【နိုင်ငံတကာဆောင်းပါး】ဆိုင်အလစ်သုတ်မှုသုတ်သင်ရေးစစ်ပွဲအလုပ်သမားများအတွက် အန္တရာယ်များလာ

【နိုင်ငံတကာဆောင်းပါး】ဆိုင်အလစ်သုတ်မှုသုတ်သင်ရေးစစ်ပွဲအလုပ်သမားများအတွက် အန္တရာယ်များလာ   

အရီဇိုးနားပြည်နယ် မီဆာမှ CVS စတိုးဆိုင်မန်နေဂျာ မိုက်ကယ်ဂျက်ကော့သည်က အမျိုးသားတစ်ဦးသည် သူ၏ စတိုးဆိုင်မှအလစ်သုတ်နေသည်ဟုထင်သောကြောင့် ထိုသူကိုရင်ဆိုင်ထားပြီး ရဲကိုဖုန်းဆက်လိုက်သည်။

ရဲအရာရှိများသည် အချိန်အနည်းငယ်အကြာတွင် ရောက်လာသော်လည်း ထိုမန်နေဂျာက တရားမစွဲဟု ပြောသောကြောင့် ပြန်လွှတ်ပေးလိုက်သည်။ ထိုသံသယရှိသူသည် အိမ်ပြန်သွားပြီး သေနတ်တစ်လက်ယူကာ နာရီအနည်းငယ်အကြာတွင် ထိုစတိုးဆိုင်သို့ပြန်လာပြီး ဂျက်ကော့ကိုပစ်သတ်လိုက်သည်ဟု ရဲတပ်ဖွဲ့ပြောသည်။

လက်လီအရောင်းသမားများသည် ခိုးမှုအများအပြားတိုးပွားနေသည်ရင်ဆိုင်နေရပြီး ကုမ္ပဏီများသည် ကုန်ပစ္စည်းများကို စင်များပေါ်တွင် သော့ခတ်ထားခြင်း၊ တာဝန်ချိန်ပြင်ပြ ရဲအရာရှိများကို ငှားရန်းခြင်းနှင့် အထိနာသောစတိုးဆိုင်များကို ပိတ်ပစ်ခြင်းအပါအဝင် တုံ့ပြန်မှုအမျိုးမျိုးပြုလုပ်နေရသည်။ ဆိုင်အလစ်သုတ်မှု အများစုသည် အကြမ်းမဖက်သော်လည်း လက်လီရောင်းသူအများအပြားက ဂိုဏ်းဖွဲ့ခိုးယူမှုတိုးလာကြောင်းနှင့် အကြမ်းဖက်မှုဖြစ်ရပ်များသည် သူခိုးများကို ဟန့်တားရန်နှင့် ဝန်ထမ်းများကို ဘေးကင်းအောင်လုပ်ရန် ရှုပ်ထွေးစေကြောင်း ပြောသည်။

CVS ကျန်းမာရေးဌာနမှ ပြောခွင့်ရသူတစ်ဦးက စက်တင်ဘာလ ၇ ရက်နေ့ကဖြစ်ပွားသည် မီဆာစတိုးမှ ပစ်ခတ်မှုအတွက် ဝမ်းနည်းကြောင်းပြောကြားပြီး ဂျက်ကော့၏

လုပ်ဖေါ်ကိုင်ဖက်များကို နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်းလုပ်နေပြီ ဂျက်ကော့၏ဇနီးအတွက် အကျိုးခံစားခွင့်များရရှိအောင် ကူညီနေကြောင်းပြောသည်။ CVS က ဝန်ထမ်းများအနေဖြင့် ပဋိပက္ခများကို ရှောင်ရှားရန်နှင့် စတိုးဆိုင်များတွင် ရာဇဝတ်မှုဖြစ်ပါက ရဲတပ်ဖွဲ့သို့ အကြောင်းကြားရန် ညွှန်ကြားထားသည်။

ဂျက်ကော့၏ မိသားစုသည် သူ၏နာရေးစရိတ် ဒေါ်လာ တစ်သောင်းအတွက် GoFundMe စာမျက်နှာကို ထူထောင်ထားပြီး ၎င်းတို့သည် CVS ထံမှအကူအညီမရသေးကြောင်းပြောသည်။ အသက် ၄၉ နှစ်အရွယ် ဂျက်ကော့သေဆုံးသောအခါ ကလေး ၂ ဦးကျန်ရစ်ပြီး အသက် ၂၃ နှစ်အရွယ် ဇနီး စတေစီကျန်ရစ်သည်။

"သူကစတိုးဆိုင်အတွက် အများကြီးပေးဆပ်ခဲ့တယ်" ဟု စတေစီဂျက်ကော့ပြောသည်။ သူ၏ ခင်ပွန်းသည် လွန်ခဲ့သောနှစ် ၂၀ လုံး သူအလုပ်လုပ်ခဲ့သည့်နေရာတွင် လုပ်နေရင်း ထိုဖြစ်ရပ်နှင့်မည်သို့ကြုံတွေ့ရသည်ကို သူနားမလည်နိုင်ကြောင်းပြောသည်။ သူ၏ ခင်ပွန်းသည်သည် အခြားသူများအတွက် ခက်ခဲသောအခြေအနေများကို တင်းမာမှုလျှော့ကျအောင်လုပ်ပေးတတ်သူဖြစ်သည်ဟုလည်း သူပြောသည်။

Home Depot မှ ပိုင်ဆိုင်မှုကာကွယ်ရေး ဒုဥက္ကဋ္ဌ စကော့ဂလန်းက "ခိုးမှုနဲ့အတူတွဲပါလာတဲ့ အကြမ်းဖက်မှုနဲ့ခြိမ်းခြောက်မှုက ပိုမိုပြင်းထန်လာပြီ" ဟုပြောသည်။

ဧပြီလတွင် ကုမ္ပဏီ၏ ပိုင်ဆိုင်မှုကာကွယ်ရေးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် Home Depot ဝန်ထမ်းတစ်ဦးသည် အမျိုးသမီးအလစ်သမားသံသယရှိသူကို ဟန့်တားရန် ကြိုးစားရင်း ကာလီဖိုးနီးယားမှ ပလက်ဆန်တန်တွင် သေလုနီးပါးပစ်ခတ်ခံရသည်။

Home Depot ပြောခွင့်ရသူအမျိုးသမီးတစ်ဦးက ဝန်ထမ်းများနှင့် ဖေါက်သည်များအတွက် လွန်စွာအန္တရာယ်များသောကြောင့် အန္တရာယ်လျှော့ချရန်  စတိုးဆိုင်မှ လုံခြုံရေး ဝန်ထမ်းများကို အထူးလေ့ကျင့်ပေးရကြောင်း ဆိုသည်။

အမျိုးသားလက်လီရောင်းချရေးအဖွဲ့က ၎င်းတို့ပြုလုပ်သည့် နှစ်စဉ်စစ်တမ်းကောက်ယူမှုတွင် ဖြေကြားသူ ၁၀ ဦးအနက် ၈ ဦးက အကြမ်းဖက်မှုတိုးလာသည်ကို တွေ့ရကြောင်းနှင့် ဂိုဏ်းဖွဲ့လက်လီ ရာဇဝတ်မှုဖြစ်ရပ်များ ၂၀၂၂ ခုနှစ်တွင် တိုးလာသည်ကို တွေ့ရကြောင်းပြောသည်။

ယခုနှစ် ပထမ ၅ လအတွင်း လက်လီအရောင်းသမားများသည် အကြမ်းဖက်မှုပါဝင်သော ခိုးယူမှုဖြစ်ရပ် သို့မဟုတ် အကြမ်းဖက်ရန် ခြိမ်းခြောက်မှု ၁၂၀ ရာခိုင်နှုန်းတိုးလာသည်ဟု လွန်ခဲ့သောလက ပြောသည်။ ထိုလုပ်ငန်းက ကိန်းဂဏန်းအရေအတွက် အတိအကျကို လတ်တလော မပြောသေးပေ။

ဝန်ထမ်းများအနေဖြင့် ဆိုင်အလစ်သုတ်မှုများကို မည်သို့ကိုင်တွယ်ရန်လိုသည်ဆိုသည်မှာ စီးပွားရေးလုပ်ငန်း အမျိုးအစားအပေါ်မူတည်နေကြောင်း လက်လီအရောင်းအဖွဲ့ချုပ်က ပြောသည်။ အသေးစားစီးပွားရေးများသည် ရာဇဝတ်မှုများကို တုံ့ပြန်ရန် ရင်းမြစ်ပိုမိုနည်းပါးပြီး ဆိုင်နေရာအလွယ်တကူ ပြောင်းရွှေ့ဖွင့်လှစ်ခြင်း မပြုနိုင်ကြပေ။ CVS နှင့် Home Depot ကဲ့သို့သော လုပ်ငန်းတွဲကြီးအများစုက အရောင်းစာရေးများအနေဖြင့် အလစ်သုတ်သူများကို ထိပ်တိုက်မတွေ့ရန် ညွှန်ကြားထားသည်။ အချို့စတိုး ဆိုင်များက အကြမ်းဖက်မှုပါဝင်သော သို့မဟုတ် ရုပ်ပိုင်းလုံခြုံရေး ခြိမ်းခြောက်မှုပါဝင်သော ခိုးမှုများကို တုံ့ပြန်ရန်အတွက်သာ ရဲတပ်ဖွဲ့ကိုခေါ်ရန် ညွှန်ကြားထားသည်။

တင်နက်ဆီပြည်နယ် နက်ရှ်ဗီးလ်မှ ဝဲလ်ဂရင်း စတိုးဆိုင်တစ်ခုမှ ဧပြီလက အလစ်သုတ်မှုတွင် ကိုယ်ဝန်ရှိနေသည့် သံသယဆိုင်အလစ်သုတ်သူတစ်ဦးကို ပစ်ခတ်မှုဖြစ်သည်အထိ ဖြစ်ခဲ့သည်။ စတိုးဆိုင်အလုပ်သမားတစ်ယောက်သည် အမျိုးသမီး ၂ ဦး ၎င်းတို့ယူဆောင်သွားသော ပစ္စည်းများအတွက် ငွေပေးချေခြင်း မရှိသောအခါ ၎င်းတို့ကို စတင်ရိုက်ကူးမှတ်တမ်းတင်သည်။ ၎င်းတို့အနက် အမျိုးသမီးတစ်ဦးက ထိုဝန်ထမ်းကို အစပ်ရည်ဖြင့်ပက်သည်။ ထိုအခါ ဝန်ထမ်းက သေနတ်ထုတ်ပစ်ခတ်သည်။ ထိုဝန်ထမ်းက ထိုအမျိုးသမီးများတွင် လက်နက်တပ်ဆင်ထားမည်ကို စိုရိမ်ကြောင်း နောင်တွင် ရဲတပ်ဖွဲ့ကိုပြောသည်။ သူ့ကို ဒေးဗစ်ဆန် ကောင်တီရှေ့နေချုပ်က ဆိုးရွားစေသော တိုက် ခိုက်မှုအတွက် တရားဆွဲသော်လည်း ဂျူရီလူကြီးများကို သူ့ကို စွဲချက်တင်ရန် ယခုအပတ်အတွင်း ငြင်းဆန်သည်။ ထိုအမျိုးသမီးသည် ခိုးမှုနှင့်တိုက်ခိုက်မှုဖြင့် တရားစွဲခံရသည်။

ဝဲလ်ဂရင်းက ဝေဖန်ပြောကြားပေးရန် တောင်းဆိုခြင်းကို ငြင်းဆန်သည်။ ထိုလုပ်ငန်းတွဲသည် လွန်ခဲ့သော နှစ်တွင် နောက်ဆက်တွဲ လုံခြုံရေးနှင့် ခိုးမှုတိုက်ဖျက်ရေး အစီအမံသစ်များ ချမှတ်သော်လည်း အချို့သည် ထိရောက်မှုမရှိကြောင်း အမှုဆောင်များပြောသည်။

"ဝန်ထမ်းတွေနဲ့ ဖောက်သည်တွေလုံခြုံရေးက ကျနော်တို့ရဲ့ထိပ်တန်းဦးစားပေးဖြစ်တယ်" ဟု Nordstorm အမှုဆောင်အရာရှိချုပ် အီးရစ် နော့ဒ်စတောင်းကလွန်ခဲ့လ သုတေသီတစ်ဦးနှင့် ဆက်သွယ်စဉ်ပြောသည်။ ကာလီဖိုးနီးယားပြည်နယ် ကန်နိုဂါ ဥယာဉ်မှ မောလ် တစ်ခုအတွင်း ဓားပြတိုက်သည့် ဗီဒီယိုထွက်လာပြီးနောက် ထိုသို့ပြောကြားခြင်းဖြစ်သည်။

ထိုဗီဒီယိုတွင် လူဒါဇင်ပေါင်းများစွာသည် ၎င်းတို့သယ်ဆောင်နိုင်သမျှ ပစ္စည်းအားလုံးကို လုယူနေပြီး စတိုးဆိုင်မှ ထွက်ပြေးစဉ် ဝန်ထမ်းများနှင့် အခြားသူများက ရပ်ကြည့်နေရသည်။

ကုမ္ပဏီများသည် အကြိမ်ကြိမ်ခိုးမှုကျူးလွန်သောသူများကို ခြေရာခံရန်တရားဥပဒေစိုးမိုးရေးနှင့် ပူးပေါင်း ဆောင်ရွက်နေပြီး အချို့သည် ဒေသရဲတပ်ဖွဲ့ထံအမှုများ လွှဲပြောင်းပေးရေးအတွက် ၎င်းတို့၏ သီးခြားစုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေကြသည်။

"အမေရိကန် ပြည်ထောင်စုက တချို့တရားစီရင်ရေးနယ်မြေတွေမှာ ပြည်သူတွေကို ခိုးမှုအပါအဝင် ရာဇဝတ်မှုတွေကနေ အကာအကွယ်ပေးဖို့လိုတယ်" ဟု ဝဲလ်မတ် အမှုဆောင်အရာရှိချုပ် ဒေါက် မက်မီလန်က လွန်ခဲ့သောလကပြောသည်။

Linko

Ref: The Wall Street Journal|America’s Battle With Shoplifting Is Getting Dangerous for Workers