【 ဆောင်းပါး 】 ''ကိုဗစ် စီရင်ချက်''

【 ဆောင်းပါး 】 ''ကိုဗစ် စီရင်ချက်''

အသက်တစ်ရာမနေရပေမယ့် အမှုတစ်ရာပွေရတယ်ဆိုတဲ့စကား အခုများတော့ ပိုများမှန်နေသလား အောက်မေ့ရပါတယ်။အမှုဖြစ်ပြီဆို ဘာအမှူဖြစ်ဖြစ် ကောင်းတယ်ဆိုတာမရှိပါဘူး။ပြစအမှုဖြစ်ဖြစ် တရားမအမှုဖြစ်ဖြစ် အချိန်ကုန်ငွေကုန် လူပင်ပန်းနဲ့ ဒုက္ခအမျိုးမျိုး သောကအဖုံဖုံ ကြုံရတတ်တာ အမှုသည်တိုင်းအတွက် ဓမ္မတာလိုတောင်ဖြစ်နေပါပြီ။

ဒါကြောင့်မို့လည်း လူများစုက ရုံးရောက်ဂတ်ရောက်နဲ့ ရဲစခန်းတို့ တရားရုံးတို့ဆို မပတ်သက်ချင်ကြလို့ မပတ်သက်ရအောင် ရှောင်ကြတာများပါတယ်။ဒီနေရာမှာ တချို့ကအမှုမဖြစ်အောင် အတတ်နိုင်ဆုံးရှောင်ကြသလို ရှောင်တိုင်းလည်း လွတ်ကြတာရှိပါတယ်။တချို့ကတော့ ရှောင်တဲ့ကြားက မတတ်သာလို့ကြုံရသလို ရှောင်လည်းမရှောင်တတ် ရှောင်ရကောင်းမှန်းလည်းမသိလို့ အမှုတွေနဲ့တည့်တည့်တိုးပြီး ထောင်ကျတန်းကျရတာတွေလည်းရှိပါတယ်။

အမှုဖြစ်လို့ထောင်ကျတယ်ဆိုတာ လူသတ်မှ၊ လုယက်မှ၊ ခိုးမှ၊ လိမ်မှ ထောင်ကျတတ်တာမျိုး မဟုတ်ပါဘူး။လူသိများတဲ့ မူးယစ်ဆေးဝါးမှုလို၊ အဂတိလိုက်စားမှုလို၊ လောင်းကစားမှု အပါအဝင် လူကုန်ကူးတာမျိုးတွေ၊ နိုင်ငံရေးနဲ့ဆက်နွယ်တဲ့ ပုဒ်မတွေနဲ့သာမက လူသိနည်းတဲ့ အခြားပြစ်မှုအထူးဥပဒေတွေနဲ့လည်း ထောင်ကျနိုင်တာပါပဲ။

အထက်မှာပြောခဲ့တဲ့ အသက်တစ်ရာမနေရ အမှုတစ်ရာပွေရတယ်ဆိုတဲ့စကား အခုများတော့ ပိုများမှန်နေသလားဆိုပြီး ဘာကြောင့်များပြောရသလဲဆိုတော့ အကြောင်းရှိပါတယ်။အခုတလော ခေတ်စားလာတဲ့ ဥပဒေတစ်ခုနဲ့ ဆက်နွယ်လို့ အဲဒီစကားပြောရတာဖြစ်ပါတယ်။
အဲဒီဥပဒေနဲ့ပတ်သက်ပြီး အရေးယူခံရတာတွေ မကြာခဏကြားနေရပါတယ်။အဲဒီဥပဒေက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြစ်ပါတယ်။အဲဒီဥပဒေက လူများစုသိပ်မသိကြပါဘူး။ဥပဒေပညာရှင်တွေတောင် သိတယ်ဆိုပေမယ့် အဲဒီဥပဒေနဲ့ ဆက်နွယ်ဆောင်ရွက်ရတဲ့ အမှုအခင်းကိစ္စတွေဆိုတာ အတော်ကိုနည်းပါတယ်။

အဲဒီဥပဒေကို မြန်မာနိုင်ငံမှာ အသုံးများလာရတဲ့အကြောင်းအရင်းက လက်ရှိ မြန်မာအပါအဝင် ကမ္ဘာနဲ့အဝှမ်း ဖြစ်ပွားနေတဲ့ ကိုဗစ် [Covid-19] ဆိုတဲ့ ကမ္ဘာ့ကူးစက်မြန် ကပ်ရောဂါကြောင့်ဖြစ်ပါတယ်။ဧပြီလလယ် ၁၅ ရက်နေ့အထိကို မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်ခံရသူ ၇၄ ဦးနဲ့ အဲဒီရောဂါကူးစက်ခံရပြီးနောက် သေဆုံးတာ ၄ ဦးရှိပါပြီ။ကိုဗစ်နဲ့ပတ်သက်လို့ တားမြစ်ချက်၊ သတိပေးချက်၊ ပန်ကြားချက် အမျိုးမျိုးကိုလည်း သက်ဆိုင်ရာက ကြေညာခဲ့ပြီးဖြစ်သလို ဆက်လက်လည်းကြေညာနေဦးမှာဖြစ်ပါတယ်။

အဲဒီတော့ ကိုဗစ်လို ကူးစက်ရောဂါနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေက ဘယ်လိုဆက်စပ်သွားရသလဲဆိုပြီး တချို့ကနားမရှင်းကြတာလည်းရှိပါတယ်။ဥပဒေရဲ့နာမည်ထဲမှာ ကူးစက်ရောဂါဆိုတဲ့ စကားလုံးတစ်လုံးမှမပါဘဲ ဘာကြောင့် ဒီဥပဒေနဲ့အရေးယူရတာလဲဆိုပြီး နားမလည်နိုင်ကြတာဖြစ်ပါတယ်။

ကနဦးအနေနဲ့ ကိုဗစ်လို ကူးစက်ရောဂါကိစ္စမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ ဘာကြောင့်အရေးယူလို့ရလဲဆိုတာကို အရင်ရှင်းပြချင်ပါတယ်။

၂၀၁၃ ခုနှစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂ (ခ) မှာ သဘာဝဘေးအန္တရာယ်ဆိုတဲ့ အဓိပ္ပါယ်ကို ဒီလိုဖွင့်ဆိုထားပါတယ်။

''သဘာဝဘေးအန္တရာယ် ဆိုသည်မှာ သဘာဝအလျောက်ဖြစ်စေ၊ လူတို့၏ ပြုမူဆောင်ရွက်မှု၊ မတော်တဆမှု သို့မဟုတ် ပေါ့ဆမှုကြောင့်ဖြစ်စေ မီးလောင်ခြင်း၊ မြေပြိုခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေလွှမ်းမိုးခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးခေါင်ခြင်း၊ မြေငလျင်လှုပ်ခြင်း၊ ဆူနာမီလှိုင်းဖြစ်ပေါ်ခြင်း၊ ဆီးနှင်းပြိုကျခြင်း၊ အပူလှိုင်း သို့မဟုတ် အအေးလှိုင်းဒဏ်ခံရခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ကမ်းပြိုခြင်း၊ ပင်လယ်ရေကြောင်းအန္တရာယ် ဖြစ်ပေါ်ခြင်းကြောင့်သော်လည်းကောင်း၊ ပိုးမွှားတိရစ္ဆာန်များကြောင့်ဖြစ်စေ၊ အပင်ရောဂါကြောင့်ဖြစ်စေ၊ ပျိုးခင်းစိုက်ခင်းများ ပျက်စီးခြင်း၊ ငတ်မွတ်ခေါင်းပါးမှုဖြစ်ခြင်း၊ လူ သို့မဟုတ် တိရစ္ဆာန်များတွင် ကူးစက်ရောဂါ ဖြစ်ပွားခြင်းကြောင့်သော်လည်းကောင်း၊ အကြမ်းဖက်ခြင်း၊ လက်နက်ကိုင်သောင်းကျန်းမှု ဖြစ်ပွားခြင်းကြောင့်သော်လည်းကောင်း၊ စက်မှုလုပ်ငန်းကြောင့် ဖြစ်စေ၊ ဓာတုပစ္စည်းကြောင့်ဖြစ်စေ၊ အဏုမြူကြောင့်ဖြစ်စေ၊ ရေနံယိုဖိတ်ခြင်းကြောင့်ဖြစ်စေ၊ သဘာဝဓာတ်ငွေ့များ ယိုစိမ့်ခြင်းကြောင့်ဖြစ်စေ အန္တရာယ်ဖြစ်ပေါ်ခြင်းကြောင့်သော်လည်းကောင်း၊ အများပြည်သူ၏ အသက်အိုးအိမ် ဥစ္စာပစ္စည်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း၊ အခြေခံအဆောက်အအုံများ၊ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး သို့မဟုတ် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှုများကို ဆိုသည်။ယင်းစကားရပ်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက သဘာဝဘေးအန္တရာယ်ဟု သတ်မှတ်သည့် အခြားဘေးအန္တရာယ်တစ်ခုခုလည်း ပါဝင်သည်။'' ဆိုပြီး ပုဒ်မ ၂ (ခ) မှာ ပြဌာန်းထားပါတယ်။

အဲဒီပြဌာန်းချက်ထဲမှာ'' လူ သို့မဟုတ် တိရစ္ဆာန်များတွင် ကူးစက်ရောဂါဖြစ်ပွားခြင်း'' ဆိုတဲ့အချက် ပါတာကြောင့် ကိုဗစ်ကူးစက်ရောဂါနဲ့ပတ်သက်လို့ ဒီဥပဒေနဲ့ အရေးယူလို့ရတာဖြစ်ပါတယ်။

ဒီနေရာမှာ မေးစရာရှိတာက ဘယ်လိုကြောင့် ဘာအကြောင်းပြချက်နဲ့ အရေးယူသလဲဆိုပြီးတော့ပေါ့။သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူတဲ့နေရာမှာ အများဆုံးသုံးတဲ့ပုဒ်မက ၂၅၊ ၂၆ နဲ့ ၃၀ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက ဒီဥပဒေအရ အရေးယူခံရတဲ့ ဖြစ်စဉ်အချို့ကို အနည်းငယ်ပြောလိုပါတယ်။

တာချီလိတ်မြို့နယ်မှာ မဟာသင်္ကြန်ကို ကြိုဆိုတယ်ဆိုပြီး ရေပက်ကခုန်ကြတဲ့ စားသောက်ဆိုင်ပိုင်ရှင်ပါ ၁၀ ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅/၃၀ (က) အရ အမှုဖွင့်အရေးယူခဲ့ပါတယ်။

အလားတူပဲ ကန့်ဘလူ၊ ကျိုင်းတုံ၊ ပဲခူး၊ မြစ်သားမြို့နယ်တို့မှာလည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူခံရသူ ငါးဦးရှိခဲ့ပါတယ်။

ကိုဗစ်ရောဂါ စောင့်ကြည့်လူနာတွေထားတဲ့ နေရာကို ခွင့်ပြုချက်မရှိဘဲ ဓာတ်ပုံရိုက်တာ၊ မချေမငံပြောဆို နှောင့်ယှက်တာ၊ မူးယစ်ရမ်းကားဝင်ရောက်တာ၊ ကျေးရွာအတွင်းမှာ ကိုဗစ်ကူးစက်ရောဂါ ကာကွယ်ရေး အသိပညာပေးနေတဲ့ သက်ဆိုင်ရာတာဝန်ရှိသူကို ဆဲဆိုနှောင့်ယှက်ပြီး ဓားနဲ့ထိုးတာ၊ အခြေခံလူတန်းစားတွေအတွက် နိုင်ငံတော်အစိုးရက ထောက်ပံ့တဲ့ ဆန်/ဆီ/ဆား/ပဲ/ကြက်သွန် ပေးဝေ‌နေတုန်း အရက်မူးယစ်ဆဲဆိုပြီး လူမှုကူညီရေးအသင်းအဖွဲ့ဝင်တွေကို နှောင့်ယှက်တာ စသဖြင့် အဲဒီလိုကျူးလွန်တဲ့သူတွေကို ဒီဥပဒေရဲ့ ပုဒ်မ၂၅၊ ၂၆၊ ၃၀ တို့အရ အမှုဖွင့်အရေးယူခဲ့တာဖြစ်ပါတယ်။

ဘယ်သူဖြစ်ဖြစ် ဆန်းစစ်ချက်မပြုလုပ်ဘဲ ပေါ့ဆစွာဆောင်ရွက်မှု တစ်ခုခုကြောင့်ဖြစ်ဖြစ်၊ ဘေးအန္တရာယ် တစ်စုံတစ်ရာ ကျရောက်နိုင်တာကို သိလျက်နဲ့ တမင်ပြုလုပ်လို့ဖြစ်ဖြစ်၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ရင် ဒါမှမဟုတ် ဖြစ်ပေါ်စေဖို့ အကြောင်းရှိရင် အဲဒီသူကို သုံးနှစ်ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်ဆိုပြီး ပုဒ်မ ၂၅ မှာ ဆိုပါတယ်။

အဲဒီလိုပဲ ဒီဥပဒေအရ တာဝန်ပေးအပ်ခံရတဲ့ ဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတစ်ရပ်ရပ် ဆောင်ရွက်တာကို နှောက်ယှက်တားဆီးတာ၊ ဟန့်တားတာ၊ လက်ရောက်မှုကျူးလွန်တာ၊ ပြစ်မှုမကင်းတဲ့ အနိုင်အထက်ပြုတယ်ဆိုပြီး ပြစ်မှုထင်ရှား စီရင်ခံရရင် အဲဒီသူကို နှစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်ဖြစ်၊ ငွေဒဏ်ဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် ချမှတ်ရမယ်လို့ ပုဒ်မ ၂၆ မှာ ပြဌာန်းထားပါတယ်။

ဒါ့အပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတစ်ရပ်ရပ်ကို ဆောင်ရွက်ဖို့ ဒီဥပဒေအရ တာဝန်ပေးအပ်ခံရတဲ့ ဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ရဲ့ ညွှန်ကြားချက်တစ်ရပ်ရပ်ကို လိုက်နာဖို့ တမင်ပျက်ကွက်တာ၊ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့နေရာ၊ အဆောက်အအုံအတွင်းကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာတွေ ပြုလုပ်လို့ ပြစ်မှုထင်ရှား စီရင်တာခံရရင် အဲဒီသူကို တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်ဖြစ်၊ ငွေဒဏ်ဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် ချမှတ်ရမယ်လို့ ပုဒ်မ ၃၀ (က) (ခ) မှာ ဆိုပါတယ်။

ပြီးတော့ ဘေးသင့်သူတွေကို ထောက်ပံ့တဲ့ စားရေရိက္ခာနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ၊ ပြန်လည်ထူထောင်ရေးပစ္စည်းတွေကို မရိုးမဖြောင့်တဲ့သဘောနဲ့ အသုံးပြုတာ၊ ရောင်းဝယ်တာ၊ တားဆီးတာ၊ ဖျက်ဆီးတာတွေလုပ်ရင် တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်နိုင်တာ တွေ့ရပါတယ်။

နောက်ပြီး ဒီဥပဒေအရ တာဝန်ပေးအပ်ခံရတဲ့ ဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ထံကို သဘာဝဘေးအန္တရာယ် ခံစားရတာနဲ့ပတ်သက်လို့ မဟုတ်မမှန်လိမ်လည်ပြီး စားရေရိက္ခာနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ၊ ပြန်လည်ထူထောင်ရေး ပစ္စည်းတွေကိုဖြစ်ဖြစ်၊ ထောက်ပံ့ငွေကိုဖြစ်ဖြစ် တင်ပြတောင်းခံတာတွေ ပြုလုပ်သူကို တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်ဖြစ်၊ ငွေဒဏ်ဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် ချမှတ်ရမယ်လို့ ဆိုပါတယ်။

အလားတူ ''မည်သူမဆို သဘာဝဘေးအန္တရာယ် ကျရောက်နေသည့်အခါတွင်ဖြစ်စေ၊ ကျရောက်တော့မည့် အခိုက်တွင်ဖြစ်စေ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျော့ပါးစေရန်အလို့ငှာလည်းကောင်း၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လျှော့ချရေးလုပ်ငန်းများကို အဟန့်အတားမဖြစ်စေရန် အလို့ငှာလည်းကောင်း ယင်းနေရာရှိ ပြည်သူများအား သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သည့်နေရာနှင့် အဆောက်အအုံတို့မှ ဖယ်ရှားထွက်ခွာကြရန် သို့မဟုတ် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ရန် ညွှန်ကြားသည်ကို လိုက်နာရန် တမင်ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်'' ဆိုပြီးတော့လည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၁ မှာ ပြဌာန်းထားပါတယ်။

နောက်တစ်ခုက အခုချိန်မှာ အများပြည်သူ အထိတ်တလန့်ဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ သဘာဝဘေးအန္တရာယ်နဲ့ စပ်လျဉ်းပြီး မဟုတ်မမှန် သတင်းလွှင့်တဲ့သူကိုလည်း ထောင်တစ်နှစ်ထိ ချလို့ရတဲ့အချက်ကို ဒီဥပဒေမှာ ထည့်သွင်းထားပါတယ်။

ဒါတင်မကပါဘူး။ဒီဥပဒေအရ ထုတ်ပြန်တဲ့ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာနဲ့ အမိန့်ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ရင်လည်း တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ထိ ချမှတ်နိုင်ပါတယ်။

အခုပြောခဲ့တဲ့ ပြဌာန်းချက်တွေအပြင် သတိပြုစရာ နောက်တစ်ချက်က ဒီဥပဒေပါ ပြစ်မှုတွေအားလုံးက ရဲအရေးယူပိုင်ခွင့်ရှိတဲ့ ပြစ်မှုတွေဖြစ်လို့ ကျူးလွန်သူကိုတွေ့တာနဲ့ ရဲတပ်ဖွဲ့က တစ်ခါတည်းအရေးယူ ဖမ်းဆီးနိုင်မှာဖြစ်ပါတယ်။တစ်ခုတော့ရှိပါတယ်။ဒီဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို သက်ဆိုင်ရာ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ရဲ့ ကြိုတင်ခွင့်ပြုချက်နဲ့ပဲ တရားစွဲဆိုရမှာဖြစ်ပြီး ဒီဥပဒေပါ ပြစ်မှုတွေကို ဒီဥပဒေအရသာ အရေးယူရမှာဖြစ်ပါတယ်။

ဒါကြောင့်မို့ ကိုဗစ်လို ကူးစက်ရောဂါတွေ ကာကွယ်တားဆီးရေးအတွက် ထိရောက်တဲ့ အရေးယူစီရင်ချက်တွေ ချမှတ်နိုင်အောင် ဥပဒေပြဌာန်းချက်တွေက ရှိနှင့်ပြီးဖြစ်တာမို့ သိလို့ဖြစ်ဖြစ် မသိလို့ဖြစ်ဖြစ် သက်ဆိုင်ရာရဲ့ လမ်းညွှန်ချက် တားမြစ်ချက် ထုတ်ပြန်ချက်တွေကို မချိုးဖောက်ခြင်းဖြင့် ကိုဗစ်ရောဂါ ကပ်ဆိုးကြီးကို တိုက်ဖျက်ရေး ဝိုင်းဝန်းကူညီကြပါစို့လို့ အပြုသဘောဆောင် တိုက်တွန်းလိုက်ပါရစေ။

သာဓက
ဧပြီ - ၂၉

( Zawgyi )

အသက္တစ္ရာမေနရေပမယ့္ အမႈတစ္ရာေပြရတယ္ဆိုတဲ့စကား အခုမ်ားေတာ့ ပိုမ်ားမွန္ေနသလား ေအာက္ေမ့ရပါတယ္။အမႈျဖစ္ၿပီဆို ဘာအမႉျဖစ္ျဖစ္ ေကာင္းတယ္ဆိုတာမရွိပါဘူး။ျပစအမႈျဖစ္ျဖစ္ တရားမအမႈျဖစ္ျဖစ္ အခ်ိန္ကုန္ေငြကုန္ လူပင္ပန္းနဲ႔ ဒုကၡအမ်ိဳးမ်ိဳး ေသာကအဖုံဖုံ ႀကဳံရတတ္တာ အမႈသည္တိုင္းအတြက္ ဓမၼတာလိုေတာင္ျဖစ္ေနပါၿပီ။

ဒါေၾကာင့္မို႔လည္း လူမ်ားစုက ႐ုံးေရာက္ဂတ္ေရာက္နဲ႔ ရဲစခန္းတို႔ တရား႐ုံးတို႔ဆို မပတ္သက္ခ်င္ၾကလို႔ မပတ္သက္ရေအာင္ ေရွာင္ၾကတာမ်ားပါတယ္။ဒီေနရာမွာ တခ်ိဳ႕ကအမႈမျဖစ္ေအာင္ အတတ္ႏိုင္ဆုံးေရွာင္ၾကသလို ေရွာင္တိုင္းလည္း လြတ္ၾကတာရွိပါတယ္။တခ်ိဳ႕ကေတာ့ ေရွာင္တဲ့ၾကားက မတတ္သာလို႔ႀကဳံရသလို ေရွာင္လည္းမေရွာင္တတ္ ေရွာင္ရေကာင္းမွန္းလည္းမသိလို႔ အမႈေတြနဲ႔တည့္တည့္တိုးၿပီး ေထာင္က်တန္းက်ရတာေတြလည္းရွိပါတယ္။

အမႈျဖစ္လို႔ေထာင္က်တယ္ဆိုတာ လူသတ္မွ၊ လုယက္မွ၊ ခိုးမွ၊ လိမ္မွ ေထာင္က်တတ္တာမ်ိဳး မဟုတ္ပါဘူး။လူသိမ်ားတဲ့ မူးယစ္ေဆးဝါးမႈလို၊ အဂတိလိုက္စားမႈလို၊ ေလာင္းကစားမႈ အပါအဝင္ လူကုန္ကူးတာမ်ိဳးေတြ၊ ႏိုင္ငံေရးနဲ႔ဆက္ႏြယ္တဲ့ ပုဒ္မေတြနဲ႔သာမက လူသိနည္းတဲ့ အျခားျပစ္မႈအထူးဥပေဒေတြနဲ႔လည္း ေထာင္က်ႏိုင္တာပါပဲ။

အထက္မွာေျပာခဲ့တဲ့ အသက္တစ္ရာမေနရ အမႈတစ္ရာေပြရတယ္ဆိုတဲ့စကား အခုမ်ားေတာ့ ပိုမ်ားမွန္ေနသလားဆိုၿပီး ဘာေၾကာင့္မ်ားေျပာရသလဲဆိုေတာ့ အေၾကာင္းရွိပါတယ္။အခုတေလာ ေခတ္စားလာတဲ့ ဥပေဒတစ္ခုနဲ႔ ဆက္ႏြယ္လို႔ အဲဒီစကားေျပာရတာျဖစ္ပါတယ္။
အဲဒီဥပေဒနဲ႔ပတ္သက္ၿပီး အေရးယူခံရတာေတြ မၾကာခဏၾကားေနရပါတယ္။အဲဒီဥပေဒက သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒျဖစ္ပါတယ္။အဲဒီဥပေဒက လူမ်ားစုသိပ္မသိၾကပါဘူး။ဥပေဒပညာရွင္ေတြေတာင္ သိတယ္ဆိုေပမယ့္ အဲဒီဥပေဒနဲ႔ ဆက္ႏြယ္ေဆာင္႐ြက္ရတဲ့ အမႈအခင္းကိစၥေတြဆိုတာ အေတာ္ကိုနည္းပါတယ္။

အဲဒီဥပေဒကို ျမန္မာႏိုင္ငံမွာ အသုံးမ်ားလာရတဲ့အေၾကာင္းအရင္းက လက္ရွိ ျမန္မာအပါအဝင္ ကမာၻနဲ႔အဝွမ္း ျဖစ္ပြားေနတဲ့ ကိုဗစ္ [Covid-19] ဆိုတဲ့ ကမာၻ႔ကူးစက္ျမန္ ကပ္ေရာဂါေၾကာင့္ျဖစ္ပါတယ္။ဧၿပီလလယ္ ၁၅ ရက္ေန႔အထိကို ျမန္မာႏိုင္ငံမွာ ကိုဗစ္ကူးစက္ခံရသူ ၇၄ ဦးနဲ႔ အဲဒီေရာဂါကူးစက္ခံရၿပီးေနာက္ ေသဆုံးတာ ၄ ဦးရွိပါၿပီ။ကိုဗစ္နဲ႔ပတ္သက္လို႔ တားျမစ္ခ်က္၊ သတိေပးခ်က္၊ ပန္ၾကားခ်က္ အမ်ိဳးမ်ိဳးကိုလည္း သက္ဆိုင္ရာက ေၾကညာခဲ့ၿပီးျဖစ္သလို ဆက္လက္လည္းေၾကညာေနဦးမွာျဖစ္ပါတယ္။

အဲဒီေတာ့ ကိုဗစ္လို ကူးစက္ေရာဂါနဲ႔ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒက ဘယ္လိုဆက္စပ္သြားရသလဲဆိုၿပီး တခ်ိဳ႕ကနားမရွင္းၾကတာလည္းရွိပါတယ္။ဥပေဒရဲ႕နာမည္ထဲမွာ ကူးစက္ေရာဂါဆိုတဲ့ စကားလုံးတစ္လုံးမွမပါဘဲ ဘာေၾကာင့္ ဒီဥပေဒနဲ႔အေရးယူရတာလဲဆိုၿပီး နားမလည္ႏိုင္ၾကတာျဖစ္ပါတယ္။

ကနဦးအေနနဲ႔ ကိုဗစ္လို ကူးစက္ေရာဂါကိစၥမွာ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒနဲ႔ ဘာေၾကာင့္အေရးယူလို႔ရလဲဆိုတာကို အရင္ရွင္းျပခ်င္ပါတယ္။

၂၀၁၃ ခုႏွစ္ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ ၂ (ခ) မွာ သဘာဝေဘးအႏၲရာယ္ဆိုတဲ့ အဓိပၸါယ္ကို ဒီလိုဖြင့္ဆိုထားပါတယ္။

''သဘာဝေဘးအႏၲရာယ္ ဆိုသည္မွာ သဘာဝအေလ်ာက္ျဖစ္ေစ၊ လူတို႔၏ ျပဳမူေဆာင္႐ြက္မႈ၊ မေတာ္တဆမႈ သို႔မဟုတ္ ေပါ့ဆမႈေၾကာင့္ျဖစ္ေစ မီးေလာင္ျခင္း၊ ေျမၿပိဳျခင္း၊ မုန္တိုင္းတိုက္ခတ္ျခင္း၊ ေရလႊမ္းမိုးျခင္း၊ မိုးႀကိဳးပစ္ျခင္း၊ မိုးေခါင္ျခင္း၊ ေျမငလ်င္လႈပ္ျခင္း၊ ဆူနာမီလႈိင္းျဖစ္ေပၚျခင္း၊ ဆီးႏွင္းၿပိဳက်ျခင္း၊ အပူလႈိင္း သို႔မဟုတ္ အေအးလႈိင္းဒဏ္ခံရျခင္း၊ မီးေတာင္ေပါက္ကြဲျခင္း၊ ကမ္းၿပိဳျခင္း၊ ပင္လယ္ေရေၾကာင္းအႏၲရာယ္ ျဖစ္ေပၚျခင္းေၾကာင့္ေသာ္လည္းေကာင္း၊ ပိုးမႊားတိရစာၦန္မ်ားေၾကာင့္ျဖစ္ေစ၊ အပင္ေရာဂါေၾကာင့္ျဖစ္ေစ၊ ပ်ိဳးခင္းစိုက္ခင္းမ်ား ပ်က္စီးျခင္း၊ ငတ္မြတ္ေခါင္းပါးမႈျဖစ္ျခင္း၊ လူ သို႔မဟုတ္ တိရစာၦန္မ်ားတြင္ ကူးစက္ေရာဂါ ျဖစ္ပြားျခင္းေၾကာင့္ေသာ္လည္းေကာင္း၊ အၾကမ္းဖက္ျခင္း၊ လက္နက္ကိုင္ေသာင္းက်န္းမႈ ျဖစ္ပြားျခင္းေၾကာင့္ေသာ္လည္းေကာင္း၊ စက္မႈလုပ္ငန္းေၾကာင့္ ျဖစ္ေစ၊ ဓာတုပစၥည္းေၾကာင့္ျဖစ္ေစ၊ အဏုျမဴေၾကာင့္ျဖစ္ေစ၊ ေရနံယိုဖိတ္ျခင္းေၾကာင့္ျဖစ္ေစ၊ သဘာဝဓာတ္ေငြ႕မ်ား ယိုစိမ့္ျခင္းေၾကာင့္ျဖစ္ေစ အႏၲရာယ္ျဖစ္ေပၚျခင္းေၾကာင့္ေသာ္လည္းေကာင္း၊ အမ်ားျပည္သူ၏ အသက္အိုးအိမ္ ဥစၥာပစၥည္း၊ အသက္ေမြးဝမ္းေက်ာင္းလုပ္ငန္း၊ အေျခခံအေဆာက္အအုံမ်ား၊ လုံၿခဳံေရး၊ ပညာေရး၊ က်န္းမာေရး သို႔မဟုတ္ သဘာဝပတ္ဝန္းက်င္ကို ထိခိုက္ပ်က္စီးမႈမ်ားကို ဆိုသည္။ယင္းစကားရပ္တြင္ အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈေကာ္မတီက သဘာဝေဘးအႏၲရာယ္ဟု သတ္မွတ္သည့္ အျခားေဘးအႏၲရာယ္တစ္ခုခုလည္း ပါဝင္သည္။'' ဆိုၿပီး ပုဒ္မ ၂ (ခ) မွာ ျပဌာန္းထားပါတယ္။

အဲဒီျပဌာန္းခ်က္ထဲမွာ'' လူ သို႔မဟုတ္ တိရစာၦန္မ်ားတြင္ ကူးစက္ေရာဂါျဖစ္ပြားျခင္း'' ဆိုတဲ့အခ်က္ ပါတာေၾကာင့္ ကိုဗစ္ကူးစက္ေရာဂါနဲ႔ပတ္သက္လို႔ ဒီဥပေဒနဲ႔ အေရးယူလို႔ရတာျဖစ္ပါတယ္။

ဒီေနရာမွာ ေမးစရာရွိတာက ဘယ္လိုေၾကာင့္ ဘာအေၾကာင္းျပခ်က္နဲ႔ အေရးယူသလဲဆိုၿပီးေတာ့ေပါ့။သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒနဲ႔ အေရးယူတဲ့ေနရာမွာ အမ်ားဆုံးသုံးတဲ့ပုဒ္မက ၂၅၊ ၂၆ နဲ႔ ၃၀ ျဖစ္ပါတယ္။ၿပီးခဲ့တဲ့ရက္ပိုင္းက ဒီဥပေဒအရ အေရးယူခံရတဲ့ ျဖစ္စဥ္အခ်ိဳ႕ကို အနည္းငယ္ေျပာလိုပါတယ္။

တာခ်ီလိတ္ၿမိဳ႕နယ္မွာ မဟာသၾကၤန္ကို ႀကိဳဆိုတယ္ဆိုၿပီး ေရပက္ကခုန္ၾကတဲ့ စားေသာက္ဆိုင္ပိုင္ရွင္ပါ ၁၀ ဦးကို သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ ၂၅/၃၀ (က) အရ အမႈဖြင့္အေရးယူခဲ့ပါတယ္။

အလားတူပဲ ကန႔္ဘလူ၊ က်ိဳင္းတုံ၊ ပဲခူး၊ ျမစ္သားၿမိဳ႕နယ္တို႔မွာလည္း သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒနဲ႔ အေရးယူခံရသူ ငါးဦးရွိခဲ့ပါတယ္။

ကိုဗစ္ေရာဂါ ေစာင့္ၾကည့္လူနာေတြထားတဲ့ ေနရာကို ခြင့္ျပဳခ်က္မရွိဘဲ ဓာတ္ပုံ႐ိုက္တာ၊ မေခ်မငံေျပာဆို ေႏွာင့္ယွက္တာ၊ မူးယစ္ရမ္းကားဝင္ေရာက္တာ၊ ေက်း႐ြာအတြင္းမွာ ကိုဗစ္ကူးစက္ေရာဂါ ကာကြယ္ေရး အသိပညာေပးေနတဲ့ သက္ဆိုင္ရာတာဝန္ရွိသူကို ဆဲဆိုေႏွာင့္ယွက္ၿပီး ဓားနဲ႔ထိုးတာ၊ အေျခခံလူတန္းစားေတြအတြက္ ႏိုင္ငံေတာ္အစိုးရက ေထာက္ပံ့တဲ့ ဆန္/ဆီ/ဆား/ပဲ/ၾကက္သြန္ ေပးေဝ‌ေနတုန္း အရက္မူးယစ္ဆဲဆိုၿပီး လူမႈကူညီေရးအသင္းအဖြဲ႕ဝင္ေတြကို ေႏွာင့္ယွက္တာ စသျဖင့္ အဲဒီလိုက်ဴးလြန္တဲ့သူေတြကို ဒီဥပေဒရဲ႕ ပုဒ္မ၂၅၊ ၂၆၊ ၃၀ တို႔အရ အမႈဖြင့္အေရးယူခဲ့တာျဖစ္ပါတယ္။

ဘယ္သူျဖစ္ျဖစ္ ဆန္းစစ္ခ်က္မျပဳလုပ္ဘဲ ေပါ့ဆစြာေဆာင္႐ြက္မႈ တစ္ခုခုေၾကာင့္ျဖစ္ျဖစ္၊ ေဘးအႏၲရာယ္ တစ္စုံတစ္ရာ က်ေရာက္ႏိုင္တာကို သိလ်က္နဲ႔ တမင္ျပဳလုပ္လို႔ျဖစ္ျဖစ္၊ သဘာဝေဘးအႏၲရာယ္ျဖစ္ေပၚရင္ ဒါမွမဟုတ္ ျဖစ္ေပၚေစဖို႔ အေၾကာင္းရွိရင္ အဲဒီသူကို သုံးႏွစ္ထက္မပိုတဲ့ ေထာင္ဒဏ္ခ်မွတ္ရမယ့္အျပင္ ေငြဒဏ္လည္း ခ်မွတ္ႏိုင္တယ္ဆိုၿပီး ပုဒ္မ ၂၅ မွာ ဆိုပါတယ္။

အဲဒီလိုပဲ ဒီဥပေဒအရ တာဝန္ေပးအပ္ခံရတဲ့ ဌာန၊ အဖြဲ႕အစည္း၊ ပုဂၢိဳလ္က သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈတစ္ရပ္ရပ္ ေဆာင္႐ြက္တာကို ေႏွာက္ယွက္တားဆီးတာ၊ ဟန႔္တားတာ၊ လက္ေရာက္မႈက်ဴးလြန္တာ၊ ျပစ္မႈမကင္းတဲ့ အႏိုင္အထက္ျပဳတယ္ဆိုၿပီး ျပစ္မႈထင္ရွား စီရင္ခံရရင္ အဲဒီသူကို ႏွစ္ႏွစ္ထက္မပိုတဲ့ ေထာင္ဒဏ္ျဖစ္ျဖစ္၊ ေငြဒဏ္ျဖစ္ျဖစ္၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ျဖစ္ ခ်မွတ္ရမယ္လို႔ ပုဒ္မ ၂၆ မွာ ျပဌာန္းထားပါတယ္။

ဒါ့အျပင္ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈတစ္ရပ္ရပ္ကို ေဆာင္႐ြက္ဖို႔ ဒီဥပေဒအရ တာဝန္ေပးအပ္ခံရတဲ့ ဌာန၊ အဖြဲ႕အစည္း၊ ပုဂၢိဳလ္ရဲ႕ ၫႊန္ၾကားခ်က္တစ္ရပ္ရပ္ကို လိုက္နာဖို႔ တမင္ပ်က္ကြက္တာ၊ သဘာဝေဘးအႏၲရာယ္ က်ေရာက္တဲ့ေနရာ၊ အေဆာက္အအုံအတြင္းကို ခြင့္ျပဳခ်က္မရွိဘဲ ဝင္ေရာက္တာေတြ ျပဳလုပ္လို႔ ျပစ္မႈထင္ရွား စီရင္တာခံရရင္ အဲဒီသူကို တစ္ႏွစ္ထက္မပိုတဲ့ ေထာင္ဒဏ္ျဖစ္ျဖစ္၊ ေငြဒဏ္ျဖစ္ျဖစ္၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ျဖစ္ ခ်မွတ္ရမယ္လို႔ ပုဒ္မ ၃၀ (က) (ခ) မွာ ဆိုပါတယ္။

ၿပီးေတာ့ ေဘးသင့္သူေတြကို ေထာက္ပံ့တဲ့ စားေရရိကၡာနဲ႔ ကယ္ဆယ္ေရးပစၥည္းေတြ၊ ျပန္လည္ထူေထာင္ေရးပစၥည္းေတြကို မ႐ိုးမေျဖာင့္တဲ့သေဘာနဲ႔ အသုံးျပဳတာ၊ ေရာင္းဝယ္တာ၊ တားဆီးတာ၊ ဖ်က္ဆီးတာေတြလုပ္ရင္ တစ္ႏွစ္ထက္မပိုတဲ့ ေထာင္ဒဏ္ခ်မွတ္ႏိုင္တာ ေတြ႕ရပါတယ္။

ေနာက္ၿပီး ဒီဥပေဒအရ တာဝန္ေပးအပ္ခံရတဲ့ ဌာန၊ အဖြဲ႕အစည္း၊ ပုဂၢိဳလ္ထံကို သဘာဝေဘးအႏၲရာယ္ ခံစားရတာနဲ႔ပတ္သက္လို႔ မဟုတ္မမွန္လိမ္လည္ၿပီး စားေရရိကၡာနဲ႔ ကယ္ဆယ္ေရးပစၥည္းေတြ၊ ျပန္လည္ထူေထာင္ေရး ပစၥည္းေတြကိုျဖစ္ျဖစ္၊ ေထာက္ပံ့ေငြကိုျဖစ္ျဖစ္ တင္ျပေတာင္းခံတာေတြ ျပဳလုပ္သူကို တစ္ႏွစ္ထက္မပိုတဲ့ ေထာင္ဒဏ္ျဖစ္ျဖစ္၊ ေငြဒဏ္ျဖစ္ျဖစ္၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ျဖစ္ ခ်မွတ္ရမယ္လို႔ ဆိုပါတယ္။

အလားတူ ''မည္သူမဆို သဘာဝေဘးအႏၲရာယ္ က်ေရာက္ေနသည့္အခါတြင္ျဖစ္ေစ၊ က်ေရာက္ေတာ့မည့္ အခိုက္တြင္ျဖစ္ေစ ထိခိုက္ပ်က္စီးဆုံးရႈံးမႈမ်ား ေလ်ာ့ပါးေစရန္အလို႔ငွာလည္းေကာင္း၊ သဘာဝေဘးအႏၲရာယ္ ႀကိဳတင္ကာကြယ္ေရးႏွင့္ ေလွ်ာ့ခ်ေရးလုပ္ငန္းမ်ားကို အဟန႔္အတားမျဖစ္ေစရန္ အလို႔ငွာလည္းေကာင္း ယင္းေနရာရွိ ျပည္သူမ်ားအား သဘာဝေဘးအႏၲရာယ္ က်ေရာက္ႏိုင္သည့္ေနရာႏွင့္ အေဆာက္အအုံတို႔မွ ဖယ္ရွားထြက္ခြာၾကရန္ သို႔မဟုတ္ ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းေနထိုင္ရန္ ၫႊန္ၾကားသည္ကို လိုက္နာရန္ တမင္ပ်က္ကြက္ေၾကာင္း ျပစ္မႈထင္ရွား စီရင္ျခင္းခံရလွ်င္ ထိုသူကို တစ္လထက္မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ရမည္'' ဆိုၿပီးေတာ့လည္း သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ ၃၁ မွာ ျပဌာန္းထားပါတယ္။

ေနာက္တစ္ခုက အခုခ်ိန္မွာ အမ်ားျပည္သူ အထိတ္တလန႔္ျဖစ္ေစဖို႔ ရည္႐ြယ္ခ်က္နဲ႔ သဘာဝေဘးအႏၲရာယ္နဲ႔ စပ္လ်ဥ္းၿပီး မဟုတ္မမွန္ သတင္းလႊင့္တဲ့သူကိုလည္း ေထာင္တစ္ႏွစ္ထိ ခ်လို႔ရတဲ့အခ်က္ကို ဒီဥပေဒမွာ ထည့္သြင္းထားပါတယ္။

ဒါတင္မကပါဘူး။ဒီဥပေဒအရ ထုတ္ျပန္တဲ့ နည္းဥပေဒ၊ အမိန႔္ေၾကာ္ျငာစာနဲ႔ အမိန႔္ပါ တားျမစ္ခ်က္တစ္ရပ္ရပ္ကို ေဖာက္ဖ်က္ရင္လည္း တစ္ႏွစ္ထက္မပိုတဲ့ ေထာင္ဒဏ္ထိ ခ်မွတ္ႏိုင္ပါတယ္။

အခုေျပာခဲ့တဲ့ ျပဌာန္းခ်က္ေတြအျပင္ သတိျပဳစရာ ေနာက္တစ္ခ်က္က ဒီဥပေဒပါ ျပစ္မႈေတြအားလုံးက ရဲအေရးယူပိုင္ခြင့္ရွိတဲ့ ျပစ္မႈေတြျဖစ္လို႔ က်ဴးလြန္သူကိုေတြ႕တာနဲ႔ ရဲတပ္ဖြဲ႕က တစ္ခါတည္းအေရးယူ ဖမ္းဆီးႏိုင္မွာျဖစ္ပါတယ္။တစ္ခုေတာ့ရွိပါတယ္။ဒီဥပေဒပါ ျပစ္မႈတစ္ရပ္ရပ္ကို သက္ဆိုင္ရာ တိုင္းေဒသႀကီး ဒါမွမဟုတ္ ျပည္နယ္ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈအဖြဲ႕ရဲ႕ ႀကိဳတင္ခြင့္ျပဳခ်က္နဲ႔ပဲ တရားစြဲဆိုရမွာျဖစ္ၿပီး ဒီဥပေဒပါ ျပစ္မႈေတြကို ဒီဥပေဒအရသာ အေရးယူရမွာျဖစ္ပါတယ္။

ဒါေၾကာင့္မို႔ ကိုဗစ္လို ကူးစက္ေရာဂါေတြ ကာကြယ္တားဆီးေရးအတြက္ ထိေရာက္တဲ့ အေရးယူစီရင္ခ်က္ေတြ ခ်မွတ္ႏိုင္ေအာင္ ဥပေဒျပဌာန္းခ်က္ေတြက ရွိႏွင့္ၿပီးျဖစ္တာမို႔ သိလို႔ျဖစ္ျဖစ္ မသိလို႔ျဖစ္ျဖစ္ သက္ဆိုင္ရာရဲ႕ လမ္းၫႊန္ခ်က္ တားျမစ္ခ်က္ ထုတ္ျပန္ခ်က္ေတြကို မခ်ိဳးေဖာက္ျခင္းျဖင့္ ကိုဗစ္ေရာဂါ ကပ္ဆိုးႀကီးကို တိုက္ဖ်က္ေရး ဝိုင္းဝန္းကူညီၾကပါစို႔လို႔ အျပဳသေဘာေဆာင္ တိုက္တြန္းလိုက္ပါရေစ။

သာဓက
ဧၿပီ - ၂၉