【နိုင်ငံတကာဆောင်းပါး】တာလီဘန်ကို တရားဝင်ဖြစ်စေတဲ့ လက်တွေ့ကျသော အမေရိကန်မူဝါဒ

【နိုင်ငံတကာဆောင်းပါး】တာလီဘန်ကို တရားဝင်ဖြစ်စေတဲ့ လက်တွေ့ကျသော အမေရိကန်မူဝါဒ

အာဖဂန် ပဋိပက္ခသည် နိုင်ငံတကာအာရုံစူးစိုက်မှုနှင့် အမေရိကန် ရင်းမြစ်များကို သိမ်းပိုက်ခဲ့သည်မှာ ဆယ်စုနှစ် ၂ ခုကြာပြီဖြစ်သည်။ သို့သော် ၂၀၂၁ ခုနှစ်တွင် အမေရိကန်တပ်များအာဖဂန်မှ ဆုတ်ခွာပြီးနောက် ထိုပဋိပက္ခကို ဝါရှင်တန်က ဗဟိုနှင့်တောင်အာရှဒေသဆိုင်ရာ စိုးရိမ်ပူပန်မှုတခုအဖြစ်သာမြင်တော့ပုံရသည်။

အဓိကအားဖြင့်ထိုသို့ဖြစ်ရခြင်းမှာ အမေရိကန်ပြည်ထောင်စု၏ ကမ္ဘာ့ဦးစားပေးများပြောင်းလဲလာသော ကြောင့် ဖြစ်သည်။ ယူကရိန်ကိုကျူးကျော်မှုနှင့် ပစိဖိတ်မှ တရုတ်၏ ရည်မှန်းချက်များကြောင့် အာဖဂန်သည် အမေရိကန် အစိုးရအတွက် ထိပ်တန်းဦးစားပေးမဟုတ်တော့ပေ။

သဘာဝကျစွာပင် အာဖဂန်မှ အမေရိကန်ထွက်ခွာခြင်းသည် ဘိုင်ဒင်အစိုးရအတွက် ထိုနိုင်ငံတွင် သြဇာ ကျဆင်းစေသည်။ လက်တွေ့တွင် လေ့လာသူအချို့က အမေရိကန်အနေဖြင့်တာလီဘန်အစိုးရကို အသိအမှတ်ပြု ရန် တောင်းဆိုနေကြသည်။ ထိုကိစ္စသည် ဘိုင်ဒင်အစိုးရက စတင်လုပ်ကိုင်နေသောကိစ္စ ဖြစ်သော်လည်း ဆုံးဖြတ်ချက်မချရသေးပေ။

၎င်းတို့ထံမှ နိုင်ငံရေးလမ်းပြမြေပုံနှင့် အာမခံချက်များ ရရန်တွန်းအားမပေးဘဲ တာလီဘန်ကို အသိ အမှတ်ပြုခြင်းသည် အမှားဖြစ်ကြောင်း နိုင်ငံတကာဆက်ဆံရေးနှင့်အာဖရန်ရေးရာ ကျွမ်းကျင်သူတဦးအနေဖြင့် စာရေးသူ ဆွေးနွေးလိုသည်။ အမေရိကန်နှင့်တာလီဘန်တို့ ၂၀၂၀ ခုနှစ်လက်မှတ်ထိုးခဲ့ပြီး အမေရိကန်တပ်များ ဆုတ်ခွာစေခဲ့သော ဒိုဟာ သဘောတူညီချက်တွင် လက်မှတ်ရေးထိုးသည့် နိုင်ငံတခုအနေဖြင့် ဝါရှင်တန်သည် တာလီဘန်ကို ၎င်းတို့ဘက်က လုပ်ခဲ့သည့် အပေးအယူများအတွက် တာဝန်ခံအောင်လုပ်ရန် တာဝန်ရှိသည်။ ထိုအပေးအယူမှာ အကြမ်းဖက်သမားများ အာဖဂန်တွင် မလှုပ်ရှားစေရေးနှင့် ဆယ်စုနှစ်များစွာကြာသော ပဋိပက္ခအဆုံးသတ်စေရန် အာဖဂန်ပြည်တွင်း ဆွေးနွေးပွဲများကျင်းပရေးဖြစ်သည်။

သို့သော်လွန်ခဲ့သော ၂ နှစ်အတွင်း အမေရိကန်၏အာဖဂန်တွင် လက်တွေ့ကျသော ထိတွေ့ဆက်ဆံရေး မူဝါဒသည်  အကန့်အသတ်ရှိသော လုံခြုံရေးစိုးရိမ်ပူပန်မှုများအတွက် တာလီဘန်နှင့်ထိတွေ့ဆက်ဆံရင်း လူ့ အခွင့်အရေးကိစ္စများကို မှန်ကန်လာအောင်ပြုပြင်ရေးဖြစ်ပြီး အာဖဂန်နိုင်ငံသားများ၏အခွင့်အရေးများကို အဆင့် လျှော့ချသည် တာလီဘန် မူဝါဒများကို အားမပေးရန် လုပ်ဆောင်ခြင်းမရှိပေ။ ထို့အပြင် ဆယ်စုနှစ်များစွာကြာပြီ ဖြစ်သော ပဋိပက္ခများအဆုံးသတ်ရေးအတွက် တာလီဘန်တို့ ကတိပေးထားသည်မှာ ကာလကြာမြင့်ပြီဖြစ်သော အာဖဂန်မှ အခြားအုပ်စုများပါတီများနှင့်ဆွေးနွေးပွဲများနှင့် လည်းသက်ဆိုင်ခြင်းမရှိပေ။

ကြီးထွားလာသော အမေရိကန်အကျိုးစီးပွား

အမေရိကန် ပြည်မတွင် ၉/၁၁ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အမေရိကန်ပြည်ထောင်စုသည် အာဖဂန်သို့ ဆွဲသွင်းခံရသည်။ ၎င်း၏ရည်မှန်းချက်မှာ အယ်လ်ကိုင်ဒါနှင့် ၎င်း၏လက်အောက်ခံအုပ်စုများကို ဖြိုချဖျက်ဆီးရန် ဖြစ်သည်။ သို့သော်တချိန်တည်းတွင် ဆယ်စုနှစ်များစွာကြာသော ပြည်တွင်းစစ်နှင့် မတည်ငြိမ်မှုများအပြီး အာဖ ဂန် ကို ပိုမိုတန်းတူညီမျှပြီး တရားမျှတသော နိုင်ငံရေးစနစ် ဖန်တီး ပေးခြင်းသည်လည်း အမေရိကန် အကျိုးစီးပွား ဖြစ်သည်ဟု သုံးသပ်သည်။ ထိုရည်မှန်းချက်မှာ လူ့အခွင့်အရေးလေးစားသောအစိုးရတခုအတွက် အားလုံးအတွက် ပညာရေးကို အာမခံပြီး ဒီမိုကရေစီကရေစီမြှင့်တင်ရေးဖြစ်သည်။

ထိုကဲ့သို့သော စံအချို့ကြောင့် အမေရိကန် ပြည်ထောင်စုသည် ဒိုဟာသဘောတူညီချက်နှင့် ထိုသဘောတူ ညီချက် လက်မှတ်မရေးထိုးမီတွင် တာလီဘန်က အများပြည်သူသို့ ထုတ်ပြန် ကြေညာချက်တွင် ပါဝင်ခြင်းဖြစ် သည်။ သို့သော် ကာတာနိုင်ငံမြို့တော်တွင် ထိုသဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီး ၃ နှစ် ကျော်လာသော အခါ တာလီဘန်တို့သည် ၎င်းတို့ကတိများကို လိုက်နာရန် ရည်ရွယ်ချက်ကို ပြသခြင်း မရှိပေ။ ၎င်းတို့သည် အမျိုး သမီးများနှင့်မိန်းကလေးများ၏ ပညာသင်ကြားခွင့်ကို ကန့်သတ်ပြီး အခြားအာဖဂန်များကို ထည့်သွင်းပြီး အားလုံး ပါဝင်သည့် အစိုးရဆိုသည့်အယူအဆကို ပယ်ချနေသည်။

တချိန်တည်းတွင်အမေရိကန်အစိုးရ၏ လက်တွေ့ကျသော ထိတွေ့ဆက်ဆံရေး မူဝါဒသည် မိုးပေါ်မှ သေနင်္ဂဗျူ ဖြင့် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးကို နိုင်ငံပြင်ပမှ ညွန်ကြားပြီး အာဖဂန်ရေးရာများတွင် တာလီဘန်မှ တဆင့်သာလုပ်ဆောင်မည်ဖြစ်သည်။ သို့သော် အမေရိကန်၏ ထိုအားထုတ်မှုတွင် တာလီဘန်သည် သမားရိုးကျ မဟုတ်သော ပူးပေါင်းဆောင်ရွက်သူဖြစ်သည်။

အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးတွင် တာလီဘန်နှင့်အတူ လုပ်ကိုင်ခြင်းသည် အကျိုးရှိသည့်သဘော ၂၀၂၃ ခုနှစ်ဇူလိုင်လတွင် သမ္မတဘိုင်ဒင် ပြောကြားခဲ့သည်။

 "အယ်လ်ကိုင်ဒါတွေ အဲဒီမှာရှိတော့မှာမဟုတ်ဘူးလို့ ကျနော်ဆိုလို တာ။ ကျနော်တို့တွေ တာလီဘန် ဆီက အကူအညီရလိမ့်မယ်လို့ပြောတာ" ဟုသူပြောသည်။

တာလီဘန် ကတိပျက်ကွက်

အမေရိကန် ပြည်ထောင်စုနှင့် မဟာမိတ်များ၏ လုံခြုံရေးကို ခြိမ်းခြောက်နေသည့် အယ်လ်ကိုင်ဒါ ကဲ့သို့သော အုပ်စုများသို့ ရှင်းလင်းသောသတင်းစကားပေးပို့ရန် ဒိုဟာသဘောတူညီချက်တွင် ကတိပြုနောက် တာလီဘန်သည် ထိုအုပ်စုနှင့် လူသိရှင်ကြားအဆက်အသွယ်ဖြတ်တောက်ခြင်းမရှိသေးသလို အာဖဂန်မှ စစ်သွေးကြွများကို နှင်ထုတ်ခြင်းလည်း မရှိသေးပေ။

တာလီဘန်သည် အမေရိကန်ပြည်ထောင်စုအတွက် ခြိမ်းခြောက်မှုအဖြစ်သတ်မှတ်ထားသည် လူအနည်း ငယ်ကို သတ်ဖြတ်ခဲ့ပြီး မှတ်သားစရာကောင်းသောကိစ္စမှာ အကြမ်းဖက်အုပ်စုဖြစ်သော ISIS-K ကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်သည်။ သို့သော် တာလီဘန်သည် အယ်လ်ကိုင်ဒါအဖွဲ့ဝင်များကို ဖြိုခွဲရာတွင် အကူအညီပေးခြင်း နည်းပါးသည်။ အမှန်တကယ်မှာ အယ်လ်ကိုင်ဒါခေါင်းဆောင် အေမန် အယ်လ် ဇာဝါဟီရီသည် ကဘူးလ်တွင် ပုန်းအောင်းနေသည်မှာ ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် အမေရိကန် စစ်ဆင်ရေးက သူ့ကိုသတ်လိုက်သည့် အချိန်အထိ ဖြစ်သည်။ ထိုကိစ္စသည် အဆင့်မြင့်တာလီဘန်အရာရှိများ ပါဝင်ပတ်သက်ခြင်းမရှိဘဲ မဖြစ်နိုင်သောကိစ္စဖြစ်သည်။

လူ့အခွင့်အရေးပြဿနာများအတွက် ဖိအားမပေးဘဲ အကြမ်းဖက်မှုတိုက်ဖျက်ရေး ရည်မှန်းချက်များ အတွက် တာလီဘန်နှင့်အဆက်အသွယ်ကို ဆက်လက် ထိန်းသိမ်းထားရာတွင် အမေရိကန်ပြည်ထောင်စုသည် တာလီဘန်တွင် ပြည်တွင်း လုပ်ပိုင်ခွင့်အာဏာ မရှိသေးစေကာမူ ထိုနိုင်ငံတွင် တာလီဘန် ဦးဆောင်မှုကို အကြိမ်ကြိမ်တရားဝင်မှုပေးခဲ့သည်။

ထိုသို့သောပူပန်မှုများရှိသော်လည်း အမေရိကန် ပြည်ထောင်စုသည် လက်တွေ့ကျသော ထိတွေ့ဆက် ဆံရေး မူဝါဒကို ဆက်လက်တွန်းအားပေးနေပုံရသည်။

၂၀၂၃ ခုနှစ်ဇူလိုင်လတွင် အာဖဂန်ဆိုင်ရာအမေရိကန် အထူးကိုယ်စားလှယ် သောမတ်စ် ဝက်စ် နှင့် အာဖ ဂန် အမျိုးသမီးများဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ရီနာအေမာတို့ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ သည် တာလီဘန်နိုင်ငံခြားရေးဝန်ကြီးနှင့် ဒိုဟာတွင်တွေ့ဆုံသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန် ချက် တွင်ထိုအစည်းအဝေးသည် ယုံကြည်မှုတည်ဆောက်ရေးလုပ်ဆောင်မှုဖြစ်ကြောင်း ဖေါ်ပြပြီး ကုန်သွယ်မှုတိုး တက်လာခြင်း၊ အကြီးစားအကြမ်းဖက်တိုက်ခိုက်မှု လျှော့ကျလာခြင်းနှင့် ဘိန်း စိုက်ပျိုးမှုလျှော့ကျလာခြင်း တို့ သည် အပြုသဘောဆောင်သော ဖြစ်ပေါ်တိုးတက်မှုများဖြစ်ကြောင်းပြောသည်။

ပျက်စီးယိုယွင်းနေသော လူ့အခွင့်အရေးအတွက်တာဝန်ရှိသော မူဝါဒများကို ပြောင်းလဲရန် အမေရိကန် ပြည်ထောင်စုက တာလီဘန်ကို တိုက်တွန်းသည်ဟု ဖေါ်ပြထားသည်။ သို့သော် ထိုသို့သောစကား အသုံးအနှုန်း များ သည် တာလီဘန်တို့၏ အာဖဂန်များအပေါ် ကြီးမားလှသည့် လူမဆန်မှုများကို ဖေါ်ပြရန် ရက်စက်ကြမ်း ကြုတ်စွာ ပျက်ကွက်သည်ဟု ဝေဖန်သူတဦးပြောသည်။

ဒေသတွင်း ဘုံသဘောတူညီချက်ကင်းမဲ့

အမေရိကန် ထွက်ခွာသွားကြောင့် လစ်ဟာသွားသောနေရာသို့ ဒေသတွင်းအင်အားကြီး နိုင်ငံများနှင့် အာ ဖဂန်နှင့် နယ်နိမိတ်ထိစပ်နေသောနိုင်ငံများဖြစ်သည့် တရုတ်၊ အန္ဒိယ၊ ရုရှား၊ ပါကစ္စတန်နှင့် အီရန်တို့ ဝင်ရောက် လာသည်။

သို့သော်ထိုနိုင်ငံများအားလုံးသည် အာဖဂန်တွင် ၎င်းတို့၏ သီးခြားအကျိုးစီးပွားများရှိနေသည်။ တခါတရံ ထိုအကျိုးစီးပွားရေးများသည် တိုက်ရိုက်ပဋိပက္ခဖြစ်သည်။ ထိုနှစ်နိုင်ငံသည် အာဖဂန်အပေါ် သြဇာသက်ရောက်မှု နှင့် ပတ်သက်ပြီး တနိုင်ငံက တနိုင်ငံကို သံသယရှိနေသည်မှာကာလကြာမြင့်ပြီဖြစ်သည်။ သမိုင်းအရဆိုရပါက နယ်စပ်နိုင်ငံအားလုံးသည် အာဖဂန်မှ စစ်ဖြစ်နေသော အုပ်စုများကို ၎င်းတို့၏ ရည်မှန်းချက်များအောင်မြင် ရေး အတွက် လက်ဝေခံများအဖြစ်မြင်ကြသည်။ ထိုနည်းလမ်းတွင် အာဖဂန်တွင် မတည်ငြိမ်မှုများပိုမိုဖြစ်စေသည်။

ရလဒ်မှာ အာဖဂန်၏ ရှေ့ဆက်မည့် လမ်းကြောင်းအပေါ် ဒေသတွင်းနိုင်ငံများအကြားညှိနှိုင်းမှုမရှိခြင်းနှင့် ဒိုဟာ သဘောတူညီချက်ကချမှတ်ထားသည့် နိုင်ငံရေးလမ်းပြမြေပုံအတိုင်းဆက်လက်ရန် ဖိအားပေးမှုမရှိခြင်း ဖြစ်သည်။

အတိတ်မှအမှားများကို ထပ်မံကျူးလွန်ခြင်း

ထိုသို့တာလီဘန်ကို တာဝန်ခံမှုရှိအောင်လုပ်ဆောင်ရန် ပျက်ကွက်ခြင်းသည် အာဖဂန်တွင် အတိတ်က ကျူးလွန်ခဲ့သောအမှားများကို ထပ်မံကျူးလွန်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

အာဖဂန်နောက်ဆုံးဘုရင်ကို ၁၉၇၃ ခုနှစ်တွင် ဖြုတ်ချလိုက်ပြီး နှစ်ပေါင်း ၅၀ အတွင်း ထိုနိုင်ငံကို အခြား နိုင်ငံရေးအုပ်စုများကိုဖယ်ထုတ်သည့် တပါတီအစိုးရအဆက်ဆက်ကသာ အုပ်ချုပ်သည်။ ၂၀၀၁ ခုနှစ်တွင် နိုင်ငံ တကာအသိုက်အဝန်းသည် တာလီဘန်ကို ဘွန်းညီလာခံမှ ထုတ်ပယ်လိုက်သည်။ ထိုညီလာခံသည် အမေရိကန် ကျူးကျော်မှုအပြီး ထိုနိုင်ငံအတွက် အုပ်ချုပ်ရေးလမ်းကြောင်းကို ချမှတ်သည့် ညီလာခံဖြစ်သည်။

အာဖဂန်အစိုးရအတွက် ငြိမ်းချမ်းရေး ညှိနှိုင်းရေးမှူးချုပ် မာဆွန်းစတန်နက်ဇိုင်က တာလီဘန်ကို ထုတ် ပယ် ခြင်းသည် သေနင်္ဂဗျူဟာအမှားတခုဖြစ်ကြောင်း ပြောကြားခဲ့ပြီး အာဖဂန်မှ အုပ်စုကွဲများကို ဖယ်ထုတ်ခြင်း သည် ပြည်တွင်းစစ်သို့သာ ဦးတည်စေကြောင် သမိုင်းကပြသနေသည်ဟု စာရေးသူအနေဖြင့် ယုံကြည်လောက် သော အကြောင်းများရှိနေသည်။

၂၀၂၁ ခုနှစ်နောက်ပိုင်းတွင်တာလီဘန်သည် အာဖဂန်နစ္စတန်ကို ထိုတပါတီအုပ်ချုပ်ရေးလမ်းကြောင်း အတိုင်း ဆက်သွားရန်ခွင့်ပြုခဲ့သည်။ တာလီဘန်သည် ၎င်း၏အုပ်ချုပ်ရေးတွင် ရည်ရွယ်ချက်တခုကို ပြသနေ ကြောင်း အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျုမှ အာဖဂန်နစ္စတန်ဆိုင်ရာ ဝါရင့်ကျွမ်းကျင်သူ အင်ဒရူး ဝပ်ကင် ပြောသည်။ ထိုရည်ရွယ်ချက်မှာ အာဖဂန် နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းတွင် ပြိုင်ဘက်ကင်း မေးခွန်း မထုတ်နိုင် သော အာဏာထူထောင်ရေးဖြစ်သည်ဟု သူပြောသည်။

ထိုသို့သောရည်မှန်းချက်များဖြင့်တာလီဘန်သည် နိုင်ငံရှေ့ဆက်ရေးအတွက် လိုအပ်သည့် အာဖဂန် ပြည်တွင်းဆွေးနွေးပွဲအတွက် နေရာပေးခြင်း မရှိပေ။

အမေရိကန်အခန်းကဏ္ဍ

တာလီဘန်နှင့် ၂၀၂၀ ခုနှစ်သဘောတူညီချက်လက်မှတ်ရေးထိုးခြင်းဖြင့် အမေရိကန်ပြည်ထောင်စုသည် ထိုစာချုပ်ပါ ကတိကဝတ်များဖြည့်ဆည်းရေးအတွက် ပူးတွဲတာဝန်ရှိသည်။ တပ်များဆုတ်ခွာပေးရန် အမေရိကန် ကတိကဝတ်ကို ဖြည့်ဆည်းပြီးဖြစ်သည်။ သို့သော် ထိုမှ ၂ နှစ်ကြာသောအခါ တာလီဘန်သည် ၎င်းတို့ ကတိက ဝတ် များကို မဖြည့်ဆည်းရသေးပေ။

ထိုအခြေအနေကြောင့် ဘိုင်ဒင်အစိုးရသည် ရွေးချယ်စရာ တခုသာရှိတော့သည်။ အာဖဂန် ပြည်တွင်းဆွေး နွေးပွဲများ ဖြစ်မြောက်ရေးအတွက် တာလီဘန်ကို ဖိအားပေးခြင်းဖြင့် ဒိုဟာသဘောတူစာချုပ် ရှင်သန်အောင်ကြိုး စား ခြင်း သို့မဟုတ် ထိုစာချုပ်သေဆုံးသွားသည်ကို လက်ခံခြင်းသာဖြစ်သည်။ မည်သို့ဆိုစေ တာလီဘန်နှင့်လက် တွေ့ ကျသော ထိတွေ့ဆက်ဆံရေးသည် လိုအပ်ချက်ရှိနေကြောင်း ထိုမူဝါဒကပင် ပြသနေသည်။

Linko

Ref: Theconversation| US policy of ‘pragmatic engagement’ in Afghanistan risks legitimatizing Taliban rule