“ကာမကို လိမ်လည်တဲ့အခါ”

“ကာမကို လိမ်လည်တဲ့အခါ”

ဒီဘက်ခေတ်ထဲ ကြားရသမျှ သတင်းအများစုက ဘာတစ်ခုမှ သက်သောင့်သက်သာ မရှိလှပါဘူး။
အဖေရင်းက သမီးကို၊ အစ်ကိုဝမ်းကွဲက ညီမကို၊ ပထွေးက မယားပါသမီးကို အစရှိသဖြင့် မုဒိမ်းမှုကျူးလွန်သူတွေက ဆွေမျိုးရင်းချာတွေကိုတောင် အလွတ်မပေးတာ သိရကြားရတော့ အတော့်ကို စိတ်မချမ်းမသာ ဖြစ်မိပါတယ်။ဒီကြားထဲ သက်ငယ်မုဒိမ်းမှုတွေကလည်း မကြားချင်မှအဆုံး။

အရင်းစစ်ရင် အခုခေတ်က ကာမတဏှာတွေ အရင်ကထက် ပိုမိုထကြွလာကြလေသလားရယ်လို့ ထင်မှတ်ယူဆစရာ ရှိပါတယ်။ဒီလိုကိစ္စတွေဖြစ်လာတာဟာ ပညာနိမ့်ကျလို့၊ ညစ်ညမ်းဗီဒီယို၊ ညစ်ညမ်းစာပေတွေ ပိုမိုများပြားလာလို့၊ စာမဖတ်လို့၊ ဗဟုသုတခေါင်းပါးလို့ စသည်ဖြင့် ဟိုဟာကြောင့်မို့လို့၊ ဒီဟာကြောင့်မို့လို့နဲ့ လို့ပေါင်းများစွာနဲ့ ထင်မြင်ချက်တွေ အမျိုးမျိုးပေးကြပါတယ်။

ဒီနေရာမှာ လေ့လာကြည့်တော့ ပညာမတတ်တိုင်း၊ လူမှုဘဝတွေနိမ့်ကျတိုင်း၊ စာမဖတ်တိုင်း၊ ဗဟုသုတနည်းပါးတိုင်း၊ အပြာစာပေ အပြာရုပ်ရှင်ကားတွေကြည့်တိုင်း ဒါမျိုးလုပ်ကြသလား ဆိုတော့လည်း မဟုတ်ပြန်ပါဘူး။အဓိက ကတော့ ကိုယ်ကျင့်တရားနဲ့ပဲ ဆိုင်ပါတယ်။
လုပ်ချင်တဲ့သူကတော့ ပညာတတ်တတ် မတတ်တတ်၊ ဆင်းရဲရဲ ချမ်းသာသာ၊ ရာထူးဂုဏ်ပကာသနတွေ သေးသေးကြီးကြီး ယုတ်မာတဲ့ စိတ်အခံရှိတဲ့လူက ယုတ်မာတာပါပဲ။

ဘာလို့ ဒီလိုပြောရလည်းဆိုတော့ ပညာမတတ်သူတွေ၊ မရှိဆင်းရဲသားတွေ၊ နိမ့်ကျတဲ့ဘဝ ပိုင်ဆိုင်ထားသူတွေဖြစ်ပေမယ့် ကိုယ်ကျင့်တရားကောင်းသူတွေ၊ ရိုးသားသူတွေ တစ်ပုံကြီးရှိပါသေးတယ်။ပညာတတ်တတ် မတတ်တတ်၊ ရာထူးဂုဏ်ပကာသနတွေ သေးသေးကြီးကြီး ယုတ်မာတဲ့လူက ယုတ်မာတာပါပဲလို့ ပြောရတဲ့ နောက်ထပ်အကြောင်းအရင်းတွေလည်း ရှိပါသေးတယ်။

ပညာတတ် အမျိုးသားတစ်ယောက်က ကျောရရုံကြံပြီး ထားခဲ့လို့ မိန်းကလေးက ကလေးသာ မွေးလိုက်ရတယ်။အဲဒီကောင်လေးက တာဝန်မယူ လက်မထပ်လို့ ကလေးရဲ့ ဖခင်အဖြစ် မြွက်ဟကြေညာပေးစေလိုမှုဆိုပြီး တရားရုံးမှာ လျှောက်ထားနေရတယ်လို့ မကြာသေးမီကမှ ကြားရပါတယ်။

အလားတူပဲ လုပ်ငန်းရှင် သူဌေးအချို့နဲ့ အထက်အရာရှိအချို့က လက်အောက်ငယ်သားနဲ့ ဝန်ထမ်းမိန်းကလေးအချို့ကို အပျော်ကြံတာ၊ အသားယူတာ၊ ဟိုကိုင်ဒီကိုင်လုပ်တာ၊ ကျူးကျူးလွန်လွန်ဖြစ်ပြီးမှ တာဝန်မယူတာ အစရှိတာတွေကလည်း ဒီနေ့ခေတ်မှာ မကြာမကြာကြားရပါတယ်။အဲဒီတော့ ကာမကို နိုင့်ထက်စီးနင်း ပြုတာတွေ အသားယူတာတွေက ပညာတတ်တာ မတတ်တာ၊ လူတန်းစားကွဲလွဲတာတွေနဲ့ မဆိုင်ဘဲ စိတ်ဓာတ် ကိုယ်ကျင့်တရားနဲ့ပဲ ဆိုင်တယ်ဆိုတာကို စာရေးသူရဲ့ တစ်သီးပုဂ္ဂလအမြင်နဲ့ ယူဆမိပါတယ်။

မုဒိမ်းမှုကိစ္စ၊ တစ်လင်တစ်မယားကိစ္စနဲ့ ပတ်သက်တဲ့ ဥပဒေဆိုင်ရာ အကြောင်းအရာအချို့ကို မကြာခဏရေးခဲ့ဖူးပါတယ်။ဒီတစ်ခါ ပြောပြချင်တာက ကာမကို လိမ်လည်ရယူတာ ဘယ်လိုဟာမျိုး ဆိုတာရယ်၊ အဲဒီလိုအမှုအချို့ရဲ့ အသွားအလာကို ပြန်လည်မျှဝေချင်ပါတယ်။

၂ဝဝ၉ ခုနှစ် ဝန်းကျင်လောက်က ဖြစ်ပါတယ်။ကာမကို လိမ်လည်ရယူလို့ တရားစွဲဆိုခံခဲ့ရတဲ့ နာမည်ကြီး လုပ်ငန်းရှင်တစ်ယောက်အကြောင်းကို အလျဉ်းသင့်လို့ ပြောပြချင်ပါတယ်။ဒီနေရာမှာ လုပ်ငန်းရှင်နာမည်နဲ့ သူ့ကိုတရားစွဲခဲ့တဲ့ နစ်နာသူ မင်းသမီးရဲ့ နာမည်ကိုတော့ ထုတ်မပြောတော့ပါဘူး။မင်းသမီးကို လက်ထပ်မယ်ပြောပြီး ကာမကို အကြိမ်ကြိမ်ရယူခဲ့လို့ အဲဒီလုပ်ငန်းရှင် တရားစွဲခံရတာ ဖြစ်ပါတယ်။အဲဒီတုန်းက လုပ်ငန်းရှင်က ရုံးကင်းလွတ်ခွင့် လျှောက်ထားခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။

တရားလို မင်းသမီးက လုပ်ငန်းရှင် အမျိုးသားကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၁၇ အရ အရေးယူပေးဖို့ ----- မြို့နယ် တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။အဲဒီလိုလျှောက်ထားတဲ့အခါ ----- မြို့နယ် တရားရုံးက ပြစ်မှုကြီးအမှတ် ---/၂ဝဝ၉ နဲ့ အမှုကို စစ်ဆေးခဲ့ပါတယ်။မြို့နယ်တရားရုံးမှာ တရားလိုစစ်ဆေးနေတုန်း တရားစွဲခံရသူ လုပ်ငန်းရှင်က ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၂ဝ၅ (၁) အရ ရုံးကင်းလွတ်ခွင့်ပြုဖို့ လျှောက်ထားတဲ့အခါ ပယ်တယ်ဆိုပြီး အမိန့်ချမှတ်ခံရလို့ ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးကို ပြစ်မှုဆိုင်ရာပြင်ဆင်မှု အမှတ် ---/၂ဝဝ၉ နဲ့ ပြင်ဆင်မှုဝင်ရောက်ခဲ့တော့ ရုံးကင်းလွတ်ခွင့် ရခဲ့ပါတယ်။

အဲဒီအမိန့်အပေါ် မူလရုံး တရားလို မင်းသမီးက ကျေနပ်မှုမရှိလို့ ရန်ကုန်တိုင်း တရားရုံးကို ပြင်ဆင်မှုဝင်ရောက်ခဲ့တော့လည်း အောင်မြင်မှုမရခဲ့ပါဘူး။ဒါကြောင့် တရားရုံးချုပ်ကို ပြစ်မှုဆိုင်ရာပြင်ဆင်မှု လျှောက်ခဲ့ပါတယ်။တရားလို မင်းသမီးရဲ့ ရှေ့နေ လျှောက်လဲတင်ပြချက်တွေထဲမှာ ဒီလိုဆိုပါတယ်။''မူလရုံး တရားခံသည် တရားရုံးရှေ့သို့ မရောက်မီ ရုံးတော်မှဆင့်ဆိုသည့် သမ္မန်စာ အတည်မဖြစ်စေရန် တမင်ရှောင်တိမ်းနေသူဖြစ်ပြီး တရားရုံးရှေ့ရောက်ပြီး နောက်ပိုင်းတွင်လည်း လုံလောက်သော အကြောင်းပြချက်မရှိဘဲ ပျက်ကွက်လေ့ရှိသူ ဖြစ်ကြောင်း၊ စွပ်စွဲခံရသူမရှိဘဲ ရုံးရှေ့တွင် အစစ်ခံရသည်မှာ တရားလိုတွင် များစွာထိခိုက်နစ်နာ အရှက်ရကြောင်း၊ တရားလို၏ စိတ်၊ ဂုဏ်သရေကို နစ်နာစေသောကြောင့် စွပ်စွဲခံရသူ ရုံးရှေ့သို့ လာရောက်ရန် အမိန့်တစ်ရပ် ချမှတ်ပေးရန်'' ဆိုပြီး အဲဒီအချက်တွေကို ထည့်သွင်းလျှောက်လဲ တင်ပြခဲ့တာ ဖြစ်ပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်လို့ တရားရုံးချုပ်က အခုလိုဆုံးဖြတ် အမိန့်ချခဲ့ပါတယ်။''မူလရုံး အမှုတွဲရှိ သက်သေခံချက်များအရ လျှောက်ထားသူနှင့် လျှောက်ထားခံရသူတို့သည် မိမိတို့၏ အကျိုးစီးပွားများ လုပ်ကိုင်ဆောင်ရွက်နေသကဲ့သို့ နိုင်ငံတော်၏ အကျိုးစီးပွားကို ရှေ့ရှု၍ တစ်ဖက်တစ်လမ်းမှ တတ်စွမ်းသရွေ့ ကိုယ်စီတာဝန်ယူ ဆောင်ရွက်နေသူများ ဖြစ်ကြောင်း လျှောက်ထားခံရသူသည် နိုင်ငံတော်၏ အရေးကြီးသောတာဝန်များ ထမ်းဆောင်နေရသူ နိုင်ငံ့ဝန်ထမ်း အကြီးအကဲတစ်ဦး မဟုတ်ဘဲ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း ထူထောင်ထားသည့် ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ တစ်ဦးသာ ဖြစ်ကြောင်း ရုံးရှေ့သို့ လာရောက်နိုင်ခြင်းမှာ စွမ်းဆောင်နိုင်သူ ဖြစ်ကြောင်း၊ လျှောက်ထားခံရသူ လုပ်ကိုင်ဆောင်ရွက်နေသော ဈေးကြီးမှာ ဖွင့်လှစ်ပြီး ဖြစ်ကြောင်း၊ ဘောလုံးပွဲမှာလည်း ပြီးစီးသွားပြီ ဖြစ်ကြောင်း ပေါ်ပေါက်သည်။မူလရုံးက လျှောက်ထားသူနှင့် လျှောက်ထားခံရသူ နှစ်ဘက်ရှေ့နေများ ရုံးချိန်းကို ညှိနှိုင်းချိန်းဆိုပေးကြောင်းလည်း ထင်ရှားသဖြင့် လျှောက်ထားခံရသူအား ရုံးရှေ့သို့ လာရောက်ရန် ကင်းလွတ်ခွင့် ပြုထားခြင်းကို ပယ်ဖျက်သင့်သည်ဟု သုံးသပ်ရမိသည်။သို့ဖြစ်ရာ မူလမြို့နယ်တရားရုံးက လျှောက်ထားခံရသူအား ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၂ဝ၅ (၂) အရ ရုံးရှေ့သို့ လာရောက်ခြင်းမှ ကင်းလွတ်ခွင့်မပြုခဲ့ခြင်းမှာ မှားယွင်းသည်ဟု မဆိုနိုင်ပေ။လျှောက်ထားခံရသူအား ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၂ဝ၅ (၂) အရ ရုံးရှေ့လာရောက်ခြင်းမှ ကင်းလွတ်ခွင့်ပြုသော ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံး၏ အမိန့်နှင့် ယင်းအမိန့်အပေါ် အတည်ပြုသော ရန်ကုန်တိုင်း တရားရုံးတို့၏ အမိန့်တို့မှာ မှန်ကန်သည်ဟု မဆိုနိုင်သဖြင့် ဝင်ရောက်စွက်ဖက်ရပေသည်။ထို့ကြောင့် ဤပြင်ဆင်မှုကို ခွင့်ပြုသည်။ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံး၏ ပြစ်မှုဆိုင်ရာပြင်ဆင်မှု အမှတ် ---/၂ဝဝ၉ အမိန့်နှင့် ရန်ကုန်တိုင်းတရားရုံး၏ ပြစ်မှုဆိုင်ရာပြင်ဆင်မှု အမှတ် ---/၂ဝဝ၉ အမိန့်တို့ကို ပယ်ဖျက်ပြီး မူလ ------- မြို့နယ်တရားရုံး၏ ၂ဝဝ၉ ခုနှစ်၊ ဇူလိုင်လ ၁ဝ ရက်နေ့ ရက်စွဲပါ အမိန့်ကို အတည်ပြုကြောင်း အမိန့်ချမှတ်လိုက်သည်'' စတဲ့ အချက်တွေကို ထည့်သွင်းသုံးသပ်ခဲ့တာ ဖြစ်ပါတယ်။

အနှစ်ချုပ်လိုက်ရင် ဒီလို ရုံးကင်းလွတ်ခွင့် လျှောက်တာနဲ့ ပတ်သက်လို့ အပြန်အလှန် တရားရုံးအဆင့်ဆင့်မှာ လျှောက်ထားတဲ့အခါ တရားလို မင်းသမီးက အနိုင်ရပြီး တရားစွဲခံရတဲ့ လုပ်ငန်းရှင်က ရုံးကင်းလွတ်ခွင့် မရခဲ့ပါဘူး။ဒီအမှုကို ဘာလို့ အသေးစိတ်ရှင်းပြရလည်းဆိုတော့ စာဖတ်သူတွေကို ပေးချင်တဲ့ မက်ဆေ့ချ်ရှိလို့ပါ။အဲဒီပေးချင်တဲ့ မက်ဆေ့ချ်က ဘာလည်းဆိုတော့ အခုဖြစ်ခဲ့တဲ့ ဖြစ်နေတဲ့ ကာမကို လိမ်လည်မှုအချို့မှာ လိမ်လည်ခံရသူဘက်ကလည်း နစ်နာသေးတယ်။လိမ်တဲ့သူတွေဘက်ကတောင် ပြန်ပြီးအသာစီး ယူချင်တတ်ကြသေးတယ်ဆိုတာကို သိစေချင်တာပါ။ဒါပေမယ့် နောက်ဆုံးနစ်နာသူဘက်က နိုင်လိုက်ပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံမှာ ကာမကို လိမ်လည်ရယူပြီး တာဝန်မယူ ရှောင်ပြေးတတ်တဲ့ အမျိုးသားတွေကြောင့် ဆယ်ကျော်သက်အရွယ် single mother လေးတွေလည်း ရှိနေပါတယ်။ဒါကြောင့်မို့ ကာမလိမ်လည် ရယူသူတွေကို အရေးယူလို့ရတဲ့ ဥပဒေပုဒ်မနဲ့ ပြဌာန်းချက်အချို့ကို ပြန်လည်မျှဝေပေးချင်ပါတယ်။လက်ရှိ မြန်မာနိုင်ငံမှာ ကာမကို လိမ်လည်ရယူတာနဲ့ ပတ်သက်လို့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၁၇ နဲ့ အရေးယူလို့ရပါတယ်။
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၁၇ မှာ ပြဌာန်းထားတာက ဒီလိုပါ။

''မည်သူမဆို လိမ်လည်မှုကျူးလွန်လျှင် ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်ရမည်'' လို့ ပုဒ်မ ၄၁၇ မှာ ဆိုပါတယ်။
ဘယ်လိုပြုမူမှုမျိုးဟာ လိမ်လည်မှုမြောက်သလဲ ဆိုတာကိုတော့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၁၅ မှာ ဒီလိုရှင်းပြထားပါတယ်။

''မည်သူမဆို တစ်ဦးတစ်ယောက်သောသူအား လှည့်ဖြားခြင်းဖြင့် ထိုသို့လှည့်ဖြားခြင်းဖြင့် ထိုသို့လှည့်ဖြားခံရသောသူက သူတစ်ပါးအား ပစ္စည်းတစ်ခုခုကို ပေးအပ်စေရန်ဖြစ်စေ၊ ထိုသို့လှည့်ဖြားခြင်း ခံရသောသူအား လိမ်လည်လှည့်ဖြားလိုသော သဘောဖြင့်သော် လည်းကောင်း၊ မရိုးမဖြောင့်သော သဘောဖြင့်သော် လည်းကောင်း သွေးဆောင်လျှင်၊ သို့တည်းမဟုတ် တစ်ဦးတစ်ယောက်သောသူအား လှည့်ဖြားခြင်းဖြင့် ထိုသို့လှည့်ဖြားခြင်း ခံရသောသူက အကယ်၍ လှည့်ဖြားခြင်းမခံရခဲ့သော် မိမိပြုမည်မဟုတ်သော သို့တည်းမဟုတ် မိမိပျက်ကွက်မည်မဟုတ်သော အရာကို ပြုစေရန်သော် လည်းကောင်း မပြုဘဲပျက်ကွက်စေရန်သော် လည်းကောင်း ထိုသို့လှည့်ဖြားခြင်း ခံရသောသူအား တမင်သွေးဆောင်လျှင်၊ ထို့ပြင် ထိုပြုလုပ်မှုက သို့တည်းမဟုတ် ထိုပျက်ကွက်မှုက ထိုသူ၏ ကိုယ်ကိုဖြစ်စေ၊ စိတ်ကိုဖြစ်စေ၊ ဂုဏ်သရေကိုဖြစ်စေ၊ ပစ္စည်းကိုဖြစ်စေ ပျက်စီးနစ်နာစေခြင်းသော် လည်းကောင်း၊ အန္တရာယ်သော် လည်း ကောင်း ဖြစ်စေလျှင် သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာလျှင် ထိုသူသည် လိမ်လည်သည်မည်၏'' လို့ ပုဒ်မ ၄၁၅ မှာ ဆိုပါတယ်။

အိမ်ထောင်မရှိသူက ကာမကို လိမ်လည်ရယူရင် ပုဒ်မ ၄၁၇ နဲ့ အရေးယူလို့ရပေမယ့် အိမ်ထောင်သည်တွေက လူပျိုဟန်ဆောင်ပြီး ကာမကို လိမ်လည်ရယူမယ် ထပ်မံထိမ်းမြားမယ်ဆိုရင်တော့ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၇ အရ အရေးယူရမှာ ဖြစ်ပါတယ်။

ထိမ်းမြားပြီးသား ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ထိမ်းမြားမှု အတည်ဖြစ်နေစဉ်မှာ ထိမ်းမြားထားတာကို ထိန်ချန်ပြီး ထပ်မံထိမ်းမြားမယ်ဆိုရင် ၁၀ နှစ်ထက် မပိုတဲ့ ထောင်ဒဏ် ချမှတ်ရမယ့်ပြင် ငွေဒဏ်လည်း ချမှတ်ရမယ်လို့ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၇ မှာ ပြဌာန်းထားတာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ကာမကို လိမ်လည်ရယူမယ်ဆိုရင် အိမ်ထောင် ရှိခြင်း၊ မရှိခြင်း၊ ထိန်ချန်ခြင်း၊ မထိန်ချန်ခြင်း အပေါ် မူတည်ပြီး ထောင်ဒဏ်သုံးနှစ်ထိဖြစ်ဖြစ်၊ ၁၀ နှစ်ထိဖြစ်ဖြစ် ကျခံရနိုင်တာမို့ ကာမကို လိမ်လည်ရယူမှုနဲ့ ပတ်သက်လို့ သတိပြုဆင်ခြင်နိုင်အောင် အပြုသဘောဆောင် ပြန်လည်မျှဝေလိုက်ပါရစေ။

စာရေးသူ - သာဓက
စက်တင်ဘာ - ၁၃

(zawgyi)

ဒီဘက္ေခတ္ထဲ ၾကားရသမွ် သတင္းအမ်ားစုက ဘာတစ္ခုမွ သက္ေသာင့္သက္သာ မရွိလွပါဘူး။
အေဖရင္းက သမီးကို၊ အစ္ကိုဝမ္းကြဲက ညီမကို၊ ပေထြးက မယားပါသမီးကို အစရွိသျဖင့္ မုဒိမ္းမႈက်ဴးလြန္သူေတြက ေဆြမ်ိဳးရင္းခ်ာေတြကိုေတာင္ အလြတ္မေပးတာ သိရၾကားရေတာ့ အေတာ့္ကို စိတ္မခ်မ္းမသာ ျဖစ္မိပါတယ္။ဒီၾကားထဲ သက္ငယ္မုဒိမ္းမႈေတြကလည္း မၾကားခ်င္မွအဆုံး။

အရင္းစစ္ရင္ အခုေခတ္က ကာမတဏွာေတြ အရင္ကထက္ ပိုမိုထႂကြလာၾကေလသလားရယ္လို႔ ထင္မွတ္ယူဆစရာ ရွိပါတယ္။ဒီလိုကိစၥေတြျဖစ္လာတာဟာ ပညာနိမ့္က်လို႔၊ ညစ္ညမ္းဗီဒီယို၊ ညစ္ညမ္းစာေပေတြ ပိုမိုမ်ားျပားလာလို႔၊ စာမဖတ္လို႔၊ ဗဟုသုတေခါင္းပါးလို႔ စသည္ျဖင့္ ဟိုဟာေၾကာင့္မို႔လို႔၊ ဒီဟာေၾကာင့္မို႔လို႔နဲ႔ လို႔ေပါင္းမ်ားစြာနဲ႔ ထင္ျမင္ခ်က္ေတြ အမ်ိဳးမ်ိဳးေပးၾကပါတယ္။

ဒီေနရာမွာ ေလ့လာၾကည့္ေတာ့ ပညာမတတ္တိုင္း၊ လူမႈဘဝေတြနိမ့္က်တိုင္း၊ စာမဖတ္တိုင္း၊ ဗဟုသုတနည္းပါးတိုင္း၊ အျပာစာေပ အျပာ႐ုပ္ရွင္ကားေတြၾကည့္တိုင္း ဒါမ်ိဳးလုပ္ၾကသလား ဆိုေတာ့လည္း မဟုတ္ျပန္ပါဘူး။အဓိက ကေတာ့ ကိုယ္က်င့္တရားနဲ႔ပဲ ဆိုင္ပါတယ္။
လုပ္ခ်င္တဲ့သူကေတာ့ ပညာတတ္တတ္ မတတ္တတ္၊ ဆင္းရဲရဲ ခ်မ္းသာသာ၊ ရာထူးဂုဏ္ပကာသနေတြ ေသးေသးႀကီးႀကီး ယုတ္မာတဲ့ စိတ္အခံရွိတဲ့လူက ယုတ္မာတာပါပဲ။

ဘာလို႔ ဒီလိုေျပာရလည္းဆိုေတာ့ ပညာမတတ္သူေတြ၊ မရွိဆင္းရဲသားေတြ၊ နိမ့္က်တဲ့ဘဝ ပိုင္ဆိုင္ထားသူေတြျဖစ္ေပမယ့္ ကိုယ္က်င့္တရားေကာင္းသူေတြ၊ ႐ိုးသားသူေတြ တစ္ပုံႀကီးရွိပါေသးတယ္။ပညာတတ္တတ္ မတတ္တတ္၊ ရာထူးဂုဏ္ပကာသနေတြ ေသးေသးႀကီးႀကီး ယုတ္မာတဲ့လူက ယုတ္မာတာပါပဲလို႔ ေျပာရတဲ့ ေနာက္ထပ္အေၾကာင္းအရင္းေတြလည္း ရွိပါေသးတယ္။

ပညာတတ္ အမ်ိဳးသားတစ္ေယာက္က ေက်ာရ႐ုံႀကံၿပီး ထားခဲ့လို႔ မိန္းကေလးက ကေလးသာ ေမြးလိုက္ရတယ္။အဲဒီေကာင္ေလးက တာဝန္မယူ လက္မထပ္လို႔ ကေလးရဲ႕ ဖခင္အျဖစ္ ႁမြက္ဟေၾကညာေပးေစလိုမႈဆိုၿပီး တရား႐ုံးမွာ ေလွ်ာက္ထားေနရတယ္လို႔ မၾကာေသးမီကမွ ၾကားရပါတယ္။

အလားတူပဲ လုပ္ငန္းရွင္ သူေဌးအခ်ိဳ႕နဲ႔ အထက္အရာရွိအခ်ိဳ႕က လက္ေအာက္ငယ္သားနဲ႔ ဝန္ထမ္းမိန္းကေလးအခ်ိဳ႕ကို အေပ်ာ္ႀကံတာ၊ အသားယူတာ၊ ဟိုကိုင္ဒီကိုင္လုပ္တာ၊ က်ဴးက်ဴးလြန္လြန္ျဖစ္ၿပီးမွ တာဝန္မယူတာ အစရွိတာေတြကလည္း ဒီေန႔ေခတ္မွာ မၾကာမၾကာၾကားရပါတယ္။အဲဒီေတာ့ ကာမကို ႏိုင့္ထက္စီးနင္း ျပဳတာေတြ အသားယူတာေတြက ပညာတတ္တာ မတတ္တာ၊ လူတန္းစားကြဲလြဲတာေတြနဲ႔ မဆိုင္ဘဲ စိတ္ဓာတ္ ကိုယ္က်င့္တရားနဲ႔ပဲ ဆိုင္တယ္ဆိုတာကို စာေရးသူရဲ႕ တစ္သီးပုဂၢလအျမင္နဲ႔ ယူဆမိပါတယ္။

မုဒိမ္းမႈကိစၥ၊ တစ္လင္တစ္မယားကိစၥနဲ႔ ပတ္သက္တဲ့ ဥပေဒဆိုင္ရာ အေၾကာင္းအရာအခ်ိဳ႕ကို မၾကာခဏေရးခဲ့ဖူးပါတယ္။ဒီတစ္ခါ ေျပာျပခ်င္တာက ကာမကို လိမ္လည္ရယူတာ ဘယ္လိုဟာမ်ိဳး ဆိုတာရယ္၊ အဲဒီလိုအမႈအခ်ိဳ႕ရဲ႕ အသြားအလာကို ျပန္လည္မွ်ေဝခ်င္ပါတယ္။

၂ဝဝ၉ ခုႏွစ္ ဝန္းက်င္ေလာက္က ျဖစ္ပါတယ္။ကာမကို လိမ္လည္ရယူလို႔ တရားစြဲဆိုခံခဲ့ရတဲ့ နာမည္ႀကီး လုပ္ငန္းရွင္တစ္ေယာက္အေၾကာင္းကို အလ်ဥ္းသင့္လို႔ ေျပာျပခ်င္ပါတယ္။ဒီေနရာမွာ လုပ္ငန္းရွင္နာမည္နဲ႔ သူ႔ကိုတရားစြဲခဲ့တဲ့ နစ္နာသူ မင္းသမီးရဲ႕ နာမည္ကိုေတာ့ ထုတ္မေျပာေတာ့ပါဘူး။မင္းသမီးကို လက္ထပ္မယ္ေျပာၿပီး ကာမကို အႀကိမ္ႀကိမ္ရယူခဲ့လို႔ အဲဒီလုပ္ငန္းရွင္ တရားစြဲခံရတာ ျဖစ္ပါတယ္။အဲဒီတုန္းက လုပ္ငန္းရွင္က ႐ုံးကင္းလြတ္ခြင့္ ေလွ်ာက္ထားခဲ့ေပမယ့္ ပယ္ခ်ခံခဲ့ရပါတယ္။

တရားလို မင္းသမီးက လုပ္ငန္းရွင္ အမ်ိဳးသားကို ျပစ္မႈဆိုင္ရာဥပေဒပုဒ္မ ၄၁၇ အရ အေရးယူေပးဖို႔ ----- ၿမိဳ႕နယ္ တရား႐ုံးကို ဦးတိုက္ေလွ်ာက္ထားခဲ့တာ ျဖစ္ပါတယ္။အဲဒီလိုေလွ်ာက္ထားတဲ့အခါ ----- ၿမိဳ႕နယ္ တရား႐ုံးက ျပစ္မႈႀကီးအမွတ္ ---/၂ဝဝ၉ နဲ႔ အမႈကို စစ္ေဆးခဲ့ပါတယ္။ၿမိဳ႕နယ္တရား႐ုံးမွာ တရားလိုစစ္ေဆးေနတုန္း တရားစြဲခံရသူ လုပ္ငန္းရွင္က ျပစ္မႈဆိုင္ရာက်င့္ထုံး ဥပေဒပုဒ္မ ၂ဝ၅ (၁) အရ ႐ုံးကင္းလြတ္ခြင့္ျပဳဖို႔ ေလွ်ာက္ထားတဲ့အခါ ပယ္တယ္ဆိုၿပီး အမိန႔္ခ်မွတ္ခံရလို႔ ရန္ကုန္ အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးကို ျပစ္မႈဆိုင္ရာျပင္ဆင္မႈ အမွတ္ ---/၂ဝဝ၉ နဲ႔ ျပင္ဆင္မႈဝင္ေရာက္ခဲ့ေတာ့ ႐ုံးကင္းလြတ္ခြင့္ ရခဲ့ပါတယ္။

အဲဒီအမိန႔္အေပၚ မူလ႐ုံး တရားလို မင္းသမီးက ေက်နပ္မႈမရွိလို႔ ရန္ကုန္တိုင္း တရား႐ုံးကို ျပင္ဆင္မႈဝင္ေရာက္ခဲ့ေတာ့လည္း ေအာင္ျမင္မႈမရခဲ့ပါဘူး။ဒါေၾကာင့္ တရား႐ုံးခ်ဳပ္ကို ျပစ္မႈဆိုင္ရာျပင္ဆင္မႈ ေလွ်ာက္ခဲ့ပါတယ္။တရားလို မင္းသမီးရဲ႕ ေရွ႕ေန ေလွ်ာက္လဲတင္ျပခ်က္ေတြထဲမွာ ဒီလိုဆိုပါတယ္။''မူလ႐ုံး တရားခံသည္ တရား႐ုံးေရွ႕သို႔ မေရာက္မီ ႐ုံးေတာ္မွဆင့္ဆိုသည့္ သမၼန္စာ အတည္မျဖစ္ေစရန္ တမင္ေရွာင္တိမ္းေနသူျဖစ္ၿပီး တရား႐ုံးေရွ႕ေရာက္ၿပီး ေနာက္ပိုင္းတြင္လည္း လုံေလာက္ေသာ အေၾကာင္းျပခ်က္မရွိဘဲ ပ်က္ကြက္ေလ့ရွိသူ ျဖစ္ေၾကာင္း၊ စြပ္စြဲခံရသူမရွိဘဲ ႐ုံးေရွ႕တြင္ အစစ္ခံရသည္မွာ တရားလိုတြင္ မ်ားစြာထိခိုက္နစ္နာ အရွက္ရေၾကာင္း၊ တရားလို၏ စိတ္၊ ဂုဏ္သေရကို နစ္နာေစေသာေၾကာင့္ စြပ္စြဲခံရသူ ႐ုံးေရွ႕သို႔ လာေရာက္ရန္ အမိန႔္တစ္ရပ္ ခ်မွတ္ေပးရန္'' ဆိုၿပီး အဲဒီအခ်က္ေတြကို ထည့္သြင္းေလွ်ာက္လဲ တင္ျပခဲ့တာ ျဖစ္ပါတယ္။

အဲဒီကိစၥနဲ႔ ပတ္သက္လို႔ တရား႐ုံးခ်ဳပ္က အခုလိုဆုံးျဖတ္ အမိန႔္ခ်ခဲ့ပါတယ္။''မူလ႐ုံး အမႈတြဲရွိ သက္ေသခံခ်က္မ်ားအရ ေလွ်ာက္ထားသူႏွင့္ ေလွ်ာက္ထားခံရသူတို႔သည္ မိမိတို႔၏ အက်ိဳးစီးပြားမ်ား လုပ္ကိုင္ေဆာင္႐ြက္ေနသကဲ့သို႔ ႏိုင္ငံေတာ္၏ အက်ိဳးစီးပြားကို ေရွ႕ရႈ၍ တစ္ဖက္တစ္လမ္းမွ တတ္စြမ္းသေ႐ြ႕ ကိုယ္စီတာဝန္ယူ ေဆာင္႐ြက္ေနသူမ်ား ျဖစ္ေၾကာင္း ေလွ်ာက္ထားခံရသူသည္ ႏိုင္ငံေတာ္၏ အေရးႀကီးေသာတာဝန္မ်ား ထမ္းေဆာင္ေနရသူ ႏိုင္ငံ့ဝန္ထမ္း အႀကီးအကဲတစ္ဦး မဟုတ္ဘဲ ပုဂၢလိက စီးပြားေရးလုပ္ငန္း ထူေထာင္ထားသည့္ ကုမၸဏီ၏ အုပ္ခ်ဳပ္မႈဒါ႐ိုက္တာ တစ္ဦးသာ ျဖစ္ေၾကာင္း ႐ုံးေရွ႕သို႔ လာေရာက္ႏိုင္ျခင္းမွာ စြမ္းေဆာင္ႏိုင္သူ ျဖစ္ေၾကာင္း၊ ေလွ်ာက္ထားခံရသူ လုပ္ကိုင္ေဆာင္႐ြက္ေနေသာ ေဈးႀကီးမွာ ဖြင့္လွစ္ၿပီး ျဖစ္ေၾကာင္း၊ ေဘာလုံးပြဲမွာလည္း ၿပီးစီးသြားၿပီ ျဖစ္ေၾကာင္း ေပၚေပါက္သည္။မူလ႐ုံးက ေလွ်ာက္ထားသူႏွင့္ ေလွ်ာက္ထားခံရသူ ႏွစ္ဘက္ေရွ႕ေနမ်ား ႐ုံးခ်ိန္းကို ညႇိႏႈိင္းခ်ိန္းဆိုေပးေၾကာင္းလည္း ထင္ရွားသျဖင့္ ေလွ်ာက္ထားခံရသူအား ႐ုံးေရွ႕သို႔ လာေရာက္ရန္ ကင္းလြတ္ခြင့္ ျပဳထားျခင္းကို ပယ္ဖ်က္သင့္သည္ဟု သုံးသပ္ရမိသည္။သို႔ျဖစ္ရာ မူလၿမိဳ႕နယ္တရား႐ုံးက ေလွ်ာက္ထားခံရသူအား ျပစ္မႈဆိုင္ရာက်င့္ထုံး ဥပေဒပုဒ္မ ၂ဝ၅ (၂) အရ ႐ုံးေရွ႕သို႔ လာေရာက္ျခင္းမွ ကင္းလြတ္ခြင့္မျပဳခဲ့ျခင္းမွာ မွားယြင္းသည္ဟု မဆိုႏိုင္ေပ။ေလွ်ာက္ထားခံရသူအား ျပစ္မႈဆိုင္ရာက်င့္ထုံး ဥပေဒပုဒ္မ ၂ဝ၅ (၂) အရ ႐ုံးေရွ႕လာေရာက္ျခင္းမွ ကင္းလြတ္ခြင့္ျပဳေသာ ရန္ကုန္ အေရွ႕ပိုင္းခ႐ိုင္တရား႐ုံး၏ အမိန႔္ႏွင့္ ယင္းအမိန႔္အေပၚ အတည္ျပဳေသာ ရန္ကုန္တိုင္း တရား႐ုံးတို႔၏ အမိန႔္တို႔မွာ မွန္ကန္သည္ဟု မဆိုႏိုင္သျဖင့္ ဝင္ေရာက္စြက္ဖက္ရေပသည္။ထို႔ေၾကာင့္ ဤျပင္ဆင္မႈကို ခြင့္ျပဳသည္။ရန္ကုန္ အေရွ႕ပိုင္းခ႐ိုင္တရား႐ုံး၏ ျပစ္မႈဆိုင္ရာျပင္ဆင္မႈ အမွတ္ ---/၂ဝဝ၉ အမိန႔္ႏွင့္ ရန္ကုန္တိုင္းတရား႐ုံး၏ ျပစ္မႈဆိုင္ရာျပင္ဆင္မႈ အမွတ္ ---/၂ဝဝ၉ အမိန႔္တို႔ကို ပယ္ဖ်က္ၿပီး မူလ ------- ၿမိဳ႕နယ္တရား႐ုံး၏ ၂ဝဝ၉ ခုႏွစ္၊ ဇူလိုင္လ ၁ဝ ရက္ေန႔ ရက္စြဲပါ အမိန႔္ကို အတည္ျပဳေၾကာင္း အမိန႔္ခ်မွတ္လိုက္သည္'' စတဲ့ အခ်က္ေတြကို ထည့္သြင္းသုံးသပ္ခဲ့တာ ျဖစ္ပါတယ္။

အႏွစ္ခ်ဳပ္လိုက္ရင္ ဒီလို ႐ုံးကင္းလြတ္ခြင့္ ေလွ်ာက္တာနဲ႔ ပတ္သက္လို႔ အျပန္အလွန္ တရား႐ုံးအဆင့္ဆင့္မွာ ေလွ်ာက္ထားတဲ့အခါ တရားလို မင္းသမီးက အႏိုင္ရၿပီး တရားစြဲခံရတဲ့ လုပ္ငန္းရွင္က ႐ုံးကင္းလြတ္ခြင့္ မရခဲ့ပါဘူး။ဒီအမႈကို ဘာလို႔ အေသးစိတ္ရွင္းျပရလည္းဆိုေတာ့ စာဖတ္သူေတြကို ေပးခ်င္တဲ့ မက္ေဆ့ခ်္ရွိလို႔ပါ။အဲဒီေပးခ်င္တဲ့ မက္ေဆ့ခ်္က ဘာလည္းဆိုေတာ့ အခုျဖစ္ခဲ့တဲ့ ျဖစ္ေနတဲ့ ကာမကို လိမ္လည္မႈအခ်ိဳ႕မွာ လိမ္လည္ခံရသူဘက္ကလည္း နစ္နာေသးတယ္။လိမ္တဲ့သူေတြဘက္ကေတာင္ ျပန္ၿပီးအသာစီး ယူခ်င္တတ္ၾကေသးတယ္ဆိုတာကို သိေစခ်င္တာပါ။ဒါေပမယ့္ ေနာက္ဆုံးနစ္နာသူဘက္က ႏိုင္လိုက္ပါတယ္။

အခုဆိုရင္ ျမန္မာႏိုင္ငံမွာ ကာမကို လိမ္လည္ရယူၿပီး တာဝန္မယူ ေရွာင္ေျပးတတ္တဲ့ အမ်ိဳးသားေတြေၾကာင့္ ဆယ္ေက်ာ္သက္အ႐ြယ္ single mother ေလးေတြလည္း ရွိေနပါတယ္။ဒါေၾကာင့္မို႔ ကာမလိမ္လည္ ရယူသူေတြကို အေရးယူလို႔ရတဲ့ ဥပေဒပုဒ္မနဲ႔ ျပဌာန္းခ်က္အခ်ိဳ႕ကို ျပန္လည္မွ်ေဝေပးခ်င္ပါတယ္။လက္ရွိ ျမန္မာႏိုင္ငံမွာ ကာမကို လိမ္လည္ရယူတာနဲ႔ ပတ္သက္လို႔ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၄၁၇ နဲ႔ အေရးယူလို႔ရပါတယ္။
ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၄၁၇ မွာ ျပဌာန္းထားတာက ဒီလိုပါ။

''မည္သူမဆို လိမ္လည္မႈက်ဴးလြန္လွ်င္ ထိုသူကို သံုးႏွစ္ထိ ေထာင္ဒဏ္တစ္မ်ိဳးမ်ိဳးျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးကိုျဖစ္ေစ ခ်မွတ္ရမည္'' လို႔ ပုဒ္မ ၄၁၇ မွာ ဆိုပါတယ္။
ဘယ္လိုျပဳမူမႈမ်ိဳးဟာ လိမ္လည္မႈေျမာက္သလဲ ဆိုတာကိုေတာ့ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၄၁၅ မွာ ဒီလိုရွင္းျပထားပါတယ္။

''မည္သူမဆို တစ္ဦးတစ္ေယာက္ေသာသူအား လွည့္ျဖားျခင္းျဖင့္ ထိုသို႔လွည့္ျဖားျခင္းျဖင့္ ထိုသို႔လွည့္ျဖားခံရေသာသူက သူတစ္ပါးအား ပစၥည္းတစ္ခုခုကို ေပးအပ္ေစရန္ျဖစ္ေစ၊ ထိုသို႔လွည့္ျဖားျခင္း ခံရေသာသူအား လိမ္လည္လွည့္ျဖားလိုေသာ သေဘာျဖင့္ေသာ္ လည္းေကာင္း၊ မ႐ိုးမေျဖာင့္ေသာ သေဘာျဖင့္ေသာ္ လည္းေကာင္း ေသြးေဆာင္လွ်င္၊ သို႔တည္းမဟုတ္ တစ္ဦးတစ္ေယာက္ေသာသူအား လွည့္ျဖားျခင္းျဖင့္ ထိုသို႔လွည့္ျဖားျခင္း ခံရေသာသူက အကယ္၍ လွည့္ျဖားျခင္းမခံရခဲ့ေသာ္ မိမိျပဳမည္မဟုတ္ေသာ သို႔တည္းမဟုတ္ မိမိပ်က္ကြက္မည္မဟုတ္ေသာ အရာကို ျပဳေစရန္ေသာ္ လည္းေကာင္း မျပဳဘဲပ်က္ကြက္ေစရန္ေသာ္ လည္းေကာင္း ထိုသို႔လွည့္ျဖားျခင္း ခံရေသာသူအား တမင္ေသြးေဆာင္လွ်င္၊ ထို႔ျပင္ ထိုျပဳလုပ္မႈက သို႔တည္းမဟုတ္ ထိုပ်က္ကြက္မႈက ထိုသူ၏ ကိုယ္ကိုျဖစ္ေစ၊ စိတ္ကိုျဖစ္ေစ၊ ဂုဏ္သေရကိုျဖစ္ေစ၊ ပစၥည္းကိုျဖစ္ေစ ပ်က္စီးနစ္နာေစျခင္းေသာ္ လည္းေကာင္း၊ အႏၲရာယ္ေသာ္ လည္း ေကာင္း ျဖစ္ေစလွ်င္ သို႔တည္းမဟုတ္ ထိုသို႔ျဖစ္ေစတန္ရာလွ်င္ ထိုသူသည္ လိမ္လည္သည္မည္၏'' လို႔ ပုဒ္မ ၄၁၅ မွာ ဆိုပါတယ္။

အိမ္ေထာင္မရွိသူက ကာမကို လိမ္လည္ရယူရင္ ပုဒ္မ ၄၁၇ နဲ႔ အေရးယူလို႔ရေပမယ့္ အိမ္ေထာင္သည္ေတြက လူပ်ိဳဟန္ေဆာင္ၿပီး ကာမကို လိမ္လည္ရယူမယ္ ထပ္မံထိမ္းျမားမယ္ဆိုရင္ေတာ့ တစ္လင္တစ္မယားစနစ္ က်င့္သုံးျခင္းဆိုင္ရာ ဥပေဒပုဒ္မ ၁၇ အရ အေရးယူရမွာ ျဖစ္ပါတယ္။

ထိမ္းျမားၿပီးသား ေယာက္်ားျဖစ္ျဖစ္ မိန္းမျဖစ္ျဖစ္ ထိမ္းျမားမႈ အတည္ျဖစ္ေနစဥ္မွာ ထိမ္းျမားထားတာကို ထိန္ခ်န္ၿပီး ထပ္မံထိမ္းျမားမယ္ဆိုရင္ ၁၀ ႏွစ္ထက္ မပိုတဲ့ ေထာင္ဒဏ္ ခ်မွတ္ရမယ့္ျပင္ ေငြဒဏ္လည္း ခ်မွတ္ရမယ္လို႔ တစ္လင္တစ္မယားစနစ္ က်င့္သုံးျခင္းဆိုင္ရာ ဥပေဒပုဒ္မ ၁၇ မွာ ျပဌာန္းထားတာ ျဖစ္ပါတယ္။

ဒါေၾကာင့္မို႔ ကာမကို လိမ္လည္ရယူမယ္ဆိုရင္ အိမ္ေထာင္ ရွိျခင္း၊ မရွိျခင္း၊ ထိန္ခ်န္ျခင္း၊ မထိန္ခ်န္ျခင္း အေပၚ မူတည္ၿပီး ေထာင္ဒဏ္သံုးႏွစ္ထိျဖစ္ျဖစ္၊ ၁၀ ႏွစ္ထိျဖစ္ျဖစ္ က်ခံရႏိုင္တာမို႔ ကာမကို လိမ္လည္ရယူမႈနဲ႔ ပတ္သက္လို႔ သတိျပဳဆင္ျခင္ႏိုင္ေအာင္ အျပဳသေဘာေဆာင္ ျပန္လည္မွ်ေဝလိုက္ပါရေစ။

စာေရးသူ - သာဓက
စက္တင္ဘာ - ၁၃