【 ဆောင်းပါး 】 ''ဘီယာအရက်ဆိုင် ကလေးထိုင်မယ်ဆို''

【 ဆောင်းပါး 】 ''ဘီယာအရက်ဆိုင် ကလေးထိုင်မယ်ဆို''

လူကိုဖျက်တော့အရက် ဓားကိုဖျက်တော့ဝါးမျက် ဆိုတဲ့ ဆိုရိုးစကားလေးကို သွားသတိရပါတယ်။အခုခေတ်မှာ အရက်သောက်သူတွေက အရင်ခေတ်တွေကထက် ပိုတောင်များလာသလားလို့ ထင်မိပါရဲ့ဆိုပြီး ပြောတဲ့သူတွေက ပြောနေကြတာမို့ အဲဒီဆိုရိုးစကားကို သွားသတိရတာဖြစ်ပါတယ်။

ဟိုအရင်ကဆို မိန်းကလေးအရက်သောက်တာ ရှားတယ်ပေါ့။အခုကတော့ မိန်းကလေးတွေ အရက်သောက်တာ ပေါလာသလိုပါပဲတဲ့။အရက်နဲ့ပတ်သက်လို့ အဲဒီလိုပြောတဲ့သူတွေကို မေးကြည့်ဖြစ်တယ်။ဘာလို့ အဲဒီလိုတွေပြောကြတာလည်းဆိုတော့ သူတို့က ဒီလိုဖြေတယ်။အရင်ခေတ် ၂၀၀၀ ပြည့်နှစ် မတိုင်ခင်ကဆို အရက်ဆိုင် ဘီယာဆိုင်တွေက ခုလောက်ထိ ပေါပေါများများ မတွေ့ရဘူးတဲ့။မိန်းကလေးက အရက်သောက်တယ် ဆိုတာကလည်း အဲဒီခေတ်တုန်းက ရှားတယ်တဲ့။အိမ်တွင်းအောင်းပြီး ခွက်ပုန်းခုတ် မခုတ်တော့ မပြောတတ်ဘူး လူမြင်ကွင်း အရက်ဆိုင် ဘီယာဆိုင်တွေမှာ အရက်ထိုင်သောက်ရဲသူတွေက အခုခေတ်ပိုများလာတာတော့ သေချာတယ်တဲ့။အဲဒီလိုတွေ ဝေဖန်နေကြတာဖြစ်ပါတယ်။

ဒီနေရာမှာ ဝေဖန်သူတွေကို ရှေးရိုးစွဲတွေ ခေတ်မမီအယူသီးသူတွေအဖြစ် တချို့က ကဲ့ရဲ့အပြစ်တင်ကြတာလည်းရှိပါတယ်။အရက်ကို ယောက်ျားပဲသောက်သောက် မိန်းမပဲသောက်သောက် စာရေးသူအမြင်ကတော့ ဘာမှအထွေအထူး မဝေဖန်လိုပါဘူး။ကိုယ့်လွတ်လပ်ခွင့်နဲ့ ကိုယ်ပါပဲ။အခြားသူကို စိတ်အနှောက်အယှက်မဖြစ်စေရင် ပြီးတာပါပဲ။အရက်မူးပြီး တခြားလူကို အော်ဆဲတာ ရန်ရှာတာ လမ်းသွားလမ်းလာနဲ့ အနီးနားကလူတွေကို မူးပြီးရမ်းတာ အဲဒီလိုတွေ စိတ်အနှောင့်အယှက်မပေးဘဲ အေးအေးဆေးဆေး ထိုင်သောက်တာကို ဆိုလိုတာပါ။မိန်းကလေး အရက်မသောက်ရဘူးလို့လည်း ဥပဒေက မကန့်သတ်ထားပါဘူး။တစ်ခုတော့ရှိပါတယ်။မူးယစ်ပြီး အများပြည်သူနဲ့ဆိုင်တဲ့ နေရာဖြစ်ဖြစ်၊ မိမိကသွားရောက်ရင် ကျော်နင်းမှုဖြစ်စေမယ့် နေရာကိုဖြစ်ဖြစ် သွားရောက်ပြီး အဲဒီနေရာမှာရှိတဲ့ တစ်ဦးတစ်ယောက်ကို စိတ်ငြိုငြင်အောင် ပြုမူရင်တော့ အဲဒီသူကို နှစ်ဆယ့်လေးနာရီအထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်ဖြစ် တစ်ထောင်အထိ ငွေဒဏ်ဖြစ်ဖြစ် ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် ချမှတ်ရမယ်လို့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၁၀ မှာ ဆိုပါတယ်။

နောက်တစ်ခုက ကိုယ်ကြိုက်လို့ ကိုယ်သောက်တာ ကိုယ့်အခွင့်အရေးလို့ ယူဆရင် အဲဒီလိုသောက်တဲ့အပေါ် မကြိုက်ဘူး ယဉ်ကျေးမှုအရ မသင့်တော်ဘူး မကောင်းဘူးလို့ ထင်မြင်ယူဆသူတွေကိုလည်း သူ့တို့ရဲ့ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်အတွက် နားလည်အသိအမှတ်ပြုပေးရမှာ ဖြစ်ပါတယ်။

အရာရာမှာ ကိုယ်လုပ်တာ ကိုယ်တာဝန်ယူရတာ သဘာဝကျပါတယ်။ကိုယ်က အရက်လည်းသောက်ချင်တယ် အဲဒီသောက်တဲ့အပေါ် အကောင်းပဲအပြောခံချင်တယ် မကောင်းဘူးပြောတဲ့သူတွေ မတရားဘူး မှားတယ်လို့ ပုတ်ခတ်မယ်ဆိုရင်တော့ မဖြစ်သင့်ဘူးပေါ့။သောက်ချင်သူကသောက်၊ ဝေဖန်ချင်သူကဝေဖန် ကိုယ့်အမြင် ကိုယ့်အကြိုက် ကိုယ်လုပ်ချင်တာ ကိုယ်လုပ်တာမို့ မျှတပါတယ်။အဲဒီလို ကိုယ်ကြိုက်တာ ကိုယ်လုပ်တဲ့အပေါ် ကောင်းမြေလည်းကိုယ်စံ၊ ဆိုးမြေလည်းကိုယ်ခံ ဒါကတရားမျှတပါတယ်။

အရက်ကို ယောက်ျားသောက်သောက် မိန်းမသောက်သောက် အရွယ်ရောက်ပြီးသူတွေ အရက်သောက်တာ၊ အရွယ်ရောက်ပြီးသူတွေကို အရက်ရောင်းတာက ပြဿနာမဟုတ်ပေမယ့် အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ အရက်သောက်တာ၊ သူတို့ကို အရက်ရောင်းတာတွေကတော့ ပြဿနာရှိပါတယ်။အဲဒီပြဿနာကို စဉ်းစားမိစေတာက သတင်းစာတစ်စောင်မှာဖော်ပြတဲ့ အယ်ဒီတာ့ထံပေးတဲ့ စာဖတ်သူတစ်ဦးရဲ့ ရေးစာကြောင့်ပါ။

(၁၅)နှစ်၊ (၁၆)နှစ် အရွယ်မရောက်သေးတဲ့ လူငယ်တွေ အရက်ဆိုင်၊ ဘီယာဆိုင်တွေမှာ ထိုင်တဲ့ကိစ္စ၊ လူငယ်ကလေးတွေအပြင် မိန်းကလေးတွေပါ ထိုင်တဲ့ကိစ္စနဲ့ ပတ်သက်လို့ သတင်းစာတစ်စောင်မှာ စာဖတ်သူတစ်ယောက်က အယ်ဒီတာထံ ပေးစာအနေနဲ့ ဖော်ပြထားတာ ဖတ်လိုက်မိပါတယ်။

တခြားနိုင်ငံတွေမှာ အရွယ်မရောက်သေးသူကို အရက်၊ ဘီယာ မရောင်းဖို့ ဥပဒေချမှတ်ထားသလို မြန်မာနိုင်ငံမှာလည်း အဲဒီလို ဥပဒေ ရှိ၊ မရှိနဲ့ ဥပဒေရှိရင်လည်း ဥပဒေနဲ့အညီ ဆောင်ရွက်ကြပ်မတ်ပေးဖို့၊ ဥပဒေမရှိရင်လည်း ဥပဒေချမှတ်ပေးဖို့ သက်ဆိုင်ရာကို တင်ပြပေးပါဆိုပြီး ဖော်ပြထားတာ တွေ့ရပါတယ်။အဲဒီသူရဲ့ စိတ်ရင်းစေတနာကို သူ့စာပေါ်မှာတင် မြင်လိုက်ရလို့ ပြည်သူတစ်ယောက်ရဲ့ တာဝန်သိစိတ်ကို လေးစားမိပါတယ်။အဲဒီလေးစားစိတ်ရဲ့နောက်မှာ စာရေးသူရဲ့ စိုးရိမ်စိတ်တွေက ကပ်ပါလာပါတယ်။အဲဒီလိုတွေ သတင်းစာကတစ်ဆင့် ပြောရတဲ့အထိ အမြင်မတော်တဲ့အခြေအနေတွေ ဖြစ်နေပြီပဲဆိုပြီးတော့ စိုးရိမ်စိတ်ဖြစ်မိတာ ဖြစ်ပါတယ်။

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအရတော့ အသက် ၁၈ နှစ် မပြည့်သေးသူဟာ ကလေးသူငယ်ဖြစ်ပါတယ်။ဒါကြောင့်မို့ လက်ရှိအချိန်မှာ အသက် ၁၈ နှစ် မပြည့်သေးသူ မှန်သမျှက ကလေးသူငယ်တွေပါ။

တကယ်တော့ ဘယ်သူမဆို ကလေးငယ်တွေကို အရက်ရောင်းလို့မရပါဘူး။ရောင်းရင် ရာဇဝတ်မှုကျူးလွန်ရာရောက်ပါတယ်။လူကြီးတစ်ယောက်က အရက်မူးပြီးရမ်းကားရင် နှစ်ဆယ့်လေးနာရီထိပဲ ထောင်ဒဏ်ချမှတ်ခံရနိုင်ပေမယ့် အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို အရက်ရောင်းမိရင်၊ အရက်ဆိုင်ထိုင်သောက်ခွင့် ပြုလိုက်ရင်တော့ အဲဒီပြစ်ဒဏ်က လူကြီးတစ်ယောက် အရက်မူးပြီးရမ်းတဲ့ ပြစ်ဒဏ်ထက် ပိုကြီးသွားပါလိမ့်မယ်။

ဘယ်သူမဆို ကလေးသူငယ်ကို အရက်၊ ဘီယာ ဝယ်ခိုင်းတာ၊ ရောင်းချတာ၊ သောက်ဖို့တိုက်တွန်းတာနဲ့ သောက်ဖို့ခွင့်ပြုတာတွေကို ကျူးလွန်တယ်လို့ ပြစ်မှုထင်ရှားစီရင်ခံရရင် အဲဒီသူကို အနည်းဆုံးတစ်လမှ အများဆုံးခြောက်လအထိ ထောင်ဒဏ်ဖြစ်ဖြစ် အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံး ကျပ်သုံးသိန်းအထိ ငွေဒဏ်ဖြစ်ဖြစ် ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် ချမှတ်ရမယ်လို့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၀ (က) မှာ ပြဌာန်းထားပါတယ်။

ဒါ့ပြင် ဘယ်သူမဆို ကလေးသူငယ်ကို အရက်၊ ဘီယာ အရောင်းအဝယ်ပြုလုပ်တဲ့ လုပ်ငန်းမှာ အလုပ်လုပ်ကိုင်ဖို့ ခန့်အပ်တာ၊ ခိုင်းစေတာ ဒါမှမဟုတ် ခွင့်ပြုတာတွေကို ကျူးလွန်တယ်လို့ ပြစ်မှုထင်ရှား စီရင်ခံရရင် အဲဒီသူကို အနည်းဆုံးငါးလမှ အများဆုံးနှစ်နှစ်အထိ ထောင်ဒဏ်ဖြစ်ဖြစ် အနည်းဆုံးကျပ်ငါးသိန်းမှ အများဆုံးကျပ်တစ်ဆယ်သိန်းအထိ ငွေဒဏ်ဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် ချမှတ်ရမယ်လို့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၁ (ခ) မှာ ဆိုပါတယ်။

အထက်ကပြောခဲ့တဲ့ ပြစ်မှုတွေနဲ့ပတ်သက်ပြီး ကျူးလွန်ဖို့ အားထုတ်တာ၊ ပူးပေါင်းကြံစည်တာ၊ အားပေးကူညီတာတွေ လုပ်ရင်လည်း အဲဒီပြစ်မှုအတွက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေမှာ ပြဌာန်းထားတဲ့ ပြစ်ဒဏ်တွေအတိုင်း ချမှတ်ခံရမှာဖြစ်ပါတယ်။

သက်ဆိုင်ရာတရားရုံးက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်နဲ့ ပြစ်မှုထင်ရှား စီရင်တဲ့အခါ ပြဌာန်းထားတဲ့ ပြစ်ဒဏ်ကို ချမှတ်ရမယ့်အပြင် တရားမျှတမှုအလို့ငှါ ပြစ်မှုထင်ရှား စီရင်ခြင်းခံရသူက နစ်နာတဲ့ ကလေးသူငယ်ကို သင့်လျော်တဲ့လျော်ကြေး ပေးလျော်စေဖို့ အမိန့်ချမှတ်နိုင်ပါသေးတယ်။

ဒါကြောင့်မို့ အရက်ဆိုင်နံဘေး ကလေးတွေဟာ ရှိသင့်ပါသလား။ဘီယာ၊ အရက်ဆိုင် ကလေးထိုင်ဖို့ရော ခွင့်ပေးကြမှာလား။အရက်ရဲ့ကျေးကျွန် ကလေးဘဝ နွံအနစ်ခံကြဦးမလို့လား။ကျားမ မရွေး ထိုင်သောက်ကြသေးတာမို့ ရောင်းချင်သပဆို သူတို့ကိုသာ ဖောက်သယ်ရှာပါ။ကလေးများ လာရင်တော့ ငြင်းပေးကြပါလို့ အရက်ဆိုင်ပိုင်ရှင်အပေါင်းကို ဒီနေရာကနေ မေတ္တာရပ်ခံလိုက်ပါရစေ။

သာဓက
ဒီဇင်ဘာ - ၅

( Zawgyi )

လူကိုဖ်က္ေတာ့အရက္ ဓားကိုဖ်က္ေတာ့ဝါးမ်က္ ဆိုတဲ့ ဆို႐ိုးစကားေလးကို သြားသတိရပါတယ္။အခုေခတ္မွာ အရက္ေသာက္သူေတြက အရင္ေခတ္ေတြကထက္ ပိုေတာင္မ်ားလာသလားလို႔ ထင္မိပါရဲ႕ဆိုၿပီး ေျပာတဲ့သူေတြက ေျပာေနၾကတာမို႔ အဲဒီဆို႐ိုးစကားကို သြားသတိရတာျဖစ္ပါတယ္။

ဟိုအရင္ကဆို မိန္းကေလးအရက္ေသာက္တာ ရွားတယ္ေပါ့။အခုကေတာ့ မိန္းကေလးေတြ အရက္ေသာက္တာ ေပါလာသလိုပါပဲတဲ့။အရက္နဲ႔ပတ္သက္လို႔ အဲဒီလိုေျပာတဲ့သူေတြကို ေမးၾကည့္ျဖစ္တယ္။ဘာလို႔ အဲဒီလိုေတြေျပာၾကတာလည္းဆိုေတာ့ သူတို႔က ဒီလိုေျဖတယ္။အရင္ေခတ္ ၂၀၀၀ ျပည့္ႏွစ္ မတိုင္ခင္ကဆို အရက္ဆိုင္ ဘီယာဆိုင္ေတြက ခုေလာက္ထိ ေပါေပါမ်ားမ်ား မေတြ႕ရဘူးတဲ့။မိန္းကေလးက အရက္ေသာက္တယ္ ဆိုတာကလည္း အဲဒီေခတ္တုန္းက ရွားတယ္တဲ့။အိမ္တြင္းေအာင္းၿပီး ခြက္ပုန္းခုတ္ မခုတ္ေတာ့ မေျပာတတ္ဘူး လူျမင္ကြင္း အရက္ဆိုင္ ဘီယာဆိုင္ေတြမွာ အရက္ထိုင္ေသာက္ရဲသူေတြက အခုေခတ္ပိုမ်ားလာတာေတာ့ ေသခ်ာတယ္တဲ့။အဲဒီလိုေတြ ေဝဖန္ေနၾကတာျဖစ္ပါတယ္။

ဒီေနရာမွာ ေဝဖန္သူေတြကို ေရွး႐ိုးစြဲေတြ ေခတ္မမီအယူသီးသူေတြအျဖစ္ တခ်ိဳ႕က ကဲ့ရဲ႕အျပစ္တင္ၾကတာလည္းရွိပါတယ္။အရက္ကို ေယာက္်ားပဲေသာက္ေသာက္ မိန္းမပဲေသာက္ေသာက္ စာေရးသူအျမင္ကေတာ့ ဘာမွအေထြအထူး မေဝဖန္လိုပါဘူး။ကိုယ့္လြတ္လပ္ခြင့္နဲ႔ ကိုယ္ပါပဲ။အျခားသူကို စိတ္အေႏွာက္အယွက္မျဖစ္ေစရင္ ၿပီးတာပါပဲ။အရက္မူးၿပီး တျခားလူကို ေအာ္ဆဲတာ ရန္ရွာတာ လမ္းသြားလမ္းလာနဲ႔ အနီးနားကလူေတြကို မူးၿပီးရမ္းတာ အဲဒီလိုေတြ စိတ္အေႏွာင့္အယွက္မေပးဘဲ ေအးေအးေဆးေဆး ထိုင္ေသာက္တာကို ဆိုလိုတာပါ။မိန္းကေလး အရက္မေသာက္ရဘူးလို႔လည္း ဥပေဒက မကန႔္သတ္ထားပါဘူး။တစ္ခုေတာ့ရွိပါတယ္။မူးယစ္ၿပီး အမ်ားျပည္သူနဲ႔ဆိုင္တဲ့ ေနရာျဖစ္ျဖစ္၊ မိမိကသြားေရာက္ရင္ ေက်ာ္နင္းမႈျဖစ္ေစမယ့္ ေနရာကိုျဖစ္ျဖစ္ သြားေရာက္ၿပီး အဲဒီေနရာမွာရွိတဲ့ တစ္ဦးတစ္ေယာက္ကို စိတ္ၿငိဳျငင္ေအာင္ ျပဳမူရင္ေတာ့ အဲဒီသူကို ႏွစ္ဆယ့္ေလးနာရီအထိ အလုပ္မဲ့ေထာင္ဒဏ္ျဖစ္ျဖစ္ တစ္ေထာင္အထိ ေငြဒဏ္ျဖစ္ျဖစ္ ဒဏ္ႏွစ္ရပ္လုံးျဖစ္ျဖစ္ ခ်မွတ္ရမယ္လို႔ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅၁၀ မွာ ဆိုပါတယ္။

ေနာက္တစ္ခုက ကိုယ္ႀကိဳက္လို႔ ကိုယ္ေသာက္တာ ကိုယ့္အခြင့္အေရးလို႔ ယူဆရင္ အဲဒီလိုေသာက္တဲ့အေပၚ မႀကိဳက္ဘူး ယဥ္ေက်းမႈအရ မသင့္ေတာ္ဘူး မေကာင္းဘူးလို႔ ထင္ျမင္ယူဆသူေတြကိုလည္း သူ႔တို႔ရဲ႕ လြတ္လပ္စြာ သေဘာထားကြဲလြဲခြင့္အတြက္ နားလည္အသိအမွတ္ျပဳေပးရမွာ ျဖစ္ပါတယ္။

အရာရာမွာ ကိုယ္လုပ္တာ ကိုယ္တာဝန္ယူရတာ သဘာဝက်ပါတယ္။ကိုယ္က အရက္လည္းေသာက္ခ်င္တယ္ အဲဒီေသာက္တဲ့အေပၚ အေကာင္းပဲအေျပာခံခ်င္တယ္ မေကာင္းဘူးေျပာတဲ့သူေတြ မတရားဘူး မွားတယ္လို႔ ပုတ္ခတ္မယ္ဆိုရင္ေတာ့ မျဖစ္သင့္ဘူးေပါ့။ေသာက္ခ်င္သူကေသာက္၊ ေဝဖန္ခ်င္သူကေဝဖန္ ကိုယ့္အျမင္ ကိုယ့္အႀကိဳက္ ကိုယ္လုပ္ခ်င္တာ ကိုယ္လုပ္တာမို႔ မွ်တပါတယ္။အဲဒီလို ကိုယ္ႀကိဳက္တာ ကိုယ္လုပ္တဲ့အေပၚ ေကာင္းေျမလည္းကိုယ္စံ၊ ဆိုးေျမလည္းကိုယ္ခံ ဒါကတရားမွ်တပါတယ္။

အရက္ကို ေယာက္်ားေသာက္ေသာက္ မိန္းမေသာက္ေသာက္ အ႐ြယ္ေရာက္ၿပီးသူေတြ အရက္ေသာက္တာ၊ အ႐ြယ္ေရာက္ၿပီးသူေတြကို အရက္ေရာင္းတာက ျပႆနာမဟုတ္ေပမယ့္ အ႐ြယ္မေရာက္ေသးတဲ့ ကေလးငယ္ေတြ အရက္ေသာက္တာ၊ သူတို႔ကို အရက္ေရာင္းတာေတြကေတာ့ ျပႆနာရွိပါတယ္။အဲဒီျပႆနာကို စဥ္းစားမိေစတာက သတင္းစာတစ္ေစာင္မွာေဖာ္ျပတဲ့ အယ္ဒီတာ့ထံေပးတဲ့ စာဖတ္သူတစ္ဦးရဲ႕ ေရးစာေၾကာင့္ပါ။

(၁၅)ႏွစ္၊ (၁၆)ႏွစ္ အ႐ြယ္မေရာက္ေသးတဲ့ လူငယ္ေတြ အရက္ဆိုင္၊ ဘီယာဆိုင္ေတြမွာ ထိုင္တဲ့ကိစၥ၊ လူငယ္ကေလးေတြအျပင္ မိန္းကေလးေတြပါ ထိုင္တဲ့ကိစၥနဲ႔ ပတ္သက္လို႔ သတင္းစာတစ္ေစာင္မွာ စာဖတ္သူတစ္ေယာက္က အယ္ဒီတာထံ ေပးစာအေနနဲ႔ ေဖာ္ျပထားတာ ဖတ္လိုက္မိပါတယ္။

တျခားႏိုင္ငံေတြမွာ အ႐ြယ္မေရာက္ေသးသူကို အရက္၊ ဘီယာ မေရာင္းဖို႔ ဥပေဒခ်မွတ္ထားသလို ျမန္မာႏိုင္ငံမွာလည္း အဲဒီလို ဥပေဒ ရွိ၊ မရွိနဲ႔ ဥပေဒရွိရင္လည္း ဥပေဒနဲ႔အညီ ေဆာင္႐ြက္ၾကပ္မတ္ေပးဖို႔၊ ဥပေဒမရွိရင္လည္း ဥပေဒခ်မွတ္ေပးဖို႔ သက္ဆိုင္ရာကို တင္ျပေပးပါဆိုၿပီး ေဖာ္ျပထားတာ ေတြ႕ရပါတယ္။အဲဒီသူရဲ႕ စိတ္ရင္းေစတနာကို သူ႔စာေပၚမွာတင္ ျမင္လိုက္ရလို႔ ျပည္သူတစ္ေယာက္ရဲ႕ တာဝန္သိစိတ္ကို ေလးစားမိပါတယ္။အဲဒီေလးစားစိတ္ရဲ႕ေနာက္မွာ စာေရးသူရဲ႕ စိုးရိမ္စိတ္ေတြက ကပ္ပါလာပါတယ္။အဲဒီလိုေတြ သတင္းစာကတစ္ဆင့္ ေျပာရတဲ့အထိ အျမင္မေတာ္တဲ့အေျခအေနေတြ ျဖစ္ေနၿပီပဲဆိုၿပီးေတာ့ စိုးရိမ္စိတ္ျဖစ္မိတာ ျဖစ္ပါတယ္။

ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒအရေတာ့ အသက္ ၁၈ ႏွစ္ မျပည့္ေသးသူဟာ ကေလးသူငယ္ျဖစ္ပါတယ္။ဒါေၾကာင့္မို႔ လက္ရွိအခ်ိန္မွာ အသက္ ၁၈ ႏွစ္ မျပည့္ေသးသူ မွန္သမွ်က ကေလးသူငယ္ေတြပါ။

တကယ္ေတာ့ ဘယ္သူမဆို ကေလးငယ္ေတြကို အရက္ေရာင္းလို႔မရပါဘူး။ေရာင္းရင္ ရာဇဝတ္မႈက်ဴးလြန္ရာေရာက္ပါတယ္။လူႀကီးတစ္ေယာက္က အရက္မူးၿပီးရမ္းကားရင္ ႏွစ္ဆယ့္ေလးနာရီထိပဲ ေထာင္ဒဏ္ခ်မွတ္ခံရႏိုင္ေပမယ့္ အ႐ြယ္မေရာက္ေသးတဲ့ ကေလးသူငယ္ေတြကို အရက္ေရာင္းမိရင္၊ အရက္ဆိုင္ထိုင္ေသာက္ခြင့္ ျပဳလိုက္ရင္ေတာ့ အဲဒီျပစ္ဒဏ္က လူႀကီးတစ္ေယာက္ အရက္မူးၿပီးရမ္းတဲ့ ျပစ္ဒဏ္ထက္ ပိုႀကီးသြားပါလိမ့္မယ္။

ဘယ္သူမဆို ကေလးသူငယ္ကို အရက္၊ ဘီယာ ဝယ္ခိုင္းတာ၊ ေရာင္းခ်တာ၊ ေသာက္ဖို႔တိုက္တြန္းတာနဲ႔ ေသာက္ဖို႔ခြင့္ျပဳတာေတြကို က်ဴးလြန္တယ္လို႔ ျပစ္မႈထင္ရွားစီရင္ခံရရင္ အဲဒီသူကို အနည္းဆုံးတစ္လမွ အမ်ားဆုံးေျခာက္လအထိ ေထာင္ဒဏ္ျဖစ္ျဖစ္ အနည္းဆုံး က်ပ္တစ္သိန္းမွ အမ်ားဆုံး က်ပ္သုံးသိန္းအထိ ေငြဒဏ္ျဖစ္ျဖစ္ ဒဏ္ႏွစ္ရပ္လုံးျဖစ္ျဖစ္ ခ်မွတ္ရမယ္လို႔ ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၀၀ (က) မွာ ျပဌာန္းထားပါတယ္။

ဒါ့ျပင္ ဘယ္သူမဆို ကေလးသူငယ္ကို အရက္၊ ဘီယာ အေရာင္းအဝယ္ျပဳလုပ္တဲ့ လုပ္ငန္းမွာ အလုပ္လုပ္ကိုင္ဖို႔ ခန႔္အပ္တာ၊ ခိုင္းေစတာ ဒါမွမဟုတ္ ခြင့္ျပဳတာေတြကို က်ဴးလြန္တယ္လို႔ ျပစ္မႈထင္ရွား စီရင္ခံရရင္ အဲဒီသူကို အနည္းဆုံးငါးလမွ အမ်ားဆုံးႏွစ္ႏွစ္အထိ ေထာင္ဒဏ္ျဖစ္ျဖစ္ အနည္းဆုံးက်ပ္ငါးသိန္းမွ အမ်ားဆုံးက်ပ္တစ္ဆယ္သိန္းအထိ ေငြဒဏ္ျဖစ္ျဖစ္၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ျဖစ္ ခ်မွတ္ရမယ္လို႔ ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၀၁ (ခ) မွာ ဆိုပါတယ္။

အထက္ကေျပာခဲ့တဲ့ ျပစ္မႈေတြနဲ႔ပတ္သက္ၿပီး က်ဴးလြန္ဖို႔ အားထုတ္တာ၊ ပူးေပါင္းႀကံစည္တာ၊ အားေပးကူညီတာေတြ လုပ္ရင္လည္း အဲဒီျပစ္မႈအတြက္ ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒမွာ ျပဌာန္းထားတဲ့ ျပစ္ဒဏ္ေတြအတိုင္း ခ်မွတ္ခံရမွာျဖစ္ပါတယ္။

သက္ဆိုင္ရာတရား႐ုံးက ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒပါ ျပစ္မႈတစ္ရပ္ရပ္နဲ႔ ျပစ္မႈထင္ရွား စီရင္တဲ့အခါ ျပဌာန္းထားတဲ့ ျပစ္ဒဏ္ကို ခ်မွတ္ရမယ့္အျပင္ တရားမွ်တမႈအလို႔ငွါ ျပစ္မႈထင္ရွား စီရင္ျခင္းခံရသူက နစ္နာတဲ့ ကေလးသူငယ္ကို သင့္ေလ်ာ္တဲ့ေလ်ာ္ေၾကး ေပးေလ်ာ္ေစဖို႔ အမိန႔္ခ်မွတ္ႏိုင္ပါေသးတယ္။

ဒါေၾကာင့္မို႔ အရက္ဆိုင္နံေဘး ကေလးေတြဟာ ရွိသင့္ပါသလား။ဘီယာ၊ အရက္ဆိုင္ ကေလးထိုင္ဖို႔ေရာ ခြင့္ေပးၾကမွာလား။အရက္ရဲ႕ေက်းကြၽန္ ကေလးဘဝ ႏြံအနစ္ခံၾကဦးမလို႔လား။က်ားမ မေ႐ြး ထိုင္ေသာက္ၾကေသးတာမို႔ ေရာင္းခ်င္သပဆို သူတို႔ကိုသာ ေဖာက္သယ္ရွာပါ။ကေလးမ်ား လာရင္ေတာ့ ျငင္းေပးၾကပါလို႔ အရက္ဆိုင္ပိုင္ရွင္အေပါင္းကို ဒီေနရာကေန ေမတၱာရပ္ခံလိုက္ပါရေစ။

သာဓက
ဒီဇင္ဘာ - ၅