【တစ်ပတ်အတွင်း ပြည်တွင်းသတင်းသုံးသပ်ချက် 】ဗိုင်းရပ်စ်ကြောင့် ခြောက်ကပ်သွားတဲ့ မြို့ကြီး

【တစ်ပတ်အတွင်း ပြည်တွင်းသတင်းသုံးသပ်ချက် 】ဗိုင်းရပ်စ်ကြောင့်  ခြောက်ကပ်သွားတဲ့  မြို့ကြီး

ယခုရက်သတ္တပတ်ထဲမှာ ကိုရိုနာဗိုင်းရပ်စ်‌ကူးစက်မြန်ဆန်လာနိူင်မှုကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ သင်္ကြန်ပိတ်ရက် ၁၀ ရက်ကို အိမ်ထဲမှာနေဖို့ အစီအမံကို မြန်မာနိုင်ငံတစ်ဝန်းနီးပါးမှာ စတင်ကျင့်သုံးခဲ့ပါတယ်။ ဒီအစီအစဉ်ကြောင့် မြန်မာနိုင်ငံရှိမြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်၊မန္တလေးနဲ့ နေပြည်တော်လို မြို့ကြီးတွေဟာ ရုတ် ချည်းခြောက်ကပ်သွားခဲ့ပါတယ်။

ဒီလိုသတင်းတွေအပြင် အိမ်အကူမိန်းကလေးကို အက်ဆစ်နဲ့ပတ်၊တူနဲ့ထုတဲ့ သရုပ်ဆောင် မင်းရာဇာတို့ ဇနီးမောင်နှံနဲ့ ယောက္ခမဖြစ်သူတို့တရားစွဲဆိုအမှုဖွင့်ခံရတဲ့ သတင်း၊ ကိုရိုနုဗိုင်းရပ်စ် ကြောင့် တစ်ရက်တည်း နှစ်ဦးသေဆုံးကာ တစ်ရက်တည်း ကူးစက်ခံရသူ ၅ ဦးတွေတဲ့ သတင်း၊ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် အစိုးရက ပြင်ဆင်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ သတင်းတွေကလည်း ယခုရက်သတ္တပတ်အတွင်းမှာ အများပြည်သူအတွက် စိတ်ဝင်စားစရာ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

အကြောက်တရားခွစီးခံလိုက်ရတဲ့ မြို့

ဒီရက်ထဲမှာဘဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှု ၃ ဦးထိ ရှိလာခဲ့တာ၊ ကူးစက်ခံရသူ တစ်ရက်တည်း ၅ ဦးရှိခဲ့တာ ဒီထဲမှာ ဘယ်ပြည်ပ နိုင်ငံကိုမှ မသွားရောက်ဘဲ ခရီးသွားရာဇဝင် မရှိတဲ့ သူနှစ်ဦး ကူးစက်ခံရတာ ၊ဒီနှစ် ဦး ထဲမှာ တစ်ဦးက ကျန်းမာရေးစောင့်ရှောက်မှု အားနည်း ပြီး လူနေထူထပ်တဲ့ လှိုင်သာယာမှာ ဖြစ်တဲ့ အတွက်  Home Stay ပထမရက်ဖြစ်တဲ့ နေ့မှာဘဲ ရန်ကုန်ဟာ အမှန်တကယ်သွားလာဖို့ လိုတဲ့သူတွေဘဲ သွားလာ နေထိုင် ကြလို့ ခြောက်ကပ်တဲ့ မြို့ကြီးတစ်ခုအဖြစ် ရုတ်ခြည်းပြောင်းလဲ သွားခဲ့ပါတယ်။

ဒီမတိုင်ခင်ကတည်းက တချို့ရပ်ကွက်တွေလမ်းတွေက ကိုယ်အစီအစဉ်နဲ့ကိုယ် LockDown ချတယ် ဆိုပြီး လုပ်တာတွေရှိတဲ့ အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဧပြီ ၂ရက် ကတည်းက မိမိအစီအစဉ်ဖြင့် Lock down မလုပ်ဖို့ တားခဲ့တာရှိပါတယ်။ အစိုးရအနေနဲ့ ဒီရက် အတွက်ကြိုတင်ပြင်ဆင်မှုတွေလုပ်ခဲ့သလို အရပ် ဘက်အဖွဲ့အဖွဲ့အစည်းတွေဘက်ကလည်း home stay ကာလအတွင်း ဖြစ်လာနိုင်တဲ့ အများပြည်သူရဲ့ အခက် အခဲတွေကို ဖြေရှင်းပေးနိုင်ဖို့ အခြေခံစားကုန်တွေ၊ မရှိမဖြစ် ဆေးဝါးတွေကနေ ကျန်းမာရေးစောင့်ရှောက်မှုတွေ အထိ လုပ်ပေးဖို့ ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

ဒီကာလမှာ YBSကားတွေ ပုံမှန်ပြေးဆွဲမှုတွေ ထက်လျော့ချပြေးဆွဲမှုတွေ လုပ်ခဲ့ပေမယ့် ဒီမတိုင်ခင် ကတည်းက အချို့ပြေးဆွဲမှုတွေက သာမန်ထက်နည်းခဲ့ပါတယ်။ သာမန်ထက်ပိုပြီး ကျန်းမာရေးဆိုင်ရာ ပြဿနာ ဖြစ် တာကြောင့် ကျန်းမာရေးအာဏာပိုင်တွေညွှန်ကြားတဲ့ အတိုင်း လူစုလူဝေးကို ရှောင်တဲ့ အနေနဲ့ မလွဲမရှောင်မှသာ YBS တွေကို စီးလာတဲ့ အတွက် ကားစီးသူ နည်းလာတဲ့ အတွက် ဝင်ငွေလျော့ကျလို့ အရှုံးပေါ်လို့ဆိုပြီး လျော့ပြေး ဆွဲတာတွေ ရှိခဲ့တဲ့ အတွက် မြို့ထဲမှာ ဧပြီ၁၀ ရက်မတိုင်ခင်ကတည်းက လူစည်ကားမှု နည်းပါးခဲ့တာပါ။ ဧပြီ ၁၀ ရက် မှာတော့ ရပ်ကွက်တွေထဲ အစားအသောက်နဲ့ ဆေးဝါးဝယ်ယူမှုအတွက် တစ်အိမ်ထောင်ကို တစ်ဦးသာ ထွက် ခွင့်ကန့်သတ်ခဲ့တာတွေရှိပါတယ်။လမ်းမတွေမှာ လူသူနည်းပါးခဲ့သလို ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း ရန်ကုန်မြို့မှာ လူသူကင်းမဲ့နေတာကို ပထမဆုံးတွေ့ရတဲ့ နေ့တွေ ဖြစ်ခဲ့ပါ တယ်။

တစ်ရက်ထဲနှစ်ယောက်နှင့် စိတ်ပျက်ဖွယ်နေ့ရက်

ဒီရက်ထဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူတွေ ရှိလာခဲ့ပါတယ်။ ဒါဟာ အများစု စိတ်ထင့်နေ တဲ့ ကိစ္စပါဘဲ။ ဧပြီ ၈ ရက်နေ့ နံနက်မှာဘဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူသတင်းက ထွက်လာခဲ့ပါတယ်။ ဒီသေဆုံးသူ က လူနာအမှတ် ၁၅ လို့ သိထားတဲ့ အင်လျားလိတ်ဟိုတယ် International SOS clinic က သူနာပြု ဆရာမရဲ့ ခင် ပွန်းဖြစ်သူပါ။ လူနာအမှတ် ၁၅ ဟာ ခရီးသွားရာဇဝင်မရှိပေမယ့် ၎င်းလုပ်ကိုင်တဲ့ ဆေးခန်းကိုလာပြတဲ့ နိုင်ငံခြား သားခရီးသွားတွေ ထံကနေ ကူးစက်တယ်လို့ ယူဆထားတာပါ။ အဆိုပါ လူနာအမှတ် ၁၇ က ပေါက်ခေါင်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်နေသူဖြစ်တဲ့ အတွက် ရောဂါလက္ခဏာမပြခင်မှာ ဌာနဆိုင်ရာ အစည်း အဝေးတွေ ၊ ရပ်ရွာ အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ တွေ့ခဲ့တာလည်းရှိခဲ့တဲ့ အတွက် လူနာအမှတ် ၁၇ သေဆုံးခဲ့မှု က အများစုအတွက် စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။

လူနာအမှတ် ၁၅ ကနေ ယခုသေဆုံးတဲ့ လူနာအမှတ် ၁၇ နဲ့ ၁၈၊၁၉ ၊၂၀ ဖြစ်တဲ့ သားတွေသမီး တွေနဲ့ တူမ ဖြစ်သူကိုပါ ကူးစက် ခဲ့တဲ့ အတွက် ဗိုင်းရပ်စ်ရောဂါက  ကူးစက်မှုက သတိထားဖွယ် အနေအထားဖြစ် လာခဲ့ပါ တယ်။ ဧပြီ ၅ ရက်ကတည်း က လူနာအမှတ် ၁၅ နဲ့ ၁၆ က ရောဂါ ပြင်းထန်လို့ အထူးကြပ်မတ်ဆောင်မှာ ကုသခံ နေရတဲ့ သူပါ။ လူနာအမှတ် ၈ ဖြစ်တဲ့ အသက် ၆၀ အရွယ် ဧည့်လမ်းညွှန်အမျိုးသမီးလည်း ရောဂါလက္ခဏာပြင်း ထန်လာလို့အထူးကြပ်မတ်ဆောင် မှာ ကုသခဲ့ရတာပါ။ဒါပေမယ့် သက်သာလာလို့ အထူးကြပ်မတ်ဆောင်ကနေ ရွှေ့ပြောင်းခဲ့ပါ တယ်။

အတည် ပြုလူနာ ၁၅ ကနေ တစ်ဆင့်ကူးစက်ခဲ့တဲ့ အတည်ပြုလူနာ ၁၇ သေဆုံးခဲ့တဲ့နေ့ မှာဘဲ ရောဂါပြင်းထန်လို့ လူနာအမှတ် ၁၅ နဲ့ အတူ အထူးကြပ်မတ်ဆောင်မှာ ကုသနေရတဲ့ လူနာ အမှတ် ၁၆ ကွယ်လွန်ခဲ့ပါတယ်။ အဆိုပါ လူနာဟာ သတ်မှတ်ချက်အရ ပြည်ပနဲ့ ခရီးသွား ရာဇဝင်မရှိပေမယ့် ဒူဘိုင်းကနေပြန် လာတဲ့ သားဖြစ်သူကို လေဆိပ် မှာ လာကြိုရင်း ဗိုင်းရပ်စ် ကူးစက်ခံရသူပါ။ သားဖြစ်သူကို စစ်ဆေးတဲ့ အခါ ရော ဂါဖြစ်ခဲ့တဲ့ လက္ခဏရှိခဲ့ ပေမယ့် ကျန်းမာရေး ကောင်းတဲ့ အရွယ်ဖြစ်လို့ ကိုယ်ခံအားက တိုက်ထုတ်လိုက်တဲ့အတွက် ရောဂါ လက္ခဏာ မပြခဲ့တာပါ။ ဒီလို တစ်ဆင့်ခံကူးစင်ခံရသူတွေ သေဆုံးလာခဲ့တဲ့အတွက်  ဧပြီ ၈ ရက်ဟာ မြန်မာ ပြည်အတွက် ကိုရိုနာ ဗိုင်းရပ်စ်အပေါ် လျော့ပေါ့တွေးနေတဲ့ လူအချို့အတွက် သတိထားတွေး ကြောက်စရာ ဖြစ် လာခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာနိုင်ငံသားတွေ သေဆုံးမှုဟာ ဧပြီ ၈ ရက်ထိ ပြည်တွင်းမှာ ၃ ယောက် နဲ့အ မေရိကန်မှာ ၂ ယောက် ထိဖိတ်စင်မှုရှိလာခဲ့ပါတယ်။  ဧပြီ ၈ ရက်ညမှာ ရောဂါကူး စက်ခံရသူမတွေ့ခဲ့ရပေမယ့်  ဧပြီ ၉ ရက်ညမှာတော့  အတန်သင့်ငြိမ်သက်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စာရင်းမှာ ၅ ယောက်ထိ ထပ်တိုး လာခဲ့ပါတယ်။ ၂၄ နာရီအတွင်း ၅ ယောက် အထိ လာခဲ့တဲ့ လူနာအမှတ် ၂၃၊၂၄၊၂၅၊၂၆နဲ့ ၂၇  တို့မှာ လူနာအမှတ် ၂၃ က လူနာအမှတ် ၁ ရဲ့ မိခင် ဖြစ်ပြီး   ည ၈နာရီမှာ ထုတ်ပြန်တဲ့ စာရင်းမှာ အ တည်ပြု ခဲ့တဲ့ လူနာအမှတ် ၂၃ က ပထမဆုံး လူနာအမှတ် ၁ ရဲ့ မိခင်ဖြစ်နေပါတယ်။ လူနာအမှတ် ၂၄ က စင်ကာပူကနေ မတ်လ ၁၉ ရက်နေ့ က ပြန်လာသူဖြစ်ပြီး ဧပြီ ၆ ရက်မှာ ဆေးရုံကိုရောက်ခဲ့တာပါ။ ဗဟန်းက လူနာအမှတ်၂၅ အမျိုးသားနဲ့ လှိုင်သာယာ က လူနာအမှတ် ၂၆ အမျိုးသမီးကတော့ ခရီးသွားရာဇဝင်မရှိဘဲ  ရောဂါလက္ခဏာပြလို့ ဧပြီ ၉ ရက်နဲ့ ၈ ရက်က ဆေးရုံကြီးမှာ လာရောက်စစ်ဆေးကုသခဲ့တဲ့ သူတွေပါ။ လူနာအမှတ် ၂၇ ကတော့ ထိုင်းကနေ မတ် ၂၀ ရက်က ပြန်ရောက်လာပြီး ၉ ရက် အကြာမှာ (Facility Quarantine ဝင်ပြီး ၈ ရက်နေ့မှာ ကူးစက်ခံရတဲ့ ဗိုင်းရပ်စ် ကူးစက် ခံရ ကြောင်းတွေ့ရှိခဲ့တာပါ။

ဒီထဲက လူနာအမှတ် ၂၅၊၂၆ တွေက အများပြည်သူစိုးရိမ်နေတဲ့ ခရီးသွားရာဇဝင်မရှိဘဲ ရုတ်ချည်း ပေါ်လာ တဲ့ ကူးစက်ခံရသူတွေ ဖြစ်လို့ ၎င်းတို့ သွားလာနေထိုင်ခဲ့ရာ နေရာတစ်၀ိုက်ကို တောက်လျှောက်လိုက် ရတော့မှာ ဖြစ်ပါတယ်။ ဒီအတွက် ဒီလူနာတွေ သွားလာခဲ့တဲ့နေရာကနေ နောက်ထပ် စောင်ကြည့်လူနာ ဘယ်လောက်ထိ ထပ်တက်လာမလဲဆိုတာ မသိနိုင်သလို  ကူးစက် ခံရသူလည်း ထပ်တွေ့လာနိုင်ခြေရှိနိုင်တာကို ကြိုတင်ပြင်ဆင် ထားဖို့ လိုလာပြီ ဖြစ်ပါတယ်။
နောက်ထပ်သတိထားစရာက ရောဂါလက္ခဏာပြင်းပြင်းထန်ထန်မပြပေမယ့် ကူးစက်ခံရတာ ရှိနေနိုင်တဲ့ ပြဿနာပါ။ ဧပြီ ၉ ရက်ညမှာ ထပ်တွေ့တဲ့  လူနာအမှတ် ၂၃ က မြန်မာနိုင်ငံကို မတ် ၁၅ရက်ကတည်းက ရောက်နေခဲ့တာပါ။၎င်းဟာ   မြန်မာနိုင်ငံမှာ ကိုရို နာဗိုင်း ရပ်စ် ပထမဆုံးတွေ့ ခဲ့တဲ့ လူနာအမှတ် ၁ ရဲ့မိခင်ဖြစ်ပြီး အမေရိကန်နိုင်ငံကနေ သား ဖြစ်သူနဲ့အတူ ပြန်ရောက်လာခဲ့ တာဖြစ်ပြီး သူ့ကို မတ် ၁၉ ရက်ကတည်း ရွာအတွင်းရှိ သီးသန့်အိမ်တစ်လုံးတွင် သီးခြားခွဲခြား စောင့်ကြပ်ကြည့်ရှုလျက် ထားရှိခဲ့တယ်ဆိုပြီး   လိုအပ်တဲ့ စစ်ဆေးမှုတွေကို ဧပြီ ၇ ရက်မှ လုပ်ခဲ့ရာမှာ  ဧပြီ ၉ ရက်မှာ ကူးစက်ခံရကြောင်းထုတ်ပြန်နိုင်ခဲ့တာပါ။

ဒီလို ကူးစက်ခံရသူတွေကို ပုံစံအမျိုးမျိုးနဲ့ တွေ့ရှိခဲ့တဲ့ အတွက်  လက်ရှိစောင့်ကြည့် ကာလပြီး ဆုံးလို့ ပြန်လွှတ်ခဲ့တဲ့ သူတွေက တကယ်ကော   ဗိုင်းရပ်စ်ကူးစက်မခံရသူရောဟုတ်ရဲ့လား၊ မစစ်ဆေးနိုင်သေးလို့ မသိရ သေးတဲ့ သူတွေ ဘယ်လောက်တောင် ကိုယ်ပတ်ဝန်းကျင်မှာ ရှိနေ မလဲ၊ ရောဂါလက္ခဏာမပြသေးလို့ ကူးစက်ခံ ရမှန်းမသိသေးတဲ့ သူတွေ ဘယ်လောက်ရှိနေ မလဲဆိုတာ  လူတိုင်းအတွက် မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကပ်ဘေးကြောင့် စိတ်ပျက်စရာတွေရှိသလို စိတ်အား တက်စရာ ဖြစ်တဲ့ အခြေအနေ တွေလည်း ရှိခဲ့ပါတယ်။ဒီရက်သတ္တပတ်ထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ မန္တလေးက လူနာအမှတ် ၄ ရဲ့အခြေ အနေက ၅ ရက်တစ်ခါ ၄ ကြိမ် စစ်ဆေးခဲ့ရာမှာ သုံးကြိမ်နဲ့ လေးကြိမ်မြောက်မှာ ရောဂါပိုးမတွေ့ရတော့တဲ့ အ တွက် ၂ ပတ်ကြာ ဆက်စောင့်ကြည့်နေပြီး ဆေးရုံကပြန်ဆင်းခွင့်ပြုတော့မယ်အခြေအနေကို ရောက်နေပါတယ်။အခြားကူးစက်ခံရသူဖြစ်တဲ့ လူနာအမှတ် ၇ ဖြစ်တဲ့ ကုလသမဂ္ဂရုံးဝန်ထမ်း ဆွစ်ဇာလန်သူ ရောဂါပျောက်ကင်းလို့ ဧပြီ ၈ ရက်က ဆေးရုံက ဆင်းခွင့်ပြုခဲ့ပါတယ်။

ဒီကြားထဲမှာ လဲကျခဲ့တဲ့ စမ်းချောင်း King ပေါက်စီဆိုင်ဝန်ထမ်းမှာ ဗိုင်းရပ်စ် ကူးစက်ခံရတာ မတွေ့ခဲ့သ လို ထိုင်းကနေပြန်လာပြီး ဧပြီလ ၃ ရက်နေ့က ကော့သောင်းဆေးရုံမှာ သေဆုံးခဲ့တဲ့ အမျိုးသားနဲ့ သူအမျိုးသမီးမှာ ကူးစက်ရောဂါမတွေ့ကြောင်း အဖြေထွက်ခဲ့တာရှိပါတယ်။ ဧပြီ ၉ ရက်ထုတ်ပြန်ချက်မှာ စောင့်ကြည်လူနာ ၈၇၀ ဦး နဲ့ facility Quarantine ထားရသူ ၈၆၇၄၁ ဦးထိ ရှိလာခဲ့သလို နောက်ထပ်တွေ့တဲ့ ကူးစက်ခံရသူနဲ့ တွေ့ရှိတဲ့ နေရာပတ်သက်ထိစပ်ခဲ့တဲ့ သူတွေကိုလည်း facility  Quarantine ထပ်ထားရမှာ ဖြစ်တဲ့ အတွက် ထပ်တိုး လာနိုင်ခြေတွေရှိ နေပါတယ်။ ဒါအပြင် Quarantine က ထွက်လာသူများအနေဖြင့် ရောဂါ ကာကွယ်ရေးအတွက် ထုတ် ပြန်ထားသည့် စည်းမျဉ်း၊ စည်းကမ်းညွှန်ကြားချက်များကို မလိုက်နာပါက ရောဂါဖြစ်ဖို့ အန္တရာယ်ကြီး နေသေးတဲ့ အတွက် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် သတိပေးထားရတဲ့ အထိပါဘဲ။

ကူးစက်ရောဂါဘေးက အနားမှာကပ်နေပါတယ်။ ဒီအတွက် ပေါ့ဆလို မရဘဲ ညွှန်ကြားချက် အတိုင်းလိုက် နာဖို့ အရေးကြီးလာပြီဖြစ်တဲ့အတွက် ရှေ့ရက်တွေမှာ သတင်းကောင်းကြားဖို့ ဆက်စောင့်ကြည့်ရဦး မှာဖြစ်ပါတယ်။

ပြင်ဆင်မှုတွေ အချိန်မီပါဦးမလား

တရုတ်နိုင်ငံက စလိုက်တဲ့ ကိုဗက် - ၁၉ လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်း သေဆုံး သူအရေအတွက် ကိုးသောင်းခွဲကျော်ရှိလာတဲ့ အချိန်မှာ  နိုင်ငံတိုင်းနိုင်ငံတိုင်းက ကြိုတင်ကာကွယ်မှုတွေကို အင်နဲ့ အားနဲ့ လုပ်ဆောင်လာတာကိုတွေ့ရပါတယ်။ မြန်မာနိုင်ငံ မှာ လည်း ထိပ်တန်းအာဏာပိုင်တွေ ဦးဆောင်ပြီး ကိုဗစ် ၁၉ ရောဂါကူးစက်မှုကို ကာကွယ်ဖို့ အတွက် လုပ်ဆောင်လာခဲ့တာမှာ ဧပြီ ၁၀ ရက်ကစပြီး အိမ်မှာဘဲ ဆယ်ရက် တာနေဖို့ သတ်မှတ် ခဲ့ပါတယ်။ သင်္ကြန်ကာလနဲ့ တိုက်ပြီး အိမ်မှာနေရမယ့် ကျန်းမာရေးအစီအစဉ်တွေ ဆွဲခဲ့ပေမယ့် ဒီစည်းမျည်း စည်းကမ်းကိုဖောက်ဖျက်မယ့်သူတွေလည်း ရှိနိုင်တဲ့ အတွက် အထူးကြပ်မတ် နေတာကိုလည်း တွေ့ရ ပါတယ်။    

မကြာခင်ကသေဆုံးခဲ့တဲ့ ပေါက်ခေါင်းဒု-မြို့နယ်မှူးအဖြစ်ကို သတိထားပြီး အစိုးရအနေနဲ့ သင်္ကြန် ရုံးပိတ် ရက်မှာ  ဝန်ထမ်းများအနေဖြင့် နာရေးကိစ္စမှ လွဲ၍ ခရီးသွားလာမှု မပြုလုပ်စေရေး အတွက် စာထုတ်ကာညွှန်ကြား ခဲ့တာရှိပါတယ်။ အဆိုပါသင်္ကြန်ကာလအတွင်း နေရပ်ပြန်ခဲ့လို့ ရောဂါကူးစက်လာခဲ့လို့ရှိရင် ရုံးပိတ်ရက် ကုန်ဆုံး လို့ ပြန်လည်တာဝန်ထမ်းဆောင်တဲ့ အခါ အခြားဝန်ထမ်းတွေကို ကူးဆက်ပြီး ရုံးလုပ်ငန်းရပ်ဆိုင်းနိုင်တဲ့ အတွက် COVID-19 ကင်းစင်သည့် အချိန်မှာ အစားထိုးရုံးပိတ်ရက ပြန်ပေးမယ်ဆိုပြီး သမ္မတရုံးက ဝန်ထမ်းများကို အသိ ပေးခဲ့ပါတယ်။

လာမယ့် ဧပြီလ အတွင်း ဒုတိယရက်သတ္တပတ်ကစပြီး မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ရသူ အရေအတွက်က ပိုပြီးများလာကာ ပိုပြီး ပြန့်ပွားနူန်းမြန်လာမယ်လို့ ခန့်မှန်းမှုတွေ ရှိခဲ့ပါတယ်။ဒါကြောင့် လည်း ဒီကာလထဲ ကျရောက်နေတဲ့ မြန်မာရိုးရာ နှစ်သစ်ကူးသင်္ကြန်ကို ဖျက်သိမ်းပြီး  လူစု၊လူဝေး လုံးဝရှောင်ဖို့ သတိပေးခဲ့ပါတယ်။ ဒီကာလကို ထိန်းချုပ်နိုင်ခဲ့ရင် တခြားနိုင်ငံမှာလို ဆိုးဆိုးဝါးဝါးဖြစ်ပွားမှု အနည်းဆုံးနဲ့ သေ ဆုံးမှု အနည်းဆုံးဖြစ်လာမယ်လို့ ယူဆတဲ့ အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် က ပြည်သူများအားလုံး အထူး သတိဝိရိယနှင့် ရောဂါမပျံ့ပွားရေးအတွက် စည်းကမ်းညွှန်ကြားချက်များကို လိုက်နာရန် အရေးကြီးတယ်ဆိုပြီး သတိပေးခဲ့တာကို တွေ့ရပါတယ်။

ဒီလို သတ်မှတ်ရက်မှာ ဒေသန္တရအမိန့်အဖြစ်  သင်္ကြန်ကာလအတွင်း ရေပက်ခံထွက်ခံခြင်း၊ ရေဆော့ ကစားခြင်း စသည့် လူစုလူဝေးဖြစ်စေနိုင်မည့် အပြုအမူများကို ရှောင်ကြဉ်ရန် အဓိက ရည်ရွယ် ထုတ်ပြန်တာဆိုပါတယ်။ ဒီကာလဖြစ်တဲ့ ဧပြီ ၁၀ ရက်ကနေ ဧပြီ ၁၉ ရက်အထိ  ပြည်သူများ အနေဖြင့် အခြေခံစားသောက်ကုန်ဝယ် ယူခြင်း၊ ကျန်းမာရေးအတွက် လိုအပ်သော ဆေးဝါးများဝယ်ယူခြင်း တို့ကို ပုံမှန်အခြေအနေအတိုင်း လုပ်ဆောင်နိုင်မှာ ဖြစ်သလို ဈေးဆိုင် များကိုလည်း ပုံမှန်အတိုင်း ရောင်းချခွင့်ပြုမည့်အပြင် စားသောက်ဆိုင်များ အနေဖြင့် ပါဆယ် စနစ်၊ အိမ်အရောက်ပို့ဆောင်ခြင်း (Delivery) စနစ် ဖြင့် ရောင်းချမှုများ ပြုလုပ်နိုင်မည် ဖြစ်တယ် လို့ ဆို ပါတယ်။ဒါဟာ မြန်မာနိုင်ငံမှာ တစ်ခါမှမရှိခဲ့ဘူးတဲ့ ကူးစက်ရောဂါ‌ကြောင့် အများပြည်သူ ပါဝင်လိုက်ပါတဲ့ ပုံစံနဲ့ ကိုယ်ကိုယ်ကို ထိန်းသိမ်းနေထိုင်စေတဲ့ ပုံစံပါ။  

အစိုးရအနေနဲ့တစ်နိုင်ငံလုံးအတိုင်းအတာနဲ့လုပ်တယ်ဆိုပေမယ့် လူနေထိုင်မှုများပြားတဲ့ ရန်ကုန်နဲ့ မန္တလေးလို့ နေရာတွေမှာ အုံနဲ့ကျင်းနဲ့ဖြစ်လာနိုင်တဲ့ အခြေအနေကို ထိန်းချုပ်ကာကွယ်နိုင်ဖို့ အဓိက ရည်ရွယ်တဲ့ အနေအထားပါ။ အထူးသဖြင့် မြန်မာနိုင်ငံလူဦးရေရဲ့ ၂၀ ရာခိုင်နူန်းဖြစ်တဲ့ လူဦးရေ ၁၀ သန်းလောက်နေထိုင်တဲ့ ရန်ကုန်မှာ ဒီလောက်ရက်အတွင်း နေထိုင်မှုကို ထိန်းချုပ် နိုင်ခဲ့ရင် ဗိုင်းရပ်စ်စတင်ကူးစက်ခံရကြောင်း တွေ့အပြီး  တစ်လနဲ့ နှစ်လကြာကာလအတွင်း ဖြစ်လေ့ရှိတဲ့ ရောဂါကူးစက်ပြန့်ပွားမှုများပြားလာတာကို ဟန့်တားနိုင်မယ့် အနေအထား ရှိတယ် လို့ ယုံကြည်ထားတဲ့ အနေအထားပါ။

ဒီကာလအတွက် အခြေခံပြည်သူတွေဖြစ်တဲ့ လက်လုပ်လက်စားတွေ အတွက် အလုပ်ပိတ်ထား ရမယ် ဆယ်ရက်အတွင်းနေထိုင်စားသောက်ဖို့အတွက် အခြေခံစားသောက်ကုန်တွေကို ပြည်သူတွေ ဆီဝေမျှပေးမယ့် အစီ အစဉ်ကိုလည်း ရေးဆွဲဆောင်ရွက်ခဲ့တာကိုတွေ့ရပါတယ်။ တာဝန်ရှိသူတွေ အဆိုအရလည်း ရန်ကုန်အပါ  ဝင် မြို့ကြီးတွေမှာ အဆိုပါရက်တွေအတွက် ရိက္ခာအပြည့်အစုံရှိနေတာကြောင့် ပိုဝယ်ပြီး စုဆောင်းရမယ့် အခြေအနေမလိုအပ်ဘူးလို့ ပြောထားတာတွေ့ရပါတယ်။ ဆန် ၈ပြည်ပါတဲ့ အခြေခံစားကုန်တွေကို အစိုးရကထောက်ပံ့ တဲ့ အစီအစဉ်မှာလည်း  မဝေငှရသေးခင်မှာ ယခင်အစိုးရလ်ထက်က ခန့်ထားခဲ့တဲ့ သူတွေအများစု ပြန်ပါလာတဲ့ အောက်ခြေဆယ်အိမ်မှူး၊ရာအိမ်မှူးအချို့တွေရဲ့ တစ်ဘက်စောင်းနင်းကျတဲ့ အစီအမံတွေ ထွက်လာခဲ့လို့ ပွက်လော ရိုက်သံတွေ ၊ ရှိရဲ့သားနဲ့ အချောင်လိုချင်သူတွေရဲ့ မကျေနပ်သံတွေ ၊ အတိုက်အခံအချို့ရဲ့ အစိုးရ ဘာလုပ်လုပ် မကောင်းပြောတာကို ပြန်တုံ့ ပြန် ကြတာတွေနဲ့ လူမှုကွန်ရက်မှာ ပွဲစည်ခဲ့တာကိုတွေ့ရပါတယ်။

ဒီရက်ထဲမှာ ဆရာဝန် ၃ ဦးရဲ့ COVID-19 ကာကွယ်ဆေးထုတ် လုပ်ဖို့ တာဝန်ရှိသူတွေနဲ့ တွေ့ဖို့ ဆိုတဲ့ သတင်းကလည်း လူမှုကွန်ရက်မှာ အများစိတ်ဝင်စားခဲ့တဲ့ သတင်းဖြစ်ခဲ့ပါတယ်။ လူမှုကွန်ရက်မှာ အစိုးရက ကိုဗက် ၁၉ ကာကွယ်ဆေးထုတ်ဖို့ ခွင်ပြုလိုက်ပြီ ဆိုတဲ့ သတင်းတွေ လည်း ထွက်လာခဲ့ပါတယ်။မြန်မာနိုင်ငံ ထက်ဆေးပညာမှာ အစစအရာရာသာသလို ခေတ်မီ ဓာတ်ခွဲခန်းတွေ၊ အထောက်အကူပြု ကိရိယာတွေ စုံလင်တဲ့ အမေရိကန်တို့ ဂျပန်တို့ ဗြိတိန်တို့ ဂျာမနီတို့နဲ့ စတင်ဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံမှာတောင် ဒီကူးစက်ရောဂါကို ကာကွယ်ဆေးထုတ်ဖို့ နေနေသာသာ ဒီကူးစက်ရောဂါရဲ့ သဘောသဘာ၀ကို သေသေချာချာမသိသေးတဲ့ အချိန် မှာ မြန်မာနိုင်ငံက ဒီလိုကာကွယ်ဆေးထုတ်ဖို့ ခွင့်ပြုလုပ်တယ်ဆိုတဲ့ သတင်းက အထူးအဆန်းမို့   အများပြည်သူ ကြား လျှင်မြန်စွာ ပြန်ခဲ့ပါတယ်။ ဒီသတင်းကို လျှင်လျှင် မြန်မြန်ဘဲ ကျန်းမာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က ငြင်းပယ်ပြီး ကာကွယ်ဆေးထုတ်ဖို့ခွင့်ပြုတာ မဟုတ်ဘဲ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် ခွင့်ပြုတာလို့ ပြောခဲ့ပါတယ်။  

ဒီလိုကူးစက်ကပ်ရောဂါ အန္တရာယ်ကြီးလာချိန်မှာ အများပြည်သူကို လန့်တဲ့ သတင်းတွေ၊ အကောက်အယူလွဲနိုင်တဲ့ သတင်းတွေ နေ့စဉ်နဲ့ အမျှ ကောင်းတာရော မကောင်းတာရော တင်လာ ခဲ့တာကိုတွေ့ရပါတယ်။ ဒီထဲ မှာ  ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့တွင် COVID-19 ကူးစက် ခံရသူတွေ့ရှိဆိုပြီး သတင်းမှားတင်ခဲ့တဲ့ သူတစ်ဦး ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ(၂၇)နဲ့ ဖမ်းဆီးခဲ့တာကိုတွေ့ရပါတယ်။ ဒီကူးစက်ရောဂါ ကို တကမ္ဘာလုံး သူမကယ်နိုင် ကိုယ်မကယ်နိုင် ဖြစ်နေတဲ့ အနေအထားမှာ ရှိနေတဲ့ အင်အားနဲ့ ခုခံကုသနေရတဲ့ အချိန်မှာ ဒီကူးစက်ရောဂါကို ကုသစစ်ဆေးနိုင်တဲ့ စက်ကို လှူတဲ့ သူပေါ်လာသလို တရုတ်နိုင်ငံ ဘက်ကနေ ဆေး ဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ၁၂ ဦးပါလာသည့် အဖွဲ့ကလာရောက် ကူညီခဲ့ဖို့ ရောက်လာတာလည်း ဒီတစ်ပတ်မှာ ရှိခဲ့ပါတယ်။  မြန်မာနိုင်ငံမှာ နှစ်ပတ်တာ ပူးပေါင်း ကုသပေး မယ့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ဆေး ဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ၁၂ ဦးဟာ ဧပြီ ၈ ရက်မှာ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး နှစ်ပတ်တာနေ ထိုင်ကာ မြန်မာဆေးပညာရှင်အဖွဲ့ နှင့် ပူးပေါင်းဆောင်ရွက်မှာဖြစ်တယ်ဆိုပါတယ်။ဒီ တရုတ်ဆေးပညာရှင်အဖွဲ့က ယူနန်ကနေ အထူး သီးသန့်လေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး သူတို့နဲ့ အတူ ဆေးပစ္စည်းများ ၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများ ၊ အကာအကွယ်ပစ္စည်းများ ပါလာခဲ့တာပါ။

ဒီအတွက် ကူးစက်မြန်ကပ်ရောဂါ ကြိုတင်ကာကွယ်ရေးမှာ ဘယ်လောက်ထိ အားကောင်းလာ မလဲဆိုတာ စောင့်ကြည့်ဖို့လို လာသလို ရှာဖွေဖော်ထုတ်မှုတွေ ပိုကောင်းလာနိုင်တဲ့ အတွက် ဘယ်လောက်ထိ တိုးတက်တွေ့ရှိ လာမလဲဆိုတာလည်း စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒီလိုသတင်းတွေအပြင် နိုင်ငံတကာမြန်မာ သတင်းအဖွဲ့ (BNI) က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်ထံ အိတ်ဖွင့်စာပေးပြီး သတင်းမီဒီယာသမားများကို အကြမ်းဖက် ဥပဒေ ဖြင့် ဖမ်းဆီး၊ အမှုဖွင့်သည့် ကိစ္စများကို ရုပ်သိမ်းပယ်ဖျက်ပေးရန် တောင်းဆို ခဲ့တဲ့ သတင်း၊ အကြမ်းဖက်တိုက်ဖျက် ရေး ဥပဒေပုဒ်မ ၅၀ (က) နှင့် ၅၂(က)နဲ့ အဖမ်းခံထားရတဲ့ မန္တလေးအခြေစိုက် Voice of Myanmar (VOM) သတင်း ဌာန အယ်ဒီတာချုပ် ဦးနေမျိုးလင်း ပြန်လွတ်လာတဲ့ သတင်း၊ မရမ်းကုန်း လမ်းဝဂုံးကျော်တံတားပေါ်က နေ YBS 16 ယာဉ်တစ်စီး ပြုတ်ကျတိမ်းမှောက်ခဲ့လို့ ယာဉ်မောင်းအပါအဝင် ခရီးသည် ၂၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့ သတင်း၊ကလေးနှစ်ဦးအပါအဝင် မိသားစုဝင် ငါး ဦး ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ရှိ ကုံးမုံကျေးရွာတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရတဲ့ သတင်း၊ ပုဇွန်တောင်မြို့နယ် အနော်ရထာလမ်း နှင့် လမ်း ၅၀ ထောင့်ရှိ ABC Convenience စတိုးဆိုင်ကို လူငယ်နှစ်ဦးက ခြိမ်းခြောက် လုယက် ခဲ့တဲ့သတင်း၊ ရုပ်ရှင် သရုပ်ဆောင် မင်းရာဇာ၊ ဇနီးဖြစ်သူ မဖူးငုံပွင့်နှင့် ယောက္ခမဖြစ်သူ ဦးမောင်မောင်အေး တို့ကို အိမ်အကူကို ကျုးလွန်တဲ့ ပြစ်မှုတွေကြောင့် ပုဒ်မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄တို့နဲ့ ဖမ်းဆီးအမှုဖွင့်ထား တဲ့ သတင်းတွေလဲ ယခုရက်ထဲမှာ ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် အတွက် ပြည်တွင်းသတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မာလင်း

(  Zawgyi  )

 ယခုရက္သတၱပတ္ထဲမွာ ကို႐ိုနာဗိုင္းရပ္စ္‌ကူးစက္ျမန္ဆန္လာႏိူင္မႈကို ႀကိဳတင္ကာကြယ္တဲ့ အေနနဲ႔ သၾကၤန္ပိတ္ရက္ ၁၀ ရက္ကို အိမ္ထဲမွာေနဖို႔ အစီအမံကို ျမန္မာႏိုင္ငံတစ္ဝန္းနီးပါးမွာ စတင္က်င့္သုံးခဲ့ပါတယ္။ ဒီအစီအစဥ္ေၾကာင့္ ျမန္မာႏိုင္ငံရွိၿမိဳ႕ႀကီးေတြျဖစ္တဲ့ ရန္ကုန္၊မႏၲေလးနဲ႔ ေနျပည္ေတာ္လို ၿမိဳ႕ႀကီးေတြဟာ ႐ုတ္ ခ်ည္းေျခာက္ကပ္သြားခဲ့ပါတယ္။

ဒီလိုသတင္းေတြအျပင္ အိမ္အကူမိန္းကေလးကို အက္ဆစ္နဲ႔ပတ္၊တူနဲ႔ထုတဲ့ သ႐ုပ္ေဆာင္ မင္းရာဇာတို႔ ဇနီးေမာင္ႏွံနဲ႔ ေယာကၡမျဖစ္သူတို႔တရားစြဲဆိုအမႈဖြင့္ခံရတဲ့ သတင္း၊ ကို႐ိုႏုဗိုင္းရပ္စ္ ေၾကာင့္ တစ္ရက္တည္း ႏွစ္ဦးေသဆုံးကာ တစ္ရက္တည္း ကူးစက္ခံရသူ ၅ ဦးေတြတဲ့ သတင္း၊ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေရးအတြက္ အစိုးရက ျပင္ဆင္မႈေတြ ဆက္တိုက္လုပ္ေဆာင္ေနတဲ့ သတင္းေတြကလည္း ယခုရက္သတၱပတ္အတြင္းမွာ အမ်ားျပည္သူအတြက္ စိတ္ဝင္စားစရာ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

အေၾကာက္တရားခြစီးခံလိုက္ရတဲ့ ၿမိဳ႕

ဒီရက္ထဲမွာဘဲ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ လူေသဆုံးမႈ ၃ ဦးထိ ရွိလာခဲ့တာ၊ ကူးစက္ခံရသူ တစ္ရက္တည္း ၅ ဦးရွိခဲ့တာ ဒီထဲမွာ ဘယ္ျပည္ပ ႏိုင္ငံကိုမွ မသြားေရာက္ဘဲ ခရီးသြားရာဇဝင္ မရွိတဲ့ သူႏွစ္ဦး ကူးစက္ခံရတာ ၊ဒီႏွစ္ ဦး ထဲမွာ တစ္ဦးက က်န္းမာေရးေစာင့္ေရွာက္မႈ အားနည္း ၿပီး လူေနထူထပ္တဲ့ လႈိင္သာယာမွာ ျဖစ္တဲ့ အတြက္  Home Stay ပထမရက္ျဖစ္တဲ့ ေန႔မွာဘဲ ရန္ကုန္ဟာ အမွန္တကယ္သြားလာဖို႔ လိုတဲ့သူေတြဘဲ သြားလာ ေနထိုင္ ၾကလို႔ ေျခာက္ကပ္တဲ့ ၿမိဳ႕ႀကီးတစ္ခုအျဖစ္ ႐ုတ္ျခည္းေျပာင္းလဲ သြားခဲ့ပါတယ္။

ဒီမတိုင္ခင္ကတည္းက တခ်ိဳ႕ရပ္ကြက္ေတြလမ္းေတြက ကိုယ္အစီအစဥ္နဲ႔ကိုယ္ LockDown ခ်တယ္ ဆိုၿပီး လုပ္တာေတြရွိတဲ့ အတြက္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕က ဧၿပီ ၂ရက္ ကတည္းက မိမိအစီအစဥ္ျဖင့္ Lock down မလုပ္ဖို႔ တားခဲ့တာရွိပါတယ္။ အစိုးရအေနနဲ႔ ဒီရက္ အတြက္ႀကိဳတင္ျပင္ဆင္မႈေတြလုပ္ခဲ့သလို အရပ္ ဘက္အဖြဲ႕အဖြဲ႕အစည္းေတြဘက္ကလည္း home stay ကာလအတြင္း ျဖစ္လာႏိုင္တဲ့ အမ်ားျပည္သူရဲ႕ အခက္ အခဲေတြကို ေျဖရွင္းေပးႏိုင္ဖို႔ အေျခခံစားကုန္ေတြ၊ မရွိမျဖစ္ ေဆးဝါးေတြကေန က်န္းမာေရးေစာင့္ေရွာက္မႈေတြ အထိ လုပ္ေပးဖို႔ ျပင္ဆင္ခဲ့တာျဖစ္ပါတယ္။

ဒီကာလမွာ YBSကားေတြ ပုံမွန္ေျပးဆြဲမႈေတြ ထက္ေလ်ာ့ခ်ေျပးဆြဲမႈေတြ လုပ္ခဲ့ေပမယ့္ ဒီမတိုင္ခင္ ကတည္းက အခ်ိဳ႕ေျပးဆြဲမႈေတြက သာမန္ထက္နည္းခဲ့ပါတယ္။ သာမန္ထက္ပိုၿပီး က်န္းမာေရးဆိုင္ရာ ျပႆနာ ျဖစ္ တာေၾကာင့္ က်န္းမာေရးအာဏာပိုင္ေတြၫႊန္ၾကားတဲ့ အတိုင္း လူစုလူေဝးကို ေရွာင္တဲ့ အေနနဲ႔ မလြဲမေရွာင္မွသာ YBS ေတြကို စီးလာတဲ့ အတြက္ ကားစီးသူ နည္းလာတဲ့ အတြက္ ဝင္ေငြေလ်ာ့က်လို႔ အရႈံးေပၚလို႔ဆိုၿပီး ေလ်ာ့ေျပး ဆြဲတာေတြ ရွိခဲ့တဲ့ အတြက္ ၿမိဳ႕ထဲမွာ ဧၿပီ၁၀ ရက္မတိုင္ခင္ကတည္းက လူစည္ကားမႈ နည္းပါးခဲ့တာပါ။ ဧၿပီ ၁၀ ရက္ မွာေတာ့ ရပ္ကြက္ေတြထဲ အစားအေသာက္နဲ႔ ေဆးဝါးဝယ္ယူမႈအတြက္ တစ္အိမ္ေထာင္ကို တစ္ဦးသာ ထြက္ ခြင့္ကန႔္သတ္ခဲ့တာေတြရွိပါတယ္။လမ္းမေတြမွာ လူသူနည္းပါးခဲ့သလို ဒုတိယ ကမာၻစစ္ ေနာက္ပိုင္း ရန္ကုန္ၿမိဳ႕မွာ လူသူကင္းမဲ့ေနတာကို ပထမဆုံးေတြ႕ရတဲ့ ေန႔ေတြ ျဖစ္ခဲ့ပါ တယ္။

တစ္ရက္ထဲႏွစ္ေယာက္ႏွင့္ စိတ္ပ်က္ဖြယ္ေန႔ရက္

ဒီရက္ထဲ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူေတြ ရွိလာခဲ့ပါတယ္။ ဒါဟာ အမ်ားစု စိတ္ထင့္ေန တဲ့ ကိစၥပါဘဲ။ ဧၿပီ ၈ ရက္ေန႔ နံနက္မွာဘဲ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူသတင္းက ထြက္လာခဲ့ပါတယ္။ ဒီေသဆုံးသူ က လူနာအမွတ္ ၁၅ လို႔ သိထားတဲ့ အင္လ်ားလိတ္ဟိုတယ္ International SOS clinic က သူနာျပဳ ဆရာမရဲ႕ ခင္ ပြန္းျဖစ္သူပါ။ လူနာအမွတ္ ၁၅ ဟာ ခရီးသြားရာဇဝင္မရွိေပမယ့္ ၎လုပ္ကိုင္တဲ့ ေဆးခန္းကိုလာျပတဲ့ ႏိုင္ငံျခား သားခရီးသြားေတြ ထံကေန ကူးစက္တယ္လို႔ ယူဆထားတာပါ။ အဆိုပါ လူနာအမွတ္ ၁၇ က ေပါက္ေခါင္းၿမိဳ႕နယ္ ဒုတိယအုပ္ခ်ဳပ္ေရးမႉးတာဝန္ထမ္းေဆာင္ေနသူျဖစ္တဲ့ အတြက္ ေရာဂါလကၡဏာမျပခင္မွာ ဌာနဆိုင္ရာ အစည္း အေဝးေတြ ၊ ရပ္႐ြာ အုပ္ခ်ဳပ္ေရးတာဝန္ရွိသူေတြနဲ႔ ေတြ႕ခဲ့တာလည္းရွိခဲ့တဲ့ အတြက္ လူနာအမွတ္ ၁၇ ေသဆုံးခဲ့မႈ က အမ်ားစုအတြက္ စိုးရိမ္စရာျဖစ္လာခဲ့ပါတယ္။

လူနာအမွတ္ ၁၅ ကေန ယခုေသဆုံးတဲ့ လူနာအမွတ္ ၁၇ နဲ႔ ၁၈၊၁၉ ၊၂၀ ျဖစ္တဲ့ သားေတြသမီး ေတြနဲ႔ တူမ ျဖစ္သူကိုပါ ကူးစက္ ခဲ့တဲ့ အတြက္ ဗိုင္းရပ္စ္ေရာဂါက  ကူးစက္မႈက သတိထားဖြယ္ အေနအထားျဖစ္ လာခဲ့ပါ တယ္။ ဧၿပီ ၅ ရက္ကတည္း က လူနာအမွတ္ ၁၅ နဲ႔ ၁၆ က ေရာဂါ ျပင္းထန္လို႔ အထူးၾကပ္မတ္ေဆာင္မွာ ကုသခံ ေနရတဲ့ သူပါ။ လူနာအမွတ္ ၈ ျဖစ္တဲ့ အသက္ ၆၀ အ႐ြယ္ ဧည့္လမ္းၫႊန္အမ်ိဳးသမီးလည္း ေရာဂါလကၡဏာျပင္း ထန္လာလို႔အထူးၾကပ္မတ္ေဆာင္ မွာ ကုသခဲ့ရတာပါ။ဒါေပမယ့္ သက္သာလာလို႔ အထူးၾကပ္မတ္ေဆာင္ကေန ေ႐ႊ႕ေျပာင္းခဲ့ပါ တယ္။

အတည္ ျပဳလူနာ ၁၅ ကေန တစ္ဆင့္ကူးစက္ခဲ့တဲ့ အတည္ျပဳလူနာ ၁၇ ေသဆုံးခဲ့တဲ့ေန႔ မွာဘဲ ေရာဂါျပင္းထန္လို႔ လူနာအမွတ္ ၁၅ နဲ႔ အတူ အထူးၾကပ္မတ္ေဆာင္မွာ ကုသေနရတဲ့ လူနာ အမွတ္ ၁၆ ကြယ္လြန္ခဲ့ပါတယ္။ အဆိုပါ လူနာဟာ သတ္မွတ္ခ်က္အရ ျပည္ပနဲ႔ ခရီးသြား ရာဇဝင္မရွိေပမယ့္ ဒူဘိုင္းကေနျပန္ လာတဲ့ သားျဖစ္သူကို ေလဆိပ္ မွာ လာႀကိဳရင္း ဗိုင္းရပ္စ္ ကူးစက္ခံရသူပါ။ သားျဖစ္သူကို စစ္ေဆးတဲ့ အခါ ေရာ ဂါျဖစ္ခဲ့တဲ့ လကၡဏရွိခဲ့ ေပမယ့္ က်န္းမာေရး ေကာင္းတဲ့ အ႐ြယ္ျဖစ္လို႔ ကိုယ္ခံအားက တိုက္ထုတ္လိုက္တဲ့အတြက္ ေရာဂါ လကၡဏာ မျပခဲ့တာပါ။ ဒီလို တစ္ဆင့္ခံကူးစင္ခံရသူေတြ ေသဆုံးလာခဲ့တဲ့အတြက္  ဧၿပီ ၈ ရက္ဟာ ျမန္မာ ျပည္အတြက္ ကို႐ိုနာ ဗိုင္းရပ္စ္အေပၚ ေလ်ာ့ေပါ့ေတြးေနတဲ့ လူအခ်ိဳ႕အတြက္ သတိထားေတြး ေၾကာက္စရာ ျဖစ္ လာခဲ့ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ျမန္မာႏိုင္ငံသားေတြ ေသဆုံးမႈဟာ ဧၿပီ ၈ ရက္ထိ ျပည္တြင္းမွာ ၃ ေယာက္ နဲ႔အ ေမရိကန္မွာ ၂ ေယာက္ ထိဖိတ္စင္မႈရွိလာခဲ့ပါတယ္။  ဧၿပီ ၈ ရက္ညမွာ ေရာဂါကူး စက္ခံရသူမေတြ႕ခဲ့ရေပမယ့္  ဧၿပီ ၉ ရက္ညမွာေတာ့  အတန္သင့္ၿငိမ္သက္ခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ စာရင္းမွာ ၅ ေယာက္ထိ ထပ္တိုး လာခဲ့ပါတယ္။ ၂၄ နာရီအတြင္း ၅ ေယာက္ အထိ လာခဲ့တဲ့ လူနာအမွတ္ ၂၃၊၂၄၊၂၅၊၂၆နဲ႔ ၂၇  တို႔မွာ လူနာအမွတ္ ၂၃ က လူနာအမွတ္ ၁ ရဲ႕ မိခင္ ျဖစ္ၿပီး   ည ၈နာရီမွာ ထုတ္ျပန္တဲ့ စာရင္းမွာ အ တည္ျပဳ ခဲ့တဲ့ လူနာအမွတ္ ၂၃ က ပထမဆုံး လူနာအမွတ္ ၁ ရဲ႕ မိခင္ျဖစ္ေနပါတယ္။ လူနာအမွတ္ ၂၄ က စင္ကာပူကေန မတ္လ ၁၉ ရက္ေန႔ က ျပန္လာသူျဖစ္ၿပီး ဧၿပီ ၆ ရက္မွာ ေဆး႐ုံကိုေရာက္ခဲ့တာပါ။ ဗဟန္းက လူနာအမွတ္၂၅ အမ်ိဳးသားနဲ႔ လႈိင္သာယာ က လူနာအမွတ္ ၂၆ အမ်ိဳးသမီးကေတာ့ ခရီးသြားရာဇဝင္မရွိဘဲ  ေရာဂါလကၡဏာျပလို႔ ဧၿပီ ၉ ရက္နဲ႔ ၈ ရက္က ေဆး႐ုံႀကီးမွာ လာေရာက္စစ္ေဆးကုသခဲ့တဲ့ သူေတြပါ။ လူနာအမွတ္ ၂၇ ကေတာ့ ထိုင္းကေန မတ္ ၂၀ ရက္က ျပန္ေရာက္လာၿပီး ၉ ရက္ အၾကာမွာ (Facility Quarantine ဝင္ၿပီး ၈ ရက္ေန႔မွာ ကူးစက္ခံရတဲ့ ဗိုင္းရပ္စ္ ကူးစက္ ခံရ ေၾကာင္းေတြ႕ရွိခဲ့တာပါ။

ဒီထဲက လူနာအမွတ္ ၂၅၊၂၆ ေတြက အမ်ားျပည္သူစိုးရိမ္ေနတဲ့ ခရီးသြားရာဇဝင္မရွိဘဲ ႐ုတ္ခ်ည္း ေပၚလာ တဲ့ ကူးစက္ခံရသူေတြ ျဖစ္လို႔ ၎တို႔ သြားလာေနထိုင္ခဲ့ရာ ေနရာတစ္၀ိုက္ကို ေတာက္ေလွ်ာက္လိုက္ ရေတာ့မွာ ျဖစ္ပါတယ္။ ဒီအတြက္ ဒီလူနာေတြ သြားလာခဲ့တဲ့ေနရာကေန ေနာက္ထပ္ ေစာင္ၾကည့္လူနာ ဘယ္ေလာက္ထိ ထပ္တက္လာမလဲဆိုတာ မသိႏိုင္သလို  ကူးစက္ ခံရသူလည္း ထပ္ေတြ႕လာႏိုင္ေျခရွိႏိုင္တာကို ႀကိဳတင္ျပင္ဆင္ ထားဖို႔ လိုလာၿပီ ျဖစ္ပါတယ္။
ေနာက္ထပ္သတိထားစရာက ေရာဂါလကၡဏာျပင္းျပင္းထန္ထန္မျပေပမယ့္ ကူးစက္ခံရတာ ရွိေနႏိုင္တဲ့ ျပႆနာပါ။ ဧၿပီ ၉ ရက္ညမွာ ထပ္ေတြ႕တဲ့  လူနာအမွတ္ ၂၃ က ျမန္မာႏိုင္ငံကို မတ္ ၁၅ရက္ကတည္းက ေရာက္ေနခဲ့တာပါ။၎ဟာ   ျမန္မာႏိုင္ငံမွာ ကို႐ို နာဗိုင္း ရပ္စ္ ပထမဆုံးေတြ႕ ခဲ့တဲ့ လူနာအမွတ္ ၁ ရဲ႕မိခင္ျဖစ္ၿပီး အေမရိကန္ႏိုင္ငံကေန သား ျဖစ္သူနဲ႔အတူ ျပန္ေရာက္လာခဲ့ တာျဖစ္ၿပီး သူ႔ကို မတ္ ၁၉ ရက္ကတည္း ႐ြာအတြင္းရွိ သီးသန႔္အိမ္တစ္လုံးတြင္ သီးျခားခြဲျခား ေစာင့္ၾကပ္ၾကည့္ရႈလ်က္ ထားရွိခဲ့တယ္ဆိုၿပီး   လိုအပ္တဲ့ စစ္ေဆးမႈေတြကို ဧၿပီ ၇ ရက္မွ လုပ္ခဲ့ရာမွာ  ဧၿပီ ၉ ရက္မွာ ကူးစက္ခံရေၾကာင္းထုတ္ျပန္ႏိုင္ခဲ့တာပါ။

ဒီလို ကူးစက္ခံရသူေတြကို ပုံစံအမ်ိဳးမ်ိဳးနဲ႔ ေတြ႕ရွိခဲ့တဲ့ အတြက္  လက္ရွိေစာင့္ၾကည့္ ကာလၿပီး ဆုံးလို႔ ျပန္လႊတ္ခဲ့တဲ့ သူေတြက တကယ္ေကာ   ဗိုင္းရပ္စ္ကူးစက္မခံရသူေရာဟုတ္ရဲ႕လား၊ မစစ္ေဆးႏိုင္ေသးလို႔ မသိရ ေသးတဲ့ သူေတြ ဘယ္ေလာက္ေတာင္ ကိုယ္ပတ္ဝန္းက်င္မွာ ရွိေန မလဲ၊ ေရာဂါလကၡဏာမျပေသးလို႔ ကူးစက္ခံ ရမွန္းမသိေသးတဲ့ သူေတြ ဘယ္ေလာက္ရွိေန မလဲဆိုတာ  လူတိုင္းအတြက္ ေမးခြန္းထုတ္စရာျဖစ္လာခဲ့ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ေရာဂါကပ္ေဘးေၾကာင့္ စိတ္ပ်က္စရာေတြရွိသလို စိတ္အား တက္စရာ ျဖစ္တဲ့ အေျခအေန ေတြလည္း ရွိခဲ့ပါတယ္။ဒီရက္သတၱပတ္ထဲမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရတဲ့ မႏၲေလးက လူနာအမွတ္ ၄ ရဲ႕အေျခ အေနက ၅ ရက္တစ္ခါ ၄ ႀကိမ္ စစ္ေဆးခဲ့ရာမွာ သုံးႀကိမ္နဲ႔ ေလးႀကိမ္ေျမာက္မွာ ေရာဂါပိုးမေတြ႕ရေတာ့တဲ့ အ တြက္ ၂ ပတ္ၾကာ ဆက္ေစာင့္ၾကည့္ေနၿပီး ေဆး႐ုံကျပန္ဆင္းခြင့္ျပဳေတာ့မယ္အေျခအေနကို ေရာက္ေနပါတယ္။အျခားကူးစက္ခံရသူျဖစ္တဲ့ လူနာအမွတ္ ၇ ျဖစ္တဲ့ ကုလသမဂၢ႐ုံးဝန္ထမ္း ဆြစ္ဇာလန္သူ ေရာဂါေပ်ာက္ကင္းလို႔ ဧၿပီ ၈ ရက္က ေဆး႐ုံက ဆင္းခြင့္ျပဳခဲ့ပါတယ္။

ဒီၾကားထဲမွာ လဲက်ခဲ့တဲ့ စမ္းေခ်ာင္း King ေပါက္စီဆိုင္ဝန္ထမ္းမွာ ဗိုင္းရပ္စ္ ကူးစက္ခံရတာ မေတြ႕ခဲ့သ လို ထိုင္းကေနျပန္လာၿပီး ဧၿပီလ ၃ ရက္ေန႔က ေကာ့ေသာင္းေဆး႐ုံမွာ ေသဆုံးခဲ့တဲ့ အမ်ိဳးသားနဲ႔ သူအမ်ိဳးသမီးမွာ ကူးစက္ေရာဂါမေတြ႕ေၾကာင္း အေျဖထြက္ခဲ့တာရွိပါတယ္။ ဧၿပီ ၉ ရက္ထုတ္ျပန္ခ်က္မွာ ေစာင့္ၾကည္လူနာ ၈၇၀ ဦး နဲ႔ facility Quarantine ထားရသူ ၈၆၇၄၁ ဦးထိ ရွိလာခဲ့သလို ေနာက္ထပ္ေတြ႕တဲ့ ကူးစက္ခံရသူနဲ႔ ေတြ႕ရွိတဲ့ ေနရာပတ္သက္ထိစပ္ခဲ့တဲ့ သူေတြကိုလည္း facility  Quarantine ထပ္ထားရမွာ ျဖစ္တဲ့ အတြက္ ထပ္တိုး လာႏိုင္ေျခေတြရွိ ေနပါတယ္။ ဒါအျပင္ Quarantine က ထြက္လာသူမ်ားအေနျဖင့္ ေရာဂါ ကာကြယ္ေရးအတြက္ ထုတ္ ျပန္ထားသည့္ စည္းမ်ဥ္း၊ စည္းကမ္းၫႊန္ၾကားခ်က္မ်ားကို မလိုက္နာပါက ေရာဂါျဖစ္ဖို႔ အႏၲရာယ္ႀကီး ေနေသးတဲ့ အတြက္ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ကိုယ္တိုင္ သတိေပးထားရတဲ့ အထိပါဘဲ။

ကူးစက္ေရာဂါေဘးက အနားမွာကပ္ေနပါတယ္။ ဒီအတြက္ ေပါ့ဆလို မရဘဲ ၫႊန္ၾကားခ်က္ အတိုင္းလိုက္ နာဖို႔ အေရးႀကီးလာၿပီျဖစ္တဲ့အတြက္ ေရွ႕ရက္ေတြမွာ သတင္းေကာင္းၾကားဖို႔ ဆက္ေစာင့္ၾကည့္ရဦး မွာျဖစ္ပါတယ္။

ျပင္ဆင္မႈေတြ အခ်ိန္မီပါဦးမလား

တ႐ုတ္ႏိုင္ငံက စလိုက္တဲ့ ကိုဗက္ - ၁၉ လို႔ေခၚတဲ့ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါေၾကာင့္ ကမာၻတစ္ဝန္း ေသဆုံး သူအေရအတြက္ ကိုးေသာင္းခြဲေက်ာ္ရွိလာတဲ့ အခ်ိန္မွာ  ႏိုင္ငံတိုင္းႏိုင္ငံတိုင္းက ႀကိဳတင္ကာကြယ္မႈေတြကို အင္နဲ႔ အားနဲ႔ လုပ္ေဆာင္လာတာကိုေတြ႕ရပါတယ္။ ျမန္မာႏိုင္ငံ မွာ လည္း ထိပ္တန္းအာဏာပိုင္ေတြ ဦးေဆာင္ၿပီး ကိုဗစ္ ၁၉ ေရာဂါကူးစက္မႈကို ကာကြယ္ဖို႔ အတြက္ လုပ္ေဆာင္လာခဲ့တာမွာ ဧၿပီ ၁၀ ရက္ကစၿပီး အိမ္မွာဘဲ ဆယ္ရက္ တာေနဖို႔ သတ္မွတ္ ခဲ့ပါတယ္။ သၾကၤန္ကာလနဲ႔ တိုက္ၿပီး အိမ္မွာေနရမယ့္ က်န္းမာေရးအစီအစဥ္ေတြ ဆြဲခဲ့ေပမယ့္ ဒီစည္းမ်ည္း စည္းကမ္းကိုေဖာက္ဖ်က္မယ့္သူေတြလည္း ရွိႏိုင္တဲ့ အတြက္ အထူးၾကပ္မတ္ ေနတာကိုလည္း ေတြ႕ရ ပါတယ္။    

မၾကာခင္ကေသဆုံးခဲ့တဲ့ ေပါက္ေခါင္းဒု-ၿမိဳ႕နယ္မႉးအျဖစ္ကို သတိထားၿပီး အစိုးရအေနနဲ႔ သၾကၤန္ ႐ုံးပိတ္ ရက္မွာ  ဝန္ထမ္းမ်ားအေနျဖင့္ နာေရးကိစၥမွ လြဲ၍ ခရီးသြားလာမႈ မျပဳလုပ္ေစေရး အတြက္ စာထုတ္ကာၫႊန္ၾကား ခဲ့တာရွိပါတယ္။ အဆိုပါသၾကၤန္ကာလအတြင္း ေနရပ္ျပန္ခဲ့လို႔ ေရာဂါကူးစက္လာခဲ့လို႔ရွိရင္ ႐ုံးပိတ္ရက္ ကုန္ဆုံး လို႔ ျပန္လည္တာဝန္ထမ္းေဆာင္တဲ့ အခါ အျခားဝန္ထမ္းေတြကို ကူးဆက္ၿပီး ႐ုံးလုပ္ငန္းရပ္ဆိုင္းႏိုင္တဲ့ အတြက္ COVID-19 ကင္းစင္သည့္ အခ်ိန္မွာ အစားထိုး႐ုံးပိတ္ရက ျပန္ေပးမယ္ဆိုၿပီး သမၼတ႐ုံးက ဝန္ထမ္းမ်ားကို အသိ ေပးခဲ့ပါတယ္။

လာမယ့္ ဧၿပီလ အတြင္း ဒုတိယရက္သတၱပတ္ကစၿပီး ျမန္မာႏိုင္ငံအတြင္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံ ရသူ အေရအတြက္က ပိုၿပီးမ်ားလာကာ ပိုၿပီး ျပန႔္ပြားႏူန္းျမန္လာမယ္လို႔ ခန႔္မွန္းမႈေတြ ရွိခဲ့ပါတယ္။ဒါေၾကာင့္ လည္း ဒီကာလထဲ က်ေရာက္ေနတဲ့ ျမန္မာ႐ိုးရာ ႏွစ္သစ္ကူးသၾကၤန္ကို ဖ်က္သိမ္းၿပီး  လူစု၊လူေဝး လုံးဝေရွာင္ဖို႔ သတိေပးခဲ့ပါတယ္။ ဒီကာလကို ထိန္းခ်ဳပ္ႏိုင္ခဲ့ရင္ တျခားႏိုင္ငံမွာလို ဆိုးဆိုးဝါးဝါးျဖစ္ပြားမႈ အနည္းဆုံးနဲ႔ ေသ ဆုံးမႈ အနည္းဆုံးျဖစ္လာမယ္လို႔ ယူဆတဲ့ အတြက္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ က ျပည္သူမ်ားအားလုံး အထူး သတိဝိရိယႏွင့္ ေရာဂါမပ်ံ႕ပြားေရးအတြက္ စည္းကမ္းၫႊန္ၾကားခ်က္မ်ားကို လိုက္နာရန္ အေရးႀကီးတယ္ဆိုၿပီး သတိေပးခဲ့တာကို ေတြ႕ရပါတယ္။

ဒီလို သတ္မွတ္ရက္မွာ ေဒသႏၲရအမိန႔္အျဖစ္  သၾကၤန္ကာလအတြင္း ေရပက္ခံထြက္ခံျခင္း၊ ေရေဆာ့ ကစားျခင္း စသည့္ လူစုလူေဝးျဖစ္ေစႏိုင္မည့္ အျပဳအမူမ်ားကို ေရွာင္ၾကဥ္ရန္ အဓိက ရည္႐ြယ္ ထုတ္ျပန္တာဆိုပါတယ္။ ဒီကာလျဖစ္တဲ့ ဧၿပီ ၁၀ ရက္ကေန ဧၿပီ ၁၉ ရက္အထိ  ျပည္သူမ်ား အေနျဖင့္ အေျခခံစားေသာက္ကုန္ဝယ္ ယူျခင္း၊ က်န္းမာေရးအတြက္ လိုအပ္ေသာ ေဆးဝါးမ်ားဝယ္ယူျခင္း တို႔ကို ပုံမွန္အေျခအေနအတိုင္း လုပ္ေဆာင္ႏိုင္မွာ ျဖစ္သလို ေဈးဆိုင္ မ်ားကိုလည္း ပုံမွန္အတိုင္း ေရာင္းခ်ခြင့္ျပဳမည့္အျပင္ စားေသာက္ဆိုင္မ်ား အေနျဖင့္ ပါဆယ္ စနစ္၊ အိမ္အေရာက္ပို႔ေဆာင္ျခင္း (Delivery) စနစ္ ျဖင့္ ေရာင္းခ်မႈမ်ား ျပဳလုပ္ႏိုင္မည္ ျဖစ္တယ္ လို႔ ဆို ပါတယ္။ဒါဟာ ျမန္မာႏိုင္ငံမွာ တစ္ခါမွမရွိခဲ့ဘူးတဲ့ ကူးစက္ေရာဂါ‌ေၾကာင့္ အမ်ားျပည္သူ ပါဝင္လိုက္ပါတဲ့ ပုံစံနဲ႔ ကိုယ္ကိုယ္ကို ထိန္းသိမ္းေနထိုင္ေစတဲ့ ပုံစံပါ။  

အစိုးရအေနနဲ႔တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔လုပ္တယ္ဆိုေပမယ့္ လူေနထိုင္မႈမ်ားျပားတဲ့ ရန္ကုန္နဲ႔ မႏၲေလးလို႔ ေနရာေတြမွာ အုံနဲ႔က်င္းနဲ႔ျဖစ္လာႏိုင္တဲ့ အေျခအေနကို ထိန္းခ်ဳပ္ကာကြယ္ႏိုင္ဖို႔ အဓိက ရည္႐ြယ္တဲ့ အေနအထားပါ။ အထူးသျဖင့္ ျမန္မာႏိုင္ငံလူဦးေရရဲ႕ ၂၀ ရာခိုင္ႏူန္းျဖစ္တဲ့ လူဦးေရ ၁၀ သန္းေလာက္ေနထိုင္တဲ့ ရန္ကုန္မွာ ဒီေလာက္ရက္အတြင္း ေနထိုင္မႈကို ထိန္းခ်ဳပ္ ႏိုင္ခဲ့ရင္ ဗိုင္းရပ္စ္စတင္ကူးစက္ခံရေၾကာင္း ေတြ႕အၿပီး  တစ္လနဲ႔ ႏွစ္လၾကာကာလအတြင္း ျဖစ္ေလ့ရွိတဲ့ ေရာဂါကူးစက္ျပန႔္ပြားမႈမ်ားျပားလာတာကို ဟန႔္တားႏိုင္မယ့္ အေနအထား ရွိတယ္ လို႔ ယုံၾကည္ထားတဲ့ အေနအထားပါ။

ဒီကာလအတြက္ အေျခခံျပည္သူေတြျဖစ္တဲ့ လက္လုပ္လက္စားေတြ အတြက္ အလုပ္ပိတ္ထား ရမယ္ ဆယ္ရက္အတြင္းေနထိုင္စားေသာက္ဖို႔အတြက္ အေျခခံစားေသာက္ကုန္ေတြကို ျပည္သူေတြ ဆီေဝမွ်ေပးမယ့္ အစီ အစဥ္ကိုလည္း ေရးဆြဲေဆာင္႐ြက္ခဲ့တာကိုေတြ႕ရပါတယ္။ တာဝန္ရွိသူေတြ အဆိုအရလည္း ရန္ကုန္အပါ  ဝင္ ၿမိဳ႕ႀကီးေတြမွာ အဆိုပါရက္ေတြအတြက္ ရိကၡာအျပည့္အစုံရွိေနတာေၾကာင့္ ပိုဝယ္ၿပီး စုေဆာင္းရမယ့္ အေျခအေနမလိုအပ္ဘူးလို႔ ေျပာထားတာေတြ႕ရပါတယ္။ ဆန္ ၈ျပည္ပါတဲ့ အေျခခံစားကုန္ေတြကို အစိုးရကေထာက္ပံ့ တဲ့ အစီအစဥ္မွာလည္း  မေဝငွရေသးခင္မွာ ယခင္အစိုးရလ္ထက္က ခန႔္ထားခဲ့တဲ့ သူေတြအမ်ားစု ျပန္ပါလာတဲ့ ေအာက္ေျခဆယ္အိမ္မႉး၊ရာအိမ္မႉးအခ်ိဳ႕ေတြရဲ႕ တစ္ဘက္ေစာင္းနင္းက်တဲ့ အစီအမံေတြ ထြက္လာခဲ့လို႔ ပြက္ေလာ ႐ိုက္သံေတြ ၊ ရွိရဲ႕သားနဲ႔ အေခ်ာင္လိုခ်င္သူေတြရဲ႕ မေက်နပ္သံေတြ ၊ အတိုက္အခံအခ်ိဳ႕ရဲ႕ အစိုးရ ဘာလုပ္လုပ္ မေကာင္းေျပာတာကို ျပန္တုံ႔ ျပန္ ၾကတာေတြနဲ႔ လူမႈကြန္ရက္မွာ ပြဲစည္ခဲ့တာကိုေတြ႕ရပါတယ္။

ဒီရက္ထဲမွာ ဆရာဝန္ ၃ ဦးရဲ႕ COVID-19 ကာကြယ္ေဆးထုတ္ လုပ္ဖို႔ တာဝန္ရွိသူေတြနဲ႔ ေတြ႕ဖို႔ ဆိုတဲ့ သတင္းကလည္း လူမႈကြန္ရက္မွာ အမ်ားစိတ္ဝင္စားခဲ့တဲ့ သတင္းျဖစ္ခဲ့ပါတယ္။ လူမႈကြန္ရက္မွာ အစိုးရက ကိုဗက္ ၁၉ ကာကြယ္ေဆးထုတ္ဖို႔ ခြင္ျပဳလိုက္ၿပီ ဆိုတဲ့ သတင္းေတြ လည္း ထြက္လာခဲ့ပါတယ္။ျမန္မာႏိုင္ငံ ထက္ေဆးပညာမွာ အစစအရာရာသာသလို ေခတ္မီ ဓာတ္ခြဲခန္းေတြ၊ အေထာက္အကူျပဳ ကိရိယာေတြ စုံလင္တဲ့ အေမရိကန္တို႔ ဂ်ပန္တို႔ ၿဗိတိန္တို႔ ဂ်ာမနီတို႔နဲ႔ စတင္ျဖစ္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံမွာေတာင္ ဒီကူးစက္ေရာဂါကို ကာကြယ္ေဆးထုတ္ဖို႔ ေနေနသာသာ ဒီကူးစက္ေရာဂါရဲ႕ သေဘာသဘာ၀ကို ေသေသခ်ာခ်ာမသိေသးတဲ့ အခ်ိန္ မွာ ျမန္မာႏိုင္ငံက ဒီလိုကာကြယ္ေဆးထုတ္ဖို႔ ခြင့္ျပဳလုပ္တယ္ဆိုတဲ့ သတင္းက အထူးအဆန္းမို႔   အမ်ားျပည္သူ ၾကား လွ်င္ျမန္စြာ ျပန္ခဲ့ပါတယ္။ ဒီသတင္းကို လွ်င္လွ်င္ ျမန္ျမန္ဘဲ က်န္းမာေရး ဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ က ျငင္းပယ္ၿပီး ကာကြယ္ေဆးထုတ္ဖို႔ခြင့္ျပဳတာ မဟုတ္ဘဲ တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးဖို႔အတြက္ ခြင့္ျပဳတာလို႔ ေျပာခဲ့ပါတယ္။  

ဒီလိုကူးစက္ကပ္ေရာဂါ အႏၲရာယ္ႀကီးလာခ်ိန္မွာ အမ်ားျပည္သူကို လန႔္တဲ့ သတင္းေတြ၊ အေကာက္အယူလြဲႏိုင္တဲ့ သတင္းေတြ ေန႔စဥ္နဲ႔ အမွ် ေကာင္းတာေရာ မေကာင္းတာေရာ တင္လာ ခဲ့တာကိုေတြ႕ရပါတယ္။ ဒီထဲ မွာ  ပဲခူးတိုင္းေဒသႀကီး၊ ေရတာရွည္ၿမိဳ႕တြင္ COVID-19 ကူးစက္ ခံရသူေတြ႕ရွိဆိုၿပီး သတင္းမွားတင္ခဲ့တဲ့ သူတစ္ဦး ကို သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒ ပုဒ္မ(၂၇)နဲ႔ ဖမ္းဆီးခဲ့တာကိုေတြ႕ရပါတယ္။ ဒီကူးစက္ေရာဂါ ကို တကမာၻလုံး သူမကယ္ႏိုင္ ကိုယ္မကယ္ႏိုင္ ျဖစ္ေနတဲ့ အေနအထားမွာ ရွိေနတဲ့ အင္အားနဲ႔ ခုခံကုသေနရတဲ့ အခ်ိန္မွာ ဒီကူးစက္ေရာဂါကို ကုသစစ္ေဆးႏိုင္တဲ့ စက္ကို လႉတဲ့ သူေပၚလာသလို တ႐ုတ္ႏိုင္ငံ ဘက္ကေန ေဆး ဘက္ဆိုင္ရာ ကြၽမ္းက်င္ပညာရွင္ ၁၂ ဦးပါလာသည့္ အဖြဲ႕ကလာေရာက္ ကူညီခဲ့ဖို႔ ေရာက္လာတာလည္း ဒီတစ္ပတ္မွာ ရွိခဲ့ပါတယ္။  ျမန္မာႏိုင္ငံမွာ ႏွစ္ပတ္တာ ပူးေပါင္း ကုသေပး မယ့္ တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္က ေဆး ဘက္ဆိုင္ရာ ကြၽမ္းက်င္ပညာရွင္မ်ား ၁၂ ဦးဟာ ဧၿပီ ၈ ရက္မွာ ျမန္မာႏိုင္ငံကို လာေရာက္ခဲ့ၿပီး ႏွစ္ပတ္တာေန ထိုင္ကာ ျမန္မာေဆးပညာရွင္အဖြဲ႕ ႏွင့္ ပူးေပါင္းေဆာင္႐ြက္မွာျဖစ္တယ္ဆိုပါတယ္။ဒီ တ႐ုတ္ေဆးပညာရွင္အဖြဲ႕က ယူနန္ကေန အထူး သီးသန႔္ေလယာဥ္ျဖင့္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ကို ေရာက္ရွိလာခဲ့တာျဖစ္ၿပီး သူတို႔နဲ႔ အတူ ေဆးပစၥည္းမ်ား ၊ ဓာတ္ခြဲခန္းသုံးပစၥည္းမ်ား ၊ အကာအကြယ္ပစၥည္းမ်ား ပါလာခဲ့တာပါ။

ဒီအတြက္ ကူးစက္ျမန္ကပ္ေရာဂါ ႀကိဳတင္ကာကြယ္ေရးမွာ ဘယ္ေလာက္ထိ အားေကာင္းလာ မလဲဆိုတာ ေစာင့္ၾကည့္ဖို႔လို လာသလို ရွာေဖြေဖာ္ထုတ္မႈေတြ ပိုေကာင္းလာႏိုင္တဲ့ အတြက္ ဘယ္ေလာက္ထိ တိုးတက္ေတြ႕ရွိ လာမလဲဆိုတာလည္း ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

ဒီလိုသတင္းေတြအျပင္ ႏိုင္ငံတကာျမန္မာ သတင္းအဖြဲ႕ (BNI) က ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚ ေအာင္ဆန္းစုၾကည္ႏွင့္ သမၼတဦးဝင္းျမင့္ထံ အိတ္ဖြင့္စာေပးၿပီး သတင္းမီဒီယာသမားမ်ားကို အၾကမ္းဖက္ ဥပေဒ ျဖင့္ ဖမ္းဆီး၊ အမႈဖြင့္သည့္ ကိစၥမ်ားကို ႐ုပ္သိမ္းပယ္ဖ်က္ေပးရန္ ေတာင္းဆို ခဲ့တဲ့ သတင္း၊ အၾကမ္းဖက္တိုက္ဖ်က္ ေရး ဥပေဒပုဒ္မ ၅၀ (က) ႏွင့္ ၅၂(က)နဲ႔ အဖမ္းခံထားရတဲ့ မႏၲေလးအေျခစိုက္ Voice of Myanmar (VOM) သတင္း ဌာန အယ္ဒီတာခ်ဳပ္ ဦးေနမ်ိဳးလင္း ျပန္လြတ္လာတဲ့ သတင္း၊ မရမ္းကုန္း လမ္းဝဂုံးေက်ာ္တံတားေပၚက ေန YBS 16 ယာဥ္တစ္စီး ျပဳတ္က်တိမ္းေမွာက္ခဲ့လို႔ ယာဥ္ေမာင္းအပါအဝင္ ခရီးသည္ ၂၂ ဦး ထိခိုက္ဒဏ္ရာရခဲ့တဲ့ သတင္း၊ကေလးႏွစ္ဦးအပါအဝင္ မိသားစုဝင္ ငါး ဦး ရွမ္းျပည္နယ္ေျမာက္ပိုင္း သီေပါၿမိဳ႕ရွိ ကုံးမုံေက်း႐ြာတြင္ ေသနတ္ျဖင့္ ပစ္သတ္ခံခဲ့ရတဲ့ သတင္း၊ ပုဇြန္ေတာင္ၿမိဳ႕နယ္ အေနာ္ရထာလမ္း ႏွင့္ လမ္း ၅၀ ေထာင့္ရွိ ABC Convenience စတိုးဆိုင္ကို လူငယ္ႏွစ္ဦးက ၿခိမ္းေျခာက္ လုယက္ ခဲ့တဲ့သတင္း၊ ႐ုပ္ရွင္ သ႐ုပ္ေဆာင္ မင္းရာဇာ၊ ဇနီးျဖစ္သူ မဖူးငုံပြင့္ႏွင့္ ေယာကၡမျဖစ္သူ ဦးေမာင္ေမာင္ေအး တို႔ကို အိမ္အကူကို က်ဳးလြန္တဲ့ ျပစ္မႈေတြေၾကာင့္ ပုဒ္မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄တို႔နဲ႔ ဖမ္းဆီးအမႈဖြင့္ထား တဲ့ သတင္းေတြလဲ ယခုရက္ထဲမွာ ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္ အတြက္ ျပည္တြင္းသတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မာလင္း