【 သတင်းဆောင်းပါး 】 “နိုင်ငံတကာဖိအားအောက်က မြန်မာ့ခရီးသွားစီးပွား”

【 သတင်းဆောင်းပါး 】 “နိုင်ငံတကာဖိအားအောက်က မြန်မာ့ခရီးသွားစီးပွား”

မြန်မာနိုင်ငံဟာ ခရီးသွားဧည့်သည်တွေအတွက် စိတ်ဝင်စားစရာတွေ အများအပြားနဲ့ လည်ပတ်စရာကောင်းတဲ့ အခြေအနေကောင်းတွေကို ပိုင်ဆိုင်ထားပါတယ်။ခရီးသွားလုပ်ငန်းဟာ နိုင်ငံတိုင်းမှာ အောင်မြင်စွာလုပ်ဖို့ မဖြစ်နိုင်ပေမယ့် မြန်မာနိုင်ငံအတွက်တော့ ပထဝီအနေအထားကောင်းတွေ၊ မျှတတဲ့ ရာသီဥတုအခြေအနေတွေ၊ အခြေခံအရင်းအမြစ်များစွာ ပိုင်ဆိုင်ထားမှုတွေ၊ ယဉ်ကျေးမှုအမွေအနှစ်များစွာ ပေါကြွယ်ဝမှုတွေကလည်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် အခြေခံကောင်းတွေ ဖြစ်လို့နေပါတယ်။

ခရီးသွားလုပ်ငန်းကို မီးခိုးမထွက်တဲ့ စက်ရုံသဖွယ် တင်စားကာ လုပ်ဆောင်ကြပေမယ့် မျှော်မှန်းသလောက် ခရီးသွားဧည့်ဝင်ရောက်မှု မရှိခဲ့တဲ့ အခြေအနေတွေကြောင့်လည်း ဌာနဆိုင်ရာကနေ ဦးဆောင်ပြီး ဆက်နွယ်လုပ်ကိုင်နေကြတဲ့ ပြည်တွင်းမှအသင်းအဖွဲ့တွေ ပူးပေါင်းကာ Tourism Master Plan ကိုလည်း ရေးဆွဲအကောင်အထည်ဖော်နေကြပါတယ်။

စိန်ခေါ်နေတဲ့အခက်အခဲ

ကောင်းမွန်တဲ့အခြေအနေတွေကို ပိုင်ဆိုင်ထားပေမယ့် မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းမှာ စိန်ခေါ်မှုတွေရှိနေပြီး အခက်အခဲတွေများစွာလည်း ရှိလာခဲ့ပါတယ်။ရခိုင်ပြည်နယ်ဘက်မှာဖြစ်တဲ့ ဖြစ်စဉ်တွေနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ဖြစ်တဲ့ ဖြစ်စဉ်တွေကလည်း ခရီးသွားလုပ်ငန်း တိုးတက်ရေးကို လုပ်ဆောင်တဲ့နေရာမှာ စိန်ခေါ်မှုတွေ ဖြစ်လာစေခဲ့ပါတယ်။

ထိုဖြစ်စဉ်တွေအပေါ် အနောက်နိုင်ငံတွေရဲ့ မီဒီယာတွေကနေ တစ်ဖက်စောင်းနင်း ဖော်ပြမှုတွေကြောင့်လည်း ဧည့်သည်ဝင်ရောက်မှုအပေါ်ကို ထိခိုက်စေတယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက သုံးသပ်ထားကြပါတယ်။

“ဧည့်သည်ဝင်ရောက်မှုနည်းနေတာဟာ မြန်မာနိုင်ငံရဲ့ ပုံရိပ်ဆိုးတွေကို အနောက်မီဒီယာတွေက ဖော်ပြတာကြောင့်ဖြစ်တယ်၊ ဒါကို ကျွန်တော်တို့က မီဒီယာနည်းနဲ့ပဲ တန်ပြန်ပြီးတော့ လုပ်ဆောင်ကြဖို့လိုတယ်လို့ မြင်ပါတယ်” လို့လည်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးအောင်မိုးကြည် က ဆိုပါတယ်။

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးဖို့ဟာ နိုင်ငံရေး၊ လုံခြုံရေး၊ စစ်ရေး၊ ရာသီဥတု အခြေအနေများကလည်း အရေးကြီးသလို သဘာဝအရင်းအမြစ်တွေ၊ ယဉ်ကျေးမှုအမွေအနှစ်တွေ၊ လူ့စွမ်းအားအရင်းအမြစ်တွေကို ဟန်ချက်ညီစွာ အသုံးချနိုင်ဖို့ အရေးကြီးပါတယ်။

ထိုအခြေအနေတွေကြောင့်လည်း အနောက်နိုင်ငံမှ ဧည့်သည်တွေရဲ့ အများအပြားဟာ Booking ဖျက်သိမ်းတာတွေကိုလည်း လုပ်ဆောင်ခဲ့ပြီး ၄၀ ရာခိုင်နှုန်းလောက်အထိ လာရောက်မှုကျဆင်းခဲ့တယ်လို့ ယင်းအသင်းက စာရင်းပြုစုထားပါတယ်။ဒါ့ကြောင့် မြန်မာနိုင်ငံကို နိုင်ငံခြားဧည့်သည်တွေ ဝင်ရောက်မှုတိုးလာစေရေးအတွက် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင်ကာ သြစတြေးလျ၊ ဂျာမနီ၊ အီတလီ၊ ရုရှား၊ စပိန်၊ ဆွစ်ဇာလန် နိုင်ငံတွေအနေနဲ့ ရက်ပိုင်း ၃၀ နေထိုင်နိုင်တဲ့ ဗီဇာကြေးကို ဒေါ်လာ ၅၀ သတ်မှတ်ပေးခဲ့ပြီး အောက်တိုဘာမှ ၂၀၂၀ စက်တင်ဘာအထိ ဟောင်ကောင်နဲ့ မက္ကာအိုမှ ခရီးသည်တွေကို ပြည်ဝင်ခွင့် ဗီဇာကင်းလွတ်ခွင့်ပြုပေးခဲ့သလို ဧည့်သည်တွေအတွက် လိုအပ်တဲ့ ဝန်ဆောင်မှုကောင်းတွေနဲ့ ပရိုမိုးရှင်းအစီအစဉ်တွေ လုပ်ဆောင်ကာ ခရီးသွားလုပ်ငန်း တိုးတက်စေဖို့ ကြိုးပမ်းလာခဲ့ကြပါတယ်။ခရီးဧည့်သည်တွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ကိန်းဂဏန်းတွေအနေနဲ့ ဌာနဆိုင်ရာအပိုင်းက ထုတ်ပြန်တာတွေရှိသော်လည်း ခရီးသွားလုပ်ငန်းတွေနဲ့ကြားမှာ အောက်ခြေပိုင်း အနည်းငယ်ကွဲလွဲတာတွေလည်း ရှိနေပါတယ်။

မျှော်မှန်းထားတဲ့ ခရီးသွားရာသီ

ယခုအခါ ၂၀၁၉ ခုနှစ်ရဲ့ ပွင့်လင်းရာသီနဲ့အတူ ခရီးသွားရာသီကာလကိုလည်း ရောက်ရှိလာခဲ့ပါပြီ၊ အနောက်နိုင်ငံက ဧည့်သည်တွေလာရောက်မှုဟာ ထင်သလောက် တိုးတက်မလာပေမယ့် အာရှဒေသက ဧည့်သည်တွေကတော့ သိသိသာသာတိုးလာခဲ့ပါတယ်။

ဒါဟာလည်း အနောက်နိုင်ငံက ခရီးသွားတွေလာရောက်မှု ကျဆင်းချိန်မှာ အရှေ့ဘက်သို့ မျက်နှာမူတဲ့ Look East မူဝါဒကို ကျင့်သုံးလာခဲ့တာကြောင့်ဖြစ်ပြီး အားနည်းချက်တစ်ချို့ရှိခဲ့သလို ယင်းအပေါ် ဝေဖန်ပြစ်တင်မှုတွေလည်း ရှိလာခဲ့ပါတယ်။ယခုနှစ်ထဲမှာပဲ ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသကို UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသအဖြစ် သတ်မှတ်လိုက်တာကြောင့်လည်း ဧည့်သည်တွေတိုးလာမယ့် အခြေအနေဖြစ်လာတယ်လို့ ခန့်မှန်းထားပြီး လိုအပ်တဲ့ ကြိုတင်ပြင်ဆင်တာတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။ Tourism Master Plan အရ ၂၀၂၀ ပြည့်နှစ်ထဲမှာ ခရီးသွားဧည့်သည် ခုနစ်သန်းလောက် ဝင်ရောက်နိုင်ဖို့ မျှော်မှန်းကာလုပ်ဆောင်နေပေမယ့် ပကတိအခြေအနေတွေအရ ပြည့်မီနိုင်ဖို့ သိပ်မလွယ်ဘူးလို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန် က ပြောပါတယ်။

“မျှော်မှန်းထားတဲ့ ခုနစ်သန်းဆိုတဲ့ အနေအထားကိုတော့ ပြည့်မီနိုင်မယ်လို့ မထင်ဘူး၊ အများဆုံးအနေအထားက ခြောက်သန်းလောက်အထိတော့ ဖြစ်လာနိုင်တယ်လို့ မှန်းဆရပါတယ်၊ အနောက်နိုင်ငံ ခြောက်နိုင်ငံကို အောက်တိုဘာ ၁ ရက်ကစပြီး ဗီဇာစနစ် ဖြေလျှော့မှုများ လုပ်ဆောင်ထားပေမယ့် လက်ရှိကာလမှာက တရုတ်နဲ့ ထိုင်း ခရီးသွားဧည့်သည်တွေ လာတာများလာတယ်၊ လာမယ့်နှစ်ထဲလည်း များလာနိုင်မယ့် အခြေအနေမျိုး ရှိနေသေးတယ်” လို့ သူက ရှင်းပြပါတယ်။

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ကြိုတင်ပြင်ဆင်တာတွေနဲ့ လုပ်ဆောင်တာတွေရှိသလို ခရီးသွားတွေ စိတ်ဝင်စားစေမယ့် ခရီးစဉ်လမ်းကြောင်းအသစ်တွေအပြင် ခရီးသွားလုပ်ငန်းနဲ့အတူ ဒေသဖွံ့ဖြိုးရေး ဦးတည်စေမယ့် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းတွေကိုလည်း ကြိုးပမ်းလုပ်ဆောင်လာခဲ့ကြပါတယ်။လုပ်ထုံးလုပ်နည်းတွေနဲ့ မူဝါဒတွေကို ဦးစွာမချမှတ်ဘဲ အရှေ့အာရှမှ ခရီးသွားများကို စွဲဆောင်ရန် ကြိုးစားချမှတ်ထားတဲ့ Look East  မူဝါဒကြောင့် ဧည့်သည်အချို့က လုပ်ဆောင်နေသော မြန်မာ့ယဉ်ကျေးမှုနဲ့ မလျော်ညီတဲ့ အပြုအမူတွေကြောင့်လည်း ဝေဖန်တာတွေ မြင့်တက်လာခဲ့ပါတယ်။  

“သူတို့ဆီက အကျိုးအမြတ်များများ သိပ်ပြီးမရရင်တောင်မှ ကျွန်တော်တို့ရဲ့ ထုံးတမ်းစဉ်လာနဲ့ ယဉ်ကျေးမှုကို တန်ဖိုးထားဖို့ လေးစားဖို့ လိုတယ်၊ အဲ့ဒီလိုလေးစားအောင်လည်း သူတို့နားလည်တဲ့ ဘာသာစကားမျိုးနဲ့ အသိပေးတာတွေကိုလည်း လုပ်ထားသင့်ပါတယ်၊ ဒါမှသာ အခုလိုဆိုးကျိုးတွေ မခံစားရအောင်လို့ စနစ်တကျနဲ့ စီမံနိုင်ဖို့ အရေးကြီးပါတယ်” လို့ မြန်မာတာဝန်သိသော စီးပွားရေးလုပ်ငန်းများဌာန (MCRB) မှ ဦးဝင်းမင်း က ဆိုပါတယ်။

ဒါ့ကြောင့်လည်း ခရီးသွားဧည့်သည်အချို့ရဲ့ လက်ဆေးဘေစင်မှာ ခြေထောက်ဝင်ဆေးတာမျိုးတွေ၊ ယဉ်ကျေးမှုနဲ့ မလျော်ကန်တဲ့ အပြုအမူတွေကို လူမှုကွန်ရက်တွေပေါ်မှာ ဖော်ပြလာတဲ့ အခြေအနေတွေအထိ ဖြစ်လာခဲ့ပါတယ်။

ပုဂ္ဂလိကလုပ်ငန်းရှင်တွေဟာ အဓိကကျတဲ့ Industry Player များအဖြစ် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပြီး ခရီးသွားမြှင့်တင်ရေးအတွက် ဆန်းစစ်သုံးသပ်ရာမှာ အရေးကြီးတဲ့ စာရင်းအင်းအချက်အလက်များ ပြည့်စုံစွာရရှိရေး၊ Public – Private – Partnership ဆောင်ရွက်ရေးကို ပြုလုပ်ဖို့လိုအပ်ကြောင်း၊ ဗီဇာဖြေလျှော့မှုများကိုလည်း တစ်ဖက်ကလုပ်ဆောင်နေသလို ခရီးသွားမြှင့်တင်ရေးကို လုပ်ဆောင်တဲ့နေရာမှာ Digital Marketing စနစ်ဖြင့် လုပ်ဆောင်လျက်ရှိတယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦတင်လတ် က ခရီးသွားလုပ်ငန်းညီနောင်အသင်းတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ဖူးပါတယ်။

ခရီးသွားလုပ်ငန်းတွေအပေါ် မူတည်ပြီး ဆင့်ကဲအကျိုးဖြစ်ထွန်းစေတဲ့ Supply Change တစ်လျှောက်မှာလည်း ခရီးသွားဧည့်သည် များပြားလာဖို့ မျှော်လင့်ရင်း စောင့်ဆိုင်းကာ ပြင်ဆင်နေကြပါတယ်။လတ်တလော အခြေအနေမှာ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်တွေ နည်းပါးချိန်မှာ လျှော့ဈေးတွေနဲ့ ပြည်တွင်းခရီးသွားတွေအတွက် စီစဉ်ပေးခဲ့ရတယ်လို့ ဟိုတယ်လုပ်ငန်းရှင် ဦးကျော်နိုင် က ဆိုပါတယ်။

“Tour လာတာ နည်းတဲ့အချိန်မှာ Local Tour တွေအတွက် လျှော့ဈေးနဲ့ တည်းခိုနိုင်ဖို့ စီစဉ်ရပါတယ်၊ ဒီအတိုင်းကြီးထားတော့လည်း ဝင်ငွေမှမရှိတာလေ၊ မကြာခင်လည်း ခရစ္စမတ်တို့၊ New Year တို့ ရောက်လာမှာဆိုတော့ Tour တွေ များလာဖို့ မျှော်လင့်ပါတယ်၊ မဟုတ်ရင် မီတာခ၊ ဝန်ထမ်းစားရိတ်၊ အထွေထွေကုန်ကျစရိတ်တွေနဲ့ မလွယ်ဘူးလေ၊ Local ဧည့်သည်တွေကျတော့ ဈေးအများကြီးမပေးနိုင်ဘူး၊ ဈေးကိုလည်း နည်းနည်းလျှော့ပေးထားပြီး Service ကြေးလည်း နည်းနည်းလေးလျှော့ထားပါတယ်” လို့ ကမ်းခြေဟိုတယ်တွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သူက ရှင်းပြပါတယ်။

ခရီးသွားတွေ စိတ်ဝင်စားမယ့်နေရာတွေအဖြစ် လုပ်ဆောင်ရာမှာ ရှေးဟောင်း သမိုင်းဝင် ဂုတ်ထိပ်တံတားနဲ့ ဂုတ်တွင်းကြားမှာလည်း မှန်တံတားထိုးဖို့ ညှိနှိုင်းဆွေးနွေးနေတာတွေရှိနေသလို ခရီးစဉ်အသစ်တွေအတွက် ရေးဆွဲနေပေမယ့် မျှော်မှန်းသလောက် ဧည့်သည်မလာတာတွေကြောင့်လည်း အခက်အခဲတွေ ကြုံလာတာရှိပါတယ်၊ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်နေတဲ့ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းတွေမှာလည်း ရသလောက် အခြေအနေအဖြစ်နဲ့ ပြည်တွင်းဧည့်သည်တွေကိုသာ ဦးတည်ဝန်ဆောင်ပေးနေရပါတယ်။ဒါ့အပြင် ဧည့်သည်တွေရဲ့ မဆင်မခြင်ဓာတ်ပုံရိုက်ကူးတဲ့ အခြေအနေတွေကြောင့် ပြင်ဦးလွင် အနီးစခန်း အာရှအလင်းရောင် စာသင်တိုက်နဲ့ အနီးတစ်ဝိုက်မှာ စိုက်ပျိုးထားတဲ့ လေးဧကလောက် ကျယ်ဝန်းသော ထပ်တရာပန်းခင်းမှာ နိုဝင်ဘာ ၁၉ ရက်က စတင်ကာ ဓာတ်ပုံရိုက်ခွင့်မပြုတော့ဘဲ ကန့်သတ်ထားခဲ့ရပါတယ်။

ရွှေရောင်အိပ်မက် မျှော်လင့်ချက် ၂၀၂၀

အကျိုးပြုနေတဲ့ ခရီးသွားလုပ်ငန်းကို ဘက်ပေါင်းစုံကနေ တိုးတက်အောင် လုပ်ဆောင်နေပေမယ့် ခေတ်မမီတော့တဲ့ ဥပဒေတွေနဲ့ နည်းဥပဒေတွေကလည်း ခရီးသွားလုပ်ငန်းကို အဟန့်အတားတွေဖြစ်စေတယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

“ပြည်ထောင်စုဝန်ကြီးကလည်း ဒီကိစ္စကို ဟိုတလောကပြောခဲ့ဖူးတယ်၊ ခေတ်မမီတော့တဲ့ ဥပဒေ၊ နည်းဥပဒေတွေကို ပြုပြင်လိုက်တဲ့အခါမှာ အချိန်တိုအတွင်း အကျိုးရှိစေမယ်လို့ ပြောထားတာတွေရှိပါတယ်၊ မြန်မာမှာဆိုရင် ဗီယက်နမ်က ဟလောင်းဘေးထက်လှတဲ့ မြိတ်ကျွန်းစုကို ပိုင်ဆိုင်ထားပေမယ့် လမ်းပန်းဆက်သွယ်ရေး ကုန်ကျစရိတ်တွေကြောင့်လည်း ဈေးနှုန်းမြင့်မားနေတော့ သိပ်ပြီး တိုးတက်သင့်သလောက် မတိုးတက်တာတွေလည်း ရှိပါတယ်” လို့ ဟိုတယ်လုပ်ငန်းရှင် ဦးကျော်နိုင် က သုံးသပ်ပြောပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံကို ကြည့်ပါက လွန်ခဲ့တဲ့နှစ်မှာ ဧည့်သည်ပေါင်း ၃၈ သန်း လာရောက်ပြီး နိုင်ငံရဲ့ဝင်ငွေကို ခရီးသွားလုပ်ငန်းကနေ ၃၀ ရာခိုင်နှုန်းနဲ့အထက် ရှာဖွေပေးနိုင်ခဲ့တဲ့အပြင် သြစတြေးလျကလည်း ခရီးသွားက ရတဲ့ငွေနဲ့ တစ်နိုင်ငံလုံးရဲ့ စီးပွားရေးကို အထောက်အကူပြုပေးထားတဲ့အထိ လုပ်ကိုင်နေပေမယ့် အခြေခံအရင်းအမြစ်များစွာကို ပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံအဖို့ တောက်မယ့်မီးခဲ တရဲရဲဆိုသော အခြေအနေမျိုးဖြစ်နေပေမယ့် အားမရတဲ့အခြေအနေတွေကြောင့် ဝေဖန်မှုများစွာရှိနေတာလည်း ဖြစ်ပါတယ်။ခရီးသွားလုပ်ငန်း တိုးတက်အောင် တစ်ဖက်ကလည်း လုပ်ဆောင်နေပြီး ခရီးသွားလုပ်ငန်းရဲ့ ပုံရိပ်ကျဆင်းစေမယ့် အပြုအမူတွေလည်းမဖြစ်အောင် တရားမဝင် ဧည့်လမ်းညွှန်တွေကြောင့် မလိုလားအပ်တဲ့ ထိခိုက်မှုတွေလည်းမဖြစ်စေဖို့ ဌာနနဲ့ပူးပေါင်းကာ လိုအပ်တဲ့ စောင့်ကြည့်ကြပ်မတ်မှုတွေနဲ့ လုပ်ဆောင်နေကြောင်း၊ ဧည့်လမ်းညွှန်တွေကို တရားဝင်သုံးစွဲလာကြခြင်းဖြင့် ဧည့်လမ်းညွှန်တွေရဲ့အလုပ်အကိုင် အခွင့်အလမ်း တိုးစေရန် ဆောင်ရွက်နေပြီး လာမယ့် ၂၀၂၀ မှာဧည့်သည်တွေ လာရောက်မှုများလာနိုင်မယ့် အခြေအနေမျိုးကို သုံးသပ်ထားတယ်လို့ မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း ဥက္ကဋ္ဌ ဦးအောင်ထွန်းလင်း က ရှင်းပြပါတယ်။

လက်ရှိကာလမှာ ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံကို အများဆုံးလာရောက်လည်ပတ်သော နိုင်ငံမှာ တရုတ်နိုင်ငံကဖြစ်ပြီး ထိုင်းက ဒုတိယအများဆုံး၊ ဂျပန်က တတိယအများဆုံးဖြစ်နေကြောင်း၊ ဇန်နဝါရီမှ သြဂုတ်အထိ စာရင်းအရ တရုတ်ခရီးသွား ၄၅၇၀၆၉ ဦးနဲ့ ထိုင်းခရီးသွား ၁၇၆၁၅၀ ဦး၊ ဂျပန်က ၈၁၂၇၃ ဦး လာရောက်ခဲ့ကြောင်း၊ တစ်လချင်း နှိုင်းယှဉ်လေ့လာပါက၂၀၁၈ ခုနှစ် စက်တင်ဘာလမှာပင် ၂၅၂၂၉၈၄ ဦး လာရောက်ပြီး၂၀၁၉ စက်တင်ဘာမှာ ၃၁၄၄၂၇၀ ဦး လာရောက်ခဲ့တာကြောင့် ဧည့်သည်ပေါင်း တစ်သန်းလောက်တိုးလာတဲ့ အခြေအနေမျိုး တွေ့ရပါတယ်။

၂၀၂၀ ကာလထဲမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းမှာလည်း ရွေးကောက်ပွဲကျင်းပဖို့ သတ်မှတ်ထားတဲ့ ကာလဖြစ်သလို တစ်ဖက်မှာလည်းအနောက်မီဒီယာတွေရဲ့ ဝေဖန်တိုက်ခိုက်မှုတွေ၊ ပြည်တွင်းရေးအခြေအနေတွေက သဘာဝအရင်းအမြစ်ကောင်းများစွာကို ပိုင်ဆိုင်ထားကာ ခရီးသွားလုပ်ငန်း တိုးတက်မြင့်မားအောင် အဘက်ဘက်ကနေ ပြင်ဆင်ထားတဲ့ အခြေအနေတွေကြားမှာ လွန်ဆွဲနေသလို ဖြစ်နေပါတယ်။ခရီးသွားလုပ်ငန်း တိုးတက်အောင် စီမံချက်တွေလည်း ရေးဆွဲထားသလို ပြည်ပနိုင်ငံတွေမှာ သွားရောက်ဈေးကွက်မြှင့်တင်တာတွေ လုပ်ဆောင်နေတာကြောင့် အနာဂတ်မှာ ဝင်ငွေအများဆုံးနဲ့ အားကိုးရတဲ့ ကဏ္ဍတစ်ခုအဖြစ် ရွှေရောင်အိပ်မက်က တကယ်ဖြစ်လာတော့မလားဆိုတာတော့ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ဇွဲမာန်
ဒီဇင်ဘာ - ၁၀

( Zawgyi )

ျမန္မာႏိုင္ငံဟာ ခရီးသြားဧည့္သည္ေတြအတြက္ စိတ္ဝင္စားစရာေတြ အမ်ားအျပားနဲ႔ လည္ပတ္စရာေကာင္းတဲ့ အေျခအေနေကာင္းေတြကို ပိုင္ဆိုင္ထားပါတယ္။ခရီးသြားလုပ္ငန္းဟာ ႏိုင္ငံတိုင္းမွာ ေအာင္ျမင္စြာလုပ္ဖို႔ မျဖစ္ႏိုင္ေပမယ့္ ျမန္မာႏိုင္ငံအတြက္ေတာ့ ပထဝီအေနအထားေကာင္းေတြ၊ မွ်တတဲ့ ရာသီဥတုအေျခအေနေတြ၊ အေျခခံအရင္းအျမစ္မ်ားစြာ ပိုင္ဆိုင္ထားမႈေတြ၊ ယဥ္ေက်းမႈအေမြအႏွစ္မ်ားစြာ ေပါႂကြယ္ဝမႈေတြကလည္း ခရီးသြားလုပ္ငန္း ဖြံ႕ၿဖိဳးေရးအတြက္ အေျခခံေကာင္းေတြ ျဖစ္လို႔ေနပါတယ္။

ခရီးသြားလုပ္ငန္းကို မီးခိုးမထြက္တဲ့ စက္႐ုံသဖြယ္ တင္စားကာ လုပ္ေဆာင္ၾကေပမယ့္ ေမွ်ာ္မွန္းသေလာက္ ခရီးသြားဧည့္ဝင္ေရာက္မႈ မရွိခဲ့တဲ့ အေျခအေနေတြေၾကာင့္လည္း ဌာနဆိုင္ရာကေန ဦးေဆာင္ၿပီး ဆက္ႏြယ္လုပ္ကိုင္ေနၾကတဲ့ ျပည္တြင္းမွအသင္းအဖြဲ႕ေတြ ပူးေပါင္းကာ Tourism Master Plan ကိုလည္း ေရးဆြဲအေကာင္အထည္ေဖာ္ေနၾကပါတယ္။

စိန္ေခၚေနတဲ့အခက္အခဲ

ေကာင္းမြန္တဲ့အေျခအေနေတြကို ပိုင္ဆိုင္ထားေပမယ့္ ျမန္မာႏိုင္ငံရဲ႕ ခရီးသြားလုပ္ငန္းမွာ စိန္ေခၚမႈေတြရွိေနၿပီး အခက္အခဲေတြမ်ားစြာလည္း ရွိလာခဲ့ပါတယ္။ရခိုင္ျပည္နယ္ဘက္မွာျဖစ္တဲ့ ျဖစ္စဥ္ေတြနဲ႔ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ေတြနဲ႔ျဖစ္တဲ့ ျဖစ္စဥ္ေတြကလည္း ခရီးသြားလုပ္ငန္း တိုးတက္ေရးကို လုပ္ေဆာင္တဲ့ေနရာမွာ စိန္ေခၚမႈေတြ ျဖစ္လာေစခဲ့ပါတယ္။

ထိုျဖစ္စဥ္ေတြအေပၚ အေနာက္ႏိုင္ငံေတြရဲ႕ မီဒီယာေတြကေန တစ္ဖက္ေစာင္းနင္း ေဖာ္ျပမႈေတြေၾကာင့္လည္း ဧည့္သည္ဝင္ေရာက္မႈအေပၚကို ထိခိုက္ေစတယ္လို႔ ခရီးသြားလုပ္ငန္း လုပ္ကိုင္သူေတြက သုံးသပ္ထားၾကပါတယ္။

“ဧည့္သည္ဝင္ေရာက္မႈနည္းေနတာဟာ ျမန္မာႏိုင္ငံရဲ႕ ပုံရိပ္ဆိုးေတြကို အေနာက္မီဒီယာေတြက ေဖာ္ျပတာေၾကာင့္ျဖစ္တယ္၊ ဒါကို ကြၽန္ေတာ္တို႔က မီဒီယာနည္းနဲ႔ပဲ တန္ျပန္ၿပီးေတာ့ လုပ္ေဆာင္ၾကဖို႔လိုတယ္လို႔ ျမင္ပါတယ္” လို႔လည္း ျမန္မာႏိုင္ငံ ဟိုတယ္ဆိုင္ရာ လုပ္ငန္းရွင္မ်ားအသင္းမွ ဒုတိယဥကၠ႒ ဦးေအာင္မိုးၾကည္ က ဆိုပါတယ္။

ခရီးသြားလုပ္ငန္း ဖြံ႕ၿဖိဳးဖို႔ဟာ ႏိုင္ငံေရး၊ လုံၿခဳံေရး၊ စစ္ေရး၊ ရာသီဥတု အေျခအေနမ်ားကလည္း အေရးႀကီးသလို သဘာဝအရင္းအျမစ္ေတြ၊ ယဥ္ေက်းမႈအေမြအႏွစ္ေတြ၊ လူ႔စြမ္းအားအရင္းအျမစ္ေတြကို ဟန္ခ်က္ညီစြာ အသုံးခ်ႏိုင္ဖို႔ အေရးႀကီးပါတယ္။

ထိုအေျခအေနေတြေၾကာင့္လည္း အေနာက္ႏိုင္ငံမွ ဧည့္သည္ေတြရဲ႕ အမ်ားအျပားဟာ Booking ဖ်က္သိမ္းတာေတြကိုလည္း လုပ္ေဆာင္ခဲ့ၿပီး ၄၀ ရာခိုင္ႏႈန္းေလာက္အထိ လာေရာက္မႈက်ဆင္းခဲ့တယ္လို႔ ယင္းအသင္းက စာရင္းျပဳစုထားပါတယ္။ဒါ့ေၾကာင့္ ျမန္မာႏိုင္ငံကို ႏိုင္ငံျခားဧည့္သည္ေတြ ဝင္ေရာက္မႈတိုးလာေစေရးအတြက္ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာ ၁ ရက္မွ စတင္ကာ ၾသစေၾတးလ်၊ ဂ်ာမနီ၊ အီတလီ၊ ႐ုရွား၊ စပိန္၊ ဆြစ္ဇာလန္ ႏိုင္ငံေတြအေနနဲ႔ ရက္ပိုင္း ၃၀ ေနထိုင္ႏိုင္တဲ့ ဗီဇာေၾကးကို ေဒၚလာ ၅၀ သတ္မွတ္ေပးခဲ့ၿပီး ေအာက္တိုဘာမွ ၂၀၂၀ စက္တင္ဘာအထိ ေဟာင္ေကာင္နဲ႔ မကၠာအိုမွ ခရီးသည္ေတြကို ျပည္ဝင္ခြင့္ ဗီဇာကင္းလြတ္ခြင့္ျပဳေပးခဲ့သလို ဧည့္သည္ေတြအတြက္ လိုအပ္တဲ့ ဝန္ေဆာင္မႈေကာင္းေတြနဲ႔ ပ႐ိုမိုးရွင္းအစီအစဥ္ေတြ လုပ္ေဆာင္ကာ ခရီးသြားလုပ္ငန္း တိုးတက္ေစဖို႔ ႀကိဳးပမ္းလာခဲ့ၾကပါတယ္။ခရီးဧည့္သည္ေတြရဲ႕ အေျခအေနနဲ႔ပတ္သက္ၿပီး ကိန္းဂဏန္းေတြအေနနဲ႔ ဌာနဆိုင္ရာအပိုင္းက ထုတ္ျပန္တာေတြရွိေသာ္လည္း ခရီးသြားလုပ္ငန္းေတြနဲ႔ၾကားမွာ ေအာက္ေျခပိုင္း အနည္းငယ္ကြဲလြဲတာေတြလည္း ရွိေနပါတယ္။

ေမွ်ာ္မွန္းထားတဲ့ ခရီးသြားရာသီ

ယခုအခါ ၂၀၁၉ ခုႏွစ္ရဲ႕ ပြင့္လင္းရာသီနဲ႔အတူ ခရီးသြားရာသီကာလကိုလည္း ေရာက္ရွိလာခဲ့ပါၿပီ၊ အေနာက္ႏိုင္ငံက ဧည့္သည္ေတြလာေရာက္မႈဟာ ထင္သေလာက္ တိုးတက္မလာေပမယ့္ အာရွေဒသက ဧည့္သည္ေတြကေတာ့ သိသိသာသာတိုးလာခဲ့ပါတယ္။

ဒါဟာလည္း အေနာက္ႏိုင္ငံက ခရီးသြားေတြလာေရာက္မႈ က်ဆင္းခ်ိန္မွာ အေရွ႕ဘက္သို႔ မ်က္ႏွာမူတဲ့ Look East မူဝါဒကို က်င့္သုံးလာခဲ့တာေၾကာင့္ျဖစ္ၿပီး အားနည္းခ်က္တစ္ခ်ိဳ႕ရွိခဲ့သလို ယင္းအေပၚ ေဝဖန္ျပစ္တင္မႈေတြလည္း ရွိလာခဲ့ပါတယ္။ယခုႏွစ္ထဲမွာပဲ ပုဂံေရွးေဟာင္းယဥ္ေက်းမႈ အေမြအႏွစ္ေဒသကို UNESCO ရဲ႕ ကမာၻ႔အေမြအႏွစ္ စာရင္းဝင္ေဒသအျဖစ္ သတ္မွတ္လိုက္တာေၾကာင့္လည္း ဧည့္သည္ေတြတိုးလာမယ့္ အေျခအေနျဖစ္လာတယ္လို႔ ခန႔္မွန္းထားၿပီး လိုအပ္တဲ့ ႀကိဳတင္ျပင္ဆင္တာေတြကို လုပ္ေဆာင္ခဲ့ၾကပါတယ္။ Tourism Master Plan အရ ၂၀၂၀ ျပည့္ႏွစ္ထဲမွာ ခရီးသြားဧည့္သည္ ခုနစ္သန္းေလာက္ ဝင္ေရာက္ႏိုင္ဖို႔ ေမွ်ာ္မွန္းကာလုပ္ေဆာင္ေနေပမယ့္ ပကတိအေျခအေနေတြအရ ျပည့္မီႏိုင္ဖို႔ သိပ္မလြယ္ဘူးလို႔ ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္းရွင္မ်ားအသင္းမွ ဥကၠ႒ ဦးေနာင္းေနာင္းဟန္ က ေျပာပါတယ္။

“ေမွ်ာ္မွန္းထားတဲ့ ခုနစ္သန္းဆိုတဲ့ အေနအထားကိုေတာ့ ျပည့္မီႏိုင္မယ္လို႔ မထင္ဘူး၊ အမ်ားဆုံးအေနအထားက ေျခာက္သန္းေလာက္အထိေတာ့ ျဖစ္လာႏိုင္တယ္လို႔ မွန္းဆရပါတယ္၊ အေနာက္ႏိုင္ငံ ေျခာက္ႏိုင္ငံကို ေအာက္တိုဘာ ၁ ရက္ကစၿပီး ဗီဇာစနစ္ ေျဖေလွ်ာ့မႈမ်ား လုပ္ေဆာင္ထားေပမယ့္ လက္ရွိကာလမွာက တ႐ုတ္နဲ႔ ထိုင္း ခရီးသြားဧည့္သည္ေတြ လာတာမ်ားလာတယ္၊ လာမယ့္ႏွစ္ထဲလည္း မ်ားလာႏိုင္မယ့္ အေျခအေနမ်ိဳး ရွိေနေသးတယ္” လို႔ သူက ရွင္းျပပါတယ္။

ခရီးသြားလုပ္ငန္း ဖြံ႕ၿဖိဳးေရးအတြက္ ႀကိဳတင္ျပင္ဆင္တာေတြနဲ႔ လုပ္ေဆာင္တာေတြရွိသလို ခရီးသြားေတြ စိတ္ဝင္စားေစမယ့္ ခရီးစဥ္လမ္းေၾကာင္းအသစ္ေတြအျပင္ ခရီးသြားလုပ္ငန္းနဲ႔အတူ ေဒသဖြံ႕ၿဖိဳးေရး ဦးတည္ေစမယ့္ ရပ္႐ြာအေျချပဳ ခရီးသြားလုပ္ငန္းေတြကိုလည္း ႀကိဳးပမ္းလုပ္ေဆာင္လာခဲ့ၾကပါတယ္။လုပ္ထုံးလုပ္နည္းေတြနဲ႔ မူဝါဒေတြကို ဦးစြာမခ်မွတ္ဘဲ အေရွ႕အာရွမွ ခရီးသြားမ်ားကို စြဲေဆာင္ရန္ ႀကိဳးစားခ်မွတ္ထားတဲ့ Look East  မူဝါဒေၾကာင့္ ဧည့္သည္အခ်ိဳ႕က လုပ္ေဆာင္ေနေသာ ျမန္မာ့ယဥ္ေက်းမႈနဲ႔ မေလ်ာ္ညီတဲ့ အျပဳအမူေတြေၾကာင့္လည္း ေဝဖန္တာေတြ ျမင့္တက္လာခဲ့ပါတယ္။  

“သူတို႔ဆီက အက်ိဳးအျမတ္မ်ားမ်ား သိပ္ၿပီးမရရင္ေတာင္မွ ကြၽန္ေတာ္တို႔ရဲ႕ ထုံးတမ္းစဥ္လာနဲ႔ ယဥ္ေက်းမႈကို တန္ဖိုးထားဖို႔ ေလးစားဖို႔ လိုတယ္၊ အဲ့ဒီလိုေလးစားေအာင္လည္း သူတို႔နားလည္တဲ့ ဘာသာစကားမ်ိဳးနဲ႔ အသိေပးတာေတြကိုလည္း လုပ္ထားသင့္ပါတယ္၊ ဒါမွသာ အခုလိုဆိုးက်ိဳးေတြ မခံစားရေအာင္လို႔ စနစ္တက်နဲ႔ စီမံႏိုင္ဖို႔ အေရးႀကီးပါတယ္” လို႔ ျမန္မာတာဝန္သိေသာ စီးပြားေရးလုပ္ငန္းမ်ားဌာန (MCRB) မွ ဦးဝင္းမင္း က ဆိုပါတယ္။

ဒါ့ေၾကာင့္လည္း ခရီးသြားဧည့္သည္အခ်ိဳ႕ရဲ႕ လက္ေဆးေဘစင္မွာ ေျခေထာက္ဝင္ေဆးတာမ်ိဳးေတြ၊ ယဥ္ေက်းမႈနဲ႔ မေလ်ာ္ကန္တဲ့ အျပဳအမူေတြကို လူမႈကြန္ရက္ေတြေပၚမွာ ေဖာ္ျပလာတဲ့ အေျခအေနေတြအထိ ျဖစ္လာခဲ့ပါတယ္။

ပုဂၢလိကလုပ္ငန္းရွင္ေတြဟာ အဓိကက်တဲ့ Industry Player မ်ားအျဖစ္ ပူးေပါင္းေဆာင္႐ြက္ဖို႔ လိုအပ္ၿပီး ခရီးသြားျမႇင့္တင္ေရးအတြက္ ဆန္းစစ္သုံးသပ္ရာမွာ အေရးႀကီးတဲ့ စာရင္းအင္းအခ်က္အလက္မ်ား ျပည့္စုံစြာရရွိေရး၊ Public – Private – Partnership ေဆာင္႐ြက္ေရးကို ျပဳလုပ္ဖို႔လိုအပ္ေၾကာင္း၊ ဗီဇာေျဖေလွ်ာ့မႈမ်ားကိုလည္း တစ္ဖက္ကလုပ္ေဆာင္ေနသလို ခရီးသြားျမႇင့္တင္ေရးကို လုပ္ေဆာင္တဲ့ေနရာမွာ Digital Marketing စနစ္ျဖင့္ လုပ္ေဆာင္လ်က္ရွိတယ္လို႔ ဟိုတယ္ႏွင့္ ခရီးသြားလာေရး ဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦတင္လတ္ က ခရီးသြားလုပ္ငန္းညီေနာင္အသင္းေတြနဲ႔ ေတြ႕ဆုံစဥ္မွာ ေျပာၾကားခဲ့ဖူးပါတယ္။

ခရီးသြားလုပ္ငန္းေတြအေပၚ မူတည္ၿပီး ဆင့္ကဲအက်ိဳးျဖစ္ထြန္းေစတဲ့ Supply Change တစ္ေလွ်ာက္မွာလည္း ခရီးသြားဧည့္သည္ မ်ားျပားလာဖို႔ ေမွ်ာ္လင့္ရင္း ေစာင့္ဆိုင္းကာ ျပင္ဆင္ေနၾကပါတယ္။လတ္တေလာ အေျခအေနမွာ ကမာၻလွည့္ခရီးသြား ဧည့္သည္ေတြ နည္းပါးခ်ိန္မွာ ေလွ်ာ့ေဈးေတြနဲ႔ ျပည္တြင္းခရီးသြားေတြအတြက္ စီစဥ္ေပးခဲ့ရတယ္လို႔ ဟိုတယ္လုပ္ငန္းရွင္ ဦးေက်ာ္ႏိုင္ က ဆိုပါတယ္။

“Tour လာတာ နည္းတဲ့အခ်ိန္မွာ Local Tour ေတြအတြက္ ေလွ်ာ့ေဈးနဲ႔ တည္းခိုႏိုင္ဖို႔ စီစဥ္ရပါတယ္၊ ဒီအတိုင္းႀကီးထားေတာ့လည္း ဝင္ေငြမွမရွိတာေလ၊ မၾကာခင္လည္း ခရစၥမတ္တို႔၊ New Year တို႔ ေရာက္လာမွာဆိုေတာ့ Tour ေတြ မ်ားလာဖို႔ ေမွ်ာ္လင့္ပါတယ္၊ မဟုတ္ရင္ မီတာခ၊ ဝန္ထမ္းစားရိတ္၊ အေထြေထြကုန္က်စရိတ္ေတြနဲ႔ မလြယ္ဘူးေလ၊ Local ဧည့္သည္ေတြက်ေတာ့ ေဈးအမ်ားႀကီးမေပးႏိုင္ဘူး၊ ေဈးကိုလည္း နည္းနည္းေလွ်ာ့ေပးထားၿပီး Service ေၾကးလည္း နည္းနည္းေလးေလွ်ာ့ထားပါတယ္” လို႔ ကမ္းေျခဟိုတယ္ေတြရဲ႕ အေျခအေနနဲ႔ ပတ္သက္ၿပီး သူက ရွင္းျပပါတယ္။

ခရီးသြားေတြ စိတ္ဝင္စားမယ့္ေနရာေတြအျဖစ္ လုပ္ေဆာင္ရာမွာ ေရွးေဟာင္း သမိုင္းဝင္ ဂုတ္ထိပ္တံတားနဲ႔ ဂုတ္တြင္းၾကားမွာလည္း မွန္တံတားထိုးဖို႔ ညႇိႏႈိင္းေဆြးေႏြးေနတာေတြရွိေနသလို ခရီးစဥ္အသစ္ေတြအတြက္ ေရးဆြဲေနေပမယ့္ ေမွ်ာ္မွန္းသေလာက္ ဧည့္သည္မလာတာေတြေၾကာင့္လည္း အခက္အခဲေတြ ႀကဳံလာတာရွိပါတယ္၊ ေဒသဖြံ႕ၿဖိဳးေရးအတြက္ လုပ္ေဆာင္ေနတဲ့ ရပ္႐ြာအေျချပဳ ခရီးသြားလုပ္ငန္းေတြမွာလည္း ရသေလာက္ အေျခအေနအျဖစ္နဲ႔ ျပည္တြင္းဧည့္သည္ေတြကိုသာ ဦးတည္ဝန္ေဆာင္ေပးေနရပါတယ္။ဒါ့အျပင္ ဧည့္သည္ေတြရဲ႕ မဆင္မျခင္ဓာတ္ပုံ႐ိုက္ကူးတဲ့ အေျခအေနေတြေၾကာင့္ ျပင္ဦးလြင္ အနီးစခန္း အာရွအလင္းေရာင္ စာသင္တိုက္နဲ႔ အနီးတစ္ဝိုက္မွာ စိုက္ပ်ိဳးထားတဲ့ ေလးဧကေလာက္ က်ယ္ဝန္းေသာ ထပ္တရာပန္းခင္းမွာ ႏိုဝင္ဘာ ၁၉ ရက္က စတင္ကာ ဓာတ္ပုံ႐ိုက္ခြင့္မျပဳေတာ့ဘဲ ကန႔္သတ္ထားခဲ့ရပါတယ္။

ေ႐ႊေရာင္အိပ္မက္ ေမွ်ာ္လင့္ခ်က္ ၂၀၂၀

အက်ိဳးျပဳေနတဲ့ ခရီးသြားလုပ္ငန္းကို ဘက္ေပါင္းစုံကေန တိုးတက္ေအာင္ လုပ္ေဆာင္ေနေပမယ့္ ေခတ္မမီေတာ့တဲ့ ဥပေဒေတြနဲ႔ နည္းဥပေဒေတြကလည္း ခရီးသြားလုပ္ငန္းကို အဟန႔္အတားေတြျဖစ္ေစတယ္လို႔ ေဈးကြက္ကြၽမ္းက်င္သူေတြက သုံးသပ္ထားပါတယ္။

“ျပည္ေထာင္စုဝန္ႀကီးကလည္း ဒီကိစၥကို ဟိုတေလာကေျပာခဲ့ဖူးတယ္၊ ေခတ္မမီေတာ့တဲ့ ဥပေဒ၊ နည္းဥပေဒေတြကို ျပဳျပင္လိုက္တဲ့အခါမွာ အခ်ိန္တိုအတြင္း အက်ိဳးရွိေစမယ္လို႔ ေျပာထားတာေတြရွိပါတယ္၊ ျမန္မာမွာဆိုရင္ ဗီယက္နမ္က ဟေလာင္းေဘးထက္လွတဲ့ ၿမိတ္ကြၽန္းစုကို ပိုင္ဆိုင္ထားေပမယ့္ လမ္းပန္းဆက္သြယ္ေရး ကုန္က်စရိတ္ေတြေၾကာင့္လည္း ေဈးႏႈန္းျမင့္မားေနေတာ့ သိပ္ၿပီး တိုးတက္သင့္သေလာက္ မတိုးတက္တာေတြလည္း ရွိပါတယ္” လို႔ ဟိုတယ္လုပ္ငန္းရွင္ ဦးေက်ာ္ႏိုင္ က သုံးသပ္ေျပာပါတယ္။

အိမ္နီးခ်င္း ထိုင္းႏိုင္ငံကို ၾကည့္ပါက လြန္ခဲ့တဲ့ႏွစ္မွာ ဧည့္သည္ေပါင္း ၃၈ သန္း လာေရာက္ၿပီး ႏိုင္ငံရဲ႕ဝင္ေငြကို ခရီးသြားလုပ္ငန္းကေန ၃၀ ရာခိုင္ႏႈန္းနဲ႔အထက္ ရွာေဖြေပးႏိုင္ခဲ့တဲ့အျပင္ ၾသစေၾတးလ်ကလည္း ခရီးသြားက ရတဲ့ေငြနဲ႔ တစ္ႏိုင္ငံလုံးရဲ႕ စီးပြားေရးကို အေထာက္အကူျပဳေပးထားတဲ့အထိ လုပ္ကိုင္ေနေပမယ့္ အေျခခံအရင္းအျမစ္မ်ားစြာကို ပိုင္ဆိုင္ထားတဲ့ ျမန္မာႏိုင္ငံအဖို႔ ေတာက္မယ့္မီးခဲ တရဲရဲဆိုေသာ အေျခအေနမ်ိဳးျဖစ္ေနေပမယ့္ အားမရတဲ့အေျခအေနေတြေၾကာင့္ ေဝဖန္မႈမ်ားစြာရွိေနတာလည္း ျဖစ္ပါတယ္။ခရီးသြားလုပ္ငန္း တိုးတက္ေအာင္ တစ္ဖက္ကလည္း လုပ္ေဆာင္ေနၿပီး ခရီးသြားလုပ္ငန္းရဲ႕ ပုံရိပ္က်ဆင္းေစမယ့္ အျပဳအမူေတြလည္းမျဖစ္ေအာင္ တရားမဝင္ ဧည့္လမ္းၫႊန္ေတြေၾကာင့္ မလိုလားအပ္တဲ့ ထိခိုက္မႈေတြလည္းမျဖစ္ေစဖို႔ ဌာနနဲ႔ပူးေပါင္းကာ လိုအပ္တဲ့ ေစာင့္ၾကည့္ၾကပ္မတ္မႈေတြနဲ႔ လုပ္ေဆာင္ေနေၾကာင္း၊ ဧည့္လမ္းၫႊန္ေတြကို တရားဝင္သုံးစြဲလာၾကျခင္းျဖင့္ ဧည့္လမ္းၫႊန္ေတြရဲ႕အလုပ္အကိုင္ အခြင့္အလမ္း တိုးေစရန္ ေဆာင္႐ြက္ေနၿပီး လာမယ့္ ၂၀၂၀ မွာဧည့္သည္ေတြ လာေရာက္မႈမ်ားလာႏိုင္မယ့္ အေျခအေနမ်ိဳးကို သုံးသပ္ထားတယ္လို႔ ျမန္မာႏိုင္ငံ ဧည့္လမ္းၫႊန္မ်ားအသင္း ဥကၠ႒ ဦးေအာင္ထြန္းလင္း က ရွင္းျပပါတယ္။

လက္ရွိကာလမွာ ဟိုတယ္ႏွင့္ ခရီးသြားလာေရး ၫႊန္ၾကားမႈဦးစီးဌာနရဲ႕ စာရင္းေတြအရ ျမန္မာႏိုင္ငံကို အမ်ားဆုံးလာေရာက္လည္ပတ္ေသာ ႏိုင္ငံမွာ တ႐ုတ္ႏိုင္ငံကျဖစ္ၿပီး ထိုင္းက ဒုတိယအမ်ားဆုံး၊ ဂ်ပန္က တတိယအမ်ားဆုံးျဖစ္ေနေၾကာင္း၊ ဇန္နဝါရီမွ ၾသဂုတ္အထိ စာရင္းအရ တ႐ုတ္ခရီးသြား ၄၅၇၀၆၉ ဦးနဲ႔ ထိုင္းခရီးသြား ၁၇၆၁၅၀ ဦး၊ ဂ်ပန္က ၈၁၂၇၃ ဦး လာေရာက္ခဲ့ေၾကာင္း၊ တစ္လခ်င္း ႏႈိင္းယွဥ္ေလ့လာပါက၂၀၁၈ ခုႏွစ္ စက္တင္ဘာလမွာပင္ ၂၅၂၂၉၈၄ ဦး လာေရာက္ၿပီး၂၀၁၉ စက္တင္ဘာမွာ ၃၁၄၄၂၇၀ ဦး လာေရာက္ခဲ့တာေၾကာင့္ ဧည့္သည္ေပါင္း တစ္သန္းေလာက္တိုးလာတဲ့ အေျခအေနမ်ိဳး ေတြ႕ရပါတယ္။

၂၀၂၀ ကာလထဲမွာ ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးအခင္းအက်င္းမွာလည္း ေ႐ြးေကာက္ပြဲက်င္းပဖို႔ သတ္မွတ္ထားတဲ့ ကာလျဖစ္သလို တစ္ဖက္မွာလည္းအေနာက္မီဒီယာေတြရဲ႕ ေဝဖန္တိုက္ခိုက္မႈေတြ၊ ျပည္တြင္းေရးအေျခအေနေတြက သဘာဝအရင္းအျမစ္ေကာင္းမ်ားစြာကို ပိုင္ဆိုင္ထားကာ ခရီးသြားလုပ္ငန္း တိုးတက္ျမင့္မားေအာင္ အဘက္ဘက္ကေန ျပင္ဆင္ထားတဲ့ အေျခအေနေတြၾကားမွာ လြန္ဆြဲေနသလို ျဖစ္ေနပါတယ္။ခရီးသြားလုပ္ငန္း တိုးတက္ေအာင္ စီမံခ်က္ေတြလည္း ေရးဆြဲထားသလို ျပည္ပႏိုင္ငံေတြမွာ သြားေရာက္ေဈးကြက္ျမႇင့္တင္တာေတြ လုပ္ေဆာင္ေနတာေၾကာင့္ အနာဂတ္မွာ ဝင္ေငြအမ်ားဆုံးနဲ႔ အားကိုးရတဲ့ က႑တစ္ခုအျဖစ္ ေ႐ႊေရာင္အိပ္မက္က တကယ္ျဖစ္လာေတာ့မလားဆိုတာေတာ့ ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

ဇြဲမာန္
ဒီဇင္ဘာ - ၁၀