【 သတင်းဆောင်းပါး 】 စိန်ခေါ်မှုတွေကြားက စမ်းသပ်ခံပညာရေး

【 သတင်းဆောင်းပါး 】 စိန်ခေါ်မှုတွေကြားက စမ်းသပ်ခံပညာရေး

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်မှာ နှစ်ရှည်စီမံကိန်းတစ်ခုကိုချမှတ်ပြီး အခြေခံပညာအဆင့်မှ စတင်ကာ သင်ရိုးပြောင်းလဲမှုတွေအပါအဝင် အဆင့်မြှင့်တင်မှုအစီအစဉ်တွေကို နှစ်စဉ်လုပ်ဆောင်လာခဲ့ကြပါတယ်။အဲ့ဒီလိုပြောင်းလဲမှုရဲ့ အခြေခံရေသောက်မြစ် အကြောင်းအရင်းဟာ အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်တဲ့ ဥပဒေတွေနဲ့အညီ ဆောင်ရွက်နေတဲ့ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းကနေ စတင်ခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်ကနေ နှစ်အလိုက် ပြောင်းလဲလုပ်ဆောင်လာခဲ့ရာ ၂၀၂၃ ခုနှစ်အထိ နှစ်အလိုက် လုပ်ငန်းအစီအစဉ်တွေ ရေးဆွဲထားပြီး လုပ်ဆောင်နေကြတာဖြစ်ပါတယ်။

စတင်ပြောင်းလဲလာခဲ့တဲ့ ၂၀၁၆ လောက်ကနေ လွန်ခဲ့တဲ့နှစ်လောက်အထိဟာ သိပ်မသိသာသလို ထင်ရပေမယ့် ယခုဖြေဆိုမယ့် တက္ကသိုလ်ဝင်တန်း (၁၀ တန်း) မှာ သင်ယူပြီးမြောက်တဲ့ လက်မှတ်ထုတ်ပေးဖို့ ပြင်ဆင်ထားတဲ့အခြေအနေကြောင့် ပညာရေးစနစ်ရဲ့ အပြောင်းအလဲဟာ မိဘအုပ်ထိန်းသူတွေရဲ့ကြားမှာ အသံမျိုးစုံထွက်ပေါ်လာခဲ့ပါတယ်။

ပြောင်းလဲမှုတွေကြားက တက္ကသိုလ်ဝင်စာမေးပွဲ

ပညာရေးစနစ်ပြောင်းလဲမှုမှာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ထဲ တတိယတန်းနဲ့ ဆဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူတွေရဲ့ သင်ရိုးကို ပြောင်းလဲခဲ့ပေမယ့် ယင်းစနစ်နဲ့အတူ တက္ကသိုလ်ဝင်တန်း သင်ယူပြီးမြောက်တဲ့ လက်မှတ်ထုတ်ပေးဖို့ စီစဉ်နေတဲ့အခြေအနေတွေအတွက်တော့ ဝေဖန်သံတွေလည်း များစွာထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

“ဒီနှစ်မှာ Grade 3 နဲ့ Grade 6 ရယ်မှာ သင်ရိုးတွေကို ပြောင်းလဲထားတယ်၊ နောက်တစ်ခုက တက္ကသိုလ်ဝင်တန်း (၁၀ တန်းပေါ့) ဖြေဆိုဖို့ အတန်းပြီးမြောက်ဖို့ ဆောင်ရွက်တဲ့အခါမှာ အဲ့ဒီကလေးတွေကို အချက် ၇ ချက်နဲ့ အကဲဖြတ်မယ်၊ ပြီးရင် သင်ယူပြီးမြောက်မှုလက်မှတ်ကို ထုတ်ပေးမယ်၊ ဒီလိုလက်မှတ်ကို ထုတ်ပေးရတာဟာ ဒီကလေးတွေအနေနဲ့ တက္ကသိုလ်ကို ဆက်တက်ချင်ရင်လည်း ဆက်တက်လို့ရအောင် ဆက်တက်နိုင်တဲ့အခွင့်အရေးရှိသလို တက္ကသိုလ်ပညာကို စာပေးစာယူနဲ့သွားမယ်၊ လက်မှုပညာ၊ နည်းပညာကိုပဲ သွားမယ်ဆိုရင်လည်း သွားနိုင်ဖို့ကို ဒီလိုပြီးမြောက်မှုကတ်ပြားလေးနဲ့ တက်နိုင်အောင် ဆောင်ရွက်တာဖြစ်ပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေ က ရှင်းပြပါတယ်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှ စတင်ထုတ်ပေးမယ့် သင်ယူပြီးမြောက်မှုလက်မှတ်ဟာ ကျောင်းသား၊ ကျောင်းသူတွေအတွက် များစွာအကျိုးရှိစေဖို့ အကောင်အထည်ဖော်နေပေမယ့် ယင်းလက်မှတ်ရဲ့ အသုံးဝင်မှုအနေအထားတွေ အာမခံနိုင်မှုတွေအပေါ် ရှင်းပြနိုင်မှုအားနည်းတာတွေကြောင့် မိဘအုပ်ထိန်းသူတွေဘက်က မေးခွန်းထုတ်စရာ အခြေအနေတစ်ခုပါပဲ။

“ဒီလက်မှတ်က တက္ကသိုလ်ဝင်စာမေးပွဲကို အမှတ်ကောင်းကောင်းနဲ့ ထူးချွန်စွာအောင်မြင်တဲ့သူတွေအတွက် သက်သေခံလက်မှတ်လို အသုံးဝင်တာလား၊ ဒါမှမဟုတ် ကျရှုံးသူတွေအတွက် ဒီလက်မှတ်နဲ့ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေကို ချိတ်ဆက်နိုင်ဖို့လား၊ အောင်မြင်တဲ့သူတွေအတွက်မလိုဘဲ ကျရှုံးတဲ့သူတွေအတွက်ပဲ အဓိကလိုတာလား ဘာလားဆိုတာ အတိအကျ ဘယ်သူမှမရှင်းပြဘူး၊ ကျောင်းက ဆရာမတွေကို မေးကြည့်တော့လည်း ခိုင်ခိုင်မာမာမရှင်းပြနိုင်ဘူး” လို့ ကမာရွတ်မြို့နယ်မှာနေထိုင်တဲ့ မိဘအုပ်ထိန်းသူတစ်ဦးဖြစ်သော ဒေါ်ခင်စန်းမြင့် က ရှင်းပြပါတယ်။

ထိုအခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်ကြောင်းလက်မှတ် (High School Completion Certificate) ဟာ အခြေခံပညာအထက်တန်းအဆင့်ပညာကို ပြီးဆုံးအောင်သင်ယူလေ့လာခဲ့တဲ့အနေနဲ့ ချီးမြှင့်မယ့် အထောက်အထားလည်းဖြစ်ပြီး မိဘအုပ်ထိန်းသူတွေ နားလည်အောင်ရှင်းပြပေမယ့် အားနည်းချက်တွေကြောင့် ဝေဖန်မှုတွေရှိလာခဲ့တာ ဖြစ်ပါတယ်။မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်တန်းအောင်ချက်ဟာ နှစ်စဉ် ၃၀ ရာခိုင်နှုန်း ပတ်ဝန်းကျင်လောက်သာရှိတာကြောင့် ကျရှုံးနေသူ ၇၀ ရာခိုင်နှုန်းဝန်းကျင်လောက်အတွက် မိမိတို့ဝါသနာပါတဲ့ အသက်မွေးမှုဆိုင်ရာ သင်တန်းကျောင်းတွေနဲ့ ချိတ်ဆက်ကာ ဘဝရပ်တည်နိုင်အောင် ကြိုးပမ်းနိုင်ဖို့ ရည်ရွယ်ထားတဲ့ အခြေအနေမျိုးလည်း ဖြစ်ခဲ့ပါတယ်။

ကျောင်းသားဗဟိုပြုပညာရေး

ယခုပြောင်းလဲလုပ်ဆောင်နေတဲ့ ပညာရေးစနစ်ဟာ ကျောင်းသားဗဟိုပြုစနစ်ကို ဦးတည်သွားနေတာဖြစ်ပြီး နိုင်ငံတကာမှာ လုပ်ဆောင်နေတဲ့ ပညာရေးစနစ်တွေလို ခေတ်မီတိုးတက်တဲ့ စနစ်မျိုးလည်းဖြစ်တယ်လို့ အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ် က ပြောကြားခဲ့ပါတယ်။

“ကျောင်းသားဗဟိုပြု သင်ကြားရေးစနစ်ဖြစ်တာကြောင့် ကျောင်းသား၊ ကျောင်းသူအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်တာတွေ၊ ပြဿနာကို အချင်းချင်းဖြေရှင်းရင်း အတွေးအခေါ်တွေကို မြှင့်တင်ပေးကာ အတွေ့အကြုံကောင်းတွေ အတွေးအခေါ်ကောင်းတွေကို မျှဝေနိုင်စေပြီး တီထွင်ဖန်တီးမှု အားကောင်းစေဖို့ ရေးဆွဲဆောင်ရွက်နေတာဖြစ်ပါတယ်” လို့ သူက ရှင်းပြပါတယ်။

သင်ကြားရေးစနစ်တွေမှာ ယခင်က ကျင့်သုံးခဲ့တဲ့ ဆရာ၊ ဆရာမတွေကို ဗဟိုပြုသင်ကြားနေတဲ့ အခြေအနေကနေ ကျောင်းသား၊ ကျောင်းသူတွေကို ဗဟိုပြုသင်ကြားတဲ့စနစ်ကို ကူးပြောင်းလုပ်ဆောင်ပေမယ့် တကယ့်လက်တွေ့ စာသင်ကျောင်းတစ်ချို့မှာ ဆရာ။ ဆရာမ အင်အားမလုံလောက်မှုကြောင့် ပီပြင်စွာလုပ်ဆောင်ပေးနိုင်မှု အားနည်းတာတွေလည်း ရှိခဲ့ပါတယ်။

ထိုသင်ရိုးပြောင်းလဲမှုဟာ နိုင်ငံတကာနဲ့အညီဖြစ်အောင် လုပ်ဆောင်နေတာဖြစ်သလို ၂၀၂၃ ခုနှစ်အထိအထိ ရေးဆွဲထားတဲ့စနစ်မျိုးဖြစ်ပြီး သင်ရိုးညွှန်းတမ်းတွေကို Kg + 12 သင်ရိုးညွှန်းတမ်းများအဖြစ် နှစ်အလိုက်ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ထိုစနစ်အရ ၂၀၁၆-၁၇ ပညာသင်နှစ်မှာ Kg တန်း၊  ၂၀၁၇-၁၈ ပညာသင်နှစ်မှာ ပထမတန်း၊ ၂၀၁၈-၁၉ ပညာသင်နှစ်မှာ ဒုတိယတန်း၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ တတိယတန်းနဲ့ ဆဋ္ဌမတန်းတို့ကို ပြောင်းလဲခဲ့ကြောင်း၊ လာမယ့်ကျောင်းဖွင့်ရာသီ ၂၀၂၀-၂၁ပညာသင်နှစ်မှာ စတုတ္ထတန်း၊ သတ္တမတန်း၊ ဒဿမတန်းတွေကိုလည်းကောင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာ ပဉ္စမတန်း၊ အဋ္ဌမတန်း၊ ဧကဒဿမတန်းတွေကိုလည်းကောင်း၊  ၂၀၂၂ -၂၃ ပညာသင်နှစ်မှာ နဝမတန်း၊ ဒွါဒဿမတန်း စတဲ့အတန်းတွေကို ပြောင်းလဲသွားမှာဖြစ်ကြောင်း သိရပါတယ်။

“ကျောင်းသား၊ ကျောင်းသူအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေ အုပ်စုဖွဲ့ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အတွေ့အကြုံကောင်းတွေ အတွေးအခေါ်ကောင်းတွေကို ကိုယ့်အချင်းချင်းမျှဝေနိုင်စေဖို့ ဒါတင်မကဘဲ တီထွင်ဖန်တီးမှုအားကောင်းဖို့ ပြဿနာကို အတူတကွဖြေရှင်းတတ်ပြီး ခွဲခြမ်းစိတ်ဖြာနိုင်တတ်စေရန်အတွက် ရေးဆွဲထားတာဖြစ်ပါတယ်၊ အဲ့ဒီလိုသင်ရိုးပြောင်းလဲမှုတွေအပြင် ကျောင်းတွင်းစာသင်ချိန်တွေကိုလည်း ဒီနှစ်မှာ ပြောင်းလဲခဲ့တာဖြစ်ပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေ က ရှင်းပြပါတယ်။

ဒါ့အပြင် အရင်က ကျောင်းတွင်းစာသင်ချိန် ၄၅ မိနစ်နဲ့ တစ်ရက်ကို ၇ ချိန်သင်ခဲ့ရာကနေ အခု ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှစတင်ကာ ၄၀ မိနစ်နဲ့ တစ်ရက် ၈ ချိန် ပြောင်းလဲခဲ့ပြီး ပန်းချီ၊ ဂီတ၊ ကာယ၊ ပြည်သူ့နီတိ၊ စာရိတ္တ စတဲ့ဘာသာရပ်တွေကို သင်ကြားခဲ့ကြပါတယ်၊ အဲ့ဒီလို သင်ကြားတာတွေကြောင့် ကျောင်းသား၊ ကျောင်းသူအချင်းချင်း ပူပေါင်းဆောင်ရွက်တတ်ပြီး စာရိတ္တတွေလည်း ကောင်းလာစေမှာဖြစ်ကြောင်း၊ စာရိတ္တနဲ့ ပြည်သူ့နီတိတွေ၊ ပန်းချီ၊ ဂီတတွေကို သင်ကြားရတဲ့အပြင် ကလေးတွေအနေနဲ့ စာကြည့်တိုက်ပညာသင်ဖို့ စာကြည့်တိုက်ကိုသွားဖို့ ထည့်သွင်းစီစဉ်လာတာဖြစ်ပါတယ်၊ ကလေးတွေရဲ့ ပညာအရည်အချင်းတက်လာဖို့ဆိုတာ စာဖတ်အားကောင်းလာဖို့လည်း အရေးကြီးပြီး စာဖတ်အားကောင်းလာတာနဲ့အတူ အတွေးအခေါ်တွေ ကောင်းလာနိုင်မယ်လို့ ယူဆထားတာဖြစ်ပါတယ်။

မိဘတွေရဲ့ စိုးရိမ်စိတ်တွေ

ပညာရေးကဏ္ဍမှာ အဆင့်မြှင့်တင်ကြတဲ့အခါ ကောင်းမွန်တဲ့အခြေအနေမျိုးဖြစ်အောင် ရည်ရွယ်ချက်တွေ ကြီးမားစွာထားပေမယ့် သားသမီးတွေ ထင်သလောက် စာမသွားမှာကို စိုးရိမ်မှုလွန်ကဲတဲ့ မိဘတွေရဲ့အခြေအနေတွေကြောင့် ကျောင်းသားဗဟိုပြု သင်ကြားရေးစနစ်တွေရဲ့ ရည်ရွယ်ချက်တွေကို လွဲချော်အောင် ပြုမူသလိုမျိုးဖြစ်လို့နေပါတယ်။

အဲ့ဒီလိုစိုးရိမ်မှုတွေကြောင့်လည်း ကျောင်းမှာသိပ်ပြီးမသင်ရတဲ့စာတွေကို အပြင်ကျူရှင်တွေထားကာ သင်ကြားကြပြီး အတင်းကျက်မှတ်ခိုင်းကြရင်း လုပ်ဆောင်ခိုင်းတာတွေဟာ မိဘတွေအနေနဲ့ စနစ်ဟောင်း ပညာရေးအခြေအနေတွေက အပြုအမူတွေလို ပုံစံသွင်းလုပ်ဆောင်နေသလိုဖြစ်ခဲ့ပါတယ်။

“အခု စနစ်သစ်ပညာရေးက စာမေးပွဲလည်းမဖြေရဘူး၊ သမီးအငယ်က တတိယတန်း စနစ်သစ်နဲ့ပါ၊ သမီးအကြီးတုန်းကလို စာမေးပွဲတွေဖြေရတာမျိုးလည်းမရှိသလို စာလည်းသိပ်ပြီးမသွားဘူး၊ သမီးအကြီးတုန်းက အဲ့ဒီအရွယ်မှာ ကာတွန်းစာအုပ်တွေတောင်မှ ကောင်းကောင်းဖတ်တတ်နေပြီ၊ သမီးအငယ်က ဘာမှကိုသိပ်မဖတ်တတ်တာ၊ ကျောင်းမှာလည်း ဟုတ်တိပတ်တိမသင်တော့ အပြင်မှာကျူရှင်ထားရပါတယ်၊ ကိုယ်ကတတ်ချင်စိတ်ပြင်းပြတာလေ” လို့ မိခင်တစ်ဦးဖြစ်တဲ့ ဒေါ်သဇင်ဦး က ရှင်းပြပါတယ်။

ကျောင်းသားဗဟိုပြုစနစ်တွေနဲ့ သွားနေတဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုမှာ မြေပြင်အောက်ခြေက စာသင်ကျောင်းတွေရဲ့ ပကတိအခြေအနေတွေကို တွက်ဆနိုင်မှုအားနည်းတာတွေ၊ ဆရာ၊ ဆရာမအင်အားနဲ့ ကျောင်းသား၊ ကျောင်းသူ အချိုးမမျှမတဖြစ်တာတွေ အစရှိတဲ့ အခြေအနေတွေကြောင့် စာသင်ခန်းအတွင်း ထိုင်ခုံနေရာချမှုတွေ အပြင်အဆင်တွေသာ ပြောင်းလဲပေမယ့် ကျောင်းသား၊ ကျောင်းသူ ၅၀-၆၀ ဝန်းကျင်လောက်ကို ဆရာ၊ ဆရာမ တစ်ယောက်တည်းကသာ တာဝန်ယူကိုင်တွယ်သင်ကြားနေရတဲ့ အခြေအနေတွေက စာသင်ကျောင်းအများစုမှာ ရှိနေကြပါတယ်။

ဒါ့အပြင် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ စာပေ၊ ဂီတ၊ စာရိတ္တ၊ ပြည်သူ့နီတိ၊ ပန်းချီ အစရှိတဲ့ပညာရပ်တွေ သင်ကြားနိုင်အောင် စာသင်ချိန်တွေကို ပြင်ဆင်ပေမယ့် ကျောင်းအများစုမှာ ယင်းဘာသာရပ်တွေကို တာဝန်ယူသင်ကြားပေးနိုင်မယ့် ဆရာ၊ ဆရာမ မလုံလောက်တာတွေ၊ ယင်းပညာရပ်အချိန်တွေမှာ ထိရောက်စွာ အသုံးချသင်ကြားပေးနိုင်မှု အားနည်းတာတွေကြောင့် ယင်းဘာသာရပ်အချိန်တွေဟာ အောက်ခြေကစာသင်ကျောင်းတစ်ချို့မှာတော့ သာမန်စာသင်ချိန်တွေအဖြစ်နဲ့ ပြန်လည်ပြောင်းလဲသွားခဲ့ကြပါတယ်။

“ကျောင်းဖွင့်စ တစ်လ၊ နှစ်လလောက်ပဲ အဲ့ဒီလို စာပေ၊ ဂီတ၊ စာရိတ္တ၊ ပြည်သူ့နီတိ၊ ပန်းချီ အစရှိတဲ့ ပညာရပ်တွေထဲက ကိုယ်ဝါသနာပါတဲ့ သင်တန်းတွေကိုသင်ပါတယ်၊ နောက်ပိုင်းတော့ စာသင်ချိန်တွေနဲ့ အစားထိုးလာတယ်” လို့ ဒေါ်သဇင်ဦး က ဆက်လက်ရှင်းပြပါတယ်။

ကျောင်းသား/သူ ၉ သိန်းကျော် ဖြေဆိုကြမည်

မတ်လ ၁၁ ရက်ကနေ စတင်ကျင်းပမယ့် ၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲမှာ တစ်နိုင်ငံလုံးက ကျောင်းဖြေ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ပြင်ပဖြေ ကျောင်းသား၊ ကျောင်းသူတွေအားလုံး စုစုပေါင်း ၉၇၀၀၀၀ ကျော် ဝင်ရောက်ဖြေဆိုဖို့ စာရင်းသွင်းထားတယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက သိရပါတယ်။

လာမယ့် ကျောင်းဖွင့်ရာသီ ဇွန်လဖြစ်တဲ့ ၂၀၂၀-၂၁ ပညာသင်နှစ်ထဲမှာ စတုတ္ထတန်း၊ သတ္တမတန်းနဲ့အတူ ဒဿမတန်းတွေကိုလည်း သင်ရိုးပြောင်းလဲ အဆင့်မြှင့်တင်မှာဖြစ်တာကြောင့် ယခုစာမေးပွဲမှာ နှစ်ချင်းပေါက်အောင်မြင်မယ့် ကျောင်းသား၊ ကျောင်းသူတွေအတွက် စိုးရိမ်စရာအခြေအနေမျိုးမရှိပေမယ့် ကျရှုံးမယ့် ကျောင်းသား၊ ကျောင်းသူတွေအတွက်တော့ ပညာရေးစနစ်ရဲ့ အကူးအပြောင်းကာလနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ထိုစာမေးပွဲမှာ ကျရှုံးသောစနစ်ဟောင်း ကျောင်းသား/ကျောင်းသူတွေအတွက် စနစ်ဟောင်းသင်ရိုးနဲ့ ဖြေဆိုခွင့်ကို တစ်နှစ်အခွင့်အရေးပေးဖို့ စီစဉ်ထားကြပေမယ့် နဝမတန်းအောင်လို့ ဒသမတန်းရောက်လာမယ့် ကျောင်းသား၊ ကျောင်းသူတွေနဲ့ တက္ကသိုလ်ဝင်တန်းကျရှုံးကာ ပြန်ဖြေဆိုရန် ပြင်ဆင် နေသော ကျောင်းသား၊ ကျောင်းသူများကြား အတန်းချင်းသာတူပြီး သင်ရိုးကွဲလွဲမယ့်အခြေအနေက မိဘအုပ်ထိန်းသူတွေ နဲ့ စနစ်ဟောင်း ကျောင်းသား၊ ကျောင်းသူတွေအဖို့ ရင်ခုန်စိတ်လှုပ်ရှားစရာ အခြေအနေတစ်ခု ဖြစ်နေပါတယ်။

“ဒီနှစ်မှာ ဖြေမယ့်သူတွေများသလို စာစစ်ဌာနတွေကိုလည်း မနှစ်ကထက် ၁၀၀ ကျော်လောက် တိုးပြီးဖွင့်လှစ်ပေးထားရပါတယ်၊ မနှစ်က စာစစ်ဌာနပေါင်း ၁၈၈၆ ခု ဖွင့်ပေးထားပေမယ့် ဒီနှစ်မှာ ၁၉၉၉ ခုအထိ တိုးပြီးဖွင့်လှစ်ပေးထားပါတယ်” လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမိုးမြင့်ကျော် က ဆိုပါတယ်။

ယခုနှစ် စာမေးပွဲမှာ ဓာတု၊ ရူပ၊ ဘောဂ ဘာသာတွဲဖြင့် ဖြေဆိုသူ ၅၈၂၁၄၉ ဦး၊ ပထဝီ၊ သမိုင်း၊ ဘောဂ ဘာသာတွဲဖြင့် ဖြေဆိုသူ ၁၇၃၂၀၅ ဦး၊ ပထဝီ၊ သမိုင်း၊ စိတ်ကြိုက်မြန်မာစာဘာသာတွဲဖြင့်ဖြေဆိုသူ ၁၀ ဦး၊ သမိုင်း၊ ဘောဂ၊ စိတ်ကြိုက်မြန်မာစာဘာသာတွဲဖြင့်ဖြေဆိုသူ ၁ ဦး၊ ဓာတု၊ ရူပ၊ သမိုင်းဘာသာတွဲဖြင့်ဖြေဆိုသူ ၅၄၁ ဦး၊ ဓာတု၊ ရူပ၊ ဇီဝဘာသာတွဲဖြင့်ဖြေဆိုသူ ၂၁၁၁၂၄ ဦး၊ ဓာတု၊ ရူပ၊ ပထဝီဘာသာတွဲဖြင့်ဖြေဆိုသူ ၃၁၈၅ ဦး တို့ အပါအဝင် စုစုပေါင်းဖြေဆို ၉၇၀၂၁၅ ဦး ဝင်ရောက်ဖြေဆိုဖို့ စာရင်းသွင်းထားကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရဲ့ စာရင်းတွေအရ သိခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် ယခုနှစ်မှာ ထူးခြားတာက စိတ်ကြိုက်မြန်မာစာပါဝင်တဲ့ ဘာသာရပ်ကို ဖြေဆိုသူဟာ လွန်ခဲ့တဲ့နှစ်တုန်းက တစ်ဦးသာရှိပေမယ့် ယခုနှစ်မှာ ၁၁ ဦးအထိ တိုးလာခဲ့ပါတယ်။
အကျဉ်းဦးစီးဌာနအောက် အကျဉ်းထောင်အသီးသီးမှာလည်း ဒီနှစ်မှာ အကျဉ်းကျသောသူတွေထဲက တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမယ့်သူတွေအတွက် စာစစ်ဌာန စုစုပေါင်း ၁၀ ခုကို ဖွင့်လှစ်ထားပြီး ဖြေဆိုဖို့စာရင်းသွင်းထားသူ ၁၈၈ ဦးရှိကြောင်း၊ အင်းစိန်အကျဉ်းထောင်နဲ့ မန္တလေးထောင်ကနေ ဖြေဆိုမယ့်သူတွေဟာ အများဆုံးဖြစ်ကြသလို ယင်းထောင်နှစ်ခုပေါင်းအနေနဲ့ ၁၆၀ ကျော်လောက် ဖြေဆိုဖို့စီစဉ်ထားကြကြောင်း၊ မသန်စွမ်းများအနေနဲ့လည်း ဝင်ရောက်ဖြေဆိုဖို့ စာရင်းသွင်းထားပြီး အမြင်အာရုံမသန်စွမ်း ၃၁ ဦး၊ အကြားအာရုံမသန်စွမ်း ၂၄ ဦး၊ ကိုယ်အင်္ဂါမသန်စွမ်း ၁၃၄ ဦး ဝင်ဖြေဖို့ စီစဉ်ထားကြပါတယ်။

ကျန်းမာရေးမကောင်းတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ဆေးရုံစာဖြေဌာနကိုလည်း ဖွင့်လှစ်ထားပြီး ရန်ကုန်မြို့မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအပါအဝင် ဆေးရုံသုံးရုံမှာ စာဖြေဌာနကို ဖွင့်လှစ်ထားပါတယ်။စနစ်အကူးအပြောင်းမှာ ဖြေဆိုကြရမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဟာ တကယ့်ကို ရင်ခုန်စရာအခြေအနေတွေ ဖြစ်လာမှာအမှန်ပါပဲ။တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူတွေ စာမေးပွဲဖြေဖို့ပြင်ဆင်နေတဲ့ ယခုလိုကာလမှာ သင်ရိုးသစ်နဲ့တက်လာတဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ တခြားသော အတန်းများမှ ကျောင်းစစ်စာမေးပွဲဖြေဆိုခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ အစိုးရစစ်လို့ခေါ်ကြတဲ့ ခရိုင်အလိုက်မေးခွန်းထုတ်ကာ စစ်ဆေးခဲ့သော စတုတ္ထတန်း၊ အဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူတွေဟာ ပြန်လည်ပြင်ဆင်လိုက်တဲ့ ထုတ်ပြန်ချက်တွေကြောင့် နွေရာသီကျောင်းပိတ်တဲ့ကာလကို ခံစားနေပြီဖြစ်ပါတယ်။

သို့ရာတွင် မိဘအုပ်ထိန်းသူတွေရဲ့ ဖြစ်ချင်ဇောစိတ်တွေ၊ စီးပွားရေးဆန်တဲ့ ပုဂ္ဂလိကကျူရှင်တွေက ယခု မတ်လဒုတိယပတ်နဲ့ မတ်လအလယ်ကစပြီး လာမယ့်ပညာသင်နှစ်အတွက် သင်တန်းတွေ ဖွင့်ဖို့ပြင်ဆင်နေကြပါတယ်။

“ဒီလ အလယ်လောက်ကစပြီးတော့ အပြင်ကျူရှင်တွေကဖွင့်တော့မယ်၊ မအပ်ဘဲ ကျောင်းဖွင့်မှအပ်ရင် ကလေးက စာမမီမှာလည်း ကြောက်ရသေးတယ်၊ ဘာလုပ်ရမှန်းကိုမသိတော့ပါဘူး၊ အဲ့ဒီလို ကျူရှင်တွေသာ စသင်ဖို့စီစဉ်ပေမယ့် စနစ်သစ်သင်ရိုးက မထွက်သေးဘူးကြားတယ်၊ ဆရာ၊ ဆရာမတွေကိုတောင် ဒီလနဲ့ လာမယ့်ဧပြီလထဲမှာ သင်တန်းတွေပေးနေဦးမှာ၊ အပြင်ကျူရှင်တွေက ဘာနဲ့ဘယ်လိုသင်မလဲတော့မသိဘူး၊ တကယ်ဆိုရင် အခုလိုပညာရေးစနစ်အပြောင်းအလဲမှာ အပြင်ကျူရှင်တွေအနေနဲ့ အခြေအနေတစ်ခုကိုစောင့်ကြည့်ပြီး ကျောင်းဖွင့်မှ စသင်ကြရင်တော့ ကောင်းတာပေါ့၊ အခုဟာက စီးပွားရေးဆန်နေသလိုပဲ” လို့ မိဘအုပ်ထိန်းသူတစ်ဦးဖြစ်တဲ့ ဒေါ်ခင်အုန်းမြင့် က ရှင်းပြပါတယ်။

ထိုပြင်ပကျူရှင်များမှာ မူလတန်းအရွယ်များအတွက် ကျပ် ၂၀၀၀၀ မှ ၃၅၀၀၀ ကြား၊ အလယ်တန်းအရွယ်များအတွက် ကျပ် ၄၅၀၀၀ မှ ၈၀၀၀၀ ကျပ်ကြား၊ အထက်တန်းအရွယ်များအတွက် ကျပ် ၈၀၀၀၀ မှ ၂၅၀၀၀၀ ကျပ်ကြား စသည်ဖြင့် နေရာဒေသပေါ်မူတည်ကာ ဘာသာစုံဈေးနှုန်း အသီးသီးရှိနေကြပါတယ်။လာမယ့်ကျောင်းဖွင့်ချိန်မှာ ပညာရေးစနစ်အပြောင်းအလဲပေါ် မူတည်ပြီး ဖြည့်စွက်ဘာသာရပ်တွေရှိပါက ယင်းဈေးနှုန်းတွေအပြင် အပိုဆောင်းထပ်မံပေးသွင်းရမယ့် အခြေအနေတွေရှိနေသေးတယ်လို့ မိဘအုပ်ထိန်းသူတွေက ပြောပြကြပါတယ်။

ကျောင်းနေတဲ့ကာလ ရှည်လာလေမလား

ယခုလိုပြောင်းလဲလိုက်တဲ့ Kg + 12 သင်ရိုးကို ဆယ့်နှစ်တန်းပညာရေးစနစ်လို့ ပြည်သူအများစုက ခေါ်ဆိုကြပြီး ယင်းစနစ်ကြောင့် မူလထက်ပိုမိုကြာမြင့်စွာ ကျောင်းတက်ရမယ့်အခြေအနေမျိုး ဖြစ်လာမှာကို စိုးရိမ်နေတာတွေလည်း ရှိပါတယ်။

“ဆရာ့အနေနဲ့ သုံးသပ်ကြည့်ရင် ဒါကပိုပြီး ကျောင်းတက်ရမယ့်ကာလ ရှည်သွားတယ်လို့မြင်တယ်၊ ဒါက ပြဿနာမရှိပေမယ့် အဲ့ဒီမှာတစ်ခုသတိထားရမှာက သာမာန်အားဖြင့်ဆိုရင် ၈ တန်း၊ ၉ တန်း၊ ၁၀ တန်းအရွယ်တွေဟာ လူပျို၊ အပျိုပေါက်တွေ ဖြစ်တဲ့အရွယ်ဆိုတော့ ဆရာတို့ ကျောင်းအုပ်လုပ်ခဲ့တုန်းက တော်တော်လေးထိန်းသိမ်းခဲ့ရတယ်၊ အောက်ခြေမှာ တကယ်ရော နိုင်နင်းပါရဲ့လားဆိုတာ အောက်ခြေကတင်ပြတဲ့ အစီရင်ခံစာလောက်ပဲဖတ်ပြီး ငြိမ်နေတာမျိုးထက် ရှောင်တခင်စစ်ဆေးတာတွေနဲ့ လုပ်သင့်ပါတယ်၊ နောက်တစ်ခုက တစ်ချို့ကျောင်းတွေမှာဆိုရင် ဆရာ၊ ဆရာမ မလုံလောက်ဘူး၊ အဲ့ဒီလိုဖြစ်နေတော့ ဒီအရွယ်တွေဟာ နိုင်နင်းအောင်ထိန်းနိုင်ဖို့ အရေးကြီးပါတယ်၊ ဆရာတို့ ဟိုခေတ်တုန်းကဆိုရင် ဖုန်းတွေဒီလောက်လည်း မသုံးနိုင်ကြသေးတော့ ထိန်းသိမ်းရတဲ့ဟာတွေက အခုခေတ်လောက် သိပ်ပြီးလုပ်စရာမလိုဘူး၊ အခုက ကျောင်းကိုတောင် ဖုန်းတွေယူလာပြီး ဆရာ့အသိတစ်ယောက်ကပြောတာဆိုရင် ကလေးမလေးတစ်ယောက် ကျောင်းမှာစာသင်နေတာကို လူမှုကွန်ရက်ပေါ်  Live လွှင့်တာတွေအထိ ရှိလာတယ်၊ ဒါဟာလည်း အုပ်ချုပ်ဖို့က တစ်ဖက်ကစဉ်းစားရမယ့်အပိုင်းပေါ့နော် စာသင်ချိန်တွေတိုးတာက ဟုတ်ပြီ၊ တကယ်ရော အောက်ခြေမှာထိရောက်သလား၊ ဆိုးကျိုးတွေဖြစ်နေသလား၊ အားနည်းချက်တွေက ဘာတွေလဲ၊ ဘယ်လိုတွေဖြစ်နေလဲဆိုတာ အထက်လူကြီးတွေအနေနဲ့ ခြေခြေမြစ်မြစ် ကွင်းဆင်းစုံစမ်းကြည့်သင့်ပါတယ်လို့ အကြံပြုချင်တယ်” လို့ အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးလှဝင်း က ရှင်းပြပါတယ်။

အခြေခံပညာကျောင်းတစ်ချို့မှာ ကျောင်းကို မိုဘိုင်းဖုန်းများယူဆောင်ခြင်းမပြုရန် ကန့်သတ်ထားတာတွေရှိပေမယ့် အများစုမှာတော့ ကန့်သတ်လုပ်ဆောင်နိုင်ဖို့ အားနည်းနေကြောင်း၊ ကန့်သတ်ထားတဲ့  ကျောင်းများမှာပင် ဖုန်းကိုဝှက်ကာ ယူဆောင်လာသူတွေလည်းရှိလာတာကြောင့် စနစ်ကျနတဲ့ကိုင်တွယ်မှုမျိုးနဲ့ ထိန်းသိမ်းနိုင်ဖို့ အရေးကြီးလာပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ တက္ကသိုလ်ပညာရေး

ပညာရေးစနစ်ပြောင်းလဲမှုဟာ အခြေခံပညာအဆင့်မှာတင် လုပ်ဆောင်နေတာမျိုးမဟုတ်ဘဲ တက္ကသိုလ်ပညာရေးစနစ်မှာလည်း ပြောင်းလဲလုပ်ဆောင်လာခဲ့ကြပါတယ်။

၂၀၁၈-၁၉ ပညာသင်နှစ်မှာ တက္ကသိုလ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်အနေနဲ့သာ လုပ်ဆောင်နိုင်ခဲ့ပေမယ့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ကစတင်ကာ အဆင့်မြှင့်တင်မှုတွေကို လုပ်ဆောင်သွားဖို့ စီမံချက်တွေ ရေးဆွဲထားတယ်လို့ အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ် က ပြောပါတယ်။

“ဆရာတို့ အခုဆိုရင် တက္ကသိုလ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေနဲ့ ဆောင်ရွက်ရုံမကဘူး လွတ်လွတ်လပ်လပ်နဲ့ဆောင်ရွက်နိုင်ဖို့ အခွင့်လမ်းတွေ ဖော်ဆောင်ပေးနေပါတယ်၊ centralize လုပ်တာကို တတ်နိုင်သမျှ လျှော့ချလိုက်ပြီးတော့ ဆောင်ရွက်နေကြတာဖြစ်ပါတယ်” လို့ ၎င်းက ရှင်းပြပါတယ်။

လတ်တလောမှာ ယင်းကဲ့သို့အဆင့်မြှင့်တင်မှုကို တက္ကသိုလ်ခုနစ်ခုမှာ စတင်လုပ်ဆောင်နေပြီး ယင်းစနစ်တွေအရ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနသို့ တိုက်ရိုက် Report လုပ်တာတွေ၊ နိုင်ငံခြားတက္ကသိုလ်တွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ၊ နိုင်ငံတကာဆိုင်ရာ သုတေသနလုပ်တာတွေကို ယင်းတက္ကသိုလ်တွေနဲ့ သက်ဆိုင်ရာ နိုင်ငံခြားတက္ကသိုလ်တွေအချင်းချင်း လွတ်လွတ်လပ်လပ်လုပ်ဆောင်နိုင်ဖို့ အခွင့်အလမ်းပေးထားတာ ဖြစ်ပါတယ်။ထိုစနစ်ဟာ ယခုနှစ်မှစတင်တာကြောင့် အကျိုးရလဒ်အခြေအနေအနေနဲ့တော့ သိပ်ပြီးသိသာတဲ့အခြေအနေမျိုး မတွေ့ရသေးပါဘူး။သို့ရာတွင် ကာလတစ်ခုအကြာမှာတော့ ရလာဒ်ကောင်းတွေ ခံစားလာရဖို့ရှိလာနိုင်ပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ လူ့အဖွဲ့အစည်းထဲ ပညာရေးကဏ္ဍဟာ အင်မတန်အရေးကြီးသလို ပညာရေးကဏ္ဍ မြင့်မားတိုးတက်စေဖို့ မဟာဗျူဟာတွေ ရေးဆွဲချမှတ်နိုင်ဖို့အပြင် အကောင်အထည်ဖော်တဲ့အခါ ပီပြင်စွာလုပ်ဆောင်နိုင်ဖို့တွေဟာ အင်မတန်မှအဓိကကျလှပါတယ်။ဒါ့ကြောင့်လည်း စမ်းတဝါးဝါးနဲ့ စမ်းသပ်လုပ်ဆောင်နေတဲ့ အခြေအနေမျိုးမဖြစ်ဖို့ အရေးကြီးသလို ပကတိအခြေအနေတွေကို လက်ခံနားလည်ရမယ့်အပြင် ရှိနေဆဲဖြစ်တဲ့အရင်းအမြစ်တွေကို စနစ်တကျအသုံးချကာ အခက်အခဲစိန်ခေါ်မှုတွေကို စနစ်တကျနဲ့ ဖြတ်ကျော်သွားရင်း အနာဂတ်လူ့အဖွဲ့အစည်းကြားမှာ ပညာအလင်းရောင် ထွန်းတောက်မှုအခြေအနေက လေ့လာစောင့်ကြည့်ရမယ့် အခြေအနေမျိုး ဖြစ်လာခဲ့ပါတယ်။

ဇွဲမာန်
မတ် - ၁၀

( Zawgyi )

ျမန္မာႏိုင္ငံရဲ႕ ပညာေရးစနစ္မွာ ႏွစ္ရွည္စီမံကိန္းတစ္ခုကိုခ်မွတ္ၿပီး အေျခခံပညာအဆင့္မွ စတင္ကာ သင္႐ိုးေျပာင္းလဲမႈေတြအပါအဝင္ အဆင့္ျမႇင့္တင္မႈအစီအစဥ္ေတြကို ႏွစ္စဥ္လုပ္ေဆာင္လာခဲ့ၾကပါတယ္။အဲ့ဒီလိုေျပာင္းလဲမႈရဲ႕ အေျခခံေရေသာက္ျမစ္ အေၾကာင္းအရင္းဟာ အမ်ိဳးသားပညာေရးဥပေဒကိုျပင္ဆင္တဲ့ ဥပေဒေတြနဲ႔အညီ ေဆာင္႐ြက္ေနတဲ့ အမ်ိဳးသားပညာေရး မဟာဗ်ဴဟာစီမံကိန္းကေန စတင္ခဲ့တာျဖစ္ၿပီး ၂၀၁၆ ခုႏွစ္ကေန ႏွစ္အလိုက္ ေျပာင္းလဲလုပ္ေဆာင္လာခဲ့ရာ ၂၀၂၃ ခုႏွစ္အထိ ႏွစ္အလိုက္ လုပ္ငန္းအစီအစဥ္ေတြ ေရးဆြဲထားၿပီး လုပ္ေဆာင္ေနၾကတာျဖစ္ပါတယ္။

စတင္ေျပာင္းလဲလာခဲ့တဲ့ ၂၀၁၆ ေလာက္ကေန လြန္ခဲ့တဲ့ႏွစ္ေလာက္အထိဟာ သိပ္မသိသာသလို ထင္ရေပမယ့္ ယခုေျဖဆိုမယ့္ တကၠသိုလ္ဝင္တန္း (၁၀ တန္း) မွာ သင္ယူၿပီးေျမာက္တဲ့ လက္မွတ္ထုတ္ေပးဖို႔ ျပင္ဆင္ထားတဲ့အေျခအေနေၾကာင့္ ပညာေရးစနစ္ရဲ႕ အေျပာင္းအလဲဟာ မိဘအုပ္ထိန္းသူေတြရဲ႕ၾကားမွာ အသံမ်ိဳးစုံထြက္ေပၚလာခဲ့ပါတယ္။

ေျပာင္းလဲမႈေတြၾကားက တကၠသိုလ္ဝင္စာေမးပြဲ

ပညာေရးစနစ္ေျပာင္းလဲမႈမွာ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ထဲ တတိယတန္းနဲ႔ ဆ႒မတန္း ေက်ာင္းသား၊ ေက်ာင္းသူေတြရဲ႕ သင္႐ိုးကို ေျပာင္းလဲခဲ့ေပမယ့္ ယင္းစနစ္နဲ႔အတူ တကၠသိုလ္ဝင္တန္း သင္ယူၿပီးေျမာက္တဲ့ လက္မွတ္ထုတ္ေပးဖို႔ စီစဥ္ေနတဲ့အေျခအေနေတြအတြက္ေတာ့ ေဝဖန္သံေတြလည္း မ်ားစြာထြက္ေပၚလာခဲ့တာ ျဖစ္ပါတယ္။

“ဒီႏွစ္မွာ Grade 3 နဲ႔ Grade 6 ရယ္မွာ သင္႐ိုးေတြကို ေျပာင္းလဲထားတယ္၊ ေနာက္တစ္ခုက တကၠသိုလ္ဝင္တန္း (၁၀ တန္းေပါ့) ေျဖဆိုဖို႔ အတန္းၿပီးေျမာက္ဖို႔ ေဆာင္႐ြက္တဲ့အခါမွာ အဲ့ဒီကေလးေတြကို အခ်က္ ၇ ခ်က္နဲ႔ အကဲျဖတ္မယ္၊ ၿပီးရင္ သင္ယူၿပီးေျမာက္မႈလက္မွတ္ကို ထုတ္ေပးမယ္၊ ဒီလိုလက္မွတ္ကို ထုတ္ေပးရတာဟာ ဒီကေလးေတြအေနနဲ႔ တကၠသိုလ္ကို ဆက္တက္ခ်င္ရင္လည္း ဆက္တက္လို႔ရေအာင္ ဆက္တက္ႏိုင္တဲ့အခြင့္အေရးရွိသလို တကၠသိုလ္ပညာကို စာေပးစာယူနဲ႔သြားမယ္၊ လက္မႈပညာ၊ နည္းပညာကိုပဲ သြားမယ္ဆိုရင္လည္း သြားႏိုင္ဖို႔ကို ဒီလိုၿပီးေျမာက္မႈကတ္ျပားေလးနဲ႔ တက္ႏိုင္ေအာင္ ေဆာင္႐ြက္တာျဖစ္ပါတယ္” လို႔ ရန္ကုန္တိုင္းေဒသႀကီး ပညာေရးမႉး႐ုံး ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒၚခင္မာေဆြ က ရွင္းျပပါတယ္။

၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္မွ စတင္ထုတ္ေပးမယ့္ သင္ယူၿပီးေျမာက္မႈလက္မွတ္ဟာ ေက်ာင္းသား၊ ေက်ာင္းသူေတြအတြက္ မ်ားစြာအက်ိဳးရွိေစဖို႔ အေကာင္အထည္ေဖာ္ေနေပမယ့္ ယင္းလက္မွတ္ရဲ႕ အသုံးဝင္မႈအေနအထားေတြ အာမခံႏိုင္မႈေတြအေပၚ ရွင္းျပႏိုင္မႈအားနည္းတာေတြေၾကာင့္ မိဘအုပ္ထိန္းသူေတြဘက္က ေမးခြန္းထုတ္စရာ အေျခအေနတစ္ခုပါပဲ။

“ဒီလက္မွတ္က တကၠသိုလ္ဝင္စာေမးပြဲကို အမွတ္ေကာင္းေကာင္းနဲ႔ ထူးခြၽန္စြာေအာင္ျမင္တဲ့သူေတြအတြက္ သက္ေသခံလက္မွတ္လို အသုံးဝင္တာလား၊ ဒါမွမဟုတ္ က်ရႈံးသူေတြအတြက္ ဒီလက္မွတ္နဲ႔ အသက္ေမြးဝမ္းေက်ာင္း တကၠသိုလ္ေတြကို ခ်ိတ္ဆက္ႏိုင္ဖို႔လား၊ ေအာင္ျမင္တဲ့သူေတြအတြက္မလိုဘဲ က်ရႈံးတဲ့သူေတြအတြက္ပဲ အဓိကလိုတာလား ဘာလားဆိုတာ အတိအက် ဘယ္သူမွမရွင္းျပဘူး၊ ေက်ာင္းက ဆရာမေတြကို ေမးၾကည့္ေတာ့လည္း ခိုင္ခိုင္မာမာမရွင္းျပႏိုင္ဘူး” လို႔ ကမာ႐ြတ္ၿမိဳ႕နယ္မွာေနထိုင္တဲ့ မိဘအုပ္ထိန္းသူတစ္ဦးျဖစ္ေသာ ေဒၚခင္စန္းျမင့္ က ရွင္းျပပါတယ္။

ထိုအေျခခံပညာအထက္တန္းအဆင့္ ၿပီးေျမာက္ေၾကာင္းလက္မွတ္ (High School Completion Certificate) ဟာ အေျခခံပညာအထက္တန္းအဆင့္ပညာကို ၿပီးဆုံးေအာင္သင္ယူေလ့လာခဲ့တဲ့အေနနဲ႔ ခ်ီးျမႇင့္မယ့္ အေထာက္အထားလည္းျဖစ္ၿပီး မိဘအုပ္ထိန္းသူေတြ နားလည္ေအာင္ရွင္းျပေပမယ့္ အားနည္းခ်က္ေတြေၾကာင့္ ေဝဖန္မႈေတြရွိလာခဲ့တာ ျဖစ္ပါတယ္။ျမန္မာႏိုင္ငံတြင္ တကၠသိုလ္ဝင္တန္းေအာင္ခ်က္ဟာ ႏွစ္စဥ္ ၃၀ ရာခိုင္ႏႈန္း ပတ္ဝန္းက်င္ေလာက္သာရွိတာေၾကာင့္ က်ရႈံးေနသူ ၇၀ ရာခိုင္ႏႈန္းဝန္းက်င္ေလာက္အတြက္ မိမိတို႔ဝါသနာပါတဲ့ အသက္ေမြးမႈဆိုင္ရာ သင္တန္းေက်ာင္းေတြနဲ႔ ခ်ိတ္ဆက္ကာ ဘဝရပ္တည္ႏိုင္ေအာင္ ႀကိဳးပမ္းႏိုင္ဖို႔ ရည္႐ြယ္ထားတဲ့ အေျခအေနမ်ိဳးလည္း ျဖစ္ခဲ့ပါတယ္။

ေက်ာင္းသားဗဟိုျပဳပညာေရး

ယခုေျပာင္းလဲလုပ္ေဆာင္ေနတဲ့ ပညာေရးစနစ္ဟာ ေက်ာင္းသားဗဟိုျပဳစနစ္ကို ဦးတည္သြားေနတာျဖစ္ၿပီး ႏိုင္ငံတကာမွာ လုပ္ေဆာင္ေနတဲ့ ပညာေရးစနစ္ေတြလို ေခတ္မီတိုးတက္တဲ့ စနစ္မ်ိဳးလည္းျဖစ္တယ္လို႔ အမ်ိဳးသားပညာေရးမူဝါဒေကာ္မရွင္ ဥကၠ႒ ေဒါက္တာမ်ိဳးႂကြယ္ က ေျပာၾကားခဲ့ပါတယ္။

“ေက်ာင္းသားဗဟိုျပဳ သင္ၾကားေရးစနစ္ျဖစ္တာေၾကာင့္ ေက်ာင္းသား၊ ေက်ာင္းသူအခ်င္းခ်င္း ပူးေပါင္းေဆာင္႐ြက္တတ္တာေတြ၊ ျပႆနာကို အခ်င္းခ်င္းေျဖရွင္းရင္း အေတြးအေခၚေတြကို ျမႇင့္တင္ေပးကာ အေတြ႕အႀကဳံေကာင္းေတြ အေတြးအေခၚေကာင္းေတြကို မွ်ေဝႏိုင္ေစၿပီး တီထြင္ဖန္တီးမႈ အားေကာင္းေစဖို႔ ေရးဆြဲေဆာင္႐ြက္ေနတာျဖစ္ပါတယ္” လို႔ သူက ရွင္းျပပါတယ္။

သင္ၾကားေရးစနစ္ေတြမွာ ယခင္က က်င့္သုံးခဲ့တဲ့ ဆရာ၊ ဆရာမေတြကို ဗဟိုျပဳသင္ၾကားေနတဲ့ အေျခအေနကေန ေက်ာင္းသား၊ ေက်ာင္းသူေတြကို ဗဟိုျပဳသင္ၾကားတဲ့စနစ္ကို ကူးေျပာင္းလုပ္ေဆာင္ေပမယ့္ တကယ့္လက္ေတြ႕ စာသင္ေက်ာင္းတစ္ခ်ိဳ႕မွာ ဆရာ။ ဆရာမ အင္အားမလုံေလာက္မႈေၾကာင့္ ပီျပင္စြာလုပ္ေဆာင္ေပးႏိုင္မႈ အားနည္းတာေတြလည္း ရွိခဲ့ပါတယ္။

ထိုသင္႐ိုးေျပာင္းလဲမႈဟာ ႏိုင္ငံတကာနဲ႔အညီျဖစ္ေအာင္ လုပ္ေဆာင္ေနတာျဖစ္သလို ၂၀၂၃ ခုႏွစ္အထိအထိ ေရးဆြဲထားတဲ့စနစ္မ်ိဳးျဖစ္ၿပီး သင္႐ိုးၫႊန္းတမ္းေတြကို Kg + 12 သင္႐ိုးၫႊန္းတမ္းမ်ားအျဖစ္ ႏွစ္အလိုက္ေျပာင္းလဲခဲ့တာ ျဖစ္ပါတယ္။ထိုစနစ္အရ ၂၀၁၆-၁၇ ပညာသင္ႏွစ္မွာ Kg တန္း၊  ၂၀၁၇-၁၈ ပညာသင္ႏွစ္မွာ ပထမတန္း၊ ၂၀၁၈-၁၉ ပညာသင္ႏွစ္မွာ ဒုတိယတန္း၊ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္မွာ တတိယတန္းနဲ႔ ဆ႒မတန္းတို႔ကို ေျပာင္းလဲခဲ့ေၾကာင္း၊ လာမယ့္ေက်ာင္းဖြင့္ရာသီ ၂၀၂၀-၂၁ပညာသင္ႏွစ္မွာ စတုတၳတန္း၊ သတၱမတန္း၊ ဒႆမတန္းေတြကိုလည္းေကာင္း၊ ၂၀၂၁-၂၀၂၂ ပညာသင္ႏွစ္မွာ ပၪၥမတန္း၊ အ႒မတန္း၊ ဧကဒႆမတန္းေတြကိုလည္းေကာင္း၊  ၂၀၂၂ -၂၃ ပညာသင္ႏွစ္မွာ နဝမတန္း၊ ဒြါဒႆမတန္း စတဲ့အတန္းေတြကို ေျပာင္းလဲသြားမွာျဖစ္ေၾကာင္း သိရပါတယ္။

“ေက်ာင္းသား၊ ေက်ာင္းသူအခ်င္းခ်င္း ပူးေပါင္းေဆာင္႐ြက္မႈေတြ အုပ္စုဖြဲ႕ပူးေပါင္းေဆာင္႐ြက္ျခင္းျဖင့္ အေတြ႕အႀကဳံေကာင္းေတြ အေတြးအေခၚေကာင္းေတြကို ကိုယ့္အခ်င္းခ်င္းမွ်ေဝႏိုင္ေစဖို႔ ဒါတင္မကဘဲ တီထြင္ဖန္တီးမႈအားေကာင္းဖို႔ ျပႆနာကို အတူတကြေျဖရွင္းတတ္ၿပီး ခြဲျခမ္းစိတ္ျဖာႏိုင္တတ္ေစရန္အတြက္ ေရးဆြဲထားတာျဖစ္ပါတယ္၊ အဲ့ဒီလိုသင္႐ိုးေျပာင္းလဲမႈေတြအျပင္ ေက်ာင္းတြင္းစာသင္ခ်ိန္ေတြကိုလည္း ဒီႏွစ္မွာ ေျပာင္းလဲခဲ့တာျဖစ္ပါတယ္” လို႔ ရန္ကုန္တိုင္းေဒသႀကီး ပညာေရးမႉး႐ုံး ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒၚခင္မာေဆြ က ရွင္းျပပါတယ္။

ဒါ့အျပင္ အရင္က ေက်ာင္းတြင္းစာသင္ခ်ိန္ ၄၅ မိနစ္နဲ႔ တစ္ရက္ကို ၇ ခ်ိန္သင္ခဲ့ရာကေန အခု ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္မွစတင္ကာ ၄၀ မိနစ္နဲ႔ တစ္ရက္ ၈ ခ်ိန္ ေျပာင္းလဲခဲ့ၿပီး ပန္းခ်ီ၊ ဂီတ၊ ကာယ၊ ျပည္သူ႔နီတိ၊ စာရိတၱ စတဲ့ဘာသာရပ္ေတြကို သင္ၾကားခဲ့ၾကပါတယ္၊ အဲ့ဒီလို သင္ၾကားတာေတြေၾကာင့္ ေက်ာင္းသား၊ ေက်ာင္းသူအခ်င္းခ်င္း ပူေပါင္းေဆာင္႐ြက္တတ္ၿပီး စာရိတၱေတြလည္း ေကာင္းလာေစမွာျဖစ္ေၾကာင္း၊ စာရိတၱနဲ႔ ျပည္သူ႔နီတိေတြ၊ ပန္းခ်ီ၊ ဂီတေတြကို သင္ၾကားရတဲ့အျပင္ ကေလးေတြအေနနဲ႔ စာၾကည့္တိုက္ပညာသင္ဖို႔ စာၾကည့္တိုက္ကိုသြားဖို႔ ထည့္သြင္းစီစဥ္လာတာျဖစ္ပါတယ္၊ ကေလးေတြရဲ႕ ပညာအရည္အခ်င္းတက္လာဖို႔ဆိုတာ စာဖတ္အားေကာင္းလာဖို႔လည္း အေရးႀကီးၿပီး စာဖတ္အားေကာင္းလာတာနဲ႔အတူ အေတြးအေခၚေတြ ေကာင္းလာႏိုင္မယ္လို႔ ယူဆထားတာျဖစ္ပါတယ္။

မိဘေတြရဲ႕ စိုးရိမ္စိတ္ေတြ

ပညာေရးက႑မွာ အဆင့္ျမႇင့္တင္ၾကတဲ့အခါ ေကာင္းမြန္တဲ့အေျခအေနမ်ိဳးျဖစ္ေအာင္ ရည္႐ြယ္ခ်က္ေတြ ႀကီးမားစြာထားေပမယ့္ သားသမီးေတြ ထင္သေလာက္ စာမသြားမွာကို စိုးရိမ္မႈလြန္ကဲတဲ့ မိဘေတြရဲ႕အေျခအေနေတြေၾကာင့္ ေက်ာင္းသားဗဟိုျပဳ သင္ၾကားေရးစနစ္ေတြရဲ႕ ရည္႐ြယ္ခ်က္ေတြကို လြဲေခ်ာ္ေအာင္ ျပဳမူသလိုမ်ိဳးျဖစ္လို႔ေနပါတယ္။

အဲ့ဒီလိုစိုးရိမ္မႈေတြေၾကာင့္လည္း ေက်ာင္းမွာသိပ္ၿပီးမသင္ရတဲ့စာေတြကို အျပင္က်ဴရွင္ေတြထားကာ သင္ၾကားၾကၿပီး အတင္းက်က္မွတ္ခိုင္းၾကရင္း လုပ္ေဆာင္ခိုင္းတာေတြဟာ မိဘေတြအေနနဲ႔ စနစ္ေဟာင္း ပညာေရးအေျခအေနေတြက အျပဳအမူေတြလို ပုံစံသြင္းလုပ္ေဆာင္ေနသလိုျဖစ္ခဲ့ပါတယ္။

“အခု စနစ္သစ္ပညာေရးက စာေမးပြဲလည္းမေျဖရဘူး၊ သမီးအငယ္က တတိယတန္း စနစ္သစ္နဲ႔ပါ၊ သမီးအႀကီးတုန္းကလို စာေမးပြဲေတြေျဖရတာမ်ိဳးလည္းမရွိသလို စာလည္းသိပ္ၿပီးမသြားဘူး၊ သမီးအႀကီးတုန္းက အဲ့ဒီအ႐ြယ္မွာ ကာတြန္းစာအုပ္ေတြေတာင္မွ ေကာင္းေကာင္းဖတ္တတ္ေနၿပီ၊ သမီးအငယ္က ဘာမွကိုသိပ္မဖတ္တတ္တာ၊ ေက်ာင္းမွာလည္း ဟုတ္တိပတ္တိမသင္ေတာ့ အျပင္မွာက်ဴရွင္ထားရပါတယ္၊ ကိုယ္ကတတ္ခ်င္စိတ္ျပင္းျပတာေလ” လို႔ မိခင္တစ္ဦးျဖစ္တဲ့ ေဒၚသဇင္ဦး က ရွင္းျပပါတယ္။

ေက်ာင္းသားဗဟိုျပဳစနစ္ေတြနဲ႔ သြားေနတဲ့ ပညာေရးျပဳျပင္ေျပာင္းလဲမႈမွာ ေျမျပင္ေအာက္ေျခက စာသင္ေက်ာင္းေတြရဲ႕ ပကတိအေျခအေနေတြကို တြက္ဆႏိုင္မႈအားနည္းတာေတြ၊ ဆရာ၊ ဆရာမအင္အားနဲ႔ ေက်ာင္းသား၊ ေက်ာင္းသူ အခ်ိဳးမမွ်မတျဖစ္တာေတြ အစရွိတဲ့ အေျခအေနေတြေၾကာင့္ စာသင္ခန္းအတြင္း ထိုင္ခုံေနရာခ်မႈေတြ အျပင္အဆင္ေတြသာ ေျပာင္းလဲေပမယ့္ ေက်ာင္းသား၊ ေက်ာင္းသူ ၅၀-၆၀ ဝန္းက်င္ေလာက္ကို ဆရာ၊ ဆရာမ တစ္ေယာက္တည္းကသာ တာဝန္ယူကိုင္တြယ္သင္ၾကားေနရတဲ့ အေျခအေနေတြက စာသင္ေက်ာင္းအမ်ားစုမွာ ရွိေနၾကပါတယ္။

ဒါ့အျပင္ ေက်ာင္းသား၊ ေက်ာင္းသူေတြအေနနဲ႔ စာေပ၊ ဂီတ၊ စာရိတၱ၊ ျပည္သူ႔နီတိ၊ ပန္းခ်ီ အစရွိတဲ့ပညာရပ္ေတြ သင္ၾကားႏိုင္ေအာင္ စာသင္ခ်ိန္ေတြကို ျပင္ဆင္ေပမယ့္ ေက်ာင္းအမ်ားစုမွာ ယင္းဘာသာရပ္ေတြကို တာဝန္ယူသင္ၾကားေပးႏိုင္မယ့္ ဆရာ၊ ဆရာမ မလုံေလာက္တာေတြ၊ ယင္းပညာရပ္အခ်ိန္ေတြမွာ ထိေရာက္စြာ အသုံးခ်သင္ၾကားေပးႏိုင္မႈ အားနည္းတာေတြေၾကာင့္ ယင္းဘာသာရပ္အခ်ိန္ေတြဟာ ေအာက္ေျခကစာသင္ေက်ာင္းတစ္ခ်ိဳ႕မွာေတာ့ သာမန္စာသင္ခ်ိန္ေတြအျဖစ္နဲ႔ ျပန္လည္ေျပာင္းလဲသြားခဲ့ၾကပါတယ္။

“ေက်ာင္းဖြင့္စ တစ္လ၊ ႏွစ္လေလာက္ပဲ အဲ့ဒီလို စာေပ၊ ဂီတ၊ စာရိတၱ၊ ျပည္သူ႔နီတိ၊ ပန္းခ်ီ အစရွိတဲ့ ပညာရပ္ေတြထဲက ကိုယ္ဝါသနာပါတဲ့ သင္တန္းေတြကိုသင္ပါတယ္၊ ေနာက္ပိုင္းေတာ့ စာသင္ခ်ိန္ေတြနဲ႔ အစားထိုးလာတယ္” လို႔ ေဒၚသဇင္ဦး က ဆက္လက္ရွင္းျပပါတယ္။

ေက်ာင္းသား/သူ ၉ သိန္းေက်ာ္ ေျဖဆိုၾကမည္

မတ္လ ၁၁ ရက္ကေန စတင္က်င္းပမယ့္ ၂၀၂၀ တကၠသိုလ္ဝင္စာေမးပြဲမွာ တစ္ႏိုင္ငံလုံးက ေက်ာင္းေျဖ ေက်ာင္းသား၊ ေက်ာင္းသူေတြနဲ႔ ျပင္ပေျဖ ေက်ာင္းသား၊ ေက်ာင္းသူေတြအားလုံး စုစုေပါင္း ၉၇၀၀၀၀ ေက်ာ္ ဝင္ေရာက္ေျဖဆိုဖို႔ စာရင္းသြင္းထားတယ္လို႔ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက သိရပါတယ္။

လာမယ့္ ေက်ာင္းဖြင့္ရာသီ ဇြန္လျဖစ္တဲ့ ၂၀၂၀-၂၁ ပညာသင္ႏွစ္ထဲမွာ စတုတၳတန္း၊ သတၱမတန္းနဲ႔အတူ ဒႆမတန္းေတြကိုလည္း သင္႐ိုးေျပာင္းလဲ အဆင့္ျမႇင့္တင္မွာျဖစ္တာေၾကာင့္ ယခုစာေမးပြဲမွာ ႏွစ္ခ်င္းေပါက္ေအာင္ျမင္မယ့္ ေက်ာင္းသား၊ ေက်ာင္းသူေတြအတြက္ စိုးရိမ္စရာအေျခအေနမ်ိဳးမရွိေပမယ့္ က်ရႈံးမယ့္ ေက်ာင္းသား၊ ေက်ာင္းသူေတြအတြက္ေတာ့ ပညာေရးစနစ္ရဲ႕ အကူးအေျပာင္းကာလနဲ႔ ရင္ဆိုင္ရမွာျဖစ္ပါတယ္။ထိုစာေမးပြဲမွာ က်ရႈံးေသာစနစ္ေဟာင္း ေက်ာင္းသား/ေက်ာင္းသူေတြအတြက္ စနစ္ေဟာင္းသင္႐ိုးနဲ႔ ေျဖဆိုခြင့္ကို တစ္ႏွစ္အခြင့္အေရးေပးဖို႔ စီစဥ္ထားၾကေပမယ့္ နဝမတန္းေအာင္လို႔ ဒသမတန္းေရာက္လာမယ့္ ေက်ာင္းသား၊ ေက်ာင္းသူေတြနဲ႔ တကၠသိုလ္ဝင္တန္းက်ရႈံးကာ ျပန္ေျဖဆိုရန္ ျပင္ဆင္ ေနေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားၾကား အတန္းခ်င္းသာတူၿပီး သင္႐ိုးကြဲလြဲမယ့္အေျခအေနက မိဘအုပ္ထိန္းသူေတြ နဲ႔ စနစ္ေဟာင္း ေက်ာင္းသား၊ ေက်ာင္းသူေတြအဖို႔ ရင္ခုန္စိတ္လႈပ္ရွားစရာ အေျခအေနတစ္ခု ျဖစ္ေနပါတယ္။

“ဒီႏွစ္မွာ ေျဖမယ့္သူေတြမ်ားသလို စာစစ္ဌာနေတြကိုလည္း မႏွစ္ကထက္ ၁၀၀ ေက်ာ္ေလာက္ တိုးၿပီးဖြင့္လွစ္ေပးထားရပါတယ္၊ မႏွစ္က စာစစ္ဌာနေပါင္း ၁၈၈၆ ခု ဖြင့္ေပးထားေပမယ့္ ဒီႏွစ္မွာ ၁၉၉၉ ခုအထိ တိုးၿပီးဖြင့္လွစ္ေပးထားပါတယ္” လို႔ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး ဦးမိုးျမင့္ေက်ာ္ က ဆိုပါတယ္။

ယခုႏွစ္ စာေမးပြဲမွာ ဓာတု၊ ႐ူပ၊ ေဘာဂ ဘာသာတြဲျဖင့္ ေျဖဆိုသူ ၅၈၂၁၄၉ ဦး၊ ပထဝီ၊ သမိုင္း၊ ေဘာဂ ဘာသာတြဲျဖင့္ ေျဖဆိုသူ ၁၇၃၂၀၅ ဦး၊ ပထဝီ၊ သမိုင္း၊ စိတ္ႀကိဳက္ျမန္မာစာဘာသာတြဲျဖင့္ေျဖဆိုသူ ၁၀ ဦး၊ သမိုင္း၊ ေဘာဂ၊ စိတ္ႀကိဳက္ျမန္မာစာဘာသာတြဲျဖင့္ေျဖဆိုသူ ၁ ဦး၊ ဓာတု၊ ႐ူပ၊ သမိုင္းဘာသာတြဲျဖင့္ေျဖဆိုသူ ၅၄၁ ဦး၊ ဓာတု၊ ႐ူပ၊ ဇီဝဘာသာတြဲျဖင့္ေျဖဆိုသူ ၂၁၁၁၂၄ ဦး၊ ဓာတု၊ ႐ူပ၊ ပထဝီဘာသာတြဲျဖင့္ေျဖဆိုသူ ၃၁၈၅ ဦး တို႔ အပါအဝင္ စုစုေပါင္းေျဖဆို ၉၇၀၂၁၅ ဦး ဝင္ေရာက္ေျဖဆိုဖို႔ စာရင္းသြင္းထားေၾကာင္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနရဲ႕ စာရင္းေတြအရ သိခဲ့ရတာျဖစ္ပါတယ္။

ဒါ့အျပင္ ယခုႏွစ္မွာ ထူးျခားတာက စိတ္ႀကိဳက္ျမန္မာစာပါဝင္တဲ့ ဘာသာရပ္ကို ေျဖဆိုသူဟာ လြန္ခဲ့တဲ့ႏွစ္တုန္းက တစ္ဦးသာရွိေပမယ့္ ယခုႏွစ္မွာ ၁၁ ဦးအထိ တိုးလာခဲ့ပါတယ္။
အက်ဥ္းဦးစီးဌာနေအာက္ အက်ဥ္းေထာင္အသီးသီးမွာလည္း ဒီႏွစ္မွာ အက်ဥ္းက်ေသာသူေတြထဲက တကၠသိုလ္ဝင္တန္းစာေမးပြဲ ေျဖဆိုမယ့္သူေတြအတြက္ စာစစ္ဌာန စုစုေပါင္း ၁၀ ခုကို ဖြင့္လွစ္ထားၿပီး ေျဖဆိုဖို႔စာရင္းသြင္းထားသူ ၁၈၈ ဦးရွိေၾကာင္း၊ အင္းစိန္အက်ဥ္းေထာင္နဲ႔ မႏၲေလးေထာင္ကေန ေျဖဆိုမယ့္သူေတြဟာ အမ်ားဆုံးျဖစ္ၾကသလို ယင္းေထာင္ႏွစ္ခုေပါင္းအေနနဲ႔ ၁၆၀ ေက်ာ္ေလာက္ ေျဖဆိုဖို႔စီစဥ္ထားၾကေၾကာင္း၊ မသန္စြမ္းမ်ားအေနနဲ႔လည္း ဝင္ေရာက္ေျဖဆိုဖို႔ စာရင္းသြင္းထားၿပီး အျမင္အာ႐ုံမသန္စြမ္း ၃၁ ဦး၊ အၾကားအာ႐ုံမသန္စြမ္း ၂၄ ဦး၊ ကိုယ္အဂၤါမသန္စြမ္း ၁၃၄ ဦး ဝင္ေျဖဖို႔ စီစဥ္ထားၾကပါတယ္။

က်န္းမာေရးမေကာင္းတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြအတြက္ ေဆး႐ုံစာေျဖဌာနကိုလည္း ဖြင့္လွစ္ထားၿပီး ရန္ကုန္ၿမိဳ႕မွာ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးအပါအဝင္ ေဆး႐ုံသုံး႐ုံမွာ စာေျဖဌာနကို ဖြင့္လွစ္ထားပါတယ္။စနစ္အကူးအေျပာင္းမွာ ေျဖဆိုၾကရမယ့္ တကၠသိုလ္ဝင္တန္းစာေမးပြဲဟာ တကယ့္ကို ရင္ခုန္စရာအေျခအေနေတြ ျဖစ္လာမွာအမွန္ပါပဲ။တကၠသိုလ္ဝင္တန္း ေက်ာင္းသား၊ ေက်ာင္းသူေတြ စာေမးပြဲေျဖဖို႔ျပင္ဆင္ေနတဲ့ ယခုလိုကာလမွာ သင္႐ိုးသစ္နဲ႔တက္လာတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြ၊ တျခားေသာ အတန္းမ်ားမွ ေက်ာင္းစစ္စာေမးပြဲေျဖဆိုခဲ့ၾကတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြ၊ အစိုးရစစ္လို႔ေခၚၾကတဲ့ ခ႐ိုင္အလိုက္ေမးခြန္းထုတ္ကာ စစ္ေဆးခဲ့ေသာ စတုတၳတန္း၊ အ႒မတန္း ေက်ာင္းသား၊ ေက်ာင္းသူေတြဟာ ျပန္လည္ျပင္ဆင္လိုက္တဲ့ ထုတ္ျပန္ခ်က္ေတြေၾကာင့္ ေႏြရာသီေက်ာင္းပိတ္တဲ့ကာလကို ခံစားေနၿပီျဖစ္ပါတယ္။

သို႔ရာတြင္ မိဘအုပ္ထိန္းသူေတြရဲ႕ ျဖစ္ခ်င္ေဇာစိတ္ေတြ၊ စီးပြားေရးဆန္တဲ့ ပုဂၢလိကက်ဴရွင္ေတြက ယခု မတ္လဒုတိယပတ္နဲ႔ မတ္လအလယ္ကစၿပီး လာမယ့္ပညာသင္ႏွစ္အတြက္ သင္တန္းေတြ ဖြင့္ဖို႔ျပင္ဆင္ေနၾကပါတယ္။

“ဒီလ အလယ္ေလာက္ကစၿပီးေတာ့ အျပင္က်ဴရွင္ေတြကဖြင့္ေတာ့မယ္၊ မအပ္ဘဲ ေက်ာင္းဖြင့္မွအပ္ရင္ ကေလးက စာမမီမွာလည္း ေၾကာက္ရေသးတယ္၊ ဘာလုပ္ရမွန္းကိုမသိေတာ့ပါဘူး၊ အဲ့ဒီလို က်ဴရွင္ေတြသာ စသင္ဖို႔စီစဥ္ေပမယ့္ စနစ္သစ္သင္႐ိုးက မထြက္ေသးဘူးၾကားတယ္၊ ဆရာ၊ ဆရာမေတြကိုေတာင္ ဒီလနဲ႔ လာမယ့္ဧၿပီလထဲမွာ သင္တန္းေတြေပးေနဦးမွာ၊ အျပင္က်ဴရွင္ေတြက ဘာနဲ႔ဘယ္လိုသင္မလဲေတာ့မသိဘူး၊ တကယ္ဆိုရင္ အခုလိုပညာေရးစနစ္အေျပာင္းအလဲမွာ အျပင္က်ဴရွင္ေတြအေနနဲ႔ အေျခအေနတစ္ခုကိုေစာင့္ၾကည့္ၿပီး ေက်ာင္းဖြင့္မွ စသင္ၾကရင္ေတာ့ ေကာင္းတာေပါ့၊ အခုဟာက စီးပြားေရးဆန္ေနသလိုပဲ” လို႔ မိဘအုပ္ထိန္းသူတစ္ဦးျဖစ္တဲ့ ေဒၚခင္အုန္းျမင့္ က ရွင္းျပပါတယ္။

ထိုျပင္ပက်ဴရွင္မ်ားမွာ မူလတန္းအ႐ြယ္မ်ားအတြက္ က်ပ္ ၂၀၀၀၀ မွ ၃၅၀၀၀ ၾကား၊ အလယ္တန္းအ႐ြယ္မ်ားအတြက္ က်ပ္ ၄၅၀၀၀ မွ ၈၀၀၀၀ က်ပ္ၾကား၊ အထက္တန္းအ႐ြယ္မ်ားအတြက္ က်ပ္ ၈၀၀၀၀ မွ ၂၅၀၀၀၀ က်ပ္ၾကား စသည္ျဖင့္ ေနရာေဒသေပၚမူတည္ကာ ဘာသာစုံေဈးႏႈန္း အသီးသီးရွိေနၾကပါတယ္။လာမယ့္ေက်ာင္းဖြင့္ခ်ိန္မွာ ပညာေရးစနစ္အေျပာင္းအလဲေပၚ မူတည္ၿပီး ျဖည့္စြက္ဘာသာရပ္ေတြရွိပါက ယင္းေဈးႏႈန္းေတြအျပင္ အပိုေဆာင္းထပ္မံေပးသြင္းရမယ့္ အေျခအေနေတြရွိေနေသးတယ္လို႔ မိဘအုပ္ထိန္းသူေတြက ေျပာျပၾကပါတယ္။

ေက်ာင္းေနတဲ့ကာလ ရွည္လာေလမလား

ယခုလိုေျပာင္းလဲလိုက္တဲ့ Kg + 12 သင္႐ိုးကို ဆယ့္ႏွစ္တန္းပညာေရးစနစ္လို႔ ျပည္သူအမ်ားစုက ေခၚဆိုၾကၿပီး ယင္းစနစ္ေၾကာင့္ မူလထက္ပိုမိုၾကာျမင့္စြာ ေက်ာင္းတက္ရမယ့္အေျခအေနမ်ိဳး ျဖစ္လာမွာကို စိုးရိမ္ေနတာေတြလည္း ရွိပါတယ္။

“ဆရာ့အေနနဲ႔ သုံးသပ္ၾကည့္ရင္ ဒါကပိုၿပီး ေက်ာင္းတက္ရမယ့္ကာလ ရွည္သြားတယ္လို႔ျမင္တယ္၊ ဒါက ျပႆနာမရွိေပမယ့္ အဲ့ဒီမွာတစ္ခုသတိထားရမွာက သာမာန္အားျဖင့္ဆိုရင္ ၈ တန္း၊ ၉ တန္း၊ ၁၀ တန္းအ႐ြယ္ေတြဟာ လူပ်ိဳ၊ အပ်ိဳေပါက္ေတြ ျဖစ္တဲ့အ႐ြယ္ဆိုေတာ့ ဆရာတို႔ ေက်ာင္းအုပ္လုပ္ခဲ့တုန္းက ေတာ္ေတာ္ေလးထိန္းသိမ္းခဲ့ရတယ္၊ ေအာက္ေျခမွာ တကယ္ေရာ ႏိုင္နင္းပါရဲ႕လားဆိုတာ ေအာက္ေျခကတင္ျပတဲ့ အစီရင္ခံစာေလာက္ပဲဖတ္ၿပီး ၿငိမ္ေနတာမ်ိဳးထက္ ေရွာင္တခင္စစ္ေဆးတာေတြနဲ႔ လုပ္သင့္ပါတယ္၊ ေနာက္တစ္ခုက တစ္ခ်ိဳ႕ေက်ာင္းေတြမွာဆိုရင္ ဆရာ၊ ဆရာမ မလုံေလာက္ဘူး၊ အဲ့ဒီလိုျဖစ္ေနေတာ့ ဒီအ႐ြယ္ေတြဟာ ႏိုင္နင္းေအာင္ထိန္းႏိုင္ဖို႔ အေရးႀကီးပါတယ္၊ ဆရာတို႔ ဟိုေခတ္တုန္းကဆိုရင္ ဖုန္းေတြဒီေလာက္လည္း မသုံးႏိုင္ၾကေသးေတာ့ ထိန္းသိမ္းရတဲ့ဟာေတြက အခုေခတ္ေလာက္ သိပ္ၿပီးလုပ္စရာမလိုဘူး၊ အခုက ေက်ာင္းကိုေတာင္ ဖုန္းေတြယူလာၿပီး ဆရာ့အသိတစ္ေယာက္ကေျပာတာဆိုရင္ ကေလးမေလးတစ္ေယာက္ ေက်ာင္းမွာစာသင္ေနတာကို လူမႈကြန္ရက္ေပၚ  Live လႊင့္တာေတြအထိ ရွိလာတယ္၊ ဒါဟာလည္း အုပ္ခ်ဳပ္ဖို႔က တစ္ဖက္ကစဥ္းစားရမယ့္အပိုင္းေပါ့ေနာ္ စာသင္ခ်ိန္ေတြတိုးတာက ဟုတ္ၿပီ၊ တကယ္ေရာ ေအာက္ေျခမွာထိေရာက္သလား၊ ဆိုးက်ိဳးေတြျဖစ္ေနသလား၊ အားနည္းခ်က္ေတြက ဘာေတြလဲ၊ ဘယ္လိုေတြျဖစ္ေနလဲဆိုတာ အထက္လူႀကီးေတြအေနနဲ႔ ေျခေျချမစ္ျမစ္ ကြင္းဆင္းစုံစမ္းၾကည့္သင့္ပါတယ္လို႔ အႀကံျပဳခ်င္တယ္” လို႔ အၿငိမ္းစားေက်ာင္းအုပ္ဆရာႀကီး ဦးလွဝင္း က ရွင္းျပပါတယ္။

အေျခခံပညာေက်ာင္းတစ္ခ်ိဳ႕မွာ ေက်ာင္းကို မိုဘိုင္းဖုန္းမ်ားယူေဆာင္ျခင္းမျပဳရန္ ကန႔္သတ္ထားတာေတြရွိေပမယ့္ အမ်ားစုမွာေတာ့ ကန႔္သတ္လုပ္ေဆာင္ႏိုင္ဖို႔ အားနည္းေနေၾကာင္း၊ ကန႔္သတ္ထားတဲ့  ေက်ာင္းမ်ားမွာပင္ ဖုန္းကိုဝွက္ကာ ယူေဆာင္လာသူေတြလည္းရွိလာတာေၾကာင့္ စနစ္က်နတဲ့ကိုင္တြယ္မႈမ်ိဳးနဲ႔ ထိန္းသိမ္းႏိုင္ဖို႔ အေရးႀကီးလာပါတယ္။

ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္နဲ႔ တကၠသိုလ္ပညာေရး

ပညာေရးစနစ္ေျပာင္းလဲမႈဟာ အေျခခံပညာအဆင့္မွာတင္ လုပ္ေဆာင္ေနတာမ်ိဳးမဟုတ္ဘဲ တကၠသိုလ္ပညာေရးစနစ္မွာလည္း ေျပာင္းလဲလုပ္ေဆာင္လာခဲ့ၾကပါတယ္။

၂၀၁၈-၁၉ ပညာသင္ႏွစ္မွာ တကၠသိုလ္ေတြကို ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္အေနနဲ႔သာ လုပ္ေဆာင္ႏိုင္ခဲ့ေပမယ့္ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ကစတင္ကာ အဆင့္ျမႇင့္တင္မႈေတြကို လုပ္ေဆာင္သြားဖို႔ စီမံခ်က္ေတြ ေရးဆြဲထားတယ္လို႔ အမ်ိဳးသားပညာေရးမူဝါဒေကာ္မရွင္ ဥကၠ႒ ေဒါက္တာမ်ိဳးႂကြယ္ က ေျပာပါတယ္။

“ဆရာတို႔ အခုဆိုရင္ တကၠသိုလ္ေတြကို ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ေတြနဲ႔ ေဆာင္႐ြက္႐ုံမကဘူး လြတ္လြတ္လပ္လပ္နဲ႔ေဆာင္႐ြက္ႏိုင္ဖို႔ အခြင့္လမ္းေတြ ေဖာ္ေဆာင္ေပးေနပါတယ္၊ centralize လုပ္တာကို တတ္ႏိုင္သမွ် ေလွ်ာ့ခ်လိုက္ၿပီးေတာ့ ေဆာင္႐ြက္ေနၾကတာျဖစ္ပါတယ္” လို႔ ၎က ရွင္းျပပါတယ္။

လတ္တေလာမွာ ယင္းကဲ့သို႔အဆင့္ျမႇင့္တင္မႈကို တကၠသိုလ္ခုနစ္ခုမွာ စတင္လုပ္ေဆာင္ေနၿပီး ယင္းစနစ္ေတြအရ ပညာေရးဝန္ႀကီးဌာန၊ အဆင့္ျမင့္ပညာဦးစီးဌာနသို႔ တိုက္႐ိုက္ Report လုပ္တာေတြ၊ ႏိုင္ငံျခားတကၠသိုလ္ေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္တာေတြ၊ ႏိုင္ငံတကာဆိုင္ရာ သုေတသနလုပ္တာေတြကို ယင္းတကၠသိုလ္ေတြနဲ႔ သက္ဆိုင္ရာ ႏိုင္ငံျခားတကၠသိုလ္ေတြအခ်င္းခ်င္း လြတ္လြတ္လပ္လပ္လုပ္ေဆာင္ႏိုင္ဖို႔ အခြင့္အလမ္းေပးထားတာ ျဖစ္ပါတယ္။ထိုစနစ္ဟာ ယခုႏွစ္မွစတင္တာေၾကာင့္ အက်ိဳးရလဒ္အေျခအေနအေနနဲ႔ေတာ့ သိပ္ၿပီးသိသာတဲ့အေျခအေနမ်ိဳး မေတြ႕ရေသးပါဘူး။သို႔ရာတြင္ ကာလတစ္ခုအၾကာမွာေတာ့ ရလာဒ္ေကာင္းေတြ ခံစားလာရဖို႔ရွိလာႏိုင္ပါတယ္။

ႏိုင္ငံတစ္ႏိုင္ငံရဲ႕ လူ႔အဖြဲ႕အစည္းထဲ ပညာေရးက႑ဟာ အင္မတန္အေရးႀကီးသလို ပညာေရးက႑ ျမင့္မားတိုးတက္ေစဖို႔ မဟာဗ်ဴဟာေတြ ေရးဆြဲခ်မွတ္ႏိုင္ဖို႔အျပင္ အေကာင္အထည္ေဖာ္တဲ့အခါ ပီျပင္စြာလုပ္ေဆာင္ႏိုင္ဖို႔ေတြဟာ အင္မတန္မွအဓိကက်လွပါတယ္။ဒါ့ေၾကာင့္လည္း စမ္းတဝါးဝါးနဲ႔ စမ္းသပ္လုပ္ေဆာင္ေနတဲ့ အေျခအေနမ်ိဳးမျဖစ္ဖို႔ အေရးႀကီးသလို ပကတိအေျခအေနေတြကို လက္ခံနားလည္ရမယ့္အျပင္ ရွိေနဆဲျဖစ္တဲ့အရင္းအျမစ္ေတြကို စနစ္တက်အသုံးခ်ကာ အခက္အခဲစိန္ေခၚမႈေတြကို စနစ္တက်နဲ႔ ျဖတ္ေက်ာ္သြားရင္း အနာဂတ္လူ႔အဖြဲ႕အစည္းၾကားမွာ ပညာအလင္းေရာင္ ထြန္းေတာက္မႈအေျခအေနက ေလ့လာေစာင့္ၾကည့္ရမယ့္ အေျခအေနမ်ိဳး ျဖစ္လာခဲ့ပါတယ္။

ဇြဲမာန္
မတ္ - ၁၀