【 ဆောင်းပါး 】 ''မှုခင်းတွေထဲက ကလေးငယ်''

【 ဆောင်းပါး 】 ''မှုခင်းတွေထဲက ကလေးငယ်''

အမှုအခင်းဖြစ်ပြီဆိုရင် အတော့ကိုစိတ်မချမ်းမြေ့စရာပါ။တရားလိုဖြစ်ဖြစ်၊ တရားခံဖြစ်ဖြစ်၊ တရားပြိုင်ဖြစ်ဖြစ် ဘယ်သူမဆို ရုံးတွေ၊ ဂတ်တွေနဲ့ ပတ်သက်ရတာမို့ စိတ်ရှုပ်ရတာပါပဲ။ဒီကြားထဲ မှုခင်းတွေထဲမှာ ကလေးသူငယ်တွေ ပါဝင်ပတ်သက်လာပြီဆိုရင်တော့ ပိုပြီးဝမ်းနည်းစရာကောင်းပါတယ်။

ဒီနှစ်ပိုင်းဖြစ်တဲ့ မှုခင်းဖြစ်စဉ်တွေထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ ပါလာတာတွေ့ရပါတယ်။နစ်နာသူအဖြစ်တစ်မျိုး၊ စွပ်စွဲခံရသူအဖြစ်တစ်ဖုံ အမျိုးမျိုးအဖုံဖုံ စုံလို့ပါပဲ။ဒီကြားထဲ သတင်းဖော်ပြတဲ့ မီဒီယာတွေကပါ အတော့ကိုသတိထား သတင်းဖော်ပြကြရပါတယ်။ဟိုဘက်ဒီဘက် စွပ်စွဲခံရသူဘက်ရော၊ နစ်နာသူဘက်ကပါ ဘက်လိုက်သလိုမဖြစ်ဘဲ ဖြစ်စဉ်အတိုင်း၊ အရှိအတိုင်း သတင်းဖော်ပြဖို့ အဘက်ဘက်က သတိထားရေးသားနေကြတာ ရိပ်စားမိပါတယ်။ဒီနေရာမှာ ကလေးသူငယ် အမှုအခင်းတွေနဲ့ ပတ်သက်လို့ ဖော်ပြတဲ့နေရာမှာ အနည်းငယ်ကျွံသွားတဲ့သူတွေလည်း တွေ့ရပါတယ်။ဒါကြောင့် ကလေးသူငယ် အမှုအခင်းတွေကို ဖော်ပြမယ်ဆို ဥပဒေနားလည်တဲ့သူတွေ တည်းဖြတ်စစ်ဆေးပေးတာတော့ ပိုကောင်းမယ့်သဘောရှိပါတယ်။တချို့ဖြစ်စဉ်မှာ ကျူးလွန်သူအဖြစ် စွပ်စွဲခံရတဲ့ ကလေးသူငယ် ကျူးလွန်တဲ့ပြစ်မှုက အတော်ကိုကြီးလေးတဲ့ လူသတ်မှုလို ပြစ်မှုကြီးမျိုးတွေတောင် ပါတာတွေ့ရပါတယ်။အဲဒီလိုပဲ နစ်နာသူ ကလေးငယ်တွေထဲမှာ လိင်အကြမ်းဖက်ခံရမှုတွေ၊ ရက်ရက်စက်စက် အသတ်ခံရမှုတွေ ပါနေပါတယ်။

ကိုယ်ကိုယ်တိုင်ကလည်း ဖခင်တစ်ဦးဖြစ်လို့ ကလေးငယ်တွေနဲ့ ပတ်သက်တဲ့ အမှုအခင်းတွေကို သုံးသပ်တဲ့အခါ ကိုယ်ချင်းစာတဲ့အပြင် သတိလည်းထားပြီး ချင့်ချင့်ချိန်ချိန် ဝေဖန်ဖြစ်ပါတယ်။အထူးသဖြင့် ကလေးသူငယ်ကိစ္စတွေကို စာအပေါ်မှာ ဖော်ပြရင်ဖြစ်ဖြစ်၊ တခြားသူကို ကလေးသူငယ်ဆိုင်ရာ ဥပဒေကိစ္စ အကြံပေးချင်ရင်ဖြစ်ဖြစ် ပိုသတိထားဆင်ခြင်ဖြစ်ပါတယ်။ဒါနဲ့ပတ်သက်လို့ မိတ်ဆွေတချို့လည်း မကြာမကြာလာမေးကြတာ၊ ဆွေးနွေးဖြစ်ကြတာ ရှိပါတယ်။ကလေးသူငယ်နဲ့ ပတ်သက်လို့ အများစုအထင်မှားနေတာ အသိမှားနေတာ တချို့ရှိပါတယ်။ဒါကဘာလဲဆိုတော့ ကလေးသူငယ်က ပြစ်မှုကျူးလွန်ရင် ဘာပြစ်မှု ကျူးလွန်ကျူးလွန် ထောင်ချအပြစ်ပေးလို့ မရဘူးလို့ ထင်ကြပါတယ်။အဲဒီအထင်အပေါ် တကယ်သတ်မှတ်ပြီး စိုးရိမ်ကြ၊ မကျေမနပ်ဖြစ်ကြတဲ့သူ တချို့လည်း တွေ့ဖူးပါတယ်။

သူတို့မကျေနပ်တာက ကလေးသူငယ်နဲ့ဆိုင်တဲ့ ဥပဒေကိုဖြစ်ပြီး၊ သူတို့စိုးရိမ်ကြတာက ကလေးသူငယ် အသက်အပိုင်းအခြားကို ကျော်လွန်ဖို့ အချိန်အနည်းငယ်သာလိုတော့တဲ့ ဆိုးသွမ်းတဲ့ ကလေးကြီးတွေက အဲဒီဥပဒေကို အခွင့်ကောင်းယူပြီး ပြစ်မှုကျူးလွန်ကြမှာကိုပါ။နောက်တစ်ခုက သတင်းမီဒီယာသမားတချို့ရဲ့ စိုးရိမ်ပူပန်မှုဖြစ်ပါတယ်။သူတို့စိုးရိမ်တာက ကလေးသူငယ်နဲ့ ပတ်သက်တဲ့ အမှုအခင်းတွေဆို လုံးဝဖော်ပြလို့မရဘူးလား၊ ဖော်ပြတာနဲ့ တရားစွဲခံရမှာလား စသဖြင့် စိုးရိမ်ကြတာဖြစ်ပါတယ်။စာရေးသူအမြင်တော့ မီဒီယာသမားတွေက တရားစွဲခံရမှာကို စိုးရိမ်တာထက် အသက်မပြည့်သေးတဲ့ ကလေးသူငယ်နဲ့ဆိုင်တဲ့ မှုခင်းတွေဖော်ပြတဲ့အခါ ဥပဒေပြဌာန်းချက်တွေကို နားမလည်လို့ မီဒီယာကျင့်ဝတ် ဖောက်ဖျက်သလိုဖြစ်မှာ၊ လူသားချင်းစာနာမှုမရှိသလိုဖြစ်မှာ အဲဒီလိုမျိုးတွေကို ပိုစိုးရိမ်ကြတာဖြစ်မယ်လို့ ယူဆမိပါတယ်။ဒါကြောင့်မို့ ကလေးသူငယ်တွေနဲ့ ပတ်သက်လို့ လိုက်နာရမှာတွေ၊ မှုခင်းကိစ္စကိုင်တွယ်ရပုံ နည်းလမ်းတွေနဲ့ သတင်းမီဒီယာသမား သိထားသင့်တာတွေကို ပြန်လည်မျှဝေပေးဖို့ စိတ်ကူးမိပါတယ်။

မြန်မာနိုင်ငံမှာ ကလေးသူငယ်နဲ့ ပတ်သက်လို့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေက ဒီနှစ်ထဲမှာပဲ ဇူလိုင်လ ၂၃ ရက်ကမှ ပြဌာန်းခဲ့တာဖြစ်ပါတယ်။အဲဒီဥပဒေမတိုင်မီ ၁၉၉၃ ခုနှစ် ကလေးသူငယ် ဥပဒေဆိုတာ ရှိခဲ့ပါတယ်။၂၀၁၉ ခုနှစ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကို ပြဌာန်းပြီးတော့မှ ၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေကို ရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။

ကလေးသူငယ်နဲ့ ပတ်သက်လို့ အရင်ဆုံးပြောလိုတာက အရေးအကြီးဆုံးဖြစ်တဲ့ အသက်ကန့်သတ်ချက်ပါ။အသက်ကန့်သတ်ချက်အရ ကလေးသူငယ် ဟုတ်၊ မဟုတ် ဆုံးဖြတ်ပြီးမှသာလျှင် မှုခင်းတွေကို ကလေးဥပဒေနဲ့သွားမလား၊ လူကြီးဥပဒေနဲ့သွားမလား ဆက်လက်ဆောင်ရွက်ရတာမို့ ဥပဒေက သတ်မှတ်ထားတဲ့ ကလေးသူငယ် အသက်ကန့်သတ်ချက်က အရေးကြီးတယ်လို့ ပြောရတာဖြစ်ပါတယ်။

၁၉၉၃ ခုနှစ် ကလေးသူငယ် ဥပဒေမှာတုန်းကတော့ အသက် ၁၆ နှစ် မပြည့်သေးရင် ကလေးသူငယ်ဖြစ်ပြီး အသက် ၁၆ နှစ်ပြည့်ပြီး ၁၈ နှစ် မပြည့်သေးသူကို လူငယ်လို့ သတ်မှတ်ခဲ့ပါတယ်။မကြာသေးမီက ပြဌာန်းလိုက်တဲ့ လက်ရှိအာဏာတည် ကျင့်သုံးနေတဲ့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအရတော့ အသက် ၁၈ နှစ် မပြည့်သေးသူဟာ ကလေးသူငယ်ဖြစ်ပါတယ်။ဒါကြောင့်မို့ လက်ရှိအချိန်မှာ အသက် ၁၈ နှစ် မပြည့်သေးသူ မှန်သမျှက ကလေးသူငယ်တွေ ဖြစ်ပါတယ်။အသက် ၁၀ နှစ် မပြည့်သေးတဲ့ ကလေးသူငယ်ရဲ့ ပြုလုပ်မှုဟာ ပြစ်မှုမမြောက်ပါဘူး။ပြုလုပ်စဉ်အခါက မိမိပြုလုပ်တဲ့ ပြုလုပ်မှုရဲ့သဘောနဲ့ အကျိုးအပြစ်ကို သိနားလည်လောက်အောင် အမြှော်အမြင်၊ အဆင်အခြင်နဲ့ မပြည့်စုံသေးလို့ အသက် ၁၀ နှစ်အထက် ၁၂ နှစ်အောက် အရွယ်ရှိတဲ့ ကလေးသူငယ်ရဲ့ ပြုလုပ်မှုဟာ ပြစ်မှုမမြောက်စေရလို့လည်း ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေက ဆိုပါတယ်။

ပြစ်မှုကျူးလွန်တယ်ဆိုပြီး စွပ်စွဲခံရတဲ့ ကလေးကို ရဲအရာရှိက ဖမ်းဆီးရင် လက်ထိပ်ခတ်တာ၊ ကြိုးနဲ့ဖြစ်ဖြစ် တခြားနည်းတစ်ခုခုနဲ့ဖြစ်ဖြစ် ချည်နှောင်တာ လုပ်လို့မရပါဘူး။ဘယ်လိုအကြောင်းနဲ့ဖြစ်ဖြစ် ကလေးသူငယ်ကို ရဲအချုပ်မှာ မချုပ်နှောင်ရပါဘူး။ပြီးတော့ လူကြီးအကျဉ်းသားတွေနဲ့အတူ ရောပြီးမထားရမယ့်အပြင် မိန်းကလေးဆိုရင် အမျိုးသမီးအစောင့်အရှောက်နဲ့ပဲ ထားရမှာဖြစ်ပါတယ်။ကလေးသူငယ်ကို တခြားနည်းလမ်းနဲ့ လွှဲပြောင်းဆောင်ရွက်တာ မပြုနိုင်ရင် သက်ဆိုင်ရာ ကလေးသူငယ်တရားရုံးကို ဆောလျင်စွာတင်ပို့ရမှာ ဖြစ်ပါတယ်။ကလေးသူငယ်တရားရုံးကို ဆောလျင်စွာတင်ပို့ခြင်း မပြုနိုင်ဘူးဆိုရင်တော့ ကလေးသူငယ်ကို ကောင်းမွန်စွာကျင့်ကြံနေထိုင်ဖို့ ခံဝန်ချုပ် ချုပ်ဆိုစေပြီး လွှတ်ပေးရပါမယ်။ခံဝန်ချုပ် ချုပ်ဆိုစေပြီး လွှတ်ပေးဖို့ မလုပ်ဆောင်နိုင်ဘူးဆိုရင် ယာယီစောင့်ရှောက်ရေးဂေဟာ ဒါမှမဟုတ် အခြားသင့်လျော်တဲ့နေရာကို ပို့ဆောင်ရပါမယ်။ဒါတွေနဲ့ပတ်သက်လို့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ၈၀မှာ တစ်ဆင့်ချင်း ပြဌာန်းထားပါတယ်။နောက်ထပ်ပြောလိုတာက ကလေးသူငယ်ကို ထောင်ချလို့ရမရဆိုတဲ့ကိစ္စပါ။ကျူးလွန်တဲ့ အသက်အပိုင်းအခြားနဲ့ ပြစ်မှုအမျိုးအစားအရ ထောင်ချလို့ရပါတယ်။

သာမန်အားဖြင့်တော့ ကလေးသူငယ်တရားရုံးက ကလေးသူငယ်ကို ထောင်ဒဏ်ချမှတ်ခြင်း မပြုရပါဘူး။၎င်းကို အခြားနည်းနဲ့ ပြုစုစောင့်ရှောက်တာ၊ အခြားနည်းလမ်းနဲ့ လွှဲပြောင်းဆောင်ရွက်တာနဲ့ဆိုင်တဲ့ လုပ်ငန်းစဉ်တွေမရှိမှသာ နောက်ဆုံးနည်းလမ်းအဖြစ် သဘောထားပြီး ထောင်ဒဏ်ချမှတ်ရမှာ ဖြစ်ပါတယ်။တည်ဆဲဥပဒေတစ်ရပ်ရပ်မှာ ဘယ်လိုပဲပါပါ ကလေးသူငယ်ကို ပြစ်မှုထင်ရှားစီရင်တဲ့အခါ သေဒဏ်၊ ထောင်ဒဏ်တစ်သက်၊ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်နဲ့ ထောင်ဒဏ်နှစ်နှစ်ဆယ် မချမှတ်ရဘူးလို့ ဆိုပါတယ်။ကလေးသူငယ် ကျူးလွန်တဲ့ပြစ်မှုက သေဒဏ်၊ ထောင်ဒဏ်တစ်သက်၊ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်နဲ့ ထောင်ဒဏ်နှစ်နှစ်ဆယ် ချမှတ်နိုင်တဲ့ ပြစ်မှုဖြစ်မယ်၊ အကျင့်စာရိတ္တ လွန်လွန်ကဲကဲပျက်စီးနေမယ်၊ ဘယ်လိုနည်းနဲ့မှ ထိန်းသိမ်းလို့မရနိုင်တဲ့ ဆိုးသွမ်းတဲ့ကလေးသူငယ် ဖြစ်နေမယ်၊ အဲဒီအချက်တွေနဲ့ အကျုံးဝင်နေတယ်လို့ ကလေးသူငယ်တရားရုံးက ယုံကြည်ရင်တော့ ထောင်ဒဏ်ချမှတ်နိုင်မှာ ဖြစ်ပါတယ်။ထောင်ဒဏ်ချမှတ်တဲ့အခါ ကလေးသူငယ်က အသက် ၁၆ နှစ် မပြည့်သေးရင် ချမှတ်တဲ့ထောင်ဒဏ်က ခုနစ်နှစ်ထက် မပိုရပါဘူး။အသက် ၁၆ နှစ်ပြည့်ပြီး အသက် ၁၈ နှစ် မပြည့်သေးရင် ချမှတ်တဲ့ထောင်ဒဏ်က တစ်ဆယ်နှစ်ထက် မပိုရပါဘူး။ဒီသတ်မှတ်ချက်တွေကို ကလေးသူငယ် တရားစီရင်ရေးဆိုင်ရာ ပြဌာန်းချက်တွေမှာ ထည့်သွင်းပြဌာန်းထားတာ ဖြစ်ပါတယ်။နောက်တစ်ခါ မီဒီယာတွေနဲ့ ပတ်သက်တဲ့ ကလေးသူငယ်ဆိုင်ရာ ပြဌာန်းချက်တစ်ချက်ကို ပြောပါမယ်။

''မည်သူမျှ ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသော ကလေးသူငယ် သို့မဟုတ် မှုခင်းတွင် သက်သေအဖြစ် ပါဝင်နေသော ကလေးသူငယ်သည် မည်သူမည်ဝါဖြစ်ကြောင်းနှင့် မှုခင်းသတင်းအချက်အလက်များ ရယူခြင်း၊ ထည့်သွင်းခြင်းနှင့် ကြော်ငြာခြင်း၊ ကလေးသူငယ်ကို ဓာတ်ပုံရိုက်ခြင်း၊ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်နှင့် စာအုပ်စာတမ်းများတွင် ထည့်သွင်းခြင်း၊ ဖြန့်ချီခြင်း၊ အသုံးပြုခြင်းမပြုရ သို့မဟုတ် ရေဒီယို ရုပ်မြင်သံကြားနှင့် လူမှုဆက်သွယ်ရေး နည်းလမ်းများတွင် ထုတ်လွှင့်ခြင်းမပြုရ။'' ဆိုပြီး ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၉၆ (ဃ) မှာ ပြဌာန်းထားပါတယ်။အဲဒီအချက်ကို ဖောက်ဖျက်တယ်လို့ ပြစ်မှုထင်ရှား စီရင်တာခံရရင် အဲဒီသူကို အနည်းဆုံးလေးလကနေ အများဆုံးတစ်နှစ်အထိ ထောင်ဒဏ်ဖြစ်ဖြစ်၊ အနည်းဆုံး ကျပ်လေးသိန်းကနေ အများဆုံး ကျပ်ခြောက်သိန်းအထိ ငွေဒဏ်ဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် ချမှတ်ရမယ်လို့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၁ (က) (၂) မှာ ပြဌာန်းထားပါတယ်။

တကယ်ဆိုရင် မီဒီယာနဲ့ဆိုင်တဲ့ အဲဒီပုဒ်မ ၉၆ (ဃ) ရဲ့ ပြဌာန်းချက်က ရှင်းလင်းမှုမရှိဘဲ အနည်းငယ်ရှုပ်ထွေးနေပါတယ်။ရုတ်တရက်ဖတ်လိုက်ရင် ဘယ်လို ကလေးသူငယ် အမှုအခင်းတွေကိုမဆို မီဒီယာတွေက လုံးဝနီးပါး သတင်းဖော်ပြလို့မရသလို ဖြစ်နေပါတယ်။

ပုဒ်မ ၉၆ (ဃ) နဲ့ အလားသဏ္ဍာန်တူတဲ့ ပြဌာန်းချက်မျိုးကို ၁၉၉၃ ခုနှစ် ကလေးသူငယ် ဥပဒေပုဒ်မ ၆၆ (င) မှာတုန်းက ဒီလိုပြဌာန်းခဲ့ပါတယ်။

''ပြစ်မှူကျူးလွန်ကြောင်း စွပ်စွဲခံရသော ကလေးသူငယ် သို့မဟုတ် မှုခင်းတစ်ရပ်ရပ်တွင် သက်သေအဖြစ် ပါဝင်သော ကလေးသူငယ်သည် မည်သူမည်ဝါဖြစ်ကြောင်း သိသာထင်ရှားစေနိုင်သော သတင်းအချက်အလက်များကို သက်ဆိုင်ရာ ကလေးသူငယ်တရားရုံး၏ ကြိုတင်ခွင့်ပြုချက်မရရှိဘဲ ရေဒီယို၊ ရုပ်ရှင်၊ ရုပ်မြင်သံကြား၊ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ် သို့မဟုတ် စာစောင်တွင် ထည့်သွင်းဖော်ပြခြင်း၊ ကြေညာခြင်း၊ ကလေးသူငယ်၏ ဓာတ်ပုံကို ဖော်ပြခြင်း၊ အသုံးပြုခြင်းတို့ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ်နှစ်နှစ်အထိဖြစ်စေ၊ ငွေဒဏ် ကျပ်တစ်သောင်းအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်'' ဆိုပြီး ၁၉၉၃ ခုနှစ် ကလေးသူငယ် ဥပဒေပုဒ်မ ၆၆ (င) မှာ ပြဌာန်းခဲ့ဖူးပါတယ်။အခု အဲဒီပုဒ်မ ၆၆ (င) က ဥပဒေဖျက်သိမ်းလိုက်မှုနဲ့အတူ အာဏာမတည်တော့ပါဘူး။အာဏာမတည်တော့တဲ့ ဒီပုဒ်မကို ဘာလို့ထည့်ပြောရသလဲဆိုတော့ အခုပြဌာန်းထားပြီး အာဏာတည်နေတဲ့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပါ ပုဒ်မ ၉၆ (ဃ) ပြဌာန်းချက်ရဲ့ ဆိုလိုရင်းကို ၁၉၉၃ ခုနှစ် ကလေးသူငယ် ဥပဒေပုဒ်မ ၆၆ (င) နဲ့ နှိုင်းယှဉ်ကြည့်ပြီး သဘောပေါက်စေချင်လို့ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ၉၆ (ဃ) ရဲ့ ပြဌာန်းချက်အရ ကလေးသူငယ်နဲ့ဆိုင်တဲ့ မှုခင်းတွေနဲ့ပတ်သက်ရင် ပြစ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ ကလေးသူငယ် ဒါမှမဟုတ် မှုခင်းတစ်ရပ်ရပ်မှာ သက်သေအဖြစ် ပါဝင်တဲ့ ကလေးသူငယ်ဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုပြီး သိသာထင်ရှားစေနိုင်တဲ့ သတင်းအချက်အလက်တွေကို မီဒီယာတွေက မဖော်ပြဘူးဆိုရင် ဥပဒေရဲ့ တားမြစ်ချက်ကို ဖောက်ဖျက်ရာရောက်မှာ မဟုတ်ဘူးလို့ ယူဆပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မှုခင်းဖြစ်စဉ်တွေထဲမှာ ကလေးသူငယ်တွေက နစ်နာသူအဖြစ်ရော၊ စွပ်စွဲခံရသူအဖြစ်ပါ မပါဝင်ဘူးဆိုရင်တော့ အကောင်းဆုံးပေါ့။အဲဒီလိုမှုခင်းတွေထဲ ကလေးသူငယ်တွေ မပါဝင်ဖို့ဆိုတာ မိဘအုပ်ထိန်းသူတွေနဲ့ ကလေးသူငယ် အဝန်းအဝိုင်းက သက်ဆိုင်ရာ တာဝန်ရှိသူတွေမှာ အဓိကတာဝန်ရှိပါတယ်။ဒါကြောင့်မို့ ကလေးသူငယ်တွေအပေါ် အထူးဂရုစိုက် ပြုစုစောင့်ရှောက် ပျိုးထောင်ကြရင်း နောင်အနာဂတ်ရဲ့ မျိုးဆက်သစ်လေးတွေကို ပြစ်မှုကင်းစင်တဲ့ လူ့အသိုင်းအဝိုင်းဆီ ခေါ်ဆောင်နိုင်အောင် သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်းကြပါစို့လို့ အပြုသဘောဆောင် တိုက်တွန်းလိုက်ပါရစေ။

သာဓက
အောက်တိုဘာ - ၃၀

( Zawgyi )

အမႈအခင္းျဖစ္ၿပီဆိုရင္ အေတာ့ကိုစိတ္မခ်မ္းေျမ့စရာပါ။တရားလိုျဖစ္ျဖစ္၊ တရားခံျဖစ္ျဖစ္၊ တရားၿပိဳင္ျဖစ္ျဖစ္ ဘယ္သူမဆို ႐ုံးေတြ၊ ဂတ္ေတြနဲ႔ ပတ္သက္ရတာမို႔ စိတ္ရႈပ္ရတာပါပဲ။ဒီၾကားထဲ မႈခင္းေတြထဲမွာ ကေလးသူငယ္ေတြ ပါဝင္ပတ္သက္လာၿပီဆိုရင္ေတာ့ ပိုၿပီးဝမ္းနည္းစရာေကာင္းပါတယ္။

ဒီႏွစ္ပိုင္းျဖစ္တဲ့ မႈခင္းျဖစ္စဥ္ေတြထဲမွာ အ႐ြယ္မေရာက္ေသးတဲ့ ကေလးသူငယ္ေတြ ပါလာတာေတြ႕ရပါတယ္။နစ္နာသူအျဖစ္တစ္မ်ိဳး၊ စြပ္စြဲခံရသူအျဖစ္တစ္ဖုံ အမ်ိဳးမ်ိဳးအဖုံဖုံ စုံလို႔ပါပဲ။ဒီၾကားထဲ သတင္းေဖာ္ျပတဲ့ မီဒီယာေတြကပါ အေတာ့ကိုသတိထား သတင္းေဖာ္ျပၾကရပါတယ္။ဟိုဘက္ဒီဘက္ စြပ္စြဲခံရသူဘက္ေရာ၊ နစ္နာသူဘက္ကပါ ဘက္လိုက္သလိုမျဖစ္ဘဲ ျဖစ္စဥ္အတိုင္း၊ အရွိအတိုင္း သတင္းေဖာ္ျပဖို႔ အဘက္ဘက္က သတိထားေရးသားေနၾကတာ ရိပ္စားမိပါတယ္။ဒီေနရာမွာ ကေလးသူငယ္ အမႈအခင္းေတြနဲ႔ ပတ္သက္လို႔ ေဖာ္ျပတဲ့ေနရာမွာ အနည္းငယ္ကြၽံသြားတဲ့သူေတြလည္း ေတြ႕ရပါတယ္။ဒါေၾကာင့္ ကေလးသူငယ္ အမႈအခင္းေတြကို ေဖာ္ျပမယ္ဆို ဥပေဒနားလည္တဲ့သူေတြ တည္းျဖတ္စစ္ေဆးေပးတာေတာ့ ပိုေကာင္းမယ့္သေဘာရွိပါတယ္။တခ်ိဳ႕ျဖစ္စဥ္မွာ က်ဴးလြန္သူအျဖစ္ စြပ္စြဲခံရတဲ့ ကေလးသူငယ္ က်ဴးလြန္တဲ့ျပစ္မႈက အေတာ္ကိုႀကီးေလးတဲ့ လူသတ္မႈလို ျပစ္မႈႀကီးမ်ိဳးေတြေတာင္ ပါတာေတြ႕ရပါတယ္။အဲဒီလိုပဲ နစ္နာသူ ကေလးငယ္ေတြထဲမွာ လိင္အၾကမ္းဖက္ခံရမႈေတြ၊ ရက္ရက္စက္စက္ အသတ္ခံရမႈေတြ ပါေနပါတယ္။

ကိုယ္ကိုယ္တိုင္ကလည္း ဖခင္တစ္ဦးျဖစ္လို႔ ကေလးငယ္ေတြနဲ႔ ပတ္သက္တဲ့ အမႈအခင္းေတြကို သုံးသပ္တဲ့အခါ ကိုယ္ခ်င္းစာတဲ့အျပင္ သတိလည္းထားၿပီး ခ်င့္ခ်င့္ခ်ိန္ခ်ိန္ ေဝဖန္ျဖစ္ပါတယ္။အထူးသျဖင့္ ကေလးသူငယ္ကိစၥေတြကို စာအေပၚမွာ ေဖာ္ျပရင္ျဖစ္ျဖစ္၊ တျခားသူကို ကေလးသူငယ္ဆိုင္ရာ ဥပေဒကိစၥ အႀကံေပးခ်င္ရင္ျဖစ္ျဖစ္ ပိုသတိထားဆင္ျခင္ျဖစ္ပါတယ္။ဒါနဲ႔ပတ္သက္လို႔ မိတ္ေဆြတခ်ိဳ႕လည္း မၾကာမၾကာလာေမးၾကတာ၊ ေဆြးေႏြးျဖစ္ၾကတာ ရွိပါတယ္။ကေလးသူငယ္နဲ႔ ပတ္သက္လို႔ အမ်ားစုအထင္မွားေနတာ အသိမွားေနတာ တခ်ိဳ႕ရွိပါတယ္။ဒါကဘာလဲဆိုေတာ့ ကေလးသူငယ္က ျပစ္မႈက်ဴးလြန္ရင္ ဘာျပစ္မႈ က်ဴးလြန္က်ဴးလြန္ ေထာင္ခ်အျပစ္ေပးလို႔ မရဘူးလို႔ ထင္ၾကပါတယ္။အဲဒီအထင္အေပၚ တကယ္သတ္မွတ္ၿပီး စိုးရိမ္ၾက၊ မေက်မနပ္ျဖစ္ၾကတဲ့သူ တခ်ိဳ႕လည္း ေတြ႕ဖူးပါတယ္။

သူတို႔မေက်နပ္တာက ကေလးသူငယ္နဲ႔ဆိုင္တဲ့ ဥပေဒကိုျဖစ္ၿပီး၊ သူတို႔စိုးရိမ္ၾကတာက ကေလးသူငယ္ အသက္အပိုင္းအျခားကို ေက်ာ္လြန္ဖို႔ အခ်ိန္အနည္းငယ္သာလိုေတာ့တဲ့ ဆိုးသြမ္းတဲ့ ကေလးႀကီးေတြက အဲဒီဥပေဒကို အခြင့္ေကာင္းယူၿပီး ျပစ္မႈက်ဴးလြန္ၾကမွာကိုပါ။ေနာက္တစ္ခုက သတင္းမီဒီယာသမားတခ်ိဳ႕ရဲ႕ စိုးရိမ္ပူပန္မႈျဖစ္ပါတယ္။သူတို႔စိုးရိမ္တာက ကေလးသူငယ္နဲ႔ ပတ္သက္တဲ့ အမႈအခင္းေတြဆို လုံးဝေဖာ္ျပလို႔မရဘူးလား၊ ေဖာ္ျပတာနဲ႔ တရားစြဲခံရမွာလား စသျဖင့္ စိုးရိမ္ၾကတာျဖစ္ပါတယ္။စာေရးသူအျမင္ေတာ့ မီဒီယာသမားေတြက တရားစြဲခံရမွာကို စိုးရိမ္တာထက္ အသက္မျပည့္ေသးတဲ့ ကေလးသူငယ္နဲ႔ဆိုင္တဲ့ မႈခင္းေတြေဖာ္ျပတဲ့အခါ ဥပေဒျပဌာန္းခ်က္ေတြကို နားမလည္လို႔ မီဒီယာက်င့္ဝတ္ ေဖာက္ဖ်က္သလိုျဖစ္မွာ၊ လူသားခ်င္းစာနာမႈမရွိသလိုျဖစ္မွာ အဲဒီလိုမ်ိဳးေတြကို ပိုစိုးရိမ္ၾကတာျဖစ္မယ္လို႔ ယူဆမိပါတယ္။ဒါေၾကာင့္မို႔ ကေလးသူငယ္ေတြနဲ႔ ပတ္သက္လို႔ လိုက္နာရမွာေတြ၊ မႈခင္းကိစၥကိုင္တြယ္ရပုံ နည္းလမ္းေတြနဲ႔ သတင္းမီဒီယာသမား သိထားသင့္တာေတြကို ျပန္လည္မွ်ေဝေပးဖို႔ စိတ္ကူးမိပါတယ္။

ျမန္မာႏိုင္ငံမွာ ကေလးသူငယ္နဲ႔ ပတ္သက္လို႔ ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒက ဒီႏွစ္ထဲမွာပဲ ဇူလိုင္လ ၂၃ ရက္ကမွ ျပဌာန္းခဲ့တာျဖစ္ပါတယ္။အဲဒီဥပေဒမတိုင္မီ ၁၉၉၃ ခုႏွစ္ ကေလးသူငယ္ ဥပေဒဆိုတာ ရွိခဲ့ပါတယ္။၂၀၁၉ ခုႏွစ္ ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒကို ျပဌာန္းၿပီးေတာ့မွ ၁၉၉၃ ခုႏွစ္ ကေလးသူငယ္ဥပေဒကို ႐ုပ္သိမ္းလိုက္တာျဖစ္ပါတယ္။

ကေလးသူငယ္နဲ႔ ပတ္သက္လို႔ အရင္ဆုံးေျပာလိုတာက အေရးအႀကီးဆုံးျဖစ္တဲ့ အသက္ကန္႔သတ္ခ်က္ပါ။အသက္ကန္႔သတ္ခ်က္အရ ကေလးသူငယ္ ဟုတ္၊ မဟုတ္ ဆုံးျဖတ္ၿပီးမွသာလွ်င္ မႈခင္းေတြကို ကေလးဥပေဒနဲ႔သြားမလား၊ လူႀကီးဥပေဒနဲ႔သြားမလား ဆက္လက္ေဆာင္႐ြက္ရတာမို႔ ဥပေဒက သတ္မွတ္ထားတဲ့ ကေလးသူငယ္ အသက္ကန္႔သတ္ခ်က္က အေရးႀကီးတယ္လို႔ ေျပာရတာျဖစ္ပါတယ္။

၁၉၉၃ ခုႏွစ္ ကေလးသူငယ္ ဥပေဒမွာတုန္းကေတာ့ အသက္ ၁၆ ႏွစ္ မျပည့္ေသးရင္ ကေလးသူငယ္ျဖစ္ၿပီး အသက္ ၁၆ ႏွစ္ျပည့္ၿပီး ၁၈ ႏွစ္ မျပည့္ေသးသူကို လူငယ္လို႔ သတ္မွတ္ခဲ့ပါတယ္။မၾကာေသးမီက ျပဌာန္းလိုက္တဲ့ လက္ရွိအာဏာတည္ က်င့္သုံးေနတဲ့ ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒအရေတာ့ အသက္ ၁၈ ႏွစ္ မျပည့္ေသးသူဟာ ကေလးသူငယ္ျဖစ္ပါတယ္။ဒါေၾကာင့္မို႔ လက္ရွိအခ်ိန္မွာ အသက္ ၁၈ ႏွစ္ မျပည့္ေသးသူ မွန္သမွ်က ကေလးသူငယ္ေတြ ျဖစ္ပါတယ္။အသက္ ၁၀ ႏွစ္ မျပည့္ေသးတဲ့ ကေလးသူငယ္ရဲ႕ ျပဳလုပ္မႈဟာ ျပစ္မႈမေျမာက္ပါဘူး။ျပဳလုပ္စဥ္အခါက မိမိျပဳလုပ္တဲ့ ျပဳလုပ္မႈရဲ႕သေဘာနဲ႔ အက်ိဳးအျပစ္ကို သိနားလည္ေလာက္ေအာင္ အေျမႇာ္အျမင္၊ အဆင္အျခင္နဲ႔ မျပည့္စုံေသးလို႔ အသက္ ၁၀ ႏွစ္အထက္ ၁၂ ႏွစ္ေအာက္ အ႐ြယ္ရွိတဲ့ ကေလးသူငယ္ရဲ႕ ျပဳလုပ္မႈဟာ ျပစ္မႈမေျမာက္ေစရလို႔လည္း ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒက ဆိုပါတယ္။

ျပစ္မႈက်ဴးလြန္တယ္ဆိုၿပီး စြပ္စြဲခံရတဲ့ ကေလးကို ရဲအရာရွိက ဖမ္းဆီးရင္ လက္ထိပ္ခတ္တာ၊ ႀကိဳးနဲ႔ျဖစ္ျဖစ္ တျခားနည္းတစ္ခုခုနဲ႔ျဖစ္ျဖစ္ ခ်ည္ေႏွာင္တာ လုပ္လို႔မရပါဘူး။ဘယ္လိုအေၾကာင္းနဲ႔ျဖစ္ျဖစ္ ကေလးသူငယ္ကို ရဲအခ်ဳပ္မွာ မခ်ဳပ္ေႏွာင္ရပါဘူး။ၿပီးေတာ့ လူႀကီးအက်ဥ္းသားေတြနဲ႔အတူ ေရာၿပီးမထားရမယ့္အျပင္ မိန္းကေလးဆိုရင္ အမ်ိဳးသမီးအေစာင့္အေရွာက္နဲ႔ပဲ ထားရမွာျဖစ္ပါတယ္။ကေလးသူငယ္ကို တျခားနည္းလမ္းနဲ႔ လႊဲေျပာင္းေဆာင္႐ြက္တာ မျပဳႏိုင္ရင္ သက္ဆိုင္ရာ ကေလးသူငယ္တရား႐ုံးကို ေဆာလ်င္စြာတင္ပို႔ရမွာ ျဖစ္ပါတယ္။ကေလးသူငယ္တရား႐ုံးကို ေဆာလ်င္စြာတင္ပို႔ျခင္း မျပဳႏိုင္ဘူးဆိုရင္ေတာ့ ကေလးသူငယ္ကို ေကာင္းမြန္စြာက်င့္ႀကံေနထိုင္ဖို႔ ခံဝန္ခ်ဳပ္ ခ်ဳပ္ဆိုေစၿပီး လႊတ္ေပးရပါမယ္။ခံဝန္ခ်ဳပ္ ခ်ဳပ္ဆိုေစၿပီး လႊတ္ေပးဖို႔ မလုပ္ေဆာင္ႏိုင္ဘူးဆိုရင္ ယာယီေစာင့္ေရွာက္ေရးေဂဟာ ဒါမွမဟုတ္ အျခားသင့္ေလ်ာ္တဲ့ေနရာကို ပို႔ေဆာင္ရပါမယ္။ဒါေတြနဲ႔ပတ္သက္လို႔ ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒပုဒ္မ၈၀မွာ တစ္ဆင့္ခ်င္း ျပဌာန္းထားပါတယ္။ေနာက္ထပ္ေျပာလိုတာက ကေလးသူငယ္ကို ေထာင္ခ်လို႔ရမရဆိုတဲ့ကိစၥပါ။က်ဴးလြန္တဲ့ အသက္အပိုင္းအျခားနဲ႔ ျပစ္မႈအမ်ိဳးအစားအရ ေထာင္ခ်လို႔ရပါတယ္။

သာမန္အားျဖင့္ေတာ့ ကေလးသူငယ္တရား႐ုံးက ကေလးသူငယ္ကို ေထာင္ဒဏ္ခ်မွတ္ျခင္း မျပဳရပါဘူး။၎ကို အျခားနည္းနဲ႔ ျပဳစုေစာင့္ေရွာက္တာ၊ အျခားနည္းလမ္းနဲ႔ လႊဲေျပာင္းေဆာင္႐ြက္တာနဲ႔ဆိုင္တဲ့ လုပ္ငန္းစဥ္ေတြမရွိမွသာ ေနာက္ဆုံးနည္းလမ္းအျဖစ္ သေဘာထားၿပီး ေထာင္ဒဏ္ခ်မွတ္ရမွာ ျဖစ္ပါတယ္။တည္ဆဲဥပေဒတစ္ရပ္ရပ္မွာ ဘယ္လိုပဲပါပါ ကေလးသူငယ္ကို ျပစ္မႈထင္ရွားစီရင္တဲ့အခါ ေသဒဏ္၊ ေထာင္ဒဏ္တစ္သက္၊ ႏွစ္အကန္႔အသတ္မရွိ ေထာင္ဒဏ္နဲ႔ ေထာင္ဒဏ္ႏွစ္ႏွစ္ဆယ္ မခ်မွတ္ရဘူးလို႔ ဆိုပါတယ္။ကေလးသူငယ္ က်ဴးလြန္တဲ့ျပစ္မႈက ေသဒဏ္၊ ေထာင္ဒဏ္တစ္သက္၊ ႏွစ္အကန္႔အသတ္မရွိ ေထာင္ဒဏ္နဲ႔ ေထာင္ဒဏ္ႏွစ္ႏွစ္ဆယ္ ခ်မွတ္ႏိုင္တဲ့ ျပစ္မႈျဖစ္မယ္၊ အက်င့္စာရိတၱ လြန္လြန္ကဲကဲပ်က္စီးေနမယ္၊ ဘယ္လိုနည္းနဲ႔မွ ထိန္းသိမ္းလို႔မရႏိုင္တဲ့ ဆိုးသြမ္းတဲ့ကေလးသူငယ္ ျဖစ္ေနမယ္၊ အဲဒီအခ်က္ေတြနဲ႔ အက်ဳံးဝင္ေနတယ္လို႔ ကေလးသူငယ္တရား႐ုံးက ယုံၾကည္ရင္ေတာ့ ေထာင္ဒဏ္ခ်မွတ္ႏိုင္မွာ ျဖစ္ပါတယ္။ေထာင္ဒဏ္ခ်မွတ္တဲ့အခါ ကေလးသူငယ္က အသက္ ၁၆ ႏွစ္ မျပည့္ေသးရင္ ခ်မွတ္တဲ့ေထာင္ဒဏ္က ခုနစ္ႏွစ္ထက္ မပိုရပါဘူး။အသက္ ၁၆ ႏွစ္ျပည့္ၿပီး အသက္ ၁၈ ႏွစ္ မျပည့္ေသးရင္ ခ်မွတ္တဲ့ေထာင္ဒဏ္က တစ္ဆယ္ႏွစ္ထက္ မပိုရပါဘူး။ဒီသတ္မွတ္ခ်က္ေတြကို ကေလးသူငယ္ တရားစီရင္ေရးဆိုင္ရာ ျပဌာန္းခ်က္ေတြမွာ ထည့္သြင္းျပဌာန္းထားတာ ျဖစ္ပါတယ္။ေနာက္တစ္ခါ မီဒီယာေတြနဲ႔ ပတ္သက္တဲ့ ကေလးသူငယ္ဆိုင္ရာ ျပဌာန္းခ်က္တစ္ခ်က္ကို ေျပာပါမယ္။

''မည္သူမွ် ျပစ္မႈက်ဴးလြန္ေၾကာင္း စြပ္စြဲခံရေသာ ကေလးသူငယ္ သို႔မဟုတ္ မႈခင္းတြင္ သက္ေသအျဖစ္ ပါဝင္ေနေသာ ကေလးသူငယ္သည္ မည္သူမည္ဝါျဖစ္ေၾကာင္းႏွင့္ မႈခင္းသတင္းအခ်က္အလက္မ်ား ရယူျခင္း၊ ထည့္သြင္းျခင္းႏွင့္ ေၾကာ္ျငာျခင္း၊ ကေလးသူငယ္ကို ဓာတ္ပုံ႐ိုက္ျခင္း၊ သတင္းစာ၊ မဂၢဇင္း၊ ဂ်ာနယ္ႏွင့္ စာအုပ္စာတမ္းမ်ားတြင္ ထည့္သြင္းျခင္း၊ ျဖန္႔ခ်ီျခင္း၊ အသုံးျပဳျခင္းမျပဳရ သို႔မဟုတ္ ေရဒီယို ႐ုပ္ျမင္သံၾကားႏွင့္ လူမႈဆက္သြယ္ေရး နည္းလမ္းမ်ားတြင္ ထုတ္လႊင့္ျခင္းမျပဳရ။'' ဆိုၿပီး ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၉၆ (ဃ) မွာ ျပဌာန္းထားပါတယ္။အဲဒီအခ်က္ကို ေဖာက္ဖ်က္တယ္လို႔ ျပစ္မႈထင္ရွား စီရင္တာခံရရင္ အဲဒီသူကို အနည္းဆုံးေလးလကေန အမ်ားဆုံးတစ္ႏွစ္အထိ ေထာင္ဒဏ္ျဖစ္ျဖစ္၊ အနည္းဆုံး က်ပ္ေလးသိန္းကေန အမ်ားဆုံး က်ပ္ေျခာက္သိန္းအထိ ေငြဒဏ္ျဖစ္ျဖစ္၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ျဖစ္ ခ်မွတ္ရမယ္လို႔ ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၀၁ (က) (၂) မွာ ျပဌာန္းထားပါတယ္။

တကယ္ဆိုရင္ မီဒီယာနဲ႔ဆိုင္တဲ့ အဲဒီပုဒ္မ ၉၆ (ဃ) ရဲ႕ ျပဌာန္းခ်က္က ရွင္းလင္းမႈမရွိဘဲ အနည္းငယ္ရႈပ္ေထြးေနပါတယ္။႐ုတ္တရက္ဖတ္လိုက္ရင္ ဘယ္လို ကေလးသူငယ္ အမႈအခင္းေတြကိုမဆို မီဒီယာေတြက လုံးဝနီးပါး သတင္းေဖာ္ျပလို႔မရသလို ျဖစ္ေနပါတယ္။

ပုဒ္မ ၉၆ (ဃ) နဲ႔ အလားသ႑ာန္တူတဲ့ ျပဌာန္းခ်က္မ်ိဳးကို ၁၉၉၃ ခုႏွစ္ ကေလးသူငယ္ ဥပေဒပုဒ္မ ၆၆ (င) မွာတုန္းက ဒီလိုျပဌာန္းခဲ့ပါတယ္။

''ျပစ္မႉက်ဴးလြန္ေၾကာင္း စြပ္စြဲခံရေသာ ကေလးသူငယ္ သို႔မဟုတ္ မႈခင္းတစ္ရပ္ရပ္တြင္ သက္ေသအျဖစ္ ပါဝင္ေသာ ကေလးသူငယ္သည္ မည္သူမည္ဝါျဖစ္ေၾကာင္း သိသာထင္ရွားေစႏိုင္ေသာ သတင္းအခ်က္အလက္မ်ားကို သက္ဆိုင္ရာ ကေလးသူငယ္တရား႐ုံး၏ ႀကိဳတင္ခြင့္ျပဳခ်က္မရရွိဘဲ ေရဒီယို၊ ႐ုပ္ရွင္၊ ႐ုပ္ျမင္သံၾကား၊ သတင္းစာ၊ မဂၢဇင္း၊ ဂ်ာနယ္ သို႔မဟုတ္ စာေစာင္တြင္ ထည့္သြင္းေဖာ္ျပျခင္း၊ ေၾကညာျခင္း၊ ကေလးသူငယ္၏ ဓာတ္ပုံကို ေဖာ္ျပျခင္း၊ အသုံးျပဳျခင္းတို႔ကို က်ဴးလြန္ေၾကာင္း ျပစ္မႈထင္ရွား စီရင္ျခင္းခံရလွ်င္ ထိုသူအား ေထာင္ဒဏ္ႏွစ္ႏွစ္အထိျဖစ္ေစ၊ ေငြဒဏ္ က်ပ္တစ္ေသာင္းအထိျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ရမည္'' ဆိုၿပီး ၁၉၉၃ ခုႏွစ္ ကေလးသူငယ္ ဥပေဒပုဒ္မ ၆၆ (င) မွာ ျပဌာန္းခဲ့ဖူးပါတယ္။အခု အဲဒီပုဒ္မ ၆၆ (င) က ဥပေဒဖ်က္သိမ္းလိုက္မႈနဲ႔အတူ အာဏာမတည္ေတာ့ပါဘူး။အာဏာမတည္ေတာ့တဲ့ ဒီပုဒ္မကို ဘာလို႔ထည့္ေျပာရသလဲဆိုေတာ့ အခုျပဌာန္းထားၿပီး အာဏာတည္ေနတဲ့ ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒပါ ပုဒ္မ ၉၆ (ဃ) ျပဌာန္းခ်က္ရဲ႕ ဆိုလိုရင္းကို ၁၉၉၃ ခုႏွစ္ ကေလးသူငယ္ ဥပေဒပုဒ္မ ၆၆ (င) နဲ႔ ႏႈိင္းယွဥ္ၾကည့္ၿပီး သေဘာေပါက္ေစခ်င္လို႔ ျဖစ္ပါတယ္။

ဒါေၾကာင့္မို႔ ၉၆ (ဃ) ရဲ႕ ျပဌာန္းခ်က္အရ ကေလးသူငယ္နဲ႔ဆိုင္တဲ့ မႈခင္းေတြနဲ႔ပတ္သက္ရင္ ျပစ္မႈက်ဴးလြန္တယ္လို႔ စြပ္စြဲခံရတဲ့ ကေလးသူငယ္ ဒါမွမဟုတ္ မႈခင္းတစ္ရပ္ရပ္မွာ သက္ေသအျဖစ္ ပါဝင္တဲ့ ကေလးသူငယ္ဟာ ဘယ္သူဘယ္ဝါျဖစ္တယ္ဆိုၿပီး သိသာထင္ရွားေစႏိုင္တဲ့ သတင္းအခ်က္အလက္ေတြကို မီဒီယာေတြက မေဖာ္ျပဘူးဆိုရင္ ဥပေဒရဲ႕ တားျမစ္ခ်က္ကို ေဖာက္ဖ်က္ရာေရာက္မွာ မဟုတ္ဘူးလို႔ ယူဆပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ မႈခင္းျဖစ္စဥ္ေတြထဲမွာ ကေလးသူငယ္ေတြက နစ္နာသူအျဖစ္ေရာ၊ စြပ္စြဲခံရသူအျဖစ္ပါ မပါဝင္ဘူးဆိုရင္ေတာ့ အေကာင္းဆုံးေပါ့။အဲဒီလိုမႈခင္းေတြထဲ ကေလးသူငယ္ေတြ မပါဝင္ဖို႔ဆိုတာ မိဘအုပ္ထိန္းသူေတြနဲ႔ ကေလးသူငယ္ အဝန္းအဝိုင္းက သက္ဆိုင္ရာ တာဝန္ရွိသူေတြမွာ အဓိကတာဝန္ရွိပါတယ္။ဒါေၾကာင့္မို႔ ကေလးသူငယ္ေတြအေပၚ အထူးဂ႐ုစိုက္ ျပဳစုေစာင့္ေရွာက္ ပ်ိဳးေထာင္ၾကရင္း ေနာင္အနာဂတ္ရဲ႕ မ်ိဳးဆက္သစ္ေလးေတြကို ျပစ္မႈကင္းစင္တဲ့ လူ႔အသိုင္းအဝိုင္းဆီ ေခၚေဆာင္ႏိုင္ေအာင္ သက္ဆိုင္သူအားလုံးက ဝိုင္းဝန္းႀကိဳးပမ္းၾကပါစို႔လို႔ အျပဳသေဘာေဆာင္ တိုက္တြန္းလိုက္ပါရေစ။

သာဓက
ေအာက္တိုဘာ - ၃၀