【 ဆောင်းပါး 】 “အောင်မြင်မှု အလှမ်းဝေးနေဦးမယ့် ပညာရေးစနစ်သစ်”

【 ဆောင်းပါး 】 “အောင်မြင်မှု အလှမ်းဝေးနေဦးမယ့် ပညာရေးစနစ်သစ်”

၂၀၁၉ သြဂုတ်လ ၁၂ ရက်နေ့မှာ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားမှာ အတိုင်ပင်ခံအနေနဲ့ “ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မတို့ရဲ့ အစိုးရကျောင်းတွေကို အများကြီးတိုးတက်စေချင်တယ်။ပိုက်ဆံရှိတဲ့ မိဘများဟာ သူတို့သားသမီးတွေကို ပုဂ္ဂလိကကျောင်းတွေကို လွှတ်တယ်ဆိုတဲ့ အစဉ်အလာကြီး ကျွန်မအားမပေးချင်ပါဘူး” လို့ ပြောသွားပါတယ်။အခု အစိုးရကျောင်းတွေနဲ့ ပုဂ္ဂလိကကျောင်းတွေရဲ့ အဆင့်အတန်းဟာ အဖက်ဖက်မှာ အလွန်ကွာခြားနေတာကိုတော့ မယှဉ်ပြလိုတော့ပါဘူး။အခြေခံပညာရေးကဏ္ဍရဲ့ စနစ်သစ်ရဲ့ လိုအပ်ချက်တွေကိုပဲ ပြောချင်ပါတယ်။

အခု ဒီမိုကရေစီလမ်းစပေါ် လျှောက်လှမ်းနေတဲ့အချိန်မှာ အဆင်းရဲဆုံးနိုင်ငံ၊ လူနေမှုအဆင့်အနိမ့်ကျဆုံး နိုင်ငံအဖြစ် သတ်မှတ်ခံခဲ့ရမှုတွေကနေ ပြန်မြင့်တက်လာအောင် လုပ်ဆောင်နိုင်ရတော့မှာပါ။ကျွန်တော်တို့ နိုင်ငံကို အဆိုးဝါးဆုံး အခြေအနေကနေ အခြေခံကျကျ ပြန်လည်ပြုပြင် တည်ဆောက်နိုင်ဖို့ လိုပါပြီ။လတ်တလောပြုပြင်ရမယ့် အစိတ်အပိုင်းတွေ ရှိနေသလို၊ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ရမယ့် အစိတ်အပိုင်းကလည်း အလွန်အရေးကြီးပြီး ပြုပြင်တည်ဆောက်ရမှာပါ။အဲဒီအရေးကြီးအစိတ်အပိုင်းက ပညာရေးပဲဖြစ်ပါတယ်။ဒီပညာရေးအဆင့်အတန်းကလည်း ကမ္ဘာပေါ်မှာ အနိမ့်ကျဆုံး အခြေအနေမှာ ပါဝင်နေပါတယ်။

ဒီနိမ့်ကျတဲ့ အခြေအနေဖြစ်အောင် လုပ်ဆောင်ခဲ့တာကို ပြောမယ်ဆိုရင်လည်း အာဏာရှင်ခေတ်မှာ ပညာရေးစနစ်ကို ဖျက်ဆီးထားလို့ဖြစ်တယ်ဆိုတာ အားလုံးသိပါတယ်။တိုင်းပြည်ကို အာဏာရှင်တက်လာပြီးတဲ့ အချိန်မတိုင်ခင်နဲ့ အာဏာရှင်တက်လာပြီး နောက်ပိုင်း ပြည်သူတွေရဲ့ ပညာရေးအဆင့်ကိုကြည့်ရင် သိနိုင်ပါတယ်။နောက်ဆုံး အခုလက်ရှိအခြေအနေမှာ ပညာရေးအဆင့်ဟာ အလွတ်ကျက်ဖြေပ ညာရေးအဆင့်လောက်အထိ နိမ့်ကျနေပါပြီ။ဒါကို အခုလက်ရှိ အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြောခဲ့ဖူးတာရှိပါတယ်။ဒေါ်အောင်ဆန်းစုကြည် အတိုက်အခံခေါင်းဆောင်ဖြစ်နေတဲ့ ၂၀၁၁ ခုနှစ်မှာ လှိုင်သာယာ၊ အမေ့အိမ် ပညာဒါနစာသင်ကျောင်းကို သွားတဲ့အချိန်က “မိမိတို့နိုင်ငံမှာ ကျောင်းသူ၊ ကျောင်းသားတွေကော၊ မိဘတွေပါ စိတ်ချမ်းသာစေတဲ့ ပညာရေးစနစ်ကောင်းတစ်ခု ဖြစ်ပေါ်ဖို့လိုတယ်” လို့ ပြောခဲ့သလို၊ အခု နိုင်ငံအစိုးရခေါင်းဆောင် ဖြစ်တဲ့အချိန်မှာ “မြန်မာနိုင်ငံရဲ့ အလွတ်ကျက်ဖြေ ပညာရေးစနစ်ဟာ ခေတ်မမှီတော့ကြောင်း၊ ကျောင်းသားတွေကို နားလည်အောင်သင်ပေးဖို့ ပြန်လည်လုပ်ဆောင်ရမယ်” လို့ ပြောခဲ့ပါတယ်။ဒါ့အပြင် တိုင်းပြည်ရဲ့ အနာဂတ်ဟာ ပညာရေးအပေါ်မှာ မူတည်နေတာကြောင့် ဆရာ၊ ဆရာမတွေအပေါ်မှာလဲ များစွာမူတည်နေကြောင်း ပြောဆိုခဲ့တာကို တွေ့ရပါတယ်။

အခုအချိန်မှာ ပညာရေးဝန်ကြီးဌာနက အခြေခံပညာရေး စနစ်သစ်ကို G+12 ပညာရေးစနစ်သစ်ဆိုပြီး ပြဋ္ဌာန်းလိုက်ပါတယ်။အခု ၂၀၁၉, ၂၀၂၀ ပညာသင်နှစ်မှာ Grade 6 သင်ရိုးသစ်ကို ပြောင်းလဲသင်ကြားနေပါတယ်။ဒီလိုပညာရေးစနစ်သစ် ပြောင်းလဲပြဋ္ဌာန်းတာကတော့ ကောင်းမွန်တဲ့ စီမံချက်တစ်ခု ဖြစ်ပါတယ်။ဒါပေမယ့် ပြောင်းလဲပြဋ္ဌာန်းတဲ့ ပညာရေးစနစ်ဟာ အချိန်ယူပြီး ဆရာ၊ ဆရာမတွေကို လေ့ကျင့်မပေးနိုင်ပဲ ကာလတိုလေး သင်တန်းပေးလိုက်ပါတယ်။ဒီကာလတိုသင်တန်းမှာလည်း ကျောင်းသားတွေကို ပြန်လေ့ကျင့် သင်ကြားပေးနိုင်လောက်အောင် မပြည့်စုံခဲ့ပါဘူး။ကာလတိုပညာရေးစနစ်သစ်ရဲ့ သင်ရိုးသစ်ကို ကျောင်းသားတွေကို ပြန်သင်နိုင်ဖို့ ဆရာ၊ ဆရာမတွေကို သင်တန်းပို့ချတဲ့ ဆရာ၊ ဆရာမကြီးတွေကိုယ်တိုင် လွဲချော်နေမှုတွေ တွေ့ရပါတယ်။ဥပမာ ဆရာ၊ ဆရာမကြီး တတ်မြောက်ထားတဲ့ အဓိကဘာသာတွေနဲ့ လက်တွေ့သင်ကြားလိုက်ရတာတွေ မတူညီတော့ ကျွမ်းကျင်မှုတွေ အခက်အခဲဖြစ်ခဲ့ကြပါတယ်။

လက်ရှိ မြန်မာ့ပညာရေးစနစ်သစ် ပြုပြင်ပြောင်းလဲမှုမှာ ဆရာ၊ ဆရာမများရဲ့ ကဏ္ဍက အလွန်အရေးပါနေပါတယ်။ဆရာတွေကို အဓိကထားပြီး ပညာရေးစနစ်ကို ပြောင်းလဲနိုင်မယ်ဆိုရင်၊ စာမေးပွဲဖြေပြီး အတန်းပြောင်းရေးဆိုတာ မလိုအပ်တော့တဲအဆင့် ရောက်သွားပါလိမ့်မယ်။ဆရာတွေရဲ့ သင်ပြနိုင်မှုနဲ့ ကျောင်းသားတွေ ဘယ်လောက်တတ်ကျွမ်းခဲ့သလဲ၊ ဘယ်လောက်နားလည်ခဲ့သလဲဆိုတာ စစ်ဆေးတဲ့ပုံစံမျိုးနဲ့ တိုင်းတာနိုင်ပါလိမ့်မယ်။ဒါက ဆရာတွေရဲ့ အရည်အသွေး မြင့်တင်ပေးခဲ့တဲ့ အကျိုးရလဒ်တွေ ဖြစ်ပါလိမ့်မယ်။ကျောင်းသားတွေအနေနဲ့ ပညာရေးတိုးတက်လာမှုတွေက တိုင်းပြည်အနာဂတ်ကို ပြဆိုပါလိမ့်မယ်။ကျောင်းသားတွေရဲ့ အတွေးအခေါ်တွေ မြင့်တက်ရှင်သန်လာနိုင်တာတွေကလည်း ကျွန်တော်တို့ တိုင်းပြည်အတွက် အနာဂတ်ကို ဦးဆောင်နိုင်သူတွေ ဖြစ်လာနိုင်ပါတယ်။ပြောမယ်ဆိုရင် ပြဋ္ဌာန်းစာအုပ်ဆိုတာ အလွတ်ကျက်တာထက် စဉ်းစားတွေးခေါ်မှုတွေ ရှင်သန်လာနိုင်အောင် ဆိုတာကိုလည်း ဆရာတွေရှင်းပြပြီး ကျောင်းသားတွေ သိနားလည်လာဖို့ ဖြစ်ပါလိမ့်မယ်။

ဒီလိုအလွန်အရေးပါနေတဲ့ ဆရာ၊ ဆရာမတွေကို အခြေခံလေ့ကျင့်သင်ကြားမှုကို အနည်းဆုံး တစ်နှစ်သင်တန်းပေးဖို့ လိုအပ်ပါလိမ့်မယ်။သူတတ်ကျွမ်းတဲ့ ဘာသာအလိုက် သင်တန်းပို့ချနိုင်မယ့် ဆရာ၊ ဆရာမတွေ လိုအပ်ပါလိမ့်မယ်။နောက် တခြားနိုင်ငံတွေရဲ့ ပညာရေးစနစ်ကို လေ့လာပြီး စီမံချက်ကို စနစ်တကျဖော်ဆောင်နိုင်ဖို့လည်း လိုအပ်နေပါတယ်။

ကမ္ဘာပေါ်မှာ ပညာရေးစနစ်ကို အကောင်းဆုံးပုံဖော်နိုင်ခဲ့တဲ့ စကာၤပူနိုင်ငံ၊ ဟော်လန်နိုင်ငံ၊ ဖင်လန်နိုင်ငံ….အစရှိသဖြင့် လေ့လာအတုယူနိုင်ဖို့ လိုပါတယ်။ဥပမာ ဖင်လန်နိုင်ငံမှာ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲရေး လုပ်တဲ့ပုံစံကို ပြောချင်ပါတယ်။ပညာရေးစနစ်ကို ပြန်ပြီးပြုပြင်ပြောင်းလဲဖို့အတွက် အဓိက ဆရာ၊ ဆရာမတွေကို ရွေးချယ်မယ့် မူတစ်ခုကို ချမှတ်ခဲ့ပါတယ်။ဆရာ၊ ဆရာမတွေ ရွေးချယ်တဲ့နေရာမှာ ပရိုဆန်ဆန် ရွေးချယ်ခဲ့ပါတယ်။ကျောင်းသားတွေကို သင်ပေးမယ့် ဆရာတွေကို တိုင်းပြည်အနာဂတ် ရှင်သန်လာနိုင်အောင် ပြုစုပျိုးထောင်သူတွေအဖြစ်သာမကပဲ၊ လူ့အရင်းအမြစ်ကို သေချာသိပြီး ပုံဖော်ပေးနိုင်တဲ့သူတွေအဖြစ် သဘောထားခဲ့တာကို တွေ့ရပါတယ်။ဒီလိုအရည်အချင်းရှိတဲ့သူတွေဟာ သာမန်ဘွဲ့လောက်ရရုံနဲ့ မဖြစ်ပါဘူး။မာစတာဘွဲ့ရတွေကို ရွေးချယ်ပြီး ဆရာ၊ ဆရာမ တာဝန် အပ်နှင်းခဲ့ပါတယ်။ဆရာအလုပ်ဆိုတာ လေးစားလောက်တဲ့ အလုပ်ဆိုတာထက် တကယ်ပညာအရည်အချင်းပါရှိမှ ရွေးချယ်ခဲ့တာပါ။ပညာအရည်အချင်းရှိသူတွေ ဖြစ်တဲ့အပြင်၊ လေးစားစရာကောင်းတဲ့ ဥယျာဉ်မှူးတွေအဖြစ် အရင်ဆုံး ရွေးချယ်တည်ဆောက်ခဲ့ပါတယ်။ဒီ ဆရာ၊ ဆရာမတွေကိုလည်း လစာအမြင့်ဆုံး ပေးခဲ့ပါတယ်။

ပြောမယ်ဆိုရင် ပြည်သူတစ်ယောက်ဟာ စားဝတ်နေရေးအတွက် မပူမပင်၊ မတောင့်တ မကြောင့်ကြရပဲ နေထိုင်မယ်ဆိုရင် သူယူထားတဲ့ အလုပ်တာဝန်အပေါ်မှာ အာရုံစိုက် လုပ်ဆောင်နိုင်ပါလိမ့်မယ်။အဲဒီလို ဆရာ၊ ဆရာမ တစ်ယောက်ချင်းစီရဲ့ ဘဝပြည့်စုံနိုင်အောင် အစိုးရအနေနဲ့ တာဝန်ယူရပါလိမ့်မယ်။ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို လစာပေးနိုင်မှု နည်းပါးနေပါတယ်။ကျောင်းသားတွေအတွက် ချမှတ်ထားတဲ့ ပညာရေးကို တိုးတက်နိုင်ဖို့ အမြဲအာရုံစိုက် သင်ကြားပေးနေနိုင်မယ်ဆိုရင် အလွတ်ကျက်ဖြေစနစ်၊ ကျူရှင်စနစ်ဟာ အလိုလိုပျောက်ကွယ်သွားပါလိမ့်မယ်။ကျောင်းသားတွေအတွက် ဆရာဆိုတာ ပြုစုပျိုးထောင်ပေးတဲ့ ဥယျာဉ်မှူးတွေလို့ ပြောရပါလိမ့်မယ်။အတန်းစာတွေ သင်ရုံသာမက၊ ဉာဏ်ပညာတွေ ပိုမိုကောင်းမွန်လာအောင်လည်း လေ့ကျင့်ပေးနိုင်သူတွေလဲ ဖြစ်ပါတယ်။ဉာဏ်ရည်ထက်မြက်လာတာကလည်း အလွတ်ကျက်ဖြေပုံစံနဲ့ ရနိုင်ပါတယ်။ဉာဏ်ပညာတွေတင်မက တွေးခေါ်နိုင်စွမ်းတွေအတွက် စာသင်ခန်းပြင်ပ ဗဟုသုတတွေကိုလည်း လမ်းညွှန်ပြောပြနိုင်တဲ့လူတွေ ဖြစ်ဖို့လိုပါတယ်။

နောက်တစ်ချက်အနေနဲ့ ပြောရရင် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေ မလုံလောက်တဲ့ အခက်အခဲတွေကိုလည်း တွေ့ရပါတယ်။နယ်တွေမှာရှိတဲ့ ကျောင်းတွေကို ကြည့်လိုက်မယ်ဆိုရင် မူလတန်းကျောင်းတွေမှာ ဆရာ၊ ဆရာမ နှစ်ယောက် သုံးယောက်လောက်ပဲ ရှိနေတာကို တွေ့ရပါတယ်။ပြည်နယ် တိုင်းဒေသကြီးတွေမှာ ကျောင်းတွေ အဆင့်တိုးနေတာတွေနဲ့ နှိုင်းယှဉ်ရင် ဆရာ၊ ဆရာမတွေ အသစ်မခန့်ထားနိုင်တဲ့ အခက်အခဲတွေ တွေ့ရပါတယ်။ဆရာခန့်ထားရေး ကိစ္စတွေမှာလည်း ပြဿနာအများအပြား ရှိနေပါတယ်။မူလတန်းကျောင်း တစ်ကျောင်းမှာ ကျောင်းအုပ်တစ်ယောက်နဲ့ ဆရာ၊ ဆရာမ ငါးယောက်ရှိနေရပါမယ်။နယ်ကျေးရွာ ကျောင်းတွေမှာ အဓိကလိုအပ်နေပါတယ်။ဆရာ၊ ဆရာမတွေ လိုအပ်ချက်ကလည်း ပညာရေးစနစ်သစ်ကို ပြောင်းလဲနိုင်ဖို့ အခက်အခဲကြီးတစ်ခုပါပဲ။အခြေခံပညာရေးအဆင့်မှာ ကြည့်မယ်ဆိုရင် ကျောင်းဆောင် လေးသောင်းကျော် လိုအပ်နေပါတယ်။ပညာရေးဝန်ကြီးဌာနက အလွန်ဆုံး ကျောင်းဆောင် လေးထောင်ကျော် ငါးထောင်နီးပါးသာ ဖြည့်ဆည်းပေးနိုင်တဲ့ အခြေအနေရှိပါတယ်။ဒါ့ထက် ပိုအရေးကြီးတာက အစိုးရကျောင်းတွေမှာ ဆရာ/ဆရာမနဲ့ ကျောင်းသားအချိုး အလွန်ကွာခြားနေတာကို တွေ့ရပါတယ်။

အခုပညာရေးစနစ်သစ်ကို ပြောင်းလဲပြဋ္ဌာန်းလိုက်တယ်ဆိုပေမယ့်၊ အလွတ်ကျက်ဖြေ ပညာရေးစနစ်အပြင် ပြည်သူတွေရော၊ ကျောင်းသားတွေပါ ကြပ်တည်းမှုဖြစ်စေတဲ့ စာကျက်ဝိုင်းတွေ၊ ကျူရှင်စနစ် ကြီးထွားမှုတွေကိုလည်း ပပျောက်အောင် မဆောင်ရွက်နိုင်သေးတာကို တွေ့နေရပါတယ်။အစိုးရအဖွဲ့မှာလည်း ပညာရေးကို တကယ်အတွေးအခေါ်ရှိပြီး၊ အနာဂတ်ကို မျှော်တွေးနိုင်မယ့် ပုဂ္ဂိုလ်တွေမရှိသေးဘူးလို့ ဆိုရမှာပါ။မဟာဗျူဟာကျကျ စီမံကိန်းကို ရေးဆွဲနိုင်ဖို့အတွက်လည်း ပြည်သူတွေ လေးစားကြည်ညိုရတဲ့ ပညာရှင်ကြီးတွေကို နေရာမပေးနိုင်သေးတဲ့ အပေါ်မှာလည်း ပြည်သူတွေအတွက် ဝေဖန်စရာတွေ ဖြစ်နေပါတယ်။ပညာရေးစနစ် တတ်သိပညာရှင်ကြီးတွေနဲ့ ဝေဖန်ရေးဆရာတွေ၊ မီဒီယာတွေကလည်း အတော်ဝေဖန် ထောက်ပြခဲ့ကြပါတယ်။ပြည်သူတွေရဲ့ ညည်းညူသံတွေလည်း ထွက်ပေါ်နေပါသေးတယ်။လက်ရှိ ပညာရေးစနစ် လွဲချော်နေမှုတွေကို လက်ရှိ ပညာရေးလောကအတွင်းမှာရှိတဲ့ ဆရာ၊ ဆရာမတွေကိုယ်တိုင် ဘဝင်မကျမှုတွေ ဖြစ်ပေါ်နေပါတယ်။

အခုအချိန်မှာ နိုင်ငံအနာဂါတ်အတွက် တိကျကောင်းမွန်တဲ့ ပညာရေးစနစ်တစ်ခု အခိုင်အမာရေး ဆွဲချမှတ်ထားဖို့ လိုနေပါတယ်။ပညာရေးစနစ်ရဲ့ အဓိကအရေးအကြီးဆုံး ပင်မအစိတ်အပိုင်းက ဆရာများနဲ့ ကျောင်းသားတွေပဲ ဖြစ်ပါတယ်။စာသင်ကျောင်းဆောင် (အဆောက်အဦး)၊ သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေတာထက် ပိုအရေးကြီးပါတယ်။ဒီပညာရေးစနစ်ဟာ ကျွန်တော်တို့နိုင်ငံမှာ အရင်းအမြစ်ဖြစ်တဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးလာအောင် ဆောင်ရွက်မှုတစ်ခုလည်း ဖြစ်ပါတယ်။လူသားအရင်းအမြစ်ကို အကျိုးရှိအောင် ဖော်ထုတ်နိုင်ဖို့ဆိုတာလည်း အင်မတန်အရေးပါပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လဲ အတိုင်ပင်ခံပုဂ္ဂိုလ်က “အခြေခံပညာကဏ္ဍမှာ ပညာရေးဝန်ကြီးဌာနက သင်ရိုးညွှန်းတမ်းသစ် အစားထိုးခြင်းနဲ့ စနစ်သစ်ပြောင်းဖို့ ကြိုးစားနေပေမယ့် ပိုမိုကြိုးစားဖို့ လိုအပ်ကြောင်း” ကို သတိပေးပြောကြားလိုက်ပါတယ်။

ဒီအချိန်မှာ ပညာရေးစနစ်ကို ပြန်ပြုပြင်နိုင်ရမယ့် အချိန်ဖြစ်ပါတယ်။ဒီမိုကရေစီစနစ်ကို စတင်ပုံဖော်နေတာနဲ့အညီ၊ ပွင့်လင်းမြင်သာမှု ရှိနေတဲ့အချိန်မှာ တိုင်းပြည်အတွက် အခြေခံအကျဆုံး ပညာရေးစနစ်ကို စနစ်တကျ စီမံကိန်းရေးဆွဲပြီး ပြုပြင်နိုင်ရပါတော့မယ်။ပြောခဲ့သလို ကျွန်တော်တို့ တိုင်းပြည်အတွက် အနာဂတ်ကိုပါ မျှော်တွေးပြီး အနာဂတ်ပန်းတွေ ရှင်သန်ပွင့်ဖူးလာနိုင်အောင် ဥယျာဉ်မှူးကောင်းတွေကို ဖော်ထုတ်ဖို့ အဓိကကျနေပါပြီ။

ဒီဥယျာဉ်မှူးတွေဟာ တိုင်းပြည်ရဲ့ အမြင့်ဆုံးဝန်ထမ်းတွေအဖြစ် ဂုဏ်သိက္ခာအရရော၊ တတ်ကျွမ်းမှုအပိုင်းတွေမှာပါ ပြည့်စုံနေမယ်ဆိုရင် စနစ်တကျ ဖျက်ဆီးထားခဲ့တဲ့ ပညာရေးစနစ်ဟာ တဖြေးဖြေးကောင်းမွန်တိုးတက်လာနိုင်ပါလိမ့်မယ်။အခု သင်ရိုးသစ်တွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ပြန်သင်ပြဖို့အတွက်တော့ ဆရာ၊ ဆရာမတွေ အရည်အချင်းပြည့်စုံအောင် လေ့ကျင့်ပေးဖို့ လိုအပ်နေပါတယ်။ဒီလိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ပဲ သင်ရိုးသစ်တွေကို ပြဋ္ဌာန်းခဲ့တာတွေက အခြေခံပညာရေး စနစ်သစ် အောင်မြင်ဖို့ အလှမ်းဝေးနေပါလိမ့်ဦးမယ်။

မြတ်လှိုင်း
သြဂုတ် - ၂၄

( Zawgyi )

၂၀၁၉ ၾသဂုတ္လ ၁၂ ရက္ေန႔မွာ ေနျပည္ေတာ္မွာ က်င္းပခဲ့တဲ့ အျပည္ျပည္ဆိုင္ရာ လူငယ္မ်ားေန႔ အခမ္းအနားမွာ အတိုင္ပင္ခံအေနနဲ႔ “ပြင့္ပြင့္လင္းလင္းေျပာရရင္ ကြၽန္မတို႔ရဲ႕ အစိုးရေက်ာင္းေတြကို အမ်ားႀကီးတိုးတက္ေစခ်င္တယ္။ပိုက္ဆံရွိတဲ့ မိဘမ်ားဟာ သူတို႔သားသမီးေတြကို ပုဂၢလိကေက်ာင္းေတြကို လႊတ္တယ္ဆိုတဲ့ အစဥ္အလာႀကီး ကြၽန္မအားမေပးခ်င္ပါဘူး” လို႔ ေျပာသြားပါတယ္။အခု အစိုးရေက်ာင္းေတြနဲ႔ ပုဂၢလိကေက်ာင္းေတြရဲ႕ အဆင့္အတန္းဟာ အဖက္ဖက္မွာ အလြန္ကြာျခားေနတာကိုေတာ့ မယွဥ္ျပလိုေတာ့ပါဘူး။အေျခခံပညာေရးက႑ရဲ႕ စနစ္သစ္ရဲ႕ လိုအပ္ခ်က္ေတြကိုပဲ ေျပာခ်င္ပါတယ္။

အခု ဒီမိုကေရစီလမ္းစေပၚ ေလွ်ာက္လွမ္းေနတဲ့အခ်ိန္မွာ အဆင္းရဲဆုံးႏိုင္ငံ၊ လူေနမႈအဆင့္အနိမ့္က်ဆုံး ႏိုင္ငံအျဖစ္ သတ္မွတ္ခံခဲ့ရမႈေတြကေန ျပန္ျမင့္တက္လာေအာင္ လုပ္ေဆာင္ႏိုင္ရေတာ့မွာပါ။ကြၽန္ေတာ္တို႔ ႏိုင္ငံကို အဆိုးဝါးဆုံး အေျခအေနကေန အေျခခံက်က် ျပန္လည္ျပဳျပင္ တည္ေဆာက္ႏိုင္ဖို႔ လိုပါၿပီ။လတ္တေလာျပဳျပင္ရမယ့္ အစိတ္အပိုင္းေတြ ရွိေနသလို၊ အနာဂတ္အတြက္ ႀကိဳတင္ျပင္ဆင္ရမယ့္ အစိတ္အပိုင္းကလည္း အလြန္အေရးႀကီးၿပီး ျပဳျပင္တည္ေဆာက္ရမွာပါ။အဲဒီအေရးႀကီးအစိတ္အပိုင္းက ပညာေရးပဲျဖစ္ပါတယ္။ဒီပညာေရးအဆင့္အတန္းကလည္း ကမာၻေပၚမွာ အနိမ့္က်ဆုံး အေျခအေနမွာ ပါဝင္ေနပါတယ္။

ဒီနိမ့္က်တဲ့ အေျခအေနျဖစ္ေအာင္ လုပ္ေဆာင္ခဲ့တာကို ေျပာမယ္ဆိုရင္လည္း အာဏာရွင္ေခတ္မွာ ပညာေရးစနစ္ကို ဖ်က္ဆီးထားလို႔ျဖစ္တယ္ဆိုတာ အားလုံးသိပါတယ္။တိုင္းျပည္ကို အာဏာရွင္တက္လာၿပီးတဲ့ အခ်ိန္မတိုင္ခင္နဲ႔ အာဏာရွင္တက္လာၿပီး ေနာက္ပိုင္း ျပည္သူေတြရဲ႕ ပညာေရးအဆင့္ကိုၾကည့္ရင္ သိႏိုင္ပါတယ္။ေနာက္ဆုံး အခုလက္ရွိအေျခအေနမွာ ပညာေရးအဆင့္ဟာ အလြတ္က်က္ေျဖပ ညာေရးအဆင့္ေလာက္အထိ နိမ့္က်ေနပါၿပီ။ဒါကို အခုလက္ရွိ အစိုးရေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ အေနနဲ႔ ေျပာခဲ့ဖူးတာရွိပါတယ္။ေဒၚေအာင္ဆန္းစုၾကည္ အတိုက္အခံေခါင္းေဆာင္ျဖစ္ေနတဲ့ ၂၀၁၁ ခုႏွစ္မွာ လႈိင္သာယာ၊ အေမ့အိမ္ ပညာဒါနစာသင္ေက်ာင္းကို သြားတဲ့အခ်ိန္က “မိမိတို႔ႏိုင္ငံမွာ ေက်ာင္းသူ၊ ေက်ာင္းသားေတြေကာ၊ မိဘေတြပါ စိတ္ခ်မ္းသာေစတဲ့ ပညာေရးစနစ္ေကာင္းတစ္ခု ျဖစ္ေပၚဖို႔လိုတယ္” လို႔ ေျပာခဲ့သလို၊ အခု ႏိုင္ငံအစိုးရေခါင္းေဆာင္ ျဖစ္တဲ့အခ်ိန္မွာ “ျမန္မာႏိုင္ငံရဲ႕ အလြတ္က်က္ေျဖ ပညာေရးစနစ္ဟာ ေခတ္မမွီေတာ့ေၾကာင္း၊ ေက်ာင္းသားေတြကို နားလည္ေအာင္သင္ေပးဖို႔ ျပန္လည္လုပ္ေဆာင္ရမယ္” လို႔ ေျပာခဲ့ပါတယ္။ဒါ့အျပင္ တိုင္းျပည္ရဲ႕ အနာဂတ္ဟာ ပညာေရးအေပၚမွာ မူတည္ေနတာေၾကာင့္ ဆရာ၊ ဆရာမေတြအေပၚမွာလဲ မ်ားစြာမူတည္ေနေၾကာင္း ေျပာဆိုခဲ့တာကို ေတြ႕ရပါတယ္။

အခုအခ်ိန္မွာ ပညာေရးဝန္ႀကီးဌာနက အေျခခံပညာေရး စနစ္သစ္ကို G+12 ပညာေရးစနစ္သစ္ဆိုၿပီး ျပ႒ာန္းလိုက္ပါတယ္။အခု ၂၀၁၉, ၂၀၂၀ ပညာသင္ႏွစ္မွာ Grade 6 သင္႐ိုးသစ္ကို ေျပာင္းလဲသင္ၾကားေနပါတယ္။ဒီလိုပညာေရးစနစ္သစ္ ေျပာင္းလဲျပ႒ာန္းတာကေတာ့ ေကာင္းမြန္တဲ့ စီမံခ်က္တစ္ခု ျဖစ္ပါတယ္။ဒါေပမယ့္ ေျပာင္းလဲျပ႒ာန္းတဲ့ ပညာေရးစနစ္ဟာ အခ်ိန္ယူၿပီး ဆရာ၊ ဆရာမေတြကို ေလ့က်င့္မေပးႏိုင္ပဲ ကာလတိုေလး သင္တန္းေပးလိုက္ပါတယ္။ဒီကာလတိုသင္တန္းမွာလည္း ေက်ာင္းသားေတြကို ျပန္ေလ့က်င့္ သင္ၾကားေပးႏိုင္ေလာက္ေအာင္ မျပည့္စုံခဲ့ပါဘူး။ကာလတိုပညာေရးစနစ္သစ္ရဲ႕ သင္႐ိုးသစ္ကို ေက်ာင္းသားေတြကို ျပန္သင္ႏိုင္ဖို႔ ဆရာ၊ ဆရာမေတြကို သင္တန္းပို႔ခ်တဲ့ ဆရာ၊ ဆရာမႀကီးေတြကိုယ္တိုင္ လြဲေခ်ာ္ေနမႈေတြ ေတြ႕ရပါတယ္။ဥပမာ ဆရာ၊ ဆရာမႀကီး တတ္ေျမာက္ထားတဲ့ အဓိကဘာသာေတြနဲ႔ လက္ေတြ႕သင္ၾကားလိုက္ရတာေတြ မတူညီေတာ့ ကြၽမ္းက်င္မႈေတြ အခက္အခဲျဖစ္ခဲ့ၾကပါတယ္။

လက္ရွိ ျမန္မာ့ပညာေရးစနစ္သစ္ ျပဳျပင္ေျပာင္းလဲမႈမွာ ဆရာ၊ ဆရာမမ်ားရဲ႕ က႑က အလြန္အေရးပါေနပါတယ္။ဆရာေတြကို အဓိကထားၿပီး ပညာေရးစနစ္ကို ေျပာင္းလဲႏိုင္မယ္ဆိုရင္၊ စာေမးပြဲေျဖၿပီး အတန္းေျပာင္းေရးဆိုတာ မလိုအပ္ေတာ့တဲအဆင့္ ေရာက္သြားပါလိမ့္မယ္။ဆရာေတြရဲ႕ သင္ျပႏိုင္မႈနဲ႔ ေက်ာင္းသားေတြ ဘယ္ေလာက္တတ္ကြၽမ္းခဲ့သလဲ၊ ဘယ္ေလာက္နားလည္ခဲ့သလဲဆိုတာ စစ္ေဆးတဲ့ပုံစံမ်ိဳးနဲ႔ တိုင္းတာႏိုင္ပါလိမ့္မယ္။ဒါက ဆရာေတြရဲ႕ အရည္အေသြး ျမင့္တင္ေပးခဲ့တဲ့ အက်ိဳးရလဒ္ေတြ ျဖစ္ပါလိမ့္မယ္။ေက်ာင္းသားေတြအေနနဲ႔ ပညာေရးတိုးတက္လာမႈေတြက တိုင္းျပည္အနာဂတ္ကို ျပဆိုပါလိမ့္မယ္။ေက်ာင္းသားေတြရဲ႕ အေတြးအေခၚေတြ ျမင့္တက္ရွင္သန္လာႏိုင္တာေတြကလည္း ကြၽန္ေတာ္တို႔ တိုင္းျပည္အတြက္ အနာဂတ္ကို ဦးေဆာင္ႏိုင္သူေတြ ျဖစ္လာႏိုင္ပါတယ္။ေျပာမယ္ဆိုရင္ ျပ႒ာန္းစာအုပ္ဆိုတာ အလြတ္က်က္တာထက္ စဥ္းစားေတြးေခၚမႈေတြ ရွင္သန္လာႏိုင္ေအာင္ ဆိုတာကိုလည္း ဆရာေတြရွင္းျပၿပီး ေက်ာင္းသားေတြ သိနားလည္လာဖို႔ ျဖစ္ပါလိမ့္မယ္။

ဒီလိုအလြန္အေရးပါေနတဲ့ ဆရာ၊ ဆရာမေတြကို အေျခခံေလ့က်င့္သင္ၾကားမႈကို အနည္းဆုံး တစ္ႏွစ္သင္တန္းေပးဖို႔ လိုအပ္ပါလိမ့္မယ္။သူတတ္ကြၽမ္းတဲ့ ဘာသာအလိုက္ သင္တန္းပို႔ခ်ႏိုင္မယ့္ ဆရာ၊ ဆရာမေတြ လိုအပ္ပါလိမ့္မယ္။ေနာက္ တျခားႏိုင္ငံေတြရဲ႕ ပညာေရးစနစ္ကို ေလ့လာၿပီး စီမံခ်က္ကို စနစ္တက်ေဖာ္ေဆာင္ႏိုင္ဖို႔လည္း လိုအပ္ေနပါတယ္။

ကမာၻေပၚမွာ ပညာေရးစနစ္ကို အေကာင္းဆုံးပုံေဖာ္ႏိုင္ခဲ့တဲ့ စကာပၤူႏိုင္ငံ၊ ေဟာ္လန္ႏိုင္ငံ၊ ဖင္လန္ႏိုင္ငံ….အစရွိသျဖင့္ ေလ့လာအတုယူႏိုင္ဖို႔ လိုပါတယ္။ဥပမာ ဖင္လန္ႏိုင္ငံမွာ ပညာေရးစနစ္ကို ျပဳျပင္ေျပာင္းလဲေရး လုပ္တဲ့ပုံစံကို ေျပာခ်င္ပါတယ္။ပညာေရးစနစ္ကို ျပန္ၿပီးျပဳျပင္ေျပာင္းလဲဖို႔အတြက္ အဓိက ဆရာ၊ ဆရာမေတြကို ေ႐ြးခ်ယ္မယ့္ မူတစ္ခုကို ခ်မွတ္ခဲ့ပါတယ္။ဆရာ၊ ဆရာမေတြ ေ႐ြးခ်ယ္တဲ့ေနရာမွာ ပ႐ိုဆန္ဆန္ ေ႐ြးခ်ယ္ခဲ့ပါတယ္။ေက်ာင္းသားေတြကို သင္ေပးမယ့္ ဆရာေတြကို တိုင္းျပည္အနာဂတ္ ရွင္သန္လာႏိုင္ေအာင္ ျပဳစုပ်ိဳးေထာင္သူေတြအျဖစ္သာမကပဲ၊ လူ႔အရင္းအျမစ္ကို ေသခ်ာသိၿပီး ပုံေဖာ္ေပးႏိုင္တဲ့သူေတြအျဖစ္ သေဘာထားခဲ့တာကို ေတြ႕ရပါတယ္။ဒီလိုအရည္အခ်င္းရွိတဲ့သူေတြဟာ သာမန္ဘြဲ႕ေလာက္ရ႐ုံနဲ႔ မျဖစ္ပါဘူး။မာစတာဘြဲ႕ရေတြကို ေ႐ြးခ်ယ္ၿပီး ဆရာ၊ ဆရာမ တာဝန္ အပ္ႏွင္းခဲ့ပါတယ္။ဆရာအလုပ္ဆိုတာ ေလးစားေလာက္တဲ့ အလုပ္ဆိုတာထက္ တကယ္ပညာအရည္အခ်င္းပါရွိမွ ေ႐ြးခ်ယ္ခဲ့တာပါ။ပညာအရည္အခ်င္းရွိသူေတြ ျဖစ္တဲ့အျပင္၊ ေလးစားစရာေကာင္းတဲ့ ဥယ်ာဥ္မႉးေတြအျဖစ္ အရင္ဆုံး ေ႐ြးခ်ယ္တည္ေဆာက္ခဲ့ပါတယ္။ဒီ ဆရာ၊ ဆရာမေတြကိုလည္း လစာအျမင့္ဆုံး ေပးခဲ့ပါတယ္။

ေျပာမယ္ဆိုရင္ ျပည္သူတစ္ေယာက္ဟာ စားဝတ္ေနေရးအတြက္ မပူမပင္၊ မေတာင့္တ မေၾကာင့္ၾကရပဲ ေနထိုင္မယ္ဆိုရင္ သူယူထားတဲ့ အလုပ္တာဝန္အေပၚမွာ အာ႐ုံစိုက္ လုပ္ေဆာင္ႏိုင္ပါလိမ့္မယ္။အဲဒီလို ဆရာ၊ ဆရာမ တစ္ေယာက္ခ်င္းစီရဲ႕ ဘဝျပည့္စုံႏိုင္ေအာင္ အစိုးရအေနနဲ႔ တာဝန္ယူရပါလိမ့္မယ္။ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာ ပညာေရးဝန္ထမ္း ဆရာ၊ ဆရာမေတြကို လစာေပးႏိုင္မႈ နည္းပါးေနပါတယ္။ေက်ာင္းသားေတြအတြက္ ခ်မွတ္ထားတဲ့ ပညာေရးကို တိုးတက္ႏိုင္ဖို႔ အၿမဲအာ႐ုံစိုက္ သင္ၾကားေပးေနႏိုင္မယ္ဆိုရင္ အလြတ္က်က္ေျဖစနစ္၊ က်ဴရွင္စနစ္ဟာ အလိုလိုေပ်ာက္ကြယ္သြားပါလိမ့္မယ္။ေက်ာင္းသားေတြအတြက္ ဆရာဆိုတာ ျပဳစုပ်ိဳးေထာင္ေပးတဲ့ ဥယ်ာဥ္မႉးေတြလို႔ ေျပာရပါလိမ့္မယ္။အတန္းစာေတြ သင္႐ုံသာမက၊ ဉာဏ္ပညာေတြ ပိုမိုေကာင္းမြန္လာေအာင္လည္း ေလ့က်င့္ေပးႏိုင္သူေတြလဲ ျဖစ္ပါတယ္။ဉာဏ္ရည္ထက္ျမက္လာတာကလည္း အလြတ္က်က္ေျဖပုံစံနဲ႔ ရႏိုင္ပါတယ္။ဉာဏ္ပညာေတြတင္မက ေတြးေခၚႏိုင္စြမ္းေတြအတြက္ စာသင္ခန္းျပင္ပ ဗဟုသုတေတြကိုလည္း လမ္းၫႊန္ေျပာျပႏိုင္တဲ့လူေတြ ျဖစ္ဖို႔လိုပါတယ္။

ေနာက္တစ္ခ်က္အေနနဲ႔ ေျပာရရင္ ပညာေရးဝန္ထမ္း ဆရာ၊ ဆရာမေတြ မလုံေလာက္တဲ့ အခက္အခဲေတြကိုလည္း ေတြ႕ရပါတယ္။နယ္ေတြမွာရွိတဲ့ ေက်ာင္းေတြကို ၾကည့္လိုက္မယ္ဆိုရင္ မူလတန္းေက်ာင္းေတြမွာ ဆရာ၊ ဆရာမ ႏွစ္ေယာက္ သုံးေယာက္ေလာက္ပဲ ရွိေနတာကို ေတြ႕ရပါတယ္။ျပည္နယ္ တိုင္းေဒသႀကီးေတြမွာ ေက်ာင္းေတြ အဆင့္တိုးေနတာေတြနဲ႔ ႏႈိင္းယွဥ္ရင္ ဆရာ၊ ဆရာမေတြ အသစ္မခန႔္ထားႏိုင္တဲ့ အခက္အခဲေတြ ေတြ႕ရပါတယ္။ဆရာခန႔္ထားေရး ကိစၥေတြမွာလည္း ျပႆနာအမ်ားအျပား ရွိေနပါတယ္။မူလတန္းေက်ာင္း တစ္ေက်ာင္းမွာ ေက်ာင္းအုပ္တစ္ေယာက္နဲ႔ ဆရာ၊ ဆရာမ ငါးေယာက္ရွိေနရပါမယ္။နယ္ေက်း႐ြာ ေက်ာင္းေတြမွာ အဓိကလိုအပ္ေနပါတယ္။ဆရာ၊ ဆရာမေတြ လိုအပ္ခ်က္ကလည္း ပညာေရးစနစ္သစ္ကို ေျပာင္းလဲႏိုင္ဖို႔ အခက္အခဲႀကီးတစ္ခုပါပဲ။အေျခခံပညာေရးအဆင့္မွာ ၾကည့္မယ္ဆိုရင္ ေက်ာင္းေဆာင္ ေလးေသာင္းေက်ာ္ လိုအပ္ေနပါတယ္။ပညာေရးဝန္ႀကီးဌာနက အလြန္ဆုံး ေက်ာင္းေဆာင္ ေလးေထာင္ေက်ာ္ ငါးေထာင္နီးပါးသာ ျဖည့္ဆည္းေပးႏိုင္တဲ့ အေျခအေနရွိပါတယ္။ဒါ့ထက္ ပိုအေရးႀကီးတာက အစိုးရေက်ာင္းေတြမွာ ဆရာ/ဆရာမနဲ႔ ေက်ာင္းသားအခ်ိဳး အလြန္ကြာျခားေနတာကို ေတြ႕ရပါတယ္။

အခုပညာေရးစနစ္သစ္ကို ေျပာင္းလဲျပ႒ာန္းလိုက္တယ္ဆိုေပမယ့္၊ အလြတ္က်က္ေျဖ ပညာေရးစနစ္အျပင္ ျပည္သူေတြေရာ၊ ေက်ာင္းသားေတြပါ ၾကပ္တည္းမႈျဖစ္ေစတဲ့ စာက်က္ဝိုင္းေတြ၊ က်ဴရွင္စနစ္ ႀကီးထြားမႈေတြကိုလည္း ပေပ်ာက္ေအာင္ မေဆာင္႐ြက္ႏိုင္ေသးတာကို ေတြ႕ေနရပါတယ္။အစိုးရအဖြဲ႕မွာလည္း ပညာေရးကို တကယ္အေတြးအေခၚရွိၿပီး၊ အနာဂတ္ကို ေမွ်ာ္ေတြးႏိုင္မယ့္ ပုဂၢိဳလ္ေတြမရွိေသးဘူးလို႔ ဆိုရမွာပါ။မဟာဗ်ဴဟာက်က် စီမံကိန္းကို ေရးဆြဲႏိုင္ဖို႔အတြက္လည္း ျပည္သူေတြ ေလးစားၾကည္ညိဳရတဲ့ ပညာရွင္ႀကီးေတြကို ေနရာမေပးႏိုင္ေသးတဲ့ အေပၚမွာလည္း ျပည္သူေတြအတြက္ ေဝဖန္စရာေတြ ျဖစ္ေနပါတယ္။ပညာေရးစနစ္ တတ္သိပညာရွင္ႀကီးေတြနဲ႔ ေဝဖန္ေရးဆရာေတြ၊ မီဒီယာေတြကလည္း အေတာ္ေဝဖန္ ေထာက္ျပခဲ့ၾကပါတယ္။ျပည္သူေတြရဲ႕ ညည္းညဴသံေတြလည္း ထြက္ေပၚေနပါေသးတယ္။လက္ရွိ ပညာေရးစနစ္ လြဲေခ်ာ္ေနမႈေတြကို လက္ရွိ ပညာေရးေလာကအတြင္းမွာရွိတဲ့ ဆရာ၊ ဆရာမေတြကိုယ္တိုင္ ဘဝင္မက်မႈေတြ ျဖစ္ေပၚေနပါတယ္။

အခုအခ်ိန္မွာ ႏိုင္ငံအနာဂါတ္အတြက္ တိက်ေကာင္းမြန္တဲ့ ပညာေရးစနစ္တစ္ခု အခိုင္အမာေရး ဆြဲခ်မွတ္ထားဖို႔ လိုေနပါတယ္။ပညာေရးစနစ္ရဲ႕ အဓိကအေရးအႀကီးဆုံး ပင္မအစိတ္အပိုင္းက ဆရာမ်ားနဲ႔ ေက်ာင္းသားေတြပဲ ျဖစ္ပါတယ္။စာသင္ေက်ာင္းေဆာင္ (အေဆာက္အဦး)၊ သင္ေထာက္ကူပစၥည္းေတြ လိုအပ္ေနတာထက္ ပိုအေရးႀကီးပါတယ္။ဒီပညာေရးစနစ္ဟာ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ အရင္းအျမစ္ျဖစ္တဲ့ လူသားအရင္းအျမစ္ ဖြံ႕ၿဖိဳးလာေအာင္ ေဆာင္႐ြက္မႈတစ္ခုလည္း ျဖစ္ပါတယ္။လူသားအရင္းအျမစ္ကို အက်ိဳးရွိေအာင္ ေဖာ္ထုတ္ႏိုင္ဖို႔ဆိုတာလည္း အင္မတန္အေရးပါပါတယ္။ဒီကိစၥနဲ႔ပတ္သက္ၿပီးေတာ့လဲ အတိုင္ပင္ခံပုဂၢိဳလ္က “အေျခခံပညာက႑မွာ ပညာေရးဝန္ႀကီးဌာနက သင္႐ိုးၫႊန္းတမ္းသစ္ အစားထိုးျခင္းနဲ႔ စနစ္သစ္ေျပာင္းဖို႔ ႀကိဳးစားေနေပမယ့္ ပိုမိုႀကိဳးစားဖို႔ လိုအပ္ေၾကာင္း” ကို သတိေပးေျပာၾကားလိုက္ပါတယ္။

ဒီအခ်ိန္မွာ ပညာေရးစနစ္ကို ျပန္ျပဳျပင္ႏိုင္ရမယ့္ အခ်ိန္ျဖစ္ပါတယ္။ဒီမိုကေရစီစနစ္ကို စတင္ပုံေဖာ္ေနတာနဲ႔အညီ၊ ပြင့္လင္းျမင္သာမႈ ရွိေနတဲ့အခ်ိန္မွာ တိုင္းျပည္အတြက္ အေျခခံအက်ဆုံး ပညာေရးစနစ္ကို စနစ္တက် စီမံကိန္းေရးဆြဲၿပီး ျပဳျပင္ႏိုင္ရပါေတာ့မယ္။ေျပာခဲ့သလို ကြၽန္ေတာ္တို႔ တိုင္းျပည္အတြက္ အနာဂတ္ကိုပါ ေမွ်ာ္ေတြးၿပီး အနာဂတ္ပန္းေတြ ရွင္သန္ပြင့္ဖူးလာႏိုင္ေအာင္ ဥယ်ာဥ္မႉးေကာင္းေတြကို ေဖာ္ထုတ္ဖို႔ အဓိကက်ေနပါၿပီ။

ဒီဥယ်ာဥ္မႉးေတြဟာ တိုင္းျပည္ရဲ႕ အျမင့္ဆုံးဝန္ထမ္းေတြအျဖစ္ ဂုဏ္သိကၡာအရေရာ၊ တတ္ကြၽမ္းမႈအပိုင္းေတြမွာပါ ျပည့္စုံေနမယ္ဆိုရင္ စနစ္တက် ဖ်က္ဆီးထားခဲ့တဲ့ ပညာေရးစနစ္ဟာ တေျဖးေျဖးေကာင္းမြန္တိုးတက္လာႏိုင္ပါလိမ့္မယ္။အခု သင္႐ိုးသစ္ေတြနဲ႔ ေက်ာင္းသား၊ ေက်ာင္းသူေတြကို ျပန္သင္ျပဖို႔အတြက္ေတာ့ ဆရာ၊ ဆရာမေတြ အရည္အခ်င္းျပည့္စုံေအာင္ ေလ့က်င့္ေပးဖို႔ လိုအပ္ေနပါတယ္။ဒီလိုအပ္ခ်က္ကို မျဖည့္ဆည္းႏိုင္ပဲ သင္႐ိုးသစ္ေတြကို ျပ႒ာန္းခဲ့တာေတြက အေျခခံပညာေရး စနစ္သစ္ ေအာင္ျမင္ဖို႔ အလွမ္းေဝးေနပါလိမ့္ဦးမယ္။

ျမတ္လႈိင္း
ၾသဂုတ္ - ၂၄