【 သတင်းဆောင်းပါး 】 “မျှော်လင့်ချက်နဲ့ မြန်မာ့ကုန်သွယ်ရေး”

【 သတင်းဆောင်းပါး 】 “မျှော်လင့်ချက်နဲ့ မြန်မာ့ကုန်သွယ်ရေး”

မြန်မာနိုင်ငံရဲ့ စီးပွားရေးကိုယခုဘဏ္ဍာနှစ်မှစတင်ကာပြန်လည်ထူမတ်လာနိုင်စေဖို့ ဌာဆိုင်ရာတွေက မူဝါဒတွေ အသီးသီးကိုရေးဆွဲပြီးလုပ်ဆောင်လာကြပါတယ်။ မူဝါဒလုပ်ငန်းအစီအစဉ်တွေထဲမှာ ပို့ကုန်ပမာဏများ စွာကိုတင်ပို့နိုင်ရေး အတွက် အစီအစဉ်တွေကိုအသေးစိတ်ရေးဆွဲကာလုပ်ဆောင်နေစဉ်မှာပဲ ယခုနောက်ပိုင်းမှာ ကမ္ဘာတစ်လွှား နိုင်ငံအများစုကိုကိုင်လှုပ်ခဲ့တဲ့ ရောဂါပိုးကြောင့် ကုန်သွယ်ရေးဟာထင်သလောက် ခရီးမတွင်တဲ့ အခြေအနေမျိုးဖြစ်နေခဲ့ပါတယ်။

မြန်မာနိုင်ငံဟာစိုက်ပျိုးရေးနိုင်ငံလည်းဖြစ်သလို နိုင်ငံရဲ့ စားသုံးမှုအပြင်ပိုလျှံတဲ့ သီးနှံတွေကို ပြည်ပ တင် ပို့ ကာ နိုင်ငံခြားဝင်ငွေရရှိအောင် ရှာဖွေနိုင်ဖို့ မူဝါဒချမှတ်လုပ်ဆောင်နေတဲ့အထဲက ဆန်စပါးဟာ လည်း ကုန် သွယ် ရေးမှာအရေးပါတဲ့သီးနှံလည်းဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံကစိုက်ပျိုးထွက်ရှိတဲ့ ဆန်စပါး အပါအဝင် ကောက် ပဲသီးနှံတွေ အများစုဟာအိမ်နီးချင်းဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကိုနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တစ်ဆင့် အားထားပြီးရောင်းချနေရတဲ့ ဈေးကွက်တစ်ခုလည်း ဖြစ်ပါတယ်။

သို့ပေမယ့် မထင်မှတ်တဲ့ ရောဂါဘေးအခြေအနေကြုံလာကာအခက်အခဲတစ်ခုလို ဖြစ်လာခဲ့ပါတယ်။ “ဆန် သစ် ပေါ်လို့ Export ဝယ်လက်တွေ အဝယ်ဆွဲကာစမှာ အခုလိုကြုံတော့ ဝယ်မယ့်ကုန်သည်ပွဲစားတွေက လည်း မဝယ်တော့ဘူး၊ ဒါကိုတစ်ချို့ကျ တော့လည်း ဝယ်လှောင်ထားတာတွေရှိပေမယ့် လောလောဆယ်ဈေး ကွက်ထဲ မှာတော့ အရောင်းအဝယ် အေးလာတယ်”လို့ ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ဝါးတန်းဆန်ကုန် စည်ဒိုင်အတွင်း ရောင်းဝယ်နေတဲ့ ဆန်ကုန်သည် ဦးအောင်သူကပြောပါတယ်။

ဆန်စပါးကဏ္ဍရဲ့ မျှော်လင့်ချက်

ယခင်ကစံချိန်တင်ရလောက်တဲ့အနေအထားမျိုးအဖြစ် တင်ပို့ခဲ့ဖူးတဲ့ ဆန်စပါးပို့ကုန်အခြေအနေမျိုး ကိုပြန်လည်ရောက်ရှိစေဖို့ ယခုဘဏ္ဍာနှစ်ကနေ ပြန်လည်ကြိုးပမ်းနေချိန်မှာအလားလာကောင်းတွေ ကြုံလာခဲ့ ပါတယ်။

မြန်မာနိုင်ငံကတိုင်းဒေသကြီးနဲ့ ပြည်နယ်လေးခုမှာ လယ်ယာစီးပွားဝန်ဆောင်မှုစင်တာ စီမံကိန်း လေးခု အကောင်အထည်ဖော်ဖို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင် ကုမ္ပဏီ လီမိ တက်တို့ကတရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းစုဖြစ်တဲ့ China CITIC Construction Group တို့နဲ့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၄ မှာလက်မှတ်ထိုးခဲ့ကြပြီးကျိုက်လတ်၊ တွံတေး၊ မတ္တရာ၊ ကျောက်တော် အစရှိတဲ့ ဒေသတွေမှာလယ်ယာစီးပွားဝန်ဆောင်မှုစင်တာကို စံပြအနေနဲ့ အမေရိကန် ဒေါ်လာသန်း ၁၃၀ ရင်းနှီးမြှုပ်နှံမယ့် အစီအစဉ်ကိုလည်းဆောင်ရွက်နေကြောင်း၊ ယင်းလယ်ယာစီးပွား ဝန်ဆောင်မှု စင်တာစီမံကိန်းကိုလာမယ့် ၂၀၂၀ -၂၁ ဘဏ္ဍာရေးနှစ်အတွင်းမှာအပြီးတည်ဆောက်သွားဖို့ စီစဉ်ထားကြပါတယ်။

အဲ့ဒီလိုစီမံဆောင်ရွက်နေသလိုတရုတ်သမ္မတကြီး မြန်မာနိုင်ငံခရီးစဉ်လာရောက်ခဲ့ တဲ့ ခရီးစဉ်မှာလည်း ဆန်စပါးကဏ္ဍအတွက် နားလည်မှုစာချွန်လွှာတွေကိုသက်ဆိုင်ရာအစိုးရဌာနတွေနဲ့ လက်မှတ် ရေးထိုးထားခဲ့ တာတွေကလည်း မြန်မာ့ဆန်စပါးကဏ္ဍအတွက် အလားအလာကောင်းတွေကြုံလာမယ့် အခြေအနေမျိုးရှိ တယ် လို့ ဆန်ကုန်သည်တွေကခန့်မှန်းလာကြပါတယ်။

ဒါ့အပြင် ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာစတင်ခဲ့တဲ့ ယခု၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာတော့မြန်မာ နိုင်ငံ က ဆန်စပါးတန်ချိန် ၂ ဒသမ ၅ သန်းကို ပြည်ပတင်ပို့ဖို့ ရည်ရွယ်ထားပြီးပမာဏတစ်ချို့တင်ပို့ထားခဲ့ပေမယ့် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၀ ဇန်နဝါရီ ၁၀ ရက်အထိကာလအတွင်းမှာဆန်စပါးတန်ချိန် ၉၈၆၃၄၅ တန်ကိုပြည်ပတင်ပို့နိုင်ခဲ့ပြီးအမေရိကန်ဒေါ်လာ ၂၈၂ ဒသမ ၉ သန်းရရှိခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်ရဲ့ စာရင်းတွေမှာဖော်ပြထားပါတယ်။အဲ့ဒီထဲမှာရေကြောင်းမှတင်ပို့မှုဟာတန်ချိန် ၈၄၂၃၄၂ တန် တင်ပို့နိုင်ခဲ့ သလိုအမေရိကန်ဒေါ်လာ ၂၄၅ သန်းရရှိပြီးနယ်စပ်လမ်းကြောင်းမှတင်ပို့မှုဟာ ၁၄၄၀၀၂ တန် တင်ပို့နိုင်ခဲ့ ကာ အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၈ သန်းရရှိခဲ့တယ်လို့ အဆိုပါစာရင်းတွေမှာဖော်ပြထားပေမယ့် ထပ်မံသိရှိလိုတဲ့ အချက်တွေအတွက် မေးမြန်းဖို့သွားရောက်တွေ့ဆုံခဲ့ပေမယ့် လက်ခံဖြေကြားတာမျိုးမပြုခဲ့ပါဘူး။

လွန်ခဲ့တဲ့ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွင်းမှာ ပြည်ပဆန်တင်ပို့မှု စုစုပေါင်းရဲ့ ၃၉ ရာခိုင်နှုန်းကျော် ဟာအာဖရိကဈေးကွက်ကိုတင်ပို့ခဲ့ပြီး ၃၁ ရာခိုင်နှုန်းကျော်ကိုတရုတ်နဲ့ အိမ်နီးချင်းနိုင်ငံတွေ၊ ၁၁ ရာခိုင်နှုန်း ကိုအီးယူဈေးကွက်၊တခြားသောနိုင်ငံတွေဆီကို၁၈ ရာခိုင်နှုန်းကျော် တင်ပို့ခဲ့တယ်လို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေမှာဖော်ပြထားပါတယ်။ ကိုရိုနာဗိုင်းရပ် မပျံ့နှံ့မီအချိန်အထိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နယ်စပ်မှ ဆန်တန်ချိန် တစ်သိန်းခွဲခန့် တင်ပို့ထားပြီး ပင်လယ် ရေကြောင်းမှ ၁ ဒသမ ၂ သိန်းကျော် တင်ပို့ထားသလိုယခုဘဏ္ဍာနှစ် ပထမသုံးလတာကာလအတွင်း စုစုပေါင်း တန်ချိန် ၂ ဒသမ ၇ သိန်းခန့် တရုတ်ဈေးကွက်သို့ တင်ပို့ထားတာ ဖြစ်ပါတယ်။

ပြည်တွင်းဈေးကွက် ပြန်လှည့်နေတဲ့ ဖရဲ၊ သခွား

မြန်မာနိုင်ငံဘက်ကနေတရုတ်ဈေးကွက်ထဲကို နှစ်စဉ် တန်ချိန် တစ်သန်းခန့် တင်ပို့နေတဲ့ ဖရဲ၊ သခွား ဟာလည်းအခုဆိုရင် ကိုရိုနာဗိုင်းရပ်ကြောင့် တင်ပို့မှုကိုထိန်းပြီးလုပ်ဆောင်နေပေမယ့် တရုတ်နယ်စပ် ဝမ်တိန် မှာတော့ ဝယ်သွားပြီးသောင်တင်နေတဲ့ ကားအစီးရေ ၃၀၀ ကျော်လောက်ရှိနေတယ်လို့ မူဆယ် ၁၀၅ မိုင် အခြေ စိုက် သစ်သီးဝလံကုန်စည်ဒိုင်က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးစိုင်းခင်မောင်ကပြောပါတယ်။

“ဒီအတိုင်းတော့ ကြာနေမှာမဟုတ်ပါဘူး၊ တဖြေးဖြေးတော့ နဂိုအတိုင်းပြန်ဖြစ်လာမှာပါ”လို့ ဆိုပါတယ်။

ဒါ့အပြင် မူဆယ်ကိုတင်ပို့မယ့် ကုန်သည်တစ်ချို့ဟာလည်းဖရဲသခွားကို ပြည်တွင်းမှာရသလောက် ဈေးနဲ့ရောင်းချ နေတာတွေရှိသလိုတရုတ် ဝမ်တိန်ဘက်မှာ စုပုံနေတဲ့ ဖရဲ၊ သခွားတွေအနေနဲ့ ပြန်သယ်ဖို့လည်း ခက်ခဲနေတာကြောင့် ကုန်သည်ရော၊ တောင်သူပါ အခက်အခဲတွေကြုံနေရတဲ့ အခြေအနေမျိုးဖြစ်လာပါတယ်။

“မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ရဲ့ သိုလှောင်ရုံနဲ့ ကြက်ဘဲဈေးအနီး မြန်မာ့ဂုဏ်ရောင်လမ်း ပေါ်မှာ ရှိတဲ့ ကုန်သွယ်ရေးဦးစီးဌာနပိုင် တစ်ဧကခန့်ရှိတဲ့ ဝင်းအတွင်းမှာ ယာယီဆိုင်ခန်းတွေ ဖွင့်နိုင်အောင် စီစဉ် ဆောင် ရွက် နေပြီးရေရှည်မှာ ပြည်ပမှာရှိတဲ့ စီးပွားရေးသံမှူးတွေကနေတစ်ဆင့် ဈေးကွက်ရရှိရေး ကိုဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်”လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက ပြောပါတယ်။

ယခုလိုတရုတ်ဈေးကွက်ထဲကိုဖရဲ၊ သခွားမတင်ပို့နိုင်တဲ့ ကာလမှာ ပြည်တွင်းဈေးကွက်အတွင်းမှာ ရောင်း ချနိုင်ဖို့ စီအမံတွေ ချမှတ်ဆောင်ရွက်နေပြီးယင်းအစီအမံတွေဟာမြေပဒေသာကျွန်းမှာ ပွဲတော်အဖြစ်ပြုလုပ် တာ မျိုးတွေ၊တညင်းကုန်းဈေးမှာနေရာစီစဉ်ရောင်းချတာမျိုးတွေ၊ ရွှေပိတောက်ဈေးမှာ သယ်ယူပို့ဆောင်ရေး နေရာ စီစဉ်ရောင်းချတာမျိုးတွေ၊ထောက်ကြန့်မှာရှိတဲ့ ရတနာသီရိကုန်စိမ်းဈေးအပေါ်ထပ်မှာနေရာ စီစဉ်ရောင်း ချတာ တွေ၊ ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းကဈေးတွေမှာရရှိနိုင်မယ့်နေရာတွေကို ညှိနှိုင်းကာ ဆိုင်ခန်း ဖွင့်လှစ်ရောင်းချတာတွေ၊ Door to Door စနစ်ဖြင့် ရန်ကုန်မြို့အတွင်းမှာလှည့်လည် ရောင်းချခွင့်ပေး တာတွေနဲ့ လုပ်ဆောင်သွားဖို့ စီစဉ်ထားကြပါတယ်။

အဆိုပါ မြန်မာ့ ဖရဲ၊ သခွားတွေဟာတရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ဈေးကွက်ထဲကိုအဓိကတင်ပို့နေပြီး စင်ကာပူနဲ့ ရုရှားနိုင်ငံတွေကိုလည်းအနည်းငယ်တင်ပို့တာတွေရှိသလို ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုအနေနဲ့ တစ်နှစ်လျှင် ပျမ်းမျှဖရဲတန်ချိန် ၈ သိန်းခန့်နဲ့သခွားမွှေးတန်ချိန် နှစ်သိန်းခန့်ရှိပါတယ်။

မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သည်ကြီးများအသင်းတွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဦးဝင်းအောင်ခန့် ကလည်း “တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးအခြေအနေကအရမ်းနည်းနေတယ်၊ အရင် နှစ်သစ်ကူးမတိုင်ခင် ကာလအထိကျသွားတယ်၊ တရုတ်ဘက်က ဝင်တဲ့ကုန်တွေအနေနဲ့ ပန်းသီး၊ လိမ္မော်သီးတို့ လောက်ပဲရှိတယ်”လို့ ဆိုပါတယ်။

ပို့ကုန်အခြေအနေ ကောင်းမွန်ရေး ထွက်ကုန်များလည်းပြင်ဆင်

ပြည်ပဈေးကွက်အနေနဲ့ တရုတ်ဈေးကွက်ကိုမှီခိုနေရပေမယ့် တခြားသောသီးနှံတွေအနေနဲ့လည်း ဈေးကွက်သစ် ရှာဖွေတာတွေကိုတစ်ဖက် လုပ်ဆောင်နေတာတွေရှိပါတယ်။
ပြည်တွင်းဈေးကွက်ထဲမှာဆန်တွေဟာ အရောင်းအဝယ်ကျဆင်းလာခဲ့သလို ပဲဈေးကွက်မှာလည်းမတ်ပဲရော၊ ပဲတီ စိမ်းရောပဲအသစ်ပေါ်လာတဲ့အပြင် ပြည်ပဝယ်လက်နည်းနေတဲ့ အခြေအနေကြောင့် ဈေးကျဆင်းနေတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်မှ ကုန်သည်တွေကဆိုကြပါတယ်။

ဖေဖော်ဝါရီ ၁၀ရက်နေ့ မှာတော့ ဘုရင့်နောင် ကုန်စည်ဒိုင်မှာမတ်ပဲ(ပိဿာ ၂၀အိတ်)လျှင် ၃၂၁၅၀ ကျပ်၊ ပဲစင်းငုံနီ(ပိဿာ ၂၀အိတ်)လျှင် ၂၀၉၀၀ ကျပ်၊ ပဲတီစိမ်း (တစ်ပိဿာ)လျှင် ၁၇၅၀ မှ ၂၀၆၀ ကျပ်၊ ကုလားပဲလုံးဖြူ (တစ်ပိဿာ) လျှင် ၃၃၀ မှ ၁၃၇၀ ကျပ် ဈေးရှိနေပါတယ်။

ဒါ့အပြင် လတ်တလောမှာ ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာအခွန်ကင်းလွတ်ခွင့်အဖြစ်နဲ့ ထိုင်းနိုင်ငံကို မြန်မာ့ပြောင်းဆန်တွေ တင်ပို့နေတာတွေရှိပြီးထိုင်းနိုင်ငံရဲ့ မူဝါဒအရ ဖေဖော်ဝါရီ ၁ ရက်မှ သြဂုတ်လကုန် အထိအခွန်ကင်းလွတ်ခွင့်အဖြစ် ခွင့်ပြုပေးခဲ့ပေမယ့် ထင်သလောက် တွက်ချေမကိုက်သေးတဲ့ အခြေအ နေမျိုးရှိနေတယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ အတွင်းရေးမှူး ဦးသန့်ဇင်ထွန်းကပြောပါတယ်။

“အခုရက်ပိုင်းထဲမှာထိုင်းငွေကဈေးကျပြီး မြန်မာငွေကဈေးမာနေတော့ ဒါကိုပြန်ချိန်လိုက်ရင် သိပ်မ ကိုက်တဲ့အတွက် အရောင်းအဝယ်က နှေးနေတယ်၊ ကြိုပွိုင့်နဲ့ ဝယ်ထားတာတွေကိုသာ အခုပို့နေရတာ ရှိပါ တယ်”လို့ သူကရှင်းပြပါတယ်။

ဂျပန်အခြေစိုက် Dolphin Co:ltdကလည်းရေထွက်ကုန်ပစ္စည်းများအနက် ပေါင်းထားတဲ့ ကမာဂုံးအသား၊ ဂဏန်းပျော့တို့ကို ဝယ်ယူဖို့ ကမ်းလှမ်းထားပြီးအရွယ်အစား၊ ထုပ်ပိုးမှုအနေအထားအစရှိတဲ့ အချက်အလက် တွေ ကိုပေးပို့ထားတယ်လို့ ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုပါတယ်။  ဒါ့အပြင် ပျားရည်နဲ့ ပတ်သက်ပြီးတော့လည်းထိုင်း၊ ကိုရီးယား၊ ဂျပန်တို့က ဝယ်ယူလေ့ရှိပေမယ့် ဒီနှစ်မှာတော့ အရောင်းအဝယ် အေး နေတာကြောင့် ဈေးကွက်သစ်ရှာဖွေတဲ့အနေနနဲ့ အိန္ဒိယဈေးကွက်ထဲကိုပျားရည်ပိဿာချိန် ၁၀၀ ခန့် စတင် စမ်း သပ်တင်ပို့ဖို့စီစဉ်ထားပြီးအဆိုပါ ပိဿာ ၁၀၀ ကိုငွေကျပ် ၂ သိန်းဖြင့် ဈေးဖြတ်ထားတယ်လို့ ပျားမွေးမြူ ရေး လုပ်ငန်းရှင်တွေကဆိုကြပါတယ်။

အနာဂတ်ကာလ အခြေအနေပြန်ကောင်းနိုင်

မြန်မာ့ပို့ကုန်တွေအနေနဲ့ အခုလိုဆိုးရွားလာတဲ့ အခြေအနေတွေကိုပိုင်ဆိုင်နေပေမယ့် အနာဂတ် ကာလ မှာ အခြေအနေကောင်းတွေ ပြန်လည်ရရှိလာဖို့ အလားအလာကောင်းတွေရှိတယ်လို့ ပို့ကုန်လုပ်ငန်းရှင်တစ်ချို့ ကခန့်မှန်းထားကြပါတယ်။

“အခုကမ္ဘာ့နိုင်ငံတစ်ချို့မှာကြည့်ရင်လည်းရာသီဥတုဖောက်ပြန်တာတွေ အခက်အခဲကြုံနေတာတွေ အများကြီးရှိပါတယ်၊ အဓိကကတော့ ဈေးကွက်သစ်တွေရှာဖွေဖို့နဲ့ အလျင်အမြန်ချိတ်ဆက်တင်ပို့ နိုင်ဖို့ လိုပါ တယ်”လို့ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။

မြန်မာနိုင်ငံနဲ့ ကုန်သွယ်ဖက် နိုင်ငံတစ်ခုအဖြစ်တဲ့ သြစတြေးလျနိုင်ငံမှာလွန်ခဲ့တဲ့ ရက်ပိုင်းက တောမီး တွေလောင်ကျွမ်းခဲ့ပေမယ့် ယခုအခါ ဆစ်ဒနီမြို့မှာ နှစ်ပေါင်း ၃၀ အတွင်းအဆိုးရွားဆုံးသော မိုးကြီးမှု ဖြစ်ခဲ့သလို အသက်အန္တရာယ်ဖြစ်နိုင်တဲ့ ရေကြီးမှုတွေဖြစ်နိုင်လာနိုင်တယ်လို့ သုံးသပ်ထားတာတွေရှိပါတယ်။ဒါ့အပြင် ၇၄ ရက် အကြာလောင်နေတဲ့ တောမီးလည်း ငြိမ်းသွားခဲ့ပေမယ့် နေရာတစ်ချို့မှာတော့ အနည်းငယ်ရှိနေသေး တယ်လို့ ယင်းနိုင်ငံအာဏာပိုင်တွေကထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံရဲ့ ဆန်တင်ပို့ရာဒေသတစ်ခုဖြစ်တဲ့ အာဖရိကမှာလည်းကျိုင်းကောင်တွေကျရောက်မှုကြောင့် ဦးချိုဒေသကဆိုမာလီယာနိုင်ငံမှာပထမဆုံးအရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ ကကြေညာထားရပါတယ်။ ကျိုင်းကောင်ကျရောက်မှုကိုအဆိုးရွားဆုံးကြုံတွေ့နေတဲ့ နိုင်ငံသုံးနိုင်ငံဖြစ်တဲ့ ဆိုမာ လီယာ၊ အီသီယိုးပီးယား၊ ကင်ညာအစရှိတဲ့နိုင်ငံတွေက ပြည်သူ ၁၂ သန်းဟာလည်းလူသားချင်းစာနာမှု အ ထောက်အပံ့တွေလိုအပ်နေတာတွေရှိသလို ကျိုင်းကောင်တွေကြောင့် ကောက်ပဲသီးနှံနဲ့ စားကျက်မြေတွေ ပျက်စီး ခဲ့တာတွေကြုံခဲ့ရပြီး ကျိုင်းကောင်းတွေဟာကင်ညာနိုင်ငံထဲကို ဝင်ရောက်လာ နိုင်ငံပေါင်း ၁၄ နိုင်ငံလောက်ကို ဆက်လက်ပျံသန်းနေကြောင်း၊ အနောက်တောင်အာရှဘက်မှာလက်ကျန် ဖြစ်တဲ့ သက်ကြီးကောင်အုပ်စုတွေနဲ့ ကျိုင်းကောင်အုပ်တွေဟာအင်ဒို၊ ပါကစ္စတန် နယ်စပ်နှစ်ဘက်စလုံးမှာရှိနေတာကြောင့် ကမ္ဘာမှာ စားနပ်ရိက္ခာ လိုအပ်ချက်ကရှိလာဦးမှာဖြစ်ပါတယ်။

ဒါ့ကြောင့် ပုံမှန်ဈေးကွက်တစ်ခုတည်းကိုသာအားမကိုးဘဲဈေးကွက်သစ်တွေရှာဖွေကာ ဖြန့်ကျက်လုပ် ဆောင်ဖို့ လိုအပ်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေကသုံးသပ်ထားကြပါတယ်။ အနာဂတ်ကာလမှာ စားနပ် ရိက္ခာလိုအပ်ချက်ကတည်ရှိနေမှာဖြစ်သလို နိုင်ငံတိုင်းဟာစားနပ်ရိက္ခာဖူလုံဖို့ အစီအမံတွေ ချမှတ်လုပ်ဆောင်နေ ကြတာတွေရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်းရှိပြီးသားအရင်းအမြစ်ကောင်းတွေကိုထိထိရောက်ရောက်ဖြင့် အကျိုးရှိစွာအသုံးချကာကုန်သွယ်မှုဖွံ့ဖြိုးအောင်ကြိုးပမ်းလုပ်ဆောင်ခြင်းဖြင့် အနာဂတ်ကာလမှာ စီးပွားရေး ဖွံ့ဖြိုးမှု ပန်းတိုင်ကိုရောက်ရှိစေမှာဖြစ်တဲ့အပြင် တိုင်းပြည်တိုးတက်မှုတွေလည်းတွေ့ကြုံခံစားရမှာဖြစ်ပါတယ်။

ဇွဲမာန်
ဖေဖော်၀ါရီ - ၁၁

( Zawgyi )

ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးကိုယခုဘ႑ာႏွစ္မွစတင္ကာျပန္လည္ထူမတ္လာႏိုင္ေစဖို႔ ဌာဆိုင္ရာေတြက မူဝါဒေတြ အသီးသီးကိုေရးဆြဲၿပီးလုပ္ေဆာင္လာၾကပါတယ္။ မူဝါဒလုပ္ငန္းအစီအစဥ္ေတြထဲမွာ ပို႔ကုန္ပမာဏမ်ား စြာကိုတင္ပို႔ႏိုင္ေရး အတြက္ အစီအစဥ္ေတြကိုအေသးစိတ္ေရးဆြဲကာလုပ္ေဆာင္ေနစဥ္မွာပဲ ယခုေနာက္ပိုင္းမွာ ကမာၻတစ္လႊား ႏိုင္ငံအမ်ားစုကိုကိုင္လႈပ္ခဲ့တဲ့ ေရာဂါပိုးေၾကာင့္ ကုန္သြယ္ေရးဟာထင္သေလာက္ ခရီးမတြင္တဲ့ အေျခအေနမ်ိဳးျဖစ္ေနခဲ့ပါတယ္။

ျမန္မာႏိုင္ငံဟာစိုက္ပ်ိဳးေရးႏိုင္ငံလည္းျဖစ္သလို ႏိုင္ငံရဲ႕ စားသုံးမႈအျပင္ပိုလွ်ံတဲ့ သီးႏွံေတြကို ျပည္ပ တင္ ပို႔ ကာ ႏိုင္ငံျခားဝင္ေငြရရွိေအာင္ ရွာေဖြႏိုင္ဖို႔ မူဝါဒခ်မွတ္လုပ္ေဆာင္ေနတဲ့အထဲက ဆန္စပါးဟာ လည္း ကုန္ သြယ္ ေရးမွာအေရးပါတဲ့သီးႏွံလည္းျဖစ္ခဲ့ပါတယ္။ ျမန္မာႏိုင္ငံကစိုက္ပ်ိဳးထြက္ရွိတဲ့ ဆန္စပါး အပါအဝင္ ေကာက္ ပဲသီးႏွံေတြ အမ်ားစုဟာအိမ္နီးခ်င္းျဖစ္တဲ့ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံကိုနယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းမွ တစ္ဆင့္ အားထားၿပီးေရာင္းခ်ေနရတဲ့ ေဈးကြက္တစ္ခုလည္း ျဖစ္ပါတယ္။

သို႔ေပမယ့္ မထင္မွတ္တဲ့ ေရာဂါေဘးအေျခအေနႀကဳံလာကာအခက္အခဲတစ္ခုလို ျဖစ္လာခဲ့ပါတယ္။ “ဆန္ သစ္ ေပၚလို႔ Export ဝယ္လက္ေတြ အဝယ္ဆြဲကာစမွာ အခုလိုႀကဳံေတာ့ ဝယ္မယ့္ကုန္သည္ပြဲစားေတြက လည္း မဝယ္ေတာ့ဘူး၊ ဒါကိုတစ္ခ်ိဳ႕က် ေတာ့လည္း ဝယ္ေလွာင္ထားတာေတြရွိေပမယ့္ ေလာေလာဆယ္ေဈး ကြက္ထဲ မွာေတာ့ အေရာင္းအဝယ္ ေအးလာတယ္”လို႔ ရန္ကုန္ၿမိဳ႕ လမ္းမေတာ္ၿမိဳ႕နယ္ ဝါးတန္းဆန္ကုန္ စည္ဒိုင္အတြင္း ေရာင္းဝယ္ေနတဲ့ ဆန္ကုန္သည္ ဦးေအာင္သူကေျပာပါတယ္။

ဆန္စပါးက႑ရဲ႕ ေမွ်ာ္လင့္ခ်က္

ယခင္ကစံခ်ိန္တင္ရေလာက္တဲ့အေနအထားမ်ိဳးအျဖစ္ တင္ပို႔ခဲ့ဖူးတဲ့ ဆန္စပါးပို႔ကုန္အေျခအေနမ်ိဳး ကိုျပန္လည္ေရာက္ရွိေစဖို႔ ယခုဘ႑ာႏွစ္ကေန ျပန္လည္ႀကိဳးပမ္းေနခ်ိန္မွာအလားလာေကာင္းေတြ ႀကဳံလာခဲ့ ပါတယ္။

ျမန္မာႏိုင္ငံကတိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေလးခုမွာ လယ္ယာစီးပြားဝန္ေဆာင္မႈစင္တာ စီမံကိန္း ေလးခု အေကာင္အထည္ေဖာ္ဖို႔ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္၊ ျမန္မာႏိုင္ငံလယ္ယာစီးပြားေရးအမ်ားပိုင္ ကုမၸဏီ လီမိ တက္တို႔ကတ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံရွိ ႏိုင္ငံပိုင္စီးပြားေရးလုပ္ငန္းစုျဖစ္တဲ့ China CITIC Construction Group တို႔နဲ႔ ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာ ၁၄ မွာလက္မွတ္ထိုးခဲ့ၾကၿပီးက်ိဳက္လတ္၊ တြံေတး၊ မတၱရာ၊ ေက်ာက္ေတာ္ အစရွိတဲ့ ေဒသေတြမွာလယ္ယာစီးပြားဝန္ေဆာင္မႈစင္တာကို စံျပအေနနဲ႔ အေမရိကန္ ေဒၚလာသန္း ၁၃၀ ရင္းႏွီးျမႇဳပ္ႏွံမယ့္ အစီအစဥ္ကိုလည္းေဆာင္႐ြက္ေနေၾကာင္း၊ ယင္းလယ္ယာစီးပြား ဝန္ေဆာင္မႈ စင္တာစီမံကိန္းကိုလာမယ့္ ၂၀၂၀ -၂၁ ဘ႑ာေရးႏွစ္အတြင္းမွာအၿပီးတည္ေဆာက္သြားဖို႔ စီစဥ္ထားၾကပါတယ္။

အဲ့ဒီလိုစီမံေဆာင္႐ြက္ေနသလိုတ႐ုတ္သမၼတႀကီး ျမန္မာႏိုင္ငံခရီးစဥ္လာေရာက္ခဲ့ တဲ့ ခရီးစဥ္မွာလည္း ဆန္စပါးက႑အတြက္ နားလည္မႈစာခြၽန္လႊာေတြကိုသက္ဆိုင္ရာအစိုးရဌာနေတြနဲ႔ လက္မွတ္ ေရးထိုးထားခဲ့ တာေတြကလည္း ျမန္မာ့ဆန္စပါးက႑အတြက္ အလားအလာေကာင္းေတြႀကဳံလာမယ့္ အေျခအေနမ်ိဳးရွိ တယ္ လို႔ ဆန္ကုန္သည္ေတြကခန႔္မွန္းလာၾကပါတယ္။

ဒါ့အျပင္ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလမွာစတင္ခဲ့တဲ့ ယခု၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္မွာေတာ့ျမန္မာ ႏိုင္ငံ က ဆန္စပါးတန္ခ်ိန္ ၂ ဒသမ ၅ သန္းကို ျပည္ပတင္ပို႔ဖို႔ ရည္႐ြယ္ထားၿပီးပမာဏတစ္ခ်ိဳ႕တင္ပို႔ထားခဲ့ေပမယ့္ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာ ၁ ရက္မွ ၂၀၂၀ ဇန္နဝါရီ ၁၀ ရက္အထိကာလအတြင္းမွာဆန္စပါးတန္ခ်ိန္ ၉၈၆၃၄၅ တန္ကိုျပည္ပတင္ပို႔ႏိုင္ခဲ့ၿပီးအေမရိကန္ေဒၚလာ ၂၈၂ ဒသမ ၉ သန္းရရွိခဲ့တယ္လို႔ ျမန္မာႏိုင္ငံဆန္စပါးအသင္း ခ်ဳပ္ရဲ႕ စာရင္းေတြမွာေဖာ္ျပထားပါတယ္။အဲ့ဒီထဲမွာေရေၾကာင္းမွတင္ပို႔မႈဟာတန္ခ်ိန္ ၈၄၂၃၄၂ တန္ တင္ပို႔ႏိုင္ခဲ့ သလိုအေမရိကန္ေဒၚလာ ၂၄၅ သန္းရရွိၿပီးနယ္စပ္လမ္းေၾကာင္းမွတင္ပို႔မႈဟာ ၁၄၄၀၀၂ တန္ တင္ပို႔ႏိုင္ခဲ့ ကာ အေမရိကန္ေဒၚလာ ၃၇ ဒသမ ၈ သန္းရရွိခဲ့တယ္လို႔ အဆိုပါစာရင္းေတြမွာေဖာ္ျပထားေပမယ့္ ထပ္မံသိရွိလိုတဲ့ အခ်က္ေတြအတြက္ ေမးျမန္းဖို႔သြားေရာက္ေတြ႕ဆုံခဲ့ေပမယ့္ လက္ခံေျဖၾကားတာမ်ိဳးမျပဳခဲ့ပါဘူး။

လြန္ခဲ့တဲ့ ၂၀၁၈-၁၉ ဘ႑ာေရးႏွစ္အတြင္းမွာ ျပည္ပဆန္တင္ပို႔မႈ စုစုေပါင္းရဲ႕ ၃၉ ရာခိုင္ႏႈန္းေက်ာ္ ဟာအာဖရိကေဈးကြက္ကိုတင္ပို႔ခဲ့ၿပီး ၃၁ ရာခိုင္ႏႈန္းေက်ာ္ကိုတ႐ုတ္နဲ႔ အိမ္နီးခ်င္းႏိုင္ငံေတြ၊ ၁၁ ရာခိုင္ႏႈန္း ကိုအီးယူေဈးကြက္၊တျခားေသာႏိုင္ငံေတြဆီကို၁၈ ရာခိုင္ႏႈန္းေက်ာ္ တင္ပို႔ခဲ့တယ္လို႔ စီးပြားေရးႏွင့္ ကူးသန္း ေရာင္းဝယ္ေရးဝန္ႀကီးဌာနရဲ႕ စာရင္းေတြမွာေဖာ္ျပထားပါတယ္။ ကို႐ိုနာဗိုင္းရပ္ မပ်ံ႕ႏွံ႔မီအခ်ိန္အထိ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္တြင္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံသို႔ နယ္စပ္မွ ဆန္တန္ခ်ိန္ တစ္သိန္းခြဲခန႔္ တင္ပို႔ထားၿပီး ပင္လယ္ ေရေၾကာင္းမွ ၁ ဒသမ ၂ သိန္းေက်ာ္ တင္ပို႔ထားသလိုယခုဘ႑ာႏွစ္ ပထမသုံးလတာကာလအတြင္း စုစုေပါင္း တန္ခ်ိန္ ၂ ဒသမ ၇ သိန္းခန႔္ တ႐ုတ္ေဈးကြက္သို႔ တင္ပို႔ထားတာ ျဖစ္ပါတယ္။

ျပည္တြင္းေဈးကြက္ ျပန္လွည့္ေနတဲ့ ဖရဲ၊ သခြား

ျမန္မာႏိုင္ငံဘက္ကေနတ႐ုတ္ေဈးကြက္ထဲကို ႏွစ္စဥ္ တန္ခ်ိန္ တစ္သန္းခန႔္ တင္ပို႔ေနတဲ့ ဖရဲ၊ သခြား ဟာလည္းအခုဆိုရင္ ကို႐ိုနာဗိုင္းရပ္ေၾကာင့္ တင္ပို႔မႈကိုထိန္းၿပီးလုပ္ေဆာင္ေနေပမယ့္ တ႐ုတ္နယ္စပ္ ဝမ္တိန္ မွာေတာ့ ဝယ္သြားၿပီးေသာင္တင္ေနတဲ့ ကားအစီးေရ ၃၀၀ ေက်ာ္ေလာက္ရွိေနတယ္လို႔ မူဆယ္ ၁၀၅ မိုင္ အေျခ စိုက္ သစ္သီးဝလံကုန္စည္ဒိုင္က တာဝန္ရွိသူတစ္ဦးျဖစ္တဲ့ ဦးစိုင္းခင္ေမာင္ကေျပာပါတယ္။

“ဒီအတိုင္းေတာ့ ၾကာေနမွာမဟုတ္ပါဘူး၊ တေျဖးေျဖးေတာ့ နဂိုအတိုင္းျပန္ျဖစ္လာမွာပါ”လို႔ ဆိုပါတယ္။

ဒါ့အျပင္ မူဆယ္ကိုတင္ပို႔မယ့္ ကုန္သည္တစ္ခ်ိဳ႕ဟာလည္းဖရဲသခြားကို ျပည္တြင္းမွာရသေလာက္ ေဈးနဲ႔ေရာင္းခ် ေနတာေတြရွိသလိုတ႐ုတ္ ဝမ္တိန္ဘက္မွာ စုပုံေနတဲ့ ဖရဲ၊ သခြားေတြအေနနဲ႔ ျပန္သယ္ဖို႔လည္း ခက္ခဲေနတာေၾကာင့္ ကုန္သည္ေရာ၊ ေတာင္သူပါ အခက္အခဲေတြႀကဳံေနရတဲ့ အေျခအေနမ်ိဳးျဖစ္လာပါတယ္။

“ျမန္မာ့ကုန္သြယ္မႈ ျမႇင့္တင္ေရးအဖြဲ႕ရဲ႕ သိုေလွာင္႐ုံနဲ႔ ၾကက္ဘဲေဈးအနီး ျမန္မာ့ဂုဏ္ေရာင္လမ္း ေပၚမွာ ရွိတဲ့ ကုန္သြယ္ေရးဦးစီးဌာနပိုင္ တစ္ဧကခန႔္ရွိတဲ့ ဝင္းအတြင္းမွာ ယာယီဆိုင္ခန္းေတြ ဖြင့္ႏိုင္ေအာင္ စီစဥ္ ေဆာင္ ႐ြက္ ေနၿပီးေရရွည္မွာ ျပည္ပမွာရွိတဲ့ စီးပြားေရးသံမႉးေတြကေနတစ္ဆင့္ ေဈးကြက္ရရွိေရး ကိုေဆာင္႐ြက္ေပးမွာ ျဖစ္ပါတယ္”လို႔ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးေအာင္စိုးက ေျပာပါတယ္။

ယခုလိုတ႐ုတ္ေဈးကြက္ထဲကိုဖရဲ၊ သခြားမတင္ပို႔ႏိုင္တဲ့ ကာလမွာ ျပည္တြင္းေဈးကြက္အတြင္းမွာ ေရာင္း ခ်ႏိုင္ဖို႔ စီအမံေတြ ခ်မွတ္ေဆာင္႐ြက္ေနၿပီးယင္းအစီအမံေတြဟာေျမပေဒသာကြၽန္းမွာ ပြဲေတာ္အျဖစ္ျပဳလုပ္ တာ မ်ိဳးေတြ၊တညင္းကုန္းေဈးမွာေနရာစီစဥ္ေရာင္းခ်တာမ်ိဳးေတြ၊ ေ႐ႊပိေတာက္ေဈးမွာ သယ္ယူပို႔ေဆာင္ေရး ေနရာ စီစဥ္ေရာင္းခ်တာမ်ိဳးေတြ၊ေထာက္ၾကန႔္မွာရွိတဲ့ ရတနာသီရိကုန္စိမ္းေဈးအေပၚထပ္မွာေနရာ စီစဥ္ေရာင္း ခ်တာ ေတြ၊ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာနယ္နိမိတ္အတြင္းကေဈးေတြမွာရရွိႏိုင္မယ့္ေနရာေတြကို ညႇိႏႈိင္းကာ ဆိုင္ခန္း ဖြင့္လွစ္ေရာင္းခ်တာေတြ၊ Door to Door စနစ္ျဖင့္ ရန္ကုန္ၿမိဳ႕အတြင္းမွာလွည့္လည္ ေရာင္းခ်ခြင့္ေပး တာေတြနဲ႔ လုပ္ေဆာင္သြားဖို႔ စီစဥ္ထားၾကပါတယ္။

အဆိုပါ ျမန္မာ့ ဖရဲ၊ သခြားေတြဟာတ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံရဲ႕ ေဈးကြက္ထဲကိုအဓိကတင္ပို႔ေနၿပီး စင္ကာပူနဲ႔ ႐ုရွားႏိုင္ငံေတြကိုလည္းအနည္းငယ္တင္ပို႔တာေတြရွိသလို ျပည္တြင္းစိုက္ပ်ိဳးထုတ္လုပ္မႈအေနနဲ႔ တစ္ႏွစ္လွ်င္ ပ်မ္းမွ်ဖရဲတန္ခ်ိန္ ၈ သိန္းခန႔္နဲ႔သခြားေမႊးတန္ခ်ိန္ ႏွစ္သိန္းခန႔္ရွိပါတယ္။

မူဆယ္-နမ့္ခမ္းနယ္စပ္ကုန္သည္ႀကီးမ်ားအသင္းတြဲဖက္အေထြေထြအတြင္းေရးမႉး(၂) ဦးဝင္းေအာင္ခန႔္ ကလည္း “တ႐ုတ္-ျမန္မာနယ္စပ္ကုန္သြယ္ေရးအေျခအေနကအရမ္းနည္းေနတယ္၊ အရင္ ႏွစ္သစ္ကူးမတိုင္ခင္ ကာလအထိက်သြားတယ္၊ တ႐ုတ္ဘက္က ဝင္တဲ့ကုန္ေတြအေနနဲ႔ ပန္းသီး၊ လိေမၼာ္သီးတို႔ ေလာက္ပဲရွိတယ္”လို႔ ဆိုပါတယ္။

ပို႔ကုန္အေျခအေန ေကာင္းမြန္ေရး ထြက္ကုန္မ်ားလည္းျပင္ဆင္

ျပည္ပေဈးကြက္အေနနဲ႔ တ႐ုတ္ေဈးကြက္ကိုမွီခိုေနရေပမယ့္ တျခားေသာသီးႏွံေတြအေနနဲ႔လည္း ေဈးကြက္သစ္ ရွာေဖြတာေတြကိုတစ္ဖက္ လုပ္ေဆာင္ေနတာေတြရွိပါတယ္။
ျပည္တြင္းေဈးကြက္ထဲမွာဆန္ေတြဟာ အေရာင္းအဝယ္က်ဆင္းလာခဲ့သလို ပဲေဈးကြက္မွာလည္းမတ္ပဲေရာ၊ ပဲတီ စိမ္းေရာပဲအသစ္ေပၚလာတဲ့အျပင္ ျပည္ပဝယ္လက္နည္းေနတဲ့ အေျခအေနေၾကာင့္ ေဈးက်ဆင္းေနတယ္လို႔ ဘုရင့္ေနာင္ကုန္စည္ဒိုင္မွ ကုန္သည္ေတြကဆိုၾကပါတယ္။

ေဖေဖာ္ဝါရီ ၁၀ရက္ေန႔ မွာေတာ့ ဘုရင့္ေနာင္ ကုန္စည္ဒိုင္မွာမတ္ပဲ(ပိႆာ ၂၀အိတ္)လွ်င္ ၃၂၁၅၀ က်ပ္၊ ပဲစင္းငုံနီ(ပိႆာ ၂၀အိတ္)လွ်င္ ၂၀၉၀၀ က်ပ္၊ ပဲတီစိမ္း (တစ္ပိႆာ)လွ်င္ ၁၇၅၀ မွ ၂၀၆၀ က်ပ္၊ ကုလားပဲလုံးျဖဴ (တစ္ပိႆာ) လွ်င္ ၃၃၀ မွ ၁၃၇၀ က်ပ္ ေဈးရွိေနပါတယ္။

ဒါ့အျပင္ လတ္တေလာမွာ ေဖေဖာ္ဝါရီ ၁ ရက္မွ စတင္ကာအခြန္ကင္းလြတ္ခြင့္အျဖစ္နဲ႔ ထိုင္းႏိုင္ငံကို ျမန္မာ့ေျပာင္းဆန္ေတြ တင္ပို႔ေနတာေတြရွိၿပီးထိုင္းႏိုင္ငံရဲ႕ မူဝါဒအရ ေဖေဖာ္ဝါရီ ၁ ရက္မွ ၾသဂုတ္လကုန္ အထိအခြန္ကင္းလြတ္ခြင့္အျဖစ္ ခြင့္ျပဳေပးခဲ့ေပမယ့္ ထင္သေလာက္ တြက္ေခ်မကိုက္ေသးတဲ့ အေျခအ ေနမ်ိဳးရွိေနတယ္လို႔ ျမန္မာႏိုင္ငံေျပာင္းလုပ္ငန္းအသင္းမွ အတြင္းေရးမႉး ဦးသန႔္ဇင္ထြန္းကေျပာပါတယ္။

“အခုရက္ပိုင္းထဲမွာထိုင္းေငြကေဈးက်ၿပီး ျမန္မာေငြကေဈးမာေနေတာ့ ဒါကိုျပန္ခ်ိန္လိုက္ရင္ သိပ္မ ကိုက္တဲ့အတြက္ အေရာင္းအဝယ္က ေႏွးေနတယ္၊ ႀကိဳပြိဳင့္နဲ႔ ဝယ္ထားတာေတြကိုသာ အခုပို႔ေနရတာ ရွိပါ တယ္”လို႔ သူကရွင္းျပပါတယ္။

ဂ်ပန္အေျခစိုက္ Dolphin Co:ltdကလည္းေရထြက္ကုန္ပစၥည္းမ်ားအနက္ ေပါင္းထားတဲ့ ကမာဂုံးအသား၊ ဂဏန္းေပ်ာ့တို႔ကို ဝယ္ယူဖို႔ ကမ္းလွမ္းထားၿပီးအ႐ြယ္အစား၊ ထုပ္ပိုးမႈအေနအထားအစရွိတဲ့ အခ်က္အလက္ ေတြ ကိုေပးပို႔ထားတယ္လို႔ ကုန္သည္စက္မႈအသင္းခ်ဳပ္မွ တာဝန္ရွိသူတစ္ဦးက ေျပာဆိုပါတယ္။  ဒါ့အျပင္ ပ်ားရည္နဲ႔ ပတ္သက္ၿပီးေတာ့လည္းထိုင္း၊ ကိုရီးယား၊ ဂ်ပန္တို႔က ဝယ္ယူေလ့ရွိေပမယ့္ ဒီႏွစ္မွာေတာ့ အေရာင္းအဝယ္ ေအး ေနတာေၾကာင့္ ေဈးကြက္သစ္ရွာေဖြတဲ့အေနနနဲ႔ အိႏၵိယေဈးကြက္ထဲကိုပ်ားရည္ပိႆာခ်ိန္ ၁၀၀ ခန႔္ စတင္ စမ္း သပ္တင္ပို႔ဖို႔စီစဥ္ထားၿပီးအဆိုပါ ပိႆာ ၁၀၀ ကိုေငြက်ပ္ ၂ သိန္းျဖင့္ ေဈးျဖတ္ထားတယ္လို႔ ပ်ားေမြးျမဴ ေရး လုပ္ငန္းရွင္ေတြကဆိုၾကပါတယ္။

အနာဂတ္ကာလ အေျခအေနျပန္ေကာင္းႏိုင္

ျမန္မာ့ပို႔ကုန္ေတြအေနနဲ႔ အခုလိုဆိုး႐ြားလာတဲ့ အေျခအေနေတြကိုပိုင္ဆိုင္ေနေပမယ့္ အနာဂတ္ ကာလ မွာ အေျခအေနေကာင္းေတြ ျပန္လည္ရရွိလာဖို႔ အလားအလာေကာင္းေတြရွိတယ္လို႔ ပို႔ကုန္လုပ္ငန္းရွင္တစ္ခ်ိဳ႕ ကခန႔္မွန္းထားၾကပါတယ္။

“အခုကမာၻ႔ႏိုင္ငံတစ္ခ်ိဳ႕မွာၾကည့္ရင္လည္းရာသီဥတုေဖာက္ျပန္တာေတြ အခက္အခဲႀကဳံေနတာေတြ အမ်ားႀကီးရွိပါတယ္၊ အဓိကကေတာ့ ေဈးကြက္သစ္ေတြရွာေဖြဖို႔နဲ႔ အလ်င္အျမန္ခ်ိတ္ဆက္တင္ပို႔ ႏိုင္ဖို႔ လိုပါ တယ္”လို႔ ပို႔ကုန္လုပ္ငန္းရွင္တစ္ဦးကဆိုပါတယ္။

ျမန္မာႏိုင္ငံနဲ႔ ကုန္သြယ္ဖက္ ႏိုင္ငံတစ္ခုအျဖစ္တဲ့ ၾသစေၾတးလ်ႏိုင္ငံမွာလြန္ခဲ့တဲ့ ရက္ပိုင္းက ေတာမီး ေတြေလာင္ကြၽမ္းခဲ့ေပမယ့္ ယခုအခါ ဆစ္ဒနီၿမိဳ႕မွာ ႏွစ္ေပါင္း ၃၀ အတြင္းအဆိုး႐ြားဆုံးေသာ မိုးႀကီးမႈ ျဖစ္ခဲ့သလို အသက္အႏၲရာယ္ျဖစ္ႏိုင္တဲ့ ေရႀကီးမႈေတြျဖစ္ႏိုင္လာႏိုင္တယ္လို႔ သုံးသပ္ထားတာေတြရွိပါတယ္။ဒါ့အျပင္ ၇၄ ရက္ အၾကာေလာင္ေနတဲ့ ေတာမီးလည္း ၿငိမ္းသြားခဲ့ေပမယ့္ ေနရာတစ္ခ်ိဳ႕မွာေတာ့ အနည္းငယ္ရွိေနေသး တယ္လို႔ ယင္းႏိုင္ငံအာဏာပိုင္ေတြကထုတ္ျပန္ထားပါတယ္။

ျမန္မာႏိုင္ငံရဲ႕ ဆန္တင္ပို႔ရာေဒသတစ္ခုျဖစ္တဲ့ အာဖရိကမွာလည္းက်ိဳင္းေကာင္ေတြက်ေရာက္မႈေၾကာင့္ ဦးခ်ိဳေဒသကဆိုမာလီယာႏိုင္ငံမွာပထမဆုံးအေရးေပၚအေျခအေနအျဖစ္ ကမာၻ႔စားနပ္ရိကၡာႏွင့္ စိုက္ပ်ိဳးေရးအဖြဲ႕ ကေၾကညာထားရပါတယ္။ က်ိဳင္းေကာင္က်ေရာက္မႈကိုအဆိုး႐ြားဆုံးႀကဳံေတြ႕ေနတဲ့ ႏိုင္ငံသုံးႏိုင္ငံျဖစ္တဲ့ ဆိုမာ လီယာ၊ အီသီယိုးပီးယား၊ ကင္ညာအစရွိတဲ့ႏိုင္ငံေတြက ျပည္သူ ၁၂ သန္းဟာလည္းလူသားခ်င္းစာနာမႈ အ ေထာက္အပံ့ေတြလိုအပ္ေနတာေတြရွိသလို က်ိဳင္းေကာင္ေတြေၾကာင့္ ေကာက္ပဲသီးႏွံနဲ႔ စားက်က္ေျမေတြ ပ်က္စီး ခဲ့တာေတြႀကဳံခဲ့ရၿပီး က်ိဳင္းေကာင္းေတြဟာကင္ညာႏိုင္ငံထဲကို ဝင္ေရာက္လာ ႏိုင္ငံေပါင္း ၁၄ ႏိုင္ငံေလာက္ကို ဆက္လက္ပ်ံသန္းေနေၾကာင္း၊ အေနာက္ေတာင္အာရွဘက္မွာလက္က်န္ ျဖစ္တဲ့ သက္ႀကီးေကာင္အုပ္စုေတြနဲ႔ က်ိဳင္းေကာင္အုပ္ေတြဟာအင္ဒို၊ ပါကစၥတန္ နယ္စပ္ႏွစ္ဘက္စလုံးမွာရွိေနတာေၾကာင့္ ကမာၻမွာ စားနပ္ရိကၡာ လိုအပ္ခ်က္ကရွိလာဦးမွာျဖစ္ပါတယ္။

ဒါ့ေၾကာင့္ ပုံမွန္ေဈးကြက္တစ္ခုတည္းကိုသာအားမကိုးဘဲေဈးကြက္သစ္ေတြရွာေဖြကာ ျဖန႔္က်က္လုပ္ ေဆာင္ဖို႔ လိုအပ္တယ္လို႔ ေဈးကြက္ကြၽမ္းက်င္သူေတြကသုံးသပ္ထားၾကပါတယ္။ အနာဂတ္ကာလမွာ စားနပ္ ရိကၡာလိုအပ္ခ်က္ကတည္ရွိေနမွာျဖစ္သလို ႏိုင္ငံတိုင္းဟာစားနပ္ရိကၡာဖူလုံဖို႔ အစီအမံေတြ ခ်မွတ္လုပ္ေဆာင္ေန ၾကတာေတြရွိပါတယ္။ ျမန္မာႏိုင္ငံအေနနဲ႔လည္းရွိၿပီးသားအရင္းအျမစ္ေကာင္းေတြကိုထိထိေရာက္ေရာက္ျဖင့္ အက်ိဳးရွိစြာအသုံးခ်ကာကုန္သြယ္မႈဖြံ႕ၿဖိဳးေအာင္ႀကိဳးပမ္းလုပ္ေဆာင္ျခင္းျဖင့္ အနာဂတ္ကာလမွာ စီးပြားေရး ဖြံ႕ၿဖိဳးမႈ ပန္းတိုင္ကိုေရာက္ရွိေစမွာျဖစ္တဲ့အျပင္ တိုင္းျပည္တိုးတက္မႈေတြလည္းေတြ႕ႀကဳံခံစားရမွာျဖစ္ပါတယ္။

ဇြဲမာန္
ေဖေဖာ္၀ါရီ - ၁၁