【တစ်ပတ်အတွင်း ပြည်တွင်းသတင်းသုံးသပ်ချက်】 CCTV မှတ်တမ်းပျောက် ဗစ်တိုးရီးယားနဲ့ ဝရမ်းပြေး ပြည်တော်ဝင်ခန်း

【တစ်ပတ်အတွင်း ပြည်တွင်းသတင်းသုံးသပ်ချက်】 CCTV မှတ်တမ်းပျောက် ဗစ်တိုးရီးယားနဲ့ ဝရမ်းပြေး ပြည်တော်ဝင်ခန်း

ယခုရက်သတ္တပတ်အတွင်းဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ အများပြည်သူကြားစိတ်ဝင်စားစရာ သတင်း တွေရှိခဲ့ပါတယ်။ ထုံးစံအတိုင်း ရခိုင်လက်နက်ကိုင်အဖွဲ့AA က အမျိုးသားလွှတ်တော်အမတ်ကို ပြန်ပေး ဆွဲထားတဲ့ သတင်းနောက်ဆက်တွဲတွေ ၊ သက်ဆိုင်ရာက ဖမ်းဝရမ်းထုတ်ထားတဲ့ ဦးစိုးထွန်းရှိန် ကို ထိုင်းဘက်ကဖမ်းပြီး မြန်မာရဲ တွေကို ပြန်လွှဲပေးခဲ့တဲ့ သတင်းတွေနဲ့ ဗစ်တိုးရီးယား အမှုစစ်ဆေးရာမှာ အဓိကအရေးကြီးတဲ့ စီစီတီဗွီ မှတ်တမ်းထဲ ဘာတစ်ခုမှ မရှိတော့တဲ့ သတင်းတွေ က ယခုရက်သတ္တပတ်သတင်းတွေထဲ ထိပ်တန်းသတင်းတွေ ဖြစ်ခဲ့ပါတယ်။    
 
ဝရမ်းပြေး ပြည်တော်ဝင်ခန်း

ပြည်တွင်းသတင်းမီဒီယာတစ်ခုကနေ ဓာတ်ပုံအထောက်အထား၊ကားအမှတ်နဲ့ အတူ ဖော်ပြခဲ့လို့ ပြည် တွင်း မှာ စိတ်ဝင်စားမှုပိုလာခဲ့တဲ့ မိုးထိမိုးမိရွှေတွင်းလုပ်ငန်းရှင် တစ်ဦးကို ထိုင်းမှာဖမ်းမိခဲ့ သတင်းက ယခုရက် သတ္တပတ်မှာ အားလုံးသတိထားစောင့်ဖတ်ခဲ့ရတဲ့ သတင်းဖြစ်ခဲ့ပါတယ်။
    
သတ္တုတွင်းဥပဒေပုဒ်မနှင့် ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု ပုဒ်မ ၆၁ တို့ဖြင့် အမှုဖွင့်ခံရပြီးနောက် ထိုင်းနိုင်ငံ ကို  ထွက်ပြေးပုန်းရှောင်နေတဲ့ တရားခံပြေး  ဦးစိုးထွန်းရှိန်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံ လွှဲပြောင်းခဲ့ပါတယ်။ ဒါဟာ ၎င်းကိုရှာဖွေရန် မြန်မာရဲတပ်ဖွဲ့ ထိပ်ပိုင်းအရာ ရှိများ ထိုင်းနိုင်ငံသို့ သွားမည်ဟု သမ္မတ ရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက အောက် တိုဘာ ၂၅ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းစာရှင်းလင်းပွဲမှာ ပြော အပြီး ၁၂ ရက်အကြာမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပြန်ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ မြန်မာနဲ့ထိုင်းနိုင်ငံ အကြား တရားခံလွှဲပြောင်းပေး မှုကြောင့် ပြန်လည်ဖမ်းဆီးရမိတာပါ။

ထုတ်ပြန်ချက်တွေမှာတော့ စိုးထွန်းရှိန်ကို တာချီလိတ်နဲ့ကပ်လျှက် ထိုင်းနယ်စပ်မြို့ ဖြစ်တဲ့  မယ်ဆိုင်မြို့ မှာ ဖမ်းဆီးမိပြီးနောက် တာချီလိတ်မြို့၌ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ထံ ထိုင်းရဲတပ်ဖွဲ့ ပြန်လွှဲပေးခဲ့တာပါ။ထိုင်းရဲတပ်ဖွဲ့ ပြန်လွှဲအပြီး တာချီလိတ်လေဆိပ်ကနေ မန္တလေးကို လေယာဉ်နဲ့ ပိုရာမှာ စိုးထွန်းရှိန်ကို မမြင်ရနီးပါး ရဲတပ်ဖွဲ့ဝင် တွေက ထီးတွေနဲ့ ပို့ကြတဲ့ဓာတ်ပုံတွေ လူမှုကွန်ရက် မှာ ပေါ်ထွက်လာခဲ့တဲ့ အတွက် ဝေဖန်မှုတွေ ပြင်းထန်လာခဲ့ ပါတယ်။ ဒီအတွက် သက်ဆိုင်ရာ ဘက် က ပြည်တွင်းမီဒီယာတစ်ခုကိုရှင်းလင်းရာမှာ အဲ့ဒီနေ့က မိုးတွေရွာနေလို့ ဆို တဲ့ ဖြေရှင်းချက်ကို ထုတ်ခဲ့ပါတယ်။

ဦးစိုးထွန်းရှိန် ပိုင် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီ က  မန္တလေးတိုင်းရမည်းသင်း မြို့နယ်ရှိ ဧက ၆,၀၀၀ ကျော် မိုးထိမိုးမိလုပ်ကွက်မှာ ၂၅ နှစ်စာ စာချုပ်ဖြင့် ၂၀၁၁ ကစာချုပ်ချုပ်ဆိုပြီး ၂၀၁၁ ကစ၍ လုပ်ကိုင်ခဲ့ ရာမှာ  နိုင်ငံတော်အား သတ်မှတ်ရွှေပိဿာ မပေးဆောင်ဘဲ ကြွေးကျန်ရွှေ ပိဿာ ချိန် ၁,၂၇၀ ကျန်တဲ့အပြင် တူး ဖော်ခွင့် တားမြစ်ချိန်မှာ တရားမဝင် ဆက်လက်ရွှေတူး ဖော်မှုကြောင့် အစိုးရက ၂၀၁၈ ဒီဇင်ဘာ၌ ဦးစိုးထွန်း ရှိန် နှင့် ၎င်း ၏ကုမ္ပဏီတာဝန်ရှိသူ ညီညီလွင်၊ စောမောင်၊ ခင်ဇော်နှင့် မင်းမင်းစိုးအပါအဝင် စုစုပေါင်းငါးဦးကို  ပြည်သူ ပိုင် ပစ္စည်း ဖျက်ဆီးမှုပုဒ်မ ၆၁ နှင့် မြန်မာ့သတ္တုတွင်း ဥပဒေပုဒ်မ ၃၀(က) ဖြင့် တရားစွဲဆိုခဲ့တာပါ။ အဲဒီအမှုကနေ ယခုဦးစိုးထွန်း ရှိန်ကို ထိုင်းမှာ ပြည်သူတစ်ဦးသတင်းပေးမှု‌ကြောင့် ဖမ်းဆီးမိခဲ့တဲ့အတွက်  မိုးထိမိုးမိနှင့်ပတ်သက် ပြီး ဖမ်းဆီးရန် တရားခံ ပြေး လေးဦးသာ ကျန်ရှိပါတော့တယ်။
 
ယခုလို ဝရမ်းထုတ်ခံထားရတဲ့ တရားခံပြေးခရိုနီတစ်ဦးကိုဖမ်းမိတဲ့ အတွက် ဘာတွေ ဖြစ်လာမလဲ၊ တည် ဆဲ အစိုးရကို ဆန့်ကျင်အပုတ်ချခဲ့ပြီး ဖမ်းဝရမ်းထုတ်ချိန်မှာ ထွက်ပြေးနေတဲ့ သူတွေအချို့နဲ့ နီးစပ်တဲ့ ဆက်ဆံရေး နဲ့ထောက်ပံ့မှုတွေ ရှိခဲ့ဘူးတဲ့ အတွက် စိုးထွန်းရှိန်ကို စစ်ဆေးမှုကနေ ဘာတွေ ထပ်သိလာဦမလဲ၊ထုံးစံအတိုင်း ဒီတစ်ယောက်မိ ဒီတစ်ယောက်ကိစ္စနဲ့ပဲ ဇာတ်လမ်းကပြီးသွားမလား ဆိုတာတွေ က စိတ်ဝင်စားစရာပါဘဲ။

တရားခံပြေးစိုးထွန်းရှိန်ကို ရမည်းသင်းတရားရုံးက နိုဝင်ဘာ ၇ ရက်က မြန်မာသတ္တူတွင်းဥပဒေ ပုဒ်မ ၃၀(က) နဲ့တရားစွဲဆိုခဲ့ပါတယ်။လာမယ့် နိုဝင်ဘာ ၁၃ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးတော့မှာ ဖြစ်တဲ့ အတွက် ဘယ်လိုတွေ ဖြစ်မလဲဆိုတာ ဆက်စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ရှုပ်ထွေးတဲ့ ရခိုင်မြောက်ပိုင်းအရေးနဲ့ ပြန်ပေးဆွဲတဲ့ သူတွေ

ရခိုင်မြောက်ပိုင်းမှာ ခြေကုပ်ယူဖို့ ကြိုးစားနေတဲ့ ရခိုင်လက်နက် ကိုင်တပ်ဖွဲ့(အေအေ)က  ပလက်၀ ဒေသခံ အရပ်သား တွေနဲ့ ရခိုင်မြောက်ပိုင်းက အုပ်ချုပ်ရေးမှူးတွေအပါအဝင် အတင်းအကျပ်
ခေါ်ဆောင် တာ၊ သတ် ဖြတ်တာအပါအဝင် လုပ်နေရာကနေ မကြာခင်က  မီးသတ်တပ်ဖွဲ့ဝင်တွေ ကို ပြန်ပေးဆွဲခေါ်ဆောင်သွား တာ လုပ်ခဲ့ပါတယ်။ ယခုတစ်ဖန် ဒီအဖွဲ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဦးဝှေ့တင်းနဲ့ အိန္ဒိယနိုင်ငံသားငါးဦး၊ စကားပြန် နှစ်ဦး၊ စက်လှေမောင်းသူနှစ်ဦး စုစုပေါင်း  ၁၀ ဦးကို နိုဝင် ဘာ ၃ ရက်တွင် ကုလားတန်မြစ်ကြောင်းအတွင်း ဖမ်းဆီးခဲ့ပါတယ်။

ဒီအဖြစ်ဟာ မကြာခင်က ရွှေနဒီအမြန်ရေယာဉ်ဖြစ်စဉ်အပြီး ဖြစ်ခဲ့တဲ့ဖြစ်စဉ်ဖြစ်တဲ့အတွက် ဒါဟာ ရခိုင် ပြည်နယ်အတွင်းမှာ ပြန်ပေးဆွဲ၊လူသတ်ဆိုတဲ့ အကြမ်းဖက်လမ်းစဉ်ဘက်ကို ရောက်လာနေပြီ လားဆိုတာ မေးခွန်း ထုတ်စရာဖြစ်လာခဲ့ပါတယ်။ ယခုဖြစ်စဉ်မှာ နိုင်ငံခြားသားတွေ ပါခဲ့တဲ့ အတွက် လည်းနိုင်ငံတကာက အာရုံစိုက်ခဲ့ သလို ထုတ်ပြန်ချက်တွေမှာ ပြန်ပေးဆွဲခဲ့တဲ့ အိန္ဒိယနိုင်ငံသား အသက်(၆၁)နှစ်အရွယ် ဆောက်လုပ်ရေးဆိုင်ရာ အကြံပေးပညာရှင်သေဆုံးခဲ့တဲ့အတွက် ရခိုင် လက်နက်ကိုင်အဖွဲ့ရဲ့လုပ်ရပ်ဟာ ထောက်ပြစရာဖြစ်လာခဲ့ပါတယ်။

နိုဝင်ဘာ ၄ ရက် ရခိုင်လက်နက်ကိုင်အဖွဲ့(AA)ထုတ်ပြန်ချက်မှာတော့ အသက် ၆၁ နှစ်အရွယ် အိန္ဒိယ နိုင်ငံသား သေဆုံး ခဲ့ရတဲ့ အပေါ် ၎င်းမှာ ဆီးချိုနှင့် သွေးတိုးရှိပြီး နှလုံး အမောဖောက်ကာ  ခဏလေးအတွင်းမှာ သေဆုံးသွားခဲ့တာလို့ ဆိုပြီး ထိုသို့သေဆုံး သည့်အပေါ် AA အဖွဲ့အနေဖြင့် များစွာ စိတ်မကောင်းဖြစ်ကြောင်း ဆိုပါတယ်။တပ်မတော် သတင်းမှန်ပြန် ကြားရေးဘက်ကတော့ ဒီလို  လွှတ်တော်အမတ်နဲ့ နိုင်ငံခြားသားတွေ သားတွေ ဖမ်းဆီးတဲ့လုပ်ရပ်က နိုင်ငံတော်ရဲ့ တရား ဥပဒေပြုရေး မဏ္ဍိုင်ကို ထိပါးလာ တာဖြစ်ပြီး အဲဒီနယ်မြေ ဒေသမှာ နိုင်ငံတော်ရဲ့အုပ်ချုပ်ရေး ယန္တရားကြီးတစ်ခုလုံးပျက်စီး သွားအောင်လုပ်တာလို့ ပြောခဲ့ပါတယ်။

ဒီလိုပြန်ပေးဆွဲခဲ့တဲ့ သူတွေထဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဦးဝှေ့တင်းကလွဲပြီး ကျန် ၈ ဦးကိုပြန်လွှတ်ပေးခဲ့ကာ ဦးဝှေ့တင်းနဲ့ပတ်သက်ပြီး AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခဆိုသူက တပ်မတော်နှင့်ပေါင်းပြီး ရခိုင် လက်နက်ကိုင်အဖွဲ့(AA)ကို  နိုင်ငံရေးသိက္ခာချလို့ဆိုကာ ပြောခဲ့ ပါတယ်။တခြားသတင်းဌာနဖော်ပြချက်မှာတော့ ဒေသခံ တိုင်းရင်း သား ခူမီးတွေကို သွေးထိုးလှုံဆော်ပြီး ရခိုင် လက်နက်ကိုင် အဖွဲ့(AA)သတင်းတွေကို တပ်မတော်ကို သတင်းပေးလို့ ဆိုပြီး ပြောခဲ့တာလည်းရှိပါတယ်။

ဦးဝှေ့တင်း ပြန်ပေးဆွဲခံရချိန်မှာ အမြန်ဆုံးပြန်လွှတ်ပေးဖို့ အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင်နိုင်ငံရေး အင်အားစုတွေက တောင်းဆိုခဲ့သလို အာဏာရပါတီဘက် က လည်း ပြည်သူ က ရွေးချယ်တဲ့ ကိုယ်စား လှယ်တစ်ယောက်ကို အင်အား သုံးပြီး ထိန်းသိမ်းထားတာ ကိုက မသင့်တော်ဘူးလို့ ပြောခဲ့ကာ ဒီလိုလုပ်ငန်းမျိုးသာဆက် တိုက်လုပ်နေမယ်ဆိုရင် အဲဒီအ ဖွဲ့အစည်းက လူထုထောက်ခံမှုရမှာမဟုတ် ဘူးလို့ပြောခဲ့ပါတယ်။

တပ်မတော်ဘက်ကတော့ ရခိုင်လက်နက် ကိုင် (AA) အနေဖြင့် ပလက်ဝဖွံ့ဖြိုးရေးစီမံကိန်းနှင့် ပတ်သက် ပြီး ပေါ်ပေါ်ထင်ထင်နှောင့်ယှက်နေတာ ယခုတစ်ကြိမ်အပါအဝင် သုံးကြိမ်ရှိပြီလို့လည်း ပြောခဲ့ပါတယ်။ ယခု ဖြစ် စဉ်မှာ အိန္ဒိယနိုင်ငံသား သေဆုံးခဲ့ ရတဲ့အတွက် မြန်မာနဲ့ အိန္ဒိယအစိုးရ တို့ အကြား ဒေသဖွံ့ဖြိုးရေးအပြင် သံတ မန် ရေးဆိုင်ရာကိစ္စရပ်တွေမှာ ထိခိုက်မှုတွေရှိလာနိုင်တာတွေ ဖြစ်လာနိုင်ပါတယ်။

ရခိုင်လက်နက်ကိုင်အဖွဲ့(AA)ဘက် ထုတ်ပြန်ချက်တွေမှာလွှဲမှားမှုတွေရှိနေတာကို မကြာခဏတွေ့ နေရ သလို တာဝန်ယူမှု တာဝန်ခံမှုကိုလည်းမတွေ့ရပါဘူး။ ယခုရက်သတ္တပတ်ထဲထွက်လာတဲ့ သတင်းတွေထဲမှာ ရခိုင် လက်နက်ကိုင်အဖွဲ့(AA)က တပ်ဖွဲ့ဝင်အချို့ကို အိမ်နီးချင်းနိုင်ငံကြီး တစ်ခု ကခေါ် ယူပြီး သူတို့ဘက်က စစ် တက္ကသိုလ် မှာ သင်တန်းပေးနေတာ၊ လေ့ကျင့်ပေးနေတာတွေကို AA နဲနီးစပ်တဲ့ သတင်းမီဒီယာမှာဖော်ပြခဲ့တာကို တွေ့ခဲ့ရပါတယ်။ရခိုင်လက်နက်ကိုင် (AA)အဖွဲ့က ပြန်ပေးဆွဲခဲ့တဲ့ မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦး အနက် ၁၈ ဦးကိုပြန် လွှတ်ကြောင်း ထုတ်ပြန်ခဲ့ပေမယ့် နိုဝင်ဘာ ၈ ရက်အထိ ၁၁ ဦး သာ ပြန်လည်ရောက်ရှိတယ်လို့ ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့က ထုတ်ပြန် ခဲ့ပါတယ်။မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦးထဲမှာ သေဆုံးခဲ့တဲ့ တစ်ဦးမှာ  မီးသတ် တပ်ဖွဲ့ဒု-ဦးစီးမှူးဖြစ်ပြီး ကျန်းမာရေးအဆင့် A အဆင့်ရှိကာ ရခိုင်လက်နက်ကိုင်အဖွဲ့(AA)ဘက်က ပြောရေး ဆိုခွင့်ရှိသူ ခိုင်သုခပြောချက်မှာတော့ တောင်တက်ရာမှာ ခဏနားရင်း ရေသောက်ရာကနေ  ရှော့ခ်ဖြစ်ပြီး သေတယ် ဆိုပြီး  ပြောခဲ့ပါတယ်။

ရခိုင်လက်နက်ကိုင်အဖွဲ့အနေဖြင့် ယခုဖြစ်စဉ်တွေကြောင့် ဒေသတွင်း အဆိုပါအဖွဲ့အပေါ် ထောက်ခံ မှု တွေ လျော့ကျလာမှာကိုကြုံတွေ့ရဖွယ်ရှိပြီး နိုင်ငံရေးအရလည်း အဆင့်အတန်းလျော့ကျ လာဖွယ် ရှိနေပါတယ်။ ယခင်ကတည်းက စစ်ရေးတင်းမာမှုရှိနေတဲ့ ပလက်ဝဒေသမှာ ညမထွက်ရအမိန့် ကိုအုပ်ချုပ်ရေးဘက်က ထုတ်ပြန် လာခဲ့တဲ့ အတွက် တိုက်ပွဲတွေ ပိုအရှန်မြှင့် တွေ့မြင်လာရဖွယ် ရှိနေပါတယ်။ဒေသခံတွေအတွက် ယခုအခြေအနေ က စိုးရိမ်စရာဖြစ်လာနေပါတယ်။  

နောက်ထပ်သတိထားစောင့်ကြည့်ခဲ့ရတဲ့ သတင်းတစ်ခုက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက် ခဲ့တဲ့  အာဆီယံထိပ်သီးအစည်းအဝေးသတင်းပါ။ ဒီအစည်းအဝေးကို အမေရိကန်သမ္မတ မတက်ရောက်ခဲ့လို ရုရှား၊တရုတ်တို့ကပါ တစ်ဆင့်နိ မ့်ဝန်ကြီးချုပ်တွေကိုစေလွှတ်ခဲ့ပါတယ်။ ဒီ အစည်း အဝေး ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres တက်ရောက်ခဲ့ပါတယ်။ အစည်းအဝေးမှာ တောင်တရုတ်ပင်လယ် ပြဿနာနဲ့ ရခိုင်‌မြောက်ပိုင်း ဘင်္ဂါလီအရေးက ထိပ်တန်း ကိစ္စဖြစ်ခဲ့ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က   နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အပါအဝင် ASEAN ထိပ်သီးခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုမှာ ရခိုင်ပြည်နယ်ပြဿနာဖြေရှင်းရေးအတွက် အာဆီယံဘက်က အထူး လုပ်ငန်းတခု ဖွဲ့စည်းဖို့ ရှိနေ တာကို ထောက်ခံတယ် လို့ ပြောခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က  ရခိုင်ပဋိပက္ခနဲ့ ပတ်သက်ပြီး အဲဒီဒေသမှာ ရှိခဲ့ကြတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်း တွေအနေနဲ့ ပြဿနာရဲ့ သိမ်မွေ့ ရှုပ်ထွေးမှုကို အနည်းအကျဉ်းသိထားဖို့ လို အပ်တယ်ဆိုပြီး တုံ့ပြန် ပြောခဲ့ပါတယ်။ ဒါအပြင် ကာကွယ်ပေးရမယ့်သူတွေရဲ့ အခွင့်အရေးနဲ့ လုံခြုံမှုပေးရေးကို မြန်မာအစိုးရအနေနဲ့ ရှောင်လွှဲမှာ မဟုတ် ကြောင်း၊ ဒုက္ခသည်တွေကို စိစစ်ပြီး လက်ခံသွားမယ် ဆိုတာကို မြန်မာ ဘက်က ကတိပြုထားပြီး ဖြစ်တယ်လို့ပြောခဲ့ပါတယ်။

ဒီအစည်းအဝေးကျင်းပနေစဉ်မှာဘဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ရုရှားဝန်ကြီးချုပ်နဲ့ အမေရိကန် အ မျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်တို့ကို သီးခြားစီ လက်ခံတွေ့ဆုံခဲ့သလို အိန္ဒိယဝန်ကြီးချုပ်နဲ့  သီးသန့်တွေ့ ဆုံစဉ် မှာ နှစ်နိုင်ငံဆက်ဆံရေး၊ ကုန် သွယ်ရေး၊ ပို့ဆောင်ရေး၊ ရခိုင် ပြည်နယ် အရေး ကိစ္စများနှင့်ပတ်သက်ပြီး  ဆွေးနွေး ခဲ့တယ်ဆိုပါတယ်။အရပ်သားအစိုးရလက်ထက်မှာ ပိုပြီးပြင်း ထန်လာခဲ့တဲ့ ရခိုင်မြောက် ပိုင်းပြဿနာကို ကိုင်တွယ် ရာမှာ ယခင်လောက်နိုင်ငံတကာဖိအားပေး မှု မရှိဘဲ အနည်းငယ်လျော့လာသလို လက်ရှိအစိုးရပိုင်းက ဖြေရှင်းတာ ကို လက်ခံလာတဲ့ သဘောမျိုးတွေ့လာရပါတယ်။ဘင်္ဂလားဒေ့ရှ့်ဘက်က နိုင်ငံတကာကိုပတ်ပြီးအကူအညီတောင်း ပြီးဖိအားပေးဖို့ ကြိုးစားတာတွေ့က နောက်ပိုင်းကာလတွေမှာ သိပ်မထိရောက်လာတော့သလို ရခိုင်မြောက်ပိုင်း ကလက်ခံရေးစခန်းတွေဆီ ဘင်္ဂလားဒေ့ရှ့်ဘက်က ပြန်ဝင်လာတာလည်းရှိတဲ့ အတွက် ဒါဟာ ကောင်းမွန်တဲ့ ဘက်ကို ရောက်လာမယ့်သဘောတွေ တွေ့နေ ရပါတယ်။ဒီအခြေအနေကို ဘယ်လောက်ထိ ထိန်းနိုင်မလဲဆိုတာ ဆက်စောင့်ကြည့်ရဦးမှာပါ။

မှတ်တမ်းဖိုင် ပျောက်ဆုံးမှုတဲ့လား

ယခုရက်သတ္တပတ်ထဲမှာ တစ်ပြည်လုံးစိတ်ဝင်စားနေတဲ့ နေပြည်တော်ဗစ်တိုးရီးယားအမှုကို ဆက်စစ်ခဲ့ ပါတယ်။ဆက်စစ်ခဲ့တယ်ဆိုတာမှာ အဆိုပါအမှုမှာ တရားခံလို့ တထစ်ချစွပ်စွဲခံထားရတဲ့ အောင်ကြီးဘက်က နေလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဒေါ်စုဒါလီအောင်ကို Wisdom Hill ကျောင်းမှ ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ ပုဒ်မ-၁၀၁ နဲ့ တရားစွဲဆိုမှုကိုပါ စစ်ဆေးခဲ့တာပါ။

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တရားရုံးမှာ နိုဝင်ဘာ၄ ရက်က စစ်ဆေးတဲ့ အဆိုပါအမှုရုံးချိန်းမှာ BBC သတင်းထောက်နဲ့ သက်သေခံပစ္စည်းတင်သွင်းရာ၌ ရှာဖွေပုံစံ လက်မှတ်ထိုးပါဝင်သည့် ရာအိမ်မှူးနှစ် ဦး ကိုစစ် ဆေးခဲ့ပါတယ်။ ဒီလိုစစ်ရာမှာ ထုတ်လွှင့်တဲ့ အင်တာဗျူးက ဌာန ကနေပြီးတော့ မီဒီယာ ကျင့်ဝတ် သတ်မှတ် ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ညီလို့ ဒီဗီဒီယိုဖိုင်ကို တင်တယ်ဆိုပြီး စစ်ဆေးခံခဲ့ ပါတယ်။ ဒါအပြင် အဆိုပါ ဗီဒီ ယိုဖိုင်မှာပါတဲ့ ကိုကိုညီညီဆိုရာမှာ သူသားနှစ်ယောက် မဟုတ်ဘူး ဆိုတာကို စစ်ဆေးဖြေခဲ့ပါတယ်။

နိုဝင်ဘာ ၆ ရက်မှာ စစ်ဆေးတဲ့ ၁၀ ကြိမ်မြောက် ဗစ်တိုးရီးယားအမှုရုံးချိန်းမှာ ယင်းရုံးချိန်းတွင် Wisdom Hill မူကြိုကျောင်းမှ စီစီတီဗီမှတ်တမ်း ကိုင်သူတရားလိုပြသက်သေ ကို ရန်နောင်ဌေးနှင့် ဗစ်တိုးရီးယား စီးသည့် ကျောင်းဖယ်ရီကား ဆရာမတစ်ဦးတို့ကို စစ်ဆေးခဲ့ပါတယ်။

ဒီလိုစစ်ဆေးခဲ့ရာမှာ တရားလိုဘက် မှ နည်းပညာရှင်တစ်ဦး ခေါ်ယူ၍ Hard Disk စစ်ဆေးမှု ပြုလုပ် ရာ ဖိုင်များမရှိတော့ကြောင်း တွေ့ ရှိခဲ့ပါတယ်။ဒီလိုတွေ့ရှိခဲ့တဲ့ အတွက် အံအားသင့် စရာဖြစ်ခဲ့သလို နည်းပညာရှင် များကို ရုံးတော်သက်သေအဖြစ် ခေါ်ယူပြီး  ဗီဒီယိုဖိုင်များ ပြန်လည်ရရှိရေး လုပ်ဆောင် ဖို့ နှစ်ဖက်ရှေ့နေများက လျှောက်လဲခဲ့ရပါတယ်။ အဆိုပါဗီဒီယိုဖိုင်မှတ်တမ်းတွေ မူရင်း စီစီတီဗီ အထိုင်စက် ထဲမှာမရှိခဲ့ပေမယ့် အဆိုပါ စက်ထဲကနေ ကူးယူထားသည့် Memory Stick ထဲမှာ အဆိုပါဖြစ်တဲ့နေ့က ကူးယူထားတဲ့ အမှုအ ခင်းဖြစ်သည့် နေ့တစ်နေ့တာကို အပြည့်အစုံမဟုတ်ဘဲ မိနစ်ပိုင်း အလိုက် ပြတ်တောက်နေသည့် ဖိုင်များကတော့ ရုံးတော်မှာ သက်သေအဖြစ်ရှိနေတဲ့ အတွက် နားမလည်စရာဖြစ်နေခဲ့ပါတယ်။

ဇွန်လအတွင်း စီစီတီဗီ အထိုင်စက်ကို CID တပ်ဖွဲ့များ လာယူစဉ် ဝန်ထမ်းတစ်ဦးက ဖြုတ် ပေးခဲ့ပြီး စစ်ဆေးခဲပြီးနောက် ယင်းစက်ကို Wisdom Hill ကျောင်းအုပ် ဦးပညာထံ ပြန်ပေးခဲ့ခြင်းဖြစ်တယ် ဆို ပါတယ်။ ဒီဗီဒီယိုဖိုင်က တရားခံဆိုပြီး စွပ်စွဲခံထားရတဲ့ ကိုအောင်ကြီးဆိုတဲ့သူအတွက် သေရေး ရှင်ရေး တမျှ အရေးကြီးတဲ့ ပစ္စည်းသက်သေပါ။ ဒီလိုအရေးကြီးတဲ့အတွက်လည်း နှစ်ဖက်လုံးက ပညာရှင်တွေခေါ်ဖို့ လျှောက်လဲခဲ့သလို ရုံးကလည်းလက်ခံပြီး သင့်တော်သည့်အချိန် တွင် အမိန့်ချ မည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့တယ်ဆိုပါတယ်။ ဒီအမှုက နိုင်ငံတော်ထိပ်ပိုင်း အဆင့် တာဝန်ရှိသူတွေ ကိုယ်တိုင် စောင့်ကြည့်နေသလို မှားယွင်းရင် တာဝန်ယူရမယ်လို့ လည်းပြောခဲ့တာရှိတဲ့ အတွက် ယခုလို ဖြစ်ခဲ့တာက ဒီအမှုရဲ့ အမှန်တရားဖော်ထုတ်ဖို့အတွက် ဘယ်လောက်ထိ ထိခိုက် သလဲ၊ ဘယ်လောက်ထိကြန့်ကြာစေမလဲဆိုတာ  အမှုဖြစ်စဉ်တစ်လျှောက်လုံးစောင့်ကြည့်နေတဲ့ အများ ပြည်သူကြား ဝေဖန်စောကြာစရာဖြစ်ခဲ့ပါတယ်။ ဒီအတွက် လာမယ့် နိုဝင်ဘာ ၂၀ ရက်ရုံးချိန်းမှာ ဘာတွေ ဖြစ် လာဦးမလဲဆိုတာ ဆက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

အဆိုပါသတင်းတွေအပြင် တခြားစိတ်ဝင်စားစရာ သတင်းတွေလည်း ယခုရက်သတ္တပတ်ထဲမှာ ဖြစ်ခဲ့ တာတွေ ရှိခဲ့ပါတယ်။ဒီသတင်းတွေထဲ ကောင်းတဲ့ သတင်းတွေရှိသလို မကောင်းတဲ့ သတင်းတွေ လည်းရှိခဲ့ပါ တယ်။  မန္တလေး ချမ်းအေးသာစံမြို့နယ်အတွင်းမှာရှိတဲ့ ဘုန်းကြီးကျောင်း ၆၅ကျောင်းမှာ စီးပွားရေး လုပ်ငန်း တွေနဲ့ လူနေထိုင်တာကို ရှင်းလင်းခဲ့တဲ့ သတင်း၊ ရန်ကုန်မှာ နိုဝင်ဘာ ၄ ရက်က မြေငလျင်အသေးစား လှုပ်ခတ် ခဲ့တဲ့ သတင်း၊ ထင်ရှားတဲ့ မိုးလေဝသ ပညာရှင် ဦးထွန်းလွင် နိုဝင်ဘာ ၄ ရက်က ကွယ်လွန်သွားခဲ့တဲ့သတင်း၊ ရန်ကုန်တက္ကသိုလ်ပတ်လမ်း တည်ဆောက်ရေးမှာ နှစ်ရှည် ပင်တွေ ခုတ်လှဲခံရတာကြောင့် ဒီအစီအစဉ်ကို ဖျက်သိမ်းပေးဖို့ ဆန္ဒပြ တောင်းဆိုခဲ့တဲ့ အတွက်  ယာယီရပ်ဆိုင်းပေးခဲ့တဲ့ သတင်း၊ရှမ်းပြည်နယ်မြောက် ပိုင်း ကျောက်မဲမြို့မှာ နေ့ခင်းကြောင်တောင် ပစ်ခတ်မှုဖြစ်လို့ ကျေးရွာအုပ် ချုပ်ရေးမှူးအပါအဝင် လူသုံးဦး သေဆုံး ခဲ့တဲ့ သတင်း၊ မြန်မာရေတပ် အတွက် DAE SUN သင်္ဘောနဲ့ စက်မှုနည်းပညာ ကုမ္ပဏီက တည်ဆောက်ပေးတဲ့ “မုတ္တမ” အမည်ရှိ ရေတပ်စစ်သင်္ဘောတစင်း ရုရှားနိုင်ငံ ဗလာတီ ဗော့စတော့ဆိပ်ကမ်းမှာ ဝင်ရောက်ရပ်နားခဲ့တဲ့ သတင်း၊ တောင်ငူမှာ သံသယမူးယစ်တရားခံနှင့် ပုံစံတူနေလို့ မှားယွင်းဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသားကို ထိခိုက် နစ်နာလျော်ကြေး ငါးသိန်းရဲတပ်ဖွဲ့က ပေးခဲ့ရတဲ့ သတင်းတွေလည်း ဖြစ်ခဲ့တယ် ဆိုတာ တင်ပြ ရင်း ယခုရက် သတ္တပတ် ပြည်တွင်းသတင်း သုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

                                                                        မာလင်း

(  Zawgyi  )

 ယခုရက္သတၱပတ္အတြင္းျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ အမ်ားျပည္သူၾကားစိတ္ဝင္စားစရာ သတင္း ေတြရွိခဲ့ပါတယ္။ ထုံးစံအတိုင္း ရခိုင္လက္နက္ကိုင္အဖြဲ႕AA က အမ်ိဳးသားလႊတ္ေတာ္အမတ္ကို ျပန္ေပး ဆြဲထားတဲ့ သတင္းေနာက္ဆက္တြဲေတြ ၊ သက္ဆိုင္ရာက ဖမ္းဝရမ္းထုတ္ထားတဲ့ ဦးစိုးထြန္းရွိန္ ကို ထိုင္းဘက္ကဖမ္းၿပီး ျမန္မာရဲ ေတြကို ျပန္လႊဲေပးခဲ့တဲ့ သတင္းေတြနဲ႔ ဗစ္တိုးရီးယား အမႈစစ္ေဆးရာမွာ အဓိကအေရးႀကီးတဲ့ စီစီတီဗြီ မွတ္တမ္းထဲ ဘာတစ္ခုမွ မရွိေတာ့တဲ့ သတင္းေတြ က ယခုရက္သတၱပတ္သတင္းေတြထဲ ထိပ္တန္းသတင္းေတြ ျဖစ္ခဲ့ပါတယ္။    
 
ဝရမ္းေျပး ျပည္ေတာ္ဝင္ခန္း

ျပည္တြင္းသတင္းမီဒီယာတစ္ခုကေန ဓာတ္ပုံအေထာက္အထား၊ကားအမွတ္နဲ႔ အတူ ေဖာ္ျပခဲ့လို႔ ျပည္ တြင္း မွာ စိတ္ဝင္စားမႈပိုလာခဲ့တဲ့ မိုးထိမိုးမိေ႐ႊတြင္းလုပ္ငန္းရွင္ တစ္ဦးကို ထိုင္းမွာဖမ္းမိခဲ့ သတင္းက ယခုရက္ သတၱပတ္မွာ အားလုံးသတိထားေစာင့္ဖတ္ခဲ့ရတဲ့ သတင္းျဖစ္ခဲ့ပါတယ္။
    
သတၱဳတြင္းဥပေဒပုဒ္မႏွင့္ ျပည္သူပိုင္ပစၥည္း ဖ်က္ဆီးမႈ ပုဒ္မ ၆၁ တို႔ျဖင့္ အမႈဖြင့္ခံရၿပီးေနာက္ ထိုင္းႏိုင္ငံ ကို  ထြက္ေျပးပုန္းေရွာင္ေနတဲ့ တရားခံေျပး  ဦးစိုးထြန္းရွိန္ကို ထိုင္းရဲတပ္ဖြဲ႕က ဖမ္းဆီးၿပီး ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ထံ လႊဲေျပာင္းခဲ့ပါတယ္။ ဒါဟာ ၎ကိုရွာေဖြရန္ ျမန္မာရဲတပ္ဖြဲ႕ ထိပ္ပိုင္းအရာ ရွိမ်ား ထိုင္းႏိုင္ငံသို႔ သြားမည္ဟု သမၼတ ႐ုံးေျပာခြင့္ရပုဂၢိဳလ္ ဦးေဇာ္ေဌးက ေအာက္ တိုဘာ ၂၅ ရက္တြင္ ျပဳလုပ္သည့္ သတင္းစာရွင္းစာရွင္းလင္းပြဲမွာ ေျပာ အၿပီး ၁၂ ရက္အၾကာမွာ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕က ျပန္ဖမ္းဆီးႏိုင္ခဲ့တာျဖစ္ပါတယ္။ ျမန္မာနဲ႔ထိုင္းႏိုင္ငံ အၾကား တရားခံလႊဲေျပာင္းေပး မႈေၾကာင့္ ျပန္လည္ဖမ္းဆီးရမိတာပါ။

ထုတ္ျပန္ခ်က္ေတြမွာေတာ့ စိုးထြန္းရွိန္ကို တာခ်ီလိတ္နဲ႔ကပ္လွ်က္ ထိုင္းနယ္စပ္ၿမိဳ႕ ျဖစ္တဲ့  မယ္ဆိုင္ၿမိဳ႕ မွာ ဖမ္းဆီးမိၿပီးေနာက္ တာခ်ီလိတ္ၿမိဳ႕၌ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕ထံ ထိုင္းရဲတပ္ဖြဲ႕ ျပန္လႊဲေပးခဲ့တာပါ။ထိုင္းရဲတပ္ဖြဲ႕ ျပန္လႊဲအၿပီး တာခ်ီလိတ္ေလဆိပ္ကေန မႏၲေလးကို ေလယာဥ္နဲ႔ ပိုရာမွာ စိုးထြန္းရွိန္ကို မျမင္ရနီးပါး ရဲတပ္ဖြဲ႕ဝင္ ေတြက ထီးေတြနဲ႔ ပို႔ၾကတဲ့ဓာတ္ပုံေတြ လူမႈကြန္ရက္ မွာ ေပၚထြက္လာခဲ့တဲ့ အတြက္ ေဝဖန္မႈေတြ ျပင္းထန္လာခဲ့ ပါတယ္။ ဒီအတြက္ သက္ဆိုင္ရာ ဘက္ က ျပည္တြင္းမီဒီယာတစ္ခုကိုရွင္းလင္းရာမွာ အဲ့ဒီေန႔က မိုးေတြ႐ြာေနလို႔ ဆို တဲ့ ေျဖရွင္းခ်က္ကို ထုတ္ခဲ့ပါတယ္။

ဦးစိုးထြန္းရွိန္ ပိုင္ အမ်ိဳးသား ႀကီးပြားတိုးတက္ေရး ကုမၸဏီ က  မႏၲေလးတိုင္းရမည္းသင္း ၿမိဳ႕နယ္ရွိ ဧက ၆,၀၀၀ ေက်ာ္ မိုးထိမိုးမိလုပ္ကြက္မွာ ၂၅ ႏွစ္စာ စာခ်ဳပ္ျဖင့္ ၂၀၁၁ ကစာခ်ဳပ္ခ်ဳပ္ဆိုၿပီး ၂၀၁၁ ကစ၍ လုပ္ကိုင္ခဲ့ ရာမွာ  ႏိုင္ငံေတာ္အား သတ္မွတ္ေ႐ႊပိႆာ မေပးေဆာင္ဘဲ ေႂကြးက်န္ေ႐ႊ ပိႆာ ခ်ိန္ ၁,၂၇၀ က်န္တဲ့အျပင္ တူး ေဖာ္ခြင့္ တားျမစ္ခ်ိန္မွာ တရားမဝင္ ဆက္လက္ေ႐ႊတူး ေဖာ္မႈေၾကာင့္ အစိုးရက ၂၀၁၈ ဒီဇင္ဘာ၌ ဦးစိုးထြန္း ရွိန္ ႏွင့္ ၎ ၏ကုမၸဏီတာဝန္ရွိသူ ညီညီလြင္၊ ေစာေမာင္၊ ခင္ေဇာ္ႏွင့္ မင္းမင္းစိုးအပါအဝင္ စုစုေပါင္းငါးဦးကို  ျပည္သူ ပိုင္ ပစၥည္း ဖ်က္ဆီးမႈပုဒ္မ ၆၁ ႏွင့္ ျမန္မာ့သတၱဳတြင္း ဥပေဒပုဒ္မ ၃၀(က) ျဖင့္ တရားစြဲဆိုခဲ့တာပါ။ အဲဒီအမႈကေန ယခုဦးစိုးထြန္း ရွိန္ကို ထိုင္းမွာ ျပည္သူတစ္ဦးသတင္းေပးမႈ‌ေၾကာင့္ ဖမ္းဆီးမိခဲ့တဲ့အတြက္  မိုးထိမိုးမိႏွင့္ပတ္သက္ ၿပီး ဖမ္းဆီးရန္ တရားခံ ေျပး ေလးဦးသာ က်န္ရွိပါေတာ့တယ္။
 
ယခုလို ဝရမ္းထုတ္ခံထားရတဲ့ တရားခံေျပးခ႐ိုနီတစ္ဦးကိုဖမ္းမိတဲ့ အတြက္ ဘာေတြ ျဖစ္လာမလဲ၊ တည္ ဆဲ အစိုးရကို ဆန႔္က်င္အပုတ္ခ်ခဲ့ၿပီး ဖမ္းဝရမ္းထုတ္ခ်ိန္မွာ ထြက္ေျပးေနတဲ့ သူေတြအခ်ိဳ႕နဲ႔ နီးစပ္တဲ့ ဆက္ဆံေရး နဲ႔ေထာက္ပံ့မႈေတြ ရွိခဲ့ဘူးတဲ့ အတြက္ စိုးထြန္းရွိန္ကို စစ္ေဆးမႈကေန ဘာေတြ ထပ္သိလာဦမလဲ၊ထုံးစံအတိုင္း ဒီတစ္ေယာက္မိ ဒီတစ္ေယာက္ကိစၥနဲ႔ပဲ ဇာတ္လမ္းကၿပီးသြားမလား ဆိုတာေတြ က စိတ္ဝင္စားစရာပါဘဲ။

တရားခံေျပးစိုးထြန္းရွိန္ကို ရမည္းသင္းတရား႐ုံးက ႏိုဝင္ဘာ ၇ ရက္က ျမန္မာသတၱဴတြင္းဥပေဒ ပုဒ္မ ၃၀(က) နဲ႔တရားစြဲဆိုခဲ့ပါတယ္။လာမယ့္ ႏိုဝင္ဘာ ၁၃ ရက္ေန႔မွာ ႐ုံးထုတ္စစ္ေဆးေတာ့မွာ ျဖစ္တဲ့ အတြက္ ဘယ္လိုေတြ ျဖစ္မလဲဆိုတာ ဆက္ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

ရႈပ္ေထြးတဲ့ ရခိုင္ေျမာက္ပိုင္းအေရးနဲ႔ ျပန္ေပးဆြဲတဲ့ သူေတြ

ရခိုင္ေျမာက္ပိုင္းမွာ ေျခကုပ္ယူဖို႔ ႀကိဳးစားေနတဲ့ ရခိုင္လက္နက္ ကိုင္တပ္ဖြဲ႕(ေအေအ)က  ပလက္၀ ေဒသခံ အရပ္သား ေတြနဲ႔ ရခိုင္ေျမာက္ပိုင္းက အုပ္ခ်ဳပ္ေရးမႉးေတြအပါအဝင္ အတင္းအက်ပ္ေခၚေဆာင္ တာ၊ သတ္ ျဖတ္တာအပါအဝင္ လုပ္ေနရာကေန မၾကာခင္က  မီးသတ္တပ္ဖြဲ႕ဝင္ေတြ ကို ျပန္ေပးဆြဲေခၚေဆာင္သြား တာ လုပ္ခဲ့ပါတယ္။ ယခုတစ္ဖန္ ဒီအဖြဲ႕က အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ (NLD) အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စား လွယ္ ဦးေဝွ႔တင္းနဲ႔ အိႏၵိယႏိုင္ငံသားငါးဦး၊ စကားျပန္ ႏွစ္ဦး၊ စက္ေလွေမာင္းသူႏွစ္ဦး စုစုေပါင္း  ၁၀ ဦးကို ႏိုဝင္ ဘာ ၃ ရက္တြင္ ကုလားတန္ျမစ္ေၾကာင္းအတြင္း ဖမ္းဆီးခဲ့ပါတယ္။

ဒီအျဖစ္ဟာ မၾကာခင္က ေ႐ႊနဒီအျမန္ေရယာဥ္ျဖစ္စဥ္အၿပီး ျဖစ္ခဲ့တဲ့ျဖစ္စဥ္ျဖစ္တဲ့အတြက္ ဒါဟာ ရခိုင္ ျပည္နယ္အတြင္းမွာ ျပန္ေပးဆြဲ၊လူသတ္ဆိုတဲ့ အၾကမ္းဖက္လမ္းစဥ္ဘက္ကို ေရာက္လာေနၿပီ လားဆိုတာ ေမးခြန္း ထုတ္စရာျဖစ္လာခဲ့ပါတယ္။ ယခုျဖစ္စဥ္မွာ ႏိုင္ငံျခားသားေတြ ပါခဲ့တဲ့ အတြက္ လည္းႏိုင္ငံတကာက အာ႐ုံစိုက္ခဲ့ သလို ထုတ္ျပန္ခ်က္ေတြမွာ ျပန္ေပးဆြဲခဲ့တဲ့ အိႏၵိယႏိုင္ငံသား အသက္(၆၁)ႏွစ္အ႐ြယ္ ေဆာက္လုပ္ေရးဆိုင္ရာ အႀကံေပးပညာရွင္ေသဆုံးခဲ့တဲ့အတြက္ ရခိုင္ လက္နက္ကိုင္အဖြဲ႕ရဲ႕လုပ္ရပ္ဟာ ေထာက္ျပစရာျဖစ္လာခဲ့ပါတယ္။

ႏိုဝင္ဘာ ၄ ရက္ ရခိုင္လက္နက္ကိုင္အဖြဲ႕(AA)ထုတ္ျပန္ခ်က္မွာေတာ့ အသက္ ၆၁ ႏွစ္အ႐ြယ္ အိႏၵိယ ႏိုင္ငံသား ေသဆုံး ခဲ့ရတဲ့ အေပၚ ၎မွာ ဆီးခ်ိဳႏွင့္ ေသြးတိုးရွိၿပီး ႏွလုံး အေမာေဖာက္ကာ  ခဏေလးအတြင္းမွာ ေသဆုံးသြားခဲ့တာလို႔ ဆိုၿပီး ထိုသို႔ေသဆုံး သည့္အေပၚ AA အဖြဲ႕အေနျဖင့္ မ်ားစြာ စိတ္မေကာင္းျဖစ္ေၾကာင္း ဆိုပါတယ္။တပ္မေတာ္ သတင္းမွန္ျပန္ ၾကားေရးဘက္ကေတာ့ ဒီလို  လႊတ္ေတာ္အမတ္နဲ႔ ႏိုင္ငံျခားသားေတြ သားေတြ ဖမ္းဆီးတဲ့လုပ္ရပ္က ႏိုင္ငံေတာ္ရဲ႕ တရား ဥပေဒျပဳေရး မ႑ိဳင္ကို ထိပါးလာ တာျဖစ္ၿပီး အဲဒီနယ္ေျမ ေဒသမွာ ႏိုင္ငံေတာ္ရဲ႕အုပ္ခ်ဳပ္ေရး ယႏၲရားႀကီးတစ္ခုလုံးပ်က္စီး သြားေအာင္လုပ္တာလို႔ ေျပာခဲ့ပါတယ္။

ဒီလိုျပန္ေပးဆြဲခဲ့တဲ့ သူေတြထဲက အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စား လွယ္ ဦးေဝွ႔တင္းကလြဲၿပီး က်န္ ၈ ဦးကိုျပန္လႊတ္ေပးခဲ့ကာ ဦးေဝွ႔တင္းနဲ႔ပတ္သက္ၿပီး AA ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခဆိုသူက တပ္မေတာ္ႏွင့္ေပါင္းၿပီး ရခိုင္ လက္နက္ကိုင္အဖြဲ႕(AA)ကို  ႏိုင္ငံေရးသိကၡာခ်လို႔ဆိုကာ ေျပာခဲ့ ပါတယ္။တျခားသတင္းဌာနေဖာ္ျပခ်က္မွာေတာ့ ေဒသခံ တိုင္းရင္း သား ခူမီးေတြကို ေသြးထိုးလႈံေဆာ္ၿပီး ရခိုင္ လက္နက္ကိုင္ အဖြဲ႕(AA)သတင္းေတြကို တပ္မေတာ္ကို သတင္းေပးလို႔ ဆိုၿပီး ေျပာခဲ့တာလည္းရွိပါတယ္။

ဦးေဝွ႔တင္း ျပန္ေပးဆြဲခံရခ်ိန္မွာ အျမန္ဆုံးျပန္လႊတ္ေပးဖို႔ အာဏာရပါတီျဖစ္တဲ့ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ (NLD) အပါအဝင္ႏိုင္ငံေရး အင္အားစုေတြက ေတာင္းဆိုခဲ့သလို အာဏာရပါတီဘက္ က လည္း ျပည္သူ က ေ႐ြးခ်ယ္တဲ့ ကိုယ္စား လွယ္တစ္ေယာက္ကို အင္အား သုံးၿပီး ထိန္းသိမ္းထားတာ ကိုက မသင့္ေတာ္ဘူးလို႔ ေျပာခဲ့ကာ ဒီလိုလုပ္ငန္းမ်ိဳးသာဆက္ တိုက္လုပ္ေနမယ္ဆိုရင္ အဲဒီအ ဖြဲ႕အစည္းက လူထုေထာက္ခံမႈရမွာမဟုတ္ ဘူးလို႔ေျပာခဲ့ပါတယ္။

တပ္မေတာ္ဘက္ကေတာ့ ရခိုင္လက္နက္ ကိုင္ (AA) အေနျဖင့္ ပလက္ဝဖြံ႕ၿဖိဳးေရးစီမံကိန္းႏွင့္ ပတ္သက္ ၿပီး ေပၚေပၚထင္ထင္ေႏွာင့္ယွက္ေနတာ ယခုတစ္ႀကိမ္အပါအဝင္ သုံးႀကိမ္ရွိၿပီလို႔လည္း ေျပာခဲ့ပါတယ္။ ယခု ျဖစ္ စဥ္မွာ အိႏၵိယႏိုင္ငံသား ေသဆုံးခဲ့ ရတဲ့အတြက္ ျမန္မာနဲ႔ အိႏၵိယအစိုးရ တို႔ အၾကား ေဒသဖြံ႕ၿဖိဳးေရးအျပင္ သံတ မန္ ေရးဆိုင္ရာကိစၥရပ္ေတြမွာ ထိခိုက္မႈေတြရွိလာႏိုင္တာေတြ ျဖစ္လာႏိုင္ပါတယ္။

ရခိုင္လက္နက္ကိုင္အဖြဲ႕(AA)ဘက္ ထုတ္ျပန္ခ်က္ေတြမွာလႊဲမွားမႈေတြရွိေနတာကို မၾကာခဏေတြ႕ ေနရ သလို တာဝန္ယူမႈ တာဝန္ခံမႈကိုလည္းမေတြ႕ရပါဘူး။ ယခုရက္သတၱပတ္ထဲထြက္လာတဲ့ သတင္းေတြထဲမွာ ရခိုင္ လက္နက္ကိုင္အဖြဲ႕(AA)က တပ္ဖြဲ႕ဝင္အခ်ိဳ႕ကို အိမ္နီးခ်င္းႏိုင္ငံႀကီး တစ္ခု ကေခၚ ယူၿပီး သူတို႔ဘက္က စစ္ တကၠသိုလ္ မွာ သင္တန္းေပးေနတာ၊ ေလ့က်င့္ေပးေနတာေတြကို AA နဲနီးစပ္တဲ့ သတင္းမီဒီယာမွာေဖာ္ျပခဲ့တာကို ေတြ႕ခဲ့ရပါတယ္။ရခိုင္လက္နက္ကိုင္ (AA)အဖြဲ႕က ျပန္ေပးဆြဲခဲ့တဲ့ မီးသတ္တပ္ဖြဲ႕ဝင္ ၁၉ ဦး အနက္ ၁၈ ဦးကိုျပန္ လႊတ္ေၾကာင္း ထုတ္ျပန္ခဲ့ေပမယ့္ ႏိုဝင္ဘာ ၈ ရက္အထိ ၁၁ ဦး သာ ျပန္လည္ေရာက္ရွိတယ္လို႔ ရခိုင္ျပည္နယ္ မီးသတ္တပ္ဖြဲ႕က ထုတ္ျပန္ ခဲ့ပါတယ္။မီးသတ္တပ္ဖြဲ႕ဝင္ ၁၉ ဦးထဲမွာ ေသဆုံးခဲ့တဲ့ တစ္ဦးမွာ  မီးသတ္ တပ္ဖြဲ႕ဒု-ဦးစီးမႉးျဖစ္ၿပီး က်န္းမာေရးအဆင့္ A အဆင့္ရွိကာ ရခိုင္လက္နက္ကိုင္အဖြဲ႕(AA)ဘက္က ေျပာေရး ဆိုခြင့္ရွိသူ ခိုင္သုခေျပာခ်က္မွာေတာ့ ေတာင္တက္ရာမွာ ခဏနားရင္း ေရေသာက္ရာကေန  ေရွာ့ခ္ျဖစ္ၿပီး ေသတယ္ ဆိုၿပီး  ေျပာခဲ့ပါတယ္။

ရခိုင္လက္နက္ကိုင္အဖြဲ႕အေနျဖင့္ ယခုျဖစ္စဥ္ေတြေၾကာင့္ ေဒသတြင္း အဆိုပါအဖြဲ႕အေပၚ ေထာက္ခံ မႈ ေတြ ေလ်ာ့က်လာမွာကိုႀကဳံေတြ႕ရဖြယ္ရွိၿပီး ႏိုင္ငံေရးအရလည္း အဆင့္အတန္းေလ်ာ့က် လာဖြယ္ ရွိေနပါတယ္။ ယခင္ကတည္းက စစ္ေရးတင္းမာမႈရွိေနတဲ့ ပလက္ဝေဒသမွာ ညမထြက္ရအမိန႔္ ကိုအုပ္ခ်ဳပ္ေရးဘက္က ထုတ္ျပန္ လာခဲ့တဲ့ အတြက္ တိုက္ပြဲေတြ ပိုအရွန္ျမႇင့္ ေတြ႕ျမင္လာရဖြယ္ ရွိေနပါတယ္။ေဒသခံေတြအတြက္ ယခုအေျခအေန က စိုးရိမ္စရာျဖစ္လာေနပါတယ္။  

ေနာက္ထပ္သတိထားေစာင့္ၾကည့္ခဲ့ရတဲ့ သတင္းတစ္ခုက ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ တက္ေရာက္ ခဲ့တဲ့  အာဆီယံထိပ္သီးအစည္းအေဝးသတင္းပါ။ ဒီအစည္းအေဝးကို အေမရိကန္သမၼတ မတက္ေရာက္ခဲ့လို ႐ုရွား၊တ႐ုတ္တို႔ကပါ တစ္ဆင့္နိ မ့္ဝန္ႀကီးခ်ဳပ္ေတြကိုေစလႊတ္ခဲ့ပါတယ္။ ဒီ အစည္း အေဝး ကို ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ Antonio Guterres တက္ေရာက္ခဲ့ပါတယ္။ အစည္းအေဝးမွာ ေတာင္တ႐ုတ္ပင္လယ္ ျပႆနာနဲ႔ ရခိုင္‌ေျမာက္ပိုင္း ဘဂၤါလီအေရးက ထိပ္တန္း ကိစၥျဖစ္ခဲ့ပါတယ္။ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ Antonio Guterres က   ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္အပါအဝင္ ASEAN ထိပ္သီးေခါင္းေဆာင္ေတြနဲ႔ ေတြ႕ဆုံ ေဆြးေႏြးမႈမွာ ရခိုင္ျပည္နယ္ျပႆနာေျဖရွင္းေရးအတြက္ အာဆီယံဘက္က အထူး လုပ္ငန္းတခု ဖြဲ႕စည္းဖို႔ ရွိေန တာကို ေထာက္ခံတယ္ လို႔ ေျပာခဲ့ၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က  ရခိုင္ပဋိပကၡနဲ႔ ပတ္သက္ၿပီး အဲဒီေဒသမွာ ရွိခဲ့ၾကတဲ့ ကုလသမဂၢ အဖြဲ႕အစည္း ေတြအေနနဲ႔ ျပႆနာရဲ႕ သိမ္ေမြ႕ ရႈပ္ေထြးမႈကို အနည္းအက်ဥ္းသိထားဖို႔ လို အပ္တယ္ဆိုၿပီး တုံ႔ျပန္ ေျပာခဲ့ပါတယ္။ ဒါအျပင္ ကာကြယ္ေပးရမယ့္သူေတြရဲ႕ အခြင့္အေရးနဲ႔ လုံၿခဳံမႈေပးေရးကို ျမန္မာအစိုးရအေနနဲ႔ ေရွာင္လႊဲမွာ မဟုတ္ ေၾကာင္း၊ ဒုကၡသည္ေတြကို စိစစ္ၿပီး လက္ခံသြားမယ္ ဆိုတာကို ျမန္မာ ဘက္က ကတိျပဳထားၿပီး ျဖစ္တယ္လို႔ေျပာခဲ့ပါတယ္။

ဒီအစည္းအေဝးက်င္းပေနစဥ္မွာဘဲ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က ႐ုရွားဝန္ႀကီးခ်ဳပ္နဲ႔ အေမရိကန္ အ မ်ိဳးသားလုံၿခဳံေရးအႀကံေပးပုဂၢိဳလ္တို႔ကို သီးျခားစီ လက္ခံေတြ႕ဆုံခဲ့သလို အိႏၵိယဝန္ႀကီးခ်ဳပ္နဲ႔  သီးသန႔္ေတြ႕ ဆုံစဥ္ မွာ ႏွစ္ႏိုင္ငံဆက္ဆံေရး၊ ကုန္ သြယ္ေရး၊ ပို႔ေဆာင္ေရး၊ ရခိုင္ ျပည္နယ္ အေရး ကိစၥမ်ားႏွင့္ပတ္သက္ၿပီး  ေဆြးေႏြး ခဲ့တယ္ဆိုပါတယ္။အရပ္သားအစိုးရလက္ထက္မွာ ပိုၿပီးျပင္း ထန္လာခဲ့တဲ့ ရခိုင္ေျမာက္ ပိုင္းျပႆနာကို ကိုင္တြယ္ ရာမွာ ယခင္ေလာက္ႏိုင္ငံတကာဖိအားေပး မႈ မရွိဘဲ အနည္းငယ္ေလ်ာ့လာသလို လက္ရွိအစိုးရပိုင္းက ေျဖရွင္းတာ ကို လက္ခံလာတဲ့ သေဘာမ်ိဳးေတြ႕လာရပါတယ္။ဘဂၤလားေဒ့ရွ႕္ဘက္က ႏိုင္ငံတကာကိုပတ္ၿပီးအကူအညီေတာင္း ၿပီးဖိအားေပးဖို႔ ႀကိဳးစားတာေတြ႕က ေနာက္ပိုင္းကာလေတြမွာ သိပ္မထိေရာက္လာေတာ့သလို ရခိုင္ေျမာက္ပိုင္း ကလက္ခံေရးစခန္းေတြဆီ ဘဂၤလားေဒ့ရွ႕္ဘက္က ျပန္ဝင္လာတာလည္းရွိတဲ့ အတြက္ ဒါဟာ ေကာင္းမြန္တဲ့ ဘက္ကို ေရာက္လာမယ့္သေဘာေတြ ေတြ႕ေန ရပါတယ္။ဒီအေျခအေနကို ဘယ္ေလာက္ထိ ထိန္းႏိုင္မလဲဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာပါ။

မွတ္တမ္းဖိုင္ ေပ်ာက္ဆုံးမႈတဲ့လား

ယခုရက္သတၱပတ္ထဲမွာ တစ္ျပည္လုံးစိတ္ဝင္စားေနတဲ့ ေနျပည္ေတာ္ဗစ္တိုးရီးယားအမႈကို ဆက္စစ္ခဲ့ ပါတယ္။ဆက္စစ္ခဲ့တယ္ဆိုတာမွာ အဆိုပါအမႈမွာ တရားခံလို႔ တထစ္ခ်စြပ္စြဲခံထားရတဲ့ ေအာင္ႀကီးဘက္က ေနလိုက္ပါေဆာင္႐ြက္ေပးေနတဲ့ ေရွ႕ေန ေဒၚစုဒါလီေအာင္ကို Wisdom Hill ေက်ာင္းမွ ေက်ာင္းႀကီးၾကပ္ေရးမႉး ေဒၚဥမၼာလႈိင္က ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒ ပုဒ္မ-၁၀၁ နဲ႔ တရားစြဲဆိုမႈကိုပါ စစ္ေဆးခဲ့တာပါ။

ေနျပည္ေတာ္ ပုဗၺသီရိၿမိဳ႕နယ္တရား႐ုံးမွာ ႏိုဝင္ဘာ၄ ရက္က စစ္ေဆးတဲ့ အဆိုပါအမႈ႐ုံးခ်ိန္းမွာ BBC သတင္းေထာက္နဲ႔ သက္ေသခံပစၥည္းတင္သြင္းရာ၌ ရွာေဖြပုံစံ လက္မွတ္ထိုးပါဝင္သည့္ ရာအိမ္မႉးႏွစ္ ဦး ကိုစစ္ ေဆးခဲ့ပါတယ္။ ဒီလိုစစ္ရာမွာ ထုတ္လႊင့္တဲ့ အင္တာဗ်ဴးက ဌာန ကေနၿပီးေတာ့ မီဒီယာ က်င့္ဝတ္ သတ္မွတ္ ထားတဲ့ စည္းမ်ဥ္းစည္းကမ္းနဲ႔ညီလို႔ ဒီဗီဒီယိုဖိုင္ကို တင္တယ္ဆိုၿပီး စစ္ေဆးခံခဲ့ ပါတယ္။ ဒါအျပင္ အဆိုပါ ဗီဒီ ယိုဖိုင္မွာပါတဲ့ ကိုကိုညီညီဆိုရာမွာ သူသားႏွစ္ေယာက္ မဟုတ္ဘူး ဆိုတာကို စစ္ေဆးေျဖခဲ့ပါတယ္။

ႏိုဝင္ဘာ ၆ ရက္မွာ စစ္ေဆးတဲ့ ၁၀ ႀကိမ္ေျမာက္ ဗစ္တိုးရီးယားအမႈ႐ုံးခ်ိန္းမွာ ယင္း႐ုံးခ်ိန္းတြင္ Wisdom Hill မူႀကိဳေက်ာင္းမွ စီစီတီဗီမွတ္တမ္း ကိုင္သူတရားလိုျပသက္ေသ ကို ရန္ေနာင္ေဌးႏွင့္ ဗစ္တိုးရီးယား စီးသည့္ ေက်ာင္းဖယ္ရီကား ဆရာမတစ္ဦးတို႔ကို စစ္ေဆးခဲ့ပါတယ္။

ဒီလိုစစ္ေဆးခဲ့ရာမွာ တရားလိုဘက္ မွ နည္းပညာရွင္တစ္ဦး ေခၚယူ၍ Hard Disk စစ္ေဆးမႈ ျပဳလုပ္ ရာ ဖိုင္မ်ားမရွိေတာ့ေၾကာင္း ေတြ႕ ရွိခဲ့ပါတယ္။ဒီလိုေတြ႕ရွိခဲ့တဲ့ အတြက္ အံအားသင့္ စရာျဖစ္ခဲ့သလို နည္းပညာရွင္ မ်ားကို ႐ုံးေတာ္သက္ေသအျဖစ္ ေခၚယူၿပီး  ဗီဒီယိုဖိုင္မ်ား ျပန္လည္ရရွိေရး လုပ္ေဆာင္ ဖို႔ ႏွစ္ဖက္ေရွ႕ေနမ်ားက ေလွ်ာက္လဲခဲ့ရပါတယ္။ အဆိုပါဗီဒီယိုဖိုင္မွတ္တမ္းေတြ မူရင္း စီစီတီဗီ အထိုင္စက္ ထဲမွာမရွိခဲ့ေပမယ့္ အဆိုပါ စက္ထဲကေန ကူးယူထားသည့္ Memory Stick ထဲမွာ အဆိုပါျဖစ္တဲ့ေန႔က ကူးယူထားတဲ့ အမႈအ ခင္းျဖစ္သည့္ ေန႔တစ္ေန႔တာကို အျပည့္အစုံမဟုတ္ဘဲ မိနစ္ပိုင္း အလိုက္ ျပတ္ေတာက္ေနသည့္ ဖိုင္မ်ားကေတာ့ ႐ုံးေတာ္မွာ သက္ေသအျဖစ္ရွိေနတဲ့ အတြက္ နားမလည္စရာျဖစ္ေနခဲ့ပါတယ္။

ဇြန္လအတြင္း စီစီတီဗီ အထိုင္စက္ကို CID တပ္ဖြဲ႕မ်ား လာယူစဥ္ ဝန္ထမ္းတစ္ဦးက ျဖဳတ္ ေပးခဲ့ၿပီး စစ္ေဆးခဲၿပီးေနာက္ ယင္းစက္ကို Wisdom Hill ေက်ာင္းအုပ္ ဦးပညာထံ ျပန္ေပးခဲ့ျခင္းျဖစ္တယ္ ဆို ပါတယ္။ ဒီဗီဒီယိုဖိုင္က တရားခံဆိုၿပီး စြပ္စြဲခံထားရတဲ့ ကိုေအာင္ႀကီးဆိုတဲ့သူအတြက္ ေသေရး ရွင္ေရး တမွ် အေရးႀကီးတဲ့ ပစၥည္းသက္ေသပါ။ ဒီလိုအေရးႀကီးတဲ့အတြက္လည္း ႏွစ္ဖက္လုံးက ပညာရွင္ေတြေခၚဖို႔ ေလွ်ာက္လဲခဲ့သလို ႐ုံးကလည္းလက္ခံၿပီး သင့္ေတာ္သည့္အခ်ိန္ တြင္ အမိန႔္ခ် မည္ျဖစ္ေၾကာင္း ဆုံးျဖတ္ခဲ့တယ္ဆိုပါတယ္။ ဒီအမႈက ႏိုင္ငံေတာ္ထိပ္ပိုင္း အဆင့္ တာဝန္ရွိသူေတြ ကိုယ္တိုင္ ေစာင့္ၾကည့္ေနသလို မွားယြင္းရင္ တာဝန္ယူရမယ္လို႔ လည္းေျပာခဲ့တာရွိတဲ့ အတြက္ ယခုလို ျဖစ္ခဲ့တာက ဒီအမႈရဲ႕ အမွန္တရားေဖာ္ထုတ္ဖို႔အတြက္ ဘယ္ေလာက္ထိ ထိခိုက္ သလဲ၊ ဘယ္ေလာက္ထိၾကန႔္ၾကာေစမလဲဆိုတာ  အမႈျဖစ္စဥ္တစ္ေလွ်ာက္လုံးေစာင့္ၾကည့္ေနတဲ့ အမ်ား ျပည္သူၾကား ေဝဖန္ေစာၾကာစရာျဖစ္ခဲ့ပါတယ္။ ဒီအတြက္ လာမယ့္ ႏိုဝင္ဘာ ၂၀ ရက္႐ုံးခ်ိန္းမွာ ဘာေတြ ျဖစ္ လာဦးမလဲဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

အဆိုပါသတင္းေတြအျပင္ တျခားစိတ္ဝင္စားစရာ သတင္းေတြလည္း ယခုရက္သတၱပတ္ထဲမွာ ျဖစ္ခဲ့ တာေတြ ရွိခဲ့ပါတယ္။ဒီသတင္းေတြထဲ ေကာင္းတဲ့ သတင္းေတြရွိသလို မေကာင္းတဲ့ သတင္းေတြ လည္းရွိခဲ့ပါ တယ္။  မႏၲေလး ခ်မ္းေအးသာစံၿမိဳ႕နယ္အတြင္းမွာရွိတဲ့ ဘုန္းႀကီးေက်ာင္း ၆၅ေက်ာင္းမွာ စီးပြားေရး လုပ္ငန္း ေတြနဲ႔ လူေနထိုင္တာကို ရွင္းလင္းခဲ့တဲ့ သတင္း၊ ရန္ကုန္မွာ ႏိုဝင္ဘာ ၄ ရက္က ေျမငလ်င္အေသးစား လႈပ္ခတ္ ခဲ့တဲ့ သတင္း၊ ထင္ရွားတဲ့ မိုးေလဝသ ပညာရွင္ ဦးထြန္းလြင္ ႏိုဝင္ဘာ ၄ ရက္က ကြယ္လြန္သြားခဲ့တဲ့သတင္း၊ ရန္ကုန္တကၠသိုလ္ပတ္လမ္း တည္ေဆာက္ေရးမွာ ႏွစ္ရွည္ ပင္ေတြ ခုတ္လွဲခံရတာေၾကာင့္ ဒီအစီအစဥ္ကို ဖ်က္သိမ္းေပးဖို႔ ဆႏၵျပ ေတာင္းဆိုခဲ့တဲ့ အတြက္  ယာယီရပ္ဆိုင္းေပးခဲ့တဲ့ သတင္း၊ရွမ္းျပည္နယ္ေျမာက္ ပိုင္း ေက်ာက္မဲၿမိဳ႕မွာ ေန႔ခင္းေၾကာင္ေတာင္ ပစ္ခတ္မႈျဖစ္လို႔ ေက်း႐ြာအုပ္ ခ်ဳပ္ေရးမႉးအပါအဝင္ လူသုံးဦး ေသဆုံး ခဲ့တဲ့ သတင္း၊ ျမန္မာေရတပ္ အတြက္ DAE SUN သေဘၤာနဲ႔ စက္မႈနည္းပညာ ကုမၸဏီက တည္ေဆာက္ေပးတဲ့ “မုတၱမ” အမည္ရွိ ေရတပ္စစ္သေဘၤာတစင္း ႐ုရွားႏိုင္ငံ ဗလာတီ ေဗာ့စေတာ့ဆိပ္ကမ္းမွာ ဝင္ေရာက္ရပ္နားခဲ့တဲ့ သတင္း၊ ေတာင္ငူမွာ သံသယမူးယစ္တရားခံႏွင့္ ပုံစံတူေနလို႔ မွားယြင္းဖမ္းဆီးခံခဲ့ရတဲ့ အမ်ိဳးသားကို ထိခိုက္ နစ္နာေလ်ာ္ေၾကး ငါးသိန္းရဲတပ္ဖြဲ႕က ေပးခဲ့ရတဲ့ သတင္းေတြလည္း ျဖစ္ခဲ့တယ္ ဆိုတာ တင္ျပ ရင္း ယခုရက္ သတၱပတ္ ျပည္တြင္းသတင္း သုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

                                                                        မာလင္း