“ကူညီစောင့်ရှောက်လိုစိတ် ကင်းကွာလာတဲ့အခါ”

“ကူညီစောင့်ရှောက်လိုစိတ် ကင်းကွာလာတဲ့အခါ”

ကြားရတဲ့ သတင်းတွေအရ မန္တလေးမြို့ရဲ့ လုံခြုံရေးအခြေအနေက တော်တော်လေး ဆိုးရွားနေတာကို ဖတ်ရကြားရတာတွေကို ကြည့်ပြီး သိရပါတယ်။ကာတွန်းတွေ ပုဂ္ဂလိကသတင်းစာတွေမှာ မကြာခဏဆိုသလို လုယက်တဲ့ သတင်းတွေ၊ လုယက်သူကို ဖမ်းမိတာ၊ ဖမ်းမမိတာ စတဲ့သတင်းတွေ ဖတ်ရပါတယ်။ဒီလိုသတင်းတွေက အခုတလော နေရာအနှံ့ ကြားနေရပါတယ်။
    

ရပ်ကွက်ထဲမှာလည်း ညဘက် ကိစ္စရှိပြီဆိုရင် ထွက်ဖို့ တော်တော်လေး စဉ်းစားရပါတယ်။
လမ်းပေါ်ရောက်လို့ ကြည့်လိုက်ရင် အရက်သောက်ထားတဲ့ လူငယ်တွေ၊ ဆေးသမားတွေက မတွေ့ချင်အဆုံးပါ။ညဘက် တစ်ချို့ရက်တွေမှာ ရန်ကုန်မြို့ကို အလျားလိုက်ဖြတ်သလို တောင်ဒဂုံကနေ ကိုယ့်နေရာဒေသကို ပြန်လာတဲ့အခါ လမ်းတစ်လျှောက် မောင်းချင်သလို မောင်းနေတဲ့ ကားတွေ၊ ဆိုင်ကယ်တွေ ရှောင်လိုမလွယ်လောက်အောင်ပါဘဲ။
    

မကြာခဏဆိုသလို ကိုယ်စာသင်တဲ့ နေရာတွေက ဆင်ခြေဖုံးမြို့သစ်တွေ ဖြစ်နေလို့ ရန်ပွဲတွေကိုလည်း မကြာခဏ မြင်ရကြုံရပါတယ်။စာသင်ရင်း ကွမ်းတစ်ယာလောက် ဝါးမယ်ဆိုပြီး ကွမ်းဝယ်နေတုန်း ကွမ်းယာလာဝယ်တဲ့သူနဲ့ ဘေးက လူတစ်ယောက် စကားများရန်ဖြစ်ကြ ရိုက်ကြနှက်ကြလို့ လွတ်အောင် မနည်းပြေးခဲ့ရတာတွေလည်း ရှိပါတယ်။တစ်ခါတစ်လေ ငွေရေးကြေးရေးကိစ္စကနေ မိန်းမချင်းထသတ်ကြလို့ လမ်းဆက်မသွားဝံလောက်တဲ့ အခြေအနေမျိုးလည်း တွေ့ခဲ့ရဘူးပါတယ်။
    

တစ်ခါတစ်လေ စဉ်းစားကြည့်မိပါတယ်။ရန်ဖြစ်တာကို ဝင်ဆွဲမယ့်သူတွေ၊ ဝင်ဖျန်ဖြေမယ်သူတွေ၊ မသင့်တော်ရင် ဝင်တားမယ့်သူတွေ မရှိတော့ဘူးလား ဆိုတာကိုပါ။ကျွန်တော်တို့ ငယ်စဉ်ကတော့ ရပ်ထဲရွာထဲ တစ်ခုခုဖြစ်ပြီဆို ဘထွေးလေး အသံတစ်ချက်နဲ့ ဘယ်သူမှ တုပ်တုပ်မလှုပ်ရဲပါဘူး။
ဒီလိုဆိုတော့ ဘထွေးလေး ဆိုတာကို ဗလကောင်းကောင်းနဲ့ လူလို့ ထင်စရာပါ။တစ်ကယ်တော့ ကျွန်တော်တို့ မှတ်မိချိန်မှာ ဘထွေးလေး က တော်တော်အသက်ကြီးနေပြီး တောင်ဝှေးထောက်ပြီး လမ်းလျှောက်နေရတဲ့ အရွယ်ရောက်နေပါပြီ။ရပ်ထဲရွာထဲက ဘထွေးလေး ရဲ့ ကိုယ်ကျင်တရားနဲ့ မမှန်တာကို ဘယ်တော့မှ မလုပ်တဲ့အတွက် ဘထွေး ဆုံးဖြတ်ပြီးရင် အားလုံးက လိုက်နာကြတာ၊ ဘယ်သူမှ စောဒကမတက်ကြတာ ကျွန်တော်တို့ဘက်က အစဉ်အလာပါ။ဒါဟာ အရင်ကတော့ ကျွန်တော်နေထိုင်ရာ အရပ်တစ်ခုသာရှိမယ်လို့ ထင်ခဲ့ပေမယ့် ရွာတိုင်း ရပ်ကွက်တိုင်း အရပ်ဒေသတိုင်းမှာ ဘထွေးလေး လိုမျိုး လူတွေ ရှိခဲ့သလို သူတို့ရဲ့ သြဝါဒကို ရပ်ကွက်ကောင်စီတွေတောင် အလေးအနက်ထားရတဲ့အထိ ရပ်မိရပ်ဖလို့ခေါ်တဲ့ ရပ်ရွာလူကြီးတွေရဲ့ အခန်းကဏ္ဍက ကြီးမားခဲ့ပါတယ်။

ရပ်ရွာက လေးစားတဲ့လူတွေကို ကြည့်မယ်ဆိုရင် မူးယစ်သေစာ သောက်စား ရောင်းဝယ်တဲ့သူ၊ သူတစ်ပါး သားမယား ဖျက်ဆီးပစ်မှားတာ၊ ဇိမ်ခံထောင်စားတာ၊ လူအချင်းချင်း ခေါင်းပုံဖြတ်တာ၊ လောင်းကစားအလုပ်တွေ လုပ်ကိုင်စားသောက်တာ၊ ငွေတိုးချေးစားတာ၊ နှိပ်စက်သတ်ဖြတ်တာ စတဲ့ ကံငါးပါးကို မကျူးလွန်ဘဲ လုံအောင်ထိန်းတဲ့သူတွေ ဖြစ်ကြတာကို တွေ့ရတာများပါတယ်။
    

ဒီလိုလူတွေက ရပ်ထဲရွာထဲ မတော်တရော် မြင်တဲ့အခါ၊ မသင့်တော်တာ မြင်တဲ့အခါ၊ မလုပ်သင့်တာကို လုပ်တဲ့အခါ ဝင်ရောက်ပြောဆို တားမြစ်ရင် လူတွေက ကြောက်ကြ၊ ရှောင်ကြဉ်ကြပါတယ်။လူကြီးဆိုသူတွေကလည်း တရားမျှတအောင် နေထိုင်လုပ်ကိုင်ကြပါတယ်။
ရပ်ရွာတွေမှာ ဒီလိုလေးစားဖွယ်ကောင်းတဲ့သူတွေ ရှိသလို ရပ်ရွာက ကိုးကွယ်တဲ့ ဘုန်းတော်ကြီးတွေကလည်း ရပ်ထဲရွာထဲ သြဇာညောင်းကြတဲ့အထိ သီလ၊ သမာဓိ၊ သိက္ခာပိုင်းက မှတ်ကျောက်တင်ခံဝံ့တဲ့အထိ ကင်းစင်ကြပါတယ်။ဒီလို ဖြူစင်ကြတဲ့အတွက် ရပ်ထဲရွာထဲ အရက်သမားတွေ၊ လောင်းကစားသမားတွေ၊ မဟုတ်တာလုပ်တဲ့သူတွေဆိုရင် ရပ်ထဲရွာထဲ မနေဝံ့ဘဲ ရွာပြင်ထွက် နေထိုင်ရတဲ့အထိ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းက တော်တော်လေး အချင်းချင်းစောင့်ရှောက်ဖေးမမှု အားကြီးခဲ့ပါတယ်။ဒီလိုအားကောင်းတဲ့အတွက် ဖိုးအေတွေ၊ ဦးလေး ဘကြီးတွေ၊ ဖအေတွေ၊ အစ်ကိုတွေက မြေး၊ တူမ၊ သမီး၊ နှမကို အဓမ္မကျင့်တာမျိုး စက်ဆုပ်အော့နှလုံးနာဖွယ် ကိစ္စတွေ မကြားရသလောက်ဖြစ်သလို အဓမ္မကျင့်တဲ့သူရော၊ မိသားစုဝင်တွေ အားလုံးကိုပါ ရပ်ရွာက ဖယ်ကျဉ်ကျတဲ့အထိ မြန်မာ့လူ့အဖွဲအစည်းရဲ့ ဒဏ်ခတ်မှုက ပြင်းထန်ခဲ့ပါတယ်။
    

အဓိကပြောချင်တာက တစ်ဦးနှင့်တစ်ဦး စောင့်ရှောက်မှုတရား ထွန်းကားခဲ့တာကိုပါ။
အဲ့ဒီကောင်းမွန်တဲ့ ထုံတမ်းဓလေ့က ဘယ်အချိန်မှာ လုံးဝပျောက်ကွယ်သွားလဲ၊ ဘယ်အချိန်က စပျောက်သွားလဲ၊ ပျောက်ကွယ်သွားတဲ့အတွက် ဘယ်လိုဆိုးကျိုးတွေ ဖြစ်ထွန်းလာသလဲဆိုတာ သေချာစဉ်းစား သုံးသပ်တွက်ချက်ကြည့်ရင် စိတ်ဝင်စားစရာကောင်းသလို ဝမ်းနည်းဖို့လည်းကောင်း ယူကျူံးမရဖြစ်ဖို့လည်းကောင်းပါတယ်။
    

၁၉၈၈ မတိုင်ခင်အထိ သာမန်အရပ်သားတွေကြားထဲမှာ ဆွမ်းကြီးလောင်းတယ်ဆိုတဲ့ အရပ်စကား တွင်ကျယ်ခဲ့ပါတယ်။ဒါဟာ မကောင်းတဲ့စကား ဖြစ်ပေမယ့် တစ်ဖက်မှာတော့ ကိုယ့်ရှေ့မှာ လူတစ်ယောက်က မဟုတ်တာကို လုပ်နေရင် လူတွေက ကိုယ်နဲ့ ဆိုင်သည်ဖြစ်စေ မဆိုင်သည်ဖြစ်စေ ဝင်ပြီး တရားစီရင်ကြတာပါ။ဒါဟာ မြန်မာတွေရဲ့ ထိရောက်တဲ့ အရပ်ဓလေ့ တရားစီရင်မှုပါ။ဒီအတွက် ဆိုးကျိုးအနေနဲ့ လက်လွန်တာတွေရှိသလို ခံရပြီးမှ မဟုတ်ခဲ့ရင် နစ်နာမှုရှိတာမှန်ပေမယ့် မြန်မာ့လူ့ဘောင်မှာ လက်ရှိဖြစ်နေတဲ့ လုယက်မှုတွေ၊ အဓမ္မမှုတွေ၊ မတရားအနိုင်ကျင့်မှုတွေကို အတိုင်းအတာ အတော်များများအထိ ကာကွယ်ပေးနိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။မတရားတာ မလုပ်ရဲတဲ့ အထိပါဘဲ။
    

အဲဒီကာလတုန်းက ကျွန်တော်တို့ လူပျိုပေါက် ကာလတွေပါ။လူငယ်သဘာ၀ ဆိုးကြမိုက်ကြပေမယ့် ဒါပေမယ့် အခုလောက်ထိ မြို့လယ်ခေါင်ထိတက်ပြီး အုပ်စုဖွဲ့ လူသတ်မှုတွေ မရှိပါဘူး။
လူတွေက သမာအာဇီဝနဲ့ လုပ်စားရပ်တည်ကြတာများသလို စီးပွားရေးဆိုလည်း မှောင်ခိုကုန်ကူးကြတာလောက်သာ လူတွေလုပ်ကြပါတယ်။ဒီလိုလူတွေကိုတောင် ဝိသမသား လောဘသားဆိုပြီး  ဆိုရှယ်လစ်အစိုးရ သတင်းစာတွေက နှိပ်ကွပ်ထားကြတဲ့ ကာလပါ။ဒီလောက်ထိ လူတွေက ရိုးရိုးသားသား လုပ်စားကြတာကိုသာ မြတ်နိုးကြပါတယ်။မဟုတ်တဲ့ အလုပ်တွေနဲ့ လုပ်စားကိုင်စားကြတဲ့သူတွေကို ဘာသာရေးအရကော၊ အကျင့်စာရိတ္တအရပါ မယုံကြည်လို့ လူရာဝင်ဆက်ဆံကြတာ နည်းပါတယ်။
    

အဲ့ဒီတုန်းက ပြောလေ့ပြောထရှိတဲ့ စကားတစ်ခွန်းရှိပါတယ်။“ကုန်သည်ပွဲစား စကားဆိုတာ မိန်းမပျက် စကားလိုဘဲ အတည်ယူလို့ရတာ မဟုတ်ဘူး” ဆိုတဲ့ စကားပါဘဲ။တစ်ကယ်လည်း အဲ့ဒီတုန်းက မြန်မာမိသားစုတွေက စကားတစ်ခွန်းကို တန်ဖိုးထားသလို ကတိစကားတစ်ခွန်းကိုလည်း တည်အောင်ကြိုးစားလေ့ ရှိကြပါတယ်။
    

၈၈ နောက်ပိုင်းမှာ မြန်မာ့လူမှုအဖွဲ့အစည်းရဲ့ စံက အာဏာပိုင်တွေရဲ့ ကွပ်ညှပ်မှုတွေကြောင့် လုံးဝပြောင်းလဲသွားပါတယ်။လူငယ်တွေအများစုကို အဲဒီခေတ်ကာလက အာဏာရှင် လက်ကိုင်တုတ်တွေရဲ့ သတင်းပေးတွေ၊ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် နေတဲ့သူတွေကို ဖမ်းဆီးဖို့ ထောင်ဖမ်းတဲ့သူတွေ၊ သတင်းပေးတွေအဖြစ် အသုံးချခံရတာကို ပျော်မွေ့အောင် အာဏာရဲ့ အရသာကိုပေး ထိတွေ့စေခဲ့ပါတယ်။မဟုတ်တာလုပ်ရင် တားမယ့်သူတွေကိုဖယ်ပြီး ခိုင်းလိုက်ရင် ပျာပျာသလဲ လုပ်မယ့်သူတွေကို အောက်ခြေအဆင့်မှာ ပြောင်းလဲထိုးထည့်ခဲ့ပါတယ်။ငွေရရင် သမီးဖြစ်သူကိုတောင် ခြင်ထောင်ထဲ ထည့်ပေးမယ့်သူတွေက ရပ်ကွက်ကျေးရွာတွေ၊ အောက်ခြေမှာ လူကြီးတွေအဖြစ်နဲ့ ခပ်ပြောင်ပြောင် ထုနဲ့ထည်နဲ့ တည်ရှိလာတဲ့အခါ၊ ဗြမ္မာစိုရ်တရားဆိုတာ၊ နာယကဂုဏ်ဆိုတာ ရေးပြမှ ဒါပါလား သိတဲ့သူတွေက  လုပ်ပိုင်ခွင့်အများဆုံးရှိတဲ့သူတွေ ဖြစ်လာတဲ့အခါ လူတွေက ကိုယ်အသက်ရှင်သန်မှုအတွက် မတရားတာတွေ့ရင် ကူညီဖို့နေနေသာသာ ကိုယ့်အသက်ကို ရန်ရှာမခံရဖို့ နှုတ်ဆိတ်ဆိတ်နေခဲ့ရတာတွေ ဖြစ်တည်လာခဲ့ပါတယ်။
    

ငွေအတွက် သူငယ်ချင်း၊ မိဘ၊ ဆွေမျိုး၊ ညီအစ်ကို မောင်နှမ၊ ဆရာတပည့် စတာတွေ မရှိတော့ဘဲ “လည်သူစား၊ အတဲ့သူခံ” ဆိုတဲ့ အဟိတ်တိရစ္ဆာန်တွေမှာတောင် တခါတရံမှာ ရှိတတ်တဲ့ အမူအကျင့်တွေက တိုင်းပြည်မှာ ထွန်းကားလာတဲ့အခါ အားလုံးက ဘာစည်းမှ မရှိတော့ပါဘူး။
အတ္တကလွဲပြီး ဘာမှမရှိတော့ပါဘူး။“မဆိုင်ရင် ဝင်မပါနဲ့” ဆိုတဲ့ အသိကို ၈၈ နောက်ပိုင်းကနေ ယခုထိ လူတွေ ရင်ထဲစွဲနေတဲ့အထိ အာဏာပိုင်တွေ ရိုက်ထည့်ထားခဲ့တာ အခုဆို ဒီ ‘အသိ’ က မန္တလေး၊ ရန်ကုန် အပါအဝင် တစ်နိုင်ငံလုံး လန်းလန်းစွင့်စွင့် အောင်မြင်လွန်းလို့။လူတွေက ဘာဆိုဘာမှ ဝင်မပါရဲလို့ လုလိုက်ယက်လိုက် သတ်လိုက်ဖြတ်လိုက်ကြတာ တအုံးအုံးနဲ့။မန္တလေးဆို ည ၉ နာရီကျော်ရင် လူတွေ မထွက်ဝံတဲ့အထိ။ဒီလောက်ထိ “မဆိုင်ရင် ဝင်မပါနဲ့” ဆိုတဲ့ ‘အသိ’ က အောင်မြင်တာ။
    

ယခု ခဏခဏကြားနေရပါတယ်။လမ်းလယ်မှာလုတာ၊ လူကုန်ကူးတာ၊ ပြည့်တန်ဆာအဖြစ် ခိုင်းစေခံရတာ၊ နှိပ်စက်သတ်ဖြတ်ခံရတာ၊ မုဒိမ်းမှုတွေ သက်ငယ်မုဒိမ်းမှုတွေ။ဒီထဲက အချို့အဖြစ်တွေက ယခင်ကလို ဝိုင်းဝန်းစောင့်ရှောက်မှု ရှိတယ်ဆိုရင် ဖြစ်ဖို့တော်တော်နည်းတဲ့ ကိစ္စတွေပါ။ဒါပေမယ့် စိတ်မကောင်းစွာဘဲ ဒါတွေကမရှိတော့ လူတွေက ခွေးသာသာ တိရစ္ဆာန်တွေနဲ့တိုးပြီး အဖြစ်ဆိုးတွေ ဖြစ်လာပါတယ်။
    

ယခုလမ်းသွားတဲ့အခါ ဘာကိုတွေ့ရသလဲဆိုရင် လူတွေက ကိုယ့်ကိစ္စကနေလွဲပြီး ဘာကိစ္စကိုမှ သိပ်ပြီးဂရုမစိုက်ကြတာကို တွေ့ရပါတယ်။ဘေးမှာ ဘာတွေပဲ အမြင်မတော်နေသည်ဖြစ်စေ  ပါဝင်စွက်ဖက်ဖို့ဝေးစွ၊ ကိုယ်နဲ့ မဆိုင်သလိုနေကြတာ များပါတယ်။မကြာခင်ကတော့ မန္တလေးမှာ ရပ်ကွက်အလိုက် ကိုယ့်ရပ်ကွက် လုံခြုံရေး ကိုယ်ယူဖို့ လုပ်လာကြတာကို တွေ့ရသလို ဒီရက်ပိုင်းမှာဘဲ မသင်္ကာလို့ ကလေးသူခိုးလို့ ထင်ရတဲ့သူ တစ်ဦးကို သတ်ပြီး မီးရှို့တာတွေအထိ တုံ့ပြန်မှုတွေ ဖြစ်လာပါတယ်။ဒါဟာ ကောင်းတာရှိသလို ဆိုးတဲ့အချက်တွေလည်း ရှိပါတယ်။
    

တစ်ကယ်ကတော့ လူတွေအားလုံးက ကိုယ့်မိသားစုဝင်တွေကို ဘယ်သွားသွား ဘေးအန္တရာယ် ကင်းစေလိုကြပါတယ်။အနှောင့်အယှက် ကင်းစေလိုကြပါတယ်။ဘယ်အရပ်ဒေသရောက်ရောက် စောင့်ရှောက်မယ့်သူတွေ ရှိစေချင်ကြပါတယ်။ဒါဆိုရင် ကိုယ် ကိုယ်တိုင်က ဘာသိဘာသာနေတဲ့ ဓလေ့စရိုက်ကို ဖယ်ရှားမှ ရပါလိမ့်မယ်။ကိုယ့်အနီးနားမှာ ကိုယ်နဲ့ သိတဲ့သူဖြစ်စေ၊ မသိတဲ့သူဖြစ်စေ အနိုင်ကျင့်ခံနေရရင်၊ ဒုက္ခရောက်နေရင် ဝိုင်းကူရမယ့် တာဝန်ရှိပါတယ်။ဒါမှ အခုဖြစ်နေတာတွေ လျော့ပါးလာပါလိမ့်မယ်။အာဏာပိုင်တွေချည်း အားကိုးနေလို့မရပါဘူး။ပြည်သူတွေ အရင်ကလို ကိုယ့်ရှေ့မဟုတ်တာလုပ်ရင် ဝိုင်းတားမှ ဖြစ်ပါတော့မယ်။လုပ်မှလည်း ဖြစ်တော့မယ့် အခြေအနေကို ရောက်နေပါပြီ။

တစ်ခုရှိတာက အာဏာပိုင်တွေကလည်း ကူတဲ့သူ၊ တားတဲ့သူတွေကို မလုပ်ရဲမကိုင်ရဲအောင် လုပ်တာမျိုး ရှောင်ဖို့လည်း လိုပါတယ်။

မောင်ဦးလွင်

(zawgyi)

ၾကားရတဲ့ သတင္းေတြအရ မႏၲေလးၿမိဳ႕ရဲ႕ လုံၿခဳံေရးအေျခအေနက ေတာ္ေတာ္ေလး ဆိုး႐ြားေနတာကို ဖတ္ရၾကားရတာေတြကို ၾကည့္ၿပီး သိရပါတယ္။ကာတြန္းေတြ ပုဂၢလိကသတင္းစာေတြမွာ မၾကာခဏဆိုသလို လုယက္တဲ့ သတင္းေတြ၊ လုယက္သူကို ဖမ္းမိတာ၊ ဖမ္းမမိတာ စတဲ့သတင္းေတြ ဖတ္ရပါတယ္။ဒီလိုသတင္းေတြက အခုတေလာ ေနရာအႏွံ႔ ၾကားေနရပါတယ္။
    

ရပ္ကြက္ထဲမွာလည္း ညဘက္ ကိစၥရွိၿပီဆိုရင္ ထြက္ဖို႔ ေတာ္ေတာ္ေလး စဥ္းစားရပါတယ္။
လမ္းေပၚေရာက္လို႔ ၾကည့္လိုက္ရင္ အရက္ေသာက္ထားတဲ့ လူငယ္ေတြ၊ ေဆးသမားေတြက မေတြ႕ခ်င္အဆုံးပါ။ညဘက္ တစ္ခ်ိဳ႕ရက္ေတြမွာ ရန္ကုန္ၿမိဳ႕ကို အလ်ားလိုက္ျဖတ္သလို ေတာင္ဒဂုံကေန ကိုယ့္ေနရာေဒသကို ျပန္လာတဲ့အခါ လမ္းတစ္ေလွ်ာက္ ေမာင္းခ်င္သလို ေမာင္းေနတဲ့ ကားေတြ၊ ဆိုင္ကယ္ေတြ ေရွာင္လိုမလြယ္ေလာက္ေအာင္ပါဘဲ။
    

မၾကာခဏဆိုသလို ကိုယ္စာသင္တဲ့ ေနရာေတြက ဆင္ေျခဖုံးၿမိဳ႕သစ္ေတြ ျဖစ္ေနလို႔ ရန္ပြဲေတြကိုလည္း မၾကာခဏ ျမင္ရႀကဳံရပါတယ္။စာသင္ရင္း ကြမ္းတစ္ယာေလာက္ ဝါးမယ္ဆိုၿပီး ကြမ္းဝယ္ေနတုန္း ကြမ္းယာလာဝယ္တဲ့သူနဲ႔ ေဘးက လူတစ္ေယာက္ စကားမ်ားရန္ျဖစ္ၾက ႐ိုက္ၾကႏွက္ၾကလို႔ လြတ္ေအာင္ မနည္းေျပးခဲ့ရတာေတြလည္း ရွိပါတယ္။တစ္ခါတစ္ေလ ေငြေရးေၾကးေရးကိစၥကေန မိန္းမခ်င္းထသတ္ၾကလို႔ လမ္းဆက္မသြားဝံေလာက္တဲ့ အေျခအေနမ်ိဳးလည္း ေတြ႕ခဲ့ရဘူးပါတယ္။
    

တစ္ခါတစ္ေလ စဥ္းစားၾကည့္မိပါတယ္။ရန္ျဖစ္တာကို ဝင္ဆြဲမယ့္သူေတြ၊ ဝင္ဖ်န္ေျဖမယ္သူေတြ၊ မသင့္ေတာ္ရင္ ဝင္တားမယ့္သူေတြ မရွိေတာ့ဘူးလား ဆိုတာကိုပါ။ကြၽန္ေတာ္တို႔ ငယ္စဥ္ကေတာ့ ရပ္ထဲ႐ြာထဲ တစ္ခုခုျဖစ္ၿပီဆို ဘေထြးေလး အသံတစ္ခ်က္နဲ႔ ဘယ္သူမွ တုပ္တုပ္မလႈပ္ရဲပါဘူး။
ဒီလိုဆိုေတာ့ ဘေထြးေလး ဆိုတာကို ဗလေကာင္းေကာင္းနဲ႔ လူလို႔ ထင္စရာပါ။တစ္ကယ္ေတာ့ ကြၽန္ေတာ္တို႔ မွတ္မိခ်ိန္မွာ ဘေထြးေလး က ေတာ္ေတာ္အသက္ႀကီးေနၿပီး ေတာင္ေဝွးေထာက္ၿပီး လမ္းေလွ်ာက္ေနရတဲ့ အ႐ြယ္ေရာက္ေနပါၿပီ။ရပ္ထဲ႐ြာထဲက ဘေထြးေလး ရဲ႕ ကိုယ္က်င္တရားနဲ႔ မမွန္တာကို ဘယ္ေတာ့မွ မလုပ္တဲ့အတြက္ ဘေထြး ဆုံးျဖတ္ၿပီးရင္ အားလုံးက လိုက္နာၾကတာ၊ ဘယ္သူမွ ေစာဒကမတက္ၾကတာ ကြၽန္ေတာ္တို႔ဘက္က အစဥ္အလာပါ။ဒါဟာ အရင္ကေတာ့ ကြၽန္ေတာ္ေနထိုင္ရာ အရပ္တစ္ခုသာရွိမယ္လို႔ ထင္ခဲ့ေပမယ့္ ႐ြာတိုင္း ရပ္ကြက္တိုင္း အရပ္ေဒသတိုင္းမွာ ဘေထြးေလး လိုမ်ိဳး လူေတြ ရွိခဲ့သလို သူတို႔ရဲ႕ ၾသဝါဒကို ရပ္ကြက္ေကာင္စီေတြေတာင္ အေလးအနက္ထားရတဲ့အထိ ရပ္မိရပ္ဖလို႔ေခၚတဲ့ ရပ္႐ြာလူႀကီးေတြရဲ႕ အခန္းက႑က ႀကီးမားခဲ့ပါတယ္။

ရပ္႐ြာက ေလးစားတဲ့လူေတြကို ၾကည့္မယ္ဆိုရင္ မူးယစ္ေသစာ ေသာက္စား ေရာင္းဝယ္တဲ့သူ၊ သူတစ္ပါး သားမယား ဖ်က္ဆီးပစ္မွားတာ၊ ဇိမ္ခံေထာင္စားတာ၊ လူအခ်င္းခ်င္း ေခါင္းပုံျဖတ္တာ၊ ေလာင္းကစားအလုပ္ေတြ လုပ္ကိုင္စားေသာက္တာ၊ ေငြတိုးေခ်းစားတာ၊ ႏွိပ္စက္သတ္ျဖတ္တာ စတဲ့ ကံငါးပါးကို မက်ဴးလြန္ဘဲ လုံေအာင္ထိန္းတဲ့သူေတြ ျဖစ္ၾကတာကို ေတြ႕ရတာမ်ားပါတယ္။
    

ဒီလိုလူေတြက ရပ္ထဲ႐ြာထဲ မေတာ္တေရာ္ ျမင္တဲ့အခါ၊ မသင့္ေတာ္တာ ျမင္တဲ့အခါ၊ မလုပ္သင့္တာကို လုပ္တဲ့အခါ ဝင္ေရာက္ေျပာဆို တားျမစ္ရင္ လူေတြက ေၾကာက္ၾက၊ ေရွာင္ၾကဥ္ၾကပါတယ္။လူႀကီးဆိုသူေတြကလည္း တရားမွ်တေအာင္ ေနထိုင္လုပ္ကိုင္ၾကပါတယ္။
ရပ္႐ြာေတြမွာ ဒီလိုေလးစားဖြယ္ေကာင္းတဲ့သူေတြ ရွိသလို ရပ္႐ြာက ကိုးကြယ္တဲ့ ဘုန္းေတာ္ႀကီးေတြကလည္း ရပ္ထဲ႐ြာထဲ ၾသဇာေညာင္းၾကတဲ့အထိ သီလ၊ သမာဓိ၊ သိကၡာပိုင္းက မွတ္ေက်ာက္တင္ခံဝံ့တဲ့အထိ ကင္းစင္ၾကပါတယ္။ဒီလို ျဖဴစင္ၾကတဲ့အတြက္ ရပ္ထဲ႐ြာထဲ အရက္သမားေတြ၊ ေလာင္းကစားသမားေတြ၊ မဟုတ္တာလုပ္တဲ့သူေတြဆိုရင္ ရပ္ထဲ႐ြာထဲ မေနဝံ့ဘဲ ႐ြာျပင္ထြက္ ေနထိုင္ရတဲ့အထိ ျမန္မာ့လူ႔ေဘာင္အဖြဲ႕အစည္းက ေတာ္ေတာ္ေလး အခ်င္းခ်င္းေစာင့္ေရွာက္ေဖးမမႈ အားႀကီးခဲ့ပါတယ္။ဒီလိုအားေကာင္းတဲ့အတြက္ ဖိုးေအေတြ၊ ဦးေလး ဘႀကီးေတြ၊ ဖေအေတြ၊ အစ္ကိုေတြက ေျမး၊ တူမ၊ သမီး၊ ႏွမကို အဓမၼက်င့္တာမ်ိဳး စက္ဆုပ္ေအာ့ႏွလုံးနာဖြယ္ ကိစၥေတြ မၾကားရသေလာက္ျဖစ္သလို အဓမၼက်င့္တဲ့သူေရာ၊ မိသားစုဝင္ေတြ အားလုံးကိုပါ ရပ္႐ြာက ဖယ္က်ဥ္က်တဲ့အထိ ျမန္မာ့လူ႔အဖြဲအစည္းရဲ႕ ဒဏ္ခတ္မႈက ျပင္းထန္ခဲ့ပါတယ္။
    

အဓိကေျပာခ်င္တာက တစ္ဦးႏွင့္တစ္ဦး ေစာင့္ေရွာက္မႈတရား ထြန္းကားခဲ့တာကိုပါ။
အဲ့ဒီေကာင္းမြန္တဲ့ ထုံတမ္းဓေလ့က ဘယ္အခ်ိန္မွာ လုံးဝေပ်ာက္ကြယ္သြားလဲ၊ ဘယ္အခ်ိန္က စေပ်ာက္သြားလဲ၊ ေပ်ာက္ကြယ္သြားတဲ့အတြက္ ဘယ္လိုဆိုးက်ိဳးေတြ ျဖစ္ထြန္းလာသလဲဆိုတာ ေသခ်ာစဥ္းစား သုံးသပ္တြက္ခ်က္ၾကည့္ရင္ စိတ္ဝင္စားစရာေကာင္းသလို ဝမ္းနည္းဖို႔လည္းေကာင္း ယူက်ဴံးမရျဖစ္ဖို႔လည္းေကာင္းပါတယ္။
    

၁၉၈၈ မတိုင္ခင္အထိ သာမန္အရပ္သားေတြၾကားထဲမွာ ဆြမ္းႀကီးေလာင္းတယ္ဆိုတဲ့ အရပ္စကား တြင္က်ယ္ခဲ့ပါတယ္။ဒါဟာ မေကာင္းတဲ့စကား ျဖစ္ေပမယ့္ တစ္ဖက္မွာေတာ့ ကိုယ့္ေရွ႕မွာ လူတစ္ေယာက္က မဟုတ္တာကို လုပ္ေနရင္ လူေတြက ကိုယ္နဲ႔ ဆိုင္သည္ျဖစ္ေစ မဆိုင္သည္ျဖစ္ေစ ဝင္ၿပီး တရားစီရင္ၾကတာပါ။ဒါဟာ ျမန္မာေတြရဲ႕ ထိေရာက္တဲ့ အရပ္ဓေလ့ တရားစီရင္မႈပါ။ဒီအတြက္ ဆိုးက်ိဳးအေနနဲ႔ လက္လြန္တာေတြရွိသလို ခံရၿပီးမွ မဟုတ္ခဲ့ရင္ နစ္နာမႈရွိတာမွန္ေပမယ့္ ျမန္မာ့လူ႔ေဘာင္မွာ လက္ရွိျဖစ္ေနတဲ့ လုယက္မႈေတြ၊ အဓမၼမႈေတြ၊ မတရားအႏိုင္က်င့္မႈေတြကို အတိုင္းအတာ အေတာ္မ်ားမ်ားအထိ ကာကြယ္ေပးႏိုင္ခဲ့တာကို ေတြ႕ခဲ့ရပါတယ္။မတရားတာ မလုပ္ရဲတဲ့ အထိပါဘဲ။
    

အဲဒီကာလတုန္းက ကြၽန္ေတာ္တို႔ လူပ်ိဳေပါက္ ကာလေတြပါ။လူငယ္သဘာ၀ ဆိုးၾကမိုက္ၾကေပမယ့္ ဒါေပမယ့္ အခုေလာက္ထိ ၿမိဳ႕လယ္ေခါင္ထိတက္ၿပီး အုပ္စုဖြဲ႕ လူသတ္မႈေတြ မရွိပါဘူး။
လူေတြက သမာအာဇီဝနဲ႔ လုပ္စားရပ္တည္ၾကတာမ်ားသလို စီးပြားေရးဆိုလည္း ေမွာင္ခိုကုန္ကူးၾကတာေလာက္သာ လူေတြလုပ္ၾကပါတယ္။ဒီလိုလူေတြကိုေတာင္ ဝိသမသား ေလာဘသားဆိုၿပီး  ဆိုရွယ္လစ္အစိုးရ သတင္းစာေတြက ႏွိပ္ကြပ္ထားၾကတဲ့ ကာလပါ။ဒီေလာက္ထိ လူေတြက ႐ိုး႐ိုးသားသား လုပ္စားၾကတာကိုသာ ျမတ္ႏိုးၾကပါတယ္။မဟုတ္တဲ့ အလုပ္ေတြနဲ႔ လုပ္စားကိုင္စားၾကတဲ့သူေတြကို ဘာသာေရးအရေကာ၊ အက်င့္စာရိတၱအရပါ မယုံၾကည္လို႔ လူရာဝင္ဆက္ဆံၾကတာ နည္းပါတယ္။
    

အဲ့ဒီတုန္းက ေျပာေလ့ေျပာထရွိတဲ့ စကားတစ္ခြန္းရွိပါတယ္။“ကုန္သည္ပြဲစား စကားဆိုတာ မိန္းမပ်က္ စကားလိုဘဲ အတည္ယူလို႔ရတာ မဟုတ္ဘူး” ဆိုတဲ့ စကားပါဘဲ။တစ္ကယ္လည္း အဲ့ဒီတုန္းက ျမန္မာမိသားစုေတြက စကားတစ္ခြန္းကို တန္ဖိုးထားသလို ကတိစကားတစ္ခြန္းကိုလည္း တည္ေအာင္ႀကိဳးစားေလ့ ရွိၾကပါတယ္။
    

၈၈ ေနာက္ပိုင္းမွာ ျမန္မာ့လူမႈအဖြဲ႕အစည္းရဲ႕ စံက အာဏာပိုင္ေတြရဲ႕ ကြပ္ညႇပ္မႈေတြေၾကာင့္ လုံးဝေျပာင္းလဲသြားပါတယ္။လူငယ္ေတြအမ်ားစုကို အဲဒီေခတ္ကာလက အာဏာရွင္ လက္ကိုင္တုတ္ေတြရဲ႕ သတင္းေပးေတြ၊ ကိုယ့္ယုံၾကည္ခ်က္နဲ႔ကိုယ္ ေနတဲ့သူေတြကို ဖမ္းဆီးဖို႔ ေထာင္ဖမ္းတဲ့သူေတြ၊ သတင္းေပးေတြအျဖစ္ အသုံးခ်ခံရတာကို ေပ်ာ္ေမြ႕ေအာင္ အာဏာရဲ႕ အရသာကိုေပး ထိေတြ႕ေစခဲ့ပါတယ္။မဟုတ္တာလုပ္ရင္ တားမယ့္သူေတြကိုဖယ္ၿပီး ခိုင္းလိုက္ရင္ ပ်ာပ်ာသလဲ လုပ္မယ့္သူေတြကို ေအာက္ေျခအဆင့္မွာ ေျပာင္းလဲထိုးထည့္ခဲ့ပါတယ္။ေငြရရင္ သမီးျဖစ္သူကိုေတာင္ ျခင္ေထာင္ထဲ ထည့္ေပးမယ့္သူေတြက ရပ္ကြက္ေက်း႐ြာေတြ၊ ေအာက္ေျခမွာ လူႀကီးေတြအျဖစ္နဲ႔ ခပ္ေျပာင္ေျပာင္ ထုနဲ႔ထည္နဲ႔ တည္ရွိလာတဲ့အခါ၊ ျဗမၼာစိုရ္တရားဆိုတာ၊ နာယကဂုဏ္ဆိုတာ ေရးျပမွ ဒါပါလား သိတဲ့သူေတြက  လုပ္ပိုင္ခြင့္အမ်ားဆုံးရွိတဲ့သူေတြ ျဖစ္လာတဲ့အခါ လူေတြက ကိုယ္အသက္ရွင္သန္မႈအတြက္ မတရားတာေတြ႕ရင္ ကူညီဖို႔ေနေနသာသာ ကိုယ့္အသက္ကို ရန္ရွာမခံရဖို႔ ႏႈတ္ဆိတ္ဆိတ္ေနခဲ့ရတာေတြ ျဖစ္တည္လာခဲ့ပါတယ္။
    

ေငြအတြက္ သူငယ္ခ်င္း၊ မိဘ၊ ေဆြမ်ိဳး၊ ညီအစ္ကို ေမာင္ႏွမ၊ ဆရာတပည့္ စတာေတြ မရွိေတာ့ဘဲ “လည္သူစား၊ အတဲ့သူခံ” ဆိုတဲ့ အဟိတ္တိရစာၦန္ေတြမွာေတာင္ တခါတရံမွာ ရွိတတ္တဲ့ အမူအက်င့္ေတြက တိုင္းျပည္မွာ ထြန္းကားလာတဲ့အခါ အားလုံးက ဘာစည္းမွ မရွိေတာ့ပါဘူး။
အတၱကလြဲၿပီး ဘာမွမရွိေတာ့ပါဘူး။“မဆိုင္ရင္ ဝင္မပါနဲ႔” ဆိုတဲ့ အသိကို ၈၈ ေနာက္ပိုင္းကေန ယခုထိ လူေတြ ရင္ထဲစြဲေနတဲ့အထိ အာဏာပိုင္ေတြ ႐ိုက္ထည့္ထားခဲ့တာ အခုဆို ဒီ ‘အသိ’ က မႏၲေလး၊ ရန္ကုန္ အပါအဝင္ တစ္ႏိုင္ငံလုံး လန္းလန္းစြင့္စြင့္ ေအာင္ျမင္လြန္းလို႔။လူေတြက ဘာဆိုဘာမွ ဝင္မပါရဲလို႔ လုလိုက္ယက္လိုက္ သတ္လိုက္ျဖတ္လိုက္ၾကတာ တအုံးအုံးနဲ႔။မႏၲေလးဆို ည ၉ နာရီေက်ာ္ရင္ လူေတြ မထြက္ဝံတဲ့အထိ။ဒီေလာက္ထိ “မဆိုင္ရင္ ဝင္မပါနဲ႔” ဆိုတဲ့ ‘အသိ’ က ေအာင္ျမင္တာ။
    

ယခု ခဏခဏၾကားေနရပါတယ္။လမ္းလယ္မွာလုတာ၊ လူကုန္ကူးတာ၊ ျပည့္တန္ဆာအျဖစ္ ခိုင္းေစခံရတာ၊ ႏွိပ္စက္သတ္ျဖတ္ခံရတာ၊ မုဒိမ္းမႈေတြ သက္ငယ္မုဒိမ္းမႈေတြ။ဒီထဲက အခ်ိဳ႕အျဖစ္ေတြက ယခင္ကလို ဝိုင္းဝန္းေစာင့္ေရွာက္မႈ ရွိတယ္ဆိုရင္ ျဖစ္ဖို႔ေတာ္ေတာ္နည္းတဲ့ ကိစၥေတြပါ။ဒါေပမယ့္ စိတ္မေကာင္းစြာဘဲ ဒါေတြကမရွိေတာ့ လူေတြက ေခြးသာသာ တိရစာၦန္ေတြနဲ႔တိုးၿပီး အျဖစ္ဆိုးေတြ ျဖစ္လာပါတယ္။
    

ယခုလမ္းသြားတဲ့အခါ ဘာကိုေတြ႕ရသလဲဆိုရင္ လူေတြက ကိုယ့္ကိစၥကေနလြဲၿပီး ဘာကိစၥကိုမွ သိပ္ၿပီးဂ႐ုမစိုက္ၾကတာကို ေတြ႕ရပါတယ္။ေဘးမွာ ဘာေတြပဲ အျမင္မေတာ္ေနသည္ျဖစ္ေစ  ပါဝင္စြက္ဖက္ဖို႔ေဝးစြ၊ ကိုယ္နဲ႔ မဆိုင္သလိုေနၾကတာ မ်ားပါတယ္။မၾကာခင္ကေတာ့ မႏၲေလးမွာ ရပ္ကြက္အလိုက္ ကိုယ့္ရပ္ကြက္ လုံၿခဳံေရး ကိုယ္ယူဖို႔ လုပ္လာၾကတာကို ေတြ႕ရသလို ဒီရက္ပိုင္းမွာဘဲ မသကၤာလို႔ ကေလးသူခိုးလို႔ ထင္ရတဲ့သူ တစ္ဦးကို သတ္ၿပီး မီးရႈိ႕တာေတြအထိ တုံ႔ျပန္မႈေတြ ျဖစ္လာပါတယ္။ဒါဟာ ေကာင္းတာရွိသလို ဆိုးတဲ့အခ်က္ေတြလည္း ရွိပါတယ္။
    

တစ္ကယ္ကေတာ့ လူေတြအားလုံးက ကိုယ့္မိသားစုဝင္ေတြကို ဘယ္သြားသြား ေဘးအႏၲရာယ္ ကင္းေစလိုၾကပါတယ္။အေႏွာင့္အယွက္ ကင္းေစလိုၾကပါတယ္။ဘယ္အရပ္ေဒသေရာက္ေရာက္ ေစာင့္ေရွာက္မယ့္သူေတြ ရွိေစခ်င္ၾကပါတယ္။ဒါဆိုရင္ ကိုယ္ ကိုယ္တိုင္က ဘာသိဘာသာေနတဲ့ ဓေလ့စ႐ိုက္ကို ဖယ္ရွားမွ ရပါလိမ့္မယ္။ကိုယ့္အနီးနားမွာ ကိုယ္နဲ႔ သိတဲ့သူျဖစ္ေစ၊ မသိတဲ့သူျဖစ္ေစ အႏိုင္က်င့္ခံေနရရင္၊ ဒုကၡေရာက္ေနရင္ ဝိုင္းကူရမယ့္ တာဝန္ရွိပါတယ္။ဒါမွ အခုျဖစ္ေနတာေတြ ေလ်ာ့ပါးလာပါလိမ့္မယ္။အာဏာပိုင္ေတြခ်ည္း အားကိုးေနလို႔မရပါဘူး။ျပည္သူေတြ အရင္ကလို ကိုယ့္ေရွ႕မဟုတ္တာလုပ္ရင္ ဝိုင္းတားမွ ျဖစ္ပါေတာ့မယ္။လုပ္မွလည္း ျဖစ္ေတာ့မယ့္ အေျခအေနကို ေရာက္ေနပါၿပီ။

တစ္ခုရွိတာက အာဏာပိုင္ေတြကလည္း ကူတဲ့သူ၊ တားတဲ့သူေတြကို မလုပ္ရဲမကိုင္ရဲေအာင္ လုပ္တာမ်ိဳး ေရွာင္ဖို႔လည္း လိုပါတယ္။

ေမာင္ဦးလြင္