“ မြန်မာပြည်စစ် အာဏာရှင်တော်လှ န်ရေးသမိုင်းဝင် ဒီဇင်ဘာ၁၀ရက်(10D)”

“ မြန်မာပြည်စစ်အာဏာရှင်တော်လှန်ရေးသမိုင်းဝင် ဒီဇင်ဘာ၁၀ရက်(10D)”

ဘယ်တော့မှမေ့မရနိုင်တဲ့ကာလတွေရှင်သန်နေတဲ့လူတိုင်းမှာရှိနေကြမှာပါ။မြန်မာပြည်အတွက်စစ်အာဏာရှင်တော်လှန်ခဲ့တဲ့နိုင်ငံရေးသမားတွေအတွက်ကတော့တက်ကြွပြီးအားမာန်ပြည့်ဝနေတဲ့ ကာလတွေရှိသလို၊နာကျင်ကြွေကွဲရတဲ့ နေ့တွေလည်းရှိခဲ့ကြပါလိမ့်မယ်။၁၉၆၂ခုနှစ်အာဏာရှင်ခေတ်စတင်ကတည်းကဇူလိုင်ဆဲဗင်းအရေးအခင်း၊၇၄/၇၆ဦးသန့်အရေးအခင်းတွေ၊မှိုင်းရာပြည့်အရေးအခင်းတွေနဲ့ကျွန်းဆွယ်အရေးအခင်းတွေအားလုံးမှာကျောင်းသားတွေရှေ့တန်းကပါဝင်ခဲ့ပြီးနိုင်ငံရေးသမားတွေဖြစ်လာခဲ့ကြပါတယ်။ဒီအစဉ်အလာကလည်းဗိုလ်ချုပ်အောင်ဆန်းတို့ကျောင်းသားဘဝတွေကနေနိုင်ငံရေးသမားတွေဖြစ်လာခဲ့တာကိုနောက်မျိုးဆက်သစ်တွေခံယူခဲ့ကြတာလို့ပြောနိုင်ပါတယ်။
ကျွန်တော်တို့ခေတ်မှာ၁၉၈၈လူထုအရေးတော်ပုံကြီးမှာအရင်ခေတ်ကျောင်းသားတွေဦးဆောင်ခဲ့ကြတဲ့အစဉ်အလာအတိုင်း၊ကျောင်းသားတွေရှေ့ဆုံးကပါဝင်ခဲ့ကြပြီး၊ကျောင်းသားခေါင်းဆောင်တွေဖြစ်လာခဲ့ကြပါတယ်။၁၉၈၈ခုနှစ်ကနေနှစ်ပေါင်းသုံးဆယ်ကျော်ကြာပြီးတဲ့အချိန်မှာတော့ကျောင်းသားခေါင်းဆောင်တွေဟာနိုင်ငံရေးသမားတွေဖြစ်လာကြပါပြီ။
၁၉၈၈ကပေါ်ထွက်လာတဲ့ကျောင်းသားခေါင်းဆောင်တွေထဲမှာပြန်ကြည့်လိုက်ရင်၊နိုင်ငံရေးလုပ်ချင်စိတ်နဲ့နိုင်ငံရေးသမားဖြစ်လာကြတဲ့သူတွေ၊နိုင်ငံရေးလုပ်ဖို့ရည်ရွယ်ချက်မရှိပဲနိုင်ငံရေးသမားဖြစ်လာကြတဲ့သူတွေရှိနေပါတယ်။

 

၈၈ကျောင်းသားခေါင်းဆောင်တွေဟာစစ်အာဏာရှင်တွေကိုအံ့တုတော်လှန်လာရတဲ့အတွက်၊နိုင်ငံရေးသမားမဖြစ်ခင်မှာပဲကျဆုံးသွားခဲ့ရတဲ့သူတွေလည်းရှိပါတယ်။စစ်အာဏာရှင်တွေရဲ့ဖမ်းဆီးထောင်သွင်းအကျဉ်းချဖိနှပ်မှုဒဏ်တွေကိုအလူးအလဲခံစားခဲ့ရပြီးရုပ်နာမ်ယိမ်းယိုင်သွားခဲ့ရသူတွေရှိနေသလို၊စစ်အာဏာရှင်တွေရဲ့ရက်စက်ကြမ်းတမ်းမှုကြောင့်မြန်မာပြည်ရဲ့အဝေးကိုလွင့်စင်သွားခဲ့ကြတဲ့သူလည်းရှိနေပါသေးတယ်။စစ်အာဏာရှင်တွေကိုလက်နက်ကိုင်တော်လှန်ခဲ့ကြတဲ့သူတွေရော၊စစ်အာဏာရှင်တွေရဲ့ဖမ်းဆီးနှိပ်စက်မှုကိုတိမ်းရှောင်သွားခဲ့သူတွေရော၊အခုအချိန်ထိမြန်မာပြည်ကိုပြန်မလာနိုင်ကြသေးပါဘူး။
၈၈ကစတင်ပေါ်ပေါက်လာခဲ့တဲ့ကျောင်းသားလူငယ်ခေါင်းဆောင်တွေဟာအခုဆိုရင်နှစ်ပေါင်းသုံးဆယ်ကျော်ဖြတ်သန်းခဲ့ကြတဲ့နိုင်ငံရေးအတွေ့အကြုံတွေ၊ရင့်ကျက်မှုတွေရှိနေပါပြီ။ကျွန်တော်တို့မြန်မာနိုင်ငံမှာအခုဆိုစစ်အာဏာရှင်စနစ်ပြိုပျက်စပြုနေပါပြီ။ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလကိုရောက်နေတဲ့အချိန်မှာ၊၈၈ကနေပေါ်ထွက်လာတဲ့နိုင်ငံရေးသမားတွေတိုင်းပြည်ပြန်လည်ထူထောင်ရေးမှာဦးဆောင်မှုအခန်းကဏ္ဍကိုရောက်ရှိနေရမှာပါ။မြန်မာပြည်လွတ်လပ်ရေးရခဲ့ပြီးချိန်ကိုပြန်ကြည့်ရင်ကျောင်းသားလူငယ်ခေါင်းဆောင်တွေကိုဝါရင့်နိုင်ငံရေးသမားကြီးတွေကနေရာပေးခဲ့ကြတာကိုတွေ့ရပါလိမ့်မယ်။လွတ်လပ်ရေးမရခင်ကာလနဲ့လွတ်လပ်ရေးရပြီးကာလတွေမှာလည်းကျောင်းသားခေါင်းဆောင်တွေ၊လူငယ်ခေါင်းဆောင်တွေအားလုံးညီညွတ်ခဲ့ကြပါတယ်။
အခုမြန်မာပြည်ရဲ့နိုင်ငံရေးအခြေအနေကိုကြည့်ရင်၊နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့၈၈မျိုးဆက်ကျောင်းသားလူငယ်ခေါင်းဆောင်တွေကိုနေရာမပေးခဲ့ကြပါဘူး။အသိသာဆုံးအနေနဲ့ပြောရမယ်ဆိုရင်၂၀၁၅ရွေးကောက်ပွဲကိုအင်အယ်ဒီနဲ့တွဲပြီးရွေးကောက်ပွဲဝင်မယ့်၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ၊လူငယ်ခေါင်းဆောင်တွေကိုဘေးဖယ်ထားခဲ့ပါတယ်။၈၈မျိုးဆက်ကျောင်းသားလူငယ်တွေဘက်ကိုပြန်ကြည့်လိုက်ရင်လည်းစုစည်းညီညွတ်မှုကိုတော့မပြနိုင်ခဲ့ပါဘူး။
ဒါကလည်းစစ်အာဏာရှင်ခေတ်ဆိုးကြီးမှာစုစည်းညီညွတ်ခဲ့ကြတဲ့၈၈မျိုးဆက်ကျောင်းသားလူငယ်တွေကိုသွေးခွဲသပ်လျှိုဖြိုခွဲမှုတွေကြောင့်ပြိုကွဲခဲ့ရသလိုဖြစ်ခဲ့ပါတယ်။

 

ဘယ်လိုနည်းနဲ့ဖြိုခွဲခဲ့ပါစေ၊အခုအချိန်မှာတော့၈၈မျိုးဆက်ကျောင်းသားလူငယ်ခေါင်းဆောင်တွေအချင်းချင်းပြန်နားလည်မှုယူနိုင်ရမယ့်အချိန်ဖြစ်နေပါပြီ။အခုဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ၊မြန်မာပြည်နိုင်ငံရေးမှာရပ်တည်နေတဲ့၈၈မျိုးဆက်တွေအတော်များများရှိနေပါပြီ။
၂၀၁၁ခုနှစ်မှာ(10D)ခေါ်နိုဗယ်ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးလှုပ်ရှားခဲ့တဲ့ကျောင်းသားလူငယ်တွေရဲ့နှစ်နှစ်ဆယ်ပြန်လည်တွေ့ဆုံပွဲဟာ၊မြန်မာပြည်အတွက်ပထမဦးဆုံးကျင်းပနိုင်ခဲ့တဲ့အခမ်းအနားတစ်ခုလို့ပြောနိုင်ပါတယ်။အဲဒီအခမ်းအနားကိုနေအိမ်အကျယ်ချုပ်ကနေပြန်လွတ်မြောက်လာတဲ့ဒေါ်အောင်ဆန်းစုကြည်လည်းတက်ရောက်ခဲ့ပါတယ်။
၈၈လူထုအရေးတော်ပုံကြီးနောက်ပိုင်းမှာ(10D)ခေါ်နိုဗယ်ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးလှုပ်ရှားခဲ့တဲ့ကျောင်းသားလူငယ်တွေဟာမြန်မာပြည်ရဲ့စစ်အာဏာရှင်တော်လှန်ရေးမှာ၈၈ကျောင်းသားလူငယ်ခေါင်းဆောင်တွေပါဝင်မှုအများဆုံးလှုပ်ရှားမှုတစ်ခုပါ။ဒီ(10D)နှစ်နှစ်ဆယ်ပြည့်တွေ့ဆုံမှုအခမ်းအနားနောက်မှာ၂၀၁၃မှာကျင်းပနိုင်ခဲ့တဲ့ရှစ်လေးလုံးငွေရတုအခမ်းအနားဟာ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေလူငယ်ခေါင်းဆောင်တွေအကုန်တက်ရောက်နိုင်ခဲ့တဲ့အခမ်းအနားကြီးတစ်ခုဖြစ်ခဲ့ပါတယ်။
အဲဒီ၂၀၁၁(10D)နှစ်နှစ်ဆယ်မြောက်တွေ့ဆုံပွဲနဲ့၂၀၁၃ရှစ်လေးလုံးငွေရတုမှာတက်ရောက်ခဲ့ကြပြီး၊အခုလက်ရှိမြန်မာပြည်နိုင်ငံရေးနယ်မှာရပ်တည်နေတဲ့၈၈မျိုးဆက်ကျောင်းသားလူငယ်ခေါင်းဆောင်တွေအနေနဲ့အချင်းချင်းနားလည်မှုနဲ့စုစည်းမှုအင်အားကိုပြနိုင်ခဲ့မယ်ဆိုရင်၊အနာဂတ်မြန်မာပြည်ရဲ့နိုင်ငံရေးဦးဆောင်မှုကဏ္ဍကိုရောက်ရှိလာနိုင်မယ်ထင်ပါတယ်။အခုအချိန်မှာ10(D)နိုင်ငံရေးအင်အားစုကိုတောင်မသိကြတော့ပါဘူး။
10(D)ခေါ်တဲ့ကျောင်းသားလှုပ်ရှားမှုကိုပြန်ကြည့်မယ်ဆိုရင်၊၁၉၉၁ခုနှစ်ဒီဇင်ဘာလ၁၀ရက်နေ့ဟာမြန်မာပြည်ရဲ့အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုပေးအပ်တဲ့နေ့ပါ။

 

ဒီကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုကိုနော်ဝေနိုင်ငံအော်စလိုမြို့မှာပေးအပ်တဲ့အခန်းအနားကိုမြန်မာပြည်အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်မတက်ရောက်နိုင်ခဲ့ပါဘူး။စစ်အာဏာရှင်အစိုးရကဒေါ်အောင်ဆန်းစုကြည်ကိုနေအိမ်အကျယ်ချုပ်ချုပ်နှောင်ထားပါတယ်။
ဒီ၁၉၉၁ခုနှစ်ဒီဇင်ဘာ၁၀ရက်နေ့မှာနေအိမ်အကျယ်ချုပ်ခံနေရတဲ့ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လွှတ်ပေးဖို့ရန်ကုန်တက္ကသိုလ်(ပင်မ)နဲ့ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားတွေတောင်းဆိုဆန္ဒပြကြတယ်။အဲဒီဒီဇင်ဘာ၁၀ရက်နေ့မှာကျောင်းအတွင်းဆန္ဒပြမှုကိုဦးဆောင်ခဲ့တဲ့ကျောင်းသားခေါင်းဆောင်တွေကတော့ဆန်နီ(သီဟသူ)၊မြင့်ဆွေ(ရန်ကုန်ခရိုင်ကျောင်းသားသမဂ္ဂအတွင်းရေးမှူး)၊ကျော်စွာမိုး(အခုဧရာဝတီမီဒီယာအယ်ဒီတာ)၊မျိုးမြင့်(လူ့ဘောင်သစ်)၊ရန်နိုင်ဦး၊မောင်မှိုင်း၊ဝင်းနိုင်၊ဘိုဘိုဟန်တို့ဖြစ်ပါတယ်။ကျောင်းဝန်းအတွင်းမှာပဲဘိုဘိုဟန်ကိုသူခိုးသူခိုးဆိုပြီးအရပ်ဝတ်စစ်ထောက်လှမ်းရေးတွေကဝိုင်းဖမ်းတာခံလိုက်ရပါတယ်။အဲဒီညမှာတော့ကျောင်းအတွင်းဆန္ဒပြမှုကိုဦးဆောင်ခဲ့ကြတဲ့ကျောင်းသားခေါင်းဆောင်တွေကိုဖမ်းဆီးလိုက်ပါတယ်။
ဒီဇင်ဘာ၁၁ရက်နေ့မှာတော့ရန်ကုန်တက္ကသိုလ်နဲ့အင်းစိန်စက်မှုတက္ကသိုလ်ကျောင်းသားတွေထပ်မံဆန္ဒပြကြပါတယ်။ရန်ကုန်တက္ကသိုလ်ကျောင်းဝန်းတစ်ခုလုံးကိုစစ်တပ်တွေအလုံးအရင်းနဲ့ရောက်လာပြီးပိတ်ဆို့ထားလိုက်ပါတယ်။အပြင်ဘက်လှည်းတန်းဈေးဘက်မှာတော့ကျောင်းသားလူငယ်တွေစုဝေးလာကြပြီးဆန္ဒပြခဲ့ပါတယ်။ရန်ကုန်တက္ကသိုလ်ကျောင်းဝန်းထဲကဆန္ဒပြကျောင်းသားတွေနဲ့အပြင်ဘက်မှဆန္ဒပြကျောင်းသားလူငယ်တွေကိုမပေါင်းဆုံမိအောင်ခွဲခြားထားလိုက်တာပါ။
ရန်ကုန်တက္ကသိုလ်ဝန်းထဲမှာဆန္ဒပြကျောင်းသားတွေကထောင်နဲ့ချီရှိနေပါတယ်။နောက်ဆန္ဒပြကျောင်းသားတွေကိုစစ်တပ်ကဝင်လာပြီးဝိုင်းထားတာကိုခံလိုက်ရပါတယ်။အဲဒီနေ့ကကျောင်းသားတွေကိုတက္ကသိုလ်ဝန်းထဲကနေထွက်ခွင့်ပေးလိုက်ခဲ့ပေမယ့် ကျောင်းအတွင်းဆန္ဒပြလှုပ်ရှားမှုကိုဦးဆောင်ခဲ့တဲ့သူတွေကိုအဲဒီညမှာလိုက်ဖမ်းဆီးလိုက်ပါတယ်။ကျောင်းအတွင်းဆန္ဒပြလှုပ်ရှားမှုမှာပါခဲ့သူတွေတင်မကပါဘူး။

မြေပေါ်မှာရှိနေတဲ့ကျောင်းသားလူငယ်အဖွဲ့အစည်းပေါင်းစုံကခေါင်းဆောင်တွေကိုပါဖမ်းဆီးလိုက်ပါတယ်။ဗကသခေါင်းဆောင်တွေဖြစ်တဲ့ကိုကိုကြီး၊ညီညီထွန်း၊ဘိုဘိုထွန်း(မင်းကိုနိုင်ညီဝမ်းကွဲ)၊ဉာဏ်ဉာဏ်ထွန်း။မကသကဇော်မင်း(အာဗြဲ)၊အံ့ဘွယ်ကျော်။လူ့ဘောင်သစ်ပါတီကသက်ထွန်း၊ဇေယျ(ကုလားမ)၊ကျော်မြင့်ဦး(ကွယ်လွန်)၊သိမ်းဆွေ(အခုအမျိုးသားလွှတ်တော်ကိုယ်စားလှယ်)။အင်အယ်ဒီပါတီကမြတ်စံ(သုံးရောင်ခြယ်ကျောင်းသားခေါင်းဆောင်)၊သန်းထိုက်ဦး၊သက်နိုင်ဦး၊ဇော်အောင်၊တိုးဝင်း(အခုတာမွေပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊အောင်မျိုးကျော်(အရှည်လေး၊အခုနိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေး)၊စန်းမြိုင်(သားလေး)၊အောင်မျိုးဆန်း(စာကလေး)နဲ့ကျွန်တော်တို့ဖြစ်ပါတယ်။
ကျောင်းသူခေါင်းဆောင်တွေဖြစ်တဲ့ခင်မိုးအေး၊ကေသီ၊ခင်မို့မို့(စာရေးဆရာမခက်မာ)၊ထက်မာတို့ဖြစ်ပါတယ်။တပ်ဦးကဗထူးမောင်၊မင်းမင်းစိုး၊ပြည်စိုး။ရန်ကုန်စက်မှုတက္ကသိုလ်ကရဲနိုင်အောင်(ကိုဝ)၊ကြည်မိုးနိုင်(အခုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊လှိုင်မိုးသန်း၊သန်းလွင်ဦး(မာမီ)တို့ဖြစ်ပါတယ်။ဒီနိုင်ငံရေးအဖွဲ့အစည်းအသီးသီးကခေါင်းဆောင်တွေကိုတစ်စုတစည်းထဲဖမ်းဆီးမှုကိုပြန်ကြည့်မယ်ဆိုရင်စစ်အာဏာရှင်အစိုးရအနေနဲ့အမျိုးသားညီလာခံမတိုင်ခင်မှာမြေပေါ်မှာကျန်ရှိနေတဲ့ကျောင်းသားလူငယ်ခေါင်းဆောင်တွေအကုန်လုံးကိုဖမ်းဆီးပြီးထောင်ထဲထည့်ထားဖို့အကြံအစည်ရှိတာကိုတွေ့လိုက်ရပါတယ်။အခုကျွန်တော်ပြောခဲ့တဲ့ခေါင်းဆောင်တွေကိုပုဒ်မ၅(ည)နဲ့ထောင်၂၀နှစ်၊၁၅နှစ်၊၁၀နှစ်ချလိုက်တာကတော့စစ်အာဏာရှင်တော်လှန်ရေးသမိုင်းမှာအလွန်အကျည်းတန်ခဲ့ပါတယ်။
မြန်မာပြည်မှာရှစ်လေးလုံးလူထုအရေးတော်ပုံဖြစ်ပြီးနောက်မှာ၊ရန်ကုန်တက္ကသိုလ်နဲ့စက်မှုတက္ကသိုလ်ကျောင်းသားတွေရဲ့အကြီးမားဆုံးဆန္ဒပြလှုပ်ရှားမှုတစ်ခုဖြစ်သလို၊ကျောင်းသားလူငယ်ခေါင်းဆောင်တွေအစုလိုက်အပြုံလိုက်ဖမ်းဆီးထောင်ချမှုတစ်ခုအဖြစ်သမိုင်းမှတ်တမ်းဝင်သွားပါလိမ့်မယ်။ဒီလှုပ်ရှားမှုကို10(D)လို့အတိုကောက်ခေါ်လိုက်ခြင်းပါ။
ဒီ10(D)နိုင်ငံရေးအင်အားစုကလည်းအခုအချိန်မှာနိုင်ငံရေးပါတီတွေကွဲပြားစွာပါဝင်နေကြပါပြီ။ပြောမယ်ဆိုရင်10(D)နိုင်ငံရေးအင်အားစုဟာ၈၈မျိုးဆက်ကျောင်းသားလူငယ်ခေါင်းဆောင်တွေပါပဲ။မြန်မာနိုင်ငံရဲ့၈၈မျိုးဆက်ကျောင်းသားလူငယ်ခေါင်းဆောင်ဟောင်းတွေကိုနေရာပေးသင့်နေပါပြီဆိုပေမယ့်၊ကျောင်းသားလူငယ်ခေါင်းဆောင်ဟောင်းတွေတွေဟာစည်းလုံးမှုမရှိကြပဲတကွဲတပြားဖြစ်နေတာကလည်းမြန်မာပြည်နိုင်ငံရေးအနာဂတ်အတွက်ဆုံးရှုံးမှုတစ်ခုပါပဲ။

မြတ်လှိုင်း 

(  Zawgyi )

 ဘယ္ေတာ့မွေမ့မရႏိုင္တဲ့ကာလေတြရွင္သန္ေနတဲ့လူတိုင္းမွာရွိေနၾကမွာပါ။ျမန္မာျပည္အတြက္စစ္အာဏာရွင္ေတာ္လွန္ခဲ့တဲ့ႏိုင္ငံေရးသမားေတြအတြက္ကေတာ့တက္ႂကြၿပီးအားမာန္ျပည့္ဝေနတဲ့ ကာလေတြရွိသလို၊နာက်င္ေႂကြကြဲရတဲ့ ေန႔ေတြလည္းရွိခဲ့ၾကပါလိမ့္မယ္။၁၉၆၂ခုႏွစ္အာဏာရွင္ေခတ္စတင္ကတည္းကဇူလိုင္ဆဲဗင္းအေရးအခင္း၊၇၄/၇၆ဦးသန႔္အေရးအခင္းေတြ၊မႈိင္းရာျပည့္အေရးအခင္းေတြနဲ႔ကြၽန္းဆြယ္အေရးအခင္းေတြအားလုံးမွာေက်ာင္းသားေတြေရွ႕တန္းကပါဝင္ခဲ့ၿပီးႏိုင္ငံေရးသမားေတြျဖစ္လာခဲ့ၾကပါတယ္။ဒီအစဥ္အလာကလည္းဗိုလ္ခ်ဳပ္ေအာင္ဆန္းတို႔ေက်ာင္းသားဘဝေတြကေနႏိုင္ငံေရးသမားေတြျဖစ္လာခဲ့တာကိုေနာက္မ်ိဳးဆက္သစ္ေတြခံယူခဲ့ၾကတာလို႔ေျပာႏိုင္ပါတယ္။
ကြၽန္ေတာ္တို႔ေခတ္မွာ၁၉၈၈လူထုအေရးေတာ္ပုံႀကီးမွာအရင္ေခတ္ေက်ာင္းသားေတြဦးေဆာင္ခဲ့ၾကတဲ့အစဥ္အလာအတိုင္း၊ေက်ာင္းသားေတြေရွ႕ဆုံးကပါဝင္ခဲ့ၾကၿပီး၊ေက်ာင္းသားေခါင္းေဆာင္ေတြျဖစ္လာခဲ့ၾကပါတယ္။၁၉၈၈ခုႏွစ္ကေနႏွစ္ေပါင္းသုံးဆယ္ေက်ာ္ၾကာၿပီးတဲ့အခ်ိန္မွာေတာ့ေက်ာင္းသားေခါင္းေဆာင္ေတြဟာႏိုင္ငံေရးသမားေတြျဖစ္လာၾကပါၿပီ။
၁၉၈၈ကေပၚထြက္လာတဲ့ေက်ာင္းသားေခါင္းေဆာင္ေတြထဲမွာျပန္ၾကည့္လိုက္ရင္၊ႏိုင္ငံေရးလုပ္ခ်င္စိတ္နဲ႔ႏိုင္ငံေရးသမားျဖစ္လာၾကတဲ့သူေတြ၊ႏိုင္ငံေရးလုပ္ဖို႔ရည္႐ြယ္ခ်က္မရွိပဲႏိုင္ငံေရးသမားျဖစ္လာၾကတဲ့သူေတြရွိေနပါတယ္။

၈၈ေက်ာင္းသားေခါင္းေဆာင္ေတြဟာစစ္အာဏာရွင္ေတြကိုအံ့တုေတာ္လွန္လာရတဲ့အတြက္၊ႏိုင္ငံေရးသမားမျဖစ္ခင္မွာပဲက်ဆုံးသြားခဲ့ရတဲ့သူေတြလည္းရွိပါတယ္။စစ္အာဏာရွင္ေတြရဲ႕ဖမ္းဆီးေထာင္သြင္းအက်ဥ္းခ်ဖိႏွပ္မႈဒဏ္ေတြကိုအလူးအလဲခံစားခဲ့ရၿပီး႐ုပ္နာမ္ယိမ္းယိုင္သြားခဲ့ရသူေတြရွိေနသလို၊စစ္အာဏာရွင္ေတြရဲ႕ရက္စက္ၾကမ္းတမ္းမႈေၾကာင့္ျမန္မာျပည္ရဲ႕အေဝးကိုလြင့္စင္သြားခဲ့ၾကတဲ့သူလည္းရွိေနပါေသးတယ္။စစ္အာဏာရွင္ေတြကိုလက္နက္ကိုင္ေတာ္လွန္ခဲ့ၾကတဲ့သူေတြေရာ၊စစ္အာဏာရွင္ေတြရဲ႕ဖမ္းဆီးႏွိပ္စက္မႈကိုတိမ္းေရွာင္သြားခဲ့သူေတြေရာ၊အခုအခ်ိန္ထိျမန္မာျပည္ကိုျပန္မလာႏိုင္ၾကေသးပါဘူး။
၈၈ကစတင္ေပၚေပါက္လာခဲ့တဲ့ေက်ာင္းသားလူငယ္ေခါင္းေဆာင္ေတြဟာအခုဆိုရင္ႏွစ္ေပါင္းသုံးဆယ္ေက်ာ္ျဖတ္သန္းခဲ့ၾကတဲ့ႏိုင္ငံေရးအေတြ႕အႀကဳံေတြ၊ရင့္က်က္မႈေတြရွိေနပါၿပီ။ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံမွာအခုဆိုစစ္အာဏာရွင္စနစ္ၿပိဳပ်က္စျပဳေနပါၿပီ။ဒီမိုကေရစီအသြင္ကူးေျပာင္းေရးကာလကိုေရာက္ေနတဲ့အခ်ိန္မွာ၊၈၈ကေနေပၚထြက္လာတဲ့ႏိုင္ငံေရးသမားေတြတိုင္းျပည္ျပန္လည္ထူေထာင္ေရးမွာဦးေဆာင္မႈအခန္းက႑ကိုေရာက္ရွိေနရမွာပါ။ျမန္မာျပည္လြတ္လပ္ေရးရခဲ့ၿပီးခ်ိန္ကိုျပန္ၾကည့္ရင္ေက်ာင္းသားလူငယ္ေခါင္းေဆာင္ေတြကိုဝါရင့္ႏိုင္ငံေရးသမားႀကီးေတြကေနရာေပးခဲ့ၾကတာကိုေတြ႕ရပါလိမ့္မယ္။လြတ္လပ္ေရးမရခင္ကာလနဲ႔လြတ္လပ္ေရးရၿပီးကာလေတြမွာလည္းေက်ာင္းသားေခါင္းေဆာင္ေတြ၊လူငယ္ေခါင္းေဆာင္ေတြအားလုံးညီၫြတ္ခဲ့ၾကပါတယ္။
အခုျမန္မာျပည္ရဲ႕ႏိုင္ငံေရးအေျခအေနကိုၾကည့္ရင္၊ႏိုင္ငံေရးေခါင္းေဆာင္ေတြအေနနဲ႔၈၈မ်ိဳးဆက္ေက်ာင္းသားလူငယ္ေခါင္းေဆာင္ေတြကိုေနရာမေပးခဲ့ၾကပါဘူး။အသိသာဆုံးအေနနဲ႔ေျပာရမယ္ဆိုရင္၂၀၁၅ေ႐ြးေကာက္ပြဲကိုအင္အယ္ဒီနဲ႔တြဲၿပီးေ႐ြးေကာက္ပြဲဝင္မယ့္၈၈မ်ိဳးဆက္ေက်ာင္းသားေခါင္းေဆာင္ေတြ၊လူငယ္ေခါင္းေဆာင္ေတြကိုေဘးဖယ္ထားခဲ့ပါတယ္။၈၈မ်ိဳးဆက္ေက်ာင္းသားလူငယ္ေတြဘက္ကိုျပန္ၾကည့္လိုက္ရင္လည္းစုစည္းညီၫြတ္မႈကိုေတာ့မျပႏိုင္ခဲ့ပါဘူး။
ဒါကလည္းစစ္အာဏာရွင္ေခတ္ဆိုးႀကီးမွာစုစည္းညီၫြတ္ခဲ့ၾကတဲ့၈၈မ်ိဳးဆက္ေက်ာင္းသားလူငယ္ေတြကိုေသြးခြဲသပ္လွ်ိဳၿဖိဳခြဲမႈေတြေၾကာင့္ၿပိဳကြဲခဲ့ရသလိုျဖစ္ခဲ့ပါတယ္။

ဘယ္လိုနည္းနဲ႔ၿဖိဳခြဲခဲ့ပါေစ၊အခုအခ်ိန္မွာေတာ့၈၈မ်ိဳးဆက္ေက်ာင္းသားလူငယ္ေခါင္းေဆာင္ေတြအခ်င္းခ်င္းျပန္နားလည္မႈယူႏိုင္ရမယ့္အခ်ိန္ျဖစ္ေနပါၿပီ။အခုဒီမိုကေရစီအသြင္ကူးေျပာင္းေရးကာလ၊ျမန္မာျပည္ႏိုင္ငံေရးမွာရပ္တည္ေနတဲ့၈၈မ်ိဳးဆက္ေတြအေတာ္မ်ားမ်ားရွိေနပါၿပီ။
၂၀၁၁ခုႏွစ္မွာ(10D)ေခၚႏိုဗယ္ၿငိမ္းခ်မ္းေရးဆုရွင္ေဒၚေအာင္ဆန္းစုၾကည္လြတ္ေျမာက္ေရးလႈပ္ရွားခဲ့တဲ့ေက်ာင္းသားလူငယ္ေတြရဲ႕ႏွစ္ႏွစ္ဆယ္ျပန္လည္ေတြ႕ဆုံပြဲဟာ၊ျမန္မာျပည္အတြက္ပထမဦးဆုံးက်င္းပႏိုင္ခဲ့တဲ့အခမ္းအနားတစ္ခုလို႔ေျပာႏိုင္ပါတယ္။အဲဒီအခမ္းအနားကိုေနအိမ္အက်ယ္ခ်ဳပ္ကေနျပန္လြတ္ေျမာက္လာတဲ့ေဒၚေအာင္ဆန္းစုၾကည္လည္းတက္ေရာက္ခဲ့ပါတယ္။
၈၈လူထုအေရးေတာ္ပုံႀကီးေနာက္ပိုင္းမွာ(10D)ေခၚႏိုဗယ္ၿငိမ္းခ်မ္းေရးဆုရွင္ေဒၚေအာင္ဆန္းစုၾကည္လြတ္ေျမာက္ေရးလႈပ္ရွားခဲ့တဲ့ေက်ာင္းသားလူငယ္ေတြဟာျမန္မာျပည္ရဲ႕စစ္အာဏာရွင္ေတာ္လွန္ေရးမွာ၈၈ေက်ာင္းသားလူငယ္ေခါင္းေဆာင္ေတြပါဝင္မႈအမ်ားဆုံးလႈပ္ရွားမႈတစ္ခုပါ။ဒီ(10D)ႏွစ္ႏွစ္ဆယ္ျပည့္ေတြ႕ဆုံမႈအခမ္းအနားေနာက္မွာ၂၀၁၃မွာက်င္းပႏိုင္ခဲ့တဲ့ရွစ္ေလးလုံးေငြရတုအခမ္းအနားဟာ၈၈မ်ိဳးဆက္ေက်ာင္းသားေခါင္းေဆာင္ေတြလူငယ္ေခါင္းေဆာင္ေတြအကုန္တက္ေရာက္ႏိုင္ခဲ့တဲ့အခမ္းအနားႀကီးတစ္ခုျဖစ္ခဲ့ပါတယ္။
အဲဒီ၂၀၁၁(10D)ႏွစ္ႏွစ္ဆယ္ေျမာက္ေတြ႕ဆုံပြဲနဲ႔၂၀၁၃ရွစ္ေလးလုံးေငြရတုမွာတက္ေရာက္ခဲ့ၾကၿပီး၊အခုလက္ရွိျမန္မာျပည္ႏိုင္ငံေရးနယ္မွာရပ္တည္ေနတဲ့၈၈မ်ိဳးဆက္ေက်ာင္းသားလူငယ္ေခါင္းေဆာင္ေတြအေနနဲ႔အခ်င္းခ်င္းနားလည္မႈနဲ႔စုစည္းမႈအင္အားကိုျပႏိုင္ခဲ့မယ္ဆိုရင္၊အနာဂတ္ျမန္မာျပည္ရဲ႕ႏိုင္ငံေရးဦးေဆာင္မႈက႑ကိုေရာက္ရွိလာႏိုင္မယ္ထင္ပါတယ္။အခုအခ်ိန္မွာ10(D)ႏိုင္ငံေရးအင္အားစုကိုေတာင္မသိၾကေတာ့ပါဘူး။
10(D)ေခၚတဲ့ေက်ာင္းသားလႈပ္ရွားမႈကိုျပန္ၾကည့္မယ္ဆိုရင္၊၁၉၉၁ခုႏွစ္ဒီဇင္ဘာလ၁၀ရက္ေန႔ဟာျမန္မာျပည္ရဲ႕အတိုက္အခံေခါင္းေဆာင္ေဒၚေအာင္ဆန္းစုၾကည္ကိုကမာၻ႔ၿငိမ္းခ်မ္းေရးႏိုဗယ္ဆုေပးအပ္တဲ့ေန႔ပါ။

ဒီကမာၻ႔ၿငိမ္းခ်မ္းေရးႏိုဗယ္ဆုကိုေနာ္ေဝႏိုင္ငံေအာ္စလိုၿမိဳ႕မွာေပးအပ္တဲ့အခန္းအနားကိုျမန္မာျပည္အတိုက္အခံေခါင္းေဆာင္ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္မတက္ေရာက္ႏိုင္ခဲ့ပါဘူး။စစ္အာဏာရွင္အစိုးရကေဒၚေအာင္ဆန္းစုၾကည္ကိုေနအိမ္အက်ယ္ခ်ဳပ္ခ်ဳပ္ေႏွာင္ထားပါတယ္။
ဒီ၁၉၉၁ခုႏွစ္ဒီဇင္ဘာ၁၀ရက္ေန႔မွာေနအိမ္အက်ယ္ခ်ဳပ္ခံေနရတဲ့ေဒၚေအာင္ဆန္းစုၾကည္ကိုျပန္လႊတ္ေပးဖို႔ရန္ကုန္တကၠသိုလ္(ပင္မ)နဲ႔ရန္ကုန္စက္မႈတကၠသိုလ္ေက်ာင္းသားေတြေတာင္းဆိုဆႏၵျပၾကတယ္။အဲဒီဒီဇင္ဘာ၁၀ရက္ေန႔မွာေက်ာင္းအတြင္းဆႏၵျပမႈကိုဦးေဆာင္ခဲ့တဲ့ေက်ာင္းသားေခါင္းေဆာင္ေတြကေတာ့ဆန္နီ(သီဟသူ)၊ျမင့္ေဆြ(ရန္ကုန္ခ႐ိုင္ေက်ာင္းသားသမဂၢအတြင္းေရးမႉး)၊ေက်ာ္စြာမိုး(အခုဧရာဝတီမီဒီယာအယ္ဒီတာ)၊မ်ိဳးျမင့္(လူ႔ေဘာင္သစ္)၊ရန္ႏိုင္ဦး၊ေမာင္မႈိင္း၊ဝင္းႏိုင္၊ဘိုဘိုဟန္တို႔ျဖစ္ပါတယ္။ေက်ာင္းဝန္းအတြင္းမွာပဲဘိုဘိုဟန္ကိုသူခိုးသူခိုးဆိုၿပီးအရပ္ဝတ္စစ္ေထာက္လွမ္းေရးေတြကဝိုင္းဖမ္းတာခံလိုက္ရပါတယ္။အဲဒီညမွာေတာ့ေက်ာင္းအတြင္းဆႏၵျပမႈကိုဦးေဆာင္ခဲ့ၾကတဲ့ေက်ာင္းသားေခါင္းေဆာင္ေတြကိုဖမ္းဆီးလိုက္ပါတယ္။
ဒီဇင္ဘာ၁၁ရက္ေန႔မွာေတာ့ရန္ကုန္တကၠသိုလ္နဲ႔အင္းစိန္စက္မႈတကၠသိုလ္ေက်ာင္းသားေတြထပ္မံဆႏၵျပၾကပါတယ္။ရန္ကုန္တကၠသိုလ္ေက်ာင္းဝန္းတစ္ခုလုံးကိုစစ္တပ္ေတြအလုံးအရင္းနဲ႔ေရာက္လာၿပီးပိတ္ဆို႔ထားလိုက္ပါတယ္။အျပင္ဘက္လွည္းတန္းေဈးဘက္မွာေတာ့ေက်ာင္းသားလူငယ္ေတြစုေဝးလာၾကၿပီးဆႏၵျပခဲ့ပါတယ္။ရန္ကုန္တကၠသိုလ္ေက်ာင္းဝန္းထဲကဆႏၵျပေက်ာင္းသားေတြနဲ႔အျပင္ဘက္မွဆႏၵျပေက်ာင္းသားလူငယ္ေတြကိုမေပါင္းဆုံမိေအာင္ခြဲျခားထားလိုက္တာပါ။
ရန္ကုန္တကၠသိုလ္ဝန္းထဲမွာဆႏၵျပေက်ာင္းသားေတြကေထာင္နဲ႔ခ်ီရွိေနပါတယ္။ေနာက္ဆႏၵျပေက်ာင္းသားေတြကိုစစ္တပ္ကဝင္လာၿပီးဝိုင္းထားတာကိုခံလိုက္ရပါတယ္။အဲဒီေန႔ကေက်ာင္းသားေတြကိုတကၠသိုလ္ဝန္းထဲကေနထြက္ခြင့္ေပးလိုက္ခဲ့ေပမယ့္ ေက်ာင္းအတြင္းဆႏၵျပလႈပ္ရွားမႈကိုဦးေဆာင္ခဲ့တဲ့သူေတြကိုအဲဒီညမွာလိုက္ဖမ္းဆီးလိုက္ပါတယ္။ေက်ာင္းအတြင္းဆႏၵျပလႈပ္ရွားမႈမွာပါခဲ့သူေတြတင္မကပါဘူး။

ေျမေပၚမွာရွိေနတဲ့ေက်ာင္းသားလူငယ္အဖြဲ႕အစည္းေပါင္းစုံကေခါင္းေဆာင္ေတြကိုပါဖမ္းဆီးလိုက္ပါတယ္။ဗကသေခါင္းေဆာင္ေတြျဖစ္တဲ့ကိုကိုႀကီး၊ညီညီထြန္း၊ဘိုဘိုထြန္း(မင္းကိုႏိုင္ညီဝမ္းကြဲ)၊ဉာဏ္ဉာဏ္ထြန္း။မကသကေဇာ္မင္း(အာၿဗဲ)၊အံ့ဘြယ္ေက်ာ္။လူ႔ေဘာင္သစ္ပါတီကသက္ထြန္း၊ေဇယ်(ကုလားမ)၊ေက်ာ္ျမင့္ဦး(ကြယ္လြန္)၊သိမ္းေဆြ(အခုအမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္)။အင္အယ္ဒီပါတီကျမတ္စံ(သုံးေရာင္ျခယ္ေက်ာင္းသားေခါင္းေဆာင္)၊သန္းထိုက္ဦး၊သက္ႏိုင္ဦး၊ေဇာ္ေအာင္၊တိုးဝင္း(အခုတာေမြျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္)၊ေအာင္မ်ိဳးေက်ာ္(အရွည္ေလး၊အခုႏိုင္ငံေရးအက်ဥ္းသားကူညီေစာင့္ေရွာက္ေရး)၊စန္းၿမိဳင္(သားေလး)၊ေအာင္မ်ိဳးဆန္း(စာကေလး)နဲ႔ကြၽန္ေတာ္တို႔ျဖစ္ပါတယ္။
ေက်ာင္းသူေခါင္းေဆာင္ေတြျဖစ္တဲ့ခင္မိုးေအး၊ေကသီ၊ခင္မို႔မို႔(စာေရးဆရာမခက္မာ)၊ထက္မာတို႔ျဖစ္ပါတယ္။တပ္ဦးကဗထူးေမာင္၊မင္းမင္းစိုး၊ျပည္စိုး။ရန္ကုန္စက္မႈတကၠသိုလ္ကရဲႏိုင္ေအာင္(ကိုဝ)၊ၾကည္မိုးႏိုင္(အခုျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္)၊လႈိင္မိုးသန္း၊သန္းလြင္ဦး(မာမီ)တို႔ျဖစ္ပါတယ္။ဒီႏိုင္ငံေရးအဖြဲ႕အစည္းအသီးသီးကေခါင္းေဆာင္ေတြကိုတစ္စုတစည္းထဲဖမ္းဆီးမႈကိုျပန္ၾကည့္မယ္ဆိုရင္စစ္အာဏာရွင္အစိုးရအေနနဲ႔အမ်ိဳးသားညီလာခံမတိုင္ခင္မွာေျမေပၚမွာက်န္ရွိေနတဲ့ေက်ာင္းသားလူငယ္ေခါင္းေဆာင္ေတြအကုန္လုံးကိုဖမ္းဆီးၿပီးေထာင္ထဲထည့္ထားဖို႔အႀကံအစည္ရွိတာကိုေတြ႕လိုက္ရပါတယ္။အခုကြၽန္ေတာ္ေျပာခဲ့တဲ့ေခါင္းေဆာင္ေတြကိုပုဒ္မ၅(ည)နဲ႔ေထာင္၂၀ႏွစ္၊၁၅ႏွစ္၊၁၀ႏွစ္ခ်လိုက္တာကေတာ့စစ္အာဏာရွင္ေတာ္လွန္ေရးသမိုင္းမွာအလြန္အက်ည္းတန္ခဲ့ပါတယ္။
ျမန္မာျပည္မွာရွစ္ေလးလုံးလူထုအေရးေတာ္ပုံျဖစ္ၿပီးေနာက္မွာ၊ရန္ကုန္တကၠသိုလ္နဲ႔စက္မႈတကၠသိုလ္ေက်ာင္းသားေတြရဲ႕အႀကီးမားဆုံးဆႏၵျပလႈပ္ရွားမႈတစ္ခုျဖစ္သလို၊ေက်ာင္းသားလူငယ္ေခါင္းေဆာင္ေတြအစုလိုက္အၿပဳံလိုက္ဖမ္းဆီးေထာင္ခ်မႈတစ္ခုအျဖစ္သမိုင္းမွတ္တမ္းဝင္သြားပါလိမ့္မယ္။ဒီလႈပ္ရွားမႈကို10(D)လို႔အတိုေကာက္ေခၚလိုက္ျခင္းပါ။
ဒီ10(D)ႏိုင္ငံေရးအင္အားစုကလည္းအခုအခ်ိန္မွာႏိုင္ငံေရးပါတီေတြကြဲျပားစြာပါဝင္ေနၾကပါၿပီ။ေျပာမယ္ဆိုရင္10(D)ႏိုင္ငံေရးအင္အားစုဟာ၈၈မ်ိဳးဆက္ေက်ာင္းသားလူငယ္ေခါင္းေဆာင္ေတြပါပဲ။ျမန္မာႏိုင္ငံရဲ႕၈၈မ်ိဳးဆက္ေက်ာင္းသားလူငယ္ေခါင္းေဆာင္ေဟာင္းေတြကိုေနရာေပးသင့္ေနပါၿပီဆိုေပမယ့္၊ေက်ာင္းသားလူငယ္ေခါင္းေဆာင္ေဟာင္းေတြေတြဟာစည္းလုံးမႈမရွိၾကပဲတကြဲတျပားျဖစ္ေနတာကလည္းျမန္မာျပည္ႏိုင္ငံေရးအနာဂတ္အတြက္ဆုံးရႈံးမႈတစ္ခုပါပဲ။

ျမတ္လႈိင္း