【 ဆောင်းပါး 】 ''ဒါဖတ်ပြီးဝေဖန်တော့ ပိုကောင်းတာပေါ့''

【 ဆောင်းပါး 】 ''ဒါဖတ်ပြီးဝေဖန်တော့ ပိုကောင်းတာပေါ့''

ဟိုတလောက အသိမိတ်ဆွေတွေနဲ့ မထင်မှတ်ဘဲ ဆုံဖြစ်ပါတယ်။အမျိုးသားတွေရော အမျိုးသမီးတွေရော ပါတာပေါ့လေ။စကားပြောကြတော့လည်း ရှေးဟောင်းနှောင်းဖြစ်တွေ အစုံပါပဲ။ဒါနဲ့ ငြင်းကြခုန်ကြ ဆွေးနွေးလိုက်ကြတာ ပညာရေးကအစ နိုင်ငံရေးစီးပွားရေးအလယ် အမျိုးသမီးတွေရဲ့အခွင့်အရေးတွေအဆုံး ဆိုပါတော့။

ငြင်းကြခုန်ကြ ဆွေးနွေးကြရင်း မကြာခင်က အွန်လိုင်းပေါ်မှာ ငြင်းခုန်ဝေဖန်ကြတဲ့ ကလေးသူငယ် လက်ထပ်ထိမ်းမြားတဲ့ အသက်အပိုင်းအခြားကိစ္စနဲ့ ပတ်သက်လို့ သူငယ်ချင်းတစ်ယောက်က အစဆွဲထုတ်ပါတယ်။ဥပဒေအရ ဘယ်လိုမြင်ကြလဲပေါ့။

ကျန်တဲ့သူငယ်ချင်းတွေရဲ့ ပစ်ပြတဲ့ မျက်စနဲ့ ငေါ့ပြတဲ့မေးတွေက ကျွန်တော့်ဆီကို တစ်ပြိုင်နက်ဆိုသလို ဆိုက်ရောက်လာပါတယ်။သူတို့ဆိုလိုတာက ဒီမေးခွန်းကတော့ သူ့ကိုပဲမေးဆိုတဲ့ သဘောပေါ့လေ။သူငယ်ချင်းတွေထဲမှာလည်း ဥပဒေနဲ့ကျောင်းပြီးတာ၊ ဥပဒေတွေနဲ့ အမြဲထိတွေ့ လုပ်ကိုင်နေရတဲ့သူဆိုလို့ ကိုယ်ပဲရှိတာဆိုတော့ ကိုယ့်တာဝန်ဖြစ်ရတာပေါ့။

ဒီနေရာမှာ စကားဆက်စပ်မိလို့ ဥပဒေစာအုပ်ပုံတွေထဲမှာပဲ ကြီးပျင်းလာရတဲ့ ကိုယ့်ဘဝကို ပြန်ပြီးအောက်မေ့မိပါတယ်။အခုခေတ် ဥပဒေနဲ့ကျောင်းပြီးတဲ့ လူငယ်အချို့က ကိုယ်တွေခေတ်ကနဲ့ ကွာတယ်။အတော်ကို သက်သောင့်သက်သာ ရှိလှတာကို တွေ့ရပါတယ်။ အကုန်လုံးကို မဆိုလိုပါဘူး။အချို့ကိုသာ ရည်ညွှန်းပြောဆိုလိုတာ ဖြစ်ပါတယ်။ကိုယ်တွေ ဥပဒေပညာ လေ့လာလိုက်စားတုန်းကဆိုရင် ဥပဒေပထမနှစ် ကျောင်းသားဘဝကအစ ကျောင်းပြီးလို့ ချိန်ပါဆင်းတဲ့အချိန် ပြီးတဲ့နောက် အခုချိန်ထိ ဥပဒေစာအုပ်နဲ့ လက်နဲ့ပြတ်တယ်ကို မရှိပါဘူး။နေ့တိုင်း စာမဖတ်တဲ့နေ့ဆိုတာ မရှိသလောက်ပါပဲ။တခြားစာအုပ်တွေထက် ဥပဒေစာအုပ်တွေပဲ ဖတ်ဖြစ်တာပေါ့လေ။

ဖတ်ချင်လည်းဖတ် မဖတ်ချင်လည်းဖတ်ပေါ့။အဲဒီလို လုပ်အောင်လည်း အဘက်ဘက်က ဖိအားတွေက အများသားပေပဲကိုး။ဆရာတွေကတစ်မျိုး အဖေအမေကတစ်ဖုံ အစ်မဖြစ်သူကလည်း တွန်းတွန်းထိုးထိုးနဲ့ ဥပဒေအဟောင်းတွေရော အသစ်တွေရော ပြင်ပြီးတာရော မပြင်သေးတာရော အစုံပါပဲ။မေးကြမြန်းကြ ဆွေးနွေးကြ ငြင်းကြခုန်ကြနဲ့ အဆက်မပြတ် လေ့လာခိုင်းနေတော့တာပါပဲ။

ဘာလို့လဲဆိုတော့ မိသားစုလေးယောက်လုံးက ဥပဒေသမားတွေ၊ ဥပဒေနဲ့ အသက်မွေးဝမ်းကြောင်း ပြုနေကြသူတွေချည်းဆိုတော့ ပိုဆိုးတာပေါ့။အဲဒီအထဲမှာ အဖေကအဆိုးဆုံး။သူက အတွေ့အကြုံကလည်းများ စာဖတ်အားကလည်း ကိုယ့်အသက်ထက် နှစ်ပြန်နီးပါးရှိတာမို့ ဥပဒေနဲ့ပတ်သက်လို့ သူနဲ့ငြင်းမယ်ဆို ချက်နဲ့လက်နဲ့ ငြင်းရတာပေါ့။နို့မို့ဆိုရင်တော့ မလွယ်ကြော။ဒါလေးတောင် မသိရကောင်းလားဆိုပြီးတော့ အကြိတ်ခံရဖို့သာ ပြင်ပေတော့။

အဲဒီလို တွန်းအားတွေကြောင့်လည်း ဥပဒေတွေနဲ့ ပတ်သက်ရင် အသေးစိတ်ကို အလွတ်မရရင်တောင် အနည်းဆုံး တစ်ခေါက်တော့ ဖတ်ဖြစ်တာပေါ့။ဒါမှ ဘယ်ပြဿနာကို ဘယ်ဥပဒေနဲ့ ကိုင်တွယ်ဖြေရှင်းရမယ် ဆိုတာကို သေချာသိမှာပေါ့လေ။ဥပဒေသမားတွေအတွက် ဆိုရိုးတစ်ခုရှိပါတယ်။A keen lawyer must know where to find the law. အဲဒီဆိုရိုးကို လိုတိုရှင်းခြုံငုံပြီး အလွယ်ပြောရမယ်ဆိုရင် ကျွမ်းကျင်တဲ့ ရှေ့နေတစ်ယောက်ဟာ ဥပဒေကို အလွတ်ရစရာမလိုပါဘူး။ဘယ်ဥပဒေကို ဘယ်မှာရှာရမလဲ ဆိုတာကို သိဖို့ပဲလိုပါတယ်။အဲဒီလိုသိဖို့ဆိုတာကလည်း တည်ဆဲဥပဒေ၊ ပြဌာန်းဥပဒေ၊ ပြင်ဆင်ဥပဒေတွေနဲ့ ရုပ်သိမ်းဥပဒေတွေကို နှံ့နှံ့စပ်စပ် တီးမိခေါက်မိရှိထားမှ ရှာရလွယ်ကူမှာ ဖြစ်ပါတယ်။ဒါတောင် တစ်ခါတလေ ဥပဒေတစ်ခုတည်းကို ဆယ်စုနှစ်တစ်ခု မကျော်ခင် သုံးလေးကြိမ်လောက်ကို ပြင်နေလို့ အဆက်မပြတ်အောင် မနည်းလိုက်မှတ်နေရတာမျိုးလည်း ကြုံဖူးပါတယ်။

ရှေ့မှာပြောခဲ့တဲ့ စကားတွေထဲက တချို့ကိုပြန်ဆက်ပါမယ်။အခုခေတ် ဥပဒေနဲ့ကျောင်းပြီးလို့ ဥပဒေနဲ့လုပ်စားမယ့် လူငယ်အချို့ကို ဘာလို့ သက်သောင့်သက်သာ ရှိလှတယ်လို့ ပြောတာလည်းဆိုတော့ အကြောင်းရှိပါတယ်။ဥပဒေကို စိတ်ဝင်တစားနဲ့ ခရေစေ့တွင်းကျ လေ့လာလိုသူတွေ နည်းနေတာ တွေ့ရလို့ပါပဲ။အပေါ်ယံပဲလေ့လာပြီး စဉ်ဆက်မပြတ် လေ့လာမှုမရှိပါဘူး။သူတို့ကို ကြည့်လိုက်ရင် ပုံစံတွေကတော့ ဆရာကြီးဂိုက်ပဲ။တိုက်ပုံအမည်းကြီးတွေ တကားကားနဲ့။ဥပဒေအကြောင်း ပြောလိုက်ဆွေးနွေးလိုက်ရင် တလွဲ။မတက်တစ်ခေါက် ဥပဒေစာအုပ်လေး လေးငါးဆယ်အုပ်လောက်ဖတ်ပြီး သူတို့ကိုယ်သူတို့ ဟုတ်လှပြီ ထင်ကြတာကိုး။အလွယ်ပြောရရင် ပန်းတိမ် မတတ်ပဲ ရွှေခိုးသင်သလိုပေါ့။ဒါပေမယ့် ဥပဒေကို တကယ်ကိုဝါသနာပါပြီး ဥပဒေပညာရှင်ကောင်းဖြစ်ချင်လို့ ကြိုးကြိုးစားစား လေ့လာနေတဲ့ တကယ်တော်တဲ့ ဥပဒေပညာရှင် လူငယ်တွေလည်း အများကြီးပါ။အဲဒီလိုလူငယ်တွေကလည်း စကားပြောကြည့်လိုက်တာနဲ့ သူတို့ဝမ်းစာ ဘယ်လောက်ရှိတယ်။စာဖတ် ဘယ်လောက်နာထားလဲဆိုတာ သိသာပါတယ်။

လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဥပဒေနဲ့ပတ်သက်လို့ ငြင်းကြခုန်ကြဝေဖန်ကြပြီဆို ဥပဒေဘွဲ့ရ ဝမ်းစာမပြည့်တဲ့ ရှေ့နေပေါက်စ မြောက်ကြွမြောက်ကြွလေးတွေ အချို့လည်း ပါပါတယ်။ဥပဒေပညာရှင် မဟုတ်ဘဲ ကိုယ်ဝေဖန်ချင်တဲ့ ဥပဒေတစ်ခုနှစ်ခုလောက် လှန်ဖတ်ပြီး ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ဆရာကြီးလုပ်သူတွေလည်း ပါပါတယ်။

အထက်မှာ မိတ်ဆွေတစ်ဦးပြောတဲ့ ကလေးသူငယ် ထိမ်းမြားတဲ့အပေါ် ဥပဒေအရ ဘယ်လိုမြင်လဲဆိုတဲ့အကြာင်းပြောဖို့ လိုရင်းကိုပြန်ဆက်ပါမယ်။မကြာသေးမီကမှ ငြင်းခုန်ဝေဖန်ကြတဲ့ ကလေးသူငယ် အခွင့်အရေးတွေနဲ့ဆိုင်တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ပြောဆိုနေတာတွေကိုကြည့်ရင် မရှိတာထက် မသိတာခက် ဆိုတဲ့စကားကို သွားသတိရပါတယ်။

အဲဒီမှာ ဝင်ပြော ဝင်ဝေဖန်နေသူတွေထဲမှာ ဥပဒေသမားအချို့လည်း ပါပါတယ်။တချို့ဝေဖန်ထောက်ပြတာတွေက သဘာဝကျတာရှိသလို တချို့ဝေဖန်တာတွေက စည်းလွတ်ဘောင်လွတ် ကိုယ်ညံ့တာ လူသိစေမယ့် တလွဲဝေဖန်မှုတွေလည်း ပါပါတယ်။သူများပြောတာ လိုက်ယောင်သူတွေက ခပ်များများရယ်ပါ။

ကလေးသူငယ် ထိမ်းမြားတဲ့ အသက်အပိုင်းအခြားပေါ်မှာ စာတစ်ကြောင်းကို ဖျက်လိုက်လို့ဆိုပြီး ဝိုင်းဝေဖန်ကြတဲ့ ကိစ္စပါ။အဲဒီလိုဖျက်လိုက်လို့ အသက် ၁၈ နှစ် မပြည့်သေးလည်း လက်ထပ်ခွင့်ပေးတာကို အားပေးသလိုဖြစ်နေတယ်လို့ ဝိုင်းဝန်းပြောဆိုနေကြတာကိုလည်း တွေ့ရပါတယ်။

အဲဒီလိုပြောနေသူတွေထဲမှာ တချို့က အဲဒီဥပဒေကြမ်းတောင် တစ်ခုလုံးသေချာဖတ်ထားပုံ မရပါဘူး။အဲဒီစာလေး တစ်ပိုဒ်နှစ်ပိုဒ်လောက်ပဲ ဖတ်ပြီးပြောနေပုံရပါတယ်။

စာရေးသူကိုယ်တိုင် ဒီကိစ္စကို ဒီဆောင်းပါးမှာ ချက်နဲ့လက်နဲ့ အထောက်အထား အစုံအလင်နဲ့ ရှင်းပြချင်ပါတယ်။ဒါပေမယ့် အဲဒီလိုရှင်းပြမယ်ဆို စာမျက်နှာ လေးငါးမျက်နှာလောက်နဲ့ ရှင်းပြလို့ မလုံလောက်နိုင်ပါဘူး။တချို့ကပြောမှာပေါ့ ငါတို့တောင် တစ်ပိုဒ်နှစ်ပိုဒ်လောက်ရေးပြီး ဝေဖန်လို့ရတာ သူက ကြီးကြီးကျယ်ကျယ် ပြောနေတယ် ထင်မှာပေါ့လေ။

အဲဒီကိစ္စကို ဝေဖန်ချင်တဲ့သူတွေ အနည်းဆုံး ဖတ်ထားသင့်တဲ့ ဥပဒေတွေ ရှိပါတယ်။မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေရယ်၊ ခရစ်ယာန် လက်ထပ်ထိမ်းမြားခြင်း ဥပဒေရယ်၊ အစ္စလာမ် တရားဥပဒေရယ်၊ ဟိန္ဒူ ထိမ်းမြားခြင်း ဥပဒေရယ်၊ ရာဇသတ်ကြီးရယ်၊ ၁၉၉၃ ခုနှစ် ကလေးသူငယ် ဥပဒေရယ်၊ အခုရေးဆွဲထားတဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းရယ်၊ ပဋိညာဉ်ဥပဒေရယ်၊ စကားရပ်များ အနက်အဓိပ္ပာယ် ဖွင့်ဆိုရေး ဥပဒေရယ် စတဲ့ဥပဒေတွေကို အရင်ဦးဆုံး နှံ့စပ်အောင်လေ့လာပါ။အဲဒီလိုလေ့လာပြီးပြီဆိုမှ အခုရေးဆွဲထားတဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းမှာ လက်ထပ်ထိမ်းမြားနိုင်တဲ့ အသက်ကန့်သတ်ချက် အတိအကျကို ဘာလို့မထည့်ဘဲ ပယ်ဖျက်လိုက်လဲဆိုတာကို သဘောပေါက်မှာ ဖြစ်ပါတယ်။အဲဒီလိုသဘောပေါက်ပြီးပြီ ဆိုရင်တော့ ဆက်ဝေဖန်ပေါ့လို့ ပြောချင်ပါတယ်။အဲဒါဆိုရင် အဲဒီအကြောင်းအရာကို ဝေဖန်ထောက်ပြဖို့ အထိုက်အလျောက် တန်းမီသွားပြီမို့လို့ ဖြစ်ပါတယ်။

စာရေးသူရဲ့ တစ်သီးပုဂ္ဂလ အမြင်အရတော့ အဲဒီဥပဒေကြမ်းမှာ လက်ထပ်ထိမ်းမြားနိုင်တဲ့ အသက်ကန့့်သတ်ချက် အတိအကျသာထည့်လိုက်မယ်ဆိုရင် ဘာသာတစ်ခုနဲ့ တစ်ခုကြား ထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာ ဥပဒေအခွင့်အရေးတွေနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ၊ ရှေ့နောက်လွဲချော်မှုတွေ၊ ပွတ်တိုက်ထိရှမှုတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်မိပါတယ်။ပြီးတော့ အဲဒီဥပဒေက ထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာ အထူးဥပဒေ မဟုတ်ဘဲ ကလေးသူငယ်ဆိုင်ရာ အထူးဥပဒေ ဖြစ်ပါတယ်။ဒါက စာရေးသူရဲ့ တစ်သီးပုဂ္ဂလအမြင်သာ ဖြစ်ပါတယ်။ဒီမိုကရေစီနည်းကျ ဘယ်သူမဆို လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိပါတယ်။ဘာလို့လဲဆိုတော့ ဒီဥပဒေဟာ ဥပဒေကြမ်းအဆင့်သာ ရှိပါသေးတယ်။အတည်ပြုပြဌာန်းလိုက်လို့ အာဏာတည်ပြီးသွားပြီ ဆိုရင်တော့ ဘယ်သူဖြစ်ဖြစ် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လက်ခံလိုက်နာရမှာ ဖြစ်ပါတယ်လို့ သတိပေးရင်း လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်တွေကို လေးစားလျက် ဒါတွေ (အထက်ကပြောခဲ့တဲ့ ဥပဒေတွေ) ဖတ်ပြီး ဝေဖန်ရင်တော့ ပိုကောင်းတာပေါ့လို့ အပြုသဘောဆောင် အကြံပြုလိုက်ပါရစေ။

သာဓက
ဒီဇင်ဘာ - ၂၉

( Zawgyi )

ဟိုတေလာက အသိမိတ္ေဆြေတြနဲ႔ မထင္မွတ္ဘဲ ဆုံျဖစ္ပါတယ္။အမ်ိဳးသားေတြေရာ အမ်ိဳးသမီးေတြေရာ ပါတာေပါ့ေလ။စကားေျပာၾကေတာ့လည္း ေရွးေဟာင္းေႏွာင္းျဖစ္ေတြ အစုံပါပဲ။ဒါနဲ႔ ျငင္းၾကခုန္ၾက ေဆြးေႏြးလိုက္ၾကတာ ပညာေရးကအစ ႏိုင္ငံေရးစီးပြားေရးအလယ္ အမ်ိဳးသမီးေတြရဲ႕အခြင့္အေရးေတြအဆုံး ဆိုပါေတာ့။

ျငင္းၾကခုန္ၾက ေဆြးေႏြးၾကရင္း မၾကာခင္က အြန္လိုင္းေပၚမွာ ျငင္းခုန္ေဝဖန္ၾကတဲ့ ကေလးသူငယ္ လက္ထပ္ထိမ္းျမားတဲ့ အသက္အပိုင္းအျခားကိစၥနဲ႔ ပတ္သက္လို႔ သူငယ္ခ်င္းတစ္ေယာက္က အစဆြဲထုတ္ပါတယ္။ဥပေဒအရ ဘယ္လိုျမင္ၾကလဲေပါ့။

က်န္တဲ့သူငယ္ခ်င္းေတြရဲ႕ ပစ္ျပတဲ့ မ်က္စနဲ႔ ေငါ့ျပတဲ့ေမးေတြက ကြၽန္ေတာ့္ဆီကို တစ္ၿပိဳင္နက္ဆိုသလို ဆိုက္ေရာက္လာပါတယ္။သူတို႔ဆိုလိုတာက ဒီေမးခြန္းကေတာ့ သူ႔ကိုပဲေမးဆိုတဲ့ သေဘာေပါ့ေလ။သူငယ္ခ်င္းေတြထဲမွာလည္း ဥပေဒနဲ႔ေက်ာင္းၿပီးတာ၊ ဥပေဒေတြနဲ႔ အၿမဲထိေတြ႕ လုပ္ကိုင္ေနရတဲ့သူဆိုလို႔ ကိုယ္ပဲရွိတာဆိုေတာ့ ကိုယ့္တာဝန္ျဖစ္ရတာေပါ့။

ဒီေနရာမွာ စကားဆက္စပ္မိလို႔ ဥပေဒစာအုပ္ပုံေတြထဲမွာပဲ ႀကီးပ်င္းလာရတဲ့ ကိုယ့္ဘဝကို ျပန္ၿပီးေအာက္ေမ့မိပါတယ္။အခုေခတ္ ဥပေဒနဲ႔ေက်ာင္းၿပီးတဲ့ လူငယ္အခ်ိဳ႕က ကိုယ္ေတြေခတ္ကနဲ႔ ကြာတယ္။အေတာ္ကို သက္ေသာင့္သက္သာ ရွိလွတာကို ေတြ႕ရပါတယ္။ အကုန္လုံးကို မဆိုလိုပါဘူး။အခ်ိဳ႕ကိုသာ ရည္ၫႊန္းေျပာဆိုလိုတာ ျဖစ္ပါတယ္။ကိုယ္ေတြ ဥပေဒပညာ ေလ့လာလိုက္စားတုန္းကဆိုရင္ ဥပေဒပထမႏွစ္ ေက်ာင္းသားဘဝကအစ ေက်ာင္းၿပီးလို႔ ခ်ိန္ပါဆင္းတဲ့အခ်ိန္ ၿပီးတဲ့ေနာက္ အခုခ်ိန္ထိ ဥပေဒစာအုပ္နဲ႔ လက္နဲ႔ျပတ္တယ္ကို မရွိပါဘူး။ေန႔တိုင္း စာမဖတ္တဲ့ေန႔ဆိုတာ မရွိသေလာက္ပါပဲ။တျခားစာအုပ္ေတြထက္ ဥပေဒစာအုပ္ေတြပဲ ဖတ္ျဖစ္တာေပါ့ေလ။

ဖတ္ခ်င္လည္းဖတ္ မဖတ္ခ်င္လည္းဖတ္ေပါ့။အဲဒီလို လုပ္ေအာင္လည္း အဘက္ဘက္က ဖိအားေတြက အမ်ားသားေပပဲကိုး။ဆရာေတြကတစ္မ်ိဳး အေဖအေမကတစ္ဖုံ အစ္မျဖစ္သူကလည္း တြန္းတြန္းထိုးထိုးနဲ႔ ဥပေဒအေဟာင္းေတြေရာ အသစ္ေတြေရာ ျပင္ၿပီးတာေရာ မျပင္ေသးတာေရာ အစုံပါပဲ။ေမးၾကျမန္းၾက ေဆြးေႏြးၾက ျငင္းၾကခုန္ၾကနဲ႔ အဆက္မျပတ္ ေလ့လာခိုင္းေနေတာ့တာပါပဲ။

ဘာလို႔လဲဆိုေတာ့ မိသားစုေလးေယာက္လုံးက ဥပေဒသမားေတြ၊ ဥပေဒနဲ႔ အသက္ေမြးဝမ္းေၾကာင္း ျပဳေနၾကသူေတြခ်ည္းဆိုေတာ့ ပိုဆိုးတာေပါ့။အဲဒီအထဲမွာ အေဖကအဆိုးဆုံး။သူက အေတြ႕အႀကဳံကလည္းမ်ား စာဖတ္အားကလည္း ကိုယ့္အသက္ထက္ ႏွစ္ျပန္နီးပါးရွိတာမို႔ ဥပေဒနဲ႔ပတ္သက္လို႔ သူနဲ႔ျငင္းမယ္ဆို ခ်က္နဲ႔လက္နဲ႔ ျငင္းရတာေပါ့။ႏို႔မို႔ဆိုရင္ေတာ့ မလြယ္ေၾကာ။ဒါေလးေတာင္ မသိရေကာင္းလားဆိုၿပီးေတာ့ အႀကိတ္ခံရဖို႔သာ ျပင္ေပေတာ့။

အဲဒီလို တြန္းအားေတြေၾကာင့္လည္း ဥပေဒေတြနဲ႔ ပတ္သက္ရင္ အေသးစိတ္ကို အလြတ္မရရင္ေတာင္ အနည္းဆုံး တစ္ေခါက္ေတာ့ ဖတ္ျဖစ္တာေပါ့။ဒါမွ ဘယ္ျပႆနာကို ဘယ္ဥပေဒနဲ႔ ကိုင္တြယ္ေျဖရွင္းရမယ္ ဆိုတာကို ေသခ်ာသိမွာေပါ့ေလ။ဥပေဒသမားေတြအတြက္ ဆို႐ိုးတစ္ခုရွိပါတယ္။A keen lawyer must know where to find the law. အဲဒီဆို႐ိုးကို လိုတိုရွင္းၿခဳံငုံၿပီး အလြယ္ေျပာရမယ္ဆိုရင္ ကြၽမ္းက်င္တဲ့ ေရွ႕ေနတစ္ေယာက္ဟာ ဥပေဒကို အလြတ္ရစရာမလိုပါဘူး။ဘယ္ဥပေဒကို ဘယ္မွာရွာရမလဲ ဆိုတာကို သိဖို႔ပဲလိုပါတယ္။အဲဒီလိုသိဖို႔ဆိုတာကလည္း တည္ဆဲဥပေဒ၊ ျပဌာန္းဥပေဒ၊ ျပင္ဆင္ဥပေဒေတြနဲ႔ ႐ုပ္သိမ္းဥပေဒေတြကို ႏွံ႔ႏွံ႔စပ္စပ္ တီးမိေခါက္မိရွိထားမွ ရွာရလြယ္ကူမွာ ျဖစ္ပါတယ္။ဒါေတာင္ တစ္ခါတေလ ဥပေဒတစ္ခုတည္းကို ဆယ္စုႏွစ္တစ္ခု မေက်ာ္ခင္ သုံးေလးႀကိမ္ေလာက္ကို ျပင္ေနလို႔ အဆက္မျပတ္ေအာင္ မနည္းလိုက္မွတ္ေနရတာမ်ိဳးလည္း ႀကဳံဖူးပါတယ္။

ေရွ႕မွာေျပာခဲ့တဲ့ စကားေတြထဲက တခ်ိဳ႕ကိုျပန္ဆက္ပါမယ္။အခုေခတ္ ဥပေဒနဲ႔ေက်ာင္းၿပီးလို႔ ဥပေဒနဲ႔လုပ္စားမယ့္ လူငယ္အခ်ိဳ႕ကို ဘာလို႔ သက္ေသာင့္သက္သာ ရွိလွတယ္လို႔ ေျပာတာလည္းဆိုေတာ့ အေၾကာင္းရွိပါတယ္။ဥပေဒကို စိတ္ဝင္တစားနဲ႔ ခေရေစ့တြင္းက် ေလ့လာလိုသူေတြ နည္းေနတာ ေတြ႕ရလို႔ပါပဲ။အေပၚယံပဲေလ့လာၿပီး စဥ္ဆက္မျပတ္ ေလ့လာမႈမရွိပါဘူး။သူတို႔ကို ၾကည့္လိုက္ရင္ ပုံစံေတြကေတာ့ ဆရာႀကီးဂိုက္ပဲ။တိုက္ပုံအမည္းႀကီးေတြ တကားကားနဲ႔။ဥပေဒအေၾကာင္း ေျပာလိုက္ေဆြးေႏြးလိုက္ရင္ တလြဲ။မတက္တစ္ေခါက္ ဥပေဒစာအုပ္ေလး ေလးငါးဆယ္အုပ္ေလာက္ဖတ္ၿပီး သူတို႔ကိုယ္သူတို႔ ဟုတ္လွၿပီ ထင္ၾကတာကိုး။အလြယ္ေျပာရရင္ ပန္းတိမ္ မတတ္ပဲ ေ႐ႊခိုးသင္သလိုေပါ့။ဒါေပမယ့္ ဥပေဒကို တကယ္ကိုဝါသနာပါၿပီး ဥပေဒပညာရွင္ေကာင္းျဖစ္ခ်င္လို႔ ႀကိဳးႀကိဳးစားစား ေလ့လာေနတဲ့ တကယ္ေတာ္တဲ့ ဥပေဒပညာရွင္ လူငယ္ေတြလည္း အမ်ားႀကီးပါ။အဲဒီလိုလူငယ္ေတြကလည္း စကားေျပာၾကည့္လိုက္တာနဲ႔ သူတို႔ဝမ္းစာ ဘယ္ေလာက္ရွိတယ္။စာဖတ္ ဘယ္ေလာက္နာထားလဲဆိုတာ သိသာပါတယ္။

လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚမွာ ဥပေဒနဲ႔ပတ္သက္လို႔ ျငင္းၾကခုန္ၾကေဝဖန္ၾကၿပီဆို ဥပေဒဘြဲ႕ရ ဝမ္းစာမျပည့္တဲ့ ေရွ႕ေနေပါက္စ ေျမာက္ႂကြေျမာက္ႂကြေလးေတြ အခ်ိဳ႕လည္း ပါပါတယ္။ဥပေဒပညာရွင္ မဟုတ္ဘဲ ကိုယ္ေဝဖန္ခ်င္တဲ့ ဥပေဒတစ္ခုႏွစ္ခုေလာက္ လွန္ဖတ္ၿပီး ဘာျဖစ္တယ္ ညာျဖစ္တယ္နဲ႔ ဆရာႀကီးလုပ္သူေတြလည္း ပါပါတယ္။

အထက္မွာ မိတ္ေဆြတစ္ဦးေျပာတဲ့ ကေလးသူငယ္ ထိမ္းျမားတဲ့အေပၚ ဥပေဒအရ ဘယ္လိုျမင္လဲဆိုတဲ့အၾကာင္းေျပာဖို႔ လိုရင္းကိုျပန္ဆက္ပါမယ္။မၾကာေသးမီကမွ ျငင္းခုန္ေဝဖန္ၾကတဲ့ ကေလးသူငယ္ အခြင့္အေရးေတြနဲ႔ဆိုင္တဲ့ ဥပေဒၾကမ္းနဲ႔ ပတ္သက္ၿပီး ေျပာဆိုေနတာေတြကိုၾကည့္ရင္ မရွိတာထက္ မသိတာခက္ ဆိုတဲ့စကားကို သြားသတိရပါတယ္။

အဲဒီမွာ ဝင္ေျပာ ဝင္ေဝဖန္ေနသူေတြထဲမွာ ဥပေဒသမားအခ်ိဳ႕လည္း ပါပါတယ္။တခ်ိဳ႕ေဝဖန္ေထာက္ျပတာေတြက သဘာဝက်တာရွိသလို တခ်ိဳ႕ေဝဖန္တာေတြက စည္းလြတ္ေဘာင္လြတ္ ကိုယ္ညံ့တာ လူသိေစမယ့္ တလြဲေဝဖန္မႈေတြလည္း ပါပါတယ္။သူမ်ားေျပာတာ လိုက္ေယာင္သူေတြက ခပ္မ်ားမ်ားရယ္ပါ။

ကေလးသူငယ္ ထိမ္းျမားတဲ့ အသက္အပိုင္းအျခားေပၚမွာ စာတစ္ေၾကာင္းကို ဖ်က္လိုက္လို႔ဆိုၿပီး ဝိုင္းေဝဖန္ၾကတဲ့ ကိစၥပါ။အဲဒီလိုဖ်က္လိုက္လို႔ အသက္ ၁၈ ႏွစ္ မျပည့္ေသးလည္း လက္ထပ္ခြင့္ေပးတာကို အားေပးသလိုျဖစ္ေနတယ္လို႔ ဝိုင္းဝန္းေျပာဆိုေနၾကတာကိုလည္း ေတြ႕ရပါတယ္။

အဲဒီလိုေျပာေနသူေတြထဲမွာ တခ်ိဳ႕က အဲဒီဥပေဒၾကမ္းေတာင္ တစ္ခုလုံးေသခ်ာဖတ္ထားပုံ မရပါဘူး။အဲဒီစာေလး တစ္ပိုဒ္ႏွစ္ပိုဒ္ေလာက္ပဲ ဖတ္ၿပီးေျပာေနပုံရပါတယ္။

စာေရးသူကိုယ္တိုင္ ဒီကိစၥကို ဒီေဆာင္းပါးမွာ ခ်က္နဲ႔လက္နဲ႔ အေထာက္အထား အစုံအလင္နဲ႔ ရွင္းျပခ်င္ပါတယ္။ဒါေပမယ့္ အဲဒီလိုရွင္းျပမယ္ဆို စာမ်က္ႏွာ ေလးငါးမ်က္ႏွာေလာက္နဲ႔ ရွင္းျပလို႔ မလုံေလာက္ႏိုင္ပါဘူး။တခ်ိဳ႕ကေျပာမွာေပါ့ ငါတို႔ေတာင္ တစ္ပိုဒ္ႏွစ္ပိုဒ္ေလာက္ေရးၿပီး ေဝဖန္လို႔ရတာ သူက ႀကီးႀကီးက်ယ္က်ယ္ ေျပာေနတယ္ ထင္မွာေပါ့ေလ။

အဲဒီကိစၥကို ေဝဖန္ခ်င္တဲ့သူေတြ အနည္းဆုံး ဖတ္ထားသင့္တဲ့ ဥပေဒေတြ ရွိပါတယ္။ျမန္မာဗုဒၶဘာသာဝင္ မိန္းမမ်ား အထူးထိမ္းျမားျခင္းဆိုင္ရာ ဥပေဒရယ္၊ ခရစ္ယာန္ လက္ထပ္ထိမ္းျမားျခင္း ဥပေဒရယ္၊ အစၥလာမ္ တရားဥပေဒရယ္၊ ဟိႏၵဴ ထိမ္းျမားျခင္း ဥပေဒရယ္၊ ရာဇသတ္ႀကီးရယ္၊ ၁၉၉၃ ခုႏွစ္ ကေလးသူငယ္ ဥပေဒရယ္၊ အခုေရးဆြဲထားတဲ့ ကေလးသူငယ္ အခြင့္အေရးဆိုင္ရာ ဥပေဒၾကမ္းရယ္၊ ပဋိညာဥ္ဥပေဒရယ္၊ စကားရပ္မ်ား အနက္အဓိပၸာယ္ ဖြင့္ဆိုေရး ဥပေဒရယ္ စတဲ့ဥပေဒေတြကို အရင္ဦးဆုံး ႏွံ႔စပ္ေအာင္ေလ့လာပါ။အဲဒီလိုေလ့လာၿပီးၿပီဆိုမွ အခုေရးဆြဲထားတဲ့ ကေလးသူငယ္ အခြင့္အေရးဆိုင္ရာ ဥပေဒၾကမ္းမွာ လက္ထပ္ထိမ္းျမားႏိုင္တဲ့ အသက္ကန႔္သတ္ခ်က္ အတိအက်ကို ဘာလို႔မထည့္ဘဲ ပယ္ဖ်က္လိုက္လဲဆိုတာကို သေဘာေပါက္မွာ ျဖစ္ပါတယ္။အဲဒီလိုသေဘာေပါက္ၿပီးၿပီ ဆိုရင္ေတာ့ ဆက္ေဝဖန္ေပါ့လို႔ ေျပာခ်င္ပါတယ္။အဲဒါဆိုရင္ အဲဒီအေၾကာင္းအရာကို ေဝဖန္ေထာက္ျပဖို႔ အထိုက္အေလ်ာက္ တန္းမီသြားၿပီမို႔လို႔ ျဖစ္ပါတယ္။

စာေရးသူရဲ႕ တစ္သီးပုဂၢလ အျမင္အရေတာ့ အဲဒီဥပေဒၾကမ္းမွာ လက္ထပ္ထိမ္းျမားႏိုင္တဲ့ အသက္ကန႔့္သတ္ခ်က္ အတိအက်သာထည့္လိုက္မယ္ဆိုရင္ ဘာသာတစ္ခုနဲ႔ တစ္ခုၾကား ထိမ္းျမားလက္ထပ္ျခင္းဆိုင္ရာ ဥပေဒအခြင့္အေရးေတြနဲ႔ ပတ္သက္ၿပီး အျငင္းပြားမႈေတြ၊ ေရွ႕ေနာက္လြဲေခ်ာ္မႈေတြ၊ ပြတ္တိုက္ထိရွမႈေတြ ျဖစ္လာႏိုင္တယ္လို႔ သုံးသပ္မိပါတယ္။ၿပီးေတာ့ အဲဒီဥပေဒက ထိမ္းျမားလက္ထပ္ျခင္းဆိုင္ရာ အထူးဥပေဒ မဟုတ္ဘဲ ကေလးသူငယ္ဆိုင္ရာ အထူးဥပေဒ ျဖစ္ပါတယ္။ဒါက စာေရးသူရဲ႕ တစ္သီးပုဂၢလအျမင္သာ ျဖစ္ပါတယ္။ဒီမိုကေရစီနည္းက် ဘယ္သူမဆို လြတ္လပ္စြာ သေဘာထားကြဲလြဲခြင့္ ရွိပါတယ္။ဘာလို႔လဲဆိုေတာ့ ဒီဥပေဒဟာ ဥပေဒၾကမ္းအဆင့္သာ ရွိပါေသးတယ္။အတည္ျပဳျပဌာန္းလိုက္လို႔ အာဏာတည္ၿပီးသြားၿပီ ဆိုရင္ေတာ့ ဘယ္သူျဖစ္ျဖစ္ ႀကိဳက္သည္ျဖစ္ေစ၊ မႀကိဳက္သည္ျဖစ္ေစ လက္ခံလိုက္နာရမွာ ျဖစ္ပါတယ္လို႔ သတိေပးရင္း လြတ္လပ္စြာ သေဘာထားကြဲလြဲခြင့္ေတြကို ေလးစားလ်က္ ဒါေတြ (အထက္ကေျပာခဲ့တဲ့ ဥပေဒေတြ) ဖတ္ၿပီး ေဝဖန္ရင္ေတာ့ ပိုေကာင္းတာေပါ့လို႔ အျပဳသေဘာေဆာင္ အႀကံျပဳလိုက္ပါရေစ။

သာဓက
ဒီဇင္ဘာ - ၂၉