【 ဆောင်းပါး 】 ''ငွေမှာယစ်မူး ဆေးမှာမူးယစ်''

【 ဆောင်းပါး 】 ''ငွေမှာယစ်မူး ဆေးမှာမူးယစ်''

လူ့သဘာဝက သူများကောင်းစားရင် ချမ်းသာရင် မုဒိတာပွားဝမ်းမြောက်သူထက် မနာလိုသူက ပိုများတတ်ပါတယ်။အခုခေတ်ကပိုဆိုးပါတယ်။ဆင်းရဲချမ်းသာ ကွာဟချက်က မိုးနဲ့မြေအလား ကွားခြားနေတတ်တာကိုး။

ကားတစ်စီး သိန်းထောင်ချီတန်ကို ထည်လဲစီးနိုင်သူတွေက ကားနံပါတ်ပြားတစ်ခုတည်းကို သိန်းလေးငါးဆယ်တစ်ရာ ဝယ်စီးနေချိန်မှာ ဘတ်စကားခကို အနိုင်နိုင်တွက်ပြီး စီးနေရသူတွေက ရန်ကုန်လိုမြို့ပေါ်မှာတောင် ဒုနဲ့ဒေး။ပိုက်ဆံအိတ်တစ်လုံး သိန်းလေးငါးဆယ် တစ်ရာတန် ကိုင်သုံးတဲ့သူတွေက လီမိတက်အက်ဒင်ရှန် (limited edition၊ အရေအတွက် အကန့်အသတ်နဲ့ ထုတ်လုပ်တဲ့ တန်ဖိုးကြီးပစ္စည်း) လိုဟာ တွေရဖို့ နိုင်ငံရပ်ခြားထိ ခရီးစရိတ်အကုန်အကျခံ သွားဝယ်နေချိန်မှာ ထမင်းနပ်မှန်အောင်စားရဖို့အရေး ရုန်းကန်နေရသူတွေက အများသား။

အဲဒီလိုရုန်းကန်နေရသူတွေထဲမှာ အခြေခံလက်လုပ်လက်စား ဆင်းရဲသားတွေပဲ ပါတယ်မထင်ပါနဲ့။လူလတ်တန်းစား လခစားဝန်ထမ်းတွေလည်းပါပါတယ်။အတိုင်းအထွာ နေ့စဉ်အသုံးစရိတ်သာ ကွာသွားတာပါ။ကျပ်တည်းရုန်းကန်ရတာချင်းကတော့ အတူတူပါပဲ။အထူးသဖြင့် လကုန်ပိုင်း နောက်ဆုံးအပတ်ထဲ ဝင်လာပြီဆိုရင် ပြူးပြူးပြာပြာနဲ့ ဟိုကလှည့်ဒီကလှည့်နဲ့ အကြွေးသံသရာထဲမှာ အတိုးတွေပါပေါင်းပြီး ဒုက္ခဝဲကယက်ထဲ နစ်ဝင်ဆဲနစ်ဝင်မြဲ ဘဝပျက်ရသူတွေတောင်ပါပါတယ်။

အဲဒီလို ဆင်းရဲချမ်းသာကွာဟလေ၊ လူလတ်တန်းစားနည်းလာလေ တန်းတူညီမျှ တိုင်းပြည်ဖွံ့ဖြိုးရေးက နှောင့်နှေးလေပါပဲ။အဲဒီတော့ ဆင်းရဲသူ မပြေလည်သူတချို့ရဲ့ဒေါသက ချမ်းသာသူ ပြေလည်သူတွေအပေါ် မကျေမနပ်ပေါက်ကွဲချင်ကြတော့တာပေါ့။ဒီနေရာမှ ကံ ကံရဲ့ အကျိုးပေးတွေ မတူညီတာကြောင့်လည်း ဆင်းရဲချမ်းသာ ကွာဟနိုင်တာပါပဲ။ဒါပေမယ့် အဲဒီကံအပေါ် နားလည်ပေးနိုင်သူတွေရှိသလို နားလည်မပေးနိုင်သူတွေလည်း ရှိပါတယ်။ဒီတော့ တစ်ခုသွားသတိရပါတယ်။ဆယ်တန်းကျောင်းသား ဘဝတုန်းက အင်္ဂလိပ်စာဆရာ ဆုံးမဖူးတဲ့ စကားလေးတစ်ခွန်းပါ။စာရေးသူက သူ့ရှေ့မှာ ညည်းညူမိလို့ပါ။

ဆရာရယ် လောကမှာ စိတ်ဒုက္ခအရောက်ရဆုံးအချိန်က ဆယ်တန်းစာကျက်ရတဲ့အချိန်ပဲလို့ ညည်းညူမိပါတယ်။အဲဒီတော့ ဆရာကဆုံးမတယ်။ဒီမှာငါ့တပည့် မင်းတို့ငါတို့လို ဆင်းရဲတဲ့နိုင်ငံမှာ ကြီးပြင်းရသူတွေအတွက် ဆယ်တန်းစာကျက်ရတဲ့ ဒုက္ခထက် ဆိုးတာတွေ ကျောင်းပြီးရင်တွေ့ရလိမ့်မယ်။ဝမ်းရေးအတွက် ရုန်းကန်ရတာတွေ အတိုက်အခိုက် အပြိုင်အဆိုင်နဲ့ မနာလိုမုန်းတီးမှူတွေ ဒီဒုက္ခတွေက ပိုဆိုးတယ်တဲ့။ကိုယ်ထီပေါက်တာထက် သူများအိမ်မီးလောင်တာ ပိုပျော်တဲ့သူတွေတောင် မင်းတွေ့ရလိမ့်မယ်တဲ့။အဲဒီဒုက္ခတွေကနေ သက်သာချင်ရင် ပညာများများတတ်အောင်သင် စာများများဖတ်လေ့လာပါတဲ့။အဲဒီအချိန်တုန်းက ဆရာဆုံးမတာက ပိုလွန်းတယ်လို့ ထင်မိပါတယ်။ပိုလွန်းတယ်လို့ ထင်မိတာက ကိုယ်ထီပေါက်တာထက် သူများအိမ် မီးလောင်တာ ပိုပျော်တဲ့သူတွေတောင် ကြုံရလိမ့်မယ်ဆိုတဲ့ စကားပေါ့။အခု အဲဒီစကားက မပိုဘူးဆိုတာ ကိုယ်ရင့်ကျက်တဲ့အချိန်မှာ ပိုနားလည်မိတယ်။

လူတချို့က ကျပ်တည်းလေ စိတ်တိုလေ။စိတ်တိုအလိုမကျလေ ကိုယ့်ထက် အဆင်ပြေချမ်းသာသူတွေအပေါ် ဒေါသထွက် မကျေနပ်လေဖြစ်တာပေါ့။ဒါကလည်း အားလုံးကိုမဆိုလိုပါဘူး။ဆင်းရဲပေမယ့် ချမ်းသာသူတွေအပေါ် မုဒိတာပွားနိုင်သူတွေ အများကြီးရှိပါတယ်။ချမ်းသာသူတွေထဲမှာလည်း မတရားနည်းနဲ့ ချမ်းသာသူတွေရှိသလို သမာအာဇီဝနဲ့ ရိုးရိုးသားသားကြိုးစားပြီး ချမ်းသာလာသူတွေလည်း အများကြီးရှိပါတယ်။အဓိကအရင်းစစ်တော့ ဆင်းရဲပြီး မပြေလည်သူတချို့ရဲ့ မနာလိုမှုနဲ့ ဒေါသက စားဝတ်နေရေး ခက်ခဲရာကနေ စပါတယ်။စားဝတ်နေရေး ချောင်လည်ဖို့အရေး အားလုံးရဲ့ သည်းခြေကြိုက်ဖြစ်တဲ့ ငွေဆိုတဲ့နောက်ကို သည်းကြီးမည်းကြီး လိုက်ကြရပါတယ်။အဲဒီအခါ ကံအကျိုးပေးကောင်းလို့ သမာအာဇီဝနဲ့ ကိုယ့်ထက်အဆင်ပြေ ချမ်းသာသွားသူတွေကို မုဒိတာပွားနိုင်ကြပေမယ့် ဘယ်ကရတဲ့ငွေနဲ့ ဘယ်လိုချမ်းသာလာမှန်းမသိ ဝင်ငွေရလမ်း ဟုတ်တိပတ်တိမပြနိုင်ဘဲ ချမ်းသာနေသူတွေကိုတော့ အများစုက မကြည်ဖြူနိုင်ကြပါဘူး။အဲဒီလို ငွေမည်းနဲ့ချမ်းသာနေသူတချို့ဟာ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားတာနဲ့ ဆက်စပ်လို့ ချမ်းသာနေကြတယ်လို့လည်း တချို့က ကောက်ချက်ချကြပါတယ်။

အခုခေတ်မှာ ဝင်ငွေရလမ်း သေချာမပြနိုင်ဘဲ ချမ်းသာသူတွေ အများကြီးရှိနေတယ်လို့ တချို့ကသုံးသပ်ပါတယ်။အများသူငှာက ဥပဒေနဲ့အညီ ခက်ခက်ခဲခဲရှာဖွေ စားသောက်နေရချိန်မှာ အဲဒီလိုလူမျိုးတွေက မူးယစ်ဆေးတွေနဲ့ ပတ်သက်ပြီး အလွယ်တကူ ချမ်းသာသွားကြမယ်ဆိုရင် မုဒိတာမပွားနိုင်သူတွေကို အပြစ်တင်လို့မရပါဘူး။ဒါက မနာလိုဘူးဆိုတာထက် မတရားနည်းနဲ့ ဥပဒေပြင်ပ ချမ်းသာနေကြတာကို မကျေနပ်ကြတဲ့သဘော ဖြစ်ပါတယ်။မူးယစ်ဆေးဝါးနဲ့ ချမ်းသာတယ်ဆိုပြီး စွပ်စွဲခံရသူတွေထဲမှာ လုပ်ငန်းရှင်တချို့နဲ့ အနုပညာရှင်တချို့လည်း ပါဝင်နေပါတယ်။တစ်ခါတလေမှာ ထင်ကြေးဆိုတာက တစ်ဘက်လူကို အများကြီးနစ်နာစေပါတယ်။အဲဒီတော့ မူးယစ်ဆေးနဲ့ ပတ်သက်တယ်လို့ သေချာသိရင် သက်သေနဲ့တကွ သက်ဆိုင်ရာကို တိုင်တန်းနိုင်ဖို့လိုမှာဖြစ်ပါတယ်။

တရားမဝင်တဲ့ နည်းလမ်းနဲ့ရတဲ့ငွေနဲ့ မူးယစ်ဆေးဝါး ဆက်နွှယ်မှုတွေအပေါ် အရေးယူနိုင်ဖို့ဆိုရင် မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေအပြင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေဆိုတာ မြန်မာနိုင်ငံမှာရှိပါတယ်။ဒီနေရာမှာ အလျဉ်းသင့်လို့ ဘယ်လိုကိစ္စမျိုးဟာ ငွေကြေးခဝါချမှုဖြစ်တယ်၊ ဘယ်လိုပြစ်မှုအမျိုးအစားတွေက ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အကျုံးဝင်တယ်၊ ဘယ်လိုအရေးယူလို့ရတယ် ဆိုတာကို ရှင်းပြချင်ပါတယ်။

ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနဲ့ သက်ဆိုင်တဲ့ ပြစ်မှုကို ကျူးလွန်တာကနေရရှိတဲ့ ငွေကြေးနဲ့ပစ္စည်းရယ်၊ အဲဒီပြစ်မှုကျူးလွန်တာနဲ့ စပ်ဆိုင်တဲ့ ပြုလုပ်မှု ဒါမှမဟုတ် ပျက်ကွက်မှုကနေရရှိတဲ့ ငွေကြေးနဲ့ပစ္စည်းရယ်၊ ပြီးတော့ အဲဒါတွေကို တိုက်ရိုက်ဖြစ်ဖြစ် သွယ်ဝိုက်ပြီးဖြစ်ဖြစ်ရရှိတဲ့ ငွေကြေးနဲ့ပစ္စည်းတွေကို တရားမဝင်တဲ့နည်းလမ်းနဲ့ရတဲ့ ငွေကြေးနဲ့ပစ္စည်းတွေအဖြစ် ဥပဒေက သတ်မှတ်ပါတယ်။ဒီစကားရပ်မှာ အဲဒီငွေကြေးနဲ့ ပစ္စည်းတွေကို အခြေခံပြီး ဖြစ်ထွန်းလာတဲ့ ငွေကြေး ဒါမှမဟုတ် ပစ္စည်းတွေနဲ့ အကျိုးအမြတ်တွေလည်း ပါဝင်ပါတယ်။ဒါ့ပြင် တခြားပစ္စည်းအဖြစ်နဲ့ ဖြစ်စေ၊ စီးပွားရေးလုပ်ငန်းအဖြစ်နဲ့ ဖြစ်စေ လွှဲပြောင်းတာ ပြောင်းလဲတာလုပ်ထားတဲ့ ငွေကြေးနဲ့ ပစ္စည်းတွေဟာလည်း တရားမဝင်တဲ့ နည်းလမ်းနဲ့ရတဲ့ ငွေကြေးနဲ့ ပစ္စည်းတွေထဲမှာ ပါဝင်ပါတယ်။ဒီအချက်နဲ့ပတ်သက်လို့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၃) (ထ) မှာပြဌာန်းထားတာ ဖြစ်ပါတယ်။

ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃ (ဎ) မှာ ပြဌာန်းထားတာက ဒီလိုပါ။''ငွေကြေးခဝါချမှုဆိုသည်မှာ အောက်ပါအချက်တစ်ရပ်ရပ် ကျူးလွန်ခြင်းကို ဆိုသည် -

(၁) တရားမဝင်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းဖြစ်သည်ဟု သိရှိလျက်နှင့်ဖြစ်စေ၊ သိရှိရန်အကြောင်းရှိလျက်နှင့်ဖြစ်စေ ယင်းငွေကြေး သို့မဟုတ် ပစ္စည်း၏ ဇာစ်မြစ်ကို အသွင်ပြောင်းလဲရန် သို့မဟုတ် ဖုံးကွယ်ရန်သော် လည်းကောင်း၊ ဤဥပဒေနှင့် သက်ဆိုင်သည့် ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရာတွင် ပါဝင်သူ တစ်ဦးတစ်ယောက်အား ယင်း၏ ပြစ်မှုကျူးလွန်ခြင်းနှင့် စပ်လျဉ်း၍ ဤဥပဒေအရ အရေးယူခံရခြင်းမှ ရှောင်ရှားနိုင်ရေးအတွက် ပြစ်မှုမကျူးလွန်မီဖြစ်စေ၊ ပြစ်မှုကျူးလွန်ပြီးနောက်ဖြစ်စေ အကူအညီပေးရန် ရည်ရွယ်ချက်ဖြင့် ယင်းငွေကြေးနှင့် ပစ္စည်းကို ပြောင်းလဲခြင်း သို့မဟုတ် လွှဲပြောင်းခြင်း၊

(၂) တရားမဝင်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းဖြစ်ကြောင်း သိရှိသည့် သို့မဟုတ် သိရှိရန် အကြောင်းရှိသည့် ငွေကြေးနှင့် ပစ္စည်းများနှင့် စပ်လျဉ်း၍ မူလသဘာဝ၊ ဇာစ်မြစ်၊ တည်နေရာနှင့် ပင်ကိုစရိုက် လက္ခဏာတို့ကို ပြောင်းလဲမှုသော်လည်းကောင်း၊ ယင်းငွေကြေးနှင့် ပစ္စည်းတို့ကို ပိုင်ဆိုင်မှု သို့မဟုတ် အခွင့်အရေးတို့အား ဖုံးကွယ်ခြင်း သို့မဟုတ် အသွင်ပြောင်းလဲခြင်းသော်လည်းကောင်း ပြုခြင်း၊

(၃) တရားမဝင်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းဖြစ်ကြောင်း မိမိလက်ဝယ် လက်ခံရရှိသည့်အချိန်တွင် သိရှိသော သို့မဟုတ် သိရှိရန် အကြောင်းရှိသော ငွေကြေးနှင့် ပစ္စည်းကို ရယူခြင်း၊ လက်ဝယ်ထားခြင်း သို့မဟုတ် အသုံးပြုခြင်း၊

(၄) ပုဒ်မခွဲငယ် (၁) မှ ပုဒ်မခွဲငယ် (၃) အထိပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ခြင်း၊ ကျူးလွန်ရန်အားထုတ်ခြင်း သို့မဟုတ် ကျူးလွန်ရန်အကြံဖြင့် စီစဉ်ဆောင်ရွက်ခြင်းကို ပြုလုပ်မှုဖြင့်သော်လည်းကောင်း၊ ပျက်ကွက်မှုဖြင့်သော်လည်းကောင်း ပူးပေါင်းပါဝင်ခြင်း၊ အကူအညီပေးခြင်း၊ ပံ့ပိုးခြင်း၊ အထောက်အပံ့ပေးခြင်း၊ စီမံခန့်ခွဲခြင်း၊ အကြံဉာဏ်ပေးခြင်း၊ ဂိုဏ်းအဖွဲ့ဝင်ဖြစ်ခြင်းနှင့် အခြားတစ်နည်းနည်းဖြင့် ဆက်စပ်ပတ်သက်ခြင်းဆိုင်ရာ ပြစ်မှုကျူးလွန်ခြင်း။'' ဆိုပြီး ငွေကြေးခဝါချမှုရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ပြဌာန်းထားတာဖြစ်ပါတယ်။

ဘယ်လို ပြစ်မှုအမျိုးအစားတွေက ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အကျုံးဝင်လဲဆိုတာကို ပြောပါမယ်။အောက်ပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရာကနေ ရရှိတဲ့ ငွေကြေးနဲ့ ပစ္စည်းတွေကို ငွေကြေးခဝါချမှု ပြုလုပ်တာဟာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေနဲ့ သက်ဆိုင်မှာဖြစ်ပါတယ်။
(က) ဂိုဏ်းဖွဲ့ကျူးလွန်တဲ့ ပြစ်မှုတွေ၊
(ခ) ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာ အပါအဝင် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာနဲ့ သက်ဆိုင်တဲ့ ပြစ်မှုတွေ၊
(ဂ) ဉာဏပစ္စည်းနဲ့ဆိုင်တဲ့ မူပိုင်ခွင့်ထိပါးမှုနဲ့ သက်ဆိုင်တဲ့ ပြစ်မှုတွေ (ဉာဏပစ္စည်းဆိုင်ရာ ပြစ်မှုတွေ)၊
(ဃ) သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်နစ်နာတဲ့ ပြစ်မှုတွေ၊
(င) အခွန်တိမ်းရှောင်မှုနဲ့ အခြားအခွန်ဆိုင်ရာ မှုခင်းတွေနဲ့သက်ဆိုင်တဲ့ ပြစ်မှုတွေ၊
(စ) ပင်လယ်ဓားပြမှုနဲ့ သက်ဆိုင်တဲ့ ပြစ်မှုတွေ၊
(ဆ) အကြမ်းဖက်မှုဆိုင်တဲ့ ပြစ်မှုတွေ၊
(ဇ) သတင်းအချက်အလက်ကို ဦးစွာသိရှိနိုင်သူက မိမိသိရှိတဲ့ သတင်းအချက်အလက်ကို အသုံးပြုပြီး မိမိကိုယ်တိုင်ဖြစ်ဖြစ်၊အဲဒီသတင်းအချက်အလက်ကို သူတစ်ပါးကို ပေးအပ်ပြီးဖြစ်ဖြစ် တရားမဝင် အကျိုးအမြတ်ရရှိရေးအတွက် ဆောင်ရွက်တာနဲ့ ဈေးကွက်ထိန်းချုပ်ဖို့ ပြုလုပ်မှုနဲ့ဆိုင်တဲ့ ပြစ်မှုတွေ၊
(ဈ) နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ အနည်းဆုံး ထောင်ဒဏ်တစ်နှစ်နဲ့အထက် ပြစ်ဒဏ်ထိုက်တဲ့ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်တာ၊
(ည) ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေနဲ့ သက်ဆိုင်တယ်ဆိုပြီး ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး အခါအားလျော်စွာ သတ်မှတ်တဲ့ ပြစ်မှုတွေ၊
(ဋ) ပုဒ်မခွဲ (က) ကနေ ပုဒ်မခွဲ (ည) ပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်တာ၊ ကျူးလွန်ဖို့အားထုတ်တာ ဒါမှမဟုတ် ကျူးလွန်ဖို့အကြံနဲ့ စီစဉ်ဆောင်ရွက်တာကို ပြုလုပ်မှုနဲ့ဖြစ်ဖြစ် ပျက်ကွက်မှုနဲ့ဖြစ်ဖြစ်၊ ပူးပေါင်းပါဝင်တာ၊ အကူအညီပေးတာ၊ ပံ့ပိုးတာ၊ အထောက်အပံ့ပေးတာ၊ စီမံခန့်ခွဲတာ၊ အကြံဉာဏ်ပေးတာ၊ ဂိုဏ်းအဖွဲ့ဝင်ဖြစ်တာနဲ့ တခြားတစ်နည်းနည်းနဲ့ ဆက်စပ်ပတ်သက်တဲ့ ပြစ်မှု။
အခု အထက်မှာပြောခဲ့တဲ့ ပြစ်မှုအမျိုးအစားတွေက ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေနဲ့ သက်ဆိုင်တဲ့ပြစ်မှုတွေ ဖြစ်ပါတယ်။

မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေမှာ အနည်းဆုံး ထောင်ဒဏ်တစ်နှစ်နဲ့ အထက် ပြစ်ဒဏ်ထိုက်တဲ့ ပြစ်မှုပြစ်ဒဏ်တွေပါနေတာမို့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အကျုံးဝင်တဲ့ ပြစ်မှုအမျိုးအစားတွေထဲမှာ ပါဝင်နေပါတယ်။

ဘယ်သူမဆို ငွေကြေးခဝါချမှုကို ကျူးလွန်တယ်လို့ ပြစ်မှုထင်ရှားစီရင်တာခံရရင် အဲဒီသူကို တစ်ဆယ်နှစ်အထိ ထောင်ဒဏ်ဖြစ်ဖြစ်၊ ငွေဒဏ်ဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် ချမှတ်ရမယ်လို့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၃ မှာ ဆိုပါတယ်။ပြစ်မှုကျူးလွန်တဲ့သူက ကုမ္ပဏီ၊ အဖွဲ့အစည်းဖြစ်မယ်ဆိုရင် အဲဒီကုမ္ပဏီ၊ အဖွဲ့အစည်းကို ကျပ်သန်းငါးရာထိ ငွေဒဏ်ချမှတ်ရမှာဖြစ်ပြီး အကျိုးခံစားခွင့်ရှိသူ ပိုင်ရှင်ကိုတော့ ထောင်ဒဏ်ခုနစ်နှစ်အထိ ချမှတ်ရမယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ ငွေမှာယစ်မူးသူတွေက ဆေးမှာမူးယစ်သူတွေကို အကြောင်းပြုလို့ မူးယစ်ဆေးနဲ့ ဆက်နွှယ်ပြီး ကြီးပွားချမ်းသာကြမယ်ဆိုရင်တော့ ဥပဒေပြင်ပ ငွေမည်းတွေကိုသာ ပိုင်ဆိုင်သူတွေပဲ ဖြစ်နေမှာပါ။အဲဒီလို ငွေမည်းပိုင်ရှင်တွေဟာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေနိုင်တဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေနဲ့သာမက ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေအရပါ အချိန်မရွေး အရေးယူခံရနိုင်တယ်ဆိုတာကို သတိပြုရမှာဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ငွေမှာယစ်မူး ဆေးမှာမူးယစ်သူတွေကြောင့် ဥပဒေဘောင်အတွင်းက ရိုးရိုးသားသား စီးပွားရှာစားနေရသူတွေ မနစ်နာရအောင် ဘယ်သူမဆို မိမိတို့ချမ်းသာကြွယ်ဝမှုရဲ့ ဝင်ငွေရလမ်းတွေကို အချိန်မရွေး ထုတ်ဖော်ပြောကြားနိုင်တဲ့သူတွေ ဖြစ်ကြပါစေလို့ ဆန္ဒပြုဆုတောင်းရင်းဖြင့်။

သာဓက
နို၀င်ဘာ - ၁၆

( Zawgyi )

လူ႔သဘာဝက သူမ်ားေကာင္းစားရင္ ခ်မ္းသာရင္ မုဒိတာပြားဝမ္းေျမာက္သူထက္ မနာလိုသူက ပိုမ်ားတတ္ပါတယ္။အခုေခတ္ကပိုဆိုးပါတယ္။ဆင္းရဲခ်မ္းသာ ကြာဟခ်က္က မိုးနဲ႔ေျမအလား ကြားျခားေနတတ္တာကိုး။

ကားတစ္စီး သိန္းေထာင္ခ်ီတန္ကို ထည္လဲစီးႏိုင္သူေတြက ကားနံပါတ္ျပားတစ္ခုတည္းကို သိန္းေလးငါးဆယ္တစ္ရာ ဝယ္စီးေနခ်ိန္မွာ ဘတ္စကားခကို အႏိုင္ႏိုင္တြက္ၿပီး စီးေနရသူေတြက ရန္ကုန္လိုၿမိဳ႕ေပၚမွာေတာင္ ဒုနဲ႔ေဒး။ပိုက္ဆံအိတ္တစ္လုံး သိန္းေလးငါးဆယ္ တစ္ရာတန္ ကိုင္သုံးတဲ့သူေတြက လီမိတက္အက္ဒင္ရွန္ (limited edition၊ အေရအတြက္ အကန႔္အသတ္နဲ႔ ထုတ္လုပ္တဲ့ တန္ဖိုးႀကီးပစၥည္း) လိုဟာ ေတြရဖို႔ ႏိုင္ငံရပ္ျခားထိ ခရီးစရိတ္အကုန္အက်ခံ သြားဝယ္ေနခ်ိန္မွာ ထမင္းနပ္မွန္ေအာင္စားရဖို႔အေရး ႐ုန္းကန္ေနရသူေတြက အမ်ားသား။

အဲဒီလို႐ုန္းကန္ေနရသူေတြထဲမွာ အေျခခံလက္လုပ္လက္စား ဆင္းရဲသားေတြပဲ ပါတယ္မထင္ပါနဲ႔။လူလတ္တန္းစား လခစားဝန္ထမ္းေတြလည္းပါပါတယ္။အတိုင္းအထြာ ေန႔စဥ္အသုံးစရိတ္သာ ကြာသြားတာပါ။က်ပ္တည္း႐ုန္းကန္ရတာခ်င္းကေတာ့ အတူတူပါပဲ။အထူးသျဖင့္ လကုန္ပိုင္း ေနာက္ဆုံးအပတ္ထဲ ဝင္လာၿပီဆိုရင္ ျပဴးျပဴးျပာျပာနဲ႔ ဟိုကလွည့္ဒီကလွည့္နဲ႔ အေႂကြးသံသရာထဲမွာ အတိုးေတြပါေပါင္းၿပီး ဒုကၡဝဲကယက္ထဲ နစ္ဝင္ဆဲနစ္ဝင္ၿမဲ ဘဝပ်က္ရသူေတြေတာင္ပါပါတယ္။

အဲဒီလို ဆင္းရဲခ်မ္းသာကြာဟေလ၊ လူလတ္တန္းစားနည္းလာေလ တန္းတူညီမွ် တိုင္းျပည္ဖြံ႕ၿဖိဳးေရးက ေႏွာင့္ေႏွးေလပါပဲ။အဲဒီေတာ့ ဆင္းရဲသူ မေျပလည္သူတခ်ိဳ႕ရဲ႕ေဒါသက ခ်မ္းသာသူ ေျပလည္သူေတြအေပၚ မေက်မနပ္ေပါက္ကြဲခ်င္ၾကေတာ့တာေပါ့။ဒီေနရာမွ ကံ ကံရဲ႕ အက်ိဳးေပးေတြ မတူညီတာေၾကာင့္လည္း ဆင္းရဲခ်မ္းသာ ကြာဟႏိုင္တာပါပဲ။ဒါေပမယ့္ အဲဒီကံအေပၚ နားလည္ေပးႏိုင္သူေတြရွိသလို နားလည္မေပးႏိုင္သူေတြလည္း ရွိပါတယ္။ဒီေတာ့ တစ္ခုသြားသတိရပါတယ္။ဆယ္တန္းေက်ာင္းသား ဘဝတုန္းက အဂၤလိပ္စာဆရာ ဆုံးမဖူးတဲ့ စကားေလးတစ္ခြန္းပါ။စာေရးသူက သူ႔ေရွ႕မွာ ညည္းညဴမိလို႔ပါ။

ဆရာရယ္ ေလာကမွာ စိတ္ဒုကၡအေရာက္ရဆုံးအခ်ိန္က ဆယ္တန္းစာက်က္ရတဲ့အခ်ိန္ပဲလို႔ ညည္းညဴမိပါတယ္။အဲဒီေတာ့ ဆရာကဆုံးမတယ္။ဒီမွာငါ့တပည့္ မင္းတို႔ငါတို႔လို ဆင္းရဲတဲ့ႏိုင္ငံမွာ ႀကီးျပင္းရသူေတြအတြက္ ဆယ္တန္းစာက်က္ရတဲ့ ဒုကၡထက္ ဆိုးတာေတြ ေက်ာင္းၿပီးရင္ေတြ႕ရလိမ့္မယ္။ဝမ္းေရးအတြက္ ႐ုန္းကန္ရတာေတြ အတိုက္အခိုက္ အၿပိဳင္အဆိုင္နဲ႔ မနာလိုမုန္းတီးမႉေတြ ဒီဒုကၡေတြက ပိုဆိုးတယ္တဲ့။ကိုယ္ထီေပါက္တာထက္ သူမ်ားအိမ္မီးေလာင္တာ ပိုေပ်ာ္တဲ့သူေတြေတာင္ မင္းေတြ႕ရလိမ့္မယ္တဲ့။အဲဒီဒုကၡေတြကေန သက္သာခ်င္ရင္ ပညာမ်ားမ်ားတတ္ေအာင္သင္ စာမ်ားမ်ားဖတ္ေလ့လာပါတဲ့။အဲဒီအခ်ိန္တုန္းက ဆရာဆုံးမတာက ပိုလြန္းတယ္လို႔ ထင္မိပါတယ္။ပိုလြန္းတယ္လို႔ ထင္မိတာက ကိုယ္ထီေပါက္တာထက္ သူမ်ားအိမ္ မီးေလာင္တာ ပိုေပ်ာ္တဲ့သူေတြေတာင္ ႀကဳံရလိမ့္မယ္ဆိုတဲ့ စကားေပါ့။အခု အဲဒီစကားက မပိုဘူးဆိုတာ ကိုယ္ရင့္က်က္တဲ့အခ်ိန္မွာ ပိုနားလည္မိတယ္။

လူတခ်ိဳ႕က က်ပ္တည္းေလ စိတ္တိုေလ။စိတ္တိုအလိုမက်ေလ ကိုယ့္ထက္ အဆင္ေျပခ်မ္းသာသူေတြအေပၚ ေဒါသထြက္ မေက်နပ္ေလျဖစ္တာေပါ့။ဒါကလည္း အားလုံးကိုမဆိုလိုပါဘူး။ဆင္းရဲေပမယ့္ ခ်မ္းသာသူေတြအေပၚ မုဒိတာပြားႏိုင္သူေတြ အမ်ားႀကီးရွိပါတယ္။ခ်မ္းသာသူေတြထဲမွာလည္း မတရားနည္းနဲ႔ ခ်မ္းသာသူေတြရွိသလို သမာအာဇီဝနဲ႔ ႐ိုး႐ိုးသားသားႀကိဳးစားၿပီး ခ်မ္းသာလာသူေတြလည္း အမ်ားႀကီးရွိပါတယ္။အဓိကအရင္းစစ္ေတာ့ ဆင္းရဲၿပီး မေျပလည္သူတခ်ိဳ႕ရဲ႕ မနာလိုမႈနဲ႔ ေဒါသက စားဝတ္ေနေရး ခက္ခဲရာကေန စပါတယ္။စားဝတ္ေနေရး ေခ်ာင္လည္ဖို႔အေရး အားလုံးရဲ႕ သည္းေျခႀကိဳက္ျဖစ္တဲ့ ေငြဆိုတဲ့ေနာက္ကို သည္းႀကီးမည္းႀကီး လိုက္ၾကရပါတယ္။အဲဒီအခါ ကံအက်ိဳးေပးေကာင္းလို႔ သမာအာဇီဝနဲ႔ ကိုယ့္ထက္အဆင္ေျပ ခ်မ္းသာသြားသူေတြကို မုဒိတာပြားႏိုင္ၾကေပမယ့္ ဘယ္ကရတဲ့ေငြနဲ႔ ဘယ္လိုခ်မ္းသာလာမွန္းမသိ ဝင္ေငြရလမ္း ဟုတ္တိပတ္တိမျပႏိုင္ဘဲ ခ်မ္းသာေနသူေတြကိုေတာ့ အမ်ားစုက မၾကည္ျဖဴႏိုင္ၾကပါဘူး။အဲဒီလို ေငြမည္းနဲ႔ခ်မ္းသာေနသူတခ်ိဳ႕ဟာ မူးယစ္ေဆး ေရာင္းဝယ္ေဖာက္ကားတာနဲ႔ ဆက္စပ္လို႔ ခ်မ္းသာေနၾကတယ္လို႔လည္း တခ်ိဳ႕က ေကာက္ခ်က္ခ်ၾကပါတယ္။

အခုေခတ္မွာ ဝင္ေငြရလမ္း ေသခ်ာမျပႏိုင္ဘဲ ခ်မ္းသာသူေတြ အမ်ားႀကီးရွိေနတယ္လို႔ တခ်ိဳ႕ကသုံးသပ္ပါတယ္။အမ်ားသူငွာက ဥပေဒနဲ႔အညီ ခက္ခက္ခဲခဲရွာေဖြ စားေသာက္ေနရခ်ိန္မွာ အဲဒီလိုလူမ်ိဳးေတြက မူးယစ္ေဆးေတြနဲ႔ ပတ္သက္ၿပီး အလြယ္တကူ ခ်မ္းသာသြားၾကမယ္ဆိုရင္ မုဒိတာမပြားႏိုင္သူေတြကို အျပစ္တင္လို႔မရပါဘူး။ဒါက မနာလိုဘူးဆိုတာထက္ မတရားနည္းနဲ႔ ဥပေဒျပင္ပ ခ်မ္းသာေနၾကတာကို မေက်နပ္ၾကတဲ့သေဘာ ျဖစ္ပါတယ္။မူးယစ္ေဆးဝါးနဲ႔ ခ်မ္းသာတယ္ဆိုၿပီး စြပ္စြဲခံရသူေတြထဲမွာ လုပ္ငန္းရွင္တခ်ိဳ႕နဲ႔ အႏုပညာရွင္တခ်ိဳ႕လည္း ပါဝင္ေနပါတယ္။တစ္ခါတေလမွာ ထင္ေၾကးဆိုတာက တစ္ဘက္လူကို အမ်ားႀကီးနစ္နာေစပါတယ္။အဲဒီေတာ့ မူးယစ္ေဆးနဲ႔ ပတ္သက္တယ္လို႔ ေသခ်ာသိရင္ သက္ေသနဲ႔တကြ သက္ဆိုင္ရာကို တိုင္တန္းႏိုင္ဖို႔လိုမွာျဖစ္ပါတယ္။

တရားမဝင္တဲ့ နည္းလမ္းနဲ႔ရတဲ့ေငြနဲ႔ မူးယစ္ေဆးဝါး ဆက္ႏႊယ္မႈေတြအေပၚ အေရးယူႏိုင္ဖို႔ဆိုရင္ မူးယစ္ေဆးဝါးနဲ႔ စိတ္ကိုေျပာင္းလဲေစတဲ့ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒအျပင္ ေငြေၾကးခဝါခ်မႈ တိုက္ဖ်က္ေရး ဥပေဒဆိုတာ ျမန္မာႏိုင္ငံမွာရွိပါတယ္။ဒီေနရာမွာ အလ်ဥ္းသင့္လို႔ ဘယ္လိုကိစၥမ်ိဳးဟာ ေငြေၾကးခဝါခ်မႈျဖစ္တယ္၊ ဘယ္လိုျပစ္မႈအမ်ိဳးအစားေတြက ေငြေၾကးခဝါခ်မႈ တိုက္ဖ်က္ေရး ဥပေဒနဲ႔ အက်ဳံးဝင္တယ္၊ ဘယ္လိုအေရးယူလို႔ရတယ္ ဆိုတာကို ရွင္းျပခ်င္ပါတယ္။

ေငြေၾကးခဝါခ်မႈ တိုက္ဖ်က္ေရးဥပေဒနဲ႔ သက္ဆိုင္တဲ့ ျပစ္မႈကို က်ဴးလြန္တာကေနရရွိတဲ့ ေငြေၾကးနဲ႔ပစၥည္းရယ္၊ အဲဒီျပစ္မႈက်ဴးလြန္တာနဲ႔ စပ္ဆိုင္တဲ့ ျပဳလုပ္မႈ ဒါမွမဟုတ္ ပ်က္ကြက္မႈကေနရရွိတဲ့ ေငြေၾကးနဲ႔ပစၥည္းရယ္၊ ၿပီးေတာ့ အဲဒါေတြကို တိုက္႐ိုက္ျဖစ္ျဖစ္ သြယ္ဝိုက္ၿပီးျဖစ္ျဖစ္ရရွိတဲ့ ေငြေၾကးနဲ႔ပစၥည္းေတြကို တရားမဝင္တဲ့နည္းလမ္းနဲ႔ရတဲ့ ေငြေၾကးနဲ႔ပစၥည္းေတြအျဖစ္ ဥပေဒက သတ္မွတ္ပါတယ္။ဒီစကားရပ္မွာ အဲဒီေငြေၾကးနဲ႔ ပစၥည္းေတြကို အေျခခံၿပီး ျဖစ္ထြန္းလာတဲ့ ေငြေၾကး ဒါမွမဟုတ္ ပစၥည္းေတြနဲ႔ အက်ိဳးအျမတ္ေတြလည္း ပါဝင္ပါတယ္။ဒါ့ျပင္ တျခားပစၥည္းအျဖစ္နဲ႔ ျဖစ္ေစ၊ စီးပြားေရးလုပ္ငန္းအျဖစ္နဲ႔ ျဖစ္ေစ လႊဲေျပာင္းတာ ေျပာင္းလဲတာလုပ္ထားတဲ့ ေငြေၾကးနဲ႔ ပစၥည္းေတြဟာလည္း တရားမဝင္တဲ့ နည္းလမ္းနဲ႔ရတဲ့ ေငြေၾကးနဲ႔ ပစၥည္းေတြထဲမွာ ပါဝင္ပါတယ္။ဒီအခ်က္နဲ႔ပတ္သက္လို႔ ေငြေၾကးခဝါခ်မႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မ (၃) (ထ) မွာျပဌာန္းထားတာ ျဖစ္ပါတယ္။

ေငြေၾကးခဝါခ်မႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၃ (ဎ) မွာ ျပဌာန္းထားတာက ဒီလိုပါ။''ေငြေၾကးခဝါခ်မႈဆိုသည္မွာ ေအာက္ပါအခ်က္တစ္ရပ္ရပ္ က်ဴးလြန္ျခင္းကို ဆိုသည္ -

(၁) တရားမဝင္ေသာ နည္းလမ္းျဖင့္ ရရွိသည့္ ေငြေၾကးႏွင့္ ပစၥည္းျဖစ္သည္ဟု သိရွိလ်က္ႏွင့္ျဖစ္ေစ၊ သိရွိရန္အေၾကာင္းရွိလ်က္ႏွင့္ျဖစ္ေစ ယင္းေငြေၾကး သို႔မဟုတ္ ပစၥည္း၏ ဇာစ္ျမစ္ကို အသြင္ေျပာင္းလဲရန္ သို႔မဟုတ္ ဖုံးကြယ္ရန္ေသာ္ လည္းေကာင္း၊ ဤဥပေဒႏွင့္ သက္ဆိုင္သည့္ ျပစ္မႈတစ္ရပ္ရပ္ကို က်ဴးလြန္ရာတြင္ ပါဝင္သူ တစ္ဦးတစ္ေယာက္အား ယင္း၏ ျပစ္မႈက်ဴးလြန္ျခင္းႏွင့္ စပ္လ်ဥ္း၍ ဤဥပေဒအရ အေရးယူခံရျခင္းမွ ေရွာင္ရွားႏိုင္ေရးအတြက္ ျပစ္မႈမက်ဴးလြန္မီျဖစ္ေစ၊ ျပစ္မႈက်ဴးလြန္ၿပီးေနာက္ျဖစ္ေစ အကူအညီေပးရန္ ရည္႐ြယ္ခ်က္ျဖင့္ ယင္းေငြေၾကးႏွင့္ ပစၥည္းကို ေျပာင္းလဲျခင္း သို႔မဟုတ္ လႊဲေျပာင္းျခင္း၊

(၂) တရားမဝင္ေသာ နည္းလမ္းျဖင့္ ရရွိသည့္ ေငြေၾကးႏွင့္ ပစၥည္းျဖစ္ေၾကာင္း သိရွိသည့္ သို႔မဟုတ္ သိရွိရန္ အေၾကာင္းရွိသည့္ ေငြေၾကးႏွင့္ ပစၥည္းမ်ားႏွင့္ စပ္လ်ဥ္း၍ မူလသဘာဝ၊ ဇာစ္ျမစ္၊ တည္ေနရာႏွင့္ ပင္ကိုစ႐ိုက္ လကၡဏာတို႔ကို ေျပာင္းလဲမႈေသာ္လည္းေကာင္း၊ ယင္းေငြေၾကးႏွင့္ ပစၥည္းတို႔ကို ပိုင္ဆိုင္မႈ သို႔မဟုတ္ အခြင့္အေရးတို႔အား ဖုံးကြယ္ျခင္း သို႔မဟုတ္ အသြင္ေျပာင္းလဲျခင္းေသာ္လည္းေကာင္း ျပဳျခင္း၊

(၃) တရားမဝင္ေသာ နည္းလမ္းျဖင့္ ရရွိသည့္ ေငြေၾကးႏွင့္ ပစၥည္းျဖစ္ေၾကာင္း မိမိလက္ဝယ္ လက္ခံရရွိသည့္အခ်ိန္တြင္ သိရွိေသာ သို႔မဟုတ္ သိရွိရန္ အေၾကာင္းရွိေသာ ေငြေၾကးႏွင့္ ပစၥည္းကို ရယူျခင္း၊ လက္ဝယ္ထားျခင္း သို႔မဟုတ္ အသုံးျပဳျခင္း၊

(၄) ပုဒ္မခြဲငယ္ (၁) မွ ပုဒ္မခြဲငယ္ (၃) အထိပါ ျပစ္မႈတစ္ရပ္ရပ္ကို က်ဴးလြန္ျခင္း၊ က်ဴးလြန္ရန္အားထုတ္ျခင္း သို႔မဟုတ္ က်ဴးလြန္ရန္အႀကံျဖင့္ စီစဥ္ေဆာင္႐ြက္ျခင္းကို ျပဳလုပ္မႈျဖင့္ေသာ္လည္းေကာင္း၊ ပ်က္ကြက္မႈျဖင့္ေသာ္လည္းေကာင္း ပူးေပါင္းပါဝင္ျခင္း၊ အကူအညီေပးျခင္း၊ ပံ့ပိုးျခင္း၊ အေထာက္အပံ့ေပးျခင္း၊ စီမံခန႔္ခြဲျခင္း၊ အႀကံဉာဏ္ေပးျခင္း၊ ဂိုဏ္းအဖြဲ႕ဝင္ျဖစ္ျခင္းႏွင့္ အျခားတစ္နည္းနည္းျဖင့္ ဆက္စပ္ပတ္သက္ျခင္းဆိုင္ရာ ျပစ္မႈက်ဴးလြန္ျခင္း။'' ဆိုၿပီး ေငြေၾကးခဝါခ်မႈရဲ႕ အဓိပၸါယ္ဖြင့္ဆိုခ်က္ကို ျပဌာန္းထားတာျဖစ္ပါတယ္။

ဘယ္လို ျပစ္မႈအမ်ိဳးအစားေတြက ေငြေၾကးခဝါခ်မႈ တိုက္ဖ်က္ေရး ဥပေဒနဲ႔ အက်ဳံးဝင္လဲဆိုတာကို ေျပာပါမယ္။ေအာက္ပါ ျပစ္မႈတစ္ရပ္ရပ္ကို က်ဴးလြန္ရာကေန ရရွိတဲ့ ေငြေၾကးနဲ႔ ပစၥည္းေတြကို ေငြေၾကးခဝါခ်မႈ ျပဳလုပ္တာဟာ ေငြေၾကးခဝါခ်မႈ တိုက္ဖ်က္ေရး ဥပေဒနဲ႔ သက္ဆိုင္မွာျဖစ္ပါတယ္။
(က) ဂိုဏ္းဖြဲ႕က်ဴးလြန္တဲ့ ျပစ္မႈေတြ၊
(ခ) ကေလးသူငယ္ေတြကို လိင္ပိုင္းဆိုင္ရာ အျမတ္ထုတ္တာ အပါအဝင္ လိင္ပိုင္းဆိုင္ရာ အျမတ္ထုတ္တာနဲ႔ သက္ဆိုင္တဲ့ ျပစ္မႈေတြ၊
(ဂ) ဉာဏပစၥည္းနဲ႔ဆိုင္တဲ့ မူပိုင္ခြင့္ထိပါးမႈနဲ႔ သက္ဆိုင္တဲ့ ျပစ္မႈေတြ (ဉာဏပစၥည္းဆိုင္ရာ ျပစ္မႈေတြ)၊
(ဃ) သဘာဝပတ္ဝန္းက်င္ဆိုင္ရာ ထိခိုက္နစ္နာတဲ့ ျပစ္မႈေတြ၊
(င) အခြန္တိမ္းေရွာင္မႈနဲ႔ အျခားအခြန္ဆိုင္ရာ မႈခင္းေတြနဲ႔သက္ဆိုင္တဲ့ ျပစ္မႈေတြ၊
(စ) ပင္လယ္ဓားျပမႈနဲ႔ သက္ဆိုင္တဲ့ ျပစ္မႈေတြ၊
(ဆ) အၾကမ္းဖက္မႈဆိုင္တဲ့ ျပစ္မႈေတြ၊
(ဇ) သတင္းအခ်က္အလက္ကို ဦးစြာသိရွိႏိုင္သူက မိမိသိရွိတဲ့ သတင္းအခ်က္အလက္ကို အသုံးျပဳၿပီး မိမိကိုယ္တိုင္ျဖစ္ျဖစ္၊အဲဒီသတင္းအခ်က္အလက္ကို သူတစ္ပါးကို ေပးအပ္ၿပီးျဖစ္ျဖစ္ တရားမဝင္ အက်ိဳးအျမတ္ရရွိေရးအတြက္ ေဆာင္႐ြက္တာနဲ႔ ေဈးကြက္ထိန္းခ်ဳပ္ဖို႔ ျပဳလုပ္မႈနဲ႔ဆိုင္တဲ့ ျပစ္မႈေတြ၊
(ဈ) ႏိုင္ငံေတာ္ရဲ႕ တည္ဆဲဥပေဒတစ္ရပ္ရပ္အရ အနည္းဆုံး ေထာင္ဒဏ္တစ္ႏွစ္နဲ႔အထက္ ျပစ္ဒဏ္ထိုက္တဲ့ ျပစ္မႈတစ္ရပ္ရပ္ကို က်ဴးလြန္တာ၊
(ည) ေငြေၾကးခဝါခ်မႈ တိုက္ဖ်က္ေရး ဥပေဒနဲ႔ သက္ဆိုင္တယ္ဆိုၿပီး ျပည္ေထာင္စုအစိုးရအဖြဲ႕က အမိန႔္ေၾကာ္ျငာစာထုတ္ျပန္ၿပီး အခါအားေလ်ာ္စြာ သတ္မွတ္တဲ့ ျပစ္မႈေတြ၊
(ဋ) ပုဒ္မခြဲ (က) ကေန ပုဒ္မခြဲ (ည) ပါ ျပစ္မႈတစ္ရပ္ရပ္ကို က်ဴးလြန္တာ၊ က်ဴးလြန္ဖို႔အားထုတ္တာ ဒါမွမဟုတ္ က်ဴးလြန္ဖို႔အႀကံနဲ႔ စီစဥ္ေဆာင္႐ြက္တာကို ျပဳလုပ္မႈနဲ႔ျဖစ္ျဖစ္ ပ်က္ကြက္မႈနဲ႔ျဖစ္ျဖစ္၊ ပူးေပါင္းပါဝင္တာ၊ အကူအညီေပးတာ၊ ပံ့ပိုးတာ၊ အေထာက္အပံ့ေပးတာ၊ စီမံခန႔္ခြဲတာ၊ အႀကံဉာဏ္ေပးတာ၊ ဂိုဏ္းအဖြဲ႕ဝင္ျဖစ္တာနဲ႔ တျခားတစ္နည္းနည္းနဲ႔ ဆက္စပ္ပတ္သက္တဲ့ ျပစ္မႈ။
အခု အထက္မွာေျပာခဲ့တဲ့ ျပစ္မႈအမ်ိဳးအစားေတြက ေငြေၾကးခဝါခ်မႈ တိုက္ဖ်က္ေရး ဥပေဒနဲ႔ သက္ဆိုင္တဲ့ျပစ္မႈေတြ ျဖစ္ပါတယ္။

မူးယစ္ေဆးဝါးနဲ႔ စိတ္ကိုေျပာင္းလဲေစတဲ့ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒမွာ အနည္းဆုံး ေထာင္ဒဏ္တစ္ႏွစ္နဲ႔ အထက္ ျပစ္ဒဏ္ထိုက္တဲ့ ျပစ္မႈျပစ္ဒဏ္ေတြပါေနတာမို႔ ေငြေၾကးခဝါခ်မႈ တိုက္ဖ်က္ေရး ဥပေဒနဲ႔ အက်ဳံးဝင္တဲ့ ျပစ္မႈအမ်ိဳးအစားေတြထဲမွာ ပါဝင္ေနပါတယ္။

ဘယ္သူမဆို ေငြေၾကးခဝါခ်မႈကို က်ဴးလြန္တယ္လို႔ ျပစ္မႈထင္ရွားစီရင္တာခံရရင္ အဲဒီသူကို တစ္ဆယ္ႏွစ္အထိ ေထာင္ဒဏ္ျဖစ္ျဖစ္၊ ေငြဒဏ္ျဖစ္ျဖစ္၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ျဖစ္ ခ်မွတ္ရမယ္လို႔ ေငြေၾကးခဝါခ်မႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၄၃ မွာ ဆိုပါတယ္။ျပစ္မႈက်ဴးလြန္တဲ့သူက ကုမၸဏီ၊ အဖြဲ႕အစည္းျဖစ္မယ္ဆိုရင္ အဲဒီကုမၸဏီ၊ အဖြဲ႕အစည္းကို က်ပ္သန္းငါးရာထိ ေငြဒဏ္ခ်မွတ္ရမွာျဖစ္ၿပီး အက်ိဳးခံစားခြင့္ရွိသူ ပိုင္ရွင္ကိုေတာ့ ေထာင္ဒဏ္ခုနစ္ႏွစ္အထိ ခ်မွတ္ရမယ္လို႔ ဆိုပါတယ္။

ဒါေၾကာင့္မို႔ ေငြမွာယစ္မူးသူေတြက ေဆးမွာမူးယစ္သူေတြကို အေၾကာင္းျပဳလို႔ မူးယစ္ေဆးနဲ႔ ဆက္ႏႊယ္ၿပီး ႀကီးပြားခ်မ္းသာၾကမယ္ဆိုရင္ေတာ့ ဥပေဒျပင္ပ ေငြမည္းေတြကိုသာ ပိုင္ဆိုင္သူေတြပဲ ျဖစ္ေနမွာပါ။အဲဒီလို ေငြမည္းပိုင္ရွင္ေတြဟာ မူးယစ္ေဆးဝါးနဲ႔ စိတ္ကိုေျပာင္းလဲေစႏိုင္တဲ့ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒနဲ႔သာမက ေငြေၾကးခဝါခ်မႈ တိုက္ဖ်က္ေရး ဥပေဒအရပါ အခ်ိန္မေ႐ြး အေရးယူခံရႏိုင္တယ္ဆိုတာကို သတိျပဳရမွာျဖစ္ပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ ေငြမွာယစ္မူး ေဆးမွာမူးယစ္သူေတြေၾကာင့္ ဥပေဒေဘာင္အတြင္းက ႐ိုး႐ိုးသားသား စီးပြားရွာစားေနရသူေတြ မနစ္နာရေအာင္ ဘယ္သူမဆို မိမိတို႔ခ်မ္းသာႂကြယ္ဝမႈရဲ႕ ဝင္ေငြရလမ္းေတြကို အခ်ိန္မေ႐ြး ထုတ္ေဖာ္ေျပာၾကားႏိုင္တဲ့သူေတြ ျဖစ္ၾကပါေစလို႔ ဆႏၵျပဳဆုေတာင္းရင္းျဖင့္။

သာဓက
ႏို၀င္ဘာ - ၁၆