုင္မွာျဖစ္တဲ့အတြက္ အဲ့ဒီအေတာအတြင္း ျမန္မာႏိုင္ငံရဲ႕ ပို႔ကုန္သြင္းကုန္ လုပ္ငန္းေတြ၊ ခရီးသြားလုပ္ငန္းေတြ ဘယ္လိုေရွ႕ဆက္သြား မလဲဆိုတာ ရင္ထိတ္စရာျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။

ျမန္မာႏိုင္ငံအစိုးရအေနနဲ႔လည္း အဲ့ဒီအၾကပ္အတည္းကိုေျဖရွင္းဖို႔ ႀကိဳးစားလုပ္ေဆာင္ေနေပမယ့္ ဘယ္ေလာက္အထိ စြမ္းေဆာင္ႏိုင္မလဲဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။နယ္ပယ္စုံ စီးပြားေရးလုပ္ငန္းေတြရဲ႕ လက္ရွိအေျခအေနအရ  ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးဟာ ကို႐ိုနာဗိုင္းရပ္စ္ (ကိုဗစ္-၁၉) ကာကြယ္ထိန္းခ်ဳပ္ေဆး မရမခ်င္း ပိုမိုဆိုးဝါးလာမွာျဖစ္ၿပီး ျပည္သူေတြရဲ႕ စားဝတ္ေနေရးကို မ်ားစြာအက်ိဳးသက္ေရာက္ေစေတာ့မွာျဖစ္ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ေဖေဖာ္ဝါရီ - ၁၈