【 ဆောင်းပါး 】 "လက်တစ်လုံးခြား"

【 ဆောင်းပါး 】 "လက်တစ်လုံးခြား"

ဥပဒေကိုလက်တစ်လုံးခြားလုပ်တယ်ဆိုတဲ့စကားက ဒီဘက်ခေတ်ထဲအသုံးများပါတယ်။ဥပဒေဆိုတာက လက်တစ်လုံးခြားလုပ်လို့မရအောင် ထောင့်စေ့အကွက်စေ့ဖို့ အဘက်ဘက်ကဟာကွက်မရှိအောင် ပြဌာန်းနိုင်ရင်တော့အကောင်းဆုံးပေါ့။

ဘယ်လိုလူမျိုးတွေက ဥပဒေကိုလက်တစ်လုံးခြားလုပ်ဖို့ ပိုလွယ်သလဲဆိုရင် ဥပဒေကျွမ်းကျင်သူတွေနဲ့ ဥပဒေနယ်ပယ်နဲ့ဆက်နွှယ်လုပ်ကိုင်ရသူတွေက ဥပဒေကိုလက်တစ်လုံးခြားလုပ်ဖို့ ပိုလွယ်
ပါတယ်။အဲဒီလိုလူမျိုးတွေအားလုံးက ဥပဒေကိုလက်တစ်လုံးခြားလုပ်နေတယ်လို့မဆိုလိုပါဘူး။တချို့ကိုသာ ဆိုလိုတာပါ။

တစ်ခါတလေ စာရေးသူကိုယ်တိုင် စိတ်ထဲကနေပြီး ဥပဒေတွေကိုလက်တစ်လုံးခြားလုပ်ကြည့်နေမိပါတယ်။ဆိုပါစို့။ ကိုယ့်ဆီကငွေကြေးတစ်စုံတစ်ရာကို သူများကိုထုတ်ချေးမယ်ဆိုရင် စာချုပ်ကိုငွေးချေးယူတဲ့စာချုပ်ပုံစံနဲ့မချုပ်ဘဲ ငွေယုံကြည်အပ်နှံရေးစာချုပ်ပုံစံနဲ့ချုပ်မယ်ပေါ့။ဒီလိုပုံစံမျိုး လေးနဲ့ဥပဒေကို လက်တစ်လုံးခြားလုပ်ကြည့်တာဖြစ်ပါတယ်။အမှန်ဆို ငွေချေးရင် ငွေချေးတယ်ဆိုပြီးခေါင်းစဉ်တပ်ပြီးစာချုပ်တာကပိုပြီးသဘာဝကျပါတယ် ။ဒါပေမယ့်ဘာလို့ငွေယုံကြည်အပ်နှံရေးခေါင်းစဉ်တပ်ပြီးစာချုပ် ရတာလဲဆိုတာကို ရှင်းပြပါမယ်။ငွေလိမ်သွားရင် စာချုပ်အရ လိမ်လည်မှူနဲ့ပဲတရားစွဲလို့ရပါမယ်။လိမ်လည်မှူဖြစ်တဲ့ရာဇသတ်ကြီးဥပေ ဒပုဒ်မ၄၂၀က ထောင်ခုနစ်နှစ်ထိချလို့ရပါတယ်။ဒါပေမယ့် အာမခံပေးရမယ်လို့ ဥပဒေကဆိုပါတယ်။တကယ်လို့များအဲဒီပုဒ်မနဲ့သာအရေးယူခံရရင်အမှူရင်ဆိုင် နေချိန်ကာလမှာ အချုပ်မခံရဘူး။အာမခံရပါမယ်။အဲဒီတော့ လူအများစုက လိမ်လည်မှူနဲ့တရားစွဲခံရမှာမကြောက်လို့ လိမ်လည်ဖို့ပိုပြီးအားသာချက်ရှိသလိုဖြစ်နေပါတယ်။

ငွေယုံကြည်အပ်နှံရေးဖောက်ဖျက်သူကိုအရေးယူတဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ၄၀၆ကတော့ ပြစ်ဒဏ်အားဖြင့် လိမ်လည်မှူပုဒ်မ၄၂၀လောက်ပြစ်ဒဏ်မများဘူး သုံးနှစ်ထိပဲချလို့ရတယ်။ဒါပေမယ့့်အာမခံမရတဲ့ ပုဒ်မဖြစ်ပါတယ်။အဲဒီပုဒ်မနဲ့အကျုံးဝင်လို့ အရေးယူခံရပြီဆိုတာနဲ့ တစ်ခါတည်းဖမ်းချုပ်ခံရမှာပါ။
ဒါကြောင့်မို့ လူအများစုကငွေထုတ်ချေးတော့မယ်ဆိုရင် စာချုပ်ခေါင်းစဉ်ကို ငွေယုံကြည်အပ်နှံရေးစာချုပ်ပုံစံဘောင်ဝင်အောင်ချုပ်ကြပါတယ် ။အဲဒီလိုချုပ်ဖို့ကိုလည်း ဥပဒေပညာရှင်တချို့က အကြံပေးလေ့ရှိပါတယ်။ဒါမှငွေပြန်မပေးရင် အာမခံမရနိုင်တဲ့ပုဒ်မနဲ့တရားစွဲဆိုချင်လို့ဖြစ်ပါတယ်။ဒါကဥပမာအနေနဲ့ဥပ ဒေကိုလက်တစ်လုံးခြားလုပ်သလိုဖြစ်နေတဲ့ပုံစံတစ်ခုကိုထုတ်နုတ်ဖော် ပြတာဖြစ်ပါတယ်။

နောက်တစ်ခါ ကိုယ့်ကိုဂုဏ်သိက္ခာထိခိုက်အောင်လုပ်တဲ့သူကိုအမြင်ကတ်လို့ တရားစွဲမယ်ဆိုပါစို့။အဲဒီလူအာမခံမရလောက်အောင် ငြိနိုင်တဲ့ဥပဒေတွေနဲ့ဘောင်ဝင်စေဖို့ တရားစွဲဆိုနိုင်တဲ့အနေအထားမျိုးတွေလည်းရှိပါတယ်။အဲဒီလိုအနေအထားမျိုး တွေအတွက် အခွင့်သာဖို့ဥပဒေတချို့ကို လက်တစ်လုံးခြားလုပ်မယ်ဆိုလုပ်လို့ရနေတာတွေ့ရပါတယ်။နမူနာအနေနဲ့ အသရေဖျက်မှူနဲ့ဆိုင်တဲ့အကြောင်းအရာတစ်ခုကို ထုတ်နုတ်ဖော်ပြပါမယ်။

သာမန်အားဖြင့်တော့ ကိုယ့်ကိုအသရေပျက်အောင်လုပ်ရင် ရာဇသတ်ကြီးဥပဒေပုဒ်မ၅၀၀နဲ့အရေးယူလို့ရပါတယ်။အဲဒီပုဒ်မကထောင်ဒဏ် နှစ်နှစ်ထိချမှတ်လို့ရပြီး အာမခံရနိုင်သလို ရဲရေးလည်းမပိုင်ပါဘူး။တရားစွဲချင်ရင်တရားရုံးမှာဦးတိုက်လျှောက် ရပါတယ်။အသရေဖျက်တာကိုအရေးယူလို့ရတဲ့ နောက်ထပ်ဥပဒေတစ်ခုက နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှူနှင့်ပုဂ္ဂိုလ်ဆိုင် ရာလုံခြုံမှူကိုကာကွယ်ပေးရေးဥပဒေဖြစ်ပါတယ်။

အဲဒီဥပဒေရဲ့ပုဒ်မ၈(စ) မှာဒီလိုဆိုပါတယ်။''မည်သူမျှတည်ဆဲဥပဒေနှင့်အညီ ခွင့်ပြုမိန့်၊ခွင့်ပြုချက်သို့မဟုတ် ဝရမ်းတစ်စုံတစ်ရာ မရှိဘဲဖြစ်စေ၊နိုင်ငံတော်သမ္မတသို့မဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲဖြစ်စေ၊နိုင်ငံသားတစ်ဦး၏ပုဂ္ဂိုလ်ဆိုင်ရာ မိသားစုရေးရာကိစ္စများတွင် အဓမ္မဝင်ရောက်စွက်ဖက်ခြင်း၊သို့မဟုတ် လူတစ်ဦး၏ဂုဏ်သိက္ခာနှင့်ထင်ပေါ်ကျော်ကြားမှူကိုပုတ်ခတ်ခြင်း သို့မဟုတ်ထိခိုက်စေရန် တစ်နည်းနည်းဖြင့်ဆောင်ရွက်ခြင်းမပြုရ''ဆိုပြီးပြဌာန်းထားပါတယ် ။အဲဒီတားမြစ်ချက်ကိုဖောက်ဖျက်လို့ ပြစ်မှူထင်ရှားရင် ကျူးလွန်သူကိုအနည်းဆုံးခြောက်လကနေအများဆုံးသုံးနှစ်ထိထောင်ဒဏ် ချမှတ်ရမယ့့်အပြင် အနည်းဆုံးကျပ်သုံးသိန်းကနေအများဆုံးကျပ်၁၅သိန်းအထိငွေဒဏ်ချမှတ် နိုင်တယ်ဆိုပြီး အဲဒီဥပဒေရဲ့ပုဒ်မ၁၀မှာ ပြဌာန်းထားပါတယ်။ဒီဥပဒေရဲ့ပုဒ်မ၁၀က အာမခံပေးလို့မရပါဘူး။သူ့ရဲ့ဥပဒေမှာ အာမခံပေးရမယ် မပေးရဘူးဆိုတဲ့သီးခြားပြဌာန်းချက်မပါလို့ ပြစ်မှူဆိုင်ရာကျင့်ထုံးဥပဒေနောက်ဆက်တွဲဇယား(၂)အရအရေးယူရမှာဖြစ် ပါတယ်။

ပြစ်မှူဆိုင်ရာကျင့်ထုံးဥပဒေနောက်ဆက်တွဲဇယား(၂)မှာဒီလိုဆိုပါတယ်။

"အခြားဥပဒေများကိုကျူးလွန်သူများ၊သုံးနှစ်နှင့့်အထက်၊သို့သော်လည်း ခုနစ်နှစ်အောက် ပြစ်ဒဏ်ထိုက်သည့်ပြစ်ဒဏ်စီရင်လျှင်အာမခံပေးရမည့့်လက်နက်အက်ဥပ ဒေပုဒ်မ၁၉မှတစ်ပါးအာမခံမပေးနိုင်"လို့ ပြဌာန်းထားပါတယ်။

နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှူနှင့်ပုဂ္ဂိုလ်ဆိုင် ရာလုံခြုံမှူကိုကာကွယ်ပေးရေးဥပဒေပုဒ်မ၁၀က ထောင်ဒဏ်သုံးနှစ်ထိချမှတ်နိုင်တာဖြစ်လို့ ပြစ်မှူဆိုင်ရာကျင့်ထုံးဥပဒေအရ အာမခံပေးလို့မရပါဘူး။ပုံမှန်အားဖြင့် အာမခံမရနိုင်ပေမယ့်တရားခံကနာမကျန်းတာတို့ဘာတို့ဆိုရင်တော့ ပြစ်မှူဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ၄၉၇ရဲ့လုပ်ပိုင်ခွင့်အရ တရားသူကြီးကအာမခံပေးလို့ရတာတော့ရှိပါတယ်။ဒါကတော့တော်ရုံတန်ရုံအ ကြောင်းအရာမခိုင်လုံရင် အာမခံပေးလေ့မရှိပါဘူး။ဒါကြောင့်သာမန်ဆိုရင် နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှူနှင့်ပုဂ္ဂိုလ်ဆိုင် ရာလုံခြုံမှူကိုကာကွယ်ပေးရေးဥပဒေပုဒ်မ၁၀ကအာမခံပေးလို့မရတဲ့ပုဒ်မလို့ ပြောရမှာဖြစ်ပါတယ်။

အဲဒီပုဒ်မ၁၀အရအရေးယူနိုင်တဲ့ ပုဒ်မ၈(စ)ရဲ့တားမြစ်ချက်မှာ "လူတစ်ဦး၏ဂုဏ်သိက္ခာနှင့်ထင်ပေါ်ကျော်ကြားမှူကိုပုတ်ခတ်ခြင် းသို့မဟုတ်
ထိခိုက်စေရန် တစ်နည်းနည်းဖြင့်ဆောင်ရွက်ခြင်းမပြုရ"ဆိုပြီးပြဌာန်းထားတာမို့အသ ရေဖျက်မှူတွေကို ရာဇသတ်ကြီးပုဒ်မ၅၀၀အပြင် နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှူနှင့်ပုဂ္ဂိုလ်ဆိုင် ရာလုံခြုံမှူကိုကာကွယ်ပေးရေးဥပဒေပုဒ်မ၁၀အရပါအရေးယူလို့ရတာတွေ့ရပါတယ်။

ဒီနေရာမှာ အသရေဖျက်တာတွေနဲ့ပတ်သက်လို့ တရားစွဲချင်သူတချို့က အာမခံရတဲ့ပုဒ်မ၅၀၀ကိုမသုံးချင်တော့ အာမခံမရတဲ့ နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှူနှင့်ပုဂ္ဂိုလ်ဆိုင် ရာလုံခြုံမှူကိုကာကွယ်ပေးရေးဥပဒေပုဒ်မ၁၀နဲ့ဘောင်မဝင် ဝင်အောင်လုပ်ပြီးတရားစွဲဆိုဖို့ကြိုးစားမယ်ဆို ကြိုးစားနိုင်အောင် ဥပဒေက လက်တစ်လုံးခြားလုပ်ခွင့်ပေးထားသလိုဖြစ်နေတာတွေ့ရပါတယ်။

အခုပြောခဲ့တဲ့ဥပဒေတွေအပြင် တချို့ဥပဒေတွေကလည်း လက်တစ်လုံးခြားလုပ်လို့ရအောင်ပြဌာန်းထားသလိုမျိုးတွေဖြစ်နေတယ် ဆိုပြီး ဝေဖန်နေကြသူတချို့လည်းရှိပါတယ်။

အဲဒီတော့ ဥပဒေတစ်ခုပြဌာန်းတော့မယ်ဆိုရင် အသုံးချမယ့်သူတွေက လက်တစ်လုံးခြားလုပ်လို့မရအောင်ပြဌာန်းနိုင်ဖို့နဲ့တရားဥပ ဒေစိုးမိုးရေးကို အဓိကအထောက်အပံ့ပေးနိုင်အောင်ပြဌာန်းနိုင်ဖို့ အရေးကြီးပါတယ်။

အဲဒီလိုပဲ ပြုလုပ်မှူ ဒါမှမဟုတ် ပျက်ကွက်မှူတစ်ခုခုဟာ ဥပဒေနှစ်ရပ် ဒါမှမဟုတ် နှစ်ရပ်ထက်ပိုတဲ့ ဥပဒေတွေအရပြစ်မှူမြောက်ရင် ပြစ်မှူကျူးလွန်သူကို အဲဒီဥပဒေတွေအနက် ဥပဒေတစ်ရပ်ရပ်နဲ့သာတရားစွဲဆိုအပြစ်ပေးလို့ရပါတယ်။ပြစ်မှူတစ်ရပ်တည် းအတွက် ပြစ်ဒဏ်တစ်ကြိမ်ထက်ပိုပြီးမခံစေရပါဘူး။အဲဒီအချက်တွေနဲ့ပတ်သက် လို့ ၁၉၇၃ခုနှစ် စကားရပ်များအနက်အဓိပ္ပါယ်ဖွင့်ဆိုရေးဥပဒေပုဒ်မ၂၂မှာ ပြဌာန်းထားတာဖြစ်ပါတယ်။

ဒါကြောင့်မို့ တစ်ဦးတစ်ယောက်အပေါ် အပြစ်ပိုကျစေရေး ဥပဒေတစ်ခုတည်းနဲ့အရေးယူရမယ့်နေရာမှာ ဥပဒေသုံးလေးခုတပ်ပြီးအရေးယူတဲ့ပုံစံမျိုးနဲ့ ဥပဒေကိုလက်တစ်လုံးခြားမလုပ်မိစေဖို့လိုပါတယ်လို့
အပြုသဘောဆောင် အကြံပြုသတိပေးလိုက်ပါရစေ။

သာဓက
ဇန်နဝါရီ - ၁

( Zawgyi )

ဥပေဒကိုလက္တစ္လုံးျခားလုပ္တယ္ဆိုတဲ့စကားက ဒီဘက္ေခတ္ထဲအသုံးမ်ားပါတယ္။ဥပေဒဆိုတာက လက္တစ္လုံးျခားလုပ္လို႔မရေအာင္ ေထာင့္ေစ့အကြက္ေစ့ဖို႔ အဘက္ဘက္ကဟာကြက္မရွိေအာင္ ျပဌာန္းႏိုင္ရင္ေတာ့အေကာင္းဆုံးေပါ့။

ဘယ္လိုလူမ်ိဳးေတြက ဥပေဒကိုလက္တစ္လုံးျခားလုပ္ဖို႔ ပိုလြယ္သလဲဆိုရင္ ဥပေဒကြၽမ္းက်င္သူေတြနဲ႔ ဥပေဒနယ္ပယ္နဲ႔ဆက္ႏႊယ္လုပ္ကိုင္ရသူေတြက ဥပေဒကိုလက္တစ္လုံးျခားလုပ္ဖို႔ ပိုလြယ္
ပါတယ္။အဲဒီလိုလူမ်ိဳးေတြအားလုံးက ဥပေဒကိုလက္တစ္လုံးျခားလုပ္ေနတယ္လို႔မဆိုလိုပါဘူး။တခ်ိဳ႕ကိုသာ ဆိုလိုတာပါ။

တစ္ခါတေလ စာေရးသူကိုယ္တိုင္ စိတ္ထဲကေနၿပီး ဥပေဒေတြကိုလက္တစ္လုံးျခားလုပ္ၾကည့္ေနမိပါတယ္။ဆိုပါစို႔။ ကိုယ့္ဆီကေငြေၾကးတစ္စုံတစ္ရာကို သူမ်ားကိုထုတ္ေခ်းမယ္ဆိုရင္ စာခ်ဳပ္ကိုေငြးေခ်းယူတဲ့စာခ်ဳပ္ပုံစံနဲ႔မခ်ဳပ္ဘဲ ေငြယုံၾကည္အပ္ႏွံေရးစာခ်ဳပ္ပုံစံနဲ႔ခ်ဳပ္မယ္ေပါ့။ဒီလိုပုံစံမ်ိဳး ေလးနဲ႔ဥပေဒကို လက္တစ္လုံးျခားလုပ္ၾကည့္တာျဖစ္ပါတယ္။အမွန္ဆို ေငြေခ်းရင္ ေငြေခ်းတယ္ဆိုၿပီးေခါင္းစဥ္တပ္ၿပီးစာခ်ဳပ္တာကပိုၿပီးသဘာဝက်ပါတယ္ ။ဒါေပမယ့္ဘာလို႔ေငြယုံၾကည္အပ္ႏွံေရးေခါင္းစဥ္တပ္ၿပီးစာခ်ဳပ္ ရတာလဲဆိုတာကို ရွင္းျပပါမယ္။ေငြလိမ္သြားရင္ စာခ်ဳပ္အရ လိမ္လည္မႉနဲ႔ပဲတရားစြဲလို႔ရပါမယ္။လိမ္လည္မႉျဖစ္တဲ့ရာဇသတ္ႀကီးဥေပ ဒပုဒ္မ၄၂၀က ေထာင္ခုနစ္ႏွစ္ထိခ်လို႔ရပါတယ္။ဒါေပမယ့္ အာမခံေပးရမယ္လို႔ ဥပေဒကဆိုပါတယ္။တကယ္လို႔မ်ားအဲဒီပုဒ္မနဲ႔သာအေရးယူခံရရင္အမႉရင္ဆိုင္ ေနခ်ိန္ကာလမွာ အခ်ဳပ္မခံရဘူး။အာမခံရပါမယ္။အဲဒီေတာ့ လူအမ်ားစုက လိမ္လည္မႉနဲ႔တရားစြဲခံရမွာမေၾကာက္လို႔ လိမ္လည္ဖို႔ပိုၿပီးအားသာခ်က္ရွိသလိုျဖစ္ေနပါတယ္။

ေငြယုံၾကည္အပ္ႏွံေရးေဖာက္ဖ်က္သူကိုအေရးယူတဲ့ ရာဇသတ္ႀကီးဥပေဒပုဒ္မ၄၀၆ကေတာ့ ျပစ္ဒဏ္အားျဖင့္ လိမ္လည္မႉပုဒ္မ၄၂၀ေလာက္ျပစ္ဒဏ္မမ်ားဘူး သုံးႏွစ္ထိပဲခ်လို႔ရတယ္။ဒါေပမယ့့္အာမခံမရတဲ့ ပုဒ္မျဖစ္ပါတယ္။အဲဒီပုဒ္မနဲ႔အက်ဳံးဝင္လို႔ အေရးယူခံရၿပီဆိုတာနဲ႔ တစ္ခါတည္းဖမ္းခ်ဳပ္ခံရမွာပါ။
ဒါေၾကာင့္မို႔ လူအမ်ားစုကေငြထုတ္ေခ်းေတာ့မယ္ဆိုရင္ စာခ်ဳပ္ေခါင္းစဥ္ကို ေငြယုံၾကည္အပ္ႏွံေရးစာခ်ဳပ္ပုံစံေဘာင္ဝင္ေအာင္ခ်ဳပ္ၾကပါတယ္ ။အဲဒီလိုခ်ဳပ္ဖို႔ကိုလည္း ဥပေဒပညာရွင္တခ်ိဳ႕က အႀကံေပးေလ့ရွိပါတယ္။ဒါမွေငြျပန္မေပးရင္ အာမခံမရႏိုင္တဲ့ပုဒ္မနဲ႔တရားစြဲဆိုခ်င္လို႔ျဖစ္ပါတယ္။ဒါကဥပမာအေနနဲ႔ဥပ ေဒကိုလက္တစ္လုံးျခားလုပ္သလိုျဖစ္ေနတဲ့ပုံစံတစ္ခုကိုထုတ္ႏုတ္ေဖာ္ ျပတာျဖစ္ပါတယ္။

ေနာက္တစ္ခါ ကိုယ့္ကိုဂုဏ္သိကၡာထိခိုက္ေအာင္လုပ္တဲ့သူကိုအျမင္ကတ္လို႔ တရားစြဲမယ္ဆိုပါစို႔။အဲဒီလူအာမခံမရေလာက္ေအာင္ ၿငိႏိုင္တဲ့ဥပေဒေတြနဲ႔ေဘာင္ဝင္ေစဖို႔ တရားစြဲဆိုႏိုင္တဲ့အေနအထားမ်ိဳးေတြလည္းရွိပါတယ္။အဲဒီလိုအေနအထားမ်ိဳး ေတြအတြက္ အခြင့္သာဖို႔ဥပေဒတခ်ိဳ႕ကို လက္တစ္လုံးျခားလုပ္မယ္ဆိုလုပ္လို႔ရေနတာေတြ႕ရပါတယ္။နမူနာအေနနဲ႔ အသေရဖ်က္မႉနဲ႔ဆိုင္တဲ့အေၾကာင္းအရာတစ္ခုကို ထုတ္ႏုတ္ေဖာ္ျပပါမယ္။

သာမန္အားျဖင့္ေတာ့ ကိုယ့္ကိုအသေရပ်က္ေအာင္လုပ္ရင္ ရာဇသတ္ႀကီးဥပေဒပုဒ္မ၅၀၀နဲ႔အေရးယူလို႔ရပါတယ္။အဲဒီပုဒ္မကေထာင္ဒဏ္ ႏွစ္ႏွစ္ထိခ်မွတ္လို႔ရၿပီး အာမခံရႏိုင္သလို ရဲေရးလည္းမပိုင္ပါဘူး။တရားစြဲခ်င္ရင္တရား႐ုံးမွာဦးတိုက္ေလွ်ာက္ ရပါတယ္။အသေရဖ်က္တာကိုအေရးယူလို႔ရတဲ့ ေနာက္ထပ္ဥပေဒတစ္ခုက ႏိုင္ငံသားမ်ား၏ပုဂၢိဳလ္ဆိုင္ရာလြတ္လပ္မႉႏွင့္ပုဂၢိဳလ္ဆိုင္ ရာလုံၿခဳံမႉကိုကာကြယ္ေပးေရးဥပေဒျဖစ္ပါတယ္။

အဲဒီဥပေဒရဲ႕ပုဒ္မ၈(စ) မွာဒီလိုဆိုပါတယ္။''မည္သူမွ်တည္ဆဲဥပေဒႏွင့္အညီ ခြင့္ျပဳမိန္႔၊ခြင့္ျပဳခ်က္သို႔မဟုတ္ ဝရမ္းတစ္စုံတစ္ရာ မရွိဘဲျဖစ္ေစ၊ႏိုင္ငံေတာ္သမၼတသို႔မဟုတ္ ျပည္ေထာင္စုအစိုးရအဖြဲ႕၏ ခြင့္ျပဳခ်က္မရွိဘဲျဖစ္ေစ၊ႏိုင္ငံသားတစ္ဦး၏ပုဂၢိဳလ္ဆိုင္ရာ မိသားစုေရးရာကိစၥမ်ားတြင္ အဓမၼဝင္ေရာက္စြက္ဖက္ျခင္း၊သို႔မဟုတ္ လူတစ္ဦး၏ဂုဏ္သိကၡာႏွင့္ထင္ေပၚေက်ာ္ၾကားမႉကိုပုတ္ခတ္ျခင္း သို႔မဟုတ္ထိခိုက္ေစရန္ တစ္နည္းနည္းျဖင့္ေဆာင္႐ြက္ျခင္းမျပဳရ''ဆိုၿပီးျပဌာန္းထားပါတယ္ ။အဲဒီတားျမစ္ခ်က္ကိုေဖာက္ဖ်က္လို႔ ျပစ္မႉထင္ရွားရင္ က်ဴးလြန္သူကိုအနည္းဆုံးေျခာက္လကေနအမ်ားဆုံးသုံးႏွစ္ထိေထာင္ဒဏ္ ခ်မွတ္ရမယ့့္အျပင္ အနည္းဆုံးက်ပ္သုံးသိန္းကေနအမ်ားဆုံးက်ပ္၁၅သိန္းအထိေငြဒဏ္ခ်မွတ္ ႏိုင္တယ္ဆိုၿပီး အဲဒီဥပေဒရဲ႕ပုဒ္မ၁၀မွာ ျပဌာန္းထားပါတယ္။ဒီဥပေဒရဲ႕ပုဒ္မ၁၀က အာမခံေပးလို႔မရပါဘူး။သူ႔ရဲ႕ဥပေဒမွာ အာမခံေပးရမယ္ မေပးရဘူးဆိုတဲ့သီးျခားျပဌာန္းခ်က္မပါလို႔ ျပစ္မႉဆိုင္ရာက်င့္ထုံးဥပေဒေနာက္ဆက္တြဲဇယား(၂)အရအေရးယူရမွာျဖစ္ ပါတယ္။

ျပစ္မႉဆိုင္ရာက်င့္ထုံးဥပေဒေနာက္ဆက္တြဲဇယား(၂)မွာဒီလိုဆိုပါတယ္။

"အျခားဥပေဒမ်ားကိုက်ဴးလြန္သူမ်ား၊သုံးႏွစ္ႏွင့့္အထက္၊သို႔ေသာ္လည္း ခုနစ္ႏွစ္ေအာက္ ျပစ္ဒဏ္ထိုက္သည့္ျပစ္ဒဏ္စီရင္လွ်င္အာမခံေပးရမည့့္လက္နက္အက္ဥပ ေဒပုဒ္မ၁၉မွတစ္ပါးအာမခံမေပးႏိုင္"လို႔ ျပဌာန္းထားပါတယ္။

ႏိုင္ငံသားမ်ား၏ပုဂၢိဳလ္ဆိုင္ရာလြတ္လပ္မႉႏွင့္ပုဂၢိဳလ္ဆိုင္ ရာလုံၿခဳံမႉကိုကာကြယ္ေပးေရးဥပေဒပုဒ္မ၁၀က ေထာင္ဒဏ္သုံးႏွစ္ထိခ်မွတ္ႏိုင္တာျဖစ္လို႔ ျပစ္မႉဆိုင္ရာက်င့္ထုံးဥပေဒအရ အာမခံေပးလို႔မရပါဘူး။ပုံမွန္အားျဖင့္ အာမခံမရႏိုင္ေပမယ့္တရားခံကနာမက်န္းတာတို႔ဘာတို႔ဆိုရင္ေတာ့ ျပစ္မႉဆိုင္ရာက်င့္ထုံးဥပေဒပုဒ္မ၄၉၇ရဲ႕လုပ္ပိုင္ခြင့္အရ တရားသူႀကီးကအာမခံေပးလို႔ရတာေတာ့ရွိပါတယ္။ဒါကေတာ့ေတာ္႐ုံတန္႐ုံအ ေၾကာင္းအရာမခိုင္လုံရင္ အာမခံေပးေလ့မရွိပါဘူး။ဒါေၾကာင့္သာမန္ဆိုရင္ ႏိုင္ငံသားမ်ား၏ပုဂၢိဳလ္ဆိုင္ရာလြတ္လပ္မႉႏွင့္ပုဂၢိဳလ္ဆိုင္ ရာလုံၿခဳံမႉကိုကာကြယ္ေပးေရးဥပေဒပုဒ္မ၁၀ကအာမခံေပးလို႔မရတဲ့ပုဒ္မလို႔ ေျပာရမွာျဖစ္ပါတယ္။

အဲဒီပုဒ္မ၁၀အရအေရးယူႏိုင္တဲ့ ပုဒ္မ၈(စ)ရဲ႕တားျမစ္ခ်က္မွာ "လူတစ္ဦး၏ဂုဏ္သိကၡာႏွင့္ထင္ေပၚေက်ာ္ၾကားမႉကိုပုတ္ခတ္ျခင္ းသို႔မဟုတ္
ထိခိုက္ေစရန္ တစ္နည္းနည္းျဖင့္ေဆာင္႐ြက္ျခင္းမျပဳရ"ဆိုၿပီးျပဌာန္းထားတာမို႔အသ ေရဖ်က္မႉေတြကို ရာဇသတ္ႀကီးပုဒ္မ၅၀၀အျပင္ ႏိုင္ငံသားမ်ား၏ပုဂၢိဳလ္ဆိုင္ရာလြတ္လပ္မႉႏွင့္ပုဂၢိဳလ္ဆိုင္ ရာလုံၿခဳံမႉကိုကာကြယ္ေပးေရးဥပေဒပုဒ္မ၁၀အရပါအေရးယူလို႔ရတာေတြ႕ရပါတယ္။

ဒီေနရာမွာ အသေရဖ်က္တာေတြနဲ႔ပတ္သက္လို႔ တရားစြဲခ်င္သူတခ်ိဳ႕က အာမခံရတဲ့ပုဒ္မ၅၀၀ကိုမသုံးခ်င္ေတာ့ အာမခံမရတဲ့ ႏိုင္ငံသားမ်ား၏ပုဂၢိဳလ္ဆိုင္ရာလြတ္လပ္မႉႏွင့္ပုဂၢိဳလ္ဆိုင္ ရာလုံၿခဳံမႉကိုကာကြယ္ေပးေရးဥပေဒပုဒ္မ၁၀နဲ႔ေဘာင္မဝင္ ဝင္ေအာင္လုပ္ၿပီးတရားစြဲဆိုဖို႔ႀကိဳးစားမယ္ဆို ႀကိဳးစားႏိုင္ေအာင္ ဥပေဒက လက္တစ္လုံးျခားလုပ္ခြင့္ေပးထားသလိုျဖစ္ေနတာေတြ႕ရပါတယ္။

အခုေျပာခဲ့တဲ့ဥပေဒေတြအျပင္ တခ်ိဳ႕ဥပေဒေတြကလည္း လက္တစ္လုံးျခားလုပ္လို႔ရေအာင္ျပဌာန္းထားသလိုမ်ိဳးေတြျဖစ္ေနတယ္ ဆိုၿပီး ေဝဖန္ေနၾကသူတခ်ိဳ႕လည္းရွိပါတယ္။

အဲဒီေတာ့ ဥပေဒတစ္ခုျပဌာန္းေတာ့မယ္ဆိုရင္ အသုံးခ်မယ့္သူေတြက လက္တစ္လုံးျခားလုပ္လို႔မရေအာင္ျပဌာန္းႏိုင္ဖို႔နဲ႔တရားဥပ ေဒစိုးမိုးေရးကို အဓိကအေထာက္အပံ့ေပးႏိုင္ေအာင္ျပဌာန္းႏိုင္ဖို႔ အေရးႀကီးပါတယ္။

အဲဒီလိုပဲ ျပဳလုပ္မႉ ဒါမွမဟုတ္ ပ်က္ကြက္မႉတစ္ခုခုဟာ ဥပေဒႏွစ္ရပ္ ဒါမွမဟုတ္ ႏွစ္ရပ္ထက္ပိုတဲ့ ဥပေဒေတြအရျပစ္မႉေျမာက္ရင္ ျပစ္မႉက်ဴးလြန္သူကို အဲဒီဥပေဒေတြအနက္ ဥပေဒတစ္ရပ္ရပ္နဲ႔သာတရားစြဲဆိုအျပစ္ေပးလို႔ရပါတယ္။ျပစ္မႉတစ္ရပ္တည္ းအတြက္ ျပစ္ဒဏ္တစ္ႀကိမ္ထက္ပိုၿပီးမခံေစရပါဘူး။အဲဒီအခ်က္ေတြနဲ႔ပတ္သက္ လို႔ ၁၉၇၃ခုႏွစ္ စကားရပ္မ်ားအနက္အဓိပၸါယ္ဖြင့္ဆိုေရးဥပေဒပုဒ္မ၂၂မွာ ျပဌာန္းထားတာျဖစ္ပါတယ္။

ဒါေၾကာင့္မို႔ တစ္ဦးတစ္ေယာက္အေပၚ အျပစ္ပိုက်ေစေရး ဥပေဒတစ္ခုတည္းနဲ႔အေရးယူရမယ့္ေနရာမွာ ဥပေဒသုံးေလးခုတပ္ၿပီးအေရးယူတဲ့ပုံစံမ်ိဳးနဲ႔ ဥပေဒကိုလက္တစ္လုံးျခားမလုပ္မိေစဖို႔လိုပါတယ္လို႔
အျပဳသေဘာေဆာင္ အႀကံျပဳသတိေပးလိုက္ပါရေစ။

သာဓက
ဇန္နဝါရီ - ၁