စစ်မြူနေတဲ့ ရုရှားနှင့် ကမ္ဘာတစ်ဖက်တစ်ချက်က စူပါမုန်တိုင်းကြီးနှစ်လုံး

စစ်မြူနေတဲ့ ရုရှားနှင့် ကမ္ဘာတစ်ဖက်တစ်ချက်က စူပါမုန်တိုင်းကြီးနှစ်လုံး

ယခုတစ်ပတ် သတင်းတွေထဲမှာ သတင်းဖတ်သူတွေ စောင့်စားကြည့်နေခဲ့ရတဲ့ နိုင်ငံတကာသတင်းအချို့ ရှိပါတယ်။ဒီထဲမှာ အမေရိကန် အရှေ့ဘက်ကမ်းခြေကိုဝင်တဲ့ စူပါဟာရီကိန်းမုန်တိုင်း ဖလောရင့်စ် နဲ့ လက်ရှိမှာ တရုတ်ပြည် တောင်ပိုင်းမှာ တိုက်နေပြီး ဖိလစ်ပိုင်၊ ဟောင်ကောင်၊ မကာအိုတို့ကို  ဝင်မွှေခဲ့တဲ့ စူပါတိုင်ဖွန်းမုန်တိုင်း မန်ကွက် တို့ သတင်းက သူ့ရဲ့ ကြီးမားတဲ့ မုန်တိုင်းအချင်း၊ ပြင်းထန်တဲ့ လေတိုက်နှုန်းတွေကြောင့် အများပြည်သူအတွက် သတိထားစရာ ဖြစ်ခဲ့ပါတယ်။ဒီသဘာဝဘေးသတင်းနဲ့အတူ နောက်ထပ်စိတ်ဝင်စားစရာ ဖြစ်ခဲ့တာက ယခုနောက်ပိုင်းကာလတွေမှာ အမေရိကန်ကို မကြာခဏ ထိပ်ပုတ်ခေါင်းပုတ် လုပ်နေတဲ့ ရုရှားရဲ့ စစ်ရေးလေ့ကျင့်မှု သတင်းပါဘဲ။
    

ဒီသတင်းနှစ်ပုဒ်က ယခုတစ်ပတ် သတင်းထူးတွေဖြစ်တဲ့ ဆီးရီးယား ပြည်တွင်းစစ်ရဲ့ နောက်ဆုံးအဆင့် တိုက်ပွဲဖြစ်တဲ့ အက်ဒလစ် မြို့သိမ်းတိုက်ပွဲ မြေပြင်တိုက်ပွဲတွေ ဆင်နွှဲဖို့ ဆီးရီးယားနဲ့ မဟာမိတ်တပ်တွေ ပြင်ဆင်နေလို့ တူရကီက ဆီးရီးယားနှင့် နယ်စပ်တလျှောက် စစ်တပ်များ ကြိုတင်ဖြန့်ကျက်ချထားမှု ဆောင်ရွက်နေတဲ့ သတင်း၊ ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့လေဆိပ်ကို အစ္စရေးက ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆီးရီးယားက စွပ်စွဲခဲ့တဲ့ သတင်း၊ ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါးမှာ ရန်ဖက် နှစ်နိုင်ငံဖြစ်တဲ့ အီသီယိုးပီးယားနိုင်ငံနဲ့ အီထရီးယားနိုင်ငံတို့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့တဲ့ သတင်းတွေထက် လူတွေက ပိုသတိထားမိခဲ့ကြပါတယ်။

ကမ္ဘာ့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်းက စူပါမုန်တိုင်းကြီးနှစ်ခု။

    
ယခုတစ်ပတ် သတင်းတွေထဲ လူအများစု အာရုံစိုက်မိတဲ့ သတင်းအချို့ကတော့ တစတစဆိုးရွားလာတဲ့ ကမ္ဘာ့ရာသီဥတုကို လေ့လာဖို့ နာဆာက ကမ္ဘာ့ရေခဲပြင်လေ့လာရေး အာကာသလေဆာဂြိုလ်တုကို လွှတ်တင်လိုက်တဲ့ သတင်း၊ ဘင်္ဂလားဒေရှ့်မှာ ပါဒမာမြစ်ရေ တိုက်စားလို့ မိသားစုပေါင်း ၅၀၀၀ ဘေးလွတ်ရာကို ပြောင်းရွှေ့ရတဲ့ သတင်း၊ ပူပြင်းခြောက်သွေ့တဲ့ တောင်အာဖရိကမှာ ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုကြောင့် နိုင်ငံရဲ့နေရာအချို့မှာ ဆီးနှင်းတွေ ကျနေပြီး နေရာအချို့မှာ မြစ်ရေကြီးမှု သတိပေးချက် ထုတ်ပြန်ထားရတဲ့ သတင်း၊ ဂျာမနီနိုင်ငံမှ ရုရှားသို့ ပျံသန်းလာတဲ့ လေယာဉ်ပေါ် လိုက်ပါလာတဲ့ ခရီးသည်ရဲ့ လက်ဆွဲခရီးဆောင်အိတ်ထဲ မြွေအကောင် ၂၀ ထည့်လာတာ ရုရှား လေဆိပ်အာဏာပိုင်များက စစ်ဆေးတွေ့ရှိခဲ့တဲ့ သတင်း၊ ကမ္ဘာ့အကြီးဆုံး ငါးဈေးဖြစ်တဲ့ တိုကျိုမြို့က ဆုကီဂျီငါးဈေးမှာ ကြွက်တွေ ဝင်ရောက်သောင်းကျန်းနေလို့ နှိမ်နှင်းနေရတဲ့ သတင်း၊ ရေပြင်သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး လုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် ဘန်ကောက်မြို့အနီး သာချင်မြစ်ကမ်းပါးက မှတ်ပုံတင်မဲ့ စက်လှေရေယာဉ်များစွာကို ထိုင်းအာဏာပိုင်တွေက ဖျက်ဆီးပစ်လိုက်တဲ့ သတင်း၊ အိန္ဒိယ ခေါင်းဆောင်ကြီး ဂန္ဓီ ရဲ့ မွေးနေ့မတိုင်မီ သန့်ရှင်းရေးလှုံ့ဆော်မှုတစ်ရပ်မှာ ပြည်သူ ထောင်ပေါင်းများစွာ ပါဝင်ဆင်နွှဲကြတဲ့ သတင်းတွေနဲ့ ဒီတစ်ပတ်မှာ သတင်းတွေက စိတ်ဝင်စားစရာ ကောင်းနေခဲ့ပါတယ်။

ဒီလိုသတင်းတွေထဲ မုန်တိုင်း ဖလောရင့်စ် သတင်းကို အများစုက စောင့်ကြည့်နေခဲ့ပါတယ်။အစောပိုင်း အချက်အလက်တွေအရ တောင်ကယ်ရိုလိုင်းနားကမ်းခြေကို စတင်ဖြတ်ကျော် ဝင်ရောက်လာမယ့် စူပါဟာရီကိန်းမုန်တိုင်း လေတိုက်ခတ်နှုန်းက  တစ်နာရီ မိုင် ၁၄၀ ခန့် ရှိနေလို့ ယင်းဒေသတစ်လျှောက်က ဒေသခံပြည်သူ တစ်သန်းကျော်ကို ဘေးလွတ်ရာသို့ အားချင်းထွက်ပြေး တိမ်းရှောင်ဖို့ အာဏာပိုင်တွေက ညွန်ကြားထားခဲ့သလို ပြည်နယ်ကောင်တီ ၄၆ ခုက ၂၆ ခုမှာ ရှိတဲ့ ကျောင်းတွေကိုလည်း စက်တင်ဘာ ၁၁ ရက်ကတည်းက ပိတ်ထားရပါတယ်။ဒါပေမယ့် မုန်တိုင်း ဖလော့ရင့်စ် က စက်တင်ဘာ ၁၄ ရက် ကမ်းခြေဝင်ချိန်မှာ လေတိုက်နှုန်း တစ်နာရီ မိုင် ၉၀ ဝန်းကျင်သာ ရှိခဲ့လို့  ခန့်မှန်းထားတာထက် မုန်တိုင်းဒဏ်ကိုခံရမှု သက်သာခဲ့ပါတယ်။ကမ်းခြေကို မုန်တိုင်းဝင်မရောက်မီကတည်းက ရှေ့ပြေးအနေနဲ့ မိုးသည်းထန်စွာရွာသွန်းပြီး ဒီရေလှိုင်းတွေမြင့်မားစွာ ဝင်လာခဲ့ပါတယ်။ကမ်းခြေတစ်လျှောက် လမ်းတွေ ရေဖုံးသွားခဲ့ပေမယ့် ပြင်ဆင်မှုအားကောင်းခဲ့တဲ့အတွက် မုန်တိုင်း ကမ်းခြေကို ဖြတ်ကျော်ချိန်မှာ ကုန်းမြင့်တွေနဲ့ ကုန်းတွင်းပိုင်း ဒေသတွေကို ပြောင်းရွှေ့ထားနိုင်ခဲ့လို့ လူအသေအပျောက်က ၅ ဦးသာ ရှိတဲ့အထိ အသေအပျောက်နဲ့ အပျက်အစီးက နည်းခဲ့ပါတယ်။  

အင်အားပြင်းတဲ့ ဟာရီကိန်း သတင်းတွေနဲ့ လူတွေက ကမ္ဘာအနောက်ခြမ်းကို အာရုံစိုက်နေချိန်မှာ ကမ္ဘာအရှေ့ခြမ်းမှာလည်း စူပါတိုင်ဖွန်း မန်းခွက်ကြောင့် ဗျာများနေရပါတယ်။လေတိုက်နှုန်း တစ်နာရီ ၁၂၈ မိုင်နှုန်းရှိတဲ့ မန်ကွတ် တိုင်ဖုန်းမုန်တိုင်းဟာ ဖိလစ်ပိုင်ကို ဦးတည်နေလို့ အစောပိုင်းကတည်းက ဖိလစ်ပိုင် အာဏာပိုင်တွေက မုန်တိုင်းဝင်ရောက်မယ့် လူဇုန်ကျွန်းက ဒေသခံ ၅ သန်းကို ဘေးလွတ်ရာ အမြန်ရွှေ့ပြောင်းမှုတွေ လုပ်ခဲ့ပါတယ်။အထူးသဖြင့် မုန်တိုင်းနဲ့အတူ ပါလာမယ့်ရေကြီးမှုတွေ မိုးသည်းထန်မှုတွေကြောင့် ဆုံးရှုံးနိုင်မယ့် ကောက်ပဲသီးနှံတွေကို ရိတ်သိမ်းခဲ့ပြီး မုန်တိုင်းဘေးကနေ ရှောင်ဖို့အတွက် ပြင်ဆင်ခဲ့ပါတယ်။

စက်တင်ဘာ ၁၅ ရက်မှာ တိုင်ဖုန်းမုန်တိုင်း မန်ကွက် က လေတိုက်နှုန်း တစ်နာရီ ၁၂၈ မိုင်နှုန်းနဲ့ လူဇုန်ကျွန်း အရှေ့မြောက်ပိုင်းမြို့ ဘတ်ဂါအိုမြို့ကို ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။ဒီမုန်တိုင်းရဲ့ လေတိုက်နှုန်း ပြင်းအားက ဖိလစ်ပိုင်နိုင်ငံမှာ  ၅ နှစ်တာ ကာလအတွင်း အပြင်းဆုံးဖြစ်ပြီး အန္တရာယ်အဆင့် ငါးအဆင့်ထိ သတ်မှတ်ထားသလို လေတိုက်နှုန်း တစ်နာရီ ၂၀၅ ကီလိုမီတာနဲ့  လူဇုန်ကျွန်းစုကို ဝင်ရောက်တိုက်ခတ်လို့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ၊ ရေကြီးမှုတွေ မြေပြိုမှုတွေ လျှပ်စစ်ဓာတ်အားတွေ ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

စက်တင်ဘာ ၁၅ ရက် နံနက် ၁ နာရီ မိနစ် ၄၀မှာ ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မုန်တိုင်း မန်ကွက် ဟာ  ဖိလစ်ပိုင်နိုင်ငံ လူဇုန်ကျွန်းကို ၁၀ နာရီခန့် အပြင်းအထန် တိုက်ခတ်ပြီးနောက်မှာ အားလျော့သွားပြီး ဟောင်ကောင်မြို့ဘက်ကို တစ်နာရီ ၁၇၀ - ၂၆၀ ကီလိုမီတာနှုန်းနဲ့ ဦးတည်ရွှေ့လျှားခဲ့ပါတယ်။မုန်တိုင်း မန်ကွက် ကြောင့် ဖိလစ်ပိုင်မှာ လက်ရှိထုတ်ပြန်ထားချိန်အထိ လူ ၅၉ ဦးထိ သေဆုံးကာ လူဇုန်ကျွန်းပေါ်က အဓိကစိုက်ပျိုးမြေဧရိယာ အများအပြား ရေလွှမ်းခံလိုက်ရသလို သစ်ပင်အများအပြား အမြစ်ကျွတ်လဲကျခဲ့လို့ လမ်းပန်းဆက်သွယ်ရေးတွေပါ ပြတ်တောက်ကုန်ပါတယ်။

ဖိလစ်ပိုင်ကို ေထာင်းလမောင်းကြေမွှမတတ် မွှေခဲ့တဲ့ စူပါတိုင်ဖွန်း မုန်တိုင်း မန်ကွက် ဟာ ဟောင်ကောင်နဲ့ မကာအိုတို့မှာ မွှေနှောက်ဖျက်ဆီးပြီးနောက် စက်တင်ဘာ ၁၆ ရက်မှာ တရုတ်တောင်ပိုင်း ကမ်းရိုးတန်း ကွမ်တုံပြည်နယ်က ကျိအန်မင်ကမ်းခြေမြို့ဆီ ဝင်ရောက်ခဲ့ပါတယ်။မုန်တိုင်းရဲ့ ပြင်းအားက ကြီးလွန်းလို့ အာဏာပိုင်တွေက မုန်တိုင်းမဝင်ရောက်လာမီ ငါးဖမ်းစက်လှေ ထောင်ပေါင်းများစွာကိုလည်း ကမ်းကပ်ထားကြဖို့ သတိပေးခဲ့ပါတယ်။ထုတ်ပြန်ချက်တွေအရတော့ ကွမ်တုန်မှာလည်း မုန်တိုင်းကြောင့် ကနဦးသိရှိရသမျှ နှစ်ဦးသေဆုံးခဲ့တယ် ဆိုပါတယ်။

ကမ္ဘာရှေ့ခြမ်းနဲ့ နောက်ခြမ်းကို ညှပ်ကာ တိုက်ခတ်ခဲ့တဲ့ စူပါမုန်တိုင်းကြီးတွေဖြစ်တဲ့ ဖလောရင့်စ်နဲ့ မန်ကွက် ဟာ ကမ္ဘာကို နောင်ဆိုလာတော့မယ့် ဘေးတွေကို ကြိုပြလိုက်သလိုပါဘဲ။ဒါဟာ လူတွေစိတ်ထဲ ကြောက်နေတဲ့ ကမ္ဘာတစ်ဝန်း မုန်တိုင်းတွေအပြိုင် တိုက်ခတ်မယ့် အချိန်ကာလဟာ လက်ရှိလူတွေရဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းရင် နည်းသလို မြန်မြန်ကျရောက်လာတော့မယ်ဆိုတာ ပထမဆုံး မီဂါမုန်တိုင်းတွေ မလာခင် စူပါမုန်တိုင်းနှစ်ခုက ပြလိုက်တဲ့အတွက် ဒီသတင်းက ကမ္ဘာကို လှုပ်နိုးလိုက်တဲ့ သဘာဝဘေး သတင်းကြီး ဖြစ်ခဲ့ပါတယ်။

နောက်ဆုံးပေါ် အကြမ်းဖက်မှု ပုံစံသစ်။
    

ယခုနောက်ပိုင်းမှာ ကမ္ဘာတစ်ဝန်း အကြမ်းဖက်မှုက ပုံစံသစ်တမျိုးနဲ့ တိုက်ခိုင်လာတာကို တွေ့ရပါတယ်။ဒီနည်းက လူတွေသတိမထားမိသလို အန္တရာယ်လည်း အလွန်ကြီးတဲ့နည်းပါ။ဒီနည်းက ယခုတလော ဆက်တိုက်ဖြစ်ပျက်နေသလို အကြမ်းဖက်လိုသူတွေအတွက် လက်တစ်ကမ်းမှာ ရှိနေတဲ့အကောင်အထည် အလွယ်တကူဖော်နိုင်တဲ့ အနေအထားပါ။မကြာမီရက်ပိုင်းက ဒီနည်းနဲ့ အကြမ်းဖက်မှုဖြစ်ပွားခဲ့တာကို ပြင်သစ်နဲ့ တရုတ်ပြည်မှာ ဖြစ်ခဲ့တာကိုတွေ့ရပါတယ်။

စက်တင်ဘာ ၁၂ ရက် ညနေပိုင်းက တရုတ်နိုင်ငံ အလယ်ပိုင်းရှိ ဟူနန်ဒေသမှ အများပြည်သူ အပန်းဖြေနားနေရာ ရင်ပြင်တစ်ခုဖြစ်တဲ့ ဟန်ယန်းမြို့ရင်ပြင်မှာ လူတစ်ဦးက အပန်းဖြေတဲ့ လူအုပ်ထဲ ကားနဲ့ တမင်ဝင်တိုက်ခဲ့တဲ့အတွက် လူ ၉ ဦး သေဆုံးပြီး လူပေါင်း ၄၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။လူမှုကွန်ရက်တွေမှာ ထွက်ပေါ်လာတဲ့ ပုံတွေ ဗီဒီယိုကလစ်မှာတော့ အပန်းဖြေနေတဲ့သူတွေက ရင်ပြင်ထဲ ဝင်လာတဲ့ ကားနှင့် ဝေးရာသို့ အထိတ်တလန့် ပြေးလွှားနေကြပုံတွေကို တင်ထားပါတယ်။
ဒေသခံအစိုးရကတော့ ဒါဟာ တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာပဲလို့ ထုတ်ပြန်ထားပြီး ကားသမားကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ယခုဖြစ်စဉ်ကို အာဏာပိုင်တွေက အကြမ်းဖက်ဝါဒနဲ့ ဆက်စပ်မှု ရှိ၊ မရှိ စုံစမ်းနေဆဲ ထုတ်ပြန်ထားပေမယ့် မကြာမီကာလတွေကလည်း တရုတ်ပြည်မှာ ယခုလို လူအုပ်ထဲ ကားနဲ့ ဝင်တိုက်တာတွေရှိခဲ့တဲ့အတွက် ဒီပြဿနာဟာ သတိထားစရာ ဖြစ်လာခဲ့ပါတယ်။

တရုတ်ပြည်မှာ လူအုပ်ထဲ ကားနဲ့ထိုးဝင် တိုက်သတ်ပြီး ၂ ရက်အကြာ စက်တင်ဘာ ၁၄ ရက်မှာ ပြင်သစ်တောင်ပိုင်း ပိုင်းနီမက်စ်မြို့ အရက်ဆိုင်တစ်ခု အပြင်ဘက်မှာ လူ ၅၀ ခန့် စုဝေးနေတဲ့ သောက်သုံးနေတဲ့သူထဲကို အသက် (၃၂) နှစ်အရွယ် အမျိုးသားတစ်ဦး မောင်းလာတဲ့ Peugeot အမျိုးအစား ကားနဲ့ ဝင်တိုက်ခဲ့လို့ လူနှစ်ဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့ပါတယ်။ဒေသခံတွေ အဆိုမှာတော့ ဒီကားမောင်းသူက အာရပ်ဘာသာစကားနဲ့ ဘုရားသခင်က အမြင့်မြတ်ဆုံးလို့ ကြွေးကြော်ပြီး ကားကို ထိုးထည့်မောင်းချလာပြီး အခင်းဖြစ်ရာနေရာမှ ထွက်ပြေးဖို့ ကြိုးစားပေမယ့် လူတွေက ဝိုင်းဖမ်းကာ ထိုးကြိတ်ခဲ့တယ်လို့ ဆိုပါတယ်။

မကြာခင်ကာလတွေကတည်းက အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေမှာ ဒီလိုမျိုး ကားအသုံးပြုပြီး လူတွေကို သတ်ဖြတ်အကြမ်းဖက်မှုတွေ အတော်များများ ဖြစ်ခဲ့ပါတယ်။ကားနဲ့ အသေခံဗုံးခွဲမှုတွေ မကြာခဏမြင်တွေ့အပြီးမှာ စစ်ဆေးတားဆီးဖို့ ခက်တဲ့ ကုန်ကားတွေ ထရပ်ကားတွေ အပါအဝင် အရွယ်ကြီးမားတဲ့ ကားတွေကနေ ကားသေးတွေအထိ အသုံးပြုကာ  အမြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ အစွန်းရောက် ဘာသာရေးသမားတွေရဲ့ တိုက်ခိုက်မှုက ပေါ်ထွက်လာပါတယ်။ပြစ်မှုမကျူးလွန်မခြင်း ဘာတစ်ခုမှ အထောက်အထား လက်ဝယ်မရှိတဲ့ ကားနဲ့ လူအုပ်ထဲ ထိုးထည့်ကာ သတ်ဖြတ်တဲ့ ရက်စက်တဲ့ လူသတ်ခြင်းမျိုးကို အကြမ်းဖက်သမားတွေ သုံးလာတဲ့အတွက် ဒါဟာ အနာဂတ်မှာ တားဆီးဖို့ခက်ပြီး အရေးယူရင်လည်း ပြစ်ဒဏ်နည်းနိုင်တဲ့အတွက် ဘယ်လို တားဆီးမလဲဆိုတာ ထည့်သွင်းစဉ်းစားလာရတော့မှာ ဖြစ်ပါတယ်။  

ဒီလို အကြမ်းဖက်မှုသတင်းက ၂၀၁၃ နဲ့ ၂၀၁၄ ခုနှစ်အတွင်း ငွေကြေးခဝါချမှုနဲ့ မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက် ရဲ့ ရှေ့နေ မူဟာမက် ရှာဖီအဗ်ဒူလာ ကို ဖမ်းဆီးလိုက်တဲ့ သတင်း၊ အာဖဂန်နစ္စတန် အရှေ့ပိုင်း နန်ဂါဟာပြည်နယ်မှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲကို အသေခံဗုံးခွဲတိုက်ခိုက်လို့ လူ ၆၈ ဦး သေဆုံးခဲ့ရတဲ့ သတင်း၊ အမေရိကန်ပြည်ထောင်စု၊ ဘော့စတွန်မြို့ မြောက်ပိုင်း မြို့တွေမှာ မီးလောင်ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့လို့ ဒေသခံ ၁၀ ဦး ဒဏ်ရာရခဲ့တဲ့ သတင်း၊ ချီလီနိုင်ငံ မြောက်ပိုင်း အန်တိုဖာဂစတာဒေသက ဆင်းရဲသားရပ်ကွက်မှာ မီးအကြီးအကျယ် လောင်ကျွမ်းမှုဖြစ်လို့ ရှစ်ဦး ဒဏ်ရာရကာ နေအိမ် ၁၀၀ လောက် မီးထဲပါသွားတဲ့ သတင်း၊ ကင်ဆာရောဂါနဲ့ သေဆုံးသွားတဲ့ ဇနီးဖြစ်သူ အသုဘအခမ်းအနား တက်ရောက်နိုင်ဖို့ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း နာဝပ်ဇ်ရှရစ်ဖ် နဲ့ သမီးတို့ကို ပါကစ္စတန် အာဏာပိုင်များက အကျဉ်းထောင်ကနေ ယာယီလွှတ်ပေးခဲ့တဲ့ သတင်းတွေထဲမှာ သတိထားဂရုစိုက်စရာ သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

စစ်မြူနေတဲ့ ကမ္ဘာ့စစ်ရေး အခြေအနေ။
    

လတ်တလော ကမ္ဘာ့စစ်ရေး အခြေအနေတွေက မျက်ခြေပြတ်လို့ မရလောက်အောင် ဆက်တိုက်ဖြစ်နေပါတယ်။အထူးသဖြင့် ရုရှားရဲ့ စစ်ရေးတည်ဆောက်မှုက ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးကတည်းက ကမ္ဘာ့တစ်ခုတည်းသော အင်အားကြီးနိုင်ငံဖြစ်လာတဲ့ အမေရိကန်အတွက် အမြဲသတိထားရမယ့်ကိစ္စ ဖြစ်လာပါတယ်။ရုရှားမှာ ဘာတွေထပ်တီထွင်ထားလဲ၊ ရုရှားရဲ့ မဟာဗျူဟာမြောက် စစ်လက်နက်က  ဘာတွေလဲ၊ ရုရှားရဲ့ နည်းပညာအရည်အသွေးက ဘယ်အဆင့်ထိ ရောက်နေပြီလဲဆိုတာ အမေရိကန်နဲ့ မဟာမိတ်တွေ ကမ္ဘာ့နိုင်ငံတွေ အမြဲသိချင်နေတဲ့ အချက်အလက်တွေပါ။
    

အမေရိကန်နဲ့ မဟာမိတ်တွေကတစ်ဖက်၊ ရုရှားနဲ့ အီရန်တို့က တစ်ဖက်စီ ပါဝင်တိုက်နေကြတဲ့ ဆီးရီးယား ပြည်တွင်းစစ်မှာ ရုရှားဘက်က စစ်နိုင်သလောက် ဖြစ်နေတဲ့အတွက် အမေရိကန်အနေနဲ့ ရုရှားရဲ့ စစ်ရေးကို သိရဖို့ အရေးကြီးနေပါတယ်။
    

ဒါတွေကိုသိဖို့ အခွင်အရေးတစ်ခုက ဒီလထဲမှာ ပေါ်လာပါတယ်။ဒါက ရုရှားနိုင်ငံက  စစ်အေးကာလနှောင်းပိုင်း အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုကို ရုရှား၊ တရုတ်နဲ့ မွန်ဂို စစ်သား သုံးသိန်းကျော် ပါဝင်တဲ့  Vostok-2018 စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။
    

စက်တင်ဘာလ ၁၁ ရက်နေ့ကစပြီး စက်တင်ဘာလ ၁၇ ရက်အထိ ရုရှားနိုင်ငံရှိ ဆိုက်ဘေးရီးယားမြို့နဲ့ အရှေ့ဘက်ခြမ်း ဒေသတွေမှာ ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုမှာ အရှေ့ပိုင်းနဲ့ အလယ်ပိုင်း စစ်တပ်အဖွဲ့ဝင်တွေ၊ ပစိဖိတ်နဲ့ မြောက်ပိုင်း ရေယာဉ်စုရဲ့ ရေယာဉ်တွေ၊ အမြှောက်တပ်နဲ့ စစ်လေယာဉ်အစင်းရေ ၁၀၀၀ ကျော်နဲ့အတူ လေယာဉ်၊ ရဟတ်ယာဉ်နဲ့ မောင်းသူမဲ့လေယာဉ်တွေ အသုံးပြုပြီး စစ်ရေးလေ့ကျင့်ခဲ့ကြပါတယ်။စက်တင်ဘာ ၁၅ ရက်က  မွန်ဂိုလီးယားနယ်စပ်နားက ဇဘေကယ်စကီခရေမြို့မှာလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုမှာ ဘက်စုံသုံး ဒုံးကျည်နဲ့ Howitzer အမြောက်တွေ စမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။ဒီစစ်ရေးလေ့ကျင့်မှုကို ရုရှား သမ္မတ ပူတင် ကိုယ်တိုင် ကြည့်ရှုခဲ့ပြီး စစ်ရေးလေ့ကျင့်မှုတွေထဲ အခြားသော နည်းဗျူဟာဆိုင်ရာ လေ့ကျင်ဆင်နွှဲမှုတွေလည်း ပါဝင်နိုင်တယ်လို့ နိုင်ငံတကာ စစ်ရေးသုံးသပ်သူတွေက ဆိုပါတယ်။
    

ဒီလိုစစ်ရေးလေ့ကျင်မှုတွေ ဆောင်ရွက်နေစဉ်မှာ ပြည်တွင်းစစ်ဖြစ်နေတဲ့ ဆီးရီးယားနိုင်ငံက အစိုးရတပ်တွေနဲ့ တိုက်ခိုက်နေတဲ့ အမေရိကန် ထောက်ခံပေးတဲ့ သူပုန်တပ်တွေ နောက်ဆုံးကျန်ရှိရာ အက်ဒလစ်မြို့ကို နောက်ဆုံး မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲဖို့ အင်အားစုစည်းတာတွေ၊ တပ်တွေစုတာတွေကို ရုှရှား ဦးဆောင်တဲ့ ဆီးရီးယား အစိုးရတပ်တွေ၊ အီရန်တပ်ဖွဲ့တွေက ပြင်င်နေကြလို့ တူရကီဘက်ကလည်း သူနဲ့ ဆက်စပ်နေတဲ့ နယ်စပ်မျဉ်းတစ်လျှောက် တပ်တွေချထားနေတာကိုတွေ့ရပါတယ်။
    

Vostok-2018 စစ်ရေးလေ့ကျင့်မှု စလုပ်တဲ့ စက်တင်ဘာ ၁၁ ရက်မှာ ရုရှားက အမေရိကန်ကို ထပ်ပြီး ခေါင်းပုတ်ခြေပုတ် လုပ်လိုက်ခဲ့ပါသေးတယ်။အမေရိကန် ပိုင်နက်ဖြစ်တဲ့ အလာစကာပြည်နယ် အနီးကို ရုရှား TU-95  မဟာဗျူဟာ ဗုံးကြဲလေယာဉ်တွေ ချည်းကပ်လာလို့ အမေရိကန်က F-22 ပဉ္စမမျိုးဆက် တိုက်လေယာဉ်နှစ်စီး အားချင်းပျံတက်ကာ ကြားဖြတ်စောင့်ကြည့်ခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းကလည်း TU-95 ဗုံးကြဲလေယာဉ်နှစ်စီး အလက်စကာပြည်နယ်အနီး ရောက်လာလို့လည်း အမေရိကန်က F-22 များ စေလွှတ်ပြီး စောင့်ကြည့်ခဲ့ရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့လို့ ဒီနှစ်ထဲမှာ ဒါဟာ ဒုတိယအကြိမ်ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ပါ။

အမေရိကန်အတွက် ဒီလိုဖြစ်ရပ်ဟာ နာလိုခံခက်ဖြစ်စေမှာ မှန်သလို ကမ္ဘာမှာ စစ်ရေးချိန်ခွင် လျှာညီမျှလာဖို့တော့ ရှိနေပါတယ်။ဒါပေမယ့် ယခင်က စစ်အေးခေတ်ကာလကို ပြန်ဦးတည်လာခဲ့တဲ့အတွက် ဒါဟာ ကောင်းတဲ့ အလားအလာတော့ မဟုတ်ပါဘူး။အမေရိကန်မှာ သမ္မတ ထရန့် လို လုပ်ချင်ရာလုပ်တဲ့ သမ္မတမျိုးနဲ့ ပူတင် လို သဘောထားတင်းမာတဲ့ သမ္မတ ထိပ်တိုက်တွေ့လာခဲ့ရင် ဘယ်လိုဖြစ်လာမလဲ ဆိုတာ ကမ္ဘာအတွက် သတိထားတွေးတောရမယ့် ကိစ္စပါ။

ဒီသတင်းက ဒီတစ်ပတ်မှာ စစ်ရေးလေ့ကျင်မှုတွေကြောင့် စစ်ရေးအကဲခတ်သူတွေကို အလုပ်ရှုပ်စေခဲ့သလို သတင်းဖတ်သူတွေကိုလည်း ရုရှား စစ်ရေးသတင်းတွေက ဖမ်းစားခဲ့ပါတယ် ဆိုတဲ့အကြောင်း တင်ပြရင်း ယခုတစ်ပတ် သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မင်းထက်
စက်တင်ဘာ - ၁၇

( Zawgyi )

ယခုတစ္ပတ္ သတင္းေတြထဲမွာ သတင္းဖတ္သူေတြ ေစာင့္စားၾကည့္ေနခဲ့ရတဲ့ ႏိုင္ငံတကာသတင္းအခ်ိဳ႕ ရွိပါတယ္။ဒီထဲမွာ အေမရိကန္ အေရွ႕ဘက္ကမ္းေျခကိုဝင္တဲ့ စူပါဟာရီကိန္းမုန္တိုင္း ဖေလာရင့္စ္ နဲ႔ လက္ရွိမွာ တ႐ုတ္ျပည္ ေတာင္ပိုင္းမွာ တိုက္ေနၿပီး ဖိလစ္ပိုင္၊ ေဟာင္ေကာင္၊ မကာအိုတို႔ကို  ဝင္ေမႊခဲ့တဲ့ စူပါတိုင္ဖြန္းမုန္တိုင္း မန္ကြက္ တို႔ သတင္းက သူ႔ရဲ႕ ႀကီးမားတဲ့ မုန္တိုင္းအခ်င္း၊ ျပင္းထန္တဲ့ ေလတိုက္ႏႈန္းေတြေၾကာင့္ အမ်ားျပည္သူအတြက္ သတိထားစရာ ျဖစ္ခဲ့ပါတယ္။ဒီသဘာဝေဘးသတင္းနဲ႔အတူ ေနာက္ထပ္စိတ္ဝင္စားစရာ ျဖစ္ခဲ့တာက ယခုေနာက္ပိုင္းကာလေတြမွာ အေမရိကန္ကို မၾကာခဏ ထိပ္ပုတ္ေခါင္းပုတ္ လုပ္ေနတဲ့ ႐ုရွားရဲ႕ စစ္ေရးေလ့က်င့္မႈ သတင္းပါဘဲ။
    

ဒီသတင္းႏွစ္ပုဒ္က ယခုတစ္ပတ္ သတင္းထူးေတြျဖစ္တဲ့ ဆီးရီးယား ျပည္တြင္းစစ္ရဲ႕ ေနာက္ဆုံးအဆင့္ တိုက္ပြဲျဖစ္တဲ့ အက္ဒလစ္ ၿမိဳ႕သိမ္းတိုက္ပြဲ ေျမျပင္တိုက္ပြဲေတြ ဆင္ႏႊဲဖို႔ ဆီးရီးယားနဲ႔ မဟာမိတ္တပ္ေတြ ျပင္ဆင္ေနလို႔ တူရကီက ဆီးရီးယားႏွင့္ နယ္စပ္တေလွ်ာက္ စစ္တပ္မ်ား ႀကိဳတင္ျဖန႔္က်က္ခ်ထားမႈ ေဆာင္႐ြက္ေနတဲ့ သတင္း၊ ဆီးရီးယားႏိုင္ငံ ဒမတ္စကတ္ၿမိဳ႕ေလဆိပ္ကို အစၥေရးက ဒုံးက်ည္နဲ႔ ပစ္ခတ္ခဲ့တယ္လို႔ ဆီးရီးယားက စြပ္စြဲခဲ့တဲ့ သတင္း၊ ေဆာ္ဒီအာေရဗ်ႏိုင္ငံ ဂ်က္ဒါးမွာ ရန္ဖက္ ႏွစ္ႏိုင္ငံျဖစ္တဲ့ အီသီယိုးပီးယားႏိုင္ငံနဲ႔ အီထရီးယားႏိုင္ငံတို႔ ၿငိမ္းခ်မ္းေရးစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တဲ့ သတင္းေတြထက္ လူေတြက ပိုသတိထားမိခဲ့ၾကပါတယ္။

ကမာၻ႔ အေရွ႕ျခမ္းနဲ႔ အေနာက္ျခမ္းက စူပါမုန္တိုင္းႀကီးႏွစ္ခု။

    
ယခုတစ္ပတ္ သတင္းေတြထဲ လူအမ်ားစု အာ႐ုံစိုက္မိတဲ့ သတင္းအခ်ိဳ႕ကေတာ့ တစတစဆိုး႐ြားလာတဲ့ ကမာၻ႔ရာသီဥတုကို ေလ့လာဖို႔ နာဆာက ကမာၻ႔ေရခဲျပင္ေလ့လာေရး အာကာသေလဆာၿဂိဳလ္တုကို လႊတ္တင္လိုက္တဲ့ သတင္း၊ ဘဂၤလားေဒရွ႕္မွာ ပါဒမာျမစ္ေရ တိုက္စားလို႔ မိသားစုေပါင္း ၅၀၀၀ ေဘးလြတ္ရာကို ေျပာင္းေ႐ႊ႕ရတဲ့ သတင္း၊ ပူျပင္းေျခာက္ေသြ႕တဲ့ ေတာင္အာဖရိကမွာ ရာသီဥတုေျပာင္းလဲ ေဖာက္ျပန္မႈေၾကာင့္ ႏိုင္ငံရဲ႕ေနရာအခ်ိဳ႕မွာ ဆီးႏွင္းေတြ က်ေနၿပီး ေနရာအခ်ိဳ႕မွာ ျမစ္ေရႀကီးမႈ သတိေပးခ်က္ ထုတ္ျပန္ထားရတဲ့ သတင္း၊ ဂ်ာမနီႏိုင္ငံမွ ႐ုရွားသို႔ ပ်ံသန္းလာတဲ့ ေလယာဥ္ေပၚ လိုက္ပါလာတဲ့ ခရီးသည္ရဲ႕ လက္ဆြဲခရီးေဆာင္အိတ္ထဲ ေႁမြအေကာင္ ၂၀ ထည့္လာတာ ႐ုရွား ေလဆိပ္အာဏာပိုင္မ်ားက စစ္ေဆးေတြ႕ရွိခဲ့တဲ့ သတင္း၊ ကမာၻ႔အႀကီးဆုံး ငါးေဈးျဖစ္တဲ့ တိုက်ိဳၿမိဳ႕က ဆုကီဂ်ီငါးေဈးမွာ ႂကြက္ေတြ ဝင္ေရာက္ေသာင္းက်န္းေနလို႔ ႏွိမ္ႏွင္းေနရတဲ့ သတင္း၊ ေရျပင္သဘာဝပတ္ဝန္းက်င္ ကာကြယ္ေရး လုပ္ငန္းစဥ္ရဲ႕ အစိတ္အပိုင္းတစ္ရပ္အျဖစ္ ဘန္ေကာက္ၿမိဳ႕အနီး သာခ်င္ျမစ္ကမ္းပါးက မွတ္ပုံတင္မဲ့ စက္ေလွေရယာဥ္မ်ားစြာကို ထိုင္းအာဏာပိုင္ေတြက ဖ်က္ဆီးပစ္လိုက္တဲ့ သတင္း၊ အိႏၵိယ ေခါင္းေဆာင္ႀကီး ဂႏၶီ ရဲ႕ ေမြးေန႔မတိုင္မီ သန႔္ရွင္းေရးလႈံ႕ေဆာ္မႈတစ္ရပ္မွာ ျပည္သူ ေထာင္ေပါင္းမ်ားစြာ ပါဝင္ဆင္ႏႊဲၾကတဲ့ သတင္းေတြနဲ႔ ဒီတစ္ပတ္မွာ သတင္းေတြက စိတ္ဝင္စားစရာ ေကာင္းေနခဲ့ပါတယ္။

ဒီလိုသတင္းေတြထဲ မုန္တိုင္း ဖေလာရင့္စ္ သတင္းကို အမ်ားစုက ေစာင့္ၾကည့္ေနခဲ့ပါတယ္။အေစာပိုင္း အခ်က္အလက္ေတြအရ ေတာင္ကယ္႐ိုလိုင္းနားကမ္းေျခကို စတင္ျဖတ္ေက်ာ္ ဝင္ေရာက္လာမယ့္ စူပါဟာရီကိန္းမုန္တိုင္း ေလတိုက္ခတ္ႏႈန္းက  တစ္နာရီ မိုင္ ၁၄၀ ခန႔္ ရွိေနလို႔ ယင္းေဒသတစ္ေလွ်ာက္က ေဒသခံျပည္သူ တစ္သန္းေက်ာ္ကို ေဘးလြတ္ရာသို႔ အားခ်င္းထြက္ေျပး တိမ္းေရွာင္ဖို႔ အာဏာပိုင္ေတြက ၫြန္ၾကားထားခဲ့သလို ျပည္နယ္ေကာင္တီ ၄၆ ခုက ၂၆ ခုမွာ ရွိတဲ့ ေက်ာင္းေတြကိုလည္း စက္တင္ဘာ ၁၁ ရက္ကတည္းက ပိတ္ထားရပါတယ္။ဒါေပမယ့္ မုန္တိုင္း ဖေလာ့ရင့္စ္ က စက္တင္ဘာ ၁၄ ရက္ ကမ္းေျခဝင္ခ်ိန္မွာ ေလတိုက္ႏႈန္း တစ္နာရီ မိုင္ ၉၀ ဝန္းက်င္သာ ရွိခဲ့လို႔  ခန႔္မွန္းထားတာထက္ မုန္တိုင္းဒဏ္ကိုခံရမႈ သက္သာခဲ့ပါတယ္။ကမ္းေျခကို မုန္တိုင္းဝင္မေရာက္မီကတည္းက ေရွ႕ေျပးအေနနဲ႔ မိုးသည္းထန္စြာ႐ြာသြန္းၿပီး ဒီေရလႈိင္းေတြျမင့္မားစြာ ဝင္လာခဲ့ပါတယ္။ကမ္းေျခတစ္ေလွ်ာက္ လမ္းေတြ ေရဖုံးသြားခဲ့ေပမယ့္ ျပင္ဆင္မႈအားေကာင္းခဲ့တဲ့အတြက္ မုန္တိုင္း ကမ္းေျခကို ျဖတ္ေက်ာ္ခ်ိန္မွာ ကုန္းျမင့္ေတြနဲ႔ ကုန္းတြင္းပိုင္း ေဒသေတြကို ေျပာင္းေ႐ႊ႕ထားႏိုင္ခဲ့လို႔ လူအေသအေပ်ာက္က ၅ ဦးသာ ရွိတဲ့အထိ အေသအေပ်ာက္နဲ႔ အပ်က္အစီးက နည္းခဲ့ပါတယ္။  

အင္အားျပင္းတဲ့ ဟာရီကိန္း သတင္းေတြနဲ႔ လူေတြက ကမာၻအေနာက္ျခမ္းကို အာ႐ုံစိုက္ေနခ်ိန္မွာ ကမာၻအေရွ႕ျခမ္းမွာလည္း စူပါတိုင္ဖြန္း မန္းခြက္ေၾကာင့္ ဗ်ာမ်ားေနရပါတယ္။ေလတိုက္ႏႈန္း တစ္နာရီ ၁၂၈ မိုင္ႏႈန္းရွိတဲ့ မန္ကြတ္ တိုင္ဖုန္းမုန္တိုင္းဟာ ဖိလစ္ပိုင္ကို ဦးတည္ေနလို႔ အေစာပိုင္းကတည္းက ဖိလစ္ပိုင္ အာဏာပိုင္ေတြက မုန္တိုင္းဝင္ေရာက္မယ့္ လူဇုန္ကြၽန္းက ေဒသခံ ၅ သန္းကို ေဘးလြတ္ရာ အျမန္ေ႐ႊ႕ေျပာင္းမႈေတြ လုပ္ခဲ့ပါတယ္။အထူးသျဖင့္ မုန္တိုင္းနဲ႔အတူ ပါလာမယ့္ေရႀကီးမႈေတြ မိုးသည္းထန္မႈေတြေၾကာင့္ ဆုံးရႈံးႏိုင္မယ့္ ေကာက္ပဲသီးႏွံေတြကို ရိတ္သိမ္းခဲ့ၿပီး မုန္တိုင္းေဘးကေန ေရွာင္ဖို႔အတြက္ ျပင္ဆင္ခဲ့ပါတယ္။

စက္တင္ဘာ ၁၅ ရက္မွာ တိုင္ဖုန္းမုန္တိုင္း မန္ကြက္ က ေလတိုက္ႏႈန္း တစ္နာရီ ၁၂၈ မိုင္ႏႈန္းနဲ႔ လူဇုန္ကြၽန္း အေရွ႕ေျမာက္ပိုင္းၿမိဳ႕ ဘတ္ဂါအိုၿမိဳ႕ကို ဝင္ေရာက္တိုက္ခတ္ခဲ့ပါတယ္။ဒီမုန္တိုင္းရဲ႕ ေလတိုက္ႏႈန္း ျပင္းအားက ဖိလစ္ပိုင္ႏိုင္ငံမွာ  ၅ ႏွစ္တာ ကာလအတြင္း အျပင္းဆုံးျဖစ္ၿပီး အႏၲရာယ္အဆင့္ ငါးအဆင့္ထိ သတ္မွတ္ထားသလို ေလတိုက္ႏႈန္း တစ္နာရီ ၂၀၅ ကီလိုမီတာနဲ႔  လူဇုန္ကြၽန္းစုကို ဝင္ေရာက္တိုက္ခတ္လို႔ မိုးသည္းထန္စြာ ႐ြာသြန္းမႈေတြ၊ ေရႀကီးမႈေတြ ေျမၿပိဳမႈေတြ လွ်ပ္စစ္ဓာတ္အားေတြ ျပတ္ေတာက္မႈေတြ ျဖစ္ေပၚခဲ့ပါတယ္။

စက္တင္ဘာ ၁၅ ရက္ နံနက္ ၁ နာရီ မိနစ္ ၄၀မွာ ဝင္ေရာက္တိုက္ခတ္ခဲ့တဲ့ မုန္တိုင္း မန္ကြက္ ဟာ  ဖိလစ္ပိုင္ႏိုင္ငံ လူဇုန္ကြၽန္းကို ၁၀ နာရီခန႔္ အျပင္းအထန္ တိုက္ခတ္ၿပီးေနာက္မွာ အားေလ်ာ့သြားၿပီး ေဟာင္ေကာင္ၿမိဳ႕ဘက္ကို တစ္နာရီ ၁၇၀ - ၂၆၀ ကီလိုမီတာႏႈန္းနဲ႔ ဦးတည္ေ႐ႊ႕လွ်ားခဲ့ပါတယ္။မုန္တိုင္း မန္ကြက္ ေၾကာင့္ ဖိလစ္ပိုင္မွာ လက္ရွိထုတ္ျပန္ထားခ်ိန္အထိ လူ ၅၉ ဦးထိ ေသဆုံးကာ လူဇုန္ကြၽန္းေပၚက အဓိကစိုက္ပ်ိဳးေျမဧရိယာ အမ်ားအျပား ေရလႊမ္းခံလိုက္ရသလို သစ္ပင္အမ်ားအျပား အျမစ္ကြၽတ္လဲက်ခဲ့လို႔ လမ္းပန္းဆက္သြယ္ေရးေတြပါ ျပတ္ေတာက္ကုန္ပါတယ္။

ဖိလစ္ပိုင္ကို ေထာင္းလေမာင္းေၾကမႊမတတ္ ေမႊခဲ့တဲ့ စူပါတိုင္ဖြန္း မုန္တိုင္း မန္ကြက္ ဟာ ေဟာင္ေကာင္နဲ႔ မကာအိုတို႔မွာ ေမႊေႏွာက္ဖ်က္ဆီးၿပီးေနာက္ စက္တင္ဘာ ၁၆ ရက္မွာ တ႐ုတ္ေတာင္ပိုင္း ကမ္း႐ိုးတန္း ကြမ္တုံျပည္နယ္က က်ိအန္မင္ကမ္းေျခၿမိဳ႕ဆီ ဝင္ေရာက္ခဲ့ပါတယ္။မုန္တိုင္းရဲ႕ ျပင္းအားက ႀကီးလြန္းလို႔ အာဏာပိုင္ေတြက မုန္တိုင္းမဝင္ေရာက္လာမီ ငါးဖမ္းစက္ေလွ ေထာင္ေပါင္းမ်ားစြာကိုလည္း ကမ္းကပ္ထားၾကဖို႔ သတိေပးခဲ့ပါတယ္။ထုတ္ျပန္ခ်က္ေတြအရေတာ့ ကြမ္တုန္မွာလည္း မုန္တိုင္းေၾကာင့္ ကနဦးသိရွိရသမွ် ႏွစ္ဦးေသဆုံးခဲ့တယ္ ဆိုပါတယ္။

ကမာၻေရွ႕ျခမ္းနဲ႔ ေနာက္ျခမ္းကို ညႇပ္ကာ တိုက္ခတ္ခဲ့တဲ့ စူပါမုန္တိုင္းႀကီးေတြျဖစ္တဲ့ ဖေလာရင့္စ္နဲ႔ မန္ကြက္ ဟာ ကမာၻကို ေနာင္ဆိုလာေတာ့မယ့္ ေဘးေတြကို ႀကိဳျပလိုက္သလိုပါဘဲ။ဒါဟာ လူေတြစိတ္ထဲ ေၾကာက္ေနတဲ့ ကမာၻတစ္ဝန္း မုန္တိုင္းေတြအၿပိဳင္ တိုက္ခတ္မယ့္ အခ်ိန္ကာလဟာ လက္ရွိလူေတြရဲ႕ သဘာဝပတ္ဝန္းက်င္အေပၚ ထိန္းသိမ္းေစာင့္ေရွာက္မႈ အားနည္းရင္ နည္းသလို ျမန္ျမန္က်ေရာက္လာေတာ့မယ္ဆိုတာ ပထမဆုံး မီဂါမုန္တိုင္းေတြ မလာခင္ စူပါမုန္တိုင္းႏွစ္ခုက ျပလိုက္တဲ့အတြက္ ဒီသတင္းက ကမာၻကို လႈပ္ႏိုးလိုက္တဲ့ သဘာဝေဘး သတင္းႀကီး ျဖစ္ခဲ့ပါတယ္။

ေနာက္ဆုံးေပၚ အၾကမ္းဖက္မႈ ပုံစံသစ္။
    

ယခုေနာက္ပိုင္းမွာ ကမာၻတစ္ဝန္း အၾကမ္းဖက္မႈက ပုံစံသစ္တမ်ိဳးနဲ႔ တိုက္ခိုင္လာတာကို ေတြ႕ရပါတယ္။ဒီနည္းက လူေတြသတိမထားမိသလို အႏၲရာယ္လည္း အလြန္ႀကီးတဲ့နည္းပါ။ဒီနည္းက ယခုတေလာ ဆက္တိုက္ျဖစ္ပ်က္ေနသလို အၾကမ္းဖက္လိုသူေတြအတြက္ လက္တစ္ကမ္းမွာ ရွိေနတဲ့အေကာင္အထည္ အလြယ္တကူေဖာ္ႏိုင္တဲ့ အေနအထားပါ။မၾကာမီရက္ပိုင္းက ဒီနည္းနဲ႔ အၾကမ္းဖက္မႈျဖစ္ပြားခဲ့တာကို ျပင္သစ္နဲ႔ တ႐ုတ္ျပည္မွာ ျဖစ္ခဲ့တာကိုေတြ႕ရပါတယ္။

စက္တင္ဘာ ၁၂ ရက္ ညေနပိုင္းက တ႐ုတ္ႏိုင္ငံ အလယ္ပိုင္းရွိ ဟူနန္ေဒသမွ အမ်ားျပည္သူ အပန္းေျဖနားေနရာ ရင္ျပင္တစ္ခုျဖစ္တဲ့ ဟန္ယန္းၿမိဳ႕ရင္ျပင္မွာ လူတစ္ဦးက အပန္းေျဖတဲ့ လူအုပ္ထဲ ကားနဲ႔ တမင္ဝင္တိုက္ခဲ့တဲ့အတြက္ လူ ၉ ဦး ေသဆုံးၿပီး လူေပါင္း ၄၀ ေက်ာ္ ဒဏ္ရာရခဲ့ပါတယ္။လူမႈကြန္ရက္ေတြမွာ ထြက္ေပၚလာတဲ့ ပုံေတြ ဗီဒီယိုကလစ္မွာေတာ့ အပန္းေျဖေနတဲ့သူေတြက ရင္ျပင္ထဲ ဝင္လာတဲ့ ကားႏွင့္ ေဝးရာသို႔ အထိတ္တလန႔္ ေျပးလႊားေနၾကပုံေတြကို တင္ထားပါတယ္။
ေဒသခံအစိုးရကေတာ့ ဒါဟာ တမင္တကာ ရည္႐ြယ္ခ်က္ရွိရွိနဲ႔ လုပ္တာပဲလို႔ ထုတ္ျပန္ထားၿပီး ကားသမားကို ဖမ္းဆီးစစ္ေဆးေနတယ္လို႔ ဆိုပါတယ္။ယခုျဖစ္စဥ္ကို အာဏာပိုင္ေတြက အၾကမ္းဖက္ဝါဒနဲ႔ ဆက္စပ္မႈ ရွိ၊ မရွိ စုံစမ္းေနဆဲ ထုတ္ျပန္ထားေပမယ့္ မၾကာမီကာလေတြကလည္း တ႐ုတ္ျပည္မွာ ယခုလို လူအုပ္ထဲ ကားနဲ႔ ဝင္တိုက္တာေတြရွိခဲ့တဲ့အတြက္ ဒီျပႆနာဟာ သတိထားစရာ ျဖစ္လာခဲ့ပါတယ္။

တ႐ုတ္ျပည္မွာ လူအုပ္ထဲ ကားနဲ႔ထိုးဝင္ တိုက္သတ္ၿပီး ၂ ရက္အၾကာ စက္တင္ဘာ ၁၄ ရက္မွာ ျပင္သစ္ေတာင္ပိုင္း ပိုင္းနီမက္စ္ၿမိဳ႕ အရက္ဆိုင္တစ္ခု အျပင္ဘက္မွာ လူ ၅၀ ခန႔္ စုေဝးေနတဲ့ ေသာက္သုံးေနတဲ့သူထဲကို အသက္ (၃၂) ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး ေမာင္းလာတဲ့ Peugeot အမ်ိဳးအစား ကားနဲ႔ ဝင္တိုက္ခဲ့လို႔ လူႏွစ္ဦး ဒဏ္ရာအနည္းငယ္ ရရွိခဲ့ပါတယ္။ေဒသခံေတြ အဆိုမွာေတာ့ ဒီကားေမာင္းသူက အာရပ္ဘာသာစကားနဲ႔ ဘုရားသခင္က အျမင့္ျမတ္ဆုံးလို႔ ေႂကြးေၾကာ္ၿပီး ကားကို ထိုးထည့္ေမာင္းခ်လာၿပီး အခင္းျဖစ္ရာေနရာမွ ထြက္ေျပးဖို႔ ႀကိဳးစားေပမယ့္ လူေတြက ဝိုင္းဖမ္းကာ ထိုးႀကိတ္ခဲ့တယ္လို႔ ဆိုပါတယ္။

မၾကာခင္ကာလေတြကတည္းက အေမရိကန္ အပါအဝင္ အေနာက္ႏိုင္ငံေတြမွာ ဒီလိုမ်ိဳး ကားအသုံးျပဳၿပီး လူေတြကို သတ္ျဖတ္အၾကမ္းဖက္မႈေတြ အေတာ္မ်ားမ်ား ျဖစ္ခဲ့ပါတယ္။ကားနဲ႔ အေသခံဗုံးခြဲမႈေတြ မၾကာခဏျမင္ေတြ႕အၿပီးမွာ စစ္ေဆးတားဆီးဖို႔ ခက္တဲ့ ကုန္ကားေတြ ထရပ္ကားေတြ အပါအဝင္ အ႐ြယ္ႀကီးမားတဲ့ ကားေတြကေန ကားေသးေတြအထိ အသုံးျပဳကာ  အျမစ္မဲ့ျပည္သူေတြကို ပစ္မွတ္ထားတိုက္ခိုက္တဲ့ အစြန္းေရာက္ ဘာသာေရးသမားေတြရဲ႕ တိုက္ခိုက္မႈက ေပၚထြက္လာပါတယ္။ျပစ္မႈမက်ဴးလြန္မျခင္း ဘာတစ္ခုမွ အေထာက္အထား လက္ဝယ္မရွိတဲ့ ကားနဲ႔ လူအုပ္ထဲ ထိုးထည့္ကာ သတ္ျဖတ္တဲ့ ရက္စက္တဲ့ လူသတ္ျခင္းမ်ိဳးကို အၾကမ္းဖက္သမားေတြ သုံးလာတဲ့အတြက္ ဒါဟာ အနာဂတ္မွာ တားဆီးဖို႔ခက္ၿပီး အေရးယူရင္လည္း ျပစ္ဒဏ္နည္းႏိုင္တဲ့အတြက္ ဘယ္လို တားဆီးမလဲဆိုတာ ထည့္သြင္းစဥ္းစားလာရေတာ့မွာ ျဖစ္ပါတယ္။  

ဒီလို အၾကမ္းဖက္မႈသတင္းက ၂၀၁၃ နဲ႔ ၂၀၁၄ ခုႏွစ္အတြင္း ေငြေၾကးခဝါခ်မႈနဲ႔ မေလးရွား ဝန္ႀကီးခ်ဳပ္ေဟာင္း နာဂ်စ္ရာဇက္ ရဲ႕ ေရွ႕ေန မူဟာမက္ ရွာဖီအဗ္ဒူလာ ကို ဖမ္းဆီးလိုက္တဲ့ သတင္း၊ အာဖဂန္နစၥတန္ အေရွ႕ပိုင္း နန္ဂါဟာျပည္နယ္မွာ ျပဳလုပ္တဲ့ ဆႏၵျပပြဲကို အေသခံဗုံးခြဲတိုက္ခိုက္လို႔ လူ ၆၈ ဦး ေသဆုံးခဲ့ရတဲ့ သတင္း၊ အေမရိကန္ျပည္ေထာင္စု၊ ေဘာ့စတြန္ၿမိဳ႕ ေျမာက္ပိုင္း ၿမိဳ႕ေတြမွာ မီးေလာင္ေပါက္ကြဲမႈမ်ား ျဖစ္ပြားခဲ့လို႔ ေဒသခံ ၁၀ ဦး ဒဏ္ရာရခဲ့တဲ့ သတင္း၊ ခ်ီလီႏိုင္ငံ ေျမာက္ပိုင္း အန္တိုဖာဂစတာေဒသက ဆင္းရဲသားရပ္ကြက္မွာ မီးအႀကီးအက်ယ္ ေလာင္ကြၽမ္းမႈျဖစ္လို႔ ရွစ္ဦး ဒဏ္ရာရကာ ေနအိမ္ ၁၀၀ ေလာက္ မီးထဲပါသြားတဲ့ သတင္း၊ ကင္ဆာေရာဂါနဲ႔ ေသဆုံးသြားတဲ့ ဇနီးျဖစ္သူ အသုဘအခမ္းအနား တက္ေရာက္ႏိုင္ဖို႔ ပါကစၥတန္ ဝန္ႀကီးခ်ဳပ္ေဟာင္း နာဝပ္ဇ္ရွရစ္ဖ္ နဲ႔ သမီးတို႔ကို ပါကစၥတန္ အာဏာပိုင္မ်ားက အက်ဥ္းေထာင္ကေန ယာယီလႊတ္ေပးခဲ့တဲ့ သတင္းေတြထဲမွာ သတိထားဂ႐ုစိုက္စရာ သတင္းတစ္ပုဒ္ ျဖစ္ခဲ့ပါတယ္။

စစ္ျမဴေနတဲ့ ကမာၻ႔စစ္ေရး အေျခအေန။
    

လတ္တေလာ ကမာၻ႔စစ္ေရး အေျခအေနေတြက မ်က္ေျချပတ္လို႔ မရေလာက္ေအာင္ ဆက္တိုက္ျဖစ္ေနပါတယ္။အထူးသျဖင့္ ႐ုရွားရဲ႕ စစ္ေရးတည္ေဆာက္မႈက ဆိုဗီယက္ျပည္ေထာင္စု ၿပိဳကြဲၿပီးကတည္းက ကမာၻ႔တစ္ခုတည္းေသာ အင္အားႀကီးႏိုင္ငံျဖစ္လာတဲ့ အေမရိကန္အတြက္ အၿမဲသတိထားရမယ့္ကိစၥ ျဖစ္လာပါတယ္။႐ုရွားမွာ ဘာေတြထပ္တီထြင္ထားလဲ၊ ႐ုရွားရဲ႕ မဟာဗ်ဴဟာေျမာက္ စစ္လက္နက္က  ဘာေတြလဲ၊ ႐ုရွားရဲ႕ နည္းပညာအရည္အေသြးက ဘယ္အဆင့္ထိ ေရာက္ေနၿပီလဲဆိုတာ အေမရိကန္နဲ႔ မဟာမိတ္ေတြ ကမာၻ႔ႏိုင္ငံေတြ အၿမဲသိခ်င္ေနတဲ့ အခ်က္အလက္ေတြပါ။
    

အေမရိကန္နဲ႔ မဟာမိတ္ေတြကတစ္ဖက္၊ ႐ုရွားနဲ႔ အီရန္တို႔က တစ္ဖက္စီ ပါဝင္တိုက္ေနၾကတဲ့ ဆီးရီးယား ျပည္တြင္းစစ္မွာ ႐ုရွားဘက္က စစ္ႏိုင္သေလာက္ ျဖစ္ေနတဲ့အတြက္ အေမရိကန္အေနနဲ႔ ႐ုရွားရဲ႕ စစ္ေရးကို သိရဖို႔ အေရးႀကီးေနပါတယ္။
    

ဒါေတြကိုသိဖို႔ အခြင္အေရးတစ္ခုက ဒီလထဲမွာ ေပၚလာပါတယ္။ဒါက ႐ုရွားႏိုင္ငံက  စစ္ေအးကာလေႏွာင္းပိုင္း အႀကီးမားဆုံး စစ္ေရးေလ့က်င့္မႈကို ႐ုရွား၊ တ႐ုတ္နဲ႔ မြန္ဂို စစ္သား သုံးသိန္းေက်ာ္ ပါဝင္တဲ့  Vostok-2018 စစ္ေရးေလ့က်င့္မႈကို ျပဳလုပ္ခဲ့တာပဲ ျဖစ္ပါတယ္။
    

စက္တင္ဘာလ ၁၁ ရက္ေန႔ကစၿပီး စက္တင္ဘာလ ၁၇ ရက္အထိ ႐ုရွားႏိုင္ငံရွိ ဆိုက္ေဘးရီးယားၿမိဳ႕နဲ႔ အေရွ႕ဘက္ျခမ္း ေဒသေတြမွာ ျပဳလုပ္တဲ့ စစ္ေရးေလ့က်င့္မႈမွာ အေရွ႕ပိုင္းနဲ႔ အလယ္ပိုင္း စစ္တပ္အဖြဲ႕ဝင္ေတြ၊ ပစိဖိတ္နဲ႔ ေျမာက္ပိုင္း ေရယာဥ္စုရဲ႕ ေရယာဥ္ေတြ၊ အေျမႇာက္တပ္နဲ႔ စစ္ေလယာဥ္အစင္းေရ ၁၀၀၀ ေက်ာ္နဲ႔အတူ ေလယာဥ္၊ ရဟတ္ယာဥ္နဲ႔ ေမာင္းသူမဲ့ေလယာဥ္ေတြ အသုံးျပဳၿပီး စစ္ေရးေလ့က်င့္ခဲ့ၾကပါတယ္။စက္တင္ဘာ ၁၅ ရက္က  မြန္ဂိုလီးယားနယ္စပ္နားက ဇေဘကယ္စကီခေရၿမိဳ႕မွာလုပ္တဲ့ စစ္ေရးေလ့က်င့္မႈမွာ ဘက္စုံသုံး ဒုံးက်ည္နဲ႔ Howitzer အေျမာက္ေတြ စမ္းသပ္ပစ္ခတ္ခဲ့ပါတယ္။ဒီစစ္ေရးေလ့က်င့္မႈကို ႐ုရွား သမၼတ ပူတင္ ကိုယ္တိုင္ ၾကည့္ရႈခဲ့ၿပီး စစ္ေရးေလ့က်င့္မႈေတြထဲ အျခားေသာ နည္းဗ်ဴဟာဆိုင္ရာ ေလ့က်င္ဆင္ႏႊဲမႈေတြလည္း ပါဝင္ႏိုင္တယ္လို႔ ႏိုင္ငံတကာ စစ္ေရးသုံးသပ္သူေတြက ဆိုပါတယ္။
    

ဒီလိုစစ္ေရးေလ့က်င္မႈေတြ ေဆာင္႐ြက္ေနစဥ္မွာ ျပည္တြင္းစစ္ျဖစ္ေနတဲ့ ဆီးရီးယားႏိုင္ငံက အစိုးရတပ္ေတြနဲ႔ တိုက္ခိုက္ေနတဲ့ အေမရိကန္ ေထာက္ခံေပးတဲ့ သူပုန္တပ္ေတြ ေနာက္ဆုံးက်န္ရွိရာ အက္ဒလစ္ၿမိဳ႕ကို ေနာက္ဆုံး ၿမိဳ႕သိမ္းတိုက္ပြဲေတြ ဆင္ႏႊဲဖို႔ အင္အားစုစည္းတာေတြ၊ တပ္ေတြစုတာေတြကို ႐ုွရွား ဦးေဆာင္တဲ့ ဆီးရီးယား အစိုးရတပ္ေတြ၊ အီရန္တပ္ဖြဲ႕ေတြက ျပင္င္ေနၾကလို႔ တူရကီဘက္ကလည္း သူနဲ႔ ဆက္စပ္ေနတဲ့ နယ္စပ္မ်ဥ္းတစ္ေလွ်ာက္ တပ္ေတြခ်ထားေနတာကိုေတြ႕ရပါတယ္။
    

Vostok-2018 စစ္ေရးေလ့က်င့္မႈ စလုပ္တဲ့ စက္တင္ဘာ ၁၁ ရက္မွာ ႐ုရွားက အေမရိကန္ကို ထပ္ၿပီး ေခါင္းပုတ္ေျခပုတ္ လုပ္လိုက္ခဲ့ပါေသးတယ္။အေမရိကန္ ပိုင္နက္ျဖစ္တဲ့ အလာစကာျပည္နယ္ အနီးကို ႐ုရွား TU-95  မဟာဗ်ဴဟာ ဗုံးႀကဲေလယာဥ္ေတြ ခ်ည္းကပ္လာလို႔ အေမရိကန္က F-22 ပၪၥမမ်ိဳးဆက္ တိုက္ေလယာဥ္ႏွစ္စီး အားခ်င္းပ်ံတက္ကာ ၾကားျဖတ္ေစာင့္ၾကည့္ခဲ့ရတယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ေမလအတြင္းကလည္း TU-95 ဗုံးႀကဲေလယာဥ္ႏွစ္စီး အလက္စကာျပည္နယ္အနီး ေရာက္လာလို႔လည္း အေမရိကန္က F-22 မ်ား ေစလႊတ္ၿပီး ေစာင့္ၾကည့္ခဲ့ရတဲ့ ျဖစ္စဥ္ေတြ ရွိခဲ့လို႔ ဒီႏွစ္ထဲမွာ ဒါဟာ ဒုတိယအႀကိမ္ျဖစ္ခဲ့တဲ့ ျဖစ္စဥ္ပါ။

အေမရိကန္အတြက္ ဒီလိုျဖစ္ရပ္ဟာ နာလိုခံခက္ျဖစ္ေစမွာ မွန္သလို ကမာၻမွာ စစ္ေရးခ်ိန္ခြင္ လွ်ာညီမွ်လာဖို႔ေတာ့ ရွိေနပါတယ္။ဒါေပမယ့္ ယခင္က စစ္ေအးေခတ္ကာလကို ျပန္ဦးတည္လာခဲ့တဲ့အတြက္ ဒါဟာ ေကာင္းတဲ့ အလားအလာေတာ့ မဟုတ္ပါဘူး။အေမရိကန္မွာ သမၼတ ထရန႔္ လို လုပ္ခ်င္ရာလုပ္တဲ့ သမၼတမ်ိဳးနဲ႔ ပူတင္ လို သေဘာထားတင္းမာတဲ့ သမၼတ ထိပ္တိုက္ေတြ႕လာခဲ့ရင္ ဘယ္လိုျဖစ္လာမလဲ ဆိုတာ ကမာၻအတြက္ သတိထားေတြးေတာရမယ့္ ကိစၥပါ။

ဒီသတင္းက ဒီတစ္ပတ္မွာ စစ္ေရးေလ့က်င္မႈေတြေၾကာင့္ စစ္ေရးအကဲခတ္သူေတြကို အလုပ္ရႈပ္ေစခဲ့သလို သတင္းဖတ္သူေတြကိုလည္း ႐ုရွား စစ္ေရးသတင္းေတြက ဖမ္းစားခဲ့ပါတယ္ ဆိုတဲ့အေၾကာင္း တင္ျပရင္း ယခုတစ္ပတ္ သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မင္းထက္
စက္တင္ဘာ - ၁၇