အဂတိလိုက်စားတဲ့ ရန်ကုန်တိုင်း ဥပဒေချုပ်နှင့် ရန်ကုန်ကို ကိုင်လှုပ်တဲ့ တာမွေ အုပ်စုဖွဲ့လူသတ်မှု

အဂတိလိုက်စားတဲ့ ရန်ကုန်တိုင်း ဥပဒေချုပ်နှင့် ရန်ကုန်ကို ကိုင်လှုပ်တဲ့ တာမွေ အုပ်စုဖွဲ့လူသတ်မှု

ယခုတစ်ပတ်အတွင်း သတင်းတွေထဲမှာ လူတွေစိတ်ထဲ ထိတ်လန့်ရလောက်တဲ့အထိ ဟာကနဲဟင်ကနဲ ဖြစ်ရတဲ့ သတင်းနှစ်ပုဒ် ရှိခဲ့ပါတယ်။တစ်ခုက စက်တင်ဘာ ၁၁ ရက် ည ၁၀ နာရီကျော်က တာမွေဈေးမှာ လူသုံးယောက်ကို လူမိုက် ၈ ယောက်က ကားသုံးစီးနဲ့ လာပြီး ဝိုင်းခုတ်လို့ တစ်ယောက်သေပြီး ၃ ယောက် ဒဏ်ရာရခဲ့တဲ့ သတင်းနဲ့ နောက်တစ်ပုဒ်က ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး နဲ့ စခန်းမှူး အပါအဝင် ၆ ဦးကို သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုမှာ သတ်တဲ့သူတွေဆီက ငွေ သိန်း ၇၂၀ နဲ့ တန်ဖိုးကြီး အရက်ပုလင်းများ လက်ဆောင်ယူပြီး လွှတ်ပေးတာ စစ်ဆေးပေါ်ပေါက်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဖမ်းဆီးအမှုဖွင့် အရေးယူလိုက်တဲ့ သတင်းတွေဘဲ ဖြစ်ပါတယ်။
    

ဒီသတင်းက ယခုတစ်ပတ်မှာဖြစ်ခဲ့တဲ့ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ရေနံစိမ်း ဂါလန် ၃၀,၀၀၀ အထိ ချက်လုပ်နိုင်တဲ့ အသေးစား ရေနံချက်လုပ်ငန်း လုပ်ကိုင်ခွင့် (Mini Refinery) ခွင့်ပြုလိုင်စင် ထုတ်ပေးမယ်လို့ ကြေညာခဲ့တဲ့ သတင်း၊ ပြည်တွင်းရေချိုငါးအကြေးခွံတွေကို တစ်လလျှင် တန် ၅၀ ဝယ်ယူဖို့ ထိုင်းနိုင်ငံက ကမ်းလှမ်းထားတဲ့ သတင်း၊ သန်လျင်မှာ တစ်နှစ် ဒီဇယ်၊ ဓာတ်ဆီ တန်ချိန် ၁၀ သန်း ထုတ်နိုင်မည့် ရေနံချက်စက်ရုံ တည်ဆောက်ရန် စီစဉ်နေတဲ့ သတင်း၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကို ဖြတ်ပြီး ကူမင်းမြို့နှင့် ကိုလ်းကတ္တားမြို့ကြား ကျည်ဆန်ရထား ပြေးဆွဲဖို့ တရုတ်က စီစဉ်နေတဲ့ သတင်းတွေထက် လူတွေစိတ်ကို ကိုင်လှုပ်နိုင်ခဲ့ပါတယ်။

ရန်ကုန်ကို ကိုင်လှုပ်တဲ့ တာမွေက အုပ်စုဖွဲ့လူသတ်မှု။
    

ယခုတစ်ပတ်ထဲမှာ လူတွေသတိအထားမိဆုံး သတင်းက ဘယ်သတင်းလဲဆိုတာ ပြောစရာမလိုလောက်အောင်ဖြစ်ခဲ့တဲ့ တာမွေက အုပ်စုဖွဲ့လူသတ်မှုပါဘဲ။
ရန်ကုန်မြို့လယ်ကောင်ဖြစ်တဲ့ တာမွေလို နေရာမှာ ပတ်ဝန်းကျင်အထိတ်တလန့်ဖြစ်ပြီး လွတ်အောင် ပြေးကြလွှားကြနဲ့ မင်းမဲ့တိုင်းပြည်သာသာလို တားဆီးသူမရှိဘဲ ခုတ်ကြထစ်ကြတဲ့ ပြဿနာဟာ ရန်ကုန်သာမက မြန်မာတစ်နိုင်ငံလုံးကို ကိုင်လှုပ်ခဲ့ပါတယ်။
    

ဒီမတိုင်ခင်က နေပြည်တော်မှာ ကျည်ဆံတွေနဲ့ မူးယစ်ဆေးဝါး ပါတဲ့ကားကိုမိပြီး တိမ်းရှောင်လွတ်မြောက်သွားတဲ့ လူက ပုဂံမှာ ဓားကိုင်သောင်းကျန်းနေလို့ ဖမ်းမိခဲ့တဲ့ နားလည်ရခက်တဲ့ မှုခင်းလိုဘဲ ယခုအမှုက ရှုပ်ထွေးလှပါတယ်။
    

တာမွေ အုပ်စုဖွဲ့ဓားခုတ်မှုမှာ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရဆိုရင် ကျိုက္ကဆံနားက ၇၇၇ ဂိမ်းဆိုင်မှာ ကလေးချင်းဖြစ်တဲ့ အသေးအဖွဲ ကိစ္စကနေ မိခင်ချင်း စကားအခြေအတင်ဖြစ်ပြီး လာသတ်တဲ့ လူမိုက်ခေါင်းဆောင် သာကေတလူမိုက် ဝင်းထွဋ်ဝင်း က ဖုန်းဆက်ကာ “မင်းတို့စောက်ချိုးမပြေဘူး မင်းတို့ကို လာခုတ်မယ်” လို့ ပြောကာ စကားအချေအတင်များပြီး ကား ၃ စင်းဖြင့် လူမိုက်များတင်ကာ တာမွေဈေးရှေ့ရှိ အသတ်ခံရသူ နေအိမ်တိုက်ခန်းရှေ့ တစ်လမ်းကျော်တွင် ကားရပ်၍ အုပ်စုဖွဲ့ ဓားဖြင့်လာခုတ်ခဲ့ကြတာလို့ ဆိုပါတယ်။
    

အရပ်စကားအရ လူ ဆယ့်ငါးယောက်၊ အယောက်နှစ်ဆယ်ပါတဲ့ ဒီဓားခုတ်မှု ဖြစ်စဉ်မှာ ဘေးပတ်ဝန်းကျင်က လူတွေအားလုံး ကိုယ်မထိအောင် ထွက်ပြေးခဲ့ရသလို ဘယ်သူမှလည်း ဝင်မစွက်ရဲခဲ့တဲ့အထိ ဖြစ်တာက အတင့်ရဲလွန်း၊ ဘယ်အာဏာပိုင် အဖွဲ့အစည်းကိုမှ ထီမထင်ဘူးဆိုတဲ့ အချိုးမျိုး ချိုးပြခဲ့တဲ့အပေါက် ဖြစ်တဲ့အတွက် ဒီအုပ်စုဖွဲ့လူသတ်မှုက မကြာခင်ကာလတွေကမှ ရန်ကုန်မြို့မှာ တရားဥပဒေစိုးမိုးမှုရှိတယ်လို့ ပြောခဲ့တဲ့ ရန်ကုန်ဝန်ကြီးချုပ်အတွက် မျက်နှာပျက်စရာပါ။
    

ဒီအုပ်စုဖွဲ့လူသတ်မှုမှာပါတဲ့ အသတ်ခံရတဲ့သူဘက်က အနှိပ်ခန်းဖွင့်ထောင်စားတဲ့သူဖြစ်ပြီး လာသတ်တဲ့သူတွေက ရန်ကုန်မြို့လယ်က ပစိဖိတ်ဓာတ်ပုံတိုက် ပိုင်ရှင်ကို ပြန်ပေးဆွဲမှုနဲ့ အဖမ်းခံရပြီး နယ်ထိန်းရဲအရာရှိကို ခုတ်မှုနဲ့ ထောင်ကျဖူးတဲ့သူတွေ ဖြစ်နေတာဟာ မြန်မာနိုင်ငံရဲ့တရားစီရင်ရေးနဲ့ တရားဥပဒေစိုးမိုးမှု အခြေအနေ ဘယ်လောက်တောင် စုတ်ပြတ်သတ်နေသလဲ ဆိုတာကို ဖော်ပြလိုက်သလိုပါဘဲ။
    

ဖြစ်ဖြစ်ချင်း ညမှာဘဲ ကျူးလွန်သူတွေကို လိုက်ဖမ်းခဲ့လို့ မိခဲ့ပေမယ့် ဖမ်းဆီးရမိထဲက တစ်ဦးက အာရာဖတ် ကားစီးပြီး ထွက်ပြေးလို့ လိုက်ဖမ်းခဲ့ရာမှာ ရဲတပ်ဖွဲ့ကိုပါ ပြန်ခုခံခဲ့လို့ ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။စက်တင်ဘာ ၁၃ ရက်မှာ အုပ်စုဖွဲ့သတ်ဖြတ်မှုမှာပါတဲ့ နောက်နှစ်ဦးကို ဖမ်းမိတဲ့အတွက် ဓားနဲ့လာခုတ်တဲ့သူ ဦးရေက ဆယ်ယောက်ထိ ရှိလာပါတယ်။
    

ဖြစ်စဉ်ဖြစ်ချိန်မှာ အနားတစ်ဝိုက်ရှိသူတွေက လွတ်အောင်ပြေးခဲ့ရသလို သေဆုံးသူကို ဆေးရုံပို့ဖို့အတွက်လည်း နှောင့်နှေးနေတာကို ဗီဒီယိုဖိုင်တွေမှာ တွေ့ရပါတယ်။ဖြစ်ပြီး နောက်တစ်ရက် ရုံးထုတ်ရာမှာ ဝင်းထွဋ်ဝင်း ကို သီးသန့်ဇိမ်ခံကားဖြစ်တဲ့ အာရာဖတ်နဲ့  ရုံးထုတ်လာတာ၊ ဘေးကနေ အင်္ကျ ီချွတ်ထားတဲ့ လူရွယ်တစ်ယောက်က ထီးလိုက်မိုးပေးတာတွေက အများပြည်သူကို ဒေါသအမျက် ထွက်စေသလို အထူးအခွင့်အရေးပေးထားရတဲ့ ပုံစံဖြစ်နေတဲ့အတွက် တရားဥပဒေစိုးမိုးရေးက ဒေသအလိုက် လူမိုက်တွေကို ခြွင်းချက်ထားရတဲ့ ပုံစံမျိုး ဖြစ်နေခဲ့ပါတယ်။
    

ဒီမှုခင်းက လူမှုရေးအရှုပ်အရှင်းကြောင့်ဖြစ်တဲ့ ကိစ္စလို့ ခေါင်းစဉ်တပ်လို့ရပေမယ် တရားဥပဒေနဲ့ အုပ်ချုပ်နေပါတယ်လို့ ကမ္ဘာကသိထားတဲ့ ရန်ကုန်လို ယခင်ကမြို့တော်ကြီးမှာ ည ၁၀ နာရီကျော် စည်ကားနေတုန်းအချိန်မှာ ယခုလိုဖြစ်တဲ့ အဖြစ်က ရန်ကုန်ဟာ အခြားမြို့ကြီးတွေရဲ့ ညလိုဘဲ လူမိုက်ဒုစရိုက်ဂိုဏ်းတွေ လက်အောက်မှာ ကြောက်ကြောက်လန့်လန့်နဲ့ နေထိုင်နေရပါလားဆိုတာ ဆွဲထုတ်ပြလိုက်သလိုပါဘဲ။ဒီလို တာမွေမြို့နယ်အတွင်း အုပ်စုဖွဲ့လူသတ် ရမ်းကားမှုဖြစ်ရပ်က မြို့အတွက် သိက္ခာကျတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ပြောခဲ့သလိုပါဘဲ ရန်ကုန်နေသူ အားလုံးအတွက် ကျီးလန့်စာစား ဘဝက စခဲ့ပြီဖြစ်ပါတယ်။
    

အများပြည်သူကတော့ ဒီအုပ်စုဖွဲ့လူသတ်တဲ့သူတွေ အကျဉ်းထောင်ထဲမှာ ယခင်ခေတ်တွေ အချိန်တွေတုန်းကလို အခွင့်အရေးတွေယူပြီး တွင်ကျယ်နေကြမှာ စိုးရိမ်နေသလို တရားစီရင်တဲ့အခါ တည်ဆဲဥပဒေရဲ့ အမြင့်ဆုံး ပြင်းပြင်းထန်ထန် မှတ်လောက်သားလောက်တဲ့ သေစားသေစေဆိုတဲ့ ပြစ်ဒဏ်အထိ ချမှတ်ပြီး နောက်လူတွေကို တွန့်သွားအောင် အမိန့်ချမှတ်စေတဲ့အထိ အများပြည်သူက လူမှုကွန်ရက်ကနေ မှတ်ချက်ပေး တောင်းဆိုမှုတွေ ရှိနေကြပါတယ်။
    

ဒီလို ရန်ကုန်လူထု ထိတ်ထိတ်ပျာပျာဖြစ်ရတဲ့ တာမွေ အုပ်စုဖွဲ့လူသတ်မှု သတင်းနဲ့အပြိုင် နိုင်ငံတဝန်းမှာ တခြားမှုခင်း သတင်းများစွာလည်း ဖြစ်ခဲ့ပါသေးတယ်။ဒီသတင်းတွေထဲမှာ ထိုင်နေတဲ့ စိတ်မနှံ့တဲ့သူ တစ်ယောက်ကို ကလေးသူခိုးလို့ အထင်မှားပြီး ဝိုင်းရိုက်သတ်ကာ အလောင်းမီးရှို့တဲ့ ချောင်းဦးက ဖြစ်စဉ်၊ မြဝတီမြို့မှာ လက်ဖြောင့်သေနတ် အမျိုးအစား အပါအဝင် သေနတ်သုံးလက်၊ လက်ပစ်ဗုံးနှင့် ဆက်စပ်ပစ္စည်းများ၊ မူးယစ်ဆေးဝါးများ လူလေးဦးထံက ဖမ်းဆီးရမိတဲ့ သတင်း၊ ရှေးဟောင်း ဘုရားဆင်းတုတော် တစ်ဆူနှင့် ရဟန္တာဆင်းတုတော်များ လာရောက်ခိုးယူတဲ့ ရဟန်းနှစ်ပါးနဲ့ အမျိုးသားတစ်ဦးကို ပုတီးကုန်းမှာ ဖမ်းဆီးရမိတဲ့ သတင်း၊ ဗန္ဓုလတာဝါ တိုက် (C) ကိုးလွှာမှ အသက် (၁၆) နှစ်အရွယ် အိမ်အကူ မိန်းကလေးတစ်ဦး ခုန်ချသေဆုံးခဲ့တဲ့ သတင်း၊ ကြည့်မြင်တိုင်၊ ထီးတန်းအိမ်ရာ နောက်ဖေးလမ်း ကြားရေမြောင်းအတွင်း ချက်ကြိုးတန်းလန်းဖြင့် မွေးကင်းစ ကလေးငယ်အလောင်း စွန့်ပစ်မှုသတင်း၊ နေပြည်တော်မှာ ကျည်ဆန်၊ ဓားရှည်နဲ့ မူးယစ်ဆေးဝါးနဲ့ ကားကိုဖမ်းမိပြီး ထွက်ပြေးနေတဲ့ တရားခံကို ပုဂံမှာ ဓားကိုင်မူးယစ်ရမ်းကားနေလို့ ဖမ်းဆီးရမိတဲ့ သတင်း၊ အရက်သေစာ သောက်စားရာကနေ စကားများပြီး အမျိုးသားနှစ်ဦးကို ကျန်လေးဦးက ရိုက်နှက်သတ်ဖြတ်ခဲ့တဲ့ သတင်း၊ မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝန်းအတွင်း၊ ယမ်ယမ်ခေါက်ဆွဲခြောက်စက်ရုံမှာ ဂျူံလာပို့သူတစ်ဦး ဓာတ်လှေကားညှပ်လို့ ပြုတ်ကျကာ သေဆုံးခဲ့တဲ့ သတင်း၊ ရွှေသောင်ယံမြို့နယ်ခွဲမှာ မိန်းမဘက်က အဒေါ်ကို သတ်ပြီး တောထဲတိမ်းရှောင်နေသူ တစ်ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီးရာမှ ပြန်ခုခံလို့ ပစ်ခတ်ဖမ်းဆီးရင်း သေဆုံးသွားတဲ့ သတင်း စတဲ့ သတင်းတွေက ဒီတစ်ပတ် အများပြည်သူကို သတိထားမိစေခဲ့ပါတယ်။     

ကမ္ဘာ့စီးပွားရေး ဖိုရမ်အထိ ဖိအားပေးမှုရှိခဲ့တဲ့ ရိုက်တာသတင်းထောက် အမှု။
 
    
အာဆီယံ နိုင်ငံ့ခေါင်းဆောင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များ၊ အရပ်ဘက်အဖွဲ့အစည်း ခေါင်းဆောင်တွေအတွက် အထင်ကရပွဲတစ်ခုကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမှာ စက်တင်ဘာ ၁၁ ရက်ကနေ ၁၃ ရက်အထိ ကျင်းပတဲ့အခါ မြန်မာနိုင်ငံက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။ဒီပွဲမှာ ဒေါ်အောင်ဆန်းစုကြည် က မြန်မာနိုင်ငံအနေနဲ့ စတုတ္ထစက်မှုတော်လှန်ရေးဖြစ်တဲ့ နည်းပညာတော်လှန်ရေးထဲ နောက်ကျကျန်မနေခဲ့ဘူးလို့ ပြောခဲ့တာ ပြည်တွင်းသတင်းမီဒီယာတွေထဲ အတော်လေး စိတ်ဝင်စားမှု များခဲ့ပါတယ်။
    

အာဆီယံဒေသဆိုင်ရာ ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာ ဒေါ်အောင်ဆန်းစုကြည် က ဒေသတွင်း တည်ငြိမ်မှုနှင့်  လုံခြုံမှု အရေးကြီးတာကို အထူးပြုပြောခဲ့သလို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် မကောင်းခဲ့တဲ့အတွက်  မြန်မာလူငယ်တွေရဲ့ဖန်တီးမှု အားနည်းခဲ့ပေမယ့် ယခုအခါမှာ မြန်မာလူငယ်များရဲ့ ဖန်တီးနိုင်မှုစွမ်းရည် တိုးလာတာကို တွေ့ရမယ်လို့ ပြောခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ စတုတ္ထစက်မှုတော်လှန်ရေးမှာ မြန်မာနိုင်ငံ မကျန်ခဲ့ဘူးဆိုတာကို အင်တာနက်နဲ့ မိုဘိုင်းဖုန်း အသုံးပြုမှုနဲ့ ဈေးနှုန်းအပေါ် ထောက်ပြပြီး ပြောခဲ့ပါတယ်။
    

စက်တင်ဘာ ၁၃ ရက်က နော်ဝေး နိုင်ငံရေးသမား ဘော့ဂ်ဘရန်ဒေး နဲ့ ဆွေးနွေးမှု အစီအစဉ်မှာ ဘော့ဂ်ဘရန်ဒေး က  မကြာမီက ရိုက်တာ သတင်းထောက်နှစ်ဦး ထောင်ချခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မေးတဲ့အခါမှာ ဒီအမှုစီရင်ချက်နဲ့ ပတ်သက်ပြီးမှ နှုတ်ဆိတ်နေမှုကို အဆုံးသတ်ပြီး ဒေါ်အောင်ဆန်းစုကြည် က ဒီလို အပြစ်ပေးတာဟာ ရခိုင်ပြည်နယ်က လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ထောက်လှမ်း သတင်းယူတာကြောင့် မဟုတ်ဘဲ  သူတို့နှစ်ဦးက နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေကို ချိုးဖောက်လို့ အပြစ်ပေးတာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံတကာဖိအားတွေကို ရင်ဆိုင်ပြီး  “ဒီအမှုကို ပွင့်လင်း မြင်သာစွာ စစ်ဆေးခဲ့တာဖြစ်တယ်။တရားသူကြီးရဲ့ စီရင်ချက်ကို အပင်ပန်းခံ စေ့စေ့စပ်စပ်ဖတ်တဲ့သူ တစ်ဦးတစ်ယောက် ရှိနေမယ်လို့ ကျွန်မ မထင်ဘူး” လို့ တရားရုံး ဆုံးဖြတ်ချက်ကို ထိပါးမခံဘဲ ကာကွယ်ခဲ့သလို စီရင်ချက် မှားယွင်းတယ်လို့ ယူဆရင်လည်း သတင်းထောက်နှစ်ဦးအတွက် အယူခံဝင်ခွင့် ပေးထားကြောင်း တုံ့ပြန်ခဲ့ပါတယ်။

အရပ်သားအစိုးရလက်ထက်မှာ အခက်အခဲ အကြပ်အတည်းပေါင်းစုံ ကြုံနေရတာတွေက သာမန်မဟုတ်ဘဲ တိုက်ဆိုင်လွန်းနေတာ သာမန်ထက်ပိုပြီး ထူးဆန်းလွန်းနေပါတယ်။
ရခိုင်မြောက်ပိုင်းက ခိုးဝင်ဘင်္ဂါလီ အခြေချတွေကနေ ဖြစ်လာတဲ့ အစွန်းရောက် ARSA ကနေ စလိုက်တဲ့ ခိုးဝင်ဘင်္ဂါလီ အခြေချ ကိစ္စတွေ နောက်ပိုင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ကိုယ်တိုင်  မြန်မာနိုင်ငံကို အာဂျင်ဒါတစ်ခုအနေနဲ့ ဦးတည်ပြီး လူမျိုးတုန်းသတ်ဖြတ်မှု ခေါင်းစဉ်နဲ့ အရေးယူပေးဖို့ HRW ၊ ICC ၊ OIC ၊ UN စတဲ့ အဖွဲ့ကြီးတွေနဲ့ ကမ္ဘာပတ်ပြီး လှုံ့ဆော်နေတာ အတော်လေးခရီးရောက်နေချိန်မှာ ယခုလို မြန်မာနိုင်ငံသား ရိုက်တာ သတင်းထောက်နှစ်ယောက်ရဲ့ ပြဿနာက  မြန်မာနိုင်ငံကို ထပ်မံအကျပ်အတည်းတွေ့စေခဲ့ပါတယ်။
    

ဒီလို ပြည်တွင်း ပြည်ပ အကျပ်အတည်း အခက်အခဲတွေ ရှိနေတဲ့ကြားထဲကနေ၊ မကြာမီ ကုလအထွေထွေအစည်းအဝေးမှာ မြန်မာနိုင်ငံအပေါ် ပေးလာမယ့် ဖိအားတွေကို အရပ်သားအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ ဘယ်လိုရင်ဆိုင် ဖြေရှင်းမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်သလို ပြည်တွင်းမှာ ကျင့်ဝတ်၊ နိုင်ငံ့အကျိုး၊ ပုဂ္ဂိုလ်ရေးထင်ပေါ်မှု၊ နိုင်ငံရေးတိုက်ခိုက်မှု၊ ပျက်ပြားနေတဲ့ တရားဥပဒေစိုးမိုးမှု၊ ယိုင်လဲစ ပြည်တွင်းစီးပွားရေး စတဲ့ ဘက်ပေါင်းစုံ အခက်အခဲကြားထဲ ရောက်နေတဲ့ လက်ရှိအခြေအနေမှာ ပြည်သူတွေက အရပ်သားအစိုးရ ဖော်ဆောင်နေတဲ့ ဒီမိုကရေစီအတွက် ဘယ်လောက်ထိ ကျားကန်ရပ်တည်ကြမလဲဆိုတာ ရင်မောမောနဲ့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
    

ဒီသတင်းက ယခုတစ်ပတ် မြန်မာနိုင်ငံနဲ့ဆိုင်ရာ သတင်းတွေဖြစ်တဲ့ ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံခြား သတင်းထောက်များအသင်းမှာ ဘင်္ဂါလီနဲ့ ပတ်သက်တဲ့ အရေးအတွက် ဆွေးနွေးရန် စီစဉ်ထားမှုကို ထိုင်းရဲတပ်ဖွဲ့က လာတားတဲ့ သတင်း၊ မုံရွာပညာရေးတက္ကသိုလ်မှာ ကျောင်းသားတွေက ပညာရေး ကောလိပ်ကျောင်းသား၊ ကျောင်းသူတွေကို အဝေးသင်တက်ရာမှာ တတိယနှစ်က စတင်တက်ခွင့်ရရေး အပါအဝင် နစ်နာမှုများကို ညှိနှိုင်းဖြေရှင်းပေးရန် ဆန္ဒပြကြတဲ့ သတင်း၊ စက်တင်ဘာ ၁၀ ရက်နဲ့ ၁၃ ရက်တွေမှာ ရန်ကုန်နဲ့ မန္တလေးမှာ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်တွေက တပ်မတော်ကို ထောက်ခံကြောင်းနှင့် ပြည်ပနိုင်ငံများ၏ မြန်မာနိုင်ငံအပေါ် ဆန့်ကျင်လုပ်ဆောင်မှုများကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့တဲ့ သတင်း၊ မြန်မာအမျိုးသမီးများကို အငှားကိုယ်ဝန်ဆောင်ပြီး လူကုန်ကူးမှု ပုံစံသစ်တစ်ရပ် ပေါ်ပေါက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က သတိပေးလိုက်တဲ့ သတင်း၊  ကျောက်ဆည် GTI ကျောင်းသား အသတ်ခံရမှုတွင် ကျူးလွန်သူများကို ရုံးထုတ်ရမန်ယူစဉ် ကျောင်းသူ၊ ကျောင်းသားများနှင့် ဒေသခံပြည်သူ ၈၀၀ ကျော်က အမှုမှန်ပေါ်ပေါက်ရေး လာရောက်ဝန်းရံခဲ့တဲ့ သတင်းတွေထဲ သတိထားရမယ့် သတင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

ကြာဖူး၊ ကြာမှောက်၊ ကြာလှန်တွေ မည်းနေလို့ ဖြစ်လာတဲ့ ကောလာဟလ။

ယခုတစ်ပတ် စိတ်ဝင်စားဖွယ်ရာ လှုပ်လှုပ်ခတ်ခတ် သတင်းတွေထဲ ကောလာဟလ သတင်းတစ်ခုက သတင်းကောင်းတွေဖြစ်တဲ့ အင်းလေးကန်ကို ရမ်ဆာထိန်းသိမ်းရေး နယ်မြေအဖြစ် သတ်မှတ်ခံရတဲ့ သတင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ၂၀၁၆ ခုနှစ်မှာ ခန့်အပ်ခဲ့တဲ့ ယာယီဂေါပကအဖွဲ့က ဘုရားဖူးပြည်သူတွေဆီက လှူဒါန်းရတဲ့ နှစ်နှစ်စာ အလှူငွေ ကျပ် ၉ ဒသမ ၃ ဘီလျံခန့်ကို အသစ်ခန့်မယ့် ကျိုက်ထီးရိုးဂေါပက အဖွဲ့သစ်ကို လွှဲအပ်မယ့် သတင်းတွေကိုကျော်ပြီး လွှမ်းခဲ့တဲ့အတွက် ဒီကောလာဟလ သတင်းကို သာ/ယာဉ် ဝန်ကြီးဌာနက စာထုတ်ပြီး ရှင်းရတဲ့အထိ ဖြစ်ခဲ့တာပါ။

မကြာမီက အွန်လိုင်းနဲ့ လူမှုကွန်ရက်တွေမှာ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေ အသည်းနှလုံးလို့ ပြောလို့ရတဲ့ ရွှေတိဂုံစေတီတော်ရဲ့ ကြာဖူး၊ ကြာမှောက်၊ ကြာလှန်တွေ မည်းနေတဲ့အတွက် စေတီတော်ကို ကပ်လှူထားတဲ့ ရွှေသင်္ကန်းတွေနဲ့ ပတ်သက်ပြီး ထင်ကြေးပေး ခန့်မှန်းမှုတွေ ပေါ်ထွက်လာသလို လူထုကြားထဲလည်း “စေတီတော်တစ်ဆူလုံး ရွှေခွာမည်။
ရွှေတိဂုံစေတီတော်ကြီးကို ရုတ်တရက်ပြင်ချင်တာက ရိုးမှရိုးသားရဲ့လား” ဆိုတဲ့ ကောလာဟလတွေ ထွက်လာခဲ့တဲ့အတွက် ထုံးစံအတိုင်း ဝိဝါဒကွဲပြားမှုတွေ၊ အပြန်အလှန်စွပ်စွဲမှုတွေနဲ့ တော်တော်လေး ဆူညံပွက်ခဲ့ပါတယ်။ဘာသာရေးနဲ့ ပတ်သက်တဲ့ ကိစ္စဖြစ်တဲ့အတွက် အပြန်အလှန် စွပ်စွဲမှုတွေက ပြင်းထန်ခဲ့ပါတယ်။

ဒီလိုထွက်ပေါ်လာတဲ့ သတင်းတွေကို အားကောင်းစေခဲ့တာက နေပြည်တော် MICC-II မှာ ပြုလုပ်တဲ့ (၅) ကြိမ်မြောက် နိုင်ငံတကာ နည်းပညာပြပွဲ ဖွင့်ပွဲအပြီးမှာ ရွှေတိဂုံစေတီတော်ကို လေးနှစ်တစ်ကြိမ် ရွှေပြားကပ်လှူခြင်း လုပ်ငန်းကို ကန်ထရိုက်သို့ လုပ်ကိုင်ခွင့်ပေးတော့မှာ မဟုတ်ဘူးလို့ မီဒီယာတွေကို ပြောခဲ့သလို ရွှေပြားကြိတ်စက်ရုံကို ရွှေတိဂုံစေတီတော် တောင်ဘက်မုခ် အောက်ပစ္စယာပုရာဝဏ်အတွင်း တည်ဆောက်မယ် ဆိုတာတွေကို အမှတ် (၂) စက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး က ပြောခဲ့ပါတယ်။

ဒီသတင်းတွေက တော်တော်လေးပျံ့နှံ့နေခဲ့တဲ့အတွက် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက  စက်တင်ဘာလ ၁၃ ရက်မှာ ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ကြာမှောက်၊ ကြာလှန်က မဲနေတဲ့နေရာက ရွှေစင်ပြားသင်္ကန်း ၁၀ ချပ် ခွာ၍ ပညာရှင်များဖြင့် စစ်ဆေးရန်၊ စေတီတော်ကြီး တစ်ဆူလုံးရှိ ရွှေပြားသင်္ကန်းတော်များကို မခွာရန် ရွှေစင်ပြား Gold coating များ ဆက်လက်ဆောင်ရွက်ခြင်း မပြုရန်၊ ရွှေတိဂုံစေတီတော်မြတ်ကြီး ငှက်ပျောဖူးတော် အောက်ပိုင်း၊ ကြာရင့်၊ ကြာလန်၊ ရွဲ၊ ကြာနု၊ ကြာမှောက်၊ ဖောင်းရစ် (ဖောင်းလုံး)၊ ပန်းဆွဲ၊ သပိတ်မှောက်၊ ရင်စည်း (ခါးစည်း)၊ ခေါင်းလောင်း၊ ခေါင်းလောင်းနား၊ ကျည်းဝန်း (ကျည်းခွေ)၊ ရှစ်မြှောင့်အထိကို ရွှေပြားကြိတ်စက်ရုံမှ ထုတ်လုပ်ထားတဲ့ ရွှေပြား Gold Plate များဖြင့် ရနိုင်သလောက် ပူဇော်ရန်နှင့် ရွှေပြား Gold Plate ရွှေသင်္ကန်းတော် မကပ်နိုင်သည့် ဧရိယာများကို ရွှေမျက်ပါး၊ ရွှေဆိုင်း၊ ရွှေသင်္ကန်းတော်သာ ကပ်လှူပူဇော်ရန်တို့ကို ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ကို ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ဘာပဲဖြစ်ဖြစ် အများပြည်သူကြား ရွှေတိဂုံစေတီတော်တွင် ကပ်လှူပူဇော်ထားသည့် ရွှေသင်္ကန်းတော် ရွှေစင်ပြားအချို့ မဲလာတဲ့ ကိစ္စက ဒွိဟဖြစ်စရာပါဘဲ။ဒါပေမယ့် ဒီကိစ္စနှင့် ပတ်သက်ပြီး စက်တင်ဘာလ ၁၅ ရက်၊ နံနက် ၇ နာရီမှာ ရွှေတိဂုံစေတီတော် အထက်ပစ္စယံမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပဖို့ ရှိတဲ့အတွက် အဖြူအမည်း သဲသဲကွဲကွဲ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းတွေက ဘင်္ဂါလီကိစ္စ၊ ရိုက်တာ သတင်းထောက်နှစ်ဦးကိစ္စ စတဲ့ ကိစ္စတွေနဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ နိုင်ငံတွေ အပါအဝင် နိုင်ငံတကာဖိအားတွေ ဆက်တိုက်ခံနေရတဲ့ မြန်မာနိုင်ငံမှာ ဆိုင်ခွဲလာရောက်ဖွင့်လှစ်ရန် စီစဉ်ထားတဲ့ အမေရိကန် ကော်ဖီကုမ္ပဏီ Starbucks က ဖွင့်ဖို့ နောက်ဆုတ်သွားတဲ့ သတင်း၊ လာမည့် ခရီးသွားရာသီမှာ ပြည်ပခရီးသွား အများအပြား ဝင်ရောက်လာရန် မျှော်ကိုးကာ မြန်မာနိုင်ငံသားများနှင့် ပြည်ပနိုင်ငံသားများ ပြည်ပခရီးစဉ်မှာ ဝင်၊ ထွက် သွားလာတိုင်း ဖြည့်ရတဲ့ ခရီးသွားဖောင်ပုံစံ ဖြည့်သွင်းနေရတာကို လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ပယ်ဖျက်ပေးလိုက်တဲ့ သတင်း၊ ခွင့်ပြုချက်မရှိဘဲ ဘဏ်ခွဲတွေ ဖွင့်ခဲ့တဲ့ ကမ္ဘောဇဘဏ်လီမိတက်ကို ဒဏ်ကြေးခတ်ဖို့ စီစဉ်နေတယ်လို့ ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ ဦးစိုးမင်း က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြောခဲ့တဲ့ သတင်းတွေလိုဘဲ ဖတ်သူကို ဒွိဟပွားစေတဲ့ သတင်းတွေ ဖြစ်ခဲ့ပါတယ်။
 

သဘောရိုးမဟုတ်တဲ့  မူးယစ်ဆေးတွေ ဈေးပေါနေမှု။

ယခုသတ္တပတ်အတွင်း လွှတ်တော်နဲ့ အစိုးရဆိုင်ရာ သတင်းတွေထဲမှာ သတိထားစရာဖြစ်ခဲ့တဲ့ သတင်းက မူးယစ်ဆေးဝါးတွေ ဖောဖောသီသီ ပြည်တွင်းမှာ ရနေတာနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်မှာ  ပြည်ထဲရေး ဒု-ဝန်ကြီးကို မေးမြန်းခဲတဲ့ သတင်းက သတင်းဖတ်ရသူတိုင်းကို စိတ်ဝင်စားမှု ပိုစေခဲ့ပါတယ်။

စက်တင်ဘာ ၁၂ ရက်က ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၂) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဦး က “ယခုအခါတွင် ယာဘခေါ် စိတ်ကြွမူးယစ်ဆေးပြားများကို မြန်မာနိုင်ငံ၏ နေရာဒေသ အနှံ့အပြား၌ ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်သော အခြေအနေဖြစ်အောင် ဖန်တီးလုပ်ဆောင်လာကြခြင်းအား ထိရောက်စွာ တားဆီးနှိမ်နင်းရန်အတွက် စီမံဆောင်ရွက်မည့် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်းနှင့်” စပ်လျဉ်းသည့် မေးခွန်းကို မေးမြန်းခဲ့ပါတယ်။

ဒီလိုမေးမြန်းမှုထဲမှာ ‘‘ဆေးပြား သန်းနဲ့ချီပြီး ဖမ်းမိရင် ပိုင်ရှင်မဲ့ဖြစ်နေတာ၊ အရင်းအမြစ် ထုတ်လုပ်ရောင်းချနေတဲ့ အဖွဲ့အစည်းတွေ၊ မူးယစ်ရာဇာကြီးတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိဘဲ ကိုင်းဖျားကိုင်းနားလေးတွေကိုပဲ ဖမ်းမိနေတာဟာ ကာလရှည်ကြာပါပြီ’’ လို့ ပြောခဲ့ပါတယ်။ဒါ့အပြင် ဝေးလံသည့်ဒေသများမှ ပြည်တွင်းသို့ လမ်းကြောင်းအစုံဖြင့် မူးယစ်ဆေးဝါးများ ရောက်ရှိနေခြင်းက မြန်မာနိုင်ငံ၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးမှု ပျက်ယွင်းနေခြင်းကို မီးမောင်းထိုးပြနေပြီး လုံခြုံရေးနှင့် ဥပဒေစိုးမိုးရေး တာဝန်ရှိသူများ၊ အာဏာအဝန်းအဝိုင်းနှင့် မကင်းရာမကင်းကြောင်းများ ပါဝင်ပတ်သက်နေကြောင်း ထောက်ပြခဲ့ပြောဆိုခဲ့လို့ ဒီမေးမြန်းမှုက လွှတ်တော်ထဲမှာတောင် စိတ်ဝင်စားမှု ပိုခဲ့တဲ့ အဆိုဖြစ်ခဲ့ပါတယ်။

ဒီမေးခွန်းကို ပြည်ထဲရေး ဒု-ဝန်ကြီး လာရောက်ဖြေကြားခဲ့ပါတယ်။ ပြည်ထဲရေးဝန်ကြီးက ၂၀၁၃ ခုနှစ်မှာ မူးယစ်ဆေးဝါး အထူးနှိမ်နင်းရေး တပ်ဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၈ ခုနှစ်ထိ မူးယစ်ဆေးဝါးများ တားဆီးနှိမ်နင်းရေး စစ်ဆင်ရေးပေါင်း ၂၂ ကြိမ် ဆောင်ရွက်နေပြီး ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး သယ်ဆောင်မှု စစ်ဆေးဖို့အတွက် ယာဉ်များ၏ ဘန်ပါ၊ အိတ်ဇော၊ တံခါး၊ ဒက်ရှ်ဘုတ်၊ ထိုင်ခုံ၊တာယာနှင့် ကြမ်းခင်းတို့ကို စစ်ဆေးနိုင်သည့် နှစ်လက်မ (၂ မီလီမီတာ) ထုကို ဖောက်ထွင်းစစ်ဆေးနိုင်သော ခေတ်မီ လက်ကိုင်စစ်ဆေး ရှာဖွေရေးကိရိယာ ခုနစ်ခုကို စစ်ဆေးရေးစခန်းများမှာ ၂၀၁၈ ဩဂုတ်က စတင်ပြီး တပ်ဆင်အသုံးပြုနေပြီး မူးယစ်ဆေးဝါးများကို ကုန်တင်ကားကြီးများဖြင့် ဝှက်ယူသယ်ဆောင်လာခြင်းကို စစ်ဆေးရန် ကားတစ်စီးလုံး စစ်ဆေးနိုင်သည့် X-ray စက်ကြီးများ တပ်ဆင်ရန် ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါတယ်။

ဖြေတဲ့အဖြေက တစ်စုံတစ်ခုသော အတိုင်းအတာအထိ ကျေနပ်စရာဖြစ်ပေမယ့် အများပြည်သူကတော့ ဒီထက်ပိုပြီး ထိရောက်တဲ့ အဖြေကို ပိုကြားချင်ကြပါတယ်။ရန်ကုန် အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာ အပေါဆုံးက စိတ်ကြွမူးယစ်ဆေးဝါးတွေ ဖြစ်သလို မကြာခဏ ပမာဏများတဲ့ စိတ်ကြွမူးယစ်ဆေးဝါးတွေ မိတဲ့အခါ ပိုင်ရှင်မဲ့ဖြစ်နေတာ၊ အဓိကလုပ်ကိုင်နေသူတွေတစ်ဉ်ီးကိုမှ မမိဘဲ ခိုင်းတဲ့သူတွေကိုသာ မိနေတာဟာ အများပြည်သူအတွက် ခံပြင်းစရာဖြစ်ခဲ့ပါတယ်။

မေးခွန်းမေးမြန်းတဲ့ ဦးထွန်းထွန်းဦး ကလည်း လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားစဉ်မှာ မီဒီယာတွေကို  ‘‘မူးယစ်ဆေးဝါးက ပေါများရုံတင်မကဘဲ လွယ်လွယ်ကူကူ ဝယ်လို့ရနေတယ်။အခု ဒေါ်လာဈေးတက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး တခြားကုန်ပစ္စည်းတွေ တက်တယ်။မူးယစ်ဆေးဝါးက ဈေးကျနေတယ်။အဲဒီတော့ ဒါက ရည်ရွယ်ချက်နဲ့ကို တမင်လုပ်တာ’’ လို့ ပြောခဲ့ပါတယ်။

စိတ်ကြွမူးယစ်ဆေးဝါးကြောင့် လုယက်သတ်ဖြတ်မှုတွေ နေ့စဉ်ကြုံနေရတဲ့ မန္တလေးက လွှတ်တော်အမတ်ကိုယ်တိုင် မေးခဲ့ပြီး မီဒီယာတွေကို နောက်ဆက်တွဲပြောခဲ့တဲ့ တမင်လုပ်တာဆိုတဲ့ စကားကြောင့် စိတ်ကြွမူးယစ်ဆေးဝါးတွေ ပေါများနေရခြင်း နောက်ကွယ်မှာ ဒေသခံတွေသိထားတဲ့ အကြောင်းအချက်တွေ ရှိနေမလားဆိုတာ စဉ်းစားစရာပါ။သမ္မတကိုယ်တိုင် မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး တိုက်ရိုက်တိုင်ကြားဖို့ လမ်းဖွင့်ပေးထားတဲ့အတွက် မကြာခင်မှာ စိတ်ကြွမူးယစ်ဆေးဝါး ပမာဏများများ ထုတ်သူတွေကို ဖော်ထုတ်ခံရတော့မလားဆိုတာ အများပြည်သူအတွက်
မျှော်လင့်စရာပါ။

ဒီသတင်းက ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမှ ကျောက်မဲမြို့သို့ ဒုတိယရဲမှူးတစ်ဦး လိုက်ပါလာတဲ့ ကားတစ်စီးကို တားဆီးစစ်ဆေးစဉ် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများတွေ့တဲ့ သတင်း၊ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် ဒေသက မွတ်စလင်ရွာတွေက အခြေခံပညာကျောင်းတွေမှာ ဒေသခံ မွတ်စလင်လူငယ်များကို ဦးစားပေးခန့်ထားဖို့ နေ့စားလပေး သင်ကြားရေးအကူ ဆရာ၊ ဆရာမအဖြစ် ခန့်ဖို့ ပညာရေးဝန်ကြီးဌာနက စီစဉ်နေတဲ့ သတင်း၊ ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနမှာ ကျင်းပတဲ့ JMC - U ၏ (၁၈) ကြိမ်မြောက် အစည်းအဝေးမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေကို ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က ပဋိပက္ခများကို ရှောင်ရှားဖို့ အင်အားတည်ဆောက်ခြင်း၊ နယ်မြေတည်ဆောက်ခြင်း မလုပ်ဖို့ ပြောခဲ့တဲ့ သတင်း၊ လွှတ်တော်အမတ်တွေ စည်ပင်တည်းခိုဆောင်မှာ အခန်းငှားနေရတဲ့အတွက် ဂုဏ်သိက္ခာကို ရှေးရှုပြီး နေစရာအဆောင် စီစဉ်ပေးဖို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်း က ပြည်သူ့လွှတ်တော်မှာ ပြောကြားခဲ့တဲ့ သတင်း၊ လဝက ဝန်ထမ်းတွေ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ပြီး အဂတိလိုက်စားရင် အချိန်မရွေး တိုင်ကြားနိုင်ပြီး ထိရောက်စွာ အရေးယူသွားမယ်လို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးသိန်းဆွေ ပြောလိုက်တဲ့ သတင်းတွေလိုဘဲ အများပြည်သူကို သတင်းတန်ဖိုးအရ ပိုပြီးဖမ်းစားနိုင်ခဲ့ပါတယ်။

အောင်ရဲထွေး အသတ်ခံရမှုမှာ အဂတိလိုက်စားခဲ့တဲ့ ရန်ကုန်တိုင်း ဥပဒေချုပ်။
    

စက်တင်ဘာ ၁၃ ရက် ညနေပိုင်းက အဂတိလိုက်စားမှု ကော်မရှင်ကနေ ထုတ်ပန်လိုက်တဲ့ ကြေညာချက်တစ်စောင်ကြောင့် အထွေထွေအဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အများပြည်သူစိတ်ထဲ ကျေနပ်မှုရခဲ့ပါတယ်။ဒါက ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရတဲ့ အမှုမှာ အမှုကိုရုပ်သိမ်းခွင့်ပြုခဲ့တဲ့ ရန်ကုန်တိုင်း ဥပဒေချုပ် ဦးဟန်ထူး အပါအဝင် ဥပဒေအရာရှိကြီး ငါးဦးနှင့် ရဲစခန်းမှူး တစ်ဦးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူခဲ့တာပဲ ဖြစ်ပါတယ်။
    

ဒီအရေးယူမှုမှာ လူသတ်မှုကျူးလွန်သူ၏ မိဘများထံကနေ ငွေကြေးနဲ့ တံစိုးလက်ဆောင်ယူလို့ ဖမ်းဆီးခဲ့တယ်ဆိုပေမယ့် နောက်ပိုင်းမှာ ငွေကြေးပမာဏ အတိအကျနဲ့ လက်ဆောင်ယူခဲ့တဲ့ စာရင်းတွေ ပေါ်ထွက်ခဲ့ ပါတယ်။ကလပ်မှာ ကနေတဲ့ အောင်ရဲထွေး ကို ထိုးကြိတ်သတ်ဖြတ်ခဲ့တဲ့သူ သုံးယောက်ထဲက သန်းထွဋ်အောင် (ခ) သားကြီး ရဲ့ ဖခင်ဖြစ်သူဆီကနေ အမှုကို ရုပ်သိမ်းစေဖို့ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး က ကျပ်သိန်း ၁၅၀၊ Blue Label အရက်တစ်ပုလင်းနှင့် အင်္ကျီတစ်ထည်၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်က ကျပ်သိန်း ၅၀၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေးက ကျပ်သိန်း ၁၃၀၊ ဒုတိယ ခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင် က ကျပ်သိန်း ၃၀ နှင့် ပါတိတ်လုံချည်တစ်ထည်၊ ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည် က ကျပ်သိန်း ၃၃၀ နှင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ရွှေပေါက်ကံ နယ်မြေစခန်းမှူး (ယခင် သုဝဏ္ဏ နယ်မြေစခန်းမှူး) ရဲအုပ် ချစ်ကိုကို က ကျပ်သိန်း ၃၀ လာဘ်စားခဲ့တာ ပေါ်ပေါက်ခဲ့တာလို့ ဆိုပါတယ်။
    

ဒီလိုဖမ်းဆီးရမိမှုက အဂတိလိုက်စားမှု ကော်မရှင်ရဲ့ အထင်ကရဖြစ်တဲ့ အောင်မြင်မှုလို့ ဆိုပေမယ့် ဒီအမှုကနေ မြန်မာပြည်ရဲ့ တရားစီရင်ရေးဟာ ငွေပေးရင် ဘယ်အဆင့်အထိ ဝယ်လို့ရတယ်ဆိုတာကို မီးမောင်းထိုးပြလိုက်သလို ဖြစ်ခဲ့တဲ့အတွက် မြန်မာပြည် တရားရေးစနစ်ရဲ့ ဆိုးရွားစွာပြိုလဲမှု ဖြစ်ခဲ့ပါတယ်။ ဒီအဂတိလိုက်စားမှုမှာ လာဘ်ပေးသူက ပေးပြီးတဲ့အချိန်မှာ အရာရာက ချောမွေ့စွာပြီးပြီလို့ ထင်လိုက်ရပေမယ့် ငွေစိုက်ထုတ် လာဘ်ထိုးလို့ အမှုပိတ်သိမ်းပြီး လွတ်လာခဲ့တဲ့ သန်းထွဋ်အောင် က သူ့လူမှုကွန်ရက်ကနေ မထီလေးစား သွားဖြဲခြိမ်းခြောက်ပြတာကနေ လူတွေက အသတ်ခံရသူဘက်က ဘာကြောင့် ရုတ်သိမ်းပေးရသလဲ ဆိုတာကို တွေးမိလာကြပါတယ်။ဒီကနေ လူမှုကွန်ရက်မှာ ဝေဖန်သံတွေကနေ သမ္မတနားအထိ ပေါက်ခဲ့တဲ့ ဒီအမှုမှာ အသတ်ခံလိုက်ရတဲ့ အောင်ရဲထွေး ရဲ့ အရိုးကတွန်ခဲ့တဲ့အတွက် အမှုမှန်အတိုင်း ပေါ်ပေါက်လာဖို့ များသွားပြီ ဖြစ်ပါတယ်။

ဒါပေမယ့် တရားဥပဒေပညာကို အားကိုးရာမဲ့ နစ်နာသူတွေအတွက် မဟုတ်ဘဲ ကိုယ်ကျိုးအတွက်ရှာကြံ အဂတိလိုက်စားခဲ့တဲ့ ၆ ဦးရဲ့ လုပ်ရပ်က သားသမီးချင်း ကိုယ်ချင်းမစာ စက်ဆုပ်ဖွယ်ကောင်းတဲ့ လုပ်ရပ်ပါဘဲ။သီလသမာဓိနဲ့ မှန်ကန်အောင် စီရင်ရတဲ့နေရာကို ငွေမက်တဲ့သူတွေ၊ ကိုယ်ကျိုးရှာတဲ့သူတွေ ဘယ်လောက်တောင် ရှိနေမလဲဆိုတာ ဒီအမှုကိုကြည့်ရင် တွေးပြီးလန့်စရာပါ။ အများပြည်သူအနေနဲ့ ဒီအမှုကနေ ဘယ်ပမာဏအထိ၊ နောင်လာနောင်သားတွေအတွက် စံပြဖြစ်လောက်တဲ့အထိ တရားစီရင်မှု ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းက ယခုတစ်ပတ်မှာ ဖြစ်တဲ့ မွန်ပြည်နယ် ပေါင်မြို့ မှာ (၂) နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် လူ ၁၅ ဦး ခွေးရူးကိုက်ခံရတဲ့ သတင်း၊ နေပြည်တော် ပုဗ္ပသီရိမြို့နယ်မှာ စိုက်ပျိုးရေးလုပ်ငန်းခွင်အတွင်း ပိုးသတ်ဆေး ဖျန်းရာမှ အလုပ်သမား ၄၀ ဦး မူးဝေအော့အန်လို့ ဆေးရုံတင်လိုက်ရတဲ့ သတင်း၊ မြန်မာနိုင်ငံထဲ တရုတ်နိုင်ငံသား တစ်ဦးကို ပြန်ပေးဆွဲခေါ်ဆောင်ကာ ညှဉ်းပန်းနှိပ်စက်ခဲ့သူ ရှစ်ဦးအနက် နှစ်ဦးက မြန်မာနိုင်ငံသား မှတ်ပုံတင်အတုများ ကိုင်ဆောင်ထားတာကို တွေ့ခဲ့ရတဲ့ သတင်း၊ မကွေးတိုင်း ပေါက်မြို့နယ်နေသူထံကနေ ထီပေါက်စဉ်တိုက်ပေးမယ်ဆိုပြီး ကျပ်သိန်း ၃,၀၀၀ ဆုပေါက်တဲ့ ထီလက်မှတ်ကို လိမ်ယူသွားတဲ့ သတင်း၊ ဘာသာရေးအရ အိမ်ထောင်ရေးကွာရှင်းမှုကို ဖြေရှင်းပေးဖို့ အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ဦးက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တဲ့ သတင်းတွေထဲ သိန်း ၇၂၀ ကျော်နဲ့ ရန်ကုန်တိုင်း ဥပဒေချုပ်  အပါအဝင် ၆ ဦးရဲ့ အဂတိလိုက်စားမှု သတင်းက ယခုတစ်ပတ်ရဲ့ လူစိတ်ဝင်စားမှု အကောင်းဆုံးသတင်းဆိုတာ ဖော်ပြရင်း ယခုတစ်ပတ် သတင်းသုံးသပ်ချက်ကို ရပ်နားလိုက်ချင်ပါတယ်။

မာလင်း
စက်တင်ဘာ - ၁၄

( Zawgyi)

ယခုတစ္ပတ္အတြင္း သတင္းေတြထဲမွာ လူေတြစိတ္ထဲ ထိတ္လန႔္ရေလာက္တဲ့အထိ ဟာကနဲဟင္ကနဲ ျဖစ္ရတဲ့ သတင္းႏွစ္ပုဒ္ ရွိခဲ့ပါတယ္။တစ္ခုက စက္တင္ဘာ ၁၁ ရက္ ည ၁၀ နာရီေက်ာ္က တာေမြေဈးမွာ လူသုံးေယာက္ကို လူမိုက္ ၈ ေယာက္က ကားသုံးစီးနဲ႔ လာၿပီး ဝိုင္းခုတ္လို႔ တစ္ေယာက္ေသၿပီး ၃ ေယာက္ ဒဏ္ရာရခဲ့တဲ့ သတင္းနဲ႔ ေနာက္တစ္ပုဒ္က ရန္ကုန္တိုင္းေဒသႀကီး ဥပေဒခ်ဳပ္ ဦးဟန္ထူး နဲ႔ စခန္းမႉး အပါအဝင္ ၆ ဦးကို သ႐ုပ္ေဆာင္ ေအာင္ရဲေထြး အသတ္ခံရမႈမွာ သတ္တဲ့သူေတြဆီက ေငြ သိန္း ၇၂၀ နဲ႔ တန္ဖိုးႀကီး အရက္ပုလင္းမ်ား လက္ေဆာင္ယူၿပီး လႊတ္ေပးတာ စစ္ေဆးေပၚေပါက္လို႔ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္က ဖမ္းဆီးအမႈဖြင့္ အေရးယူလိုက္တဲ့ သတင္းေတြဘဲ ျဖစ္ပါတယ္။
    

ဒီသတင္းက ယခုတစ္ပတ္မွာျဖစ္ခဲ့တဲ့ လွ်ပ္စစ္ႏွင့္ စြမ္းအင္ ဝန္ႀကီးဌာနက ေရနံစိမ္း ဂါလန္ ၃၀,၀၀၀ အထိ ခ်က္လုပ္ႏိုင္တဲ့ အေသးစား ေရနံခ်က္လုပ္ငန္း လုပ္ကိုင္ခြင့္ (Mini Refinery) ခြင့္ျပဳလိုင္စင္ ထုတ္ေပးမယ္လို႔ ေၾကညာခဲ့တဲ့ သတင္း၊ ျပည္တြင္းေရခ်ိဳငါးအေၾကးခြံေတြကို တစ္လလွ်င္ တန္ ၅၀ ဝယ္ယူဖို႔ ထိုင္းႏိုင္ငံက ကမ္းလွမ္းထားတဲ့ သတင္း၊ သန္လ်င္မွာ တစ္ႏွစ္ ဒီဇယ္၊ ဓာတ္ဆီ တန္ခ်ိန္ ၁၀ သန္း ထုတ္ႏိုင္မည့္ ေရနံခ်က္စက္႐ုံ တည္ေဆာက္ရန္ စီစဥ္ေနတဲ့ သတင္း၊ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ကို ျဖတ္ၿပီး ကူမင္းၿမိဳ႕ႏွင့္ ကိုလ္းကတၱားၿမိဳ႕ၾကား က်ည္ဆန္ရထား ေျပးဆြဲဖို႔ တ႐ုတ္က စီစဥ္ေနတဲ့ သတင္းေတြထက္ လူေတြစိတ္ကို ကိုင္လႈပ္ႏိုင္ခဲ့ပါတယ္။

ရန္ကုန္ကို ကိုင္လႈပ္တဲ့ တာေမြက အုပ္စုဖြဲ႕လူသတ္မႈ။
    

ယခုတစ္ပတ္ထဲမွာ လူေတြသတိအထားမိဆုံး သတင္းက ဘယ္သတင္းလဲဆိုတာ ေျပာစရာမလိုေလာက္ေအာင္ျဖစ္ခဲ့တဲ့ တာေမြက အုပ္စုဖြဲ႕လူသတ္မႈပါဘဲ။
ရန္ကုန္ၿမိဳ႕လယ္ေကာင္ျဖစ္တဲ့ တာေမြလို ေနရာမွာ ပတ္ဝန္းက်င္အထိတ္တလန႔္ျဖစ္ၿပီး လြတ္ေအာင္ ေျပးၾကလႊားၾကနဲ႔ မင္းမဲ့တိုင္းျပည္သာသာလို တားဆီးသူမရွိဘဲ ခုတ္ၾကထစ္ၾကတဲ့ ျပႆနာဟာ ရန္ကုန္သာမက ျမန္မာတစ္ႏိုင္ငံလုံးကို ကိုင္လႈပ္ခဲ့ပါတယ္။
    

ဒီမတိုင္ခင္က ေနျပည္ေတာ္မွာ က်ည္ဆံေတြနဲ႔ မူးယစ္ေဆးဝါး ပါတဲ့ကားကိုမိၿပီး တိမ္းေရွာင္လြတ္ေျမာက္သြားတဲ့ လူက ပုဂံမွာ ဓားကိုင္ေသာင္းက်န္းေနလို႔ ဖမ္းမိခဲ့တဲ့ နားလည္ရခက္တဲ့ မႈခင္းလိုဘဲ ယခုအမႈက ရႈပ္ေထြးလွပါတယ္။
    

တာေမြ အုပ္စုဖြဲ႕ဓားခုတ္မႈမွာ ရဲတပ္ဖြဲ႕ထုတ္ျပန္ခ်က္အရဆိုရင္ က်ိဳကၠဆံနားက ၇၇၇ ဂိမ္းဆိုင္မွာ ကေလးခ်င္းျဖစ္တဲ့ အေသးအဖြဲ ကိစၥကေန မိခင္ခ်င္း စကားအေျခအတင္ျဖစ္ၿပီး လာသတ္တဲ့ လူမိုက္ေခါင္းေဆာင္ သာေကတလူမိုက္ ဝင္းထြဋ္ဝင္း က ဖုန္းဆက္ကာ “မင္းတို႔ေစာက္ခ်ိဳးမေျပဘူး မင္းတို႔ကို လာခုတ္မယ္” လို႔ ေျပာကာ စကားအေခ်အတင္မ်ားၿပီး ကား ၃ စင္းျဖင့္ လူမိုက္မ်ားတင္ကာ တာေမြေဈးေရွ႕ရွိ အသတ္ခံရသူ ေနအိမ္တိုက္ခန္းေရွ႕ တစ္လမ္းေက်ာ္တြင္ ကားရပ္၍ အုပ္စုဖြဲ႕ ဓားျဖင့္လာခုတ္ခဲ့ၾကတာလို႔ ဆိုပါတယ္။
    

အရပ္စကားအရ လူ ဆယ့္ငါးေယာက္၊ အေယာက္ႏွစ္ဆယ္ပါတဲ့ ဒီဓားခုတ္မႈ ျဖစ္စဥ္မွာ ေဘးပတ္ဝန္းက်င္က လူေတြအားလုံး ကိုယ္မထိေအာင္ ထြက္ေျပးခဲ့ရသလို ဘယ္သူမွလည္း ဝင္မစြက္ရဲခဲ့တဲ့အထိ ျဖစ္တာက အတင့္ရဲလြန္း၊ ဘယ္အာဏာပိုင္ အဖြဲ႕အစည္းကိုမွ ထီမထင္ဘူးဆိုတဲ့ အခ်ိဳးမ်ိဳး ခ်ိဳးျပခဲ့တဲ့အေပါက္ ျဖစ္တဲ့အတြက္ ဒီအုပ္စုဖြဲ႕လူသတ္မႈက မၾကာခင္ကာလေတြကမွ ရန္ကုန္ၿမိဳ႕မွာ တရားဥပေဒစိုးမိုးမႈရွိတယ္လို႔ ေျပာခဲ့တဲ့ ရန္ကုန္ဝန္ႀကီးခ်ဳပ္အတြက္ မ်က္ႏွာပ်က္စရာပါ။
    

ဒီအုပ္စုဖြဲ႕လူသတ္မႈမွာပါတဲ့ အသတ္ခံရတဲ့သူဘက္က အႏွိပ္ခန္းဖြင့္ေထာင္စားတဲ့သူျဖစ္ၿပီး လာသတ္တဲ့သူေတြက ရန္ကုန္ၿမိဳ႕လယ္က ပစိဖိတ္ဓာတ္ပုံတိုက္ ပိုင္ရွင္ကို ျပန္ေပးဆြဲမႈနဲ႔ အဖမ္းခံရၿပီး နယ္ထိန္းရဲအရာရွိကို ခုတ္မႈနဲ႔ ေထာင္က်ဖူးတဲ့သူေတြ ျဖစ္ေနတာဟာ ျမန္မာႏိုင္ငံရဲ႕တရားစီရင္ေရးနဲ႔ တရားဥပေဒစိုးမိုးမႈ အေျခအေန ဘယ္ေလာက္ေတာင္ စုတ္ျပတ္သတ္ေနသလဲ ဆိုတာကို ေဖာ္ျပလိုက္သလိုပါဘဲ။
    

ျဖစ္ျဖစ္ခ်င္း ညမွာဘဲ က်ဴးလြန္သူေတြကို လိုက္ဖမ္းခဲ့လို႔ မိခဲ့ေပမယ့္ ဖမ္းဆီးရမိထဲက တစ္ဦးက အာရာဖတ္ ကားစီးၿပီး ထြက္ေျပးလို႔ လိုက္ဖမ္းခဲ့ရာမွာ ရဲတပ္ဖြဲ႕ကိုပါ ျပန္ခုခံခဲ့လို႔ ရဲတပ္ဖြဲ႕က ေသနတ္နဲ႔ ပစ္ခတ္ဖမ္းဆီးခဲ့ရတဲ့အထိ ျဖစ္ခဲ့ပါတယ္။စက္တင္ဘာ ၁၃ ရက္မွာ အုပ္စုဖြဲ႕သတ္ျဖတ္မႈမွာပါတဲ့ ေနာက္ႏွစ္ဦးကို ဖမ္းမိတဲ့အတြက္ ဓားနဲ႔လာခုတ္တဲ့သူ ဦးေရက ဆယ္ေယာက္ထိ ရွိလာပါတယ္။
    

ျဖစ္စဥ္ျဖစ္ခ်ိန္မွာ အနားတစ္ဝိုက္ရွိသူေတြက လြတ္ေအာင္ေျပးခဲ့ရသလို ေသဆုံးသူကို ေဆး႐ုံပို႔ဖို႔အတြက္လည္း ေႏွာင့္ေႏွးေနတာကို ဗီဒီယိုဖိုင္ေတြမွာ ေတြ႕ရပါတယ္။ျဖစ္ၿပီး ေနာက္တစ္ရက္ ႐ုံးထုတ္ရာမွာ ဝင္းထြဋ္ဝင္း ကို သီးသန႔္ဇိမ္ခံကားျဖစ္တဲ့ အာရာဖတ္နဲ႔  ႐ုံးထုတ္လာတာ၊ ေဘးကေန အက်ၤ ီခြၽတ္ထားတဲ့ လူ႐ြယ္တစ္ေယာက္က ထီးလိုက္မိုးေပးတာေတြက အမ်ားျပည္သူကို ေဒါသအမ်က္ ထြက္ေစသလို အထူးအခြင့္အေရးေပးထားရတဲ့ ပုံစံျဖစ္ေနတဲ့အတြက္ တရားဥပေဒစိုးမိုးေရးက ေဒသအလိုက္ လူမိုက္ေတြကို ႁခြင္းခ်က္ထားရတဲ့ ပုံစံမ်ိဳး ျဖစ္ေနခဲ့ပါတယ္။
    

ဒီမႈခင္းက လူမႈေရးအရႈပ္အရွင္းေၾကာင့္ျဖစ္တဲ့ ကိစၥလို႔ ေခါင္းစဥ္တပ္လို႔ရေပမယ္ တရားဥပေဒနဲ႔ အုပ္ခ်ဳပ္ေနပါတယ္လို႔ ကမာၻကသိထားတဲ့ ရန္ကုန္လို ယခင္ကၿမိဳ႕ေတာ္ႀကီးမွာ ည ၁၀ နာရီေက်ာ္ စည္ကားေနတုန္းအခ်ိန္မွာ ယခုလိုျဖစ္တဲ့ အျဖစ္က ရန္ကုန္ဟာ အျခားၿမိဳ႕ႀကီးေတြရဲ႕ ညလိုဘဲ လူမိုက္ဒုစ႐ိုက္ဂိုဏ္းေတြ လက္ေအာက္မွာ ေၾကာက္ေၾကာက္လန႔္လန႔္နဲ႔ ေနထိုင္ေနရပါလားဆိုတာ ဆြဲထုတ္ျပလိုက္သလိုပါဘဲ။ဒီလို တာေမြၿမိဳ႕နယ္အတြင္း အုပ္စုဖြဲ႕လူသတ္ ရမ္းကားမႈျဖစ္ရပ္က ၿမိဳ႕အတြက္ သိကၡာက်တယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ေျပာခဲ့သလိုပါဘဲ ရန္ကုန္ေနသူ အားလုံးအတြက္ က်ီးလန႔္စာစား ဘဝက စခဲ့ၿပီျဖစ္ပါတယ္။
    

အမ်ားျပည္သူကေတာ့ ဒီအုပ္စုဖြဲ႕လူသတ္တဲ့သူေတြ အက်ဥ္းေထာင္ထဲမွာ ယခင္ေခတ္ေတြ အခ်ိန္ေတြတုန္းကလို အခြင့္အေရးေတြယူၿပီး တြင္က်ယ္ေနၾကမွာ စိုးရိမ္ေနသလို တရားစီရင္တဲ့အခါ တည္ဆဲဥပေဒရဲ႕ အျမင့္ဆုံး ျပင္းျပင္းထန္ထန္ မွတ္ေလာက္သားေလာက္တဲ့ ေသစားေသေစဆိုတဲ့ ျပစ္ဒဏ္အထိ ခ်မွတ္ၿပီး ေနာက္လူေတြကို တြန႔္သြားေအာင္ အမိန႔္ခ်မွတ္ေစတဲ့အထိ အမ်ားျပည္သူက လူမႈကြန္ရက္ကေန မွတ္ခ်က္ေပး ေတာင္းဆိုမႈေတြ ရွိေနၾကပါတယ္။
    

ဒီလို ရန္ကုန္လူထု ထိတ္ထိတ္ပ်ာပ်ာျဖစ္ရတဲ့ တာေမြ အုပ္စုဖြဲ႕လူသတ္မႈ သတင္းနဲ႔အၿပိဳင္ ႏိုင္ငံတဝန္းမွာ တျခားမႈခင္း သတင္းမ်ားစြာလည္း ျဖစ္ခဲ့ပါေသးတယ္။ဒီသတင္းေတြထဲမွာ ထိုင္ေနတဲ့ စိတ္မႏွံ႔တဲ့သူ တစ္ေယာက္ကို ကေလးသူခိုးလို႔ အထင္မွားၿပီး ဝိုင္း႐ိုက္သတ္ကာ အေလာင္းမီးရႈိ႕တဲ့ ေခ်ာင္းဦးက ျဖစ္စဥ္၊ ျမဝတီၿမိဳ႕မွာ လက္ေျဖာင့္ေသနတ္ အမ်ိဳးအစား အပါအဝင္ ေသနတ္သုံးလက္၊ လက္ပစ္ဗုံးႏွင့္ ဆက္စပ္ပစၥည္းမ်ား၊ မူးယစ္ေဆးဝါးမ်ား လူေလးဦးထံက ဖမ္းဆီးရမိတဲ့ သတင္း၊ ေရွးေဟာင္း ဘုရားဆင္းတုေတာ္ တစ္ဆူႏွင့္ ရဟႏၲာဆင္းတုေတာ္မ်ား လာေရာက္ခိုးယူတဲ့ ရဟန္းႏွစ္ပါးနဲ႔ အမ်ိဳးသားတစ္ဦးကို ပုတီးကုန္းမွာ ဖမ္းဆီးရမိတဲ့ သတင္း၊ ဗႏၶဳလတာဝါ တိုက္ (C) ကိုးလႊာမွ အသက္ (၁၆) ႏွစ္အ႐ြယ္ အိမ္အကူ မိန္းကေလးတစ္ဦး ခုန္ခ်ေသဆုံးခဲ့တဲ့ သတင္း၊ ၾကည့္ျမင္တိုင္၊ ထီးတန္းအိမ္ရာ ေနာက္ေဖးလမ္း ၾကားေရေျမာင္းအတြင္း ခ်က္ႀကိဳးတန္းလန္းျဖင့္ ေမြးကင္းစ ကေလးငယ္အေလာင္း စြန႔္ပစ္မႈသတင္း၊ ေနျပည္ေတာ္မွာ က်ည္ဆန္၊ ဓားရွည္နဲ႔ မူးယစ္ေဆးဝါးနဲ႔ ကားကိုဖမ္းမိၿပီး ထြက္ေျပးေနတဲ့ တရားခံကို ပုဂံမွာ ဓားကိုင္မူးယစ္ရမ္းကားေနလို႔ ဖမ္းဆီးရမိတဲ့ သတင္း၊ အရက္ေသစာ ေသာက္စားရာကေန စကားမ်ားၿပီး အမ်ိဳးသားႏွစ္ဦးကို က်န္ေလးဦးက ႐ိုက္ႏွက္သတ္ျဖတ္ခဲ့တဲ့ သတင္း၊ မဂၤလာဒုံၿမိဳ႕နယ္ ေဇကမာၻဝန္းအတြင္း၊ ယမ္ယမ္ေခါက္ဆြဲေျခာက္စက္႐ုံမွာ ဂ်ဴံလာပို႔သူတစ္ဦး ဓာတ္ေလွကားညႇပ္လို႔ ျပဳတ္က်ကာ ေသဆုံးခဲ့တဲ့ သတင္း၊ ေ႐ႊေသာင္ယံၿမိဳ႕နယ္ခြဲမွာ မိန္းမဘက္က အေဒၚကို သတ္ၿပီး ေတာထဲတိမ္းေရွာင္ေနသူ တစ္ဦးကို ရဲတပ္ဖြဲ႕ ဖမ္းဆီးရာမွ ျပန္ခုခံလို႔ ပစ္ခတ္ဖမ္းဆီးရင္း ေသဆုံးသြားတဲ့ သတင္း စတဲ့ သတင္းေတြက ဒီတစ္ပတ္ အမ်ားျပည္သူကို သတိထားမိေစခဲ့ပါတယ္။     

ကမာၻ႔စီးပြားေရး ဖိုရမ္အထိ ဖိအားေပးမႈရွိခဲ့တဲ့ ႐ိုက္တာသတင္းေထာက္ အမႈ။
 
    
အာဆီယံ ႏိုင္ငံ့ေခါင္းေဆာင္မ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ား၊ ပညာရွင္မ်ား၊ အရပ္ဘက္အဖြဲ႕အစည္း ေခါင္းေဆာင္ေတြအတြက္ အထင္ကရပြဲတစ္ခုကို ဗီယက္နမ္ႏိုင္ငံ ဟႏြိဳင္းမွာ စက္တင္ဘာ ၁၁ ရက္ကေန ၁၃ ရက္အထိ က်င္းပတဲ့အခါ ျမန္မာႏိုင္ငံက ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္၏ ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္ခဲ့ပါတယ္။ဒီပြဲမွာ ေဒၚေအာင္ဆန္းစုၾကည္ က ျမန္မာႏိုင္ငံအေနနဲ႔ စတုတၳစက္မႈေတာ္လွန္ေရးျဖစ္တဲ့ နည္းပညာေတာ္လွန္ေရးထဲ ေနာက္က်က်န္မေနခဲ့ဘူးလို႔ ေျပာခဲ့တာ ျပည္တြင္းသတင္းမီဒီယာေတြထဲ အေတာ္ေလး စိတ္ဝင္စားမႈ မ်ားခဲ့ပါတယ္။
    

အာဆီယံေဒသဆိုင္ရာ ကမာၻ႔စီးပြားေရး ဖိုရမ္မွာ ေဒၚေအာင္ဆန္းစုၾကည္ က ေဒသတြင္း တည္ၿငိမ္မႈႏွင့္  လုံၿခဳံမႈ အေရးႀကီးတာကို အထူးျပဳေျပာခဲ့သလို လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာက ျမန္မာႏိုင္ငံရဲ႕ ပညာေရးစနစ္ မေကာင္းခဲ့တဲ့အတြက္  ျမန္မာလူငယ္ေတြရဲ႕ဖန္တီးမႈ အားနည္းခဲ့ေပမယ့္ ယခုအခါမွာ ျမန္မာလူငယ္မ်ားရဲ႕ ဖန္တီးႏိုင္မႈစြမ္းရည္ တိုးလာတာကို ေတြ႕ရမယ္လို႔ ေျပာခဲ့ပါတယ္။ေဒၚေအာင္ဆန္းစုၾကည္ အေနနဲ႔ စတုတၳစက္မႈေတာ္လွန္ေရးမွာ ျမန္မာႏိုင္ငံ မက်န္ခဲ့ဘူးဆိုတာကို အင္တာနက္နဲ႔ မိုဘိုင္းဖုန္း အသုံးျပဳမႈနဲ႔ ေဈးႏႈန္းအေပၚ ေထာက္ျပၿပီး ေျပာခဲ့ပါတယ္။
    

စက္တင္ဘာ ၁၃ ရက္က ေနာ္ေဝး ႏိုင္ငံေရးသမား ေဘာ့ဂ္ဘရန္ေဒး နဲ႔ ေဆြးေႏြးမႈ အစီအစဥ္မွာ ေဘာ့ဂ္ဘရန္ေဒး က  မၾကာမီက ႐ိုက္တာ သတင္းေထာက္ႏွစ္ဦး ေထာင္ခ်ခံရတဲ့ ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ေမးတဲ့အခါမွာ ဒီအမႈစီရင္ခ်က္နဲ႔ ပတ္သက္ၿပီးမွ ႏႈတ္ဆိတ္ေနမႈကို အဆုံးသတ္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ က ဒီလို အျပစ္ေပးတာဟာ ရခိုင္ျပည္နယ္က လူအစုလိုက္အၿပဳံလိုက္ သတ္ျဖတ္မႈကို ေထာက္လွမ္း သတင္းယူတာေၾကာင့္ မဟုတ္ဘဲ  သူတို႔ႏွစ္ဦးက ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္ ဥပေဒကို ခ်ိဳးေဖာက္လို႔ အျပစ္ေပးတာ ျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ဒါ့အျပင္ ေဒၚေအာင္ဆန္းစုၾကည္ က ႏိုင္ငံတကာဖိအားေတြကို ရင္ဆိုင္ၿပီး  “ဒီအမႈကို ပြင့္လင္း ျမင္သာစြာ စစ္ေဆးခဲ့တာျဖစ္တယ္။တရားသူႀကီးရဲ႕ စီရင္ခ်က္ကို အပင္ပန္းခံ ေစ့ေစ့စပ္စပ္ဖတ္တဲ့သူ တစ္ဦးတစ္ေယာက္ ရွိေနမယ္လို႔ ကြၽန္မ မထင္ဘူး” လို႔ တရား႐ုံး ဆုံးျဖတ္ခ်က္ကို ထိပါးမခံဘဲ ကာကြယ္ခဲ့သလို စီရင္ခ်က္ မွားယြင္းတယ္လို႔ ယူဆရင္လည္း သတင္းေထာက္ႏွစ္ဦးအတြက္ အယူခံဝင္ခြင့္ ေပးထားေၾကာင္း တုံ႔ျပန္ခဲ့ပါတယ္။

အရပ္သားအစိုးရလက္ထက္မွာ အခက္အခဲ အၾကပ္အတည္းေပါင္းစုံ ႀကဳံေနရတာေတြက သာမန္မဟုတ္ဘဲ တိုက္ဆိုင္လြန္းေနတာ သာမန္ထက္ပိုၿပီး ထူးဆန္းလြန္းေနပါတယ္။
ရခိုင္ေျမာက္ပိုင္းက ခိုးဝင္ဘဂၤါလီ အေျခခ်ေတြကေန ျဖစ္လာတဲ့ အစြန္းေရာက္ ARSA ကေန စလိုက္တဲ့ ခိုးဝင္ဘဂၤါလီ အေျခခ် ကိစၥေတြ ေနာက္ပိုင္း ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္  ျမန္မာႏိုင္ငံကို အာဂ်င္ဒါတစ္ခုအေနနဲ႔ ဦးတည္ၿပီး လူမ်ိဳးတုန္းသတ္ျဖတ္မႈ ေခါင္းစဥ္နဲ႔ အေရးယူေပးဖို႔ HRW ၊ ICC ၊ OIC ၊ UN စတဲ့ အဖြဲ႕ႀကီးေတြနဲ႔ ကမာၻပတ္ၿပီး လႈံ႕ေဆာ္ေနတာ အေတာ္ေလးခရီးေရာက္ေနခ်ိန္မွာ ယခုလို ျမန္မာႏိုင္ငံသား ႐ိုက္တာ သတင္းေထာက္ႏွစ္ေယာက္ရဲ႕ ျပႆနာက  ျမန္မာႏိုင္ငံကို ထပ္မံအက်ပ္အတည္းေတြ႕ေစခဲ့ပါတယ္။
    

ဒီလို ျပည္တြင္း ျပည္ပ အက်ပ္အတည္း အခက္အခဲေတြ ရွိေနတဲ့ၾကားထဲကေန၊ မၾကာမီ ကုလအေထြေထြအစည္းအေဝးမွာ ျမန္မာႏိုင္ငံအေပၚ ေပးလာမယ့္ ဖိအားေတြကို အရပ္သားအစိုးရနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ တို႔ ဘယ္လိုရင္ဆိုင္ ေျဖရွင္းမလဲဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္သလို ျပည္တြင္းမွာ က်င့္ဝတ္၊ ႏိုင္ငံ့အက်ိဳး၊ ပုဂၢိဳလ္ေရးထင္ေပၚမႈ၊ ႏိုင္ငံေရးတိုက္ခိုက္မႈ၊ ပ်က္ျပားေနတဲ့ တရားဥပေဒစိုးမိုးမႈ၊ ယိုင္လဲစ ျပည္တြင္းစီးပြားေရး စတဲ့ ဘက္ေပါင္းစုံ အခက္အခဲၾကားထဲ ေရာက္ေနတဲ့ လက္ရွိအေျခအေနမွာ ျပည္သူေတြက အရပ္သားအစိုးရ ေဖာ္ေဆာင္ေနတဲ့ ဒီမိုကေရစီအတြက္ ဘယ္ေလာက္ထိ က်ားကန္ရပ္တည္ၾကမလဲဆိုတာ ရင္ေမာေမာနဲ႔ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။
    

ဒီသတင္းက ယခုတစ္ပတ္ ျမန္မာႏိုင္ငံနဲ႔ဆိုင္ရာ သတင္းေတြျဖစ္တဲ့ ဘန္ေကာက္ၿမိဳ႕ရွိ ထိုင္းႏိုင္ငံျခား သတင္းေထာက္မ်ားအသင္းမွာ ဘဂၤါလီနဲ႔ ပတ္သက္တဲ့ အေရးအတြက္ ေဆြးေႏြးရန္ စီစဥ္ထားမႈကို ထိုင္းရဲတပ္ဖြဲ႕က လာတားတဲ့ သတင္း၊ မုံ႐ြာပညာေရးတကၠသိုလ္မွာ ေက်ာင္းသားေတြက ပညာေရး ေကာလိပ္ေက်ာင္းသား၊ ေက်ာင္းသူေတြကို အေဝးသင္တက္ရာမွာ တတိယႏွစ္က စတင္တက္ခြင့္ရေရး အပါအဝင္ နစ္နာမႈမ်ားကို ညႇိႏႈိင္းေျဖရွင္းေပးရန္ ဆႏၵျပၾကတဲ့ သတင္း၊ စက္တင္ဘာ ၁၀ ရက္နဲ႔ ၁၃ ရက္ေတြမွာ ရန္ကုန္နဲ႔ မႏၲေလးမွာ စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္ေတြက တပ္မေတာ္ကို ေထာက္ခံေၾကာင္းႏွင့္ ျပည္ပႏိုင္ငံမ်ား၏ ျမန္မာႏိုင္ငံအေပၚ ဆန႔္က်င္လုပ္ေဆာင္မႈမ်ားကို ကန႔္ကြက္ေၾကာင္း ဆႏၵထုတ္ေဖာ္ပြဲ ျပဳလုပ္ခဲ့တဲ့ သတင္း၊ ျမန္မာအမ်ိဳးသမီးမ်ားကို အငွားကိုယ္ဝန္ေဆာင္ၿပီး လူကုန္ကူးမႈ ပုံစံသစ္တစ္ရပ္ ေပၚေပါက္ေနတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္က သတိေပးလိုက္တဲ့ သတင္း၊  ေက်ာက္ဆည္ GTI ေက်ာင္းသား အသတ္ခံရမႈတြင္ က်ဴးလြန္သူမ်ားကို ႐ုံးထုတ္ရမန္ယူစဥ္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားႏွင့္ ေဒသခံျပည္သူ ၈၀၀ ေက်ာ္က အမႈမွန္ေပၚေပါက္ေရး လာေရာက္ဝန္းရံခဲ့တဲ့ သတင္းေတြထဲ သတိထားရမယ့္ သတင္းတစ္ခု ျဖစ္ခဲ့ပါတယ္။

ၾကာဖူး၊ ၾကာေမွာက္၊ ၾကာလွန္ေတြ မည္းေနလို႔ ျဖစ္လာတဲ့ ေကာလာဟလ။

ယခုတစ္ပတ္ စိတ္ဝင္စားဖြယ္ရာ လႈပ္လႈပ္ခတ္ခတ္ သတင္းေတြထဲ ေကာလာဟလ သတင္းတစ္ခုက သတင္းေကာင္းေတြျဖစ္တဲ့ အင္းေလးကန္ကို ရမ္ဆာထိန္းသိမ္းေရး နယ္ေျမအျဖစ္ သတ္မွတ္ခံရတဲ့ သတင္း၊ သာသနာေရးႏွင့္ ယဥ္ေက်းမႈ ဝန္ႀကီးဌာနက ၂၀၁၆ ခုႏွစ္မွာ ခန႔္အပ္ခဲ့တဲ့ ယာယီေဂါပကအဖြဲ႕က ဘုရားဖူးျပည္သူေတြဆီက လႉဒါန္းရတဲ့ ႏွစ္ႏွစ္စာ အလႉေငြ က်ပ္ ၉ ဒသမ ၃ ဘီလ်ံခန႔္ကို အသစ္ခန႔္မယ့္ က်ိဳက္ထီး႐ိုးေဂါပက အဖြဲ႕သစ္ကို လႊဲအပ္မယ့္ သတင္းေတြကိုေက်ာ္ၿပီး လႊမ္းခဲ့တဲ့အတြက္ ဒီေကာလာဟလ သတင္းကို သာ/ယာဥ္ ဝန္ႀကီးဌာနက စာထုတ္ၿပီး ရွင္းရတဲ့အထိ ျဖစ္ခဲ့တာပါ။

မၾကာမီက အြန္လိုင္းနဲ႔ လူမႈကြန္ရက္ေတြမွာ ျမန္မာႏိုင္ငံက ဗုဒၶဘာသာဝင္ေတြ အသည္းႏွလုံးလို႔ ေျပာလို႔ရတဲ့ ေ႐ႊတိဂုံေစတီေတာ္ရဲ႕ ၾကာဖူး၊ ၾကာေမွာက္၊ ၾကာလွန္ေတြ မည္းေနတဲ့အတြက္ ေစတီေတာ္ကို ကပ္လႉထားတဲ့ ေ႐ႊသကၤန္းေတြနဲ႔ ပတ္သက္ၿပီး ထင္ေၾကးေပး ခန႔္မွန္းမႈေတြ ေပၚထြက္လာသလို လူထုၾကားထဲလည္း “ေစတီေတာ္တစ္ဆူလုံး ေ႐ႊခြာမည္။
ေ႐ႊတိဂုံေစတီေတာ္ႀကီးကို ႐ုတ္တရက္ျပင္ခ်င္တာက ႐ိုးမွ႐ိုးသားရဲ႕လား” ဆိုတဲ့ ေကာလာဟလေတြ ထြက္လာခဲ့တဲ့အတြက္ ထုံးစံအတိုင္း ဝိဝါဒကြဲျပားမႈေတြ၊ အျပန္အလွန္စြပ္စြဲမႈေတြနဲ႔ ေတာ္ေတာ္ေလး ဆူညံပြက္ခဲ့ပါတယ္။ဘာသာေရးနဲ႔ ပတ္သက္တဲ့ ကိစၥျဖစ္တဲ့အတြက္ အျပန္အလွန္ စြပ္စြဲမႈေတြက ျပင္းထန္ခဲ့ပါတယ္။

ဒီလိုထြက္ေပၚလာတဲ့ သတင္းေတြကို အားေကာင္းေစခဲ့တာက ေနျပည္ေတာ္ MICC-II မွာ ျပဳလုပ္တဲ့ (၅) ႀကိမ္ေျမာက္ ႏိုင္ငံတကာ နည္းပညာျပပြဲ ဖြင့္ပြဲအၿပီးမွာ ေ႐ႊတိဂုံေစတီေတာ္ကို ေလးႏွစ္တစ္ႀကိမ္ ေ႐ႊျပားကပ္လႉျခင္း လုပ္ငန္းကို ကန္ထ႐ိုက္သို႔ လုပ္ကိုင္ခြင့္ေပးေတာ့မွာ မဟုတ္ဘူးလို႔ မီဒီယာေတြကို ေျပာခဲ့သလို ေ႐ႊျပားႀကိတ္စက္႐ုံကို ေ႐ႊတိဂုံေစတီေတာ္ ေတာင္ဘက္မုခ္ ေအာက္ပစၥယာပုရာဝဏ္အတြင္း တည္ေဆာက္မယ္ ဆိုတာေတြကို အမွတ္ (၂) စက္မႈလုပ္ငန္း ဦးေဆာင္ၫႊန္ၾကားေရးမႉး က ေျပာခဲ့ပါတယ္။

ဒီသတင္းေတြက ေတာ္ေတာ္ေလးပ်ံ႕ႏွံ႔ေနခဲ့တဲ့အတြက္ သာသနာေရးႏွင့္ ယဥ္ေက်းမႈ ဝန္ႀကီးဌာနက  စက္တင္ဘာလ ၁၃ ရက္မွာ ထုတ္ျပန္ခ်က္တစ္ေစာင္ကို ထုတ္ျပန္ခဲ့ၿပီး ၾကာေမွာက္၊ ၾကာလွန္က မဲေနတဲ့ေနရာက ေ႐ႊစင္ျပားသကၤန္း ၁၀ ခ်ပ္ ခြာ၍ ပညာရွင္မ်ားျဖင့္ စစ္ေဆးရန္၊ ေစတီေတာ္ႀကီး တစ္ဆူလုံးရွိ ေ႐ႊျပားသကၤန္းေတာ္မ်ားကို မခြာရန္ ေ႐ႊစင္ျပား Gold coating မ်ား ဆက္လက္ေဆာင္႐ြက္ျခင္း မျပဳရန္၊ ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီး ငွက္ေပ်ာဖူးေတာ္ ေအာက္ပိုင္း၊ ၾကာရင့္၊ ၾကာလန္၊ ႐ြဲ၊ ၾကာႏု၊ ၾကာေမွာက္၊ ေဖာင္းရစ္ (ေဖာင္းလုံး)၊ ပန္းဆြဲ၊ သပိတ္ေမွာက္၊ ရင္စည္း (ခါးစည္း)၊ ေခါင္းေလာင္း၊ ေခါင္းေလာင္းနား၊ က်ည္းဝန္း (က်ည္းေခြ)၊ ရွစ္ေျမႇာင့္အထိကို ေ႐ႊျပားႀကိတ္စက္႐ုံမွ ထုတ္လုပ္ထားတဲ့ ေ႐ႊျပား Gold Plate မ်ားျဖင့္ ရႏိုင္သေလာက္ ပူေဇာ္ရန္ႏွင့္ ေ႐ႊျပား Gold Plate ေ႐ႊသကၤန္းေတာ္ မကပ္ႏိုင္သည့္ ဧရိယာမ်ားကို ေ႐ႊမ်က္ပါး၊ ေ႐ႊဆိုင္း၊ ေ႐ႊသကၤန္းေတာ္သာ ကပ္လႉပူေဇာ္ရန္တို႔ကို ေ႐ႊတိဂုံေစတီေတာ္ ေဂါပကအဖြဲ႕ကို ၫႊန္ၾကားခဲ့တယ္လို႔ ဆိုပါတယ္။

ဘာပဲျဖစ္ျဖစ္ အမ်ားျပည္သူၾကား ေ႐ႊတိဂုံေစတီေတာ္တြင္ ကပ္လႉပူေဇာ္ထားသည့္ ေ႐ႊသကၤန္းေတာ္ ေ႐ႊစင္ျပားအခ်ိဳ႕ မဲလာတဲ့ ကိစၥက ဒြိဟျဖစ္စရာပါဘဲ။ဒါေပမယ့္ ဒီကိစၥႏွင့္ ပတ္သက္ၿပီး စက္တင္ဘာလ ၁၅ ရက္၊ နံနက္ ၇ နာရီမွာ ေ႐ႊတိဂုံေစတီေတာ္ အထက္ပစၥယံမွာ သတင္းစာရွင္းလင္းပြဲ က်င္းပဖို႔ ရွိတဲ့အတြက္ အျဖဴအမည္း သဲသဲကြဲကြဲ ဘာေတြျဖစ္လာမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဒီသတင္းေတြက ဘဂၤါလီကိစၥ၊ ႐ိုက္တာ သတင္းေထာက္ႏွစ္ဦးကိစၥ စတဲ့ ကိစၥေတြနဲ႔ အစၥလာမ္ဘာသာ ကိုးကြယ္တဲ့ ႏိုင္ငံေတြ အပါအဝင္ ႏိုင္ငံတကာဖိအားေတြ ဆက္တိုက္ခံေနရတဲ့ ျမန္မာႏိုင္ငံမွာ ဆိုင္ခြဲလာေရာက္ဖြင့္လွစ္ရန္ စီစဥ္ထားတဲ့ အေမရိကန္ ေကာ္ဖီကုမၸဏီ Starbucks က ဖြင့္ဖို႔ ေနာက္ဆုတ္သြားတဲ့ သတင္း၊ လာမည့္ ခရီးသြားရာသီမွာ ျပည္ပခရီးသြား အမ်ားအျပား ဝင္ေရာက္လာရန္ ေမွ်ာ္ကိုးကာ ျမန္မာႏိုင္ငံသားမ်ားႏွင့္ ျပည္ပႏိုင္ငံသားမ်ား ျပည္ပခရီးစဥ္မွာ ဝင္၊ ထြက္ သြားလာတိုင္း ျဖည့္ရတဲ့ ခရီးသြားေဖာင္ပုံစံ ျဖည့္သြင္းေနရတာကို လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာနက ပယ္ဖ်က္ေပးလိုက္တဲ့ သတင္း၊ ခြင့္ျပဳခ်က္မရွိဘဲ ဘဏ္ခြဲေတြ ဖြင့္ခဲ့တဲ့ ကေမာၻဇဘဏ္လီမိတက္ကို ဒဏ္ေၾကးခတ္ဖို႔ စီစဥ္ေနတယ္လို႔ ဗဟိုဘဏ္ ဒု-ဥကၠ႒ ဦးစိုးမင္း က ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာ ေျပာခဲ့တဲ့ သတင္းေတြလိုဘဲ ဖတ္သူကို ဒြိဟပြားေစတဲ့ သတင္းေတြ ျဖစ္ခဲ့ပါတယ္။
 

သေဘာ႐ိုးမဟုတ္တဲ့  မူးယစ္ေဆးေတြ ေဈးေပါေနမႈ။

ယခုသတၱပတ္အတြင္း လႊတ္ေတာ္နဲ႔ အစိုးရဆိုင္ရာ သတင္းေတြထဲမွာ သတိထားစရာျဖစ္ခဲ့တဲ့ သတင္းက မူးယစ္ေဆးဝါးေတြ ေဖာေဖာသီသီ ျပည္တြင္းမွာ ရေနတာနဲ႔ ပတ္သက္ၿပီး အမ်ိဳးသားလႊတ္ေတာ္မွာ  ျပည္ထဲေရး ဒု-ဝန္ႀကီးကို ေမးျမန္းခဲတဲ့ သတင္းက သတင္းဖတ္ရသူတိုင္းကို စိတ္ဝင္စားမႈ ပိုေစခဲ့ပါတယ္။

စက္တင္ဘာ ၁၂ ရက္က က်င္းပတဲ့ အမ်ိဳးသားလႊတ္ေတာ္ အစည္းအေဝးမွာ မႏၲေလးတိုင္းေဒသႀကီး မဲဆႏၵနယ္ အမွတ္ (၂) မွ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးထြန္းထြန္းဦး က “ယခုအခါတြင္ ယာဘေခၚ စိတ္ႂကြမူးယစ္ေဆးျပားမ်ားကို ျမန္မာႏိုင္ငံ၏ ေနရာေဒသ အႏွံ႔အျပား၌ ေဈးႏႈန္းသက္သာစြာျဖင့္ အလြယ္တကူ ဝယ္ယူသုံးစြဲႏိုင္ေသာ အေျခအေနျဖစ္ေအာင္ ဖန္တီးလုပ္ေဆာင္လာၾကျခင္းအား ထိေရာက္စြာ တားဆီးႏွိမ္နင္းရန္အတြက္ စီမံေဆာင္႐ြက္မည့္ အစီအစဥ္ ရွိ/မရွိ သိရွိလိုျခင္းႏွင့္” စပ္လ်ဥ္းသည့္ ေမးခြန္းကို ေမးျမန္းခဲ့ပါတယ္။

ဒီလိုေမးျမန္းမႈထဲမွာ ‘‘ေဆးျပား သန္းနဲ႔ခ်ီၿပီး ဖမ္းမိရင္ ပိုင္ရွင္မဲ့ျဖစ္ေနတာ၊ အရင္းအျမစ္ ထုတ္လုပ္ေရာင္းခ်ေနတဲ့ အဖြဲ႕အစည္းေတြ၊ မူးယစ္ရာဇာႀကီးေတြကို ေဖာ္ထုတ္ဖမ္းဆီးႏိုင္ျခင္း မရွိဘဲ ကိုင္းဖ်ားကိုင္းနားေလးေတြကိုပဲ ဖမ္းမိေနတာဟာ ကာလရွည္ၾကာပါၿပီ’’ လို႔ ေျပာခဲ့ပါတယ္။ဒါ့အျပင္ ေဝးလံသည့္ေဒသမ်ားမွ ျပည္တြင္းသို႔ လမ္းေၾကာင္းအစုံျဖင့္ မူးယစ္ေဆးဝါးမ်ား ေရာက္ရွိေနျခင္းက ျမန္မာႏိုင္ငံ၏ လုံၿခဳံေရးႏွင့္ တရားဥပေဒစိုးမိုးမႈ ပ်က္ယြင္းေနျခင္းကို မီးေမာင္းထိုးျပေနၿပီး လုံၿခဳံေရးႏွင့္ ဥပေဒစိုးမိုးေရး တာဝန္ရွိသူမ်ား၊ အာဏာအဝန္းအဝိုင္းႏွင့္ မကင္းရာမကင္းေၾကာင္းမ်ား ပါဝင္ပတ္သက္ေနေၾကာင္း ေထာက္ျပခဲ့ေျပာဆိုခဲ့လို႔ ဒီေမးျမန္းမႈက လႊတ္ေတာ္ထဲမွာေတာင္ စိတ္ဝင္စားမႈ ပိုခဲ့တဲ့ အဆိုျဖစ္ခဲ့ပါတယ္။

ဒီေမးခြန္းကို ျပည္ထဲေရး ဒု-ဝန္ႀကီး လာေရာက္ေျဖၾကားခဲ့ပါတယ္။ ျပည္ထဲေရးဝန္ႀကီးက ၂၀၁၃ ခုႏွစ္မွာ မူးယစ္ေဆးဝါး အထူးႏွိမ္နင္းေရး တပ္ဖြဲ႕ကို စတင္ဖြဲ႕စည္းခဲ့ၿပီး ၂၀၁၈ ခုႏွစ္ထိ မူးယစ္ေဆးဝါးမ်ား တားဆီးႏွိမ္နင္းေရး စစ္ဆင္ေရးေပါင္း ၂၂ ႀကိမ္ ေဆာင္႐ြက္ေနၿပီး ဆက္လက္လုပ္ေဆာင္သြားမည္ ျဖစ္ေၾကာင္း၊ မူးယစ္ေဆးဝါး သယ္ေဆာင္မႈ စစ္ေဆးဖို႔အတြက္ ယာဥ္မ်ား၏ ဘန္ပါ၊ အိတ္ေဇာ၊ တံခါး၊ ဒက္ရွ္ဘုတ္၊ ထိုင္ခုံ၊တာယာႏွင့္ ၾကမ္းခင္းတို႔ကို စစ္ေဆးႏိုင္သည့္ ႏွစ္လက္မ (၂ မီလီမီတာ) ထုကို ေဖာက္ထြင္းစစ္ေဆးႏိုင္ေသာ ေခတ္မီ လက္ကိုင္စစ္ေဆး ရွာေဖြေရးကိရိယာ ခုနစ္ခုကို စစ္ေဆးေရးစခန္းမ်ားမွာ ၂၀၁၈ ဩဂုတ္က စတင္ၿပီး တပ္ဆင္အသုံးျပဳေနၿပီး မူးယစ္ေဆးဝါးမ်ားကို ကုန္တင္ကားႀကီးမ်ားျဖင့္ ဝွက္ယူသယ္ေဆာင္လာျခင္းကို စစ္ေဆးရန္ ကားတစ္စီးလုံး စစ္ေဆးႏိုင္သည့္ X-ray စက္ႀကီးမ်ား တပ္ဆင္ရန္ ေဆာင္႐ြက္ေနေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ေျဖတဲ့အေျဖက တစ္စုံတစ္ခုေသာ အတိုင္းအတာအထိ ေက်နပ္စရာျဖစ္ေပမယ့္ အမ်ားျပည္သူကေတာ့ ဒီထက္ပိုၿပီး ထိေရာက္တဲ့ အေျဖကို ပိုၾကားခ်င္ၾကပါတယ္။ရန္ကုန္ အပါအဝင္ ျမန္မာတစ္ႏိုင္ငံလုံးမွာ အေပါဆုံးက စိတ္ႂကြမူးယစ္ေဆးဝါးေတြ ျဖစ္သလို မၾကာခဏ ပမာဏမ်ားတဲ့ စိတ္ႂကြမူးယစ္ေဆးဝါးေတြ မိတဲ့အခါ ပိုင္ရွင္မဲ့ျဖစ္ေနတာ၊ အဓိကလုပ္ကိုင္ေနသူေတြတစ္ဥ္ီးကိုမွ မမိဘဲ ခိုင္းတဲ့သူေတြကိုသာ မိေနတာဟာ အမ်ားျပည္သူအတြက္ ခံျပင္းစရာျဖစ္ခဲ့ပါတယ္။

ေမးခြန္းေမးျမန္းတဲ့ ဦးထြန္းထြန္းဦး ကလည္း လႊတ္ေတာ္အစည္းအေဝး ေခတၱရပ္နားစဥ္မွာ မီဒီယာေတြကို  ‘‘မူးယစ္ေဆးဝါးက ေပါမ်ား႐ုံတင္မကဘဲ လြယ္လြယ္ကူကူ ဝယ္လို႔ရေနတယ္။အခု ေဒၚလာေဈးတက္တဲ့ ကိစၥနဲ႔ပတ္သက္ၿပီး တျခားကုန္ပစၥည္းေတြ တက္တယ္။မူးယစ္ေဆးဝါးက ေဈးက်ေနတယ္။အဲဒီေတာ့ ဒါက ရည္႐ြယ္ခ်က္နဲ႔ကို တမင္လုပ္တာ’’ လို႔ ေျပာခဲ့ပါတယ္။

စိတ္ႂကြမူးယစ္ေဆးဝါးေၾကာင့္ လုယက္သတ္ျဖတ္မႈေတြ ေန႔စဥ္ႀကဳံေနရတဲ့ မႏၲေလးက လႊတ္ေတာ္အမတ္ကိုယ္တိုင္ ေမးခဲ့ၿပီး မီဒီယာေတြကို ေနာက္ဆက္တြဲေျပာခဲ့တဲ့ တမင္လုပ္တာဆိုတဲ့ စကားေၾကာင့္ စိတ္ႂကြမူးယစ္ေဆးဝါးေတြ ေပါမ်ားေနရျခင္း ေနာက္ကြယ္မွာ ေဒသခံေတြသိထားတဲ့ အေၾကာင္းအခ်က္ေတြ ရွိေနမလားဆိုတာ စဥ္းစားစရာပါ။သမၼတကိုယ္တိုင္ မူးယစ္ေဆးဝါးနဲ႔ ပတ္သက္ၿပီး တိုက္႐ိုက္တိုင္ၾကားဖို႔ လမ္းဖြင့္ေပးထားတဲ့အတြက္ မၾကာခင္မွာ စိတ္ႂကြမူးယစ္ေဆးဝါး ပမာဏမ်ားမ်ား ထုတ္သူေတြကို ေဖာ္ထုတ္ခံရေတာ့မလားဆိုတာ အမ်ားျပည္သူအတြက္
ေမွ်ာ္လင့္စရာပါ။

ဒီသတင္းက ရွမ္းျပည္နယ္ ေျမာက္ပိုင္း သီေပါမွ ေက်ာက္မဲၿမိဳ႕သို႔ ဒုတိယရဲမႉးတစ္ဦး လိုက္ပါလာတဲ့ ကားတစ္စီးကို တားဆီးစစ္ေဆးစဥ္ မူးယစ္ေဆးဝါးႏွင့္ ဆက္စပ္ပစၥည္းမ်ားေတြ႕တဲ့ သတင္း၊ ရခိုင္ျပည္နယ္ ဘူးသီးေတာင္၊ ေမာင္ေတာ၊ ရေသ့ေတာင္ ေဒသက မြတ္စလင္႐ြာေတြက အေျခခံပညာေက်ာင္းေတြမွာ ေဒသခံ မြတ္စလင္လူငယ္မ်ားကို ဦးစားေပးခန႔္ထားဖို႔ ေန႔စားလေပး သင္ၾကားေရးအကူ ဆရာ၊ ဆရာမအျဖစ္ ခန႔္ဖို႔ ပညာေရးဝန္ႀကီးဌာနက စီစဥ္ေနတဲ့ သတင္း၊ ရန္ကုန္ၿမိဳ႕ရွိ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ဗဟိုဌာနမွာ က်င္းပတဲ့ JMC - U ၏ (၁၈) ႀကိမ္ေျမာက္ အစည္းအေဝးမွာ လက္နက္ကိုင္ အဖြဲ႕အစည္းေတြကို ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္ က ပဋိပကၡမ်ားကို ေရွာင္ရွားဖို႔ အင္အားတည္ေဆာက္ျခင္း၊ နယ္ေျမတည္ေဆာက္ျခင္း မလုပ္ဖို႔ ေျပာခဲ့တဲ့ သတင္း၊ လႊတ္ေတာ္အမတ္ေတြ စည္ပင္တည္းခိုေဆာင္မွာ အခန္းငွားေနရတဲ့အတြက္ ဂုဏ္သိကၡာကို ေရွးရႈၿပီး ေနစရာအေဆာင္ စီစဥ္ေပးဖို႔ ေျမပုံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္အမတ္ ဦးေဖသန္း က ျပည္သူ႔လႊတ္ေတာ္မွာ ေျပာၾကားခဲ့တဲ့ သတင္း၊ လဝက ဝန္ထမ္းေတြ လုပ္ပိုင္ခြင့္ကို အလြဲသုံးစားလုပ္ၿပီး အဂတိလိုက္စားရင္ အခ်ိန္မေ႐ြး တိုင္ၾကားႏိုင္ၿပီး ထိေရာက္စြာ အေရးယူသြားမယ္လို႔ အလုပ္သမား လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီး ဦးသိန္းေဆြ ေျပာလိုက္တဲ့ သတင္းေတြလိုဘဲ အမ်ားျပည္သူကို သတင္းတန္ဖိုးအရ ပိုၿပီးဖမ္းစားႏိုင္ခဲ့ပါတယ္။

ေအာင္ရဲေထြး အသတ္ခံရမႈမွာ အဂတိလိုက္စားခဲ့တဲ့ ရန္ကုန္တိုင္း ဥပေဒခ်ဳပ္။
    

စက္တင္ဘာ ၁၃ ရက္ ညေနပိုင္းက အဂတိလိုက္စားမႈ ေကာ္မရွင္ကေန ထုတ္ပန္လိုက္တဲ့ ေၾကညာခ်က္တစ္ေစာင္ေၾကာင့္ အေထြေထြအဆင္မေျပမႈေတြနဲ႔ ရင္ဆိုင္ေနရတဲ့ အမ်ားျပည္သူစိတ္ထဲ ေက်နပ္မႈရခဲ့ပါတယ္။ဒါက ဟာသသ႐ုပ္ေဆာင္ ေအာင္ရဲေထြး အသတ္ခံရတဲ့ အမႈမွာ အမႈကို႐ုပ္သိမ္းခြင့္ျပဳခဲ့တဲ့ ရန္ကုန္တိုင္း ဥပေဒခ်ဳပ္ ဦးဟန္ထူး အပါအဝင္ ဥပေဒအရာရွိႀကီး ငါးဦးႏွင့္ ရဲစခန္းမႉး တစ္ဦးတို႔ကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒနဲ႔ အေရးယူခဲ့တာပဲ ျဖစ္ပါတယ္။
    

ဒီအေရးယူမႈမွာ လူသတ္မႈက်ဴးလြန္သူ၏ မိဘမ်ားထံကေန ေငြေၾကးနဲ႔ တံစိုးလက္ေဆာင္ယူလို႔ ဖမ္းဆီးခဲ့တယ္ဆိုေပမယ့္ ေနာက္ပိုင္းမွာ ေငြေၾကးပမာဏ အတိအက်နဲ႔ လက္ေဆာင္ယူခဲ့တဲ့ စာရင္းေတြ ေပၚထြက္ခဲ့ ပါတယ္။ကလပ္မွာ ကေနတဲ့ ေအာင္ရဲေထြး ကို ထိုးႀကိတ္သတ္ျဖတ္ခဲ့တဲ့သူ သုံးေယာက္ထဲက သန္းထြဋ္ေအာင္ (ခ) သားႀကီး ရဲ႕ ဖခင္ျဖစ္သူဆီကေန အမႈကို ႐ုပ္သိမ္းေစဖို႔ ရန္ကုန္တိုင္းေဒသႀကီး ဥပေဒခ်ဳပ္ ဦးဟန္ထူး က က်ပ္သိန္း ၁၅၀၊ Blue Label အရက္တစ္ပုလင္းႏွင့္ အက်ႌတစ္ထည္၊ ရန္ကုန္တိုင္းေဒသႀကီး ဥပေဒအရာရွိ ဦးသိန္းေဇာ္က က်ပ္သိန္း ၅၀၊ ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္ ဥပေဒအရာရွိ ဦးကိုကိုေလးက က်ပ္သိန္း ၁၃၀၊ ဒုတိယ ခ႐ိုင္ဥပေဒအရာရွိ ေဒၚသစ္သစ္ခင္ က က်ပ္သိန္း ၃၀ ႏွင့္ ပါတိတ္လုံခ်ည္တစ္ထည္၊ ဒုတိယခ႐ိုင္တရားသူႀကီး ဦးေအာင္ၾကည္ က က်ပ္သိန္း ၃၃၀ ႏွင့္ ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕၊ ေ႐ႊေပါက္ကံ နယ္ေျမစခန္းမႉး (ယခင္ သုဝဏၰ နယ္ေျမစခန္းမႉး) ရဲအုပ္ ခ်စ္ကိုကို က က်ပ္သိန္း ၃၀ လာဘ္စားခဲ့တာ ေပၚေပါက္ခဲ့တာလို႔ ဆိုပါတယ္။
    

ဒီလိုဖမ္းဆီးရမိမႈက အဂတိလိုက္စားမႈ ေကာ္မရွင္ရဲ႕ အထင္ကရျဖစ္တဲ့ ေအာင္ျမင္မႈလို႔ ဆိုေပမယ့္ ဒီအမႈကေန ျမန္မာျပည္ရဲ႕ တရားစီရင္ေရးဟာ ေငြေပးရင္ ဘယ္အဆင့္အထိ ဝယ္လို႔ရတယ္ဆိုတာကို မီးေမာင္းထိုးျပလိုက္သလို ျဖစ္ခဲ့တဲ့အတြက္ ျမန္မာျပည္ တရားေရးစနစ္ရဲ႕ ဆိုး႐ြားစြာၿပိဳလဲမႈ ျဖစ္ခဲ့ပါတယ္။ ဒီအဂတိလိုက္စားမႈမွာ လာဘ္ေပးသူက ေပးၿပီးတဲ့အခ်ိန္မွာ အရာရာက ေခ်ာေမြ႕စြာၿပီးၿပီလို႔ ထင္လိုက္ရေပမယ့္ ေငြစိုက္ထုတ္ လာဘ္ထိုးလို႔ အမႈပိတ္သိမ္းၿပီး လြတ္လာခဲ့တဲ့ သန္းထြဋ္ေအာင္ က သူ႔လူမႈကြန္ရက္ကေန မထီေလးစား သြားၿဖဲၿခိမ္းေျခာက္ျပတာကေန လူေတြက အသတ္ခံရသူဘက္က ဘာေၾကာင့္ ႐ုတ္သိမ္းေပးရသလဲ ဆိုတာကို ေတြးမိလာၾကပါတယ္။ဒီကေန လူမႈကြန္ရက္မွာ ေဝဖန္သံေတြကေန သမၼတနားအထိ ေပါက္ခဲ့တဲ့ ဒီအမႈမွာ အသတ္ခံလိုက္ရတဲ့ ေအာင္ရဲေထြး ရဲ႕ အ႐ိုးကတြန္ခဲ့တဲ့အတြက္ အမႈမွန္အတိုင္း ေပၚေပါက္လာဖို႔ မ်ားသြားၿပီ ျဖစ္ပါတယ္။

ဒါေပမယ့္ တရားဥပေဒပညာကို အားကိုးရာမဲ့ နစ္နာသူေတြအတြက္ မဟုတ္ဘဲ ကိုယ္က်ိဳးအတြက္ရွာႀကံ အဂတိလိုက္စားခဲ့တဲ့ ၆ ဦးရဲ႕ လုပ္ရပ္က သားသမီးခ်င္း ကိုယ္ခ်င္းမစာ စက္ဆုပ္ဖြယ္ေကာင္းတဲ့ လုပ္ရပ္ပါဘဲ။သီလသမာဓိနဲ႔ မွန္ကန္ေအာင္ စီရင္ရတဲ့ေနရာကို ေငြမက္တဲ့သူေတြ၊ ကိုယ္က်ိဳးရွာတဲ့သူေတြ ဘယ္ေလာက္ေတာင္ ရွိေနမလဲဆိုတာ ဒီအမႈကိုၾကည့္ရင္ ေတြးၿပီးလန႔္စရာပါ။ အမ်ားျပည္သူအေနနဲ႔ ဒီအမႈကေန ဘယ္ပမာဏအထိ၊ ေနာင္လာေနာင္သားေတြအတြက္ စံျပျဖစ္ေလာက္တဲ့အထိ တရားစီရင္မႈ ျဖစ္လာမလားဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဒီသတင္းက ယခုတစ္ပတ္မွာ ျဖစ္တဲ့ မြန္ျပည္နယ္ ေပါင္ၿမိဳ႕ မွာ (၂) ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦး အပါအဝင္ လူ ၁၅ ဦး ေခြး႐ူးကိုက္ခံရတဲ့ သတင္း၊ ေနျပည္ေတာ္ ပုဗၸသီရိၿမိဳ႕နယ္မွာ စိုက္ပ်ိဳးေရးလုပ္ငန္းခြင္အတြင္း ပိုးသတ္ေဆး ဖ်န္းရာမွ အလုပ္သမား ၄၀ ဦး မူးေဝေအာ့အန္လို႔ ေဆး႐ုံတင္လိုက္ရတဲ့ သတင္း၊ ျမန္မာႏိုင္ငံထဲ တ႐ုတ္ႏိုင္ငံသား တစ္ဦးကို ျပန္ေပးဆြဲေခၚေဆာင္ကာ ညႇဥ္းပန္းႏွိပ္စက္ခဲ့သူ ရွစ္ဦးအနက္ ႏွစ္ဦးက ျမန္မာႏိုင္ငံသား မွတ္ပုံတင္အတုမ်ား ကိုင္ေဆာင္ထားတာကို ေတြ႕ခဲ့ရတဲ့ သတင္း၊ မေကြးတိုင္း ေပါက္ၿမိဳ႕နယ္ေနသူထံကေန ထီေပါက္စဥ္တိုက္ေပးမယ္ဆိုၿပီး က်ပ္သိန္း ၃,၀၀၀ ဆုေပါက္တဲ့ ထီလက္မွတ္ကို လိမ္ယူသြားတဲ့ သတင္း၊ ဘာသာေရးအရ အိမ္ေထာင္ေရးကြာရွင္းမႈကို ေျဖရွင္းေပးဖို႔ အစၥလာမ္ဘာသာဝင္ အမ်ိဳးသမီးတစ္ဦးက သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့တဲ့ သတင္းေတြထဲ သိန္း ၇၂၀ ေက်ာ္နဲ႔ ရန္ကုန္တိုင္း ဥပေဒခ်ဳပ္  အပါအဝင္ ၆ ဦးရဲ႕ အဂတိလိုက္စားမႈ သတင္းက ယခုတစ္ပတ္ရဲ႕ လူစိတ္ဝင္စားမႈ အေကာင္းဆုံးသတင္းဆိုတာ ေဖာ္ျပရင္း ယခုတစ္ပတ္ သတင္းသုံးသပ္ခ်က္ကို ရပ္နားလိုက္ခ်င္ပါတယ္။

မာလင္း
စက္တင္ဘာ - ၁၄