【 ဆောင်းပါး 】 ''အကြောက်တရား ခုခံပိုင်ခွင့်''

【 ဆောင်းပါး 】 ''အကြောက်တရား ခုခံပိုင်ခွင့်''

ဒီရက်ပိုင်းမှာ ဖြစ်သွားတဲ့ မှုခင်းဖြစ်စဉ်တချို့အပေါ် အခြေခံပြီး လူအချို့ရဲ့ စိုးရိမ်စိတ်က ဆန်းဆန်းပြားပြား တွေးလာတာ တွေ့ရပါတယ်။အဲဒီလိုလူတွေထဲမှာ စာရေးသူရဲ့ ဆွေမျိုး၊ မိတ်ဆွေ၊ ညီအစ်ကိုမောင်နှမတွေလည်း ပါပါတယ်။သူတို့အတွေးက ဒီလိုပါ။

ကိုယ့်အိမ်ကို ဖောက်ထွင်းခံရတာဖြစ်ဖြစ်၊ သူခိုးဝင်တာဖြစ်ဖြစ်၊ ဒုစရိုက်သမား တစ်ယောက်ယောက်က ပြစ်မှူကျူးလွန်ဖို့ ကိုယ့်အိမ်ထဲဝင်လာပြီဆိုရင် ကိုယ်ကသိရင်တောင် မအော်နဲ့ လက်တုန့်မပြန်နဲ့ ငြိမ်ငြိမ်လေးသာနေ။နိုးရင်တောင် အိပ်ချင်ယောင်ဆောင်နေတာ အကောင်းဆုံးပဲတဲ့။

သူတို့ ဘာလို့အဲဒီလိုပြောလည်းဆိုတော့ အခုတလောဖြစ်တဲ့ လူသတ်မှုတချို့မှာ ပစ္စည်းခိုးဖို့ဆိုပြီး ကျူးလွန်သူက အိမ်ထဲဝင်တယ်။အိမ်ရှင်တွေက သိသွားတော့ ရန်မူပြီး လူသတ်မှုပါ ကျူးလွန်ကုန်ကြတယ်။ဒါကြောင့်မို့ ပြည်သူတချို့ရဲ့စိတ်မှာ ခုနကပြောခဲ့သလို အတွေးမျိုးတွေ ဝင်လာတာဖြစ်ပါတယ်။အဓိက ကတော့ လူတွေရဲ့ အကြောက်တရားက အခုနောက်ပိုင်း ပိုတိုးပွားလာတာ ဖြစ်ပါတယ်။

လူတချို့က တစ်ယောက်နဲ့ တစ်ယောက်အကြားမှာ သူ့ကို ကိုယ်ကြောက်၊ ကိုယ့်ကို သူကြောက် ဆိုသလို ဘယ်သူ့ဘယ်သူမှ မယုံကြတော့ပါဘူး။ခိုးဆိုးလုနှိုက်နဲ့ လူသတ်မှူတွေ၊ မုဒိမ်းမှုတွေကလည်း မကြာခဏဆိုသလို ကြားနေရတော့ တစ်ယောက်ပေါ် တစ်ယောက် အယုံအကြည်ကင်းမဲ့လာကြတာ ဖြစ်ပါတယ်။ကုန်ကုန်ပြောရင် ဆွေးမျိုးရင်းချာချင်းတောင် မယုံရဲကြပါဘူး။ဥပမာ မုဒိမ်းမှုတွေမှာ ကလေးသူငယ်တွေအပေါ်ရော အရွယ်ရောက်ပြီးသူတွေအပေါ်မှာပါ ကျူးလွန်သူတွေထဲ ဆွေးမျိုးရင်းချာတွေ ပါလာတာ တွေ့ရပါတယ်။အဲဒီလိုပဲ အခြားခိုးဆိုးလုနှိုက်နဲ့ လူသတ်မှု ကျူးလွန်သူတွေထဲမှာ ဓာတ်သိတွေ၊ ဆွေမျိုးမိတ်ဆွေတွေ၊ မျက်နှာသိ ရင်းနှီးသူတွေ၊ ကိုယ့်အိမ်ကို မကြာခဏဝင်ထွက်ဖူးတဲ့ လူယုံတွေက ပါဝင်နေတာမို့ တစ်ယောက်ပေါ် တစ်ယောက် ဘယ်သူ့ဘယ်သူကမှ မယုံရဲကြတော့တာဖြစ်ပါတယ်။

ဒီနိုင်ငံမှာက တစ်ခါတလေ နေရင်းထိုင်ရင်း ကြောက်တတ်တာမျိုးတွေလည်း ရှိပါတယ်။မိုးတွင်းလမ်းလျှောက်ရင် ရေအိုင်မြင်ရင် မနင်းရဲပါဘူး။ဓာတ်ကြိုးကပြတ်ပြီး ရေအိုင်ထဲကျနေတာ မသိဘဲ နင်းမိလို့ ဓာတ်လိုက်သေတဲ့သူတွေ ရှိခဲ့တာကိုး။လမ်းပေါ်ရေကြီးရင်လည်း လမ်းဘေးကပ်လျှောက်ဖို့ ကြောက်ရပြန်ပါတယ်။တချို့မြောင်းတွေမှာ အဖုံးမရှိတတ်တာမို့ မြောင်းထဲကျမှာစိုးလို့ပါ။မိုးရွာရွာ မရွာရွာ တစ်ခါတစ်ခါ လမ်းလျှောက်ချိန်များဆို တောင်ကြည့်မြောက်ကြည့်၊ ဟိုကြည့်ဒီကြည့်၊ အပေါ်တွေကိုလည်း ကြည့်ရပါတယ်။ကန်ထရိုက်တိုက်ခန်းတချို့ရဲ့ ဝရန်တာဘောင်တွေအပေါ် တင်ပြီးစိုက်ထားတဲ့ ပန်းအိုးတွေ၊ ဓာတ်တိုင်ပေါ်က ဓာတ်ကြိုးတွေ၊ မဖြောင့်တန်းတော့ဘဲ ဟိုယိုင်ဒီယိုင်ဖြစ်နေတဲ့ ဓာတ်တိုင်တွေက ကိုယ့်ခေါင်းပေါ် ဘယ်တော့များပြုတ်ကျလာမလဲဆိုပြီး တွေးပူကြရတဲ့သူတွေလည်း ရှိပါတယ်။ဒါတင်မကပါဘူး။အိမ်ပြင်မယ်၊ မီးပြင်မယ်ဆိုရင် လက်သမားနဲ့ ပန်းရံဆရာတွေ၊ မီးသမားတွေကို အိမ်ကို အလွယ်မခေါ်ရဲပါဘူး။လုသွားတယ်၊ ခိုးသွားတယ်၊ သတ်သွားတယ်ဆိုတဲ့သူတွေထဲမှာ အဲဒီလိုလူတွေလည်း ပါခဲ့ဖူးတာမို့ပါ။ရေသန့့်ဘူးမှာရင်တောင် အိမ်မှာ လူနှစ်ယောက် သုံးယောက်လောက် အနည်းဆုံးရှိမှ မှာရဲကြတော့ပါတယ်။တစ်ယောက်ထဲရှိတဲ့အချိန် ရေသန့်မှာမိလို့ ရေသန့့်ပို့တဲ့သူက ပြစ်မှူကျူးလွန်သွားတဲ့ သာဓကတွေကလည်း ရှိခဲ့တာမို့ပါ။အဲဒီလိုပဲ တက္ကစီငှားရင်လည်း မောင်းသူအခြေအနေကို အကဲခတ်ရပါတယ်။ရိုးရိုးသားသားပုံ ပေါက်ရဲ့လား၊ မူးနေတာလား၊ ကားပေါ်မှာ အခြားလူတစ်ယောက်ယောက် ပါနေသေးလား စသဖြင့် အခြေအနေကြည့်ပြီးမှ ငှားရပါတယ်။ဒါတောင် တက္ကစီငှားစီးတာ လမ်းရောက်မှ ကားနောက်ခန်းထဲ ပုန်းပြီးလိုက်လာသူတွေက ထွက်လာပြီး ပစ္စည်းအလုခံရတာတွေကရှိတော့ ဒီလောက်သတိထားပြီး ကြောက်နေကာမှ တော်ရုံကျမယ့် သဘောလည်း ဖြစ်နေတာ တွေ့ရပါတယ်။ကိုယ်စိတ်ချတယ်ထင်လို့ တက္ကစီငှားစီးပြီးပြီဆိုရင်လည်း တချို့ခရီးသည်က စိတ်ချလက်ချနေပြီး ကားပေါ်မှာ အငြိမ့်စားနဲ့ ဇိမ်ကျကျ လိုက်ပါစီးနင်းသွားတယ်လို့များ မထင်လိုက်ပါနဲ့။ကိုယ်ငှားစီးလိုက်တဲ့ ကားရဲ့ နံပါတ်၊ ဒရိုင်ဘာပုံစံ၊ ဘယ်နေရာကနေ ဘယ်အချိန်စတက်တာတွေကို လက်ကိုင်ဖုန်းလေးသုံးပြီး အိမ်က လူတစ်ယောက်ယောက်ဆီကို ကားပေါ်ကနေ မက်ဆေ့လှမ်းပို့တာတွေ လုပ်တဲ့သူတွေလည်း ရှိပါတယ်။

အဲဒီလိုပဲ အလုပ်ကိစ္စနဲ့ဖြစ်ဖြစ် အခြားပုဂ္ဂိုလ်ရေးကိစ ္စတစ်ခုခုနဲ့ဖြစ်ဖြစ် မဖြစ်မနေမို့ ညပိုင်းအပြင်ထွက်ရတာများကြုံရင် တန်ဖိုးကြီး လက်ဝတ်လက်စားတွေ ဝတ်မသွားရဲကြတဲ့သူတွေ ရှိပါတယ်။တန်ဖိုးကြီး လက်ဝတ်လက်စားတွေ ဝတ်မသွားရဲကြတာတင် မကပါဘူး။ဘုရားပွဲကဝယ်တဲ့ အတုတွေတောင် ညဘက်အပြင်ထွက်ချိန် ဝတ်မသွားရဲကြတာတွေ ရှိပါတယ်။ပစ္စည်းအစစ်ထင်ပြီး လုတာယက်တာ ခံရမှာစိုးကြလို့ပါ။ပစ္စည်းပါသွားတာထက် ပစ္စည်းကြောင့် လူကို တစ်ခုခုအန္တရာယ်ပေးသွားမှာကို စိုးထိတ်ကြတာ ဖြစ်ပါတယ်။

ဒီလိုတွေပြောလို့ လက်သမားနဲ့ ပန်းရံဆရာတွေ၊ မီးပြင်ဆရာတွေ၊ ရေသန့်ပို့သူတွေ၊ တက္ကစီဆရာတွေ အားလုံးရဲ့ ကိုယ်ကျင့်တရားမကောင်းတာ မဟုတ်ပါဘူး။သူတို့တွေထဲမှာ ရိုးသားသူတွေ ဒုနဲ့ဒေးပါ။ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ် ဆိုသလို အဲဒီအသက်မွေးဝမ်းကျောင်း နာမည်ခံပြီး မရိုးမသား ပြစ်မှုကျူးလွန်သူတွေရှိခဲ့တာမို့ အဲဒီလိုမရိုးသားတဲ့သူတွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ အကုန်လုံးကို ရောကြိတ်ပြီး မယုံကြည်ကြတော့တာ ဖြစ်ပါတယ်။လူတိုင်းကို ယုံတာထက် မယုံတာက ပိုအန္တရာယ်ကင်းတယ်ဆိုပြီး ယူဆသူတချို့ ရှိနေတာကြောင့်လည်း ဖြစ်ပါတယ်။ပန်းရံဆရာ၊ လက်သမားဆရာ၊ မီးပြင်ဆရာ၊ ရေသန့်ပို့သူနဲ့ တက္ကစီမောင်းတဲ့ဆရာတွေထဲမှာ ရိုးရိုးသားသားနဲ့ ကိုယ်ကျင့်တရားကောင်းသူတွေ အများကြီးရှိတယ်ဆိုတာကို ပြည်သူအများစုက သိပြီးသားဖြစ်ကြပါတယ်။ဒါပေမယ့် မပြေးသော် ကန်ရာရှိ ဆိုသလို သံသယလေးထားမှ ကိုယ့်အတွက် ပိုလုံခြုံမယ်ဆိုတဲ့ အသိတရားလေးက ရှိနေတာမို့ ဘယ်သူ့ကိုမှ မယုံရဲကြတော့တဲ့သဘော ဖြစ်ပါတယ်။

အဲဒီတော့ နယ်ပယ်စုံ ကဏ္ဍစုံက ပြည်သူတချို့ဟာ သူ့ကို ကိုယ်မယုံ၊ ကိုယ့်ကို သူမယုံ ဆိုသလို အကြောက်တရားက ယုံကြည်မှုကို တဖြည်းဖြည်းချိုးဖျက်လိုက်သလို ဖြစ်လာပါတယ်။ယုံကြည်မှု ချိုးဖောက်ခံရတာနဲ့ ဆက်နွယ်တဲ့ မှုခင်းဖြစ်စဉ်တွေကလည်း ရှိခဲ့တာမို့ ဘယ်သူ့ဘယ်သူကိုမှ အပြစ်တင်လို့မရသလို နေရာတိုင်း အလုပ်တိုင်း ကဏ္ဍတိုင်းမှာ ကောင်းတဲ့သူရော မကောင်းတဲ့သူရော ရှိနေနိုင်ပါတယ်။တစ်ယောက်ကို တစ်ယောက် ယုံကြည်မှုတွေ လျော့နည်းလာတဲ့နောက် တချို့က သိချင်ကြတာရှိပါတယ်။ကိုယ့်အပေါ်မှာ တစ်စုံတစ်ယောက်က ပြစ်မှုကျူးလွန်လာချိန်မှာ ရဲတိုင်ဖို့ ပတ်ဝန်းကျင်ကို အကူအညီတောင်းဖို့ အခြေအနေမပေးတဲ့အခါ ကိုယ်ထိလက်ရောက် လက်တုန့်ပြန်လိုက်ရင် အဖမ်းခံရမှာလားဆိုပြီး သိချင်ကြတာဖြစ်ပါတယ်။အဲဒီလိုလူမျိုးတွေက ကြိုတင်ကာကွယ်ရေး ပစ္စည်းတွေကို အိမ်မှာ၊ ကားပေါ်မှာအပြင် ခန္ဓာကိုယ်နဲ့မကွာ ဆောင်ထားလေ့ရှိပါတယ်။ဘေ့စ်ဘောရိုက်တဲ့ တုတ်လို၊ သံနဲ့လုပ်ထားတဲ့ ခေါက်တုတ်လို၊ မျက်စိကိုဖျန်းတဲ့ စပရေးဘူးလို၊ ကျင်စက်လို အစရှိသဖြင့် မိမိကိုယ်ကိုယ် ကာကွယ်တဲ့ ပစ္စည်းလေးတွေကို ဆောင်ထားကြတာ ဖြစ်ပါတယ်။ဒီနေရာမှာ မိမိကိုယ်ကိုယ် ကာကွယ်ခုခံပိုင်ခွင့်နဲ့ ပတ်သက်လို့ ဥပဒေက ဘယ်လောက်အတိုင်းအတာအထိ ခွင့်ပြုထားလဲဆိုတာကို ပြန်လည်မျှဝေပေးချင်ပါတယ်။

ကာကွယ်ခုခံပိုင်ခွင့်အရ ပြုလုပ်မှုဟာ ပြစ်မှုမမြောက်ဘူးဆိုပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၉၆ မှာ ဆိုပါတယ်။လူ့ကိုယ်ကို ထိခိုက်ကျူးလွန်တဲ့ ပြစ်မှုကို တားဆီးဖို့ မိမိကိုယ်နဲ့ အခြားသူရဲ့ကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့် ရှိပါတယ်။ခိုးမှု၊ လုယက်မှု၊ အကျိုးဖျက်ဆီးမှု၊ ရာဇဝတ်ပြစ်ဒဏ်ထိုက်တဲ့ ကျော်နင်းမှု၊ အဲဒီလိုပြစ်မှုတွေကို ကျူးလွန်ဖို့ အားထုတ်တာကို တားဆီးဖို့ မိမိပိုင်ဖြစ်ဖြစ်၊ သူတစ်ပါးပိုင်ဖြစ်ဖြစ် ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း၊ မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေကို ကာကွယ်ခုခံပိုင်ခွင့် ရှိပါတယ်။ဒါပေမယ့် ကာကွယ်ခုခံပိုင်ခွင့် မရှိတဲ့ ပြုလုပ်မှုတွေနဲ့ ကာကွယ်ခုခံပိုင်ခွင့်ကို ဘယ်လောက်ထိပဲ ဆောင်ရွက်ခွင့်ရှိလဲဆိုတာကို သိထားဖို့ လိုပါတယ်။

သေဘေးကို ဖြစ်စေရန်သော် လည်းကောင်း၊ အပြင်းအထန် နာကျင်စေရန်သော် လည်းကောင်း၊ စိုးရိမ်လောက်ဖွယ်ရာ အကြောင်းယုတ္တိမရှိသော ပြုလုပ်မှုကို ပြည်သူ့ဝန်ထမ်းက ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် သဘောရိုးနှင့်ပြုလုပ်လျှင် သို့တည်းမဟုတ် ပြုလုပ်ရန်အားထုတ်လျှင် ထိုသို့ပြုလုပ်ခြင်း အားထုတ်ခြင်း တစ်ခုခုသည် ဥပဒေအရ ပြုပိုင်ခွင့် အတိအကျမရှိသော်လည်း ထိုပြုလုပ်မှု အားထုတ်မှု တစ်ခုခုကို တားဆီးရန် ကာကွယ်ခုခံပိုင်ခွင့်မရှိ။သေဘေးကို ဖြစ်စေရန်သော် လည်းကောင်း အပြင်းအထန် နာကျင်စေရန်သော် လည်းကောင်း စိုးရိမ်လောက်ဖွယ်ရာ အကြောင်းယုတ္တိမရှိသော ပြုလုပ်မှုကို ပြည်သူ့ဝန်ထမ်းက ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် သဘောရိုးနှင့် ညွှန်ကြားသည့်အတိုင်း တစ်ဦးတစ်ယောက်က ပြုလုပ်လျှင် သို့မဟုတ် ပြုလုပ်ရန် အားထုတ်လျှင် ထိုညွှန်ကြားချက်သည် ဥပဒေအရ ပြုပိုင်ခွင့် အတိအကျမရှိသော်လည်း ထိုပြုလုပ်မှုကို တားဆီးရန် ကာကွယ်ခုခံပိုင်ခွင့်မရှိ။ပြည်သူ့ဝန်ထမ်း အာဏာပိုင်တို့ထံမှ အကာအကွယ် အစောင့်အရှောက်ရနိုင်ရန် တိုင်တန်းခွင့်အချိန်ရှိသည့် ကိစ္စများတွင် ကာကွယ်ခုခံပိုင်ခွင့်မရှိ။ကာကွယ်ခုခံရာတွင် ကာကွယ်ခုခံသော သဘောဖြင့် ဘေးအန္တရာယ်ပြုရန် လိုအပ်သည်ထက် ပို၍ပြုခွင့်မရှိ။စသဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၉၉ မှာ အဲဒီလိုတွေပြဌာန်းထားတာ ဖြစ်ပါတယ်။

နောက်တစ်ခုပြောလိုတာက လူ့ကိုယ်ကို ကာကွယ်ခုခံတဲ့နေရာမှာ ဘယ်လိုအချိန်မျိုးမှာ တစ်ဘက်လူကို သေစေတဲ့အထိ လုပ်ခွင့်ရှိလဲဆိုတာကို ပြောပါမယ်။အဲဒီလို တစ်ဘက်လူကို သေစေတဲ့အထိ လူ့ကိုယ်ကိုယ်ကို ကာကွယ်ခုခံခွင့်ရှိတဲ့ အကြောင်းအချက် ခြောက်ချက်ရှိပါတယ်။

ပထမအချက်က မကာကွယ်မခုခံရင် သေဘေးကို ရောက်စေဖို့အတွက် စိုးရိမ်ဖွယ်ရာရှိလောက်အောင် အကြောင်းရှိတဲ့ လက်ရောက်မှု။

ဒုတိယအချက်က မကာကွယ်မခုခံရင် အပြင်းအထန် နာကျင်စေဖို့အတွက် စိုးရိမ်ဖွယ်ရာရှိလောက်အောင် အကြောင်းရှိတဲ့ လက်ရောက်မှု။

တတိယအချက်က မုဒိမ်းကျင့်ဖို့ အကြံအစည်နဲ့ ကျူးလွန်ဖို့ လက်ရောက်မှု။

စတုတ္ထအချက်က ကာမရာဂစိတ်ကို ဓမ္မတာအတိုင်း မဟုတ်ဘဲ ရောင့်ရဲအောင် ပြုလုပ်ဖို့အကြံနဲ့ ကျူးလွန်တဲ့ လက်ရောက်မှု။

ပဉ္စမအချက်က လူကိုခိုးယူဖို့ အကြံနဲ့ဖြစ်ဖြစ်၊ သွေးဆောင်ခေါ်ယူဖို့ အကြံနဲ့ဖြစ်ဖြစ်၊ ကျူးလွန်တဲ့ လက်ရောက်မှု။

ဆဌမအချက်က လွတ်မြောက်ရေးအတွက် ပြည်သူ့ဝန်ထမ်း အာဏာပိုင်တို့ထံ တိုင်တန်းနိုင်ခွင့် မရနိုင်ဟု စိုးရိမ်ဖွယ်ရာဖြစ်လောက်အောင် အကြောင်းကိုဖြစ်စေ ပြီးရင် တစ်ဦးတစ်ယောက်ကို မတရားချုပ်နှောင်ထားဖို့ အကြံနဲ့ ကျူးလွန်တဲ့ လက်ရောက်မှု။

အဲဒီလိုအထက်မှာပြောခဲ့တဲ့ အချက်ခြောက်ချက်ထဲက ပြစ်မှုတစ်ခုခုကို အန္တရာယ်ပြုသူက ကျူးလွန်ခဲ့ရင် အဲဒီအန္တရာယ်ပြုသူကို သေစေဖို့ဖြစ်ဖြစ်၊ အခြားဘေးအန္တရာယ်တစ်ခုခု ဖြစ်စေဖို့ဖြစ်ဖြစ် ဘယ်သူမဆို မိမိအလိုအလျောက် လူ့ကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့် ရှိပါတယ်။

နောက်တစ်ခုပြောလိုတာက ပစ္စည်းကို ကာကွယ်ခုခံတဲ့နေရာမှာ ဘယ်လိုအချိန်မျိုးမှာ တစ်ဘက်လူကို သေစေတဲ့အထိ လုပ်ခွင့်ရှိလဲဆိုတာကို ပြောပါမယ်။

လုယက်မှု။ညဉ့်အခါ အိမ်ဖောက်ထွင်းမှု။လူနေရန်ဖြစ်ဖြစ်၊ ဥစ္စာပစ္စည်း ထားသိုရန်ဖြစ်ဖြစ် အသုံးပြုတဲ့ တိုက်အိမ် စတဲ့ အဆောက်အအုံ၊ တဲ၊ ရေယာဉ်တစ်ခုခုမှာ ကျူးလွန်တဲ့ မီးနဲ့အကျိုးဖျက်ဆီးမှူ။မကာကွယ်မခုခံဘဲနေရင် သေဘေးကို ဒါမှမဟုတ် အပြင်းအထန် နာကျင်ခြင်းခံရမှာကို စိုးရိမ်ဖို့အကြောင်းရှိအောင် ကျူးလွန်တဲ့ ခိုးမှု၊ ဒါမှမဟုတ် အကျိုးဖျက်ဆီးမှု ဒါမှမဟုတ် အိမ်ကျော်နင်းမှု။စတဲ့ အဲဒီပြစ်မှုတွေထဲက တစ်ခုခုကို မတော်မမှန်ပြုသူက ကျူးလွန်ရင် ဒါမှမဟုတ် ကျူးလွန်ဖို့ အားထုတ်ရင် အဲဒီမတော်မမှန်ပြုသူကို သေစေဖို့ဖြစ်ဖြစ်၊ အခြားအန္တရာယ် ဖြစ်စေဖို့ဖြစ်ဖြစ် ဘယ်သူမဆို မိမိအလိုအလျောက် ပစ္စည်းကို ကာကွယ်ခုခံပိုင်ခွင့် ရှိပါတယ်။

နောက်ဆုံးအနေနဲ့ ပြောလိုတာက လူ့ကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့် စတင်ဖြစ်ပေါ်တဲ့ အချိန်နဲ့ ဆက်လက်တည်ရှိနေမယ့် ကာလအပိုင်းအခြား ဖြစ်ပါတယ်။ပြစ်မှူကျူးလွန်တာ မရှိသေးပေမယ့် ပြစ်မှူကျူးလွန်ဖို့ အားထုတ်တာကနေဖြစ်ဖြစ် ခြိမ်းခြောက်တာကနေဖြစ်ဖြစ် လူ့ကိုယ်ကို ဘေးအန္တရာယ်ဖြစ်စေဖို့အတွက် စိုးရိမ်ဖွယ်ရာအကြောင်း ပေါ်ပေါက်လာတာနဲ့ တစ်ပြိုင်နက် လူ့ကိုယ်ကို ခုခံပိုင်ခွင့်ဟာ စတင်ဖြစ်ပေါ်လာပါတယ်။ဒါ့ပြင် အဲဒီဘေးအန္တရာယ်အတွက် စိုးရိမ်ဖွယ်ရာအကြောင်း ဆက်လက်တည်ရှိနေသမျှ ကာလပတ်လုံး လူ့ကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်ကလည်း ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်။ဒီလိုမျိုးကာကွယ်ခုခံပိုင်ခွင့်တွေနဲ့ ပတ်သက်လို့ ရာဇသတ်ကြီးဥပဒေထဲမှာ ပြဌာန်းထားတာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ လူ့ကိုယ်နဲ့ပစ္စည်းကို ဘယ်လိုအချိန်မှာ ဘယ်လောက်အတိုင်းအတာအထိ ကာကွယ်ခုခံပိုင်ခွင့်ရှိလဲဆိုတာကို သိထားပြီး ပြစ်မှူကျူးလွန်ခံရတာတွေနဲ့ ကြုံလာတဲ့အခါ မိမိအသက်အိုးအိမ်စည်းစိမ် အကျိုးစီးပွားကို အကောင်းဆုံးကာကွယ်နိုင်ကြပါစေကြောင်း ဆန္ဒပြုဆုတောင်းရင်းနဲ့ ဥပဒေကပေးထားတဲ့ ကာကွယ်ခုခံပိုင်ခွင့်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

သာဓက
သြဂုတ် - ၁၅

( Zawgyi )

ဒီရက္ပိုင္းမွာ ျဖစ္သြားတဲ့ မႈခင္းျဖစ္စဥ္တခ်ိဳ႕အေပၚ အေျခခံၿပီး လူအခ်ိဳ႕ရဲ႕ စိုးရိမ္စိတ္က ဆန္းဆန္းျပားျပား ေတြးလာတာ ေတြ႕ရပါတယ္။အဲဒီလိုလူေတြထဲမွာ စာေရးသူရဲ႕ ေဆြမ်ိဳး၊ မိတ္ေဆြ၊ ညီအစ္ကိုေမာင္ႏွမေတြလည္း ပါပါတယ္။သူတို႔အေတြးက ဒီလိုပါ။

ကိုယ့္အိမ္ကို ေဖာက္ထြင္းခံရတာျဖစ္ျဖစ္၊ သူခိုးဝင္တာျဖစ္ျဖစ္၊ ဒုစ႐ိုက္သမား တစ္ေယာက္ေယာက္က ျပစ္မႉက်ဴးလြန္ဖို႔ ကိုယ့္အိမ္ထဲဝင္လာၿပီဆိုရင္ ကိုယ္ကသိရင္ေတာင္ မေအာ္နဲ႔ လက္တုန႔္မျပန္နဲ႔ ၿငိမ္ၿငိမ္ေလးသာေန။ႏိုးရင္ေတာင္ အိပ္ခ်င္ေယာင္ေဆာင္ေနတာ အေကာင္းဆုံးပဲတဲ့။

သူတို႔ ဘာလို႔အဲဒီလိုေျပာလည္းဆိုေတာ့ အခုတေလာျဖစ္တဲ့ လူသတ္မႈတခ်ိဳ႕မွာ ပစၥည္းခိုးဖို႔ဆိုၿပီး က်ဴးလြန္သူက အိမ္ထဲဝင္တယ္။အိမ္ရွင္ေတြက သိသြားေတာ့ ရန္မူၿပီး လူသတ္မႈပါ က်ဴးလြန္ကုန္ၾကတယ္။ဒါေၾကာင့္မို႔ ျပည္သူတခ်ိဳ႕ရဲ႕စိတ္မွာ ခုနကေျပာခဲ့သလို အေတြးမ်ိဳးေတြ ဝင္လာတာျဖစ္ပါတယ္။အဓိက ကေတာ့ လူေတြရဲ႕ အေၾကာက္တရားက အခုေနာက္ပိုင္း ပိုတိုးပြားလာတာ ျဖစ္ပါတယ္။

လူတခ်ိဳ႕က တစ္ေယာက္နဲ႔ တစ္ေယာက္အၾကားမွာ သူ႔ကို ကိုယ္ေၾကာက္၊ ကိုယ့္ကို သူေၾကာက္ ဆိုသလို ဘယ္သူ႔ဘယ္သူမွ မယုံၾကေတာ့ပါဘူး။ခိုးဆိုးလုႏႈိက္နဲ႔ လူသတ္မႉေတြ၊ မုဒိမ္းမႈေတြကလည္း မၾကာခဏဆိုသလို ၾကားေနရေတာ့ တစ္ေယာက္ေပၚ တစ္ေယာက္ အယုံအၾကည္ကင္းမဲ့လာၾကတာ ျဖစ္ပါတယ္။ကုန္ကုန္ေျပာရင္ ေဆြးမ်ိဳးရင္းခ်ာခ်င္းေတာင္ မယုံရဲၾကပါဘူး။ဥပမာ မုဒိမ္းမႈေတြမွာ ကေလးသူငယ္ေတြအေပၚေရာ အ႐ြယ္ေရာက္ၿပီးသူေတြအေပၚမွာပါ က်ဴးလြန္သူေတြထဲ ေဆြးမ်ိဳးရင္းခ်ာေတြ ပါလာတာ ေတြ႕ရပါတယ္။အဲဒီလိုပဲ အျခားခိုးဆိုးလုႏႈိက္နဲ႔ လူသတ္မႈ က်ဴးလြန္သူေတြထဲမွာ ဓာတ္သိေတြ၊ ေဆြမ်ိဳးမိတ္ေဆြေတြ၊ မ်က္ႏွာသိ ရင္းႏွီးသူေတြ၊ ကိုယ့္အိမ္ကို မၾကာခဏဝင္ထြက္ဖူးတဲ့ လူယုံေတြက ပါဝင္ေနတာမို႔ တစ္ေယာက္ေပၚ တစ္ေယာက္ ဘယ္သူ႔ဘယ္သူကမွ မယုံရဲၾကေတာ့တာျဖစ္ပါတယ္။

ဒီႏိုင္ငံမွာက တစ္ခါတေလ ေနရင္းထိုင္ရင္း ေၾကာက္တတ္တာမ်ိဳးေတြလည္း ရွိပါတယ္။မိုးတြင္းလမ္းေလွ်ာက္ရင္ ေရအိုင္ျမင္ရင္ မနင္းရဲပါဘူး။ဓာတ္ႀကိဳးကျပတ္ၿပီး ေရအိုင္ထဲက်ေနတာ မသိဘဲ နင္းမိလို႔ ဓာတ္လိုက္ေသတဲ့သူေတြ ရွိခဲ့တာကိုး။လမ္းေပၚေရႀကီးရင္လည္း လမ္းေဘးကပ္ေလွ်ာက္ဖို႔ ေၾကာက္ရျပန္ပါတယ္။တခ်ိဳ႕ေျမာင္းေတြမွာ အဖုံးမရွိတတ္တာမို႔ ေျမာင္းထဲက်မွာစိုးလို႔ပါ။မိုး႐ြာ႐ြာ မ႐ြာ႐ြာ တစ္ခါတစ္ခါ လမ္းေလွ်ာက္ခ်ိန္မ်ားဆို ေတာင္ၾကည့္ေျမာက္ၾကည့္၊ ဟိုၾကည့္ဒီၾကည့္၊ အေပၚေတြကိုလည္း ၾကည့္ရပါတယ္။ကန္ထ႐ိုက္တိုက္ခန္းတခ်ိဳ႕ရဲ႕ ဝရန္တာေဘာင္ေတြအေပၚ တင္ၿပီးစိုက္ထားတဲ့ ပန္းအိုးေတြ၊ ဓာတ္တိုင္ေပၚက ဓာတ္ႀကိဳးေတြ၊ မေျဖာင့္တန္းေတာ့ဘဲ ဟိုယိုင္ဒီယိုင္ျဖစ္ေနတဲ့ ဓာတ္တိုင္ေတြက ကိုယ့္ေခါင္းေပၚ ဘယ္ေတာ့မ်ားျပဳတ္က်လာမလဲဆိုၿပီး ေတြးပူၾကရတဲ့သူေတြလည္း ရွိပါတယ္။ဒါတင္မကပါဘူး။အိမ္ျပင္မယ္၊ မီးျပင္မယ္ဆိုရင္ လက္သမားနဲ႔ ပန္းရံဆရာေတြ၊ မီးသမားေတြကို အိမ္ကို အလြယ္မေခၚရဲပါဘူး။လုသြားတယ္၊ ခိုးသြားတယ္၊ သတ္သြားတယ္ဆိုတဲ့သူေတြထဲမွာ အဲဒီလိုလူေတြလည္း ပါခဲ့ဖူးတာမို႔ပါ။ေရသန႔့္ဘူးမွာရင္ေတာင္ အိမ္မွာ လူႏွစ္ေယာက္ သုံးေယာက္ေလာက္ အနည္းဆုံးရွိမွ မွာရဲၾကေတာ့ပါတယ္။တစ္ေယာက္ထဲရွိတဲ့အခ်ိန္ ေရသန႔္မွာမိလို႔ ေရသန႔့္ပို႔တဲ့သူက ျပစ္မႉက်ဴးလြန္သြားတဲ့ သာဓကေတြကလည္း ရွိခဲ့တာမို႔ပါ။အဲဒီလိုပဲ တကၠစီငွားရင္လည္း ေမာင္းသူအေျခအေနကို အကဲခတ္ရပါတယ္။႐ိုး႐ိုးသားသားပုံ ေပါက္ရဲ႕လား၊ မူးေနတာလား၊ ကားေပၚမွာ အျခားလူတစ္ေယာက္ေယာက္ ပါေနေသးလား စသျဖင့္ အေျခအေနၾကည့္ၿပီးမွ ငွားရပါတယ္။ဒါေတာင္ တကၠစီငွားစီးတာ လမ္းေရာက္မွ ကားေနာက္ခန္းထဲ ပုန္းၿပီးလိုက္လာသူေတြက ထြက္လာၿပီး ပစၥည္းအလုခံရတာေတြကရွိေတာ့ ဒီေလာက္သတိထားၿပီး ေၾကာက္ေနကာမွ ေတာ္႐ုံက်မယ့္ သေဘာလည္း ျဖစ္ေနတာ ေတြ႕ရပါတယ္။ကိုယ္စိတ္ခ်တယ္ထင္လို႔ တကၠစီငွားစီးၿပီးၿပီဆိုရင္လည္း တခ်ိဳ႕ခရီးသည္က စိတ္ခ်လက္ခ်ေနၿပီး ကားေပၚမွာ အၿငိမ့္စားနဲ႔ ဇိမ္က်က် လိုက္ပါစီးနင္းသြားတယ္လို႔မ်ား မထင္လိုက္ပါနဲ႔။ကိုယ္ငွားစီးလိုက္တဲ့ ကားရဲ႕ နံပါတ္၊ ဒ႐ိုင္ဘာပုံစံ၊ ဘယ္ေနရာကေန ဘယ္အခ်ိန္စတက္တာေတြကို လက္ကိုင္ဖုန္းေလးသုံးၿပီး အိမ္က လူတစ္ေယာက္ေယာက္ဆီကို ကားေပၚကေန မက္ေဆ့လွမ္းပို႔တာေတြ လုပ္တဲ့သူေတြလည္း ရွိပါတယ္။

အဲဒီလိုပဲ အလုပ္ကိစၥနဲ႔ျဖစ္ျဖစ္ အျခားပုဂၢိဳလ္ေရးကိစ ၥတစ္ခုခုနဲ႔ျဖစ္ျဖစ္ မျဖစ္မေနမို႔ ညပိုင္းအျပင္ထြက္ရတာမ်ားႀကဳံရင္ တန္ဖိုးႀကီး လက္ဝတ္လက္စားေတြ ဝတ္မသြားရဲၾကတဲ့သူေတြ ရွိပါတယ္။တန္ဖိုးႀကီး လက္ဝတ္လက္စားေတြ ဝတ္မသြားရဲၾကတာတင္ မကပါဘူး။ဘုရားပြဲကဝယ္တဲ့ အတုေတြေတာင္ ညဘက္အျပင္ထြက္ခ်ိန္ ဝတ္မသြားရဲၾကတာေတြ ရွိပါတယ္။ပစၥည္းအစစ္ထင္ၿပီး လုတာယက္တာ ခံရမွာစိုးၾကလို႔ပါ။ပစၥည္းပါသြားတာထက္ ပစၥည္းေၾကာင့္ လူကို တစ္ခုခုအႏၲရာယ္ေပးသြားမွာကို စိုးထိတ္ၾကတာ ျဖစ္ပါတယ္။

ဒီလိုေတြေျပာလို႔ လက္သမားနဲ႔ ပန္းရံဆရာေတြ၊ မီးျပင္ဆရာေတြ၊ ေရသန႔္ပို႔သူေတြ၊ တကၠစီဆရာေတြ အားလုံးရဲ႕ ကိုယ္က်င့္တရားမေကာင္းတာ မဟုတ္ပါဘူး။သူတို႔ေတြထဲမွာ ႐ိုးသားသူေတြ ဒုနဲ႔ေဒးပါ။ငါးခုံးမတစ္ေကာင္ေၾကာင့္ တစ္ေလွလုံးပုပ္ ဆိုသလို အဲဒီအသက္ေမြးဝမ္းေက်ာင္း နာမည္ခံၿပီး မ႐ိုးမသား ျပစ္မႈက်ဴးလြန္သူေတြရွိခဲ့တာမို႔ အဲဒီလိုမ႐ိုးသားတဲ့သူေတြကို ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ အကုန္လုံးကို ေရာႀကိတ္ၿပီး မယုံၾကည္ၾကေတာ့တာ ျဖစ္ပါတယ္။လူတိုင္းကို ယုံတာထက္ မယုံတာက ပိုအႏၲရာယ္ကင္းတယ္ဆိုၿပီး ယူဆသူတခ်ိဳ႕ ရွိေနတာေၾကာင့္လည္း ျဖစ္ပါတယ္။ပန္းရံဆရာ၊ လက္သမားဆရာ၊ မီးျပင္ဆရာ၊ ေရသန႔္ပို႔သူနဲ႔ တကၠစီေမာင္းတဲ့ဆရာေတြထဲမွာ ႐ိုး႐ိုးသားသားနဲ႔ ကိုယ္က်င့္တရားေကာင္းသူေတြ အမ်ားႀကီးရွိတယ္ဆိုတာကို ျပည္သူအမ်ားစုက သိၿပီးသားျဖစ္ၾကပါတယ္။ဒါေပမယ့္ မေျပးေသာ္ ကန္ရာရွိ ဆိုသလို သံသယေလးထားမွ ကိုယ့္အတြက္ ပိုလုံၿခဳံမယ္ဆိုတဲ့ အသိတရားေလးက ရွိေနတာမို႔ ဘယ္သူ႔ကိုမွ မယုံရဲၾကေတာ့တဲ့သေဘာ ျဖစ္ပါတယ္။

အဲဒီေတာ့ နယ္ပယ္စုံ က႑စုံက ျပည္သူတခ်ိဳ႕ဟာ သူ႔ကို ကိုယ္မယုံ၊ ကိုယ့္ကို သူမယုံ ဆိုသလို အေၾကာက္တရားက ယုံၾကည္မႈကို တျဖည္းျဖည္းခ်ိဳးဖ်က္လိုက္သလို ျဖစ္လာပါတယ္။ယုံၾကည္မႈ ခ်ိဳးေဖာက္ခံရတာနဲ႔ ဆက္ႏြယ္တဲ့ မႈခင္းျဖစ္စဥ္ေတြကလည္း ရွိခဲ့တာမို႔ ဘယ္သူ႔ဘယ္သူကိုမွ အျပစ္တင္လို႔မရသလို ေနရာတိုင္း အလုပ္တိုင္း က႑တိုင္းမွာ ေကာင္းတဲ့သူေရာ မေကာင္းတဲ့သူေရာ ရွိေနႏိုင္ပါတယ္။တစ္ေယာက္ကို တစ္ေယာက္ ယုံၾကည္မႈေတြ ေလ်ာ့နည္းလာတဲ့ေနာက္ တခ်ိဳ႕က သိခ်င္ၾကတာရွိပါတယ္။ကိုယ့္အေပၚမွာ တစ္စုံတစ္ေယာက္က ျပစ္မႈက်ဴးလြန္လာခ်ိန္မွာ ရဲတိုင္ဖို႔ ပတ္ဝန္းက်င္ကို အကူအညီေတာင္းဖို႔ အေျခအေနမေပးတဲ့အခါ ကိုယ္ထိလက္ေရာက္ လက္တုန႔္ျပန္လိုက္ရင္ အဖမ္းခံရမွာလားဆိုၿပီး သိခ်င္ၾကတာျဖစ္ပါတယ္။အဲဒီလိုလူမ်ိဳးေတြက ႀကိဳတင္ကာကြယ္ေရး ပစၥည္းေတြကို အိမ္မွာ၊ ကားေပၚမွာအျပင္ ခႏၶာကိုယ္နဲ႔မကြာ ေဆာင္ထားေလ့ရွိပါတယ္။ေဘ့စ္ေဘာ႐ိုက္တဲ့ တုတ္လို၊ သံနဲ႔လုပ္ထားတဲ့ ေခါက္တုတ္လို၊ မ်က္စိကိုဖ်န္းတဲ့ စပေရးဘူးလို၊ က်င္စက္လို အစရွိသျဖင့္ မိမိကိုယ္ကိုယ္ ကာကြယ္တဲ့ ပစၥည္းေလးေတြကို ေဆာင္ထားၾကတာ ျဖစ္ပါတယ္။ဒီေနရာမွာ မိမိကိုယ္ကိုယ္ ကာကြယ္ခုခံပိုင္ခြင့္နဲ႔ ပတ္သက္လို႔ ဥပေဒက ဘယ္ေလာက္အတိုင္းအတာအထိ ခြင့္ျပဳထားလဲဆိုတာကို ျပန္လည္မွ်ေဝေပးခ်င္ပါတယ္။

ကာကြယ္ခုခံပိုင္ခြင့္အရ ျပဳလုပ္မႈဟာ ျပစ္မႈမေျမာက္ဘူးဆိုၿပီး ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၉၆ မွာ ဆိုပါတယ္။လူ႔ကိုယ္ကို ထိခိုက္က်ဴးလြန္တဲ့ ျပစ္မႈကို တားဆီးဖို႔ မိမိကိုယ္နဲ႔ အျခားသူရဲ႕ကိုယ္ကို ကာကြယ္ခုခံပိုင္ခြင့္ ရွိပါတယ္။ခိုးမႈ၊ လုယက္မႈ၊ အက်ိဳးဖ်က္ဆီးမႈ၊ ရာဇဝတ္ျပစ္ဒဏ္ထိုက္တဲ့ ေက်ာ္နင္းမႈ၊ အဲဒီလိုျပစ္မႈေတြကို က်ဴးလြန္ဖို႔ အားထုတ္တာကို တားဆီးဖို႔ မိမိပိုင္ျဖစ္ျဖစ္၊ သူတစ္ပါးပိုင္ျဖစ္ျဖစ္ ေ႐ႊ႕ေျပာင္းႏိုင္တဲ့ပစၥည္း၊ မေ႐ႊ႕ေျပာင္းႏိုင္တဲ့ပစၥည္းေတြကို ကာကြယ္ခုခံပိုင္ခြင့္ ရွိပါတယ္။ဒါေပမယ့္ ကာကြယ္ခုခံပိုင္ခြင့္ မရွိတဲ့ ျပဳလုပ္မႈေတြနဲ႔ ကာကြယ္ခုခံပိုင္ခြင့္ကို ဘယ္ေလာက္ထိပဲ ေဆာင္႐ြက္ခြင့္ရွိလဲဆိုတာကို သိထားဖို႔ လိုပါတယ္။

ေသေဘးကို ျဖစ္ေစရန္ေသာ္ လည္းေကာင္း၊ အျပင္းအထန္ နာက်င္ေစရန္ေသာ္ လည္းေကာင္း၊ စိုးရိမ္ေလာက္ဖြယ္ရာ အေၾကာင္းယုတၱိမရွိေသာ ျပဳလုပ္မႈကို ျပည္သူ႔ဝန္ထမ္းက ျပည္သူ႔ဝန္ထမ္းအျဖစ္ျဖင့္ သေဘာ႐ိုးႏွင့္ျပဳလုပ္လွ်င္ သို႔တည္းမဟုတ္ ျပဳလုပ္ရန္အားထုတ္လွ်င္ ထိုသို႔ျပဳလုပ္ျခင္း အားထုတ္ျခင္း တစ္ခုခုသည္ ဥပေဒအရ ျပဳပိုင္ခြင့္ အတိအက်မရွိေသာ္လည္း ထိုျပဳလုပ္မႈ အားထုတ္မႈ တစ္ခုခုကို တားဆီးရန္ ကာကြယ္ခုခံပိုင္ခြင့္မရွိ။ေသေဘးကို ျဖစ္ေစရန္ေသာ္ လည္းေကာင္း အျပင္းအထန္ နာက်င္ေစရန္ေသာ္ လည္းေကာင္း စိုးရိမ္ေလာက္ဖြယ္ရာ အေၾကာင္းယုတၱိမရွိေသာ ျပဳလုပ္မႈကို ျပည္သူ႔ဝန္ထမ္းက ျပည္သူ႔ဝန္ထမ္းအျဖစ္ျဖင့္ သေဘာ႐ိုးႏွင့္ ၫႊန္ၾကားသည့္အတိုင္း တစ္ဦးတစ္ေယာက္က ျပဳလုပ္လွ်င္ သို႔မဟုတ္ ျပဳလုပ္ရန္ အားထုတ္လွ်င္ ထိုၫႊန္ၾကားခ်က္သည္ ဥပေဒအရ ျပဳပိုင္ခြင့္ အတိအက်မရွိေသာ္လည္း ထိုျပဳလုပ္မႈကို တားဆီးရန္ ကာကြယ္ခုခံပိုင္ခြင့္မရွိ။ျပည္သူ႔ဝန္ထမ္း အာဏာပိုင္တို႔ထံမွ အကာအကြယ္ အေစာင့္အေရွာက္ရႏိုင္ရန္ တိုင္တန္းခြင့္အခ်ိန္ရွိသည့္ ကိစၥမ်ားတြင္ ကာကြယ္ခုခံပိုင္ခြင့္မရွိ။ကာကြယ္ခုခံရာတြင္ ကာကြယ္ခုခံေသာ သေဘာျဖင့္ ေဘးအႏၲရာယ္ျပဳရန္ လိုအပ္သည္ထက္ ပို၍ျပဳခြင့္မရွိ။စသျဖင့္ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၉၉ မွာ အဲဒီလိုေတြျပဌာန္းထားတာ ျဖစ္ပါတယ္။

ေနာက္တစ္ခုေျပာလိုတာက လူ႔ကိုယ္ကို ကာကြယ္ခုခံတဲ့ေနရာမွာ ဘယ္လိုအခ်ိန္မ်ိဳးမွာ တစ္ဘက္လူကို ေသေစတဲ့အထိ လုပ္ခြင့္ရွိလဲဆိုတာကို ေျပာပါမယ္။အဲဒီလို တစ္ဘက္လူကို ေသေစတဲ့အထိ လူ႔ကိုယ္ကိုယ္ကို ကာကြယ္ခုခံခြင့္ရွိတဲ့ အေၾကာင္းအခ်က္ ေျခာက္ခ်က္ရွိပါတယ္။

ပထမအခ်က္က မကာကြယ္မခုခံရင္ ေသေဘးကို ေရာက္ေစဖို႔အတြက္ စိုးရိမ္ဖြယ္ရာရွိေလာက္ေအာင္ အေၾကာင္းရွိတဲ့ လက္ေရာက္မႈ။

ဒုတိယအခ်က္က မကာကြယ္မခုခံရင္ အျပင္းအထန္ နာက်င္ေစဖို႔အတြက္ စိုးရိမ္ဖြယ္ရာရွိေလာက္ေအာင္ အေၾကာင္းရွိတဲ့ လက္ေရာက္မႈ။

တတိယအခ်က္က မုဒိမ္းက်င့္ဖို႔ အႀကံအစည္နဲ႔ က်ဴးလြန္ဖို႔ လက္ေရာက္မႈ။

စတုတၳအခ်က္က ကာမရာဂစိတ္ကို ဓမၼတာအတိုင္း မဟုတ္ဘဲ ေရာင့္ရဲေအာင္ ျပဳလုပ္ဖို႔အႀကံနဲ႔ က်ဴးလြန္တဲ့ လက္ေရာက္မႈ။

ပၪၥမအခ်က္က လူကိုခိုးယူဖို႔ အႀကံနဲ႔ျဖစ္ျဖစ္၊ ေသြးေဆာင္ေခၚယူဖို႔ အႀကံနဲ႔ျဖစ္ျဖစ္၊ က်ဴးလြန္တဲ့ လက္ေရာက္မႈ။

ဆဌမအခ်က္က လြတ္ေျမာက္ေရးအတြက္ ျပည္သူ႔ဝန္ထမ္း အာဏာပိုင္တို႔ထံ တိုင္တန္းႏိုင္ခြင့္ မရႏိုင္ဟု စိုးရိမ္ဖြယ္ရာျဖစ္ေလာက္ေအာင္ အေၾကာင္းကိုျဖစ္ေစ ၿပီးရင္ တစ္ဦးတစ္ေယာက္ကို မတရားခ်ဳပ္ေႏွာင္ထားဖို႔ အႀကံနဲ႔ က်ဴးလြန္တဲ့ လက္ေရာက္မႈ။

အဲဒီလိုအထက္မွာေျပာခဲ့တဲ့ အခ်က္ေျခာက္ခ်က္ထဲက ျပစ္မႈတစ္ခုခုကို အႏၲရာယ္ျပဳသူက က်ဴးလြန္ခဲ့ရင္ အဲဒီအႏၲရာယ္ျပဳသူကို ေသေစဖို႔ျဖစ္ျဖစ္၊ အျခားေဘးအႏၲရာယ္တစ္ခုခု ျဖစ္ေစဖို႔ျဖစ္ျဖစ္ ဘယ္သူမဆို မိမိအလိုအေလ်ာက္ လူ႔ကိုယ္ကို ကာကြယ္ခုခံပိုင္ခြင့္ ရွိပါတယ္။

ေနာက္တစ္ခုေျပာလိုတာက ပစၥည္းကို ကာကြယ္ခုခံတဲ့ေနရာမွာ ဘယ္လိုအခ်ိန္မ်ိဳးမွာ တစ္ဘက္လူကို ေသေစတဲ့အထိ လုပ္ခြင့္ရွိလဲဆိုတာကို ေျပာပါမယ္။

လုယက္မႈ။ညဥ့္အခါ အိမ္ေဖာက္ထြင္းမႈ။လူေနရန္ျဖစ္ျဖစ္၊ ဥစၥာပစၥည္း ထားသိုရန္ျဖစ္ျဖစ္ အသုံးျပဳတဲ့ တိုက္အိမ္ စတဲ့ အေဆာက္အအုံ၊ တဲ၊ ေရယာဥ္တစ္ခုခုမွာ က်ဴးလြန္တဲ့ မီးနဲ႔အက်ိဳးဖ်က္ဆီးမႉ။မကာကြယ္မခုခံဘဲေနရင္ ေသေဘးကို ဒါမွမဟုတ္ အျပင္းအထန္ နာက်င္ျခင္းခံရမွာကို စိုးရိမ္ဖို႔အေၾကာင္းရွိေအာင္ က်ဴးလြန္တဲ့ ခိုးမႈ၊ ဒါမွမဟုတ္ အက်ိဳးဖ်က္ဆီးမႈ ဒါမွမဟုတ္ အိမ္ေက်ာ္နင္းမႈ။စတဲ့ အဲဒီျပစ္မႈေတြထဲက တစ္ခုခုကို မေတာ္မမွန္ျပဳသူက က်ဴးလြန္ရင္ ဒါမွမဟုတ္ က်ဴးလြန္ဖို႔ အားထုတ္ရင္ အဲဒီမေတာ္မမွန္ျပဳသူကို ေသေစဖို႔ျဖစ္ျဖစ္၊ အျခားအႏၲရာယ္ ျဖစ္ေစဖို႔ျဖစ္ျဖစ္ ဘယ္သူမဆို မိမိအလိုအေလ်ာက္ ပစၥည္းကို ကာကြယ္ခုခံပိုင္ခြင့္ ရွိပါတယ္။

ေနာက္ဆုံးအေနနဲ႔ ေျပာလိုတာက လူ႔ကိုယ္ကို ကာကြယ္ခုခံပိုင္ခြင့္ စတင္ျဖစ္ေပၚတဲ့ အခ်ိန္နဲ႔ ဆက္လက္တည္ရွိေနမယ့္ ကာလအပိုင္းအျခား ျဖစ္ပါတယ္။ျပစ္မႉက်ဴးလြန္တာ မရွိေသးေပမယ့္ ျပစ္မႉက်ဴးလြန္ဖို႔ အားထုတ္တာကေနျဖစ္ျဖစ္ ၿခိမ္းေျခာက္တာကေနျဖစ္ျဖစ္ လူ႔ကိုယ္ကို ေဘးအႏၲရာယ္ျဖစ္ေစဖို႔အတြက္ စိုးရိမ္ဖြယ္ရာအေၾကာင္း ေပၚေပါက္လာတာနဲ႔ တစ္ၿပိဳင္နက္ လူ႔ကိုယ္ကို ခုခံပိုင္ခြင့္ဟာ စတင္ျဖစ္ေပၚလာပါတယ္။ဒါ့ျပင္ အဲဒီေဘးအႏၲရာယ္အတြက္ စိုးရိမ္ဖြယ္ရာအေၾကာင္း ဆက္လက္တည္ရွိေနသမွ် ကာလပတ္လုံး လူ႔ကိုယ္ကို ကာကြယ္ခုခံပိုင္ခြင့္ကလည္း ဆက္လက္တည္ရွိေနမွာ ျဖစ္ပါတယ္။ဒီလိုမ်ိဳးကာကြယ္ခုခံပိုင္ခြင့္ေတြနဲ႔ ပတ္သက္လို႔ ရာဇသတ္ႀကီးဥပေဒထဲမွာ ျပဌာန္းထားတာ ျဖစ္ပါတယ္။

ဒါေၾကာင့္မို႔ လူ႔ကိုယ္နဲ႔ပစၥည္းကို ဘယ္လိုအခ်ိန္မွာ ဘယ္ေလာက္အတိုင္းအတာအထိ ကာကြယ္ခုခံပိုင္ခြင့္ရွိလဲဆိုတာကို သိထားၿပီး ျပစ္မႉက်ဴးလြန္ခံရတာေတြနဲ႔ ႀကဳံလာတဲ့အခါ မိမိအသက္အိုးအိမ္စည္းစိမ္ အက်ိဳးစီးပြားကို အေကာင္းဆုံးကာကြယ္ႏိုင္ၾကပါေစေၾကာင္း ဆႏၵျပဳဆုေတာင္းရင္းနဲ႔ ဥပေဒကေပးထားတဲ့ ကာကြယ္ခုခံပိုင္ခြင့္ေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

သာဓက
ၾသဂုတ္ - ၁၅