【နိုင်ငံတကာဆောင်းပါး】လူမျိုးရေးအကြမ်းဖက်မှုသားကောင်များကို အမေရိက ကပေးဆပ်ရမည့်အကြွေး

【နိုင်ငံတကာဆောင်းပါး】လူမျိုးရေးအကြမ်းဖက်မှုသားကောင်များကို အမေရိက ကပေးဆပ်ရမည့်အကြွေး

စာရေးသူသည် လျှပ်စစ်ကြိုးတပ်ဆင်ထားသည့် ကာကီရောင် ဆိုဖါတွင်ခွေနေသည့် သေးငယ်သော အမျိုးသမီး ဆာရာကောလင်းရူးဒေါ့ကို လွန်ခဲ့သောလက အယ်လ်ဘာမားမှ ဘာမင်ဂန်ရှိး သူမ၏ မှောင်မဲနေသော ဧည့်ခန်းတွင် တွေ့ဆုံခဲ့သည်။ ထိုအခန်းသည် သမိုင်းဝင်နေရာတစ်ခုဖြစ်သဖွယ်ဖြစ်နေပြီး ၁၉၆၃ ခုနှစ်က မိန်းကလေးငယ် ၄ ဦးကိုသတ်ဖြတ်ပြီး ပဉ္စမမြောက်ကို မသေဆုံးစေခဲ့သည့် အကြမ်းဖက်လုပ်ရပ်၏ အထိမ်းအမှတ်နေရာဖြစ်သည်။
သူမသည် ပဉ္စမမြောက်မိန်းကလေးငယ်ဖြစ်သည်။ သူသည် လွန်ခဲ့သောနှစ်ပေါင်း ၆၀ က ဘာမင်ဂမ်မှ ၁၆ လမ်း ဘက်ပတစ်ဘုရားကျောင်းကို Ku Klux Klan ဗုံးခွဲတိုက်ခိုက်ခြင်းမှ ရှင်ကျန်လွတ်မြောက်လာသူဖြစ်သည်။ သူနှင့် ညီအမတော်စပ်သူနှင့်သူငယ်ချင်းများသည် သတ်ဖြတ်ခံခဲ့ရသည့် မိန်းကလေးငယ်များတွင်ပါဝင်သည်။
ထိုတိုက်ခိုက်မှုမဖြစ်မီနှစ်များက လူဖြူအကြမ်းဖက်သမားများသည် ပေါင်းစည်းခြင်းကို ဒေါသထွက်နေပြီး ဘာမင်ဂမ်တွင် ဗုံးများအကြိမ်ကြိမ်ခွဲသောကြောင့် ထိုမြို့သည် ရှက်စရာကောင်းသောအမည်ပြောင်ဖြစ်သည် ဗုံးဘင်းဂမ်ဆိုသည့် အမည်ပင်ရခဲ့သည်။
ထိုစဉ်က ရူးဒေါ့သည် အသက် ၁၂ နှစ်ရှိပြီဖြစ်သည်။ ထိုနေ့ကပေါက်ကွဲမှုသည် မျက်လုံးအပါအ၀င် သူ့ခန္ဓာကိုယ်ပေါ်သို့ မှန်ကွဲစများ လွင့်စင်ထိမှန်စေသည်။ သူသည် အပျက် အစီးများအကြားတွင် တုန်လှုပ်ပြီး ကြောင်တောင်တောင်ရပ်နေသည်ကိုတွေ့ရသည်။ သူ့ကိုဆေးရုံသို့အလျင်အမြန်ပို့ဆောင်ရသည်။ မျက်စိ တဘက်ဆုံးရှုံးသွားသော်လည်းအခြား တဘက်မှာ အထဲတွင် ဖန်ကွဲစတစ်ခုရှိနေသော်လည်း ကောင်းနေသေးသည်။ ဆရာဝန်များက ထိုမှန်ကွဲစကို ဖယ်ထုတ်ရမည်ကို စိုးရိမ်ကြသည်။ ထိုသို့ဖယ်ထုတ်ရာတွင် သူမျက်မမြင်ဖြစ်သွားနိုင်သည့်အန္တရာယ်ကို စိုးရိမ်ခြင်းဖြစ်သည်။
အခြားမိန်းကလေးငယ်များသေဆုံးသွားပြီဖြစ်ကြာင်း သူ့ကိုပြောသောအခါ "ကျမငိုချင်တယ်။ ဒါပေမယ့် ကျမတတ်နိုင်တာက အရမ်းနာတာပဲခံစားရတာ ဘာကြောင့်လဲဆိုတော့ အဲဒီတုန်းက ကျမမျက်လုံးက ကျမငိုချင်တိုင်း ငိုလို့မရတော့ဘူး" ဟု စာရေးသူကို သူပြန်ပြောပြသည်။
ယနေ့ သူ၏ကော်ဖီစားပွဲပေါ်တွင် ထိုစဉ်ကသူ၏ဓာတ်ပုံတစ်ပုံကိုတင်ထားသည်။ ဆေးရုံကုတင်ပေါ်တွင် မျက်နှာတွင် အမာရွတ်များနှင့်မျက်လုံးများကို ပတ်တီးဖြင့်ပိတ်ထား သည်။ စာရေးသူစိတ်တွင် တစ်စုံတစ်ခု လိုအပ်နေသည်။ ဓာတ်ပုံထဲမှကလေးငယ်ကို နှစ်သိမ့်ပေးမည့်၊ ပွေးဖက်ပေးကာ ငိုကြွေးပေးမည့် ဖခင် သို့မဟုတ် အခြားလူသားတစ်ယောက်ဖြစ်နိုင်သည်။
ထိုဗုံးခွဲမှုမတိုင်မီရက်ပိုင်းက အုပ်ချုပ်ရေးမှူး ဂျော့ဝဲလေ့က တောင်ပိုင်းမှ လူဖြူများသည်ပေါင်းစည်းခြင်းကိုမလိုချင်ကြကြောင်းနှင့် လိုအပ်သည့်အရာမှာ ပထမတန်းစားနာရေးအခမ်းအနားအနည်းငယ်သာဖြစ်ကြောင်း ပြောဆိုညီးညူခဲ့သည်။
ထိုမိန်းကလေးငယ်များ သေဆုံးသွားသောကြောင့် ၀ဲလေ့သည် ထိုလိုအပ်သောအရာကို ရရှိသွားသည်။ ၄င်းတို့၏ ဈာပန အခမ်းအနားသို့ လူထောင်ချီတက်ရောက်ကြပြီး ဒေါက်တာမာတင်လူသာကင်းဂျူနီယာက ကွယ်လွန်သူများအတွက် မိန့်ခွန်းပြောသည်။ ဒေါက်တာမာတင်လူသာကင်းသည် ၀ဲလေ့ ကို ပြင်းပြင်းထန်ထန် ဝေဖန်သည့် ကြေးနန်းတစ်စောင်ပေးပို့ပြီး "ကျနော်တို့ကလေးတွေရဲ့ သွေးတွေ ခင်များလက်မှာ စွန်းထင်းနေပြီ" ဟုရေးသားခဲ့သည်။
ရူးဒေါ့သည် ဆေးရုံတွင်သာရှိနေသေးသောကြောင့် ထိုဈာပန အခမ်းအနားတက်ရောက်နိုင်ခြင်း မရှိပေ။ ထိုသူဈာပနကို သူစနစ်တကျတက်ရောက်ခြင်းသည် နှောင့်နှေးကြန့်ကြာနေသည်။ သူ၏စိတ်ဒဏ်ရာကို တိတ်ဆိတ်ခြင်းက ဖုံးအုပ်နေသည်။
ဆေးရုံမှဆင်းပြီးနောက် သူသည် မည်သည့်နှစ်သိမ့်ဆွေးနွေးမှု သို့မဟုတ် မည်သည့် အရာမျှ မရဘဲ ကျောင်းပြန်တက်ရန် အလွန်ဆိုးရွားသောအခြေအနေဖြင့် စေလွှတ်ခဲ့သည်ဟူ့ သူရှင်းပြသည်။ စိုးရိမ်ကြောက်လန့်မှုများကြောင့် သူ၏ အတန်းဖေါ်အများစုကို ဆွေမျိုးများနှင့် နေထိုင်ရန် အဝေးသို့ ပို့လိုက်ပြီးဖြစ်ပြီး  သူ၏မိခင်ကလည်း တစ်ခါတရံမိတ်ဆက်ပေးသောအခါ " ၁၆ လမ်းဗုံးပေါက်ကွဲမှုမှာပါခဲ့တဲ့ ကျမ သမီးလေး" ဆိုသည့်စကားမှအပ အခြားမည်သည်တို့ဖြစ်ခဲ့သည်ကို ပြောခဲလှသည်။
သူသည်အသက် ၄၀ ကျော်ပြီး နေ့တစ်နေ့အထိ ထိုဗုံးပေါက်ကွဲမှုအကြောင်း မပြောဘဲနေခဲ့သည်ဟု သူပြောသည်။ ထိုနေ့တွင် တရားဟောဆရာတစ်ဦးက သူစိတ်လှုပ်ရှားတတ်သည့် အခြေအနေကို သိကြောင်းပြောဆိုပြီး "ဘုရားသခင်က မင်းကိုကုသပေးမှာပါ" ဟုပြောခဲ့သည်။
ထိုနောက်တွင် သူသည် ထုတ်ဖေါ်ပြောဆိုမှုများပြုလုပ်ပြီး သူရသင့်ရထိုက်သည်ဟု ယုံကြည်သည့်အရာကို တောင်းဆိုသည်။ သူမ၏နာကျင်ခံစားရသည်များအတွက် အစိုးရထံမှ လျော်ကြေးဖြစ်သည်။
သို့သော်ထိုသို့ဖြစ်မလာပေ။ ဆယ်စုနှစ်ပေါင်းများစွာ ဆေးကုသပြီးနောက် သူရရှိခဲ့သည့်အရာမှာ သူ၏မျက်လုံးတုကို လဲလှယ်ရန် ခရိုင်မှအကူအညီဖြစ်ပြီး ဒေါ်လာ ၂၀၀၀ ခန့်သာဖြစ်ကြောင်း ရူးဒေါ့ ပြောသည်။
စာရေးသူတို့စကားပြောနေစဉ် တစ်နေရာတွင် သူ၏ခင်ပွန်း ဂျော့ရူးဒေါ့ ကကြားဖြတ်ဝင်ပြီး အခြေအနေကို သူစိတ်ပျက်ကြောင်းအထင်အရှားပြသသည်။ "အခုအချိန်အထိ သူငွေနဲ့သူ သူမျက်လုံးဆရာဝန်ဆီကိုသွားဖို့ လိုနေသေးတယ်။ ဒါမဖြစ်သင့်ဘူး" ဟု ပြောသည်။
မစ္စရူးဒေါ့လျော်ကြေးတောင်းခံခြင်းကို ၂၀၂၀ ခုနှစ်တွင် တုံ့ပြန်ရာတွင် အယ်လ်ဘားမား အုပ်ချုပ်ရေးမှူ ကေး အီဗေးက လျော်ကြေးရနိုင်မည့် မည်သည့်ဖြစ်နိုင်ခြေကိုမဆိုကန့်သတ်သည့်စကားလုံးများထပ်နေသည့်  နွေးထွေးမှုမရှိသော တောင်းပန်စာတစ်စောင်ကို သူ့ထံသို့လိမ့်မမူဘဲ ရှေ့နေတစ်ဦးထံလိမ့်မူရေးသားခဲ့သည်။
စာရေးသူ တွေ့ဆုံမေးမြန်းနေစဉ် ရုတ်တရုတ်ပေါ်လာသော ကိစ္စများအနက် တစ်ခုမှာ ၄င်းတို့ ဇနီးမောင်နှံသည် မရိုမသေလုပ်ခံရသည်၊ အရေးမပါဟု သတ်မှတ်ခံရသည်၊ ပစ်ပယ်ခံရသည်ဟု ခံစားနေရခြင်းဖြစ်သည်။
"သူ့ကို 9/11, Mother Emanuel, Boston Marathon ဖြစ်ရပ်တွေက လူတွေလို ဆက်ဆံသင့်တယ်" ဟု သူ၏ခင်ပွန်းပြောသည်။ "အဲဒီမိသားစုတွေလျော်ကြေးရတယ်ပေမယ့် အစိုးရက ဆာအတွက် ဒီလိုလုပ်မပေးဘူး။ ကျနော်နားမလည်တာက ဒီကိစ္စကဘာကြောင့် အရမ်းခက်ခဲနေတာလဲဆိုတာပဲ" ဟု သူဆက်ပြောသည်။
စက်တင်ဘာ ၁၁ တိုက်ခိုက်မှုအပြီး မကြာမီတွင် ကွန်ဂရက်သည် တိုက်ခိုက်မှုအတွင်း ဒဏ်ရာရခဲ့သူများနှင့် သေဆုံးသူများ၏ ဆွေမျိုးများအတွက် လျော်ကြေးရန်ပုံငွေတစ်ရပ်ကို ထူထောင်သည်။ 
ထိုရန်ပုံငွေအတွက် ၂၀၀၂၊ ၂၀၀၃ နှင့် ၂၀၀၄ ဘဏ္ဍာရေးနှစ်များအတွက် စုစုပေါင်းအသုံးစရိတ် ၅.၁၂ ဘီလီယံချထားပေးခဲ့သည်။
တောင်ကာရိုလိုင်းနားမှ ချာလက်တန်ရှိ Mother Emanuel A.M.E. ဘုရားကျောင်းမှ သတ်ဖြတ်မှုများတွင် အသတ်ခံရသူများ၏ မိသားစုများနှင့် ဒဏ်ရာရသူများက ဖက်ဒရယ်အစိုးရကို တရားစွဲပြီး FBI ၏ နောက်ကြောင်း စစ်ဆေးမှုစနစ်သည် ပစ်ခတ်သူကို တားဆီးရန် ပျက်ကွက်ခဲ့သည်ဟု စွပ်စွဲသည်။ ထိုလူသတ်မှုများကို ကျူးလွန်သူသည် သေနတ်တစ်လက်ဝယ်ပြီးနောက် လူမျိုးရေးစစ်ပွဲတစ်ခုစတင်လိုသည့် လူဖြူအမျိုးသားရေးဝါဒီတစ်ဦးဖြစ်သည်။ သူသည်လည်းအကြမ်းဖက်သမားတစ်ဦးဖြစ်သည်။ ထိုအမှုကို လျော်ကြေးဒေါ်လာ ၈၈ သန်းဖြင့် ပြေလည်ခဲ့သည်။
ဘော့စတွန်မာရသွန်ပြေးပွဲ အကြမ်းဖက်ဗုံးဖေါက်ခွဲမှုအပြီးတွင် One Fund Boston ရန်ပုံငွေကို ထူထောင်သည်။ ထိုရန်ပုံငွေသည်  ရှင်ကျန်လွတ်မြောက်သူများနှင့် သေဆုံးသွားသူများ၏ မိသားစုအတွက် အလှူရှင် ၂၀၀၀၀၀ ခန့်ထံမှ ဒေါ်လာသန်း ၈၀ နီးပါးရသည်။
ရူးဒေါ့ ဇနီးမောင်နှံတို့သည် ၎င်းတို့ကို ၎င်းတို့ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု၏ သားကောင်များအဖြစ် မြင်ကြသည်။ အခြားမည်သို့ မြင်နိုင်မည်နည်း။ အယ်လ်ဘားမာပြည်နယ်နှင့် နိုင်ငံသည် ထိုအချက်ကို ဝန်ခံသော်လည်း လျော်ကြေးပေးရန် ငြင်းဆန်နေသည်။
ထို့ကြောင့် အရေးပါသည့် မေးခွန်းတစ်ခု ပေါ်ပေါက်လာသည်။ အမေရိကအနေဖြင့် နိုင်ငံ၏ အတိတ်က အကြမ်းဖက်မှုသားကောင်းများကို ပေးဆပ်ရမည် မည်သည့်ကြွေးမြီများရှိသနည်းဆိုသည့် မေးခွန်းဖြစ်သည်။
ထိုကိစ္စသည် နစ်နာကြေးနှင့်ပတ်သက်သော ပိုမိုကျယ်ပြန့်သည့်ဆွေးနွေးမှု၏ အစိတ်အပိုင်းဖြစ်သည်။ သို့သော် အဖြေမှာ လုံးဝ လုံလောက်ခြင်းမရှိပေ။
ရို့စ်ဝုဒ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအပြီး ၇၁ နှစ်အကြာ ၁၉၉၄ ခုနှစ်တွင် ဖလော်ရီဒါပြည်နယ် လွှတ်တော်သည် ရှင်ကျန်လွတ်မြောက်သူများနှင့် ၎င်းတို့မှဆင်းသက်လာသူများအတွက် တိုက်ရိုက်ငွေပေးချေမှုများနှင့် ပညာသင်ဆုများအပါအဝင် လျော်ကြေး ဒေါ်လာ ၂.၁ သန်းအတည်ပြုပေးသည်။ နှိုင်းယှဉ်ကြည့်ပါ စက်တင်ဘာလ ၁၁ ရက်နေ့တွင် သေဆုံးသူများအတွက် တောင်းခံမှုတမှုလျှင် ပျှမ်းမျှအားဖြင့် အခွန်ဆောင်စရာမလိုသည့် ဒေါ်လာ ၂ သန်းကျော်ရသည်။
ဇူလိုင်လတွင် အိုကလာဟိုးမား တရားသူကြီးတစ်ဦးသည် ၁၉၂၁ ခုနှစ်တူလ်စာ လူမျိုးစု အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် ရှင်ကျန်ရစ်သူများက နစ်နာကြောင်းတောင်းသည့် အမှုတစ်ခုကို ပယ်ချခဲ့သည်။ ထိုအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုမှ ရှင်ကျန်လွတ်မြောက်သူများကို နစ်နာကြေးပေးရန် ပြည်နယ်ကော်မရှင်တစ်ခုက လွန်ခဲ့သော ၂၃ နှစ်ကပင် ထောက်ခံထားပြီးဖြစ်သည်။ တူလ်စာ အထက်တန်းကျောင်းသားအချို့ ပြန်လည်သင့်မြတ်ရေး ပညာသင်ဆုများ ရကြသော်လည်း ၎င်းတို့သည် ထိုငွေကို မရကြဘဲ ၂၀၂၂ ခုနှစ်တွင် ရှင်ကျန်လွတ်မြောက်သူများအနက် ၃ ဦးကို နယူးယောက်မှ အကျိုးအမြတ်မယူသောအဖွဲ့အစည်းတစ်ခုက ဒေါ်လာ ၁ သန်းပေးခဲ့သည်။
ဘာမင်ဂန်မှသေဆုံးသွားသော မိန်းကလေးများ၏ ဈာပနတွင် ဒေါက်တာမာတင်လူသာကင်းက "မထိုက်တန်တဲ့ ဝေဒနာတွေဟာ ကယ်တယ်လို့ရတယ်ဆိုတာကို သမိုင်းက အကြိမ်ကြိမ် သက်သေပြနေတယ်" ဟု ပြောခဲ့သည်။ သို့သော် လူမျိုးရေး ဒဏ်ရာခံစားရသည် လူမည်းများသည်လည်း အမြဲတမ်း လျှော်ကြေးငြင်းဆန် ခံရကြောင်းကိုလည်း သမိုင်းကပြသနေသည်။
ရူးဒေါ့ဇနီးမောင်နှံသည် ဘဝနှောင်းပိုင်းအချိန်တွင်းသို့ရောက်လာသောကြောင့် နစ်နာကြေး ပုံစံတစ်မျိုးမျိုးရရန် အချိန်နည်းလာပြီဖြစ်ကြောင်း ၎င်းတို့ကောင်းစွာသိသည်။ မစ္စတာ ရူးဒေါ့က "ကျနော်တို့ ဒီကမ္ဘာက ထွက်မသွားခင် တစ်ခုခုတော့ဖြစ်လာပါစေလို့ ကျနော်မျှော်လင့်နေတယ်" ဟု ပြောသည်။
 
Linko
 
Ref:The New York TimesIWhat Does America Owe the Victims of Racial Terrorism?