【ဗဟုသုတဆောင်းပါး 】 ကောင်းကင်ပေါ်က “Beidou”(ဓူဝံကြယ်) လို့ခေါ်တဲ့ တရုတ်ကမ္ဘာ့လမ်းညွှန်စနစ် အကြောင်း

【ဗဟုသုတဆောင်းပါး 】 ကောင်းကင်ပေါ်က  “Beidou”(ဓူဝံကြယ်) လို့ခေါ်တဲ့ တရုတ်ကမ္ဘာ့လမ်းညွှန်စနစ် အကြောင်း 

နက္ခတ္တဗေဒဝါသနာရှင်များသိရှိကြသည်။ကောင်းကင်ပေါ်တွင်ဇွန်းနှင့်အလားသဏ္ဍန်တူသည့် အမြဲတည်ရှိသည့် ကြယ်စင်စုရှိသည်။တရုတ်ရှေးလူကြီးများမှ ဓူဝံကြယ် ၊ခုနှစ်စဉ်ကြယ်လို့ခေါ်ဆိုကြသည်။ဓူဝံကြယ်သည် ဦးတည်ရာကိုလမ်းညွှန်သည့်အဓိပ္ပာယ်ရှိသည်။

၂၀၂၀ခုနှစ်ဇူလိုင်လ ၃၁ရက်တွင် တရုတ်နိုင်ငံမှ Beidou(ဓူဝံကြယ်) အမှတ်(၃)ကမ္ဘာလုံးဆိုင်ရာ ဂြိုဟ်တုလမ်းကြောင်းပြစနစ်အား တရားဝင်လွှင့်တင်ခဲ့သည်။ထိုဂြိုဟ်တုလမ်းကြောင်းပြစနစ်ကို ကမ္ဘာတစ်ဝန်းနိုင်ငံနှင့် ဒေသစုစုပေါင်းထက်ဝက်နှင့်အထက်တွင်အသုံးပြုနေပြီဖြစ်သည်။ တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုပမာဏသည် ယွမ်ငွေ(၄၀၀)ဘီလီယံကျော်ခဲ့ပြီဖြစ်ပါသည်။

လက်ရှိတွင်Beidou(ဓူဝံကြယ်)Systemတွင် ပတ်လမ်းအတွင်း ဝန်ဆောင်မှုဂြိုဟ်တုပေါင်း(၄၅)လုံးရှိပြီး၊ အသုံးပြုသူများအတွက် ဝန်ဆောင်မှု(၇)မျိုးဆောင်ရွက်ပေးနေသည်။တစ်ကမ္ဘာလုံးအတွက် တည်နေရာပြ ဂြိုဟ်တုလမ်းကြောင်းအချိန်ကိုက်စနစ်၊တစ်ကမ္ဘာလုံး မက်ဆေ့ပေးပို့ ဆက်သွယ်မှုနှင့်နိုင်ငံတကာကယ်ဆယ်ရေးဆိုသည့် ဝန်ဆောင်မှု(၃)မျိုး၊အာရှပစိဖိတ်ဒေသအတွက်၊ မြေပြင်အခြေခံတိုးမြှင့်ရေး၊တိကျသေချာသည့်တစ်ခုချင်း တည်နေရာနှင့် ဒေသတွင်းမက်ဆေ့ပေးပို့ဆက်သွယ်မှုဆိုသည့် ဝန်ဆောင်မှု(၄)မျိုးတို့ပါရှိပါသည်။

တစ်ကမ္ဘာလုံးဆိုင်ရာ နေရာပြတိကျမှုသည် (၁၀)မီတာအတွင်း၊ အာရှ-ပစိဖိတ်ဒေသတွင်(၅)မီတာ အတွင်း၊ အချိန်ကိုက်တိကျမှုသည်(၂၀) nsအတွင်းရှိသဖြင့် အမျိုးမျိုးသောစွမ်းဆောင်ရည်ညွှန်းကိန်းများသည် ကမ္ဘာ့အကောင်းဆုံးအဆင့်တွင်ရှိနေပါသည်။မက်ဆေ့ပေးပို့ဆက်သွယ်ရေးဝန်ဆောင်မှုသည် Beidou (ဓူဝံကြယ်) အသုံးချမှု၏ ထူးခြားသောအားသာချက်ဖြစ်ပါသည်။ထူးခြားသောအခြေအနေများတွင် အသုံးပြုသူများသည်“ငါဘယ်မှာ ရောက်နေတယ်”၊“ဘယ်လိုအကူအညီတွေလိုတယ်”ဆိုသည့် သတင်းအချက်အလက်များကို ကိုယ်တိုင်ပေးပို့နိုင်မှာ ဖြစ်ပါတယ်။

ဤအသုံးချမှုသည် အဓိကအားဖြင့် အရေးပေါ်ကယ်ဆယ်ရေး၊အန္တရာယ်ကြုံတွေ့လာလျှင် တိုင်ကြားနိုင်ရန်စသည့် လိုအပ်ချက်များအတွက်ဖြစ်ပြီး တစ်ကမ္ဘာလုံးအားသက်ရောက်နိုင်သည့် အများပြည်သူသုံးအရေးပေါ် ဝန်ဆောင်မှုပလက်ဖောင်းတည်ဆောက်ခြင်းဖြင့် ပြည်တွင်းပြည်ပအသုံးပြုသူများအား ကောင်းမွန်သော ဝန်ဆောင်မှုများပေးသွားနိုင်မည်ဖြစ်ပါသည်။

Beidou(ဓူဝံကြယ်)ဝန်ဆောင်မှုပါသည့် စမတ်ဖုန်းများ

Xiaomi၊ Huawei၊ Apple၊ Samsungစသည့်စမတ်ဖုန်းထုတ်လုပ်သူများသည်Beidou(ဓူဝံကြယ်) System အားအသုံးပြုနိုင်သည်။မီတာအဆင့်တည်နေရာပြကို အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်၊တရုတ်နိုင်ငံ ပြည်တွင်းစမတ်ဖုန်းစုစုပေါင်းထုတ်လုပ်မှုပမာဏ (၉၄.၅%) သည်Beidou အားအသုံးပြုနိုင်ပြီး သက်ဆိုင်သည့် ထုတ်ကုန်များသည် ဖုန်းအလုံးပေါင်း(၃၂၄)သန်းရှိသည်။

Beidou (ဓူဝံကြယ်)ကို တရုတ်နိုင်ငံမှာ ဘယ်လိုသုံးနေကြသလဲ။

အများပြည်သူ၏အသုံးချမှုအပိုင်းတွင် Beidou(ဓူဝံကြယ်)Systemသည် တစ်နေ့တခြားသာမန် ပြည်သူလူထု၏ နေ့စဉ်ဘဝတွင်းသို့ ပေါင်းစပ်ဝင်ရောက်နေပြီဖြစ်ပါသည်။ ဖုန်းတည်နေရာပြသာမက တရုတ်နိုင်ငံမြို့ပေါင်းများစွာတွင် ကားလမ်းကြောင်းအဆင့် ဂြိုဟ်တုလမ်းပြစမ်းသပ်အသုံးချမှုဆောင်ရွက်နေပြီဖြစ်သည်။ လုပ်ငန်းသုံးအသုံးချမှုအပိုင်းတွင် Beidou (ဓူဝံကြယ်)Systemသည် လမ်းပန်းပို့ဆောင်ဆက်သွယ်ရေး၊ အများပြည်သူလုံခြုံရေး၊ ဘေးဒုက္ခကယ်ဆယ်ရေး၊လျော့ချရေး၊လယ်ယာသစ်တောမွေးမြူရေး စသည့်လုပ်ငန်းများအား ဘက်ပေါင်းစုံမှ ဝန်ဆောင်မှုပေးနိုင်နေပြီဖြစ်ပါသည်။အထူးသဖြင့် သိပ္ပံနည်းပညာဖြင့် ကူးစက်ရောဂါတိုက်ဖျက်ရေးတွင် Beidou (ဓူဝံကြယ်) တိကျတည်နေရာပြသမှုသည် ကူးစက်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ ထောက်ပံ့မှုထိရောက် စေနိုင်ရန် ကူညီပေးခဲ့ပါသည်။

Beidou(ဓူဝံကြယ်)Systemအားအခြေခံထားသည့်JDသယ်ယူပို့ဆောင်ရေး စမတ်ပို့ဆောင်မှုစက်ရုပ်

၂၀၂၂ခုနှစ်၊၃လပိုင်းအထိ Beidou(ဓူဝံကြယ်)အဆင့်မြင့် တိကျSpatiotemporal ဝန်ဆောင်မှုသည် လစဉ်အသုံးချမှုအကြိမ်ရေ သန်း(၁၀၀) ကျော်ခဲ့ပါသည်။၎င်းတို့ထဲတွင် Beidou(ဓူဝံကြယ်)မြန်နှုန်းမြင့် ထောက်ပံ့တည်နေရာပြ ဝန်ဆောင်မှုတောင်းဆိုချက်သည် အကြိမ်ရေဘီလီယံ(၆၀) ကျော်ခဲ့ပါသည်။

၂၀၂၁ခုနှစ်၊နှစ်ကုန်ပိုင်းအထိ လမ်းအသုံးပြုယာဉ်ပေါင်း(၇.၉)သန်းသည် Beidou(ဓူဝံကြယ်) Systemအား တပ်ဆင် အသုံးပြုခဲ့ပြီး အမျိုးအစားစုံ Beidou(ဓူဝံကြယ်) Terminalပေါင်း(၈၀၀၀)ကျော်သည် မီးရထားလမ်းနယ်ပယ်တွင် ကျယ်ပြန့်စွာအသုံးမှုလာပြီဖြစ်ပါသည်။ Beidou (ဓူဝံကြယ်) Systemအား အခြေခံသည့် လယ်ယာသုံးအလိုအလျောက်မောင်းနှင်စနစ်သည် အစီးရေ(၁)သိန်း/ တစ်စုံဖြင့်၊ အစုံရေ(၁၅၀၀၀)ကျော်အား သစ်တောမီးဘေးကာကွယ်ရေးတွင် အသုံးပြုနေပြီဖြစ်သည်။

အာရှ၊အာဖရိကနိုင်ငံများတွင် Beidou(ဓူဝံကြယ်) ၏ တွင်ကျယ်မှု

တရုတ်နိုင်ငံသည် Beidou System ကမ္ဘာသို့ ပွင့်လင်းမှုရှိစေရေးကို လက်ကိုင်ထားဆောင်ရွက်ခဲ့ပြီး Beidou System အား ကမ္ဘာတစ်ဝန်းရှိ အများပြည်သူသုံးလေကြောင်းအသုံးပြုသူများအတွက် အခြေခံဂြိုဟ်တု လမ်းကြောင်းပြ ဝန်ဆောင်မှုအား အခမဲ့ပံ့ပိုးပေးသွားမည်ဟုကတိပြုထားသည်။

ထို့ပြင်၊Beidou(ဓူဝံကြယ်)System၏ မြေယာအတည်ပြုချက်၊တိကျသေချာသည့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ စမတ်ဆိပ်ကမ်းစသည့် လုပ်ငန်းပိုင်းဖြေရှင်းချက်များသည် အာဆီယံ၊တောင်အာရှ၊ အရှေ့ဥရောပ၊အနောက် အာရှ၊ အာဖရိကစသည့်ဒေသမှ နိုင်ငံအသီးသီး၏ စီးပွားရေးလူ့ဘောင်အဖွဲ့ အစည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ဆောင်မှုများပေးနေပြီဖြစ်သည်။ Beidou(ဓူဝံကြယ်)ထုတ်ကုန်များသည် တစ်ကမ္ဘာလုံးမှ နိုင်ငံနှင့်ဒေသတစ်ဝက်နှင့်အထက်တွင် အသုံးပြုနေပြီဖြစ်ပါသည်။

မြန်မာနိုင်ငံ

၂၀၁၃ခုနှစ်၊မြန်မာ့လယ်ယာလုပ်ငန်းတွင် အဆင့်မြင့်တိကျ Beidou(ဓူဝံကြယ်) Terminalအစုံ (၅၀၀)ခန့် အသုံးပြုနေပြီဖြစ်ပါသည်။ဤအသုံးပြုမှုသည် အရှေ့တောင်အာရှနိုင်ငံများတွင် လယ်ယာလုပ်ငန်းအချက်အလက် စုစည်းမှု၊ မြေယာအတည်ပြုမှု စီမံခန့်ခွဲရေးတွင် ပထမဆုံးသော အများအပြားအသုံးချမှုဖြစ်ပါသည်။

လာအိုနိုင်ငံ

Beidou System လာအိုနိုင်ငံသို့ ရောက်ရှိပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာအရ မြေယာအတည်ပြုမှု စီမံကိန်း ပုံစံဒီဇိုင်းရေးဆွဲခြင်း၊မြေအနေအထားတိုင်းထွာမြေပုံစသည့် ထိန်းချုပ်တိုင်းထွာမှုအများအတွက် နည်းလမ်းသစ်များ ပံ့ပိုးပေးနိုင်ခဲ့ပြီး သမားရိုးကျဗဟိုရုံးမှ ထိန်းချုပ်ဆောင်ရွက်သည့် နည်းလမ်းအား တဖြည်းဖြည်းချင်း အစားထိုးနိုင်ခဲ့သဖြင့် လာအိုနိုင်ငံမြေယာစစ်ဆေးမှု၊ မြေယာစီမံခန့်ခွဲမှုနှင့် သက်ဆိုင်ရာတရားဥပဒေများ၏ ရေးဆွဲမှုများအတွက် မူလလက်ရင်းအထောက်အထားနှင့် သိပ္ပံနည်းပညာအခြေခံများအား ပံ့ပိုးပေးနိုင်ခဲ့ပါသည်။ 

ကမ္ဘောဒီးယားနိုင်ငံ

Beidou- System ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိလာပြီးနောက် ကမ္ဘောဒီးယားနိုင်ငံ အစိုးရဌာနများ၏ ဘက်စုံစီမံချက်၊ နိုင်ငံမြေယာပြုပြင်ရေးစောင့်ကြည့်ရေး၊ အခြေခံအဆောက်အအုံတည်ဆောက်ရေး၊ဂေဟစနစ် ပတ်ဝန်းကျင်စောင့်ကြည့်ရေးစသည်တို့အတွက် ပိုမိုပြီးပြည့်စုံသည့် အခြေခံသတင်းအချက်အလက်များ ပံ့ပိုးပေးနိုင်ခဲ့ပြီး အဆင့်မြင့် တိကျဝန်ဆောင်မှုသည် အစိုးရအခြေခံအဆောက်အအုံ တည်ဆောက်ရေးအတွက်မရှိမဖြစ် လိုအပ်သည့်အဓိက နည်းပညာတစ်ရပ်ဖြစ်လာခဲ့ပါသည်။

ထိုင်းနိုင်ငံ

Beidou(ဓူဝံကြယ်)မှ ပံ့ပိုးပေးသည့် တိကျဂြိုဟ်တုလမ်းကြောင်း ဝန်ဆောင်မှုသည် ထိုင်းနိုင်ငံကုန်ပစ္စည်း တင်ပို့မှုအတွက် ပိုမိုထိရောက်သော သယ်ယူပို့ဆောင်ရေးစီမံခန့်ခွဲမှုနှင့် သယ်ယူပို့ဆောင်ရေး လုံခြုံမှုတို့အားဖြေရှင်း နိုင်မည့်နည်းလမ်းများ ပံ့ပိုးပေးနိုင်ခဲ့ပြီး တရုတ်-ထိုင်းကုန်သွယ်မှုအတွက်လုံခြုံ စိတ်ချမှုရှိလာစေခဲ့ပါသည်။

ပါကစ္စတန်နိုင်ငံ

၂၀၁၄ခုနှစ်၊တရုတ်နိုင်ငံ၏ ပထမဆုံးသော Beidou(ဓူဝံကြယ်)ပင်လယ်ရပ်ခြား ကွန်ရက်ချိတ်ဆက်မှု စီမံကိန်းအဖြစ် ပါကစ္စတန်နိုင်ငံတည်နေရာ ဝန်ဆောင်မှုကွန်ရက် ပထမအဆင့်စီမံကိန်းအား ကရာချိတွင် တည်ဆောက်ခဲ့ပြီး ထိုဒေသ၏ အခြေခံမြေအနေအထားတိုင်းထွာမှု၊မြေယာစီမံခန့်ခွဲမှု၊ လမ်းပန်းဆက်သွယ်ပို့ဆောင်မှုနှင့် ဆိပ်ကမ်းစီမံမှုစသည့်လုပ်ငန်းများ ပြီးပြည့်စုံစေရန်အတွက် ကူညီပေးနိုင်ခဲ့ပါသည်။ပါကစ္စတန်နိုင်ငံသည် ပထမအသုတ် Beidou  System အား တင်သွင်းသည့်နိုင်ငံဖြစ်ခဲ့ပါသည်။

ကူဝိတ်နိုင်ငံ

၂၀၁၅ခုနှစ်၊Beidou  Systemအား အခြေခံသည့်အဆင့်မြင့် တိကျလက်ခံပို့လွှတ်ဆက်အား ကူဝိတ်နိုင်ငံတော်ဗဟိုဘဏ်မီတာ(၃၀၀)မြင့်သည့် တာဝါကြီးပေါ်တွင် တည်ဆောက်ခဲ့ပြီး လုပ်ငန်းခွင်ဆောင်ရွက်ချိန်တွင် ဒေါင်လိုက်အနေအထား မီလီမီတာအဆင့်တိုင်းထွာမှု ကွာခြားချက်အား အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။ ဤသည် မှာ Beidou(ဓူဝံကြယ်)အား ပထမဆုံးသော ပင်လယ်ရပ်ခြားတွင် အထပ်မြင့်အဆောက်အအုံ တိုင်းထွာမှု အပိုင်း၌ အသုံးချမှုဖြစ်ပါသည်။

 မော်လ်ဒိုက်နိုင်ငံ

၂၀၁၈ခုနှစ်၊Beidou Systemသည် မော်လ်ဒိုက်နိုင်ငံ၊ အာရာဟေကျွန်းပင်လယ်တွင်း ပိုင်ရိုက်စီမံကိန်းတွင် ပါဝင်ခဲ့ပြီး၁၂ရာသီပတ်လုံး၊ အဆင့်တိကျသည့် ဝန်ဆောင်မှုအား ပံ့ပိုးပေးနိုင်သဖြင့် ပင်လယ်တွင်းပိုင်ရိုက် စမတ်စနစ် ထိန်းချုပ်မှု၊ လုပ်ငန်းဆောင်ရွက်မှု ရုပ်ပုံဖန်တီးမှု၊ အဆင့်မြင့်တိကျသည့် လုပ်ငန်းဆောင်ရွက်မှုများအား အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။

ယူဂန်ဒါနိုင်ငံ

ယူဂန်ဒါနိုင်ငံတွင်လည်း Beidou(ဓူဝံကြယ်)အဆင့်မြင့် တိကျလက်ခံပို့ လွှတ်စက်အား အသုံးပြုကာ ယူဂန်ဒါနိုင်ငံ မြေယာတိုင်းထွာရေးဆွဲမှုတွင် အသုံးပြုခဲ့သည်။

ဇမ်ဘီယာနိုင်ငံ

ဇမ်ဘီယာWidewayသည် ဆာလဖူရစ်အက်ဆစ် အထူးပြုသယ်ယူပို့ဆောင်သောကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ တင်းကျပ်စွာထိန်းချုပ်ထားသော အန္တရာယ်ဖြစ်စေနိုင်သည့် ပစ္စည်းပို့ဆောင်မှု၏လိုအပ်ချက်အရ Beidou (ဓူဝံကြယ်)အဆင့်မြင့် တိကျတည်နေရာပြ နည်းပညာအား အခြေခံထားပြီး သယ်ယူပို့ဆောင်သောယာဉ်၊ ယာဉ်မောင်းနှင့် အန္တရာယ်ဖြစ်စေနိုင်သောပစ္စည်းတို့၏ အခြေအနေများအား အချိန်ကိုက် နောက်ယောင်ခံခြင်းနှင့် ထိန်းချုပ်မှုများဆောင်ရွက်နေပါသည်။

တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းကာကွယ်ရေးနှင့် အာဖရိကတိုက်

ဆိုက်ဘေးရီးယားကျား“ဝမ်ဒါတောင်အမှတ်(၁)”အားသဘာဝအခြေအနေသို့ပြန်လည်လွှတ်ပေးခဲ့ပါသည်။ကျားကြီးတွင်Beidou(ဓူဝံကြယ်) နောက်ယောင်ခံလည်ပတ်တပ်ဆင်ထားပြီး တစ်နာရီခြားတစ်ခါ တည်နေရာအချက်အလက်အား ပေးပို့ပေးကာ ဆိုက်ဘေးရီးယားကျား၏ နေထိုင်မှုဓလေ့များအား နောက်ယောင်ခံလိုက် သုတေသနပြုခဲ့ပါသည်။နောက်တစ်ဆင့်အနေဖြင့် အာဖရိကတိုက်၏ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းကာကွယ်ရေးတွင်လည်း Beidou(ဓူဝံကြယ်) ဂြိုဟ်တုတည်နေရာပြအား ဆက်လက်အသုံးပြုသွားမည်ဖြစ်ပါသည်။