"ပြည်သူကို ရန်မမူမိစေနဲ့"

"ပြည်သူကို ရန်မမူမိစေနဲ့"

မြန်မာပြည်သူများအတွက်တော့ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီ။ ၂၀၂၀ ရွေးကောက်ပွဲသည် ရွေးကောက်ပွဲဖြစ်စဉ်တစ်ရပ်လုံးကို ထိခိုက်စေသည့် ပြဿနာကြီးကြီးမားမားမရှိဘဲ အောင်မြင်စွာကျင်းပပြီးစီးကြောင်း ပြည်တွင်း၊ ပြည်ပ ရွေးကောက်စောင့်ကြည့်လေ့လာသည့် အဖွဲ့များကလည်း အသိအမှတ်ပြုကြသလို ဒေသတွင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အသိအမှတ်ပြု၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မိုးပြိုသလိုအနိုင်ရရှိခဲ့မှုအပေါ်လည်း ချီးကျူးထောပနာပြု သဝဏ်လွှာများလည်း ရောက်ရှိခဲ့ပြီဖြစ်သည်။

သို့သော် ပြည်ခိုင်ဖြိုးပါတီအပါအဝင် ၁၆ ပါတီအတွက်မူ ရွေးကောက်ပွဲရလဒ်များကို လက်မခံဟုဆိုသဖြင့် သူတို့အတွက် ရွေးကောက်ပွဲမပြီးသေးသည့်သဘော။ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဟုဆိုကာ ၎င်းတို့၏အမတ်လောင်းများအား မဲဆန္ဒနယ်အလိုက်ရွေးကောက်ပွဲ အနိုင်၊ အရှုံးစာရင်း ပုံစံ (၁၉) တွင် လက်မှတ်မထိုးရန် ညွှန်ကြားခဲ့သည်။သို့သော်၊ ရွေးကောက်ပွဲအနိုင်ရ ပြည်ခိုင်ဖြိုးအမတ်လောင်းအချို့က ပုံစံ (၁၉) တွင် လက်မှတ်ထိုးကြကြောင်းလည်း သိရပြန်သဖြင့် ပြည်ခိုင်ဖြိုးက သူတို့နိုင်သော မဲဆန္ဒနယ်တွင် ရွေးကောက်ပွဲကိုအသိအမှတ်ပြုပြီး သူတို့ရှုံးပါက ရွေးကောက်ပွဲကို အသိအမှတ်မပြုသည့် သဘောများလားဟု တွေးမိကာ ရယ်ရမောရပြန်သည်။

မဲရလဒ်နှင့်ပတ်သက်ပြီး အငြင်းပွားရအောင်ကလည်း ပါတီအလိုက် မဲဆန္ဒနယ်အနိုင်ရလဒ်က မတိမ်းမယိမ်းမဟုတ်သလို မဲဆန္ဒနယ်တစ်ခုချင်းစီအလိုက် အနိုင်ရအမတ်လောင်းနှင့် ဒုတိယမဲအများဆုံးရရှိသူ၏ မဲကွာခြားချက်က များသောအားဖြင့် မဲအပြတ်အသတ်ကွာခြားလျက်ရှိသည်။

ပြည်ခိုင်ဖြိုး၏ ရွေးကောက်ပွဲအနိုင်ရလဒ်မှာ ၂၀၁၅ ရွေးကောက်ပွဲထက်ပင် လျော့နည်းခဲ့သည်။ဘာကြောင့် ၂၀၁၅ ထက်ပင် အရှုံးပင်လယ်ဝေခဲ့သနည်း။ကိုယ့်ကိုယ်ကိုယ် မှန်ထဲကြည့်၊ ကိုယ့်ကိုယ်ကိုယ် အမှန်အတိုင်းရှုမြင်ပြီး ကိုယ့်မျက်ချေးကိုယ် မြင်အောင်မကြည့်။ပြည်သူနှင့် ပြည်ခိုင်ဖြိုးကြား အကွာအဝေးမှာ နှစ်များကြာလာလေ ပို၍ဝေးလေဖြစ်နေပြီလား။ပြည်ခိုင်ဖြိုး၏ နိုင်ငံရေးမူဝါဒအပေါ် ပြည်သူက ဘာကြောင့်လက်မခံကြသနည်း။တစ်ဖက်သားကို သံဘရပ်ချ်နှင့်တိုက်ရမှာ ရဲရဲတောက်တက်ကြွသလောက် ကိုယ့်ကိုယ်ကိုယ်ကျ ငှက်မွှေးနှင့်ပင် မသပ်ချရဲခြင်းပေလား။

ပြည်ခိုင်ဖြိုးအတွက် ဥပမာ-တစည (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ) က ရှိသည်။တစညဆိုလျှင် တစ်ချိန်က ပထမအာဏာရှင်ကြီး၏ စီရင်ချက်အရ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တစ်ဖြစ်လဲပါတီ။တစညသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အဓိကပြိုင်ဘက်။ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် အကြီးအကျယ်ရှုံးနိမ့်ခဲ့သည်။ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိသော ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနည်းငယ်အနိုင်ရ။ ၂၀၁၅ ရွေးကောက်ပွဲတွင် တစ်နေရာအနိုင်ရပြီး ယခု ၂၀၂၀ တွင် သုည။ပြောရလျှင် တစ်ချိန်က ကိန်းခန်းကြီးခဲ့သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသည် ပြည်သူကိုမျက်နှာမမူသော နိုင်ငံရေးမူဝါဒအရ တဖြည်းဖြည်း နိုင်ငံရေးသိမ်ဝင်သွားသည့်သဘော။ဒုတိယအာဏာရှင်ကြီး မွေးဖွားလိုက်သော ပြည်ခိုင်ဖြိုးပါတီကရော တဖြည်းဖြည်း နိုင်ငံရေးသိမ်ဝင်လာပြီဟု ယခု ၂၀၂၀ရွေးကောက်ပွဲက ပြောပြနေလေသလား။

ရွေးကောက်ပွဲရလဒ်ကို အငြင်းပွားနေခြင်းတွင် ပြည်ခိုင်ဖြိုးပါတီကမှ နည်းနည်းပါးပါးနိုင်ခဲ့သေးသဖြင့် တော်သေးသည်။ကျန် ၁၅ ပါတီက ရွေးကောက်ပွဲတွင် ဘဲဥမကွဲ၊ တစ်နေရာမျှပင် မနိုင်သောပါတီများ။ရွေးကောက်ပွဲရလဒ်အပေါ် အခြေခံပြောရလျှင် လူထုထောက်ခံမှု မဲဆန္ဒနယ်တစ်ခုမျှပင်မရှိသော ပါတီများဖြစ်သည်။

ထို ၁၅ ပါတီထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခွဲထွက်လာသော ပါတီနှစ်ခုပါသည်။ပထမတစ်ခုမှာ ရွှေဂုံတိုင်ကြေညာချက်ဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို ပယ်ချခဲ့စဉ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခွဲထွက်ကာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) အဖြစ် ရပ်တည်ခဲ့သောပါတီ။ ၂၀၁၀ ရွေးကောက်ပွဲမှသည် NDF ပါတီဝင် အနည်းငယ် လွှတ်တော်ထဲရောက်ရှိ။ထို့နောက် NDF နောက်တစ်ခြမ်းထပ်ကွဲကာ NDF နှင့် အမျိုးသားဒီမိုကရေစီပါတီသစ် ဟူ၍။

၂၀၁၅ ရွေးကောက်ပွဲတွင်မူ NDF ရော အမျိုးသားဒီမိုကရေစီပါတီသစ်ပါ ရွေးကောက်ပွဲရလဒ် သုည။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖြစ်လာပြီးနောက်တွင် ထိုနှစ်ပါတီစလုံးမှာ ပြည်ခိုင်ဖြိုးပါတီ၏ မဟာမိတ်အဖြစ်ရပ်တည်ကာ အစိုးရကို အတိုက်အခံပြုတော့သည်။

ထိုနှစ်ပါတီတွင် ဦးသိန်းညွန့် ဦးဆောင်သော အမျိုးသားဒီမိုကရေစီပါတီသစ်က ပို၍စွာသလို ပြည်ခိုင်ဖြိုးနှင့်နီးကပ်သော မဟာမိတ်ဆက်ဆံရေးရှိခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ဦးသိန်းညွန့် ဝင်ရောက်ယှဉ်ပြိုင်သည့် သင်္ဃန်းကျွန်းမဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးဝင်အရွေးမခံခြင်းဖြင့် ၎င်းတို့ကြား လေးနက်မှုရှိသည့် မဟာမိတ်ဆက်ဆံရေးကို ပြည်ခိုင်ဖြိုးက သက်သေပြခဲ့သည်။ယခု ၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ၁၆ ပါတီ၏ကြေညာချက်တွင် အမျိုးသားဒီမိုကရေစီပါတီသစ်က နံပါတ်တစ်နေရာက လက်မှတ်ရေးထိုးထားသဖြင့် ပြည်ခိုင်ဖြိုးကဲ့သို့ပင် စိတ်ရောကိုယ်ပါ ဒေါင်ဒေါင်မြည်ကန့်ကွက်နေခြင်းဟု ထင်ရပေသည်။

နောက်ဆက်တွဲသတင်းများအရ ရွေးကောက်ပွဲရလဒ်အပေါ် အငြင်းပွားရန် နောက်ပါတီတစ်ခုကလည်း တာစူနေကြောင်း သိရသည်။ထိုပါတီမှာ ပြည်သူ့ရှေ့ဆောင်ပါတီဖြစ်သည်။ပြည်သူ့ရှေ့ဆောင်ပါတီ ဒု-ဥက္ကဌ ဦးကျော်ဇေယျ က ၂၀၂၀ ရွေးကောက်ပွဲသည် လွတ်လပ်မှု ရှိ၊ မရှိ ပြန်လည်စိစစ်ပေးရေး တောင်းဆိုရန် ပါတီ စီအီးစီ အစည်းအဝေးတွင် တင်ပြဆွေးနွေးနေသည်ဟု မီဒီယာကိုပြောခဲ့သည်။

ပြည်သူ့ရှေ့ဆောင်ပါတီသည်လည်း အထက်ပါ ၁၅ ပါတီကဲ့သို့ပင် ရွေးကောက်ပွဲရလဒ် သုညပါတီ။ ၂၀၂၀ ရွေးကောက်ပွဲကို ကိုယ်စားလှယ်လောင်း ၂၃၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လူထုထောက်ခံမှု တစ်နေရာမျှပင်မရှိသောပါတီ။ပြီးတော့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နှင့် ဒု-ဥက္ကဌ ဦးကျော်ဇေယျတို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုအဖြစ် ၂၀၁၅ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်အနိုင်ရရှိခဲ့သူ။

ဒီမိုကရေစီတော်လှန်ရေးခရီးကြမ်းတွင် အလံမလဲစတမ်း တလူလူလွှင့်ထူနိုင်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလံတော်အောက်တွင် နှစ်အတန်ကြာရပ်ခံခဲ့သူတို့၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသော ထိုပါတီ ၃ ရပ်၏ နိုင်ငံရေးရပ်တည်ချက်မှာ ထိုသို့ဖြစ်လေတော့ ၎င်းတို့၏ခွဲထွက်မှုမှာ နိုင်ငံရေးအတွေးအခေါ်အရ ပင်ခွဲထွက်လာခြင်းများလားဟု မေးခွန်းထုတ်ရပေတော့မည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်နှင့် ပြည်သူ့ရှေ့ဆောင်ပါတီ ဦးဆောင်သူတို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် လမ်းခွဲပြီးနောက်တွင် ၎င်းတို့ဘာသာ ရပ်တည်နိုင်လိမ့်မည်။၎င်းတို့၏ နိုင်ငံရေးပေါက်မြောက်အောင် မြင်လိမ့်မည်ဟု ယူဆကြပုံရသည်။ထို့ပြင် ခေတ်အဆက်ဆက် နိုင်ငံရေးအဖွဲ့အစည်းများကြား အကွဲအပြဲတို့၏ ထုံးစံအတိုင်း အချင်းချင်းကြားကွဲပြီဟေ့ဆိုလျှင် ရာသက်ပန်ညှိမရနှိုင်းမရ ရန်သူထက်ပင် ရန်သူပိုဆန်ကြဟန်တူသည်။

ယင်းသို့သော အခံများနှင့် ၂၀၁၅ နှင့် ၂၀၂၀ ပြည့်နှစ် လူထုထောက်ခံမှုရလဒ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဂုဏ်ထူးထွက်ပြီး ခွဲထွက်များဦးဆောင်သည့် ၃ ပါတီက အဆိုးရွားဆုံးအခြေအနေ သုညရလဒ်ထွက်ခြင်းက နိုင်ငံရေးအရ မနာလိုစိတ်ကြီးချင်အောင် မီးလောင်ရာလေပင့်နေသလိုပင်ဖြစ်သည်။

အထူးသဖြင့် ပြည်သူထောက်ခံမှုကြီးလွန်းသော ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးသြဇာက မနာလိုချင်စရာ။ရွေးကောက်ပွဲလမ်းကြောင်းကို လက်မခံ၊ အပြုတ်တိုက်ရေးကိုသာ စိတ်ကူးယဉ်နေသော no vote သမားတချို့ဆိုလျှင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးသြဇာကို မနာလိုစိတ်ကြီးစွာဖြင့် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများပင် ပြုလုပ်သည်။သူတို့၏ စိတ်ကူးယဉ်အပြုတ်တိုက်လမ်းစဉ်ကို ပြည်သူတို့အဖက်လုပ် တစ်ချက်ငဲ့ကြည့်လာစေရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရမဖွဲ့နိုင်စေရေးအတွက် ကြိတ်ဆုတောင်းကြသည်။ရွေးကောက်ပွဲဆန့်ကျင်ရေးအမြင်ကို လူမှုကွန်ရက်ပေါ်မှနေ၍ ရသလောက်ချဲ့ထွင်သည်။သို့သော်၊ သူတို့၏ နိုင်ငံရေးအမြင်ကို ပြည်သူအားဆန့်ကျင်သည်အထိ မရောက်အောင် ထိန်းကျောင်းနိုင်စွမ်းရှိသဖြင့် တော်တော့သည်။

ပါတီတစ်ရပ်အနေနှင့် အစိုးရကိုအတိုက်အခံပြုခြင်းသည် ပြုမြဲအလုပ်မို့ အထွေအထူးပြောစရာမရှိပေ။သို့သော်၊ ပြည်သူရွေးကောက် တင်မြှောက်ထားသော ပြည်သူ့အစိုးရကို အစိုးရဘာလုပ်လုပ် ဆန့်ကျင်ခြင်းမှာမူ အတိုက်အခံကောင်းတို့၏ လုပ်ရပ်မဟုတ်ပေ။

အဆိုးရွားဆုံးအခြေအနေမှာ ပြည်သူကိုဆန့်ကျင်ခြင်းဖြစ်သည်။တချို့က ပြည်သူတွေဘာတွေ နားမလည်။မိမိ၏အလိုဆန္ဒမပြည့်ဝပါက ပြည်သူကိုလည်း ဆန့်ကျင်ဖို့ရာဝန်မလေး။တချို့မှာ မိမိ၏နိုင်ငံရေးရေချိန် နိမ့်ပါးမှုကြောင့် မိမိ၏လုပ်ရပ်သည် ပြည်သူကိုဆန့်ကျင်နေမှန်းမသိဘဲ ဆန့်ကျင်မိခြင်းဖြစ်သည်။မည်သို့သောအကြောင်းကြောင့် ဆန့်ကျင်သည်ဖြစ်စေ၊ ပြည်သူကိုဆန့်ကျင်ခြင်းသည် နိုင်ငံရေးအရ ကိုယ့်သေတွင်းကိုယ်တူးပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းဖြစ်ကြောင်း သမိုင်းအဆက်ဆက် သက်သေပြပြီးဖြစ်သည်။

ကိုယ့်မျက်နှာကိုယ် မှန်ထဲပြန်ကြည့်ရဲကြရန် လိုသည်။မိမိခန္ဓာကိုယ်တွင်းက အပုပ်အစပ်များကို ကိုယ့်ဘာသာမြင်အောင်ကြည့်ပြီး ကိုယ့်ဘာသာစင်အောင် ဆေးတတ်ကြရန်လိုသည်။မိမိပါတီ၏ နိုင်ငံရေးမူဝါဒကို ပြည်သူ့အမြင်ဖြင့် သိဒ္ဓိတင်ထားရန်လိုပါမည်။သို့မဟုတ်ပါက ၂၀၂၅ ရွေးကောက်ပွဲမတိုင်မီ လူမသိသူမသိ ပွဲပြီးသွားသောပါတီတစ်ရပ် ဖြစ်သွားနိုင်သလို ပါတီသာရှိပြီး လူထုထောက်ခံမှုမရှိသော ပါတီအဖြစ် သိမ်ငယ်နေရဦးမည်သာဖြစ်သည်။

လင်းဆက်ငြိမ်းချမ်း
ဒီဇင်ဘာ - ၂

( Zawgyi )

ျမန္မာျပည္သူမ်ားအတြက္ေတာ့ ေ႐ြးေကာက္ပြဲႀကီး ေအာင္ျမင္စြာက်င္းပၿပီးစီးခဲ့ၿပီ။ ၂၀၂၀ ေ႐ြးေကာက္ပြဲသည္ ေ႐ြးေကာက္ပြဲျဖစ္စဥ္တစ္ရပ္လုံးကို ထိခိုက္ေစသည့္ ျပႆနာႀကီးႀကီးမားမားမရွိဘဲ ေအာင္ျမင္စြာက်င္းပၿပီးစီးေၾကာင္း ျပည္တြင္း၊ ျပည္ပ ေ႐ြးေကာက္ေစာင့္ၾကည့္ေလ့လာသည့္ အဖြဲ႕မ်ားကလည္း အသိအမွတ္ျပဳၾကသလို ေဒသတြင္းႏွင့္ ႏိုင္ငံတကာအသိုင္းအဝိုင္းကလည္း အသိအမွတ္ျပဳ၊ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္ေသာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ မိုးၿပိဳသလိုအႏိုင္ရရွိခဲ့မႈအေပၚလည္း ခ်ီးက်ဴးေထာပနာျပဳ သဝဏ္လႊာမ်ားလည္း ေရာက္ရွိခဲ့ၿပီျဖစ္သည္။

သို႔ေသာ္ ျပည္ခိုင္ၿဖိဳးပါတီအပါအဝင္ ၁၆ ပါတီအတြက္မူ ေ႐ြးေကာက္ပြဲရလဒ္မ်ားကို လက္မခံဟုဆိုသျဖင့္ သူတို႔အတြက္ ေ႐ြးေကာက္ပြဲမၿပီးေသးသည့္သေဘာ။ျပည္ခိုင္ၿဖိဳးပါတီက ေ႐ြးေကာက္ပြဲရလဒ္ကို အသိအမွတ္မျပဳဟုဆိုကာ ၎တို႔၏အမတ္ေလာင္းမ်ားအား မဲဆႏၵနယ္အလိုက္ေ႐ြးေကာက္ပြဲ အႏိုင္၊ အရႈံးစာရင္း ပုံစံ (၁၉) တြင္ လက္မွတ္မထိုးရန္ ၫႊန္ၾကားခဲ့သည္။သို႔ေသာ္၊ ေ႐ြးေကာက္ပြဲအႏိုင္ရ ျပည္ခိုင္ၿဖိဳးအမတ္ေလာင္းအခ်ိဳ႕က ပုံစံ (၁၉) တြင္ လက္မွတ္ထိုးၾကေၾကာင္းလည္း သိရျပန္သျဖင့္ ျပည္ခိုင္ၿဖိဳးက သူတို႔ႏိုင္ေသာ မဲဆႏၵနယ္တြင္ ေ႐ြးေကာက္ပြဲကိုအသိအမွတ္ျပဳၿပီး သူတို႔ရႈံးပါက ေ႐ြးေကာက္ပြဲကို အသိအမွတ္မျပဳသည့္ သေဘာမ်ားလားဟု ေတြးမိကာ ရယ္ရေမာရျပန္သည္။

မဲရလဒ္ႏွင့္ပတ္သက္ၿပီး အျငင္းပြားရေအာင္ကလည္း ပါတီအလိုက္ မဲဆႏၵနယ္အႏိုင္ရလဒ္က မတိမ္းမယိမ္းမဟုတ္သလို မဲဆႏၵနယ္တစ္ခုခ်င္းစီအလိုက္ အႏိုင္ရအမတ္ေလာင္းႏွင့္ ဒုတိယမဲအမ်ားဆုံးရရွိသူ၏ မဲကြာျခားခ်က္က မ်ားေသာအားျဖင့္ မဲအျပတ္အသတ္ကြာျခားလ်က္ရွိသည္။

ျပည္ခိုင္ၿဖိဳး၏ ေ႐ြးေကာက္ပြဲအႏိုင္ရလဒ္မွာ ၂၀၁၅ ေ႐ြးေကာက္ပြဲထက္ပင္ ေလ်ာ့နည္းခဲ့သည္။ဘာေၾကာင့္ ၂၀၁၅ ထက္ပင္ အရႈံးပင္လယ္ေဝခဲ့သနည္း။ကိုယ့္ကိုယ္ကိုယ္ မွန္ထဲၾကည့္၊ ကိုယ့္ကိုယ္ကိုယ္ အမွန္အတိုင္းရႈျမင္ၿပီး ကိုယ့္မ်က္ေခ်းကိုယ္ ျမင္ေအာင္မၾကည့္။ျပည္သူႏွင့္ ျပည္ခိုင္ၿဖိဳးၾကား အကြာအေဝးမွာ ႏွစ္မ်ားၾကာလာေလ ပို၍ေဝးေလျဖစ္ေနၿပီလား။ျပည္ခိုင္ၿဖိဳး၏ ႏိုင္ငံေရးမူဝါဒအေပၚ ျပည္သူက ဘာေၾကာင့္လက္မခံၾကသနည္း။တစ္ဖက္သားကို သံဘရပ္ခ်္ႏွင့္တိုက္ရမွာ ရဲရဲေတာက္တက္ႂကြသေလာက္ ကိုယ့္ကိုယ္ကိုယ္က် ငွက္ေမႊးႏွင့္ပင္ မသပ္ခ်ရဲျခင္းေပလား။

ျပည္ခိုင္ၿဖိဳးအတြက္ ဥပမာ-တစည (တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီ) က ရွိသည္။တစညဆိုလွ်င္ တစ္ခ်ိန္က ပထမအာဏာရွင္ႀကီး၏ စီရင္ခ်က္အရ ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ပါတီ တစ္ျဖစ္လဲပါတီ။တစညသည္ ၁၉၉၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲတြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္၏ အဓိကၿပိဳင္ဘက္။ ၁၉၉၀ ျပည့္ႏွစ္ေ႐ြးေကာက္ပြဲတြင္ အႀကီးအက်ယ္ရႈံးနိမ့္ခဲ့သည္။ထို႔ေနာက္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဝင္ေရာက္ယွဥ္ၿပိဳင္ျခင္းမရွိေသာ ၂၀၁၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲတြင္ အနည္းငယ္အႏိုင္ရ။ ၂၀၁၅ ေ႐ြးေကာက္ပြဲတြင္ တစ္ေနရာအႏိုင္ရၿပီး ယခု ၂၀၂၀ တြင္ သုည။ေျပာရလွ်င္ တစ္ခ်ိန္က ကိန္းခန္းႀကီးခဲ့ေသာ ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ပါတီသည္ ျပည္သူကိုမ်က္ႏွာမမူေသာ ႏိုင္ငံေရးမူဝါဒအရ တျဖည္းျဖည္း ႏိုင္ငံေရးသိမ္ဝင္သြားသည့္သေဘာ။ဒုတိယအာဏာရွင္ႀကီး ေမြးဖြားလိုက္ေသာ ျပည္ခိုင္ၿဖိဳးပါတီကေရာ တျဖည္းျဖည္း ႏိုင္ငံေရးသိမ္ဝင္လာၿပီဟု ယခု ၂၀၂၀ေ႐ြးေကာက္ပြဲက ေျပာျပေနေလသလား။

ေ႐ြးေကာက္ပြဲရလဒ္ကို အျငင္းပြားေနျခင္းတြင္ ျပည္ခိုင္ၿဖိဳးပါတီကမွ နည္းနည္းပါးပါးႏိုင္ခဲ့ေသးသျဖင့္ ေတာ္ေသးသည္။က်န္ ၁၅ ပါတီက ေ႐ြးေကာက္ပြဲတြင္ ဘဲဥမကြဲ၊ တစ္ေနရာမွ်ပင္ မႏိုင္ေသာပါတီမ်ား။ေ႐ြးေကာက္ပြဲရလဒ္အေပၚ အေျခခံေျပာရလွ်င္ လူထုေထာက္ခံမႈ မဲဆႏၵနယ္တစ္ခုမွ်ပင္မရွိေသာ ပါတီမ်ားျဖစ္သည္။

ထို ၁၅ ပါတီထဲတြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္မွ ခြဲထြက္လာေသာ ပါတီႏွစ္ခုပါသည္။ပထမတစ္ခုမွာ ေ႐ႊဂုံတိုင္ေၾကညာခ်က္ျဖင့္ ၂၀၁၀ ေ႐ြးေကာက္ပြဲကို ပယ္ခ်ခဲ့စဥ္က အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္မွ ခြဲထြက္ကာ အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီ (NDF) အျဖစ္ ရပ္တည္ခဲ့ေသာပါတီ။ ၂၀၁၀ ေ႐ြးေကာက္ပြဲမွသည္ NDF ပါတီဝင္ အနည္းငယ္ လႊတ္ေတာ္ထဲေရာက္ရွိ။ထို႔ေနာက္ NDF ေနာက္တစ္ျခမ္းထပ္ကြဲကာ NDF ႏွင့္ အမ်ိဳးသားဒီမိုကေရစီပါတီသစ္ ဟူ၍။

၂၀၁၅ ေ႐ြးေကာက္ပြဲတြင္မူ NDF ေရာ အမ်ိဳးသားဒီမိုကေရစီပါတီသစ္ပါ ေ႐ြးေကာက္ပြဲရလဒ္ သုည။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အစိုးရျဖစ္လာၿပီးေနာက္တြင္ ထိုႏွစ္ပါတီစလုံးမွာ ျပည္ခိုင္ၿဖိဳးပါတီ၏ မဟာမိတ္အျဖစ္ရပ္တည္ကာ အစိုးရကို အတိုက္အခံျပဳေတာ့သည္။

ထိုႏွစ္ပါတီတြင္ ဦးသိန္းၫြန႔္ ဦးေဆာင္ေသာ အမ်ိဳးသားဒီမိုကေရစီပါတီသစ္က ပို၍စြာသလို ျပည္ခိုင္ၿဖိဳးႏွင့္နီးကပ္ေသာ မဟာမိတ္ဆက္ဆံေရးရွိခဲ့သည္။ ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ ဦးသိန္းၫြန႔္ ဝင္ေရာက္ယွဥ္ၿပိဳင္သည့္ သဃၤန္းကြၽန္းမဲဆႏၵနယ္တြင္ ျပည္ခိုင္ၿဖိဳးဝင္အေ႐ြးမခံျခင္းျဖင့္ ၎တို႔ၾကား ေလးနက္မႈရွိသည့္ မဟာမိတ္ဆက္ဆံေရးကို ျပည္ခိုင္ၿဖိဳးက သက္ေသျပခဲ့သည္။ယခု ၂၀၂၀ ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္သည့္ ၁၆ ပါတီ၏ေၾကညာခ်က္တြင္ အမ်ိဳးသားဒီမိုကေရစီပါတီသစ္က နံပါတ္တစ္ေနရာက လက္မွတ္ေရးထိုးထားသျဖင့္ ျပည္ခိုင္ၿဖိဳးကဲ့သို႔ပင္ စိတ္ေရာကိုယ္ပါ ေဒါင္ေဒါင္ျမည္ကန႔္ကြက္ေနျခင္းဟု ထင္ရေပသည္။

ေနာက္ဆက္တြဲသတင္းမ်ားအရ ေ႐ြးေကာက္ပြဲရလဒ္အေပၚ အျငင္းပြားရန္ ေနာက္ပါတီတစ္ခုကလည္း တာစူေနေၾကာင္း သိရသည္။ထိုပါတီမွာ ျပည္သူ႔ေရွ႕ေဆာင္ပါတီျဖစ္သည္။ျပည္သူ႔ေရွ႕ေဆာင္ပါတီ ဒု-ဥကၠဌ ဦးေက်ာ္ေဇယ် က ၂၀၂၀ ေ႐ြးေကာက္ပြဲသည္ လြတ္လပ္မႈ ရွိ၊ မရွိ ျပန္လည္စိစစ္ေပးေရး ေတာင္းဆိုရန္ ပါတီ စီအီးစီ အစည္းအေဝးတြင္ တင္ျပေဆြးေႏြးေနသည္ဟု မီဒီယာကိုေျပာခဲ့သည္။

ျပည္သူ႔ေရွ႕ေဆာင္ပါတီသည္လည္း အထက္ပါ ၁၅ ပါတီကဲ့သို႔ပင္ ေ႐ြးေကာက္ပြဲရလဒ္ သုညပါတီ။ ၂၀၂၀ ေ႐ြးေကာက္ပြဲကို ကိုယ္စားလွယ္ေလာင္း ၂၃၉ ဦး ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး လူထုေထာက္ခံမႈ တစ္ေနရာမွ်ပင္မရွိေသာပါတီ။ၿပီးေတာ့ ျပည္သူ႔ပါတီဥကၠ႒ ေဒၚသက္သက္ခိုင္ႏွင့္ ဒု-ဥကၠဌ ဦးေက်ာ္ေဇယ်တို႔မွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ကိုယ္စားျပဳအျဖစ္ ၂၀၁၅ ေ႐ြးေကာက္ပြဲတြင္ ယွဥ္ၿပိဳင္အႏိုင္ရရွိခဲ့သူ။

ဒီမိုကေရစီေတာ္လွန္ေရးခရီးၾကမ္းတြင္ အလံမလဲစတမ္း တလူလူလႊင့္ထူႏိုင္ခဲ့ေသာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အလံေတာ္ေအာက္တြင္ ႏွစ္အတန္ၾကာရပ္ခံခဲ့သူတို႔၏ ဦးေဆာင္မႈျဖင့္ ဖြဲ႕စည္းထားေသာ ထိုပါတီ ၃ ရပ္၏ ႏိုင္ငံေရးရပ္တည္ခ်က္မွာ ထိုသို႔ျဖစ္ေလေတာ့ ၎တို႔၏ခြဲထြက္မႈမွာ ႏိုင္ငံေရးအေတြးအေခၚအရ ပင္ခြဲထြက္လာျခင္းမ်ားလားဟု ေမးခြန္းထုတ္ရေပေတာ့မည္။

အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီ၊ အမ်ိဳးသားဒီမိုကေရစီပါတီသစ္ႏွင့္ ျပည္သူ႔ေရွ႕ေဆာင္ပါတီ ဦးေဆာင္သူတို႔မွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ႏွင့္ လမ္းခြဲၿပီးေနာက္တြင္ ၎တို႔ဘာသာ ရပ္တည္ႏိုင္လိမ့္မည္။၎တို႔၏ ႏိုင္ငံေရးေပါက္ေျမာက္ေအာင္ ျမင္လိမ့္မည္ဟု ယူဆၾကပုံရသည္။ထို႔ျပင္ ေခတ္အဆက္ဆက္ ႏိုင္ငံေရးအဖြဲ႕အစည္းမ်ားၾကား အကြဲအၿပဲတို႔၏ ထုံးစံအတိုင္း အခ်င္းခ်င္းၾကားကြဲၿပီေဟ့ဆိုလွ်င္ ရာသက္ပန္ညႇိမရႏႈိင္းမရ ရန္သူထက္ပင္ ရန္သူပိုဆန္ၾကဟန္တူသည္။

ယင္းသို႔ေသာ အခံမ်ားႏွင့္ ၂၀၁၅ ႏွင့္ ၂၀၂၀ ျပည့္ႏွစ္ လူထုေထာက္ခံမႈရလဒ္တြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ဂုဏ္ထူးထြက္ၿပီး ခြဲထြက္မ်ားဦးေဆာင္သည့္ ၃ ပါတီက အဆိုး႐ြားဆုံးအေျခအေန သုညရလဒ္ထြက္ျခင္းက ႏိုင္ငံေရးအရ မနာလိုစိတ္ႀကီးခ်င္ေအာင္ မီးေလာင္ရာေလပင့္ေနသလိုပင္ျဖစ္သည္။

အထူးသျဖင့္ ျပည္သူေထာက္ခံမႈႀကီးလြန္းေသာ ေဒၚေအာင္ဆန္းစုၾကည္၏ ႏိုင္ငံေရးၾသဇာက မနာလိုခ်င္စရာ။ေ႐ြးေကာက္ပြဲလမ္းေၾကာင္းကို လက္မခံ၊ အျပဳတ္တိုက္ေရးကိုသာ စိတ္ကူးယဥ္ေနေသာ no vote သမားတခ်ိဳ႕ဆိုလွ်င္လည္း ေဒၚေအာင္ဆန္းစုၾကည္၏ ႏိုင္ငံေရးၾသဇာကို မနာလိုစိတ္ႀကီးစြာျဖင့္ ပုဂၢိဳလ္ေရးတိုက္ခိုက္မႈမ်ားပင္ ျပဳလုပ္သည္။သူတို႔၏ စိတ္ကူးယဥ္အျပဳတ္တိုက္လမ္းစဥ္ကို ျပည္သူတို႔အဖက္လုပ္ တစ္ခ်က္ငဲ့ၾကည့္လာေစေရးအတြက္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အစိုးရမဖြဲ႕ႏိုင္ေစေရးအတြက္ ႀကိတ္ဆုေတာင္းၾကသည္။ေ႐ြးေကာက္ပြဲဆန႔္က်င္ေရးအျမင္ကို လူမႈကြန္ရက္ေပၚမွေန၍ ရသေလာက္ခ်ဲ႕ထြင္သည္။သို႔ေသာ္၊ သူတို႔၏ ႏိုင္ငံေရးအျမင္ကို ျပည္သူအားဆန႔္က်င္သည္အထိ မေရာက္ေအာင္ ထိန္းေက်ာင္းႏိုင္စြမ္းရွိသျဖင့္ ေတာ္ေတာ့သည္။

ပါတီတစ္ရပ္အေနႏွင့္ အစိုးရကိုအတိုက္အခံျပဳျခင္းသည္ ျပဳၿမဲအလုပ္မို႔ အေထြအထူးေျပာစရာမရွိေပ။သို႔ေသာ္၊ ျပည္သူေ႐ြးေကာက္ တင္ေျမႇာက္ထားေသာ ျပည္သူ႔အစိုးရကို အစိုးရဘာလုပ္လုပ္ ဆန႔္က်င္ျခင္းမွာမူ အတိုက္အခံေကာင္းတို႔၏ လုပ္ရပ္မဟုတ္ေပ။

အဆိုး႐ြားဆုံးအေျခအေနမွာ ျပည္သူကိုဆန႔္က်င္ျခင္းျဖစ္သည္။တခ်ိဳ႕က ျပည္သူေတြဘာေတြ နားမလည္။မိမိ၏အလိုဆႏၵမျပည့္ဝပါက ျပည္သူကိုလည္း ဆန႔္က်င္ဖို႔ရာဝန္မေလး။တခ်ိဳ႕မွာ မိမိ၏ႏိုင္ငံေရးေရခ်ိန္ နိမ့္ပါးမႈေၾကာင့္ မိမိ၏လုပ္ရပ္သည္ ျပည္သူကိုဆန႔္က်င္ေနမွန္းမသိဘဲ ဆန႔္က်င္မိျခင္းျဖစ္သည္။မည္သို႔ေသာအေၾကာင္းေၾကာင့္ ဆန႔္က်င္သည္ျဖစ္ေစ၊ ျပည္သူကိုဆန႔္က်င္ျခင္းသည္ ႏိုင္ငံေရးအရ ကိုယ့္ေသတြင္းကိုယ္တူးၿပီး ကိုယ့္ကိုယ္ကိုယ္သတ္ေသျခင္းျဖစ္ေၾကာင္း သမိုင္းအဆက္ဆက္ သက္ေသျပၿပီးျဖစ္သည္။

ကိုယ့္မ်က္ႏွာကိုယ္ မွန္ထဲျပန္ၾကည့္ရဲၾကရန္ လိုသည္။မိမိခႏၶာကိုယ္တြင္းက အပုပ္အစပ္မ်ားကို ကိုယ့္ဘာသာျမင္ေအာင္ၾကည့္ၿပီး ကိုယ့္ဘာသာစင္ေအာင္ ေဆးတတ္ၾကရန္လိုသည္။မိမိပါတီ၏ ႏိုင္ငံေရးမူဝါဒကို ျပည္သူ႔အျမင္ျဖင့္ သိဒၶိတင္ထားရန္လိုပါမည္။သို႔မဟုတ္ပါက ၂၀၂၅ ေ႐ြးေကာက္ပြဲမတိုင္မီ လူမသိသူမသိ ပြဲၿပီးသြားေသာပါတီတစ္ရပ္ ျဖစ္သြားႏိုင္သလို ပါတီသာရွိၿပီး လူထုေထာက္ခံမႈမရွိေသာ ပါတီအျဖစ္ သိမ္ငယ္ေနရဦးမည္သာျဖစ္သည္။

လင္းဆက္ၿငိမ္းခ်မ္း
ဒီဇင္ဘာ - ၂