【 ဆောင်းပါး 】 ''အစိုးရကို အပြစ်တင်ခွင့်ရှိလား''

【 ဆောင်းပါး 】 ''အစိုးရကို အပြစ်တင်ခွင့်ရှိလား''

ဥပဒေနဲ့ အလှမ်းဝေးတဲ့ ပြည်သူအချို့က ထင်ကြတယ်။အစိုးရအဖွဲ့ဝင်တွေကို တရားဝင် အပြစ်တင်လို့ မရဘူးပေါ့။အပြစ်တင်ဖို့ရာ ဥပဒေပြဌာန်းချက်တွေ မရှိဘူးလို့ ယူဆကြတယ်။အပြစ်တင်ချင်ရင်တောင် လူမသိသူမသိ အတင်းပြောနည်းက အကောင်းဆုံးနည်းလို့ ထင်ကြတယ်။

တကယ်က အဲဒီလိုမဟုတ်ပါဘူး။လက်ရှိ မြန်မာနိုင်ငံက ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတဲ့ နိုင်ငံပါ။အဲဒါနဲ့ အားလျော်စွာပဲ ပွင့်လင်းမြင်သာမှုရှိအောင် တက်လာတဲ့ အစိုးရတိုင်းက တတ်နိုင်သမျှ ကြိုးစားရမှာ ဖြစ်ပါတယ်။ဒါကြောင့် လည်း အစိုးရအဆက်ဆက် အစိုးရအဖွဲ့ဝင် တစ်ဦးဦးက မဟုတ်တာတွေ လုပ်မယ်ဆိုရင် တရားဝင် စွပ်စွဲပြစ်တင် ဖြုတ်ချလို့ရအောင် ပြဌာန်းထားတဲ့ ဥပဒေက ရှိပြီးသား ဖြစ်ပါတယ်။

ဘယ်ဥပဒေနဲ့ စွပ်စွဲပြစ်တင်မလဲ

အစိုးရအဖွဲ့ဝင် တစ်ဦးဦးကို ဥပဒေနဲ့အညီ တရားဝင် စွပ်စွဲပြစ်တင်နိုင်ဖို့ရာ ပြဌာန်းထားတဲ့ ဥပဒေက အထူးဥပဒေမျိုးနဲ့တောင် မဟုတ်ပါဘူး။မြန်မာနိုင်ငံမှာရှိတဲ့ ဥပဒေအားလုံးရဲ့ အထွဋ်အထိပ်လို့ ပြောလို့ရတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာကို ထည့်သွင်းပြဌာန်းထားတာ ဖြစ်ပါတယ်။

စွပ်စွဲပြစ်တင်ခြင်း အခန်းဆိုပြီး သီးသန့်ပြဌာန်းထားတာမျိုး မဟုတ်လို့သာ အများစုက သတိမထားမိတာ ဖြစ်ပါလိမ့်မယ်။ဥပဒေပညာရှင်တွေ၊ ဥပဒေ လေ့လာလိုက်စားသူတွေကတော့ သိကြတာ များပါတယ်။

အစိုးရအဖွဲ့ထဲမှာပါတဲ့ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတနှစ်ဦး အပါအဝင်၊ ပြည်ထောင်စုဝန်ကြီးတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးတွေကို ဥပဒေနဲ့အညီ တရားဝင် စွပ်စွဲပြစ်တင်နိုင်ဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ထည့်သွင်းပြဌာန်းပေးထားတာ ဖြစ်ပါတယ်။

ပြည်ထောင်စုရှေ့နေချုပ်နဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်တွေကိုလည်း ဥပဒေနဲ့အညီ စွပ်စွဲပြစ်တင်နိုင်ပါတယ်။တစ်ခုတော့ ရှိပါတယ်။အစိုးရကို သိက္ခာကျစေရုံ မမှန်မကန် စွပ်စွဲပြစ်တင်ချင်လို့တော့ မရပါဘူး။အစိုးရအဖွဲ့မှာပါတဲ့ အာဏာပိုင်တွေကိုယ်တိုင် တကယ်ကို  မဟုတ်တာ မမှန်တာတွေ လုပ်မှသာ စွပ်စွဲပြစ်တင်နိုင်မှာ ဖြစ်ပါတယ်။စွပ်စွဲပြစ်တင်တိုင်းလည်း အရေးယူခံရမှာ မဟုတ်ပါဘူး။စွပ်စွဲပြစ်တင်ချက်တွေအပေါ်မှာ ဥပဒေနဲ့အညီ အဆင့်ဆင့်စစ်ဆေး ဆုံးဖြတ်ပြီးမှ အရေးယူနိုင်အောင် ဥပဒေက စနစ်တကျပြဌာန်းထားတာ ဖြစ်ပါတယ်။

သမ္မတနဲ့ ဒုတိယသမ္မတတွေကို စွပ်စွဲပြစ်တင်ချင်ရင်

နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတတွေကို စွပ်စွဲပြစ်တင်တာနဲ့ ပတ်သက်လို့ အရင်ဆုံးရှင်းပြလိုပါတယ်။

နိုင်ငံတော်သမ္မတကိုဖြစ်ဖြစ်၊ ဒုတိယသမ္မတ တစ်ဦးဦးကိုဖြစ်ဖြစ် အကြောင်းအချက် ငါးရပ်နဲ့ စွပ်စွဲပြစ်တင်နိုင်မှာ ဖြစ်ပါတယ်။

(၁) နိုင်ငံတော်ရဲ့ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်တာ၊
(၂) ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်ကျူးလွန်တာ၊
(၃) အကျင့်သိက္ခာ ပျက်ပြားတာ၊
(၄) ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ နိုင်ငံတော်သမ္မတ ဒါမှမဟုတ် ဒုတိယသမ္မတရဲ့ အရည်အချင်း ပျက်ယွင်းတာ၊
(၅) ဥပဒေအရ ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်စွာ မဆောင်ရွက်တာ။

အဲဒီအချက်တွေနဲ့ ငြိစွန်းဖောက်ဖျက်မိမယ်ဆိုရင်တော့ စွပ်စွဲပြစ်တင်နိုင်တယ်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၇၁ မှာ ဆိုပါတယ်။

နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတ တစ်ဦးဦးကို စွပ်စွဲပြစ်တင်ချင်တယ်ဆိုရင် ပြည်ထောင်စုလွှတ်တော်မှာ ပါဝင်တဲ့ လွှတ်တော်နှစ်ရပ်မှ လွှတ်တော်တစ်ရပ်ရပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံး လေးပုံတစ်ပုံက လက်မှတ်ရေးထိုးပြီး မိမိတို့ရဲ့ စွပ်စွဲချက်ကို သက်ဆိုင်ရာ လွှတ်တော်အကြီးအမှူးထံ တင်ပြရမှာ ဖြစ်ပါတယ်။

အဲဒီ စွပ်စွဲချက်ကို သက်ဆိုင်ရာ လွှတ်တော်ရဲ့ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံး သုံးပုံနှစ်ပုံက ထောက်ခံမှပဲ ဆက်လက်အရေးယူ ဆောင်ရွက်ရမှာပါ။

လွှတ်တော်တစ်ရပ်ရပ်က စွပ်စွဲချက်ကို အရေးယူဆောင်ရွက်ဖို့ ထောက်ခံရင် အခြားလွှတ်တော်တစ်ရပ်က အဲဒီစွပ်စွဲချက်ကို အဖွဲ့ ဖွဲ့ပြီး စုံစမ်းစစ်ဆေးရပါမယ်။စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးတဲ့အခါ နိုင်ငံတော်သမ္မတ ဒါမှမဟုတ် ဒုတိယသမ္မတ ကိုယ်တိုင်ဖြစ်ဖြစ်၊ ကိုယ်စားလှယ်နဲ့ဖြစ်ဖြစ် ချေပခွင့်ပေးရမှာ ဖြစ်ပါတယ်။

စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးပြီးတဲ့အခါ စွပ်စွဲချက်ကို စစ်ဆေးတဲ့ ဒါမှမဟုတ် စုံစမ်းစစ်ဆေးစေတဲ့ လွှတ်တော်ရဲ့ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံး သုံးပုံနှစ်ပုံက အဲဒီစွပ်စွဲချက်ဟာ မှန်ကန်ပြီး စွပ်စွဲခံရတဲ့ ပြစ်မှုဟာ နိုင်ငံတော်သမ္မတ ဒါမှမဟုတ် ဒုတိယသမ္မတကို ရာထူးမှာ ဆက်လက်ထမ်းရွက်စေဖို့ မသင့်ဘူးလို့ ဆုံးဖြတ်ရင် စွပ်စွဲခံရတဲ့ နိုင်ငံတော်သမ္မတ ဒါမှမဟုတ် ဒုတိယသမ္မတကို ရာထူးကနေ ရပ်စဲဖို့ အဲဒီလွှတ်တော်က ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ တင်ပြရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော် အကြီးအမှူးက တင်ပြချက် ရရှိတဲ့အခါ ချက်ချင်းဆိုသလို စွပ်စွဲခံရတဲ့ နိုင်ငံတော်သမ္မတ ဒါမှမဟုတ် ဒုတိယသမ္မတကို ရာထူးကနေ ရပ်စဲတယ်လို့ ကြေညာရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး စွပ်စွဲပြစ်တင်နည်း

ပြည်ထောင်စုဝန်ကြီး တစ်ဦးဦးကို စွပ်စွဲပြစ်တင်ချင်ရင်လည်း အကြောင်းအချက် ငါးချက်အပေါ်မှာ မူတည်ပြီး စွပ်စွဲပြစ်တင်နိုင်မှာ ဖြစ်ပါတယ်။

(၁) နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်တာ။
(၂) ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်တာ။
(၃) အကျင့်သိက္ခာ ပျက်ပြားတာ။
(၄) ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ သတ်မှတ်ထားတဲ့ ပြည်ထောင်စုဝန်ကြီးရဲ့ အရည်အချင်း ပျက်ယွင်းတာ၊
(၅) ဥပဒေအရ ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်စွာ မဆောင်ရွက်တာ။

အဲဒီအချက်တွေနဲ့ ငြိစွန်းဖောက်ဖျက်မိမယ်ဆိုရင်တော့ စွပ်စွဲ ပြစ်တင်နိုင်တယ်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၃၃ မှာ ဆိုပါတယ်။

ပြည်ထောင်စုဝန်ကြီး တစ်ဦးဦးအပေါ် စွပ်စွဲပြစ်တင်လိုရင် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတကို စွပ်စွဲပြစ်တင်ခြင်းဆိုင်ရာ ပုဒ်မ ၇၁ ပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ရမှာပဲ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး တစ်ဦးဦးအပေါ် စွပ်စွဲပြစ်တင်မှုဟာ မှန်ကန်ပြီး စွပ်စွဲခံရသူဟာ ပြည်ထောင်စုဝန်ကြီး ရာထူးမှာ ဆက်လက် တာဝန်ထမ်းဆောင်စေဖို့ မသင့်ဘူးလို့ စုံစမ်းစစ်ဆေးတဲ့ လွှတ်တော်က ဆုံးဖြတ်တင်ပြရင် နိုင်ငံတော်သမ္မတက စွပ်စွဲပြစ်တင်ခြင်းခံရတဲ့ ပြည်ထောင်စုဝန်ကြီးကို တာဝန်က ရပ်စဲရမှာပါ။

စွပ်စွဲပြစ်တင်မှုဟာ မမှန်ကန်ဘူးလို့  စုံစမ်းစစ်ဆေးတဲ့ လွှတ်တော်က ဆုံးဖြတ်ရင် အဲဒီလို ဆုံးဖြတ်ကြောင်း သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတထံ တင်ပြအစီရင်ခံရပါမယ်။

နိုင်ငံတော်သမ္မတက ပေးအပ်တဲ့ တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်တဲ့ ပြည်ထောင်စုဝန်ကြီး ဒါမှမဟုတ် ဒုတိယဝန်ကြီး တစ်ဦးဦးကို ရာထူးကနေ နုတ်ထွက်ဖို့ သူ့သဘောတစ်ခုတည်းနဲ့လည်း ညွှန်ကြားနိုင်ပါသေးတယ်။

ညွှန်ကြားတဲ့အတိုင်း မလိုက်နာရင် တာဝန်ကနေ ရပ်စဲရမှာ ဖြစ်ပါတယ်။ရာထူးကနေ နုတ်ထွက်ရမယ့် ဒါမှမဟုတ် တာဝန်ကနေ ရပ်စဲခံရမည့် တပ်မတော်သား ပြည်ထောင်စုဝန်ကြီး ဒါမှမဟုတ် ဒုတိယဝန်ကြီးနဲ့ ပတ်သက်ရင်တော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ညှိနှိုင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ရှေ့နေချုပ်နဲ့ စာရင်းစစ်ချုပ်

ပြည်ထောင်စုရှေ့နေချုပ်နဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်ကို စွပ်စွဲပြစ်တင်ချင်ရင် ပြည်ထောင်စုဝန်ကြီး တစ်ဦးဦးကို စွပ်စွဲပြစ်တင်ခြင်းဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၃၃ မှာရှိတဲ့ ပြဋ္ဌာန်းချက်တွေအတိုင်း ဆောင်ရွက်ရပါတယ်။

တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်နဲ့ ဝန်ကြီး

တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ဝန်ကြီး တစ်ဦးဦးကို စွပ်စွဲပြစ်တင်ချင်ရင် အထက်ကပြောခဲ့သလိုပဲ နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်တာ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်တာ၊ အကျင့်သိက္ခာ ပျက်ပြားတာ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတို့ရဲ့ အရည်အချင်း ပျက်ယွင်းတာ၊ ဥပဒေအရ ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်စွာ မဆောင်ရွက်တာ အဲဒီအချက်တွေပေါ်မှာ မူတည်ပြီး စွပ်စွဲပြစ်တင်နိုင်မှာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်နဲ့ ဝန်ကြီး တစ်ဦးဦးကို အထက်ဖော်ပြပါ အကြောင်းတစ်ရပ်ရပ်နဲ့ စွပ်စွဲပြစ်တင်လိုရင် သက်ဆိုင်ရာ တိုင်းဒေသကြီးလွှတ်တော် ဒါမှမဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံး လေးပုံတစ်ပုံက လက်မှတ်ရေးထိုးပြီး မိမိတို့ရဲ့ စွပ်စွဲချက်ကို သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရမှာ ဖြစ်ပါတယ်။

သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌက စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပြီး စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးစေရပါမယ်။
စုံစမ်းစစ်ဆေးရမယ့် လုပ်ငန်းပမာဏကို ထောက်ရှုပြီး စုံစမ်းစစ်ဆေးမှု ပြီးစီးရမယ့် ကာလကိုလည်း သတ်မှတ်ပေးရပါမယ်။

စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးတဲ့အခါ စွပ်စွဲပြစ်တင်ခြင်းခံရတဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတို့ကို ကိုယ်တိုင်ဖြစ်ဖြစ်၊ ကိုယ်စားလှယ်နဲ့ဖြစ်ဖြစ် ချေပခွင့်ပေးရမှာ ဖြစ်ပါတယ်။သက်ဆိုင်ရာ တိုင်းဒေသကြီးလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်ရဲ့ စွပ်စွဲပြစ်တင်မှုနဲ့ စပ်လျဉ်းပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့က စုံစမ်းစစ်ဆေး တွေ့ရှိချက်တွေကို တင်ပြလာရင် လွှတ်တော်ဥက္ကဋ္ဌက သက်ဆိုင်ရာ လွှတ်တော်ကို တင်ပြရပါမယ်။

သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ အနည်းဆုံး သုံးပုံနှစ်ပုံက စွပ်စွဲပြစ်တင်မှုဟာ မှန်ကန်ပြီး စွပ်စွဲခံရသူဟာ ရာထူးမှာ ဆက်လက်ထမ်းရွက်စေဖို့ မသင့်ကြောင်း ဆုံးဖြတ်ရင် ဥက္ကဋ္ဌက အဲဒီဆုံးဖြတ်ချက်ကို နိုင်ငံတော်သမ္မတထံ တင်ပြအစီရင်ခံရမှာပါ။

နိုင်ငံတော်သမ္မတက တင်ပြချက်ရရှိရင် စွပ်စွဲပြစ်တင်ခြင်း ခံရတဲ့သူကို ရာထူးကနေ ရပ်စဲရမှာ ဖြစ်ပါတယ်။စွပ်စွဲပြစ်တင်မှုက မမှန်ကန်ကြောင်း သက်ဆိုင်ရာ လွှတ်တော်က ဆုံးဖြတ်ရင်တော့ အဲဒီလိုဆုံးဖြတ်တာကို လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတထံ တင်ပြအစီရင်ခံရမှာ ဖြစ်ပါတယ်။

သတိပြုရမှာက စွပ်စွဲပြစ်တင်ခွင့်ကို ပြည်သူတွေက တိုက်ရိုက်ရရှိမှာ မဟုတ်ပါဘူး။သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေကသာ ရရှိမှာဖြစ်ပါတယ်။အဲဒီတော့ ပြည်သူတွေက အစိုးရအဖွဲ့ရဲ့ တာဝန်ရှိသူ အာဏာပိုင်တစ်ဦးဦးနဲ့ ပတ်သက်ပြီး စွပ်စွဲပြစ်တင်စရာ ခိုင်မာတဲ့ အကြောင်းအချက်တွေ ရှိခဲ့မယ်ဆိုရင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေကနေတစ်ဆင့် ချိတ်ဆက်ဆောင်ရွက် စွပ်စွဲပြစ်တင်ခွင့်ရှိမယ် ဆိုတာကို အပြုသဘောဆောင် အကြံပြုမျှဝေရင်း. . . .။

သာဓက
ဒီဇင်ဘာ - ၅

( Zawgyi )

ဥပေဒနဲ႔ အလွမ္းေဝးတဲ့ ျပည္သူအခ်ိဳ႕က ထင္ၾကတယ္။အစိုးရအဖြဲ႕ဝင္ေတြကို တရားဝင္ အျပစ္တင္လို႔ မရဘူးေပါ့။အျပစ္တင္ဖို႔ရာ ဥပေဒျပဌာန္းခ်က္ေတြ မရွိဘူးလို႔ ယူဆၾကတယ္။အျပစ္တင္ခ်င္ရင္ေတာင္ လူမသိသူမသိ အတင္းေျပာနည္းက အေကာင္းဆုံးနည္းလို႔ ထင္ၾကတယ္။

တကယ္က အဲဒီလိုမဟုတ္ပါဘူး။လက္ရွိ ျမန္မာႏိုင္ငံက ပါတီစုံ ဒီမိုကေရစီစနစ္ကို က်င့္သုံးေနတဲ့ ႏိုင္ငံပါ။အဲဒါနဲ႔ အားေလ်ာ္စြာပဲ ပြင့္လင္းျမင္သာမႈရွိေအာင္ တက္လာတဲ့ အစိုးရတိုင္းက တတ္ႏိုင္သမွ် ႀကိဳးစားရမွာ ျဖစ္ပါတယ္။ဒါေၾကာင့္ လည္း အစိုးရအဆက္ဆက္ အစိုးရအဖြဲ႕ဝင္ တစ္ဦးဦးက မဟုတ္တာေတြ လုပ္မယ္ဆိုရင္ တရားဝင္ စြပ္စြဲျပစ္တင္ ျဖဳတ္ခ်လို႔ရေအာင္ ျပဌာန္းထားတဲ့ ဥပေဒက ရွိၿပီးသား ျဖစ္ပါတယ္။

ဘယ္ဥပေဒနဲ႔ စြပ္စြဲျပစ္တင္မလဲ

အစိုးရအဖြဲ႕ဝင္ တစ္ဦးဦးကို ဥပေဒနဲ႔အညီ တရားဝင္ စြပ္စြဲျပစ္တင္ႏိုင္ဖို႔ရာ ျပဌာန္းထားတဲ့ ဥပေဒက အထူးဥပေဒမ်ိဳးနဲ႔ေတာင္ မဟုတ္ပါဘူး။ျမန္မာႏိုင္ငံမွာရွိတဲ့ ဥပေဒအားလုံးရဲ႕ အထြဋ္အထိပ္လို႔ ေျပာလို႔ရတဲ့ ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံ အေျခခံဥပေဒမွာကို ထည့္သြင္းျပဌာန္းထားတာ ျဖစ္ပါတယ္။

စြပ္စြဲျပစ္တင္ျခင္း အခန္းဆိုၿပီး သီးသန႔္ျပဌာန္းထားတာမ်ိဳး မဟုတ္လို႔သာ အမ်ားစုက သတိမထားမိတာ ျဖစ္ပါလိမ့္မယ္။ဥပေဒပညာရွင္ေတြ၊ ဥပေဒ ေလ့လာလိုက္စားသူေတြကေတာ့ သိၾကတာ မ်ားပါတယ္။

အစိုးရအဖြဲ႕ထဲမွာပါတဲ့ ႏိုင္ငံေတာ္သမၼတ၊ ဒုတိယသမၼတႏွစ္ဦး အပါအဝင္၊ ျပည္ေထာင္စုဝန္ႀကီးေတြ၊ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေတြ၊ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ဝန္ႀကီးေတြကို ဥပေဒနဲ႔အညီ တရားဝင္ စြပ္စြဲျပစ္တင္ႏိုင္ဖို႔ ဖြဲ႕စည္းပုံ အေျခခံဥပေဒမွာ ထည့္သြင္းျပဌာန္းေပးထားတာ ျဖစ္ပါတယ္။

ျပည္ေထာင္စုေရွ႕ေနခ်ဳပ္နဲ႔ ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္ေတြကိုလည္း ဥပေဒနဲ႔အညီ စြပ္စြဲျပစ္တင္ႏိုင္ပါတယ္။တစ္ခုေတာ့ ရွိပါတယ္။အစိုးရကို သိကၡာက်ေစ႐ုံ မမွန္မကန္ စြပ္စြဲျပစ္တင္ခ်င္လို႔ေတာ့ မရပါဘူး။အစိုးရအဖြဲ႕မွာပါတဲ့ အာဏာပိုင္ေတြကိုယ္တိုင္ တကယ္ကို  မဟုတ္တာ မမွန္တာေတြ လုပ္မွသာ စြပ္စြဲျပစ္တင္ႏိုင္မွာ ျဖစ္ပါတယ္။စြပ္စြဲျပစ္တင္တိုင္းလည္း အေရးယူခံရမွာ မဟုတ္ပါဘူး။စြပ္စြဲျပစ္တင္ခ်က္ေတြအေပၚမွာ ဥပေဒနဲ႔အညီ အဆင့္ဆင့္စစ္ေဆး ဆုံးျဖတ္ၿပီးမွ အေရးယူႏိုင္ေအာင္ ဥပေဒက စနစ္တက်ျပဌာန္းထားတာ ျဖစ္ပါတယ္။

သမၼတနဲ႔ ဒုတိယသမၼတေတြကို စြပ္စြဲျပစ္တင္ခ်င္ရင္

ႏိုင္ငံေတာ္သမၼတနဲ႔ ဒုတိယသမၼတေတြကို စြပ္စြဲျပစ္တင္တာနဲ႔ ပတ္သက္လို႔ အရင္ဆုံးရွင္းျပလိုပါတယ္။

ႏိုင္ငံေတာ္သမၼတကိုျဖစ္ျဖစ္၊ ဒုတိယသမၼတ တစ္ဦးဦးကိုျဖစ္ျဖစ္ အေၾကာင္းအခ်က္ ငါးရပ္နဲ႔ စြပ္စြဲျပစ္တင္ႏိုင္မွာ ျဖစ္ပါတယ္။

(၁) ႏိုင္ငံေတာ္ရဲ႕ေက်းဇူးသစၥာေတာ္ကို ေဖာက္ဖ်က္တာ၊
(၂) ဖြဲ႕စည္းပုံ အေျခခံဥပေဒပါ ျပ႒ာန္းခ်က္ေတြကို ေဖာက္ဖ်က္က်ဴးလြန္တာ၊
(၃) အက်င့္သိကၡာ ပ်က္ျပားတာ၊
(၄) ဖြဲ႕စည္းပုံ အေျခခံဥပေဒမွာ ျပ႒ာန္းထားတဲ့ ႏိုင္ငံေတာ္သမၼတ ဒါမွမဟုတ္ ဒုတိယသမၼတရဲ႕ အရည္အခ်င္း ပ်က္ယြင္းတာ၊
(၅) ဥပေဒအရ ေပးအပ္တဲ့ တာဝန္ေတြကို ေက်ပြန္စြာ မေဆာင္႐ြက္တာ။

အဲဒီအခ်က္ေတြနဲ႔ ၿငိစြန္းေဖာက္ဖ်က္မိမယ္ဆိုရင္ေတာ့ စြပ္စြဲျပစ္တင္ႏိုင္တယ္လို႔ ဖြဲ႕စည္းပုံ အေျခခံဥပေဒပုဒ္မ ၇၁ မွာ ဆိုပါတယ္။

ႏိုင္ငံေတာ္သမၼတနဲ႔ ဒုတိယသမၼတ တစ္ဦးဦးကို စြပ္စြဲျပစ္တင္ခ်င္တယ္ဆိုရင္ ျပည္ေထာင္စုလႊတ္ေတာ္မွာ ပါဝင္တဲ့ လႊတ္ေတာ္ႏွစ္ရပ္မွ လႊတ္ေတာ္တစ္ရပ္ရပ္ရဲ႕ လႊတ္ေတာ္ကိုယ္စားလွယ္ စုစုေပါင္းဦးေရအနက္ အနည္းဆုံး ေလးပုံတစ္ပုံက လက္မွတ္ေရးထိုးၿပီး မိမိတို႔ရဲ႕ စြပ္စြဲခ်က္ကို သက္ဆိုင္ရာ လႊတ္ေတာ္အႀကီးအမႉးထံ တင္ျပရမွာ ျဖစ္ပါတယ္။

အဲဒီ စြပ္စြဲခ်က္ကို သက္ဆိုင္ရာ လႊတ္ေတာ္ရဲ႕ လႊတ္ေတာ္ကိုယ္စားလွယ္ စုစုေပါင္းဦးေရအနက္ အနည္းဆုံး သုံးပုံႏွစ္ပုံက ေထာက္ခံမွပဲ ဆက္လက္အေရးယူ ေဆာင္႐ြက္ရမွာပါ။

လႊတ္ေတာ္တစ္ရပ္ရပ္က စြပ္စြဲခ်က္ကို အေရးယူေဆာင္႐ြက္ဖို႔ ေထာက္ခံရင္ အျခားလႊတ္ေတာ္တစ္ရပ္က အဲဒီစြပ္စြဲခ်က္ကို အဖြဲ႕ ဖြဲ႕ၿပီး စုံစမ္းစစ္ေဆးရပါမယ္။စြပ္စြဲခ်က္ကို စုံစမ္းစစ္ေဆးတဲ့အခါ ႏိုင္ငံေတာ္သမၼတ ဒါမွမဟုတ္ ဒုတိယသမၼတ ကိုယ္တိုင္ျဖစ္ျဖစ္၊ ကိုယ္စားလွယ္နဲ႔ျဖစ္ျဖစ္ ေခ်ပခြင့္ေပးရမွာ ျဖစ္ပါတယ္။

စြပ္စြဲခ်က္ကို စုံစမ္းစစ္ေဆးၿပီးတဲ့အခါ စြပ္စြဲခ်က္ကို စစ္ေဆးတဲ့ ဒါမွမဟုတ္ စုံစမ္းစစ္ေဆးေစတဲ့ လႊတ္ေတာ္ရဲ႕ လႊတ္ေတာ္ကိုယ္စားလွယ္ စုစုေပါင္းဦးေရအနက္ အနည္းဆုံး သုံးပုံႏွစ္ပုံက အဲဒီစြပ္စြဲခ်က္ဟာ မွန္ကန္ၿပီး စြပ္စြဲခံရတဲ့ ျပစ္မႈဟာ ႏိုင္ငံေတာ္သမၼတ ဒါမွမဟုတ္ ဒုတိယသမၼတကို ရာထူးမွာ ဆက္လက္ထမ္း႐ြက္ေစဖို႔ မသင့္ဘူးလို႔ ဆုံးျဖတ္ရင္ စြပ္စြဲခံရတဲ့ ႏိုင္ငံေတာ္သမၼတ ဒါမွမဟုတ္ ဒုတိယသမၼတကို ရာထူးကေန ရပ္စဲဖို႔ အဲဒီလႊတ္ေတာ္က ျပည္ေထာင္စုလႊတ္ေတာ္ အႀကီးအမႉးထံ တင္ျပရမွာ ျဖစ္ပါတယ္။

ျပည္ေထာင္စုလႊတ္ေတာ္ အႀကီးအမႉးက တင္ျပခ်က္ ရရွိတဲ့အခါ ခ်က္ခ်င္းဆိုသလို စြပ္စြဲခံရတဲ့ ႏိုင္ငံေတာ္သမၼတ ဒါမွမဟုတ္ ဒုတိယသမၼတကို ရာထူးကေန ရပ္စဲတယ္လို႔ ေၾကညာရမွာ ျဖစ္ပါတယ္။

ျပည္ေထာင္စုဝန္ႀကီး စြပ္စြဲျပစ္တင္နည္း

ျပည္ေထာင္စုဝန္ႀကီး တစ္ဦးဦးကို စြပ္စြဲျပစ္တင္ခ်င္ရင္လည္း အေၾကာင္းအခ်က္ ငါးခ်က္အေပၚမွာ မူတည္ၿပီး စြပ္စြဲျပစ္တင္ႏိုင္မွာ ျဖစ္ပါတယ္။

(၁) ႏိုင္ငံေတာ္ရဲ႕ ေက်းဇူးသစၥာေတာ္ကို ေဖာက္ဖ်က္တာ။
(၂) ဖြဲ႕စည္းပုံ အေျခခံဥပေဒပါ ျပ႒ာန္းခ်က္ တစ္ရပ္ရပ္ကို ေဖာက္ဖ်က္က်ဴးလြန္တာ။
(၃) အက်င့္သိကၡာ ပ်က္ျပားတာ။
(၄) ဖြဲ႕စည္းပုံ အေျခခံဥပေဒမွာ သတ္မွတ္ထားတဲ့ ျပည္ေထာင္စုဝန္ႀကီးရဲ႕ အရည္အခ်င္း ပ်က္ယြင္းတာ၊
(၅) ဥပေဒအရ ေပးအပ္တဲ့ တာဝန္ေတြကို ေက်ပြန္စြာ မေဆာင္႐ြက္တာ။

အဲဒီအခ်က္ေတြနဲ႔ ၿငိစြန္းေဖာက္ဖ်က္မိမယ္ဆိုရင္ေတာ့ စြပ္စြဲ ျပစ္တင္ႏိုင္တယ္လို႔ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ပုဒ္မ ၂၃၃ မွာ ဆိုပါတယ္။

ျပည္ေထာင္စုဝန္ႀကီး တစ္ဦးဦးအေပၚ စြပ္စြဲျပစ္တင္လိုရင္ ႏိုင္ငံေတာ္သမၼတ၊ ဒုတိယသမၼတကို စြပ္စြဲျပစ္တင္ျခင္းဆိုင္ရာ ပုဒ္မ ၇၁ ပါ ျပ႒ာန္းခ်က္ေတြနဲ႔အညီ ေဆာင္႐ြက္ရမွာပဲ ျဖစ္ပါတယ္။

ျပည္ေထာင္စုဝန္ႀကီး တစ္ဦးဦးအေပၚ စြပ္စြဲျပစ္တင္မႈဟာ မွန္ကန္ၿပီး စြပ္စြဲခံရသူဟာ ျပည္ေထာင္စုဝန္ႀကီး ရာထူးမွာ ဆက္လက္ တာဝန္ထမ္းေဆာင္ေစဖို႔ မသင့္ဘူးလို႔ စုံစမ္းစစ္ေဆးတဲ့ လႊတ္ေတာ္က ဆုံးျဖတ္တင္ျပရင္ ႏိုင္ငံေတာ္သမၼတက စြပ္စြဲျပစ္တင္ျခင္းခံရတဲ့ ျပည္ေထာင္စုဝန္ႀကီးကို တာဝန္က ရပ္စဲရမွာပါ။

စြပ္စြဲျပစ္တင္မႈဟာ မမွန္ကန္ဘူးလို႔  စုံစမ္းစစ္ေဆးတဲ့ လႊတ္ေတာ္က ဆုံးျဖတ္ရင္ အဲဒီလို ဆုံးျဖတ္ေၾကာင္း သက္ဆိုင္ရာ လႊတ္ေတာ္ဥကၠ႒က ႏိုင္ငံေတာ္သမၼတထံ တင္ျပအစီရင္ခံရပါမယ္။

ႏိုင္ငံေတာ္သမၼတက ေပးအပ္တဲ့ တာဝန္ကို ေက်ပြန္စြာ မထမ္းေဆာင္ႏိုင္တဲ့ ျပည္ေထာင္စုဝန္ႀကီး ဒါမွမဟုတ္ ဒုတိယဝန္ႀကီး တစ္ဦးဦးကို ရာထူးကေန ႏုတ္ထြက္ဖို႔ သူ႔သေဘာတစ္ခုတည္းနဲ႔လည္း ၫႊန္ၾကားႏိုင္ပါေသးတယ္။

ၫႊန္ၾကားတဲ့အတိုင္း မလိုက္နာရင္ တာဝန္ကေန ရပ္စဲရမွာ ျဖစ္ပါတယ္။ရာထူးကေန ႏုတ္ထြက္ရမယ့္ ဒါမွမဟုတ္ တာဝန္ကေန ရပ္စဲခံရမည့္ တပ္မေတာ္သား ျပည္ေထာင္စုဝန္ႀကီး ဒါမွမဟုတ္ ဒုတိယဝန္ႀကီးနဲ႔ ပတ္သက္ရင္ေတာ့ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ ညႇိႏႈိင္းေဆာင္႐ြက္ရမွာ ျဖစ္ပါတယ္။

ေရွ႕ေနခ်ဳပ္နဲ႔ စာရင္းစစ္ခ်ဳပ္

ျပည္ေထာင္စုေရွ႕ေနခ်ဳပ္နဲ႔ ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္ကို စြပ္စြဲျပစ္တင္ခ်င္ရင္ ျပည္ေထာင္စုဝန္ႀကီး တစ္ဦးဦးကို စြပ္စြဲျပစ္တင္ျခင္းဆိုင္ရာ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ပုဒ္မ ၂၃၃ မွာရွိတဲ့ ျပ႒ာန္းခ်က္ေတြအတိုင္း ေဆာင္႐ြက္ရပါတယ္။

တိုင္းေဒသႀကီး/ျပည္နယ္ ဝန္ႀကီးခ်ဳပ္နဲ႔ ဝန္ႀကီး

တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္နဲ႔ ဝန္ႀကီး တစ္ဦးဦးကို စြပ္စြဲျပစ္တင္ခ်င္ရင္ အထက္ကေျပာခဲ့သလိုပဲ ႏိုင္ငံေတာ္ရဲ႕ ေက်းဇူးသစၥာေတာ္ကို ေဖာက္ဖ်က္တာ၊ ဖြဲ႕စည္းပုံ အေျခခံဥပေဒပါ ျပ႒ာန္းခ်က္တစ္ရပ္ရပ္ကို ေဖာက္ဖ်က္က်ဴးလြန္တာ၊ အက်င့္သိကၡာ ပ်က္ျပားတာ၊ ဖြဲ႕စည္းပုံ အေျခခံဥပေဒမွာ ျပ႒ာန္းထားတဲ့ ဝန္ႀကီးခ်ဳပ္နဲ႔ ဝန္ႀကီးတို႔ရဲ႕ အရည္အခ်င္း ပ်က္ယြင္းတာ၊ ဥပေဒအရ ေပးအပ္တဲ့ တာဝန္ေတြကို ေက်ပြန္စြာ မေဆာင္႐ြက္တာ အဲဒီအခ်က္ေတြေပၚမွာ မူတည္ၿပီး စြပ္စြဲျပစ္တင္ႏိုင္မွာ ျဖစ္ပါတယ္။

ဝန္ႀကီးခ်ဳပ္နဲ႔ ဝန္ႀကီး တစ္ဦးဦးကို အထက္ေဖာ္ျပပါ အေၾကာင္းတစ္ရပ္ရပ္နဲ႔ စြပ္စြဲျပစ္တင္လိုရင္ သက္ဆိုင္ရာ တိုင္းေဒသႀကီးလႊတ္ေတာ္ ဒါမွမဟုတ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ စုစုေပါင္းဦးေရအနက္ အနည္းဆုံး ေလးပုံတစ္ပုံက လက္မွတ္ေရးထိုးၿပီး မိမိတို႔ရဲ႕ စြပ္စြဲခ်က္ကို သက္ဆိုင္ရာ လႊတ္ေတာ္ဥကၠ႒ထံ တင္ျပရမွာ ျဖစ္ပါတယ္။

သက္ဆိုင္ရာ လႊတ္ေတာ္ဥကၠ႒က စုံစမ္းစစ္ေဆးေရးအဖြဲ႕ကို ဖြဲ႕စည္းၿပီး စြပ္စြဲခ်က္ကို စုံစမ္းစစ္ေဆးေစရပါမယ္။
စုံစမ္းစစ္ေဆးရမယ့္ လုပ္ငန္းပမာဏကို ေထာက္ရႈၿပီး စုံစမ္းစစ္ေဆးမႈ ၿပီးစီးရမယ့္ ကာလကိုလည္း သတ္မွတ္ေပးရပါမယ္။

စြပ္စြဲခ်က္ကို စုံစမ္းစစ္ေဆးတဲ့အခါ စြပ္စြဲျပစ္တင္ျခင္းခံရတဲ့ ဝန္ႀကီးခ်ဳပ္နဲ႔ ဝန္ႀကီးတို႔ကို ကိုယ္တိုင္ျဖစ္ျဖစ္၊ ကိုယ္စားလွယ္နဲ႔ျဖစ္ျဖစ္ ေခ်ပခြင့္ေပးရမွာ ျဖစ္ပါတယ္။သက္ဆိုင္ရာ တိုင္းေဒသႀကီးလႊတ္ေတာ္နဲ႔ ျပည္နယ္လႊတ္ေတာ္ရဲ႕ စြပ္စြဲျပစ္တင္မႈနဲ႔ စပ္လ်ဥ္းၿပီး စုံစမ္းစစ္ေဆးေရးအဖြဲ႕က စုံစမ္းစစ္ေဆး ေတြ႕ရွိခ်က္ေတြကို တင္ျပလာရင္ လႊတ္ေတာ္ဥကၠ႒က သက္ဆိုင္ရာ လႊတ္ေတာ္ကို တင္ျပရပါမယ္။

သက္ဆိုင္ရာ လႊတ္ေတာ္ကိုယ္စားလွယ္ စုစုေပါင္းဦးေရ အနည္းဆုံး သုံးပုံႏွစ္ပုံက စြပ္စြဲျပစ္တင္မႈဟာ မွန္ကန္ၿပီး စြပ္စြဲခံရသူဟာ ရာထူးမွာ ဆက္လက္ထမ္း႐ြက္ေစဖို႔ မသင့္ေၾကာင္း ဆုံးျဖတ္ရင္ ဥကၠ႒က အဲဒီဆုံးျဖတ္ခ်က္ကို ႏိုင္ငံေတာ္သမၼတထံ တင္ျပအစီရင္ခံရမွာပါ။

ႏိုင္ငံေတာ္သမၼတက တင္ျပခ်က္ရရွိရင္ စြပ္စြဲျပစ္တင္ျခင္း ခံရတဲ့သူကို ရာထူးကေန ရပ္စဲရမွာ ျဖစ္ပါတယ္။စြပ္စြဲျပစ္တင္မႈက မမွန္ကန္ေၾကာင္း သက္ဆိုင္ရာ လႊတ္ေတာ္က ဆုံးျဖတ္ရင္ေတာ့ အဲဒီလိုဆုံးျဖတ္တာကို လႊတ္ေတာ္ဥကၠ႒က ႏိုင္ငံေတာ္သမၼတထံ တင္ျပအစီရင္ခံရမွာ ျဖစ္ပါတယ္။

သတိျပဳရမွာက စြပ္စြဲျပစ္တင္ခြင့္ကို ျပည္သူေတြက တိုက္႐ိုက္ရရွိမွာ မဟုတ္ပါဘူး။သက္ဆိုင္ရာ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကသာ ရရွိမွာျဖစ္ပါတယ္။အဲဒီေတာ့ ျပည္သူေတြက အစိုးရအဖြဲ႕ရဲ႕ တာဝန္ရွိသူ အာဏာပိုင္တစ္ဦးဦးနဲ႔ ပတ္သက္ၿပီး စြပ္စြဲျပစ္တင္စရာ ခိုင္မာတဲ့ အေၾကာင္းအခ်က္ေတြ ရွိခဲ့မယ္ဆိုရင္ သက္ဆိုင္ရာ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကေနတစ္ဆင့္ ခ်ိတ္ဆက္ေဆာင္႐ြက္ စြပ္စြဲျပစ္တင္ခြင့္ရွိမယ္ ဆိုတာကို အျပဳသေဘာေဆာင္ အႀကံျပဳမွ်ေဝရင္း. . . .။

သာဓက
ဒီဇင္ဘာ - ၅