【တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက်】ရာသီဥတုဘေး အရေးပေါ်အခြေအနေ

 【တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက်】ရာသီဥတုဘေး  အရေးပေါ်အခြေအနေ

ယခုရက်သတ္တပတ်ထဲ ဖြစ်ခဲ့တဲ့ နိုင်ငံတကာသတင်းတွေထဲမှာ  အများစိတ်ဝင်စားစရာသတင်းတွေ ရှိခဲ့ပါတယ်။အီရန်က နူကလီးယားလက်နက်ထုတ်လုပ်နိုင်တဲ့ ယူရေနီယံသန့်စင်မှုတွေပြန်လုပ်ဖို့ ပြောလိုက်တဲ့ သတင်း၊ဥရောပအတွက် ထိပ်တန်းသတိပေးချက်ဖြစ်လာတဲ့ ရွှေ့ပြောင်းအခြေချ သူ တွေ ဘေး သတင်းတွေနဲ့ သဘာဝဘေးသတင်းတွေ၊ အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှု သတင်းတွေ က ယခုရက်သတ္တပတ်ရဲ့ ထိပ်တန်း သတင်းတွေ အဖြစ် ကမ္ဘာ့သတင်းစာမျက်နှာတွေထက် နေရာယူခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းနဲ့ အမေရိကန် ဩဇာအာဏာ

သမ္မတထရမ့်လက်ထက် အရှေ့အလယ်ပိုင်းမှာ အမေရိကန်အစိုးရကျင့်သုံးခဲ့တဲ့ မူဝါဒက နိုင်ငံရေး သုံးသပ် သူတွေအတွက် ခေါင်းခြောက်စေခဲ့သလို အာရပ်ကမ္ဘာအတွက်လည်း မှန်းဆရခက်စေခဲ့ ပါ တယ်။ အထူးသဖြင့် ဆီး ရီးယားပြည်တွင်းစစ်ပြင်းထန်ချိန်မှာ ရုတ်တရက် ဆီးရီးယားကနေ အမေရိ ကန် စစ်တပ်ကို ပြန်လည်ရုပ်သိမ်းခဲ့မှု၊ အာဖဂန်ကနေ အမေရိကန်တပ်ကိုအလောသုံးဆယ် ပြန်ဆုတ် ခွာ ရန်ကြိုးစားမှုတွေက ထရမ့်လက်ထက် အမေ ရိကန်ရဲ့ ပေါ်လစီကို စောင့်ကြည့်နေသူတွေကို မှန်းဆရခက်စေပါတယ်။

ယခုရက်သတ္တပတ်ထဲမှာလည်း အမေရိကန်အနေနဲ့ အရှေ့အလယ်ပိုင်းက ကာလကြာရှည်တဲ့ ပစ်မှတ်ဖြစ် တဲ့ အီရန်နဲ့ပတ်သက်ပြီး လှုပ်ရှားမှုတွေ ရှိခဲ့ပါတယ်။ အီရန်ရဲ့ဟော်မုဇ်ရေလက်ကြား တစ်လျှောက် ထိန်းချုပ်ဖို့လုပ် ဆောင်မှု တစ်စိတ်တစ်ပိုင်းအဖြစ် သူရဲ့မဟာမိတ်နိုင်ငံတွေကို ရေနံတင် သင်္ဘောတွေကို စောင့်ရှောက်ဖို့ အ ကြောင်း ပြချက်နဲ့ လေ့ကျင့်သင်ကြားမှုတွေ လုပ်ဆောင်ခဲ့ ပါတယ်။

အီရန်ဘက်ကတော့ အမေရိကန်အတွက် ခါးသီးစေတဲ့ ဖြစ်ရပ်ဖြစ်တဲ့ အမေရိကန်သံရုံးကို ဝင်ရောက် စီးနင်းမှု နှစ် ၄၀ ပြည့်မြောက်တဲ့ အခမ်းအနားကို ယခုရက်သတ္တပတ်ထဲမှာ တခမ်းတနားကျင်းပခဲ့ ပါတယ်။ ဒီ အဖြစ်အပျက်က ၁၉၇၉ မှ ၈၁ အထိ ရက်ပေါင်း ၄၄၄ ကြာခဲပြီး  အမေရိကန်သံရုံး စီးနင်း မှုကို  ဘာသာရေး ခေါင်း ဆောင် အလာတိုလက်ခိုမေနီကို သစ္စာခံ တဲ့ ကျောင်းသားတွေက ဦးဆောင် ကာ  အမေရိကန်သံဝန်ထမ်းတွေကို ဖမ်းဆီးထားခဲ့တာပါ။ ဒီအခမ်းအနားကို အမေရိကန်နဲ့ ဆက်ဆံရေးအဆိုးရွားဆုံးအခြေအနေမှာ အီရန်ဆန္ဒပြသူ ထောင်ပေါင်းများစွာက တီဟီရန်မြို့တော် မှာ ဆင်နွဲခဲ့တာပါ။

လက်ရှိမှာ အမေရိကန်နဲ့ နျူကလီးယားဆွေးနွေးပွဲကို အီရန်ခေါင်းဆောင်တွေက ပယ်ချထားတာပါ။ ဒီလို အီရန်ဘက်က တခမ်းတနား ကျင်းပတဲ့အတွက် အမေရိကန်နဲ့ အီရန်ကြားပြဿနာက ပိုတင်းမာ လာမယ့် အနေ အထားကို ဦးတည်နေပါတယ်။ အမေရိကန်ဘက်က အီရန်ကို ကမ္ဘာအကြမ်းဖက်မှု လက်သည် အဖြစ် စွပ်စွဲလာတာ ကိုလည်း အီရန်ဘက်က ကျေနပ်ခဲ့တာမရှိပါဘူး။

ကမ္ဘာအကြမ်းဖက်မှုလက်သည်အဖြစ်ပုံဖော်ခံနေရတဲ့ အတွက်  အခွင့်သာရင် သာသလို အီရန်ဘက် က တုံပြန်မှုတွေ ရှိပါတယ်။ ယခုရက်သတ္တပတ်ထဲမှာလည်း အီရန် အီရန် အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ် စစ်ဦးစီးချုပ်က အမေရိကန်အရင် သမ္မတဟောင်း အိုဘားမားရဲ့ လက်ထက်မှာ အိုင်အက်စ် အဖွဲ့ကို အမေရိကန်က မွေးဖွားပေးလိုက်တယ်လို့ စွပ်စွဲခဲ့သလို နှစ် ၄၀ အတွင်း ဒေသ တွင်းနဲ့  အစ္စလာမ်ကမ္ဘာမှာ ဖြစ်ပွားတဲ့ စစ်ပွဲတိုင်း အမေရိကန်ဟာ သွယ်ဝိုက်ဖြစ်စေ၊ တိုက်ရိုက်
ဖြစ်စေ ပါဝင်နေပြီး လူပေါင်း ၈ ဒသမ ၅ သန်းအထိ သေဆုံးခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။

ဒီလိုအပြင် အီရန် သမ္မတက တီဟီရန်မြို့ တောင်ပိုင်း မြေအောက် စက်ရုံတစ်ရုံမှာ ယူရေနီယံ သန့် စင်မှုတွေကို ပြန်လည် စလုပ်တော့မယ်ဆိုပြီး ဗြောင်ပဲ ယခုရက်ပိုင်းမှာထုတ်ပြောခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းမှာ အီရန်ကြောင့် ဒေသတွင်းလက်နက်ပြိုင်ဆိုင်မှု အားကြီးလာစဉ်မှာဘဲ ပါလက် စတိုင်း- အစ္စရေးတိုက်ခိုက်မှု တွေ၊အီရတ်နဲ့ ဆီးရီးယားမှာ ဖြစ်တဲ့ တိုက်ပွဲတွေ ၊အာဖဂန်နဲ့ အာဖရိက မှာဖြစ်တဲ့ အကြမ်းဖက်မှုတွေ ကလည်း လျော့နည်းသွားခဲ့ခြင်းမရှိခဲ့ပါဘူး။ ဒီရက်သတ္တပတ် ထဲမှာဘဲ အစ္စရေးဖက်ခြမ်းကို စစ်သွေးကြွတွေက ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့လို့ အစ္စရေးက လေကြောင်းကနေ ဂါဇာကမ်းမြောင်ဒေသကို ထိုးစစ်ဆင်ရာမှာ အရပ်သားတစ်ဦး သေဆုံးပြီး အခြားနှစ်ဦး ဒဏ်ရာရခဲ့ ပါတယ်။

အီရတ်နိုင်ငံ အလယ်ပိုင်း ကာဘာလာမြို့ရှိ အီရန်ကောင်စစ်ဝန်ရုံးအနီး ဆန္ဒပြပွဲမှာတော့ လုံခြုံရေး တပ်ဖွဲ့များလက်ချက်နဲ့ ဆန္ဒပြသူသုံးဦး ပစ် သတ်ခံရပါတယ်။ဆန္ဒပြပွဲတွေကြောင့် လက်ရှိမှာ အီရတ်တစ်နိုင်ငံ လုံးကို အာဏာပိုင်တွေက အင်တာနက်လိုင်းများ ဖြတ်တောက်ထားခဲ့ပါတယ်။ အိုင်အက်စ်ခေါင်းဆောင်သတ်ဖြတ်ခံရပြီးမှာ နောက်ထပ်တက်လာတဲ့ ခေါင်းဆောင်ကို သစ္စာခံတယ် ဆိုပြီး တာဂျီကစ္စတန်နှင့် ဥဇ ဘက်ကစ္စတန် နယ်စပ်စခန်းတစ်ခုကို အိုင်အက်စ်တွေ ဝင်တိုက်ခိုက်ခဲ့ လို့ လုံခြုံရေး တပ်ဖွဲဝင်နှစ်ဦးနဲ့ စစ်သွေးကြွ ၁၅ ဦးသေဆုံးခဲ့တဲ့ ဖြစ်ရပ် ယခုရက်သတ္တပတ်ထဲမှာ ဖြစ်ခဲ့ပါတယ်။ ဒီအဖြစ်မှာ အိုင်အက်စ်တပ်ဖွဲ့က ခေါင်းဆောင်သစ်ကို သစ္စာခံတဲ့ အနေနဲ့ တိုက်ခိုက် ခဲ့တာ ဆိုပြီး ဝန်ခံခဲ့ပါတယ်။ ယခုရက်သတ္တပတ် ထဲမှာဘဲ ဂျော်ဒန်နိုင်ငံမြောက်ပိုင်း ရှေးဟောင်း ဂျရာ့ရှ်မြို့မှာ ဓားထိုးတိုက်ခိုက်မှုကြောင့် ကမ္ဘာ့လှည့်ခရီးသည် ၄ ဦးအပါအဝင် လူ ၈ ဉီး ဒဏ်ရာရရှိခဲ့ ပါတယ်။

အိန္ဒိယ ထိန်းချုပ်ရာ ကက်ရှ်မီးယား မှာတော့ ဒေသတွင်းဈေးတစ်ခုထဲ ပေါက်ကွဲမှု ဖြစ်လို့ တစ်ဦးသေ ဆုံးပြီး ၁၉ ဦး ဒဏ်ရာရခဲ့ပါတယ်။ အိန္ဒိယမှာ တော့ ဥတ္တာပရာဒေ့ရှ်ပြည်နယ်ထဲက  ဟိန္ဒူနဲ့ မွတ်စလင်ကြား ဆယ်စုနှစ်များစွာ ခါးခါးသီးသီး အငြင်းပွားနေတဲ့ မြေနေရာကို ဘုရား ကျောင်း တည်ဆောက် လိုတဲ့ ဟိန္ဒူတွေလက်ထဲ ပေးအပ်ဖို့ အမိန့်ချခဲ့သလို ဗလီဆောက်လိုတဲ့ မွတ်စလင် ဘာသာဝင်တွေအတွက် အခြေးမြေနေရာကိုပေးခဲ့ပါတယ်။  ဘာသာရေးနဲ့ လူမျိုးရေး အစွဲကြီးတဲ့ အိန္ဒိယမှာ ဘာသာနှစ်ခုကြား အကောင်းဆုံး ဆုံးဖြတ်ခဲ့ပေမယ့် ဒီဆုံးဖြတ်ချက်ကြောင့် နောက်ထပ် ဘာတွေဖြစ်လာဦးမလဲဆိုတာ သတိထားစောင့်ကြည့်ရမယ့်အနေအထားပါ။ ပါကစ္စတန်နဲ့ စစ်ဖြစ်လု မတတ် ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် ပိတ်ထားခဲ့ရတဲ့ နယ်စပ်စြင်္ကံလမ်းကို ယခုရက်သတ္တပတ်ထဲ ဖွင့်လှစ်ခဲ့ပါတယ်။အိန္ဒိယ Sikhs ဆစ်ခ်ဘာသာ ဝင်များအတွက် အရေးကြီးတဲ့ သမိုင်းဝင် ဘာသာရေး ကိုးကွယ်ရာ ကျောင်းကိုသွားရောက်နိုင်မယ့် နယ်စပ်လမ်းကို အသစ်ဖောက်ပြီး ပြန်ခွင့်ပြုခဲ့တာပါ။ ထိုင်းနိုင်ငံတောင်ပိုင်းမှာတော့ ယခုရက်သတ္တပတ်ထဲ  မွတ်စလင် သူပုန်တွေ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၁၅ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ မက္ကဆီကိုနိုင်ငံ မြောက် ပိုင်းမှာတော့ မူးယစ်မှောင်ခိုဂိုဏ်းတစ်ခု ကခြုံခိုတိုက်ခိုက်မှုကြောင့် ကလေးငယ် ခြောက်ဦးအပါအဝင် အမေရိကန်နိုင်ငံသား ကိုးဦး သေဆုံးခဲ့ပါတယ်။     
 
 သဘာဝဘေး၊ ငတ်မွတ်မှုနှင့် ရွှေ့ပြောင်းအခြေချသူများ၏ဘေး

လက်ရှိအချိန်ကာလမှာ ကမ္ဘာ့နိုင်ငံ ၅ဝ ရှိပြည်သူတွေအဖို့ ဆိုးရွားတဲ့စားနပ်ရိက္ခာပြတ်လပ်မှု (သို့မ ဟုတ်) ငတ်မွတ်ခေါင်းပါးမှုများကို ရင်ဆိုင်ကြုံတွေ့နေရတယ်ဆိုပါတယ်။ဒါက ကမ္ဘာ့ငတ်မွတ်ခေါင်းပါး မှုညွှန်း ကိန်းမှာ ဖော်ပြထားတာပါ။ ဖော်ပြချက်မှာတော့ နေ့စဉ်ကမ္ဘာတစ်ဝန်းတွင် ငတ်မွတ်ခေါင်းပါးမှု ဒဏ်ခံစား နေရသူအရေ အ တွက်မှာ ၇၉၅ သန်းရှိပြီး ငတ်မွတ်ခေါင်းပါးမှုဒဏ် အဆိုးရွားဆုံး အဆင့် ခံစားနေရတဲ့ နိုင်ငံတွေအဖြစ် အာဖရိ ကအလယ်ပိုင်း၊ ချက်၊  ဇမ်ဘီယာနိုင်ငံတွေ ၊ ပြည်တွင်းစစ်ဖြစ်နေ တဲ့ ဆီးရီးယား၊ ဆိုမားလီးယား၊အာဖဂန်၊ယီမင်၊ ဆူဒန်နှင့် တောင် ဆူဒန်တို့အပါအဝင် နိုင်ငံ ၁၃ နိုင်ငံ နဲ့ မကြာမီက ဟာရီကိန်းမုန်တိုင်းမက်သရူးဒဏ်ခံခဲ့ရတဲ့ ဟေတီနိုင်ငံတွေက ထိပ်ဆုံးကပါ။
 
ဒီလိုဖြစ်ရပ်ကြောင့် နောက်ဆက်တွဲပါလာတာက ရွှေ့ပြောင်းအခြေချတွေဘေးပါဘဲ။ ဒီပြဿနာက အရင် က လူသားချင်းစာနာထောက်ထားကူညီမှုအဖြစ် ချမ်းသာတဲ့ ဥရောပနိုင်ငံတွေနဲ့ လူသားအရင်း အမြစ်ရှားတဲ့ နိုင်ငံ တွေမှာ သဘောထားခဲ့ပေမယ့် ယခုအခါမှာ ပြဿနာဖြစ်လာခဲ့ပါပြီး သက်ဆိုင် ရာနိုင်ငံတွေ နဲ့ ရွှေ့ပြောင်းတွေ သွား လာဖြတ်သန်းရာလမ်းကြောင်းကနိုင်ငံတွေအတွက်လည်း ဝန်ထုပ်ဝန်ပိုးဖြစ်လာခဲ့ပါတယ်။မကြာမီက လန်ဒန် အက်ဆက်မှာ ဖြစ်ခဲ့တဲ့ လူ ၃၉ ဦးသေဆုံး လျှက်တွေ့ ရှိတဲ့ တရားမဝင် ခိုးဝင်လူသွင်းမှုတွေက နိုင်ငံဖြတ်ကျော် လူ ကုန်ကူးမှုတွေကို သက်ဆိုင်ရာနိုင်ငံတွေ အဖို့ မတားမြစ်နိုင်တာကို ဖော်ပြနေခဲ့ပါတယ်။

ယခုရက်သတ္တပတ်ထဲမှာလည်း ဂရိနိုင်ငံမြောက်ပိုင်း အဝေးပြေးကားလမ်းတွင် ထရပ်ကားတစ်စီး ၏ အအေးခန်းအတွင်း ပိတ်လှောင် သယ်ဆောင်လာသော အာဖဂန်အများစုပါဝင်တဲ့ ရွှေ့ပြောင်းအခြေချ သူ ၄၁ ဦး ကို ရဲတပ်ဖွဲ့ရှာဖွေ ကယ်တင်ခဲ့ရပါတယ်။ ဥရောပကိုဝင်ရာလမ်းကြောင်းမှာ ရှိနေတဲ့ အီတလီနဲ့ ဂရိအဖို့ ဒီရွှေ့ပြောင်း အခြေချသူတွေ ပြဿနာက သူတို့နိုင်ငံရဲ့ လူဦးရေကိုခြိမ်းခြောက်နေ ပါတယ်။ ဥရောပကို အာဖရိကနဲ့ အာရပ် ကမ္ဘာက အလုံးအရင်းနဲ့ ဝင် ရောက်မှုက သက်ဆိုင်ရာ ဥရောပနိုင်ငံတွေက လူဝင်မှုတင်းကျပ်တဲ့အခါ သူ့နိုင်ငံမှာ သောင်တင်တဲ့အတွက် စီးပွားရေးနဲ့ လူမှုရေးပြဿနာတွေကို ရင်ဆိုင်နေရပါတယ်။

ရွှေပြောင်းအခြေချသူတွေ ပစ်မှတ်ထားတဲ့ နိုင်ငံဖြစ်တဲ့ ဥရောပမှာတော့ ဒီလို အာဖရိကနိုင်ငံများနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများမှ ဝင်ရောက်လာသော ရွှေ့ပြောင်း အခြေချသူများကိုလက်ခံထားတဲ့ အတွက် မကြာ ခဏဆိုသလို ဌာနေခံတွေနဲ့  ရွှေပြောင်းတွေကြား ပြဿနာ ခဏခဏဖြစ်နေတာပါ။ ယခုရက်သတ္တပတ်ထဲမှာ တော့ ဂျာမနီအလုပ် အကိုင်အခွင့်အလမ်းဆိုင်ရာ သုတေသနအင်စတီကျု ကနေ  စစ်တမ်းတစ်ခုကို ထုတ်ပြန်ပြီး ရွှေ့ပြောင်းတွေဘေးကို သတိပေးခဲ့ပါတယ်။ဒီစစ်တမ်းမှာ ၂ဝ၄ဝ ပြည့်နှစ်သို့ ရောက်ရှိချိန်မှာ  ဂျာမနီလူဦးရေ၏ ၃၅ ရာခိုင်နှုန်းက ရွှေ့ပြောင်းအခြေချသူများ (သို့မဟုတ်)ရွှေ့ပြောင်းအခြေချသူများနှင့် မျိုးရိုးဆက်စပ်နေသူများ ဖြစ်လာမယ်ဆိုပြီး သတိပေးခဲ့ တာပါ။

ဒီလို အခြေအနေကိုဖြစ်စေတဲ့ အထိ ရွှေ့ပြောင်းအခြေချရသူတွေ တိုးတက်များပြားလာရတာလည်း ၎င်း တို့ အခြေချနေထိုင်ရာဒေသတွင်းနဲ့ နိုင်ငံတွေမှာ မလုံခြုံမှု၊ သဘာ၀ ဘေးနဲ့ စစ်မက်တွေက မပြတ် ဖြစ်နေတာက အဓိကအကြောင်းအရာပါဘဲ။ ဒီထဲက သဘာဝဘေးနဲ့ပတ်သက်ပြီး ကြည့်မယ် ဆိုရင် ယခုရက် သတ္တပတ်ထဲမှာ  ဩစတြေးလျမှာ မကြုံစဖူး တောမီးလောင်ကျွမ်းမှုတွေကြုံနေ ရသလို ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယမှာ ဆိုင်ကလုံးမုန် တိုင်း ဝင်ခဲ့ပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ခဲ့တဲ့ ဆိုင်ကလုန်း မုန်တိုင်း ဘာဘ်ဘယ်ဟာ နိုဝင်ဘာ ၉ ရက်တွင် အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။ အိန္ဒိယဘက်ခြမ်းမှာ လူပေါင်း ၆၀,၀၀၀ ကျော်ကို ကမ်းခြေနေရာများကနေ ရှောင်တိမ်းခိုင်းခဲ့ရသလို ဘင်္ဂလားဒေ့ရှ်ဘက် မှာလည်း လူပေါင်း ၂ သန်းခန့်ကို ဘေး လွတ်ရာရွှေ့ပြောင်းစေခဲ့ရပါတယ်။ နောက်ဆုံးသတင်းတွေ အရ လူ ၂၀ ကျော်သေဆုံးခဲ့ရပြီး လူနှစ်သန်း ကျော် ရွှေ့ပြောင်းပေးခဲ့ရတယ် ဆိုပါတယ်။ အိမ်ခြေနဲ့ အခြေခံအဆောက်အဦးပျက်စီးဆုံးရှုံးမှုကလည်း များခဲ့ပါတယ်။

သြစတြေးလျနိုင်ငံ အရှေ့ပိုင်းတစ်ခွင်တွင် ဒါဇင်ပေါင်းများစွာသော တောမီးများ လောင်ကျွမ်းနေတာ မှာ ထိန်းချုပ်မရ ဖြစ်နေသည့် အခြေအနေမျိုး ဖြစ်နေလို့  အဓိက အမြန်လမ်းမကြီးတစ်ခုကိုလည်း ပိတ်ထားရသလို ဒေသခံတွေလည်း ပိတ်မိနေပါတယ်။သစ်တော ဟက်တာပေါင်း ထောင်ပေါင်း များစွာ ကို လောင်ကျွမ်းခဲ့တဲ့ တော မီးကြောင့် အနည်းဆုံး လူသုံးဦး သေဆုံးခဲ့ပြီး လူပေါင်း ၃၀ ကျော် ခန့် ထိခိုက်ဒဏ်ရာရရှိကာ မီးသတ်သမား ၁,၃၀၀ ခန့်နှင့် ဝိုင်းငြိမ်းနေရပါတယ်။ ကွင်းစလန်နှင့် အနောက် ဩစတြေးလျ ပြည်နယ်တို့တွင် လောင်ကျွမ်းနေသော တောမီးကြောင့် အရေးပေါ် အခြေ အနေ ထုတ်ပြန်ထားပါတယ်။တောမီးလောင်တာဟာ ဩစတြေးလျမှာ ပူပြင်း ခြောက်သွေ့ကာ မိုးခေါင်နေ တာကြောင့် တောမီးက ထိန်းရခက်နေတာပါ။တောင်ဆူဒန်မှာတော့ မိုးသည်းထန်ပြီး ရေကြီးရေလွှမ်းမှု ဖြစ်ပွားနေလို့ ပြည်သူလေးသိန်းနီးပါး ရွှေ့ပြောင်းပေးထားရပါတယ်။

ဒါဟာ ကမ္ဘာကြီးပူနွေးနေမှုကြောင့် ပါဘဲ။ ယခုရက်သတ္တပတ်ထဲမှာဘဲ  ကမ္ဘာတစ်ဝန်း သိပ္ပံပညာ ရှင်ပေါင်း ၁၁,၀၀၀ ကျော် ပါဝင်သည့် အဖွဲ့တစ်ခုက နှစ် ၄၀ ကြာ ကမ္ဘာလုံးဆိုင်ရာ ဒေတာ အချက်အလက် များအပေါ် အကဲ ဖြတ် တွက်ချက်ပြီး ရာသီဥတုဆိုင်ရာ အရေးပေါ်အခြေအနေ တစ်ရပ်ကို ကမ္ဘာရင်ဆိုင်နေရပြီလို့ ကြေညာခဲ့ပါ တယ်။ဒီလို သဘာဝဘေးဆိုင်ရာ စိတ်ပျက်စရာတွေ ရှိပေမယ့်  သတင်းကောင်းလေးတွေ စိတ်အားတက်စရာ သတင်းလေးတွေလည်းရှိပါသေးတယ်။

ဒါက ယခုရက်သတ္တပတ်ထဲမှာ ဥရောပသမဂ္ဂ(EU)နှင့် နိုင်ငံပေါင်း ၂၄ နိုင်ငံက အန္တာတိက တိုက်တောင်ပိုင်း ရှိ ရော့စ်ပင်လယ်(RossSea)ကို ကမ္ဘာ့အကြီးဆုံးပင်လယ်ပြင် ဘေးမဲ့ဧရိယာအဖြစ် သတ်မှတ် ဖို့ သဘောတူခဲ့ကြတာပါ။ ဒီနေရာမှာ ကမ္ဘာပေါ်ရှိ Adelie ပင်ဂွင်း ငှက်အရေအတွက်၏ ၃၈ရာခိုင်နှုန်း၊ ပင်လယ်ပျော်ငှက်များ၏ရာခိုင်နှုန်း ၃ဝနှင့် Minke ဝေလငါးအမျိုး အစား၏ ခြောက် ရာခိုင်နှုန်း တို့ ကျက်စားနေထိုင်ရာ နေရာဖြစ်လို့ အတော်လေး စိတ်ချမ်းသားစရာ ကာကွယ်မှုပါဘဲ။

လူတုလက်မခံလို့ လှုပ်ခတ်နေတဲ့ ကမ္ဘာ နိုင်ငံရေးအခင်းအကျင်း

ယခုရက်သတ္တပတ်သတင်းတွေထဲ နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုသတင်းတေထွထဲမှာ တောင်အမေရိ ကနိုင် ငံ တစ်ခုဖြစ်တဲ့ ချီလီနိုင်ငံရေးမတည်မငြိမ်ဖြစ်တဲ့ သတင်းတွေက ထိပ်ဆုံးကရှိခဲ့ပါတယ်။ လူတန်းစားကွာဟချက်ပေါ် မကျေလည်တဲ့ ချီလီမှာ ဆန္ဒပြပွဲတွေ သီတင်းပတ် သုံးပတ်အထိ ကြာမြင့် လာခဲ့ရာမှာ ယခုရက်သတ္တပတ် ထဲမှာ ဆန္ဒပြသမားများနှင့် ရဲများအကြား ထိပ်တိုက်တွေ့ပြီး အပြန် အလှန် တိုက်ခိုက်မှုများ အကြီးအ ကျယ် ဖြစ်ပေါ်ခဲ့ ပါတယ်။ ဆန္ဒပြသူများဘက်က ချီလီ သမ္မတ ဆီဘတ်ရှန် ပီညဲရားကို ရာထူးမှ နုတ် ထွက်ဖို့ တောင်းဆိုပေမယ့် သမ္မတ ပီညဲရားကမူ ၎င်းအနေဖြင့် ဖိအားပေးခံနေရသော်ငြား ရာထူးမှ နုတ် ထွက်မှာမဟုတ်ဘူးဆိုတာ ပြောခဲ့ပါ တယ်။ ဆန္ဒပြသူများ ဘက်က နိုဝင်ဘာ ၈ ရက်မှာ တက္ကသိုလ် အဆောက်အဦကို မီးရှို့ပြီး ဘုရားကျောင်း တစ် ကျောင်း ကို ဝင်ရောက်ဖျက်ဆီးမှုများပြုလုပ်ခဲ့ပါတယ်။

ဆန္ဒပြမှုတွေက ဆက်လက်ပြင်းထန်နေဆဲပါ။ နောက်ထပ်တာင်အမေရိကနိုင်ငံတစ်ခုဖြစ်တဲ့ ဘိုလီးဗီး ယားနိုင်ငံမှာတော့ သမ္မတကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေထဲ ရဲတွေပါ ပါဝင်လာခဲ့ပါတယ်။ ပြီးခဲ့သည့်လ ရွေး ကောက်ပွဲ မဲလိမ်မှု လုပ်ခဲ့လို့ လက်တင်အမေရိကဒေသတွင် သက်တမ်းအကြာရှည်ဆုံး နိုင်ငံ့ခေါင်းဆောင်ဖြစ်တဲ့ လက်ရှိသမ္မတ မစ္စတာ မိုရာလက်စ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေက ပိုမို နက်ရှိုင်း လာပြီး နိုဝင်ဘာ ၉ ရက်တွင် အတိုက်အခံ ဆန္ဒပြသမားတစ်ချို့က အစိုးရပိုင် ရုပ်သံနှင့် ရေဒီယို သတင်းဌာန နှစ်ခုကို ဝင်ရောက်စီးနင်းပြီး သတင်းအစီအစဉ်ထုတ်လွှတ်မှုများကို ဖြတ်တောက်ပစ်ခဲ့ပါတယ်။ စစ်တပ်ကလည်း သမ္မတကိုရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့သလို ရဲတပ်ဖွဲ့ကလည်း မထောက်ခံခဲ့တော့တဲ့ အတွက် နိုဝင်ဘာ ၁၀ရက် နံနက် ပိုင်းမှာ ရာထူးကနေနုတ် ထွက်ကြောင်းကြေညာ ခဲ့ပါတယ်။

ဘရားဇီးမှာတော့ လူထုထောက်ခံမှုရတဲ့ ယခင်သမ္မတဟောင်းလူလာထောင်ကနေ ပြန်လွတ်လာ ပါပြီ။ ထောင်ကနေ လွတ်လွတ်လာခြင်း ပြည်သူတွေ အလုပ်လက်မဲ့ဖြစ်ကာ ယခင်ကထက် ပိုမို ငတ်မွတ် ခေါင်းပါး လာတဲ့အတွက် လက်ရှိ လက်ယာယိမ်းဝါဒီ သမ္မတ ဂျာဘိုဆိုနာရို၏ စီးပွားရေး မူဝါဒများကို ရှုတ်ချခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းက လက်ဘနွန်မှာတော့ အောက်တိုဘာ ၁၇ ရက်ကစတဲ့ အကျင့်ပျက်ခြစားမှု အမြစ်ဖြတ်ရေးနဲ့ နိုင်ငံရေးစနစ် ပြောင်းလဲရေးအတွက် ဆန္ဒပြမှုတွေ က အရှိန်ကောင်းလာပြီး အဓိကလမ်းမကြီးတွေကို ပိတ်ဆို့ထားသလို အစိုးရဌာနအချို့ကိုလည်း တားမြစ်ပိတ်ဆို့ခဲ့ပါတယ်။ဟောင်ကောင်မှာတော့ ကျောင်းသား တစ်ဦး သေဆုံးခဲ့ပြီး လွှတ်တော်တွင် အုပ်စုလိုက် ခိုက် ရန်ဖြစ်ပွားခဲ့လို့ ဒီမို ကရေစီလိုလားတဲ့ လွှတ်တော် အမတ်သုံးဦးကို ဖမ်းဆီးခဲ့ပါ တယ်။ ကမ္ဘောဒီးယားမှာတော့ ပြည်ပရောက် အတိုက်အခံခေါင်းဆောင်တစ်ဦးကို ပါရီ ကနေ ကမ္ဘောဒီးယားဝင်ခွင့် ပိတ်ခဲ့ပါတယ်။

ဒီလိုသတင်းတွေအပြင် ဖိလစ်ပိုင် အဓိကအတိုက်အခံခေါင်းဆောင်ကို မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ် ငန်း ဦးဆောင်ရမည့် တာ ဝန်ပေးခဲ့တဲ့သတင်း၊ အမျိုးသမီးဝန်ထမ်း တစ်ဦးနှင့် ဇာတ်ရှုပ်ခဲ့တဲ့ McDonald's ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ကို ရာထူးမှ ထုတ်ပယ်ခဲ့တဲ့ သတင်း၊နိုင်ငံတကာ အတွက် တရုတ်စီးပွားရေးကို ပိုမိုဖွင့် ပေး မယ်လို့  တရုတ်သမ္မတ က ပြောကြားလိုက်တဲ့သတင်း၊ဗြိ တိန် ကြားဖြတ်ရွေးကောက်ပွဲအတွက် ဗြိတိန်ဝန်ကြီး ချုပ်ဘောရစ်ဂျွန်ဆင်က  နိုဝင်ဘာ ၆ ရက်မှာ မဲဆွယ်စည်းရုံးမှုစတင်လိုက်တဲ့ သတင်း၊အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်အား စွပ်စွဲပြစ်တင်ရေး စုံစမ်းစစ်ဆေးမှုအဖြစ်လာမည့်အပတ်မှာ အများပြည်သူရှေ့မှောက်ပထမဆုံး ကြားနာစစ်ဆေးမှု စတင်တော့မယ့် သတင်း၊ အင်္ဂါဂြိုဟ် (Mars) ပေါ် ၂၁၁၇ ခုနှစ်မှာ လူသားများ ခြေချနိုင်ရန် ရည်မှန်း ထား တဲ့ စီမံကိန်းကို အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE)က စတင်ကြောင်းကြေညာခဲ့တဲ့ သတင်း၊ ရုပ်ထွက်မြင့်မားသည့် အဝေးထိန်းအာရုံခံဂြိုဟ်တု အသစ်တစ်လုံးကိုတရုတ်နိုင်ငံက လွှတ်တင် ခဲ့တဲ့ သတင်း၊ တရုတ်နိုင်ငံမှာ 5G ကွန်ရက်သစ်ကို နိုဝင်ဘာ ၁ ရက်မှာ စတင်ဝန်ဆောင်မှု ပေးခဲ့တဲ့ သတင်း၊ရန်ပုံငွေ အလွဲသုံးစားမှုဖြင့် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ကို ဒေါ်လာ ၂ သန်း ပြန်လည်ပေးဆောင်ဖို့ နယူးယော့ခ် တရားရုံးက အမိန်ချခဲ့တဲ့သတင်းတွေကလည်း ယခုရက် သတ္တပတ် မှာ သတင်းဖတ်သူတွေအတွက် သတိထားမိတဲ့ သတင်းအချို့ဖြစ်ခဲ့ပါတယ်။

                                                                                မင်းထက်

 (   Zawgyi   )

 ယခုရက္သတၱပတ္ထဲ ျဖစ္ခဲ့တဲ့ ႏိုင္ငံတကာသတင္းေတြထဲမွာ  အမ်ားစိတ္ဝင္စားစရာသတင္းေတြ ရွိခဲ့ပါတယ္။အီရန္က ႏူကလီးယားလက္နက္ထုတ္လုပ္ႏိုင္တဲ့ ယူေရနီယံသန႔္စင္မႈေတြျပန္လုပ္ဖို႔ ေျပာလိုက္တဲ့ သတင္း၊ဥေရာပအတြက္ ထိပ္တန္းသတိေပးခ်က္ျဖစ္လာတဲ့ ေ႐ႊ႕ေျပာင္းအေျခခ် သူ ေတြ ေဘး သတင္းေတြနဲ႔ သဘာဝေဘးသတင္းေတြ၊ အၾကမ္းဖက္တိုက္ခိုက္သတ္ျဖတ္မႈ သတင္းေတြ က ယခုရက္သတၱပတ္ရဲ႕ ထိပ္တန္း သတင္းေတြ အျဖစ္ ကမာၻ႔သတင္းစာမ်က္ႏွာေတြထက္ ေနရာယူခဲ့ပါတယ္။

အေရွ႕အလယ္ပိုင္းနဲ႔ အေမရိကန္ ဩဇာအာဏာ

သမၼတထရမ့္လက္ထက္ အေရွ႕အလယ္ပိုင္းမွာ အေမရိကန္အစိုးရက်င့္သုံးခဲ့တဲ့ မူဝါဒက ႏိုင္ငံေရး သုံးသပ္ သူေတြအတြက္ ေခါင္းေျခာက္ေစခဲ့သလို အာရပ္ကမာၻအတြက္လည္း မွန္းဆရခက္ေစခဲ့ ပါ တယ္။ အထူးသျဖင့္ ဆီး ရီးယားျပည္တြင္းစစ္ျပင္းထန္ခ်ိန္မွာ ႐ုတ္တရက္ ဆီးရီးယားကေန အေမရိ ကန္ စစ္တပ္ကို ျပန္လည္႐ုပ္သိမ္းခဲ့မႈ၊ အာဖဂန္ကေန အေမရိကန္တပ္ကိုအေလာသုံးဆယ္ ျပန္ဆုတ္ ခြာ ရန္ႀကိဳးစားမႈေတြက ထရမ့္လက္ထက္ အေမ ရိကန္ရဲ႕ ေပၚလစီကို ေစာင့္ၾကည့္ေနသူေတြကို မွန္းဆရခက္ေစပါတယ္။

ယခုရက္သတၱပတ္ထဲမွာလည္း အေမရိကန္အေနနဲ႔ အေရွ႕အလယ္ပိုင္းက ကာလၾကာရွည္တဲ့ ပစ္မွတ္ျဖစ္ တဲ့ အီရန္နဲ႔ပတ္သက္ၿပီး လႈပ္ရွားမႈေတြ ရွိခဲ့ပါတယ္။ အီရန္ရဲ႕ေဟာ္မုဇ္ေရလက္ၾကား တစ္ေလွ်ာက္ ထိန္းခ်ဳပ္ဖို႔လုပ္ ေဆာင္မႈ တစ္စိတ္တစ္ပိုင္းအျဖစ္ သူရဲ႕မဟာမိတ္ႏိုင္ငံေတြကို ေရနံတင္ သေဘၤာေတြကို ေစာင့္ေရွာက္ဖို႔ အ ေၾကာင္း ျပခ်က္နဲ႔ ေလ့က်င့္သင္ၾကားမႈေတြ လုပ္ေဆာင္ခဲ့ ပါတယ္။

အီရန္ဘက္ကေတာ့ အေမရိကန္အတြက္ ခါးသီးေစတဲ့ ျဖစ္ရပ္ျဖစ္တဲ့ အေမရိကန္သံ႐ုံးကို ဝင္ေရာက္ စီးနင္းမႈ ႏွစ္ ၄၀ ျပည့္ေျမာက္တဲ့ အခမ္းအနားကို ယခုရက္သတၱပတ္ထဲမွာ တခမ္းတနားက်င္းပခဲ့ ပါတယ္။ ဒီ အျဖစ္အပ်က္က ၁၉၇၉ မွ ၈၁ အထိ ရက္ေပါင္း ၄၄၄ ၾကာခဲၿပီး  အေမရိကန္သံ႐ုံး စီးနင္း မႈကို  ဘာသာေရး ေခါင္း ေဆာင္ အလာတိုလက္ခိုေမနီကို သစၥာခံ တဲ့ ေက်ာင္းသားေတြက ဦးေဆာင္ ကာ  အေမရိကန္သံဝန္ထမ္းေတြကို ဖမ္းဆီးထားခဲ့တာပါ။ ဒီအခမ္းအနားကို အေမရိကန္နဲ႔ ဆက္ဆံေရးအဆိုး႐ြားဆုံးအေျခအေနမွာ အီရန္ဆႏၵျပသူ ေထာင္ေပါင္းမ်ားစြာက တီဟီရန္ၿမိဳ႕ေတာ္ မွာ ဆင္ႏြဲခဲ့တာပါ။

လက္ရွိမွာ အေမရိကန္နဲ႔ န်ဴကလီးယားေဆြးေႏြးပြဲကို အီရန္ေခါင္းေဆာင္ေတြက ပယ္ခ်ထားတာပါ။ ဒီလို အီရန္ဘက္က တခမ္းတနား က်င္းပတဲ့အတြက္ အေမရိကန္နဲ႔ အီရန္ၾကားျပႆနာက ပိုတင္းမာ လာမယ့္ အေန အထားကို ဦးတည္ေနပါတယ္။ အေမရိကန္ဘက္က အီရန္ကို ကမာၻအၾကမ္းဖက္မႈ လက္သည္ အျဖစ္ စြပ္စြဲလာတာ ကိုလည္း အီရန္ဘက္က ေက်နပ္ခဲ့တာမရွိပါဘူး။

ကမာၻအၾကမ္းဖက္မႈလက္သည္အျဖစ္ပုံေဖာ္ခံေနရတဲ့ အတြက္  အခြင့္သာရင္ သာသလို အီရန္ဘက္ က တုံျပန္မႈေတြ ရွိပါတယ္။ ယခုရက္သတၱပတ္ထဲမွာလည္း အီရန္ အီရန္ အစၥလာမၼစ္ေတာ္လွန္ေရး အေစာင့္တပ္ စစ္ဦးစီးခ်ဳပ္က အေမရိကန္အရင္ သမၼတေဟာင္း အိုဘားမားရဲ႕ လက္ထက္မွာ အိုင္အက္စ္ အဖြဲ႕ကို အေမရိကန္က ေမြးဖြားေပးလိုက္တယ္လို႔ စြပ္စြဲခဲ့သလို ႏွစ္ ၄၀ အတြင္း ေဒသ တြင္းနဲ႔  အစၥလာမ္ကမာၻမွာ ျဖစ္ပြားတဲ့ စစ္ပြဲတိုင္း အေမရိကန္ဟာ သြယ္ဝိုက္ျဖစ္ေစ၊ တိုက္႐ိုက္
ျဖစ္ေစ ပါဝင္ေနၿပီး လူေပါင္း ၈ ဒသမ ၅ သန္းအထိ ေသဆုံးခဲ့ရတယ္လို႔ ေျပာခဲ့ပါတယ္။

ဒီလိုအျပင္ အီရန္ သမၼတက တီဟီရန္ၿမိဳ႕ ေတာင္ပိုင္း ေျမေအာက္ စက္႐ုံတစ္႐ုံမွာ ယူေရနီယံ သန႔္ စင္မႈေတြကို ျပန္လည္ စလုပ္ေတာ့မယ္ဆိုၿပီး ေျဗာင္ပဲ ယခုရက္ပိုင္းမွာထုတ္ေျပာခဲ့ပါတယ္။ အေရွ႕အလယ္ပိုင္းမွာ အီရန္ေၾကာင့္ ေဒသတြင္းလက္နက္ၿပိဳင္ဆိုင္မႈ အားႀကီးလာစဥ္မွာဘဲ ပါလက္ စတိုင္း- အစၥေရးတိုက္ခိုက္မႈ ေတြ၊အီရတ္နဲ႔ ဆီးရီးယားမွာ ျဖစ္တဲ့ တိုက္ပြဲေတြ ၊အာဖဂန္နဲ႔ အာဖရိက မွာျဖစ္တဲ့ အၾကမ္းဖက္မႈေတြ ကလည္း ေလ်ာ့နည္းသြားခဲ့ျခင္းမရွိခဲ့ပါဘူး။ ဒီရက္သတၱပတ္ ထဲမွာဘဲ အစၥေရးဖက္ျခမ္းကို စစ္ေသြးႂကြေတြက ဒုံးက်ည္ေတြနဲ႔ ပစ္ခတ္ခဲ့လို႔ အစၥေရးက ေလေၾကာင္းကေန ဂါဇာကမ္းေျမာင္ေဒသကို ထိုးစစ္ဆင္ရာမွာ အရပ္သားတစ္ဦး ေသဆုံးၿပီး အျခားႏွစ္ဦး ဒဏ္ရာရခဲ့ ပါတယ္။

အီရတ္ႏိုင္ငံ အလယ္ပိုင္း ကာဘာလာၿမိဳ႕ရွိ အီရန္ေကာင္စစ္ဝန္႐ုံးအနီး ဆႏၵျပပြဲမွာေတာ့ လုံၿခဳံေရး တပ္ဖြဲ႕မ်ားလက္ခ်က္နဲ႔ ဆႏၵျပသူသုံးဦး ပစ္ သတ္ခံရပါတယ္။ဆႏၵျပပြဲေတြေၾကာင့္ လက္ရွိမွာ အီရတ္တစ္ႏိုင္ငံ လုံးကို အာဏာပိုင္ေတြက အင္တာနက္လိုင္းမ်ား ျဖတ္ေတာက္ထားခဲ့ပါတယ္။ အိုင္အက္စ္ေခါင္းေဆာင္သတ္ျဖတ္ခံရၿပီးမွာ ေနာက္ထပ္တက္လာတဲ့ ေခါင္းေဆာင္ကို သစၥာခံတယ္ ဆိုၿပီး တာဂ်ီကစၥတန္ႏွင့္ ဥဇ ဘက္ကစၥတန္ နယ္စပ္စခန္းတစ္ခုကို အိုင္အက္စ္ေတြ ဝင္တိုက္ခိုက္ခဲ့ လို႔ လုံၿခဳံေရး တပ္ဖြဲဝင္ႏွစ္ဦးနဲ႔ စစ္ေသြးႂကြ ၁၅ ဦးေသဆုံးခဲ့တဲ့ ျဖစ္ရပ္ ယခုရက္သတၱပတ္ထဲမွာ ျဖစ္ခဲ့ပါတယ္။ ဒီအျဖစ္မွာ အိုင္အက္စ္တပ္ဖြဲ႕က ေခါင္းေဆာင္သစ္ကို သစၥာခံတဲ့ အေနနဲ႔ တိုက္ခိုက္ ခဲ့တာ ဆိုၿပီး ဝန္ခံခဲ့ပါတယ္။ ယခုရက္သတၱပတ္ ထဲမွာဘဲ ေဂ်ာ္ဒန္ႏိုင္ငံေျမာက္ပိုင္း ေရွးေဟာင္း ဂ်ရာ့ရွ္ၿမိဳ႕မွာ ဓားထိုးတိုက္ခိုက္မႈေၾကာင့္ ကမာၻ႔လွည့္ခရီးသည္ ၄ ဦးအပါအဝင္ လူ ၈ ဉီး ဒဏ္ရာရရွိခဲ့ ပါတယ္။

အိႏၵိယ ထိန္းခ်ဳပ္ရာ ကက္ရွ္မီးယား မွာေတာ့ ေဒသတြင္းေဈးတစ္ခုထဲ ေပါက္ကြဲမႈ ျဖစ္လို႔ တစ္ဦးေသ ဆုံးၿပီး ၁၉ ဦး ဒဏ္ရာရခဲ့ပါတယ္။ အိႏၵိယမွာ ေတာ့ ဥတၱာပရာေဒ့ရွ္ျပည္နယ္ထဲက  ဟိႏၵဴနဲ႔ မြတ္စလင္ၾကား ဆယ္စုႏွစ္မ်ားစြာ ခါးခါးသီးသီး အျငင္းပြားေနတဲ့ ေျမေနရာကို ဘုရား ေက်ာင္း တည္ေဆာက္ လိုတဲ့ ဟိႏၵဴေတြလက္ထဲ ေပးအပ္ဖို႔ အမိန႔္ခ်ခဲ့သလို ဗလီေဆာက္လိုတဲ့ မြတ္စလင္ ဘာသာဝင္ေတြအတြက္ အေျခးေျမေနရာကိုေပးခဲ့ပါတယ္။  ဘာသာေရးနဲ႔ လူမ်ိဳးေရး အစြဲႀကီးတဲ့ အိႏၵိယမွာ ဘာသာႏွစ္ခုၾကား အေကာင္းဆုံး ဆုံးျဖတ္ခဲ့ေပမယ့္ ဒီဆုံးျဖတ္ခ်က္ေၾကာင့္ ေနာက္ထပ္ ဘာေတြျဖစ္လာဦးမလဲဆိုတာ သတိထားေစာင့္ၾကည့္ရမယ့္အေနအထားပါ။ ပါကစၥတန္နဲ႔ စစ္ျဖစ္လု မတတ္ ျဖစ္ခဲ့တဲ့ ပဋိပကၡေတြေၾကာင့္ ပိတ္ထားခဲ့ရတဲ့ နယ္စပ္ျစကႍလမ္းကို ယခုရက္သတၱပတ္ထဲ ဖြင့္လွစ္ခဲ့ပါတယ္။အိႏၵိယ Sikhs ဆစ္ခ္ဘာသာ ဝင္မ်ားအတြက္ အေရးႀကီးတဲ့ သမိုင္းဝင္ ဘာသာေရး ကိုးကြယ္ရာ ေက်ာင္းကိုသြားေရာက္ႏိုင္မယ့္ နယ္စပ္လမ္းကို အသစ္ေဖာက္ၿပီး ျပန္ခြင့္ျပဳခဲ့တာပါ။ ထိုင္းႏိုင္ငံေတာင္ပိုင္းမွာေတာ့ ယခုရက္သတၱပတ္ထဲ  မြတ္စလင္ သူပုန္ေတြ တိုက္ခိုက္မႈေၾကာင့္ အနည္းဆုံး ၁၅ ဦးေသဆုံးၿပီး ၄ ဦးဒဏ္ရာရရွိခဲ့ပါတယ္။ မကၠဆီကိုႏိုင္ငံ ေျမာက္ ပိုင္းမွာေတာ့ မူးယစ္ေမွာင္ခိုဂိုဏ္းတစ္ခု ကၿခဳံခိုတိုက္ခိုက္မႈေၾကာင့္ ကေလးငယ္ ေျခာက္ဦးအပါအဝင္ အေမရိကန္ႏိုင္ငံသား ကိုးဦး ေသဆုံးခဲ့ပါတယ္။     
 
 သဘာဝေဘး၊ ငတ္မြတ္မႈႏွင့္ ေ႐ႊ႕ေျပာင္းအေျခခ်သူမ်ား၏ေဘး

လက္ရွိအခ်ိန္ကာလမွာ ကမာၻ႔ႏိုင္ငံ ၅ဝ ရွိျပည္သူေတြအဖို႔ ဆိုး႐ြားတဲ့စားနပ္ရိကၡာျပတ္လပ္မႈ (သို႔မ ဟုတ္) ငတ္မြတ္ေခါင္းပါးမႈမ်ားကို ရင္ဆိုင္ႀကဳံေတြ႕ေနရတယ္ဆိုပါတယ္။ဒါက ကမာၻ႔ငတ္မြတ္ေခါင္းပါး မႈၫႊန္း ကိန္းမွာ ေဖာ္ျပထားတာပါ။ ေဖာ္ျပခ်က္မွာေတာ့ ေန႔စဥ္ကမာၻတစ္ဝန္းတြင္ ငတ္မြတ္ေခါင္းပါးမႈ ဒဏ္ခံစား ေနရသူအေရ အ တြက္မွာ ၇၉၅ သန္းရွိၿပီး ငတ္မြတ္ေခါင္းပါးမႈဒဏ္ အဆိုး႐ြားဆုံး အဆင့္ ခံစားေနရတဲ့ ႏိုင္ငံေတြအျဖစ္ အာဖရိ ကအလယ္ပိုင္း၊ ခ်က္၊  ဇမ္ဘီယာႏိုင္ငံေတြ ၊ ျပည္တြင္းစစ္ျဖစ္ေန တဲ့ ဆီးရီးယား၊ ဆိုမားလီးယား၊အာဖဂန္၊ယီမင္၊ ဆူဒန္ႏွင့္ ေတာင္ ဆူဒန္တို႔အပါအဝင္ ႏိုင္ငံ ၁၃ ႏိုင္ငံ နဲ႔ မၾကာမီက ဟာရီကိန္းမုန္တိုင္းမက္သ႐ူးဒဏ္ခံခဲ့ရတဲ့ ေဟတီႏိုင္ငံေတြက ထိပ္ဆုံးကပါ။
 
ဒီလိုျဖစ္ရပ္ေၾကာင့္ ေနာက္ဆက္တြဲပါလာတာက ေ႐ႊ႕ေျပာင္းအေျခခ်ေတြေဘးပါဘဲ။ ဒီျပႆနာက အရင္ က လူသားခ်င္းစာနာေထာက္ထားကူညီမႈအျဖစ္ ခ်မ္းသာတဲ့ ဥေရာပႏိုင္ငံေတြနဲ႔ လူသားအရင္း အျမစ္ရွားတဲ့ ႏိုင္ငံ ေတြမွာ သေဘာထားခဲ့ေပမယ့္ ယခုအခါမွာ ျပႆနာျဖစ္လာခဲ့ပါၿပီး သက္ဆိုင္ ရာႏိုင္ငံေတြ နဲ႔ ေ႐ႊ႕ေျပာင္းေတြ သြား လာျဖတ္သန္းရာလမ္းေၾကာင္းကႏိုင္ငံေတြအတြက္လည္း ဝန္ထုပ္ဝန္ပိုးျဖစ္လာခဲ့ပါတယ္။မၾကာမီက လန္ဒန္ အက္ဆက္မွာ ျဖစ္ခဲ့တဲ့ လူ ၃၉ ဦးေသဆုံး လွ်က္ေတြ႕ ရွိတဲ့ တရားမဝင္ ခိုးဝင္လူသြင္းမႈေတြက ႏိုင္ငံျဖတ္ေက်ာ္ လူ ကုန္ကူးမႈေတြကို သက္ဆိုင္ရာႏိုင္ငံေတြ အဖို႔ မတားျမစ္ႏိုင္တာကို ေဖာ္ျပေနခဲ့ပါတယ္။

ယခုရက္သတၱပတ္ထဲမွာလည္း ဂရိႏိုင္ငံေျမာက္ပိုင္း အေဝးေျပးကားလမ္းတြင္ ထရပ္ကားတစ္စီး ၏ အေအးခန္းအတြင္း ပိတ္ေလွာင္ သယ္ေဆာင္လာေသာ အာဖဂန္အမ်ားစုပါဝင္တဲ့ ေ႐ႊ႕ေျပာင္းအေျခခ် သူ ၄၁ ဦး ကို ရဲတပ္ဖြဲ႕ရွာေဖြ ကယ္တင္ခဲ့ရပါတယ္။ ဥေရာပကိုဝင္ရာလမ္းေၾကာင္းမွာ ရွိေနတဲ့ အီတလီနဲ႔ ဂရိအဖို႔ ဒီေ႐ႊ႕ေျပာင္း အေျခခ်သူေတြ ျပႆနာက သူတို႔ႏိုင္ငံရဲ႕ လူဦးေရကိုၿခိမ္းေျခာက္ေန ပါတယ္။ ဥေရာပကို အာဖရိကနဲ႔ အာရပ္ ကမာၻက အလုံးအရင္းနဲ႔ ဝင္ ေရာက္မႈက သက္ဆိုင္ရာ ဥေရာပႏိုင္ငံေတြက လူဝင္မႈတင္းက်ပ္တဲ့အခါ သူ႔ႏိုင္ငံမွာ ေသာင္တင္တဲ့အတြက္ စီးပြားေရးနဲ႔ လူမႈေရးျပႆနာေတြကို ရင္ဆိုင္ေနရပါတယ္။

ေ႐ႊေျပာင္းအေျခခ်သူေတြ ပစ္မွတ္ထားတဲ့ ႏိုင္ငံျဖစ္တဲ့ ဥေရာပမွာေတာ့ ဒီလို အာဖရိကႏိုင္ငံမ်ားႏွင့္ အေရွ႕အလယ္ပိုင္း ႏိုင္ငံမ်ားမွ ဝင္ေရာက္လာေသာ ေ႐ႊ႕ေျပာင္း အေျခခ်သူမ်ားကိုလက္ခံထားတဲ့ အတြက္ မၾကာ ခဏဆိုသလို ဌာေနခံေတြနဲ႔  ေ႐ႊေျပာင္းေတြၾကား ျပႆနာ ခဏခဏျဖစ္ေနတာပါ။ ယခုရက္သတၱပတ္ထဲမွာ ေတာ့ ဂ်ာမနီအလုပ္ အကိုင္အခြင့္အလမ္းဆိုင္ရာ သုေတသနအင္စတီက်ဳ ကေန  စစ္တမ္းတစ္ခုကို ထုတ္ျပန္ၿပီး ေ႐ႊ႕ေျပာင္းေတြေဘးကို သတိေပးခဲ့ပါတယ္။ဒီစစ္တမ္းမွာ ၂ဝ၄ဝ ျပည့္ႏွစ္သို႔ ေရာက္ရွိခ်ိန္မွာ  ဂ်ာမနီလူဦးေရ၏ ၃၅ ရာခိုင္ႏႈန္းက ေ႐ႊ႕ေျပာင္းအေျခခ်သူမ်ား (သို႔မဟုတ္)ေ႐ႊ႕ေျပာင္းအေျခခ်သူမ်ားႏွင့္ မ်ိဳး႐ိုးဆက္စပ္ေနသူမ်ား ျဖစ္လာမယ္ဆိုၿပီး သတိေပးခဲ့ တာပါ။

ဒီလို အေျခအေနကိုျဖစ္ေစတဲ့ အထိ ေ႐ႊ႕ေျပာင္းအေျခခ်ရသူေတြ တိုးတက္မ်ားျပားလာရတာလည္း ၎ တို႔ အေျခခ်ေနထိုင္ရာေဒသတြင္းနဲ႔ ႏိုင္ငံေတြမွာ မလုံၿခဳံမႈ၊ သဘာ၀ ေဘးနဲ႔ စစ္မက္ေတြက မျပတ္ ျဖစ္ေနတာက အဓိကအေၾကာင္းအရာပါဘဲ။ ဒီထဲက သဘာဝေဘးနဲ႔ပတ္သက္ၿပီး ၾကည့္မယ္ ဆိုရင္ ယခုရက္ သတၱပတ္ထဲမွာ  ဩစေၾတးလ်မွာ မႀကဳံစဖူး ေတာမီးေလာင္ကြၽမ္းမႈေတြႀကဳံေန ရသလို ဘဂၤလားေဒ့ရွ္နဲ႔ အိႏၵိယမွာ ဆိုင္ကလုံးမုန္ တိုင္း ဝင္ခဲ့ပါတယ္။

ဘဂၤလားပင္လယ္ေအာ္မွာ ျဖစ္ခဲ့တဲ့ ဆိုင္ကလုန္း မုန္တိုင္း ဘာဘ္ဘယ္ဟာ ႏိုဝင္ဘာ ၉ ရက္တြင္ အိႏၵိယ ႏွင့္ ဘဂၤလားေဒ့ရွ္ ေတာင္ပိုင္းသို႔ ဝင္ေရာက္တိုက္ခတ္ခဲ့ပါတယ္။ အိႏၵိယဘက္ျခမ္းမွာ လူေပါင္း ၆၀,၀၀၀ ေက်ာ္ကို ကမ္းေျခေနရာမ်ားကေန ေရွာင္တိမ္းခိုင္းခဲ့ရသလို ဘဂၤလားေဒ့ရွ္ဘက္ မွာလည္း လူေပါင္း ၂ သန္းခန႔္ကို ေဘး လြတ္ရာေ႐ႊ႕ေျပာင္းေစခဲ့ရပါတယ္။ ေနာက္ဆုံးသတင္းေတြ အရ လူ ၂၀ ေက်ာ္ေသဆုံးခဲ့ရၿပီး လူႏွစ္သန္း ေက်ာ္ ေ႐ႊ႕ေျပာင္းေပးခဲ့ရတယ္ ဆိုပါတယ္။ အိမ္ေျခနဲ႔ အေျခခံအေဆာက္အဦးပ်က္စီးဆုံးရႈံးမႈကလည္း မ်ားခဲ့ပါတယ္။

ၾသစေၾတးလ်ႏိုင္ငံ အေရွ႕ပိုင္းတစ္ခြင္တြင္ ဒါဇင္ေပါင္းမ်ားစြာေသာ ေတာမီးမ်ား ေလာင္ကြၽမ္းေနတာ မွာ ထိန္းခ်ဳပ္မရ ျဖစ္ေနသည့္ အေျခအေနမ်ိဳး ျဖစ္ေနလို႔  အဓိက အျမန္လမ္းမႀကီးတစ္ခုကိုလည္း ပိတ္ထားရသလို ေဒသခံေတြလည္း ပိတ္မိေနပါတယ္။သစ္ေတာ ဟက္တာေပါင္း ေထာင္ေပါင္း မ်ားစြာ ကို ေလာင္ကြၽမ္းခဲ့တဲ့ ေတာ မီးေၾကာင့္ အနည္းဆုံး လူသုံးဦး ေသဆုံးခဲ့ၿပီး လူေပါင္း ၃၀ ေက်ာ္ ခန႔္ ထိခိုက္ဒဏ္ရာရရွိကာ မီးသတ္သမား ၁,၃၀၀ ခန႔္ႏွင့္ ဝိုင္းၿငိမ္းေနရပါတယ္။ ကြင္းစလန္ႏွင့္ အေနာက္ ဩစေၾတးလ် ျပည္နယ္တို႔တြင္ ေလာင္ကြၽမ္းေနေသာ ေတာမီးေၾကာင့္ အေရးေပၚ အေျခ အေန ထုတ္ျပန္ထားပါတယ္။ေတာမီးေလာင္တာဟာ ဩစေၾတးလ်မွာ ပူျပင္း ေျခာက္ေသြ႕ကာ မိုးေခါင္ေန တာေၾကာင့္ ေတာမီးက ထိန္းရခက္ေနတာပါ။ေတာင္ဆူဒန္မွာေတာ့ မိုးသည္းထန္ၿပီး ေရႀကီးေရလႊမ္းမႈ ျဖစ္ပြားေနလို႔ ျပည္သူေလးသိန္းနီးပါး ေ႐ႊ႕ေျပာင္းေပးထားရပါတယ္။

ဒါဟာ ကမာၻႀကီးပူေႏြးေနမႈေၾကာင့္ ပါဘဲ။ ယခုရက္သတၱပတ္ထဲမွာဘဲ  ကမာၻတစ္ဝန္း သိပၸံပညာ ရွင္ေပါင္း ၁၁,၀၀၀ ေက်ာ္ ပါဝင္သည့္ အဖြဲ႕တစ္ခုက ႏွစ္ ၄၀ ၾကာ ကမာၻလုံးဆိုင္ရာ ေဒတာ အခ်က္အလက္ မ်ားအေပၚ အကဲ ျဖတ္ တြက္ခ်က္ၿပီး ရာသီဥတုဆိုင္ရာ အေရးေပၚအေျခအေန တစ္ရပ္ကို ကမာၻရင္ဆိုင္ေနရၿပီလို႔ ေၾကညာခဲ့ပါ တယ္။ဒီလို သဘာဝေဘးဆိုင္ရာ စိတ္ပ်က္စရာေတြ ရွိေပမယ့္  သတင္းေကာင္းေလးေတြ စိတ္အားတက္စရာ သတင္းေလးေတြလည္းရွိပါေသးတယ္။

ဒါက ယခုရက္သတၱပတ္ထဲမွာ ဥေရာပသမဂၢ(EU)ႏွင့္ ႏိုင္ငံေပါင္း ၂၄ ႏိုင္ငံက အႏၲာတိက တိုက္ေတာင္ပိုင္း ရွိ ေရာ့စ္ပင္လယ္(RossSea)ကို ကမာၻ႔အႀကီးဆုံးပင္လယ္ျပင္ ေဘးမဲ့ဧရိယာအျဖစ္ သတ္မွတ္ ဖို႔ သေဘာတူခဲ့ၾကတာပါ။ ဒီေနရာမွာ ကမာၻေပၚရွိ Adelie ပင္ဂြင္း ငွက္အေရအတြက္၏ ၃၈ရာခိုင္ႏႈန္း၊ ပင္လယ္ေပ်ာ္ငွက္မ်ား၏ရာခိုင္ႏႈန္း ၃ဝႏွင့္ Minke ေဝလငါးအမ်ိဳး အစား၏ ေျခာက္ ရာခိုင္ႏႈန္း တို႔ က်က္စားေနထိုင္ရာ ေနရာျဖစ္လို႔ အေတာ္ေလး စိတ္ခ်မ္းသားစရာ ကာကြယ္မႈပါဘဲ။

လူတုလက္မခံလို႔ လႈပ္ခတ္ေနတဲ့ ကမာၻ ႏိုင္ငံေရးအခင္းအက်င္း

ယခုရက္သတၱပတ္သတင္းေတြထဲ ႏိုင္ငံေရးဆိုင္ရာလႈပ္ရွားမႈသတင္းေတထြထဲမွာ ေတာင္အေမရိ ကႏိုင္ ငံ တစ္ခုျဖစ္တဲ့ ခ်ီလီႏိုင္ငံေရးမတည္မၿငိမ္ျဖစ္တဲ့ သတင္းေတြက ထိပ္ဆုံးကရွိခဲ့ပါတယ္။ လူတန္းစားကြာဟခ်က္ေပၚ မေက်လည္တဲ့ ခ်ီလီမွာ ဆႏၵျပပြဲေတြ သီတင္းပတ္ သုံးပတ္အထိ ၾကာျမင့္ လာခဲ့ရာမွာ ယခုရက္သတၱပတ္ ထဲမွာ ဆႏၵျပသမားမ်ားႏွင့္ ရဲမ်ားအၾကား ထိပ္တိုက္ေတြ႕ၿပီး အျပန္ အလွန္ တိုက္ခိုက္မႈမ်ား အႀကီးအ က်ယ္ ျဖစ္ေပၚခဲ့ ပါတယ္။ ဆႏၵျပသူမ်ားဘက္က ခ်ီလီ သမၼတ ဆီဘတ္ရွန္ ပီညဲရားကို ရာထူးမွ ႏုတ္ ထြက္ဖို႔ ေတာင္းဆိုေပမယ့္ သမၼတ ပီညဲရားကမူ ၎အေနျဖင့္ ဖိအားေပးခံေနရေသာ္ျငား ရာထူးမွ ႏုတ္ ထြက္မွာမဟုတ္ဘူးဆိုတာ ေျပာခဲ့ပါ တယ္။ ဆႏၵျပသူမ်ား ဘက္က ႏိုဝင္ဘာ ၈ ရက္မွာ တကၠသိုလ္ အေဆာက္အဦကို မီးရႈိ႕ၿပီး ဘုရားေက်ာင္း တစ္ ေက်ာင္း ကို ဝင္ေရာက္ဖ်က္ဆီးမႈမ်ားျပဳလုပ္ခဲ့ပါတယ္။

ဆႏၵျပမႈေတြက ဆက္လက္ျပင္းထန္ေနဆဲပါ။ ေနာက္ထပ္တာင္အေမရိကႏိုင္ငံတစ္ခုျဖစ္တဲ့ ဘိုလီးဗီး ယားႏိုင္ငံမွာေတာ့ သမၼတကို ဆန႔္က်င္တဲ့ ဆႏၵျပပြဲေတြထဲ ရဲေတြပါ ပါဝင္လာခဲ့ပါတယ္။ ၿပီးခဲ့သည့္လ ေ႐ြး ေကာက္ပြဲ မဲလိမ္မႈ လုပ္ခဲ့လို႔ လက္တင္အေမရိကေဒသတြင္ သက္တမ္းအၾကာရွည္ဆုံး ႏိုင္ငံ့ေခါင္းေဆာင္ျဖစ္တဲ့ လက္ရွိသမၼတ မစၥတာ မိုရာလက္စ္ကို ဆန႔္က်င္တဲ့ ဆႏၵျပမႈေတြက ပိုမို နက္ရႈိင္း လာၿပီး ႏိုဝင္ဘာ ၉ ရက္တြင္ အတိုက္အခံ ဆႏၵျပသမားတစ္ခ်ိဳ႕က အစိုးရပိုင္ ႐ုပ္သံႏွင့္ ေရဒီယို သတင္းဌာန ႏွစ္ခုကို ဝင္ေရာက္စီးနင္းၿပီး သတင္းအစီအစဥ္ထုတ္လႊတ္မႈမ်ားကို ျဖတ္ေတာက္ပစ္ခဲ့ပါတယ္။ စစ္တပ္ကလည္း သမၼတကိုရာထူးကေန ႏုတ္ထြက္ေပးဖို႔ ေတာင္းဆိုခဲ့သလို ရဲတပ္ဖြဲ႕ကလည္း မေထာက္ခံခဲ့ေတာ့တဲ့ အတြက္ ႏိုဝင္ဘာ ၁၀ရက္ နံနက္ ပိုင္းမွာ ရာထူးကေနႏုတ္ ထြက္ေၾကာင္းေၾကညာ ခဲ့ပါတယ္။

ဘရားဇီးမွာေတာ့ လူထုေထာက္ခံမႈရတဲ့ ယခင္သမၼတေဟာင္းလူလာေထာင္ကေန ျပန္လြတ္လာ ပါၿပီ။ ေထာင္ကေန လြတ္လြတ္လာျခင္း ျပည္သူေတြ အလုပ္လက္မဲ့ျဖစ္ကာ ယခင္ကထက္ ပိုမို ငတ္မြတ္ ေခါင္းပါး လာတဲ့အတြက္ လက္ရွိ လက္ယာယိမ္းဝါဒီ သမၼတ ဂ်ာဘိုဆိုနာ႐ို၏ စီးပြားေရး မူဝါဒမ်ားကို ရႈတ္ခ်ခဲ့ပါတယ္။ အေရွ႕အလယ္ပိုင္းက လက္ဘႏြန္မွာေတာ့ ေအာက္တိုဘာ ၁၇ ရက္ကစတဲ့ အက်င့္ပ်က္ျခစားမႈ အျမစ္ျဖတ္ေရးနဲ႔ ႏိုင္ငံေရးစနစ္ ေျပာင္းလဲေရးအတြက္ ဆႏၵျပမႈေတြ က အရွိန္ေကာင္းလာၿပီး အဓိကလမ္းမႀကီးေတြကို ပိတ္ဆို႔ထားသလို အစိုးရဌာနအခ်ိဳ႕ကိုလည္း တားျမစ္ပိတ္ဆို႔ခဲ့ပါတယ္။ေဟာင္ေကာင္မွာေတာ့ ေက်ာင္းသား တစ္ဦး ေသဆုံးခဲ့ၿပီး လႊတ္ေတာ္တြင္ အုပ္စုလိုက္ ခိုက္ ရန္ျဖစ္ပြားခဲ့လို႔ ဒီမို ကေရစီလိုလားတဲ့ လႊတ္ေတာ္ အမတ္သုံးဦးကို ဖမ္းဆီးခဲ့ပါ တယ္။ ကေမာၻဒီးယားမွာေတာ့ ျပည္ပေရာက္ အတိုက္အခံေခါင္းေဆာင္တစ္ဦးကို ပါရီ ကေန ကေမာၻဒီးယားဝင္ခြင့္ ပိတ္ခဲ့ပါတယ္။

ဒီလိုသတင္းေတြအျပင္ ဖိလစ္ပိုင္ အဓိကအတိုက္အခံေခါင္းေဆာင္ကို မူးယစ္ေဆးဝါး တိုက္ဖ်က္ေရး လုပ္ ငန္း ဦးေဆာင္ရမည့္ တာ ဝန္ေပးခဲ့တဲ့သတင္း၊ အမ်ိဳးသမီးဝန္ထမ္း တစ္ဦးႏွင့္ ဇာတ္ရႈပ္ခဲ့တဲ့ McDonald's ကုမၸဏီ အမႈေဆာင္အရာရွိခ်ဳပ္ ကို ရာထူးမွ ထုတ္ပယ္ခဲ့တဲ့ သတင္း၊ႏိုင္ငံတကာ အတြက္ တ႐ုတ္စီးပြားေရးကို ပိုမိုဖြင့္ ေပး မယ္လို႔  တ႐ုတ္သမၼတ က ေျပာၾကားလိုက္တဲ့သတင္း၊ၿဗိ တိန္ ၾကားျဖတ္ေ႐ြးေကာက္ပြဲအတြက္ ၿဗိတိန္ဝန္ႀကီး ခ်ဳပ္ေဘာရစ္ဂြၽန္ဆင္က  ႏိုဝင္ဘာ ၆ ရက္မွာ မဲဆြယ္စည္း႐ုံးမႈစတင္လိုက္တဲ့ သတင္း၊အေမရိကန္သမၼတ ေဒၚနယ္ ထရမ့္အား စြပ္စြဲျပစ္တင္ေရး စုံစမ္းစစ္ေဆးမႈအျဖစ္လာမည့္အပတ္မွာ အမ်ားျပည္သူေရွ႕ေမွာက္ပထမဆုံး ၾကားနာစစ္ေဆးမႈ စတင္ေတာ့မယ့္ သတင္း၊ အဂၤါၿဂိဳဟ္ (Mars) ေပၚ ၂၁၁၇ ခုႏွစ္မွာ လူသားမ်ား ေျခခ်ႏိုင္ရန္ ရည္မွန္း ထား တဲ့ စီမံကိန္းကို အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စု (UAE)က စတင္ေၾကာင္းေၾကညာခဲ့တဲ့ သတင္း၊ ႐ုပ္ထြက္ျမင့္မားသည့္ အေဝးထိန္းအာ႐ုံခံၿဂိဳဟ္တု အသစ္တစ္လုံးကိုတ႐ုတ္ႏိုင္ငံက လႊတ္တင္ ခဲ့တဲ့ သတင္း၊ တ႐ုတ္ႏိုင္ငံမွာ 5G ကြန္ရက္သစ္ကို ႏိုဝင္ဘာ ၁ ရက္မွာ စတင္ဝန္ေဆာင္မႈ ေပးခဲ့တဲ့ သတင္း၊ရန္ပုံေငြ အလြဲသုံးစားမႈျဖင့္ အေမရိကန္ သမၼတေဒၚနယ္ထရမ့္ကို ေဒၚလာ ၂ သန္း ျပန္လည္ေပးေဆာင္ဖို႔ နယူးေယာ့ခ္ တရား႐ုံးက အမိန္ခ်ခဲ့တဲ့သတင္းေတြကလည္း ယခုရက္ သတၱပတ္ မွာ သတင္းဖတ္သူေတြအတြက္ သတိထားမိတဲ့ သတင္းအခ်ိဳ႕ျဖစ္ခဲ့ပါတယ္။

                                                                                မင္းထက္