【 ဆောင်းပါး 】 ''အာဏာတည်ပြီး အသက်ဝင်ရဲ့လား''

【 ဆောင်းပါး 】 ''အာဏာတည်ပြီး အသက်ဝင်ရဲ့လား''

ဒီနိုင်ငံမှာ ပြဌာန်းပြီး ဥပဒေတချို့က အာဏာ တည်၊ မတည်နဲ့ အသက်ဝင်မှုရော ရှိရဲ့လားဆိုတာကို ဘယ်လိုစံနှုန်းတွေနဲ့ တိုင်းတာပြီး သိနိုင်မလဲလို့ မိတ်ဆွေတစ်ယောက်က မေးလာပါတယ်။

ဒါကရှင်းပါတယ်။ဥပဒေတစ်ရပ်မှာ အာဏာတည်မယ့် ရက်ကို အတိအလင်း သတ်မှတ်ထားတာ မရှိဘူးဆိုရင် အဲဒီဥပဒေက ကြေညာတဲ့ရက်မှာပဲ စပြီး အာဏာတည်ရပါတယ်။ဥပဒေတစ်ရပ်မှာ ဘယ်နေ့ကနေစပြီး အာဏာတည်စေရမယ်ဆိုတဲ့ ပြဌာန်းချက် ပါရင်တော့ စတင်အာဏာတည်ရမယ့်နေ့ကို ကူးတာနဲ့ တစ်ပြိုင်နက် အာဏာတည်စေရမှာ ဖြစ်ပါတယ်။၁၉၇၃ ခုနှစ် စကားရပ်များ အနက်အဓိပ္ပါယ် ဖွင့်ဆိုရေး ဥပဒေမှာ အဲဒီလိုပဲ ရှင်းလင်းပြဌာန်းထားပါတယ်။

ဒါနဲ့ ဥပဒေအာဏာ တည်တာနဲ့ ပတ်သက်လို့ ဘာလို့သိချင်ရတာလဲလို့ မိတ်ဆွေဖြစ်သူကို မေးလိုက်ပါတယ်။သူ သိချင်ရတဲ့ အဓိကအကြောင်းရင်းက သတင်းမီဒီယာ ဥပဒေနဲ့ ဆက်စပ်နေပါတယ်။သတင်းမီဒီယာ ဥပဒေက ယနေ့အထိ အာဏာမတည်သေးဘူး အသက်မဝင်သေးဘူးလို့ သူက ထင်နေလို့ ဖြစ်ပါတယ်။ဘာကြောင့် အဲဒီလိုထင်တာလဲလို့ သူ့ကိုမေးတော့ သတင်းမီဒီယာသမားတွေကို အဲဒီဥပဒေနဲ့ တရားစွဲဆိုတာကို သိပ်ပြီးပေါပေါများများ တွေ့ရလေ့မရှိဘူး။တခြား ရာဇသတ်ကြီး ပုဒ်မတွေနဲ့ တရားစွဲတာတွေသာ အတွေ့ရများနေလို့ပါလို့ သူက ပြန်ဖြေပါတယ်။ဒါကတော့ သူ့အမြင်သက်သက်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်လို့ သူက စကားကို ချင့်ချိန်ပြောလာပါတယ်။

ထားပါလေ။သတင်းမီဒီယာ ဥပဒေနဲ့ သတင်းသမားတွေကို တရားစွဲဆိုတာတွေကို သူမသိလို့ ဖြစ်နိုင်ပါတယ်။သတင်းသမားတွေကို တရားစွဲဆိုတဲ့ ဥပဒေပုဒ်မတွေထဲမှာ သတင်းမီဒီယာ ဥပဒေထက် အခြားဥပဒေပုဒ်မတွေက ပိုများ၊ မများ ဆိုတာကတော့ တရားလိုတွေ၊ တရားခံတွေ၊ တရားစီရင်ရေးမဏ္ဍိုင်နဲ့ ဆက်နွယ်သူတွေက ကိုယ်တွေထက် ပိုသိနိုင်မယ်လို့ ယူဆပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့ သီးသန့်စစ်တမ်း ကောက်ထားတယ်တို့၊ တရားဝင် ထုတ်ပြန်ကြေညာထားတဲ့ စာရင်းဇယားတွေ ရှိတယ်တို့ ဘာတို့လည်း သေချာမကြားမိလေတော့ အကဲဖြတ်ဖို့ အတော်ခက်ပါတယ်။

အဲဒီတော့ ဒီကိစ္စအပေါ်မှာ ခေါင်းခြောက်ခံပြီး ဆက်မစဉ်းစားချင်တော့ပါဘူး။အခုရှင်းပြချင်တာက သတင်းမီဒီယာ ဥပဒေနဲ့ ရာဇသတ်ကြီး ဥပဒေက ဘာကွာလဲ ဆိုတာကိုပါ။သတင်းမီဒီယာ ဥပဒေက အထူးဥပဒေ ဖြစ်ပါတယ်။ရာဇသတ်ကြီး ဆိုတာက ယေဘုယျဥပဒေ ဖြစ်ပါတယ်။ဥပမာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄ - က၊ ပုဒ်မ ၅၀၀၊ ပုဒ်မ ၅၀၅ တို့ ဆိုတာက ရာဇသတ်ကြီး ပုဒ်မတွေ ဖြစ်ပါတယ်။ရာဇသတ်ကြီး ဥပဒေကို ၁၈၆၁ ခုနှစ်ကတည်းက ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။သတင်းမီဒီယာ ဥပဒေကို ၂၀၁၄ ခုနှစ်မှာ ပြဌာန်းခဲ့ပါတယ်။ရာဇသတ်ကြီးက အာဏာတည်ဆဲ ဖြစ်ပါတယ်။သတင်းမီဒီယာ ဥပဒေမှာ အာဏာတည်မယ့်ရက်ကို အတိအလင်း သတ်မှတ်ထားတာ မရှိတာမို့ ထုတ်ပြန်ကြေညာတဲ့ ၂၀၁၄ ခုနှစ် မတ်လ ၁၄ ရက်နေ့ကစပြီး အာဏာတည်နေတာ ဖြစ်ပါတယ်။

ဒီနေရာမှာ ဗဟုသုတအနေနဲ့ သာမန်ပြည်သူတွေ သိပ်မသိသေးတဲ့ ဥပဒေပြဌာန်းချက် တချို့ကို မျှဝေချင်ပါတယ်။အဲဒါက စကားရပ်များ အနက်အဓိပ္ပါယ် ဖွင့်ဆိုရေး ဥပဒေပါ ပုဒ်မတချို့ ဖြစ်ပါတယ်။အထူးဥပဒေတစ်ရပ်ရပ်မှာ ပါရှိတဲ့ ပြဌာန်းချက်တစ်ရပ်ဟာ ယေဘုယျဥပဒေ တစ်ရပ်ရပ်မှာ ပါရှိတဲ့ သက်ဆိုင်ရာ ပြဌာန်းချက်ကို လွှမ်းမိုးတယ်၊ ဥပဒေတစ်ရပ်ရပ်မှာ ပါရှိတဲ့ အထူးပြဌာန်းချက် တစ်ရပ်ရပ်ဟာ အဲဒီဥပဒေမှာ ပါရှိတဲ့ ယေဘုယျပြဌာန်းချက်ကို လွှမ်းမိုးတယ်ဆိုပြီး စကားရပ်များ အနက်အဓိပ္ပါယ် ဖွင့်ဆိုရေး ဥပဒေ ပုဒ်မ ၃ (ဃ) မှာ ပြဋ္ဌာန်းထားပါတယ်။

အလားတူပဲ ရှေးဦးကျတဲ့ ဥပဒေပြဌာန်းချက် တစ်ရပ်နဲ့ နောက်ကျတဲ့ ဥပဒေပြဌာန်းချက် တစ်ရပ်တို့ ကွဲလွဲဆန့်ကျင်နေရင် နောက်ကျတဲ့ ဥပဒေပြဌာန်းချက်ဟာ အတည်ဖြစ်စေရမယ်လို့လည်း စကားရပ်များ အနက်အဓိပ္ပါယ် ဖွင့်ဆိုရေး ဥပဒေ ပုဒ်မ ၃ (ဆ) မှာ ဆိုပါတယ်။

ရာဇသတ်ကြီးက ဘယ်သူ့ကိုမဆို အရေးယူလို့ရတဲ့ ရှေးဦးကျတဲ့ ယေဘုယျဥပဒေ ဖြစ်ပါတယ်။သတင်းမီဒီယာ ဥပဒေကတော့ သတင်းမီဒီယာသမားတွေနဲ့ ပတ်သက်လို့ အရေးယူဆောင်ရွက်ဖို့ နောက်ကျပြီးမှ သီးခြားပြဌာန်းထားတဲ့ အထူးဥပဒေ ဖြစ်ပါတယ်။
ဥပဒေရဲ့ ရည်ရွယ်ချက်မှာကိုက နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်နဲ့အညီ နိုင်ငံသားတိုင်း လွတ်လပ်စွာ ရေးသားထုတ်ဝေ ဖြန့်ချီခွင့်ရှိတဲ့ သတင်းမီဒီယာလုပ်ငန်းတွေ ဖြစ်ပေါ်လာစေဖို့ဆိုပြီး ပါ ပါတယ်။ဒါ့ပြင် နိုင်ငံသားတိုင်းရဲ့ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းပေးဖို့၊ သတင်းမီဒီယာတစ်ခုခုမှာ ရေးသားဖော်ပြ ထုတ်လွှင့်မှု တစ်ရပ်ရပ်နဲ့ စပ်လျဉ်းပြီး တစ်စုံတစ်ယောက်ရဲ့တိုင်ကြားချက် အငြင်းပွားချက်တွေကို နှစ်ဘက်ညှိနှိုင်းဖြေရှင်းတဲ့ နည်းလမ်းနဲ့ ကျေအေးပြေငြိမ်းစေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့လည်း သတင်းမီဒီယာ ဥပဒေကို ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။

သတင်းသမားတွေနဲ့ အဓိကသက်ဆိုင်တာက သတင်းမီဒီယာ ဥပဒေ ဖြစ်ပါတယ်။အဲဒီဥပဒေနဲ့ အရေးယူခံရရင် အသက်သာဆုံး ဖြစ်မယ်လို့ ထင်ပါတယ်။ငွေဒဏ်ပဲ ချမှတ်နိုင်လို့ ဖြစ်ပါတယ်။

တိကျမှန်ကန်မှုမရှိတဲ့ သတင်းကို ဖော်ပြမိလို့ ပြင်ဆင်ချက်ကို ထင်ထင်ရှားရှားနဲ့ အမြန်ဆုံးမဖော်ပြရင် ငွေဒဏ် အနည်းဆုံး ကျပ်တစ်သိန်းကနေ အများဆုံး ကျပ်သုံးသိန်းအထိ ချမှတ်ခံရမှာ ဖြစ်ပါတယ်။အဲဒီလိုပဲ သတင်းဓာတ်ပုံနဲ့ အရုပ်အသံတွေ ဖော်ပြရာမှာ နည်းပညာတစ်ရပ်ရပ် အသုံးပြုပြီး မလျော်ကန်တဲ့ ပြုပြင်ပြောင်းလဲတာ၊ တစ်ပါးသူ ပိုင်ဆိုင်တဲ့ ဉာဏဆိုင်ရာ ပစ္စည်းတွေကို ခွင့်ပြုချက်မရဘဲ ကူးယူဖော်ပြတာ၊ အများပြည်သူ အကျိုးစီးပွားနဲ့ စပ်ဆိုင်တဲ့ သတင်းရေးသားတာ မဟုတ်ဘဲ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း ဂုဏ်သိက္ခာကို တမင်ထိခိုက်စေတဲ့ အရေးအသားနဲ့ လူ့အခွင့်အရေးကို ထိခိုက်စေတဲ့ အရေးအသားတွေ ဖော်ပြတာဆိုရင် ငွေဒဏ် အနည်းဆုံး ကျပ်သုံးသိန်းကနေ အများဆုံး ကျပ်တစ်ဆယ်သိန်းအထိ ချမှတ်ခံရမှာ ဖြစ်ပါတယ်။ဒီအရေးယူတဲ့ ပြဌာန်းချက်တွေကို သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၅ (က) နဲ့ (ခ) မှာ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။

ဒါကြောင့် သတင်းမီဒီယာဥပဒေက ထောင်ဒဏ်မပါလို့ အဲဒီဥပဒေနဲ့ အရေးယူခံရရင် အသက်သာဆုံး ဖြစ်မယ်လို့ ပြောရတာ ဖြစ်ပါတယ်။အရေးကြီးတဲ့ နောက်ဆုံးအချက်ကို တင်ပြလိုပါတယ်။ဘယ်လို သတင်းမီဒီယာသမားမဆို ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ လူမျိုးတစ်မျိုးကို အကြောင်းပြုပြီး ပဋိပက္ခဖြစ်စေနိုင်တဲ့ လှုံ့ဆော်ရေးသားမှုကနေ ရှောင်ကြဉ်ခြင်းဆိုတဲ့ တားမြစ်ချက်ကို ချိုးဖောက်ခဲ့ရင် တည်ဆဲဥပဒေ တစ်ရပ်ရပ်နဲ့ အရေးယူခြင်း ခံရမယ်ဆိုပြီး သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၆ မှာ ပြဌာန်းထားပါတယ်။

အဲဒီ ပုဒ်မ ၂၆ ပါ တားမြစ်ချက်တွေ ဖောက်ဖျက်တာကလွဲလို့ သတင်းမီဒီယာသမားတွေနဲ့ ပတ်သက်ပြီး အရေးယူစရာရှိရင် သတင်းမီဒီယာ ဥပဒေနဲ့ပဲ ဦးစားပေး အရေးယူ ဆောင်ရွက်စေလိုတယ်ဆိုတာ သတင်းမီဒီယာ ဥပဒေမှာ အထင်အရှားပြသနေတယ်လို့ ယုံကြည်ယူဆမိပါတယ်။

ဒါကြောင့်မို့ ဥပဒေတစ်ခုဟာ အာဏာတည်ပြီလား၊ အသက်ဝင်လောက်အောင် အသုံးပြုမှုရောရှိရဲ့လား ဆိုတာကတော့ ဥပဒေပါပြဋ္ဌာန်းချက်တွေနဲ့ လိုက်နာကျင့်သုံးမယ့် သူတွေအပေါ်မှာ များစွာမူတည်နေပါတယ်လို့ အပြုသဘောဆောင် အကြံပြုရင်း။

သာဓက
နိုဝင်ဘာ - ၆

( Zawgyi )

ဒီႏိုင္ငံမွာ ျပဌာန္းၿပီး ဥပေဒတခ်ိဳ႕က အာဏာ တည္၊ မတည္နဲ႔ အသက္ဝင္မႈေရာ ရွိရဲ႕လားဆိုတာကို ဘယ္လိုစံႏႈန္းေတြနဲ႔ တိုင္းတာၿပီး သိႏိုင္မလဲလို႔ မိတ္ေဆြတစ္ေယာက္က ေမးလာပါတယ္။

ဒါကရွင္းပါတယ္။ဥပေဒတစ္ရပ္မွာ အာဏာတည္မယ့္ ရက္ကို အတိအလင္း သတ္မွတ္ထားတာ မရွိဘူးဆိုရင္ အဲဒီဥပေဒက ေၾကညာတဲ့ရက္မွာပဲ စၿပီး အာဏာတည္ရပါတယ္။ဥပေဒတစ္ရပ္မွာ ဘယ္ေန႔ကေနစၿပီး အာဏာတည္ေစရမယ္ဆိုတဲ့ ျပဌာန္းခ်က္ ပါရင္ေတာ့ စတင္အာဏာတည္ရမယ့္ေန႔ကို ကူးတာနဲ႔ တစ္ၿပိဳင္နက္ အာဏာတည္ေစရမွာ ျဖစ္ပါတယ္။၁၉၇၃ ခုႏွစ္ စကားရပ္မ်ား အနက္အဓိပၸါယ္ ဖြင့္ဆိုေရး ဥပေဒမွာ အဲဒီလိုပဲ ရွင္းလင္းျပဌာန္းထားပါတယ္။

ဒါနဲ႔ ဥပေဒအာဏာ တည္တာနဲ႔ ပတ္သက္လို႔ ဘာလို႔သိခ်င္ရတာလဲလို႔ မိတ္ေဆြျဖစ္သူကို ေမးလိုက္ပါတယ္။သူ သိခ်င္ရတဲ့ အဓိကအေၾကာင္းရင္းက သတင္းမီဒီယာ ဥပေဒနဲ႔ ဆက္စပ္ေနပါတယ္။သတင္းမီဒီယာ ဥပေဒက ယေန႔အထိ အာဏာမတည္ေသးဘူး အသက္မဝင္ေသးဘူးလို႔ သူက ထင္ေနလို႔ ျဖစ္ပါတယ္။ဘာေၾကာင့္ အဲဒီလိုထင္တာလဲလို႔ သူ႔ကိုေမးေတာ့ သတင္းမီဒီယာသမားေတြကို အဲဒီဥပေဒနဲ႔ တရားစြဲဆိုတာကို သိပ္ၿပီးေပါေပါမ်ားမ်ား ေတြ႕ရေလ့မရွိဘူး။တျခား ရာဇသတ္ႀကီး ပုဒ္မေတြနဲ႔ တရားစြဲတာေတြသာ အေတြ႕ရမ်ားေနလို႔ပါလို႔ သူက ျပန္ေျဖပါတယ္။ဒါကေတာ့ သူ႔အျမင္သက္သက္လည္း ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္လို႔ သူက စကားကို ခ်င့္ခ်ိန္ေျပာလာပါတယ္။

ထားပါေလ။သတင္းမီဒီယာ ဥပေဒနဲ႔ သတင္းသမားေတြကို တရားစြဲဆိုတာေတြကို သူမသိလို႔ ျဖစ္ႏိုင္ပါတယ္။သတင္းသမားေတြကို တရားစြဲဆိုတဲ့ ဥပေဒပုဒ္မေတြထဲမွာ သတင္းမီဒီယာ ဥပေဒထက္ အျခားဥပေဒပုဒ္မေတြက ပိုမ်ား၊ မမ်ား ဆိုတာကေတာ့ တရားလိုေတြ၊ တရားခံေတြ၊ တရားစီရင္ေရးမ႑ိဳင္နဲ႔ ဆက္ႏြယ္သူေတြက ကိုယ္ေတြထက္ ပိုသိႏိုင္မယ္လို႔ ယူဆပါတယ္။ဒီကိစၥနဲ႔ပတ္သက္လို႔ သီးသန႔္စစ္တမ္း ေကာက္ထားတယ္တို႔၊ တရားဝင္ ထုတ္ျပန္ေၾကညာထားတဲ့ စာရင္းဇယားေတြ ရွိတယ္တို႔ ဘာတို႔လည္း ေသခ်ာမၾကားမိေလေတာ့ အကဲျဖတ္ဖို႔ အေတာ္ခက္ပါတယ္။

အဲဒီေတာ့ ဒီကိစၥအေပၚမွာ ေခါင္းေျခာက္ခံၿပီး ဆက္မစဥ္းစားခ်င္ေတာ့ပါဘူး။အခုရွင္းျပခ်င္တာက သတင္းမီဒီယာ ဥပေဒနဲ႔ ရာဇသတ္ႀကီး ဥပေဒက ဘာကြာလဲ ဆိုတာကိုပါ။သတင္းမီဒီယာ ဥပေဒက အထူးဥပေဒ ျဖစ္ပါတယ္။ရာဇသတ္ႀကီး ဆိုတာက ေယဘုယ်ဥပေဒ ျဖစ္ပါတယ္။ဥပမာ ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ ၁၂၄ - က၊ ပုဒ္မ ၅၀၀၊ ပုဒ္မ ၅၀၅ တို႔ ဆိုတာက ရာဇသတ္ႀကီး ပုဒ္မေတြ ျဖစ္ပါတယ္။ရာဇသတ္ႀကီး ဥပေဒကို ၁၈၆၁ ခုႏွစ္ကတည္းက ျပဌာန္းခဲ့တာ ျဖစ္ပါတယ္။သတင္းမီဒီယာ ဥပေဒကို ၂၀၁၄ ခုႏွစ္မွာ ျပဌာန္းခဲ့ပါတယ္။ရာဇသတ္ႀကီးက အာဏာတည္ဆဲ ျဖစ္ပါတယ္။သတင္းမီဒီယာ ဥပေဒမွာ အာဏာတည္မယ့္ရက္ကို အတိအလင္း သတ္မွတ္ထားတာ မရွိတာမို႔ ထုတ္ျပန္ေၾကညာတဲ့ ၂၀၁၄ ခုႏွစ္ မတ္လ ၁၄ ရက္ေန႔ကစၿပီး အာဏာတည္ေနတာ ျဖစ္ပါတယ္။

ဒီေနရာမွာ ဗဟုသုတအေနနဲ႔ သာမန္ျပည္သူေတြ သိပ္မသိေသးတဲ့ ဥပေဒျပဌာန္းခ်က္ တခ်ိဳ႕ကို မွ်ေဝခ်င္ပါတယ္။အဲဒါက စကားရပ္မ်ား အနက္အဓိပၸါယ္ ဖြင့္ဆိုေရး ဥပေဒပါ ပုဒ္မတခ်ိဳ႕ ျဖစ္ပါတယ္။အထူးဥပေဒတစ္ရပ္ရပ္မွာ ပါရွိတဲ့ ျပဌာန္းခ်က္တစ္ရပ္ဟာ ေယဘုယ်ဥပေဒ တစ္ရပ္ရပ္မွာ ပါရွိတဲ့ သက္ဆိုင္ရာ ျပဌာန္းခ်က္ကို လႊမ္းမိုးတယ္၊ ဥပေဒတစ္ရပ္ရပ္မွာ ပါရွိတဲ့ အထူးျပဌာန္းခ်က္ တစ္ရပ္ရပ္ဟာ အဲဒီဥပေဒမွာ ပါရွိတဲ့ ေယဘုယ်ျပဌာန္းခ်က္ကို လႊမ္းမိုးတယ္ဆိုၿပီး စကားရပ္မ်ား အနက္အဓိပၸါယ္ ဖြင့္ဆိုေရး ဥပေဒ ပုဒ္မ ၃ (ဃ) မွာ ျပ႒ာန္းထားပါတယ္။

အလားတူပဲ ေရွးဦးက်တဲ့ ဥပေဒျပဌာန္းခ်က္ တစ္ရပ္နဲ႔ ေနာက္က်တဲ့ ဥပေဒျပဌာန္းခ်က္ တစ္ရပ္တို႔ ကြဲလြဲဆန႔္က်င္ေနရင္ ေနာက္က်တဲ့ ဥပေဒျပဌာန္းခ်က္ဟာ အတည္ျဖစ္ေစရမယ္လို႔လည္း စကားရပ္မ်ား အနက္အဓိပၸါယ္ ဖြင့္ဆိုေရး ဥပေဒ ပုဒ္မ ၃ (ဆ) မွာ ဆိုပါတယ္။

ရာဇသတ္ႀကီးက ဘယ္သူ႔ကိုမဆို အေရးယူလို႔ရတဲ့ ေရွးဦးက်တဲ့ ေယဘုယ်ဥပေဒ ျဖစ္ပါတယ္။သတင္းမီဒီယာ ဥပေဒကေတာ့ သတင္းမီဒီယာသမားေတြနဲ႔ ပတ္သက္လို႔ အေရးယူေဆာင္႐ြက္ဖို႔ ေနာက္က်ၿပီးမွ သီးျခားျပဌာန္းထားတဲ့ အထူးဥပေဒ ျဖစ္ပါတယ္။
ဥပေဒရဲ႕ ရည္႐ြယ္ခ်က္မွာကိုက ႏိုင္ငံေတာ္ ဖြဲ႕စည္းပုံ အေျခခံဥပေဒပါ ျပဌာန္းခ်က္နဲ႔အညီ ႏိုင္ငံသားတိုင္း လြတ္လပ္စြာ ေရးသားထုတ္ေဝ ျဖန႔္ခ်ီခြင့္ရွိတဲ့ သတင္းမီဒီယာလုပ္ငန္းေတြ ျဖစ္ေပၚလာေစဖို႔ဆိုၿပီး ပါ ပါတယ္။ဒါ့ျပင္ ႏိုင္ငံသားတိုင္းရဲ႕ သတင္းသိပိုင္ခြင့္ကို ျဖည့္ဆည္းေပးဖို႔၊ သတင္းမီဒီယာတစ္ခုခုမွာ ေရးသားေဖာ္ျပ ထုတ္လႊင့္မႈ တစ္ရပ္ရပ္နဲ႔ စပ္လ်ဥ္းၿပီး တစ္စုံတစ္ေယာက္ရဲ႕တိုင္ၾကားခ်က္ အျငင္းပြားခ်က္ေတြကို ႏွစ္ဘက္ညႇိႏႈိင္းေျဖရွင္းတဲ့ နည္းလမ္းနဲ႔ ေက်ေအးေျပၿငိမ္းေစဖို႔ စတဲ့ ရည္႐ြယ္ခ်က္ေတြနဲ႔လည္း သတင္းမီဒီယာ ဥပေဒကို ျပဌာန္းခဲ့တာ ျဖစ္ပါတယ္။

သတင္းသမားေတြနဲ႔ အဓိကသက္ဆိုင္တာက သတင္းမီဒီယာ ဥပေဒ ျဖစ္ပါတယ္။အဲဒီဥပေဒနဲ႔ အေရးယူခံရရင္ အသက္သာဆုံး ျဖစ္မယ္လို႔ ထင္ပါတယ္။ေငြဒဏ္ပဲ ခ်မွတ္ႏိုင္လို႔ ျဖစ္ပါတယ္။

တိက်မွန္ကန္မႈမရွိတဲ့ သတင္းကို ေဖာ္ျပမိလို႔ ျပင္ဆင္ခ်က္ကို ထင္ထင္ရွားရွားနဲ႔ အျမန္ဆုံးမေဖာ္ျပရင္ ေငြဒဏ္ အနည္းဆုံး က်ပ္တစ္သိန္းကေန အမ်ားဆုံး က်ပ္သုံးသိန္းအထိ ခ်မွတ္ခံရမွာ ျဖစ္ပါတယ္။အဲဒီလိုပဲ သတင္းဓာတ္ပုံနဲ႔ အ႐ုပ္အသံေတြ ေဖာ္ျပရာမွာ နည္းပညာတစ္ရပ္ရပ္ အသုံးျပဳၿပီး မေလ်ာ္ကန္တဲ့ ျပဳျပင္ေျပာင္းလဲတာ၊ တစ္ပါးသူ ပိုင္ဆိုင္တဲ့ ဉာဏဆိုင္ရာ ပစၥည္းေတြကို ခြင့္ျပဳခ်က္မရဘဲ ကူးယူေဖာ္ျပတာ၊ အမ်ားျပည္သူ အက်ိဳးစီးပြားနဲ႔ စပ္ဆိုင္တဲ့ သတင္းေရးသားတာ မဟုတ္ဘဲ ပုဂၢိဳလ္၊ အဖြဲ႕အစည္း ဂုဏ္သိကၡာကို တမင္ထိခိုက္ေစတဲ့ အေရးအသားနဲ႔ လူ႔အခြင့္အေရးကို ထိခိုက္ေစတဲ့ အေရးအသားေတြ ေဖာ္ျပတာဆိုရင္ ေငြဒဏ္ အနည္းဆုံး က်ပ္သုံးသိန္းကေန အမ်ားဆုံး က်ပ္တစ္ဆယ္သိန္းအထိ ခ်မွတ္ခံရမွာ ျဖစ္ပါတယ္။ဒီအေရးယူတဲ့ ျပဌာန္းခ်က္ေတြကို သတင္းမီဒီယာ ဥပေဒပုဒ္မ ၂၅ (က) နဲ႔ (ခ) မွာ ျပ႒ာန္းထားတာ ျဖစ္ပါတယ္။

ဒါေၾကာင့္ သတင္းမီဒီယာဥပေဒက ေထာင္ဒဏ္မပါလို႔ အဲဒီဥပေဒနဲ႔ အေရးယူခံရရင္ အသက္သာဆုံး ျဖစ္မယ္လို႔ ေျပာရတာ ျဖစ္ပါတယ္။အေရးႀကီးတဲ့ ေနာက္ဆုံးအခ်က္ကို တင္ျပလိုပါတယ္။ဘယ္လို သတင္းမီဒီယာသမားမဆို ဇာတိ၊ ကိုးကြယ္ရာဘာသာ၊ လူမ်ိဳးတစ္မ်ိဳးကို အေၾကာင္းျပဳၿပီး ပဋိပကၡျဖစ္ေစႏိုင္တဲ့ လႈံ႕ေဆာ္ေရးသားမႈကေန ေရွာင္ၾကဥ္ျခင္းဆိုတဲ့ တားျမစ္ခ်က္ကို ခ်ိဳးေဖာက္ခဲ့ရင္ တည္ဆဲဥပေဒ တစ္ရပ္ရပ္နဲ႔ အေရးယူျခင္း ခံရမယ္ဆိုၿပီး သတင္းမီဒီယာ ဥပေဒပုဒ္မ ၂၆ မွာ ျပဌာန္းထားပါတယ္။

အဲဒီ ပုဒ္မ ၂၆ ပါ တားျမစ္ခ်က္ေတြ ေဖာက္ဖ်က္တာကလြဲလို႔ သတင္းမီဒီယာသမားေတြနဲ႔ ပတ္သက္ၿပီး အေရးယူစရာရွိရင္ သတင္းမီဒီယာ ဥပေဒနဲ႔ပဲ ဦးစားေပး အေရးယူ ေဆာင္႐ြက္ေစလိုတယ္ဆိုတာ သတင္းမီဒီယာ ဥပေဒမွာ အထင္အရွားျပသေနတယ္လို႔ ယုံၾကည္ယူဆမိပါတယ္။

ဒါေၾကာင့္မို႔ ဥပေဒတစ္ခုဟာ အာဏာတည္ၿပီလား၊ အသက္ဝင္ေလာက္ေအာင္ အသုံးျပဳမႈေရာရွိရဲ႕လား ဆိုတာကေတာ့ ဥပေဒပါျပ႒ာန္းခ်က္ေတြနဲ႔ လိုက္နာက်င့္သုံးမယ့္ သူေတြအေပၚမွာ မ်ားစြာမူတည္ေနပါတယ္လို႔ အျပဳသေဘာေဆာင္ အႀကံျပဳရင္း။

သာဓက
ႏိုဝင္ဘာ - ၆