【 ဆောင်းပါး 】 ''အကြည်ညိုမပျက်စေနဲ့''

【 ဆောင်းပါး 】 ''အကြည်ညိုမပျက်စေနဲ့''

ဒီနိုင်ငံမှာက ကြည်ညိုတာရယ်၊ မကြည်ညိုတာရယ် ဒီနှစ်ခုအကြား မကြာခဏဗျာများပြီး တိုင်ပတ်လေ့ရှိပါတယ်။

နိုင်ငံရေးနဲ့ စီးပွားရေး နယ်ပယ်မှာတင် မကပါဘူး။ကိုယ်လုပ်ကိုင်နေတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်၊ ပညာနဲ့ နယ်ပယ်အဝန်းအဝိုင်းက သက်ဆိုင်သူတွေနဲ့ ပတ်သက်လာရင် အင်မတန်ကြည်ညိုတဲ့စိတ်၊ ယုံကြည်တဲ့စိတ်၊ အာမခံချင်တဲ့စိတ်တွေက လူအချို့ရင်ထဲ ကိန်းအောင်းနေလေ့ရှိပါတယ်။

ဒီနောက်ဆက်တွဲကတော့ လူတစ်ဦးတစ်ယောက်ချင်းရဲ့ လုပ်ဆောင်မှူတွေအပေါ်မှာ ထင်သာမြင်သာရှိရုံ လုပ်ဆောင်ချက်တွေကို ဝေဖန်ရုံတင်မကဘူး မဆီမဆိုင်ပုဂ္ဂိုလ်ရေးတွေပါ ပါလာပြီး အကြည်ညိုပျက်စရာ၊ အကြည်ညိုဖျက်ရာတွေ ရောက်ကုန်တော့တာပါပဲ။

အဲဒီတော့ ကိုယ်ကြည်ညိုနေတဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းနဲ့ ကိုးကွယ်ကြည်ညိုမှူတွေကို ပုတ်ခတ်တတ်တဲ့ လူအချို့ကြောင့် အသရေပျက်စေပါတယ်၊ အကြည်ညိုပျက်စေပါတယ်ဆိုပြီး တရားစွဲခံရတဲ့ အဖြစ်မျိုးတွေ ရောက်လာတတ်တဲ့ သဘောပါ။ဒါကြောင့်လည်း ဒီနိုင်ငံမှာ ကြည်ညိုတာရယ်၊ မကြည်ညိုတာရယ် ဒီနှစ်ခုအကြား မကြာခဏဗျာများပြီး တိုင်ပတ်တယ်လို့ ပြောချင်တာဖြစ်ပါတယ်။

ပထမဦးစွာပြောလိုတာက သက်ဆိုင်ရာ အသက်မွေးဝမ်းကျောင်း အလုပ်နယ်ပယ်အလိုက်၊ ပညာရပ်နယ်ပယ်အလိုက် ကိုယ်ကြည်ညိုရာအပေါ် အလွန်အကျူးကာကွယ်တဲ့ ကိစ္စတွေပါ။ဆိုပါစို့ ဆရာဝန်၊ အင်ဂျင်နီယာ၊ ဥပဒေပညာရှင်၊ မီဒီယာသမား အစရှိသဖြင့် ကျွမ်းကျင်ရာ နယ်ပယ်ကဏ္ဍအလိုက် အမျိုးမျိုးရှိပါတယ်။ဆရာဝန်အချို့ကလည်း ဆရာဝန်အလျောက်၊ အင်ဂျင်နီယာအချို့ကလည်း အင်ဂျင်နီယာအလျောက်၊ ဥပဒေပညာရှင်အချို့ကလည်း ဥပဒေပညာရှင်တွေအလျောက် စသဖြင့် အသီးသီး ကိုယ်ကြည်ညိုရာ ကိုယ့်နယ်ပယ် ကိုယ့်အဝန်းအဝိုင်းကို မျက်စိစုံမှိတ်ကာကွယ်သူအချို့ ရှိပါတယ်။ဒါက လက်လှမ်းမီရာ ထင်သာမြင်သာရှိရာ နယ်ပယ်အမည်တွေကို ပြောတာဖြစ်ပါတယ်။တရားရေးအရာရှိတွေ၊ ဥပဒေအရာရှိတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီဝင်တွေနဲ့ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေကြားထဲမှာလည်း မှားမှားမှန်မှန် ကိုယ့်နယ်ပယ်ကလူကို လာမထိနဲ့ မီးပွင့်သွားမယ်ဆိုပြီး ကိုယ်ကြည်ညိုရာ ကိုယ့်နယ်ပယ်ကို အသေအလဲကာကွယ်တဲ့သူ အချို့လည်း ရှိပါတယ်။ဒီနယ်ပယ်တွေထဲ ပါဝင်တဲ့သူအားလုံးကို ဆိုလိုတာမဟုတ်ပါဘူး။အချို့ကိုပဲ ဆိုလိုတာဖြစ်ပါတယ်။
သမာသမတ်ရှိရှိ အမှားအမှန်ကို ခွဲခြားသိမြင်ပြီး ကိုယ်ဘယ်လောက်ကြည်ညိုကြည်ညို မှားနေရင်တော့ မှားတယ်လို့ လက်ခံတဲ့ လူမှန်တွေလည်း အထက်မှာပြောခဲ့တဲ့ နယ်ပယ်ရပ်တိုင်းမှာ အများအပြားရှိပါတယ်။

ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် အာမခံတာ အကောင်းဆုံး အသေချာဆုံးလို့ပဲ ယူဆမိပါတယ်။ကိုယ့်အလုပ် ကိုယ့်ပညာရပ်ဆိုင်ရာ နယ်ပယ်တစ်ခုလုံးနဲ့ အဲဒီနယ်ပယ်ထဲမှာ ကျင်လည်နေသူ အကုန်လုံးအတွက်တော့ အာမ မခံစေချင်ပါဘူး။

အခုက ဆိုရှယ်မီဒီယာ အသုံးများတဲ့ခေတ်ဆိုတော့ ကိုယ့်နယ်ပယ်က တစ်ယောက်ယောက်ကို မကောင်းပြောပြီး ဝေဖန်ပြီဆိုရင်ကို အဲဒီနယ်ပယ်နဲ့ဆိုင်တဲ့သူအချို့က ဝိုင်းပြီးရန်တွေ့တာ ဝိုင်းပြီးတိုက်ခိုက်တာတွေ မကြာခဏတွေ့နေကြားနေရပါတယ်။တချို့ဆို ပညာတတ်တွေလို့သာ သူတို့ကိုယ်သူတို့ ခံယူထားကြတာပါ။ပြောဆိုသုံးနှူန်း ရန်တွေ့တိုက်ခိုက်တဲ့ စကားလုံးတွေက အတော်ကို ရင့်သီးကြမ်းတမ်းတာ တွေ့ရပါတယ်။

ကိုယ်ကိုယ်တိုင် ဖြစ်စဉ်အမှန်ကို ခရေစေ့တွင်းကျသိမယ် မဟုတ်တာကို စွပ်စွဲပြောနေမှန်းလည်း သေချာသိလို့ ကိုယ့်နဲ့ဆိုင်တဲ့ နယ်ပယ်အတွက် အဲဒီနယ်ပယ်က ပုဂ္ဂိုလ်တစ်ဦးဦးအတွက် ကာကွယ်တာ တုံ့ပြန်တာတွေက သဘာဝကျပါတယ်။ဒါက တကယ်လည်းလုပ်သင့်တဲ့ကိစ္စပါ။ဒါပေမယ့် ကိုယ့်နယ်ပယ်က လူတစ်ယောက်ယောက်က မဟုတ်တာလုပ်တာ သိလျက်နဲ့ဖြစ်ဖြစ် မဟုတ်တာမလုပ်ပါဘူးဆိုတာ သေချာမသိသေးဘဲဖြစ်ဖြစ် ဇွတ်အတင်း မျက်စိစုံမှိတ်ပြီး ငါတို့အဖွဲ့ ငါတို့လူ မှန်တယ်ကွဆိုတာမျိုးတွေတော့ သတိပြုဆင်ခြင်သင့်တယ်လို့ သုံးသပ်မိပါတယ်။

စာရေးသူက မီဒီယာသမား၊ ဥပဒေသမားပါ။ကိုယ့်မိသားစုထဲမှာ ကိုယ့်ဆွေမျိုး အသိုင်းအဝိုင်းထဲမှာကို ရှေ့နေ၊ ဥပဒေအရာရှိ၊ ဥပဒေပညာရှင်၊ တရားသူကြီး၊ ဆရာဝန်၊ အစိုးရဝန်ထမ်းတွေ အစုံပါပါတယ်။ကိုယ်ကိုယ်တိုင်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ မီဒီယာသမားတွေ၊ ဥပဒေသမားတွေကို ကိုယ့်ရှေ့မကောင်းလာပြောရင်တောင် ရန်ပြန်မတွေ့သလို၊ သူတို့အတွက် အာမလည်းမခံပေးပါဘူး။ဘာလို့လဲဆိုတော့ မီဒီယာသမားတွေထဲမှာ မကောင်းတဲ့သူအချို့ရှိပါတယ်။ဥပဒေသမားတွေထဲမှာလည်း မကောင်းတဲ့သူအချို့ရှိပါတယ်။အဲဒီလိုရှိတာကိုလည်း အဲဒီနယ်ပယ်ထဲက လူတွေအချင်းချင်း သိတာတွေ အများကြီးရှိပါတယ်။အဲဒီတော့ ကိုယ့်လာပြောတာ မဟုတ်ရင်တော့ လိုက်ပြီးကာကွယ်ပေးဖို့ရာ ခက်ပါတယ်။ကိုယ့်ကို တိုက်ရိုက်ဝေဖန်လာပြီဆိုရင်တော့ ကိုယ်မှန်ကြောင်း ရန်တွေ့သင့်ရင် တွေ့ရမှာဖြစ်သလို ရန်ဖြစ်သင့်ရင် ဖြစ်ရမှာဖြစ်ပါတယ်။

အဲဒီလိုပဲ အခြားနယ်ပယ်အသီးသီးမှာ ပညာတွေ ဘယ်လောက်တတ်တတ် မဟုတ်တာ မမှန်တာ လုပ်တဲ့သူ၊ ကိုယ်ကျင့်တရား မကောင်းတဲ့သူအချို့ ရှိပါတယ်။အဲဒီလိုလူတွေကို အရေးယူခဲ့ရတာ၊ သက်ဆိုင်ရာ လုပ်ငန်းလိုင်စင် သိမ်းရတာ၊ ဥပဒေအရ တရားစီရင်ပြီး ထောင်ချခဲ့ရတာ၊ သက်ဆိုင်ရာ သူ့နယ်ပယ်ထဲက ကျင်ဖယ်ခံရတာတွေက ငြင်းလို့မရတဲ့ အကောင်းဆုံးသာဓကတွေပါ။အဲဒီဖြစ်စဉ်တွေကို ကြုံဖူးကြားဖူးတဲ့သူတွေ အဲဒီနယ်ပယ်အသီးသီးထဲမှာကို ရှိနေပါတယ်။

အဲဒီတော့ လူပုဂ္ဂိုလ်တစ်ယောက်ကိုဖြစ်ဖြစ်၊ အဖွဲ့အစည်းကိုဖြစ်ဖြစ် သိပ်ကြည်ညိုမိပြီဆိုရင်တောင် ချင့်ချိန်ပြီးကြည်ညိုဖို့ လိုမှာဖြစ်သလို၊ လူပုဂ္ဂိုလ်တစ်ယောက်ကိုဖြစ်ဖြစ်၊ အဖွဲ့အစည်းကိုဖြစ်ဖြစ် ကိုယ်က မလေးစားမယုံကြည်လို့ ဝေဖန်ပြစ်တင်မယ်ဆိုရင်လည်း ကိုယ်ဝေဖန်မယ့် အပြစ်တင်ပုတ်ခတ်မယ့် အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်လုပ်ဆောင်ချက်အပေါ်မှာ ပေါ်လွင်သလောက်ပဲ ပြောတာဆိုတာပြုမူတာ ကောင်းမယ်လို့ထင်ပါတယ်။အဲဒီလိုမဟုတ်ပဲ လုပ်ဆောင်ချက်နဲ့မဆိုင်ဘဲ ဝေဖန်ပုတ်ခတ်မိပြီဆိုရင်တော့ တရားစွဲခံရမှာဖြစ်ပါတယ်။သာမန်ပုဂ္ဂိုလ်ချင်းဆိုရင်တော့ အသရေဖျက်မှူ ပုဒ်မ ၅၀၀ လောက်နဲ့ဖြစ်ဖြစ်၊ အွန်လိုင်းပေါ်ကနေ အသရေဖျက်တာကို အရေးယူတဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃ နဲ့ ဖြစ်ဖြစ် တရားစွဲခံရနိုင်ပြီး ထောင်ဒဏ်က နှစ်နှစ်ထိပဲ အများဆုံးကျခံရနိုင်ပါတယ်။

အဲဒီလိုမှမဟုတ်ဘဲ ကိုယ်က အကြည်ညိုပျက်အောင် လုပ်မိတဲ့သူက အစိုးရနဲ့ အစိုးရအဖွဲ့ဝင် တစ်ယောက်ယောက် ဖြစ်နေမယ်ဆိုရင်တော့ မစားသာပါဘူး။ဘာလို့လဲဆိုတော့ အကြည်ညိုပျက်စေမှူ ပုဒ်မ ၁၂၄-က နဲ့သာ အရေးယူခံရပြီး ပြစ်မှူထင်ရှား စီရင်ခံရရင် အမြင့်ဆုံးပြစ်ဒဏ်က ထောင်ဒဏ် နှစ်နှစ်ဆယ်အထိ ချမှတ်ခံရနိုင်လို့ ဖြစ်ပါတယ်။၁၂၄-က အရ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချလို့ရတယ်လို့ တချို့ကထင်ကြပါတယ်။အဲဒါကမှားပါတယ်။ရာဇသတ်ကြီးဥပဒေကို မပြင်ဆင်ရသေးခင်အထိတော့ တစ်သက်တစ်ကျွန်းထိ ချလို့ရတာမှန်ပေမယ့် ၂၀၁၆ ခုနှစ်မှာ ရာဇသတ်ကြီးကို ပြင်ဆင်တဲ့ဥပဒေ ပြဌာန်းပြီးနောက်ပိုင်း ၁၂၄-က အရ အမြင့်ဆုံး ထောင်ဒဏ် နှစ်နှစ်ဆယ်အထိပဲ ချလို့ရတော့တာဖြစ်ပါတယ်။

နှူတ်နဲ့ဖြစ်ဖြစ်၊ စာနဲ့ဖြစ်ဖြစ်၊ အမှတ်အသားနဲ့ဖြစ်ဖြစ်၊ ထင်ရှားတဲ့ပုံသဏ္ဍာန်နဲ့ဖြစ်ဖြစ် ပြည်ထောင်စုအတွက် ဒါမှမဟုတ် ပြည်ထောင်စုအဖွဲ့ဝင်တွေအတွက် ဥပဒေအရ တည်ထောင်ထားတဲ့ အစိုးရကို မုန်းထားအောင်၊ မလေးစားအောင်၊ မေတ္တာပျက်အောင် လံှူ့ဆော်ရင်၊ လံှူ့ဆော်ဖို့အားထုတ်ရင် အဲဒီလိုလုပ်တဲ့သူကို ငွေဒဏ်နဲ့တကွ ထောင်ဒဏ်နှစ်နှစ်ဆယ်အထိဖြစ်ဖြစ်၊ ငွေဒဏ်နဲ့တကွ ခုနစ်နှစ်ထိ ထောင်ဒဏ်ဖြစ်ဖြစ်၊ ငွေဒဏ်သက်သက်ဖြစ်ဖြစ် ချမှတ်ရမယ်လို့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄-က မှာ ပြဌာန်းထားတာဖြစ်ပါတယ်။

မုန်းထားအောင်၊ မလေးစားအောင်၊ မေတ္တာပျက်အောင် လံှူ့ဆော်ဖို့နဲ့ လံှူ့ဆော်ဖို့အားထုတ်တာ မဟုတ်ဘဲ အစိုးရရဲ့ စီရင်အုပ်ချုပ်ရေးဆိုင်ရာ ဆောက်ရွက်မှု ဒါမှမဟုတ် အခြားဆောင်ရွက်မှုကို သဘောမကျကြောင်း ထုတ်ဖော်တာကတော့ ၁၂၄-က အရ ပြစ်မှုမမြောက်ဘူးဆိုပြီး ၁၂၄-က ရဲ့ ရှင်းလင်းချက် ၃ မှာ ဆိုပါတယ်။

ဒါကြောင့်မို့ လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်မှာဖြစ်ဖြစ်၊ အဖွဲ့အစည်း၊ အသိုင်းအဝိုင်း နယ်ပယ်တစ်ခုခုအပေါ်မှာဖြစ်ဖြစ် ကြည်ညိုလောက်အောင် လေးစားတော့မယ်ဆိုရင် ချင့်ချင့်ချိန်ချိန် ယုံကြည်တတ်ဖို့လိုသလိုပဲ ကိုယ်မလေးစား မယုံကြည်လို့ ပုတ်ခတ်ပြစ်တင် ဝေဖန်တော့မယ်ဆိုရင်လည်း အကြည်ညိုပျက်အောင် မလုပ်မိဖို့လိုတဲ့ ပုဂ္ဂိုလ်တွေက ဘယ်လိုလူမျိုးတွေဖြစ်မယ်ဆိုတာကို သတိပြုနိုင်ကြပါစေကြောင်း အပြုသဘောဆောင် တင်ပြရင်းဖြင့်။

သာဓက
ဇွန် - ၁၈

( Zawgyi )

ဒီႏိုင္ငံမွာက ၾကည္ညိဳတာရယ္၊ မၾကည္ညိဳတာရယ္ ဒီႏွစ္ခုအၾကား မၾကာခဏဗ်ာမ်ားၿပီး တိုင္ပတ္ေလ့ရွိပါတယ္။

ႏိုင္ငံေရးနဲ႔ စီးပြားေရး နယ္ပယ္မွာတင္ မကပါဘူး။ကိုယ္လုပ္ကိုင္ေနတဲ့ အသက္ေမြးဝမ္းေက်ာင္းအလုပ္၊ ပညာနဲ႔ နယ္ပယ္အဝန္းအဝိုင္းက သက္ဆိုင္သူေတြနဲ႔ ပတ္သက္လာရင္ အင္မတန္ၾကည္ညိဳတဲ့စိတ္၊ ယုံၾကည္တဲ့စိတ္၊ အာမခံခ်င္တဲ့စိတ္ေတြက လူအခ်ိဳ႕ရင္ထဲ ကိန္းေအာင္းေနေလ့ရွိပါတယ္။

ဒီေနာက္ဆက္တြဲကေတာ့ လူတစ္ဦးတစ္ေယာက္ခ်င္းရဲ႕ လုပ္ေဆာင္မႉေတြအေပၚမွာ ထင္သာျမင္သာရွိ႐ုံ လုပ္ေဆာင္ခ်က္ေတြကို ေဝဖန္႐ုံတင္မကဘူး မဆီမဆိုင္ပုဂၢိဳလ္ေရးေတြပါ ပါလာၿပီး အၾကည္ညိဳပ်က္စရာ၊ အၾကည္ညိဳဖ်က္ရာေတြ ေရာက္ကုန္ေတာ့တာပါပဲ။

အဲဒီေတာ့ ကိုယ္ၾကည္ညိဳေနတဲ့ ပုဂၢိဳလ္၊ အဖြဲ႕အစည္းနဲ႔ ကိုးကြယ္ၾကည္ညိဳမႉေတြကို ပုတ္ခတ္တတ္တဲ့ လူအခ်ိဳ႕ေၾကာင့္ အသေရပ်က္ေစပါတယ္၊ အၾကည္ညိဳပ်က္ေစပါတယ္ဆိုၿပီး တရားစြဲခံရတဲ့ အျဖစ္မ်ိဳးေတြ ေရာက္လာတတ္တဲ့ သေဘာပါ။ဒါေၾကာင့္လည္း ဒီႏိုင္ငံမွာ ၾကည္ညိဳတာရယ္၊ မၾကည္ညိဳတာရယ္ ဒီႏွစ္ခုအၾကား မၾကာခဏဗ်ာမ်ားၿပီး တိုင္ပတ္တယ္လို႔ ေျပာခ်င္တာျဖစ္ပါတယ္။

ပထမဦးစြာေျပာလိုတာက သက္ဆိုင္ရာ အသက္ေမြးဝမ္းေက်ာင္း အလုပ္နယ္ပယ္အလိုက္၊ ပညာရပ္နယ္ပယ္အလိုက္ ကိုယ္ၾကည္ညိဳရာအေပၚ အလြန္အက်ဴးကာကြယ္တဲ့ ကိစၥေတြပါ။ဆိုပါစို႔ ဆရာဝန္၊ အင္ဂ်င္နီယာ၊ ဥပေဒပညာရွင္၊ မီဒီယာသမား အစရွိသျဖင့္ ကြၽမ္းက်င္ရာ နယ္ပယ္က႑အလိုက္ အမ်ိဳးမ်ိဳးရွိပါတယ္။ဆရာဝန္အခ်ိဳ႕ကလည္း ဆရာဝန္အေလ်ာက္၊ အင္ဂ်င္နီယာအခ်ိဳ႕ကလည္း အင္ဂ်င္နီယာအေလ်ာက္၊ ဥပေဒပညာရွင္အခ်ိဳ႕ကလည္း ဥပေဒပညာရွင္ေတြအေလ်ာက္ စသျဖင့္ အသီးသီး ကိုယ္ၾကည္ညိဳရာ ကိုယ့္နယ္ပယ္ ကိုယ့္အဝန္းအဝိုင္းကို မ်က္စိစုံမွိတ္ကာကြယ္သူအခ်ိဳ႕ ရွိပါတယ္။ဒါက လက္လွမ္းမီရာ ထင္သာျမင္သာရွိရာ နယ္ပယ္အမည္ေတြကို ေျပာတာျဖစ္ပါတယ္။တရားေရးအရာရွိေတြ၊ ဥပေဒအရာရွိေတြ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ၊ ပါတီဝင္ေတြနဲ႔ အုပ္ခ်ဳပ္ေရးပိုင္းက တာဝန္ရွိသူေတြၾကားထဲမွာလည္း မွားမွားမွန္မွန္ ကိုယ့္နယ္ပယ္ကလူကို လာမထိနဲ႔ မီးပြင့္သြားမယ္ဆိုၿပီး ကိုယ္ၾကည္ညိဳရာ ကိုယ့္နယ္ပယ္ကို အေသအလဲကာကြယ္တဲ့သူ အခ်ိဳ႕လည္း ရွိပါတယ္။ဒီနယ္ပယ္ေတြထဲ ပါဝင္တဲ့သူအားလုံးကို ဆိုလိုတာမဟုတ္ပါဘူး။အခ်ိဳ႕ကိုပဲ ဆိုလိုတာျဖစ္ပါတယ္။
သမာသမတ္ရွိရွိ အမွားအမွန္ကို ခြဲျခားသိျမင္ၿပီး ကိုယ္ဘယ္ေလာက္ၾကည္ညိဳၾကည္ညိဳ မွားေနရင္ေတာ့ မွားတယ္လို႔ လက္ခံတဲ့ လူမွန္ေတြလည္း အထက္မွာေျပာခဲ့တဲ့ နယ္ပယ္ရပ္တိုင္းမွာ အမ်ားအျပားရွိပါတယ္။

ဘာပဲျဖစ္ျဖစ္ ကိုယ့္ကိုယ္ကိုယ္ အာမခံတာ အေကာင္းဆုံး အေသခ်ာဆုံးလို႔ပဲ ယူဆမိပါတယ္။ကိုယ့္အလုပ္ ကိုယ့္ပညာရပ္ဆိုင္ရာ နယ္ပယ္တစ္ခုလုံးနဲ႔ အဲဒီနယ္ပယ္ထဲမွာ က်င္လည္ေနသူ အကုန္လုံးအတြက္ေတာ့ အာမ မခံေစခ်င္ပါဘူး။

အခုက ဆိုရွယ္မီဒီယာ အသုံးမ်ားတဲ့ေခတ္ဆိုေတာ့ ကိုယ့္နယ္ပယ္က တစ္ေယာက္ေယာက္ကို မေကာင္းေျပာၿပီး ေဝဖန္ၿပီဆိုရင္ကို အဲဒီနယ္ပယ္နဲ႔ဆိုင္တဲ့သူအခ်ိဳ႕က ဝိုင္းၿပီးရန္ေတြ႕တာ ဝိုင္းၿပီးတိုက္ခိုက္တာေတြ မၾကာခဏေတြ႕ေနၾကားေနရပါတယ္။တခ်ိဳ႕ဆို ပညာတတ္ေတြလို႔သာ သူတို႔ကိုယ္သူတို႔ ခံယူထားၾကတာပါ။ေျပာဆိုသုံးႏႉန္း ရန္ေတြ႕တိုက္ခိုက္တဲ့ စကားလုံးေတြက အေတာ္ကို ရင့္သီးၾကမ္းတမ္းတာ ေတြ႕ရပါတယ္။

ကိုယ္ကိုယ္တိုင္ ျဖစ္စဥ္အမွန္ကို ခေရေစ့တြင္းက်သိမယ္ မဟုတ္တာကို စြပ္စြဲေျပာေနမွန္းလည္း ေသခ်ာသိလို႔ ကိုယ့္နဲ႔ဆိုင္တဲ့ နယ္ပယ္အတြက္ အဲဒီနယ္ပယ္က ပုဂၢိဳလ္တစ္ဦးဦးအတြက္ ကာကြယ္တာ တုံ႔ျပန္တာေတြက သဘာဝက်ပါတယ္။ဒါက တကယ္လည္းလုပ္သင့္တဲ့ကိစၥပါ။ဒါေပမယ့္ ကိုယ့္နယ္ပယ္က လူတစ္ေယာက္ေယာက္က မဟုတ္တာလုပ္တာ သိလ်က္နဲ႔ျဖစ္ျဖစ္ မဟုတ္တာမလုပ္ပါဘူးဆိုတာ ေသခ်ာမသိေသးဘဲျဖစ္ျဖစ္ ဇြတ္အတင္း မ်က္စိစုံမွိတ္ၿပီး ငါတို႔အဖြဲ႕ ငါတို႔လူ မွန္တယ္ကြဆိုတာမ်ိဳးေတြေတာ့ သတိျပဳဆင္ျခင္သင့္တယ္လို႔ သုံးသပ္မိပါတယ္။

စာေရးသူက မီဒီယာသမား၊ ဥပေဒသမားပါ။ကိုယ့္မိသားစုထဲမွာ ကိုယ့္ေဆြမ်ိဳး အသိုင္းအဝိုင္းထဲမွာကို ေရွ႕ေန၊ ဥပေဒအရာရွိ၊ ဥပေဒပညာရွင္၊ တရားသူႀကီး၊ ဆရာဝန္၊ အစိုးရဝန္ထမ္းေတြ အစုံပါပါတယ္။ကိုယ္ကိုယ္တိုင္နဲ႔ တိုက္႐ိုက္သက္ဆိုင္တဲ့ မီဒီယာသမားေတြ၊ ဥပေဒသမားေတြကို ကိုယ့္ေရွ႕မေကာင္းလာေျပာရင္ေတာင္ ရန္ျပန္မေတြ႕သလို၊ သူတို႔အတြက္ အာမလည္းမခံေပးပါဘူး။ဘာလို႔လဲဆိုေတာ့ မီဒီယာသမားေတြထဲမွာ မေကာင္းတဲ့သူအခ်ိဳ႕ရွိပါတယ္။ဥပေဒသမားေတြထဲမွာလည္း မေကာင္းတဲ့သူအခ်ိဳ႕ရွိပါတယ္။အဲဒီလိုရွိတာကိုလည္း အဲဒီနယ္ပယ္ထဲက လူေတြအခ်င္းခ်င္း သိတာေတြ အမ်ားႀကီးရွိပါတယ္။အဲဒီေတာ့ ကိုယ့္လာေျပာတာ မဟုတ္ရင္ေတာ့ လိုက္ၿပီးကာကြယ္ေပးဖို႔ရာ ခက္ပါတယ္။ကိုယ့္ကို တိုက္႐ိုက္ေဝဖန္လာၿပီဆိုရင္ေတာ့ ကိုယ္မွန္ေၾကာင္း ရန္ေတြ႕သင့္ရင္ ေတြ႕ရမွာျဖစ္သလို ရန္ျဖစ္သင့္ရင္ ျဖစ္ရမွာျဖစ္ပါတယ္။

အဲဒီလိုပဲ အျခားနယ္ပယ္အသီးသီးမွာ ပညာေတြ ဘယ္ေလာက္တတ္တတ္ မဟုတ္တာ မမွန္တာ လုပ္တဲ့သူ၊ ကိုယ္က်င့္တရား မေကာင္းတဲ့သူအခ်ိဳ႕ ရွိပါတယ္။အဲဒီလိုလူေတြကို အေရးယူခဲ့ရတာ၊ သက္ဆိုင္ရာ လုပ္ငန္းလိုင္စင္ သိမ္းရတာ၊ ဥပေဒအရ တရားစီရင္ၿပီး ေထာင္ခ်ခဲ့ရတာ၊ သက္ဆိုင္ရာ သူ႔နယ္ပယ္ထဲက က်င္ဖယ္ခံရတာေတြက ျငင္းလို႔မရတဲ့ အေကာင္းဆုံးသာဓကေတြပါ။အဲဒီျဖစ္စဥ္ေတြကို ႀကဳံဖူးၾကားဖူးတဲ့သူေတြ အဲဒီနယ္ပယ္အသီးသီးထဲမွာကို ရွိေနပါတယ္။

အဲဒီေတာ့ လူပုဂၢိဳလ္တစ္ေယာက္ကိုျဖစ္ျဖစ္၊ အဖြဲ႕အစည္းကိုျဖစ္ျဖစ္ သိပ္ၾကည္ညိဳမိၿပီဆိုရင္ေတာင္ ခ်င့္ခ်ိန္ၿပီးၾကည္ညိဳဖို႔ လိုမွာျဖစ္သလို၊ လူပုဂၢိဳလ္တစ္ေယာက္ကိုျဖစ္ျဖစ္၊ အဖြဲ႕အစည္းကိုျဖစ္ျဖစ္ ကိုယ္က မေလးစားမယုံၾကည္လို႔ ေဝဖန္ျပစ္တင္မယ္ဆိုရင္လည္း ကိုယ္ေဝဖန္မယ့္ အျပစ္တင္ပုတ္ခတ္မယ့္ အဖြဲ႕အစည္းနဲ႔ လူပုဂၢိဳလ္လုပ္ေဆာင္ခ်က္အေပၚမွာ ေပၚလြင္သေလာက္ပဲ ေျပာတာဆိုတာျပဳမူတာ ေကာင္းမယ္လို႔ထင္ပါတယ္။အဲဒီလိုမဟုတ္ပဲ လုပ္ေဆာင္ခ်က္နဲ႔မဆိုင္ဘဲ ေဝဖန္ပုတ္ခတ္မိၿပီဆိုရင္ေတာ့ တရားစြဲခံရမွာျဖစ္ပါတယ္။သာမန္ပုဂၢိဳလ္ခ်င္းဆိုရင္ေတာ့ အသေရဖ်က္မႉ ပုဒ္မ ၅၀၀ ေလာက္နဲ႔ျဖစ္ျဖစ္၊ အြန္လိုင္းေပၚကေန အသေရဖ်က္တာကို အေရးယူတဲ့ ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၆ ဃ နဲ႔ ျဖစ္ျဖစ္ တရားစြဲခံရႏိုင္ၿပီး ေထာင္ဒဏ္က ႏွစ္ႏွစ္ထိပဲ အမ်ားဆုံးက်ခံရႏိုင္ပါတယ္။

အဲဒီလိုမွမဟုတ္ဘဲ ကိုယ္က အၾကည္ညိဳပ်က္ေအာင္ လုပ္မိတဲ့သူက အစိုးရနဲ႔ အစိုးရအဖြဲ႕ဝင္ တစ္ေယာက္ေယာက္ ျဖစ္ေနမယ္ဆိုရင္ေတာ့ မစားသာပါဘူး။ဘာလို႔လဲဆိုေတာ့ အၾကည္ညိဳပ်က္ေစမႉ ပုဒ္မ ၁၂၄-က နဲ႔သာ အေရးယူခံရၿပီး ျပစ္မႉထင္ရွား စီရင္ခံရရင္ အျမင့္ဆုံးျပစ္ဒဏ္က ေထာင္ဒဏ္ ႏွစ္ႏွစ္ဆယ္အထိ ခ်မွတ္ခံရႏိုင္လို႔ ျဖစ္ပါတယ္။၁၂၄-က အရ ေထာင္ဒဏ္ တစ္သက္တစ္ကြၽန္း ခ်လို႔ရတယ္လို႔ တခ်ိဳ႕ကထင္ၾကပါတယ္။အဲဒါကမွားပါတယ္။ရာဇသတ္ႀကီးဥပေဒကို မျပင္ဆင္ရေသးခင္အထိေတာ့ တစ္သက္တစ္ကြၽန္းထိ ခ်လို႔ရတာမွန္ေပမယ့္ ၂၀၁၆ ခုႏွစ္မွာ ရာဇသတ္ႀကီးကို ျပင္ဆင္တဲ့ဥပေဒ ျပဌာန္းၿပီးေနာက္ပိုင္း ၁၂၄-က အရ အျမင့္ဆုံး ေထာင္ဒဏ္ ႏွစ္ႏွစ္ဆယ္အထိပဲ ခ်လို႔ရေတာ့တာျဖစ္ပါတယ္။

ႏႉတ္နဲ႔ျဖစ္ျဖစ္၊ စာနဲ႔ျဖစ္ျဖစ္၊ အမွတ္အသားနဲ႔ျဖစ္ျဖစ္၊ ထင္ရွားတဲ့ပုံသ႑ာန္နဲ႔ျဖစ္ျဖစ္ ျပည္ေထာင္စုအတြက္ ဒါမွမဟုတ္ ျပည္ေထာင္စုအဖြဲ႕ဝင္ေတြအတြက္ ဥပေဒအရ တည္ေထာင္ထားတဲ့ အစိုးရကို မုန္းထားေအာင္၊ မေလးစားေအာင္၊ ေမတၱာပ်က္ေအာင္ လံႉ႔ေဆာ္ရင္၊ လံႉ႔ေဆာ္ဖို႔အားထုတ္ရင္ အဲဒီလိုလုပ္တဲ့သူကို ေငြဒဏ္နဲ႔တကြ ေထာင္ဒဏ္ႏွစ္ႏွစ္ဆယ္အထိျဖစ္ျဖစ္၊ ေငြဒဏ္နဲ႔တကြ ခုနစ္ႏွစ္ထိ ေထာင္ဒဏ္ျဖစ္ျဖစ္၊ ေငြဒဏ္သက္သက္ျဖစ္ျဖစ္ ခ်မွတ္ရမယ္လို႔ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၁၂၄-က မွာ ျပဌာန္းထားတာျဖစ္ပါတယ္။

မုန္းထားေအာင္၊ မေလးစားေအာင္၊ ေမတၱာပ်က္ေအာင္ လံႉ႔ေဆာ္ဖို႔နဲ႔ လံႉ႔ေဆာ္ဖို႔အားထုတ္တာ မဟုတ္ဘဲ အစိုးရရဲ႕ စီရင္အုပ္ခ်ဳပ္ေရးဆိုင္ရာ ေဆာက္႐ြက္မႈ ဒါမွမဟုတ္ အျခားေဆာင္႐ြက္မႈကို သေဘာမက်ေၾကာင္း ထုတ္ေဖာ္တာကေတာ့ ၁၂၄-က အရ ျပစ္မႈမေျမာက္ဘူးဆိုၿပီး ၁၂၄-က ရဲ႕ ရွင္းလင္းခ်က္ ၃ မွာ ဆိုပါတယ္။

ဒါေၾကာင့္မို႔ လူပုဂၢိဳလ္တစ္ဦးဦးအေပၚမွာျဖစ္ျဖစ္၊ အဖြဲ႕အစည္း၊ အသိုင္းအဝိုင္း နယ္ပယ္တစ္ခုခုအေပၚမွာျဖစ္ျဖစ္ ၾကည္ညိဳေလာက္ေအာင္ ေလးစားေတာ့မယ္ဆိုရင္ ခ်င့္ခ်င့္ခ်ိန္ခ်ိန္ ယုံၾကည္တတ္ဖို႔လိုသလိုပဲ ကိုယ္မေလးစား မယုံၾကည္လို႔ ပုတ္ခတ္ျပစ္တင္ ေဝဖန္ေတာ့မယ္ဆိုရင္လည္း အၾကည္ညိဳပ်က္ေအာင္ မလုပ္မိဖို႔လိုတဲ့ ပုဂၢိဳလ္ေတြက ဘယ္လိုလူမ်ိဳးေတြျဖစ္မယ္ဆိုတာကို သတိျပဳႏိုင္ၾကပါေစေၾကာင္း အျပဳသေဘာေဆာင္ တင္ျပရင္းျဖင့္။

သာဓက
ဇြန္ - ၁၈