【တစ်ပတ်အတွင်းနိုင်ငံတကာသတင်းသုံးသပ်ချက် 】ကမ္ဘာစစ်ဖြစ်နိုင်တဲ့ အလားအလာ

【တစ်ပတ်အတွင်းနိုင်ငံတကာသတင်းသုံးသပ်ချက် 】ကမ္ဘာစစ်ဖြစ်နိုင်တဲ့ အလားအလာ

ယခုတစ်ပတ်အတွင်း  နိုင်ငံတကာသတင်းတွေက ကောင်းတာရော ဆိုးတာရော ရောထွေးနေခဲ့ပါတယ်။ မြောက်ကိုရီးယားစစ်ရေးဆိုင်ရာ သတင်းတွေ၊ ယူကရိန်းစစ်ရေးပြင်းထန်လာနိုင်ဖွယ်ရှိတဲ့သတင်းတွေနဲ့ အတူ လာ မယ့်ဆောင်းရာသီမှာ ယူကရိန်းပြည်သူတွေ ဒုက္ခရောက်အောင် ရုရှားက စွမ်းအင်အခြေခံအဆောက်အဦးတွေ ဖျက် ဆီးနေတဲ့သတင်းတွေ၊ ယူကရိန်းကိုရုရှားနဲ့ စေ့စပ်ဆွေးနွေးဖို့ ဝါရှင်တန်က ဖိအားပေးနေတယ်ဆိုတဲ့ သတင်းတွေနဲ့ ဒီတစ်ပတ်သတင်းတွေက နိုင်ငံတကာသတင်းစိတ်ဝင်စားသူတွေကို စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။

ဒီတစ်ပတ်မှာ တခြားသော စိတ်ဝင်စားဖွယ်သတင်းတွေလည်းရှိခဲ့သေးပါတယ်။ အဲဒီသတင်းတွေက ပါ ကစ္စတန်မှာ ရဲစခန်းတစ်ခုကို လက်နက်ကိုင် ဓားပြအုပ်စု လူရာနဲ့ချီ စုဝေးပြီး ဝင်ရောက်တိုက်ခိုက်တဲ့သတင်း၊ တန်ဇေးနီးယားမှာ ဗစ်တိုးရီးယားရေကန်ကြီးထဲ လေယာဥ်ထိုးကျလို့ လူ ၁၉ ဦးသေဆုံးခဲ့တဲ့သတင်း၊ လုပ်ကြံ ခံရမှုနဲ့ ပတ်သက်ပြီး ပါကစ္စတန်အစိုးရနဲ့စစ်တပ်က သူ့ကို သတ်ပစ်ဖို့ကြိုးစားခဲ့ကြတယ်လို့ ၀န်ကြီးချုပ် ဟောင်း အင်မရန်ခန်းပြောခဲ့တဲ့သတင်း၊ အမေရိကန်မှာ အစိုးရ သက်တမ်းထက်၀က် ရွေးကောက်ပွဲအတွက် ဒီမိုကရက်နဲ့ ရီပါ့ဘလစ်ကန်တို့ အမေရိကန်မှာ အပြိုင်မဲဆွယ်နေတဲ့သတင်း၊ အိန္ဒိယနိုင်ငံဒေလီမြို့မှာ မြို့ အနှံအဆိပ်သင့်မြူတွေ မြို့ရဲ့အနှံအပြားမှာ ဆိုင်းနေတဲ့သတင်းတွေ၊ ယူကရိန်းမှာ ရုရှားလိုလားထောက်ခံတဲ့ တရားရုံးက တရားသူကြီး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့သတင်း၊ အီဂျစ်မှာကျင်းပနေတဲ့ COP27 ဥတုရာသီ ညီလာခံမှာ စက်မှုနိုင်ငံတွေက ဆင်းရဲတဲ့နိုင်ငံတွေကို လျှော်ကြေးပေးရေး တောင်းဆိုမယ့်သတင်း၊ဂျပန်ရဲ့ ရေတပ်နဲ့ စစ်ရေးစွမ်းဆောင်ရည်ကို တိုးမြှင့်ဖို့ ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါက ကတိကဝတ် ပြုလိုက်တဲ့ သတင်း စတဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာမှာ စိတ်ဝင်စားဖို့ ကောင်းတဲ့ သတင်းတွေ ဖြစ်ခဲ့ပါသေးတယ်။

မြောက်ကိုရီးယားရဲ့ ‘ဇ’

ယခုတစ်ပတ်နိုင်ငံတကာသတင်းတွေအများစုကို ဖုံးလွှမ်းခဲ့တာက အာရှအရှေ့ဖျားက သတင်းတွေပါဘဲ။ ဒီတစ်ပတ်မှာ တောင်နဲ့မြောက် အပြန်အလှန်သတိပေးပစ်ခတ်မှုတွေကြောင့်  ကမ္ဘာကစောင့်ကြည့်ရတဲ့အထိကို ဖြစ် ခဲ့ပါတယ်။၁၉၅၀-၅၃ခုနှစ်မှာ စစ်မက်ဖြစ်ပွားခဲ့ပြီး အမေရိကန်နဲ့ တရုတ်ထိပ်တိုက်တွေ့ခဲ့ရတဲ့ တောင်နဲ့ မြောက်ကိုရီးယားကြား ဒီရက်ပိုင်း အပြန်အလှန်ပစ်ခတ်မှုတွေက ဒီဆယ်စုနှစ်အတွင်းမှာ အမြင့်ဆုံးတင်းမာမှု ပါဘဲ။

မြောက်ကိုရီးယားအစိုးရဟာ လွန်ခဲ့တဲ့သီတင်းပတ်တွေအတောအတွင်း တာတိုနဲ့ တာဝေးပစ်ဒုံး ကျည် တွေကို အကြိမ်ရေတော်တော်များများ ပစ်ခတ်စမ်းသပ်ခဲ့ပါတယ်။ နောက်တစ်ဆင့်အနေနဲ့ နျူကလီးယားဗုံးကို စမ်းသပ်ဖောက်ခွဲမယ့်အရိပ်အယောင်တွေပြနေရာကနေ တရုတ်မှာ ကျင်းပနေတဲ့ ကွန်မြူနစ်ပါတီညီလာခံကြောင့် ဒီအစီအစဉ်က ခေတ္တအရှိန်လျော့ကျသွားခဲ့ပါတယ်။ ဒါပေမယ် အဆိုပါညီလာခံအပြီး အောက်တိုဘာ ၂၂ ရက် နောက်ပိုင်းမှာ မြောက်ကိုရီး ယားဘက်ကတုံ့ပြန်မှုတွေက ပိုများလာပါတယ်။

တစ်ဘက်မှာလည်း မြောက်ကိုရီး ယားရဲ့ ခြိမ်းခြောက်မှုမြင့်တက်လာတဲ့အတွက် Vigilant Strom (ဗစ် ဂျီလီယန်စတုန်း)လိုအမည်ပေးထားတဲ့ တိုက် လေယာဉ် နှစ်ရာကျော် ပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုကို အမေရိကန်နဲ့ တောင်ကိုရီးယားတို အောက်တိုဘာ ၃၁ ရက်မှာ ပူးတွဲ လေ့ကျင့်မှုစခဲ့ပါတယ်။ နိုဝင်ဘာ ၄ ရက်မှာ ပြီးမယ့် ဒီစစ် ရေးလေ့ကျင့်မှုက ၂၀၁၇ ကတည်းက ရပ်ထားတဲ့ အနုမြူဗုံးစမ်းသပ်မှုကို မြောက်ကိုရီးယားက ပြန်စတော့မယ် လို့ ခန့်မှန်းရတာကြောင့် ဒါကို တားဆီးဖို့ အမေရိကန်နဲ့ တောင်ကိုရီးယားက ဗျူဟာချပြင်ဆင်နေတာပါ။  မြောက်ကိုရီးယားကလည်းဒါဟစာ သူ့ကို ရန်စမှုအဖြစ်ယူဆပြီး ရပ်တန့်ဖို့ ပြောခဲ့ပါတယ်။

ဒီနောက်မှာ မြောက်ကိုရီးယားဘက်က ဒုံးကျည်ပစ်လွှတ်မှုတွေ ဖြစ်လာခဲ့ပါတယ်။  နိုဝင်ဘာ ၂ ရက်မှာ မြောက်ကိုရီးယားဘက်က ဒုံးကျည် ၂၄ စင်းထက်မနည်းပစ်လွှတ်ခဲ့ပြီး တစ်စင်းက တောင်ကိုရီးယားရေပိုင်နက် အနီး ယူလန်ဒိုကျွန်းအနားကျရောက်ခဲ့ပါတယ်။ ဒီနောက်မှာ တောင်ကိုရီးယား လေတပ်တိုက်လေယာဉ်တွေက လည်း မြောက်ကိုရီးယားနဲ့ နယ်နိမိတ်ထိ ဆက်နေတဲ့ မြောက်ကိုရီးယားဘက်ကို ဒုံးကျည် ၃ စင်းပစ်လွှတ်ခဲ့ပါ တယ်။ နောက်တစ်ရက်အကြာ သောကြာနေ့ နိုဝင်ဘာ ၄ ရက် ဒေသစံချိန် မနက် ၁၁ နာရီလောက်ကစပြီး လေး နာရီ ကြာအောင် မြောက်ကိုရီးယားကမ်းရိုးတန်းအတွင်းနဲ့ အပြင်ဘက်မှာ မြောက်ကိုရီးယားစစ်လေယာဉ် ၁၈၀ ကျော်လှုပ်ရှား ပျံသန်းတာကို တွေ့လို့ တောင်ကိုရီးယားဘက်က F-35 A stealth တိုက်လေယာဉ်တွေအပါ အဝင် တိုက်လေယာဉ် ၈၀ ကို အလျင်အမြန် ပျံသန်းနေရာယူခဲ့ရပါတယ်။

နိုဝင်ဘာ ၄ ရက်မှာ ပြီးဆုံးမယ့် အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုကို တစ်ရက်တိုးပြီး နိုဝင်ဘာ ၅ ရက်မှာ မြောက်ကိုရီးယားက တာတိုပစ် ပဲ့ထိန်းဒုံးကျည် (၄) စင်းကိုပစ်လွှတ်ခဲ့ပါတယ်။ ဒုံးကျည် တွေဟာ အကွာအဝေး မိုင် (၈၀) အထိ ရောက်ခဲ့ပြီး၊ အနောက်ဘက်ခြမ်း ပင်လယ်ပြင်အထက် အ မြင့်ပေ (၆) သောင်းခွဲအထိ ရောက်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။မြောက်ကိုရီး ယားရဲ့ ဆက်တိုက်ဆိုသလို ဒုံးကျည်စမ်းသပ်မှုတွေကြောင့် အဆိုပါဒေသတွင်း တင်းမာမှုဟာ အဆိုးရွားဆုံးအခြေ အနေထိ မြင့်တက်လာခဲ့ပါတယ်။ အမေရိကန်ကလည်း  မြောက်ကိုရီးယားရဲ့နူကလီးယားလုပ်ငန်း တွေ မလုပ်နိုင် အောင် လုပ်ပိတ်နေရာမှာ နိုဝင်ဘာ ၃ ရက်က  မြောက်ကိုရီးယားရဲ့နူကလီးယားအစီအစဉ်ကို ကုညီပေးနေတဲ့ စင် ကာပူနိုင်ငံသားတစ်ဦးရဲ့ အချက်အလက်တွေရနိုင်ဖို့  သတင်းပေးနိုင်တဲ့သူကို ဆုငွေ ချီးမြင့်မယ်ဆိုပြီးတောင် ကြေညာခဲ့ပါတယ်။

ရုရှား-မြောက်ကိုရီးယားဆက်ဆံရေး

ရုရှားနဲ့ မြောက်ကိုရီးယားကြား တိတ်တဆိတ်ဆက်သွယ်မှုဟာ အမေရိကန်အတွက်ကော အာရှအရှေ့ ဖျားက နိုင်ငံတွေအတွက်ပါ သတိထားစရာပါ။ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့် ရဂျွန်ကာဘီက  ယူကရိန်းကို ကျူးကျော် တိုက်ခိုက်နေတဲ့ ရုရှားကို မြောက်ကိုရီးယားက လက်နက်ကြီးကျည်အတော်များများ ရုရှားနိုင်ငံကို တိတ်တဆိတ်တင်ပို့နေတယ်ဆိုပြီး နိုဝင်ဘာ ၂ ရက်က စွပ်စွဲခဲ့ပါတယ်။ ဒါပေမယ့် ဒီလို မြောက်ကိုရီး ယား ဘက်က ရုရှားကိုလက်နက်ထောက်ပံ့နေလို့ ယူကရိန်းစစ်ပွဲ အဖြေပြောင်းလဲသွားမှာမဟုတ်ဘူးလို့ ပြောခဲ့ ပါတယ်။

နိုင်ငံတကာပိတ်ဆို့မှုတွေကိုခံနေရတဲ့ ရုရှားဟာ လူအင်အားပြတ်လပ်နေသလို စစ်လက်နက်ပြတ် လပ်မှု လည်းဖြစ်နေတဲ့ အခြေအနေပါ။ ဒါအပြင် နူကလီးယားသုံးဖို့ အကြောင်းပြချက်အဖြစ် ယူကရိန်းက ဇီ၀လက်နက် သုံးတယ်ဆိုပြီး စစ်ဆေးပေးဖို့ အခြေအမြစ်မရှိတဲ့ စွပ်စွဲတောင်းဆိုချက်ကိုလည်း ကုလလုံခြုံရေးကောင်စီက  ပြီးခဲ့တဲ့အပတ်က မဲအပြတ်အသတ်နဲ့ ပယ်ချခဲ့ပါတယ်။

ဒီလို အဖက်ဖက်က အကျဘက်ရောက်လာနေတဲ့ ရုရှားဟာ စစ်မြေပြင်မှာ ယူကရိန်းတပ်ဖွဲ့တွေ တိုက် ခိုက်မှုကြောင့် လျော့နည်းလာတဲ့ လူအင်အားကို ပြန်ဖြည့်တင်းဖို့ နိုဝင်ဘာ ၆ ရက်မှာ ထောင်ထဲမှာ ပြစ်ဒဏ်ကျခံ နေရတဲ့ ရာဇဝတ်သားတွေကို စစ်မူထမ်းရမယ့် ဥပဒေကို ပူတင်က  လက်မှတ်ရေးထိုးခဲ့ပါတယ်။ တစ်ဘက်မှာ လည်း လာမည့်ဆောင်းရာသီမှာ ယူကရိန်းအရပ်သားတွေ ဒုက္ခရောက်ပြီး ယူကရိန်းပြိုလဲအညံခံလာ‌အောင်  ယူက ရိန်းစွမ်းအင်အဆောက်အဦးတွေကို တိုက်ခိုက်ခဲ့ပါတယ်။ ရုရှားရဲ့တိုက်ခိုက်မှုကြောင့် ယူကရိန်းမြို့တော်ကိယက်ဗ့် နဲ့ တခြားဒေသတွေမှာ ယူကရိန်းပြည်သူ ၄ သန်းကျော် လျှပ်စစ်မီးနဲ့ သောက်သုံးရေ ပြတ်တောက်သွားခဲ့ပါ တယ်။

ကိယက်ဗ့်မြို့တော်ဝန်ကတော့ အလွန်အေးသောဆောင်းရာသီအတွင်း လျှပ်စစ်၊ ရေနှင့် အပူပေးစနစ် မရှိသည့် အခြေအနေကို ရှောင်ရှားဖို့  အရာရာကြိုးစားနေတယ်လို့ ပြောခဲ့ပြီး ရုရှားက ယူကရိန်းရဲ့ စွမ်းအင်အ ခြေခံ အဆောက် အအုံများကို ဆက်လက်တိုက်ခိုက်နေလို့  ကိယက်မြို့သားများ အနေဖြင့် အဆိုးရွားဆုံး ဆောင်း ရာ သီအတွက် ကြိုတင်ပြင်ဆင်ထားရန်လိုအပ်တယ်ဆိုပြီး ပြောခဲ့ပါတယ်။

ဒီကြားထဲမှာ ယူကရိန်းစစ်ကို အဆုံးသတ်ဖို့ နိုင်ငံတကာခေါင်းဆောင်တွေက စတင်ကြိုးစားလာနေတာကို တွေ့ရသလို ဒီတစ်ပတ်မှာ ဝါရှင်တန်ကလဲ ကိယက်ဗ့်ကို စားပွဲ၀ိုင်းကို ရုရှားလာနိုင်ဖို့ လမ်းဖွင့်ပေးဖို့ ဖိအားပေးတဲ့ သတင်းတွေ တက်လာနေတာလည်း တွေ့ရပါတယ်။ နယ်ဆင်မန်ဒဲလားဦးဆောင်ဖွဲ့စည်းခဲ့တဲ့ကမ္ဘာ့အထင် ကရခေါင်းဆောင်ကြီးများအဖွဲ့က ယူကရိန်းစစ်ပွဲမှာ တဘက်ဘက်နေ အပြတ်အသတ်အနိုင်ရဖို့ဆို တာမဖြစ် နိုင်ကြောင်းနဲ့ သံတမန်ရေးနည်းအရ ဆွေးနွေး ဖြေရှင်းတဲ့နည်းနဲ့သာလျင်စစ်ပွဲကိုအဆုံးသတ်နိုင်မှာ ဖြစ်တယ် ဆိုပြီး နိုဝင်ဘာ ၄ ရက်က ပြောခဲ့တာရှိပါတယ်။

ဒီတစ်ပတ်မှာ ဥရောပရဲ့အင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ ဂျာမနီခေါင်းဆောင်  တရုတ်နိုင်ငံကို သွား ရောက်ပြီး တရုတ်သမ္မတရှီကျင့်ဖျင်နဲ့တွေ့ခဲ့ပါတယ်။ ဒီတွေ့ဆုံမှုမှာ ရှီကျင့်ဖျင်က နူကလီးယားလက်နက် သုံးမှုကို ဆန့်ကျင်ကြောင်းပြောခဲ့သလို ယူကရိန်းအရေးမှာ ဆွေးနွေးရေးအတွက် ဥရောပနဲ့ ဂျာမနီအခန်း ကဏ္ဍကို ထောက်ခံမယ်ဆိုပြီးပြောခဲ့ပါတယ်။ ဂျာမနီခေါင်းဆောင်ကလည်း အာရှတည်ငြိမ်ရေးက တရုတ် နိုင်ငံရဲ့တာဝန်ဆိုပြီး ပြောခဲ့တာကိုတွေ့ရပါတယ်။  

လက်ရှိမှာ အမေရိကန်က ယူကရိန်းအရေးမှာရော မြောက်ကိုရီးယားအရေးမှာပါ ထဲထဲဝင် ပါဝင် နေတာဖြစ်ပြီး တရုတ်က အဲဒီနှစ်နိုင်ငံနဲ့ အိမ်နီးချင်းဖြစ်သလို နီးကပ်တဲ့ မိတ်ဆွေနိုင်ငံလည်းဖြစ်ပါတယ်။ ဂျာမနီက အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံဖြစ်လို့ ဂျာမနီခေါင်းဆောင်နဲ့ တရုတ်သမ္မတတွေ့ဆုံမှုကနေ ဖြစ်လာနိုင်တဲ့ နူကလီးယားလက်နက်သုံးလာနိုင်မှု၊ စစ်မက်ဖြစ်ပွားနေမှုတွေကို အရှိန်လျော့ချလာနိုင်မလား ဆို တာ စောင့်ကြည့်စရာဖြစ်လာတဲ့ အကြောင်း ဖော်ပြရင်း တစ်ပတ်အတွင်းနိုင်ငံတကာ သတင်းသုံးသပ်မှုကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မင်းထက်