“၂၀၀၈ ခြေဥကို မေ့ထားလိုက်”

“၂၀၀၈ ခြေဥကို မေ့ထားလိုက်”

ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ မရှိဘူးသေးတဲ့ ဂန္တဝင်မြောက် အခြေခံဥပဒေ ဖြစ်တယ်ဆိုတာ မြန်မာပြည်သူတွေအားလုံး သိနေကြပါပြီ။မြန်မာပြည်သူတွေပါမကပဲ ကမ္ဘာကြီးကပါ သိနေကြပါပြီ။

အင်အယ်ဒီ အတိုက်အခံပါတီ ဘဝတုန်းက ၈၈ မျိုးဆက် ငြိမ်း/ပွင့် က မင်းကိုနိုင် တို့ အားကိုယူပြီး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ၂၀၀၈ ခြေဥကို ပြင်ဆင်နိုင်ရေး ကြိုးပမ်းခဲ့ကြတာကိုလည်း အားလုံးအသိပါပဲ။၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်ကလည်း အင်အယ်ဒီပါတီ အောင်နိုင်ရေး မဲဆွယ်ခဲ့တဲ့အထဲမှာလည်း ၂၀၀၈ ခြေဥ ပြင်ဆင်ရေးဟာ အဓိကနေရာက ပါဝင်ခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ အင်အယ်ဒီ အနိုင်ရပြီး လွှတ်တော်တွေ၊ အစိုးရတွေလည်း ဖွဲ့ပြီးခဲ့ပါပြီ။အင်အယ်ဒီလွှတ်တော်နဲ့ အင်အယ်ဒီအစိုးရ ဖွဲ့ပြီးကတည်း က ၂၀၀၈ ခြေဥ ပြင်ဆင်ရေးဆွဲရေးဟာ အသံပျောက်သွားပါတယ်။၂၀၀၈ ခြေဥ ပြင်ဆင်ရေးအစား ပြည်တွင်းငြိမ်းချမ်းရေးအသံ ပိုပြီးကျယ်လောင်လာပါတယ်။၂၀၀၈ ခြေဥ ပြင်ဆင်ရေးကိုလည်း ငြိမ်းချမ်းရေးအပေါ် လွှဲတင်လိုက်ပါတော့တယ်။အမှန်တကယ်လည်း ၂၀၀၈ ခြေဥကို ပြင်ဆင်နိုင်ဖို့ ဘယ်လိုနည်းတွေနဲ့ ကြိုးစားကြိုးစား အောင်မြင်ဖို့ မလွယ်နိုင်ပါဘူး။လက်ရှိအနေအထားအရ စစ်တပ် (တပ်မတော်) က သဘောမတူရင် ၂၀၀၈ေ ခြေဥကို ပြင်ဆင်လို့ မရနိုင်ပါ ဘူး။အင်အယ်ဒီအစိုးရ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လည်း သိသွားပြီဖြစ်တော့ အင်အယ်ဒီလွှတ်တော်နဲ့ အင်အယ်ဒီအစိုးရအနေနဲ့ အသံတိတ်သွားခဲ့တာ ဖြစ်ပါတယ်။ငြိမ်းချမ်းရေးဖက်ကနေ ပြင်ဆင်နိုင်မလားလို့ ကြံစည်ခဲ့ပါသေးတယ်။ဒီပြည်တွင်းငြိမ်းချမ်းရေးမှာလည်း တပြည်လုံးအပစ်ရပ်စဲရေး သဘောတူစာချုပ် NCA နဲ့ ချုပ်ထားလိုက်ပါတယ်။

ပြောမယ်ဆိုရင် ၂၀၀၈ ခြေဥကို ဘယ်ဘက်ကမှ မပြင်နိုင်အောင် လုပ်ထားခဲ့တာပါ။၂၀၀၈ ခြေဥ စစ်တုရင်ကစားကွက်မှာ မြန်မာပြည်နိုင်ငံရေးဟာ ခွချက်ခံနေရသလို၊ မလှုပ်ရှားနိုင်အောင် ပိတ်ထားခံနေရတဲ့ ကစားကွက်ပါ။ပြင်ဆင်နိုင်ဖို့ အလွန်ခက်ခဲတဲ့ ခြေဥဖြစ်ပါတယ်။မပြင်ဆင်နိုင်တဲ့ အခြေအနေလား ဆိုရင်တော့လည်း မဟုတ်ပါဘူး။ပြင်ဆင်နိုင်ဖို့ တစ်နည်းတော့ ရှိပါသေးတယ်။လက်ရှိ စစ်တပ် (တပ်မတော်) ခေါင်းဆောင်က ပြင်ဆင်ခွင့်ပြုလိုက်တဲ့ နည်းပါပဲ။

အခုအချိန်မှာ ၂၀၀၈ ခြေဥကို ပြင်ဆင်နိုင်ဖို့ကို မေ့ထားလိုက်ပါ။ဒီပြင်ဆင်နိုင်ရေးအတွက် ငြိမ်းချမ်းရေး လမ်းကို ဦးစားပေးလျှောက်ခဲ့တာ သုံးနှစ်နီးပါး ရှိနေပါပြီ။ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အင်အယ်ဒီအစိုးရ သက်တမ်းက နှစ်နှစ်လောက်သာ ကျန်ပါတော့တယ်။ဒီကျန်တဲ့ နှစ်နှစ်ကာလအတွင်းမှာ ၂၀၀၈ ခြေဥဘောင်ထဲကနေ လက်ရှိအရပ်သားအစိုးရအနေနဲ့ ပြည်သူတွေအကျိုးအတွက် ဆောင်ရွက်သင့်တာတွေ သေသေချာချာ စနစ်တကျ ဆောင်ရွက်နိုင်ပါသေးတယ်။

အမှန်တကယ်ပြောရရင် အရပ်သားအစိုးရမှာ အာဏာအမြင့်ဆုံးပေးထားတဲ့ နိုင်ငံတော်သမ္မတက အဓိကကျနေပါတယ်။၂၀၀၈ ခြေဥထဲက ကြံဖန်ဆွဲထုတ်လိုက်တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အဓိကမကျပါဘူး။ဒါထားပါတော့။အခုဆို နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ခွဲခြားဆောင်ရွက်ခွင့် ရှိနေပြီလို့ ကျွန်တော်တို့ သတ်မှတ်ရမှာပါ။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံံခြားရေးဝန်ကြီးဌာနတွေကို ပူးတွဲကိုင်ထားပါတယ်။အဲ့ဒီအတွက် နိုင်ငံတကာဆက်ဆံရေးတွေ၊ နိုင်ငံံတကာ အခမ်းအနားတွေ၊ အစည်းအဝေးတွေ တက်ရောက်နေပါတယ်။

နိုင်ငံတော် ငြိမ်းချမ်းရေးအတွက်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကျင်းပနေပါတယ်။ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံညီလာခံကို အဓိက ထား ဆောင်ရွက်နေပါတယ်။ဒီကျန်တဲ့ နှစ်နှစ်တာကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်း အောင်မြင်မယ်၊ မအောင်မြင်မယ် ဆိုတာတော့ မသေချာသေးပါဘူး။မြန်မာနိုင်ငံအတွက် နိုင်ငံတကာမှာ အစွပ်စွဲခံနေရတဲ့ ရခိုင်ပြည်နယ်က အခက်အခဲတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည် က တာဝန်ခံဖြေရှင်းနေပါတယ်။အခုပြောတဲ့ အရေးကြီး စိန်ခေါ်မှုတွေအတွက် နိုင်ငံံတော်သမ္မတအနေနဲ့ ပါဝင်ဆောင်ရွက်စရာ မလိုတော့တာကို တွေ့မြင်နေရပါတယ်။

အခု နိုင်ငံံတော်သမ္မတအနေနဲ့ သူကိုင်တွယ်ထားရတဲ့ ဝန်ကြီးဌာနတွေကို ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ပြီး ဆောင်ရွက်နိုင်ဖို့ပဲ လိုပါတော့တယ်။၂၀၀၈ ခြေဥအရ ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ နယ်စပ်ရေး ဝန်ကြီးဌာနသုံးခုကို ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ကိုင်ထားတဲ့အတွက် သမ္မတက ကိုင်တွယ်လမ်းညွှန်စရာ မလိုတော့ပါဘူး။

အရပ်သားအစိုးရ လက်အောက်မှာရှိတဲ့ ဝန်ကြီးဌာနတွေ အများကြီးရှိနေပါတယ်။သက်တမ်းနှစ်နှစ်အ တွင်းမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို စနစ်တကျ လမ်းညွှန်ပေးနိုင်ဖို့လည်း လိုအပ်နေပါတယ်။အဓိကကိုင်တွယ် ဆောင်ရွက်ရမှာက ပြည်သူတွေရဲ့ စားဝတ်နေရေး၊ သွားလာရေးနဲ့ သက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေပဲ ဖြစ်ပါတယ်။အခု သမ္မတဟာ ရှေ့နေကြီးဖြစ်တဲ့အတွက်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကိစ္စတွေကို စတင်ကိုင်တွယ်နေတာ တွေ့ရပါတယ်။နိုင်ငံံတော်အတွင်းမှာ ခြစားမှုတွေနဲ့ နာမည်ပျက်နေတဲ့ တရားရေးကိုလည်း တည့်မတ်အောင် ထိန်းကျောင်းပေးနေတာတွေကိုလည်း တွေ့ရပါတယ်။မီဒီယာတွေကို တရားစွဲခံရတာကို သမ္မတအနေနဲ့ မှန်မှန်ကန်ကန် လမ်းညွှန်ပေးနိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့်အရ နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ လွှတ်သင့်တဲ့ နိုင်ငံံရေးအကျဉ်းသားတွေ အပါအဝင် လွှတ်သင့်တဲ့ ထောင်ကျတွေကို လွှတ်ပေးနေတာကိုလည်း သိရပါတယ်။ဒီဆောင်ရွက်မှုတွေဟာ ဆောင်ရွက်သင့်နေတဲ့ ဆောင်ရွက်မှုတွေ ဖြစ်ပါတယ်။ဒီဆောင်ရွက်ချက်တွေကိုကြည့်ရင် သမ္မတအနေနဲ့ ဥပဒေနဲ့ ပတ်သက်တာတွေ ဆောင်ရွက်တာတွေ များနေပါတယ်။

ရှေ့ကာလတွေမှာ အရပ်သားအစိုးရဝန်ကြီးဌာန ဝန်ကြီးတွေကို အမြဲတွေ့ဆုံပြီး ပြည်သူတွေစားဝတ်နေရေး ချောင်လည်အောင် ဆောင်ရွက်နိုင်ဖို့ လိုပါတယ်။အရေးအကြီးဆုံးအနေနဲ့ကတော့ ပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ သွားလာရေးတွေကို တဖြေးဖြေး အဆင်ပြေလာအောင် ဆောင်ရွက်ပေးနိုင်မယ့် ဝန်ကြီးဌာန ဝန်ကြီးတွေကို သူတို့ကိုင်တွယ်ထားတဲ့ ဌာနအကြီးအကဲတွေကို သေသေချာချာ ထိန်းကွပ်ထားနိုင်ဖို့ ညွှန်ကြားပေးနိုင်ဖို့ လိုသလို၊ သမ္မတရဲ့ ညွှန်ကြားချက်ကို လိုက်ပါဆောင်ရွက်နိုင်စွမ်းမရှိတဲ့ ဝန်ကြီးတွေကို ဖယ်ရှားပြီး အသစ်ပြန်ခန့်ထားနိုင်ဖို့လည်း လိုပါတယ်။ဘယ်ဝန်ကြီးတွေက ပြည်သူတွေအကျိုးကို မဆောင်ရွက်နိုင်ဘူးလည်း ဆိုတာကို ပြည်သူတွေရဲ့ အသံကို နားထောင်ကြည့်မယ်ဆိုရင် သိနိုင်ပါလိမ့်မယ်။

အခုအခြေအနေမှာ ဘယ်ဝန်ကြီးတွေက စွမ်းဆောင်နိုင်မှု အားနည်းနေသလဲဆိုတာကို ပြည်သူတွေ သိနေကြပါပြီ။ဒီလက်ရှိ ပညာရှင်ဝန်ကြီးတွေကို သက်ဆိုင်ရာဝန်ကြီးဌာနမှာ အကြံပေးပုဂ္ဂိုလ်တွေ ပြန်ခန့်အပ်ထားနိုင်ပါတယ်။သူတို့လက်အောက်က ဌာနဆိုင်ရာ အမြဲတန်းအတွင်းဝန်တွေ နေရာမှာ ဒု-ဝန်ကြီးတွေကို တာဝန်ပေးထားရမှာပါ။

ဝန်ကြီးတွေ၊ ဒု-ဝန်ကြီးတွေကလည်း ဌာနအတွင်းမှာ မှန်ကန်တိကျတဲ့ ညွှန်ကြားချက်တွေထုတ်ပြီး ဘယ်ဌာနအကြီးအကဲတွေက မဆောင်ရွက်နိုင်သလဲ။ဘယ်သူတွေ ညွှန်ကြားချက်ကို မလိုက်နာပဲ ခေါင်းရှောင်နေလဲဆိုတာကို အမြဲစောင့်ကြည့် အကဲဖြတ်နေရမှာပါ။ဒီလိုဆောင်ရွက်နေမှုတိုင်းကို သမ္မတအနေနဲ့လည်း အမြဲစောင့်ကြည့်ပြီး လိုအပ်တာတွေကို လမ်းညွှန်နိုင်ရမှာပါ။

ဌာနဆိုင်ရာ ဥပဒေနဲ့အညီ အရေးယူသင့်တာ အရေးယူနိုင်ရပါတော့မယ်။ဌာနတွင်း အရေးယူမှုတွေနဲ့ ဆောင်ရွက်မှု ထူးချွန်သူတွေကို ရာထူးတိုးမြှင့်ပေးနိုင်ဖို့လည်း လိုအပ်ပါတယ်။ဒီလိုသက်ဆိုင်ရာဌာနတွေအတွင်းမှာ ဆုပေး၊ ဒဏ်ပေး စနစ်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်မယ်ဆိုရင် ပြည်သူတွေ အားရကျေနပ်ကြမှာပါ။ပြည်သူတွေအတွက်စားဝတ်နေရေးနဲ့ သွားလာရေးတွေမှာ လက်ရှိအခြေအနေထက် ပိုအဆင်ပြေလာနိုင်မယ်လို့ ထင်ပါတယ်။

အခုဆို မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ကိုင်မှု အခက်ခဲဆုံး တိုင်းပြည်စာရင်းထဲမှာ ထိပ်ဆုံးကပါနေပါပြီ။ပြည်တွင်းမှာ နေထိုင်ကြတဲ့ ပြည်သူတွေ အလုပ်အကိုင် အဆင်ပြေနိုင်မယ့် နည်းလမ်းတွေကိုလည်း ရှာကြံနေရပါလိမ့်မယ်။စီးပွားရေးဆိုင်ရာ သမ္မတအကြံပေးတွေ မှန်မှန်ကန်ကန်ထားနိုင်ဖို့ လိုအပ်နေပါတယ်။ပြောမယ်ဆိုရင် ၂၀၀၈ ခြေဥ ပြင်ဆင်နိုင်ဖို့ ဆိုတာတွေ မေ့ထားပြီး ပြည်သူတွေ စားဝတ်နေရေး၊ သွားလာရေးတွေကိုပဲ ၂၀၀၈ ခြေဥဘောင်ထဲကနေ ဦးစားပေး ဆောင်ရွက်စေချင်ပါတယ်။အရပ်သားအစိုးရအတွက် နောက်သက်တမ်းမှာ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကို အနည်းငယ်လောက်ပဲဖြစ်ဖြစ် ပြေလည်အောင် လုပ်နိုင်ခဲ့ရင် ပြည်သူတွေ ကျေနပ်သွားကြပါလိမ့်မယ်။

အခုလက်ရှိ အခြေအနေကို ကြည့်မယ်ဆိုရင် အင်အယ်ဒီအစိုးရကို ပြည်သူတွေ ထောက်ခံအား ကျဆင်းနေပါပြီ။ဒီအတိုင်း ဆက်သွားမယ်ဆိုရင် နောက်သက်တမ်းမှာ အစိုးရဆက်ဖြစ်နိုင်ဖို့ မသေချာတော့ပါဘူး။ဒီလိုပြည်သူတွေရဲ့ ထောက်ခံအား ကျဆင်းနေတဲ့ အဓိကအချက်က စားဝတ်နေရေးပါပဲ။ကုန်ဈေးနှုန်း တနေ့ထက်တနေ့ ပိုကြီးမြင့်နေတာတွေဟာ လက်ရှိ အင်အယ်ဒီအစိုးရကို ပြည်သူတွေ စိတ်ပျက်နေကြတာလို့ ပြောနိုင်ပါတယ်။

မြန်မာပြည်အတွက် နိုင်ငံတော်သမ္မတနဲ့ နိုင်ငံံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တာဝန်ခွဲဝေပြီး လုပ်ဆောင်နေကြတဲ့အထဲမှာ ပြည်သူတွေရဲ့ ဒုက္ခဆင်းရဲမှုတွေ အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်တာက သမ္မတအပေါ်မှာ မူတည်နေပါတယ်။

ရေရှည်လမ်းကို လျှောက်ရမယ့် ပြည်တွင်းငြိမ်းချမ်းရေးတွေ၊ နိုင်ငံတကာနဲ့ ဆက်ဆံရေးတွေ၊ ရခိုင်ပြည်နယ် အရေးကိစ္စတွေ ဆောင်ရွက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဆောင်ရွက်နေမှုတွေထက် အခုလက်ရှိ ပြည်သူတွေရဲ့ စားဝတ်နေရေးတွေ အဆင်ပြေအောင် လုပ်ဆောင်မယ့် နိုင်ငံတော်သမ္မတရဲ့ လုပ်ဆောင်နိုင်မှုက ပိုအရေးကြီးနေပါတယ်။

အဲဒီတော့ အရပ်သား အင်အယ်ဒီအစိုးရရဲ့ လက်ကျန်သက်တမ်းမှာ ဘယ်နည်းလမ်းနဲ့မှ ပြင်ဆင်ဖို့ မလွယ်ကူတဲ့ ၂၀၀၈ ခြေဥ ပြင်ဆင်ရေးကို မေ့ထားလိုက်စေချင်ပါတယ်။

မြတ်လှိုင်း
နိုဝင်ဘာ - ၂၄

( Zawgyi )

ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံရဲ႕ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒဟာ ကမာၻေပၚမွာ ဘယ္ႏိုင္ငံမွာမွ မရွိဘူးေသးတဲ့ ဂႏၲဝင္ေျမာက္ အေျခခံဥပေဒ ျဖစ္တယ္ဆိုတာ ျမန္မာျပည္သူေတြအားလုံး သိေနၾကပါၿပီ။ျမန္မာျပည္သူေတြပါမကပဲ ကမာၻႀကီးကပါ သိေနၾကပါၿပီ။

အင္အယ္ဒီ အတိုက္အခံပါတီ ဘဝတုန္းက ၈၈ မ်ိဳးဆက္ ၿငိမ္း/ပြင့္ က မင္းကိုႏိုင္ တို႔ အားကိုယူၿပီး အတိုက္အခံေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ အေနနဲ႔ ၂၀၀၈ ေျခဥကို ျပင္ဆင္ႏိုင္ေရး ႀကိဳးပမ္းခဲ့ၾကတာကိုလည္း အားလုံးအသိပါပဲ။၂၀၁၅ ေ႐ြးေကာက္ပြဲ မတိုင္ခင္ကလည္း အင္အယ္ဒီပါတီ ေအာင္ႏိုင္ေရး မဲဆြယ္ခဲ့တဲ့အထဲမွာလည္း ၂၀၀၈ ေျခဥ ျပင္ဆင္ေရးဟာ အဓိကေနရာက ပါဝင္ခဲ့ပါတယ္။

၂၀၁၅ ေ႐ြးေကာက္ပြဲမွာ အင္အယ္ဒီ အႏိုင္ရၿပီး လႊတ္ေတာ္ေတြ၊ အစိုးရေတြလည္း ဖြဲ႕ၿပီးခဲ့ပါၿပီ။အင္အယ္ဒီလႊတ္ေတာ္နဲ႔ အင္အယ္ဒီအစိုးရ ဖြဲ႕ၿပီးကတည္း က ၂၀၀၈ ေျခဥ ျပင္ဆင္ေရးဆြဲေရးဟာ အသံေပ်ာက္သြားပါတယ္။၂၀၀၈ ေျခဥ ျပင္ဆင္ေရးအစား ျပည္တြင္းၿငိမ္းခ်မ္းေရးအသံ ပိုၿပီးက်ယ္ေလာင္လာပါတယ္။၂၀၀၈ ေျခဥ ျပင္ဆင္ေရးကိုလည္း ၿငိမ္းခ်မ္းေရးအေပၚ လႊဲတင္လိုက္ပါေတာ့တယ္။အမွန္တကယ္လည္း ၂၀၀၈ ေျခဥကို ျပင္ဆင္ႏိုင္ဖို႔ ဘယ္လိုနည္းေတြနဲ႔ ႀကိဳးစားႀကိဳးစား ေအာင္ျမင္ဖို႔ မလြယ္ႏိုင္ပါဘူး။လက္ရွိအေနအထားအရ စစ္တပ္ (တပ္မေတာ္) က သေဘာမတူရင္ ၂၀၀၈ေ ေျခဥကို ျပင္ဆင္လို႔ မရႏိုင္ပါ ဘူး။အင္အယ္ဒီအစိုးရ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ လည္း သိသြားၿပီျဖစ္ေတာ့ အင္အယ္ဒီလႊတ္ေတာ္နဲ႔ အင္အယ္ဒီအစိုးရအေနနဲ႔ အသံတိတ္သြားခဲ့တာ ျဖစ္ပါတယ္။ၿငိမ္းခ်မ္းေရးဖက္ကေန ျပင္ဆင္ႏိုင္မလားလို႔ ႀကံစည္ခဲ့ပါေသးတယ္။ဒီျပည္တြင္းၿငိမ္းခ်မ္းေရးမွာလည္း တျပည္လုံးအပစ္ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA နဲ႔ ခ်ဳပ္ထားလိုက္ပါတယ္။

ေျပာမယ္ဆိုရင္ ၂၀၀၈ ေျခဥကို ဘယ္ဘက္ကမွ မျပင္ႏိုင္ေအာင္ လုပ္ထားခဲ့တာပါ။၂၀၀၈ ေျခဥ စစ္တုရင္ကစားကြက္မွာ ျမန္မာျပည္ႏိုင္ငံေရးဟာ ခြခ်က္ခံေနရသလို၊ မလႈပ္ရွားႏိုင္ေအာင္ ပိတ္ထားခံေနရတဲ့ ကစားကြက္ပါ။ျပင္ဆင္ႏိုင္ဖို႔ အလြန္ခက္ခဲတဲ့ ေျခဥျဖစ္ပါတယ္။မျပင္ဆင္ႏိုင္တဲ့ အေျခအေနလား ဆိုရင္ေတာ့လည္း မဟုတ္ပါဘူး။ျပင္ဆင္ႏိုင္ဖို႔ တစ္နည္းေတာ့ ရွိပါေသးတယ္။လက္ရွိ စစ္တပ္ (တပ္မေတာ္) ေခါင္းေဆာင္က ျပင္ဆင္ခြင့္ျပဳလိုက္တဲ့ နည္းပါပဲ။

အခုအခ်ိန္မွာ ၂၀၀၈ ေျခဥကို ျပင္ဆင္ႏိုင္ဖို႔ကို ေမ့ထားလိုက္ပါ။ဒီျပင္ဆင္ႏိုင္ေရးအတြက္ ၿငိမ္းခ်မ္းေရး လမ္းကို ဦးစားေပးေလွ်ာက္ခဲ့တာ သုံးႏွစ္နီးပါး ရွိေနပါၿပီ။ေ႐ြးေကာက္ပြဲမွာ အႏိုင္ရတဲ့ အင္အယ္ဒီအစိုးရ သက္တမ္းက ႏွစ္ႏွစ္ေလာက္သာ က်န္ပါေတာ့တယ္။ဒီက်န္တဲ့ ႏွစ္ႏွစ္ကာလအတြင္းမွာ ၂၀၀၈ ေျခဥေဘာင္ထဲကေန လက္ရွိအရပ္သားအစိုးရအေနနဲ႔ ျပည္သူေတြအက်ိဳးအတြက္ ေဆာင္႐ြက္သင့္တာေတြ ေသေသခ်ာခ်ာ စနစ္တက် ေဆာင္႐ြက္ႏိုင္ပါေသးတယ္။

အမွန္တကယ္ေျပာရရင္ အရပ္သားအစိုးရမွာ အာဏာအျမင့္ဆုံးေပးထားတဲ့ ႏိုင္ငံေတာ္သမၼတက အဓိကက်ေနပါတယ္။၂၀၀၈ ေျခဥထဲက ႀကံဖန္ဆြဲထုတ္လိုက္တဲ့ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္က အဓိကမက်ပါဘူး။ဒါထားပါေတာ့။အခုဆို ႏိုင္ငံေတာ္သမၼတနဲ႔ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္တို႔ ခြဲျခားေဆာင္႐ြက္ခြင့္ ရွိေနၿပီလို႔ ကြၽန္ေတာ္တို႔ သတ္မွတ္ရမွာပါ။ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္က ႏိုင္ငံံျခားေရးဝန္ႀကီးဌာနေတြကို ပူးတြဲကိုင္ထားပါတယ္။အဲ့ဒီအတြက္ ႏိုင္ငံတကာဆက္ဆံေရးေတြ၊ ႏိုင္ငံံတကာ အခမ္းအနားေတြ၊ အစည္းအေဝးေတြ တက္ေရာက္ေနပါတယ္။

ႏိုင္ငံေတာ္ ၿငိမ္းခ်မ္းေရးအတြက္လည္း ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္က်င္းပေနပါတယ္။ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ (၂၁) ရာစု ပင္လုံညီလာခံကို အဓိက ထား ေဆာင္႐ြက္ေနပါတယ္။ဒီက်န္တဲ့ ႏွစ္ႏွစ္တာကာလအတြင္း ၿငိမ္းခ်မ္းေရးလုပ္ငန္း ေအာင္ျမင္မယ္၊ မေအာင္ျမင္မယ္ ဆိုတာေတာ့ မေသခ်ာေသးပါဘူး။ျမန္မာႏိုင္ငံအတြက္ ႏိုင္ငံတကာမွာ အစြပ္စြဲခံေနရတဲ့ ရခိုင္ျပည္နယ္က အခက္အခဲေတြကိုလည္း ေဒၚေအာင္ဆန္းစုၾကည္ က တာဝန္ခံေျဖရွင္းေနပါတယ္။အခုေျပာတဲ့ အေရးႀကီး စိန္ေခၚမႈေတြအတြက္ ႏိုင္ငံံေတာ္သမၼတအေနနဲ႔ ပါဝင္ေဆာင္႐ြက္စရာ မလိုေတာ့တာကို ေတြ႕ျမင္ေနရပါတယ္။

အခု ႏိုင္ငံံေတာ္သမၼတအေနနဲ႔ သူကိုင္တြယ္ထားရတဲ့ ဝန္ႀကီးဌာနေတြကို ၾကပ္ၾကပ္မတ္မတ္ ကိုင္တြယ္ၿပီး ေဆာင္႐ြက္ႏိုင္ဖို႔ပဲ လိုပါေတာ့တယ္။၂၀၀၈ ေျခဥအရ ျပည္ထဲေရး၊ ကာကြယ္ေရးနဲ႔ နယ္စပ္ေရး ဝန္ႀကီးဌာနသုံးခုကို ကာကြယ္ေရးဦးစီးခ်ဳပ္အေနနဲ႔ ကိုင္ထားတဲ့အတြက္ သမၼတက ကိုင္တြယ္လမ္းၫႊန္စရာ မလိုေတာ့ပါဘူး။

အရပ္သားအစိုးရ လက္ေအာက္မွာရွိတဲ့ ဝန္ႀကီးဌာနေတြ အမ်ားႀကီးရွိေနပါတယ္။သက္တမ္းႏွစ္ႏွစ္အ တြင္းမွာ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေတြကို စနစ္တက် လမ္းၫႊန္ေပးႏိုင္ဖို႔လည္း လိုအပ္ေနပါတယ္။အဓိကကိုင္တြယ္ ေဆာင္႐ြက္ရမွာက ျပည္သူေတြရဲ႕ စားဝတ္ေနေရး၊ သြားလာေရးနဲ႔ သက္ဆိုင္တဲ့ ဝန္ႀကီးဌာနေတြပဲ ျဖစ္ပါတယ္။အခု သမၼတဟာ ေရွ႕ေနႀကီးျဖစ္တဲ့အတြက္၊ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ကိစၥေတြကို စတင္ကိုင္တြယ္ေနတာ ေတြ႕ရပါတယ္။ႏိုင္ငံံေတာ္အတြင္းမွာ ျခစားမႈေတြနဲ႔ နာမည္ပ်က္ေနတဲ့ တရားေရးကိုလည္း တည့္မတ္ေအာင္ ထိန္းေက်ာင္းေပးေနတာေတြကိုလည္း ေတြ႕ရပါတယ္။မီဒီယာေတြကို တရားစြဲခံရတာကို သမၼတအေနနဲ႔ မွန္မွန္ကန္ကန္ လမ္းၫႊန္ေပးႏိုင္ခဲ့တာကိုလည္း ေတြ႕ရပါတယ္။ႏိုင္ငံေတာ္သမၼတရဲ႕ လုပ္ပိုင္ခြင့္အရ ႏိုင္ငံေတာ္လြတ္ၿငိမ္းခ်မ္းသာခြင့္ထဲမွာ လႊတ္သင့္တဲ့ ႏိုင္ငံံေရးအက်ဥ္းသားေတြ အပါအဝင္ လႊတ္သင့္တဲ့ ေထာင္က်ေတြကို လႊတ္ေပးေနတာကိုလည္း သိရပါတယ္။ဒီေဆာင္႐ြက္မႈေတြဟာ ေဆာင္႐ြက္သင့္ေနတဲ့ ေဆာင္႐ြက္မႈေတြ ျဖစ္ပါတယ္။ဒီေဆာင္႐ြက္ခ်က္ေတြကိုၾကည့္ရင္ သမၼတအေနနဲ႔ ဥပေဒနဲ႔ ပတ္သက္တာေတြ ေဆာင္႐ြက္တာေတြ မ်ားေနပါတယ္။

ေရွ႕ကာလေတြမွာ အရပ္သားအစိုးရဝန္ႀကီးဌာန ဝန္ႀကီးေတြကို အၿမဲေတြ႕ဆုံၿပီး ျပည္သူေတြစားဝတ္ေနေရး ေခ်ာင္လည္ေအာင္ ေဆာင္႐ြက္ႏိုင္ဖို႔ လိုပါတယ္။အေရးအႀကီးဆုံးအေနနဲ႔ကေတာ့ ျပည္သူေတြရဲ႕ စားဝတ္ေနေရးနဲ႔ သြားလာေရးေတြကို တေျဖးေျဖး အဆင္ေျပလာေအာင္ ေဆာင္႐ြက္ေပးႏိုင္မယ့္ ဝန္ႀကီးဌာန ဝန္ႀကီးေတြကို သူတို႔ကိုင္တြယ္ထားတဲ့ ဌာနအႀကီးအကဲေတြကို ေသေသခ်ာခ်ာ ထိန္းကြပ္ထားႏိုင္ဖို႔ ၫႊန္ၾကားေပးႏိုင္ဖို႔ လိုသလို၊ သမၼတရဲ႕ ၫႊန္ၾကားခ်က္ကို လိုက္ပါေဆာင္႐ြက္ႏိုင္စြမ္းမရွိတဲ့ ဝန္ႀကီးေတြကို ဖယ္ရွားၿပီး အသစ္ျပန္ခန႔္ထားႏိုင္ဖို႔လည္း လိုပါတယ္။ဘယ္ဝန္ႀကီးေတြက ျပည္သူေတြအက်ိဳးကို မေဆာင္႐ြက္ႏိုင္ဘူးလည္း ဆိုတာကို ျပည္သူေတြရဲ႕ အသံကို နားေထာင္ၾကည့္မယ္ဆိုရင္ သိႏိုင္ပါလိမ့္မယ္။

အခုအေျခအေနမွာ ဘယ္ဝန္ႀကီးေတြက စြမ္းေဆာင္ႏိုင္မႈ အားနည္းေနသလဲဆိုတာကို ျပည္သူေတြ သိေနၾကပါၿပီ။ဒီလက္ရွိ ပညာရွင္ဝန္ႀကီးေတြကို သက္ဆိုင္ရာဝန္ႀကီးဌာနမွာ အႀကံေပးပုဂၢိဳလ္ေတြ ျပန္ခန႔္အပ္ထားႏိုင္ပါတယ္။သူတို႔လက္ေအာက္က ဌာနဆိုင္ရာ အၿမဲတန္းအတြင္းဝန္ေတြ ေနရာမွာ ဒု-ဝန္ႀကီးေတြကို တာဝန္ေပးထားရမွာပါ။

ဝန္ႀကီးေတြ၊ ဒု-ဝန္ႀကီးေတြကလည္း ဌာနအတြင္းမွာ မွန္ကန္တိက်တဲ့ ၫႊန္ၾကားခ်က္ေတြထုတ္ၿပီး ဘယ္ဌာနအႀကီးအကဲေတြက မေဆာင္႐ြက္ႏိုင္သလဲ။ဘယ္သူေတြ ၫႊန္ၾကားခ်က္ကို မလိုက္နာပဲ ေခါင္းေရွာင္ေနလဲဆိုတာကို အၿမဲေစာင့္ၾကည့္ အကဲျဖတ္ေနရမွာပါ။ဒီလိုေဆာင္႐ြက္ေနမႈတိုင္းကို သမၼတအေနနဲ႔လည္း အၿမဲေစာင့္ၾကည့္ၿပီး လိုအပ္တာေတြကို လမ္းၫႊန္ႏိုင္ရမွာပါ။

ဌာနဆိုင္ရာ ဥပေဒနဲ႔အညီ အေရးယူသင့္တာ အေရးယူႏိုင္ရပါေတာ့မယ္။ဌာနတြင္း အေရးယူမႈေတြနဲ႔ ေဆာင္႐ြက္မႈ ထူးခြၽန္သူေတြကို ရာထူးတိုးျမႇင့္ေပးႏိုင္ဖို႔လည္း လိုအပ္ပါတယ္။ဒီလိုသက္ဆိုင္ရာဌာနေတြအတြင္းမွာ ဆုေပး၊ ဒဏ္ေပး စနစ္ကို စတင္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္မယ္ဆိုရင္ ျပည္သူေတြ အားရေက်နပ္ၾကမွာပါ။ျပည္သူေတြအတြက္စားဝတ္ေနေရးနဲ႔ သြားလာေရးေတြမွာ လက္ရွိအေျခအေနထက္ ပိုအဆင္ေျပလာႏိုင္မယ္လို႔ ထင္ပါတယ္။

အခုဆို ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးလုပ္ကိုင္မႈ အခက္ခဲဆုံး တိုင္းျပည္စာရင္းထဲမွာ ထိပ္ဆုံးကပါေနပါၿပီ။ျပည္တြင္းမွာ ေနထိုင္ၾကတဲ့ ျပည္သူေတြ အလုပ္အကိုင္ အဆင္ေျပႏိုင္မယ့္ နည္းလမ္းေတြကိုလည္း ရွာႀကံေနရပါလိမ့္မယ္။စီးပြားေရးဆိုင္ရာ သမၼတအႀကံေပးေတြ မွန္မွန္ကန္ကန္ထားႏိုင္ဖို႔ လိုအပ္ေနပါတယ္။ေျပာမယ္ဆိုရင္ ၂၀၀၈ ေျခဥ ျပင္ဆင္ႏိုင္ဖို႔ ဆိုတာေတြ ေမ့ထားၿပီး ျပည္သူေတြ စားဝတ္ေနေရး၊ သြားလာေရးေတြကိုပဲ ၂၀၀၈ ေျခဥေဘာင္ထဲကေန ဦးစားေပး ေဆာင္႐ြက္ေစခ်င္ပါတယ္။အရပ္သားအစိုးရအတြက္ ေနာက္သက္တမ္းမွာ ျပည္သူေတြရဲ႕ ဆင္းရဲဒုကၡေတြကို အနည္းငယ္ေလာက္ပဲျဖစ္ျဖစ္ ေျပလည္ေအာင္ လုပ္ႏိုင္ခဲ့ရင္ ျပည္သူေတြ ေက်နပ္သြားၾကပါလိမ့္မယ္။

အခုလက္ရွိ အေျခအေနကို ၾကည့္မယ္ဆိုရင္ အင္အယ္ဒီအစိုးရကို ျပည္သူေတြ ေထာက္ခံအား က်ဆင္းေနပါၿပီ။ဒီအတိုင္း ဆက္သြားမယ္ဆိုရင္ ေနာက္သက္တမ္းမွာ အစိုးရဆက္ျဖစ္ႏိုင္ဖို႔ မေသခ်ာေတာ့ပါဘူး။ဒီလိုျပည္သူေတြရဲ႕ ေထာက္ခံအား က်ဆင္းေနတဲ့ အဓိကအခ်က္က စားဝတ္ေနေရးပါပဲ။ကုန္ေဈးႏႈန္း တေန႔ထက္တေန႔ ပိုႀကီးျမင့္ေနတာေတြဟာ လက္ရွိ အင္အယ္ဒီအစိုးရကို ျပည္သူေတြ စိတ္ပ်က္ေနၾကတာလို႔ ေျပာႏိုင္ပါတယ္။

ျမန္မာျပည္အတြက္ ႏိုင္ငံေတာ္သမၼတနဲ႔ ႏိုင္ငံံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ တာဝန္ခြဲေဝၿပီး လုပ္ေဆာင္ေနၾကတဲ့အထဲမွာ ျပည္သူေတြရဲ႕ ဒုကၡဆင္းရဲမႈေတြ အဆင္ေျပေအာင္ ေဆာင္႐ြက္ေပးႏိုင္တာက သမၼတအေပၚမွာ မူတည္ေနပါတယ္။

ေရရွည္လမ္းကို ေလွ်ာက္ရမယ့္ ျပည္တြင္းၿငိမ္းခ်မ္းေရးေတြ၊ ႏိုင္ငံတကာနဲ႔ ဆက္ဆံေရးေတြ၊ ရခိုင္ျပည္နယ္ အေရးကိစၥေတြ ေဆာင္႐ြက္ေနတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ ေဆာင္႐ြက္ေနမႈေတြထက္ အခုလက္ရွိ ျပည္သူေတြရဲ႕ စားဝတ္ေနေရးေတြ အဆင္ေျပေအာင္ လုပ္ေဆာင္မယ့္ ႏိုင္ငံေတာ္သမၼတရဲ႕ လုပ္ေဆာင္ႏိုင္မႈက ပိုအေရးႀကီးေနပါတယ္။

အဲဒီေတာ့ အရပ္သား အင္အယ္ဒီအစိုးရရဲ႕ လက္က်န္သက္တမ္းမွာ ဘယ္နည္းလမ္းနဲ႔မွ ျပင္ဆင္ဖို႔ မလြယ္ကူတဲ့ ၂၀၀၈ ေျခဥ ျပင္ဆင္ေရးကို ေမ့ထားလိုက္ေစခ်င္ပါတယ္။

ျမတ္လႈိင္း
ႏိုဝင္ဘာ - ၂၄