“ရွှံ့ထဲက ကျောင်း”

“ရွှံ့ထဲက ကျောင်း”

စာသင်ကျောင်းဆိုတာနဲ့ မျက်လုံးထဲပြေးမြင်မိတာက မြက်ခင်းပေါ်မှာ စိုက်ထူထားတဲ့ မြန်မာနိုင်ငံံတော်အလံ၊ အစီအရီတည်ဆောက်ထားတဲ့ စာသင်ဆောင်တွေ၊ ကျောင်သား၊ ကျောင်းသူတွေ ပြေးလွှားဆော့ကစားနေကြတဲ့ ကွင်းပြင်ကျယ်တွေပဲ ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့ စာသင်ကျောင်းတွေဟာ ပြည့်စုံတဲ့ကျောင်းတွေ အားလုံးရှိနေတာမဟုတ်ဘဲ လိုအပ်မှုများစွာရှိနေပြီး ချို့တဲ့လှတဲ့ ကျောင်းတွေလည်း အများအပြားရှိနေပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ရှမ်းချောင်းကျေးရွာမှာရှိတဲ့ အခြေခံပညာ မူလတန်း (ခွဲ) ဟာလည်း လိုအပ်ချက်အများအပြား ရှိနေတယ်ဆိုတာ ကိုယ်တိုင်ရောက်ရှိခဲ့တဲ့အတွက် တွေ့မြင်ခဲ့ရပါတယ်။

စက်တင်ဘာလ ပထမပတ်ထဲမှာ ကလေးငယ်တွေကို သွားရောက်လှူတန်းဖို့ ခရီးစဉ်ရှိတဲ့အတွက် အလှူရှင်တွေနဲ့ အတူလိုက်ပါ သွားဖြစ်ခဲ့ပါတယ်။ကလေးငယ်တွေကို လှူတန်းမှာဖြစ်တဲ့အတွက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဒါမှမဟုတ် မိဘမဲ့ဂေဟာ တစ်ခုခုဖြစ်မယ်လို့ အစတုန်းကတော့ ထင်မှတ်ခဲ့ပါတယ်။

ရန်ကုန်မြို့တွင်းကနေ စတင်ထွက်ခွာခဲ့တဲ့ အဲ့ဒီအလှူခရီးစဉ်ဟာ သန်လျင်-ကျောက်တန်း လမ်းမကြီးက နေပေလခတ်-ဝဲကြီး ကားလမ်းအတိုင်း ဝင်ရောက်သွားရပါတယ်။အဲ့ဒီ ပေလခတ်-ဝဲကြီး လမ်းဟာ နှစ်လမ်းသွား ကွန်ကရစ်လမ်းဖြစ်ပြီး စိမ်းစိုတဲ့ လယ်ကွင်းပြင်တွေက လမ်းရဲ့ဘေး တစ်ဖက်တစ်ချက်မှာပါ။

လယ်ကွင်းအတွင်း လယ်စောင့်တဲ့အချို့ကို တွေ့မြင်ရပြီး တွေ့မြင်လိုက်ရသူတွေအဖို့တော့ အေးချမ်းလှတဲ့ မြင်ကွင်းတွေပဲ ဖြစ်ပါတယ်။ကွင်းပြင်ကျယ်မှ တိုက်ခတ်လာတဲ့ လေနုအေးတွေဟာ စိတ်ကို ကြည်လင်လန်းဆန်းစေပြီး မွန်းကြပ်တဲ့ ရန်ကုန်မြို့ရဲ့ အငွေ့အသက်တွေ ကင်းစင်နေပါတယ်။မြင်ကွင်းအားလုံးဟာ စိမ်းစိုတဲ့ စပါးခင်းတွေဖြစ်တဲ့အတွက် ကျေးလက်တောရွာတစ်ခုကို ရုတ်တရက်ရောက်ရှိသွားသလို အေးချမ်းသာယာလှပါတယ်။

ပေလခတ်-ဝဲကြီး လမ်းမပေါ်မှာတော့ မှော်ဝန်းမြစ်ကိုဖြတ်ပြီး တည်ဆောက်ထားတဲ့ မှော်ဝန်းတံတားကြီးကို တွေ့မြင်ရပြီး တစ်နာရီခန့်အကြာမှာတော့ ရှမ်းချောင်းကျေးရွာကို ရောက်ရှိခဲ့ပါတယ်။

ရှမ်းချောင်းကျေးရွာကို ရောက်ရှိပေမယ့် လှူတန်းဖို့ ရည်ရွယ်ထားတဲ့ နေရာကို မရောက်ရှိသေးတဲ့အတွက် လှေနဲ့တစ်ဆင့် ခရီးဆက်ရပြန်ပါတယ်။ရှမ်းချောင်းကျေးရွာမှာရှိတဲ့ အဲ့ဒီချောင်းလေးဟာ ဒေသခံတွေအဖို့ အရင်ကဆိုရင် အဓိကအားထားပြီးသွားခဲ့ရတဲ့ ချောင်းလေးတစ်ခု ဖြစ်ပါတယ်။အခုအခါမှာ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းမွန်လာတယ် ဆိုပေမယ့် စက်လှေတွေကိုလည်း အသုံးပြုနေရဆဲ ဖြစ်ပါတယ်။

ရှမ်းချောင်း ချောင်းရိုးတစ်လျှောက်မှာတော့ ရေထိန်းတံခါးတစ်ခုကို တွေ့မြင်ရပြီး ရေလုပ်ငန်းလုပ်ကိုင်သူအချို့ကို မြင်ရပြန်ပါတယ်။နာရီဝက်ခန့်အကြာမှာတော့ လှူတန်းမယ့်နေရာကို ရောက်ရှိပြီ ဖြစ်ပါတယ်။

ကမ်းပေါ်ကိုတက်လိုက်တဲ့ အချိန်မှာတော့ လယ်ကွင်းပြင်ထဲမှာ တဲငယ်တစ်လုံးကို တွေ့ရပါတယ်။အဲ့ဒီတဲရဲ့ အရှေ့မှာ အလံတိုင်နဲ့ စုတ်ပြဲနေတဲ့ အခြေခံပညာမူလတန်းကျောင်း (ခွဲ) ကျောက်တန်းမြို့နယ်၊ ရှမ်းချောင်းကျေးရွာလို့ဆိုကာ ရေးသားထားတဲ့ ဆိုင်းဘုတ်ကို တွေ့မြင်ရပါတယ်။တဲအနီးဝန်းကျင်မှာတော့ မိုးရွာထားတဲ့အတွက် လမ်းတွေဟာ ရွှံ့တွေနဲ့ချောနေပြီး တဲအနောက်ဘက်မှာတော့ ချုံနွယ်တွေကို တွေ့မြင်ရပါတယ်။မိသားစုငါးဦးလောက်သာ နေထိုင်လေ့ရှိတဲ့ တဲငယ်လေးပုံစံအတိုင်း ဆောက်လုပ်ထားတဲ့ အဆောက်အဦးဟာ အမှန်တကယ်တော့ အစိုးရအသိအမှတ်ပြုထားတဲ့ မူလတန်းကျောင်းခွဲ ကျောင်းကလေး တစ်ကျောင်းလည်း ဖြစ်ပါတယ်။အဲ့ဒီစာသင်ကျောင်းလေးကို ကျေးရွာက ရွာသူရွာသားတွေ လှူတန်းဆောက်လုပ်ခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ၇ နှစ်ကတည်းက စာသင်ကြားတာတွေကို လုပ်ဆောင်ပေးနေတဲ့ နေရာလေး ဖြစ်ပါတယ်။

စာသင်ကျောင်းအပေါ်ကို တက်လိုက်တဲ့ အချိန်မှာတော့ ကလေးငယ် အများအပြား စာသင်ကြားနေတာကို တွေ့မြင်ရပါတယ်။ဝါးကြမ်းခင်းပေါ်မှာထိုင်ပြီး စာသင်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ တဲပေါ်မှာပဲ အပြည့်အသိပ်ဖြစ်နေပြီး ဝါးကြမ်းခင်းတွေဟာလည်း ခိုင်မာမှုအားနည်းနေတာကို တွေ့ရပါတယ်။
     

KG တန်းကနေ ဒုတိယတန်းအထိ ကျောင်းသား၊ ကျောင်းသူပေါင်း ၄၃ ယောက်ကို စာသင်ကြားပေးနေတဲ့ အဲ့ဒီကျောင်းကလေးဟာ ဝါးပိုးဝါးကို တိုင်အဖြစ် အသုံးပြုထားပါတယ်။ဝါးခင်း၊ ဝါးကာ၊ ဓနိမိုးထားတဲ့ အဲ့ဒီကျောင်းကလေးဟာ ကျဉ်းလွန်းတဲ့အတွက် ကျောက်သင်ပုန်း (White Board) ထားဖို့တောင် နေရာအခက်အခဲ ရှိနေပါတယ်။အခန်းကျဉ်းလွန်းတဲ့အတွက် စာသင်ခန်းဖွဲ့ဖို့ အခန်းတွေလဲ မလုပ်နိုင်ဘူးလို့ စာသင်ကြားပေးနေတဲ့ ဆရာမက ဆိုပါတယ်။

ကျောင်းသားလေးတွေဟာ ပြေးလွှားဆော့ကစားချင်တဲ့ အရွယ်တွေဖြစ်ပေမယ့် အဲ့ဒီကျောင်းကလေးမှာတော့ ကလေးငယ်တွေအဖို့ ဆော့ကစားရမယ့်နေရာမျိုး လုံးဝမရှိဘဲ စာသင်ဖို့တောင် နေရာအခက်အခဲများစွာ ဖြစ်နေပါတယ်။

ကျောင်းကလေးမှာ လာရောက်ပညာသင်ကြားနေကြတဲ့ ကလေးငယ်တွေရဲ့ မိဘအုပ်ထိန်းသူတွေဟာ ပင်လယ်ပြင်ကိုထွက်ပြီး ငါးဖမ်းနေတဲ့ ကမ်းနီးရေလုပ်သား အများအပြားဖြစ်ပြီး လယ်စာရင်းငှား မိသားစုဝင်တွေလည်း ပါတယ်လို့ ဆိုပါတယ်။ရှမ်းချောင်း မူလတန်း (ခွဲ) ကျောင်းကလေးဟာ ရှမ်းချောင်းကျေးရွာနဲ့ ၃ မိုင်အကွာမှာ တည်ရှိနေပါတယ်။ကျောင်းအနီးမှာ အိမ်ခြေ ၅၀ ကျော်ရှိတဲ့ အေးမြသီတာကျေးရွာနဲ့ ကွင်းအတွင်းထဲမှာတော့ လယ်စာရင်းငှား မိသားစုတွေ နေထိုင်ကြပါတယ်။

စာသင်ကျောင်းဟာ သေးငယ်ပေမယ့် အိမ်နဲ့နီးတဲ့အတွက် ကလေးတွေကို ကျောင်းပို့ရတာ အဆင်ပြေပြီး ကလေးတွေကို ပညာတတ်ဖြစ်စေချင်တယ်လို့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ မိဘတွေက ဆိုကြပါတယ်။

“ပညာမတတ်လို့ ကျွန်တော့်လိုပဲ ပင်ပင်ပန်းပန်း မလုပ်စေချင်တော့ဘူး။ကလေးကို ရသလောက် ပညာသင်ပေးချင်တယ်။ဒီကျောင်းမှာ ထားရတာ သွားရလာရ အဆင်ပြေတယ်။ကလေးတွေကိုတော့ သနားတယ်။ကျောင်းက အရမ်းကျဉ်းလွန်းတယ်လေ။တကယ့် စာသင်ကျောင်းနဲ့တူတဲ့ ကျောင်းလေးတစ်ခုတော့ ဖြစ်စေချင်တယ်။အလှူရှင်တွေကိုလည်း မျှော်နေပါတယ်” လို့ ဆိုပါတယ်။

လာရောက်သင်ကြားတဲ့ ဆရာ၊ ဆရာမတွေဟာ ခရမ်းမြို့ကနေ လာရောက်ရတာဖြစ်ပြီး အသွားအပြန် ၃ နာရီကျော် ဆိုင်ကယ်မောင်းနှင်ရပါတယ်။အဲ့ဒီကျောင်းကလေးကို မူလတန်း (ခွဲ) ကျောင်းအဖြစ် အစိုးရက အသိအမှတ်ပြုခဲ့တာဟာ တစ်နှစ်လောက်သာ ကြာမြင့်နေသေးပြီး အစိုးရခန့်အပ်တဲ့ ဆရာမနှစ်ဦးဟာ ၂၀၁၈ ခုနှစ် ဇွန်လမှသာ တာဝန်ထမ်းဆောင်ရင်း ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ပြည်နယ်နဲ့ တိုင်း အသီးသီးရဲ့ စာသင်ကျောင်းတွေမှာ အဆောက်အဦး လိုအပ်ချက်တွေ၊ ဆရာ၊ ဆရာမ လိုအပ်ချက်တွေ ရှိနေပေမယ့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိနေတဲ့ အစိုးရအသိအမှတ်ပြု စာသင်ကျောင်းကလေးရဲ့ လိုအပ်ချက်တွေက ဖြစ်သင့်တာထက်  များပြားနေတာဟာ အံ့အားသင့်စရာ အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။ဘာကြောင့်များ ဒီကျောင်းကို မျက်စိမှောက်ခဲ့ကြပါသလဲ။

ဦးသိန်းစိန် အစိုးရ စတက်တဲ့အချိန် ၂၀၁၂-၁၃ ဘဏ္ဍာနှစ်မှာ ပညာရေးအသုံးစရိတ် ၇၆၁ ဘီလျံ ရှိခဲ့ပြီး နှစ်စဉ် တိုးမြှင့်သုံးစွဲခဲ့ကြပါတယ်။၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှာ ပညာရေးအသုံးစရိတ် ၁၇၂၆ ဘီလျံ သုံးစွဲခဲ့ပါ တယ်။၂၀၁၇-၁၈ ဘဏ္ဍာနှစ် ပညာရေးအသုံးစရိတ် ၁၇၅၆ ဘီလျံ ရှိခဲ့ပြီး ပြည်ထောင်စုဘတ်ဂျက်ရဲ့ ၈ ဒသမ ၅၃ ရာခိုင်နှုန်းကို သုံးစွဲခဲ့ပါတယ်။၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွက် ပညာရေးအသုံးစရိတ် ကျပ်ဘီလျံ ၂၁၀၀ ကျော် တင်ပြတောင်းခံထားပြီး ပြည်ထောင်စုဘတ်ဂျက်ရဲ့ ၈ ဒသမ ၇၂ ရာခိုင်နှုန်း တောင်းခံထားတာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ကျောက်တန်းမြို့နယ်မှာ အသက် (၁၁) နှစ်အရွယ်မှ စတင်ပြီး ကျောင်းတက်ရောက်မှုနှုန်း လျော့ကျလာတယ်လို့ စစ်တမ်းက ထုတ်ပြန်ထားပါတယ်။
ပြည်ထောင်စုနဲ့ နှိုင်းယှဉ်ရာမှာတော့ ကျောက်တန်းမြို့နယ်မှ မိန်းကလေးများရဲ့ ကျောင်းတက်ရောက်မှုနှုန်းဟာ အသက် (၁၀) နှစ်ကျော်မှာ ပိုမိုကျဆင်းနေတာ တွေ့ရှိရပါတယ်။အသက် (၁၅) နှစ်နှင့်အထက် စာတတ်မြောက်မှု ရာခိုင်နှုန်းဟာ ၉၅ ဒသမ ၂ ရာခိုင်နှုန်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးရဲ့ စာတက်မြောက်မှု ရာခိုင်နှုန်းဟာ ၉၆ ဒသမ ၆ ရာခိုင်နှုန်းထက် နိမ့်ကျနေပေမယ့် မြန်မာနိုင်ငံရဲ့ စာတတ်မြောက်မှု ရာခိုင်နှုန်း ၈၉ ဒသမ ၅ ထက် မြင့်မားနေတာကို တွေ့ရပါတယ်။

ရှမ်းချောင်း မူလတန်း (ခွဲ) စာသင်ကျောင်းကလေးဟာ ယခုနှစ်မှသာ အစိုးရအသိအမှတ်ပြု ကျောင်းအဖြစ် ရောက်ရှိလာတဲ့အတွက် လိုအပ်ချက်တွေရှိနေပြီး ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ ကျောင်းအဆောက်အဦး ဆောက်လုပ်ဖို့ လျာထားကာ ဆောင်ရွက်နေတယ်လို့ ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်းအောင် က ပြောပါတယ်။

“၂၀၁၉-၂၀ ကျရင် ကျောင်းအဆောက်အဦး ပေ ၆၀ x ပေ ၃၀ ကျောင်းဆောင် ဆောက်ပေးဖို့ အစီစဉ်ရှိတယ်။လောလောဆယ်တော့ အခြေအနေဆိုးတယ်။ကျွန်တော်တော့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ပြောထားပါတယ်။နည်းနည်းပြန်ပြုပြင်ပေးဖို့ ပြောထားပြီးပါပြီ” လို့ ဆိုပါတယ်။

အဲဒီ့ကျောင်းကို မူလတန်းကျောင်းအဖြစ် တိုးမြှင့်လျှောက်ထားပြီး ခွင့်ပြုမိန့်ရရှိခဲ့ရင် ကျောင်းအုပ်နဲ့ ဆရာ၊ ဆရာမတွေကို တိုးမြှင့်ခန့်ထားပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လာမယ့်နှစ်တွေမှာ တတိယတန်းနဲ့ စတုတ္ထတန်း ကလေးငယ်တွေကို တိုးမြှင့်လက်ခံ သင်ကြားပေးရမှာဖြစ်ပြီး အဆောက်အဦး မဆောက်လုပ်ရသေးတဲ့အတွက် လက်ရှိအဆောက်အဦးနဲ့ပဲ အဆင်ပြေအောင် ဆက်လက်သင်ကြားပေးရဦးမှာ ဖြစ်တယ်လို့ စာသင်ကြားပေးနေတဲ့ ဆရာမက ဆိုပါတယ်။

“နောက်နှစ်ဆိုရင် ၃ တန်း၊ ၄ တန်းတွေ ထပ်ပြီးတိုးလာမယ်။အဆောက်အဦးက၂၀၁၉-၂၀၂၀ မှ ဆောက်မှာဆိုတော့ နောက်မိုးတွင်းကျရင်လည်း ဒီကျောင်းလေးမှာဘဲ ဆက်ပြီးသင်ရမယ်။ကျောင်းသား ပိုများလာမှာဖြစ်တဲ့အတွက် ပိုပြီးအခက်အခဲ ဖြစ်လာမယ်” လို့ ဆိုပါတယ်။

ဒေသခံတွေကတော့ အဲ့ဒီကျောင်းကလေးကို စာသင်ကျောင်းနဲ့တူတဲ့ ကျောင်းဆောင်လေးတစ်ဆောင်အဖြစ် ဆောက်လုပ်ပေးချင်နေပြီး လာရောက်လှူတန်းလိုသူတွေကို စောင့်မျှော်နေတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့လည်း နိုင်သလောက် စုပေါင်းပြီး လှူတန်းကြတယ်။အများကြီးတော့ ကျွန်တော်တို့ရွာက မတက်နိုင်ဘူးလေ။အလှူရှင်တွေကိုဘဲ နေ့တိုင်းမျှော်နေမိတယ်။ကလေးတွေ ပညာတွေရသွားစေချင်လို့ပါ” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကလေးသူငယ်ပေါင်း မြောက်များစွာဟာ ဆင်းရဲနွမ်းပါးမှု၊ ကျောင်းတက်ရောက်နိုင်တဲ့ အခွင့်အရေးနည်းပါးမှု၊ ဒေသတွင်းပဋိပက္ခ အခြေအနေတွေကြောင့် စာသင်ကျောင်းပြင်ပကို ရောက်ရှိသူတွေ အများအပြားရှိလို့နေကြပါတယ်။ပညာကင်းမဲ့သူတွေ များလာတဲ့အခါ လူမှုအသိုက်အဝန်းအတွက် အနုတ်လက္ခဏာဆောင်စေတဲ့ ဆိုးကျိုးတွေ ဖြစ်စေတတ်တာကြောင့် ပညာရေးကို အလေးထားနိုင်ဖို့ ရေတို ရေရှည် စီမံကိန်းတွေ ရေးဆွဲကာ အကောင်အထည် ဖော်ကြရပါတယ်။

ဘဝပေးအခြေအနေတွေနဲ့ လတ်တလောကြုံနေရတဲ့ အခက်အခဲတွေ အပါအဝင် အစရှိတဲ့ အခြေအနေအမျိုးမျိုးကြောင့် ကလေးသူငယ်တိုင်းကို ပညာရေးနဲ့ မဝေးစေလိုတော့ပါ။ပညာရေးနယ်ပယ်ကို နက်နက်ရှိုင်းရှိုင်း တူးဆွလေ့လာပြီး လိုအပ်ချက်တွေကို အဘက်ဘက်ကနေ ဝိုင်းဝန်းဖြည့်ဆည်းပေးရမှာ ဖြစ်ပါတယ်။

အဆောက်အဦး အပါအဝင် အခြေခံလိုအပ်ချက်တွေကြောင့် ကျောင်းနေမပျော်တဲ့ ကလေးငယ်တွေ မဖြစ်စေဖို့ ဝိုင်းဝန်းလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ဒါမှလည်း ပျော်ပျော်ရွှင်ရွှင် ပညာသင်ယူခွင့် ဖန်တီးရင်း အနာဂတ်လူ့အဖွဲ့အစည်းအတွက် တိုးတက်မှု အခြေခံကောင်းတွေကို အုတ်မြစ်ချသွားနိုင်မှာ ဖြစ်ပါတော့တယ်။

မင်းထွန်း (အုတ်ကျင်း)
စက်တင်ဘာ - ၁၈

( Zawgyi )

စာသင္ေက်ာင္းဆိုတာနဲ႔ မ်က္လုံးထဲေျပးျမင္မိတာက ျမက္ခင္းေပၚမွာ စိုက္ထူထားတဲ့ ျမန္မာႏိုင္ငံံေတာ္အလံ၊ အစီအရီတည္ေဆာက္ထားတဲ့ စာသင္ေဆာင္ေတြ၊ ေက်ာင္သား၊ ေက်ာင္းသူေတြ ေျပးလႊားေဆာ့ကစားေနၾကတဲ့ ကြင္းျပင္က်ယ္ေတြပဲ ျဖစ္ပါတယ္။ျမန္မာႏိုင္ငံမွာရွိတဲ့ စာသင္ေက်ာင္းေတြဟာ ျပည့္စုံတဲ့ေက်ာင္းေတြ အားလုံးရွိေနတာမဟုတ္ဘဲ လိုအပ္မႈမ်ားစြာရွိေနၿပီး ခ်ိဳ႕တဲ့လွတဲ့ ေက်ာင္းေတြလည္း အမ်ားအျပားရွိေနပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး၊ ေက်ာက္တန္းၿမိဳ႕နယ္၊ ရွမ္းေခ်ာင္းေက်း႐ြာမွာရွိတဲ့ အေျခခံပညာ မူလတန္း (ခြဲ) ဟာလည္း လိုအပ္ခ်က္အမ်ားအျပား ရွိေနတယ္ဆိုတာ ကိုယ္တိုင္ေရာက္ရွိခဲ့တဲ့အတြက္ ေတြ႕ျမင္ခဲ့ရပါတယ္။

စက္တင္ဘာလ ပထမပတ္ထဲမွာ ကေလးငယ္ေတြကို သြားေရာက္လႉတန္းဖို႔ ခရီးစဥ္ရွိတဲ့အတြက္ အလႉရွင္ေတြနဲ႔ အတူလိုက္ပါ သြားျဖစ္ခဲ့ပါတယ္။ကေလးငယ္ေတြကို လႉတန္းမွာျဖစ္တဲ့အတြက္ ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္း ဒါမွမဟုတ္ မိဘမဲ့ေဂဟာ တစ္ခုခုျဖစ္မယ္လို႔ အစတုန္းကေတာ့ ထင္မွတ္ခဲ့ပါတယ္။

ရန္ကုန္ၿမိဳ႕တြင္းကေန စတင္ထြက္ခြာခဲ့တဲ့ အဲ့ဒီအလႉခရီးစဥ္ဟာ သန္လ်င္-ေက်ာက္တန္း လမ္းမႀကီးက ေနေပလခတ္-ဝဲႀကီး ကားလမ္းအတိုင္း ဝင္ေရာက္သြားရပါတယ္။အဲ့ဒီ ေပလခတ္-ဝဲႀကီး လမ္းဟာ ႏွစ္လမ္းသြား ကြန္ကရစ္လမ္းျဖစ္ၿပီး စိမ္းစိုတဲ့ လယ္ကြင္းျပင္ေတြက လမ္းရဲ႕ေဘး တစ္ဖက္တစ္ခ်က္မွာပါ။

လယ္ကြင္းအတြင္း လယ္ေစာင့္တဲ့အခ်ိဳ႕ကို ေတြ႕ျမင္ရၿပီး ေတြ႕ျမင္လိုက္ရသူေတြအဖို႔ေတာ့ ေအးခ်မ္းလွတဲ့ ျမင္ကြင္းေတြပဲ ျဖစ္ပါတယ္။ကြင္းျပင္က်ယ္မွ တိုက္ခတ္လာတဲ့ ေလႏုေအးေတြဟာ စိတ္ကို ၾကည္လင္လန္းဆန္းေစၿပီး မြန္းၾကပ္တဲ့ ရန္ကုန္ၿမိဳ႕ရဲ႕ အေငြ႕အသက္ေတြ ကင္းစင္ေနပါတယ္။ျမင္ကြင္းအားလုံးဟာ စိမ္းစိုတဲ့ စပါးခင္းေတြျဖစ္တဲ့အတြက္ ေက်းလက္ေတာ႐ြာတစ္ခုကို ႐ုတ္တရက္ေရာက္ရွိသြားသလို ေအးခ်မ္းသာယာလွပါတယ္။

ေပလခတ္-ဝဲႀကီး လမ္းမေပၚမွာေတာ့ ေမွာ္ဝန္းျမစ္ကိုျဖတ္ၿပီး တည္ေဆာက္ထားတဲ့ ေမွာ္ဝန္းတံတားႀကီးကို ေတြ႕ျမင္ရၿပီး တစ္နာရီခန႔္အၾကာမွာေတာ့ ရွမ္းေခ်ာင္းေက်း႐ြာကို ေရာက္ရွိခဲ့ပါတယ္။

ရွမ္းေခ်ာင္းေက်း႐ြာကို ေရာက္ရွိေပမယ့္ လႉတန္းဖို႔ ရည္႐ြယ္ထားတဲ့ ေနရာကို မေရာက္ရွိေသးတဲ့အတြက္ ေလွနဲ႔တစ္ဆင့္ ခရီးဆက္ရျပန္ပါတယ္။ရွမ္းေခ်ာင္းေက်း႐ြာမွာရွိတဲ့ အဲ့ဒီေခ်ာင္းေလးဟာ ေဒသခံေတြအဖို႔ အရင္ကဆိုရင္ အဓိကအားထားၿပီးသြားခဲ့ရတဲ့ ေခ်ာင္းေလးတစ္ခု ျဖစ္ပါတယ္။အခုအခါမွာ လမ္းပန္းဆက္သြယ္ေရးေတြ ေကာင္းမြန္လာတယ္ ဆိုေပမယ့္ စက္ေလွေတြကိုလည္း အသုံးျပဳေနရဆဲ ျဖစ္ပါတယ္။

ရွမ္းေခ်ာင္း ေခ်ာင္း႐ိုးတစ္ေလွ်ာက္မွာေတာ့ ေရထိန္းတံခါးတစ္ခုကို ေတြ႕ျမင္ရၿပီး ေရလုပ္ငန္းလုပ္ကိုင္သူအခ်ိဳ႕ကို ျမင္ရျပန္ပါတယ္။နာရီဝက္ခန႔္အၾကာမွာေတာ့ လႉတန္းမယ့္ေနရာကို ေရာက္ရွိၿပီ ျဖစ္ပါတယ္။

ကမ္းေပၚကိုတက္လိုက္တဲ့ အခ်ိန္မွာေတာ့ လယ္ကြင္းျပင္ထဲမွာ တဲငယ္တစ္လုံးကို ေတြ႕ရပါတယ္။အဲ့ဒီတဲရဲ႕ အေရွ႕မွာ အလံတိုင္နဲ႔ စုတ္ၿပဲေနတဲ့ အေျခခံပညာမူလတန္းေက်ာင္း (ခြဲ) ေက်ာက္တန္းၿမိဳ႕နယ္၊ ရွမ္းေခ်ာင္းေက်း႐ြာလို႔ဆိုကာ ေရးသားထားတဲ့ ဆိုင္းဘုတ္ကို ေတြ႕ျမင္ရပါတယ္။တဲအနီးဝန္းက်င္မွာေတာ့ မိုး႐ြာထားတဲ့အတြက္ လမ္းေတြဟာ ႐ႊံ႕ေတြနဲ႔ေခ်ာေနၿပီး တဲအေနာက္ဘက္မွာေတာ့ ခ်ဳံႏြယ္ေတြကို ေတြ႕ျမင္ရပါတယ္။မိသားစုငါးဦးေလာက္သာ ေနထိုင္ေလ့ရွိတဲ့ တဲငယ္ေလးပုံစံအတိုင္း ေဆာက္လုပ္ထားတဲ့ အေဆာက္အဦးဟာ အမွန္တကယ္ေတာ့ အစိုးရအသိအမွတ္ျပဳထားတဲ့ မူလတန္းေက်ာင္းခြဲ ေက်ာင္းကေလး တစ္ေက်ာင္းလည္း ျဖစ္ပါတယ္။အဲ့ဒီစာသင္ေက်ာင္းေလးကို ေက်း႐ြာက ႐ြာသူ႐ြာသားေတြ လႉတန္းေဆာက္လုပ္ခဲ့တာျဖစ္ၿပီး လြန္ခဲ့တဲ့ ၇ ႏွစ္ကတည္းက စာသင္ၾကားတာေတြကို လုပ္ေဆာင္ေပးေနတဲ့ ေနရာေလး ျဖစ္ပါတယ္။

စာသင္ေက်ာင္းအေပၚကို တက္လိုက္တဲ့ အခ်ိန္မွာေတာ့ ကေလးငယ္ အမ်ားအျပား စာသင္ၾကားေနတာကို ေတြ႕ျမင္ရပါတယ္။ဝါးၾကမ္းခင္းေပၚမွာထိုင္ၿပီး စာသင္ေနတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြဟာ တဲေပၚမွာပဲ အျပည့္အသိပ္ျဖစ္ေနၿပီး ဝါးၾကမ္းခင္းေတြဟာလည္း ခိုင္မာမႈအားနည္းေနတာကို ေတြ႕ရပါတယ္။
     

KG တန္းကေန ဒုတိယတန္းအထိ ေက်ာင္းသား၊ ေက်ာင္းသူေပါင္း ၄၃ ေယာက္ကို စာသင္ၾကားေပးေနတဲ့ အဲ့ဒီေက်ာင္းကေလးဟာ ဝါးပိုးဝါးကို တိုင္အျဖစ္ အသုံးျပဳထားပါတယ္။ဝါးခင္း၊ ဝါးကာ၊ ဓနိမိုးထားတဲ့ အဲ့ဒီေက်ာင္းကေလးဟာ က်ဥ္းလြန္းတဲ့အတြက္ ေက်ာက္သင္ပုန္း (White Board) ထားဖို႔ေတာင္ ေနရာအခက္အခဲ ရွိေနပါတယ္။အခန္းက်ဥ္းလြန္းတဲ့အတြက္ စာသင္ခန္းဖြဲ႕ဖို႔ အခန္းေတြလဲ မလုပ္ႏိုင္ဘူးလို႔ စာသင္ၾကားေပးေနတဲ့ ဆရာမက ဆိုပါတယ္။

ေက်ာင္းသားေလးေတြဟာ ေျပးလႊားေဆာ့ကစားခ်င္တဲ့ အ႐ြယ္ေတြျဖစ္ေပမယ့္ အဲ့ဒီေက်ာင္းကေလးမွာေတာ့ ကေလးငယ္ေတြအဖို႔ ေဆာ့ကစားရမယ့္ေနရာမ်ိဳး လုံးဝမရွိဘဲ စာသင္ဖို႔ေတာင္ ေနရာအခက္အခဲမ်ားစြာ ျဖစ္ေနပါတယ္။

ေက်ာင္းကေလးမွာ လာေရာက္ပညာသင္ၾကားေနၾကတဲ့ ကေလးငယ္ေတြရဲ႕ မိဘအုပ္ထိန္းသူေတြဟာ ပင္လယ္ျပင္ကိုထြက္ၿပီး ငါးဖမ္းေနတဲ့ ကမ္းနီးေရလုပ္သား အမ်ားအျပားျဖစ္ၿပီး လယ္စာရင္းငွား မိသားစုဝင္ေတြလည္း ပါတယ္လို႔ ဆိုပါတယ္။ရွမ္းေခ်ာင္း မူလတန္း (ခြဲ) ေက်ာင္းကေလးဟာ ရွမ္းေခ်ာင္းေက်း႐ြာနဲ႔ ၃ မိုင္အကြာမွာ တည္ရွိေနပါတယ္။ေက်ာင္းအနီးမွာ အိမ္ေျခ ၅၀ ေက်ာ္ရွိတဲ့ ေအးျမသီတာေက်း႐ြာနဲ႔ ကြင္းအတြင္းထဲမွာေတာ့ လယ္စာရင္းငွား မိသားစုေတြ ေနထိုင္ၾကပါတယ္။

စာသင္ေက်ာင္းဟာ ေသးငယ္ေပမယ့္ အိမ္နဲ႔နီးတဲ့အတြက္ ကေလးေတြကို ေက်ာင္းပို႔ရတာ အဆင္ေျပၿပီး ကေလးေတြကို ပညာတတ္ျဖစ္ေစခ်င္တယ္လို႔ ေက်ာင္းသား၊ ေက်ာင္းသူေတြရဲ႕ မိဘေတြက ဆိုၾကပါတယ္။

“ပညာမတတ္လို႔ ကြၽန္ေတာ့္လိုပဲ ပင္ပင္ပန္းပန္း မလုပ္ေစခ်င္ေတာ့ဘူး။ကေလးကို ရသေလာက္ ပညာသင္ေပးခ်င္တယ္။ဒီေက်ာင္းမွာ ထားရတာ သြားရလာရ အဆင္ေျပတယ္။ကေလးေတြကိုေတာ့ သနားတယ္။ေက်ာင္းက အရမ္းက်ဥ္းလြန္းတယ္ေလ။တကယ့္ စာသင္ေက်ာင္းနဲ႔တူတဲ့ ေက်ာင္းေလးတစ္ခုေတာ့ ျဖစ္ေစခ်င္တယ္။အလႉရွင္ေတြကိုလည္း ေမွ်ာ္ေနပါတယ္” လို႔ ဆိုပါတယ္။

လာေရာက္သင္ၾကားတဲ့ ဆရာ၊ ဆရာမေတြဟာ ခရမ္းၿမိဳ႕ကေန လာေရာက္ရတာျဖစ္ၿပီး အသြားအျပန္ ၃ နာရီေက်ာ္ ဆိုင္ကယ္ေမာင္းႏွင္ရပါတယ္။အဲ့ဒီေက်ာင္းကေလးကို မူလတန္း (ခြဲ) ေက်ာင္းအျဖစ္ အစိုးရက အသိအမွတ္ျပဳခဲ့တာဟာ တစ္ႏွစ္ေလာက္သာ ၾကာျမင့္ေနေသးၿပီး အစိုးရခန႔္အပ္တဲ့ ဆရာမႏွစ္ဦးဟာ ၂၀၁၈ ခုႏွစ္ ဇြန္လမွသာ တာဝန္ထမ္းေဆာင္ရင္း ေရာက္ရွိခဲ့တာ ျဖစ္ပါတယ္။

ျပည္နယ္နဲ႔ တိုင္း အသီးသီးရဲ႕ စာသင္ေက်ာင္းေတြမွာ အေဆာက္အဦး လိုအပ္ခ်က္ေတြ၊ ဆရာ၊ ဆရာမ လိုအပ္ခ်က္ေတြ ရွိေနေပမယ့္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းမွာရွိေနတဲ့ အစိုးရအသိအမွတ္ျပဳ စာသင္ေက်ာင္းကေလးရဲ႕ လိုအပ္ခ်က္ေတြက ျဖစ္သင့္တာထက္  မ်ားျပားေနတာဟာ အံ့အားသင့္စရာ အေျခအေနတစ္ခုပဲ ျဖစ္ပါတယ္။ဘာေၾကာင့္မ်ား ဒီေက်ာင္းကို မ်က္စိေမွာက္ခဲ့ၾကပါသလဲ။

ဦးသိန္းစိန္ အစိုးရ စတက္တဲ့အခ်ိန္ ၂၀၁၂-၁၃ ဘ႑ာႏွစ္မွာ ပညာေရးအသုံးစရိတ္ ၇၆၁ ဘီလ်ံ ရွိခဲ့ၿပီး ႏွစ္စဥ္ တိုးျမႇင့္သုံးစြဲခဲ့ၾကပါတယ္။၂၀၁၆-၁၇ ဘ႑ာေရးႏွစ္မွာ ပညာေရးအသုံးစရိတ္ ၁၇၂၆ ဘီလ်ံ သုံးစြဲခဲ့ပါ တယ္။၂၀၁၇-၁၈ ဘ႑ာႏွစ္ ပညာေရးအသုံးစရိတ္ ၁၇၅၆ ဘီလ်ံ ရွိခဲ့ၿပီး ျပည္ေထာင္စုဘတ္ဂ်က္ရဲ႕ ၈ ဒသမ ၅၃ ရာခိုင္ႏႈန္းကို သုံးစြဲခဲ့ပါတယ္။၂၀၁၈-၁၉ ဘ႑ာေရးႏွစ္အတြက္ ပညာေရးအသုံးစရိတ္ က်ပ္ဘီလ်ံ ၂၁၀၀ ေက်ာ္ တင္ျပေတာင္းခံထားၿပီး ျပည္ေထာင္စုဘတ္ဂ်က္ရဲ႕ ၈ ဒသမ ၇၂ ရာခိုင္ႏႈန္း ေတာင္းခံထားတာ ျဖစ္ပါတယ္။

၂၀၁၄ ခုႏွစ္ သန္းေခါင္စာရင္းအရ ေက်ာက္တန္းၿမိဳ႕နယ္မွာ အသက္ (၁၁) ႏွစ္အ႐ြယ္မွ စတင္ၿပီး ေက်ာင္းတက္ေရာက္မႈႏႈန္း ေလ်ာ့က်လာတယ္လို႔ စစ္တမ္းက ထုတ္ျပန္ထားပါတယ္။
ျပည္ေထာင္စုနဲ႔ ႏႈိင္းယွဥ္ရာမွာေတာ့ ေက်ာက္တန္းၿမိဳ႕နယ္မွ မိန္းကေလးမ်ားရဲ႕ ေက်ာင္းတက္ေရာက္မႈႏႈန္းဟာ အသက္ (၁၀) ႏွစ္ေက်ာ္မွာ ပိုမိုက်ဆင္းေနတာ ေတြ႕ရွိရပါတယ္။အသက္ (၁၅) ႏွစ္ႏွင့္အထက္ စာတတ္ေျမာက္မႈ ရာခိုင္ႏႈန္းဟာ ၉၅ ဒသမ ၂ ရာခိုင္ႏႈန္းျဖစ္ၿပီး ရန္ကုန္တိုင္းေဒသႀကီးရဲ႕ စာတက္ေျမာက္မႈ ရာခိုင္ႏႈန္းဟာ ၉၆ ဒသမ ၆ ရာခိုင္ႏႈန္းထက္ နိမ့္က်ေနေပမယ့္ ျမန္မာႏိုင္ငံရဲ႕ စာတတ္ေျမာက္မႈ ရာခိုင္ႏႈန္း ၈၉ ဒသမ ၅ ထက္ ျမင့္မားေနတာကို ေတြ႕ရပါတယ္။

ရွမ္းေခ်ာင္း မူလတန္း (ခြဲ) စာသင္ေက်ာင္းကေလးဟာ ယခုႏွစ္မွသာ အစိုးရအသိအမွတ္ျပဳ ေက်ာင္းအျဖစ္ ေရာက္ရွိလာတဲ့အတြက္ လိုအပ္ခ်က္ေတြရွိေနၿပီး ၂၀၁၉-၂၀ ဘ႑ာႏွစ္မွာ ေက်ာင္းအေဆာက္အဦး ေဆာက္လုပ္ဖို႔ လ်ာထားကာ ေဆာင္႐ြက္ေနတယ္လို႔ ဒုတိယၿမိဳ႕နယ္ပညာေရးမႉး ဦးသန္းေအာင္ က ေျပာပါတယ္။

“၂၀၁၉-၂၀ က်ရင္ ေက်ာင္းအေဆာက္အဦး ေပ ၆၀ x ေပ ၃၀ ေက်ာင္းေဆာင္ ေဆာက္ေပးဖို႔ အစီစဥ္ရွိတယ္။ေလာေလာဆယ္ေတာ့ အေျခအေနဆိုးတယ္။ကြၽန္ေတာ္ေတာ့ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးကို ေျပာထားပါတယ္။နည္းနည္းျပန္ျပဳျပင္ေပးဖို႔ ေျပာထားၿပီးပါၿပီ” လို႔ ဆိုပါတယ္။

အဲဒီ့ေက်ာင္းကို မူလတန္းေက်ာင္းအျဖစ္ တိုးျမႇင့္ေလွ်ာက္ထားၿပီး ခြင့္ျပဳမိန႔္ရရွိခဲ့ရင္ ေက်ာင္းအုပ္နဲ႔ ဆရာ၊ ဆရာမေတြကို တိုးျမႇင့္ခန႔္ထားေပးမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

လာမယ့္ႏွစ္ေတြမွာ တတိယတန္းနဲ႔ စတုတၳတန္း ကေလးငယ္ေတြကို တိုးျမႇင့္လက္ခံ သင္ၾကားေပးရမွာျဖစ္ၿပီး အေဆာက္အဦး မေဆာက္လုပ္ရေသးတဲ့အတြက္ လက္ရွိအေဆာက္အဦးနဲ႔ပဲ အဆင္ေျပေအာင္ ဆက္လက္သင္ၾကားေပးရဦးမွာ ျဖစ္တယ္လို႔ စာသင္ၾကားေပးေနတဲ့ ဆရာမက ဆိုပါတယ္။

“ေနာက္ႏွစ္ဆိုရင္ ၃ တန္း၊ ၄ တန္းေတြ ထပ္ၿပီးတိုးလာမယ္။အေဆာက္အဦးက၂၀၁၉-၂၀၂၀ မွ ေဆာက္မွာဆိုေတာ့ ေနာက္မိုးတြင္းက်ရင္လည္း ဒီေက်ာင္းေလးမွာဘဲ ဆက္ၿပီးသင္ရမယ္။ေက်ာင္းသား ပိုမ်ားလာမွာျဖစ္တဲ့အတြက္ ပိုၿပီးအခက္အခဲ ျဖစ္လာမယ္” လို႔ ဆိုပါတယ္။

ေဒသခံေတြကေတာ့ အဲ့ဒီေက်ာင္းကေလးကို စာသင္ေက်ာင္းနဲ႔တူတဲ့ ေက်ာင္းေဆာင္ေလးတစ္ေဆာင္အျဖစ္ ေဆာက္လုပ္ေပးခ်င္ေနၿပီး လာေရာက္လႉတန္းလိုသူေတြကို ေစာင့္ေမွ်ာ္ေနတယ္လို႔ ဆိုပါတယ္။

“ကြၽန္ေတာ္တို႔လည္း ႏိုင္သေလာက္ စုေပါင္းၿပီး လႉတန္းၾကတယ္။အမ်ားႀကီးေတာ့ ကြၽန္ေတာ္တို႔႐ြာက မတက္ႏိုင္ဘူးေလ။အလႉရွင္ေတြကိုဘဲ ေန႔တိုင္းေမွ်ာ္ေနမိတယ္။ကေလးေတြ ပညာေတြရသြားေစခ်င္လို႔ပါ” လို႔ ဆိုပါတယ္။

ျမန္မာႏိုင္ငံမွာ ကေလးသူငယ္ေပါင္း ေျမာက္မ်ားစြာဟာ ဆင္းရဲႏြမ္းပါးမႈ၊ ေက်ာင္းတက္ေရာက္ႏိုင္တဲ့ အခြင့္အေရးနည္းပါးမႈ၊ ေဒသတြင္းပဋိပကၡ အေျခအေနေတြေၾကာင့္ စာသင္ေက်ာင္းျပင္ပကို ေရာက္ရွိသူေတြ အမ်ားအျပားရွိလို႔ေနၾကပါတယ္။ပညာကင္းမဲ့သူေတြ မ်ားလာတဲ့အခါ လူမႈအသိုက္အဝန္းအတြက္ အႏုတ္လကၡဏာေဆာင္ေစတဲ့ ဆိုးက်ိဳးေတြ ျဖစ္ေစတတ္တာေၾကာင့္ ပညာေရးကို အေလးထားႏိုင္ဖို႔ ေရတို ေရရွည္ စီမံကိန္းေတြ ေရးဆြဲကာ အေကာင္အထည္ ေဖာ္ၾကရပါတယ္။

ဘဝေပးအေျခအေနေတြနဲ႔ လတ္တေလာႀကဳံေနရတဲ့ အခက္အခဲေတြ အပါအဝင္ အစရွိတဲ့ အေျခအေနအမ်ိဳးမ်ိဳးေၾကာင့္ ကေလးသူငယ္တိုင္းကို ပညာေရးနဲ႔ မေဝးေစလိုေတာ့ပါ။ပညာေရးနယ္ပယ္ကို နက္နက္ရႈိင္းရႈိင္း တူးဆြေလ့လာၿပီး လိုအပ္ခ်က္ေတြကို အဘက္ဘက္ကေန ဝိုင္းဝန္းျဖည့္ဆည္းေပးရမွာ ျဖစ္ပါတယ္။

အေဆာက္အဦး အပါအဝင္ အေျခခံလိုအပ္ခ်က္ေတြေၾကာင့္ ေက်ာင္းေနမေပ်ာ္တဲ့ ကေလးငယ္ေတြ မျဖစ္ေစဖို႔ ဝိုင္းဝန္းလုပ္ေဆာင္ရမွာ ျဖစ္ပါတယ္။ဒါမွလည္း ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ပညာသင္ယူခြင့္ ဖန္တီးရင္း အနာဂတ္လူ႔အဖြဲ႕အစည္းအတြက္ တိုးတက္မႈ အေျခခံေကာင္းေတြကို အုတ္ျမစ္ခ်သြားႏိုင္မွာ ျဖစ္ပါေတာ့တယ္။

မင္းထြန္း (အုတ္က်င္း)
စက္တင္ဘာ - ၁၈