ပိုမိုခိုင်မာသော လူမှုအသိုင်းအဝန်းစိတ်ဓါတ်တည်ဆောက်မည့် အာရှဆွေးနွေးပွဲများ

 ပိုမိုခိုင်မာသော လူမှုအသိုင်းအဝန်းစိတ်ဓါတ်တည်ဆောက်မည့် အာရှဆွေးနွေးပွဲများ

ကမ္ဘာတဝှမ်းမှ တက်ရောက်သူများကို ဆွဲဆောင်ခဲ့သော ဒုတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရပ်ဝန်းနှင့်လမ်းညီလာခံကို အိမ်ရှင်အဖြစ်လက်ခံကျင်းပပြီး ၂ ပါတ်မျှ အချိန်တွင် ဘေဂျင်းသည် အာရှယဉ်ကျေးမှု လူ့အဖွဲ့အစည်းများ ဆွေးနွေးပွဲ ညီလာခံကို အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည်။

အာရှနိုင်ငံ ၇၄ နိုင်ငံမှ တက်ရောက်သူများနှင့် ဒေသပြင်ပမှ တက်ရောက်သူများသည် ယဉ်ကျေးမှု ကွဲပြားစုံးလင်မှုကို ဂုဏ်ပြုရန်၊ ယဉ်ကျေးမှုခြင်းဆက်စပ်မှုကို မြှင့်တင်ရန်နှင့် လူမှုအသိုင်းအဝန်းသစ် စိတ်ဓါတ်ကို မြေတောင်မြှောက်ပေးရန် တရုတ်နိုင်ငံ မြို့တော်တွင် ဗုဒ္ဓဟူးနေ့တွင် တွေ့ဆုံကြမည်ဖြစ်သည်။

ယဉ်ကျေးမှု အသိုင်းအဝန်းများအကြားဖလှယ်ရေးနှင့် ဘုံအနာဂါတ်နှင့် အာရှလူမှု အသိုင်းအဝန်းဟူသော ဆောင်ပုဒ်ဖြင့်ကျင်းပသော ထိုညီလာခံသည် အာရှ ယဉ်ကျေးမှု လူ့အဖွဲ့အစည်းများအကြား မိမိကိုယ်မိမိနှင့် အပြန်အလှန်ယုံကြည်မှုမြှင့်တင်ရေးကို ရည်ရွယ်သည်။ထိုညီလာခံသည် ဘေ့ဂျင်း၏ ၂၀၁၉ ခုနှစ်နိုင်ငံရေးအစီအစဉ်များအတွက် အရေးပါလှသောကြောသင့် သမ္မတ ရှီကျင့်ပင်သည် ထိုညီလာခံတွင် မိန့်ခွန်းများစွာပြောကြားမည်ဟု မျှော်လင့်ရသည်။

တရားဝင်ပြောရပါက ထိုညီလာခံသည် ပြည်တွင်းတွင်ကျင်းပသည့် အရေးအပါဆုံး သံတမန်ရေးရာ အခမ်းအနား ၃ ခုအနက် ဒုတိယမြောက် အခမ်းအနားဖြစ်ပြီး တတိယအခမ်းအနားမှာ ကျင်းပရန်စီစဉ်ထားသော ဒုတိယအကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန် ထုတ်ကုန်ပြ ပွဲဖြစ်သည်။

ထိုကဲ့သို့သော အခမ်းအနားများသည် နိုင်ငံများအာကား ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အဆင်ပြေချောမွေ့ရေးတွင် ယဉ်ကျေးမှု ပေါင်းစပ် အပြန်အလှန်ဆက်ဆံခြင်း၏ အခန်းကဏ္ဍအပေါ် ခေါင်းဆောင်မှုပိုင်း၏ ခိုင်မာသောယုံကြည်ချက်မှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ယဉ်ကျေးမှု လူ့အဖွဲ့ အစည်းများအကြားတွေ့ဆုံဆွေးနွေးမှုသည် အသစ်အဆန်း မဟုတ်သလို တရုတ်နိုင်ငံ၏ စိတ်ကူးအတွေးအခေါ် သက်သက် လည်းမဟုတ်ပေ။ ထိုကဲ့သို့သော ဆွေးနွေးပွဲများသည် အပြုသဘောဆောင်သော အလားအလာ ရှိသောကြောင့် ထိုဆွေးနွေးပွဲ များ လိုအပ်ကြောင်း ကို ယခင်ကသာမက ယခုအခါ တွင်လည်း များစွာရှင်းလင်းတင်ပြ ခဲ့ကြပြီးဖြစ်သည်။

ထိုကဲ့သို့သော ဆွေးနွေးပွဲကို ဘေ့ဂျင်းက ဤမျှသော တည်ကြည်လေးနက်မှုမျိုးပေးသည်ဟူသောအချက်သည် အာရှနှင့်အခြားဒေသများတွင် လူမှုအသိုင်းအဝန်းစိတ်ဓါတ်ကို ထိပါးရန် ခြိမ်းခြောက်နေသည့် တဖက်သတ်ဝါဒ၏ ပြင်းထန်လှသော လေဆန်ကို ရင်ဆိုင်နေရချိန်တွင် ထူးခြားသော အရေးပါမှုကို ပြသနေပေသည်။

 ရပ်ဝန်းနှင့်လမ်းအစီအစဉ်သည် ရုပ်ဝတ္တုပိုင်းအပေါ် ပိုမိုအာရုံစိုက်သော်လည်း ယခုကျင်းပမည့် ညီလာခံသည် ဘေ့ဂျင်း၏ အမြင်မှ စိတ်ဓါတ်ရေးရာဆက်စပ်မှုကို အားပေးရန် တပြိုင်နက် အားထုတ်မှုဖြစ်သည်။ စိတ်ဓါတ်ရေးရာအဆက်အစပ်သည် ဒေသတွင်းငြိမ်းချမ်းရေးနှင့် ဘုံကြွယ်ဝချမ်းသာမှုအတွက် လမ်းခင်းပေးသည်ဟု ဘေ့ဂျင်းကယုံကြည်သည်။

 အာရှသည်လူသားတို့၏ ယဉ်ကျေးမှုလူ့အဖွဲ့အစည်းများ၏ ရင်းမြစ် ဂုဏ်ယူစရာ သမိုင်းကိုပိုင်ဆိုင်ထားသည်။ ခရစ်တော်မပေါ်မီ ၈ ရာစုမှ ၃ ရာစုကို ကိုယ်စားပြုသော မဏ္ဍိုင်ခေတ် လူသားတို့၏ အတွေးအခေါ်စနစ် ၅ ခုအနက် ၄ ခုကို ဤဒေသတွင် မီးရှူးသန့်စင်ခဲ့သည်။ ထို့ကြောင့် ယနေ့ခေတ် ကမ္ဘာ့ကိုးကွယ်မှုအများဆုံး ဘာသာတရားများဖြစ်သော ခရစ်ယာန်ဘာသာ၊ အစ္စလမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာနှင့် တာအိုဘာသာတို့ ပေါ်ပေါက်လာကြသည်။

ထိုဘာသာတရားများသည် ကွဲပြားခြားနားသော်လည်း ၎င်းတို့အားလုံးတွင်ရှိနေသည့် ငြိမ်းချမ်းရေးနှင့်ခိုင်မာသော လူမှုအသိုင်းအဝန်း စိတ်ဓါတ် အတွက် တူညီသော ဆန္ဒပြင်းပြမှုသည် ရာစုနှစ်ပေါင်းများစွာကြာသော ယေဘုံယျ သဟဇာတ ပူးတွဲတည်ရှိမှုနှင့် ကြွယ်ဝချမ်းသာမှုကို ကြီးမားစွာ အကျိုးပြုခဲ့သည်။  နိုင်ငံခြင်းဆက်ဆံရေးမှ တဖက်သတ်ဆန်သော သဘောသဘာဝသည် အလွန်အကျွံအတ္တဆန်မှုကို ဖြစ်ပေါ်စေသော အချိန်တွင် ထိုကဲ့သို့သော သမိုင်းနှင့်ယဉ်ကျေးမှုဆိုင်ရာ ဆက်စပ်မှုများသည် အထူးသဖြင့်တန်းဖိုး ကြီးမားလှပေသည်။
 
အာရှသည် ကမ္ဘာတွင် စီးပွားရေအရ ရှင်သန်မှု အရှိဆုံးဒေသဖြစ်သည်။ သို့သော် အချို့သောအမြင်များအရ ကြည့်ပါကလည်း နိုင်ငံရေးအရ တည်ငြိမ်မှုအနည်းဆုံး ဒေသများအနက်တခုလည်းဖြစ်သည်။ ယဉ်ကျေးမှုလူ့အဖွဲ့အစည်းဆက်ဆံရေး အမြင်အရ ဒေသတွင်း ဆွေးနွေးပွဲသည် အပြန်အလှန်နားလည်မှုနှင့် ထိုနားလည်မှုကြောင့် ယုံကြည်မှုပေါ်ပေါက်ရေးတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်နိုင်ပေသည်။
လက်ရှိ ကမ္ဘာ့စီးပွားရေးရှုခင်းတွင် ဤဒေသသည် တောက်ပသောနေရာတခုဖြစ်နေသောကြောင့် အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှု ၂ ခုစလုံးသည် မရှိမဖြစ်လိုအပ်လှပေသည်။

(   Zawgyi   )

 ကမာၻတဝွမ္းမွ တက္ေရာက္သူမ်ားကို ဆြဲေဆာင္ခဲ့ေသာ ဒုတိယအႀကိမ္ေျမာက္ ႏိုင္ငံတကာပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာ ရပ္ဝန္းႏွင့္လမ္းညီလာခံကို အိမ္ရွင္အျဖစ္လက္ခံက်င္းပၿပီး ၂ ပါတ္မွ် အခ်ိန္တြင္ ေဘဂ်င္းသည္ အာရွယဥ္ေက်းမႈ လူ႔အဖြဲ႕အစည္းမ်ား ေဆြးေႏြးပြဲ ညီလာခံကို အိမ္ရွင္အျဖစ္လက္ခံက်င္းပေနသည္။

အာရွႏိုင္ငံ ၇၄ ႏိုင္ငံမွ တက္ေရာက္သူမ်ားႏွင့္ ေဒသျပင္ပမွ တက္ေရာက္သူမ်ားသည္ ယဥ္ေက်းမႈ ကြဲျပားစုံးလင္မႈကို ဂုဏ္ျပဳရန္၊ ယဥ္ေက်းမႈျခင္းဆက္စပ္မႈကို ျမႇင့္တင္ရန္ႏွင့္ လူမႈအသိုင္းအဝန္းသစ္ စိတ္ဓါတ္ကို ေျမေတာင္ေျမႇာက္ေပးရန္ တ႐ုတ္ႏိုင္ငံ ၿမိဳ႕ေတာ္တြင္ ဗုဒၶဟူးေန႔တြင္ ေတြ႕ဆုံၾကမည္ျဖစ္သည္။

ယဥ္ေက်းမႈ အသိုင္းအဝန္းမ်ားအၾကားဖလွယ္ေရးႏွင့္ ဘုံအနာဂါတ္ႏွင့္ အာရွလူမႈ အသိုင္းအဝန္းဟူေသာ ေဆာင္ပုဒ္ျဖင့္က်င္းပေသာ ထိုညီလာခံသည္ အာရွ ယဥ္ေက်းမႈ လူ႔အဖြဲ႕အစည္းမ်ားအၾကား မိမိကိုယ္မိမိႏွင့္ အျပန္အလွန္ယုံၾကည္မႈျမႇင့္တင္ေရးကို ရည္႐ြယ္သည္။ထိုညီလာခံသည္ ေဘ့ဂ်င္း၏ ၂၀၁၉ ခုႏွစ္ႏိုင္ငံေရးအစီအစဥ္မ်ားအတြက္ အေရးပါလွေသာေၾကာသင့္ သမၼတ ရွီက်င့္ပင္သည္ ထိုညီလာခံတြင္ မိန႔္ခြန္းမ်ားစြာေျပာၾကားမည္ဟု ေမွ်ာ္လင့္ရသည္။

တရားဝင္ေျပာရပါက ထိုညီလာခံသည္ ျပည္တြင္းတြင္က်င္းပသည့္ အေရးအပါဆုံး သံတမန္ေရးရာ အခမ္းအနား ၃ ခုအနက္ ဒုတိယေျမာက္ အခမ္းအနားျဖစ္ၿပီး တတိယအခမ္းအနားမွာ က်င္းပရန္စီစဥ္ထားေသာ ဒုတိယအႀကိမ္ေျမာက္ တ႐ုတ္ႏိုင္ငံတကာ သြင္းကုန္ ထုတ္ကုန္ျပ ပြဲျဖစ္သည္။

ထိုကဲ့သို႔ေသာ အခမ္းအနားမ်ားသည္ ႏိုင္ငံမ်ားအာကား ယုံၾကည္မႈႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈ အဆင္ေျပေခ်ာေမြ႕ေရးတြင္ ယဥ္ေက်းမႈ ေပါင္းစပ္ အျပန္အလွန္ဆက္ဆံျခင္း၏ အခန္းက႑အေပၚ ေခါင္းေဆာင္မႈပိုင္း၏ ခိုင္မာေသာယုံၾကည္ခ်က္မွ ေပၚေပါက္လာျခင္းျဖစ္သည္။ ယဥ္ေက်းမႈ လူ႔အဖြဲ႕ အစည္းမ်ားအၾကားေတြ႕ဆုံေဆြးေႏြးမႈသည္ အသစ္အဆန္း မဟုတ္သလို တ႐ုတ္ႏိုင္ငံ၏ စိတ္ကူးအေတြးအေခၚ သက္သက္ လည္းမဟုတ္ေပ။ ထိုကဲ့သို႔ေသာ ေဆြးေႏြးပြဲမ်ားသည္ အျပဳသေဘာေဆာင္ေသာ အလားအလာ ရွိေသာေၾကာင့္ ထိုေဆြးေႏြးပြဲ မ်ား လိုအပ္ေၾကာင္း ကို ယခင္ကသာမက ယခုအခါ တြင္လည္း မ်ားစြာရွင္းလင္းတင္ျပ ခဲ့ၾကၿပီးျဖစ္သည္။

ထိုကဲ့သို႔ေသာ ေဆြးေႏြးပြဲကို ေဘ့ဂ်င္းက ဤမွ်ေသာ တည္ၾကည္ေလးနက္မႈမ်ိဳးေပးသည္ဟူေသာအခ်က္သည္ အာရွႏွင့္အျခားေဒသမ်ားတြင္ လူမႈအသိုင္းအဝန္းစိတ္ဓါတ္ကို ထိပါးရန္ ၿခိမ္းေျခာက္ေနသည့္ တဖက္သတ္ဝါဒ၏ ျပင္းထန္လွေသာ ေလဆန္ကို ရင္ဆိုင္ေနရခ်ိန္တြင္ ထူးျခားေသာ အေရးပါမႈကို ျပသေနေပသည္။

 ရပ္ဝန္းႏွင့္လမ္းအစီအစဥ္သည္ ႐ုပ္ဝတၱဳပိုင္းအေပၚ ပိုမိုအာ႐ုံစိုက္ေသာ္လည္း ယခုက်င္းပမည့္ ညီလာခံသည္ ေဘ့ဂ်င္း၏ အျမင္မွ စိတ္ဓါတ္ေရးရာဆက္စပ္မႈကို အားေပးရန္ တၿပိဳင္နက္ အားထုတ္မႈျဖစ္သည္။ စိတ္ဓါတ္ေရးရာအဆက္အစပ္သည္ ေဒသတြင္းၿငိမ္းခ်မ္းေရးႏွင့္ ဘုံႂကြယ္ဝခ်မ္းသာမႈအတြက္ လမ္းခင္းေပးသည္ဟု ေဘ့ဂ်င္းကယုံၾကည္သည္။

 အာရွသည္လူသားတို႔၏ ယဥ္ေက်းမႈလူ႔အဖြဲ႕အစည္းမ်ား၏ ရင္းျမစ္ ဂုဏ္ယူစရာ သမိုင္းကိုပိုင္ဆိုင္ထားသည္။ ခရစ္ေတာ္မေပၚမီ ၈ ရာစုမွ ၃ ရာစုကို ကိုယ္စားျပဳေသာ မ႑ိဳင္ေခတ္ လူသားတို႔၏ အေတြးအေခၚစနစ္ ၅ ခုအနက္ ၄ ခုကို ဤေဒသတြင္ မီးရွဴးသန႔္စင္ခဲ့သည္။ ထို႔ေၾကာင့္ ယေန႔ေခတ္ ကမာၻ႔ကိုးကြယ္မႈအမ်ားဆုံး ဘာသာတရားမ်ားျဖစ္ေသာ ခရစ္ယာန္ဘာသာ၊ အစၥလမ္ဘာသာ၊ ဟိႏၵဴဘာသာ၊ ဗုဒၶဘာသာႏွင့္ တာအိုဘာသာတို႔ ေပၚေပါက္လာၾကသည္။

ထိုဘာသာတရားမ်ားသည္ ကြဲျပားျခားနားေသာ္လည္း ၎တို႔အားလုံးတြင္ရွိေနသည့္ ၿငိမ္းခ်မ္းေရးႏွင့္ခိုင္မာေသာ လူမႈအသိုင္းအဝန္း စိတ္ဓါတ္ အတြက္ တူညီေသာ ဆႏၵျပင္းျပမႈသည္ ရာစုႏွစ္ေပါင္းမ်ားစြာၾကာေသာ ေယဘုံယ် သဟဇာတ ပူးတြဲတည္ရွိမႈႏွင့္ ႂကြယ္ဝခ်မ္းသာမႈကို ႀကီးမားစြာ အက်ိဳးျပဳခဲ့သည္။  ႏိုင္ငံျခင္းဆက္ဆံေရးမွ တဖက္သတ္ဆန္ေသာ သေဘာသဘာဝသည္ အလြန္အကြၽံအတၱဆန္မႈကို ျဖစ္ေပၚေစေသာ အခ်ိန္တြင္ ထိုကဲ့သို႔ေသာ သမိုင္းႏွင့္ယဥ္ေက်းမႈဆိုင္ရာ ဆက္စပ္မႈမ်ားသည္ အထူးသျဖင့္တန္းဖိုး ႀကီးမားလွေပသည္။
 
အာရွသည္ ကမာၻတြင္ စီးပြားေရအရ ရွင္သန္မႈ အရွိဆုံးေဒသျဖစ္သည္။ သို႔ေသာ္ အခ်ိဳ႕ေသာအျမင္မ်ားအရ ၾကည့္ပါကလည္း ႏိုင္ငံေရးအရ တည္ၿငိမ္မႈအနည္းဆုံး ေဒသမ်ားအနက္တခုလည္းျဖစ္သည္။ ယဥ္ေက်းမႈလူ႔အဖြဲ႕အစည္းဆက္ဆံေရး အျမင္အရ ေဒသတြင္း ေဆြးေႏြးပြဲသည္ အျပန္အလွန္နားလည္မႈႏွင့္ ထိုနားလည္မႈေၾကာင့္ ယုံၾကည္မႈေပၚေပါက္ေရးတြင္ အျပဳသေဘာေဆာင္ေသာ အခန္းက႑မွ ပါဝင္ႏိုင္ေပသည္။
လက္ရွိ ကမာၻ႔စီးပြားေရးရႈခင္းတြင္ ဤေဒသသည္ ေတာက္ပေသာေနရာတခုျဖစ္ေနေသာေၾကာင့္ အျပန္အလွန္နားလည္မႈႏွင့္ ယုံၾကည္မႈ ၂ ခုစလုံးသည္ မရွိမျဖစ္လိုအပ္လွေပသည္။